← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

🫧 Chapter 101

"တောက် သူတောင်းစားညစ်ပတ်၊ ငါ့ဖိနပ်တွေ ပေကုန်ပြီ"

"သွားစို့"

သို့သော်လမ်းမပေါ်မှ ဆဲဆိုရိုက်နှက်သံများမှာ ကြာရှည်မခံဘဲ ပြန်လည်ငြိမ်သက်သွားသည်။

နဝမမင်းသားသည် ဒေါသပြေသွား၍လား၊ ရိုက်ရတာ မောသွား၍လား၊ သို့မဟုတ် ဤကဲ့သို့ သူတောင်းစားတစ်ယောက်ကို ရိုက်ရသည်မှာ အဓိပ္ပာယ်မရှိဟု ယူဆ၍လားမသိပေ။

နဝမမင်းသားသည်မြေပြင်ပေါ်မှ သူတောင်းစားကို ရွံရှာဖွယ်ကြည့်ကာ မြင်းရထားပေါ်သို့ တက်သွားတော့သည်။

ထို့နောက် တန်ဆာဆင်ထားသော မြင်းရထားသည် လမ်းမအတိုင်း တဂျိဂျိမြည်ကာ ထွက်ခွာသွားလေသည်။

မြင်းရထား အဝေးသို့ ရောက်သွားမှသာ ကျန်းလင်သည် ပုန်းနေသည့်နေရာမှ ထွက်လာပြီး အဖိုးကြီးအနားသို့ ပြေးသွားခဲ့သည်။

"အဖိုးကြီး... အသက်ရှိသေးရဲ့လား"

လေထုထဲတွင် ခဏတာ တိတ်ဆိတ်သွားပြီးနောက်၊ မြေပြင်ပေါ်တွင် မလှုပ်မယှက်လဲနေသော သူတောင်းစားအိုကြီးသည် ချောင်းနှစ်ချက်ဆိုးကာ ဖြည်းဖြည်းချင်း ထထိုင်လာသည်။

"မသေပါဘူး... မသေပါဘူး"

ကျန်းလင်သည် သူ့ကို တွဲထူပေးပြီး ကြည့်လိုက် သောအခါ အဖိုးကြီးမှာ နေရာအနှံ့ညိုမည်းစွဲနေသော်လည်း အနည်းဆုံးတော့ အသက်ရှင်နေသေးသည်။

ဤအလုပ်ကို လုပ်ကိုင်သူများအတွက် အရိုက်ခံရခြင်းမှာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော ကိစ္စပင်။

သူတို့ မည်မျှပင် သတိထားပါစေ၊ သူတို့အပေါ် အကြောင်းမဲ့ ဒေါသပုံချမည့်သူများ အမြဲရှိနေတတ်သည်။

သူတို့နှစ်ဦးသည် စွန့်ပစ်ထားသော ဘုရားကျောင်းပျက်ကြီးထဲသို့ ပြန်ရောက်သောအခါကျန်သော သူတောင်းစားများက လှမ်းကြည့်ကြသော်လည်း မကြာမီမှာပင် အကြည့်များကို ပြန်လွှဲသွားကြသည်။

ဤခေတ်ကြီးတွင် လူတိုင်းမှာ ယနေ့ရှိပြီး မနက်ဖြန် မသေချာကြသဖြင့် မည်သူသေသည်ဖြစ်စေ အထူးအဆန်းမဟုတ်ပေ။

သူတို့တွင် သူတစ်ပါးကို သနားကြင်နာတတ်သော စိတ်မရှိကြသလို၊ အခွင့်သာလျှင် ဒုက္ခမပေးကြသည်မှာပင် တော်လှန်လှပြီဖြစ်သည်။

ကျန်းလင်သည် အခြားသူများ၏ လုယက်ခြင်းကို ကာကွယ်ရင်း အဖိုးကြီးကို သေချာနေရာချပေးလိုက်သည်။

"အဖိုးကြီး... ဘယ်ဆေးပင်တွေ သွားခူးပေးရမလဲ"

"...အဟွတ် အဟွတ်"

အဖိုးကြီးသည် ပါးစပ်ကိုအုပ်ကာ ချောင်းဆိုးပြီးနောက် ဆေးပင်အမည်အချို့ကို ဖြည်းဖြည်းချင်း ပြောပြသည်။

ထိုအခါ ကျန်းလင်မှာ မှတ်သားပြီးနောက် အပြင်သို့ ပြေးထွက်သွားတော့သည်။

သူတို့တွင် ဆေးကုရန် ငွေမရှိသဖြင့် ပုံမှန်အားဖြင့် ဒဏ်ရာရပါက တောင်ကုန်းများပေါ်တွင် ဆေးပင်များကို ကိုယ်တိုင်သွားခူးကြရသည်။

အသုံးများသော ဒဏ်ရာအနာတရဆေးများကို သူ အတော်များများသိနေပြီဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်မှာမူထူးခြားနေပုံရသည်။ အဖိုးကြီးသည် တစ်နေ့ထက်တစ်နေ့ ပိုအားနည်းလာကာ သွေးများပင် အန်လာတော့သည်။

ကျန်းလင် ဘာမှမတတ်နိုင်တော့သဖြင့် ဆေးခန်းသို့သွားကာ ဆရာဝန်ကိုအကူအညီတောင်းရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူသည် တစ်ကိုယ်လုံးကို သန့်ရှင်းအောင်အရင်လုပ်ခဲ့သော်လည်း ဆေးခန်းတံခါးဝသို့ပင် ဝင်ခွင့်မရခဲ့ပေ။

သူသည် နောက်ထပ်ဆေးခန်းတစ်ခုသို့ ထပ်သွားကာတစ်ခုပြီးတစ်ခု အသနားခံခဲ့သည်။

အသက်ရှင်ချင်လျှင် မာန်မာနကို လျှော့ထားရမည်၊ ကိုယ့်ကိုယ်ကိုယ် အထင်မကြီးရဟု အဖိုးကြီး သင်ပေးခဲ့ဖူးသည်။

'ဖြစ်ချင်တော့မျက်နှာ (ဂုဏ်သိက္ခာ) ဆိုသည်မှာ စား၍လည်းမရ၊ သောက်၍လည်းမရပေ'

နောက်ဆုံးတွင်...

ဟောင်းနွမ်းစုတ်ပြတ်နေသော ဆေးခန်းငယ်လေးတစ်ခုမှ ဆရာဝန်သည် ဦးခေါင်းတစ်ခုလုံး ကြမ်းပြင်နှင့်တိုက်ကာ အသနားခံနေသော ကျန်းလင်ကို သနားသွားကာ ဆေးအချို့ ပေးလိုက်သည်။

ထိုအခါမှသာ ကျန်းလင်သည် ဆေးများကိုယူကာ ဘုရားကျောင်းပျက်ဆီသို့ အပြေးအလွှားပြန်လာပြီး အဖိုးကြီးကို တိုက်ကျွေးခဲ့သည်။

သို့သော် အဖိုးကြီး၏အားနည်းမှုမှာ ရပ်တန့်မသွားခဲ့ပေ။

ကျန်းလင်သည် ဆေးမတိုး၍လား၊ သို့မဟုတ် အာဟာရမပြည့်ဝ၍လား မသိတော့ပေ။

ခုနစ်ရက်အကြာတွင် အဖိုးကြီး ကွယ်လွန်သွားခဲ့သည်။

မသေခင်မှာပင် သူ့ကို ဘုရားကျောင်းပျက်တံခါးဝသို့ ရွှေ့ပေးရန် ကျန်းလင်ကို တောင်းဆိုခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် နေရောင်ခြည်ရနိုင်သည်ဟု သူကပြောဆိုခဲ့သည်။

ယခင်က ကျန်းလင်သည် သူ့အား ဘာကြောင့် ခေါ်ထားသလဲ၊ ဘာကြောင့် အရာရာသင်ပေးသလဲဟု မေးဖူးသည်။

ဤအလုပ်တွင် လူတစ်ယောက်ပိုလာခြင်းမှာ အစာဝေမျှရသူ ပိုလာခြင်းဖြစ်သဖြင့် အသက်ရှင်ရန် အခွင့်အလမ်း ပိုနည်းသွားခြင်းဖြစ်သည်။

အဖိုးကြီးကတော့... အပြစ်ဖြေရန်အတွက်ဟုသာ ဖြေခဲ့ဖူးသည်။

"..."

ထိုသည်က ကျန်းလင် ဒုတိယအကြိမ် လူမြှုပ်နှံခြင်းဖြစ် သည်။

သူ ကျင်းတူးကာ အဖိုးကြီးကို ထည့်လိုက်ပြီး မြေကြီးများ ပြန်ဖို့လိုက်သည်။

ထိုဖြစ်စ် အစမှ အဆုံးအထိ သူ့မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မှ မရှိပေ။

သို့သော် ဘေးမှ ကြည့်နေသော ဝိညာဉ်တမန် ကျန်းလင်မှာမူ ကလေးငယ်ကျန်းလင်၏ ခံစားချက်ကို ခံစားနေရသည်။

၎င်းမှာဒေါသထွက်နေသလို၊ သို့မဟုတ် မကျေနပ်သလို ခံစားချက်မျိုးပင်။

ကျန်းလင်သည် အချိန်အတော်များများတွင် တည်ငြိမ်ပြီး အကျိုးအကြောင်း ဆင်ခြင်တတ်သူဖြစ်သည်။

ဝိညာဉ်တမန် ကျန်းလင်ဖြစ်စေ၊ ကလေးငယ် ကျန်းလင်ဖြစ်စေ အတူတူပင်။

ကိစ္စတစ်ခု ကြုံလာတိုင်း သူတို့သည် မည်သည့်အရာက မှန်ကန်သလဲ၊ မည်သို့လုပ်သင့်သလဲ ဆိုသည်ကို အရင်စဉ်းစားတတ်ကြသည်။

ကလေးငယ် ကျန်းလင်သည် ယခင်က အသက်ရှင်ရေးကိုသာ ဦးစားပေးခဲ့သည်။

သို့သော် ယခုတွင်မူ သူ ထိုသို့ မလုပ်ချင်တော့ပေ။

အမေကလည်း အသက်ရှင်အောင်နေပါဟု ပြောခဲ့သည်၊ အဖိုးကြီးကလည်း အသက်ရှင်အောင်နေပါဟု ပြောခဲ့သည်။

သို့သော်... သူတို့အားလုံး သေဆုံးသွားကြပြီ။

'ဤကဲ့သို့သော ခေတ်ဆိုးကြီးထဲတွင် အသက်ရှင်နေခြင်းက တကယ်ပဲ အရေးကြီးလို့လား'

အဖိုးကြီးကို မြှုပ်နှံပြီးနောက် ကလေးငယ် ကျန်းလင်သည် ဘုရားကျောင်းသို့ ပြန်လာခဲ့ကာ သူသည် သတင်းအချက် အလက်များကို စတင်စုဆောင်းရင်း၊ မင်းစိုးရာဇာများကို မကျေနပ်သောသူများနှင့် စတင်ထိတွေ့တော့သည်။

ယခုအခါ စစ်ပွဲများ ပြင်းထန်နေပြီး ကောလာဟလများပျံ့နှံ့နေသည်မှာ တစ်စုံတစ်ယောက်က တမင်ဖန်တီးနေခြင်းဖြစ်ရမည်။

ထိုသူများသည် တစ်ခုခုကို ရယူလိုကြသည်မှာ သေချာသည်။

...

ခြောက်လအကြာတွင် ရန်သူ့တပ်များသည် မြို့တော်တံခါးဝသို့ ရောက်ရှိလာ၏။

မြို့တော်အတွင်းရှိ စစ်အင်အားနှင့် ရိက္ခာများမှာ အချိန်အကြာကြီး ခုခံနိုင်စွမ်း မရှိတော့ပေ။

ထို့ကြောင့် ဧကရာဇ်နှင့် အပေါင်းအပါများသည် ကိုယ်ရံ တော်တပ်များ၏ အကာအကွယ်ဖြင့် မြို့တော်မှထွက်ပြေးရန် ဆုံးဖြတ်လိုက်ကြသည်။

မြို့တော်ကို ခုခံကာကွယ်ခြင်းကို စွန့်လွှတ်လိုက်ခြင်းပင်။

ထိုဖြစ်စဉ်အတွင်း သတင်းများ ပေါက်ကြားသွားခဲ့သော ကြောင့် ခဏချင်းမှာပင် မြို့တော်အတွင်း ဖရိုဖရဲ ဖြစ်သွားတော့သည်။

ထိုရုန်းရင်းဆန်ခတ်မှုအတွင်း ဧကရာဇ်သည် မတော်တဆ ကွယ်လွန်သွားခဲ့ပြီး အိမ်ရှေ့မင်းသားမှာ အရေးပေါ် နန်း တက်ကာ ကိုယ်ရံတော်တပ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

မြို့တော်မှ ထွက်ပြေးစဉ် နဝမမင်းသားမှာ မတော်တဆဖြစ်ပြီး ရန်သူ့မြှားချက်ထိကာ သေဆုံးသွားခဲ့သည်။

မြို့တော်အတွင်း၌မူ...

လူထုမှာ ပစ္စည်းများကိုသိမ်းဆည်းကာ ထွက်ပြေးသူပြေး၊ ပုန်းသူပုန်း ဖြစ်နေကြသည်။

'သို့သော် ဘယ်ကို ပြေးနိုင်ဦးမည်နည်း'

ကျန်းလင်ကတော့ မြို့တော်အတွင်းမှာပဲ ကျန်နေခဲ့ကာ သူ ဒီနေရာကနေ ထွက်မသွားဖို့ ဆုံးဖြတ်ထားသည်။

ဤသို့ ထိတ်လန့်နေချိန်မှာပင် လူတစ်ယောက် ရှေ့သို့ ထွက်လာခဲ့သည်။

ကျန့်အန်းမင်းသားသည် သူ့အိမ်တော်မှ ကိုယ်ရံတော်များနှင့်အတူ မြို့တော်အတွင်း ပေါ်လာပြီး ရန်သူကိုအတူတကွ ခုခံရန် လူထုကို တိုက်တွန်းခဲ့သည်။

လူထုတွင် ကိုယ်ရံတော်တပ်များ မရှိတော့သဖြင့် ယခုအချိန်တွင် ထွက်ပြေးခြင်းမှာ မြို့ထဲမှာ နေခြင်းထက် ပိုကောင်းလိမ့်မည် မဟုတ်ပေ။

မြို့ထဲမှာနေလျှင် အနည်းဆုံးတော့ မြို့ရိုးရှိသေးသည်။

"..."

ကျန့်အန်းမင်းသား ပေါ်လာခြင်းမှာ မည်သူမျှ မျှော်လင့်မထားသော ကိစ္စဖြစ်သည်။

အရေးကြီးသော မင်းစိုးရာဇာအားလုံး ဧကရာဇ်နောက်သို့ လိုက်သွားကြပြီဟု သူတို့ သတင်းရထားသည်။

ထိုသူများသည် အရေးကြီးဆုံးသော လူနှင့် ပစ္စည်းများကိုသာ ခေါ်သွားကြပြီး မယားငယ်များနှင့် အငယ်အနှောင်း သားသမီးများကိုပင် စွန့်ပစ်ခဲ့ကြသည်။

သို့သော် ကျန့်အန်းမင်းသားမှာ ယခင်ဧကရာဇ်နှင့် ညီအစ်ကိုအရင်းကဲ့သို့ ခင်မင်သူဖြစ်ပြီး၊ လက်ရှိဧကရာဇ်ပင် 'ဦးလေး' ဟု ခေါ်ရသူဖြစ်သည်။

'သူက မြို့ထဲမှာ ကျန်နေခဲ့တယ်ပေါ့'

ကျန့်အန်းမင်းသား၏ စုစည်းမှုကို ကြားသောအခါ ထွက်ပြေးရန် ပြင်နေသော လူများစွာ ရပ်တန့်သွားကြသည်။

'အကယ်၍ အခြားသူသာဆိုလျှင် သူတို့ ဝေခွဲမရဖြစ်နိုင်သော်လည်း'

'ဒီလူသာဆိုရင် သူတို့စမ်းကြည့်ဖို့ အဆင်သင့်ပဲ'

စစ်ပွဲစတင်ကတည်းက ကျန့်အန်းမင်းသားသည် ဆန်ပြုတ်များ ဝေငှပေးခဲ့သည်။

ဒုက္ခသည်များ မြို့ထဲဝင်လာပြီးနောက်တွင်လည်း သူတို့အတွက် အလုပ်အကိုင်ရရှိရန် နည်းလမ်းမျိုးစုံဖြင့် ကူညီပေးခဲ့သည်။

ယခုအခါ ရန်သူများ တံခါးဝသို့ ရောက်နေပြီး ဧကရာဇ်ပင် ထွက်ပြေးသွားပြီဖြစ်သည်။

'သူကတော့ ကျန်နေခဲ့ရုံသာမက သူတို့နှင့်အတူ ရန်သူကို ခုခံဦးမည်တဲ့'

ဤကဲ့သို့သောလူမျိုးကို လူထုက ယုံကြည်ရန် အသင့်ရှိကြသည်။

ကျန်းလင်လည်း သွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူနှင့် အဖိုးကြီးသည်လည်း တစ်ချိန်က သူ့ အကူအညီ ရိက္ခာများကို ရရှိခဲ့ဖူးသည်။

ထို့ကြောင့် ဒီမြို့တော်ရဲ့နောက်ဆုံး ကံကြမ္မာကို သူ စောင့်ကြည့်ပါဦးမည်။

...

"ကျန့်အန်းမင်းသား"

ကျန့်အန်းမင်းသား၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ဝိညာဉ်တမန်ကျန်းလင်မှာ မှင်တက်သွားသည်။

ဤလူသည်... သူ့အထက်လူကြီး၊ 'အဖြူရောင်ဝိညာဉ်တမန်‌တော်' အဖွဲ့ခေါင်းဆောင်နှင့် တစ်ပုံစံတည်း တူနေသည်မဟုတ်လော။

သူသည် ယခင်က ကြားဖူးသော ကောလာဟလများကို ပြန်လည်စဉ်းစားမိသည်။

ထို ကောလာဟလများအရ သူ့ အထက်လူကြီးသည် လူဘဝတုန်းက မင်းသားတစ်ပါးဖြစ်ပြီး အလှူအတန်းများစွာပြု လုပ်ခဲ့သူဖြစ်သည်။

ထို့ကြောင့်သူသည် အလွန်ကြီးမားသော ကုသိုလ်ကံရှိသူဖြစ်သည်။

သူသေဆုံးပြီးနောက် ဝိညာဉ်တမန်ဖြစ်လာသောအခါတွင်လည်း အမြဲတမ်း ကြိုးစားအားထုတ်သူဖြစ်ပြီး၊ မျက်ကွင်း ညိုခြင်းများမှာ တစ်ခါမျှ ပျောက်မသွားခဲ့ဖူးပေ။

သူသိသလောက်တော့ ဤကဲ့သို့ ကုသိုလ်ကံကြီးမားသူများသည် သေဆုံးပြီးနောက် နှစ်တစ်ရာ အလုပ်သင်ဆင်းရန် မလိုဘဲ တိုက်ရိုက် အမြဲတမ်းဝန်ထမ်းဖြစ်နိုင်၏။

စွမ်းအားပိုင်းတွင်လည်း ငရဲပြည်၏မြှင့်တင်ပေးခြင်းကို ခံရတတ်သည်။

'ဒါဆိုရင်...

ဒီနှစ်ယောက်က တစ်ယောက်တည်းပဲလား'

🫧 Chapter 102

"မင်းသား... ကျွန်တော် မျိုးတော် နောက်ကလိုက်ပါ့မယ်"

"ကျွန်တော်လည်း မသွားတော့ဘူး၊ ကျန့်အန်းမင်းသားကို ယုံကြည်တယ်"

မြို့တော်အတွင်းရှိ မြောက်မြားစွာသော အရပ်သားများမှာ ကျန်နေခဲ့ကြ၏။

ကျန်ရစ်နေခဲ့သောဆေးခန်းဖွင့်ထားသူများက ဆေးဝါးများ ထုတ်ပေးကြပြီး၊ သူဌေးကြီးများကလည်း အိမ်ရှိအစောင့် အကြပ်များကို စုစည်းပေးကြသည်။

"အိမ်ကြီးအိမ်ကောင်းတွေတောင် မရှိတော့ရင် ဘယ်ကို ပြေးလို့ရမှာလဲ"

ပုံမှန်အချိန်တွင် ဘာအလုပ်မှ မလုပ်ဘဲ လေလွင့်နေသော လူမိုက်အချို့ပင် ဝတ်ရုံများကိုချွတ်ပစ်ကာ ရှေ့သို့ ထွက်လာကြသည်။

"ငါ့အိမ်က ဒီမှာကွ ဘယ်သူက လုချင်တာလဲ၊ လုချင်တဲ့ကောင်ကို ငါအရင်သတ်မယ် အလွန်ဆုံးဖြစ်လှ နောက် ၁၈ နှစ်နေရင် လူလားပြန်မြောက်လာမယ့် ယောက်ျားကောင်းတစ်ယောက်ပဲ"

သားသတ်သမားများ၊ အလုပ်ကြမ်းသမားများနှင့် ဆယ်စုနှစ်ချီ ပညာသင်ကြားလာသော စာသင်သားများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။

"တိုင်းပြည်ကြီး ပျက်စီးတော့မယ့်အချိန်မှာ သာမန်အရပ် သားတိုင်းမှာ တာဝန်ရှိတယ် ကျွန်တော်တို့လို စာသင်သားတွေလည်း အသက်ပေးပြီး အလုပ်အကျွေးပြုဖို့ အသင့်ပါပဲ"

အခြား ရပ်တန့်နေသော အရပ်သားများမှာလည်း မိမိတို့အိမ်မှ အသုံးဝင်မည့်အရာများကို ယူဆောင်လာကြသည်။

ထို့နောက် ရိက္ခာများ၊ ဓားများ၊ ပေါက်တူးများ၊ ဆေးအရက်များ... အားလုံးကို လှူဒါန်းလိုက်ကြသည်။

ကျန်းလင်တွင် အင်အားလည်းမရှိ၊ ပေးစရာ ရိက္ခာလည်းမရှိသော်လည်း သူ့တွင် ဦးနှောက်ရှိသည်။

ဤမြို့တော်အတွင်း နှစ်ရှည်လများ ကျင်လည်ခဲ့သဖြင့် မည်သည့်နေရာတွင် ပုန်းအောင်းရမည်၊ မည်သည့်နေရာတွင် ရန်သူကို ထောင်ချောက်ဆင်ရမည် (စောင့်ကြိုတိုက်ခိုက်ရမည်) ကို သူ ကောင်းကောင်းသိသည်။

ထို့ပြင်လူတို့၏စိတ်ကို ခွဲခြားသိမြင်ကာ ပရိယာယ်ဆင်ရန်လည်း သူသိသည်။

လမ်းပြအဖြစ်ဖြစ်စေ၊ ရန်သူကို မျှားခေါ်ရသည့် ငါးစာအဖြစ်ဖြစ်စေ သူ လုပ်နိုင်ပါသည်။

"ကျွန်မတို့က မိန်းမသားတွေ ဖြစ်ပေမယ့်လည်း တစ်တပ် တစ်အား ကူညီချင်ပါတယ် အသက်ပေးရမှာကို မနောင်တရပါဘူး"

ထိုအချိန်တွင် မင်းစိုးရာဇာတို့ စွန့်ပစ်ခဲ့သော မယားငယ် အမြောက်အမြားမှာလည်း ဒေါသတကြီးထွက်လာကြသည်။

ထိုသူများက သူတို့ကို စွန့်ပစ်သွားမှတော့ သူတို့ဘာသာ သူတို့ပဲ လွတ်လမ်းရှာတော့မည်။

မိန်းမသားများ လူရှေ့သူရှေ့ မထွက်ရဘူးဆိုသည်မှာ... သူတို့ အသက်ရှင်နေသေးမှ စဉ်းစားရမည့်ကိစ္စပင်။

"ငါမသွားဘူး၊ ငါ့အိမ်မှာပဲ ငါသေမယ်၊ မင်းတို့သွားချင်ရင် သွားကြတော့"

အင်အားစိုက်ထုတ်ရန် ကျန်နေခဲ့သူများအပြင် အခြားသောသူများလည်း မထွက်ခွာဘဲ ကျန်ရစ်ကြသည်။

သက်ကြီးရွယ်အိုအချို့မှာ ကုလားထိုင်များ ထုတ်ကာ တံခါးဝတွင် ထိုင်စောင့်နေကြသည်။

ဤအခြေအနေတွင် ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ သူတို့ လက်ခံထားပြီးသားဖြစ်သည်။

ဘာပဲဖြစ်ဖြစ် မြို့တော်မှ ထွက်ခွာသွားလျှင်လည်း သူတစ်ပါးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်ရမည်ထက် မိမိအိမ်လေးကိုသာ စောင့်ရှောက်နေတော့မည်။

မကြာမီမှာပင်

ကျန့်အန်းမင်းသားသည် ကျန်ရှိနေပြီး အင်အားစိုက်ထုတ်လိုသူများကို စာရင်းပြုစုလိုက်သည်။

ကျန့်အန်းမင်းသား၏ဦးဆောင်မှုအောက်တွင် ထိုသူများကို အခြေအနေအလိုက် အုပ်စုခွဲလိုက်တော့သည်

တိုက်ခိုက်ရေးတပ်၊ စစ်ဗျူဟာတပ်၊ ထောက်ပံ့ရေးတပ်၊ ကင်းထောက်တပ်...

တိုက်ခိုက်ရေးတပ်တွင် သန်သန်မာမာ လူငယ်အများစု ပါဝင်ပြီး မင်းသားအိမ်တော်မှ ကိုယ်ရံတော်များက ခေါ်ဆောင်ကာ အရေးပေါ် လေ့ကျင့်ပေး၏။

စစ်ဗျူဟာတပ်တွင်မူ လူစုံလှကာ စာသင်သားများ၊ အိမ်တွင်း ပုန်း အမျိုးသမီးများနှင့် လမ်းဘေး သူတောင်းစားများပင် ပါဝင်သည်။ အချို့မှာ သူတစ်ပါးက ညွှန်းဆို၍ရောက်လာကြပြီး၊ အချို့မှာ မိမိဘာသာ အဆိုပြုကာရောက်လာကြခြင်းဖြစ်သည်။

ထောက်ပံ့ရေးတပ်တွင်မူ အမျိုးသမီးနှင့် ကလေးငယ်များ၊ ငယ်ရွယ်သော သို့မဟုတ် အသက်ကြီးသော ဆရာဝန်များ၊ လက်နက်နှင့် အဝတ်အထည်များ ပြုလုပ်နိုင်သော လက်မှု ပညာရှင်များ ပါဝင်ကြသည်။

၎င်းတို့သည် အမျိုးသမီးနှင့် ကလေးငယ်များမှာ ရိက္ခာအားလုံးကို စုစည်းကာ စနစ်တကျ ခွဲဝေပေးပြီး အိုးကြီးချက်ချက်ကြသည်။

အချို့က တောဟင်းသီးဟင်းရွက်များ ရှာကြပြီး၊ အချို့ကမူ လူများထွက်ပြေးစဉ်က ယူမသွားနိုင်ခဲ့သော ပစ္စည်းများကို လိုက်လံရှာဖွေကြသည်။

ကင်းထောက်တပ်တွင်မူ ပါးနပ်ပြီး ကိုယ်လက်လှုပ်ရှားကျင် လည်သူများ၊ မြေပြင်အနေအထားကို ကောင်းကောင်းသိသူများ ပါဝင်သည်။

...

ဤသို့ဖြင့် စနစ်မကျလှသော တပ်ဖွဲ့ကြီးသည် အရေးပေါ် စတင်လည်ပတ်လာခဲ့သည်။

ဝိညာဉ်တမန်တော် ကျန်းလင်သည်လည်းထိုအဖြစ်အပျက်များကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။

ကလေးငယ် ကျန်းလင်သည် ကင်းထောက်တပ်သို့ သွားခဲ့ပြီး၊ နောက်ပိုင်းတွင် စစ်ဗျူဟာတပ်သို့ ပြောင်းရွှေ့ခံရသည်ကို သူမြင်ရသည်။

သာမန်အရပ်သားများဖြင့် ဖွဲ့စည်းထားသော ဤတပ်ဖွဲ့၏ စွမ်းဆောင်ရည်မှာ အနိမ့်အမြင့် ကွာခြားသော်လည်း စည်းလုံးမှုတွင်မူ အားကောင်းလှသည်။

မည်သူမျှ ခိုးစားခြင်း မရှိသလို၊ မည်သူမျှ ငြီးတွားခြင်းလည်း မရှိပေ။

ကံမကောင်းစွာပင် ရက်သတ္တပတ် နှစ်ပတ်အကြာတွင် ရန်သူ့တပ်ဖွဲ့များသည် မြို့တံခါးအပြင်သို့ ရောက်ရှိလာသည်။

အစပိုင်းတွင် ရန်သူများသည် မြို့တော်အတွင်းရှိ လူများ၌ သင့်တော်သော ချပ်ဝတ်တန်ဆာပင် မရှိသည်ကို မြင်သော အခါ၊ အချို့က သားလှီးဓားများ ကိုင်ထားသည်ကို မြင်သောအခါ ဟားတိုက်ရယ်မောကာလှောင်ပြောင်ကြ၏။

သို့သော် ထိုသို့ ပေါ့ဆမှုကြောင့်ပင် သူတို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။

ထိုအရှုံးကြောင့် ရန်သူ့စစ်ဗိုလ်ချုပ်မှာ ပိုမိုသတိထားလာရပြီး ဤစနစ်မကျသော တပ်ဖွဲ့ကို အလေးအနက်ထား တိုက်ခိုက်လာတော့သည်။

ထိုအချိန်တွင် မြို့တော်အတွင်းရှိ လူများက ပြန်လည် ထိုးစစ်ဆင်လာကြသည်။

မင်းသားအိမ်တော် ကိုယ်ရံတော်များကို အဓိကထားကာ မြေပြင်အနေအထား အားသာချက်ကို အသုံးချ၍ ချောင်း မြောင်းတိုက်ခိုက်သဖြင့် ရန်သူမှာ ဘာမှမတတ်နိုင်ဘဲ အထိနာခဲ့ရသည်။

ဤသို့ဖြင့် ရုန်းကန်တိုက်ခိုက်ရင်း ဤစနစ်မကျသော တပ်ဖွဲ့ကြီးသည် သုံးလတိုင်တိုင် တောင့်ခံနိုင်ခဲ့သည်။

သုံးလအကြာတွင်...

ရန်သူ့စစ်တပ် အလုံးအရင်း ရောက်ရှိလာပြီး မြို့တံခါးကို တိုက်ရိုက်ထိုးစစ်ဆင်တော့သည်။

၎င်းတို့သည် မြို့တော်အတွင်းသို့ တစ်ရှိန်ထိုး ဝင်ရောက်လာကြသည်။

ထိုအခိုက်အတန့်တွင် မြို့တော်အတွင်းရှိ အသက်ရှင်ကျန်နေသူအားလုံး တိုက်ပွဲထဲသို့ ပြေးဝင်ကြ‌တော့သည်။

စစ်မြေပြင်မှ ဓားရောင်တလျှပ်လျှပ်နှင့် ကြီးမားသော မီးတောက်များမှာ လူတိုင်း၏ပါးပြင်ကို နီမြန်းသွားစေသည်။

သွေးများကလည်း ဖျန်းခနဲ လွင့်စင်ကုန်ကာ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများမှာ တုတ်များ၊ အသားလှီးဓားများ ကိုင်ကာ ပြေးဝင်တိုက်ခိုက်ကြသည်။

သူတို့ သေမှာကို မကြောက်ကြဘဲ အရှက်တကွဲ အသက်ရှင်ရမှာကိုသာ ကြောက်ကြသည်။

အနည်းဆုံးက တစ်ချက်ရိုက်နိုင်လျှင် တစ်ချက်၊ တစ်ချက်ခုတ်နိုင်လျှင် တစ်ချက်ပင်။

ရန်သူတစ်ယောက်ကို သတ်နိုင်လျှင် မရှုံးသလို၊ မသတ်နိုင်လျှင်လည်း သူတစ်ပါးအတွက် ဓားစာခံအဖြစ် အခုတ်ခံပေးရုံသာ ရှိသည်။

သူတို့၏ ခန္ဓာကိုယ်များသည် အခြားသူများအတွက် ချပ်ဝတ်တန်ဆာ ဖြစ်နိုင်သည်။

အခြားသူများအတွက် ရန်သူ့ခြေလှမ်းများကို တားဆီးပေးမည့် မြို့ရိုးများ ဖြစ်နိုင်သည်။

"သတ်ကြဟေ့"

ထိုစစ်ပွဲပတ်ဝန်းကျင်၏ သွေးရောင်များမှာ မြို့တော်တစ်ခုလုံးကို နီရဲသွား‌စေသည်ပင်။

ဝိညာဉ်တမန်တော်ကျန်းလင်သည် ဤတိုက်ပွဲအတွင်းမှာပင် ကလေးငယ်ကျန်းလင်၏ သေဆုံးမှုကို မြင်တွေ့ခဲ့ရသည်။

ထိုနေ့တွင် ရန်သူများသည် မြို့တော်ကို အပြီးအပိုင်သိမ်း ပိုက်နိုင်ခဲ့သည်။

"နိုင်ပြီ ငါတို့ နိုင်ပြီ"

ကလေးငယ်ကျန်းလင် နောက်ဆုံးအခိုက်အတန့်တွင် ကြား လိုက်ရသည်မှာ ရန်သူတို့၏ အောင်ပွဲခံ ဟိန်းဟောက်သံများသာ ဖြစ်သည်။

ထို့နောက်ကောင်းကင်ကြီးမှာ မှောင်အတိ ကျသွားလေတော့သည်။

...

"..."

ကျန်းလင်သည် မှတ်ဉာဏ်အပိုင်းအစများကြားမှ သတိပြန်ဝင်လာပြီး တိုးတိုးလေး ရေရွတ်မိသည်။

"ငါက ဒီလို သေသွားခဲ့တာကိုး..."

နောက်ပိုင်းမှာ ကျန့်အန်းမင်းသား ဘာဖြစ်သွားလဲ မသိဘူး...

ကျန့်အန်းမင်းသားနဲ့ သူ့ရဲ့ အထက်လူကြီးက လူတစ် ယောက်တည်းပဲလား....

အားလုံးသိကြသည့်အတိုင်း ကျန်းလင်၏အထက်လူကြီးမှာ အင်မတန် အလုပ်များတဲ့ ဝိညာဉ်တမန်တစ်ယောက်ဖြစ်တာကြောင့် ပုံမှန်အားဖြင့် ကိစ္စမရှိရင် သူတို့လို ဝိညာဉ်တမန်တွေက ထိုအဖွဲ့ခေါင်းဆောင်ကို သွားပြီး မနှောင့် ယှက်ကြပေ။

ထို့ကြောင့် သူတို့ အဖွဲ့ခေါင်းဆောင်နဲ့ ပုံမှန် ထိတွေ့ဆက်ဆံမှု သိပ်မရှိကြပါချေ။

သို့သော် လူဘဝတုန်းက မှတ်ဉာဏ်တွေအရ ကြည့်ရင်တော့ ဒီနှစ်ယောက်ရဲ့ လုပ်ဆောင်ပုံတွေက တော်တော်လေး ဆင်တူနေသည်...

"နောက်မှ အခွင့်သာရင် သွားမေးကြည့်ရမယ်"

အဖွဲ့ခေါင်းဆောင်ရဲ့ စားပွဲပေါ်က ဖိုင်တွဲပုံကြီးတွေကို တွေးမိရင်း ကျန်းလင်ကတော့ ဒီကိစ္စကို ခေတ္တဘေးဖယ်ထားဖို့ ဆုံးဖြတ်လိုက်သည်။

'ဘာပဲဖြစ်ဖြစ် ဒါတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက ကိစ္စတွေပဲဥစ္စာ'

'ဒါပေမယ့်... ဝိညာဉ်ဘုရင်အဆင့် ရောက်မှ မှတ်ဉာဏ်တွေ ပြန်ပေါ်လာတာက ဘာသဘောလဲ'

'သူ့ရဲ့ ဝိညာဉ်ခန္ဓာကိုယ်က အရင်က အားနည်းလွန်းလို့ ဒီလောက်များပြားတဲ့ မှတ်ဉာဏ်တွေကို မခံနိုင်လို့ ခန္ဓာကိုယ်က အလိုလို ပိတ်ပင်ထားတာလား'

'အခု ဝိညာဉ်ခန္ဓာကိုယ်က ပိုတောင့်တင်း ခိုင်မာလာလို့ ဒီမှတ်ဉာဏ်တွေကို ပြန်လွှတ်ပေးလိုက်တာလား'

'ဒါဆိုရင် နောက်ပိုင်း အဆင့်တွေ ထပ်တက်သွားရင် တခြား ထူးထူးဆန်းဆန်း မှတ်ဉာဏ်တွေထပ်ပေါ်လာဦးမလား'

ကျန်းလင် စဉ်းစားနေစဉ်မှာပင် စနစ်ဆီမှ အသိပေးသံ ထွက်ပေါ်လာ၏။

ခုနက မှတ်ဉာဏ်တွေကို ပြန်လည်ကြည့်ရှုနေတာက အချိန်အတော်ကြာတယ်လို့ ထင်ရသော်လည်းတကယ်တမ်းလက် တွေ့မှာတော့ မိနစ်အနည်းငယ်သာ ကုန်ဆုံးသွားခြင်းဖြစ် သည်။

[ဒင်~ မိမိကိုယ်ကိုယ် ကျော်ဖြတ်နိုင်ပြီး ဝိညာဉ်ဘုရင်အဆင့်သို့ ရောက်ရှိသွားသည့်အတွက် ဂုဏ်ယူပါသည် အမှတ် ၁၀၀၀၀ ရရှိပါသည် ကုသိုလ် ၃၀၀၀ ရရှိပါသည် လျှော့ဈေးကတ် +၁ ရရှိပါသည်]

[ဒင် အဆင့်သစ်သို့ ရောက်ရှိသွားသည့်အတွက် ဂုဏ်ယူပါသည်၊ နေ့စဉ်တာဝန် (Daily Task) အတွက် ရရှိမည့်အမှတ်ကို တစ်ကြိမ်လျှင် ၅၀၀ အထိ တိုးမြှင့်လိုက်ပါသည်]

[ဒင် တာဝန်အသစ် ထုတ်ပြန်ချက် - ထူးချွန်သော 'ပထမတန်းစား ဝိညာဉ်တမန်' တစ်ဦး ဖြစ်လာပါစေ]

[ကျေးဇူးပြု၍ ဆက်လက်ကြိုးစားပါ ရှေ့သို့ အားသွန်ခွန် စိုက် ချီတက်ပါ]

...

"ငါ့ကို ဒီနေရာမှာ စောင့်နေတာကိုး"

ကျန်းလင်သည် ဆုလာဘ်များကို သိမ်းဆည်းရင်း စဉ်းစားနေသည်။

'အရင်က ဘာလို့ စစ်သေနာပတိအဆင့် နောက်ပိုင်းမှာ တာဝန်အသစ်တွေ မလာတော့တာလဲလို့ သူတွေးနေခဲ့တာ'

'တကယ်တော့ သူအဆင့်တက်အောင် စောင့်နေတာပဲ'

ဝိညာဉ်ဘုရင်အဆင့် ရောက်တော့မှ နောက်ထပ်တာဝန်အသစ်ကို ပေးလာခြင်းဖြစ်သည်။

"အရင် တာဝန်ကကျင့်ကြံမှုအဆင့် တိုးတက်ဖို့ဆိုတော့ ကြိုးစားကျင့်ကြံရင် ရတယ်၊ အခု တာဝန်ကတော့... ကြိုးစားအလုပ်လုပ်ဖို့ ပြောတာလား"

ပထမတန်းစား ဝိညာဉ်တမန် ဖြစ်လာဖို့ဆိုတာ စွမ်းအားနဲ့ လုပ်ဆောင်ချက်အပြင် ငရဲပြည်မှာ အလုပ်လုပ်သည့် သက် တမ်းကိုလည်း ကြည့်ရသည်ပင်။

အဓိကကတော့ ငရဲပြည်အပေါ် ပေးဆပ်မှုနဲ့ သစ္စာရှိမှုကို ကြည့်ရခြင်းဖြစ်သည်။

ကျန်းလင်၏လက်ရှိစွမ်းအားကတော့ လုံလောက်နေပြီ ဖြစ်သဖြင့် ကျန်တာကတော့ လုပ်ဆောင်ချက်တွေအပေါ်မှာပဲ မူတည်တော့သည်။

အလုပ်တွေ ပိုလုပ်၊ ပေးဆပ်မှုတွေ ပိုလုပ်ရမည်၊ အလုပ်လုပ် ရင်း Live လွှင့်ပြီး ငရဲပြည်၏ယဉ်ကျေးမှုကို ပြန့်ပွားအောင် လုပ်ရမည်ဖြစ်သည်။

'ဒီလိုသဘောမျိုးပဲ နေမှာပါ'

ပြီးလျှင် အခု နေ့စဉ်တာဝန် တစ်ခုပြီးတိုင်း အမှတ် ၅၀၀ ရမည်ဖြစ်သဖြင့် အရင်ကထက် နှစ်ဆကျော် ပိုများသွားခြင်းဖြစ်သည်။

'ဒါကတော့ သူ့ကို တကယ်ပဲ တက်ကြွစေသည်၊ ဘာလို့လဲဆိုတော့ တစ်ခါလုပ်ရင် ယင်စွမ်းအင်လုံး အကြီးစားတစ်လုံး ရမှာကိုး'

ကျန်းလင်သည် စနစ်ကပေးသော လျှော့ဈေးကတ်ကို ကြည့်ရန် ပြင်နေစဉ်မှာပင် ရုတ်တရက် တိုးညင်းသော အသံလေးတစ်ခုကို ကြားလိုက်ရသည်။

ကလပ်...

ကရက်....

အသံက အပေါ်ဘက်က လာနေခြင်းဖြစ်ပြီး ပိုပိုပြီး ကျယ်လာမည့် ပုံစံမျိုးဖြစ်သည်။

ကျန်းလင်သည် ကိုယ်ကိုတစ်ချက် လှုပ်ရှားလိုက်ကာ အခန်း၏ ထောင့်တစ်နေရာသို့ ရွှေ့လိုက်ပြီး အပေါ်ဘက်ကို လှမ်းကြည့်လိုက်သည်။

ကရက်....

မျက်နှာကြက်ပေါ်ရှိ ပင့်ကူအိမ်သဖွယ် အက်ကွဲကြောင်းများမှာ ပိုများပြားလာ၏။

ထိုနေရာမှ ကျန်းလင် ဖယ်လိုက်ပြီး နောက်တစ်စက္ကန့်မှာပင်

ဝုန်း....

ဟူသော အသံနှင့်အတူ မျက်နှာကြက်မှာ အပေါက်ကြီးဖြစ်သွားကာ အပေါ်ဘက်က တစ်ခုခု ပြုတ်ကျလာသည်။

"...."

မီးခိုးငွေ့များကြားတွင် 'တ‌စ္ဆေစစ်သူကြီး' အဆင့်သို့ လတ်တ လောမှ တိုးတက်သွားသော အင်္ကျီအနက်ဝတ် ဝိညာဉ်မန်‌ တော်တစ်ဦးသည် ကြမ်းပြင်ပေါ်တွင် ထိုင်လျက်သား ဖြစ်နေ၏။

သူသည် သူ့ခေါင်းပေါ်မှ အပေါက်ကြီးကို ကြည့်ရင်း ကြောင် အမ်းအမ်း ဖြစ်နေရှာသည်။

"ဟာ... စစ်သူကြီးအဆင့်က ဒီလောက်တောင် အစွမ်းထက်တာလား အဆင့်တက်တာနဲ့ ကျင့်ကြံရေးခန်းမကိုတောင် ဖောက်ထွက်သွားတယ်"

သူသည် အချိန်အတော်ကြာ ပြင်ဆင်ပြီးမှ တစ္ဆေတပ်သား အဆင့်ကို ကျော်ဖြတ်ကာ တစ္ဆေစစ်သူကြီးအဆင့်ကို ရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဝမ်းသာလို့တောင် မဆုံးသေး ရုတ်တရက် ခြေထောက်အောက်မှ ဟာလာဟင်းလင်း ဖြစ်သွားကာ ပြုတ်ကျလာခြင်းဖြစ်၏။

အနတ်ဝတ်တမန်တော် [......]

'တစ္ဆေစစ်သူကြီးအဆင့်ကိုတက်လှမ်းတဲ့ စွမ်းအားက ဒီလောက်တောင် ကြီးမားတာလား’

All Chapters