အခန်း (၇၅-၇၆)
Vol. 8 Ch. 75-76
အခန်း (၇၅) ကမ္ဘာတစ်ဝှမ်းရှိ သူရဲကောင်းများ လှုပ်ရှားလာကြသည်
ကောင်းကင် တာအိုက ချပေးသော ထိုဧရာမ အလင်းတန်းကြီးသည် ကမ္ဘာမြေထဲသို့ ထိုးသွင်းလိုက်သော ဓားတစ်လက်ကဲ့သို့ ဇီဝေ အင်ပါယာ ကြယ် မှ ဆင်းသက်လာပြီး ဆေးခန်းမ ၏ အလယ်ဗဟိုကို တည့် မတ်စွာ ထိမှန်သွားခဲ့လေသည်။
အလွန်ကျယ်ပြန့်ပြီး အမြင့်ဆုံးသော အရှိန်အဝါတစ်ခုသည် အရပ်မျက်နှာ အားလုံးသို့ ပျံ့နှံ့သွားခဲ့လေ ၏။
၎င်းသည် နတ်ဘုရား နယ်မြေတစ်ခုကဲ့သို့ ကမ္ဘာကြီး တစ်ခုလုံးအား ရေချိုးပေးလိုက်သကဲ့သို့ဖြစ်လေ သည်။
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်းရှိ လူများသည် ၎င်းကို အပြင်းထန်ဆုံး ခံစားခဲ့ကြရ၏။
သူတို့၏ ရှုထောင့်မှကြည့်လျှင် ကြီးမားသော အလင်းတန်းကြီးသည် လျှို့ဝှက်နယ်မြေ ၏ ဘေးဘက်မှ တည့်တည့် ထိုးဆင်းလာသည့်ပုံရ၏။
အဟန့်အတားများ ရှိနေသော်လည်း ခမ်းနားသော ကောင်းကင် တာအို ချီ ကို ခပ်ရေးရေး ခံစားနိုင်သေး သည်။
နေရာတိုင်းရှိ အပြင်စည်းတပည့် များသည် အံ့အားသင့်စွာ အသက်ရှူမှားသွားကြပြီး သူတို့၏ မျက်နှာ များမှာ အံ့ဩမှုများဖြင့်မှင်တက်နေခဲ့ကြ၏။
"နင်းဖန်က နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကို တကယ် သန့်စင်နိုင်ခဲ့တာပဲ...။"
"ယုံကြည်နိုင်စရာ မရှိဘူး…။မိုးကြိုး ကပ်ဘေး က သူ့ဘာသာသူ အရှုံးပေးသွားပြီး ကောင်းကင် တာအိုက သူ့ရဲ့ ကောင်းချီးကို ချပေးခဲ့တယ်...။ ဒါက ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ဆိုတာလား...။"
"ငါတို့လို အပြင်စည်း က ဘာမှမဟုတ်တဲ့သူတွေက နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံး မွေးဖွားလာ တာကို မြင်တွေ့ရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...။"
"ဒါတွေအားလုံးက တပည့်ခေါင်းဆောင် နင်း ကြောင့်ပဲ...။ သူသာ မရှိရင် ငါတို့ထဲက ဘယ်သူကမှ ဒီလို မြင်ကွင်းမျိုးကို ဘယ်တော့မှ မြင်တွေ့ရမှာ မဟုတ်ဘူး...။"
"နင်းဖန် က တကယ့်ကို နတ်ဘုရားလို လူပဲ...။"
"စီနီယာအစ်ကိုတို့...၊ အရင်က ဆေးမီးဖို ကိုးဆယ့်ရှစ်ကြိမ် ပေါက်ကွဲတုန်းက မင်းတို့ ဒီလို မပြောခဲ့ကြ ပါဘူးနော်...။"
"ပါးစပ်ပိတ်ထားစမ်း...၊ နင်းဖန်မှာ နတ်ဘုရားအဆင့် ဆေးဆရာ တစ်ယောက် ဖြစ်လာမယ့် အရည် အချင်းတွေ ရှိတယ်ဆိုတာ ငါ အမြဲတမ်း သိနေခဲ့တယ်။ သွေးခွဲဖို့ မင်း ဘယ်လိုများ ဝံ့ရဲရတာလဲ...။"
"တပည့်ခေါင်းဆောင် နင်း...၊ ငါ မင်းကို အမြဲတမ်း ထောက်ခံခဲ့တယ်ဆိုတာ မင်း သိပါတယ်...။"
"နင်းဖန်က လူတွေရဲ့ ရွေးချယ်မှုပဲ...။"
အပြင်စည်း တစ်ခုလုံး ပွက်လောရိုက်နေပြီး လူတိုင်းက ခမ်းနားသော မြင်ကွင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြခြင်းဖြစ်လေသည်။
မည်သို့ပင်ဆိုစေ ကျင့်ကြံသူ အများစုသည် ထိုကဲ့သို့သော ကံကောင်းမှုမျိုး မရှိဘဲ သူတို့၏ ဘဝတစ်ခု လုံးကို ဖြတ်သန်းသွားကြရလေ၏။
ဤကဲ့သို့သော မြင်ကွင်းများသည် သမိုင်းတွင် ရှားပါးလှရာ လူအုပ်ကြီးသည် သဘာဝကျစွာပင် ဝမ်းသာ နေခဲ့ကြလေသည်။
ထို့အပြင် အားပေးသံများနှင့် အတူ နင်းဖန်၏ ဂုဏ်သတင်းမှာ မြင့်တက်လာခဲ့လေ၏။
ဝိညာဉ် ပြန်လည်နာလန်ထူခြင်း ဆေးလုံးများ ကို သန့်စင်စဉ်က သူ၏ ယခင် ကျရှုံးမှုများ အားလုံးကို ယခုအခါ အလိုအလျောက် မေ့ပျောက်သွားကြပြီ ဖြစ်လေသည်။
၎င်းတို့ကို ရဲရဲဝံ့ဝံ့ ပြောဆိုသူတိုင်းကို ဒေါသတကြီး စိုက်ကြည့်မှုများဖြင့် ချက်ချင်း တုံ့ပြန်ကြခဲ့၏။
အနီးအနားရှိ အပြင်တောင်ထိပ် မှ အကြီးအကဲများနှင့် အုပ်ထိန်းသူများ သည် ခါးသီးစွာသာ ပြုံးနိုင် ကြတော့သည်။
သို့သော် ဤကမ္ဘာတွင် အောင်မြင်မှုနှင့် ကျရှုံးမှု တစ်ခုတည်းကသာ သူရဲကောင်း တစ်ဦးကို ဆုံးဖြတ် ကြောင်း သူတို့ နားလည်ကြ၏။
အောင်ပွဲကို အမြော်အမြင်နှင့် အပြစ်အနာအဆာကင်းသော အစီအစဉ်ဆွဲမှုဟု ခေါ်ဆိုကြ၏။
ရှုံးနိမ့်မှုကို ဂိုဏ်း၏ အရင်းအမြစ်များကို ရည်မှန်းချက် ကြီးမားလွန်းစွာ ဖြုန်းတီးခြင်းအဖြစ် ပယ်ချ ကြ၏။
ဤ လက်တွေ့ကျသော ပေတံသည် အတိတ်နှင့် ပစ္စုပ္ပန်ရှိ သူရဲကောင်း တိုင်းကို တိုင်းတာပေသည်။
ယနေ့တွင် နင်းဖန် အောင်မြင်ခဲ့သည်။
သူ၏ ယခင်က ရယ်စရာကောင်းသော ကျရှုံးမှုများ၊ ဆေးမီးဖို ပေါက်ကွဲမှု တိုင်းသည်၊ လွင့်ပျံသွားသော တိမ်များအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်၏။
၎င်းတို့ကို ဖော်ပြသောအခါတွင်ပင် လူများက စီနီယာအစ်ကိုနင်း သည် အနက်ရှိုင်းဆုံးနေရာတွင် ပုန်းကွယ်နေသော နဂါးတစ်ကောင် ဖြစ်ခဲ့ကြောင်း သက်ပြင်းသာ ချနိုင်ကြလေတော့သည်။
အပြင်စည်း ၏ ဆူညံသံနှင့် မတူဘဲ
အတွင်းစက်ဝိုင်းမှာမူ ကွဲပြားသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေခဲ့လေသည်။
အဆင့်မြင့် ခေါင်းဆောင်များသည် ကောင်းကင်ကို ဖုံးလွှမ်းသွားသော ထူးဆန်းသည့် ဖြစ်ရပ်ကြီးနှင့် ကောင်းကင် ကို ထိုးဖောက်သွားသော နတ်ဘုရား အလင်းတန်းကြီးကို အတွေးနက်စွာ စိုက်ကြည့်နေ ခဲ့ကြလေ၏။
အောက်ခြေအဆင့် အကြီးအကဲတစ်ဦးက စိုးရိမ်ပူပန်မှုများဖြင့် ပြောလိုက်လေသည်...၊
"ကောင်းကင် တာအိုရဲ့ ကောင်းချီးတစ်ခု….၊ ငါ့ဘဝမှာ တစ်ခါမှ မမြင်ဖူးဘူး ။ တကယ်ကို အံ့မခန်းပဲ...။"
"ဒါပေမယ့် စီနီယာအစ်ကိုရှောင် ပြောခဲ့သလိုမျိုးသာ ဒီလှိုင်းဂယက်တွေက နယ်မြေ တစ်ခုလုံးကို သက်ရောက်မှု ရှိနိုင်တယ်ဆိုရင် ငါတို့ရဲ့ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး သတင်းက အပြင်ကို ပေါက်ကြားသွားပြီး ပြဿနာတွေ ဖြစ်လာနိုင်တယ် မဟုတ်လား...။"
သူ၏ စိုးရိမ်ပူပန်မှုကို ထိုနေရာရှိ အောက်ခြေအဆင့် အကြီးအကဲများနှင့် အစစ်အမှန်တပည့် များစွာက မျှဝေခံစားခဲ့ကြလေသည်။
ဂိုဏ်း၏ အခြေအနေမှာ ထူးခြားနေသည်။ ထိပ်တန်း တိုက်ခိုက်ရေးသမားတိုင်း၊ မဟာအကြီးအကဲ များပင်လျှင် လျှို့ဝှက်နယ်မြေ တွင် ပိတ်မိနေကြခြင်းဖြစ်လေ၏။
မည်သည့်သတင်းမှ အပြင်သို့ မရောက်ရှိနိုင်သောကြောင့် ယခင်က မည်သူကမျှ သိပ်ပြီး စိုးရိမ်ပူပန်ခြင်း မရှိခဲ့ကြချေ။
သို့သော် ယခု ကောင်းကင် တာအို၏ ကောင်းချီးသည် နယ်မြေလေးခုနှင့် ပြည်နယ်တစ်ခုလုံးကို တုန်လှုပ် သွားစေခဲ့ပြီဖြစ်သည်။
အကယ်၍ အခြား အင်အားစုတစ်ခုက စိတ်ဝင်စားပြီး ထိုက်ရီအစစ်အမှန်ဂိုဏ်း ၏ နယ်မြေသို့ ရောက် လာပါက ပုံမှန်မဟုတ်မှုကို တစ်ချက်ကြည့်ရုံဖြင့် သိသာထင်ရှားပေလိမ့်မည်။
ဂိုဏ်းတစ်ခုလုံး ရှင်းပြ၍မရနိုင်လောက်အောင် ပျောက်ကွယ်သွားသဖြင့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်မျှသာ ရှိသော နင်းဖန်သည် ပိုမို အားကောင်းသော ကျွမ်းကျင်သူများထံမှ ဆေးလုံးကို မည်သို့ ကာကွယ်နိုင်မည်နည်း။
ဤအကြောက်တရားများက ဂိုဏ်း၏ အလယ်အလတ်အဆင့် အဖွဲ့ဝင်များစွာကို မငြိမ်မသက် ဖြစ်စေ နေခဲ့ခြင်းပင်ဖြစ်လေသည်။
သို့သော် ထိုနေရာရှိ တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲ များကမူ စိုးရိမ်ပူပန်ခြင်း မရှိကြချေ။
ဝင်္ကပါ များကို တာဝန်ယူရသော ယွီရှိုးတောင်ထိပ် ၏ တောင်ထိပ်အရှင်သခင် က ရှေ့သို့ ထွက်လာပြီး ပြောလိုက်သည်...။
"ထိတ်လန့်စရာ မလိုပါဘူး...၊ ဂိုဏ်းက လျှို့ဝှက်နယ်မြေ သိမြင်နားလည်မှု ထဲကို ဝင်ရောက်တိုင်း ဧရာမ ကာကွယ်ရေး ဝင်္ကပါကြီး က အပြည့်အဝ အသက်ဝင်လာတယ်...။"
"နက်နဲသောအရာများ တာအို အသွင်ပြောင်းခြင်း မိခင်ဝမ်းဗိုက် နယ်မြေ လို့ အမည်ပေးထားတဲ့ အဲဒါကို ငါတို့ရဲ့ ဘိုးဘေး က ဖန်တီးခဲ့တာ...။ အဲဒါက တာအို အသွင်ပြောင်းခြင်း စွမ်းအားနဲ့ မရေမတွက်နိုင်တဲ့ ဥပဒေသတွေကို ပေါင်းစပ်နိုင်တယ်...။"
"နောက်ပိုင်းမှာ ငါတို့ရဲ့ နတ်ဘုရားအဆင့် ဝင်္ကပါ သခင် တွေက တိုးတက်အောင် ပြုပြင်ခဲ့ပြီး အခုဆိုရင် အဲဒါဟာ ကမ္ဘာပေါ်မှာ ရှိနေတဲ့ အနည်းငယ်သော ကောင်းကင်ဘုံ အဆင့်မြင့် ဝင်္ကပါ တွေထဲက တစ်ခု ဖြစ်လာပြီ...။"
"အဲဒါ လည်ပတ်နေပြီဆိုရင် ကောင်းကင်အရှင်သခင် တစ်ယောက်တောင် ချိုးဖောက်ဝင်ရောက်လို့ မရဘူး...။ သူတော်စင်ဘုရင် တစ်ယောက်ဆိုရင်တောင် သုံးနာရီကနေ ငါးနာရီလောက်အထိ ရုန်းကန် ရလိမ့်မယ်...။"
တောင်ထိပ်အရှင်သခင် သည် စကားပြောနေစဉ် ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤသည်ကို ကြားသောအခါ တပည့်များနှင့် အောက်ခြေအဆင့် အကြီးအကဲများ၏ မျက်နှာများ လင်းလက်သွားခဲ့လေ၏။
သူတို့ ဂိုဏ်း၏ ကာကွယ်ရေး ဝင်္ကပါ သည် ကောင်းကင်ဘုံ အဆင့်မြင့် ဖြစ်ကြောင်း သူတို့ သေချာပေါက် သိကြပေသည်။
သို့သော် ငြိမ်းချမ်းရေးသည် အလွန် ကြာရှည်စွာ တည်တံ့နေခဲ့သည်။ စစ်ပွဲမရှိဘဲ နှစ်သောင်းပေါင်းများ စွာ ကြာမြင့်ခဲ့သည်။ ၎င်း၏ စွမ်းအားကို မည်သူကမျှ အမှန်တကယ် နားမလည်ခဲ့ကြချေ။
ယွီရှိုးတောင်ထိပ် ၏ တောင်ထိပ်အရှင်သခင် ၏ ရှင်းပြချက်အပြီးတွင်သာ သူတို့ စိတ်အေးသွား ကြလေသည်။
"ဒါက ထိပ်တန်း ဂိုဏ်းတစ်ခုရဲ့ အမွေအနှစ်ပဲ...။"
ထိုက်ရီအစစ်အမှန်ဂိုဏ်း သို့ ဝင်ရောက်ခဲ့ရခြင်းကို ကံကောင်းသည်ဟု ခံစားရကာ တပည့်တစ်ယောက် က တွေးတောလိုက်လေသည်။
ထိုကဲ့သို့သော ဧရာမ ဝင်္ကပါ ကြီးဖြင့် ဘေးကင်းရေးမှာ သေချာပေသည်။
ဂိုဏ်းချုပ် ဖေ့ချင်းယွီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်...။
"ဒါတောင်မှ ငါတို့ ပေါ့ဆနေလို့ မရဘူး...။ ငါတို့ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကို ထုတ်လုပ်လိုက်တယ်ဆိုတာကို တခြား အင်အားစုတွေ သိသွားရင် သူတို့ တုံ့ပြန်ကြလိမ့်မယ်...။"
အားလုံးက ခေါင်းညိတ်လိုက်ကြလေသည်။
အရှေ့ပိုင်း ကျယ်ပြောလှသော တောရိုင်းမြေ။
ကောင်းကင် တာအို ကောင်းချီး ကျဆင်းလာသည့် အခိုက်အတန့်တွင်….၊
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုသည် တောရိုင်းမြေ အနက်ရှိုင်းဆုံး နေရာမှ ပေါက်ကွဲ ထွက်လာခဲ့ပြီး အုံ့ဆိုင်းနေသော တောင်တန်းများရှိ အင်အားကြီးမားသော နတ်ဆိုးသားရဲ တိုင်းမှာ တုန်ယင်ကာ ဝပ်တွားသွားကြလေ၏။
၎င်း၏ ပိုင်ရှင်မှာ ကျယ်ပြောလှသော တောရိုင်းမြေ တွင် တာအိုကို သိမြင်နားလည်ရန် တရားကျင့်နေ သော လွတ်လပ်သည့် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
ဖြူလွတ်နေသော ဆံပင်များ ကျဆင်းနေပြီး သူ၏ မျက်လုံးများတွင် ကြယ်များ လှည့်ပတ်နေကာ အလယ်ပိုင်းကုန်းမြေ ဆီသို့ တည့်တည့် စိုက်ကြည့်နေခဲ့သည်။
"နှစ်သုံးသန်း...၊ နောက်ဆုံးတော့ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံး ပေါ်လာပြီပဲ...။"
"ဒါပေမယ့်...၊ အဲဒါက ဆေးဂိုဏ်း က လာတာ မဟုတ်ဘဲ ထိုက်ရီအစစ်အမှန်ဂိုဏ်း က လာတာလား...။"
ဖြူဆွတ်နေသော ဆံပင်များနှင့် ကျင့်ကြံသူက ဇဝေဇဝါဖြစ်စွာဖြင့် ရေရွတ်လိုက်လေသည်။
ထိုအကြည့်တစ်ချက်ဖြင့် သူ၏ အမြင်အာရုံသည် အလယ်ပိုင်းကုန်းမြေ မြင့်မြတ်နယ်မြေ ကို ထောက် လှမ်းရန် အဆုံးမရှိသော ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားခဲ့လေ၏။
ဤသည်မှာ အံ့သြစရာ မဟုတ်ချေ၊ အဘယ်ကြောင့်ဆိုသော် သူသည် နာမည်ဆိုးဖြင့် ကျော်ကြားသော ဥပဒေမဲ့သူ၊ အရှေ့ပိုင်း ကျယ်ပြောလှသော တောရိုင်းမြေ ၏ အကြမ်းတမ်းဆုံး လူတစ်ဦးဖြစ်ပြီး အရှေ့ ပိုင်း ထိပ်တန်း အင်အားစု အများအပြားသို့ ဝင်ရောက်ကာ သူတို့၏ ရတနာများကို ခိုးယူပြီး နံပါတ်တစ် ပြည်သူ့ရန်သူ အဖြစ် ထွက်ပြေးလာသူ ဖြစ်သောကြောင့်ပင်။
သို့သော် သူ၏ အင်အားမှာ လွှမ်းမိုးနိုင်လွန်းလှပြီး သူ၏ ထွက်ပြေးသည့် နည်းစနစ်များမှာ နားလည်ရန် ခက်ခဲလွန်းလှသဖြင့် ပူးပေါင်း ရှာဖွေမှုများနှင့်ပင် သူ့ကို မဖမ်းနိုင်ခဲ့ချေ။
"ကမ္ဘာဦး အပျက်အစီး ချီ ပါတဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆေးလုံး နဲ့ တူတယ်…။ အဲဒါက ဒဏ္ဍာရီလာ ကမ္ဘာဦး အပျက်အစီး ကင်းမဲ့သော ခန္ဓာကိုယ် မူလအစ ဆေးလုံး များ ဖြစ်နေမလား...။"
"ရှေးဟောင်း ခေတ် တစ်ခုလုံး ပျောက်ဆုံးသွားခဲ့တာ အခု ပြန်ပေါ်လာပြီလား...။"
ဖြူဆွတ်နေသော ဆံပင်များနှင့် ဓားပြသည် အလယ်ပိုင်းကုန်းမြေ ကို နောက်တစ်ကြိမ် လေ့လာကြည့်ရှု လိုက်ရာ သူ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ဖြတ်သန်းသွားခဲ့လေသည်။
သူ၏ ကျင့်ကြံမှုမှာ ကြောက်မက်ဖွယ်ကောင်းပြီး သူ၏ ရည်မှန်းချက်မှာ အကန့်အသတ်မရှိချေ။ ဤဘဝ တွင် နတ်ဘုရားကူးဖြတ်ခြင်း အဆင့် ကို တိုက်ခိုက်ပြီး ထိုကဲ့သို့သော တည်ရှိမှုများ ကင်းမဲ့နေသော ကမ္ဘာကြီး၏ အခြေအနေကို ချိုးဖျက်ရန် သူ ရည်ရွယ်ထားခြင်းဖြစ်လေ၏။
သို့ပေမယ့် ထိုကဲ့သို့သော နယ်မြေ ကို အဘယ်သို့ အလွယ်တကူ ရောက်ရှိနိုင်မည်နည်း။
အကယ်၍ သူသာ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တွင် ကမ္ဘာဦး အပျက်အစီး ကင်းမဲ့သော ခန္ဓာကိုယ် မူလအစ ဆေးလုံး ကို ပိုင်ဆိုင်ခဲ့ပြီး အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ဖန်တီးနိုင်ခဲ့ပါက ၎င်းမှာ များစွာ ပိုမို လွယ်ကူပေလိမ့်မည်သာဖြစ်၏။
ယခုကဲ့သို့ ပုံစံတူ အမြင့်ဆုံး အခြေခံအုတ်မြစ် ဖြင့် သူ ပိတ်မိနေပြီး ခြေလှမ်းတိုင်းမှာ ခက်ခဲကြမ်းတမ်း နေမည် မဟုတ်တော့ချေ။
"ဟင်း...၊ ဘဝကို ပြန်ပြီး နေလို့ မရဘူးလေ... ပြီးတော့ ထိုက်ရီအစစ်အမှန်ဂိုဏ်း ကို ရန်စဖို့လည်း ငါ မတတ်နိုင်ဘူး...။"
တိုးညင်းစွာ သက်ပြင်းချရင်း ဖြူဆွတ်နေသော ဆံပင်များနှင့် ဓားပြသည် သူ၏ အရှိန်အဝါကို ရုပ်သိမ်း လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ခြေလှမ်းကာ ပျောက်ကွယ်သွားခဲ့လေသည်။
ယခုလေးတင် ထို နတ်ဘုရားစွမ်းရည် ကို အသုံးပြုခြင်းက အရှေ့ပိုင်း အင်အားစုများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့ပြီဖြစ်ရာ မုဆိုးများ မကြာမီ ရောက်ရှိလာပေလိမ့်မည်။
အနောက်ပိုင်း ချောက်နက်ကြီး ဒေါသထွက်နေသော ပင်လယ်။
အခြား နယ်မြေသုံးခုနှင့် မတူဘဲ ဤနေရာတွင် မျက်စိတစ်ဆုံး ကျယ်ပြောလှပြီး ဒေါသထွက်နေသော လှိုင်းတံပိုးများသာ ရှိသည်။
လူသားမျိုးနွယ် အင်အားစုများသည် ကွဲပြားသော ကျွန်းများပေါ်တွင် ပြန့်ကျဲနေကြပြီး နည်းပါးလှသော အရင်းအမြစ်များဖြင့် ရှင်သန်နေကြရလေ၏။
ဤကဲ့သို့သော ကြမ်းတမ်းသော အခြေအနေများကို ကျော်လွှားနိုင်သူ အနည်းငယ်သာ ရှိပေသည်။
ယနေ့ အနောက်ပိုင်း ချောက်နက်ကြီး၏ ဒေါသထွက်နေသော ပင်လယ် တွင် အသန်မာဆုံး အင်အားစုမှာ အပျက်အစီးများသို့ ပြန်သွားခြင်း မြင့်မြတ်သော ဗိမာန် ဖြစ်လေသည်။
၎င်း၏ ဌာနချုပ်သည် ကျွန်းတစ်ကျွန်းတည်းတွင် ကန့်သတ်မထားချေ။ ယင်းအစား ထိုဌာနချုပ်သည် ရှေးဟောင်း ဧရာမ အောက်လိပ်ကြီး တစ်ကောင်၏ အကြွင်းအကျန်များမှ ဖန်တီးထားသော ဧရာမ ရုပ်သေး သားရဲကြီး ပေါ်တွင် တည်ရှိလေသည်။
ထိုလက္ခဏာကြောင့် ၎င်းသည် ဒေါသထွက်နေသော ပင်လယ်များအတွင်း လှည့်လည်သွားလာကာ အရင်းအမြစ်တိုင်းကို သိမ်းပိုက်ခဲ့၏။
နှစ်သန်းပေါင်းများစွာ ကြာပြီးနောက် ၎င်းသည် နယ်မြေ ၏ ထိပ်တန်း အင်အားစု တစ်ခုအဖြစ် ကြီးထွား လာခဲ့လေသည်။
ဤအချိန်တွင် ရုပ်သေး ၏ ဧရာမ လိပ်ခွံကြီး၏ အထွတ်အထိပ်ရှိ အလွန်မြင့်မားသော တောင်ထိပ် ပေါ်တွင်။
လက်ရှိ အပျက်အစီးများသို့ ပြန်သွားခြင်း သူတော်စင်အရှင်သခင် သည် ဒေါသထွက်နေသော ပင်လယ် ၏ ပထမ ဗေဒင်ဆရာ နှင့် စစ်တုရင် ကစားနေခဲ့လေသည်။
ဗေဒင်ဆရာက ကျောက်တုံးတစ်တုံးကို ချလိုက်ပြီး ပြောလိုက်လေသည်...၊
"နဝမအဆင့် ပင်လယ်နတ်ဆိုး သွေးနဲ့ ဗေဒင်တွက်ကြည့်တာ၊ အစောဆုံး သုံးနှစ်၊ နောက်ဆုံး ငါးနှစ် အတွင်း ကောင်းကင်နဲ့မြေကြီးမှာ ကြီးမားတဲ့ အပြောင်းအလဲ တစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါ တွက်ချက် ရမိတယ်...။"
"ဘာအပြောင်းအလဲများလဲ...။"
သူတော်စင်အရှင်သခင် က မေးလိုက်လေ၏။
ဗေဒင်ဆရာက သူ၏ မုတ်ဆိတ်မွေးကို ပွတ်သပ်လိုက်ပြီး ပြန်ဖြေလေသည်...၊
"ရွှေခေတ်တစ်ခု ဖြစ်နိုင်ခြေ ခြောက်ဆယ်ရာခိုင်နှုန်း၊ ဘေးအန္တရာယ် ခေတ်တစ်ခု ဖြစ်နိုင်ခြေ လေးဆယ်ရာခိုင်နှုန်း...။"
သူတော်စင်အရှင်သခင် က ဆက်မေးလိုက်လေသည်...၊
"အကယ်၍ ရွှေခေတ်ဆိုရင် ဘယ်လိုမျိုးလဲ...။ ဘေးအန္တရာယ်ဆိုရင်ကော ဘယ်လိုမျိုးလဲ...။"
ဗေဒင်ဆရာက ကျောက်တုံးတစ်တုံးကို ဖမ်းယူလိုက်ပြီး စဉ်းစားကာ ပြောလိုက်လေသည်...။
"သမိုင်းတစ်လျှောက်လုံး ရွှေခေတ်တိုင်းမှာ ကောင်းကင် တာအိုရဲ့ ဥပဒေသတွေ လှိုင်းထလာတယ်၊ ပါရမီရှင် တွေ မိုးပေါက်တွေလို ထွက်ပေါ်လာတယ်၊ သူရဲကောင်းတွေ ကုန်းမြေအပြည့် ဖြစ်လာတယ်၊ ပြီးတော့ ကိုယ်ပိုင် တာအိုကို သက်သေပြဖို့ အခွင့်အရေးတွေ ပေါများလာတယ်...။"
"မြင့်မြတ်တဲ့ ဗိမာန်တော် ဟာ ပင်လယ်ပြင်မှာ ရွက်လွှင့်ပြီး တခြား အင်အားစု အားလုံးနဲ့ အခွင့်အရေး တွေ အတွက် ယှဉ်ပြိုင်သင့်တယ်...။"
"ဆန့်ကျင်ဘက်အားဖြင့် အကယ်၍ ဘေးအန္တရာယ် ခေတ်တစ်ခု ပေါ်လာပြီး ကမ္ဘာကြီးက သွေးမျက်ရည် ကျရမယ်ဆိုရင် ငါတို့ဟာ ဒေါသထွက်နေတဲ့ ပင်လယ် ရဲ့ အနက်ရှိုင်းဆုံး နေရာမှာ ပုန်းအောင်းနေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နေပြီး ငါတို့ရဲ့ အင်အားကို ပြန်လည် ထူထောင်ရမယ်….။"
သူ၏ စကားများ မဆုံးမီ သူတော်စင်အရှင်သခင် က ၎င်းတို့ကို အပြည့်အဝ အရသာမခံနိုင်မီမှာပင်၊
အဝေးမှ အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခုက ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားခဲ့ပြီး ကောင်းကင် တာအို၏ ခမ်းနားမှုကေ အားလုံး၏ မျက်လုံးများကို ဆွဲဆောင်သွခဲ့လေတော့သည်။
ဗေဒင်ဆရာသည် ဝမ်းသာသွားပြီး နတ်ဘုရားစွမ်းရည် အမြင်တစ်ခုကို အလယ်ပိုင်းကုန်းမြေ ဘက်သို့ လွှဲချလိုက်ကာ ရယ်မောလိုက်လေသည်...။
"နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံး မွေးဖွားလာတယ်။ ကျက်သရေရှိတဲ့ နိမိတ်တစ်ခုပဲ...၊ ရွှေခေတ်က နီးကပ်လာနေပြီ...။"
"ဂုဏ်ယူပါတယ် သူတော်စင်အရှင်သခင်...၊ ဒီအကြောင်းကို စောစောစီးစီး သိရတဲ့အတွက် ငါတို့ သုံးနှစ်လောက် ပြင်ဆင်ထားမယ်ဆိုရင် ခေတ်ကြီး ရောက်လာတဲ့အခါ သူတို့ကို သတိလက်လွတ် ဖြစ်သွားအောင် ငါတို့ ဖမ်းနိုင်ပြီ...။"
အပျက်အစီးများသို့ ပြန်သွားခြင်း သူတော်စင်အရှင်သခင် သည် အလွန် ဝမ်းသာသွားခဲ့လေသည်။
သူသည် အလျင်အမြန် လက်အုပ်ချီလိုက်ပြီး ပြောလိုက်လေသည်...။
"နတ်ဘုရား ဗေဒင်တွက်ချက်မှုရဲ့ ဗေဒင်ဆရာ၊ ဒီအစီအစဉ် အောင်မြင်တဲ့အခါ အကြီးမားဆုံး အကျိုး ကျေးဇူးက မင်းအတွက်ပဲ ဖြစ်စေရမယ်...။"
ထိုသို့ပြောပြီးနောက် သူတို့ နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောလိုက် ကြလေတော့သည်...။
အလယ်ပိုင်းကုန်းမြေ၊ မြင့်မြတ်နယ်မြေ။
ကျန်းမု လျှို့ဝှက်တရားရုံး။
ကျယ်ပြောလှသော ဂိုဏ်း၏ အထက်တွင် လက်ရှိ တာအိုအရှင် သည် လေထဲတွင် လွင့်မျောနေပြီး ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသော အလင်းတိုင်ကြီးကို အံ့သြတကြီး စိုက်ကြည့်နေခဲ့ လေသည်။
"ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး...။"
"ရှောင်ချာ က နတ်ဘုရားအဆင့် ဆေးဆရာ အဖြစ် အဆင့်တက်သွားတာများလား...။"
ကျန်းမု လျှို့ဝှက်တရားရုံး နှင့် ထိုက်ရီအစစ်အမှန်ဂိုဏ်း နှစ်ခုစလုံးသည် မြင့်မြတ်နယ်မြေ ၏ ထိပ်တန်း အင်အားစုများဖြစ်ကြပြီး မကြာခဏ အပြန်အလှန် ဆက်သွယ်လေ့ ရှိကြပေသည်။
လွန်ခဲ့သော နှစ်များစွာက တရားရုံး၏ တာအိုအရှင် သည် ရှောင်ချာ ထံမှ ဆေးလုံးများပင် တောင်းဆို ခဲ့ဖူးလေ၏။
ယခု ဤမြင်ကွင်းကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် သတိထားမှုများသာ လှိုင်းထလာခဲ့သည်။
"ဧရာမ ကာကွယ်ရေး ဝင်္ကပါ ကိုတောင် အသက်သွင်းထားတယ်...။ သူတို့က ရှင်းရှင်းလင်းလင်းကို အဆင်သင့် ဖြစ်နေတာပဲ...။ သူတို့က ဒီဆေးလုံးကို သုံးပြီး သူတို့ရဲ့ သူတော်စင်မိန်းမပျိုကို ပြုစု ပျိုးထောင်ဖို့ ရည်ရွယ်ထားတာလား...။"
"မဟုတ်ဘူး...။ ထိုက်ရီ သူတော်စင် က ကလေးဘဝတုန်းက ငိုတတ်တဲ့ အသုံးမကျတဲ့ကောင်ပဲ...။"
"ဒါပေမယ့် ဘယ်ကမှန်းမသိ ပေါ်လာတဲ့ အဲဒီ သူတော်စင်မိန်းမပျို ကတော့...၊ ပြတ်သားပြီး စစ်မှန်တဲ့ ပါရမီရှင် တစ်ယောက်ပဲ...။"
"အကယ်၍ သူမက ဒီဆေးလုံးကို စားမယ်ဆိုရင်...။ ထိုက်ရီအစစ်အမှန်ဂိုဏ်း က နောက်ထပ် သူတော်စင်ဘုရင် တစ်ယောက်ကို သေချာပေါက် ရသွားနိုင်တယ်...။"
ဤသည်ကို တွေးမိသောအခါ လျှို့ဝှက်တရားရုံး တာအိုအရှင် သည် စိုးရိမ်လာခဲ့လေတော့သည်။
ထို အင်အားကြီး အဖွဲ့အစည်း နှစ်ခုသည် ရှေးဟောင်း အမွေအနှစ်များကို ဆက်ခံထားကြပြီး လုံးဝနီးပါး တူညီသော ခေတ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်လေသည်။ သူတို့၏ ဘိုးဘေးများသည် သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်ဟု ကောလာဟလများပင် ရှိခဲ့၏။
ထို့ကြောင့် နှစ်များတစ်လျှောက်တွင် ထိုနှစ်ခုသည် ရှားရှားပါးပါး ပဋိပက္ခဖြစ်ခဲ့ကြပြီး တစ်ခုကိုတစ်ခု စံနှုန်းများအဖြစ်သာ သတ်မှတ်ခဲ့ကြလေသည်။
ဂိုဏ်းချုပ် မျိုးဆက်တိုင်းသည် အခြားတစ်ခုကို ကျော်လွန်ရန်သာ အိပ်မက်မက်ခဲ့ကြလေ၏။
ယခု ထိုက်ရီအစစ်အမှန်ဂိုဏ်း က ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကို တိတ်တဆိတ် ထုတ်လုပ်လိုက်ပြီဖြစ်ရာ လျှို့ဝှက်တရားရုံး တာအိုအရှင် သည် ဆက်လက် ငြိမ်မထိုင်နိုင်တော့ချေ။
သူ၏ ကိုယ်ပိုင် တာအို ကလေးငယ် များကို ပြုစုပျိုးထောင်ခြင်းကို အရှိန်မြှင့်ရန် သူ ဆုံးဖြတ်လိုက် လေသည်။
"အဲဒီလိုမှ မဟုတ်ရင် ကျော်တက်ခံရတာနဲ့ ကျန်းမု လျှို့ဝှက်တရားရုံး ဟာ အလယ်ပိုင်းကုန်းမြေ ရဲ့ ရယ်စရာ ဖြစ်သွားလိမ့်မယ်... ။"
မြင့်မြတ်နယ်မြေ ၏ အခြားနေရာတစ်ခုတွင်။
ဆေးဂိုဏ်း…၊
ဤကမ္ဘာတွင် ဆေးသန့်စင်ခြင်း အပေါ် အခြေခံ၍ တည်ထောင်ထားသော တစ်ခုတည်းသော ဂိုဏ်းဖြစ် ပြီး တပည့်တိုင်းမှာ ဆေးဆရာ တစ်ဦး ဖြစ်ပေသည်။
ရှေးဟောင်း ခေတ်မှ ယနေ့တိုင်အောင် သူတို့သည် နဝမအဆင့် ဆေးဆရာ တစ်ထောင်ကျော်နှင့် နတ်ဘုရားအဆင့် ဆေးဆရာ တစ်ရာနီးပါးကို မွေးထုတ်ပေးခဲ့လေ၏။
သူတို့၏ အခြေခံမှာ အလွန် နက်ရှိုင်းလှ၏။
ရေတွက်မရနိုင်သော ဆေးဆရာ များသည် သူတို့ကို မြင့်မြတ်သောမြေ တစ်ခုအဖြစ် လေးစားကြလေ သည်။
သို့သော် ရှေးခေတ်ကတည်းက ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများ ပြောင်းလဲသွားသည်နှင့်အမျှ ဆေးဂိုဏ်း သည် တဖြည်းဖြည်း ကျဆင်းလာခဲ့၏။
နဝမအဆင့် ဆေးဆရာ များ ရှားပါးလာရုံသာမက နတ်ဘုရားအဆင့် ဆေးဆရာ တစ်ဦးမျှပင် မရှိတော့ ချေ။
ယခု ဆေးဂိုဏ်း သည် ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကို မသန့်စင်နိုင်ခဲ့သည်မှာ နှစ်သန်းပေါင်း သုံးသန်း ကြာမြင့်ခဲ့ပြီ ဖြစ်ပေသည်။
ဆေးဂိုဏ်း အတွက် ဤသည်မှာ အရှက်ရစရာ တစ်ခု ဖြစ်နေ၏။
ပို၍ဆိုးသည်မှာ။ ထိုကဲ့သို့သော ဆေးလုံးမျိုး နောက်ဆုံးတွင် ပေါ်လာသောအခါ ၎င်းမှာ သူတို့၏အရာ မဟုတ်ခဲ့ခြင်းပင်။
"မိုးကြိုး ကပ်ဘေး ကို တစ်ယောက်တည်း ရင်ဆိုင်တာ၊ ကောင်းကင် တာအိုဆီက ကောင်းချီးတွေ ရရှိတာ….။ ဒါက ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးပဲ...။"
"အဲဒါ ကမ္ဘာဦး အပျက်အစီး ကင်းမဲ့သော ခန္ဓာကိုယ် မူလအစ ဆေးလုံး ပဲ... ငါ မမှားနိုင်ဘူး။ ဒီဒဏ္ဍာရီ လာ ဆေးလုံးက တကယ်ပဲ ပေါ်လာတာလား...။"
"ကျစ်... မဖြစ်နိုင်ဘူး။ ထိုက်ရီအစစ်အမှန်ဂိုဏ်း က ဘယ်လိုလုပ် အဲဒါကို သန့်စင်နိုင်မှာလဲ...။"
"အဲဒီ အရူးအိုကြီး ရှောင်ချာ ရဲ့ သေးငယ်တဲ့ ကျွမ်းကျင်မှုက ငါတို့ ဆေးဂိုဏ်း ရဲ့ ထိပ်တန်း ငါးယောက်ထဲ မှာတောင် မပါဘူး...။ တကယ်လို့ ဒီဆေးလုံးက သူ့ရဲ့ လက်ရာဆိုရင် အလယ်ပိုင်းကုန်းမြေ မှာရှိတဲ့ ဆေးမီးဖို တိုင်းကို အစိမ်းလိုက် ငါ စားပစ်မယ်...။"
"ဟုတ်တယ်... ဒီဆေးလုံးက ရှောင်ချာ ရဲ့အရာ မဖြစ်နိုင်ဘူး ထိုက်ရီအစစ်အမှန်ဂိုဏ်း ရဲ့ နောက်ကွယ်မှာ တခြား ကျွမ်းကျင်သူ တစ်ယောက်ယောက် ရှိနေရမယ်...။"
"ဒီလောက်ကောင်းတဲ့ ဆေးသန့်စင်ခြင်း ပါရမီနဲ့ သူက ဘာလို့ ငါတို့ ဆေးဂိုဏ်း ကို မဝင်ခဲ့တာလဲ...။"
"..."
ဤအချိန်တွင် ဆေးဂိုဏ်း ၏ အထက် ကောင်းကင်ယံသို့ ပုံရိပ်ပေါင်းများစွာ ပျံတက်သွားခဲ့လေသည်။
သူတို့၏ မျက်လုံးများတွင် အံ့သြမှု၊ တုန်လှုပ်မှု၊ မယုံကြည်နိုင်မှု သို့မဟုတ် မနာလိုသော ဒေါသများ ပြည့်နှက်နေခဲ့လေ၏။
သို့သော် အားလုံးသည် ဦးတည်ချက် တစ်ခုတည်းကိုသာ စိုက်ကြည့်နေခဲ့ကြသည်။
ထိုက်ရီအစစ်အမှန်ဂိုဏ်း….။
ဆေးဂိုဏ်း ၏ မဟာအကြီးအကဲ သည် ဆက်လက် သည်းမခံနိုင်တော့ဘဲ တံခါးမှ ပြေးထွက်လာခဲ့၏။
"မဟုတ်ဘူး….။ ငါ့ကိုယ်ပိုင် မျက်လုံးတွေနဲ့ မြင်ရမှ ဖြစ်မယ်...။"
သူ၏ စကားများ မဆုံးမီ သူ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
အင်အားကြီးမားသော ကောင်းကင်အရှင်သခင် တစ်ဦးအနေဖြင့် သူ ခြေလှမ်းလိုက်ရာ လေဟာနယ် ဥပဒေသများ ပေါက်ကွဲထွက်လာပြီး သူ၏ ခြေအောက်တွင် တောင်များစွာ ပြောင်းပြန်ဖြစ်သွားခဲ့၏။
နောက်တစ်ချက် အသက်ရှူချိန်တွင် သူသည် ကျယ်ပြောလှသော သစ်တော ပင်လယ် အတွင်းရှိ ထိုက်ရီ တံခါးရှေ့တွင် ရပ်နေခဲ့လေသည်။
"ဧရာမ ကာကွယ်ရေး ဝင်္ကပါ တစ်ခု... ဟွန်း...။"
မဟာအကြီးအကဲ သည် ဖောက်ထွင်းမြင်ရလုနီးပါးဖြစ်နေသော အတားအဆီးကို စိုက်ကြည့်လိုက်သည်၊ သူ၏ နတ်ဘုရားစိတ်အာရုံ သည် ချက်ချင်း ပျက်စီးသွားပြီး သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေ သည်။
သူသည် သူ၏ သိုလှောင်ကွင်း ထဲမှ နတ်ဘုရားစိတ်အာရုံ ကို ယာယီ မြှင့်တင်ပေးသော သတ္တမ၊ အဋ္ဌမ၊ နဝမအဆင့် ဆေးလုံး လက်တစ်ဆုပ်စာကို ဆွဲထုတ်လိုက်ပြီး ၎င်းတို့ကို ရောနှောကာ တစ်ခွက်တည်းဖြင့် မျိုချလိုက်၏။
တိုးညင်းသော ငြီးတွားသံနှင့်အတူ ဆေးလုံးများကို အတင်းအဓမ္မ မျိုချရခြင်း၏ နာကျင်မှုကို သူ ဖိနှိပ် ထားလိုက်ပြီး သူ၏ မူလအစ ကို ထိခိုက်နိုင်ခြေကို စွန့်စားကာ သူ၏ နတ်ဘုရားစိတ်အာရုံ ကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်လေသည်။
"ဝုန်း…"
ကျူးကျော်ဝင်ရောက်မှုကြောင့် ကာကွယ်ရေး ဝင်္ကပါ သည် အပြည့်အဝ အသက်ဝင်လာခဲ့လေသည်။
ယာယီ အင်အားမြှင့်တင်ထားသော နတ်ဘုရားစိတ်အာရုံ အများစု ပိတ်ဆို့ခံရသော်လည်း ပြင်းထန်သော တိုက်ပွဲကြားတွင် အနည်းငယ်မျှသာ လွတ်မြောက်သွားခဲ့လေ၏။
ယခုအချိန်တွင် မဟာအကြီးအကဲ သည် သူ၏ အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ချွေးပေါက်တိုင်း မှ သွေးများ ယိုစိမ့်လာကာ သူ၏ ဝတ်ရုံကို ဆေးအနီရောင်ဆိုးလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
"ငါ မြင်ရမှ ဖြစ်မယ်...။"
သူသည် ရက်စက်လာပြီး လက်သင်္ကေတများ ဖန်တီးကာ သူ၏ သက်တမ်း ကို တွေဝေခြင်းမရှိဘဲ လောင်ကျွမ်း စေခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်း နှစ်တစ်သောင်း သက်တမ်း ကို စတေးလိုက်ရလေ၏။
သို့တိုင် သူ၏ ဆန္ဒ ပြည့်ဝခဲ့သည်၊ သူ၏ အမြင်အာရုံသည် လေဟာနယ် အလွှာများစွာကို ဖောက်ထွင်း သွားပြီး ဆေးဖက်ဝင်အပင်တစ်ရာတောင်ထိပ် ထိပ်ရှိ နတ်ဘုရား အလင်းတန်း အောက်တွင် ကျောပြင် တစ်ခုကို မြင်တွေ့လိုက်ရလေသည်။
အဖြူရောင် ဝတ်ရုံများဖြင့် အရပ်ရှည်ပြီး မတ်မတ်ရပ်နေသော ပုံရိပ်တစ်ခု။
သူသည် ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး နှင့် ကစားနေပြီး ၎င်း၏ တန်ဖိုးမဖြတ်နိုင်သော တန်ဖိုးကို လုံးဝ ဂရုမစိုက်ချေ။
သူ ခေါင်းကို ပေါ့ပေါ့ပါးပါး လှည့်လိုက်သောအခါ ရှင်းလင်းသော ဘေးတိုက် မြင်ကွင်းတစ်ခု ပေါ်လာခဲ့ လေသည်။
"ဖူး…."
ထို ချောမောသော ဘေးတိုက် မြင်ကွင်းကို မြင်လိုက်ရသောအခါ မဟာအကြီးအကဲ သည် သူ၏ အသက် လောင်ကျွမ်းသွားကာ သွေးတစ်လုတ် ပန်းထုတ်လိုက်ပြီး သူ၏ နားထင်မှ ဆံပင်များ မျက်စိတစ်မှိတ် အတွင်း ဖြူစွတ်သွားခဲ့လေသည်။
ဤ တိုတောင်းသော ဗေဒင်တွက်ချက်မှုက သူ့ကို သက်တမ်း နှစ်ငါးသောင်းနီးပါး ကုန်ကျစေခဲ့၏။
သူ မျိုချခဲ့သော ဆေးလုံးများသည် သူ၏ အခြေခံအုတ်မြစ် ကို ထိခိုက်စေခဲ့ပြီ ဖြစ်ချေသည်။
ထိုကဲ့သို့ ပေးဆပ်လိုက်ရသော တန်ဖိုးသည် နောက်ပိုင်းအဆင့် ကောင်းကင်အရှင်သခင် ဖြစ်သော မဟာ အကြီးအကဲ ကို ကောင်းကင်ဘုံ အဆင့်မြင့် ဝင်္ကပါ တစ်ခုကို အတင်းအဓမ္မ ဖောက်ထွင်းကာ အတွင်းမှ မှုန်ဝါးသော မြင်ကွင်းတစ်ခုကို တစ်ချက် ကြည့်ရှုခွင့် ပေးခဲ့လေသည်။
သို့သော် ထိုအကြည့်တစ်ချက်က သူ့ကို တုန်လှုပ်သွားစေပြီး သူ၏ တာအို နှလုံးသား ယိမ်းယိုင်သွားကာ သူ၏ အမူအရာမှာ ရှုပ်ထွေးသွားခဲ့ရ၏။
"အစစ်အမှန်တပည့် တစ်ယောက်သက်သက်….။ ပြီးတော့ အရမ်း ငယ်ရွယ်တယ်...။"
သူသည် သစ်တော ပင်လယ် အထက်တွင် မိန်းမောစွာ ရပ်နေပြီး သူ၏ မျက်လုံးများတွင် ဘဝကိုယ် တိုင်နှင့် ပတ်သက်၍ သံသယများ ပြည့်နှက်နေခဲ့သည်။
အသက်နှစ်ဆယ်ကျော်ရုံသာ ရှိသေးသော လူငယ်တစ်ဦးက ဆေးဂိုဏ်း တပည့်များ နှစ်သန်းပေါင်း သုံးသန်းကြာ အိပ်မက်မက်ခဲ့သော ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ကို ထိုက်ရီအစစ်အမှန် ဂိုဏ်း အတွင်း၌ သန့်စင်ခဲ့သည်မဟုတ်ပါလော။
"ကမ္ဘာပေါ်မှာ ဒါ ဘာတွေဖြစ်နေတာလဲ…..။"
အခန်း (၇၆) ဆေးဂိုဏ်းရဲ့ နတ်ဘုရားမကို လွှတ်ပြီး အဲဒီကလေးကို ပြန်ခေါ်လာခိုင်းရင်ရော ဘယ်လိုလဲ
နှစ်သောင်းပေါင်းများစွာ အိုမင်းသွားသော ဆေးဂိုဏ်း မဟာအကြီးအကဲ သည် အဆုံးမရှိသော သစ်တောကို စိတ်ပျက်လက်ပျက်ဖြင့် စွန့်ခွာသွားခဲ့လေသည်။
သူ ဆေးဂိုဏ်း သို့ ပြန်ရောက်သောအခါ သူ၏ သနားစရာကောင်းသော အသွင်အပြင်က အားလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့လေ၏။
"ဘာဖြစ်တာလဲ...၊ ထိုက်ရီအစစ်အမှန်ဂိုဏ်း က မင်းကို တိုက်ခိုက်လိုက်တာလား...။"
"ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးလေးပါ...၊ ငါတို့ကိုတောင် ပေးမကြည့်ဘူးလား...။"
"မတရားဘူး...၊ ထိုက်ရီအစစ်အမှန်ဂိုဏ်း က ငါတို့ရဲ့ ဆေးဂိုဏ်း နဲ့ စစ်တိုက်ချင်နေတာလား...။"
"ဟွန့်...၊ ထိုက်ရီ က မြင့်မြတ်နယ်မြေ မှာ အထွတ်အထိပ် ရောက်ကောင်းရောက်နိုင်ပေမယ့် ငါတို့ရဲ့ ဆေးဂိုဏ်း ကလည်း အလွယ်တကူ အနိုင်ကျင့်လို့ရတာ မဟုတ်ဘူး၊ အမိန့်တစ်ချက်ပေးလိုက်တာနဲ့ ကမ္ဘာပေါ်က အင်အားကြီး အဖွဲ့အစည်း တိုင်းက ငါတို့ဘက်က ရပ်တည်ပေးလိမ့်မယ်...။"
"ဟုတ်တယ်...၊ ခေတ်အဆက်ဆက်မှာ နယ်မြေလေးခုနဲ့ ကုန်းမြေတစ်ခုလုံးက ဘယ် ထိပ်တန်း မျိုးနွယ် စု ဒါမှမဟုတ် ပုန်းကွယ်နေတဲ့ ရှေးဟောင်း မိသားစုက ဆေးဂိုဏ်း ရဲ့ ကျေးဇူးကို မဆပ်ဖူးလို့လဲ...။"
"တကယ်လို့ စစ်ပွဲသာ တကယ်ဖြစ်လာရင် သူတို့အတွက် အောင်ပွဲက သေချာပေါက် မရနိုင်ဘူး...။"
"ဆေးဂိုဏ်း ရဲ့ ကျေးဇူးကို ဘယ်တော့မှ ပြန်ဆပ်လို့ မရဘူး...။"
ဆေးဂိုဏ်း အကြီးအကဲ တစ်အုပ်သည် မဟာအကြီးအကဲ ကို ဝိုင်းရံထားပြီး ဖြောင့်မတ်သော ဒေါသများ ဖြင့် ဆူပွက်နေခဲ့ကြလေသည်။
ဆေးဆရာ များဖြင့်သာ ဖွဲ့စည်းထားသော တစ်ခုတည်းသော ဂိုဏ်းအနေဖြင့် သူတို့၏ အဓိကဦးတည်ရာ လမ်းကြောင်းမှာ ဆေးသန့်စင်ခြင်း ဖြစ်ပြီး တိုက်ခိုက်ခြင်း မဟုတ်ချေ။
ထို့ကြောင့် အထွတ်အထိပ် အင်အားစုများကြားတွင် သူတို့သည် ကြီးမားသော ခွန်အားကို မပြောဆို နိုင်ကြချေ။
သို့သော် သူတို့၏ အဆင့်အတန်းမှာ မြင့်မားပြီး သူတို့၏ အသက်မွေးဝမ်းကျောင်းပညာရပ်မှာ ထူးခြား ပေသည်။
ခေတ်အဆက်ဆက် ကျင့်ကြံလာပြီးနောက် သူတို့သည် အဓိက အင်အားစု တိုင်းနှင့် နောက်ပြန်ဆုတ် ၍မရသော ဆက်ဆံရေးများကို ရရှိခဲ့ကြလေ၏။
ဘယ် မျိုးနွယ်စု ဒါမှမဟုတ် ဂိုဏ်းက ဆေးဂိုဏ်း ကို ဆေးလုံးများအတွက် လာမတောင်းပန်ဖူးဘူးလို့ ပြောနိုင်ပါသလဲ။
ထိုကဲ့သို့သော ကြီးမားလှသည့် ကျေးဇူးတရားများ နောက်ကွယ်တွင် ရှိနေသဖြင့် ဆေးဂိုဏ်း သည် မည်သူ့ကိုမျှ မကြောက်ချေ။
ထိုက်ရီအစစ်အမှန်ဂိုဏ်း ပင်လျှင် သမိုင်းကြောင်းအရ ဆေးဂိုဏ်း ၏ ကျေးဇူးကို ခံစားခဲ့ရဖူး၏…။
ထို့ကြောင့် အကြီးအကဲများသည် အလွန် ဆန့်ကျင်ဘက်ပြုမူနေကြပြီး ထိုက်ရီအစစ်အမှန်ဂိုဏ်း သို့ ချီတက်ကာ ဂိုဏ်းချုပ် ဖေ့ချင်းယွီထံမှ ရှင်းလင်းချက် တောင်းဆိုရန် အဆင်သင့် ဖြစ်နေကြလေသည်။
မဟာအကြီးအကဲ သည် နောက်ဆုံးတွင် သက်ပြင်းချကာ စကားပြောလိုက်သည်။ သူသည် အားလုံးကို တည်ငြိမ်စေခဲ့ပြီး အမှန်တရား တစ်ခုလုံးကို ပြန်ပြောပြခဲ့လေ၏။
သူ ပြောသည်ကို ကြားပြီးနောက် အကြီးအကဲ အချို့က သက်ပြင်းချလိုက်ကြလေသည်။
"ဒါဆို အဲဒါက ထိုက်ရီအစစ်အမှန်ဂိုဏ်း နဲ့ ပဋိပက္ခဖြစ်တာတော့ မဟုတ်ဘူးပေါ့…။"
သူသည် သူတို့၏ ဧရာမ ကာကွယ်ရေး ဝင်္ကပါ ကို အတင်းအဓမ္မ ဖြတ်သန်းသွားခဲ့ပြီး တန်ပြန်တိုက်ခိုက် မှုကို ခံစားခဲ့ရခြင်းသာ ဖြစ်လေသည်။
သူ့ကို နှစ်သိမ့်ပေးတော့မည့်ဆဲဆဲ ဇာတ်လမ်း၏ ကျန်အပိုင်းကို သူတို့ ကြားလိုက်ရလေ၏။ မျက်စိတစ် မှိတ်အတွင်း သူတို့ တစ်ဦးစီတိုင်း ခေါင်းနပန်းများကြီးသွားကြလေသည်။
အဋ္ဌမနှင့် နဝမအဆင့် ဆေးဆရာ များ အုပ်စုသည် မျက်လုံးပြူးသွားကြလေသည်။
"မဟာအကြီးအကဲ...၊ ခင်ဗျား နောက်နေတာ ဖြစ်ရမယ်...။"
"အစစ်အမှန်တပည့် တစ်ယောက် သန့်စင်ထားတဲ့ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး...၊ ပြီးတော့ သူက အသက်နှစ်ဆယ်ကျော်ပဲ ရှိသေးတာလား...။"
"မဖြစ်နိုင်တာ...၊ အဲဒီအရွယ်မှာ တတိယအဆင့် ဆေးဆရာ အဆင့်ကို ရောက်တာကတောင် ပါရမီရှင် တစ်ယောက်ပဲ...။"
"တကယ်ပါပဲ မဟာအကြီးအကဲ...၊ ခင်ဗျား အမြင်မှားတာများလား...။"
အချို့သော အဘိုးကြီးများသည် ရိုးရှင်းစွာ လက်မခံနိုင်ကြဘဲ နေရာမှာပင် ပွင့်ပွင့်လင်းလင်း မေးခွန်း များစွာကို ဆက်တိုက်မေးလိုက်ကြလေ၏။
သူတို့ကို မဟာအကြီးအကဲ က ပြင်းထန်သော စိုက်ကြည့်မှုဖြင့် အဖြေပေးလိုက်လေသည်၊
"ငါလို ကြီးမြတ်တဲ့ မဟာ ကောင်းကင်အရှင်သခင် တစ်ယောက်က နတ်ဘုရားစွမ်းရည် တစ်ခုကို သုံးဖို့ ကိုယ်ပိုင် သက်တမ်း ကို လောင်ကျွမ်းစေခဲ့တာ၊ ငါ ဘယ်လိုလုပ် မှားနိုင်မှာလဲ...။ အဲဒီကောင်လေးက ထိုက်ရီအစစ်အမှန်ဂိုဏ်း ရဲ့ အစစ်အမှန်တပည့် ဝတ်ရုံတွေကို ဝတ်ဆင်ထားပြီး သူ့ရဲ့ ဘဝ မူလအစ က အသက်နှစ်ဆယ်လောက်ပဲ ရှိသေးတယ်...။"
ထို ပြတ်သားသော စကားများကြောင့် မည်သူကမျှ ထပ်မံ၍ သံသယမဝင်ရဲကြတော့ချေ။
တိတ်ဆိတ်သွားခဲ့၏။
အသက်နှစ်ဆယ်ကျော် အစစ်အမှန်တပည့် တစ်ယောက်က ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကို သန့်စင်ခဲ့သည်ကို မည်သူကမျှ မယုံကြည်နိုင်ကြချေ။
"အဲဒီထက်မကဘူး ဆေးလုံးကိုယ်တိုင်ကို ငါ လေ့လာခဲ့တယ်၊ အဲဒီရဲ့ ပုံစံ တွေနဲ့ အရောင်ကနေပြီး သန့်စင် တဲ့ နည်းစနစ်ကို အဆင့်ကိုးဆင့် မီးဖုတ်ခြင်း နည်းလမ်း ရဲ့ အကန့်အသတ်အထိ တွန်းပို့ထားတယ်လို့ ငါ ကောက်ချက်ချနိုင်တယ်...။"
မဟာအကြီးအကဲ သည် နောက်ထပ် ဗုံးတစ်လုံးကို ပစ်ချလိုက်ပြန်သည်။
ဆေးဂိုဏ်း တွင် ကမ္ဘာဦး အပျက်အစီး ပျက်စီးခြင်းကင်းမဲ့သော ခန္ဓာကိုယ် မူလအစ ဆေးလုံး အတွက် ဖော်မြူလာ သဘာဝကျစွာ ရှိပေသည်။
ထို့ကြောင့် ၎င်းသည် မူလအစ အဆင့်ကိုးဆင့် မီးဖုတ်ခြင်း နည်းလမ်း လိုအပ်ကြောင်း အားလုံး သိကြ ၏။
သို့သော် ထိုအကန့်အသတ်၏ အစွန်းတစ်ဖက်ကို စီးနင်းရန် ၎င်းမှာ ရူးသွပ်မှု သက်သက်သာဖြစ်သည် မဟုတ်ပါလား။
ထိုကဲ့သို့သော ကျွမ်းကျင်မှုသည် ထိုနေရာတွင် ရှိနေသော အတွေ့အကြုံရှိ နဝမအဆင့် ဆေးဆရာ များထက်ပင် သာလွန်နေပေသည်။
မဟာအကြီးအကဲ ကိုယ်တိုင်၏ မယုံကြည်နိုင်မှုက အရာအားလုံးကို ပြောပြနေ၏။
"ဒါဆို ဒီကလေးက တကယ်ကို အံ့သြစရာကောင်းတာပဲ...။"
"မွေးရာပါ နတ်ဘုရားအဆင့် ဆေးဆရာ တစ်ယောက် တကယ် ရှိနိုင်တာလား...။"
"ဟင်း…..၊ ဒီလောက် ပါရမီရှင်က ထိုက်ရီအစစ်အမှန်ဂိုဏ်း ကို ဝင်သွားတာ ဖုန်ထဲကို ပစ်ချခံလိုက်ရတဲ့ ပုလဲတစ်လုံးလိုပဲ...။"
"ဟုတ်တယ်...။ ထိုက်ရီ က ဆေးသန့်စင်ခြင်း အကြောင်း ဘာသိလို့လဲ...၊ ရှောင်ချာ ရဲ့ သေးငယ်တဲ့ ကျွမ်းကျင်မှုနဲ့ ငါတို့ ဆေးဂိုဏ်း ရဲ့ မဟာ ကျွမ်းကျင်သူတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာတဲ့လဲ...။"
"မဟာအကြီးအကဲ...၊ ငါတို့ ထိုက်ရီအစစ်အမှန်ဂိုဏ်း နဲ့ စကားပြောပြီး အဲဒီတပည့်ကို ငါတို့ ဆေးဂိုဏ်း ဆီ ပြောင်းရွှေ့ပေးဖို့ လုပ်လို့ရမလား...။"
"မတုံးစမ်းပါနဲ့….၊ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တွေကို သန့်စင်နိုင်တဲ့သူကို ထိုက်ရီ က လွှတ်ပေးမယ်လို့ မင်း ထင်နေတာလား...။"
"ဒါဆို ဒီလို ပျိုးပင်လေး အလဟဿ ညှိုးနွမ်းသွားတာကို ငါတို့က ဒီတိုင်း ကြည့်နေရမှာလား...။"
"လိုအပ်ရင် သူတို့ကို အရင်းအမြစ်တွေ ပေးလိုက်။ ငါတို့ ဆေးဂိုဏ်း က ချမ်းသာလွန်းလို့ လိမ့်နေ တာပဲ...။"
"မဖြစ်နိုင်ဘူး….။ထိုက်ရီအစစ်အမှန်ဂိုဏ်း က ဂိုဏ်းငယ်လေး မဟုတ်ဘူး...။ သူတို့ရဲ့ အခြေခံအုတ်မြစ် ကလည်း အဲဒီလောက်နီးပါး နက်ရှိုင်းတယ်...။"
အကြီးအကဲများသည် ဆူညံစွာ စကားပြောနေကြပြီး နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကို သန့်စင် ခဲ့သော လူငယ်ကို မြင်တွေ့လိုစိတ်ဖြင့် ပြင်းပြနေကာ သူသည် 'အမှောင်မှ အလင်းသို့ ပြောင်းလဲ' ပြီး ဆေးဂိုဏ်း သို့ ဝင်ရောက်လာရန် တောင့်တနေခဲ့ကြလေ၏။
ထိုအခါ တတိယ အကြီးအကဲ၏ မျက်လုံးများ လင်းလက်သွားခဲ့လေသည်...။
"ငါ့မှာ အစီအစဉ်တစ်ခု ရှိတယ်...။"
"ငါတို့က ထိုက်ရီ ကို သူ့ကို လွှတ်ပေးအောင် မလုပ်နိုင်ဘူး ဒါပေမယ့် သူ သူ့သဘောဆန္ဒအလျောက် လာအောင် ငါတို့ လုပ်နိုင်တယ်...။"
အခြားသူများ ဇဝေဇဝါဖြင့် စိုက်ကြည့်နေခဲ့ကြ၏။
သူတို့၏ ဆေးဂိုဏ်း သည် အမွေအနှစ်များ ကြွယ်ဝသော်လည်း ထိုက်ရီအစစ်အမှန်ဂိုဏ်း သည်လည်း ထိပ်တန်း အင်အားစုတစ်ခု ဖြစ်ပေသည်။ ထိုသူငယ်က ဘာကြောင့် ပြောင်းလဲရပါမည်နည်း။
တတိယ အကြီးအကဲက ကောက်ကျစ်စွာ ပြုံးလိုက်လေသည်...။
"ဟဲဟဲ... ဆိုရိုးစကားရှိတဲ့အတိုင်း ရှေးခေတ်ကတည်းက သူရဲကောင်းတွေဟာ အလှအပရဲ့ တံခါးကို ဖြတ်ကျော်ဖြတ်ဖို့ ရုန်းကန်ရတယ်လေ...။"
"ပျားရည် ထောင်ချောက်လား...။"
အားလုံး ချက်ချင်း နားလည်သွားကြ၏။
မဟာအကြီးအကဲ က သူ၏ ပေါင်ကို ရိုက်လိုက်လေသည်...။
"လှပတဲ့ အမျိုးသမီး တပည့် အနည်းငယ်ကို ရွေးလိုက်... မဟုတ်ဘူး၊ နတ်ဘုရားမကို တိုက်ရိုက် ခေါ်လိုက်...။"
အကြီးအကဲတစ်ဦးက နာခံစွာဖြင့် စိတ်လှုပ်ရှားစွာ အလျင်အမြန် ထွက်သွားခဲ့လေ၏။
မကြာမီ မိန်းမပျိုတစ်ဦးသည် ကောင်းကင်ယံတွင် နှင်းဆီရောင် တိမ်တိုက်များပေါ်မှ လျှောက်လှမ်းလာ ခဲ့လေသည်။
သူမတွင် အပြစ်ကင်းစင်သော အရုပ်တစ်ရုပ်ကဲ့သို့ မျက်နှာနှင့် တောက်ပပြီး နက်မှောင်သည့် မျက်လုံး များ ရှိလေသည်။
အရပ်မရှည်သော်လည်း သူမ၏ ရင်သပ်ရှုမောဖွယ် ကောက်ကြောင်းများသည် ရိုးရှင်းသော ဆေးဂိုဏ်း တာအို ဝတ်ရုံကို ပြည့်နှက်နေစေပြီး ကျယ်ဝန်းသော လက်ပတ်များက နှင်းကဲ့သို့ ဖြူလွတ်သောသူမ၏ လက်ကောက်ဝတ်များကို ဖော်ပြနေကာ ခါးပတ်တစ်ခုက သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကို ပိုမို ထင်ရှားစေရန် ခါးကို စည်းနှောင်ထားလေ၏။
သူမ၏ နက်မှောင်သော ဆံပင်များကို ကျောက်စိမ်း ဆေးမီးဖို ဆံထိုးတစ်ခုဖြင့် ရိုးရှင်းစွာ ထိုးထားပြီး အပြစ်ကင်းစင်မှုသည် မသိစိတ်က ဆွဲဆောင်မှုနှင့် ရောယှက်နေခဲ့ချေသည်။
အနီးသို့ ရောက်လာသောအခါ သူမသည် ကျက်သရေရှိစွာ ဦးညွှတ်လိုက်၏။
"ယွင်နီ က သူမရဲ့ ဆရာတွေကို ဂါဝရပြုပါတယ်...။"
အကြီးအကဲများသည် သူမကို အထက်အောက် ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်ကြလေသည်။
"အံ့သြစရာပဲ... ငါတို့ရဲ့ ယွင်နီ ရဲ့ ကလေးလို ...အဟမ်း၊ ငါတို့ရဲ့ ယွင်နီ ရဲ့ အလှတရားကို ဘယ်လူငယ်က ငြင်းဆန်နိုင်မှာလဲ...။"
"တကယ်ပါပဲ ယွင်နီ ကို လိုချင်တဲ့သူတွေက အရှေ့ပိုင်း ကျယ်ပြောလှသော တောရိုင်းမြေ အထိ တန်းစီ နေလောက်တယ်...။"
"နတ်ဘုရားမ ယွင် ပါဝင်လာရင် အဲဒီကောင်လေးက ပျော့ခွေသွားပြီး ဘယ်တော့မှ ထွက်သွား ချင်မှာ မဟုတ်ဘူး...။"
သူတို့၏ စကားများကို ကြားသောအခါ ဆေးဂိုဏ်း နတ်ဘုရားမ၏ ရှင်းလင်းသော မျက်လုံးများတွင် ဇဝေဇဝါဖြစ်မှုများ ပေါ်လာခဲ့၏။
"ငါ့ကို ဘာလို့ ခေါ်လိုက်တာလဲ….။"
"တစ်ခုခုတော့ မှားနေသလို ခံစားရတယ်…။"
သူမ ဇဝေဇဝါဖြစ်နေစဉ် မဟာအကြီးအကဲ က ပြုံးလိုက်လေသည်...
"ယွင်နီ၊ မစိုးရိမ်ပါနဲ့...။ ဒီအကြီးအကဲက မင်းအတွက် မိတ်ဆက်ပေးတဲ့ ပွဲတစ်ခု စီစဉ်ထားတယ်။ နောက်ရက်အနည်းငယ်အတွင်း သွားကြည့်လိုက်မလား...။"
"မိတ်ဆက်ပေးတဲ့ ပွဲတစ်ခု...၊ဟုတ်လား….။"
သူမ၏ မျက်လုံးများရှိ ရှင်းလင်းမှု ပျောက်ကွယ်သွားပြီး သူမ၏ နက်မှောင်သော မျက်လုံးသူငယ်အိမ် များ ပြူးကျယ်သွားခဲ့လေ၏။
"ဟုတ်တယ်...၊ လူငယ်လေးက ထိုက်ရီ ကပဲ...။"
မဟာအကြီးအကဲ က ပျော်ရွှင်စွာ ရှင်းပြလိုက်လေသည်။
နားထောင်ပြီးနောက် ဆေးဂိုဏ်း နတ်ဘုရားမ တုံ့ဆိုင်းသွားပြီး စကားပြောရန် အကြိမ်ကြိမ် ဟန်ပြင် လိုက်လေ၏။
နောက်ဆုံးတွင် သူမ ဗလုံးဗထွေး ပြောလိုက်လေသည်...။
"မဟာအကြီးအကဲ၊ ရှင်က ကျွန်မကို ရောင်းစားနေတာပဲ...။"
"ဘယ်လို အဓိပ္ပာယ်မရှိတာတွေကို ပြောနေတာလဲ...။"
မဟာအကြီးအကဲ ၏ မျက်နှာမှာ တင်းမာသွားလေသည်...။
"ငါ စစ်ဆေးပြီးပြီ။ သူ့ရဲ့ ဆေးသန့်စင်ခြင်း က ကောင်းကင်ဘုံကို အံတုနိုင်ပြီး သူ့ရဲ့ ရုပ်ရည်ကလည်း ထူးချွန်တယ်...။"
"ဟုတ်တယ် ယွင်နီလေး...၊ ဒီလို ခင်ပွန်းကောင်း တစ်ယောက်ကို ငြင်းဆန်တာက ကြီးမားတဲ့ ဆုံးရှုံး မှုတစ်ခု ဖြစ်လိမ့်မယ်...။"
အခြားအကြီးအကဲများကပါ ဝင်ပြောလိုက်ကြလေသည်။ မျက်စိတစ်မှိတ်အတွင်း ဆူညံသံများကြောင့် သူမ ခေါင်းကိုက်လာခဲ့၏။
သူမ အလျင်အမြန် ဦးညွှတ်လိုက်လေသည်...။
"အကြီးအကဲတို့၊ ကျွန်မ အခန်းထဲက မီးဖို မီးလောင်နေတုန်း ကျန်ခဲ့တာကို ရုတ်တရက် သတိရလိုက် လို့...၊ မြန်မြန် ပြန်သွားရပါအုန်းမယ်...။"
ထိုသို့ပြောပြီး သူမသည် လှည့်ကာ မျက်စိတစ်မှိတ်အတွင်း ပျံသန်းထွက်ခွါသွားခဲ့လေတော့သည်။
စိတ်ပျက်စွာ သက်ပြင်းချသံများသာ ကျန်ရစ်ခဲ့လေသည်...။
တစ်ချိန်တည်းမှာပင်
ထိုက်ရီအစစ်အမှန်ဂိုဏ်း၊ ဆေးခန်းမ၌…။
နင်းဖန်သည် ရုတ်တရက် နှာချေလိုက်ပြီး သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်လေသည်...။
"ထူးဆန်းတယ်...၊ ဘာလို့ နတ်ဆိုးတွေနဲ့ တစ္ဆေတွေက ဒီဘုရင်ကို မက်မောနေတယ်လို့ ငါ ခံစားနေရ တာလဲ..."
သူ ဇဝေဇဝါဖြစ်စွာဖြင့် ခေါင်းကို ကုတ်လိုက်ပြီးနောက် အထက်ရှိ ပျောက်ကွယ်သွားသော ထူးဆန်း သည့် ဖြစ်ရပ်ကို တစ်ချက် ကြည့်လိုက်လေ၏။
မကြာမီ ထိုအဖြစ်အပျက်လေးသည် သူ၏ စိတ်ထဲမှ ပျောက်ကွယ်သွားခဲ့လေသည်။
သူသည် ဖန်ကဲ့သို့ကြည်လင်သော ဆေးလုံးကို လက်ချောင်းများကြားတွင် ညှစ်ကာ မျှော်လင့်ချက်ဖြင့် နှုတ်ခမ်းများကို သပ်လိုက်လေသည်...။
"မျိုချရမယ့် အချိန်ပဲ...။"
"ဒီနေ့ ငါ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအလွှာ ကို တည့်တည့် ပြေးဝင်မယ်....။ဘယ်သူမှ၊ ဘိုးဘေး တောင်မှ ငါ့ကို မတားနိုင်ဘူး...။"