← Chapters

အခန်း (၄၂၁-၄၂၂)

Vol. 43 Ch. 421-422

အခန်း (၄၂၁-၄၂၂)

Vol. 43 Ch. 421-422

အခန်း(421)

“စုန့်ဝေ့ရဲ့ကိစ္စကတော့ .. သူက ဒီကိစ္စကို မသိခဲ့ပေမဲ့ ဒီဆေးဝါးစက်ရုံ တည်ထောင်ဖို့အတွက် သူကိုယ်တိုင် အကြံပြုခဲ့တာဖြစ်ပြီး၊ သူကိုယ်တိုင်လည်း စီမံခန့်ခွဲမှုတွေမှာ ပါဝင်ခဲ့တယ်လေ

ဒါက မူဝါဒတွေနဲ့ မကိုက်ညီတဲ့အတွက်ကြောင့် သူက ခိုးဝှက်ပြီး ကုန်သည်လုပ်မှုကို ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုနဲ့ မိုင်းတွင်းကို ပို့ဆောင်ပြီး ပြစ်ဒဏ်ခံစေတာ”

ဤပြစ်မှုမှာ သူလျှိုမှုလောက် မကြီးလေးသော်လည်း စုန့်ဝေ့ကို နှစ်အနည်းငယ်မျှ ချုပ်နှောင်ထားရန်အတွက်တော့ လုံလောက်လေသည်။

နောက်တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် ကြာပြီးနောက်တွင် စုန့်ဝေ့အနေဖြင့် အယူခံဝင်ပါက ပြန်လည် လွတ်မြောက်လာနိုင်မလား ဆိုသည်ကိုတော့ သူမ မသိပါချေ။

သို့သော်လည်း သူ ပြန်လည် လွတ်မြောက်လာချိန်တွင် အနည်းဆုံး နှစ်နှစ်ခန့် ကြာမြင့်သွားပေလိမ့်မည်။

မိုင်းတွင်းရှိ အလုပ်စခန်းတွင် နှစ်နှစ်မျှ အပင်ပန်းခံ အလုပ်လုပ်ရပြီးနောက် ပြန်ထွက်လာချိန်တွင် သူတို့အပေါ် ရန်ငြိုးထားရန်အတွက် စိတ်ကူးပင် ရှိနိုင်တော့မည် မဟုတ်ပါချေ။

ဒါက တကယ်ကို ကောင်းမွန်တဲ့ ရလဒ်ပဲ။

အိမ်သို့ ပြန်ရောက်ချိန်တွင် စုန့်ရှီးယန်နှင့် တခြားသူများက ဤတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ခဲ့သောကြောင့် အထက်လူကြီးများက အသိအမှတ်ပြုကာ နှစ်ပတ်လည် ခွင့်ရက်ကို ပေးအပ်လိုက်ကြောင်း လင်းရန် သိရှိရလေ၏။

ရက်အနည်းငယ်မျှသာ ဖြစ်သော်လည်း သူနှင့်အတူ နှစ်သစ်ကူးကို ပျော်ရွှင်စွာဖြတ်သန်းရန်အတွက်မူ လုံလောက်ပေသည်။

သို့ဖြစ်၍ နောက်ရက်များတွင် လင်းရန်က အလုပ်သွားနေရဆဲ ဖြစ်သောကြောင့် အိမ်သန့်ရှင်းရေး လုပ်ငန်းများနှင့် နှစ်သစ်ကူး အသုံးအဆောင်များဝယ်ယူခြင်းကို စုန့်ရှီးယန်ထံသို့သာ လွှဲအပ်လိုက်ရလေတော့သည်။

ယခုနှစ်တွင် သူတို့အားလုံး တိုင်ပင်ဆွေးနွေးပြီးနောက် ချွန်ဖန်းတပ်မဟာသို့ ဦးစွာပြန်ကြရန်နှင့် ထိုမှတစ်ဆင့် စုန့်မိသားစုထံသို့ အချိန်မီသွားရောက်ရန် စီစဉ်ခဲ့ကြလေသည်။

မည်သို့ပင်ဖြစ်စေ ဤသည်မှာ လင်းရန်နှင့် စုန့်ရှီးယန်တို့ လက်ထပ်ပြီးသည့် ပထမဦးဆုံးနှစ် ဖြစ်သည့်အပြင် ချွေးမသစ်ဖြစ်သူအနေဖြင့်လည်း သူမ၏ ယောက္ခမများထံသို့ မဖြစ်မနေ လိုက်ပါသွားရမည် မဟုတ်ပါလား။

ထို့အပြင် အိမ်တွင် လူကြီးမိဘများ ရှိနေပြီး မစ်စ်ချင်းယွင်ကျစ်ကလည်း လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက သူတို့ မည်သည့်အချိန်တွင် ပြန်လာမည်ကို လှမ်းမေးထားခဲ့ဖူးသည်။

သူမအနေဖြင့် အိမ်တွင် သူတို့ကို စောင့်မျှော်နေသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် ကောင်းမွန်သော အရာများစွာကိုလည်း ပြင်ဆင်ထားကြောင်း ပြောခဲ့သေး၏။

လင်းရန်တစ်ယောက် သူမ၏ သနားစဖွယ် ပြောဆိုလာသည့်စကားများကြောင့် ရယ်မောမိရပြီး ငြင်းပယ်ရန်လည်း မဖြစ်နိုင်ခဲ့ချေ။

ထို့အပြင် သူမအနေဖြင့် ယခုတစ်ခေါက် ကွမ်ကျိုးသို့ မဖြစ်မနေ သွားရမည့် နောက်ထပ် အကြောင်းရင်းတစ်ခုမှာ သူမ၏ ဒေါ်လေးမှာလည်း ကွမ်ကျိုးသို့ လိုက်ပါသွားမည်ဖြစ်သောကြောင့်ပင်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ဒေါ်လေးနှင့် ဒေါက်တာကျိုးကျယ်ပင်းတို့နှစ်ယောက်အနေဖြင့် တစ်ဦးကိုတစ်ဦး နားလည်မှု ရရှိသွားခဲ့ကြသည်။

ဒေါက်တာကျိုးက အလွန်ပျော်ရွှင်သွားပြီး ယခုနှစ်သစ်ကူးကာလတွင် လင်းကျန်းဖူအား သူ၏မိဘများနှင့် တွေ့ဆုံပေးရန် အိမ်သို့ ခေါ်သွားမည်ဖြစ်ကြောင်း ပွင့်လင်းစွာ ပြောဆိုခဲ့လေသည်။

တကယ်တမ်းတွင် မိဘများနှင့် တွေ့ဆုံသည့်ကိစ္စ အဆင်ပြေသွားပါက နောက်တစ်ဆင့်မှာ လက်ထပ်ရန်သာ ကျန်တော့သည် မဟုတ်ပါလား။

လင်းကျန်းဖူအနေဖြင့် ကျိုးကျယ်ပင်းက သူမအား မိဘများနှင့် ဤမျှအထိ လျင်မြန်စွာ တွေ့ဆုံပေးလိမ့်မည်ဟု မထင်မှတ်ထားခဲ့သောကြောင့် အနည်းငယ် စိတ်မအေးဖြစ်နေမိရသည်။

သို့သော်လည်း နောက်ပိုင်းတွင် ကျိုးကျယ်ပင်းက သူ၏မိဘများထံသို့ ဖုန်းဆက်သည့်အချိန် လင်းကျန်းဖူအား ဖုန်းကိုင်၍ စကားပြောစေခဲ့လေ၏။

ဖုန်းထဲတွင် ကျိုးမိဘများမှာ အလွန်ပင် သဘောကောင်းကြပြီး စိတ်ကျေနပ်မှု အပြည့်ဖြင့် ပြုံးရွှင်စွာ စကားပြောခဲ့ကြသည်။

သူတို့က လင်းကျန်းဖူကို ကျေးဇူးတင်စကားပင် ဆိုခဲ့ကြသေး၏။

ဆိုရလျှင် သူမကြောင့်သာလျှင် ဤခေါင်းမာသော ကောင်လေးက လက်ထပ်ရန် သဘောတူခဲ့ခြင်းဖြစ်ပေ၏။

ကျိုးမိဘများ၏ နွေးထွေးသော သဘောထားကြောင့် လင်းကျန်းဖူတစ်ယောက် စိုးရိမ်ပူပန်မှုများကို လျှော့ချနိုင်ခဲ့ပြီး နှစ်သစ်ကူးတွင် ကျိုးကျယ်ပင်းနှင့်အတူ ကွမ်ကျိုးသို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။

လူတိုင်းက ကွမ်ကျိုးသို့ ပြန်ကြမည်ဖြစ်သောကြောင့် ထိုအချိန်သို့ရောက်လျှင် အတူ ထွက်ခွာကြရန် ချိန်းဆိုထားခဲ့ကြလေ၏။

သို့ဖြစ်၍ သူတို့အားလုံးက ချွန်ဖန်းတပ်မဟာသို့လည်း အတူပြန်နိုင်ကြဦးမည်ပင်။

ကျန်ရှိသော နေ့ရက်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး နောက်ဆုံးတွင် လင်းရန်တို့ အလုပ်လုပ်သည့် စားသောက်ဆိုင်၏ ပိတ်ရက် ပထမဆုံးနေ့သို့ ရောက်ရှိလာခဲ့လေသည်။

နောက်ရက်များ၌ ဆိုင်ပိတ်ထားတော့မည်ကို သိရှိကြသောကြောင့် နှစ်ကုန်ပိုင်း၏ နောက်ဆုံးနေ့ဖြစ်သည့် ယနေ့တွင် လာရောက် စားသောက်ကြသော ဧည့်သည်များက အလွနာအမင်းများပြားခဲ့လေသည်။

လူတိုင်းက ဆိုင်တွင် စားသောက်ကြရုံသာမက သူတို့၏ ထမင်းချိုင့်များဖြင့်ပင် ဟင်းလျာများကို ဝယ်ယူသွားကြသေး၏။

မနက်ဖြန် နှစ်သစ်ကူး အကြိုညစာအတွက် ဤဟင်းလျာအချို့ကို ယူသွားချင်သောကြောင့်ဟု ပြောခဲ့ကြလေ၏။

ဤသည်မှာ လင်းရန်နှင့် တခြားသူများကို အံ့အားသင့်စေခဲ့ရ၏။

အဆုံးတွင်တော့ နောက်ဆုံးဧည့်သည်ကို ပို့ဆောင်ပြီးနောက် စားသောက်ဆိုင်တွင်ရှိနေသည့် လူတိုင်းက ဆိုင်အတွင်းရှိ အရာအားလုံးကို ဝိုင်းဝန်း သန့်ရှင်းရေးလုပ်ခဲ့ကြသည်။

အရာအားလုံး စနစ်တကျ ရှိသွားပြီးနောက်တွင်မှ အားဟွားက တံခါးကို သော့ခတ်လိုက်တော့၏။

“ကောင်းပြီ... ဒီနှစ်အတွက်တော့ ကျွန်မတို့ရဲ့ အလုပ်တွေ ဒီမှာပဲ ပြီးဆုံးသွားပြီပဲ.. နောက်နှစ်မှာလည်း အားလုံး အတူ ကြိုးစားပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရအောင် လုပ်ကြမယ်လို့ မျှော်လင့်ပါတယ်!”

လင်းရန်အနေဖြင့် ယခင်ဘဝက ဆိုင်ဖွင့်ခဲ့ဖူးသောကြောင့် ဤကဲ့သို့သော အားပေးစကားများကို အလွယ်တကူပင် ပြောဆိုနိုင်ခဲ့သည်။

အားဟွားနှင့် လီမေ့တို့မှာလည်း ယနေ့တွင် ရှောင်ကျောက်ထံမှ ဆုကြေးငွေ အိတ်နီကြီးများကို ရရှိထားကြသောကြောင့် စိတ်ပျော်ရွှင်နေကြလေ၏။ ယခု လင်းရန် ပြောသည့်စကားကို ကြားချိန်တွင် သူတို့က ပိုမို စိတ်လှုပ်ရှားစွာဖြင့် ထောက်ခံကြသည်။

“စိတ်ချပါ.. နောက်နှစ်မှာလည်း ကျွန်မတို့ သေသေချာချာပိုပြီး ကြိုးစားသွားပါ့မယ်!”

ထိုသို့ ပြောပြီးနောက် လူတိုင်းက လမ်းခွဲပြီး အိမ်သို့ ပြန်သွားကြလေ၏။

အကြီးဆုံးအဒေါ် ဝမ်ရှို့ကျူသည်လည်း လမ်းဟောင်းရှိ အိမ်သို့ မပြန်တော့ဘဲ မနက်ပိုင်းက ဆိုင်မှ ရရှိခဲ့သော ပစ္စည်းများကို ယူဆောင်ကာ လင်းရန်နှင့်အတူ မြို့တော်အစိုးရ ဝန်ထမ်းအိမ်ရာအနီးရှိ အိမ်သို့ လိုက်ပါလာခဲ့သည်။

သူတို့တစ်ဖွဲ့လုံးမှာ ယနေ့ညတွင်ပင် ချွန်ဖန်းတပ်မဟာသို့ ကားမောင်း၍ ပြန်ကြမည်ဖြစ်သောကြောင့် အချိန်မဖြုန်းစေရန် အလုပ်ဆင်းသည်နှင့် ချက်ချင်း ထွက်ခွာရန် စီစဉ်ထားကြလေသည်။

သူတို့ အိမ်သို့ ပြန်ရောက်သည့်အချိန်တွင် လင်းကျန်းဖူနှင့် ကျိုးကျယ်ပင်းတို့လည်း ရောက်ရှိနေကြချေပြီ။

“ယောက်မ... ရန်ရန်၊ အလုပ်ဆင်းလာကြပြီလား”

လင်းကျန်းဖူက သူတို့ ပြန်လာသည်ကို မြင်သည်နှင့် အပြုံးများဖြင့် ကြိုဆိုလိုက်လေ၏။

“ယောက်မ၊ ဒေါက်တာကျိုး၊ ရှောင်စုန့်၊ ငါတို့ အလုပ်ဆင်းတာ နည်းနည်း နောက်ကျသွားလို့ မင်းတို့တွေ စောင့်နေရတာ ကြာသွားပြီလား”

အကြီးဆုံးအဒေါ်က သူတို့ သုံးဦးအား အပြုံးရိပ်များဖြင့် ကြည့်လိုက်လေ၏။

အထူးသဖြင့် ကျိုးကျယ်ပင်းကို မြင်လိုက်ရချိန်တွင် သူမ၏ မျက်ဝန်းထဲမှ အပြုံးများက ရပ်တန့်၍ပင် မရနိုင်တော့ဟုထင်ရသည်။

သူမသည်ကား လင်းမိသားစုထဲသို့ အစောဆုံး ရောက်ရှိလာခဲ့သူ ဖြစ်ပေ၏။ လင်းကျန်းဖူမှာ သူမ အိမ်ထောင်ကျစဉ်က အသက်အလွန်ငယ်ရွယ်သေးသည်။

သို့ဖြစ်၍ ဝမ်ရှို့ကျူအတွက်တော့ လင်းကျန်းဖူက သူမ၏ ယောက်မထက် သမီးတစ်ယောက်ကဲ့သို့ပင် ဖြစ်နေခဲ့သည်။ သူမက လင်းကျန်းဖူ ကြီးပြင်းလာသည်ကို အနီးကပ် ကြည့်ရှုခဲ့ရသည် မဟုတ်ပါလား။

ယခုအချိန်တွင် လင်းကျန်းဖူက ကောင်းမွန်သော သမက်လောင်းတစ်ဦးကို ရရှိသွားပြီဖြစ်ကြောင်း မြင်လိုက်ရချိန်တွင် သူမာ လူကြီးတစ်ယောက်အနေဖြင့် စိတ်သက်သာရာရသွားခဲ့ရလေ၏။

ကျိုးကျယ်ပင်းနှင့် ဝမ်ရှို့ကျူတို့က အကြိမ်များစွာ မဆုံဖူးကြသော်လည်း သူမက လင်းကျန်းဖူအပေါ်တွင် အမြဲတစေ အလွန်ကောင်းမွန်ခဲ့ကြောင်းကို ကျိုးကျယ်ပင်း ကြားဖူးထားခဲ့သည်။

ထို့အတွက်ကြောင့် သူက ဝမ်ရှို့ကျူကို အလေးအနက် ထား၍ဆက်ဆံခဲ့ပေသည်။

“မရီး... ပစ္စည်းတွေကို ကျွန်တော် ကူသယ်ပေးပါရစေ”

ထိုသို့ပြောပြီးနောက် ကျိုးကျယ်ပင်းက ဝမ်ရှို့ကျူ၏ လက်ထဲမှ ခရီးဆောင်အိတ်ကို ချက်ချင်း လှမ်းယူလိုက်လေ၏။

ကူညီရန် လက်လှမ်းနေသော စုန့်ရှီးယန်: “...”

သူာ ကျိုးကျယ်ပင်းကို အဓိပ္ပာယ်များဖြင့် စိုက်ကြည့်လိုက်လေ၏။

ထိုအကြည့်၏ အဓိပ္ပာယ်ကို ၎င်းတို့နှစ်ဦးသာ နားလည်နိုင်ပေလိမ့်မည်။

စုန့်ရှီးယန် : “ကောင်စုတ်လေး... မင်းက လင်းမိသားစုဝင်တောင် မဖြစ်သေးဘဲနဲ့ အခုကတည်းက မျက်နှာရအောင် အစွမ်းကုန် ကြိုးစားနေပြီပေါ့လေ ဟုတ်လား”

ကျိုးကျယ်ပင်း : “ညီအစ်ကိုဖြစ်နေရင်တော့ ဒီအချိန်ကတော့ အလျှော့ပေးလို့မဖြစ်ဘူးလေ၊ အခွင့်အရေးရတုန်းမှာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးပြသရမှာပေါ့၊ ဒါကြောင့် စိတ်မရှိပါနဲ့ ရှုန်းတိ”

လင်းရန်နှင့် တခြားသူများကတော့ သူတို့နှစ်ဦးကြားမှ မျက်လုံးချင်း အပြန်အလှန် စကားပြောနေမှုကို သတိမထားမိကြပါချေ။

လူတိုင်းက ပစ္စည်းများ အဆင်သင့်ဖြစ်နေသည်ကို မြင်ချိန်တွင် လင်းရန်က အဝတ်အစားလဲရန်အတွက် အထဲသို့ အမြန်ဝင်သွားလေ၏။

အဝတ်လဲပြီးနောက်တွင် လူတိုင်းကို ကားပေါ်သို့တက်ရန် တိုက်တွန်းလိုက်လေသည်။

ယခုတစ်ကြိမ် ဇာတိသို့ ပြန်လာချိန်တွင် စုန့်ရှီးယန်က တစ်စုံတစ်ယောက်ထံမှ ကားငှားလာခဲ့ပုံရသည်။

ထို့အတွက် သူတို့က တိုက်ရိုက် မောင်းနှင်သွားနိုင်သောကြောင့် လူပင်ပန်းမှုကို သက်သာစေသည့်အပြင် အချိန်ကိုလည်း များစွာ သက်သာစေခဲ့၏။

ထိုအချိန်တွင် လင်းမိသားစုအိမ်..

အဘွားလင်းက တံခါးဝသို့ ပြေးသွားကာ အပြင်ဘက်သို့ အကြိမ်ပေါင်းများစွာ လှမ်းကြည့်နေခဲ့သည်။

သူမက အပြင်ကို ကြည့်ရင်း အဆက်မပြတာ ရေရွတ်နေခဲ့လေ၏။

“ဒီလောက်တောင် နောက်ကျနေပြီ၊ ဘာလို့ တစ်ယောက်မှ ပြန်မလာသေးတာလဲ.. တစ်ခုခုများ ဖြစ်လို့လား မသိဘူး”

“အမေ... ရှောင်စုန့်နဲ့ ရှောင်ကျိုးတို့လို အမျိုးသားနှစ်ယောက် ပါတာပဲလေ၊ ဘာမှ မဖြစ်နိုင်ပါဘူး၊ စိတ်မပူစမ်းပါနဲ့”

တတိယမြောက် ချွေးမဖြစ်သူ ယင်းဖန်က ဝင်ပြောလိုက်သော်လည်း သူမကိုယ်တိုင်လည်း အဘွားလင်းနှင့်အတူ အပြင်သို့ ထွက်ကာ မကြာခဏ လှမ်းကြည့်နေခဲ့လေသည်။

*

အခန်း(422)

ယင်ဖန်၏အကြောင်းကိုပြောရလျှင် လွန်ခဲ့သည့်အကြိမ်က မြို့ပြဆေးရုံတွင် လီရှို့လီ၏ ခိုင်းစေမှုကို ခံခဲ့ရပြီးနောက် သူမ ပြန်လာချိန်တွင် မကျေမနပ် ဖြစ်ခဲ့ရလေ၏။

သို့သော်လည်း သေသေချာချာ ပြန်လည်စဉ်းစားကြည့်သည့်အချိန်တွင် ယခုတစ်ခေါက် ရခဲ့သည့် သင်ခန်းစာမှာ သူမအတွက် အမှန်တကယ်ပင် အကျိုးရှိခဲ့သည်ဟု ခံစားလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ မြို့ပေါ်တွင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံအရ သူမတွင် မည်သည့် ထူးချွန်သော အရည်အချင်းမျှ မရှိသည်ကို သိရှိသွားခဲ့ရ၏။

ကောင်းမွန်သော အခွင့်အရေးများ မရှိသေးသည်ကို ထားဦး၊ အကယ်၍ လင်းရန်က အနာဂတ်တွင် သူမအတွက် အလုပ်ကောင်းတစ်ခု ရှာပေးခဲ့လျှင်ပင် သူမအနေဖြင့် မည်မျှကြာအောင် လုပ်နိုင်ပါမည်နည်း။

ထို့ကြောင့် သူမကိုယ်သူမ မြှင့်တင်ရန် နည်းလမ်းရှာဖွေရမည် သို့မဟုတ် တစ်ခုခုကို လေ့လာသင်ယူရမည် ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။

သို့ဖြစ်၍ ဤကာလအတွင်း ယင်းဖန်မှာ ယခင်ကထက် ပိုမို၍ တည်ငြိမ်လာခဲ့ကာ အရိပ်အကဲကို သိစွာဖြင့် နေထိုင်လာခဲ့၏။

သူမက နေ့စဉ်နေ့တိုင်း အလုပ်ဆင်းသည့်အချိန် တခြားသူများကို ကြွားဝါပြောဆိုခြင်း မပြုတော့ပါချေ။ ထို့အတူ လင်းကျန်းအန်းက ယခုအချိန်တွင် သူတို့၏ မိသားစုတွင် ရှိနေသည့်အတွက်ကြောင့် သူတို့သည်လည်း ကောင်းကင်သို့ ပျံတက်နိုင်တော့မည်ဟု မတွေးတောတော့ပါချေ။

သို့သော်လည်း ဤမျှ အချိန်ကြာမြင့်စွာ စဉ်းစားခဲ့သော်လည်း သူမက မည်သည့်အရာနှင့် သင့်တော်သည် သို့မဟုတ် မည်သည့်အရာကို သင်ယူသင့်သည်ကိုတော့ ယင်းဖန် စဉ်းစား၍ မရနိုင်သေးပေ။

ထို့အတွက် ယခုတစ်ခေါက် လင်းရန် ပြန်လာချိန်တွင် သူမက လင်းရန်နှင့် စကားပြောဆိုရန် ကြံစည်ထားလေသည်။

ဤမိန်းကလေးမှာ အလွန်ပင် ဉာဏ်ရည်ထက်မြက်သူဖြစ်၍ သူမအား သေချာပေါက် လမ်းပြပေးနိုင်လိမ့်မည်။

မည်သို့ပင်ဖြစ်စေ အလွန်တုံးအလွန်းသည်ဟု ယူဆရသော အကြီးဆုံးမရီးပင်လျှင် လင်းရန်၏ အကြံပေးမှုအောက်တွင် သူမနှင့် သင့်တော်သော အလုပ်ကို ရှာတွေ့ခဲ့ပြီး ယခုအချိန်တွင် မြို့ပေါ်တွင် ကောင်းမွန်စွာ နေထိုင်နိုင်နေသည် မဟုတ်ပါလား။

ထိုအကြောင်းကို တွေးမိတိုင်း သူမမှာ မနာလိုဖြစ်မိရ၏။

သို့ဖြစ်၍ ယခုတစ်ကြိမ်တွင် သူမက သူမ၏ မာန်မာနကို လျှော့ချကာ လင်းရန်အား သူမအတွက် နည်းလမ်းတစ်ခုခု စဉ်းစားပေးရန် တောင်းဆိုရတော့မည်ပင်။

ကျန်ရှိသော မိသားစုဝင်များမှာလည်း လင်းရန်နှင့် အဖွဲ့သားများ အိမ်သို့ ပြန်ရောက်လာမည့်အချိန်ကို စိတ်အားထက်သန်စွာ မျှော်လင့်နေကြလေတော့သည်။

နောက်ဆုံးတွင် လူတိုင်းက နက္ခတ်တာရာနှင့် လမင်းကို ကြည့်ရှုနေကွသကဲ့သို့ စိတ်အားထက်သန်စွာ စောင့်စားနေကြချိန်မှာပင် လင်းရန်တို့၏ ကားလေးက တပ်မဟာရှိရာသို့ ဆိုက်ရောက်လာခဲ့လေ၏။

ညရှစ်နာရီ၊ ကိုးနာရီခန့် ရှိနေပြီဖြစ်၍ တပ်မဟာအဖွဲ့သားအများစုမှာ ထမင်းစားသောက်ပြီး အိပ်စက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

မနက်ဖြန်ဆိုလျှင် နှစ်သစ်ကူးအကြိုနေ့ ဖြစ်သောကြောင့် လူတိုင်းက စိတ်လှုပ်ရှားနေကြသော်လည်း ယနေ့ညတွင်တော့ နောက်ကျသည်အထိ မအိပ်ဘဲနေရန် ရည်ရွယ်ချက် မရှိကြပါချေ။

သို့သော် သူတို့ အိပ်စက်ရန် ပြင်နေချိန်မှာပင် အပြင်ဘက်မှ ကားသံကို ကြားလိုက်ရလေ၏။ လူတိုင်း အံ့သြသွားကြပြီးလေ၏။

ထို့နောက်တွင်တော့ ဤသည်မှာ တပ်မဟာတစ်ခုလုံးတွင် အလားအလာအရှိဆုံးဖြစ်သော လင်းမိသားစုဝင်ထဲမှ ပြန်လာခြင်းဖြစ်ရမည်ဟု ချက်ချင်း သဘောပေါက်လိုက်ကြလေသည်။

လင်းရန်၏ လက်ရှိ ဂုဏ်သတင်းနှင့် အဆင့်အတန်းကိုတော့ လူတိုင်းက မနာလိုဖြစ်ရလွန်း၍ ပြောဆိုရန်ပင် ပင်ပန်းနေရပေပြီ။

သူမက စစ်တပ်အရာရှိတစ်ဦးကို ခင်ပွန်းအဖြစ် ရရှိခဲ့ရုံသာမက သူမ၏ အရည်အချင်းကို အသုံးချကာ မြို့ပေါ်ရှိ အစိုးရပိုင်စားသောက်ဆိုင်တွင် စားဖိုမှူး ဖြစ်လာခဲ့သည်။

ထို့နောက် သူမ၏ ယောက္ခမကလည်း မြို့ပေါ်တွင် အိမ်တစ်လုံး ပေးအပ်ခဲ့သေးသည် မဟုတ်ပါလား။

ဒီလို အခွင့်အရေးမျိုးကို ကြည့်လိုက်လေ။ တခြားဘယ်သူ့မှာများ ရှိနိုင်လို့လဲ။

အိမ်မက်မက်လျှင်ပင် ဤမျှအထိ မက်ရဲကြမည် မဟုတ်ချေ။

“ဟင်း... ဒီလင်းမိသားစုကတော့ တကယ့်ကို ကံကောင်းလွန်းပါတယ်”

အထူးသဖြင့် လင်းကျန်းအန်းနှင့် ပတ်သက်၍ လူအများက ကွယ်ရာတွင် လှောင်ပြောင်ခဲ့ကြဖူးသည်။

သူ၏ ဇနီးက ထွက်ပြေးသွားခဲ့သောကြောင့် ဇနီးကိုပင် မြဲအောင်မထားနိုင်သော အမျိုးသားဟု ဆိုခဲ့ကြလေ၏။

သို့သော် ယခုအချိန်တွင်တော့ သူ၏ သမီးဖြစ်သူ ပြန်လာပြီးနောက် ကိုယ်ပိုင်ဆေးဝါးစက်ရုံတစ်ရုံကို တည်ထောင်နိုင်ခဲ့ကာ စက်ရုံညွှန်ကြားရေးမှူးကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။

သူတို့၏ ဆေးဝါးစက်ရုံက ယခုနှစ်ကုန်ပိုင်းတွင် စက်ရုံရှိ အလုပ်သမားအားလုံးကို အသားတစ်ပေါင်နှင့် သကြားတစ်ပေါင်စီ ဆုကြေးအဖြစ် ပေးအပ်မည်ဟုပင် ကြားသိရသေးသည်။

အသားနှင့် သကြားဆိုသည်မှာ ဤခေတ်ကာလတွင် အဖိုးတန်ဆုံး လက်ဆောင်များသာ ဖြစ်သည်။

လင်းကျန်းအန်းက သူ၏ စက်ရုံရှိ အလုပ်သမားတိုင်းကို ပေးခဲ့သည်ပင်။

သူ မည်မျှအထိ ငွေရှာနိုင်ခဲ့သည်ကို သူတို့ မခန့်မှန်းနိုင်တော့ပါချေ။

လူတိုင်းက စိတ်ထဲမှ ထိုသို့ တွေးနေကြချိန်မှာပင် အဘွားလင်း၏ ကျယ်လောင်သော အသံကို ကြားလိုက်ရလေသည်။

“အို... ရန်ရန်၊ စတုတ္ထသမီးနဲ့ အကြီးဆုံးချွေးမတို့... မင်းတို့ နောက်ဆုံးတော့ ပြန်ရောက်လာကြပြီပဲ!”

ကားမရပ်မီကတည်းက လင်းရန်က အဘွားလင်း၏ အော်ဟစ်သံကို ကြားလိုက်ရသောကြောင့် အပြုံးနှင့် ချက်ချင်း ပြန်ဖြေလိုက်၏။

“အဘွား! ကျွန်မတို့ ပြန်ရောက်ပြီ၊ ကျွန်မတို့ကို လွမ်းနေတာလား”

“လွမ်းတာပေါ့... မလွမ်းဘဲ နေပါ့မလား!”

အဘွားနှင့် မြေးဖြစ်သူတို့၏ စကားပြောသံကြောင့် ဘေးနားရှိ လင်းမိသားစုဝင်များက မသိစိတ်မှ ရယ်မောလိုက်ကြရလေသည်။

“ပြန်ရောက်လာတာ ကောင်းတယ်၊ ကားပေါ်က မြန်မြန်ဆင်းကြ၊ မင်းတို့ တတိယအဒေါ်ကို ဟင်းတွေ ပြန်နွှေးခိုင်းလိုက်မယ်”

လင်းကျန်းအန်းသည်လည်း ဘေးနားတွင် စိတ်လှုပ်ရှားနေခဲ့သော်လည်း သူ၏ သိက္ခာအရ အဘွားလင်းကဲ့သို့ ပွင့်လင်းစွာတော့ မပြသနိုင်ခဲ့ပါချေ။

ဘေးနားတွင်ရှိနေသည့် ယင်းဖန်ပင်လျှင် မည်သူမျှ ခိုင်းရန် မလိုဘဲ၊ လင်းရန်နှင့် အဖွဲ့သားများ ပြန်ရောက်လာသည်ကို အတည်ပြုပြီးသည်နှင့် မီးဖိုချောင်သို့ ချက်ချင်း ဝင်သွားတော့၏။

သူမ၏ ကံကောင်းခြင်းကြယ်ပွင့်လေး ပြန်ရောက်လာပြီဖြစ်၍ သူမအနေဖြင့် သေသေချာချာ ပြုစုရမည် မဟုတ်ပါလား။

လင်းရန်နှင့် အဖွဲ့သားများ ကားပေါ်မှ ဆင်းလာကြပြီးနောက်တွင် အဘွားလင်းက ဖုန်းထဲတွင်သာ အသံကြားဖူးသော သမက်အသစ် ကျိုးကျယ်ပင်းနှင့် တွေ့ဆုံခွင့်ရခဲ့လေသည်။

သူ့ကို မြင်ချိန်တွင် အဘွားလင်းမှာ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်မိ၏။ ကျိုးကျယ်ပင်းသည်လည်း ယဉ်ကျေးသိမ်မွေ့ပုံရသော်လည်း သူ၏ ကိုယ်နေဟန်ထားက လော်ပင်းနှင့် လုံးဝ ကွဲပြားခြားနားလေ၏။

သူသည်က အရပ်ရှည်ပြီး ခန့်ညားချောမောသော ရုပ်ရည်ရှိသည်။ မည်သို့ပင်ဖြစ်စေ သူက စုန့်ရှီးယန်၏ ညီအစ်ကိုလည်း ဖြစ်နေသေးသောကြောင့် အဘွားလင်းအနေဖြင့် ကျိုးကျယ်ပင်းအပေါ် ပို၍ ယုံကြည်မှု ရှိနေခဲ့ခြင်းလည်း ဖြစ်နိုင်သည်။

ရှောင်စုန့်နှင့် အတူကြီးပြင်းလာသူဆိုလျှင် လုံးဝ ကွဲပြားခြားနားမှု ရှိလိမ့်မည် မဟုတ်ပါချေ။

မကြာမီပင် တစ်မိသားစုလုံး အိမ်ထဲသို့ ဝင်ကာ ထမင်းစားရင်းဖြင့် မကြာသေးမီက အဖြစ်အပျက်များကို ပြန်လည် ပြောဆိုကြလေသည်။

ယင်းဖန်၏ ဟင်းချက်လက်ရာက ယခင်အတိုင်းသာဖြစ်ပြီး သိပ်မကောင်းသေးသော်လည်း လင်းရန်ကတော့ ပျော်ရွှင်စွာ စားသောက်ခဲ့၏။

မိသားစုဝင်များနှင့် စုံစုံလင်လင် ဆုံတွေ့ပြီး စကားပြောဆိုနိုင်ခြင်းမှာ သူမ၏ ယခင်ဘဝက တစ်ခါမျှ မတွေးရဲခဲ့သော ကိစ္စပင် ဖြစ်ပေသည်။

လင်းရန်တို့ ရောက်ရှိချိန်မှာ မစောတော့သည့်အတွက်ကြောင့် ထမင်းစားပြီး သိပ်မကြာမီမှာပင် လူတိုင်းက သိမ်းဆည်းပြီး အိပ်ရာဝင်ခဲ့ကြလေသည်။

ကျန်ရှိသော ကိစ္စများကိုတော့ မနက်ဖြန်မှသာ ဆက်လက် ဆောင်ရွက်ကြတော့မည်။

မည်သို့ပင်ဖြစ်စေ အဖွဲ့သားအားလုံးမှာ အားလပ်ရက် ရထားကြသောကြောင့် အကြာကြီး အနားယူနိုင်ကြသည် မဟုတ်ပါလား။

…

နောက်တစ်နေ့တွင်တော့ လင်းရန် မနိုးသေးမီမှာပင် ခြံဝင်းအတွင်းမှ စကားပြောသံများကို ကြားလိုက်ရပြီး အဘွားလင်း၏ ဂုဏ်ယူဝင့်ကြွားနေသော ရယ်သံများကိုလည်း ကြားနေခဲ့ရ၏။

“အို... အဲဒီကလေးမလေးက အစွမ်းအစလေး နည်းနည်းလောက်ပဲရှိတာပါ၊ မင်းတို့ ပြောသလောက်ကြီးတော့ မဟုတ်ပါဘူး”

“ဘာလဲ... ရှောင်စုန့်ကတော့ အဆင်ပြေပါတယ်၊ မဟုတ်ပါဘူး.. ရှောင်စုန့် အခု ရာထူးတိုးသွားတယ်ဆိုတာတော့ ကြားတယ်၊ အဲဒါကလည်း သူ ကြိုးစားလို့ပါ”

“အိုး... ကျွန်မမှာတော့ သင်ပေးစရာ အတွေ့အကြုံ မရှိပါဘူး၊ အရာအားလုံးက ကလေးတွေဘာသာ လုပ်ကြတာလေ၊ ကျွန်မကတော့ ကျေးလက်က မိန်းမကြီးတစ်ယောက်ဆိုတော့ ဘာမှ မကူညီနိုင်ဘူးလေ”

အဘွားလင်း၏ စကားများမှာ နှိမ့်ချထားသကဲ့သို့ ထင်ရသော်လည်း နားရှိသူတိုင်း အဓိပ္ပါယ်ကို သိနိုင်ပေသည်။

သူမ မည်မျှအထိ ဂုဏ်ယူနေသည်က အလွန်အမင်း သိသာလွန်းနေခဲ့လေ၏။

လင်းရန် အိပ်ရာပေါ်တွင် လဲလျောင်းရင်း မျက်လုံးဖွင့်လိုက်ပြီးနောက် အကူအညီမဲ့စွာ ပြုံးလိုက်မိသည်။

သူမ၏ ဘေးရှိ အိပ်ရာတွင်တော့ အအေးဓာတ်တို့ ရှိနေပြီဖြစ်၍ စုန့်ရှီးယန် အပြင်သို့ထွက်သွားသည်က ကြာလောက်ပေပြီ။

အားလပ်ရက်တောင် ရနေပြီကို အိပ်ရာထဲ ခနလောက်မနေနိုင်ဘူးလား။ ဒီလူကတော့ ဘဝကို ဘယ်လို ပျော်အောင်နေရမလဲဆိုတာ တကယ်ကို မသိဘူး။

လင်းရန်အနေဖြင့် စုန့်ရှီးယန်က သူမနှင့်အတူ အိပ်ရာထဲတွင်မရှိနေသောကြောင့် သူမ တစ်ယောက်တည်း အထီးကျန်သကဲ့သို့ ဖြစ်နေရသည်ကိုတော့ အသိအမှတ်မပြုချင်ခဲ့ပါချေ။

သူမက အဝတ်အစားများကို အမြန်လဲပြီး ထလိုက်လေ၏။

သူမအပြင်သို့ ထွက်လာချိန်တွင် ရွာသားတစ်စုက ခြံဝင်းထဲတွင် စုရုံးနေကြပြီး အဘွားလင်းကို ဝိုင်းအုံနေကြသည်ကို တွေ့လိုက်ရသည်။

အဘွားလင်းကတော့ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားခြင်းမရှိသည့်အပြင် အလယ်တွင် ရပ်လျက် တိုင်းပြည်အရေးကို လမ်းညွှန်မှု ပေးနေသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးကဲ့သို့ စကားများကို ရေပက်မဝင်အောင် ပြောနေခဲ့လေသည်။

လင်းရန် : “......”

တကယ်ပါပဲ။ ဘယ်သူ့ကိုမှ အထင်မကြီးရင်တောင် အဘွားလင်းကိုတော့ အထင်မကြီးဘဲ မနေနိုင်တော့ဘူး။

“အိုး... အစ်မကြီး၊ အစ်မကြီးတို့ အိမ်က လူကြီးမင်းလေး ထလာပြီပဲ!”

မျက်စိလျင်သူတစ်ဦးက လင်းရန် အိပ်ခန်းထဲမှ ထွက်လာသည်ကို မြင်သည်နှင့် အမြန်လှမ်းအော်လိုက်လေသည်။

ထိုစကားကို ကြားသည်နှင့် တစ်စက္ကန့်အလိုက လူအုပ်ထဲတွင် လမ်းညွှန်ပေးနေသော အဘွားလင်းမှာ လူတိုင်းကို ပစ်ထားခဲ့ပြီး လင်းရန်ထံသို့ အပြေးအလွှား ရောက်လာခဲ့တော့၏။

“ ရန်ရန် .. အခုမှ နိုးတာလား၊ သွားတိုက်ပြီး မျက်နှာသစ်လိုက်ဦး၊ အိုးထဲမှာ ရေနွေးတွေ နွေးနေသေးတယ်၊ မင်းအတွက် ထမင်းတွေ ပြန်နွှေးပေးမယ်!”

“အဘွား.. ကျွန်မဘာသာ လုပ်ပါ့မယ်၊ အဘွား သူတို့နဲ့ပဲ ဆက်ပြီး စကားပြောနေလိုက်ပါဦး”

လင်းရန်က အဘွားလင်းကို အမြန်တားဆီးလိုက်သော်လည်း အဘွားလင်းကတော့ တခြားသူများနှင့် စကားပြောခြင်းထက် မြေးမလေး၏အနားတွင် နေရသည်ကို ပို၍ နှစ်သက်ဟန် ရှိပေသည်။

အဘွားလင်းကို တား၍မရသည်ကို မြင်လျှင် လင်းရန်လည်း သူမနှင့်အတူ ဝိုင်းကူလုပ်ပေးလိုက်ရ၏။

တခြားသူများကလည်း သူတို့နှစ်ဦး အလုပ်ရှုပ်နေသည်ကို မြင်လျှင် အလိုက်သိစွာဖြင့်ပင် လူစုခွဲကာ တခြားနေရာများသို့ ထွက်ခွာသွားကြလေ၏။

All Chapters