← Chapters

အခန်း (၁၄၉၅-၁၄၉၆)

Vol. 150 Ch. 1495-1496

အခန်း (၁၄၉၅-၁၄၉၆)

Vol. 150 Ch. 1495-1496

အခန်း (၁၄၉၅) - ပိတ်မိနေသော အခြေအနေ

နန်မင်ရုယွဲ့ ရှိနေသည့် နဂါးနက်လှေပေါ်မှ အရန်ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် စုရုံးရောက်ရှိလာကြပြီး သူညွှန်ပြသည့်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ကြရာ သူတို့၏ မျက်နှာထက်တွင် ရုတ်တရက် အလွန်ထူးဆန်းသော အရိပ်အယောင်များ ပေါ်ပေါက်လာသည်။

ထိုနေရာတွင် လူသုံးဦး ရပ်နေသည်မှာ အမှန်ပင်ဖြစ်ပြီး၊ ၎င်းတို့မှာ အစ်မကြီး ရှဲ့အာမန်၊ ဖန့်ချန်နှင့် ကြာနီနတ်မိမယ် ဟုန်ကျိတို့ ဖြစ်ကြသည်။

နန်မင်ရုယွဲ့၏ မျက်နှာမှာ တည်သွားပြီး စိတ်အာရုံကို လှုပ်ရှားလိုက်ရုံဖြင့် နဂါးနက်လှေကြီးမှာ ထိုသုံးဦး၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိသွားတော့သည်။

ကျင့်ကြံသူ အယောက်ပေါင်း ဆယ်ဂဏန်းခန့်သည် မသေမျိုးလှေပေါ်မှ ပျံသန်းဆင်းသက်လာကြပြီး ထိုသုံးဦး၏ ရှေ့တွင် ရပ်တန့်လိုက်ကြသည်။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တစ်စုံတစ်ယောက်က အသက်ရှူပင် မှားသွားရသည်။

ထိုသုံးဦး၏ မျက်နှာအမူအရာမှာ အလွန်ပင် အေးချမ်းငြိမ်သက်နေသော်လည်း ကိုယ်ပေါ်တွင် အသက်ဓာတ် အငွေ့အသက် လုံးဝမရှိဘဲ သေဆုံးနေသူများကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

"ဒါ... သေသွားတာလား "

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလောကမှာ အစ်မကြီးကို ဘယ်သူက သတ်နိုင်မှာမို့လို့လဲ"

"ဒါဆို ယင်လောကထဲကို ဝိညာဉ်ကူးပြောင်း သွားတာလား "

"ဒါလည်း မဖြစ်နိုင်ဘူးလေ၊ ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ဝိညာဉ်ကူးပြောင်းလို့ ရမှာလဲ "

လူအုပ်ကြီးမှာ တစ်ယောက်တစ်ပေါက်နှင့် အံ့ဩတသ ဖြစ်နေကြပြီး၊ သူတို့၏ အကြည့်များမှာ ထိုသုံးဦး၏ ကိုယ်ပေါ်တွင် အပြန်အလှန် လှည့်လည်နေကြသည်။

နန်မင်ရုယွဲ့က အတော်ကြာအောင် စစ်ဆေးကြည့်ပြီးနောက် ထိုသုံးဦးတွင် အသက်ဓာတ် လုံးဝကင်းမဲ့နေသည်မှာ သေချာကြောင်း အတည်ပြုလိုက်ရသည်။

သို့သော် ဤသည်မှာ မည်သို့သော အခြေအနေမျိုးနည်း။

တာ့လေယင်တွင် ဝိညာဉ်ကူးပြောင်း၍ ရနိုင်သည်လား

ထိုသို့ တွေးမိသည်နှင့် နန်မင်ရုယွဲ့က ဝိညာဉ်ခေါ်မီးအိမ် ကို ထုတ်ယူလိုက်သည်။

ခေတ္တအကြာတွင် သူက အသာအယာ ခေါင်းခါပြသည်

"ဒီနယ်မြေထဲမှာ ဝိညာဉ်ကူးပြောင်း လို့ မရဘူး"

"စီနီယာအစ်ကိုငါး... အစ်မကြီးတို့ တစ်စုံတစ်ရာသော အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတာလား အခုမြင်နေရတဲ့ မြင်ကွင်းက ထင်ယောင်ထင်မှား များ ဖြစ်နေမလား "

တစ်စုံတစ်ယောက်က စိုးရိမ်တကြီး မေးလိုက်သည်။

အားလုံးမှာ အနည်းငယ် တုန်လှုပ်သွားကြသည်။

အကယ်၍ သူတို့သည် ထူးဆန်းသော ထင်ယောင်ထင်မှား နယ်မြေတစ်ခုထဲသို့ ရောက်ရှိနေသဖြင့် ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းကို မြင်နေရခြင်းလား။

နန်မင်ရုယွဲ့က ဦးဆောင်ကာ နည်းလမ်းမျိုးစုံဖြင့် စမ်းသပ်ကြည့်ပြီးနောက် အားလုံးက နိဂုံးချုပ်လိုက်ကြသည် ဤနေရာတွင် ထင်ယောင်ထင်မှား နယ်မြေရှိရန် မဖြစ်နိုင်ဘဲ ရှေ့မှ လူသုံးဦးမှာ အစစ်အမှန် ခန္ဓာကိုယ်များပင် ဖြစ်သည်။

"တစ်စုံတစ်ရာ ချို့ယွင်းချက် ဖြစ်သွားတာ သေချာတယ်"

နန်မင်ရုယွဲ့က လက်ကို အသာအယာ ဝေ့ယမ်းလိုက်ရာ တားမြစ်အစီရင်တစ်ခုက ထိုသုံးဦး၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားသည်။

ထို့နောက် သူက လေးနက်သော အမူအရာဖြင့် မှာကြားလိုက်သည်။

"အခုကစပြီး ငါတို့ ဒီမှာပဲ စောင့်နေကြမယ်၊ သူတို့ သုံးယောက် နိုးလာတဲ့အထိ စောင့်ကြရအောင်"

အားလုံးက သဘောတူကြသည်။

ဤနေရာတွင် စောင့်ဆိုင်းနေခြင်းကြောင့် စူးစမ်းရှာဖွေရေး အချိန်များ ဖြုန်းတီးရာ ရောက်နိုင်သော်လည်း မည်သည့်အရာက ပို၍ အရေးကြီးသည်ကို သူတို့ ခွဲခြားသိမြင်ကြသည်။

"စီနီယာအစ်ကိုငါး... တခြား အမာခံတပည့်တွေကို အကြောင်းကြားရမလား "

အပြင်စည်းကျင့်ကြံသူတစ်ဦးက မေးသည်။

နန်မင်ရုယွဲ့က ခေါင်းခါပြသည်

"အကြောင်းမကြားနဲ့ဦး၊ ဒီတစ်ခေါက်လာတဲ့ အမာခံတပည့်တွေက အားလုံး စိတ်တူကိုယ်တူ ဖြစ်ချင်မှ ဖြစ်မှာ။ သူတို့သာ ဒီသုံးယောက်ရဲ့ အခြေအနေကို သိသွားရင် မလိုအပ်ဘဲ ပြဿနာတွေ ရှုပ်ထွေးလာနိုင်တယ်"

ပြောပြီးသည်နှင့် သူ၏ ကိုယ်တွင်းမှ မသေမျိုးစွမ်းအား များမှာ တဖြည်းဖြည်း လှုပ်ရှားလာပြီး၊ အနီးနားတွင် ကိုယ်ပျောက်အစီရင် တစ်ခုကို ခင်းကျင်းလိုက်ရာ လူအားလုံး၏ ပုံရိပ်မှာ ကွယ်ပျောက်သွားတော့သည်။

လူအုပ်ကြီးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများတွင် စိုးရိမ်စိတ်များ ပိုမိုနက်ရှိုင်းလာသည်။

စီနီယာအစ်ကိုငါးက ထိုသုံးယောက်၏ အခြေအနေမှာ တစ်စုံတစ်ယောက်၏ အကွက်ဆင်မှုကို ခံလိုက်ရသည်ဟု သံသယရှိနေခြင်းလား။

"ကျုပ်တို့ သေသွားပြီဟုတ်လား ဟားဟား... ရှင်တို့လို တာအိုဆရာ လူဝတ်ကြောင်တွေကတော့ လူကို လှည့်စားဖို့ပဲ ကောင်းတယ် "

အစ်မကြီးက အောင့်မထားနိုင်ဘဲ ရယ်မောလိုက်ပြီးနောက်၊ နောက်တစ်ခဏတွင် သူမ၏ မျက်နှာထားမှာ တည်သွားကာ စားပွဲကို လက်ဖြင့် ပြန်လှန်ရိုက်ချလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ယင်အငွေ့အသက် များမှာ လှိုင်းလုံးကြီးများကဲ့သို့ လွင့်စင်ထွက်ပေါ်လာသည်။

တာအိုဆရာ အိုကြီးကမူ သူမကို ပြုံးပြုံးလေး ကြည့်နေပြီး ဘာတုံ့ပြန်မှုမှ မလုပ်ချေ။

"ယင်အငွေ့အသက်တွေလား "

အစ်မကြီး၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး လက်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။

ထို့နောက် သူမက ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့ကို စဉ်းစားဟန်ဖြင့် လှမ်းကြည့်လိုက်သည်။

တာအိုဆရာ အိုကြီး၏ သတိပေးချက်ကြောင့် သူတို့ သုံးဦးစလုံးမှာ ရုတ်တရက် အသိဝင်လာသကဲ့သို့ မိမိတို့ကိုယ်ပေါ်ရှိ ထူးဆန်းသော အချက်အလက်အချို့ကို သတိပြုမိလိုက်ကြသည်။

"တကယ်ကို ယင်လောကထဲ ဝိညာဉ်ကူးပြောင်းထားတဲ့ အခြေအနေပဲ..."

ဖန့်ချန်၏ အမူအရာမှာ ထူးဆန်းနေသည်။

ဤနေရာက အမှန်တကယ်ပဲ ယင်လောက ဖြစ်နေတာလား။

သူကိုယ်တိုင်က ငရဲမင်းကြီး တစ်ဦး ဖြစ်ပါလျက်နှင့်၊ ယင်လောကထဲသို့ ရုတ်တရက် အဆွဲသွင်းခံလိုက်ရသည်ကို တခြားသူများကဲ့သို့ပင် ဘာမှ သတိမထားမိခဲ့ချေ။

မိမိကိုယ်ထဲတွင် ယင်အငွေ့အသက်များ ပြည့်နှက်နေသည်ကိုပင် မသိလိုက်ရသည်အထိ ဖြစ်နေသည်။

ဤသို့ တွေးမိလေလေ ထိုနေရာမှာ ရိုးရှင်းမှုမရှိကြောင်း သူ ပို၍ ခံစားလာရလေဖြစ်သည်။

ဗုဒ္ဓတိုင်းပြည်ဟု ခေါ်ဆိုသော ဤနေရာမှာ ဝိညာဉ်တိုင်းပြည် ဖြစ်နေသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိတော့ချေ။

ဝိညာဉ်ကူးပြောင်း၍ မရနိုင်သော နယ်မြေထဲတွင် ယင်သက်တမ်း မလိုဘဲ ထာဝရရှင်သန်နိုင်သည့် ထူးခြားသော ယင်လောကတစ်ခုကို ဖန်တီးထားနိုင်သည်မှာ မည်သို့သော အစွမ်းမျိုးနည်း။

"အဲ့ဒီလို ဖြစ်နေရင်တောင် ရှင်ပြောတာ တစ်ချက် မှားနေတယ်။ ကျမတို့ အခုက ဝိညာဉ်ကူးပြောင်း နေရုံပဲ၊ သေသွားတာ မဟုတ်ဘူး"

အစ်မကြီးက အေးစက်စွာ ပြောလိုက်သည်

"ရှင် ဘာတွေ သိထားလဲဆိုတာကို တည့်တည့်ပဲ ပြောပါ၊ မောင်လေးကိုး ကို ဒီကို ခေါ်လိုက်တာက အလကား အတိတ်ဟောင်း နှိုးဖို့ပဲတော့ မဟုတ်လောက်ဘူး"

"မာနကြီးနေတုန်းပဲလား မိန်းကလေး... ငါ မေးပါရစေ၊ လူတစ်ယောက်က ရှင်နေတာနဲ့ သေနေတာ ဘာကွာလို့လဲ "

တာအိုဆရာ အိုကြီးက ထူးဆန်းသော အပြုံးဖြင့် ဆိုသည်

"နင်တို့ရဲ့ ဝိညာဉ်တွေက ဒီမှာ ပိတ်မိနေပြီး ခန္ဓာကိုယ်ဆီကို ပြန်သွားလို့ မရတော့ဘူး။ ကဲ... ဒါကို သေသွားတာလို့ မခေါ်ရင် ဘာခေါ်မလဲ "

"ဒီမှာ ပိတ်မိနေတယ် ဟုတ်လား "

အစ်မကြီးက လှောင်ပြုံး ပြုံးလိုက်သည်

"ကျမတို့ အခုပဲ လာခဲ့တဲ့ လမ်းအတိုင်း ပြန်သွားလို့ ရတယ်"

"ပြန်လို့ မရပါဘူး... ငါ ဒီမှာ နေလာတာ နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲတောင် မသိတော့ဘူး၊ ထွက်ပေါက်ကို လုံးဝ ရှာမတွေ့ခဲ့ဘူး။ နင့်လို မိန်းကလေးငယ်လေးက ပိုတောင် မလွယ်ဘူးပေါ့"

တာအိုဆရာ အိုကြီးက ခေါင်းကို အသာအယာ ခါယမ်းလိုက်ရင်း

"အချိန်တွေ ကြာလာတာနဲ့အမျှ နင်တို့ဟာ လူ့လောကက အရာအားလုံးကို တဖြည်းဖြည်း မေ့လျော့သွားကြလိမ့်မယ်။ နင်တို့ ဘယ်သူလဲ ဆိုတာတောင် မှတ်မိတော့မှာ မဟုတ်ဘူး"

"စီနီယာ... ပြောစရာရှိရင် တည့်တည့်ပဲ ပြောပေးပါ"

ဖန့်ချန်က ကြားဝင်ပြောလိုက်သည်

"စီနီယာ ဒီနေရာမှာ နေလာတာ ဘယ်လောက်ကြာပြီလဲ ဘာလို့ ကျနော်တို့က လူ့လောကက အရာအားလုံးကို မေ့သွားရမှာလဲ အစ်မကြီးက အဆင့် ၈ မသေမျိုး တစ်ယောက်ပါ၊ သူမရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ နည်းလမ်းဆိုတာ ရှိလို့လား "

"မှန်တယ်၊ ငါက အဆင့် ၈ မသေမျိုးပဲ။ အဆင့် ၉ မသေမျိုး ကိုယ်တိုင်လာရင်တောင် ငါ့ကို သတ်ဖို့က လွယ်ပေမဲ့၊ ငါ့မှတ်ဉာဏ်ကို ဖျက်ဆီးဖို့ကတော့ စိတ်ကူးယဉ်မနေနဲ့"

အစ်မကြီးက ပြုံးလျက် ဆိုသည်။

"စားပွဲထိုး... ဒီမှာ ရေနွေးလာထည့်ဦး"

တာအိုဆရာ အိုကြီးက ရုတ်တရက် လှမ်းခေါ်လိုက်သည်။

စားပွဲထိုးလေး တစ်ဦးက သုတ်သုတ်ပျာပျာ ပြေးလာပြီး သူတို့အတွက် ရေနွေး လာထည့်ပေးသည်။

ဖန့်ချန်တို့ သုံးဦးမှာ ပြဿနာရှိမည်စိုးသဖြင့် ဤနေရာသို့ ရောက်ကတည်းက ဘာမှ မစားမသောက်ခဲ့ကြချေ။

သို့သော် တာအိုဆရာ အိုကြီးကမူ အရသာခံ သောက်နေပြီးမှ ပြုံးလျက် ပြောသည်။

"ခုနက စားပွဲထိုးလေးလေ... သူ ဒီကို စရောက်တုန်းက သူ့ကိုယ်သူ စိတ်ဝိညာဥ်တောင် က ပါရမီရှင်ကြီးတစ်ယောက်လို့ ပြောခဲ့တာ။ အဆင့် ၈ မသေမျိုးလည်း ဖြစ်ဟန်တူတယ်။ အဲ့ဒီနောက် ငါက ခဏလောက် အိပ်ပျော်သွားခဲ့တယ်။ ကဲ... အခု ဘာဖြစ်သွားပြီလဲ ကြည့်ဦး "

"စိတ်ဝိညာဥ်တောင်က ပါရမီရှင် အဆင့် ၈ မသေမျိုး ဟုတ်လား "

အစ်မကြီး အံ့အားသင့်သွားပြီး အလုပ်ရှုပ်နေသော စားပွဲထိုးလေးကို စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။

တစ်ဖက်လူမှာ သာမန်အရပ်သားတစ်ဦးနှင့်သာ တူပြီး အဆင့် ၈ မသေမျိုး၏ အငွေ့အသက်မျိုး လုံးဝမရှိချေ။

ဖန့်ချန်မှာမူ စိတ်ဝိညာဥ်တောင် ဆိုသည့် အမည်ကို ကြားလိုက်ရသဖြင့် အာရုံစိုက်မိသွားသည်။

ထိုဂိုဏ်းသည် ယခင်က စိတ်ဝိညာဥ်နယ်မြေ တွင် ထိပ်သီးဂိုဏ်းဖြစ်ခဲ့ပြီး ဝမ်ချုံစန်း၏ မူလကိုယ်ခန္ဓာမှာလည်း ထိုဂိုဏ်းမှ အထူးပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။

ထို့အပြင် သူတို့သည် ရှေးဟောင်းမိစ္ဆာဂိုဏ်း နှင့်လည်း ရန်ငြိုးရှိခဲ့ကြသည်။

ရှေးဟောင်းမိစ္ဆာဂိုဏ်း ဆိုသည်မှာ... နိုးထလာသော မိစ္ဆာများက တည်ထောင်ခဲ့ပြီး ယနေ့တိုင် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်နိုင်ပေသည်။

"ရှင် ပြောသမျှ အကုန် ဟုတ်နေရောလား"

အစ်မကြီးက ရုတ်တရက် လှောင်ရယ်လိုက်ပြီးနောက် ဖန့်ချန်နှင့် ကြာနီနတ်မိမယ်တို့ကို ပြောလိုက်သည်။

"ငါတို့ သွားကြစို့"

နှစ်ဦးသားမှာ ဘာမှ တွေဝေမနေဘဲ အစ်မကြီးနောက်မှ ချက်ချင်း လိုက်သွားကြသည်။

တာအိုဆရာ အိုကြီးကမူ လက်ဖက်ရည် သောက်ရင်း သူတို့ ထွက်ခွာသွားသည်ကို လှမ်းကြည့်နေခဲ့ပြီး တားဆီးခြင်း မပြုခဲ့ချေ။

လက်ဖက်ရည်ဆိုင်မှ ထွက်လာသောအခါ အစ်မကြီးက နဂါးနက်လှေကို ထုတ်ရန် ကြိုးစားသော်လည်း အတော်ကြာသည်အထိ ဘာတုံ့ပြန်မှုမှ မရှိချေ။

သူမ၏ မျက်နှာမှာ တည်သွားပြီး ချက်ချင်းပင် ယင်အငွေ့အသက်များကို ထုတ်ဖော်ကာ လူသုံးဦးကို လွှမ်းခြုံ၍ လာခဲ့သည့် လမ်းအတိုင်း ပျံသန်းပြန်လာခဲ့သည်။

ယင်အငွေ့အသက်များဖြင့် ဖွဲ့စည်းထားသော တိမ်တိုက်ပေါ်တွင် ဖန့်ချန် တစ်စုံတစ်ခုကို တွေးတောနေမိသည်။

ထိုတာအိုဆရာ အိုကြီးမှာ ဆရာသခင် ယွမ်ဟယ်ကို သိနေပုံရသဖြင့် ထူးခြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်သော်လည်း သူပြောသွားသည့် စကားများမှာ ပို၍ အရေးကြီးနေသည်။

ယခု လက်ရှိ အရေးအကြီးဆုံးမှာ သူပြောသည့် စကားများ မှန်၊ မမှန် အတည်ပြုရန်ပင်။

အကယ်၍ ဤနေရာမှ တကယ် ထွက်မရပါက ပြဿနာကြီးပေတော့မည်။

ဖန့်ချန်သည် လာခဲ့သည့် လမ်းကြောင်းများကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။

သူတို့ ဆယ်နှစ်ကျော်တိုင် ပျံသန်းခဲ့ကြသော်လည်း နဂါးနက်လှေ မရှိသဖြင့် ရှဲ့အာမန်၏ အရှိန်မှာ ယခင်ကထက် များစွာ နှေးကွေးနေသည်။

မကြာမီ သူတို့သည် ရင်းနှီးနေသော ထိုပင်လယ်ပြင်သို့ ပြန်လည်ရောက်ရှိလာကြသည်။

သို့သော် လမ်းကြောင်းအတိုင်း ဆက်လက် ပျံသန်းကြည့်သော်လည်း ရှေ့တွင် မြင်လိုက်ရသည်မှာ စိမ်းလန်းစိုပြည်နေသော တောအုပ်ကြီးတစ်ခုသာ ဖြစ်နေတော့သည်။

"ကျမတို့... တကယ်ပဲ ထွက်မရတော့တာလား "

ကြာနီနတ်မိမယ်က ဖန့်ချန်တို့ နှစ်ဦးကို လှမ်းကြည့်ကာ မေးလိုက်သည်။

"ငါတော့ မယုံဘူး၊ ဒီနေရာက ငါတို့ကို တကယ် ပိတ်မိထားနိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့"

အစ်မကြီးက သွားကို တင်းတင်းကြိတ်ကာ ထွက်ပေါက်ကို ဆက်လက် ရှာဖွေနေတော့သည်။

ထိုအတောအတွင်း သူမသည် ဗုဒ္ဓပုတီးစေ့ကို ထုတ်ယူကာ အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်သော်လည်း ဘာမှ မထူးခြားတော့ချေ။

ဗုဒ္ဓတရားသံများပင် ပျောက်ကွယ်သွားခဲ့လေပြီ။

အခန်း (၁၄၉၆) - ဟွာကျိသိုက် ဝိညာဉ်မယ်တော်

"မောင်လေးကိုး... ငါတို့ပြန်မယ့်လမ်းက ဘယ်လိုသွားရမှာလဲ"

"အစ်မကြီး... ဒီလမ်းအတိုင်းသွား၊ ဟိုဘက်က တောင်ကို မြင်လား၊ လာတုန်းက အဲ့ဒီတောင်ကို ကျနော် မှတ်ထားတယ်"

"တော်သေးတာပေါ့ လမ်းမှတ်မိလို့"

ရှဲ့အာမန်က စိတ်သက်သာရာရစွာဖြင့် ဖန့်ချန်၏ ပုခုံးကို ပုတ်ပေးလိုက်ပြီးနောက် အားသွန်ခွန်စိုက် အရှိန်မြှင့် ပျံသန်းလေတော့သည်။

ကြာနီနတ်မိမယ်ကတော့ သက်ပြင်းခပ်ဖွဖွ ချလိုက်မိသည်။

မျက်စိတစ်မှိတ်အတွင်းမှာတင် သူတို့ ဤနေရာတွင် ရောက်နေသည်မှာ အနည်းဆုံး နှစ်ပေါင်း လေးငါးဆယ်ခန့် ရှိနေပြီဖြစ်သည်။

ဤအချိန်အတောအတွင်း လမ်းရှာဖွေခြင်းဖြင့်သာ ကုန်ဆုံးခဲ့ရပြီး ယခုအခါတွင်မူ အစ်မကြီးကိုယ်တိုင်က သူတို့ ထွက်သွား၍ မရတော့ကြောင်း မကျေမနပ်ဖြင့် ဝန်ခံလိုက်ရလေပြီ။

ဂုဏ်သရေရှိ အဆင့် ၈ မသေမျိုး၊ ကျွယ်မင်နန်းတော်၏ အမာခံတပည့်ခေါင်းဆောင်၊ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး အလွန်တရာ ထိုးထွင်းဉာဏ်ကောင်းလှသူဖြစ်သည့် သူမကိုယ်တိုင်က သူတို့ သုံးဦး ထွက်ခွာ၍ မရတော့ကြောင်း ဝန်ခံလိုက်သည်ဆိုလျှင် အမှန်တကယ်ပင် ထွက်ပေါက်မရှိတော့ဟု ဆိုနိုင်ပေသည်။

ယခုအခါ သူတို့ သုံးဦးသည် မူလလမ်းအတိုင်း ပြန်လှည့်ကာ ထိုတာအိုဆရာ လူအိုကြီးထံသို့ သွားရောက်ပြီး သူ ဘာတွေ သိထားသလဲဆိုသည်ကို မေးမြန်းရန် ဆုံးဖြတ်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် တာ့လေယင်ပေါ်သို့ ကျွယ်မင်နန်းတော်မှ အမာခံတပည့်များ တသီတတန်း ရောက်ရှိလာကြသည်။

ထိုအမာခံတပည့်များသည် တာ့လေယင်နှင့် သိပ်မဝေးလှသော နေရာများတွင် ရှိနေကြသူများဖြစ်ပြီး၊ ဤနေရာကို ကျွယ်မင်နန်းတော်က သိမ်းပိုက်လိုက်ပြီဟု ကြားသိရသောအခါ အကျိုးအမြတ်အချို့ လာရောက်ရှာဖွေကြခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်အနည်းငယ်က နှစ်ပေါင်း ၃၀ သတ်မှတ်ချက် ပြည့်သွားချိန်တွင် ပုံမှန်ကျင့်ကြံသူများမှာ အမာခံတပည့်များနှင့်အတူ ထွက်ခွာသွားကြပြီဖြစ်သော်လည်း၊ ဖန့်ချန်၊ ကြာနီနတ်မိမယ်နှင့် အစ်မကြီးတို့ သုံးဦးစလုံး ပြဿနာတက်နေသဖြင့် သူတို့၏ စူးစမ်းရှာဖွေရေးအဖွဲ့ဝင်များသည်လည်း မထွက်ခွာဘဲ ဤနေရာတွင် ကျန်ရစ်ခဲ့ကြသည်။

ဤသည်မှာ သူတို့အတွက် မမျှော်လင့်ဘဲ ရရှိလာသော အခွင့်အရေးတစ်ခုဖြစ်ပြီး၊ နှစ်အနည်းငယ် ပိုနေရသဖြင့် အကျိုးကျေးဇူးများ ပိုမိုရရှိနိုင်ပေသည်။

ချန်အင်ရွှယ်သည် ထိုသုံးဦး ရှေ့တွင် ရပ်ကာ ဘယ်ပြန်ညာပြန် အကဲခတ်နေသည်။

နံပါတ် ၄ နှင့် တခြားသူများလည်း ထိုနေရာတွင် ရှိနေကြပြီး အံ့ဩတသ ဖြစ်နေကြသည်။

"နံပါတ် ၅... ဘယ်နှစ်နှစ် ရှိသွားပြီလဲ"

ချန်အင်ရွှယ်က ရုတ်တရက် မေးလိုက်သည်။

"လေးငါးဆယ်နှစ်တော့ ရှိသွားပြီ"

နန်မင်ရုယွဲ့၏ မျက်ဝန်းများမှာ လေးနက်နေသည်။

ဤမျှ နှစ်အကြာကြီး ကုန်ဆုံးသွားသော်လည်း ထိုသုံးဦးမှာ ဘာလှုပ်ရှားမှုမှ မရှိသဖြင့် အခြေအနေမှာ သိသိသာသာ ပြင်းထန်နေပြီဖြစ်သည်။

"ဝိညာဉ်ကူးပြောင်းတာနဲ့ တူပေမဲ့လည်း မဖြစ်နိုင်ပြန်ဘူး။ တို့တွေလည်း စမ်းကြည့်ပြီးပြီလေ၊ ဒီမှာ ဝိညာဉ်ကူးပြောင်းလို့ မရဘူးဆိုတာ။ တကယ်လို့ ဒါက အစီရင်ဗဟိုချက် ကြောင့်ဆိုရင်တောင်၊ ဒီကောင်မလေးကျတော့ ဘာလို့လဲ"

ချန်အန်းရွှယ်က ဖန့်ချန်၏ ရှေ့သို့ လျှောက်သွားပြီး ရှဥ့်ပျံကို ထုတ်ယူကာ ကြည့်လိုက်သည်။

"စီနီယာအစ်မ ၃... ဒါက မိယွီ လို့ ခေါ်တဲ့ မိတ်ဆွေပါ"

အမာခံတပည့်တစ်ဦးက သတိပေးလိုက်သည်။

"အင်း"

သူမက ရှဥ့်ပျံလေးကို မူလနေရာသို့ ပြန်ထားလိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ယူဆချက်တစ်ခု ထုတ်ကြည့်ရအောင်။ အစ်မကြီးနဲ့ မောင်လေးကိုးတို့ သုံးယောက်က အစီရင်ဗဟိုချက် ရှိလို့ ဒီက တားမြစ်ချက်ကို ချိုးဖျက်ပြီး ဝိညာဉ်ကူးပြောင်းနိုင်စွမ်း ရသွားတယ် ဆိုပါစို့။ ဒါဆိုရင် ဒီမိယွီ ဆိုတဲ့ မိန်းကလေးမှာ ဝိညာဉ်ကူးပြောင်းနိုင်စွမ်း ရှိစရာ အကြောင်းမရှိဘူး၊ ဟုတ်တယ်မလား"

"ဟုတ်ပါတယ်"

"ဒါကြောင့် ဒီသုံးယောက်က သေသွားတာပဲ ဖြစ်ရမယ်။ သူတို့ကို မြှုပ်နှံဖို့ နေရာတစ်ခု ရှာလိုက်ကြစို့။ ပြီးရင် ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ခေါင်းဆောင်သစ်ကို ပြန်ရွေးကြမယ်၊ ငါကတော့ ငါ့ကိုယ်ငါပဲ မဲပေးတယ်"

ချန်အန်းရွှယ်က အားလုံးကို လှမ်းကြည့်လိုက်သည်။

"..."

နန်မင်ရုယွဲ့က သက်ပြင်းချလိုက်သည်

"စီနီယာအစ်မ ၃... သူတို့ မသေသေးပါဘူး"

"ငါ့မျက်စိက ကန်းနေတယ် ထင်လို့လား၊ သူတို့ မသေသေးတာ ငါလည်း သိတာပေါ့"

ချန်အန်းရွှယ်က နှာခေါင်းရှုံ့လိုက်ရင်း

"ဒါကြောင့် မင်းတို့လည်း ဒီတိုင်း ငုတ်တုတ်ထိုင်မနေကြနဲ့၊ ဘာဖြစ်နေတာလဲဆိုတာကို သိအောင် မြန်မြန် ကြံကြဦး။ တကယ်လို့ ဝိညာဉ်ကူးပြောင်းနေတာ ဆိုရင်လည်း သူတို့တွေ ယင်လောကမှာ ပိတ်မိနေပြီး လူ့လောကကို ပြန်မလာနိုင်တာ ဖြစ်နိုင်တယ်။ ကျွယ်မင်ကြယ်ဆီ သတင်းပို့လိုက်၊ ကျွယ်မင်ယင်လောကက ဝိညာဉ်နတ်ဘုရား တွေကို နည်းလမ်းရှာခိုင်း "

"သတင်းက အသွားအပြန် အချိန်ယူရဦးမယ်။ ဒါပေမဲ့ အကြီးအကဲများအဖွဲ့ ကတော့ ဒီကိစ္စကို သိသွားလောက်ပြီ၊ နည်းလမ်းရှာနေကြမှာပါ"

နန်မင်ရုယွဲ့က ဆိုသည်။

"နောက်ထပ် နှစ်အနည်းငယ်ကြာရင် ပထမဆုံး နယ်မြေလုပွဲ စတော့မယ်။ ဒီသုံးယောက်သာ နိုးမလာရင် ဒီတိုက်ပွဲကတော့ အခြေအနေ မဟန်ဘူး"

ချန်အင်ရွှယ်က မျက်မှောင်ကြုတ်လျက်

"စီနီယာအစ်ကို ၂ ဆီကို သတင်းပို့ပြီးပြီလား သူဆိုရင် အချိန်မီ ရောက်လာနိုင်လောက်တယ် မဟုတ်လား"

"မသိဘူးဗျ..." အားလုံးမှာ ဝေခွဲမရ ဖြစ်နေကြသည်။

စီနီယာအစ်ကို ၂ က ကျွယ်မင်ယင်လောကမှာ အပြစ်ပေး ခံနေရတာ မဟုတ်လား တကယ်လို့ ဟိုတစ်ခါက ကိစ္စမှာ သူသာ တကယ် ပါဝင်ပတ်သက်နေမယ်ဆိုရင် သူ့ကို ဒီကို ဖိတ်ခေါ်ဖို့က မသင့်တော်ဘူး မဟုတ်လား။

"မသိတော့ဘူး၊ အကြီးအကဲများအဖွဲ့ ဘယ်လို စီစဉ်မလဲဆိုတာပဲ ကြည့်ရမှာပဲ"

ချန်အင်ရွှယ်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားသည်။

"မင်းတို့မှာ ရှိတဲ့ ထူးထူးဆန်းဆန်း နည်းလမ်းတွေ အကုန်သုံးပြီး ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့ ကြိုးစားကြစမ်း"

"ဟုတ်ကဲ့ပါ..."

နှစ်အနည်းငယ် ကြာပြီးနောက်... ဖန့်ချန်တို့ သုံးဦးသည် ထိုမြို့တော်၊ ထိုလက်ဖက်ရည်ဆိုင်နှင့် ထိုတာအိုဆရာ လူအိုကြီးထံသို့ ထပ်မံရောက်ရှိလာကြသည်။

သူက ရှဲ့အာမန်ကို မဲ့ပြုံးဖြင့် ကြည့်လိုက်ရင်း

"မိန်းကလေး... ထွက်မရဘူး မဟုတ်လား အခုတော့ လက်ခံပြီလား"

ဖန့်ချန်ကတော့ အစ်မကြီးက တစ်ဖက်လူကို ပြန်လည် အော်ဟစ်ငေါက်ငမ်းလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း၊ မထင်မှတ်ဘဲ အစ်မကြီးက ချိုသာစွာ ပြုံးပြလိုက်သည်။

"ရှင့်က ကျမတို့ထက် ဒီမှာ နေလာတာ ကြာပြီဆိုတော့... ဘယ်လမ်းကနေ ထွက်လို့ရမလဲဆိုတာ ပြောပြပေးနိုင်မလား"

တာအိုဆရာ လူအိုကြီးက ချက်ချင်းပင် မာန်တက်သွားကာ နှာမှုတ်လိုက်သည်။

"နင်က ငါ့ကို စီနီယာ လို့တောင် မခေါ်ချင်ဘူးပေါ့လေ"

"စီနီယာ" အစ်မကြီးက ချက်ချင်းပင် ခေါ်လိုက်သည်။

တာအိုဆရာ လူအိုကြီးက ထိုအခါမှ ကျေနပ်စွာ ခေါင်းညိတ်ပြသည်။

"အမှန်အတိုင်း ပြောရရင် ငါလည်း ဘယ်လိုထွက်ရမလဲ မသိဘူး။ သိရင် ငါ ဒီမှာ ဘာလို့ အကြာကြီး နေပါ့မလဲ၊ ဟိုးကတည်းက ထွက်သွားပြီပေါ့"

အစ်မကြီး၏ မျက်နှာပေါ်က အပြုံးမှာ ခဏတာ တောင့်ခဲသွားပြီးနောက် ဖန့်ချန်တို့ နှစ်ဦးဘက်သို့ လှည့်ကာ

"ကြည့်ရတာ... တို့ဘာသာတို့ပဲ အားကိုးရတော့မယ် ထင်တယ်၊ ဒီလူအိုကြီးက အသုံးမကျဘူး"

"မျက်နှာပြောင်းတာ တကယ် မြန်တာပဲ "

တာအိုဆရာ လူအိုကြီးက လှောင်ရယ်လိုက်သည်

"ငါ အခုလောလောဆယ် ဘယ်လိုထွက်ရမလဲ မသိသေးပေမဲ့၊ အစအန အချို့ကိုတော့ ရှာတွေ့ထားပြီးပြီ။ တကယ်လို့ နင်တို့ ထွက်သွားချင်တယ်ဆိုရင် ငါ့ကို ကောင်းကောင်း ဖားရလိမ့်မယ်။ မဟုတ်ရင် ငါ့ဘာသာ ငါ ထွက်သွားပြီး နင်တို့ သုံးယောက်ကိုတော့ ဒီမှာ ယင်လေတိုက်ခံဖို့ ထားခဲ့မှာ"

"တကယ်ပဲ သဲလွန်စ ရှိတာလား စီနီယာက ကျမတို့ကို လိမ်နေတာ မဟုတ်ပါဘူးနော်"

အစ်မကြီးက ပြန်လည် ပြုံးပြလိုက်ပြန်သည်။

"နင်တို့ ဒီနေရာရဲ့ သမိုင်းကြောင်းကို သိလားတကယ်လို့ သိခဲ့ရင်၊ ပြီးတော့ ငါ့လို ဒီမှာ နှစ်ပေါင်းများစွာ နေခဲ့ရင် နင်တို့လည်း သဲလွန်စ ရှာတွေ့နိုင်မှာပါ"

တာအိုဆရာ လူအိုကြီးက အေးအေးဆေးဆေး ပြုံးလိုက်ရင်း အနည်းငယ် ဂုဏ်ယူနေပုံရသည်။

ဒီနေရာရဲ့ သမိုင်းကြောင်း

သူတို့ သုံးဦးစလုံး စိတ်ဝင်စားသွားကြသည်။ ကြည့်ရတာ ဒီတာအိုဆရာက သူတို့ သိထားတာထက် အများကြီး ပိုသိနေပုံရသည်။

အစကတော့ တစ်ဖက်လူမှာလည်း ရတနာကို လောဘတက်ရင်း မှားယွင်းရောက်ရှိလာသည်ဟု ထင်ခဲ့သော်လည်း၊ ယခုမူ တခြား လျှို့ဝှက်ချက်တစ်ခုခု ရှိနေပုံရသည်။

"အသေးစိတ်လေး သိပါရစေ"

သုံးဦးသားက တညီတညွတ်တည်း လက်အုပ်ချီ၍ ဂါရဝပြုလိုက်ကြသည်။

တာအိုဆရာ လူအိုကြီးက သူ၏ ရှေ့ရှိ လွတ်နေသော လက်ဖက်ရည်ခွက်ကို အသာအယာ ခေါက်ပြလိုက်သည်။

ကြာနီနတ်မိမယ်က အလိုက်တသိဖြင့် ထရပ်ကာ လက်ဖက်ရည် အပြည့် ထည့်ပေးလိုက်သည်။

လက်ဖက်ရည် တစ်ငုံ သောက်ပြီးနောက်တွင်မှ တာအိုဆရာ လူအိုကြီးက စတင် ပြောပြလေတော့သည်။

"ငါ ပြောပြမယ်... ဒီနေရာကလေ၊ အရင်တုန်းက အခုလို မဟုတ်ဘူး။ နင်တို့တွေ ယင်လောကမှာ ရှိတဲ့ ဟွာကျိသိုက် ဝိညာဉ်မယ်တော် ဆိုတဲ့ ဝိညာဉ်ဗုဒ္ဓတစ်ပါး အကြောင်းကို ကြားဖူးကြလား "

သုံးဦးသား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းခါလိုက်ကြသည်။

ဖန့်ချန်မှာလည်း ထိုအမည်ကို တစ်ခါမျှ မကြားဖူးချေ။

သို့သော် တစ်ဖက်လူ၏ ပါးစပ်မှ ထွက်လာသည်ဆိုလျှင် သာမန် ပုဂ္ဂိုလ်တစ်ဦး မဟုတ်သည်မှာ သေချာသည်။

ဤဝိညာဉ်တိုင်းပြည်သည် ထို ဟွာကျိသိုက် ဝိညာဉ်မယ်တော် နှင့် ပတ်သက်မှု အလွန်နက်ရှိုင်းပုံရသည်။

"ဟိုးအရင်တုန်းက... ဘယ်ကမှန်းမသိတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ကောင်တွေ ရောက်လာပြီး လူသတ်ပွဲတွေ ဆင်နွှဲခဲ့ကြတယ်။ ငါတို့ကို သူတို့အောက်မှာ ဒူးထောက် အရှုံးပေးဖို့ အတင်းအကျပ် လုပ်ခဲ့ကြတာပေါ့။ ငါတို့ကလည်း ဘယ်လက်ခံမလဲ၊ သူတို့နဲ့ တိုက်ခိုက်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ငါတို့ထဲက တချို့ကောင်တွေက ကိုယ်ကျိုးကြည့်ပြီး သူတို့နဲ့ ဘယ်လို အပေးအယူတွေ လုပ်ခဲ့ကြလဲ မသိဘူး။ အဲ့ဒီကောင်တွေက ရန်သူတွေကို ကူညီပြီး သုံးလောကလုံးကို သတ်ဖြတ်မှုတွေ လုပ်ခဲ့ကြတယ်"

တာအိုဆရာ လူအိုကြီးက ထ်ုနေရာသို့ ရောက်သောအခါ... သုံးဦးသား စိတ်ထဲတွင် တစ်စုံတစ်ခုကို နားလည်သွားကြသည်။

ကြာနီနတ်မိမယ်ကတော့ တစ်ဖက်လူ ပြောနေသည့် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ကောင်တွေ မှာ ဘယ်သူတွေလဲဆိုသည်ကို ခန့်မှန်းမိနေပြီဖြစ်သည်။

"နေဦး... ဒီနှစ်တွေမှာ ငါ့မှတ်ဉာဏ်က သိပ်မကောင်းတော့ဘူး၊ ခုနက ဘယ်အထိ ရောက်သွားလဲ "

"ဩော်... ဟွာကျိသိုက် ဝိညာဉ်မယ်တော် အကြောင်း ပြောနေတာပဲ"

တာအိုဆရာ လူအိုကြီး၏ မျက်လုံးများက ခဏတာ ဝေဝါးသွားပြီးမှ ပြန်လည် ကြည်လင်လာပြီး ဆက်ပြောပြသည်။

"ဒီနေရာက အရင်တုန်းက အရမ်း စည်ကားခဲ့တာ။ ဒါက ဟွာကျိသိုက် ဝိညာဉ်မယ်တော် မွေးဖွားရာ ဇာတိမြေပဲ။ သူမက ယင်လောကမှာ ဗုဒ္ဓဖြစ်သွားခဲ့ပေမဲ့ လူ့လောကကို အမြဲ သံယောဇဉ် တွယ်နေခဲ့တာ "

"နောက်တော့ ဒီနေရာက ဘေးဒုက္ခနဲ့ ကြုံခဲ့ရတယ်။ ဟွာကျိသိုက် ဝိညာဉ်မယ်တော်က ယင်လောကကနေ ထွက်လာပြီး ရောက်လာတဲ့သူတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာပေါ့။ နောက်ဆုံးတော့ နှစ်ဦးနှစ်ဖက်လုံး အပြင်းအထန် ဒဏ်ရာရခဲ့ကြတယ် "

"ရန်သူတွေလည်း အသက်မရှင်နိုင်တော့သလို၊ ဟွာကျိသိုက် ဝိညာဉ်မယ်တော်လည်း အသက်မရှင်နိုင်တော့ဘူး။ သူမတင်မကဘူး၊ ဒီနေရာက သက်ရှိအားလုံး အသက်ရှင်ဖို့ လမ်းမရှိတော့ဘူး "

"ဒါကြောင့် သူမက ကိုယ်ခန္ဓာကို ဝိညာဉ်နယ်မြေ အဖြစ် ပြောင်းလဲလိုက်ပြီး ကျန်ရှိနေတဲ့ သက်ရှိဝိညာဉ်အချို့ကို စောင့်ရှောက်ပေးခဲ့တာ "

"အခု ငါတို့ ရောက်နေတာက... သူမရဲ့ ဝမ်းဗိုက်ထဲမှာပေါ့"

တာအိုဆရာ လူအိုကြီးက ထူးဆန်းသော အပြုံးဖြင့် ဆိုလိုက်လေတော့သည်။

All Chapters