← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇) ပြီးပြည့်စုံသော စုပ်ယူခြင်း

ကောင်းကင်ယံသည် တဖြည်းဖြည်း မှောင်မိုက်လာခဲ့သည်။

ကောင်းကင်အပြည့် တောက်ပနေသော ကြယ်များ၏ အလင်းရောင်အောက်တွင် နင်းဖန်သည် ဆေးအပင်တစ်ရာတောင်ထိပ် ၏ သိုင်းပညာ လေ့ကျင့်ရေးကွင်း ပေါ်တွင် ထိုင်နေခဲ့၏။

ဤအချိန်တွင် ထူးဆန်းသော ဖြစ်ရပ်များ ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်မှာလည်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင် တာအို ၏ ကောင်းချီးပေးမှုကြောင့် ထိုက်ရီအစစ်အမှန်ဂိုဏ်း တစ်ခုလုံးသည် ကောင်းချီးရထားသော မြေတစ်နေရာအဖြစ် ပြောင်းလဲသွားခဲ့၏။

ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီ များမှာ ပိုမို တက်ကြွလာပြီး သိပ်သည်းလာသည်ကို ရှင်းလင်းစွာ ခံစားနိုင်ပေသည်။

“ငါက ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ် မှာပဲ ရှိသေးတာ နှမြောစရာပဲ... ဒါက ငါ့အတွက် ကောင်းတဲ့အရာ မဟုတ်ဘူး...”

နင်းဖန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ စိတ်နှလုံးသားထဲတွင် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။

ဝိညာဉ်ချီ များ သိပ်သည်းလာပြီးနောက် ၎င်းသည် ကျင့်ကြံခြင်း၏ အမြန်နှုန်းကို ပိုမို မြန်ဆန်လာစေမည် ဖြစ်သည်။

သို့သော် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် သည် လူတယောက်၏ အခြေခံအုတ်မြစ် ကို အရောင်တင်ရမည့် နယ်ပယ် တစ်ခုဖြစ်ပြီး တည်ငြိမ်မှုကို ရှာဖွေရမည် ဖြစ်သည်။

နယ်ပယ် တစ်ခုစီတိုင်းတွင် ရုပ်ခန္ဓာကိုယ် ၏ အင်အားကို အမြင့်ဆုံးရောက်အောင် ကြိုးစားရမည် ဖြစ်၏။

ထို့ကြောင့် ဝိညာဉ်ချီ နယ်ပယ် တွင် လျင်မြန်စွာ ချိုးဖျက်ခြင်းက တကယ်တမ်းတော့ ဆိုးရွားသော ကိစ္စတစ်ခုသာ ဖြစ်သည်။

ပါရမီရှင် များစွာသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် တွင် ကျင့်ကြံကြသောအခါ ၊ သူတို့၏ နယ်ပယ်အဆင့်ကို တမင်တကာ ဖိနှိပ်ထားရန် အထူး နည်းလမ်းများကိုပင် အသုံးပြုကြရသည်။

ထိုပြင် နင်းဖန်၏ ပါရမီသည် အဆတစ်သောင်း မြှင့်တင်ထားပြီးဖြစ်ကာ အကန့်အသတ်မဲ့ တာအိုကျမ်းစာ ကဲ့သို့သော ထိပ်တန်းအဆင့် ကျင့်ကြံခြင်းနည်းစနစ်ကို ပိုင်ဆိုင်ထားသဖြင့် သူ၏ ခန္ဓာကိုယ်သည် အချိန်တိုင်း ဝိညာဉ်ချီ များကို စုပ်ယူနေခဲ့၏။

ဤသည်က သူ၏ ဝိညာဉ်ချီ ကြီးထွားမှု အမြန်နှုန်းကို ပိုမို မြန်ဆန်လာစေမည် ဖြစ်သည်။

ဖြစ်နိုင်သည်မှာ ရက်အနည်းငယ်အတွင်း သူသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမနယ်ပယ် သို့ ချိုးဖျက်ဝင်ရောက်ရန် အရေးကြီးသော အဆင့်သို့ ရောက်ရှိသွားနိုင်သည်။

ဤသည်က နင်းဖန်ကို ချက်ချင်း စိုးရိမ်လာစေခဲ့သည်။

ဤအဆင့်သို့မရောက်မှီ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ၏ အာနိသင်ကို လုံးဝ စုပ်ယူပြီး ပြောင်းလဲပစ်ရမည် ဖြစ်၏။

ဤသည်မှာ အချိန်နှင့် ယှဉ်ပြိုင်ရခြင်းပင် ဖြစ်သည်။

“လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း ပါရမီ က ပိုမြင့်လေလေ ဆေးလုံး တစ်လုံးရဲ့ ဆေးစွမ်းအာနိသင် ကို ပိုပြောင်းလဲနိုင်လေလေလို့ ကောလာဟလတွေ ရှိတယ်...”

“ငါ့ရဲ့ အဆတစ်သောင်း မြှင့်တင်ထားတဲ့ ပါရမီ က ငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူး...”

နင်းဖန်၏ မျက်လုံးများမှာ လင်းလက်သွားပြီး ဆက်လက် မတုံ့ဆိုင်းတော့ချေ။

ဖရိုဖရဲ ချီ များဖြင့် ရစ်ပတ်ထားသော ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ကို သူ၏ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။

ဝုန်း

မျက်စိတစ်မှိတ်အတွင်း ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး နှင့် သက်ဆိုင်သော အားကောင်းသည့် ဆေးစွမ်းသည် နင်းဖန်၏ ခန္ဓာကိုယ်အတွင်း ပေါက်ကွဲထွက်လာပြီး ၊ ဖရိုဖရဲ စွမ်းအားများက သူ၏ ခြေလက်နှင့် အရိုးများဆီသို့ စီးဆင်းသွားကာ သူ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးရှိ ကြွက်သားများနှင့် အရိုးများ က တညီတညွတ်တည်း မြည်ဟည်းကြလေသည်။ ကောင်းကင်နှင့်မြေကြီးမှစ၍ ဖရိုဖရဲ ၏ တုန်ခါသံသည် သူ၏ ရင်ဘတ်ထဲတွင် မဆုံးနိုင်အောင် ပဲ့တင်ထပ်နေခဲ့၏။

နတ်ဘုရား ဆေးလုံး တစ်လုံးကို ဗိုက်ထဲ မျိုချလိုက်ပြီဖြစ်ရာ ၊ သူ့ကံကြမ္မာကို သူသာလျှင် ဆုံးဖြတ်မည်ဖြစ်ပြီး ကောင်းကင်ဘုံမှ ဆုံးဖြတ်ခွင့် မရှိချေ။

ဖရိုဖရဲ ဖျက်ဆီး၍မရသော ခန္ဓာကိုယ် မူလအစဆေးလုံး၏ အာနိသင်အောက်တွင် နင်းဖန်၏ သွေးသား တစ်ခုလုံးသည် အသွင်ပြောင်းနေပြီး သူ အသက်ရှူလိုက်တိုင်း အကြိမ် ဆယ်သန်းမက ပြန်လည် ဖွဲ့စည်းနေခဲ့၏။

ဖရိုဖရဲ စွမ်းအားများသည် ဤထပ်တလဲလဲ ပြန်လည်မွေးဖွားခြင်း လုပ်ငန်းစဉ်အတွင်း ၊ သူ၏ အရေပြား လက်မတိုင်းထဲသို့ နက်ရှိုင်းစွာ ပေါင်းစပ်သွားခဲ့သည်။

“ ဒါဘယ်လောက်တောင် အားကောင်းတဲ့ ဆေးစွမ်းလဲ...”

နင်းဖန် မျက်မှောင်ကြုတ်သွားသည်။ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး သည် နက်နဲပြီး ဆန်းကြယ်သဖြင့် သူ့ကို နာကျင်မှု သိပ်မခံစားရစေချေ။

သို့သော် ထပ်တလဲလဲ ပြန်လည်ဖွဲ့စည်းမှုအောက်တွင် သူ၏သွေးသားများကို ထုံကျင်စေသော ခံစားချက်ကို ဖြစ်စေရာ ၊ ယင်းက သူ့ကို စိတ်အနှောင့်ယှက် ဖြစ်စေသည်။

ထို့ကြောင့် သူသည် မပေါ့ဆဝံ့ဘဲ အကန့်အသတ်မဲ့ တာအိုကျမ်းစာကို ချက်ချင်း လည်ပတ်စေလိုက်သည်။

ကျင့်ကြံခြင်း ၏ မဟာစက်ဝန်းနှင့်အတူ သူ၏ စိတ်သည် တဖြည်းဖြည်း ငြိမ်သက်သွားပြီး ၊ သူ၏ အရှိန်အဝါမှာလည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့၏။

သူသည် ဆေးစွမ်း အငွေ့အသက်တိုင်းကို စုပ်ယူရန် အာရုံစိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင်။

“ထိုက်ရီအကြွင်းအကျန်နယ်မြေ” အတွင်း၌

ဂိုဏ်းတစ်ခုလုံးသည် နင်းဖန် ကျင့်ကြံ နေသည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြ၏။

ဖန်ခွက်ကဲ့သို့သော ဆေးလုံးကို သူ မျိုချလိုက်သည်ကို မြင်သောအခါ ဆူညံသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

“သူ အဲဒါကို စားလိုက်ပြီ...”

“ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံးက သူ့ဗိုက်ထဲ ရောက်သွားပြီ...”

“ရင်နာစရာ ကောင်းလိုက်တာ... ဒါက ဒဏ္ဍာရီလာ ဆေးလုံး တစ်လုံးလေ၊ ဒီလိုပဲ ပျောက်သွားပြီတဲ့လား...”

“မင်းက ဘာလို့ ရင်နာနေတာတုန်း... ဒါက သူကိုယ်တိုင် ဖော်စပ်ထားတာလေ မင်းနဲ့ ဘာဆိုင်လို့လဲ...”

“နင်းဖန်ရဲ့ ပါရမီ က အရမ်းကောင်းတယ်၊ ပြီးတော့ အခု သူက ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ရဲ့ အားအကောင်းဆုံး ဆေးလုံး ကို စားလိုက်ပြီဆိုတော့ သူ့ရဲ့ အနာဂတ် အောင်မြင်မှုတွေက ဘယ်လောက်တောင် မြင့်မားမလဲဆိုတာ တကယ်ကို မသိတော့ဘူး...”

“’မနာလိုဘူး’ ဆိုတဲ့ စကားလုံးကိုတောင် ပြောရတာ ပင်ပန်းနေပြီ...”

“လျှို့ဝှက်နယ်မြေ ရဲ့ အဝင်အထွက်ကို မဟာအကြီးအကဲ ဖောက်ထွင်းနိုင်ဖို့ ငါတို့ မျှော်လင့်လို့ မရဘူးလို့ ထင်တယ်... ငါတို့ရဲ့ မျှော်လင့်ချက်တွေကို တပည့်ခေါင်းဆောင် နင်း ဆီမှာ ပုံအပ်လိုက်တာ ပိုကောင်းမယ်... ဖြစ်နိုင်တာက နှစ်အနည်းငယ် ကြာရင် သူ တစ်ယောက်တည်းနဲ့တင် ဒီ ကျိန်စာသင့်နေတဲ့ အတားအဆီး နံရံကြီးကို ဖြိုခွဲပြီး ငါတို့ကို ကယ်တင်နိုင်လိမ့်မယ်... မင်းတို့ အဲဒီလို မထင်ဘူးလား... ဟင်.. စီနီယာအစ်ကိုတို့ ဘာလို့ စကားမပြောကြတာလဲ...”

“မင်းက ဘယ်သူလဲ မင်းကို ငါ သိလို့လား...”

အပြင်စည်းတပည့် အများအပြားသည် ဆူညံပွက်လောရိုက်စွာဖြင့် ဆွေးနွေးနေကြ၏။

အချို့က မနာလိုဖြစ်ကြ၏။ အချို့က စိတ်ခံစားချက်များ ပြင်းထန်နေကြကာ အခြားသူများကမူ တားမြစ်ချက်ကို မချိုးဖျက်နိုင်သော မဟာအကြီးအကဲ အကြောင်းကို ညည်းညူ နေကြသည်။

ရလဒ်အနေဖြင့် ပတ်ဝန်းကျင်ရှိ တပည့်များသည် ချက်ချင်း ရှောင်ဖယ်သွားကြ၏။

ထိုလူ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ၊ မျက်နှာမည်းနေသော အပြင်စည်း တာဝန်ခံ တစ်ဦးက သူ၏ ဘေးနားသို့ ရောက်ရှိလာခဲ့သည်။

“ဒီ တပည့်...ငါနဲ့ အပြင်ကို လိုက်ခဲ့...”

အားလုံးက သူ့ကို “ကံကောင်းပါစေ” ဟူသော အကြည့်ဖြင့် ကြည့်လိုက်ကြ၏။

“ထိုက်ရီအကြွင်းအကျန်နယ်မြေ” အတွင်း မဟာအကြီးအကဲ အကြောင်းကို မဆင်မခြင် ဆွေးနွေးခြင်းမှာ အဆိပ်ပင်စားနေခြင်းနှင့် တူညီသည်။

ဆူညံပြီး စည်ကားနေသော အပြင်စည်း နှင့် မတူဘဲ ဗဟို စက်ဝိုင်းသည် ပိုမို စည်းကမ်းတကျ ရှိ၏။

အတွင်းစည်း နှင့် အစစ်အမှန်တပည့် များသည် တိုးညင်းသော အသံဖြင့် ဆွေးနွေးနေကြသည်။

အရှေ့ဆုံးတွင် ရပ်နေသော သူတော်စင်သည် ဘာမှမပြောဘဲ ကြောင်ကြည့်နေမိသည်။

မူလက အခြေအနေ မည်သို့ပင် ရှိစေကာမူ နင်းဖန်ကြောင့် သူ၏ တာအို နှလုံးသားသည် ထပ်မံ တုန်လှုပ်တော့မည် မဟုတ်ကြောင်း ယုံကြည်ထားခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် အသစ်စက်စက် ဖော်စပ်ထားသော နတ်ဘုရားအဆင့် ဆေးလုံး ကို တစ်ခဏမျှ မတုံ့ဆိုင်းဘဲ နင်းဖန် မျိုချလိုက်သည်ကို မြင်လိုက်ရသည်။

သူ၏ နှလုံးသားထဲတွင် မထိန်းချုပ်နိုင်သော ခံစားချက်တစ်ခု လှိုင်းထသွားခဲ့သည်။ ဤသည်မှာ အလွန် ရှုပ်ထွေးသော စိတ်ခံစားမှု တစ်ခုဖြစ်ပြီး စိတ်ပျက်အားငယ်မှု၊ အကူအညီမဲ့မှုတို့နှင့်အတူ မျှော်လင့်ချက်ကင်းမဲ့ခြင်း စသော ခံစားချက်များ ရောပြွန်လျက် ရှိသည်။

သူတော်စင်ခမျာ လုံးဝ စိတ်လွတ်သွားသည်အထိပင်။

သူသည် အောက်ဘက်ရှိ တောင်ကိုသာ ငေးကြောင်ကြည့်နေခဲ့၏။

“ဟင်... ဒီကလေး ယွင်ကျယ် တော့ ပျက်စီးသွားပြီ...”

ထျန်းကျီးတောင်ထိပ် မှ ကျူးကော့မင် သည် ဤမြင်ကွင်းကို သတိထားမိပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

နင်းဖန်၏ ရုတ်တရက် ပေါ်ထွက်လာမှုသည် ဂိုဏ်းအတွင်းရှိ သူတော်စင်၏ အဆင့်အတန်းကို လုံးဝ အစားထိုးသွားခဲ့ပြီ ဖြစ်၏။

ထိုအပြင် ယင်းက ဘယ်တော့မှ ပြန်ပြောင်းလို့မရသည့် အမျိုးအစားပင် ဖြစ်သည်။

ကျမ်းစာဆောင် နဝမထပ် အလားအလာ၊ ကောင်းကင်ဘုံ အထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံခြင်းနည်းစနစ်၊ အမျိုးမျိုးသော ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နည်းလမ်းများ၊ ထို့အပြင် ယခု သူသည် ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး တစ်လုံးကိုပင် စားလိုက်ပြီ ဖြစ်သည်။

ဤကောင်းချီးများ အားလုံးနှင့်အတူ နင်းဖန်၏ အခြေခံအုတ်မြစ် သည် ဂိုဏ်းရှိ အရာအားလုံးကို လုံးဝ လွှမ်းမိုးထားပြီး ဖြစ်၏။

သူတော်စင်သည် ထိုက်ယင် သူတော်စင် ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားပြီး မူလက ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဖြစ်သည်။

သို့သော် ဤအခိုက်အတန့်တွင် နင်းဖန်၏ တောက်ပမှုအောက်တွင် သူသည် လုံးဝ မလုံလောက်တော့ချေ။

သူ့အနေဖြင့် ဤမျှ နာကျင်နေခြင်းမှာ အံ့သြစရာ မရှိတော့ပေ။

“ပြောပါဦး၊ နင်းဖန်က ဒီဆေးလုံးရဲ့ ဆေးစွမ်းအာနိသင် ရာခိုင်နှုန်း ဘယ်လောက်ကို စုပ်ယူနိုင်မယ်လို့ မင်းတို့ ထင်လဲ...”

ထိုအချိန်တွင် အဓိကနယ်မြေရှိ အကြီးအကဲ တစ်ဦးက မေးလိုက်သည်။

ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ၏ အာနိသင်မှာ ကောင်းကင်ဘုံကို အံတုနိုင်သောကြောင့် လူတိုင်း အပြည့်အဝ စုပ်ယူနိုင်သည့် အရာ မဟုတ်ချေ။

ဤဆေးလုံးကို မျိုချခြင်းက အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ဖန်တီးနိုင်ပြီး ရုပ်ခန္ဓာကိုယ် ကို အဆုံးမရှိ ရုပ်ခန္ဓာသန့်စင်ခြင်း အဖြစ် ခံယူနိုင်စေသော်လည်း ဤသည်မှာ အနိမ့်ဆုံး အခြေခံစည်းမျဉ်းသာ ဖြစ်၏။

အပေါ်က ကန့်သတ်ချက် နှင့် ပတ်သက်၍ ၊ ကျင့်ကြံသူတစ်ဦးသည် ဆေးစွမ်း မည်မျှ စုပ်ယူ ပြောင်းလဲနိုင်သည့်အပေါ် မူတည်ပေသည်။

ကျူးကော့မင် သည် ဤသည်ကို ကြားသောအခါ သူတော်စင် ကိစ္စကို ခေါင်းထဲမှ ချက်ချင်း ထုတ်ပစ်လိုက်ပြီး စိတ်ဝင်တစားဖြင့် ပြောလိုက်သည်...

“ဂိုဏ်းရဲ့ သမိုင်းကြောင်းမှာ ကျမ်းစာဆောင် နဝမထပ် ကို ရောက်ခဲ့တဲ့ အဲဒီ ပါရမီရှင် တွေတောင်မှ ဒီလို ဆေးလုံး မျိုးကို မျိုချပြီးတဲ့နောက် ဆေးစွမ်းကို အပြည့်အဝ ပြောင်းလဲနိုင်ခဲ့တာ ရှားပါးတယ်..... ခုနစ်ဆယ် ဒါမှမဟုတ် ရှစ်ဆယ် ရာခိုင်နှုန်းက အများစုပဲ...”

“ဒါပေမယ့် နင်းဖန်က အံ့သြစရာကောင်းတယ်....ဒါကြောင့် ကိုးဆယ် ရာခိုင်နှုန်းလို့ ငါ ပြောမယ်...”

သူ၏ စကားသံ ဆုံးသွားသည်နှင့် အခြား အကြီးအကဲများက အနည်းငယ် ခေါင်းညိတ်လိုက်ကြ၏။

လီချန်မင် က ရှောင်ချာ ကို ကြည့်ကာ ပြုံးလိုက်သည်။

“ဆေးလုံး ကိစ္စတွေနဲ့ ပတ်သက်ရင် ဂျူနီယာညီလေးရှောင် က ပညာရှင်ပဲ... မင်း ဘယ်လိုထင်လဲ ငါ သိချင်မိတယ်...”

“ငါလား...”

ဤသည်ကို ကြားသောအခါ ရှောင်ချာ ၏ အမူအရာမှာ အနည်းငယ် သဘာဝမကျ ဖြစ်သွားခဲ့၏။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယခု နင်းဖန်ကို မြင်တိုင်း သူ အနည်းငယ် ကြောက်ရွံ့မှုကို ခံစားရသည်။

အဘယ်ကြောင့်ဆိုသော် ယခင်က သူ၏ ခန့်မှန်းချက်များ အားလုံး မှားယွင်းခဲ့ပြီး သူ့ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု အများအပြား ဖြစ်စေခဲ့သောကြောင့်ပင်။

နင်းဖန် ဆိုသည့် လူသည် အရမ်း ထူးဆန်းလွန်းသည်။ သူသည် ဆေးဖော်စပ်ခြင်းတွင် ပါရမီရှင် တစ်ယောက်ဟု ပြောရမည်ဆိုပါက ၊ သူသည် ဆေးမီးဖိုကို ကိုးဆယ့်ရှစ်ကြိမ် ဆက်တိုက် ပေါက်ကွဲအောင် လုပ်နိုင်ပေသည်။ ထို့ကြောင့် သူသည် စကားပြောင်းပြီး နင်းဖန်တွင် ဆေးဖော်စပ်ခြင်း ပါရမီ မရှိကြောင်း၊ သူ့ကိုယ်သူ အကဲဖြတ်တာ မှားသွားကြောင်း ပြောရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ရလဒ်အနေဖြင့် ထိုကလေး၏ အကြိမ်တစ်ရာမြောက် ဆေးဖော်စပ်ခြင်း ကြိုးစားမှုသည် နေရာမှာတင် အောင်မြင်သွားပြီး ထို့အပြင် ၎င်းမှာ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ဖြစ်နေခဲ့သည်။ ဤသည်ကို မည်သူက ခံနိုင်ရည်ရှိမည်နည်း။

ရှောင်ချာ သည် ပါးရိုက်မခံရရန် အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ကျယ်လောင်စွာ ပါးရိုက်ခံလိုက်ရ၏။

ယခု လီချန်မင် ၏ မေးခွန်းကို ရင်ဆိုင်ရသည့်အခါ သူ မည်သို့ မဆင်မခြင် ခန့်မှန်းရဲမည်နည်း။ သူသည် ဘာမှမသိသလို ဟန်ဆောင်ကာ ချက်ချင်း လက်ဝှေ့ယမ်းလိုက်၏။ ဤသည်ကို မြင်သောအခါ လီချန်မင် သည် အလွန် ပျင်းရိသွားပြီး စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်သည်။

ထိုအခိုက်အတန့်တွင် နူးညံ့သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

“နင်းဖန်က ဆေးစွမ်း ဆယ်ပုံမှာ ဆယ်ပုံလုံးကို သေချာပေါက် စုပ်ယူနိုင်လိမ့်မယ်...”

ထိုစကားပြောသူမှာ အခြားသူမဟုတ်ဘဲ စီနီယာအစ်မ ယွီရူရွှမ်း ပင် ဖြစ်သည်။

သူမ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး ဖြည်းညင်းစွာ ပြောလိုက်သည် ။

“ဂျူနီယာမောင်လေးတို့... နင်းဖန် ကျမ်းစာ အဆောက်အအုံကို တက်သွားတုန်းက နဝမထပ် ကို သွားတဲ့ လှေကားပေါ်မှာ ပျံသန်းနေသလိုမျိုး လျှောက်သွားခဲ့တာကို မမေ့နဲ့...”

“ဒါက နင်းဖန်ရဲ့ ပါရမီ ဟာ ငါတို့ မျှော်လင့်ထားတာထက် အများကြီး ပိုမြင့်တယ်ဆိုတာကို သက်သေပြနေတာပဲ...”

“သူ့မှာ ကျမ်းစာဆောင် နဝမထပ် ရဲ့ အလားအလာ ရှိတယ်လို့ အခု ငါတို့ ပြောနေကြတာက ကျမ်းစာဆောင် မှာ ကိုးထပ်ပဲ ရှိလို့လေ...”

ဤစကားများ ထွက်လာသည်နှင့်တပြိုင်နက် အားလုံး နားလည်သွားသည့် အမူအရာကို ပြသလိုက်ကြ၏။

သေချာ ပြန်စဉ်းစားကြည့်ပါက ၊ ထိုအတိုင်းပင် မဟုတ်လော။

နင်းဖန်၏ ပါရမီသည် ဘယ်သောအခါမျှ ကျမ်းစာဆောင် နဝမထပ် မဟုတ်ခဲ့ချေ။

ဤသည်မှာ ကျမ်းစာဆောင် ၏ ကန့်သတ်ချက်သာ ဖြစ်သည်။

နင်းဖန်၏ ကန့်သတ်ချက် မဟုတ်ပေ။

ဤအတွေးဖြင့် လူတိုင်း၏စိတ်ဓာတ်များ အလွန် မြင့်တက်သွားခဲ့သည်။

နင်းဖန်သည် ဆေးစွမ်း မည်မျှ စုပ်ယူနိုင်မည်ကို သူတို့ အတော်လေး မျှော်လင့်နေမိသည်။

လူတိုင်း အောက်ဘက်ရှိ မြင်ကွင်းကို ခဏတာ အာရုံစိုက်နေခဲ့ကြ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် သုံးရက် ကုန်လွန်သွားခဲ့သည်။

လူတိုင်းက သူတို့၏ စိတ်ရှည်မှုကို ထိန်းထားပြီး နင်းဖန် ၏ ကျင့်ကြံမှုကို ဂရုတစိုက် စောင့်ကြည့်နေခဲ့သည်။

ယနေ့ ညနေခင်း အထိ။

နင်းဖန်၏ ခေါင်းထက်တွင် ဖရိုဖရဲ ချီ များ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး နဂါး ပုံသဏ္ဌာန် ပုံရိပ်ယောင်တစ်ခုက သူ၏ ဘေးပတ်ပတ်လည်တွင် ကူးခတ်ကာ အနည်းငယ် လှည့်ပတ်ပြီးနောက် သူ၏ နဖူးမှတ် သို့ ပြေးဝင်သွားခဲ့သည်။

ဘာမှ မဖြစ်ခဲ့သကဲ့သို့ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

သို့သော် အကြီးအကဲများမှာ အလွန် စိတ်လှုပ်ရှားနေကြသည်။

ရှောင်ချာ ၏ မျက်လုံးများမှာ လင်းလက်သွားပြီး ပြောလိုက်သည်။

“ကျင့်ကြံခြင်း ပြီးဆုံးသွားတဲ့အချိန်မှာ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခု ပေါ်လာတာက နတ်ဘုရား ဆေးလုံး ရဲ့ ဆေးစွမ်းအာနိသင် ကို ပြီးပြည့်စုံစွာ စုပ်ယူနိုင်ခြင်းရဲ့ လက္ခဏာပဲ... “

“ နင်းဖန်က စီနီယာအစ်မ ပြောသလိုပဲ ဆေးစွမ်းအာနိသင် ကို အပြည့်အဝ စုပ်ယူလိုက်ပြီပဲ “

အခြား အကြီးအကဲများ သည်လည်း အလွန် ဝမ်းသာသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ချီးကျူးသံများ ထွက်ပေါ်လာခဲ့၏။

တစ်ချိန်တည်းမှာပင်။

အောက်ဘက်ရှိ သိုင်းပညာ လေ့ကျင့်ရေးကွင်း ပေါ်တွင်။

နဂါး သည် သူ၏ နဖူးအမှတ် သို့ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် နင်းဖန်၏ မျက်လုံးများမှာ ရုတ်တရက် ပွင့်လာခဲ့သည်။

ဖရိုဖရဲ ချီ များဖြင့် ရစ်ပတ်ထားသော အလင်းတန်း တစ်ချက်သည် လေဟာနယ် နယ်ပယ် သို့ ပေါက်ကွဲထွက်သွားခဲ့၏။

သူသည် အဆင့်တစ်ခုကို ချိုးဖျက်ပေတော့မည်။

အခန်း (၇၈) အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ကြိုတင် ဖန်တီးခြင်း

သုံးရက်ဆက်တိုက် ခါးသီးစွာ ကျင့်ကြံပြီးနောက် နင်းဖန်သည် သူ၏ နယ်ပယ် ချိုးဖျက်မှု မတိုင်မီ နောက်ဆုံး အခိုက်အတန့်လေးတွင် နတ်ဘုရားအဆင့် ဆေးလုံး ၏ ဆေးစွမ်းအင်များကို ပြီးပြည့်စုံစွာ စုပ်ယူနိုင်ခဲ့လေသည်။

ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အင်အားများ ပဲ့တင်ထပ်မှုမှာ အရေးကြီးသော အမှတ် တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူ ခံစားနိုင်ပေသည်။

နောက်ထပ် မိနစ်အနည်းငယ်အတွင်း သူ၏ နယ်ပယ် သည် ချိုးဖျက်သွားမည် ဖြစ်လေသည်။

ဤသည်မှာ အမှန်တကယ်ပင် သီသီလေး လွတ်သွားခြင်းပင်။

အကယ်၍ သူသည် ဆေးစွမ်းအင်များကို သန့်စင်ရာတွင် အနည်းငယ် နောက်ကျခဲ့ပါက သူ ရှုပ်ထွေး သွားပေလိမ့်မည်။

နင်းဖန်သည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်ပြီးနောက် ရေရွတ်လိုက်လေသည်...။

"ဝိညာဉ်အင်အား က အရမ်းကို မြန်မြန် ကြီးထွားလာတာပဲ...၊ ငါ့ကို ဖျက်ဆီးပစ်လုနီးပါးပဲ...။"

ယခုအချိန်မှာ ထိုအကြောင်းကို တွေးတောနေရမည့် အချိန် မဟုတ်သေးချေ။ သူ မတ်တတ်ရပ်ကာ သိုင်းပညာ လေ့ကျင့်ရေးကွင်း ပေါ်ရှိ လေးလံသော ကိရိယာ အချို့ဆီသို့ လျှောက်သွားခဲ့လေသည်။

သူ၏ ချိုးဖျက်မှု အကြိုကာလတွင် ဤ ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး ကို စားသုံးခြင်းက သူ့အား အတိအကျ မည်မျှ အင်အားကို ပေးစွမ်းခဲ့ကြောင်း သူ စမ်းသပ်လိုခဲ့သည်။

စကားတစ်ခွန်းမှ မပြောဘဲ လက်ကိုင်အလေးတုံး တစ်ခုဆီသို့ သူ လက်လှမ်းလိုက်လေသည်။

ဤသည်မှာ ယခင်အရာများနှင့် မတူဘဲ အထူး ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားသော လက်ကိုင်အလေးတုံး ဖြစ်၏။ အပိုင်းအစ သေးသေးလေး တစ်ခုတည်းကပင် သာမန် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အထွတ် အထိပ် ကျင့်ကြံသူ တစ်ဦးကို သေအောင် ဖိချေနိုင်စွမ်း ရှိသည်ဟု ဆိုကြလေသည်။

နင်းဖန်သည် ယခင်က သူ၏ အကန့်အသတ်များကို သိရှိထားပြီး သူ၏ အင်အားကို စမ်းသပ်ရန် ၎င်းကို ဘယ်သောအခါမျှ အသုံးမပြုခဲ့ချေ။

သို့သော် ယခု အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ ဖြစ်၏။

နင်းဖန်သည် လက်ကိုင်အလေးတုံး တစ်ခုကို ဆွဲယူလိုက်ပြီး အလေးချိန် အမှတ်အသားကိုပင် မကြည့်ဘဲ ချက်ချင်း အင်အားစိုက်ထုတ်လိုက်လေသည်။

"ဝုန်း... "

လက်ကိုင်အလေးတုံး သည် မြေကြီးပေါ်မှ ကြွတက်သွားပြီး အမြန်နှုန်းကြောင့် ၎င်းသည် တိုတောင်းပြီး လေတိုက်ခတ်သံ တစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။

နင်းဖန်သည် ၎င်းကို အထက်သို့ မြှောက်ထားပြီး သူ၏ ညာဘက်လက်မောင်းမှာ လုံးဝ ဖြောင့်တန်းနေ ကာ သူ၏ မျက်နှာတွင် အသက်ရှူမဝသည့် လက္ခဏာ လုံးဝ မပြသနေခဲ့ချေ။

သူ ဘယ်ဘက်လက်မောင်းသို့ ပြောင်းလိုက်ရာ ထိုနည်းတူပင် အားစိုက်ထုတ်စရာ မလိုခဲ့ချေ။

ဤသည်က သူ့ကို ခေါင်းခါသွားစေပြီး အလေးချိန်ကို စတင် တိုးမြှင့်လိုက်လေတော့သည်။

အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် သူသည် နောက်ဆုံးတွင် အားစိုက်ရသည်ဟု ထင်ရသော လက်ကိုင်အလေးတုံး တစ်ခုသို့ ပြောင်းလိုက်လေသည်။

သူ ၎င်းကို လုံးဝ မြှောက်လိုက်သောအခါ နင်းဖန်သည် ၎င်းကို ငါးစက္ကန့်ခန့် ကိုင်ထားနိုင်ခဲ့လေ၏။

ဤသည်မှာ သူ၏ အကန့်အသတ်ဖြစ်ကြောင်း သိလိုက်သဖြင့် လက်ကိုင်အလေးတုံး ကို မြေကြီးပေါ်သို့ ပစ်ချလိုက်လေတော့သည်။

အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူသည် အလေးချိန် အမှတ်အသားကို မသိသောအရာတစ်ခုကို ဖွင့်ဖောက်ကြည့်သကဲ့သို့ ကြည့်လိုက်လေသည်။

ကိန်းဂဏန်းတစ်ခုသည် ရှင်းလင်းစွာ မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်

[ဂျင် ကိုးသိန်း]

ဤရလဒ်ကြောင့် နင်းဖန်သည် ချက်ချင်း ဝမ်းသာအားရ ပြုံးလိုက်လေသည်။

သူ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပဉ္စမအလွှာ သို့ ပထမဆုံး ဝင်ရောက်စဉ်က သူ၏ လက်တစ်ဖက်တည်း အင်အားမှာ ဂျင် လေးသိန်းလေးသောင်းသာ ရှိကြောင်း သင် သိထားရမည် ဖြစ်သည်။

သို့သော် ယခုတော့ ၎င်းမှာ တိုက်ရိုက် နှစ်ဆ ဖြစ်သွားခဲ့ခြင်းပင်ဖြစ်၏။

သူသည် မူလအစ ကမ္ဘာဦး ဆေးရည် ကို အသုံးပြုစဉ်ကသာ အလွှာငယ် တစ်ခုအတွင်း ဤကဲ့သို့ နှစ်ဆ တိုးမှုကို တစ်ကြိမ်သာ ကြုံဖူးခဲ့လေသည်။

ဒသမအဆင့် နတ်ဘုရားအဆင့် ဆေးလုံး သည် အမှန်တကယ်ပင် အံ့မခန်းဖြစ်သည်ဟုသာ ဆိုနိုင်ပေ သည်။

ထို့အပြင် နင်းဖန်ကို အမှန်တကယ် ပျော်ရွှင်စေသော အခြား အရာတစ်ခု ရှိသေးသည်။ သူ၏ အမြင့်ဆုံး အခြေခံအုတ်မြစ် သည် အချိန်ဇယားထက် စော၍ အောင်မြင်သွားခဲ့ပြီ ဖြစ်လေသည်။

ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ၏ တတိယ၊ ဆဋ္ဌမ နှင့် နဝမ အလွှာများသည် ရုပ်ခန္ဓာကိုယ် ၏ အင်အားကို နှစ်ဆ တိုးစေနိုင်ပေသည်။

သူ ယခု ချိုးဖျက်တော့မည်ဖြစ်ပြီး သူ၏ လက်တစ်ဖက်တည်း အင်အားသည် မျက်စိတစ်မှိတ်အတွင်း ဂျင် (၁.၈) သန်း သို့ ရောက်ရှိသွားမည် ဖြစ်လေသည်။

ထို့အပြင် အမြင့်ဆုံး အခြေခံအုတ်မြစ် အတွက် စံနှုန်းမှာ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအလွှာ တွင် ရုပ်ပိုင်းဆိုင်ရာ အင်အား ဂျင် (၁.၆) သန်းသို့ ရောက်ရှိရန် ဖြစ်သည်။

သူသည် ပစ်မှတ်ထက် ကျော်လွန်သွားပြီ ဖြစ်သည်။

"ဝုန်း... "

နင်းဖန် ဤသို့ တွေးနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ အရိုးများနှင့် ကြွက်သားများ ပေါက်ကွဲသံများ ရုတ်တရက် ထွက်ပေါ်လာပြီး ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့် ကျင့်ကြံခြင်း၏ ထူးခြားသော ခမ်းနား သည့် စွမ်းအားလှိုင်းတစ်ခု ကျဆင်းလာခဲ့လေသည်။

ချိုးဖျက်ခြင်း။

ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအလွှာ။

သူ တွေးထားသည့်အတိုင်းပင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများ လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

နင်းဖန်သည် ဆက်မစောင့်နိုင်တော့ဘဲ ပိုမို လေးလံသော ကိရိယာများကို ရှာဖွေရန် သိုင်းပညာ လေ့ကျင့် ရေးကွင်း အတွင်းပိုင်းသို့ လျှောက်သွားခဲ့လေသည်။

ဂျင် (၁.၈) သန်း အလေးချိန် အမှတ်အသားပြုထားသော ဧရာမ အိုးကြီး တစ်လုံးကို သူ မြင်တွေ့လိုက် ရလေသည်။

သူသည် အိုး၏ ခြေထောက်ကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ကျွေးကြော်သံဖြင့် ၎င်းကို သူ၏ ခေါင်းပေါ်သို့ မြှောက်လိုက်လေသည်။

အံ့သြစရာ မရှိပေ။ ခိုင်မာသော ဂျင် (၁.၈) သန်းရှိ လက်တစ်ဖက်တည်း အင်အား။

ထို့အပြင် ဂျင် လေးသိန်းလေးသောင်းမှ ဤလက်ရှိ အဆင့်သို့ ရောက်ရန် အလွှာငယ် တစ်ခု၏ ကျင့်ကြံ ခြင်းသာ ကြာမြင့်ခဲ့လေသည်။

၎င်းသည် ဒဏ္ဍာရီလာ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နတ်ဘုရားအဆင့် ဆေးလုံး ဟူသော နာမည်နှင့် အမှန် တကယ် ထိုက်တန်သည်ဟု ဆိုနိုင်ပေသည်။

ရိုးရှင်းစွာပင် ယုံကြည်နိုင်စရာ မရှိလှချေ။

သူ၏ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ဘဲ နင်းဖန်သည် သိုင်းပညာ လေ့ကျင့်ရေးကွင်း ပေါ်တွင် အဆက်မပြတ် လေ့ကျင့်နေခဲ့ပြီး ဧရာမ အိုးကြီး နှင့် ကျောက်တုံး ထမ်းပိုး ကို အလွန် အားရပါးရ လွှဲယမ်းနေသဖြင့် ၎င်းတို့သည် လေထဲတွင် တဝီဝီ မြည်နေခဲ့လေသည်။

သူ၏ ခန္ဓာကိုယ်အတွင်း လှိုင်းထနေသော စွမ်းအားများနှင့် လုံးဝ အသားကျသွားပြီးနောက်မှသာ သူ အသံကျယ်ကျယ်ဖြင့် ရယ်မောကာ မြေကြီးပေါ်တွင် လှဲလျောင်းလိုက်ပြီး ရေရွတ်လိုက်သည်...။

"လက်တစ်ဖက်တည်း အင်အားက ဂျင် (၁.၈) သန်း၊ အဲဒါက တန် (၉၀၀) ရှိတယ်... ဒါက ငါ ကူးပြောင်း ခြင်း မတိုင်မီကသာဆိုရင် ငါက အခြေခံအားဖြင့် စူပါမန်း ပဲပေါ့...။"

နင်းဖန်၏ အတွေးများ လွင့်မျောသွားကာ သူ တွေးတောနေခဲ့လေသည်။

ဤကမ္ဘာသို့ ကူးပြောင်းလာပြီး ထူးခြားသော စွမ်းအားများ ရရှိကတည်းက သူ ချိုးဖျက်တိုင်း ၎င်းကို ကမ္ဘာမြေ၏ ပတ်ဝန်းကျင်နှင့် နှိုင်းယှဉ်ရသည်ကို သူ နှစ်သက်ပေသည်။

တန် (၉၀၀) ဆိုသည်မှာ နည်းသော အရေအတွက် မဟုတ်ချေ။ ၎င်းသည် အရွယ်ရောက်ပြီးသော အာဖရိက ဆင် အကောင် (၁၈၀) ၏ အလေးချိန်နှင့် ညီမျှပေသည်။

၎င်းမှာ သူ၏ အားကစား စွမ်းရည်သည် စိတ်ကူး၍မရနိုင်သော အဆင့်သို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း ဆိုလိုသည်။ သူ ပြေးနေစဉ် ခြေလှမ်းတိုင်းသည် မြေကြီးပေါ်တွင် ဥက္ကာခဲ တွင်းတစ်ခုကဲ့သို့ ခြေရာတစ်ခု ချန်ထားခဲ့မည်သာ ဖြစ်လေသည်။

ရပ်နေရင်း ပေါ့ပေါ့ပါးပါး ခုန်လိုက်ရုံဖြင့် ကမ္ဘာမြေ၏ အနိမ့်ပိုင်း ဂြိုဟ်ပတ်လမ်း သို့ ရောက်ရှိနိုင်ပြီး မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာသောအခါ ဒေသတွင်း ငလျင်တစ်ခုကို ဖြစ်ပေါ်စေမည်သာ ဖြစ်၏။

သူ၏ တိုက်ခိုက်မှုနှင့် ကာကွယ်မှုမှာ ပို၍ပင် ပြိုင်ဘက်ကင်းပေသည်။

လက်တစ်ဖက်တည်းတွင် ဂျင် (၁.၈) သန်းဖြင့် သံကူကွန်ကရစ် အဆောက်အအုံများကို လက်သီးဖြင့် ထိုးဖောက်ခြင်းမှာ စက္ကူကို ဆုတ်ဖြဲခြင်းနှင့် ကွာခြားမည် မဟုတ်ချေ။

ခေတ်သစ် ခြေလျင်တပ် လက်နက်များမှာ လုံးဝ အသုံးမဝင်တော့ချေ၊ ဒုံးကျည် တိုက်ရိုက် ထိမှန်မှုက သာ အနည်းငယ် ထိခိုက်မှုကို ဖြစ်စေနိုင်ပေလိမ့်မည်။

ဤသည်ကို တွေးမိသောအခါ နင်းဖန်သည် အလွန် ယုံကြည်နိုင်စရာ မရှိလောက်အောင် ခံစားလိုက်ရပြီး ရေရွတ်လိုက်လေသည်...။

"ဒီလောက် ကြီးမားတဲ့ အင်အားနဲ့ဆိုတော့ ရှေးခေတ်တုန်းက ဟိန်းဟောက်သံနဲ့ တောင်တွေနဲ့ မြစ်တွေကို အပိုင်းပိုင်းအစစ ဖြစ်အောင် လုပ်နိုင်ပြီး လက်သီးတစ်ချက်တည်းနဲ့ တောင်ထိပ် တွေကို ချေမှုန်းနိုင်တဲ့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအလွှာ ကျင့်ကြံသူတွေ ရှိခဲ့တာ အံ့သြစရာ မဟုတ်ပါဘူးလေ...။"

ဤသည်မှာ သိုင်းပညာ အဆင့်မြင့်၊ စိတ်ကူးယဉ် အဆင့်မြင့် မဟာ ကမ္ဘာတစ်ထောင် ဖြစ်ကြောင်း သူ အချိန်အတော်ကြာကတည်းက သိထားခဲ့သော်လည်း ၎င်းကို စာအုပ်များတွင် မြင်တွေ့ရခြင်းက နောက်ဆုံးတွင် ကိုယ်တိုင် ကြုံတွေ့ရခြင်းလောက် မတုန်လှုပ်စေခဲ့ချေ။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤကမ္ဘာ၏ ထိပ်တန်းအဆင့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ပါရမီရှင် တစ်ဦး သည် သမားရိုးကျ ကျင့်ကြံခြင်း လောကမှ ရွှေအူတိုင် သို့မဟုတ် စိတ်ဝိညာဉ်သန္ဓေသား ကို လက်သီး တစ်ချက်တည်းဖြင့် ပေါက်ကွဲစေပြီး သတ်ဖြတ်နိုင်ဖွယ် ရှိပေသည်။

သဘာဝကျစွာပင် ဤသည်မှာ နတ်ဘုရားစွမ်းရည်များ နှင့် မှော်ပညာ များကို မရေတွက်ထားချေ။

ရုပ်ပိုင်းဆိုင်ရာ သေစေနိုင်မှု အကြောင်းကိုသာ ပြောရလျှင် အနီးကပ် တိုက်ခိုက်ရာတွင် စိတ်ဝိညာဉ် သန္ဓေသား ကျင့်ကြံသူတစ်ဦးသည် အမြင့်ဆုံး အခြေခံအုတ်မြစ် လက်သီးတစ်ချက်မှ ဂျင် သန်းပေါင်း များစွာ၏ ပေါက်ကွဲအားကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

"ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နယ်ပယ် ဟာ တာအို အားလုံးအတွက် အခြေခံအုတ်မြစ် ရဲ့ အစပြုခြင်းဖြစ် ပြီး သူ့ရဲ့ နက်ရှိုင်းမှုက လူတစ်ယောက်ရဲ့ အပေါ် ကန့်သတ်ချက်ကို တိုက်ရိုက် ဆုံးဖြတ်တယ်လို့ စာအုပ် တွေက ပြောတယ်...။"

"ငါ့ဘာသာငါ မျက်ကန်းတစ္ဆေမကြောက် ကျင့်ကြံခဲ့တဲ့ ဒီ အမြင့်ဆုံး အခြေခံအုတ်မြစ် က တော်တော် လေး ကောင်းလောက်မှာပဲနော်...။"

ဤကမ္ဘာရှိ အခြားသော ထိပ်တန်း ပါရမီရှင်များ မည်သို့ရှိသည်ကို နင်းဖန် မသိသလို ဂိုဏ်းသည်လည်း အလွတ်ဖြစ်နေသဖြင့် သူ့ကို ရှင်းပြပေးမည့်သူ မရှိချေ။

သို့သော် သူ နောက်ကျမနေလောက်ဘူးဟု သူ တွက်ဆခဲ့သည်။

သူသည် ထိုက်ရီအစစ်အမှန်ဂိုဏ်း တစ်ခုလုံးတွင် သူ့အတွက် နာမည်တစ်ခု ဖန်တီးနိုင်သင့်ပေသည်။

ပိုမို အားကောင်းလာရခြင်း၏ ခံစားချက်ကို အချိန်အနည်းငယ် ကြာအောင် အရသာခံပြီးနောက် သူသည် နောက်ဆုံးတွင် မတ်တတ်ရပ်ကာ သိုင်းပညာ လေ့ကျင့်ရေးကွင်း မှ ထွက်ခွာခဲ့လေသည်။

သူသည် ပျံသန်းသည့်လှေပေါ်သို့ ခုန်တက်ကာ သူတော်စင်မိန်းမပျို နန်းတော် ဆီသို့ ပျံသန်းသွားခဲ့လေ ၏။

သူတော်စင်မိန်းမပျို၏ အေးစက်သော ကုတင်ပေါ်တွင် ကောင်းကောင်း အိပ်စက်ရန် သူ ဆုံးဖြတ်လိုက် သည်။

ထိုစဉ် နင်းဖန် သူ၏ ချိုးဖျက်မှု ပြီးဆုံးပြီး ဂျင် တစ်သန်းရှိ ကျောက်တုံး ထမ်းပိုး ဖြင့် လေ့ကျင့်နေချိန် မှာပင် ထိုက်ရီအကြွင်းအကျန်နယ်မြေ တစ်ခုလုံးအတွင်း အထက်မှ အောက်သို့ အရာအားလုံး ပေါက်ကွဲထွက်သွားခဲ့လေသည်။

တပည့်များက အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်ကြလေသည်...။

"ငါ အမြင်မှားနေတာများလား...၊ လက်တစ်ဖက်တည်း အင်အားက ဂျင် (၁.၈) သန်း တဲ့လား...။"

"ဒါ... ဒါ... ဒါ...၊ အမြင့်ဆုံး အခြေခံအုတ်မြစ် အတွက် စံနှုန်းက ဂျင် (၁.၆) သန်းပဲလေ...။ ပြီးတော့ အဲဒါ က ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအလွှာ အတွက် စံနှုန်းပဲ...။"

"သူက အလွှာငယ် သုံးခုတိတိ စောနေတာပဲ...၊ အဲဒါက အံ့မခန်းပဲ...။"

"ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအလွှာ မှာ ဂုဏ်ကျက်သရေရှိတဲ့ အစစ်အမှန်တပည့် ဂုဏ်ထူးဆောင် တစ်ယောက်အနေနဲ့ ငါ့ရဲ့ လက်တစ်ဖက်တည်း အင်အားက ဂျင် နှစ်သိန်းရှစ်သောင်းပဲ ရှိခဲ့တယ်ဆိုတာ တွေးကြည့်တော့...၊ ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်ရတာ တကယ်ကို ဒေါသထွက်စရာပဲ...။"

"ဒါနဲ့ သူက အခုဒီအဆင့်ကို ရောက်နေပြီဆိုတော့ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအလွှာ ကို ရောက်သွား ရင် သူ ဘယ်အဆင့်မှာ ရှိနေမလဲ...။ သူ့ရဲ့ လက်မောင်း အင်အားက ဂျင် သုံးသန်း ကျော်သွားမလား...။"

"မသေချာတဲ့ လေသံကို ဖယ်လိုက်ပါ...။ နင်းဖန်က ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအလွှာ ကို ရောက်တဲ့ အခါ သူ့ရဲ့ လက်မောင်း အင်အားက ဂျင် သုံးသန်း သေချာပေါက် ကျော်သွားလိမ့်မယ်...။"

"ဟုတ်တယ်...၊ နဝမအလွှာ က တိုးတက်မှုကို နှစ်ဆ ဖြစ်စေဖို့ နောက်ထပ် အခွင့်အရေး တစ်ခု ပေးစွမ်း တယ်လေ...။ နင်းဖန်က သတ္တမ နဲ့ အဋ္ဌမ အလွှာ တွေမှာ လုံးဝ မကျင့်ကြံရင်တောင် သူ့ရဲ့ လက်ရှိ အင်အား တစ်ခုတည်းကတင် နဝမအလွှာ ကို ချိုးဖျက်တဲ့အခါ သူ့ရဲ့ စွမ်းအားကို ဂျင် (၃.၆) သန်းအထိ တွန်းပို့ပေးလိမ့်မယ်...။"

"အရမ်း ကြောက်စရာကောင်းတယ်...၊ တခြား အမြင့်ဆုံး အခြေခံအုတ်မြစ် တွေဆိုရင် သူ့ရှေ့မှာ အရိုက် ခံရဖို့ပဲ ရှိတော့တယ်...။"

"ငါတို့ ထိုက်ရီအစစ်အမှန်ဂိုဏ်း ရဲ့ သမိုင်းကြောင်း တစ်ခုလုံးကို ကြည့်ရင်တောင် ရုပ်ခန္ဓာကိုယ်သန့်စင် ခြင်း အဆင့်မှာ နင်းဖန်နဲ့ ရင်ပေါင်တန်းနိုင်တဲ့သူ ဘယ်သူမှ မရှိဘူး မဟုတ်လား...။"

နင်းဖန်၏ ဂျင် (၁.၈) သန်းရှိ လက်မောင်း အင်အား ပေါ်လာသောအခါ အားလုံး မှင်တက်သွားကြသည်။

တစ်စုံတစ်ယောက်သည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအလွှာ တွင် အမြင့်ဆုံး အခြေခံအုတ်မြစ် အတွက် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နဝမအလွှာ စံနှုန်းကို အချိန်မတိုင်မီ အောင်မြင်နိုင်လိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြချေ။

ဤသည်မှာ ရိုးရှင်းစွာပင် ဘီလူးတစ်ကောင်ကဲ့သို့ပင်။

မည်သည့် ရှေးဟောင်း ကြမ်းတမ်းသော သားရဲ ပေါက်စ၊ သို့မဟုတ် ရှေးဟောင်း ခေတ်၏ သူတော်စင် ခန္ဓာကိုယ်၊ နတ်ဘုရား ခန္ဓာကိုယ် နှင့် အရှင်သခင် ခန္ဓာကိုယ် တို့မဆို နင်းဖန်၏ သေမျိုးခန္ဓာကိုယ် ရှေ့တွင် လုံးဝ အရေးမပါတော့ချေ။

လျှို့ဝှက်နယ်မြေ ၏ အဓိက စက်ဝိုင်း အတွင်း၌လည်း ထိုနည်းတူပင် ဂနာမငြိမ် ဖြစ်နေကြသည်။

ဂိုဏ်း၏ အစစ်အမှန်တပည့် များ အားလုံး မှင်တက်နေကြလေသည်။

"ကမ္ဘာဦး အပျက်အစီး ကင်းမဲ့သော ခန္ဓာကိုယ် မူလအစ ဆေးလုံး က တကယ်ပဲ ဒီလောက် အားကောင်း တာလား...။"

"ဒီအင်အားက...၊ ငါ့ရဲ့ စိတ်ဝိညာဉ်ပုံသွင်းခြင်း အလယ်အလတ် အဆင့် ကျင့်ကြံမှုနဲ့တောင် ငါက သူ့လောက် အားမကောင်းနိုင်ဘူး...။"

"ဒါနဲ့ နင်းဖန်က အဲဒါကို ဘာဆိုလိုတာလဲ...၊ 'ငါ့ဘာသာငါ မျက်ကန်းတစ္ဆေမကြောက် ကျင့်ကြံခဲ့တဲ့ ဒီ အခြေခံအုတ်မြစ် က တော်တော်လေး ကောင်းလောက်မှာပဲနော်' ဆိုတာ ဘာအဓိပ္ပာယ်လဲ...။"

"သူက သူ့ရဲ့ ကိုယ်ပိုင် အင်အားနဲ့ ပတ်သက်ပြီး ဘာမှ မသိတဲ့ပုံရတယ်...။"

"ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်မှာ သူ့ရဲ့ အောင်မြင်မှုတွေက မကြုံစဖူး ဖြစ်ပြီး ပါရမီရှင် တွေ အားလုံး ကို သာလွန်တယ် ဆိုတာကို တပည့်ခေါင်းဆောင် နင်း ကို ငါတို့ ဘယ်လိုများ ပြောပြရမလဲ...။"

"ကြည့်... သူတော်စင်က အံ့သြလွန်းလို့ ဒူးထောက်တော့မယ့်ပုံပဲ...။"

"ရှူး... အသံတိတ်တိတ်နေ...၊ ငါတို့ရဲ့ အစ်ကိုဇူ လည်း မျက်နှာ ပျက်လို့ မဖြစ်ဘူးလေ...။"

"ဟင်း...၊ ဂိုဏ်းရဲ့ ထိပ်တန်း တပည့် နေရာအတွက် ယှဉ်ပြိုင်ဖို့ ဒီလို ဘီလူးမျိုးနဲ့ တွေ့ရင် ဘယ်သူကများ ပြိုလဲမသွားဘဲ နေပါမလဲ...။"

"ဒါပေမယ့် ငါတို့ရဲ့ အကြီးအကဲတွေ အားလုံးကတော့ အရမ်း စိတ်လှုပ်ရှားနေပုံရတယ်...။"

အစစ်အမှန်တပည့် များ သတိပြန်ဝင်လာပြီးနောက် သူတို့ အားလုံး အံ့အားသင့်စွာဖြင့် ဆွေးနွေးလိုက် ကြလေသည်။

တစ်ချိန်တည်းမှာပင် သူတော်စင်၏ ခြေထောက်များ ပျော့ခွေသွားကာ လေလျှော့ထားသော ပူဖောင်း တစ်ခုကဲ့သို့ မည်သည့် ဂုဏ်သိက္ခာမျှ မရှိဘဲ မြေကြီးပေါ်တွင် လျှောကျ ထိုင်ချလိုက်သည်ကို မြင်သော အခါ အားလုံး မျက်နှာရှုံ့မဲ့သွားကြလေတော့သည်။

အခြားတစ်ဖက်ကို ကြည့်လိုက်ရာ အကြီးအကဲများစွာမှာ ဝမ်းသာအားရ ကခုန်နေကြပြီး သူတော်စင်၏ ကမ္ဘာကြီး ပြိုလဲသွားသည့် ပုံရိပ်နှင့် ပြတ်သားသော ဆန့်ကျင်ဘက်ကို ဖြစ်ပေါ်စေခဲ့လေသည်။

၎င်းမှာ နက်ရှိုင်းသော သက်ပြင်းချမှုများနှင့် စိတ်ခံစားမှုများကို အမှန်တကယ် ဖြစ်ပေါ်စေသော မြင်ကွင်း တစ်ခုပင်။

ဥပမာအားဖြင့် ယခုအချိန်တွင် ရွှီယိုဝေသည် ဝမ်းသာအားရဖြင့် အသံကျယ်ကျယ် ရယ်မောနေသည်ကို ကြားနိုင်ပေသည်...။

"နင်းဖန်ရဲ့ နတ်ဘုရား စွမ်းအားက ပြိုင်ဘက်ကင်းပဲ...။ သူက သမိုင်းတစ်လျှောက် ပါရမီရှင် တွေ အားလုံးရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေတယ်...။"

"တပည့်ခေါင်းဆောင် ဖြစ်တာက သူ့အတွက် နိမ့်ကျတယ်လို့ ငါ ထင်တယ်...၊ စီနီယာအစ်ကိုဂိုဏ်းချုပ်... ခင်ဗျား ရာထူးကနေ ဆင်းပေးပြီး ဂိုဏ်းချုပ် နေရာကို သူ့အတွက် ဖယ်ပေးလိုက်ရင် မကောင်းဘူး လား...။"

အစစ်အမှန်တပည့် များ အားလုံး ဤသည်ကို ကြားသောအခါ အသက်ရှူမှားသွားကြလေတော့သည်။

"ဘုရားရေ ဂိုဏ်းချုပ်ကို နင်းဖန်အတွက် ထီးနန်းစွန့်ရန် အတင်းအကျပ် ခိုင်းစေသည့် ပြဇာတ်ပင် ပေါ်လာခဲ့ပြီ….။"

"ဒါ တကယ်ပဲလား...။"

ဂိုဏ်းချုပ်သည် သူ၏ လက်အစွပ်များကို ခေါက်တင်ရင်း ပို၍ပင် အသံကျယ်ကျယ် ရယ်မောလိုက် လေသည်...။

"ငါ အပျော်ဆုံး အချိန်မှာ မင်းကို ပါးရိုက်ဖို့ အတင်း မခိုင်းချင်နဲ့နော်...။"

ရွှီယိုဝေ အလျင်အမြန် ပါးစပ် ပိတ်သွားခဲ့လေသည်။ အခြားအကြီးအကဲများလည်း ရယ်မောလိုက်ကြ လေသည်။

ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဆဋ္ဌမအလွှာ တွင် အမြင့်ဆုံး အခြေခံအုတ်မြစ် ကို ဖန်တီးခြင်းသည် ရိုးရှင်းစွာ ပင် တစ်ခါမှ မကြားဖူးချေ။

ဖြစ်နိုင်သည်မှာ ဝေးကွာလှသော ရှေးဟောင်း ခေတ်တွင် တစ်စုံတစ်ယောက်က ၎င်းကို လုပ်ဆောင်နိုင်ခဲ့ မည် ဖြစ်သော်လည်း သူတို့သည် နင်းဖန်လောက် သေချာပေါက် ကောင်းမွန်မည် မဟုတ်ချေ။

ထို့ကြောင့် အကြီးအကဲများ အားလုံး အလွန် ဝမ်းသာနေကြပြီး နင်းဖန်သည် သမိုင်းရှိ ပါရမီရှင် အားလုံး အတွက် အပေါ် ကန့်သတ်ချက်ကို ပြန်လည် သတ်မှတ်လိုက်ကြောင်း တညီတညွတ်တည်း သဘောတူခဲ့ ကြလေသည်။

ဂိုဏ်းတွင် ထိုကဲ့သို့သော ပါရမီရှင် တစ်ဦး ရှိနေသဖြင့် ၎င်း ကြီးပွားတိုးတက်မည် မဟုတ်ဟု အဘယ် ကြောင့် စိုးရိမ်နေရပါမည်နည်း။

All Chapters