အခန်း (၂၁၇-၂၁၉)
Vol. 15 Ch. 217-219
အခန်း-(၂၁၇)
သေခြင်းတရားက သူတို့အပေါ် အုပ်မိုးလာသည်နှင့်အမျှ ကလေးများဟာလည်း ရှင်သန်လိုစိတ်များ ပျောက်ဆုံးနေပြီဖြစ်သည်။ သူတို့မှာ ဆန္ဒတွေရှိနေသေးရင်တောင် သူတို့ရဲ့ ခန္ဓာကိုယ်က ထိန်းထားဖို့အားနည်းလွန်းနေပြီ။ နောက်ဆုံးရလဒ်က မလွဲမသွေဖြစ်လာမှာပဲ ဘာကြောင့် ရုန်းကန်နေရမလဲ။
ကုရှကျယ်က သူတို့ရှေ့မှာရပ်ကာ ကိုယ်ကိုကိုင်းပြီး "ကလေးတွေ ၊ မင်းတို့ အသက်ရှင်ချင်လား" လို့ မေးတယ်။
သူ့အသံကိုကြားတော့ ကလေးတွေက ခေါင်းမော့ပြီး သူ့ကိုကြည့်တယ်။ ခဏကြာတော့မှ သူတို့ထဲက တစ်ယောက်က သူ့နှုတ်ခမ်းကွဲတွေကို ဖွင့်ပြီး "ငါတို့က အသက်ရှင်ချင်ရင်တောင် မနေနိုင်တော့ဘူး" လို့ အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။
“ ငါတို့ကိုလှောင်ပြောင်ဖို့ ဒီကိုလာခဲ့တယ်ဆိုရင်တော့ သွားလိုက်ပါတော့” လို့ နောက်ကလေးတစ်ယောက်က သူ့ရဲ့ခပ်မှိုင်းမှိုင်းမျက်လုံးတွေနဲ့ ထပ်ပြောတယ်။
ကုရှကျယ်က သူတို့ရဲ့ တုံ့ပြန်မှုကိုမြင်တော့ ရယ်မောလိုက်ပြီး "မင်းတို့ကို ပြက်ရယ်ပြုဖို့ လာခဲ့တာမဟုတ်ပါဘူး။ မင်းတို့ကို အလုပ်တစ်ခု ကမ်းလှမ်းဖို့ လာခဲ့တာ" လို့ ဆိုပါတယ်။
သူတို့မျက်လုံးထဲက မယုံကြည်မှုတွေကိုမြင်တော့ စကားလုံးတွေနဲ့ ဆွဲဆောင်ဖို့ မကြိုးစားတော့ဘဲ။ အဲဒီအစား ကလေးတွေရဲ့အနောက်မှာ ရှိနေတဲ့ ဗူးအလွတ်တစ်ခုကို လှမ်းယူလိုက်တယ်။ အပြင်ဘက်တွင် ဖုန်မှုန့်များဖြင့် ဖုံးအုပ်ခံထားရသော်လည်း အတွင်းပိုင်းက အတော်လေး သန့်ရှင်းနေသေးသည်။
သူ့လက်ချောင်းများကို လျှပ်တပြက်လှုပ်ရှားလိုက်တာနှင့် ဗူးအထက်တွင် လွင့်မျောနေသော ရေဘောလုံးငယ်တစ်ခု ပေါ်လာသည်။ ဗူးကိုရေမဖြည့်ခင်မှာ အပြင်နဲ့ အတွင်းပိုင်းကို သေချာဆေးကြောဖို့ ရေကို အသုံးပြုခဲ့သေးတယ်။
ဗူးကိုဆေးကြောဖို့ ရေဖြုန်းတီးနေတာကို ကလေးတွေမြင်လိုက်ချိန်မှာတော့ သူတို့ရင်ထဲမှာ နာကျင်ကြရပါတယ်။သူတို့ဟာ မကြာသေးမီကတောင် ရွှံ့ဗွက်ရေတွေ သောက်ခဲ့ကြရတယ်။ အခုလို့ ကြည်လင်တဲ့ရေတွေနဲ့ ရင်ဆိုင်လိုက်ရတော့အခါမှာတောပ အက်ကွဲနေတဲ့နှုတ်ခမ်းတွေကို အလိုလို လျှာနဲ့သပ်လိုက်မိတယ်။
ကုရှကျယ်က သူ့ရှေ့ကကောင်လေးကို ရေဗူးပေးလိုက်ပြီး "ငါက ရေစွမ်းရည်ရှိတဲ့ သူတစ်ယောက်ပဲ။ မင်းသာ ငါ့အတွက် အလုပ်လုပ်ပေးရင် မင်းကို ရေငါးလီတာ နေ့တိုင်း ပေးမယ်။ ရေက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာကို မင်းသိပြီးသားပဲ တခြားပစ္စည်းတွေနဲ့လည်း လဲလှယ်သုံးလို့ရတယ်"
ကောင်လေးက ဗူးကိုဆုပ်ကိုင်လိုက်ပြီး "တကယ်ပြောတာလား"လို့ မေးတယ်။
ကုရှကျယ်က ခေါင်းညိတ်ပြီး "ဟုတ်တယ်။ ဒီဗူးက မင်းနဲ့ မင်းသူငယ်ချင်းတွေအတွက်ပဲ"
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက်မှ ကောင်လေးက ဗူးကိုဖွင့်ကာ သေးငယ်သောအလုတ်လေးကို သောက်လိုက်သည်။ ရေက အေးမြပြီး လူကိုလန်းဆန်းစေတယ်။ သူသောက်ထူးခဲ့သမျှ ရေများထက် များစွာသာလွန်သည်။
အခြားသူများကိုမပေးမီတွင် သူ နှစ်ကြိမ်သာသောက်ခဲ့သည်။ ထိုအဖွဲ့တွင် အငယ်ဆုံးမှာ သုံးနှစ်အရွယ် မိန်းကလေးဖြစ်ပြီး အသက်အကြီးဆုံးမှာ ဆယ့်လေးနှစ်ဝန်းကျင်ရှိတဲ့ ကောင်လေးဖြစ်သည်။
ရေသောက်ပြီးနောက်တွင် စွမ်းအင်အချို့ ပြန်လည်ရရှိလာကာ သူ့သူငယ်ချင်းတွေရဲ့အသက်ကလည်း သေမင်းတံခါးဝမှာမရှိတော့တာကိုမြင်တော့ ကောင်လေးက ကုရှကျယ်ကိုကြည့်ပြီး "အစ်ကို၊ ကျွန်တော့်နာမည်က ဇန်ချန်ချောင် ပါ။ အလုပ်ကိုလက်ခံတယ်။ ကျွန်တော်က ဘာလုပ်ရမှာလဲ"
ဒါကိုကြားတော့ ကုရှကျယ်က ပြုံးပြီး "ဒါကိုမလုပ်ခင် မင်းနဲ့ မင်းသူငယ်ချင်းတွေက ငါ့နောက်ကို အရင်လိုက်ခဲ့သင့်တယ်" လို့ပြောလိုက်တယ်။
ဤတစ်ကြိမ်တွင်တော့ ဇန်ချန်ချောင်က နောက်ထပ်မေးခွန်းများ မမေးတော့ပါ။ သူတို့ရဲ့ပစ္စည်းများကို ထုပ်ပိုးပြီး ကုရှကျယ် နှင့် ရုန်မိုအာတို့ရဲ့ နောက်မှလိုက်ကာ ဆင်းရဲသားရပ်ကွက်မှထွက်ခွာသွားခဲ့သည်။
ဆင်းရဲသားရပ်ကွက်မှ ထွက်ခွာလာပြီးနောက်တွင် ကုရှကျယ် က သူတို့ကို ယခုအချိန်တွင် သူနေထိုင်သည့်အိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။
သူတို့က ကလေးတွေကို ပြန်ခေါ်လာတာတွေ့တော့ သူ့အခန်းဖော်တွေကအံ့ဩသွားတယ်။ အမျိုးသမီးငယ်က သူတို့ကိုကြည့်ပြီး “အစ်ကို၊ ဘာလို့ ဒီသူတောင်းစာလေးတွေကို ပြန်ခေါ်လာတာလဲ” လို့ မေးတယ်။
သူမဒီလိုပြောပြီးချိန်မှာတော့ ရုန်မိုအာက မျက်မှောင်ကြုတ်ပြီးပြောတယ် "ရဲဘော်၊ ဒီကလေးတွေက သူတောင်းစားတွေမဟုတ်ဘူး။ ကံမကောင်းလို့ သူတို့မိသားစုတွေ ဆုံးရှုံးလိုက်ရတာကြောင့် ရှင်သန်ဖို့အတွက် သူတို့ကိုယ်သူတို့ အားကိုးနေရတယ်။ သူတို့ကိုကူညီဖို့ မင်းမှာရည်ရွယ်ချက်မရှိရင်တောင် စကားတွေကိုတော့ ကျေးဇူးပြုပြီး ဆင်ခြင်ပါ"
မိန်းကလေးက ဒီလိုအပြောခံရတာကြောင့် ရှက်သွားတယ်။ ဒါပေမယ့် ကုရှကျယ်အကြောင်း တွေးမိတဲ့အခါမှာတော့ သူမ က ဒေါသကိုထိန်းပြီး "အစ်မ၊ ကျွန်မ စကားမှားသွားလို့ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့" လို့ ပြောပါတယ်။
ရုန်မိုအာက ဒီလိုစိတ်နှင့်လူမျိူးကို နှောက်ယှက်ရမှာ ပျင်းလွန်းတာကြောင့် သူမက ပြောလိုက်တယ် "ရှကျယ်၊ သွားကြရအောင်"
ကုရှကျယ်ကပြုံးပြီး သူ့ကောင်မလေး အနောက်ကနေ နောက်ဖေးဆီ လိုက်သွားတယ်။ အိမ်နောက်ဖေးက အသုံးမပြုသော ဆီတိုင်ကီအများအပြားကို ဆေးကြောလိုက်သည်။
ဆီတိုင်ကီများကို ပြည့်လုနီးပါးအထိ ရေဖြည့်ပြီးနောက်တွင် ရုန်မိုအာက ရေကိုအပူပေးရန်အတွက် သူမရဲ့မီးကို အသုံးပြုခဲ့သည်။ ပြီးသွားတော့ ကလေးတွေဘက်ကိုလှည့်ပြီး “အ၀တ်လျှော်ပြီး ရေချိုးလိုက်ဦး” လို့ပြောလိုက်တယ်။
ငယ်ရွယ်သောကလေးငယ်များက ရှက်ကိုးရှက်ကန်းမရှိကြဘဲ လျင်မြန်စွာအဝတ်အစားများ ချွတ်လိုက်ကြသော်လည်း အချို့သော အရွယ်ကြီးတဲ့ကလေးကြီးများမှာတော့ မလှုပ်မယှက် ရပ်နေကြသည်။
သူတို့ရဲ့ အဆင်မပြေမှုကိုသတိပြုမိသောအခါမှာတော့ ကုရှကျယ်က အိမ်တွင်ရှာဖွေကြည့်ရာ ကုလားကာများစွာကို တွေ့ရှိခဲ့ပြီး မြင်ကွင်းကိုပိတ်ဆို့ရန် ၎င်းတို့ကို အသုံးပြုခဲ့သည်။
“ကဲ အားလုံးပဲ ရေဆေးချလို့ရပြီ” ဟု ပြောလိုက်သည်။
အကန့်ခွဲထားသဖြင့် ကလေးကြီးများက ရှက်စိတ်မရှိတော့ဘဲ ရေချိုးရန် သွားကြသည်။ကလေးတွေ ရေချိုးနေတုန်းမှာ ကုရှကျယ် နဲ့ ရုန်မိုအာတို့ကတော့ သူတို့ရဲ့ရိက္ခာတွေကို စစ်ဆေးဖို့ရန် သွားခဲ့ကြသည်။ သူတို့တွင် အာကာသအမျိုးအစား စွမ်းရည်အသုံးပြုသူများ မရှိသည့်အတွက်ကြောင့် သူတို့ရဲ့ ပစ္စည်းအားလုံးကို သူတို့ရဲ့အခန်းထဲတွင်သာ သိမ်းဆည်းထားနိုင်ခဲ့သည်။
မိနစ်သုံးဆယ်ကြာမှ ကလေးတွေဆီကို စစ်ဆေးဖို့သွားပြီးတော့ အဝတ်အစားတချို့ ယူသွားပေးသည်။
ကလေးတွေက သူတို့ရဲ့ညစ်ပတ်တဲ့အဝတ်အစားတွေမဝတ်လိုက်ခင်မှာ ကုရှကျယ်က သူတို့ကိုအဝတ်အသစ်တွေပေးပြီး "မင်းတို့ရဲ့အဝတ်အစားတွေကိုပြောင်းလိုက် အဲဒီအဝတ်တွေက အရမ်းညစ်ပတ်တယ်။ မင်းတို့သာ သတိမထားမိရင် ဗိုင်းရစ်ပ် ကူးစက်ခံရပြီး ဖုတ်ကောင်ဖြစ်သွားလိမ့်မယ်" လို့ပြောလိုက်တယ်။
ဒါကိုကြားတော့ ကလေးတွေဟာ ညစ်ပတ်တဲ့အဝတ်အစားတွေ မဝတ်ရဲတော့ဘဲ အဝတ်အစားသစ်တွေ ပြောင်းဝတ်ကြတယ်။ ရေက အရောင်ပြောင်းသွားပြီဖြစ်တဲ့အတွက် ကုရှကျယ်က ညစ်ပတ်နေတဲ့အဝတ်တွေကို တိုင်ကီထဲကို မထည့်ခင်မှာ ရေတစ်ဝက်လောက်ကို သွန်ပစ်လိုက်တယ်။
အဝတ်လျှော်ဆေးထည့်ပြီးနောက်တွင် ရေကို ပွက်ပွက်ဆူပြီး အဝတ်စိမ်လို့ရသည်အထိ ရုန်မိုအာက ရေကိုအပူပေးသည်။
အိမ်အတွင်းရှိ အခန်းဖော်များကတော့ စူးစမ်းလိုစိတ်ဖြင့် စောင့်ကြည့်နေကြသည်။
အခန်းထဲသို့ဝင်ကာ တံခါးကိုပိတ်လိုက်သောအခါမှ အခန်းဖော်များက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကိုယ်ပိုင်အခန်းထဲသို့ပြန်သွားရန် ဆုံးဖြတ်လိုက်ကြသည်။
အခန်းထဲရောက်တော့ ကုရှကျယ်က ကလေးတွေအတွက် အစားအစာနဲ့ ရေတချို့ထုတ်ပေးလိုက်တယ်။ ကလေးတွေက ကြမ်းပြင်မှာ ထိုင်နေကြပြီး သူက "စားကြပါ" လို့ ပြောလိုက်တယ်။
တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက်မှ ဇန်ချန်ချောင်က ဘီစကွတ်တစ်ထုပ်ကိုဖွင့်ကာ စတင်စားလိုက်တယ်။ သူတို့ထဲက အကြီးဆုံးက စားတာကိုမြင်တော့မှ အငယ်တွေကလည်း သက်တောင့်သက်သာနဲ့ စားလာကြတယ်။
သူတို့ စားသောက်နေတုန်းမှာပဲ ကုရှကျယ်က မေးလိုက်တယ်"အရင်က ဘယ်သူမှာ အဖျားရှိဖူးလဲ"
ဒါကိုကြားတော့ ကလေးတွေက လက်မမြှောက်ခင်မှာ အရင်ဆုံး တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြတယ်။ အငယ်ဆုံးမိန်းကလေးကလွဲလို့ လူတိုင်းဟာ အရင်ကအဖျားတက်ဖူးတယ်။
ဒါကိုမြင်တော့ ကုရှကျယ်က "အဖျားကြီးပြီးရင် မင်းတို့ရဲ့ခန္ဓာကိုယ်မှာ ဘာတွေပြောင်းလဲသွားလဲ" လို့မေးပြန်တယ်။
အခန်း-(၂၁၈)
ဇန်ချန်ချောင်က ရေတစ်ဗူးခွဲကိုသောက်ပြီးမေးတယ် "အစ်ကို ဘာလို့ဒီလိုမေးတာလဲ"
"မင်းတို့အားလုံးကို ငါ့အဖွဲ့ထဲ ခေါ်ယူချင်တယ်။ ဒါပေမယ့် ငါက စွမ်းရည်အသုံးပြုသူတွေလိုတယ်။ မင်းတို့ရဲ့စွမ်းရည်က ဘယ်လိုပဲဖြစ်နေပါစေ မင်းတို့ရဲ့ စွမ်းရည်ကို နိုးထနိုင်ပြီးသမျှတော့ မင်းတို့က ငါ့အဖွဲ့ထဲကိုဝင်နိုင်တယ်" လို့ ကုရှကျယ်က ပြုံးပြီး ပြောတယ်။
သူ့စကားကိုကြားတော့ ကလေးတွေက ငြိမ်သွားပြီး ဇန်ချန်ချောင်ကိုကြည့်တယ်။
ဇန်ချန်ချောင်က ခဏလောက်စဉ်းစားပြီးမှ "အစ်ကို ၊ ကျွန်တော့်သူငယ်ချင်းအများစုက သူတို့ရဲ့စွမ်းရည်တွေ နိုးထနေကြပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့စွမ်းရည်က မတူဘူး။ ကျောင်းကျောင်းကိုသာ ကျွန်တော်တို့နဲ့ နေခွင့်ပြုထားရင် ကျွန်တော်တို့မင်းနောက်ကို လိုက်မယ်"
သူမရဲ့ နာမည်ကိုခေါ်သံကြားတော့ အငယ်ဆုံးမိန်းကလေးက ခေါင်းကိုမော့ပြီး ပြုံးပြတယ်။ သူမရဲ့ ပိန်ကပ်နေသောပါးပြင်များကို ကြည့်ရင်း၊ ရုန်မိုအာက သူမကို သနားစရာအဖြစ် မြင်ကာ သူမရဲ့ပေါင်ပေါ်သို့ သယ်ဆောင်သွားခဲ့သည်။
ကလေးမလေးက သူမထံရန်ငြိုးထားခြင်းမရှိသလို ဘီစကစ်ကို စားနေစဉ်တွင်တောင် သူမရဲ့ခန္ဓာကိုယ်ကို မှီနေခဲ့သည်။
ဒါကိုမြင်တော့ ကုရှကျယ်က ခေါင်းညိတ်ပြီး "ကျောင်းကျောင်းကို လက်ခံနိုင်ပေမယ့် မင်းရဲ့စွမ်းရည်က ဘာလဲဆိုတာကိုတော့ အရင်သိဖို့လိုတယ်"
သူဒီလိုပြောပြီးနောက်တော့ ဇန်ချန်ချောင်က ခေါင်းညိတ်ပြီး "အစ်ကို၊ ကျွန်တော်မင်းကို ပြမယ်"
သူစကားဆုံးနှင့် မမြင်နိုင်တော့သည့်အထိ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။
ကုရှကျယ် နှင့် ရုန်မိုအာတို့ ဒါကိုမြင်လိုက်သောအခါတွင် အံ့အားသင့်သွားကြသည်။
သိပ်မကြာခင်မှာဘဲ ဇန်ချန်ချောင်က ပြန်ပေါ်လာပြီး သူ့စွမ်းရည်အကြောင်းကိုရှင်းပြတယ် "ကျွန်တော့်ကို မမြင်နိုင်ပေမယ့် ခန္ဓာကိုယ်အနံ့ကိုတော့ မဖုံးထားနိုင်ဘူး။ ဒါကြောင့် ဒီစွမ်းရည်က ဖုတ်ကောင်တွေဆီမှာ အသုံးမဝင်ဘူး"
ကလေးတွေက အဲလိုတွေးပေမယ့် ကုရှကျယ် နှင့် ရုန်မိုအာတို့အတွက်တော့ သူ့အရည်အချင်းကရှားပါးကာ အရေးကြီးတယ်။ သူတို့သာ သူ့ကို ကောင်းကောင်းလေ့ကျင့်ပေးရင် သူဟာ အသင်းမှာ အရေးပါတဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်။
သူရဲ့စွမ်းရည်က ဖုတ်ကောင်များကိုတိုက်ခိုက်ရာတွင် အသုံးမဝင်နိုင်သော်လည်း ဉာဏ်ရည်ကို အသုံးချလို့ လူသားများကို တိုက်ခိုက်ရာတွင်တော့ အသုံးပြုရန်အတွက် သူရဲ့စွမ်းရည်က အလွန်အသုံးဝင်ပါသည်။
ခဏတိတ်ဆိတ်သွားပြီးနောက်မှ ကုရှကျယ်က ပြုံးပြီးပြောတယ် "မင်းရဲ့အရည်အချင်းက အသုံးဝင်တဲ့နေရာ အသုံးဝင်မှာပါ။၊ ငါပြောခဲ့သလိုပဲ ကျောင်းကျောင်း အပါအဝင် လူတိုင်းကို ခေါ်ထားမှာပါ"
ဒါကို ကလေးတွေကြားတာနဲ့ မျက်လုံးတွေက တောက်ပလာကြတယ်။ သူတို့ရဲ့မိသားစုများက ဖုတ်ကောင်များလက်တွင် သေဆုံးသွားတာ သို့မဟုတ် ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားပြီးနောက်တွင် ၎င်းတို့ မှီခိုအားထားနိုင်သည့်သူမရှိတော့ပါ။ ယခုတွင်တော့ တစ်စုံတစ်ယောက်က သူတို့ကို ခေါ်ယူလိုစိတ်ရှိသောကြောင့် ကျေးဇူးတင်မိပါသည်။
"ကျေးဇူးတင်ပါတယ် အစ်ကို" ဇန်ချန်ချောင် နှင့် ကလေးများက မျက်ရည်ကျနေသော မျက်လုံးများဖြင့် ပြောလာတယ်။
"ငါ့နာမည်က ကုရှကျယ် ပါ။ ဒါက ငါ့ချစ်သူ ရုန်မိုအာ အခုကစပြီး ငါတို့က အဖွဲ့တစ်ဖွဲ့၊ မိသားစုတစ်ခုပဲ။ မင်းတို့ကို ပြုစုပျိုးထောင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။ ဒါပေမယ့် သစ္စာရှိမှုကိုတော့ ငါတောင်းဆိုရလိမ့်မယ်။ မင်းတို့သာ ငါ့ကို ဒါမှမဟုတ် ငါတို့အဖွဲ့ကို သစ္စာဖောက်ဝံ့ရင် မင်းတို့ကို ငါ့လက်နဲ့ကိုယ်တိုင်သတ်မယ်"
ထိုစကားကိုကြားလိုက်သောအခါတွင် သူတို့ကျောရိုးများတစ်လျှောက်၌ အေးစက်သွားသလို ခံစားလိုက်ရတယ်။ သူတို့စိတ်ထဲမှတ်သားကာ လက်သီးတွေကို တင်းတင်းဆုပ်ပြီး "အစ်ကို ကျွန်တော်တို့က တစ်သက်လုံး မင်းအပေါ်မှာသစ္စာရှိမယ်" လို့ပြောလာတယ်။
"ကောင်းပြီ ၊ ကဲ မင်းတို့အားလုံးလည်း စားပြီးရင် အနားယူသင့်တယ်။ ရက်ပိုင်းအတွင်းမှာပဲ ဒီနေရာက ထွက်သွားမှာ" လို့ ကုရှကျယ်က ပြုံးပြီး ပြောလာတယ်။
"ကောင်းပြီ"
ကလေးများကို နေရာချပေးပြီးနောက်တွင် ကုရှကျယ် နှင့် ရုန်မိုအာတို့ ထွက်သွားပြန်တယ်။ ဤတစ်ကြိမ်တွင်တော့ ဝေယင်းကိုသွားမတွေ့ တော့ဘဲ ရေဂိုဒေါင်သို့ သွားခဲ့သည်။
သူတို့ရောက်သွားတော့ လင်းယုန်အဖွဲ့သားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရေဝေပေးနေတာ တွေ့လိုက်ရတယ်။ သူတို့ကို ရေတစ်ဗူးသာပေးခဲ့ပေမယ့် အခုချိန်မှာတော့ သူတို့ရဲ့အသက်ကို ကယ်တင်ဖို့ လုံလောက်နေပါပြီ။
သူတို့ရောက်လာတာကိုမြင်တော့ စစ်သားတစ်ယောက်က လာပြီး "ရဲဘော်ကု၊ ရဲဘော်ရုန် မင်းနှစ်ယောက်က ဘာလို့လာတာလဲ" လို့ နှုတ်ဆက်ရင်း မေးလာတယ်။
"ငါတို့က ရေတိုင်ကီကိုဖြည့်ဖို့လာခဲ့တာ" ကုရှကျယ်က ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေတယ်။
ဒါကိုကြားတော့ စစ်သားက အံ့သြသွားတယ် "ရဲဘော်ကု ဗိုလ်ကြီးနဲ့ ငါတို့အဖွဲ့က ဖုတ်ကောင်တွေကိုသတ်ဖို့ အပြင်ထွက်သွားတယ်။ ဒါကြောင့် အခုလောလောဆယ်တော့ ကျွန်တော်တို့မှာ အမြုတေတွေ မရှိဘူး" ဟု မပြောမီ တစ်ခဏလောက် သူ့ကို ကြည့်လိုက်သေးတယ်။
သူ့လက်ကို ဝှေ့ယမ်းပြီး ကုရှကျယ်က "ငါ့မှာ စွမ်းအင်တွေ အများကြီးရှိတယ်။ အဲဒါကိုမသုံးရင် အလဟသဖြစ်သွားလိမ့်မယ်"
ထိုသို့ပြောပြီးနောက်မှာပဲ ပျဉ်ထောင်အိမ်ဆီသွားကာ လှေခါး ပေါ်ကို စတက်လိုက်တယ်။ အချိန်မဖြုန်းတော့ဘဲ ရေတိုင်ကီများကို စတင်ကာ ရေဖြည့်သွင်းသည်။ သူရဲ့စွမ်းအင်တွေကုန်လုနီးပါးဖြစ်သောအခါမှ သူက ရေအမျိုးအစား အမြုတေများကိုထုတ်ပြီး စွမ်းအင်ကိုစုပ်ယူရင်း ရေကန်ကိုဆက်ဖြည့်သည်။
သူ့ရည်းစားက အသက်ရှင်ကျန်ရစ်သူတွေကို ကူညီဖို့မဟုတ်ဘဲ ဝေယင်းက စခန်းကိုသိမ်းပိုက်ဖို့ရာတွင် ကူညီနိုင်ဖို့အတွက် ဖဲချပ်တစ်ချပ်အဖြစ် သူ့ချစ်သူက ဒီလိုလုပ်ခဲ့တာကို ရုန်မိုအာက နားလည်ခဲ့ပါတယ်။ ဗိုလ်မှူးကြီးကိုသာ တစ်ယောက်ယောက်က ချုပ်ကိုင်ထားရင် သူတို့လည်း ချောချောမောမော ထွက်သွားနိုင်တယ်။
နောက်ဆုံးတော့ ကောင်းကင်ကြီး မှောင်သွားသောအခါတွင် ကုရှကျယ်ဖြည့်နေတဲ့ ရေကန်ကလည်း ပြည့်သွားသည်။ တစ်ရက်တည်းမှာပင် လင်းယုန်အဖွဲ့က ရေတိုင်ကီ ၈ခုကျော်ကို အသုံးပြုခဲ့ပြီး တိုင်ကီတစ်ဝက်ခန့်သာ ကျန်ခဲ့သည်။
လှေခါးမှဆင်းလာပြီးနောက် သူ့ကောင်မလေးကိုကြည့်ကာမေးလိုက်တယ် "မိုအာ၊ ဒီလိုနည်းနဲ့ အမြုတေတွေကိုဖြုန်းတီးတဲ့အတွက် ငါ့ကို အပြစ်တင်နေတာလား"
သူမ ခေါင်းယမ်းပြီး "ဒါက လိုအပ်တဲ့ လှုပ်ရှားမှုတစ်ခုပါပဲ။ ဒါကြောင့် ငါမင်းကို အပြစ်မတင်ပါဘူး။ ဒါတင်မကသေးပါဘူး၊ နောက်ကြရင်လည်း နောက်ထပ် အမြုတေတွေကို ရှာတွေ့နိုင်မှာပါ"
ကုရှကျယ်က သက်ပြင်းတစ်ချက်ချကာ သူမကို ပွေ့ဖက်လိုက်ပြီး "ငါတို့ မထွက်ခွာခင် ရက်အနည်းငယ်လောက် စောင့်ရမှာပေါ့" လို့ ပြောပါတယ်။
ရုန်မိုအာကလည်း သူ့ကိုပြန်ပွေ့ဖက်ရင်း "အဆင်ပြေပါတယ်"ပြောလိုက်တယ်။
သူရဲ့စွမ်းအင်ကို အကြိမ်ကြိမ်သုံးပြီးနောက်တွင် စွမ်းအင်ကအနည်းငယ်မျှပင် တိုးလာတယ်ဟု ကုရှကျယ် ခံစားမိသည်။ ဒါကို သတိပြုမိလိုက်ပြီး "မိုအာ၊ ဖုတ်ကောင်တွေကို သတ်ဖို့ ငါတို့အပြင်ထွက်ရမယ်ဆိုတော့ မင်းရဲ့ စွမ်းအင်တွေလည်း တိုးလာနိုင်တယ်" လို့ ပြောပါတယ်။
ရုန်မိုအာက ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ငါ မင်းပြောတာကို နားထောင်မယ်"
ပျဉ်ထောင်အိမ်မှ သူတို့ထွက်လာသောအခါတွင်ပဲ ဗိုလ်မှူးကြီးနှင့် လက်အောက်ငယ်သားများ ရောက်လာကြသည်။ သူတို့နှစ်ယောက် ရေဂိုဒေါင်ထဲက ထွက်လာတာကို မြင်တော့ ဗိုလ်မှူးကြီးက မျက်လုံးကို မှေးကျဉ်းထားလိုက်သည်။
သူနှင့် သူ့လူများက ဂိတ်ပေါက်ကို မဖြတ်မီတွင်ပဲ လင်းယုန် အဖွဲ့မှ အဖွဲ့ဝင်များက တားဆီးခဲ့ကြသည်။
"ဗိုလ်မှူးကြီး၊ ဒါက ကန့်သတ်နယ်မြေပါ။ ကျေးဇူးပြုပြီး ရပ် ပေးပါ"
"မိုက်မဲလိုက်တာ ၊ ဘယ်လိုလုပ်ပြီး ဗိုလ်မှူးကြီးကိုတောင် တားရဲရတာလဲ" ဗိုလ်မှူးကြီးက ခေါ်ဆောင်လာတဲ့ စစ်သားတစ်ယောက်က ဒေါသတကြီးအော်တယ်။
သူတို့ရှေ့မှာ ရပ်နေတဲ့ လင်းယုန်အဖွဲ့သားတွေထဲက တစ်ယောက်ကတော့ "ဗိုလ်မှူးကြီး၊ ဒါက ကျွန်တော်တို့အဖွဲ့ရဲ့ သီးသန့်ပိုင်ဆိုင်မှုပဲ။ ဗိုလ်မှူးကြီးဆိုရင်တောင် ဒီလိုမျိုး တန်းဝင်လို့မရဘူး"
အခန်း-(၂၁၉)
စစ်သားရဲ့စကားကိုကြားတော့ ဗိုလ်မှူးကြီးက အော်ဟစ်လိုက်တယ် "ငါက ဒီစခန်းရဲ့ စစ်ဦးစီးချုပ်ပဲ။ ငါသွားချင်တဲ့နေရာကို သွားနိုင်တယ်"
ထို့နောက် လင်းယုန်အဖွဲ့သားများအား စိုက်ကြည့်ပြီး "မင်းတို့ဘေးမှာနေလိုက်တာက ပိုကောင်းတာပေါ့၊ ဒါမှမဟုတ်ရင်တော့ ရက်စက်တယ်ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့"
သူဒီလိုပြောလိုက်ပြီးတာနဲ့ ပန်းသီးအရွယ်အစားရှိတဲ့မီးလုံးကြီးက သူ့မျက်နှာဆီ အရှိန်ပြင်းပြင်းနဲ့ ပျံသန်းလာတယ်။ ဗိုလ်မှူးကြီးနှင့် သူ့ရဲ့လက်အောက်ငယ်သားများကတော့ တိုက်ခိုက်မှုကို ရှောင်တိမ်းရန်အတွက် ရှောင်ဖယ်သွားကြသည်။
" ဘုန်းး"
မီးလုံးက မြေပြင်ပေါ်သို့ ထိမှန်သွားပြီး မီးကျွမ်းနေသော တွင်းတစ်တွင်းသာ ကျန်ရစ်ခဲ့သည်။ ဒါကိုမြင်တော့ ဗိုလ်မှူးကြီးရဲ့နဖူးမှာ အေးစက်တဲ့ ချွေးတစ်လွှာပေါ်လာတယ်။
သူက သူ့ကျောကို တည့်တည့်မတ်မတ်ထားပြီး "ဘယ်သူလဲ၊ ထွက်လာခဲ့"လို့ အော်ဟစ်လိုက်သည်။
မကြာခင်မှာဘဲ ရုန်မိုအာက စစ်သားတွေရဲ့နောက်ကနေ ထွက်လာပြီး "ဒါက ငါပဲ" လို့ ပြောလာတယ်။
သူမကိုမြင်တော့ ဗိုလ်မှူးကြီးက ဒေါသဖြစ်သွားတယ်။ သူက သူမကို လက်ညိုးထိုးပြပြီး "မင်းက အရာရှိတစ်ယောက်ကို သတ်ဖို့ ကြိုးစားနေတာပဲ၊ အားလုံးပဲ သူမကို ဖမ်းလိုက်"
သူဒီလိုပြောလိုက်ပြီးတာနဲ့ သူ့စစ်သားတွေက သေနတ်တွေကို ချက်ချင်းထုတ်ပြီး ရုန်မိုအာကို ချိန်ရွယ်လိုက်တယ်။ ဖုတ်ကောင်များနှင့် နှိုင်းယှဉ်လိုက်ရင် သူမအတွက်တော့ ဤလူများက ခြိမ်းခြောက်မှု လုံးဝမရှိဟု သူမ ခံစားရသည်။
သူမလက်ကို မြှောက်လိုက်သည်နှင့် မရေမတွက်နိုင်သော မီးတောက်များဟာ လေထုထဲမှ ထွက်ပေါ်လာတယ်။ သူမရဲ့ လက်ကိုဝှေ့ယမ်းလိုက်တော့ မီးတောက်များက စစ်သားများဆီသို့ပျံသွားပြီး သူတို့ရဲ့ သေနတ်ပြောင်းများအတွင်းသို့ ဝင်ရောက်သွားသည်။
စက္ကန့်နှစ်ဆယ်ထက်မနည်း ကုန်ဆုံးပြီးချိန်မှာတော့ မီးဖိုထဲတွင် ဖုတ်ထားသကဲ့သို့ပင် သေနတ်များက နီရဲလာခဲ့သည်။ အပူဒဏ်မခံနိုင်တော့တဲ့စစ်သားတွေက နာကျင်စွာအော်ဟစ်ကာ လက်နက်တွေကို တစ်ယောက်ပြီးတစ်ယောက် ပစ်ချ လိုက်ကြတယ်။
"အိုး"
"အားး"
အလွန်နှေးကွေးစွာ တုံ့ပြန်သူများကတော့ ပြင်းထန်သော မီးလောင်ဒဏ်ရာများကို ခံစားခဲ့ရသည်။ လက်ဖဝါးကို ကြည့်လိုက်တော့ အရေပြားတွေက နီမြန်းနေတာ တွေ့လိုက်ရတယ်။ တချို့ဆို မီးလောင်ရာကနေ သွေးတွေတောင်ထွက် နေတယ်။
သေနတ်များ မြေပြင်ကိုကျသွားသောအခါတွင် ရုန်မိုအာက မီးအပူချိန်ကို တိုးမြင့်စေလိုက်ပြီး ခဏအကြာတွင်တော့ လက်နက်များအားလုံးဟာ အနီရောင်မီးတောက်များကြားတွင် သွန်းလုပ်သောသတ္တုအိုင်များအဖြစ်သို့ အရည်ပျော်သွားသည်။
ဒါကိုကြည့်ရင်း ဗိုလ်မှူးကြီးက အံ့ဩသွားတယ်။ ဤသေနတ်များသည် သူရဲ့အရေးကြီးဆုံးသော စေ့စပ်ညှိနှိုင်းရေး ချစ်ပ်များထဲမှ တစ်ခုဖြစ်သည်။ သေနတ်မပါဘဲနဲ့ အသက်ရှင်ကျန်ရစ်သူများနှင့် စွမ်းရည်အသုံးပြုသူများကို မည်သို့ထိန်းချုပ်နိုင်မည်နည်း။
ဤအခိုက်အတန့်တွင်တော့ သူ့သည် ရုန်မိုအာကိုသာ စိုက်ကြည့်ကာနေနိုင်ပြီး ကြောက်ရွံ့မှုနှင့် ဒေါသများက မျက်လုံးများထဲတွင် ပြည့်လျှံနေသည်။ ယခင်ကဆို အခြားသော စွမ်းရည်အသုံးပြုသူများနှင့် သူတွေ့ဆုံခဲ့ဖူးသော်လည်း သူတို့ရဲ့ စွမ်းအားများကို ဤအတိုင်းအတာအထိရောက်အောင် မည်သူမျှ မထိန်းချုပ်နိုင်ခဲ့ပေ။
သူမက ထိုနေရာတွင်ရပ်တန့်မည်ဟု လူတိုင်းက ထင်ခဲ့ကြသော်လည်း မျှော်လင့်ထားသလိုမဟုတ်ဘဲ ရုန်မိုအာကတော့ ဒူးကွေးလိုက်ပြီး မျက်စိတစ်မှိတ်အတွင်းတွင်ပဲ ဗိုလ်မှူးကြီးရဲ့ နောက်ကျောက်ဘက်မှာ ပေါ်လာသည်။
ဘယ်သူမှ မတုံ့ပြန်နိုင်ခင်မှာပဲ ဗိုလ်မှူးကြီးရဲ့လည်ပင်းကို လက်တစ်ဖက်နဲ့ ဆွဲကိုင်ပြီး နောက်တစ်ဖက်မှာတော့ ဓားမြှောင်တစ်ချောင်းကို ကိုင်ထားခဲ့တယ်။ ဓားသွားကို လည်ပင်းမှာ ဖိလိုက်သောအခါမှာတော့ ဗိုလ်မှူးကြီးဟာ မလှုပ်ရှားဝံ့တော့ဘဲ တောင့်တင်းသွားတယ်။
"မင်း.. မင်းက ဘာလိုချင်လို့လဲ" တုန်ယင်စွာမေးတယ်။
ရုန်မိုအာက အကြောင်းမပြန်ဘဲ သူ့ကို လင်းယုန်အသင်းရဲ့ တည်နေရာဆီသို့ ဆွဲခေါ်သွားခဲ့သည်။
သူမက စစ်သားများကို လွယ်လွယ်ကူကူပဲ ချေမှုန်းလိုက်နိုင်တာကို သတိပြုမိသောအခါတွင်တော့ ဗိုလ်မှူးကြီးရဲ့ လက်ထောက်တစ်ဦးက တိတ်တဆိတ်ပဲ ရှောင်ထွက်သွားခဲ့တယ်။ အကယ်၍ သူတို့သာ စွမ်းရည်အသုံးပြုသူအား တိုက်ခိုက်မည်ဆိုပါက၊ သူတို့ကိုယ်တိုင်ရဲ့ အခြားစွမ်းရည်အသုံးပြုသူများ လိုအပ်မည်ဖြစ်သည်။
ကုရှကျယ်ရှိရာဆီသို့ သူမပြန်သွားပြီး သူ့ဘေးတွင်ရပ်လိုက်ကာ ဓားမြှောင်ကိုတော့ ဗိုလ်မှူးကြီးရဲ့လည်ချောင်းမှာတက်ထားဆဲဖြစ်သည်။
ဒါကိုမြင်တော့ အနီးပတ်ဝန်းကျင်က စစ်သားတွေဟာ ဘာလုပ်ရမှန်းမသိ အေးခဲသွားကြတယ်။ ဗိုလ်မှူးကြီးရဲ့လက်ထောက်က ရှေ့ကိုတိုးလာပြီး မလှမ်းမကမ်းမှာလူတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး “ရဲဘော်၊ ဗိုလ်မှူးကြီးကိုလွှတ်လိုက်ရင် ဘာမှမဖြစ်ခဲ့ဘူးလို့ပဲသဘောထားလိုက်မယ်” လို့ ပြောလာတယ်။
"ရဲဘော်၊ ဒါက စစ်တပ်စခန်းပါ။ ဗိုလ်မှူးကြီးကို လွှတ်ပေးလိုက်ရင် ပိုကောင်းမယ်။ မဟုတ်ရင်တော့ အရာရှိကို ထိခိုက်စေလို့ဆိုပြီး ဥပဒေအရ အပြစ်ပေးခံရလိမ့်မယ်" ဟု အခြား စစ်သားက ဆက်ပြောသည်။
ကုရှကျယ်က ဒါကိုကြားတော့ ရယ်မောပြီး မေးတယ် "ရဲဘော်၊ ဥပဒေက ရှိနေသေးတယ်လို့ မင်းတစ်ကယ်ထင်တာလား။ ဖုတ်ကောင်တွေ ပေါ်လာတာက နှစ်ပတ်ရှိပြီ။ အစိုးရက လူတွေကို ထိန်းချုပ်ထားနိုင်သေးတယ်လို့ ထင် နေတာလား ၊အထူးသဖြင့် စွမ်းရည်အသုံးပြုသူတွေကိုပေါ့"
သူက အရှေ့ကိုတစ်လှမ်းလှမ်းကာ၊ စစ်သားတွေကို လှည့်ပတ်ကြည့်ရင်း "ဥပဒေအကြောင်းပဲ အမြဲပြောနေကြတယ်။ ဒါပေမယ့် အခုတော့ ဒီစခန်းရဲ့အတွင်းရေးကိုပဲ ပြောရအောင်။ ဒီလူမိုက်နဲ့ သူ့ခရိုနီတွေက ဘာတွေလုပ်ခဲ့တယ်ဆိုတာ အတိအကျပေါ့" လို့ ပြောလိုက်တယ်။
"ရာထူးကိုအသုံးချပြီး သာမန်ပြည်သူတွေကို အနိုင်ကျင့်တတ်တဲ့ သူမျိူးကို အရာရှိလို့ခေါ်တာလား။ အကျင့်ပျက်၊ တဏှာရမ္မက်လိုက်စား၊ ချမ်းသာသူတွေကိုခစားပြီး ရိုးသားတဲ့အရာရှိတွေကို ဖိနှိပ်တာ၊ ဒါမျိူးလူက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ဖို့တောင် ထိုက်တန်ရဲ့လား"
ဒါကိုပြောပြီးတာနဲ့ ကုရှကျယ်က သူ့လက်ချောင်းတွေကို ကွေးလိုက်ပြီး ဗိုလ်မှူးကြီးရဲ့မျက်နှာရှေ့မှာ ရေဘောလုံးတစ်ခု လွင့်နေစေတယ်။
ပြီးတော့ သူကလှည့်ပြီး ပြောလိုက်တယ် "ဗိုလ်မှူးကြီး၊ မင်းက ငါနဲ့ ငါ့ရည်းစားကို ဖမ်းဖို့လာတာ။ ငါ့ကို အလကားရေပေး အောင် မင်းရဲ့လူတွေကို ဖိအားပေးစေချင်တာ မဟုတ်ဘူးလား။ ငါ့ရဲ့ရေကို မင်းကအရမ်းကြိုက်တော့၊ မင်းကို အပြည့်အဝ ခံစားခွင့်ပေးလ်ိုက်မယ်"
စကားပြောပြီးသည်နှင့် လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်တယ်။ ရေဘောလုံးက ဗိုလ်မှူးကြီးရဲ့ ဦးခေါင်းကို ဖုံးလွှမ်းသွားတယ်။ လွတ်မြောက်ရန်ရုန်းကန်ရင်း ဗိုလ်မှူးကြီးရဲ့ မျက်လုံးများဟာ ထိတ်လန့်မှုကြောင့် ပြူးကျယ်နေသည်။
ဒါပေမယ့် ရုန်မိုအာက သူ့လည်ကုပ်ကို ဆုပ်ကိုင်ထားပြီး သူ့လည်ချောင်းကို ဓားမြှောင်နဲ့ ထိုးလိုက်တာကြောင့် ဗိုလ်မှူးကြီးက အရမ်းကြီး မရုန်းကန်ရဲတော့ဘူး။တစ်ချက်လှုပ်ရုံဖြင့် ဓားမြှောင်က လည်ချောင်းကို ဖြတ်လိုက်နိုင်သောကြောင့် သတိလက်လွတ်မလှုပ်ရှားရဲတော့ပေ။ အကယ်၍ ထိုသို့သာဖြစ်သွားခဲ့ပါက ထွက်ပြေးခြင်းက သူ့အတွက် အသုံးမဝင်တော့ပြီ။
ဒါကိုမြင်တော့ စစ်သားတွေကလည်း ဗိုလ်မှူးကြီးကို လွှတ် ပေးပါလို့ အော်လိုက်တယ်။
ကုရှကျယ်က ပြုံးပြီး "သူ့ကို လွှတ်လိုက်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ငါ့ရဲ့အခြေအနေတွေကို ဖြည့်ဆည်းပေးရမယ်" လို့ပြောလိုက်တယ်။
"အကြမ်းဖက်သမားနဲ့ ညှိနှိုင်းမှာ မဟုတ်ဘူး"
စွပ်စွဲချက်ကိုကြားတော့ ကုရှကျယ်က မျက်တောင်ခတ်လိုက်ပြီး အံ့သြစွာ ရယ်မောလိုက်သည်။ ခဏအကြာတွင်မှ “တစ်နေ့မှာ အကြမ်းဖက်သမားလို့ တံဆိပ်ကပ်ခံရမယ်လို့ မထင်ထားဘူး” လို့ သူကပြောလိုက်တယ်။
"မညှိနှိုင်းနိုင်ဘူးဆိုရင် အဲဒါကို မေ့ထားလိုက်။ ဒါပေမယ့် မင်းတို့သိထားရမှာက မင်းတို့သာဆက်ပြီးအချိန်ဆွဲနေရင်မင်းတို့ရဲ့ဗိုလ်မှူးကြီးက အသက်ရှူကျပ်သွားနိုင်တယ်ဆိုတာပဲ"
စစ်သားတွေက ဗိုလ်မှူးကြီးဆီ လှမ်းကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက နောက်ပြန်လှန်တော့မယ့်ပုံရပြီး သူ့မျက်နှာက အောက်ဆီဂျင်မရတဲ့အတွက် အနီရောင်ပြောင်းသွားပြီ။
ထိုအချိန်တွင်ပဲ ရေဘောလုံးများစွာဟာ ကုရှကျယ် နှင့် ရုန်မိုအာ ဆီသို့ ပျံသန်းလာခဲ့တယ်။
" ဘွမ်း ဘွမ်း ဘွမ်း"
ဝင်လာသောတိုက်ခိုက်မှုကို မြင်သောအခါတွင် ရုန်မိုအာက ဖရဲသီး အရွယ် မီးလုံးတစ်လုံးကို ပစ်လွှတ်လိုက်တယ်။ မီးလုံးနှင့် တိုက်မိသောအခါတွင် ရေဘော်လုံးက အခိုးအငွေ့များ အဖြစ်ပေါက်ကွဲသွားသော်လည်း မီးလုံးကတော့ လမ်းကြောင်းအတိုင်းသာ ဆက်သွားနေသည်။
"သေရော"
" ဘုန်းး"
ရေအမျိုးအစားစွမ်းရည်အသုံးပြုသူများဟာ မီးလုံးက သူတို့ကိုမထိမီတွင်ပဲ နောက်ပြန်ခုန်ချကာ တိုက်ခိုက်မှုကို အကျဉ်းအကြပ်ထဲက ရှောင်ရှားခဲ့ကြသည်။
" ဘုန်းး ခရပ်စ်"
သူတို့ မြေပြင်ပေါ်ခြေချပြီး ခေါင်းမော့ကြည့်လိုက်တဲ့အခါတွင်တော့ ကုရှကျယ်က သူတို့ထဲကတစ်ယောက်ရဲ့ အရှေ့မှာ ရှိနေပြီဖြစ်သည်။ ပြင်းထန်တဲ့ ခြေထောက်ကန်ချက်က လူတစ်ယောက်ကို လေထဲပျံသွားတက် စေပြီး ထိုသူရဲ့အရိုးကျိုးသံကိုပင် ရှင်းရှင်းလင်းလင်း ကြားနိုင်ခဲ့တယ်။