← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇) လောကကြီးကို လွှမ်းမိုးထားသော ပါရမီရှင်နှင့် သူ၏ကြောက်မက်ဖွယ် နောက်ခံ

ခုံးဝူတောက်က စကားပြောဆိုပြီးနောက် သူ၏နတ်ဘုရားအရှိန်အဝါကို ဖြည်းညှင်းစွာ ရုပ်သိမ်းလိုက်သည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားပေ၏။

အောက်ဘက်ရှိ ဖိနှိပ်ခံထားရသော ပါရမီရှင် အမြောက်အများသည် မထနိုင်ကြသေးချေ။

သူတို့၏မျက်လုံးများသည် မှေးမှိန်ကာ အသက်ဝင်မှု ကင်းမဲ့နေကြပြီး သူတို့၏ တာအိုနှလုံးသားများသည် ခုံးဝူတောက်၏ဖျက်ဆီးခြင်းကို လုံးလုံးလျားလျား ခံလိုက်ရပုံပင်။

ဤကိစ္စမတိုင်မီက ကောင်းကင်ဘုံ တာအိုနယ်မြေရှိ ထိပ်တန်းအင်အားစုများ၏ ဆက်ခံသူများအနေဖြင့် သူတို့သည် သူတို့၏ကိုယ်ပိုင်မာန်မာနများကို အမြဲတစေ ပိုင်ဆိုင်ထားခဲ့သည်။

သူတို့၏အမြင်အရ အနိမ့်ဆုံးအဆင့် ကျင့်ကြံသူများသည် ပုရွက်ဆိတ်များ သို့မဟုတ် ခြင်များ ယင်များနှင့် ကွာခြားမှု မရှိခဲ့ချေ။

သို့သော် ယခုအချိန်၌ ပထမဆုံးအကြိမ်အဖြစ် ထိုအနိမ့်ဆုံးအဆင့် ကျင့်ကြံသူများ၏ ခံစားချက်ကို သူတို့ တွေ့ကြုံခံစားလိုက်ရသည်။

စွမ်းအားကြီးမားသော ခုံးဝူတောက်၏ရှေ့တွင်...

သူတို့သည် အနိမ့်ကျဆုံး ပုရွက်ဆိတ်တစ်အုပ်မျှသာ ဖြစ်ပေ၏။

ဤအချိန်တွင် ယခင်က ရိုင်းစိုင်းခဲ့သော ပုန်းကွယ်ကခုန်ခြင်းမိသားစု၏ သခင်လေးပင်လျှင် သူ အလွန်ဂုဏ်ယူခဲ့သော သူ၏မာန်မာနများ လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့လေပြီ။

ခမ်းနားကြီးကျယ်သော ပင်မခန်းမကြီး၏ အထက်ရှိ အဖြူရောင်ဝတ်ရုံဝတ်ပုံရိပ်ကို ကြည့်လိုက်ရာ သူ၏စိတ်နှလုံးသားထဲတွင် အဆုံးမဲ့ ကြောက်ရွံ့မှုများသာ ကျန်ရှိတော့သည်။

ထိုအဖြူရောင်ဝတ်ရုံသည် အညစ်အကြေးကင်းစင်ပြီး အင်မော်တယ်တစ်ပါးကဲ့သို့ တောက်ပနေပေ၏။

ပင်မခန်းမကြီးအတွင်း၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အထူးအလင်းကားချပ်တစ်ခုမှတဆင့် ထုတ်လွှင့်ပြသနေသည်။

ခန်းမကြီး၏အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော မရေမတွက်နိုင်သည့် သူတော်စင်နန်းတော်သခင်များ နှင့် မိသားစုဘိုးဘေးများကို အရာအားလုံးကို မျက်မြင်တွေ့ရှိခွင့် ပေးထားခြင်း ဖြစ်ပေ၏။

အချိန်မည်မျှကြာအောင် အသက်ရှင်နေထိုင်ခဲ့မှန်း မသိရသော ဤအဘိုးကြီးများသည်လည်း ယခုအချိန်၌ အံ့အားသင့် မှင်သက်နေကြပြီး သူတို့၏စိတ်နှလုံးသားများထဲရှိ တုန်လှုပ်မှုကို ဖော်ပြရန် စကားလုံးများပင် ရှာမတွေ့တော့ချေ။

သူတော်စင်နန်းတော်သခင်တချို့သည် မသိစိတ်အရ လက်ဆန့်တန်းကာ သူတို့၏မျက်လုံးများကိုပင် ပွတ်သပ်နေကြ၏။

ဤသည်မှာ သူတို့ အမြင်အာရုံ မှားယွင်းနေခြင်း ရှိ မရှိကို အတတ်နိုင်ဆုံး အတည်ပြုရန် ကြိုးစားနေသည့်အလားပင်။

ဤအရာအားလုံးသည် အိပ်မက်ဆန်လွန်းပေ၏။

မည်သို့ပင်ဆိုစေကာမူ အသက်တစ်ရှိုက်စာ အချိန်လေးအတွင်းမှာပင် ရာနှင့်ချီသော ပါရမီရှင်များသည် ခုံးဝူတောက်၏ တိုက်ရိုက်ဖိနှိပ်ခြင်းကို ခံလိုက်ရသည် မဟုတ်လော...

သူတို့ကို ပို၍ပင် လက်ခံရန် ခက်ခဲစေခဲ့သည့်အရာမှာ ခုံးဝူတောက်သည် အစမှအဆုံးတိုင်အောင် လှုပ်ရှားမှုတစ်ခုကိုမျှပင် မပြုလုပ်ခဲ့ခြင်းပင်။

ထိုအစား သူက ငြိမ်သက်စွာ မတ်တတ်ရပ်နေပြီး သူ၏နတ်ဘုရားအရှိန်အဝါ အနည်းငယ်မျှကိုသာ ထုတ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

ဒါက တကယ်ပဲ မျိုးဆက်သစ် လူငယ်တစ်ယောက် ဟုတ်ရဲ့လား...

သူတို့ကဲ့သို့ အဘိုးကြီးများပင်လျှင် ဤရာနှင့်ချီသော ပါရမီရှင်များကို ရင်ဆိုင်ရချိန်၌ ခုံးဝူတောက်ကဲ့သို့ သက်တောင့်သက်သာရှိမည်မဟုတ်ချေ။

ခုံးဝူတောက်၏စွမ်းအားက သူတို့၏ နားလည်မှုကို နောက်တစ်ကြိမ် အသစ်တဖန် ဖြစ်ပေါ်စေခဲ့သည်။

ဖြစ်နိုင်သည်မှာ မျိုးဆက်ဟောင်းမှ ကျွမ်းကျင်သူများကို ဖိနှိပ်ရန်ကလည်း သူ့အတွက် လွယ်ကူပေလိမ့်မည်။

ဂလု...

တစ်စုံတစ်ယောက်က သူ၏တံတွေးကို အနေခက်စွာ မြိုချလိုက်သည့် အချိန်မှသာ ပင်မခန်းမကြီး အပြင်ဘက်ရှိ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုကြီးသည် ဆူညံသော ဆွေးနွေးသံများအဖြစ်သို့ ပေါက်ကွဲထွက်လာပေ၏။

"နတ်ဘုရားသားတော်ခုံးဝူတောက်ရဲ့ စွမ်းအားက... မယုံချင်စရာကောင်းလောက်အောင် အရမ်းသန်မာအားကောင်းလွန်းနေတာ မဟုတ်ဘူးလား..."

"သူက သူ့ရဲ့ နတ်ဘုရားအရှိန်အဝါ နည်းနည်းလောက် ထုတ်လွှတ်ခဲ့တာကို ရာနဲ့ချီတဲ့ ပါရမီရှင်တွေက အသက်တစ်ရှိုက်စာလေးတောင် ခံနိုင်ရည်မရှိခဲ့ကြဘူး..."

"အရင်တုန်းက နတ်ဘုရားသားတော်ခုံးဝူတောက်ရဲ့ စကားတွေက အရမ်းမောက်မာလွန်းတယ်လို့ ငါ အမြဲတမ်း ခံစားခဲ့ရတယ်... အခုကြည့်ရတာတော့ ငါက မျက်ကန်းဖြစ်ပြီး အဆင်အခြင်မဲ့နေခဲ့တာပဲ..."

"နတ်ဘုရားသားတော် ခုံးဝူတောက်က ဘယ်လိုလုပ်ပြီး မောက်မာတာ ဖြစ်နိုင်မှာလဲ... သူက အမှန်တရားကို ရိုးရိုးရှင်းရှင်း ပြောနေတာလေ..."

"နတ်ဘုရားသားတော်ခုံးဝူတောက်ရဲ့ ကျင့်ကြဆင့်က ဘာလဲ... ခုဏက ပင်မခန်းမကြီးထဲမှာ သူ ထုတ်လွှတ်လိုက်တဲ့ နတ်ဘုရားအရှိန်အဝါက နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုး ကျင့်ကြံသူဖြစ်တဲ့ ငါ့ကိုတောင် နက်ရှိုင်းတဲ့ ကြောက်ရွံ့မှုမျိုး ခံစားရစေတယ်..."

"ရှီး... ဒါက အချိန်လေဟာနယ် တားမြစ်နယ်မြေ ရဲ့ နတ်ဘုရားသားတော် လား... သူက တကယ့်ကို ကြောက်စရာကောင်းတာပဲ..."

ဤအချိန်အခိုက်အတန့်တွင်...

ခုံးဝူတောက်၏ပုံရိပ်သည် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ စိတ်နှလုံးသားထဲတွင် ပို၍ပင် မြင့်မားပြီး ကြီးကျယ်ခမ်းနားလာခဲ့သည်။

ပြပွဲကောင်းကို လာကြည့်ကြသော တခြားတာအိုနယ်မြေ မှ ပါရမီရှင်များ၏ သတင်းပေးသူ အများအပြားသည် ယခုချိန်၌ အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အလျင်အမြန် သတင်းပို့နေကြလေပြီ။

ဤဖြစ်ရပ်အပြီးတွင် ခုံးဝူတောက်နှင့် ပတ်သက်သော မကောင်းသည့် ကောလာဟလများသည်လည်း တိုက်ခိုက်စရာမလိုဘဲ လုံးလုံးလျားလျား ပြိုလဲပျက်စီးသွားခဲ့သည်။

သူသည် အရှိန်အဝါသက်သက်ဖြင့် ရာနှင့်ချီသော ပါရမီရှင်များကို ဖိနှိပ်နိုင်ခဲ့ပြီး သူတို့အားလုံးသည် တာအိုနန်းတော်နယ်ပယ်တွင် ရှိနေကြ၏။

နှစ်သန်းပေါင်းများစွာ အိပ်စက်နေခဲ့သော ကျဆင်းနေသည့် ခေတ်ကာလမှ အသုံးမကျသော နတ်ဘုရားသားတော် တစ်ပါးမျှသာ ဖြစ်သည်ဟု မည်သူကများ ခုံးဝူတောက်ကို ပြောရဲအုံးမည်နည်း။

အထူးသဖြင့် ကောင်းကင်ဘုံ တာအိုနယ်မြေရှိ လူအများအပြားသည် စွမ်းအားအဆင့်သတ်မှတ်ချက်ဆိုသည်ကို ယခင်က ပြုစုခဲ့သူအားပင် ရှာဖွေချင်နေကြလေပြီ။

ထို့နောက် သူတို့သည် ထိုလူကို အကြိမ်ရေအနည်းငယ်ခန့် ပါးဖြတ်ရိုက်ချင်နေကြ၏။

ခုံးဝူတောက်သည် နတ်ဘုရားသားတော် ယန်ရန် သို့မဟုတ် အပူအပင်မဲ့ ဓားသခင်ထက် နိမ့်ကျသည်ဟု ပြောခဲ့သည် မဟုတ်လော....

ယခုချိန်၌ ခုံးဝူတောက် ပြသခဲ့သော စွမ်းအားသည် သူတို့ထက် များစွာပို၍ ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းနေမည်မှာ သေချာပေါက်ပင်။

ဤအချိန်အခိုက်အတန့်တွင် နာလန်မိသားစု ဘိုးဘေးသည် ခမ်းနားကြီးကျယ်သော ပင်မခန်းမကြီးရှိရာ အရပ်ဆီသို့ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေခဲ့သည်။

သူ၏စိတ်လှုပ်ရှားမှုကြောင့် သူ၏မှုန်ဝါးသောမျက်လုံးများထဲတွင် မျက်ရည်များပင် တလက်လက် တောက်ပနေပေ၏။

"လူတွေက အမြဲတမ်း ပြောကြတယ်... အချိန်လေဟာနယ် တားမြစ်နယ်မြေက ကျဆင်းနေတာကြာပြီ... အရင်ကလို မဟုတ်တော့ဘူးလို့..."

"အခု အချိန်လေဟာနယ် တားမြစ်နယ်မြေမှာ နတ်ဘုရားသားတော် ခုံးဝူတောက် ရှိနေပြီဆိုတော့ ဘယ်လိုလုပ်ပြီး ကျဆင်းတယ်လို့ ပြောနိုင်တော့မှာလဲ..."

"နတ်ဘုရားသားတော် ခုံးဝူတောက် ရှိနေတာနဲ့တင် အချိန်လေဟာနယ် တားမြစ်နယ်မြေ က အတိတ်က ဂုဏ်ကျက်သရေတွေကို သေချာပေါက် ပြန်လည်ရရှိလာပြီးတော့ ကောင်းကင်ဘုံတွေနဲ့ အသင်္ချေနယ်မြေတွေကို နောက်တစ်ကြိမ် ပြန်ပြီးအုပ်စိုးနိုင်လိမ့်မယ်..."

တခြားသူတော်စင်နန်းတော်သခင်များနှင့် ထိပ်တန်းမိသားစုများမှ ဘိုးဘေးများသည်လည်း ဤအချိန်အခိုက်အတန့်တွင် တုန်လှုပ်မှုနှင့် မယုံကြည်နိုင်မှုများ အပြည့်အဝရှိသော မျက်နှာအမူအရာများဖြင့် ခုံးဝူတောက်ကို ကြည့်နေကြသည်။

သူတို့၏ လူငယ်ဘဝတွင် 'လက်ရှိခေတ်ကို လွှမ်းမိုးခြင်း' ဆိုသည်ကို သူတို့ ဘယ်သောအခါမှ နားမလည်နိုင်ခဲ့ကြချေ။

ယခုကြည့်ရသည်မှာ ခုံးဝူတောက်သည် လက်ရှိခေတ်ကို လွှမ်းမိုးထားသော ထိုပြိုင်ဘက်ကင်း ပါရမီရှင် အတိအကျ ဖြစ်နေပုံရပေ၏။

ပင်မခန်းမကြီး အတွင်း၌...

ခုံးဝူတောက်၏ နတ်ဘုရားအရှိန်အဝါ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်နှင့်....

သူကိုယ်တိုင်သည်လည်း ရိုးရှင်းမှုသို့ ပြန်လည်ရောက်ရှိသွားသော သာမန်လူတစ်ဦးအလား သူ၏ နတ်ဘုရားအရှိန်အဝါများကို ထိန်းသိမ်းလိုက်ပုံရသည်။

သူသည် သူ၏ ရတနာကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ပြီး ခုံးကျန်ယွဲ့ ငှဲ့ပေးထားသော လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်၏။

ခုံးဝူတောက်သည် သူ၏ မြင့်မားသော နေရာမှနေ၍ အောက်ဘက်ရှိ ပါရမီရှင်အုပ်စုကို ငုံ့ကြည့်လိုက်ပြီး သူ၏အသံ အေးစက်တင်းမာနေသည်။

"အခု... မင်းတို့အားလုံး မင်းတို့ရဲ့ အဆင့်အတန်းကို အသိအမှတ်ပြုပြီလား..."

ပင်မခန်းမကြီးတစ်ခုလုံး အလွန်တိတ်ဆိတ်ငြိမ်သက်နေသည်။

မတ်တတ်ရပ်ရန် ခွန်အားအနည်းငယ် ကျန်ရှိနေသေးသော လူအနည်းငယ်ပင်လျှင် ခေါင်းငုံ့ထားကြပြီး စကားမပြောရဲကြသလို ခုံးဝူတောက်၏ အကြည့်များကိုလည်း မဆုံရဲကြချေ။

"အရမ်း ကောင်းတယ်..."

ခုံးဝူတောက်က ခေါင်းညိတ်ပြပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက် ပင်မခန်းမကြီးသည် ပုံရိပ်ယောင်အဖြစ်သို့ စတင်ပြောင်းလဲသွားပြီး နောက်ဆုံးတွင် မရေမတွက်နိုင်သော အလင်းတန်းများအဖြစ် အသွင်ပြောင်းကာ ခုံးဝူတောက်၏ လက်ဝါးထဲသို့ ပြန်လည်၍ ဝင်ရောက်သွားပေ၏။

ခမ်းနားကြီးကျယ်သော ဧရာမမြို့တော်ကြီးကို ခုံးဝူတောက်က ပြန်လည် ရုပ်သိမ်းလိုက်သည်နှင့်....

အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော မရေမတွက်နိုင်သည့် သူတော်စင်နန်းတော်သခင်များ နှင့် မိသားစုဘိုးဘေးများသည်လည်း အရပ်မျက်နှာအဘက်ဘက်မှ အလျင်အမြန် ပြေးလာကြသည်။

ခုံးဝူတောက်၏ ခွင့်ပြုချက်ကို ရရှိပြီးနောက် သူတို့သည် သူတို့၏ သက်ဆိုင်ရာဆက်ခံသူများ၏ အခြေအနေကို စတင်၍ စစ်ဆေးလိုက်၏။

"ထိန်အာ... မင်း အဆင်ပြေရဲ့လား..."

"ကံကောင်းလို့ပဲ... နတ်ဘုရားသားတော်ခုံးဝူတောက်က ကရုဏာပြခဲ့လို့သာပဲ... ခုဏက မင်းက ဒီနတ်ဘုရားအရှိန်အဝါကို သိပ်ပြီး မခုခံခဲ့လို့ နံရိုးနည်းနည်းပဲ ကျိုးသွားတာ... ကံကောင်းတယ်... ဒါက တကယ့်ကိုကံကောင်းတယ်..."

"မင်း သတိရနေတယ်ဆိုတာ အဖေ သိတယ်... ဒီနေရာမှာ သတိလစ်ချင်ယောင် လာမဆောင်နဲ့... မင်းရဲ့ ဒဏ်ရာတွေကို ကြည့်ရတာ ခုဏက နတ်ဘုရားသားတော်ခုံးဝူတောက်ရဲ့ နတ်ဘုရားအရှိန်အဝါကို မင်း အတော်လေး ခုခံခဲ့တယ်ဆိုတာ သိသာတယ်..."

"နတ်ဘုရားသားတော်ခုံးဝူတောက်က သဘောထားကြီးပြီး မင်းကို မသတ်ခဲ့တာ မင်း ကံကောင်းတယ်... မဟုတ်ရင် မင်း တစ်သက်လုံး ခုတင်ပေါ်မှာပဲ နေသွားရလိမ့်မယ်... နားလည်လား..."

အံ့အားတသင့်ရေရွတ်လိုက်သော အသံများသည် တစ်သံပြီးတစ်သံ ထွက်ပေါ်လာပေ၏။

သူတို့သည် ထိတ်လန့်တုန်လှုပ်နေကြစဉ်မှာပင် ခုံးဝူတောက်၏စွမ်းအားအပေါ် ကြောက်ရွံ့မှုကလည်း ပို၍ကြီးထွားလာခဲ့သည်။

ခုံးဝူတောက်သည် ကရုဏာပြသခဲ့သော်လည်း...

ခေါင်းမာပြီး အတင်းအကြပ် ခုခံခဲ့ကြသော ကျင့်ကြံသူများ၏သွေးကြောများ အနည်းနှင့်အများ ပျက်စီးသွားခဲ့ကြသည်။

အသေးစားဖြစ်ရပ်များတွင် သူတို့၏သွေးကြောများ အက်ကွဲသွားကြ၏။

ပြင်းထန်သော ဖြစ်ရပ်များတွင် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောအမြောက်အများ လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။

သုံးနှစ်ခွဲထက်နည်းသော အချိန်အတွင်းတွင် သူတို့ ပြန်လည်ကောင်းမွန်လာရန် သေချာပေါက် ခက်ခဲပေလိမ့်မည်။

အထူးသဖြင့် ပုန်းကွယ်ကခုန်ခြင်းမိသားစု၏ သခင်လေးဖြစ်ပြီး သူ၏အခြေအနေသည် အလွန်ဆိုးရွားနေပေ၏။

သူ၏ သွေးကြောအများစု ပြတ်တောက်သွားရုံသာမက သူ၏မျက်ခုံးနှစ်ခုကြားရှိ တာအိုအရိုး ပင်လျှင် ပြင်းထန်စွာ ပျက်စီးကာ မသိမသာ အက်ကွဲနေပြီး သူ၏မူလအဆီအနှစ် အများစုမှာလည်း ကုန်ဆုံးသွားခဲ့လေပြီ။

ပုန်းကွယ်ကခုန်ခြင်းမိသားစုမှ ဘိုးဘေးကို ပို၍ပင် လက်ခံရန် ခက်ခဲစေခဲ့သည့်အရာမှာ သူ့မြေး၏ တာအိုနှလုံးသားသည် ခုံးဝူတောက်ကြောင့် လုံးလုံးလျားလျား ပျက်စီးသွားခဲ့ခြင်းပင်။ ဤသည်က ဤဘဝတွင် သူသည် အကြီးစားအောင်မြင်မှုအဆင့်ထိ ရောက်ရှိရန် ခက်ခဲသွားခြင်း ဖြစ်ပေ၏။

အလားတူ အခြေအနေမျိုးတွင် ရှိနေသော ပါရမီရှင်များစွာ ရှိနေသည်။

သို့သော် ဤသူတော်စင်နန်းတော်သခင်များနှင့် မိသားစုဘိုးဘေးများသည် ခုံးဝူတောက်ထံမှ ဖြေရှင်းချက်ကို လုံးလုံးလျားလျား မတောင်းဆိုရဲကြချေ။

သူတို့သည် အသံတစ်သံပင် မထွက်ရဲခဲ့ကြပေ။

သူတို့က ကရုဏာပြခဲ့သည့်အတွက် ခုံးဝူတောက်ကို ကျေးဇူးတင်ကြောင်းပင် ပြောဆိုနေကြသည်။

"ကျန်ယွဲ့..."

ထိုအချိန်မှာပင် ခုံးဝူတောက်က စကားပြောဆိုကာ အချက်ပြလိုက်သည်။

ခုံးကျန်ယွဲ့က ချက်ချင်းနားလည်သွားပြီး သူမ၏လက်ကို ဝှေ့ယမ်းလိုက်၏။

မွှေးပျံ့သောရနံ့များ ထုတ်လွှတ်နေသည့် မရေမတွက်နိုင်သော ကြွေပုလင်းဖြူလေးများသည် လေဟာနယ်ထဲမှ ပျံသန်းလာပြီး စားသောက်ပွဲကို တက်ရောက်လာသူများ၏ရှေ့တွင် ကျရောက်သွားသည်။

ခုံးကျန်ယွဲ့၏အသံက ကြည်လင်ပြီး အေးစက်တင်းမာနေသည်။

"ဒါတွေက နတ်ဘုရားသားတော် ချီးမြှင့်တဲ့ အကြိမ်တစ်ရာလှည့်ပတ်ခြင်း သူတော်စင်ကုသမှုဆေးလုံးတွေပဲ... ဒါတွေက သူတို့ရဲ့ ဒဏ်ရာတွေကို ကုသပေးနိုင်ပြီးတော့ ကုန်ဆုံးသွားတဲ့ မူလအဆီအနှစ်တွေကို ပြန်ပြီးဖြည့်တင်းပေးနိုင်တယ်..."

သူမ၏စကားသံများ ကျရောက်သွားသည်နှင့် လက်ရှိနေရာရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ချက်ချင်းဆိုသလိုပင် ဆူညံပွက်လောရိုက် သွားပေ၏။

"ဘာ..."

"အကြိမ်တစ်ရာလှည့်ပတ်ခြင်း သူတော်စင်ကုသမှုဆေးလုံးလား...နတ်ဘုရားဆေးပင်တွေ ရာနဲ့ချီပြီးတော့ လိုအပ်တဲ့အပြင် ဆေးဖော်စပ်ဖို့ လုပ်ငန်းစဉ်အတွက် လအတော်ကြာ လိုအပ်တယ်လို့ ပြောကြတဲ့ ကုသရေးအင်မော်တယ်ဆေးလုံးလား..."

"ရှီး... ဒီဆေးလုံးရဲ့ စွမ်းအားက... ဒါက မဟာဆေးပညာရှင်တစ်ယောက်ကိုယ်တိုင် ဖော်စပ်ထားတာပဲ ဖြစ်ရမယ်..."

သတင်းအချက်အလက် ကြွယ်ဝသော မျိုးဆက်ဟောင်း ကျွမ်းကျင်သူ အများအပြားသည်လည်း ဤအချိန်အခိုက်အတန့်တွင် အံ့အားတသင့် ရေရွတ်လိုက်ကြသည်။

ကြွေပုလင်းဖြူ၏အဆို့ကို ဖွင့်လိုက်ရုံဖြင့် ထိုအထဲတွင် ပါဝင်သော ဆေးစွမ်းအားများက သူတို့၏ငယ်ထိပ်များဆီသို့ တိုက်ရိုက်စီးဆင်းသွားသည်။

ဤကဲ့သို့ အင်မော်တယ်ဆေးလုံး၏ ကောင်းချီးပေးမှုနှင့်အတူ သူတို့၏ ဆက်ခံသူများ သို့မဟုတ် မြေးများ၏ ဒဏ်ရာများကို ကုသပေးနိုင်ရုံသာမက ကံဆိုးမှုမှနေ၍ ကံကောင်းမှုအဖြစ်သို့ပင် ပြောင်းလဲသွားစေနိုင်ပြီး အကျိုးကျေးဇူးများစွာကိုလည်း ရရှိစေနိုင်သည်။

"နတ်ဘုရားသားတော်ရဲ့ ချီးမြှင့်မှုအတွက် ကျေးဇူးတင်ပါတယ်..."

"နတ်ဘုရားသားတော်က ကြီးမားတဲ့ ကရုဏာကို ပြသခဲ့တာပဲ.. ကျွန်တော်တို့က ထာဝရ ကျေးဇူးတင်နေမှာပါ..."

သတိပြန်ဝင်လာပြီးနောက် ဆေးလုံးများ ရရှိခဲ့သော မရေမတွက်နိုင်သည့် သူတော်စင်နန်းတော်သခင်များနှင့် မိသားစုဘိုးဘေးများသည် ဂါရဝပြုပြီး ဦးညွှတ်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့၏စိတ်နှလုံးသားထဲတွင် အံ့အားသင့်မှုများ ကြောက်ရွံ့မှုများဖြင့် ပို၍ပင် ပြည့်နှက်သွားခဲ့သည်။

သူတို့အတွက်မူ ဤကဲ့သို့ ကုသရေးအင်မော်တယ်ဆေးလုံးသည် ရှားပါးသော အဖိုးတန်ရတနာတစ်ခုထက် မလျော့ချေ။

ဤမျှများပြားသော ကုသရေးအင်မော်တယ်ဆေးလုံးများကို လွယ်လွယ်ကူကူ ထုတ်ပေးနိုင်သဖြင့်...

အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အခြေခံအုတ်မြစ်သည် မည်မျှထိ နက်ရှိုင်းနေသနည်း။

အခန်း (၁၀၈) ခြိမ်းခြောက်မှုနှင့် မက်လုံးကို ပေါင်းစပ်အသုံးပြုခြင်း...ရွှေကျီးကန်းနတ်ဘုရားတောင်မှ ဧကရာဇ်သားတော်နှင့် သမီးတော်တို့ ရောက်ရှိလာခြင်း

ဟင်းလင်းပြင်၏အထက်တွင်...

ခုံးဝူတောက်၏နှုတ်ခမ်းများက သိမ်မွေ့သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားပေ၏။

ရိုးရိုးသားသား ပြောရလျှင် လောကကြီးရှိ လူများ၏အမြင်တွင် မယုံနိုင်လောက်အောင် အဖိုးတန်သည်ဟု သတ်မှတ်ထားသော ကုသရေးအင်မော်တယ်ဆေးလုံးသည်....

သူ၏အမြင်တွင် သာမန်မျှသာဖြစ်ပြီး စျေးပေါသော သကြားလုံးလေးတစ်လုံးနှင့်ပင် မကွာခြားလှချေ။

စနစ်က သူ့ကို ပေးထားသော မရေမတွက်နိုင်သည့် ကုသရေးနတ်ဘုရားဆေးပင်များ နှင့် အကြိမ်ကိုးဆယ်လှည့်ပတ်ခြင်း အင်မော်တယ်ဆေးလုံးများကို ထည့်မပြောသေးချေ။

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ သူ့ကို ထောက်ပံ့ပေးထားသော အရင်းအမြစ်များဖြင့်ပင် သာမန်ကျင့်ကြံသူများ ဘဝပေါင်း ဆယ်နှင့်ချီ၍ အသုံးပြုနိုင်သည်ထက် ပို၍များပြားပေမည်။

အကြိမ်တစ်ရာလှည့်ပတ်ခြင်း သူတော်စင်ကုသမှုဆေးလုံးသည် သူ ဖုန်တက်ခံရန် လွှင့်ပစ်ထားခဲ့သော အရာတစ်ခုသာ ဖြစ်ပေ၏။

ယခုအချိန်၌ ထိုဆေးလုံး၏ တစ်ခုတည်းသော တန်ဖိုးမှာ လူများ၏နှလုံးသားကို ပို၍ကောင်းမွန်စွာ ဖမ်းစားနိုင်ရန် ပစ္စည်းတစ်ခုအဖြစ် အသုံးချရန်သာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် သင့်တော်သော လူသားကိရိယာတစ်စုကို လိုအပ်နေဆဲပင်။

ဤသည်က ရှေးဟောင်းမဟာတာအို အမှတ်အသား၏ သဲလွန်စများကို ရှာဖွေရာတွင် သူ့ကို ကူညီပေးရန်အတွက် ဖြစ်ပေ၏။

လက်ရှိအချိန်၌ သူ အသုံးပြုခဲ့သော ပါးရိုက်ပြီးမှ သကြားလုံးကျွေးသည့် နည်းလမ်းကလည်း လိုအပ်သည်။

ဤအချိန်အခိုက်အတန့်တွင် ခုံးဝူတောက်က ခုံးကျန်ယွဲ့ထံ ညွှန်ကြားချက် အနည်းငယ် ပေးပို့ပြီးနောက်....

ခုံးကျန်ယွဲ့က နောက်တစ်ကြိမ် ကျယ်လောင်စွာ စကားပြောဆိုလိုက်၏။

"ငါတို့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေက ဒီနေရာကို ရောက်လာရတဲ့ ရည်ရွယ်ချက်ကို နင်တို့အားလုံး သိထားကြမယ်လို့ ငါ ယုံကြည်တယ်..."

"တကယ်လို့ နင်တို့က ငါတို့ရဲ့ အချိန်လေဟာနယ် တားမြစ်နယ်မြေကို ရှေးဟောင်းမဟာတာအို အမှတ်အသားနဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို အောင်အောင်မြင်မြင် ရှာတွေ့နိုင်အောင် ကူညီပေးနိုင်မယ်ဆိုရင်..."

"နင်တို့ရဲ့မိသားစုတွေက ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ အကာအကွယ်ကို ရရှိရုံတင်မကဘူး... ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေက နင်တို့ကို ကြီးမားတဲ့ ဆုလာဘ်တွေလည်း ချီးမြှင့်မယ်..."

ဤစကားများကို ပြောဆိုလိုက်သည်နှင့် သူတို့၏နံဘေးပတ်လည်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နောက်တစ်ကြိမ် ဆူညံပွက်လောရိုက်သွားကြသည်။

ခုံးဝူတောက်၏ ယခင်က ဆေးလုံးပေးကမ်းမှု လုပ်ရပ်အပြီးတွင် ဤသည်မှာ အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ နက်ရှိုင်းသော နောက်ခံကို သွယ်ဝိုက်သော နည်းလမ်းဖြင့် သက်သေပြလိုက်ခြင်းပင်။

နတ်ဘုရားသားတော်ခုံးဝူတောက်၏ ပေါ့ပေါ့ပါးပါး မျက်နှာသာပေးမှု တစ်ခုကပင် သူတို့အတွက် ရှားပါးသော ရတနာတစ်ခုဟု သတ်မှတ်ထားသည့် ကုသရေးအင်မော်တယ်ဆေးလုံး ဖြစ်နေပေ၏။

ထို့ကြောင့် တစ်ဖက်လူများ ပြောဆိုသော 'ကြီးမားသည့် ဆုလာဘ်များ' ဆိုသည်မှာ သူတို့၏နားလည်နိုင်စွမ်းထက် များစွာသာလွန်နေမည် မဟုတ်လော...

ထို့ထက်ပို၍ အရေးကြီးသည်မှာ သူတို့သည် အချိန်လေဟာနယ် တားမြစ်နယ်မြေ၏ အကာအကွယ်ကိုလည်း ရရှိနိုင်သည်။

ဤသည်မှာ သူတို့သည် ဤစားသောက်ပွဲသို့ လာရောက်ရခြင်း၏ အကြောင်းအရင်း အတိအကျသာ မဟုတ်လော...

"အစေခံတွေအတွက်ကတော့ နတ်ဘုရားသားတော်ခုံးဝူတောက်မှာ စိတ်ကြိုက်ရွေးချယ်ထားတဲ့သူတချို့ ရှိနေပြီ..."

ဤစကားသံများ ကျရောက်သွားသည်နှင့် ဆူညံနေသော လူများ၏ အသံများသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုအဖြစ်သို့ ချက်ချင်းရောက်ရှိသွားပေ၏။

လူများအားလုံး၏အကြည့်များသည် ခုံးကျန်ယွဲ့ထံသို့ စုစည်းသွားကြပြီး သူတို့၏မျက်လုံးများ မျှော်လင့်ချက်များဖြင့် တောက်ပနေသည်။

သူတို့သည် ရှေးဟောင်းမဟာတာအို အမှတ်အသား၏ သဲလွန်စများကို ရှာဖွေပေးခြင်းဖြင့် အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ 'ခြေထောက်ကြီး' ပေါ်သို့ တက်လှမ်းနိုင်သော်လည်း...

အချိန်လေဟာနယ် တားမြစ်နယ်မြေမှ ဤထိပ်တန်းဆက်ခံသူများအတွက် အစေခံ သို့မဟုတ် အလုပ်အကျွေး ဖြစ်လာခြင်းက လုံးလုံးလျားလျား မတူညီသော အဓိပ္ပာယ်ကို ဖော်ဆောင်နေသည်။

အထူးသဖြင့် ခုံးဝူတောက်အတွက်ဖြစ်ပြီး အစောပိုင်းက သူ၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူတို့အားလုံး မျက်မြင်တွေ့ရှိခဲ့ကြသည်။

သူ မဟာဧကရာဇ်တစ်ပါး ဖြစ်လာရန်မှာ လုံးလုံးလျားလျား သေချာနေခဲ့လေပြီ။

ဖြစ်နိုင်သည်မှာ သူသည် ဤမျိုးဆက်၏ ကောင်းကင်ကံကြမ္မာ မဟာဧကရာဇ်ပင် ဖြစ်လာနိုင်သည်။

ထိုကဲ့သို့ အနာဂတ် အစွမ်းထက်ပုဂ္ဂိုလ်နှင့် အဆက်အသွယ် အနည်းငယ် ရှိထားနိုင်ပါက....

သူ၏နံဘေးတွင် အရေးမပါဆုံးသော အစေခံတစ်ဦးသာ ဖြစ်နေလျှင်ပင် ဤသည်က သူတို့ကို သူ့ထံသို့ အစုလိုက်အပြုံလိုက် ရောက်လာစေရန် လုံလောက်နေသည်။

လူများအားလုံး၏အကြည့်များအောက်တွင်....

ခုံးကျန်ယွဲ့က ဖြည်းညှင်းစွာ စကားပြောဆိုလိုက်၏။

"ပုန်းကွယ်ကခုန်ခြင်းမိသားစုက ဝူထျန်... ကောင်းကင်မီးတောက် သူတော်စင်နန်းတော်က မုချင်းလီ....မူလအစတစ်ရာ သူတော်စင်နန်းတော်က ကျန်းကျစ်နဲ့ လျှို့ဝှက်ကုမိသားစုက ကုချန်ကန်း..."

ဤလူလေးယောက်လုံးသည် အစောပိုင်းက ခုံးဝူတောက်၏ ဖိအားအောက်တွင် သတိလက်လွတ် ဖြစ်မသွားခဲ့ဘဲ နောက်ဆုံးအချိန်အထိ မတ်တတ်ရပ်နိုင်ခဲ့သူများပင်။

သူတို့၏ပါရမီသည် သူ၏မျက်လုံးထဲသို့ ဝင်ရောက်ရန် အနည်းငယ်သာ အရည်အချင်း ပြည့်မီကြ၏။

ခုံးဝူတောက်၏ခရီးစဉ်တွင် အစေခံများနှင့် အလုပ်အကျွေးများအဖြစ် အမှုထမ်းရန်ကမူ သူတို့၏အရည်အချင်းများက လုံလောက်ပေမည်။

"နင်တို့တွေက နတ်ဘုရားသားတော် ခုံးဝူတောက်နဲ့ ငါတို့ အချိန်လေဟာနယ် တားမြစ်နယ်မြေရဲ့ အစေခံတွေ ဖြစ်လာဖို့ ဆန္ဒရှိလား..."

ရုတ်ချည်းဆိုသပင် မရေမတွက်နိုင်သော အကြည့်များသည် ထိုလူလေးယောက်ထံသို့ စုစည်း၍ ကျရောက်သွားသည်။

သူတို့ထံတွင် အားကျမှုများ မနာလိုမှုများနှင့် နောင်တရမှုများမှစ၍ မရေမတွက်နိုင်သော မျက်နှာအမူအရာများက အလွန်အရောင်အသွေးစုံလင်စွာ ထွက်ပေါ်လာကြသည်။

သူတို့လေးယောက်သည် အစပိုင်းတွင် အနည်းငယ် မှင်သက်သွားကြသော်လည်း နောက်ပိုင်းတွင် သူတို့အားလုံး အလွန်အမင်း ဝမ်းသာသွားကြသည်။

"ဒီအစေခံက ဆန္ဒရှိပါတယ်..."

မုချင်းလီသည် ပြတ်ပြတ်သားသား သဘောတူလိုက်၏။

ထို့နောက် သူမက ခုံးဝူတောက်တို့လူစုဘက်သို့ ဦးညွှတ်အရိုအသေပြုလိုက်ပြီး သူမ၏အသံတွင် ရိုသေလေးစားမှု အပြည့်ရှိနေသည်။

"အစေခံမုချင်းလီက နတ်ဘုရားသားတော်ခုံးဝူတောက်ကို ဂါရဝပြုပါတယ်... သခင်လေးတို့နဲ့ သခင်မလေးတို့ကိုလည်း ဂါရဝပြုပါတယ်..."

[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး မုချင်းလီက လက်ခံသူအပေါ် ကျိုးနွံလိုစိတ်များ ပေါ်ပေါက်လာကြောင်း ထောက်လှမ်းတွေ့ရှိရပါတယ်... လက်ခံသူအနေဖြင့် သူမကို ယဉ်ပါးအောင် သွေးဆောင်ရန် ရွေးချယ်လိုပါသလား...]

ရိုးရိုးသားသား ပြောရလျှင် ခုံးဝူတောက်က ကြက်ကို သတ်ပြီး ဥများကို ချက်ချင်းယူချင်စိတ် အနည်းငယ် ရှိနေခဲ့ပေ၏။

သို့သော် မုချင်းလီသည် နောက်ပိုင်းတွင် ရှေးဟောင်း ဗာမီလီယန်ငှက် သွေးမျိုးဆက်နှင့် ဗာမီလီယန်ငှက် နတ်ဘုရားမျက်လုံးများကို နိုးထလာမည်ဖြစ်ကြောင်း ထည့်သွင်းစဉ်းစားမိချိန်၌....

သူမကို သူ၏နံဘေးတွင် ထားရှိခြင်းက ပို၍များပြားသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပုံရသည်။

[လက်ခံသူက ယဉ်ပါးအောင် သွေးဆောင်ခြင်း လမ်းစဉ်ကို ရွေးချယ်လိုက်ကြောင်း ထောက်လှမ်းတွေ့ရှိရတယ်...]

[ဒင်... ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီးက လက်ခံသူအပေါ် ကျေးဇူးတင်စိတ်များ ဖြစ်ပေါ်လာပြီးတော့ သူ့ရဲ့ကျိုးနွံလိုစိတ်များက ပိုပြီးနက်ရှိုင်းလာတာကို ထောက်လှမ်းတွေ့ရှိရပါတယ်...]

[ကောင်းကင်ကံကြမ္မာ ဇာတ်လိုက်မင်းသမီး မုချင်းလီက လက်ခံသူရဲ့ ယဉ်ပါးအောင် သွေးဆောင်တာကို ၅၀ ရာခိုင်နှုန်း အောင်မြင်စွာ ခံယူလိုက်ရပါပြီ...]

[တစ်ဖက်ရဲ့ကောင်းကင်ကံကြမ္မာအမှတ်များထဲမှ ၇၅၀၀မှတ်ကို နှုတ်ယူလိုက်ပြီး ၇၅၀၀ မှတ် ကျန်ရှိနေပါတယ်...]

[လက်ခံသူမှာ အရမ်းကြီးမားတဲ့ ကံကောင်းမှုတွေ ရှိနေပြီးတော့ လေးဆပြင်းထန်တဲ့ ထိုးနှက်မှုကို ဖြစ်ပေါ်စေပြီး ကောင်းကင်ကံကြမ္မာအမှတ် ၃၀၀၀၀ ကို အောင်မြင်စွာ ရရှိသွားတာကြောင့် လက်ခံသူကို ဂုဏ်ယူပါတယ်...]

[တစ်ဖက်လူကို ယဉ်ပါးအောင် သွေးဆောင်နိုင်တဲ့ တိုးတက်မှုက ၅၀ ရာခိုင်နှုန်းပါ...]

စနစ်၏ကြေညာချက်ကို ကြားလိုက်ရချိန်၌ ခုံးဝူတောက်သည် အစပိုင်းတွင် အနည်းငယ် မှင်သက်သွားပေ၏။

ထို့နောက် ရှားပါးသော ပျော်ရွှင်မှု အရိပ်အယောင်တစ်ရပ်က သူ၏ မျက်လုံးများထဲတွင် ထင်ဟပ်လာခဲ့သည်။

ဒီမုချင်းလီက ဘယ်လို ကစားရမလဲဆိုတာ တကယ်ကြီး သိတာပဲ...

အစကတည်းက အဲ့ဒီမိန်းကလေးက သူ့ရဲ့ ယဉ်ပါးအောင် သွေးဆောင်တာကို တစ်ဝက်တိတိ တိုက်ရိုက်ခံယူလိုက်ရတယ်ပေါ့...

ထို့ပြင် ဤသည်မှာ သူ၏လေးဆ ပြင်းထန်သော ထိုးနှက်မှုကို ပထမဆုံးအကြိမ် ဖြစ်ပေါ်စေခြင်းပင်။

ကောင်းကင်ကံကြမ္မာအမှတ်သုံးသောင်း ဆိုသည်မှာ သူ လုံးဝထင်မှတ်မထားသော ဆုလာဘ်ကြီးတစ်ခု မဟုတ်လော....

မုချင်းလီအပေါ် ခုံးဝူတောက်၏အကြည့်တွင် စိတ်ကျေနပ်မှု အရိပ်အယောင်တစ်ရပ် ပို၍ပင်ပါဝင်လာခဲ့ပေ၏။

တစ်ဖက်လူသည် အစကတည်းက သူ့ကို ဤမျှထိ ကြီးမားသော လက်ဆောင်ကြီး ပေးခဲ့သည်ဖြစ်ရာ...

ကြက်ကို သတ်ပြီး ဥများကို ယူမည့် အတွေးကို သူ ယာယီဖျက်သိမ်းထားရပေမည်။

"ကျွန်တော်လည်း ဆန္ဒရှိပါတယ်..."

အသိဝင်လာသော ဝူထျန်ကလည်း အလျင်အမြန် ပြောဆိုလေ၏။

"အစေခံ ဝူထျန်က နတ်ဘုရားသားတော်ခုံးဝူတောက်ကို ဂါရဝပြုပါတယ်... သခင်လေးတွေနဲ့ သခင်မလေးတွေ အားလုံးကိုလည်း ဂါရဝပြုပါတယ်..."

ကြွင်းကျန်သော လူနှစ်ယောက်ကလည်း အသိဝင်လာကြပြီး တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ဒီအစေခံကျန်းကျစ်က နတ်ဘုရားသားတော်ခုံးဝူတောက်ကို ဂါရဝပြုပါတယ်... သခင်လေးတွေနဲ့ သခင်မလေးတွေ အားလုံးကိုလည်း ဂါရဝပြုပါတယ်..."

"အစေခံ ကုချန်ကန်းက နတ်ဘုရားသားတော် ခုံးကို ဂါရဝပြုပါတယ်... သခင်လေးတွေနဲ့ သခင်မလေးတွေအားလုံးကိုလည်း ဂါရဝပြုပါတယ်..."

ဝမ်းသာပျော်ရွှင်မှုများက ထိုလူလေးယောက်လုံး၏ မျက်နှာများပေါ်တွင် ပြည့်နှက်နေသည်။

အထူးသဖြင့် ပုန်းကွယ်ကခုန်ခြင်းမိသားစုမှ ဝူထျန်ပင်။

သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် သူ၏မျက်နှာသည် နီမြန်းနေခဲ့လေပြီ။

အစောပိုင်းက ပင်မခန်းမကြီးထဲတွင် သူသည် ပထမဆုံး ရှေ့ထွက်လာပြီး ခုံးဝူတောက်ကို ပါးရိုက်ချင်ခဲ့သူ ဖြစ်ပေ၏။

သို့သော် ခုံးဝူတောက်ထံမှ အရှိန်အဝါသက်သက်ဖြင့် သူ တိုက်ရိုက်ဖိနှိပ်ခံရကာ ပြင်းထန်စွာ ဒဏ်ရာရရှိသွားပြီးနောက်....

သူ၏ ဘဝတသက်တာလုံးတွင် ခုံးဝူတောက်ကို မော့ကြည့်နိုင်ရုံသာ ရှိတော့မည်ဖြစ်ပြီး သူ၏ အစေခံ ဘယ်သောအခါမှ ဖြစ်လာမည်မဟုတ်ဟု သူ တွေးထင်ခဲ့မိသည်။

သို့ရာတွင် တစ်ဖက်လူက သူ့ကို အပြည့်အဝ ပြန်လည်ကောင်းမွန်လာစေရန် ကုသရေးအင်မော်တယ်ဆေးလုံးတစ်လုံးကို ပေးရုံသာမက...

အတိတ်က ရန်ငြိုးများကိုလည်း လျစ်လျူရှုကာ သူ့ကို ရွေးချယ်ခဲ့သည် မဟုတ်လော....

ဤအရာက ဝူထျန်ကို စိတ်လှုပ်ရှားစေခဲ့ပြီး တစ်ချိန်တည်းမှာပင် ခုံးဝူတောက်အပေါ် အကန့်အသတ်မဲ့သော ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်သွားစေခဲ့သည်။

သူသည် အချိန်လေဟာနယ် တားမြစ်နယ်မြေ ၏ အရေးမပါဆုံးသော အစေခံတစ်ဦးမျှသာ ဖြစ်နေပြီး....

သူ၏ အသက်ကို စတေးရမည်ဆိုလျှင်ပင် ခုံးဝူတောက်၏လုံခြုံရေးကို သူ ကာကွယ်ပေးပေမည်။

မည်သူကမျှ မသိခဲ့သည့် အရာမှာ။

ယနေ့မှစ၍ အနာဂတ် ကောင်းကင်ဘုံများ၏ မဟာကျွမ်းကျင်သူတစ်ဦးသည် အထူးခံစားချက်များကို ရင်ဝယ်ပိုက်ကာ သူ၏ ကဏဦး ဒဏ္ဍာရီလာ လမ်းစဉ်ကို စတင်၍ လျှောက်လှမ်းခဲ့ခြင်းပင်။

ဤအနာဂတ် ကောင်းကင်ဘုံများ၏ မဟာကျွမ်းကျင်သူသည် သူ၏ဘဝတသက်တာလုံး အိမ်ထောင်မပြုဘဲ နေထိုင်သွားခဲ့ပေ၏။

နှောင်းလူများက သူ၏ လုပ်ရပ်များသည် တစ်စုံတစ်ယောက်ကို ပို၍ကောင်းမွန်စွာ ကာကွယ်ပေးနိုင်ရန် ဖြစ်သည်ဟု မကြာခဏ ပြောဆိုလေ့ရှိကြသည်။

ထိုလူသည် အမျိုးသားတစ်ဦး ဖြစ်သည်ဟုပင် ကောလာဟလများ ကြားခဲ့ရသည်။

သို့ရာတွင် ဤအရာများအားလုံးမှာ နောက်ပိုင်း ဇာတ်လမ်းများသာ ဖြစ်ပေ၏။

လူများအားလုံးက ရွေးချယ်ခံရသူလေးဦးကို အားကျနေကြစဉ်မှာပင်...

ဝုန်း...

ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်သံက မိုးကုတ်စက်ဝိုင်းဆီမှ ပေါက်ကွဲထွက်လာခဲ့သည်။

ထိုကဲ့သို့ ရုတ်တရက်ပြောင်းလဲမှုက မရေမတွက်နိုင်သော လူများ၏ အာရုံစိုက်မှုကို ချက်ချင်းဆွဲဆောင်သွားနိုင်ခဲ့သည်။

လူတိုင်း၏အကြည့်များ ထိုနေရာသို့ ရောက်ရှိသွားချိန်၌....

အဝေးရှိ ကောင်းကင်ယံကို လုံးလုံးလျားလျား မီးရှို့လိုက်သကဲ့သို့ ရွှေရောင် နတ်ဘုရားမီးတောက်များ ထွက်ပေါ်လာပြီး ပျံ့နှံ့နေကာ မိုးကုတ်စက်ဝိုင်းပေါ်တွင် တိမ်တိုက်များ လှုပ်ခတ်နေသည်ကို သူတို့ မြင်လိုက်ရသည်။

ကျီ...

ကောင်းကင်နှင့်မြေကြီးတခွင် ပဲ့တင်ထပ်သွားကာ ကောင်းကင်ယံဆီသို့ ထိုးတက်သွားသော ငှက်အော်သံနှစ်သံနှင့်အတူ....

အဆုံးမဲ့ နတ်ဘုရားမီးတောက်များဖြင့် လွှမ်းခြုံထားသော ပေတစ်ရာခန့် မြင့်မားသည့် ဧရာမ မီးငှက်ကြီးနှစ်ကောင်သည် တိမ်ပင်လယ်ကို ရုတ်တရက် ဆုတ်ဖြဲကာ ထွက်ပေါ်လာခဲ့သည်။

ဤဧရာမ မီးငှက်ကြီးနှစ်ကောင် ထွက်ပေါ်လာမှုနှင့်အတူ....

ကြီးမားကျယ်ပြန့်သော ဧရာမ နတ်ဆိုးအရှိန်အဝါ ကြီးတစ်ခုက ကောင်းကင်ယံတခွင် ပျံ့နှံ့သွားပြီး အောက်သို့ကျဆင်းလာခဲ့သည်။

ထိုဧရာမမီးငှက်ကြီးနှစ်ကောင်အနက်မှ တစ်ကောင်က လူသားဘာသာစကားဖြင့် စကားပြောဆိုလိုက်၏။

"ဟား ဟား... နတ်ဘုရားသားတော်ခုံးဝူတောက်ရဲ့ နာမည်ကို ငါ ကြားဖူးတာ ကြာပြီ... ဒီနေ့ သူ့ကို မြင်လိုက်ရတော့ သူက သူ့ရဲ့ နာမည်ဂုဏ်သတင်းနဲ့ တကယ့်ကို ထိုက်တန်တာပဲ..."

"ငါတို့က ရွှေကျီးကန်းနတ်ဘုရားတောင်က ကျင်းယန် နဲ့ ကျင်းယွမ်ပဲ.. ငါတို့က နတ်ဘုရားသားတော်ယန်ရန်ရဲ့ အမိန့်အရ ငါတို့ရဲ့ ရိုသေလေးစားမှုကို ပြသဖို့ အထူးရောက်ရှိလာတာပါ..."

All Chapters