← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 11 Ch. 103-104

အခန်း (၁၀၃) ကြီးမားသောကံတရား အကျိုးဆက်ကို ဖျက်ဆီးခြင်း.... နတ်ဘုရားဘုရင် ဆယ့်သုံးပါး၏ ဓမ္မပုံရိပ်ယောင်များ

ခမ်းနားကြီးကျယ်သော ဧရာမမြို့တော်ကြီးအတွင်း၌...

ဤကဲ့သို့သော ခမ်းနားကြီးကျယ်သည့် သဘာဝလွန်ဖြစ်စဉ်၏ အဓိကအကြောင်းအရင်းဖြစ်သော ခုံးဝူတောက်သည် အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို လုံးလုံးလျားလျား သတိမထားမိခဲ့ချေ။

သူ၏ပါရမီသည် ယခင်ကတည်းက ပြိုင်ဘက်ကင်း ဖြစ်နေခဲ့လေပြီ။

ဤရက်အနည်းငယ်ကြာ ကျင့်ကြံပြီးနောက်....

သူ၏ကျင့်ကြံဆင့်နယ်ပယ် အတားအဆီးများ ထပ်မံ၍ ပြေလျော့သွားခဲ့ပြီး နတ်ဘုရားဘုရင်နယ်ပယ်သို့ အဆင့်ချိုးဖျက်ဝင်ရောက်ရန် နီးကပ်နေပေ၏။

အကယ်၍ သူသာ သူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် သူ ကိုယ်ပိုင်အသုံးပြုရန်အတွက် သူတော်စင်မဟာတာအို တစ်ခုကို ပေါင်းစည်းရန် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ငှားရမ်းနိုင်ပေမည်။

သူတော်စင်နယ်ပယ်သို့ တရားဝင် မတက်လှမ်းမီ နတ်ဘုရားဘုရင်နယ်ပယ်သည် အလွန်အရေးပါသော နယ်ပယ်တစ်ခုပင်။

နတ်ဘုရားဘုရင်နယ်ပယ်တွင် ချထားသော အခြေခံအုတ်မြစ်သည် သူတော်စင်နယ်ပယ် တွင် ရရှိနိုင်မည့် အောင်မြင်မှုများကိုပင် ဆုံးဖြတ်ပေးနိုင်သည်။

ဤကျင့်ကြံဆင့်နယ်ပယ်တွင် ကောင်းကင်နှင့်မြေကြီးဟူ၍ နတ်ဘုရားဘုရင်နယ်ပယ် လမ်းစဥ်နှစ်မျိုးရှိပေ၏။

ပထမတစ်ခုမှာ တစ်စုံတစ်ယောက်သည် သူ၏ သွေးမျိုးဆက် အခြေခံအုတ်မြစ်ကို အသုံးပြု၍ ခန္ဓာကိုယ်တစ်ခုလုံးရှိ မရီဒါန်းများကို ပို၍သန့်စင်ခြင်း လှိုဏ်ဂူအားလုံးကို အပြည့်အဝ ဖွင့်လှစ်ခြင်းနှင့် တာအိုနန်းတော်နယ်ပယ်တွင် ဖွဲ့စည်းထားသော တာအိုပလ္လင်များကို တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်းပင်။

ဒုတိယတစ်ခုမှာ သူ၏ မဟာတာအိုအပေါ် နားလည်သဘောပေါက်မှုအား အခြေခံအဖြစ် အသုံးပြုကာ ပို၍ထူးခြားသော မဟာတာအို လမ်းစဉ်ကို လျှောက်လှမ်းခြင်း ဖြစ်ပေ၏။

သို့ရာတွင် သူသည် ပျက်စီးခြင်းခေတ်အတွင်း၌ တာအိုနန်းတော်နယ်ပယ်သို့ ရောက်ရှိခဲ့စဉ်က...

လောကီနားလည်နိုင်စွမ်းထက် များစွာကျော်လွန်ကာ ထာဝရအကန့်အသတ်ကို ချိုးဖျက်၍ သာလွန်ထူးကဲသော တာအိုပလ္လင် ကိုးဆယ့်ကိုးခုကို ပေါင်းစည်းခဲ့သည်။

နတ်ဘုရားဘုရင်အဆင့်သို့ တက်လှမ်းရန်အတွက် ဤလမ်းစဉ်နှစ်ခုသည် သူ့အတွက် အကျုံးမဝင်ချေ။

မည်သို့ပင်ဆိုစေ အစစ်အမှန်အင်မော်တယ် တစ်ပါး၏ ပါရမီကို ပိုင်ဆိုင်ထားသည်ဟု ဆိုကြသော ပါရမီရှင်များပင်လျှင်....

တာအိုနန်းတော်နယ်ပယ်သို့ အဆင့်ချိုးဖောက်သောအခါ အများဆုံးအနေဖြင့် အထွတ်အထိပ် တာအိုပလ္လင် သုံးဆယ့်သုံးခုကိုသာ ပေါင်းစည်းနိုင်ခဲ့ကြသည်။

သို့သော် သူသည် ကိုးဆယ့်ကိုးခုကို ပေါင်းစည်းနိုင်ခဲ့ရုံသာမက ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်း သာလွန်ထူးကဲသော တာအိုပလ္လင်များကိုလည်း ပေါင်းစည်းနိုင်ခဲ့ပေသည်။

သူသည် သာလွန်ထူးကဲမှုလမ်းစဉ်ကို လျှောက်လှမ်းရန် မွေးဖွားလာခဲ့သည်ဟု ဆိုနိုင်ပေ၏။

အင်မော်တယ်ဧကရာဇ်ဆိုသည်မှာ ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ တသက်တာ လိုက်လံရှာဖွေမှု ဖြစ်ကောင်းဖြစ်နိုင်သည်။

သို့ရာတွင် သူ့အတွက်မူ ဤသည်မှာ သူ၏ အနာဂတ်လမ်းစဉ်ပေါ်ရှိ နယ်ပယ်ငယ်လေး တစ်ခုသာဖြစ်သည်။

သူ ရရှိလိုသည့်အရာမှာ လောကကြီးထက် ကျော်လွန်ကာ မဟာတာအို၏အထက်ရှိ အင်မော်တယ်ဧကရာဇ်ထက်ပင် အမှန်တကယ် သာလွန်သည့်အရာ ဖြစ်ပေ၏။

"အရင်က စနစ်ရဲ့ အကူအညီကို ရပြီးတဲ့နောက် ငါက မဟာတာအို အပိုင်းအစတွေ အများကြီးကို ရရှိခဲ့ပြီးတော့ သူတော်စင်နယ်ပယ် မတိုင်ခင်မှာ ထိပ်တန်း မဟာတာအို အများကြီးကို ကြိုတင်ပြီး နားလည်သဘောပေါက်နိုင်ခဲ့တယ်..."

"အခု ဒီလိုအခွင့်အရေးမျိုး ရှိလာမှတော့ ဒီမဟာတာအို နားလည်သဘောပေါက်မှုတွေကို ငါ့ရဲ့ နတ်ဘုရားဘုရင်နယ်ပယ်ကို ချိုးဖျက်ဖို့ တွန်းအားတစ်ခုအဖြစ် ငါ ဘာလို့ မပြောင်းလဲရမှာလဲ..."

ဆုံးဖြတ်ချက်ချပြီးနောက် ခုံးဝူတောက်သည် ဆက်လက်၍ တွန့်ဆုတ်မနေတော့ချေ။

သူသည် မူလရုပ်ခန္ဓာကိုယ်ကြီးလေးခုကို အသက်သွင်းနေစဉ်တွင်....

ဤရက်များအတွင်း၌ သူ ကျွမ်းကျင်ထားသော မဟာတာအို နားလည်သဘောပေါက်မှုများကိုလည်း လှုံ့ဆော်လိုက်သည်။

ခုံးဝူတောက်၏အရှိန်အဝါ မြင့်တက်လာသည်နှင့်အမျှ ပေါများလှသော ဟုန်မုန့်ခရမ်းရောင်ချီများ စီးဆင်းနေသည့် ကြီးမားပြီး မြင့်မြတ်သော တာအိုပလ္လင် ကိုးဆယ့်ကိုးခုသည် သူ၏နံဘေးပတ်လည်တွင် ထွက်ပေါ်လာခဲ့ပေ၏။

ထိုတာအိုပလ္လင်တစ်ခုစီတွင် ပါဝင်သော အရှိန်အဝါသည် အစစ်အမှန် သာလွန်ထူးကဲမှု ပါဝင်နေသည့်အလား ဤနေရာ၏ အတိုင်းအတာထက် များစွာကျော်လွန်နေသည်။

နတ်ဘုရားဘုရင်အဆင့်သို့ ချိုးဖောက်ရန်အတွက် ဤတာအိုပလ္လင် ကိုးဆယ့်ကိုးခုကို လုံးလုံးလျားလျား ပေါင်းစည်းပြီး နတ်ဘုရားဘုရင် နတ်ဘုရားစွမ်းရည်တစ်ခုကို ဖွဲ့စည်းရန် လိုအပ်သည်။

ခုံးဝူတောက်သည် အပြည့်အဝ အာရုံစိုက်ထားပြီး သူ၏အတွေးများကို စုစည်းထားလေ၏။

သူ၏ ခန္ဓာကိုယ်အတွင်း၌ အချိန်ကြာမြင့်စွာ အိပ်စက်နေခဲ့သော စွမ်းအားများသည် ယခုအခါ ဆည်ကျိုးပေါက်သကဲ့သို့ ချန်လှပ်ထားခြင်းမရှိဘဲ ပေါက်ကွဲထွက်လာခဲ့သည်။

"ပေါင်းစည်းစမ်း..."

ခုံးဝူတောက်၏ တိုးညှင်းသော ရေရွတ်သံနှင့်အတူ....

သာလွန်ထူးကဲသော တာအိုပလ္လင် ကိုးဆယ့်ကိုးခုသည် နေရာတစ်ခုတည်းသို့ စုစည်းသွားကြပြီး ပို၍ပြင်းထန်ကာ မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းများ ပွင့်အံ့ထွက်လာပေ၏။

သာလွန်ထူးကဲမှု နှင့် သက်ဆိုင်ပုံရသော အရှိန်အဝါတစ်ရပ်သည် ဤအချိန်အခိုက်အတန့်တွင် ဖြည်းညင်းစွာ ကျဆင်းလာခဲ့သည်။

သို့ရာတွင် ခုံးဝူတောက်သည် သူ့ကို တားဆီးနေသော စွမ်းအားတစ်ခုကိုလည်း ခံစားလိုက်ရသည်။

ထိုစွမ်းအားသည် အထွတ်အထိပ် သာလွန်ထူးကဲမှုဆီသို့ ချဉ်းကပ်ခြင်းမှ သူ့ကို တားဆီးနေခြင်းပင်။

"ဟမ့်... ဒီလမ်းကို ငါ ရွေးချယ်ပြီးမှတော့ နောက်ဆုတ်ဖို့ကို ဘာလို့ ပြောနေအုံးမှာလဲ..."

ခုံးဝူတောက်သည် ဆက်လက်၍ ကြိုးစားအားထုတ်လိုက်၏။

ဓားမဟာတာအို နားလည်သဘောပေါက်မှု ရေခဲ မဟာတာအို နားလည်သဘောပေါက်မှု ဟင်းလင်းပြင် မဟာတာအို နားလည်သဘောပေါက်မှု ဖရိုဖရဲ မဟာတာအို နားလည်သဘောပေါက်မှုနှင့် မကြာသေးမီက ခုံးဝူတောက် ရရှိခဲ့သော တခြားသော မဟာတာအို နားလည်သဘောပေါက်မှု အများအပြားသည် ဤအခိုက်အတန့်တွင် ဥပဒေသသံကြိုးများအဖြစ် အသွင်ပြောင်းသွားကြ၏။

ထိုအရာများသည် သာလွန်ထူးကဲသော တာအိုပလ္လင် ကိုးဆယ့်ကိုးခုဆီသို့ အဆက်မပြတ် ဆန့်တန်းသွားကြသည်။

တစ်ချိန်တည်းမှာပင် ...

ကောင်းကင်ဘုံများနှင့်အသင်္ချေနယ်မြေများ၏ အဆုံးတွင် အချိန်လေဟာနယ် တားမြစ်နယ်မြေ ရှိနေသည်။

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ ဘိုးဘေးမြေတွင် အိပ်စက်နေကြသော မရေမတွက်နိုင်သည့် ဘိုးဘေးများက ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရပြီး သူတို့၏ ရှေးဟောင်းဆန်ပြီး နက်နဲသိမ်မွေ့သော မျက်လုံးများကို တပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။

သူတို့က သက်ပြင်းမချဘဲ မနေနိုင်ကြဘဲ ရေရွတ်လိုက်ကြ၏။

"ခုံးဝူတောက်... ဒီကလေးက နတ်ဘုရားဘုရင် အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ဖို့တောင် နီးစပ်နေပြီလား..."

"ဟား ဟား ဟား... ခုံးဝူတောက်က ငါတို့အဘိုးကြီးတွေရဲ့ မျှော်လင့်ချက်ကြီးကြီးမားမားထားမှုကို တကယ်ကြီး အသက်ဝင်စေတာပဲ..."

"သူက နတ်ဘုရားဘုရင်နယ်ပယ်မှာတောင် သူ့အတွက် သီးသန့်ဖြစ်တဲ့ သာလွန်ထူးကဲမှု တားမြစ်လမ်းစဉ်တစ်ခုကို တကယ်ကြီး လျှောက်လှမ်းနိုင်ခဲ့တယ်..."

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဘိုးဘေးများအားလုံးသည် ခုံးဝူတောက်နှင့် သွေးမျိုးဆက် ဆက်သွယ်မှု ရှိကြသည်။

သူတို့၏ မိုးထိမြင့်မားသော စွမ်းရည်များနှင့် ပေါင်းစပ်လိုက်သောအခါ...

ခုံးဝူတောက်သည် အလွန်ဝေးကွာသော ကောင်းကင်ဘုံ တာအိုနယ်မြေတွင် ရှိနေသော်လည်း သူတို့သည် မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သဘာဝကျကျ ကောက်ချက်ချနိုင်ကြ၏။

ဤအချိန်အခိုက်အတန့်တွင် အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဘိုးဘေးမြေ၏ အနက်ရှိုင်းဆုံးနေရာမှ ခပ်သဲ့သဲ့နှင့် နူးညံ့သိမ်မွေ့သော အသံတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

"ခုံးဝူတောက်က အခု သာလွန်ထူးကဲမှုရဲ့ တားမြစ်အတားအဆီးလေးတစ်ခုကို ထိတွေ့မိသွားပြီ....ဒါကြောင့် မဟာတာအို ကံတရား ရဲ့ တန်ပြန်သက်ရောက်မှုကို သူ ခံစားရနိုင်တယ်..."

"မင်းတို့အားလုံး ခုံးဝူတောက်အတွက် ဒီမဟာတာအိုကံတရားရဲ့ အမှတ်အသားကို ဖျက်ဆီးဖို့ ချက်ချင်းသွားလုပ်ကြစမ်း..."

"ရှေးဟောင်းဘိုးဘေးကြီး..."

ဤအသံကို ကြားလိုက်ရသော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဘိုးဘေး အများအပြားသည် အံ့အားသင့်သွားကြ၏။

အချိန်ကြာမြင့်စွာ အိပ်စက်နေခဲ့သော ရှေးဟောင်းမဟာဘိုးဘေးကြီးသည် ဤကိစ္စကြောင့် အမှန်တကယ် နိုးထလာလိမ့်မည်ဟု သူတို့ လုံးလုံးလျားလျား မျှော်လင့်မထားခဲ့ကြချေ။

"ဟုတ်ကဲ့ပါ... အခုပဲ သွားပြီး ကိုင်တွယ်လိုက်ပါ့မယ်..."

အချိန်တခဏမျှ အံ့အားသင့်မှင်သက်သွားပြီးနောက် မရေမတွက်နိုင်သော အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဘိုးဘေးများ သည် အလျင်အမြန် ဦးညွှတ်ကာ သဘောတူလိုက်ကြသည်။

ကျင့်ကြံသူတစ်ဦး၏ နားလည်မှုအရ မဟာတာအို ကံတရားကို ရှောင်လွှဲ၍မရနိုင်ချေ။

မဟာတာအို ကံတရားကို ထိတွေ့မိသော ကျင့်ကြံသူများသည် အနာဂတ်၏ တစ်နေ့နေ့တွင် မဟာတာအို၏ ကြောက်မက်ဖွယ်ကောင်းသော တန်ပြန်သက်ရောက်မှုကို ခံစားရပေမည်။

သို့ရာတွင် ထိုမဟာတာအို ကံတရား ဟုခေါ်သော အရာကို အမြစ်ပြတ်ချေမှုန်းခြင်းမှာ သူတို့၏ အချိန်လေဟာနယ် တားမြစ်နယ်မြေ အတွက် အားစိုက်ထုတ်စရာပင် မလိုတော့ချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့သည်လည်း ထိုအချိန်က မဟာတာအို သုံးထောင်ကို ချိုးဖျက်ခဲ့သည့် တရားခံများအနက်မှတစ်ဦး ဖြစ်ပေ၏။

မရေမတွက်နိုင်သော ခေတ်ကာလများ ကုန်ဆုံးသွားခဲ့သော်လည်း သူတို့သည် အောင်မြင်ကြီးပွားနေဆဲ မဟုတ်လော...

မဟာတာအို ကံတရားလား...

အဓိပ္ပာယ်မရှိတာ...

အချိန်လေဟာနယ် တားမြစ်နယ်မြေ မှ ဘိုးဘေးများက တိတ်တဆိတ် လှုပ်ရှားကာ ခုံးဝူတောက်၏ မဟာတာအို ကံတရား အမှတ်အသားကို လုံးလုံးလျားလျား အမြစ်ပြတ် ချေမှုန်းပေးလိုက်စဉ်တွင်....

ခုံးဝူတောက်ကို သာလွန်ထူးကဲမှုဆီသို့ ချဉ်းကပ်ခြင်းမှ တားဆီးထားသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားသည်လည်း ဤအချိန်အခိုက်အတန့်တွင် ပျောက်ကွယ်သွားခဲ့သည်။

ခုံးဝူတောက်ကလည်း ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ သူ၏စွမ်းအားကို နောက်တစ်ကြိမ် ထုတ်လွှတ်လိုက်၏။

"ပေါင်းစည်းစမ်း..."

သူ၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ...

သာလွန်ထူးကဲသော တာအိုပလ္လင် ကိုးဆယ့်ကိုးခုသည် တစ်ခုတည်းအဖြစ် လုံးလုံးလျားလျား ပေါင်းစည်းသွားပြီး အထွတ်အထိပ် စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။

ဝှစ်...

ဥပဒေသလှိုင်းလုံးများသည် အဆက်မပြတ် ပျံ့နှံ့၍ ထွက်ပေါ်လာပေ၏။

ဤနေရာရှိ လေဟာနယ်သည် သက်ရောက်မှုခံလိုက်ရပြီး အဆုံးမဲ့ ကိုးရောင်ခြယ် နတ်ဘုရားပင်လယ်တစ်ခုအဖြစ် အသွင်ပြောင်းသွားသည့်အလားပင်။

ခုံးဝူတောက်၏ခန္ဓာကိုယ်သည် နတ်ဘုရားရွှေဖြင့် ပုံသွန်းထားသကဲ့သို့ နေရာအနှံ့အပြားမှ တောက်ပသော အလင်းရောင်များ ဖြာထွက်နေသည်။

ဝုန်း...

ထို့နောက် ကောင်းကင်ဘုံ တာအိုနယ်မြေတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော သဘာဝလွန်ဖြစ်စဉ်တစ်ခု တပြိုင်နက်တည်း ဖြစ်ပေါ်လာခဲ့သည်။

ကောင်းကင်ဘုံ တာအိုနယ်မြေ တစ်ခုလုံး၏ ကောင်းကင်နှင့်မြေကြီး ဥပဒေသများသည် စွမ်းအားတစ်ခု၏ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး ခုံးဝူတောက် တံခါးပိတ်ကျင့်ကြံနေသော ခမ်းနားကြီးကျယ်သည့် ဧရာမမြို့တော်ကြီးဆီသို့ စုစည်းသွားကြသည်။

ပင်မခန်းမကြီး၏ အလယ်ဗဟိုတွင် ပလ္လင်ခွေ ထိုင်နေသော ခုံးဝူတောက်သည် တောက်လောင်နေသော နေမင်းကြီးကဲ့သို့ မျက်စိကျိန်းမတတ်စူးရှနေကာ လူအများက သူ့ကို တိုက်ရိုက်ကြည့်ရှုရန် ခက်ခဲလှသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ အရှိန်အဟုန်လဲ... နတ်ဘုရားသားတော် ခုံးဝူတောက်က တံခါးပိတ်ကျင့်ကြံနေတုန်းမှာ ဘာတွေကို နားလည်သဘောပေါက်သွားတာလဲ..."

ကောင်းကင်ဘုံ တာအိုနယ်မြေရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မယုံကြည်နိုင်တော့သဖြင့် အံ့အားတသင့် ရေရွတ်နေကြ၏။

ထိုခမ်းနားကြီးကျယ်သော ဧရာမမြို့တော်ကြီးကို ကာကွယ်ရန်အတွက် ကန့်သတ်ချက်တစ်ခု ရှိနေသောကြောင့် အတွင်းထဲတွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မည်သူကမျှ အတိအကျ မသိရှိကြချေ။

သူတို့သည် အပြင်ဘက်ရှိ ကောင်းကင်နှင့်မြေကြီး သဘာဝလွန်ဖြစ်စဉ်များအပေါ် အခြေခံ၍သာ ခန့်မှန်းတွက်ချက်နိုင်ကြသည်။

နောက်ဆုံးတွင် ပင်မခန်းမကြီးသည် တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

အတိုင်းအတာမရှိ တောက်ပသော အလင်းရောင်များ တဖြည်းဖြည်း ကွဲပြားသွားပြီး ခုံးဝူတောက်၏ပုံရိပ်က ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

သူသည် ပလ္လင်ခွေ ထိုင်နေပြီး သူ၏အနက်ရောင်ဆံပင်များက လေမတိုက်ဘဲ လှုပ်ရှားနေကာ သူ၏ အရေပြား မျက်နှာပြင်မှ မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းများ ဖြာထွက်နေသည်။

ထို့ပြင် သူ၏နောက်တွင် ခမ်းနားကြီးကျယ်သော ပုံရိပ်ဆယ့်သုံးခုက မတ်မတ်ရပ်နေကြ၏။

ကောင်းကင်ဘုံ စစ်သူကြီးများနှင့် တူညီသော သူတို့သည် လကို ဝန်းရံနေသော ကြယ်များအလား ခုံးဝူတောက်၏နံဘေးပတ်လည်တွင် မတ်တတ်ရပ်နေကြသည်။

ဤသည်မှာ နတ်ဘုရားဘုရင်နယ်ပယ်တွင် ကျွမ်းကျင်နိုင်သော သီးသန့်နတ်ဘုရားစွမ်းရည် ဖြစ်သည့် နတ်ဘုရားဘုရင် နတ်ဘုရားစွမ်းရည် ပင်။

မယုံနိုင်စရာကောင်းသည်မှာ သာမန်လူများသည် အများဆုံးအနေဖြင့် နတ်ဘုရားဘုရင် နတ်ဘုရားစွမ်းရည် တစ်ခုကိုသာ ပေါင်းစည်းနိုင်ကြသည်။

ထာဝရကာလတစ်လျှောက် ရှားပါးသည်ဟု ဆိုကြသော ပါရမီရှင်များပင်လျှင် အများဆုံးအနေဖြင့် နတ်ဘုရားစွမ်းရည်သုံးခုကိုသာ ပေါင်းစည်းနိုင်ကြ၏။

သို့သော် ခုံးဝူတောက်ကမူ ဆယ့်သုံးခုကို တိုက်ရိုက်ပေါင်းစည်းနိုင်ခဲ့သည်။

လောကကြီးမှလူများသည် ကိစ္စတစ်ခုကို လုံးလုံးလျားလျား တွေးထင်ထားမိမည် မဟုတ်ချေ။

ဤသည်မှာ သူတို့၏ နားလည်နိုင်စွမ်းထဲရှိ ထာဝရပါရမီရှင်များသည် ခုံးဝူတောက်နှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ကြောင်းပင်။

အခန်း (၁၀၄) နတ်ဘုရားသားတော်နှင့် တွေ့ဆုံခြင်း....အကြည့်တစ်ချက်ဖြင့် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် ပါရမီရှင်ကို ပြင်းထန်စွာ ဒဏ်ရာရစေခြင်း

အပြင်ဘက်တွင်....

ခုံးဝူတောက်၏ အဆင့်ချိုးဖျက်ခြင်း ပြီးဆုံးသွားသည်နှင့်....

ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းခြုံထားသော မိုးကြိုးပင်လယ်နှင့် ကောင်းကင်နှင့်မြေကြီး သဘာဝလွန်ဖြစ်စဉ်များသည် တပြိုင်နက်တည်း ပျောက်ကွယ်သွားကြ၏။

မိုးကောင်းကင်ယံသည် ဘာမှမဖြစ်ခဲ့သည့်အလား ကြည်လင်နေသည်။

သို့ရာတွင် အရာအားလုံးကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိခဲ့ကြသော ကျင့်ကြံသူများကမူ....

သူတို့သည် ကြက်သေသေသွားကြပြီဖြစ်ကာ ရွှံ့ရုပ်ထုများကဲ့သို့ မှင်သက်စွာ မတ်တတ်ရပ်နေကြသည်။

သို့သော် သူတို့၏ထိတ်လန့်တုန်လှုပ်မှုနှင့် နှိုင်းယှဉ်ပါက သူတို့၏စိတ်နှလုံးသားထဲတွင် သံသယများက ပို၍ပင် ပြည့်နှက်နေခဲ့သည်။

သူတို့အားလုံး အစောပိုင်းက ကောင်းကင်ကပ်ဘေးဒုက္ခ ၏ သိပ်သည်းသော စွမ်းအားများကို မြင်တွေ့ခဲ့ရသည်။

ဒါပေမယ့် ဘာလို့လဲ....

ကောင်းကင်မိုးကြိုးတစ်ချက်ပင် မကျဆင်းလာမီ ကောင်းကင်ကပ်ဘေးဒုက္ခက တိုက်ရိုက် ပျောက်ကွယ်သွားခဲ့သလော....

ခုံးဝူတောက် ဖြစ်ပေါ်စေခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် သဘာဝလွန်ဖြစ်စဉ်သည် ကျင့်ကြံဆင့်ချိုးဖျက်မှုကြောင့် မဟုတ်ခဲ့သလော ...

သူတို့ မသိခဲ့သည့်အရာမှာ...

ဤအရာအားလုံး၏ အကြောင်းအရင်းမှာ အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဘိုးဘေး များက တိတ်တဆိတ် ဝင်ရောက်စွက်ဖက်ကာ ခုံးဝူတောက်အတွက် ထိုမဟာတာအို ကံတရား အမှတ်အသားကို ဖျက်ဆီးပေးခဲ့ခြင်းကြောင့်ပင်။

တိုက်ဆိုင်စွာဖြင့် မူလက ကျဆင်းလာမည့် ကောင်းကင်ကပ်ဘေးဒုက္ခသည်လည်း သက်ရောက်မှု ခံလိုက်ရပြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားပေ၏။

သို့သော် ထိုသို့ဖြစ်သည့်တိုင် ထိုနေရာရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်နှာအမူအယာများ ပြောင်းလဲသွားကြသည်။

ဤကဲ့သို့ ကောင်းကင်နှင့်မြေကြီး သဘာဝလွန်ဖြစ်စဉ်များကို ဖြစ်ပေါ်စေနိုင်သည့် ပါရမီရှင်တစ်ဦးကို သူတို့ ယခင်က အမှန်တကယ် မမြင်တွေ့ခဲ့ဖူးချေ။

ဤအခိုက်အတန့်တွင် အဖြူရောင် ပုံရိပ်တစ်ခုက ခမ်းနားကြီးကျယ်သော ဧရာမမြို့တော်ကြီးထဲမှ လျှောက်လှမ်း၍ ထွက်လာခဲ့သည်။

ဤပုံရိပ်သည် အရပ်ရှည်ပြီး သွယ်လျကာ ချောမောခန့်ညားပြီး ထင်ရှားပေါ်လွင်နေပေ၏။

သူ ရိုးရှင်းသော ခြေလှမ်းတစ်လှမ်း ရှေ့သို့လှမ်းလိုက်တိုင်း ရွှေရောင် မဟာတာအို ပန်းပွင့်များသည် သူ၏နံဘေးတွင် ပွင့်လန်းလာပြီး သူ၏ပုံစံကို ပို၍ပင် ခမ်းနားကြီးကျယ်ကာ ထူးကဲလာစေသည်။

ခုံးဝူတောက်သည် မျက်စိကျိန်းမတတ် တောက်ပသော ကြယ်ရောင်များ ပတ်လည်တွင် ရှိနေပြီး တိမ်တိုက်များ၏အထက်ရှိ ဟင်းလင်းပြင်တွင် မတ်တတ်ရပ်နေပေ၏။

"နတ်ဘုရားသားတော်..."

"ဂါရဝပြုပါတယ် နတ်ဘုရားသားတော်..."

ဤအရာကို မြင်လိုက်ရသောအခါ ခုံးကျန်ယွဲ့နှင့် ဧကရာဇ်သားတော် သမီးတော် လေးပါးတို့က အံ့အားတသင့် ရေရွတ်လိုက်ကြပြီး ဂါရဝပြုရန် အလျင်အမြန် ရှေ့သို့ထွက်လာကြသည်။

အကြောင်းပြချက် တစ်ခုခုကြောင့် သူတို့၏ အာရုံခံစားမှုတွင် သူတို့၏ နတ်ဘုရားသားတော်သည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်ဟု ထင်ရပေ၏။

သူ၏ လှုပ်ရှားမှုတိုင်းနှင့်အတူ သူ ထုတ်လွှတ်လိုက်သော ချီစွမ်းအင်သည် ရှင်းပြ၍မရနိုင်လောက်အောင်ပင် သူတို့၏နှလုံးခုန်နှုန်းများကို လျှင်မြန်စေခဲ့သည်။

ဤသည်က သူတို့ ခုံးဝူတောက်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကထက်ပင် ပို၍ပြင်းထန်နေပေ၏။

တစ်ချိန်တည်းမှာပင် ခုံးကျန်ယွဲ့တို့လူစု၏ အံ့အားတသင့်ရေရွတ်သံများ ရပ်တန့်သွားသည်နှင့်.....

ပတ်ဝန်းကျင်နေရာတဝိုက်လုံး ချက်ချင်းဆိုသလိုပင် ဆူညံသွားခဲ့၏။

ကျင့်ကြံသူအများအပြားက ခန့်မှန်းမိပြီးသား ဖြစ်သော်လည်း။

ခုံးဝူတောက်ကို မြင်လိုက်ရချိန်တွင် သူတို့၏ နှလုံးသားထဲရှိ တုန်လှုပ်မှုနှင့် ကြောက်ရွံ့ရိုသေမှုတို့ကို ဖုံးကွယ်မထားနိုင်ချေ။

ထွင်းဖောက် မမြင်နိုင်ဘူး...

လုံးဝ ထွင်းဖောက်မမြင်နိုင်ဘူး...

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

သူတော်စင်နန်းတော်သခင် တစ်ဦး၏ အသံသည် တုန်ယင်နေပေ၏။

"ငါ့ရဲ့ ကျင့်ကြံခြင်းက နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုးကိုတောင် ရောက်နေပြီ... ဘယ်လိုလုပ်ပြီးတော့ လူငယ်ပါရမီရှင် တစ်ယောက်ကို ထွင်းဖောက်မမြင်နိုင်ရတာလဲ..."

"မင်းရဲ့ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုးလောက်ကို ထည့်မပြောနဲ့... ခြေလှမ်းတစ်ဝက် သူတော်စင်နယ်ပယ်ကို ရောက်နေတဲ့ ငါတောင်မှ နတ်ဘုရားသားတော် ခုံးဝူတောက်ကို လုံးဝထွင်းဖောက်မမြင်နိုင်ဘူး..."

သူတို့သာမက မရေမတွက်နိုင်သော သူတော်စင်နန်းတော်သခင်များနှင့် ထိပ်သီးမိသားစုများမှ ဘိုးဘေးများအားလုံး ဤအချိန်အခိုက်အတန့်တွင် မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြသည်။

ခုံးဝူတောက်အပေါ် သူတို့၏ အကြည့်များသည် ကြောက်မက်ဖွယ် မကောင်းဆိုးဝါး တစ်ကောင်ကို ကြည့်နေရသည့်အလားပင်။

သေချာသည်မှာ အစောပိုင်းက သဘာဝလွန်ဖြစ်စဉ် အမျိုးမျိုးကြောင့် ခုံးဝူတောက်သည် နတ်ဘုရားဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားပြီဟု သူတို့ မတွေးမိခဲ့ကြချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ နားလည်မှုအရ...

ခေတ်ပြိုင် လူငယ်ပါရမီရှင်များအကြား၌ အမြင့်ဆုံး ကျင့်ကြံခြင်းမှာ ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်တစ် သို့မဟုတ် အများဆုံးအနေဖြင့် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ် အဆင့်နှစ်သာ ရှိပေမည်။

ခုံးဝူတောက်မှာ ငယ်ရွယ်ပုံရပြီး ခေတ်ပြိုင်ပါရမီရှင်များထက်ပင် များစွာပို၍ ငယ်ရွယ်နေပေ၏။

အကယ်၍ သူသာ နတ်ဘုရားဘုရင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့ပြီ ဆိုပါက....

ထိုသို့ဆိုလျှင် သူတို့သည် တာအိုကို အချည်းနှီး ကျင့်ကြံခဲ့ရသည်ဟု အမှန်တကယ် ပြောနိုင်ပေမည်။

"ဂါရဝပြုပါတယ် နတ်ဘုရားသားတော်..."

အချိန်တခဏကြာ ထိတ်လန့်တုန်လှုပ်သွားပြီးနောက် လူအုပ်ထဲမှ တစ်စုံတစ်ယောက် သတိပြန်ဝင်လာပြီး ရိုသေလေးစားစွာဖြင့် အလျင်အမြန် အော်ဟစ်လိုက်သည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် လူတိုင်းသည် အိပ်မက်မှ နိုးထလာသကဲ့သို့ ဂါရဝပြု ဦးညွှတ်လိုက်ကြပြီး သူတို့၏ အော်ဟစ်သံများသည် လွှမ်းခြုံထားသော ဒီရေလှိုင်းကြီးများအလား ကောင်းကင်ကိုးထပ်တခွင် ပဲ့တင်ထပ်သွားသည်။

"ဂါရဝပြုပါတယ် နတ်ဘုရားသားတော် ခုံးဝူတောက်..."

ထိုအသံတစ်သံစီသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေခဲ့သည်။

ပြပွဲကောင်းကို လာကြည့်ကြသော တခြားတာအိုနယ်မြေ များမှ ပါရမီရှင် အများအပြား၏ မျက်နှာအမူအရာများသည်လည်း ဤအချိန်အခိုက်အတန့်၌ ထိတ်လန့်တုန်လှုပ်စွာဖြင့် အလွန်အမင်း ပြောင်းလဲသွားကြ၏။

တခြားတာအိုနယ်မြေများမှ ထိပ်တန်း တာအိုဆက်ခံသူများဖြစ်သောကြောင့် သူတို့သည် ငယ်ရွယ်ပြီး တက်ကြွနေကြသည်။

ယခင်က သူတို့သည် ခုံးဝူတောက်ကို များစွာဂရုမစိုက်ခဲ့ကြချေ။

သို့ရာတွင် ယခုအချိန်၌ တစ်စုံတစ်ယောက်ကို မျက်မြင်ကိုယ်တွေ့ မြင်ရခြင်းသည်သာ အယုံကြည်ရဆုံးဖြစ်သည်ဟု ဆိုရပေမည်။

အဝေးမှနေ၍ ကြည့်ရှုနေသည့်တိုင် သူ့ထံမှ ထွက်ပေါ်လာသော မမြင်နိုင်သည့် ချီစွမ်းအင်က သူတို့၏စိတ်နှလုံးသားများကို တုန်ရီစေပြီး သူတို့၏ဆံပင်များကိုပင် ထောင်မတ်သွားစေသည်။

"အချိန်လေဟာနယ် တားမြစ်နယ်မြေ ကနတ်ဘုရားသားတော်ရဲ့ ကျင့်ကြံခြင်းက ဘာလဲ..."

"သူက အစောပိုင်းတုန်းက ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ကောင်းကင်နှင့်မြေကြီး သဘာဝလွန်ဖြစ်စဉ်ကို ဖြစ်ပေါ်စေခဲ့တယ်....ဒါက သူ အဆင့်ချိုးဖျက်တာ မဟုတ်ဘဲနဲ့ မဟာတာအို နားလည်သဘောပေါက်မှု တစ်ခုကို ရသွားတာ သက်သက်လား..."

ထိပ်တန်း တာအိုအမွေအနှစ်မြေတစ်ခုမှ ဆက်ခံသူတစ်ဦးသည် သူ၏နှလုံးသားထဲရှိ စူးစမ်းလိုစိတ်ကို အမှန်တကယ် မထိန်းချုပ်နိုင်တော့ချေ။

သူ၏ မျက်လုံးများထဲတွင် အလင်းရောင်များ တလက်လက် တောက်ပနေပြီး မရေမတွက်နိုင်သော ဝိုးတဝါးရှေးဟောင်း ပုံစံများကို ဖန်တီးလိုက်သည်။

ဤသည်မှာ ပြိုင်ဘက်၏စွမ်းအားနှင့် ကျင့်ကြံဆင့်နယ်ပယ်တို့ကို တွက်ချက်ပေးနိုင်သော အထူးမျက်လုံးနည်းစနစ်တစ်ခုပင်။

သို့သော် သူ လှုပ်ရှားလိုက်သည့် အချိန်အခိုက်အတန့်မှာပင်....

အဝေးရှိ ခုံးဝူတောက်က ထိုအရာကို ခံစားမိသွားပေ၏။

သူက နောက်သို့လှည့်ကြည့်လိုက်ပြီး သူ၏ အေးစက်စက် မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အချိန်လေဟာနယ်စွမ်းအားများ နိုးထလာခဲ့သည်။

သူ၏နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး သူ၏အသံသည် အေးစက်ကာ ဂရုမစိုက်သည့်ဟန် ပေါ်လွင်နေပေ၏။

"ဒီလို စူးစမ်းတာနဲ့ အကဲခတ်တာက ယဉ်ကျေးတဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး..."

"ဒီကိစ္စအတွက် အပြစ်ပေးခံရမယ်..."

ဝှစ်...

သူ၏စကားသံ ကျရောက်သွားသည့် အချိန်အခိုက်အတန့်တွင်....

ခုံးဝူတောက်၏မျက်လုံး အနက်ရှိုင်းဆုံး နေရာမှ တောက်ပသော နတ်ဘုရားမီးတောက်များ ရုတ်တရက် ပွင့်လန်းလာခဲ့သည်။

ထိုစွမ်းအား၏ သက်ရောက်မှုကြောင့် ဟင်းလင်းပြင်သည် အသံမြည်ဟီးကာ တုန်ခါသွား၏။

မမြင်နိုင်သော ဖိအားတစ်ရပ်သည် ဧရာမ လှိုင်းလုံးကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ထိုထိပ်တန်းပါရမီရှင်ဆီသို့ ရိုက်ခတ်သွားတော့သည်။

ဖူး...

ခုံးဝူတောက်၏ကျင့်ကြံခြင်းကို တွက်ချက်ချင်ခဲ့သော လူငယ်ပါရမီရှင်သည် ချက်ချင်းဆိုသလိုပင် ကြီးမားသော ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

သူက ညည်းတွားလိုက်ပြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်၏။

ထို့နောက် သူသည် ကြိုးပြတ်သွားသော စွန်တစ်ခုအလား ဟင်းလင်းပြင်ကို ဖြတ်သန်းကာ နောက်သို့လွင့်ထွက်သွားတော့သည်။

"ဝုန်း" ခနဲ အသံနှင့်အတူ သူသည် အဝေးသို့ ပြင်းထန်စွာ ရိုက်ခတ်သွားပြီး ပေတစ်ထောင်ခန့် မြင့်မားသော ဖုန်တိမ်တိုက်များကို တထောင်းထောင်းထသွားစေခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသော တခြားတာအိုနယ်မြေများမှ မရေမတွက်နိုင်သော ပါရမီရှင်များသည် အလွန်အမင်း ထိတ်လန့်သွားကြပြီး သူတို့၏ခြေလှမ်းများ အလိုအလျောက် နောက်သို့ဆုတ်သွားကြ၏။

သူတို့သည် ထိုလူငယ်ပါရမီရှင်ကို အမှတ်တမဲ့ကြည့်လိုက်မိသောအချိန်၌....

သူ၏မျက်လုံးများကို တင်းကျပ်စွာ စုံမှိတ်ထားပြီး သူ၏ မျက်ခွံများမှ သွေးများ ယိုစီးကျနေသည်ကို သူတို့ မြင်လိုက်ရသည်။

ထိုလူငယ်ပါရမီရှင်သည် သတိလစ်မေ့မြောနေခဲ့လေပြီ။

"ဒါက..."

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် သူတို့၏စိတ်နှလုံးသားထဲရှိ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုကို မည်သို့ ဖော်ပြရမည်ကိုပင် မသိကြတော့ချေ။

ဤလူငယ် ပါရမီရှင်၏ ကျင့်ကြံခြင်းသည် ဟင်းလင်းပြင်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကာ သူ၏ ခန္ဓာကိုယ်မှလည်း ကြောက်မက်ဖွယ် ချီစွမ်းအားများ ထွက်ပေါ်နေခဲ့ရာ သူသည် လုံးလုံးလျားလျား အားမနည်းခဲ့ချေ။

သို့သော် အစောပိုင်းက အလွန်ဝေးကွာသောနေရာမှနေ၍ သူတို့ကို ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားစေသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ရုံမှလွဲ၍ ခုံးဝူတောက်သည် လက်တစ်ချောင်းကိုပင် မလှုပ်ရှားခဲ့ချေ။

သူ၏အကြည့်တစ်ချက်လေးကပင် ဤမျှအတိုင်းအတာအထိ ကြောက်မက်ဖွယ် ကောင်းနေပေ၏။

သူတို့အနက်မှ အများစုသည် ယခင်က ခုံးဝူတောက်သည် ရွှေကျီးကန်းနတ်ဘုရားတောင်မှ နတ်ဘုရားသားတော်ယန်ရန်နှင့် နှိုင်းယှဉ်လျှင် သိသာထင်ရှားသော ကွာဟချက်တစ်ခု ရှိနေမည်ဟု တွေးထင်ခဲ့ကြသည်။

သို့သော် ယခုအချိန်တွင် သူတို့ကြား၌ အမှန်တကယ်ကို သိသာထင်ရှားသော ကွာဟချက်တစ်ခု ရှိနေပုံရသည်။

သို့ရာတွင် ထိုအရာမှာ ခုံးဝူတောက်နှင့် ယန်ရန် နတ်ဘုရားသားတော်ကြားမှ အကွာအဝေး မဟုတ်ဘဲ နတ်ဘုရားသားတော်ယန်ရန်နှင့် ခုံးဝူတောက်တို့အကြားမှ အကွာအဝေးပင်။

"ရှီး... နတ်ဘုရားသားတော်ခုံးဝူတောက်က တကယ့်ကို သန်မာအားကောင်းလွန်းတယ်..."

"ခုဏက လူက ပြင်ပတာအိုနယ်မြေက ထိပ်တန်း ပါရမီရှင် တစ်ယောက် မဟုတ်ဘူးလား... လေထဲမှာတင် ဒီလို ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားအောင် သူက နတ်ဘုရားသားတော်ခုံးဝူတောက် စော်ကားမိလိုက်လို့လား..."

ကောင်းကင်ဘုံ တာအိုနယ်မြေ မှ ဒေသခံ ကျင့်ကြံသူ အများအပြားသည်လည်း အစောပိုင်းက မြင်ကွင်းကြောင့် လုံးလုံးလျားလျား ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတို့သည် မိုးကောင်းကင်ယံအထက်ရှိ ဟင်းလင်းပြင်တွင် မတ်တတ်ရပ်နေသော အဖြူရောင်ဝတ်ရုံဝတ် ပုံရိပ်ကို မော့ကြည့်လိုက်ကြ၏။

သူတို့၏မျက်လုံးများတွင် လေးစားမှုနှင့် ကြည်ညိုမှုများ အပြည့်အဝ ရှိနေကြသည်။

"ဒီနတ်ဘုရားသားတော်က အရင်က နားလည်သဘောပေါက်မှု တချို့ ရသွားလို့ မင်းတို့အားလုံးကို အကြာကြီး စောင့်ခိုင်းလိုက်မိပြီ..."

"အခု ပါရမီရှင်စုဝေးစားသောက်ပွဲကို တရားဝင် စတင်လိုက်ပြီ..."

စကားပြောဆိုရင်းနှင့် ခုံးဝူတောက်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

ဝုန်း...

သူ၏နောက်ရှိ ခမ်းနားကြီးကျယ်သော ဧရာမမြို့တော်ကြီးသည် တုန်ခါသွားပြီး မြို့ရိုးများပေါ်တွင် နတ်ဘုရားအလင်းတန်းများ စီးဆင်းလာကာ အဆုံးမဲ့ တောက်ပမှုများကို ထုတ်လွှတ်လိုက်၏။

နူးညံ့သိမ်မွေ့ပြီး သာလွန်ထူးကဲသော အင်မော်တယ် ဂီတသံများကလည်း အတွင်းမှ ထွက်ပေါ်လာသည်။

အသင်္ချေသူတော်စင်မြို့အတွင်းမှ ကျော့ရှင်းသော ကိုယ်ဟန်အချိုးအစားရှိသည့် မရေမတွက်နိုင်သော လှပသည့် အစေခံမိန်းကလေးများသည် အင်မော်တယ်ဝိုင်များနှင့် စိတ်ဝိညာဉ်သစ်သီးများ အပြည့်ထည့်ထားသော ဖန်သားပန်းကန်ပြားများကို ကိုင်ဆောင်ကာ ပျံသန်း၍ ထွက်ပေါ်လာကြသည်။

All Chapters