← Chapters

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း (၂၂၃-၂၂၅)

Vol. 15 Ch. 223-225

အခန်း-(၂၂၃)

‎

‎

‎ဆယ်မိနစ်လောက်ကြာတော့ ချင်လူဇီက သူ့လက်ကို ဝှေ့ယမ်းပြီး လေဆင်နှာမောင်းလေးတစ်ခုကို အိမ်ထဲက ထုတ်လိုက်တယ်။ ယခင်က သန့်ရှင်းသော လေဆင်နှာမောင်းသည် ယခုအခါတွင်တော့ ဖုန်မှုန့်များနှင့် ပြည့်နှက်နေပါတယ်။

‎

‎

‎ဒါကိုမြင်တော့ ရှောင်ချီက ခြံထဲမှအမှိုက်ပုံးကြီးရဲ့ အဖုံးကိုအမြန်ဖွင့်ပြီး ဘေးကို ထွက်သွားလိုက်တယ်။

‎

‎

‎ချင်လူဇီက လေဆင်နှာမောင်းကို အသေအချာထိန်းချုပ်ခဲ့ပြီး အမှိုက်ပုံးရဲ့အပေါ်ကိုရောက်တော့ လေဆင်နှာမောင်းကတဖြည်းဖြည်း ပြန့်ကျဲသွားသည်။ နောက်အခိုက်အတန့်မှာတော့ ဖုန်မှုန့်တွေ၊ အမှိုက်တွေကအမှိုက်ပုံးထဲကို ပြုတ်ကျသွားတယ်။

‎

‎

‎"ကောင်းပြီ၊ ပြီးပြီ။ မင်းတို့အားလုံးက ကြမ်းပြင်ကိုသုတ်လို့ရပြီ" ချင်လူဇီက ပေါ့ပေါ့ပါးပါး ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ကျိူးလီဇီက သူမရဲ့နေရာလွတ်ကနေ တိုက်တံကိရိယာနဲ့ ကြမ်းပြင်သန့်စင်တဲ့ အရည်တစ်ပုလင်းကို ထုတ်ယူလိုက်တယ်။ အဖွဲ့ဝင်များက ကြမ်းပြင်ကိုသုတ်နေကြစဉ်တွင် ဖုန်းယွင် နှင့် အခြားသူများက မီးဖိုချောင်ရှိ အိုးများ၊ ဒယ်အိုးများနှင့် အသုံးအဆောင်များကို ပွတ်တိုက်နေကြသည်။

‎

‎

ဒီမှာ အကြာကြီးမနေနိုင်ရင်တောင်မှ ဒီအရာတွေကို သူတို့ ယူသွားနိုင်တယ်။ ပြီးတော့ သူတို့နေထိုင်နေစဉ်အတွင်းမှာလည်း ဤအရာများကို အသုံးပြုရန် လိုအပ်ပါသည်။ ဒါကြောင့် ဒီဟာတွေကို သန့်ရှင်းအောင်လုပ်တာက အချည်းနှီးမဖြစ်ပါဘူး။

‎

ဝိန့်ညီအစ်ကိုများဟာ ‎ထိုအချိန်တွင် အပေါက်များနှင့် ရေပိုက်များကို ပိတ်ပြီးသွားပြီးဖြစ်သောကြောင့် ကျန်းယွမ်ကိုကူညီပြီး နံရံကိုအားဖြည့်ဖို့ရန်သွားသည်။

‎

‎

‎ကျန်းယွမ်က နံရံရဲ့အထူနှင့်အမြင့်ကိုမြှင့်တင်ရန် သူရဲ့မြေအမျိုးအစားစွမ်းရည်ကို အသုံးပြုပြီး ၊ ဝိန့် ညီအစ်ကိုများကတော့ နံရံပေါ်တွင် သုံးဆယ်စင်တီမီတာရှည်သော သတ္တုအပ်များကို ထူထပ်စွာထည့်ထားသည်။ အခုလိုဆိုရင်တော့ စခန်းထဲကို ဖုတ်ကောင်တွေထိုးဖောက်ဝင်ရောက်လာခဲ့ရင်တောင် သူတို့တစ်ခုခုမလုပ်နိုင်ခင်မှာပဲ သံချွန်တွေနဲ့ ထိုးမိသွားလိမ့်မယ်။

‎

‎

‎အားလုံးက အလုပ်တွေရှုပ်နေချိန်မှာ ယင်းယွီရှန်းက အိမ်နောက်ဖေးဂိုဒေါင်ကိုသွားပြီး မျိုးစေ့အိတ်ပေါင်းများစွာကို ရှာတွေ့ခဲ့ပါသည်။ တံဆိပ်ကိုကြည့်လိုက်တော့ ဒီအစေ့တွေက ပန်းတွေနဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်နေတယ်။

‎

‎

‎သူက အိတ်များကိုဖွင့်လိုက်ပြီး မျိုးစေ့များစွာကိုယူလိုက်တယ်။ အစေ့အဆံတွေကို ကိုင်ကြည့်လိုက်တော့ သူ့ခန္ဓာကိုယ်ထဲက သစ်သားစွမ်းအင်တွေက လှုပ်လှုပ်ရှားရှားဖြစ်နေသလို ခံစားလိုက်ရတယ်။

‎

‎

‎

‎ဖြစ်ပျက်နေသည့်အရာများကို မစီမံနိုင်မီတွင်ပဲ သူ့လက်ဖဝါးပေါ်ရှိ အစေ့များက တစ်ခုပြီးတစ်ခု အညှောက်ပေါက်လာတာကို သူမြင်လိုက်ရတယ်။ အစေ့တွေ အညှောက်ပေါက်လာတာနဲ့အမျှ သူ့စွမ်းအင်တွေလည်း ကုန်ဆုံးသွားသလို ခံစားလိုက်ရတယ်။

‎

‎

‎သူ့နှလုံးသားထဲမှာ ကြောက်ရွံ့ထိတ်လန့်မှုတွေ ပြည့်နှက်နေသော်လည်း လျင်မြန်စွာပဲငြိမ်သက်သွားပြီး သူရဲ့စွမ်းအင်စီးဆင်းမှုကို ထိန်းချုပ်လိုက်သည်။ ငါးမိနစ်အကြာမှာတော့ သူ့ရဲ့စွမ်းအင်ကို ထိန်းထားလိုက်နိုင်ပြီး အစေ့တွေရဲ့ကြီးထွားမှုက ရပ်တန့်သွားပါသည်။

‎

‎

‎ခဏလောက် အနားယူပြီးနောက်မှ သူ့အဖွဲ့ကို အမြန်သွားရှာလ်ိုက်တယ်။ မျက်နှာဖြူဖျော့ဖျော့နဲ့ ပြန်လာတဲ့ သူ့ကိုမြင်တော့ အဖွဲ့သားတွေကအံ့သြသွားကြတယ်။

‎

‎

‎"ယွီရှန်း မင်းဘာဖြစ်နေတာလဲ" ကျို့ဟွာကျဲက စိုးရိမ်တကြီးနဲ့ သူ့ကိုထိုင်ဖို့ ကူညီလိုက်တယ်။

‎

‎

‎ကျောင်းလီရှင်းက လမ်းလျှောက်လာပြီး "ကြည့်ခွင့်ပေးပါအုံး" လို့ပြောလာတယ်။

‎

‎

‎ယင်းယွီရှန်းက မြေပြင်ပေါ်တွင်ထိုင်ချကာ နံရံကိုမှီလိုက်တယ်။ ကျောင်းလီရှင်းက သူ့အခြေအနေကိုစစ်ဆေးရန် သူမရဲ့စွမ်းအင်ကို အသုံးပြုနေစဉ်တွင်ပင် သူ့လက်ထဲမှ အပင်ပေါက်များကို လွှတ်မချခဲ့ပေ။

‎

‎

‎ခဏအကြာတွင်မှ ကျောင်းလီရှင်းက "အစ်ကိုယင်းက သူ့စွမ်းအင်ကို လွန်လွန်ကဲကဲပဲ သုံးလိုက်တာ။ အနားယူပြီးသွားရင် သူနေကောင်းလာလိမ့်မယ်။ အမြုတေတချို့ကိုတော့ စုပ်ယူရလိမ့်မယ်"

‎

‎

‎ဒါကိုကြားတာနဲ့ နတ်ဆိုးအဖွဲ့သားတွေက သက်ပြင်းတစ်ချက်ချလိုက်တယ်။ ရေဘူးတစ်ဘူးနှင့် သစ်သားစွမ်းအင်ပါတဲ့ အမြုတေအနည်းငယ်ကို ပေးလိုက်တယ်။

‎

‎

‎"ယွီရှန်း ဘာဖြစ်နေတာလဲ ၊ ဘာလို့ မင်းရဲ့စွမ်းအင်တွေကို ရူးရူးမိုက်မိုက် အသုံးချနေတာလဲ" ချင်လူဇီက မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်။

‎

‎

‎ယင်းယွီရှန်းက ရေကိုသောက်လိုက်ပြီး စွမ်းအင်ပြန်လည်ရရှိရန်အတွက် အမြု‌တေကိုစုပ်ယူလိုက်သည်။ သူ့ရဲ့လက်ဖဝါးကိုဖြန့်ပြီး "အစ်ကိုချင် ကျွန်တော့်ရဲ့သစ်သားစွမ်းရည်က ကုသခြင်းမဟုတ်ဘဲ အပင်တွေကိုထိန်းချုပ်နိုင်တာထင်တယ်" လို့ပြောပါတယ်။

‎

‎

‎လူတိုင်းက သူ့လက်ဖဝါးပေါ်က အပင်ပေါက်တွေကို တွေ့လိုက်ပြီး စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုကြည့်လာကြသည်။

‎

‎

‎"အစ်ကိုချင် အိမ်နောက်ဖေးဂိုဒေါင်ထဲမှာ မျိုးစေ့အိတ်တွေအများကြီးကို ကျွန်တော်တွေ့ခဲ့တယ်။ အစေ့နည်းနည်းကို ကိုင်လိုက်တဲ့အခါမှာပဲ ကျွန်တော့်ရဲ့စွမ်းအင်တွေက ရုတ်တရက်ကြီး ထိန်းမနိုင်သိမ်းမရဖြစ်သွားတယ်။ တစ်ချိန်တည်းမှာပဲ အစေ့တွေက အရှိန်အဟုန်နဲ့ အပင်ပေါက်သွားတယ်" ယင်းယွီရှန်းက ဆက်ပြောတယ်။

‎

‎

‎"အဲဒါကြောင့် မင်းရဲ့စွမ်းအင်တွေ ကုန်သွားတာလား" ကျို့ဟွာကျဲက မေးတယ်။

‎

‎

‎ယင်းယွီရှန်းက သူ့ကို ခေါင်းညိတ်ပြပြီး "အစေ့တွေရဲ့ ကြီးထွားမှုကို ထိန်းချုပ်နိုင်ရင် အပင်တွေကိုလည်း ထိန်းချုပ်နိုင်ပြီး တိုက်ပွဲမှာသုံးနိုင်မယ်ထင်တယ်"

‎

‎

‎ထိုစကားကို ကြားလိုက်ရသည်နှင့်ချက်ချင်း အားလုံးက ဝမ်းသာသွားကြသည်။ အကယ်၍များ သူသာ အပင်များကို တိုက်ခိုက်ရန်အသုံးချနိုင်လျှင် တိုက်ပွဲအတွင်းမှာ သူ့ကိုယ်သူ ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်မည်ဖြစ်သည်။ သို့သော် ၎င်းနှင့်နှိုင်းယှဉ်ပါက မျိုးစေ့များရဲ့ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်စွမ်းက ပို၍တန်ဖိုးရှိသည်။

‎

‎

‎ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ချင်လူဇီက"မင်းရဲ့ အပင်ကိုကြီးထွားစေနိုင်တဲ့ စွမ်းရည်နဲ့ပတ်သက်တာကို လျှို့ဝှက်ထားရမယ်။ အပင်တွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကတော့ အခြားသူတွေကို သိခိုင်းလို့ရတယ်။ ဒါကို မင်းရဲ့ တကယ့်စွမ်းရည်အတွက် ဖုံးကွယ်ရာမှာ အသုံးပြုလို့ရတယ်"

‎

‎

‎ဒီလိုပြောပြီးတာနဲ့ လူတိုင်းကလည်း ဒီလိုစွမ်းရည်ရှိခြင်းရဲ့ အဓိပ္ပါယ်ကို နားလည်သွားကြပါတယ်။ ယခုအချိန်တွင်တော့ သူတို့သည် ထောက်ပံ့ရေးပစ္စည်းများကို ရှာဖွေနိုင်သော်လည်း နှစ်အတော်ကြာပြီးနောက်ဆို ထောက်ပံ့ရေးပစ္စည်းများ ကုန်သွားခြင်း သို့မဟုတ် ပျက်စီးသွားသည့်အခါကြရင်ကော။

‎

‎

‎ထိုအချိန်ရောက်သွားရင်တော့ လူသားမျိုးနွယ်အတွက် အစာကိုစိုက်ပျိုးရန်နှင့် ရေဖန်တီးရန်အတွက်က စွမ်းရည်အသုံးပြုသူများအပေါ်တွင်သာ မူတည်နေပေမည်။ အပင်ကြီးထွားမှုအား လှုံ့ဆော်ပေးနိုင်စွမ်းကို လူတွေသာ သိသွားခဲ့မယ်ဆိုရင် သူဟာ လူတွေရဲ့ ရည်မှန်းချက်တွေ၊ လောဘ၊ အကြံအစည်တွေရဲ့ ပစ်မှတ်ဖြစ်လာလိမ့်မယ်။

‎

‎

‎အားလုံးက သဘောတူပြီး ခေါင်းညိတ်ကာ ဒီကိစ္စကို ဆက်မပြောတော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ကပ္ပတိန်ကို အကြောင်းကြားရန်အတွက်တော့ ဒီကိစ္စကို ချင်လူဇီထံ ထားလိုက်သည်။

‎

‎

‎တစ်ချိန်တည်းမှာပဲ ရွှီချွန်းတို့အဖွဲ့ဟာ မြို့တော်ဝန်နှင့် အစည်းအဝေးခန်းရှိ ခေါင်းဆောင်များရှေ့တွင် ရပ်နေခဲ့သည်။ ဘဲဥပုံသဏ္ဍာန် စားပွဲဝိုင်းတွင်ထိုင်နေသော မြို့တော်ဝန်နှင့် အရာရှိများက သူတို့အား အမျိုးမျိုးသော အမူအရာဖြင့် ကြည့်နေကြသည်။

‎

‎

‎ခဏလောက် အကြည့်ချင်းဖလှယ်ပြီးနောက်မှ နောက်ဆုံးတော့ မြို့တော်ဝန်က စကားစလာတယ် "ဗိုလ်ကြီးရွှီ မင်းပြန်လာတာ အရမ်းကောင်းတယ်။ စွမ်းရည်အသုံးပြုသူ အဖွဲ့တစ်ဖွဲ့ကိုပါ မင်းပြန်ခေါ်လာတယ်ဆိုတာကို စစ်သားတွေဆီက ငါကြားတယ်။ ဒါအမှန်ပဲလား"

‎

‎

‎ရွှီချွန်းက သူ့မေးခွန်းကိုမဖြေဘဲ အဲဒီအစား သူက "မြို့တော်ဝန်၊ ကျန်တဲ့အဖွဲ့ဝင်တွေ ဘယ်မှာလဲ" ဟု ပြန်မေးတယ်။

‎

‎

‎ဒါကိုကြားတော့ မြို့တော်ဝန်က အရမ်းကို ရင်းရင်းနှီးနှီးပြုံးလိုက်ပြီး "ဗိုလ်ကြီးရွှီ မင်းကမသိနိုင်ပေမယ့် အခြေစိုက်စခန်းရဲ့အခြေအနေက မကောင်းတာ‌ကြောင့် နောက်ထပ်လူတွေကို ငါတို့လက်မခံနိုင်ဘူး။ ဒါကြောင့် အခြေစိုက်စခန်းမှာ နောက်ထပ်လူတွေကို လက်မခံဖို့ ဆုံးဖြတ်ခဲ့တာ"

‎

‎

‎"မင်းတို့အဖွဲ့က အသက်ရှင်ကျန်ရစ်သူတွေအများကြီးကို ပြန်ခေါ်လာတဲ့အတွက် သူတို့ကို ရိုးရိုးလေးပဲ လွှတ်ထားလိုက်လို့ မရဘူး။ အများသူငှာကျေနပ်စေဖို့အတွက် အမှားလုပ်တယ်ဆိုပြီး သူတို့ကို ရက်အနည်းငယ်ကြာအောင်ချုပ်ထားဖို့ပဲ ငါတို့ကတတ်နိုင်တယ်"

‎

‎

အခန်း-(၂၂၄)

‎

‎မြို့တော်ဝန်ရဲ့စကားဆုံးတော့ ရွှီချွန်းက တခစ်ခစ်ရယ်ပြီး "မြို့တော်ဝန်၊ မင်းက အသက်ကြီးပြီလို့ ငါထင်တယ်"

‎

‎

‎ဒါကိုကြားတာနဲ့ မြို့တော်ဝန်ရဲ့ မျက်နှာပေါ်ကအပြုံးဟာ ပျောက်ကွယ်သွားပြီး သူကမျက်မှောင်ကြုတ်ကာ "ဗိုလ်ကြီး ရွှီ အဲဒါက ဘာကိုဆိုလိုတာလဲ"

‎

‎

‎ရွှီချွန်းက "ဒီအခြေစိုက်စခန်းရဲ့အပြင်ဘက်မှာ ကမ္ဘာကြီးက ပြောင်းလဲနေပြီ လမ်းတွေမှာက ဖုတ်ကောင်တွေပြည့်နှက်နေပြီး အသက်ရှင်ကျန်ရစ်သူအရေအတွက်က အရမ်းကိုနည်းပါးတဲ့အတွက် လူသားမျိုးနွယ်က မျိုးသုဉ်းလုနီးဖြစ်နေပြီ"

‎

‎

‎"လူအမြောက်အမြားကို ထောက်ပံ့ဖို့အတွက် ထောက်ပံ့ရေးပစ္စည်းတွေ အများကြီးလိုမှာက အမှန်ပဲ။ ဒါပေမယ့် အဲဒီ အသက်ရှင်ကျန်ရစ်သူတွေနဲ့အတူ အခြေစိုက်စခန်းကို တည်ဆောက်ပြီး ဖုတ်ကောင်တွေကို အတူတိုက်ထုတ်နိုင်ဖို့အတွက် အလွန်အရေးကြီးတယ်"

‎

‎

‎"မင်းက ကြိုမတွေးထားရုံတင်မကဘူး၊ မင်းရဲ့လက်နဲ့ပဲ ရှင်သန်ဖို့ တစ်ခုတည်းသော လမ်းကြောင်းကို ဖြတ်ဖို့တောင် ကြိုးစားခဲ့တယ်။ မင်းက အသက်ကြီးလွန်းနေတာကြောင့် မဟုတ်ရင်ဘာဖြစ်မလဲ"

‎

‎

‎ခဏရပ်ပြီးနောက် "မြို့တော်ဝန်၊ ဒီအသုံးမကျသောလူတွေကို စောင့်ရှောက်တာ၊ စစ်သည်တွေကို ထိန်းချုပ်တာနှင့် ရိက္ခာတွေကို သိုလှောင်ထားတာက မင်းကို ကမ္ဘာပျက်ကပ်မှ လွတ်မြောက်နိုင်စေတယ်လို့ မထင်နဲ့"

‎

‎

‎မျက်နှာချင်းဆိုင်ပြီး အပြောခံရတာက အတွေ့အကြုံကောင်းတစ်ခုမဟုတ်ပေ။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အရာရှိများက မတ်တပ်ရပ်ကာ ရွှီချွန်းအား တစ်ယောက်တစ်ပေါက် ဆူပူကြိမ်းမောင်းလာကြသည်။

‎

‎

‎သူတို့ကိုပိုကြည့်လေ ရွှီချွန်းရဲ့ မျက်လုံးတွေက ပိုအေးစက်လာလေပဲ။ မိနစ်အနည်းငယ်ကြာပြီး နောက်ဆုံးတွင်မှ သူ ရဲ့သေနတ်ကိုထုတ်ကာ မြို့တော်ဝန်ကို ချိန်ရွယ်လိုက်တယ်။

‎

‎

‎"မင်းကအသုံးမကျတဲ့အတွက် မင်းကို စောင့်ရှောက်တာက အသုံးမဝင်တော့ဘူး"

‎

‎

"‎ဒိုင်း"

‎

‎

စကားဆုံးတာနဲ့ ခလုတ်ကိုဆွဲလိုက်တယ်။

‎

‎

‎မြို့တော်ဝန်က နဖူးအလယ်မှာ အပေါက်တစ်ခုနဲ့ ကုလားထိုင်ပေါ်မှာ လှဲနေတာကို တွေ့လိုက်တော့ လူတိုင်းက အံ့အားသင့်သွားကြတယ်။ ရုတ်တရက် အသတ်ခံရပြီး သေသွားသည့်တိုင်အောင် သူက စိတ်ရှုပ်နေပုံရသေးသည်။

‎

‎

‎အစည်းဝေးခန်းက ရုတ်တရက်ကြီး တိတ်ဆိတ်သွားတယ်။

‎

‎

‎ခဏအကြာတွင်မှ အရာရှိတစ်ဦးက ရွှီချွန်းကို လှည့်ကြည့်လိုက်ကာ သူက တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးပြီး မျက်နှာဖျော့ဖျော့နဲ့ "ဗိုလ်-ဗိုလ်ကြီးရွှီ မင်းက မြို့တော်ဝန်ကို သတ်လိုက်တယ်"

‎

‎

‎သူ့စကားပြီးတဲ့နောက်တော့ အခြားအရာရှိတစ်ယောက်ကလည်း "လူတစ်ယောက်ဝင်လာပြီး ဒီရာဇ၀တ်သားကို ဖမ်းလိုက်"လို့ အော်ပြောတယ်။

‎

‎

‎အချိန်အတော်ကြာအောင်အော်နေပေမယ့် ဘယ်သူကမှ ဝင်မလာခဲ့ဘူး။

‎

‎

‎သူတို့ကိုကြည့်လိုက်ပြီးတော့ ရွှီချွန်းက ပြုံးကာ "မင်းရဲ့ ခွန်အားကို ထိန်းသိမ်းထားပါအုံး အဲဒီစစ်သားတွေက ငါ့လူတွေပဲ သူတို့က ငါ့ကိုလာဖမ်းသွားဖို့ကို ဘယ်လိုလုပ်ပြီးမင်းမျှော်လင့်ထားတာလဲ"

‎

‎

‎သူက ပင်မထိုင်ခုံဆီသို့ လျှောက်သွားပြီး မြို့တော်ဝန်ရဲ့အလောင်းကို ထိုင်ခုံပေါ်မှဆွဲထုတ်လိုက်တယ်။ နောက်တော့ ထိုင်ခုံမှာထိုင်ချလျက် “ဒီနေ့ကစပြီး ဒီတပ်စခန်းက စစ်မှုမထမ်းမနေရ ဥပဒေကို လိုက်နာရမယ်"

‎

‎

သူပြောတာကို မြို့တော်ဝန်ရဲ့ညာဘက်ကလူက "သဘောမတူဘူး။ မင်းက စစ်သားပဲ ခေါင်းဆောင်ဆိုတာကို မင်းကဘာသိလဲ"

‎

‎

"‎ဒိုင်း"

‎

‎

‎နောက်ခဏမှာပဲ တခြားလူလည်း ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်။ ဒီတစ်ခါမှာတော့ လူတိုင်းက ကြောက်လွန်းလို့ အသံမထွက်ရဲကြတော့ဘူး။

‎

‎

ရွှီချွန်းက ‎သူတို့ကိုကြည့်လိုက်ပြီးတော့ "ဘယ်သူက ကန့်ကွက်ချင်သေးလဲ"လို့ မေးလိုက်တယ်။

‎

‎

‎ဆယ်မိနစ်လောက်ကြာတဲ့အထိ ဘယ်သူမှ စကားမပြောကြဘူး။

‎

‎

‎သူတို့ရဲ့ သူရဲဘောကြောင်မှုကိုကြည့်ရင်း ရွှီချွန်း က ရယ်မောလိုက်တယ်။ မတ်တပ်ထရပ်ပြီး “အခုကစပြီး မင်းတို့အားလုံးကို မင်းတို့ရဲ့ရာထူးက ဖယ်ရှားလိုက်ပြီ။ တံတိုင်းဆောက်ပြီး နယ်မြေကို ပြန်လည်သိမ်းယူမယ့်အဖွဲ့နဲ့ ပူးပေါင်းရမယ်” ဟုအမိန့်ပေးလိုက်သည်။

‎

‎

‎ဒါကိုကြားတော့ အရာရှိတွေနဲ့ ခေါင်းဆောင်တွေ အံ့ဩသွားကြတယ်။ တံတိုင်းဆောက်ရတာက အဆင်ပြေပေမယ့် ဧရိယာကို ပြန်လည်သိမ်းယူဖို့ စေလွှတ်ခံရမယ်ဆိုရင် ဖုတ်ကောင်တွေကို တိုက်ခိုက်ရမှာ ဖြစ်သည်။

‎

‎

‎သူတို့ဟာ ဖုတ်ကောင်များကို တစ်ကြိမ်မှ တိုက်ရိုက်မရင်ဆိုင်ခဲ့ဖူးဘူး။ ထိုဘီလူးများကို တိုက်ခိုက်ရမယ်ဆိုရင် မည်သို့ ရှင်သန်နိုင်မည်နည်း။

‎

‎

‎"ကပ္ပတိန်ရွှီ ကျွန်တော့်ရဲ့အသက်ကို နှမြောပါ။ မင်းရဲ့ခွေးအဖြစ် ကျွန်တော်လုပ်မယ်၊ နယ်မြေပြန်သိမ်းဖို့တော့ ကျွန်တောမကို မပို့ပါနဲ့" ခေါင်းဆောင်တယောက်က မြေပြင်ပေါ်မှာ ဒူးထောက်ပြီး တောင်းပန်တယ်။

‎

‎

ရွှီချွန်းက ‎သူ့တောင်းဆိုမှုကို လျစ်လျူရှုကာ သူ့အဖွဲ့သားတွေကို တစ်ချက်ကြည့်လိုက်ပြီး "သူတို့ကို ဖယ်ထုတ်ပြီး ငါတို့ ညီအစ်ကိုတွေကို လွှတ်ပေးလိုက်။ပြီးရင် အားလုံးကိုခေါ်လိုက် တစ်နာရီအတွင်း အစည်းအဝေးလုပ်မယ်" လို့ပြောလိုက်တယ်။

‎

‎

‎စစ်သည်များက အလေးပြုပြီး "ဟုတ်ကဲ့ ဗိုလ်ကြီး"

‎

‎

‎စစ်သားများနှင့် သူ့အဖွဲ့သားများ ထွက်သွားပြီးနောက်တော့ ရွှီချွန်းလည်း အစည်းအဝေးခန်းမှထွက်သွားပြီး ကျင်းရွှီယန်း ကို သွားရှာခဲ့သည်။

‎

‎

‎သိပ်မကြာခင်မှာပဲ ခေါင်းဆောင်ရာထူးကို လွှဲပြောင်းရယူပြီး အရာရှိတွေနဲ့ ခေါင်းဆောင်အားလုံးကို ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတဲ့ သတင်းက အခြေစိုက်စခန်းတခွင်မှာ ပျံ့နှံ့သွားပါတယ်။

‎

‎

‎စခန်းဗဟိုထိန်းချုပ်မှုမှလည်း မြို့တော်ဝန်နှင့် အရာရှိရဲ့ရုပ်အလောင်းနှစ်လောင်းကို သယ်ထုတ်လာတာကို လူတိုင်းတွေ့လိုက်ရသောကြောင့် အထိတ်တလန့်ဖြစ်သွားကြသည်။သူတို့ထဲမှအချို့က အခြေစိုက်စခန်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သော်လည်း အချို့ကမူ 'စောင့်ဆိုင်းကြည့်ရှုခြင်း' သဘောထားကို ခံယူကာ နေရန်ရွေးချယ်ခဲ့သည်။

‎

‎

‎အနောက်မိုးကုပ်စက်ဝိုင်းက နေဝင်ချိန်မှာ ရွှီချွန်းက နတ်ဆိုး အဖွဲ့ရဲ့ နေအိမ်တံခါးကိုခေါက်လိုက်တယ်။

‎

‎

‎သိပ်မကြာခင်မှာပဲ တံခါးကပွင့်လာပြီး ကျိူးလီဇီကိုတွေ့လိုက်ရတယ်။တီရှပ်ကို ပေါ့ပေါ့ပါးပါး ၀တ်ထားပြီး ဘဲလည်ပင်းကို စားနေတယ်။

‎

‎

‎သူ့ကိုမြင်တော့ သူမက ဘေးကိုဖယ်ပေးပြီး "ဗိုလ်ကြီးရွှီ ကျေးဇူးပြုပြီး ဝင်လာပါ" လို့ပြောလိုက်တယ်။

‎

‎

သူမက ဘာမှမမေးဘဲ ဧည့်ခန်းဆီခေါ် သွားတာ မြင်လိုက်ရတော့ မျက်ခုံးပင့်လိုက်ပြီး ရွှီချွန်းက လိုက်သွားသည်။ သူဝင်သွားတော့ ကျင်းရွှီယန်း နှင့် သူ့အဖွဲ့ကညစာစားနေတာကို တွေ့လိုက်ရတယ်။

‎

‎

‎"ဗိုလ်ကြီးရွှီ မင်း ထမင်းစားပြီးပြီလား" ကျန်းယွမ်က မေးတယ်။

‎

‎

‎ပထမတော့ ရွှီချွန်းက သူစားပြီးကြောင်း ပြောပြချင်သည်။ ဒါပေမယ့် စကားတစ်ခွန်းမှ မပြောရသေးခင်မှာပဲ ဗိုက်ထဲက အသံတစ်ခုထွက်လာတယ်။

‎

‎

‎ဒါကိုကြားတော့ ကျန်းယွမ်က ပြုံးလိုက်ပြီး "ဒီညစာကို၊ အဘိုးကြီးချင်က အများကြီးချက်ထားယ်။ ဘဲလည်ပင်းနဲ့ ဘဲခြေထောက် အိုးကြီးတစ်လုံးကိုလည်း ပြုတ်ထားတယ်။ ဗိုလ်ကြီးရွှီ၊ ဘာလို့ ငါတို့နဲ့အတူ လာထိုင်မစားတာလဲ"

‎

‎

စကားဆုံးတော့ ရှောင်ချီက သူ့အတွက် ထမင်းပန်းကန်လုံးကြီးတစ်လုံးကို ချပေးပြီး "ဗိုလ်ကြီးရွှီ ကျေးဇူးပြုပြီး" လို့ပြောလိုက်တယ်။

‎

‎

‎ထမင်းဖြူပူပူကြီးကို ကြည့်လိုက်ပြီးတော့မှ ရွှီချွန်းက သူတို့ကိုပြန်ကြည့်ပြီး "မင်းတို့က ဟင်းချက်နည်းသိတာလား" လို့ မေးလိုက်တယ်။

‎

‎

‎"ကောင်းပြီ၊ လူအိုချင် နှင့် ကျင်းဇီက ဝယ်စားရတာကို မကြိုက်ဘူး။ ဒါကြောင့် မစ်ရှင်မထွက်ခင်ဆို သူတို့က တစ်ယောက်တည်း ချက်စားတယ်။ အခုဆို သူတို့နှစ်ယောက်က ငါတို့ရဲ့ထမင်းချက်တွေပဲ" လို့ ကျင်းရွှီယန်းက ပြန်ဖြေတယ်။

‎

‎

‎ရွှီချွန်းက ထမင်းကို လက်ညှိုးထိုးပြပြီး "ဒီထမင်း—"

‎

‎

‎"ငါတို့က ထမင်းပေါင်းအိုးသုံးတယ်" လို့ ကျိူးလီဇီက ဖြတ်ပြောလိုက်တယ်။

‎

‎

‎ဒါကိုကြားတော့ ရွှီချွန်းက အံ့အားသင့်သွားသည်။ အိမ်တဝိုက်ကိုကြည့်လိုက်တော့ အခန်းထဲမှာလည်း ဖယောင်းတိုင်တွေ ထွန်းညှိထားပြီး ဖယောင်းတိုင်ပေါင်းများစွာက အလင်းဖျော့ဖျော့လေး လင်းနေတာ တွေ့လိုက်ရသည်။

‎

‎

‎စခန်းမှာက လျှပ်စစ်မီး လုံးဝမရှိလို့ ထမင်းပေါင်းအိုး ဘယ်လိုလုပ်သုံးနိုင်မှာလဲ။

‎

‎

‎

‎

‎

အခန်း-(၂၂၅)

‎

‎ရွှီချွန်းရဲ့သံသယများကို သတိပြုမိတာကြောင့် လီစီခိုင်က ပြုံးကာ လက်ဖဝါးကို ဖြန့်လိုက်တယ်။ နောက်အခိုက်အတန့်မှာပဲ လျှပ်စီးသံကိုကြားလိုက်ရပြီး စက္ကန့်အနည်းငယ်အကြာတွင် သူရဲ့လက်ဖဝါးအထက်၌ လျှပ်စီးဘောလုံးတစ်ခု လွင့်ပျံနေသည်။

‎

‎

‎ဒါကိုမြင်တော့ ရွှီချွန်းက ထိတ်လန့်တကြားထပြီး "ဒါက လျှပ်စစ်စွမ်းရည်ပဲလား" မေးတယ်။

‎

‎

‎လီစီခိုင်က ခေါင်းညိတ်ပြီး "ငါ့ရဲ့စွမ်းရည်ကို နိုးထနိုင်ခဲ့တယ်။ ပထမကတော့ ငါ အဲဒါကို စမ်းသပ်နေတာ မထင်မှတ်ထားပဲ စွမ်းရည်ကိုအသုံးချပြီး ထမင်းပေါင်းအိုးကို လည်ပတ်နိုင်ခဲ့တယ်"

‎

‎

‎သူ့စကားပြီးသည်နှင့် ရှောင်ချီကဝင်ပြောတယ် "ဗိုလ်ကြီးရွှီ မင်းရဲ့ဖုန်းကို အားပြန်သွင်းချင်ရင် အစ်ကိုစီခိုင် ကို အကူအညီတောင်းလို့ရတယ်"

‎

‎

‎ဒါကိုကြားတော့ လီစီခိုင်က သူ့ညီအစ်ကိုတွေကို တစ်ချက်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ သူ့စွမ်းအင်ကို လူတိုင်းကသိရှိပြီးဖြစ်သဖြင့် လူတိုင်းအတွက် အားသွင်းသူအဖြစ်ကနေ သူ့ကံကြမ္မာက မပြောင်းလဲနိုင်တော့ဘူး။

‎

‎အံ့အားသင့်သွားပြီးနောက်မှ ရွှီချွန်းက ကျင်းရွှီယန်းကိုကြည့်ကာ သက်ပြင်းတစ်ချက်ချလို့"ကပ္ပတိန်ကျင်း မင်းရဲ့အဖွဲ့က အရမ်းစွမ်းဆောင်နိုင်တယ်။ ငါ့မှာသာ တတ်နိုင်သလောက် ကူညီပေးမယ့်သူသာရှိရင် ငါ ဒီအခြေအနေမှာ နစ်မွန်းနေမှာ မဟုတ်ဘူး"

‎

‎

‎ကျင်းရွှီယန်းလည်း မြို့တော်ဝန်နှင့် သူရဲ့လူများအကြောင်း ဖြစ်ပျက်ခဲ့သမျှကို ကြားသိထားပြီးဖြစ်သည်။

‎

‎

‎သူရဲ့ယခင်ဘဝတွင်၊ ဖုတ်ကောင်ဖြစ်လာပြီးနောက်၌ အပြစ်မဲ့ကလေးငယ်တစ်ဦးကိုပင် သတ်ခဲ့ဖူးတယ်။ ထို့ကြောင့် မြို့တော်ဝန်နှင့် အရာရှိတစ်ဦးကို ရွှီချွန်း လုပ်ကြံသတ်ဖြတ်ခြင်းအကြောင်း ကြားသောအခါတွင် သူ မျက်တောင်မခတ်မိပေ။

‎

‎

‎“အရင်စားပါအုံး၊ နောက်မှ ဒီကိစ္စကိုပြောလို့ရတယ်” လို့ သူ့ကောင်မလေးအတွက် ဝက်အူချောင်းတစ်ပိုင်းကို ရွေးရင်း ပြောလိုက်တယ်။

‎

‎

‎သူက ဘယ်လောက်တောင် စိတ်ပေါ့ပါးနေတာကို မြင်လိုက်ရသဖြင့် ရွှီချွန်းက နောက်ထပ် သက်ပြင်းတစ်ချက် ထုတ်လိုက်ပြီး ထမင်းကို စတင်စားသည်။ ဟင်းလျာများကို မြည်းစမ်းကြည့်ရင်း အရှိန်ကိုမထိန်းနိုင်တော့ဘဲ စားတဲ့အရှိန်တက်လာတယ်။ ထမင်းပူပူနဲ့ အရသာရှိတဲ့ အိမ်ချက်ဟင်းလျာတွေကို မစားခဲ့ရတာ ကြာပါပြီ။

‎

‎

‎ညစာစားပြီးသောအခါတွင် ဧည့်ခန်းထဲမှာ လက်ဖက်ရည်သောက်ရင်း ထိုင်ကြတယ်။

‎

‎

‎" မင်းဘာလို့ ဒီကိုလာတာလဲဆိုတာ အခု ငါ့ကိုပြောပြနိုင်ပြီ" ကျင်းရွှီယန်းက ပြောသည်။

‎

‎

ရွှီချွန်းက ‎သူ့ခွက်ကို စားပွဲနိမ့်လေးပေါ်တင်လိုက်ပြီး "ကပ္ပတိန်ကျင်း ငါရဲ့စခန်းကမသိမ်းရသေးတဲ့ နေရာတွေမှာရှိတဲ့ ဖုတ်ကောင်တွေကိုရှင်းပစ်ဖို့ မင်းတို့အဖွဲ့ကို ငှားချင်တယ်။ မင်းရှာတွေ့တဲ့အမြုတေတွေကို မင်းပိုင်မှာဖြစ်ပြီး မစ်ရှင်အတွက် စခန်းက မင်းကို အမြုတေ ၅၀၀ ပေးလိမ့်မယ်"

‎

‎

‎ကျင်းရွှီယန်းက ခဏလောက်စဉ်းစားလိုက်ပြီး "ကိစ္စမရှိပါဘူး။ ငါတို့တာဝန်စတဲ့အခါကြရင် မင်းနဲ့မင်းရဲ့လူတွေကို ငါတို့နောက် လိုက်မလာစေချင်ဘူး။ ငါတို့ကသီးသန့်လုပ်ရတာပဲကြိုက်တယ်"

‎

‎

‎"ကောင်းပြီ" ရွှီချွန်းက ချက်ချင်း သဘောတူလိုက်တယ်။

‎

‎

‎တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျင်းရွှီယန်းက "အခြားတစ်ခုရှိသေးလား"လို့ မေးလိုက်တယ်။

‎

‎

‎"ကောင်းပြီ၊ အခြေစိုက်စခန်းမှာရှိတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ပတ်သက်ပြီး မင်းရဲ့ထင်မြင်ယူဆချက်ကို ငါမေးချင်တယ်။ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ပတ်သက်တဲ့ စည်းကမ်းချက်အချို့ကိုချမှတ်ဖို့နှင့် ထောက်ပံ့မှု ၊ နေထိုင်မှုအတွက်လည်း စျေးနှုန်းသတ်မှတ်ဖို့ စီစဉ်ထားပါတယ်" ဟု ရွှီချွန်း က ဖျပ်လတ်စွာ ပြောကြားခဲ့တယ်။

‎

‎

‎စစ်သားတစ်ယောက်ဖြစ်တာကြောင့် အခြေစိုက်စခန်းတစ်ခုကို စီမံခန့်ခွဲတဲ့အခါမှာ အသိပညာနည်းပါးတယ်။

‎

‎

‎ကျင်းရွှီယန်းက သူ့လက်ဖက်ရည်ကို အပြီးသတ်ကာ ပေါ့ပေါ့ပါးပါးပြောတယ် "အသက်ရှင်ကျန်ရစ်သူတွေကို အရင်ဆုံး စီမံခန့်ခွဲတာနဲ့ စနိုင်မယ်ထင်တယ်။ ရိက္ခာတွေကို အလကားပေးတာနဲ့ သူတို့ကို ထောက်ပံ့ရတာက အဆင်ပြေပေမယ့် ဒါက ရေရှည်ဖြေရှင်းချက်တော့ မဟုတ်ဘူး"

‎

‎

‎"အခြေစိုက်စခန်းကို လည်ပတ်ဖို့အတွက်၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ ခိုင်မာတဲ့ ငွေကြေးတွေ လိုအပ်တယ်။ လက်ရှိအခြေအနေမှာတော့ ငါတို့ရဲ့ ယခင်ကငွေကြေးတွေကို အသုံးမပြုနိုင်တော့ဘူး"

‎

‎

‎သူ့စကားကြားတော့ ရွှီချွန်းက မေးတယ် "မင်းက အနြုတေတွေကို သုံး စေချင်တာလား"

‎

‎

‎ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး ပြန်ပြောတယ် "ဒီအမြုတေတွေရဲ့ အသုံးပြုနိုင်မှုနည်းအားလုံးကို ငါတို့ မသိသေးပေမယ့် သူတို့ထဲမှာ စွမ်းအင်တွေရှိနေတယ်ဆိုတာကတော့ သေချာနိုင်တယ်။ အနာဂတ်မှာဆို အဲဒါတွေကို လောင်စာအဖြစ် ဒါမှမဟုတ် စွမ်းအင်အရင်းအမြစ်အဖြစ်တောင် သုံးနိုင်တယ်။ ဒါကြောင့် အမြုတွေ ပိုရှိတာက အမြဲတမ်းအတွက်ကောင်းတယ်"

‎

‎

‎"ဒါပေမယ့် လူတိုင်းက အမြုတေတွေကို မရနိုင်သလိုသာမန်လူအများစုက ဖုတ်ကောင်တွေကို မတိုက်ခိုက်နိုင်ဘူး" ဟု ရွှီချွန်းက မျက်မှောင်ကြုတ်ကာ ပြောလာသည်။

‎

‎

‎"ဒါကြောင့် ၊ သာမန်လူတွေ သူတို့ရဲ့ကိုယ်ပိုင်စားနပ်ရိက္ခာနှင့် လွတ်လွတ်လပ်လပ်ရပ်တည်နိုင်ဖို့အတွက် အခြားငွေကြေးတစ်ခုကို ထူထောင်ဖို့ လိုအပ်တယ်" ဟု ကျင်းရွှီယန်းက အဓိပ္ပါယ်ရှိစွာပြောသည်။

‎

‎

‎ရွှီချွန်းက သူ့ကို အကြာကြီးကြည့်နေပေမယ့် ဘာမှ ထပ်မကြားရတော့။ ဒါနဲ့ သူက “နောက်ထပ်ငွေက ဘယ်လိုလဲ” လို့ မေးတယ်။

‎

‎

‎ကျင်းရွှီယန်းက သက်ပြင်းရှည်ထုတ်ပြီး ဘေးကို တစ်ချက်ကြည့်လိုက်တယ်။ ဒီလူဟာ စခန်းတည်ဖို့ တကယ်ကို မသင့်တော်ပါဘူး “အမှတ်တွေကို အစားအနေနဲ့ ရှင်သုံးလို့ရတယ်” လို့ ပြန်ဖြေသည်။

‎

‎

‎သူ့စိတ်အနှောက်အယှက်ဖြစ်နေတာကို သတိထားမိတော့ ကျိူးလီဇီက တခစ်ခစ်ရယ်ပြီး "ဗိုလ်ကြီးရွှီ အခြေစိုက်စခန်းကိုကူညီဖို့ သာမန်လူတွေကို ငှားလို့ရတယ်။ ဒါမှမဟုတ်ရင်လည်း မစ်ရှင်တွေ ထုတ်ပေးနိုင်တယ်။ ပြီးရင် စခန်းကထုတ်ပေးတဲ့ အမှတ်တွေသုံးပြီး သူတို့ကို ပေးချေလိုက်"

‎

‎

‎"ဒီအမှတ်တွေကိုတော့ ထောက်ပံ့မှုတွေအတွက် လဲလှယ်ဖို့ ဒါမှမဟုတ် နေဖို့နေရာငှားဖို့ အသုံးပြုနိုင်တယ်။ ဒါပေမယ့် အမှတ်စနစ်က ဒီအခြေစိုက်စခန်းအတွင်းမှာပဲ အလုပ်လုပ်မှာ။ အခြားအခြေစိုက်စခန်းတစ်ခုနဲ့ ကုန်သွယ်မှုအတွက်ကိုတော့ အမြုတေတွေကို အသုံးပြုတာက ပိုကောင်းတယ်"

‎

‎

‎" အမြုတေတွေရဖို့ နည်းလမ်းတွေအတွက်တော့ ရှင့်ရဲ့လူတွေကို ဖုတ်ကောင်တွေကို ရှင်းပစ်ဖို့ အဲဒီနေရာတွေဆီ လွှတ်လိုက်နိုင်တယ်။ တစ်ခုက ဖုတ်ကောင်အလုံးအရင်းကို တားဆီးနိုင်တယ်။ နောက်တစ်ခုကတော့ အမြုတေတွေကို နောက်ထပ်ရှာတွေ့နိုင်တယ်"

‎

‎

‎ရွှီချွန်းက ခေါင်းညိတ်သည် "ဒါ အကြံကောင်းပဲ"

‎

‎

‎"အခြားနည်းလမ်းအနေနဲ့ဆို ဝင်ကြေးကို ရှင်သတ်မှတ်နိုင်တယ်။ သူတို့က စွမ်းရည်ကို အသုံးပြုသူတွေ ဒါမှမဟုတ် သာမန်လူတွေပဲ ဖြစ်ဖြစ်၊ သူတို့က အခြေစိုက်စခန်းထဲကို ဝင်ဖို့အတွက် ပေးဆောင်ရမှာပဲ" ဟု ကျိူးလီဇီက ပြောပြခဲ့သည်။

‎

‎"ခယ်မကကော ဘယ်လို စည်းကမ်းချက်တွေ ချမှတ်ထားသင့်တယ်ထင်လဲ" ရွှီချွန်းက မေးသည်။

‎

‎

ကျိူးလီဇီက ‎ခဏလောက်စဉ်းစားပြီးနောက်မှ "စခန်းထဲကိုဝင်တိုင်း ၀င်ကြေးပေးရမယ်။ ဒါပေမယ့် စခန်းအဖွဲ့ဝင်အဖြစ် စာရင်းသွင်းမယ်ဆိုရင်တော့ ဝင်ကြေးပေးစရာမလိုတော့ဘူး"

‎

‎

‎"အဲဒီအစား၊ သူတို့ရှာထားတဲ့ ရိက္ခာတွေရဲ့ 10% ကနေ 30% ကို စခန်းဆီပေးရမယ် ဒါမှမဟုတ်ရင်လည်း လွှဲပေးရမယ့် ပုံသေပမာဏအတိုင်းကို ပေးရမယ်။ ပစ္စည်းတွေမရှိရင် အမြုတေတွေသုံးပြီး စခန်း အခွန်ပေးလို့ရတယ်"

‎

‎

‎"ခယ်မ၊ အသင်းဝင်မှတ်ပုံတင်တာကို ဘယ်လိုစီမံမလဲ" ရွှီချွန်းက ထပ်မေးတယ်။

‎

‎

‎သူ့မေးခွန်းကိုကြားတော့ ကျိူးလီဇီကပြုံးပြီး "မွေးကင်းစကလေးငယ်ကို စာရင်းသွင်းတဲ့အခါမှာတောင် အစိုးရက နိုင်ငံသားတွေကို အခွန်ပေးခိုင်းတယ်။ ရှင်လည်း အတူတူပဲ"

‎

‎

‎"အမြဲတမ်းနေထိုင်သူတွေအနေနဲ့ အခြေစိုက်စခန်းထဲ ဝင်ချင်ရင် လစဉ်အခွန်ပေးဆောင်ရပြီး မှတ်ပုံတင်ကြေးလည်းပေးဆောင်ရမည်။ ပမာဏကိုတော့ ရှင်ဆုံးဖြတ်နိုင်တယ်။ ရိက္ခာပစ္စည်း‌တွေ ဒါမှမဟုတ် အမြုတေတွေနဲ့ ငွေပေးချေမှုကိုလည်း ခွင့်ပြုနိုင်တယ်"

‎

‎

‎"ဒီနည်းလမ်းက ရှင်ကို ထောက်ပံ့ရေးပစ္စည်း ပိုမိုစုဆောင်းနိုင်ပြီး အမှတ်တွေသုံးပြီးလည်း နေထိုင်သူတွေကို သတ်မှတ်ထားသောစျေးနှုန်းနဲ့ ရောင်းချနိုင်တယ်။ ဒီလိုဆိုရင် စခန်းကလည်း လူအများကြီးကိုကျွေးမွေးရတဲ့ ဝန်ထုပ်ကို လျှော့ချနိုင်မယ်၊ ပြီးတော့ အသက်ရှင်ကျန်ရစ်သူတွေလည်း အားထုတ်ဖို့ ရည်မှန်းချက်ရှိလာမယ်"

‎

All Chapters