← Chapters

အခန်း (၁၄၉၉-၁၅၀၀)

Vol. 150 Ch. 1499-1500

အခန်း (၁၄၉၉-၁၅၀၀)

Vol. 150 Ch. 1499-1500

အခန်း (၁၄၉၉) - မိန်းကလေး... ကျနော်က မျက်စိမမြင်ရတဲ့သူပါ

အမျိုးသမီးငယ်လေးသည် အရိုးစွဲနေသော အယူသီးမှုများကို ဂရုမစိုက်ဘဲ ဖန့်ချန်၏လက်ကို ဆွဲကာ လမ်းကြားအနက်ဆုံးပိုင်းဆီသို့ ခေါ်ဆောင်သွားတော့သည်။

လမ်းတလျှောက်တွင် အိမ်နီးချင်းအချို့က လှမ်းမြင်ကြသဖြင့် တီးတိုးဝေဖန်ကြသလို၊ အချို့ကလည်း နောက်ပြောင်ကျီစယ်ကြလေသည်။

"ဟော...ရွှေလေး... ဒီလောက် ချောမောခန့်ညားတဲ့ လင်ယောက်ျားကို ဘယ်ကနေ ရှာလာတာလဲဟေ့"

"သွားစမ်းပါ... နင်တို့တွေကတော့ လျှာအတော်ရှည်တာပဲ။ ဒီသခင်လေးက ကျမ ပက်လိုက်တဲ့ရေနဲ့ မတော်တဆ စိုသွားလို့ အဝတ်အစား လဲလှယ်ပေးဖို့ ခေါ်လာတာ၊ နင်တို့က ဘာသိလို့လဲ "

အမျိုးသမီးငယ်လေးက ရဲရဲတင်းတင်းပင် ပြန်လည်အော်ဟစ်လိုက်ရာ သူမ၏အသံမှာ တစ်ဖက်လူထက် အဆပေါင်းများစွာ ကျယ်လောင်လှသဖြင့် နောက်ပြောင်သူများမှာ ဆက်မပြောရဲတော့ဘဲ ငြိမ်သက်သွားကြသည်။

မကြာမီမှာပင် သူမသည် ဖန့်ချန်ကို ဟောင်းနွမ်းပျက်စီးနေသော အိမ်ဝိုင်းလေးတစ်ခုထဲသို့ ခေါ်ဆောင်လာပြီး ဖန့်ချန်၏ အဝတ်အစားများကို အတင်းပင် ဆွဲချွတ်ရန် ပြင်တော့သည်။

"နေပါဦး... ကျနော့်ဘာသာ ကျနော် လုပ်ပါ့မယ်"

ဖန့်ချန်သည် စိုရွှဲနေသော ဝတ်ရုံအပြင်ဘက်ထည်ကို အလျင်အမြန် ချွတ်လိုက်ရသည်။

ထိုအခါ အမျိုးသမီးငယ်လေးသည် အဝတ်အစားများကို အခြောက်ခံရန် မီးစတင်မွှေးတော့သည်ကို တွေ့လိုက်ရသည်။

သူမသည် ဖန့်ချန်ကိုလည်း လက်သုတ်ပုဝါတစ်ထည် ကမ်းပေးလိုက်ရင်း

"ကဲ... မြန်မြန်သုတ်လိုက်ဦး၊ ရှင်တစ်ကိုယ်လုံး စိုကုန်ပြီ"

ဟု ဆိုသည်။

"မိန်းကလေး... အပြင်လူတွေ အတင်းအဖျင်း ပြောမှာကို မကြောက်ဘူးလား"

ဖန့်ချန်က သူမ အလုပ်ရှုပ်နေသည်ကို ကြည့်ရင်း မေးလိုက်သည်။

"ဘာအတင်းအဖျင်းလဲ အတင်းအဖျင်းစကားက ကျမကို တစ်ချက်လောက် နာအောင် လုပ်နိုင်လို့လား "

အမျိုးသမီးငယ်လေးသည် နောက်သို့ပင် လှည့်မကြည့်ဘဲ လေမှုတ်တံဖြင့် မီးကို အားသွန်ခွန်စိုက် မှုတ်နေသဖြင့် မီးဖိုထဲမှ မီးတောက်များမှာ ချက်ချင်းပင် ထတောက်လာတော့သည်။

"ဒါနဲ့ နေပါဦး... ရှင်က ဖုန်းဟွာလမ်းကြားကို ဘာလာလုပ်တာလဲ ဆွေမျိုးလာမေးတာလား ဒါမှမဟုတ် မိတ်ဆွေဆီ လာတာလား "

"ကျနော်က ဒီအတိုင်း လမ်းကြုံလို့ လျှောက်သွားနေတာပါ"

"ဒီအတိုင်း လျှောက်သွားနေတာ ဟုတ်လား ဒါဆိုရင်တော့ အလုပ်မရှိ အကိုင်မရှိ လမ်းသလားနေတဲ့သူပေါ့"

အမျိုးသမီးငယ်လေးက ဖန့်ချန်ကို ချက်ချင်းပင် အမည်တပ်လိုက်လေသည်။

'ဒါက တိုက်ဆိုင်မှုပဲလား ချင်းဟယ်ဆရာလေးနဲ့ ရုပ်ချင်းကလည်း အရမ်းတူလွန်းတယ်။ ဟွာကျိသိုက် ဝိညာဉ်မယ်တော်၊ ဝိညာဉ်ဗုဒ္ဓ... ချင်းဟယ်ဆရာလေးမှာလည်း ယင်ယန်မျက်လုံး ရှိတယ်၊ သူက ငါ့ထက်တောင် စောပြီး လူ့လောကက ဝိညာဉ်တွေကို မြင်နိုင်ခဲ့တဲ့သူပဲ...'

ဖန့်ချန်သည် အမျိုးသမီးငယ်လေး၏ လှုပ်ရှားမှုတိုင်းကို အသေအချာ အကဲခတ်နေမိသည်။

ထိုလောကတွင် ဤမျှကြီးမားသော တိုက်ဆိုင်မှုမျိုး ရှိလိမ့်မည်ဟု သူ မယုံကြည်ချေ။

ရုပ်ချင်းတူတာကို ထားဦး၊ အမည်နာမကပါ ဘာကြောင့် ထပ်တူကျနေရသနည်း။

ရွှေချင်းဟယ်... ချင်းဟယ်ဆရာလေး...။

ထို့အပြင် ချင်းဟယ်ဆရာလေးတွင် ရှိခဲ့သော ဝိညာဉ်များကို မြင်နိုင်စွမ်းသည် မူလကတည်းက ယင်လောကနှင့် ပတ်သက်နေခဲ့သည်။

ယခု ထိုအမျိုးသမီးမှာလည်း ယွမ်ချွဲစီနီယာ ပြောပြချက်အရ ယင်လောက၏ ဝိညာဉ်ဗုဒ္ဓ၊ ဟွာကျိသိုက် ဝိညာဉ်မယ်တော် ဖြစ်နေပြန်သည်။

"ဟေ့... ရှင်က လူတစ်ဖက်သားကို ဒီလောက် စိုက်ကြည့်နေတာ ရိုင်းရာကျတယ်နော်။ ရှင့်စိတ်ထဲမှာ မသန့်ရှင်းတဲ့ အရာတွေ တွေးနေတာတော့ မဟုတ်ပါဘူးနော် "

အမျိုးသမီးငယ်လေးက ရုတ်တရက် လှည့်ကြည့်ကာ ဖန့်ချန်ကို မျက်စောင်းထိုးလိုက်သည်။

"မိန်းကလေး... ကျနော်က မျက်စိမမြင်ရတဲ့သူပါ"

သူက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။

"ဟမ် "

အမျိုးသမီးငယ်လေးမှာ အနည်းငယ် အံ့အားသင့်သွားပြီး ဖန့်ချန်၏ ရှေ့သို့ ချက်ချင်း လျှောက်လာသည်။

စောစောက သူမ အသေအချာ မကြည့်မိသော်လည်း ယခုမှပင် ဖန့်ချန်၏ မျက်ဝန်းအစုံမှာ မီးခိုးဖြူရောင်သန်းနေသည်ကို တွေ့လိုက်ရတော့သည်။

"တကယ်ပဲ မျက်စိမမြင်တာပဲ... အားနာလိုက်တာနော်၊ ခုနက ရှင် ဘာလို့ မရှောင်နိုင်လဲဆိုတာ အခုမှ နားလည်တော့တယ် "

အမျိုးသမီးငယ်လေးသည် အားနာနာဖြင့် ပြုံးလိုက်ပြီးနောက် ဆက်ပြောသည်။

"ရှင်က မျက်စိမမြင်တာကို အပြင်မှာ ဒီတိုင်း လျှောက်မသွားသင့်ဘူး။ အိမ်မှာပဲ အေးအေးဆေးဆေး နေရမှာပေါ့၊ အပြင်ထွက်မယ်ဆိုရင်တောင် တစ်ယောက်ယောက် ခေါ်လာရမှာလေ။ အစေခံ မရှိရင်တောင် အနည်းဆုံးတော့ တောင်ဝှေးတစ်ချောင်း ဆွဲလာရမှာပေါ့"

"မျက်စိမမြင်တာ ကြာပြီဆိုတော့ ကျင့်သားရနေပါပြီ၊ လမ်းလျှောက်တာတော့ ပြဿနာ မရှိပါဘူး"

ဖန့်ချန်က ပြုံး၍ ဖြေသည်။

"အင်း... ဒါဆိုလည်း ပြီးတာပါပဲ၊ ရှင့်အဝတ်အစားတွေကို အခြောက်ခံပေးပြီးရင် ကျမ ရှင့်ကို ပြန်ပို့ပေးမယ်"

အမျိုးသမီးငယ်လေးသည် နောက်သို့ ပြန်လှည့်ကာ ဆက်လက် အလုပ်ရှုပ်နေပြန်သည်။

ဖန့်ချန်ကတော့ သူမနှင့် အနည်းငယ် စကားစမြည် ပြောဖြစ်ခဲ့သည်။

သူမ၏ အမည်ကို မေးမြန်းသလို၊ မိမိ၏ အမည်ကိုလည်း ပြောပြခဲ့သည်။

အမျိုးသမီးငယ်လေးသည် ထိုအချက်များကို အထူးတလည် ဂရုမစိုက်ပုံရသည်။

သို့မဟုတ် မျက်စိမမြင်သည့်သူတစ်ဦးက ဘာမှ မလုပ်နိုင်ဟု ထင်နေ၍လည်း ဖြစ်နိုင်သည်၊ သူမ၏ အမည်ကို ဖန့်ချန်အား ပွင့်ပွင့်လင်းလင်းပင် ပြောပြခဲ့သည်။

"ရွှေချင်းဟယ်... မိန်းကလေးရဲ့ အမည်က တကယ်ကို လှပတာပဲ"

ဖန့်ချန်က ဆိုသည်။

"မချီးမွမ်းပါနဲ့ဦး၊ ဒါက သာမန်နာမည်လေး တစ်ခုပါပဲ၊ ရှင့်နာမည်လိုပဲ ရိုးရိုးလေးပါ"

ရွှေချင်းဟယ် က နောက်လှည့်မကြည့်ဘဲ ပြန်ဖြေသည်။

"ရွှေမိန်းကလေး... ဒီနေရာမှာ နေလာတာ ဘယ်လောက် ကြာပြီလဲ "

"ဘယ်လောက်ကြာပြီလဲ ဟုတ်လား မကြာသေးပါဘူး၊ ဒါတွေ ဘာလို့ မေးတာလဲ ကျမက အသက်လည်း သိပ်မကြီးသေးတော့ ဘယ်လောက်ကြာကြာ နေနိုင်မှာလဲ"

ရွှေချင်းဟော်က ဆိုသည်

"ကျမ မွေးကတည်းက တွက်ရင်တောင် အလွန်ဆုံးရှိလှ ၂၅ နှစ်၊ ၂၆ နှစ်လောက်ပါပဲ"

သူမသည် ခဏမျှ ရပ်တန့်သွားပြီးနောက် မျက်နှာအမူအရာ ပျက်သွားကာ

"အော်... ရှင့်ပြောချင်တာက ကျမ ၂၅ နှစ်၊ ၂၆ နှစ် ရှိနေပြီကို ဘာလို့ အိမ်ထောင်မပြုသေးတာလဲ ဆိုတာ မဟုတ်လား"

"မဟုတ်ပါဘူး... မိန်းကလေး အထင်မှားသွားပါပြီ"

"ဟွန်း... ဟွန်း..."

မကြာမီပင် အဝတ်အစားများ ခြောက်သွားသောအခါ ရွှေချင်းဟယ်က ဖန့်ချန်ကို ဝတ်ခိုင်းပြီးနောက် ဖုန်းဟွာလမ်းကြားမှ ထွက်ရန် လိုက်လံ ပို့ဆောင်ပေးခဲ့သည်။

"ရှင့်အိမ်က ဘယ်ဘက်မှာလဲ "

"ကျနော့်ဘာသာ ပြန်နိုင်ပါတယ်၊ ရွှေမိန်းကလေးကို ဒုက္ခမပေးလိုတော့ပါဘူး"

"ဒါဆိုလည်း ပြီးရော... မြန်မြန်ပြန်တော့၊ မျက်စိမမြင်တဲ့သူက အပြင်မှာ ဒီတိုင်း လျှောက်သွားနေတာ ဘာနဲ့ တူနေလဲ"

ရွှေချင်းဟယ် လှည့်ပြန်သွားတော့သည်။

ဖန့်ချန်သည် ရှဲ့အာမန်တို့ နှစ်ဦးနှင့် ပြန်လည်ဆုံတွေ့သောအခါ သူမတို့က ရွှေချင်းဟယ် နှင့် တွေ့ဆုံခဲ့ပုံ အခြေအနေကို မေးမြန်းကြလေသည်။

"မောင်လေးကိုး... အရင်ဆုံး တစ်ခုလောက် မေးပါရစေ၊ မင်းရဲ့ မှတ်ဉာဏ်တွေ ထိခိုက်သွားတာမျိုး ရှိလား "

ရှဲ့အာမန်က ဖန့်ချန်ကို မေးခွန်းပေါင်း ဆယ်ဂဏန်းမက မေးမြန်းပြီးနောက် အဖြေများကို ရရှိမှသာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

"အင်း... မင်းရဲ့ မှတ်ဉာဏ်က ဘာမှ မဖြစ်သေးဘူးပဲ။ ကဲ... ပြောပါဦး၊ အဲ့ဒီ ဟွာကျိသိုက် ဝိညာဉ်မယ်တော်က ကိုင်တွယ်ရ ခက်မလား သူမက သူမကိုယ်သူ ဘယ်သူလဲဆိုတာ သိရဲ့လား "

"မသိဘူးလို့ ထင်ရပါတယ်၊ သူမက သူမကိုယ်သူ သေနိုင်ခြင်း မရှိတဲ့သူ ဆိုတာတောင် သိပုံမရဘူး၊ ဒါမှမဟုတ် ဒီမြို့ကလူတွေ အားလုံးက မသေနိုင်ဘူးဆိုတာကိုပါ သတိမထားမိတာ ဖြစ်နိုင်တယ် "

ဖန့်ချန်က သုံးသပ်ပြသည်

"ပုံမှန်အားဖြင့် ယင်လောကမှာ ဝိညာဉ်တွေက ယင်သက်တမ်းအပေါ် မူတည်ပြီး ရှင်သန်ကြရပေမဲ့ သူတို့ရဲ့ မှတ်ဉာဏ်တွေကတော့ ထိခိုက်မှု မရှိဘဲ လူသားတွေလိုပဲ ရှိနေရမှာလေ "

"ဒါဆို မင်းဆိုလိုတာက ဒီက ဝိညာဉ်တွေက ယင်သက်တမ်း မလိုဘဲ အမြဲရှင်သန်နေနိုင်တာဟာ သူတို့ရဲ့ မှတ်ဉာဏ်တွေ ထိခိုက်ပျက်ပြားနေတာနဲ့ ဆက်စပ်နေတယ်လို့ ထင်တာလား "

"တိုက်ရိုက် ပတ်သက်နေလိမ့်မယ်လို့ ထင်ပါတယ်၊ သူတို့ အမြဲရှင်သန်နေနိုင်ဖို့အတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကတော့ သူတို့ သေဆုံးခဲ့တယ်ဆိုတာကို လုံးဝ မမှတ်မိတော့တာပဲ ဖြစ်လိမ့်မယ်။ ဒီ ဝိညာဉ်မယ်တော် ကိုယ်တိုင်လည်း သူမ သေဆုံးသွားပြီဆိုတာကို သိမှာ မဟုတ်ဘူး "

"အဲ့ဒီလိုဆိုရင်တော့ ဒီနယ်မြေတစ်ခုလုံးက အချိန်နဲ့အမျှ ဒီ ဝိညာဉ်မယ်တော်ရဲ့ လွှမ်းမိုးမှုကို ခံနေရတာပေါ့။ ဒါကြောင့်လည်း ယွမ်ချွဲစီနီယာက သူမကသာ ကျမတို့ကို ဒီကနေ လွတ်အောင် လုပ်ပေးနိုင်မယ်လို့ ပြောခဲ့တာ ဖြစ်မယ်"

ကြာနီနတ်မိမယ်က စဉ်းစားဟန်ဖြင့် ဆိုသည်။

"ဒါဆိုရင် တို့တွေ အားလုံး သွားတွေ့ကြပြီး သူမရဲ့ ဝိသေသတွေကို တိုက်ရိုက် ပြောပြလိုက်ရင်ကော သူမ မှတ်မိလာနိုင်မလား"

ရှဲ့အာမန်က အကြံပြုသည်။

"စီနီယာအစ်မကြီး... အဲ့ဒီလိုလုပ်ဖို့က မသင့်တော်ဘူးလို့ ထင်ပါတယ်။ အကယ်၍ သူမကို တိုက်ရိုက် ပြောပြလိုက်ရင်တောင် ယွမ်ချွဲစီနီယာ ပြောခဲ့သလို သူမက ကရုဏာတရား ကြီးမားတဲ့သူဆိုတာ ကျနော်တို့ အတည်မပြုနိုင်သေးဘူး "

ဖန့်ချန်က တိုးတိုးလေး ပြောသည်

"လူဆိုတာ ရှုပ်ထွေးတဲ့ သက်ရှိတွေပါ၊ စိတ်ကူးတွေက အချိန်မရွေး ပြောင်းလဲနိုင်တယ်။ သူမကို တိုက်ရိုက် သွားနှိုးတာထက်စာရင် ဒီနေရာမှာ သူမနဲ့ အတူတူ အချိန်အတော်ကြာ နေထိုင်ပြီး ရင်းနှီးအောင် လုပ်သင့်တယ်။ အဲ့ဒီနောက်မှ သူမရဲ့ မှတ်ဉာဏ်တွေကို ပြန်ရအောင် ကြိုးစားကြည့်တာ ပိုကောင်းပါလိမ့်မယ် "

"အင်း... အဲ့ဒီလိုဆိုရင်တော့ သူမ မှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါ ဒီကာလအတွင်းက သံယောဇဉ်တွေကြောင့် ငါတို့အတွက် အကျိုးကျေးဇူး ရှိနိုင်တာပေါ့ "

ရှဲ့အာမန်က ခေတ္တစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။

"မင်းပြောသလိုပဲ လုပ်ကြတာပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာတောင် စောင့်ခဲ့ပြီးပြီပဲ၊ ဒီလောက် အချိန်လေးတော့ ထပ်စောင့်နိုင်ပါတယ်။ အဲ့ဒီအတောအတွင်းမှာ ယွမ်ချွဲရဲ့ နောက်ခံကိုလည်း တို့တွေ ထပ်ပြီး စုံစမ်းရမှာပေါ့၊ သူက တကယ်ပဲ ထောင်ချောက်ဆင်နေတာလား ဆိုတာကို သိရအောင်"

ထိုသို့ဖြင့် သုံးဦးသားမှာ ထိုမြို့တွင် အခြေချ နေထိုင်လိုက်ကြတော့သည်။

စီနီယာအစ်မကြီးက ဖန့်ချန်ကို ရွှေချင်းဟယ် နှင့် ဆက်လက် ထိတွေ့ခိုင်းထားပြီး၊ သူမကိုယ်တိုင်ကတော့ ကြာနီနတ်မိမယ်ကို ခေါ်ကာ မြို့အနှံ့ လျှောက်လည်ရင်း တစ်ခါတရံ မြို့ပြင်ရှိ ယွမ်ချွဲနှင့် သွားရောက် စကားပြောလေ့ ရှိသည်။

"ကဲ... ထမင်းစားရအောင် လာကြ "

ရွှေချင်းဟယ် သည် သွက်လက်ချက်ချာသော ဝတ်စုံဖြင့် ထမင်းအိုးကြီးတစ်လုံးကို ပွေ့ချီကာ ပျက်စီးနေသော ဘုရားကျောင်းဟောင်းတစ်ခုဆီသို့ ရောက်လာခဲ့သည်။

နွမ်းပါး စုတ်ပြတ်နေသော သူတောင်းစားတစ်သိုက်သည် ထမင်းနံ့ကြောင့် ချက်ချင်းပင် စိတ်ဝင်စားသွားကြပြီး သူတို့၏ ခွက်ကိုယ်စီကို ကိုင်ကာ တိုးဝှေ့ ရောက်လာကြတော့သည်။

"ရွှေမိန်းကလေး... ဒီနေ့ ထမင်းက တကယ် မွှေးတာပဲ၊ ကျနော်တော့ နှစ်ပန်းကန်လောက် စားနိုင်မယ် ထင်တယ်"

"တစ်ပန်းကန်ဆို ရပြီ၊ နင်က နှစ်ပန်းကန် စားရင် တခြားသူတွေ ဘာစားတော့မလဲ ဖားနေလို့လည်း မထူးဘူး"

ရွှေချင်းဟယ် က ခါးထောက်ရပ်ကာ ဘေးမှနေ၍ ကြီးကြပ်နေသည်။

ထိုသူတောင်းစားမှာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်ပြီး ထမင်းတစ်ပန်းကန်ကို ခပ်ယူကာ ထောင့်တစ်နေရာတွင် သွားထိုင်စားလေတော့သည်။

တန်းစီနေသော သူတောင်းစားများမှာလည်း တံတွေး တမြုံ့မြုံ့ မျိုချနေကြသော်လည်း ရန်ဖြစ်ငြင်းခုံခြင်း မရှိကြချေ၊ ဤသည်မှာ သူတို့အတွက် ကျင့်သားရနေသည့် အခြေအနေ ဖြစ်ပုံရသည်။

ဖန့်ချန်သည် ဘုရားကျောင်းဟောင်း၏ အပြင်ဘက်တွင် ရပ်ကာ ထိုမြင်ကွင်းကို တိတ်တဆိတ် စောင့်ကြည့်နေမိသည်။

ထမင်းများ အားလုံး ဝေငှပြီးသောအခါ ရွှေချင်းဟယ် သည် ပြောင်သလင်းခါနေသော ထမင်းအိုးကို ပွေ့ကာ ဘုရားကျောင်းထဲမှ ထွက်လာခဲ့သည်။

"ဟော... ရှင်ပါလား ဘာလို့ ဒီဘက်ကို ထပ်ရောက်လာပြန်တာလဲ "

ရွှေချင်းဟယ် က အနည်းငယ် အံ့အားသင့်သွားပြီးနောက် မျက်မှောင်ကြုတ်ကာ

"ရှင်က မျက်စိမမြင်တဲ့သူပဲ... ဒီဘက်ကို ခဏခဏ မလာနဲ့၊ ပိုက်ဆံအိတ် အခိုးခံရရင်တောင် သိမှာ မဟုတ်ဘူး"

ဟု သတိပေးလေတော့သည်။

အခန်း (၁၅၀၀) - ဒီနေ့ပေါ့

"ကျနော့်ကိုယ်ပေါ်မှာ ပိုက်ဆံမပါဘူး"

ဖန့်ချန်က ဆိုသည်။

"ပိုက်ဆံမပါဘူး ဟုတ်လား"

ရွှေချင်းဟယ်မှာ ခဏတာ မှင်သက်သွားပြီးနောက် ထူးဆန်းသော မျက်နှာအမူအရာဖြင့်

"ဝတ်ထားတာတော့ တော်တော်လေး သပ်ရပ်သားပဲ... ဘာလို့ ပိုက်ဆံမပါရတာလဲ"

"တကယ် မပါတာပါ"

"ကောင်းပြီလေ... ရှင့်စကားကို ယုံပေးမယ်၊ ဒါပေမဲ့ ကိစ္စမရှိရင် ဒီဘက်ကို လျှောက်မလာနဲ့ဦး"

ရွှေချင်းဟယ်က ပြောအပြီး တစ်စုံတစ်ခုကို မှာကြားရန် ပြင်လိုက်စဉ်မှာပင်၊ မလှမ်းမကမ်းမှ အလုပ်မရှိ အကိုင်မရှိ လမ်းသလားနေသည့် လူမိုက်တစ်သိုက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ထိုလူမိုက်တစ်သိုက်မှာ ဘောင်းဘီများကို ဒူးအထိ လိပ်တင်ထားပြီး၊ အင်္ကျီလက်များကိုလည်း တံတောင်ဆစ်အထိ မတင်ထားကြသည်။

အပြင်သို့ ပေါ်ထွက်နေသော လက်မောင်းများနှင့် ခြေသလုံးများတွင် ရောင်စုံဆေးမင်ကြောင်များ အပြည့်ရှိနေသည်။

ခေါင်းဆောင်ဖြစ်သူ၏ မျက်နှာပေါ်တွင်လည်း ဓားဒဏ်ရာ အစင်းကြောင်းအချို့ ရှိနေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် အဆင့်သို့ ရောက်နေပြီဖြစ်သည်။

ထိုသူသည် ရွှေချင်းဟယ်ကို မြင်သည်နှင့် ချက်ချင်းပင် ပါးစပ်ဖြဲကာ ရယ်မောလိုက်ရင်း

"ရွှေမိန်းကလေး... မင်းက ဒီညှော်စော်နံတဲ့ သူတောင်းစားတွေကို လာပြီး ထောက်ပံ့နေပြန်ပြီလား"

"နင့်အလုပ်လား"

ရွှေချင်းဟယ်၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ဖန့်ချန်၏ အင်္ကျီစကို ဆွဲကာ ထွက်ခွာရန် ပြင်လိုက်သည်။

သို့သော် တစ်ဖက်လူများက ချက်ချင်းပင် လူစုခွဲကာ သူတို့နှစ်ဦး၏ လမ်းကို ပိတ်ဆို့လိုက်ကြပြီး ပြောင်လှောင်ကျီစယ်သော အကြည့်များဖြင့် အကဲခတ်နေကြတော့သည်။

မျက်နှာပေါ်တွင် ဓားဒဏ်ရာနှင့် လူမိုက်ခေါင်းဆောင်က ပြုံးရွှင်စွာဖြင့်

"ငါ့အလုပ်လား ဟုတ်လား ဒီလမ်းက ငါ့နယ်မြေပဲ၊ အဲ့ဒါ ငါ့အလုပ်လား မင်းပြောကြည့်လေ။ ရွှေမိန်းကလေးကတော့ စိတ်ထားကောင်းရှာပါတယ်၊ ဒါပေမဲ့ မင်းဒီလိုလုပ်နေတာက ငါပေါင်ရယ် က စိတ်ထားမကောင်းဘူးလို့ ထင်ရအောင် လုပ်နေသလို ဖြစ်မနေဘူးလား"

သူက ခေတ္တရပ်လိုက်ပြီး ဖန့်ချန်ကို အထက်အောက် ကြည့်ကာ

"အလို... မင်းသမီးလေးက အသားဖြူဖြူ ချောချောလေးတစ်ယောက်တောင် ရှာထားတာပဲ၊ မင်း အိမ်ထောင်မပြုနိုင်တော့ဘူးလို့ ငါက ထင်နေတာ"

"သူက ငါ့ယောက်ျား မဟုတ်ဘူး၊ နင် လျှောက်မပြောနဲ့။ ငါတို့ သွားတော့မယ်၊ နင့်လူတွေကို ဖယ်ခိုင်းလိုက်"

ရွှေချင်းဟယ်က မျက်နှာထား တင်းမာစွာဖြင့် ဆိုသည်။

"မင်းယောက်ျား မဟုတ်ဘူး ဟုတ်လား"

ပေါင်ရယ်က ပြုံးလိုက်ရင်း

"ဒါဆိုရင်လည်း ဒီလိုလုပ်လေ၊ ရွှေမိန်းကလေးက စိတ်ထားကောင်းမှတော့ ငါ့ကိုသာ လက်ထပ်လိုက်ရင် နောက်ဆို ငါ့ကို ကောင်းကောင်းမွန်မွန် ပြုစုပေးနိုင်တာပေါ့။ ငါကပဲ အသာလေး အနစ်နာခံပြီး ရွှေမိန်းကလေးကို အိမ်ထဲကို သိမ်းသွင်းလိုက်မယ်၊ နောက်ဆို မင်းက ဒီသူတောင်းစားတွေကို ထမင်းလာကျွေးချင်ရင်လည်း ငါမတားတော့ဘူး"

"နင့်ကို လက်ထပ်ရမယ် ဟုတ်လား နင့်မျက်နှာက ဓားဒဏ်ရာကြီးကို မြင်တာနဲ့တင် ငါ့မှာ ညတိုင်း အိပ်မက်ဆိုးတွေ မက်နေရတော့မှာ၊ ငါက အသက်ရှည်ရှည် နေချင်သေးတယ်"

ရွှေချင်းဟယ်က အလျှော့မပေးဘဲ တစ်ဖက်လူ၏ စကားကြောင့် ရှက်ရွံ့သွားခြင်း မရှိသည့်အပြင် ပြောင်လှောင်သော အပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ပေါင်ရယ်မှာ ဒေါသအကြီးအကျယ် ထွက်သွားပြီး သွားများကို တကျိကျိ ကြိတ်နေတော့သည်။

သူသည် တစ်စုံတစ်ယောက်က သူ၏ မျက်နှာမှ ဓားဒဏ်ရာကို ထောက်ပြပြောဆိုသည်ကို အလွန်ပင် မုန်းတီးပုံရသည်။

"အခုထိ မဖယ်သေးဘူးလား ဒီမှာ ဘယ်သူမှ မအုပ်ချုပ်ဘူး ထင်နေတာလား နင်က နေ့ခင်းကြောင်တောင်မှာ ငါတို့နှစ်ယောက်ကို တစ်ခုခုလုပ်ရဲရင် ဒီညအစိုးရရုံး က နင့်အိမ်ကို လာဖမ်းလိမ့်မယ်"

ရွှေချင်းဟယ် က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

"ဒီမိန်းမငယ်လေးက တကယ်ကို ပါးစပ်သရမ်းတာပဲ၊ ပေါင်ရယ်... သူမကို ကောင်းကောင်း ဆုံးမလိုက်ရင် မကောင်းဘူးလား"

"မိန်းမငယ်လေး... နင်က သေမှာမကြောက်ဘူးလား ပေါင်ရယ်ကို ဒီလိုပြောရဲတာ"

ပေါင်ရယ်၏ နောက်လိုက်များမှာ သူတို့နှစ်ဦးထံသို့ တစ်လှမ်းချင်း တိုးကပ်လာကြသည်။

ဘုရားကျောင်းဟောင်းအတွင်းရှိ သူတောင်းစားများမှာ ဤမြင်ကွင်းကို မြင်သောအခါ အချို့မှာ ချက်ချင်းပင် ထောင့်များထဲသို့ ဝင်ပုန်းသွားကြပြီး၊ အချို့မှာ တံခါးဝတွင် ရပ်ကာ စိုးရိမ်တကြီး ကြည့်နေကြသော်လည်း အနားသို့ မကပ်ရဲကြချေ။

"တော်ပြီ"

ပေါင်ရယ်က ရုတ်တရက် လက်ကာပြလိုက်သည်

"သူတို့သွားပါစေ"

"ပေါင်ရယ်"

"သူတို့ကို သွားခိုင်းလိုက်လို့ ငါပြောနေတယ်လေ"

ပေါင်ရယ်၏ မျက်နှာမှာ အုံ့မှိုင်းနေသည်။

သူ့နောက်လိုက်များမှာ ချက်ချင်းပင် မငြင်းဆန်ရဲတော့ဘဲ ဖန့်ချန်နှင့် ရွှေချင်းဟယ်တို့နှစ်ဦး သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို ဒီအတိုင်း ငေးကြည့်နေလိုက်ကြရသည်။

"ပေါင်ရယ်... အဲ့ဒီမိန်းမငယ်လေးက မင်းကို ဒီလိုပြောရဲတာ၊ ဘာလို့ ငါတို့ ညီအစ်ကိုတွေကို သူမကို ကောင်းကောင်း သင်ခန်းစာ ပေးခိုင်းတာလဲ"

တစ်စုံတစ်ယောက်က မကျေမနပ် မေးလိုက်သည်။

"သင်ခန်းစာပေးဖို့က အာချောင်မနေနဲ့၊ အခုက နေ့ခင်းကြောင်တောင်ပဲ၊ ဒီလောက် လူတွေ အများကြီး တို့ကို စောင့်ကြည့်နေတာ။ အခု လှုပ်ရှားတာက ကိုယ့်ဒုက္ခကိုယ် ရှာတာပဲ"

ပေါင်ရယ်က အေးစက်စွာ ရယ်မောလိုက်ပြီး တစ်ဖက်လူ၏ ပါးကို ရိုက်လိုက်ကာ

"ငါ ပြောတာကို မှတ်ထားစမ်း၊ အလုပ်လုပ်ရင် သတိထားရတယ်၊ မြို့ဝန်ရုံးဘက်ကို ပြဿနာ မပေးမိစေနဲ့။ ဒါမှသာ ငါ လုပ်သမျှကို သူတို့က မျက်စိတစ်ဖက်ပိတ်ပြီး ခွင့်လွှတ်ပေးထားမှာ "

သူက ခေတ္တရပ်ကာ သူတို့နှစ်ဦး ထွက်သွားသည့် အရပ်သို့ လှမ်းကြည့်လိုက်သည်။

"နောက်တစ်ခါ အခွင့်အရေး ရလာရင် သူတို့ကို ဆုံးမဖို့လည်း မနောက်ကျပါဘူး"

"ပေါင်ရယ်က တကယ်ကို အမြော်အမြင် ကြီးတာပဲ၊ ကျနော်တို့က ဒါမျိုးကို မတွေးမိဘူး"

လူမိုက်အချို့က အလျင်အမြန်ပင် ဖားယားကာ ရယ်မောလိုက်ကြသည်။

"နောက်ဆိုရင်တော့ ရှင် ဒီဘက်ကို မလာနဲ့တော့။ အဲ့ဒီ ပေါင်ရယ် ဆိုတဲ့လူက လူကောင်းမဟုတ်ဘူး၊ အထူးသဖြင့် ရှင့်လိုမျိုး ကြည့်လိုက်တာနဲ့ နောက်ခံရှိပုံရပြီး မျက်စိမမြင်တဲ့သူဆိုရင် ပိုဆိုးတယ်"

"သူက ရှင့်ကို ထောင်ချောက်ဆင်ပြီး ကစားလိမ့်မယ်၊ အဲ့ဒါကို သတိထား"

ရွှေချင်းဟယ်က လမ်းလျှောက်ရင်း ဖန့်ချန်ကို မှာကြားနေသည်။

ဖန့်ချန်ကမူ

"ရွှေမိန်းကလေး... သူပြောတာက မင်းက အဲ့ဒီသူတောင်းစားတွေကို အမြဲ ထမင်းကျွေးနေတယ် ဆိုတာက ဘာအတွက်လဲ"

"ဘာအတွက်လဲ ဟုတ်လား ကျမ တစ်ယောက်တည်းက ထမင်းတွေ အများကြီး မကုန်နိုင်ဘူးလေ၊ အဲ့ဒါကို တခြားသူတွေကို နည်းနည်း ခွဲဝေကျွေးတာကို မရဘူးလား"

ရွှေချင်းဟယ်က ပြုံးလိုက်ရင်း

"ထားလိုက်ပါတော့၊ ဒါတွေ ပြောပြလည်း ရှင် နားလည်မှာ မဟုတ်ပါဘူး"

"မင်းက ကျနော့်ကို ဒီဘက်မလာဖို့ ပြောပေမဲ့ မင်းကိုယ်တိုင်ကတော့ မိန်းကလေး တစ်ယောက်တည်း ဒီဘက်ကို လာနေတာပဲ၊ တစ်ခုခု ဖြစ်မှာ မစိုးရိမ်ဘူးလား"

"ဘာဖြစ်မှာလဲ၊ နေ့ခင်းကြောင်တောင်ကြီးကို... ကျမကလည်း လူအ မဟုတ်ပါဘူးနော်၊ ညဘက်ဆိုရင်တော့ ဒီဘက်ကို မလာရဲပါဘူး"

"အော်..."

နောက်ပိုင်းကာလများတွင် ဖန့်ချန်သည် ရွှေချင်းဟယ်နှင့် မကြာခဏဆိုသလို မတော်တဆ ဆုံတွေ့တတ်သည်။

တစ်ခါတရံ ထိုဘုရားကျောင်းဟောင်း အနီးတွင်ဖြစ်စေ၊ တစ်ခါတရံ တစ်စုံတစ်ရာသော ပရဟိတဂေဟာများတွင် ဖြစ်စေ ဆုံတွေ့ရတတ်သည်။

တစ်နေ့တွင် ဖန့်ချန်က ရွှေချင်းဟယ်နှင့်အတူ ကောင်းမှုကုသိုလ်အချို့ လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။

ရွှေချင်းဟယ်က အစပိုင်းတွင် သဘောမတူသော်လည်း၊ နောက်ပိုင်းတွင် ဖန့်ချန်၏ ရိုးသားမှုကို မြင်သောအခါ အနိုင်နိုင် သဘောတူလိုက်လေသည်။

ဤသို့ဖြင့် နေ့ရက်များ ကုန်လွန်လာရာ ဖန့်ချန်၏ လုပ်ဆောင်ချက်များမှာ မဆိုးလှကြောင်းနှင့် ထိုသူများအပေါ်တွင်လည်း မာန်မာန မရှိကြောင်း မြင်တွေ့ရသောအခါမှသာ သူမသည် စိတ်ချသွားတော့သည်။

တစ်ချိန်တည်းမှာပင်...

ချန်အင်ရွှယ် တို့အဖွဲ့မှာ နောက်ဆုံးတွင် ကျွယ်မင်နန်းတော် ဆီမှ တုံ့ပြန်မှုကို စောင့်မျှော်ရရှိခဲ့သည်။

အမာခံအဖွဲ့ဝင် အများအပြားမှာ ဖန့်ချန်တို့ သုံးဦး၏ ရုပ်ကလာပ်များအနီးတွင် တိတ်ဆိတ်စွာ ရပ်နေကြသည်။

သူတို့၏ ရှေ့တွင် ဝတ်ရုံဖြူဝတ် လူငယ်တစ်ဦး ရပ်နေသည်။

သာမန် အမာခံအဖွဲ့ဝင်များမှာ ထိုဝတ်ရုံဖြူလူငယ်၏ နောက်ခံကို မသိရှိကြသော်လည်း ချန်အင်ရွှယ်တို့ကမူ သူ့အကြောင်းကို အနည်းငယ် သိထားကြသည်။

ထိုဝတ်ရုံဖြူလူငယ်သည် စီနီယာအဖွဲ့ အတွင်းရှိ ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ ပုံမှန်အားဖြင့် နန်းတော်သခင်၏ ဘေးတွင် အမြဲရှိနေတတ်သူ ဖြစ်သည်။

ထို့ကြောင့် သူ တာ့လေယင် သို့ ရောက်ရှိလာသောအခါ အားလုံး၏ စိတ်ထဲတွင် အားကိုးရာတစ်ခု ရရှိလိုက်သလို ခံစားလိုက်ရသည်။

"သူတို့ရဲ့ အခု အခြေအနေက ဝိညာဉ်ကူးပြောင်းနေ တာနဲ့ တူနေတယ်၊ ဒါပေမဲ့ ဒီအရပ်မှာတော့ ဝိညာဉ်ကူးပြောင်းဖို့က မဖြစ်နိုင်ဘူး၊ ငါကိုယ်တိုင်လည်း စမ်းကြည့်ပြီးပြီ"

ဝတ်ရုံဖြူလူငယ်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် အားလုံးကို လှည့်ကြည့်ကာ ချန်အင်ရွှယ်အပေါ်သို့ အကြည့်ရောက်သွားသည်။

"မင်းက အမှတ်စဉ် (၃) ပဲ၊ အကြီးဆုံးက ပြဿနာတက်နေတယ်ဆိုတော့ ဒီဘက်ပိုင်းကို မင်းပဲ တာဝန်ယူရမယ်။ နောက်လာမယ့် လုယက်တိုက်ခိုက်ပွဲကို မင်းပဲ စီစဉ်လိုက်ပါ။ ကျန်တာကတော့ ငါ ဒီမှာပဲ စောင့်နေပြီး သူတို့ရဲ့ ရုပ်ကလာပ်တွေကို ကာကွယ်ပေးထားမယ်"

ချန်အင်ရွှယ်က မျက်မှောင်ကြုတ်လိုက်ရင်း

"လူကြီးမင်းတောင် သူတို့ ဘာဖြစ်နေတာလဲဆိုတာ မသိဘူးလား"

"အင်း... မသိဘူး။ အခုလောလောဆယ် စောင့်ကြည့်ဖို့ပဲ ရှိတယ်၊ တစ်နေ့နေ့မှာ သူတို့ နိုးလာကောင်း နိုးလာလိမ့်မယ်"

ဝတ်ရုံဖြူလူငယ်က ထိုသို့ ဆိုသည်။

အားလုံး၏ ရင်ထဲတွင် တုန်လှုပ်သွားရသည်။

ဤဝတ်ရုံဖြူလူငယ်မှာ အဆင့် ၈ မသေမျိုး ဖြစ်မှာ သေချာသည်။

ထိုကဲ့သို့သော အစွမ်းထက် ပုဂ္ဂိုလ်ကြီးတောင် ရှဲ့အာမန်တို့ သုံးဦး ဘာဖြစ်နေမှန်း မသိရှိခြင်းက ဤကိစ္စမှာ သေးငယ်သည်မဟုတ်ကြောင်း သွယ်ဝိုက်ပြနေခြင်းပင်။

"တကယ်လို့ ကျမတို့ ဒီတိုက်ပွဲမှာ ရှုံးနိမ့်ပြီး ရုလိုင်ကျောင်းတော် က ပြန်လုသွားမယ်ဆိုရင် သူတို့ သုံးဦးရဲ့ ရုပ်ကလာပ်တွေကို အရင် ခေါ်သွားရလိမ့်မယ်၊ အဲ့ဒီလိုလုပ်တာက အခြေအနေကို ပိုဆိုးသွားစေနိုင်မလား"

ချန်အင်ရွှယ်က မေးလိုက်သည်။

"ဒီကိစ္စကို ကျွယ်မင်နန်းတော်က ရုလိုင်ကျောင်းတော်နဲ့ ညှိနှိုင်းလိမ့်မယ်၊ မင်းက ဒီတိုက်ပွဲကို အနိုင်ရအောင် တိုက်ဖို့ပဲ လိုတယ်၊ နိုင်ခဲ့ရင် နှစ်ပေါင်း တစ်ထောင်လောက် အချိန်ရမယ်၊ သူတို့လည်း အဲ့ဒီလောက်အထိတော့ အိပ်မနေလောက်ပါဘူး"

ဝတ်ရုံဖြူလူငယ်က အေးအေးဆေးဆေး ပြုံးကာ ဆိုသည်။

"ဘာနဲ့ နိုင်မှာလဲ၊ ရုလိုင်ကျောင်းတော်က ဘုန်းကြီးတွေက အရမ်း ကောက်ကျစ်တာ၊ သူတို့မှာ ထူးခြားတဲ့ နည်းလမ်းတွေ ရှိတယ်၊ မိစ္ဆာဝင် သွားပြီဆိုရင် အရှိန်အဝါက ကြောက်စရာကြီး"

ချန်အင်ရွှယ်က တိုးတိုးလေး ရေရွတ်လိုက်သည်။

သို့သော် ဝတ်ရုံဖြူလူငယ်ကမူ ထိုစကားများကို ဂရုမစိုက်ဘဲ ရှဲ့အာမန်တို့ သုံးဦး၏ ရုပ်ကလာပ်များကိုသာ မပြတ် အကဲခတ်နေလေသည်။

"ငါ မေးပါရစေဦး... အဲ့ဒီ ဝိညာဉ်မယ်တော်ကို ဘယ်တော့မှ မေးဖို့ စိတ်ကူးထားကြတာလဲ"

မြို့ပြင်ရှိ မြက်တဲလေးအတွင်း တာအိုဆရာ လူအိုကြီးက စိတ်မရှည်စွာဖြင့် ရှေ့မှ သုံးဦးကို လှမ်းကြည့်ကာ မေးလိုက်သည်။

"ဒီနေ့ပေါ့"

ဖန့်ချန်က ပြန်ဖြေလိုက်လေတော့သည်။

All Chapters