← Chapters

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

အခန်း (၁၁၁-၁၁၂)

Vol. 12 Ch. 111-112

Chapter 111+112

~

အခန်း ၁၁၁+၁၁၂ : သိုင်းစာမေးပွဲ စတင်ခြင်းနှင့် မုရုံချင်းရွှယ်နှင့် ပြန်လည်ဆုံတွေ့ခြင်း

~

နောက်တစ်နေ့တွင် ဂူချန်သည် ချင်ဟယ် အမှတ် ၁ အထက်တန်းကျောင်းမှ စာမေးပွဲဖြေဆိုမည့်သူများအဖွဲ့နောက်သို့ လိုက်ပါကာ ကျန်းနန်ပြည်နယ် စောင့်ကြည့်ရေးကောင်စီအတွင်းရှိ ကြီးမားသော စက်ဝိုင်းပုံ ကွင်းပြင်ကျယ်ကြီးဆီသို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာခဲ့သည်။

ဤနေရာတွင် ကျန်းနန်ပြည်နယ်ရှိ သိုင်းအထက်တန်းကျောင်းများမှ အကြီးတန်းကျောင်းသား စာမေးပွဲဖြေဆိုသူများ အားလုံးသည် မဝင်ရောက်မီ လုပ်ငန်းစဉ် သုံးခုဖြစ်သော မှတ်ပုံတင်စစ်ဆေးခြင်း၊ မျက်လုံးစကင်ဖတ်ခြင်း နှင့် စောင့်ကြည့်ရေးကောင်စီ၏ စစ်ဆေးမှုများကို ခံယူရမည်ဖြစ်သည်။ ဤသည်မှာ လူစားထိုးဖြေဆိုခြင်းကဲ့သို့သော အခြေအနေများ မဖြစ်ပွားစေရန်အတွက်ဖြစ်သည်။

ထို့နောက် တယ်လီပို့လက်ပတ်များနှင့် လိုအပ်သော ပစ္စည်းများကို လက်ခံရရှိပြီးနောက် သက်ဆိုင်ခြင်းမရှိသူများ အားလုံးသည် ကွင်းပြင်ကျယ်ကြီးအတွင်းမှ စနစ်တကျ ထွက်ခွာသွားကြသည်။

"ဖြေဆိုသူများအားလုံး ပြင်ဆင်ကြ.."

စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၏ အမိန့်ပေးသံနှင့်အတူ လူပေါင်းသိန်းချီ ဆံ့သော ထိုစက်ဝိုင်းပုံ ကွင်းပြင်ကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာသည်။ စာမေးပွဲဖြေဆိုသူများ၏ ခြေဖဝါးအောက်မှ ဖျော့တော့သော အပြာရောင်အလင်းတန်းများ ချက်ချင်း ထွက်ပေါ်လာပြီးနောက် ကောင်းကင်ယံသို့ အလင်းတန်းများစွာ ပစ်ထွက်သွားကာ တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်နေကြ၏။

ခဏချင်းမှာပင် ပျံတက်လာသော အစီအရင်အလင်းတန်းများသည် ဖြေဆိုသူအားလုံးကို လွှမ်းခြုံသွားတော့သည်။ နောက်တစ်စက္ကန့်တွင် ကွင်းပြင်ပေါ်တွင် ရပ်နေသော လူအုပ်ကြီးသည် ကြယ်ရောင်အလင်းတန်းများအဖြစ် ပျောက်ကွယ်သွားကြပေသည်။

...

ဂူချန်သည် ခေါင်းထဲတွင် မူးနောက်သွားသည်ဟု ခံစားလိုက်ရပြီး မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ မြင်လိုက်ရသည်မှာ ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေသော ကမ္ဘာကြီးဖြစ်သည်။ မရေမတွက်နိုင်သော နှင်းပွင့်များ လွင့်စင်ကျနေပြီး တောင်တန်းများပေါ်တွင် မြင့်မားသော သစ်ပင်ကြီးများမှာ သူ၏ ယခင်ဘဝက ရှေးဟောင်းတောနက်ကြီးများအလား သိပ်သည်းစွာ တည်ရှိနေလေ၏။

ပတ်ဝန်းကျင်တစ်ခုလုံးမှာ အေးချမ်းနေပြီး အရာအားလုံးနီးပါးမှာ နှင်းထူထူများအောက်တွင် ရောက်ရှိနေသည်။

"ဒီလို ရာသီဥတုမျိုးက သိုင်းစာမေးပွဲ အတွက် ခက်ခဲမှုတစ်ခုကို အလိုအလျောက် ပေါင်းထည့်ပေးလိုက်သလိုပဲ.."

ဂူချန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို လည်ပတ်စေကာ ကျူးကျော်လာသော အအေးဒဏ်ကို မောင်းထုတ်လိုက်သည်။

သူ၏ အကြည့်များက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် ခရမ်းရောင်အလင်းတန်းများ တဖျတ်ဖျတ်လက်ကာ ပတ်ဝန်းကျင်ကို လျင်မြန်စွာ စုံစမ်းစစ်ဆေးလိုက်သည်။ သူ၏ ထူးခြားသော သူငယ်အိမ်နှင့် ဒုတိယနှလုံးသားကြောင့် ရရှိလာသော အမြင်အာရုံ မြှင့်တင်မှုက ထိုနေရာရှိ မည်သည့်အသေးစိတ် အချက်အလက်ကိုမဆို ရှင်းလင်းစွာ မြင်နိုင်စေ၏။ သို့သော်လည်း တစ်စက္ကန့်အကြာတွင် သူ၏ အကြည့်များမှာ ရပ်တန့်သွားပြီးနောက် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။

ဂူချန် ဆင်းသက်သည့်နေရာနှင့် မီတာရာချီဝေးသော တောအုပ်တစ်ခုထဲတွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု မတ်တပ်ရပ်နေလေသည်။ သူမသည် ဖျော့တော့သော အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပေါ်တွင် နှင်းကဲ့သို့ ဖြူစင်သော ဓားရှည်တစ်လက်ကို လွယ်ထား၏။ သူမ၏ ကိုယ်ဟန်မှာ တည့်မတ်နေပြီး မျက်နှာမှာ အသက်ရှူမှားလောက်အောင် လှပလှပေသည်။ အဝေးကကြည့်လျှင်ပင် အေးစက်စက် အငွေ့အသက်ကို ခံစားရစေသည်။

မူရုံချင်းရွှယ်...

အဝေးကသာ ငေးကြည့်ရပြီး ညစ်နွမ်းအောင် မလုပ်နိုင်သည့် သူမ၏ နတ်သမီးအရှိန်အဝါကို ဂူချန်က တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။ သူသည် သူမကို တစ်ချိန်က နင်းခြေပြီး အရှက်ခွဲခဲ့သူ မဟုတ်ပါလော။

ဂူချန်က မုရုံချင်းရွှယ်ကို တွေ့ရှိသွားသလိုမျိုး သူမကလည်း သူ့ကို သတိထားမိသွားသည်။ ဂူချန်၏ အကြီးအကျယ် အရှက်ခွဲခြင်းကို ခံရပြီးနောက် သူမ၏ ယုံကြည်မှုများ ပြိုလဲသွားကာ ဆရာကိုယ်တိုင်ပင် ပြန်မလာတော့သဖြင့် နှလုံးသားထဲက ကြောက်ရွံ့မှုများမှာ အဆပေါင်းများစွာ ကြီးထွားလာခဲ့သည်။

ထို့အပြင် လုဖန့်၏ မိသားစုတစ်ခုလုံး ပျောက်ဆုံးသွားခြင်းနှင့် လျှိုလုံတက္ကသိုလ်တွင် ဖြစ်ပွားခဲ့သော သတင်းများကြောင့် သူမမှာ ပို၍ ထိတ်လန့်တုန်လှုပ်နေမိ၏။ ညတိုင်းတွင် မုရုံချင်းရွှယ်သည် တံခါးနှင့် ပြတင်းပေါက်များကို အသေအချာ စစ်ဆေးရသည်။ နောက်တစ်စက္ကန့်တွင် အနက်ရောင်ဝတ်စုံဝတ် လူတစ်စုက သူမကို ဖမ်းခေါ်သွားပြီး ဂူချန်၏ ရှေ့မှောက်သို့ ပို့ဆောင်ကာ အဆုံးမရှိသော အရှက်ခွဲမှုများကို ပြုလုပ်မည်ကို သူမ ကြောက်ရွံ့နေမိသည်။

သူမ နေ့တိုင်း နေ့တိုင်း နောင်တရမိသည် ။ သူမ ထိုစဉ်က ဂူချန်၏ အချစ်ဝန်ခံမှုကို မငြင်းခဲ့သင့်ပေ ။ လုဖန့်ဘက်က မရပ်တည်ပေးခဲ့သင့်ပေ ။ ပြီးလျှင် ယွင်ယန် ကို ဂူချန်အား သင်ခန်းစာပေးရန် မခိုင်းခဲ့သင့်ပေ ။

သူမ မလုပ်သင့်သည်များကို လုပ်မိခဲ့လေပြီ ။

သူမ အိပ်ပျော်သွားတိုင်း ဂူချန်၏ ယုတ်မာသော မျက်နှာကြီးက သူမ စိတ်ထဲတွင် ပေါ်လာပြီး အဆုံးမရှိသော ကြောက်ရွံ့မှုများက အစားထိုးဝင်ရောက်လာသည်။ ဂူချန်၏ မျက်နှာနှင့် ပုံရိပ်ကို သူမ ချက်ချင်း မှတ်မိနိုင်သည်။ ကျောပေးထားလျှင်ဖြစ်စေ ဝေဝါးသော ပုံရိပ်ပဲဖြစ်စေ သူမ သိနေသည်။

"ဂူချန်.."

မုရုံချင်းရွှယ်၏ မျက်လုံးများက ဂူချန်၏ မျက်လုံးများနှင့် ဆုံသွားသည့်အခါ သူမ၏ နှလုံးသားမှာ ပြင်းထန်စွာ တုန်ခါသွား၏။ ပြန်လည်ခုခံရန် စိတ်ကူးပင် မရှိဘဲ သူမ လှည့်ကာ ထွက်ပြေးတော့သည်။

သူမကို သတိထားမိသွားပြီဆိုသည်က သေချာသော်လည်း မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိလေသလောဆိုသည်ကို သူမ သေချာမသိ ။ အကယ်၍ သူ သိသွားပါက သူမကို လုံးဝ လွှတ်ပေးလိမ့်မည် မဟုတ်ချေ ။ သူမသည် သူ့ကို လုံးဝ မယှဉ်နိုင်ပေ။ အကယ်၍ အဖမ်းခံရပါက ဤသိုင်းစာမေးပွဲသည် သူမအတွက် ပြီးဆုံးသွားပေလိမ့်မည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာ ခက်ခဲစွာ ကျင့်ကြံခဲ့ရသော ကျင့်ကြံမှုများကို သူမ မည်သို့ အလွယ်တကူ အရှုံးပေးနိုင်မည်နည်း။

'ငါတို့က အဝေးကြီးမှာ ရှိနေတာပဲ.. ပြီးတော့ ငါ့မှာ ရေခဲအရိပ်ကိုယ်ဖော့သိုင်းလည်းရှိတယ်.. သူ ငါ့ကို မှတ်မိချင်မှ မှတ်မိမှာ ..ငါ သေချာပေါက် လွတ်နိုင်မှာ..ငါ လုပ်နိုင်ပါတယ်..'

မုရုံချင်းရွှယ်သည် သူမကိုယ်သူမ အားပေးရင်း အစွမ်းကုန် ပြေးတော့သည်။ သူမ၏ အရှိန်မှာ ပို၍ ပို၍ မြန်လာပြီး သူမ၏ ပုံရိပ်မှာ အလင်းတန်းတစ်ခုအလား ဖြစ်လာသည်။ ဤနှင်းကမ္ဘာတွင် သူမ၏ ကြံ့ခိုင်သော ကိုယ်ခန္ဓာနှင့် အရိုးဖွဲ့စည်းမှုသည် မည်သည့် ဘေးထွက်ဆိုးကျိုးကိုမဆို ကာကွယ်ပေးနိုင်သလို သူမ၏ ပါရမီကိုလည်း မြှင့်တင်ပေးသည်။ သူမ၏ အစွမ်းကုန် ထွက်ပြေးသည့် အရှိန်ကို ကိုယ်ဖော့သိုင်းအထူးပြုသည့် အဆင့် ၃ စစ်မှန်သောသိုင်းအဆင့် သိုင်းသမားပင် မှီလိမ့်မည်မဟုတ်ပေ။

ဟူး.. ဟူး..

မောဟိုက်နေသော်လည်း ပတ်ဝန်းကျင်ရှိ သစ်ပင်များမှာ နောက်သို့ လျင်မြန်စွာ ကျန်ရစ်နေပြီး ထူထပ်သော နှင်းများပေါ်တွင် ရှည်လျားသော လမ်းကြောင်းတစ်ခု ထင်ကျန်ခဲ့သည်။ အတော်အတန် ဝေးဝေးသို့ ပြေးပြီးနောက် မိုင်ပေါင်းများစွာ ရောက်ရှိလာသည့်အခါမှသာ မုရုံချင်းရွှယ်သည် နောက်သို့ လှည့်ကြည့်ရဲတော့၏။

'သူ လိုက်မလာဘူးလား ဒါမှမဟုတ် ငါမှန်း သူ မသိတာလား..'

သူမ၏ နောက်ကွယ်တွင် မည်သူမျှ မရှိဘဲ ကျဆင်းနေသော နှင်းများနှင့် တောအုပ်ကိုသာ မြင်ရသောအခါ မုရုံချင်းရွှယ် အလွန်ဝမ်းသာသွားသည်။ သူမ စိတ်လျှော့လိုက်ပြီး အရှိန်သတ်ရန် ပြင်လိုက်စဉ်မှာပင် အေးစက်စူးရှသော အသံတစ်ခုက သူမ၏ နားထဲသို့ ရုတ်တရက် ဝင်လာသည်။

"မင်း ငါ့ကို ရှာနေတာလား.."

ဝှမ်း....

အသံထွက်လာသည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော လေဖိအားတစ်ခုက သူမ၏ မျက်နှာကို ရိုက်ခတ်လာသည်။

'ဒုက္ခပဲ..'

မူရုံချင်းရွှယ်၏ မျက်လုံးမှာ ရုတ်တရက် ကျုံ့သွားသည်။ သူမ တုံ့ပြန်ရန် ပြင်လိုက်စဥ်မှာပင် မျက်နှာကိုဖြတ်အရိုက်ခံလိုက်ရပြီး သူမ၏ အရှိန်ပြင်းသော လှုပ်ရှားမှုမှာ ရုတ်တရက် ရပ်တန့်သွားသည်။ ကြီးမားသော အားတစ်ခုက သူမ၏ မျက်နှာပေါ်တွင် ပေါက်ကွဲသွားပြီး သူမ၏ အရပ်ရှည်ရှည် ကျော့ရှင်းသော ပုံရိပ်မှာ နှင်းများထဲသို့ လွင့်စင်ကျသွားတော့သည်။

ဗုန်း...

အသံပြင်းပြင်းနှင့်အတူ သူမ၏ တစ်ကိုယ်လုံးသည် အေးစက်နေသော နှင်းများပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး နှင်းခဲများနှင့် ရေခဲစအမြောက်အမြား လွင့်စင်သွားစေသည်။ ပတ်ဝန်းကျင်ရှိ နှင်းများမှာလည်း ရိုက်ခတ်မှုကြောင့် ဘေးသို့ လွင့်စင်သွားကာ လူပုံစံ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

ကျဆင်းနေသော နှင်းများကြားတွင် မုရုံချင်းရွှယ်၏ မျက်နှာတစ်ခုလုံးမှာ ထိုပါးရိုက်ချက်ကြောင့် ပျက်စီးသွားပြီး သူမ၏ အရေပြားများမှာ စုတ်ပြဲကာ သွေးများနှင့် အသားစများ နေရာအနှံ့ လွင့်စင်ကုန်၏။ အသေအချာ ကြည့်လိုက်ပါက သူမ၏ အရိုးများပင် ပေါ်နေပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

သူမ၏ လည်ချောင်းထဲတွင် သွေးညှီနံ့တစ်ခု ပြည့်လာပြီး သွေးများကို ထွေးထုတ်ရန် ပြင်လိုက်စဉ်မှာပင် ရင်းနှီးနေသော အနက်ရောင် အရိပ်တစ်ခု တိုးဝင်လာသည်ကို သူမ မြင်လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းက သူမ၏ ခြေသလုံးကို ဆွဲကိုင်ကာ အခြားတစ်ဖက်သို့ ပြင်းထန်စွာ လွှဲရိုက်လိုက်သည်။

ဗုန်း..

နှင်းလွှာပေါ်တွင် နောက်ထပ် ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ သို့သော် ဤသည်မှာ မပြီးသေးပေ။

မိစ္ဆာကဲ့သို့ လူငယ်သည် သူမ၏ ခြေသလုံးကို တင်းကြပ်စွာ ဆုပ်ကိုင်ကာ ဟော့ခ် ကဲ့သို့ ရူးသွပ်စွာ ပတ်ချာလည် လွှဲရိုက်နေသဖြင့် ရိုက်ချက်တိုင်းတွင် ပတ်ဝန်းကျင်ရှိ သစ်ပင်များပင် တုန်ခါနေသည်။ ထို့နောက် သူက သူမ၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်ပြီး လက်ချောင်းများဖြင့် ညှစ်လိုက်ရာ သူမ၏ ဦးခေါင်းခွံမှ အက်ကွဲသံ သဲ့သဲ့ ထွက်ပေါ်လာသည်။

ဤအချိန်တွင် ပြင်းထန်သော နာကျင်မှုကြောင့် မုရုံချင်းရွှယ်၏ အသိစိတ်မှာ ခဏတာ ဝေဝါးသွားသည်။

"မလုပ်ပါနဲ့..."

မုရုံချင်းရွှယ်သည် နာကျင်စွာ အော်ဟစ်ငိုယိုမိသည်။ နောက်ဆုံးတွင် မခံစားနိုင်တော့သဖြင့် စိတ်ထဲမှနေ၍ သူမ၏ တယ်လီပို့လက်ပတ်ကို အသက်သွင်းလိုက်သည်။

' အသက်ရှင်နေရင် ရပြီ ..အသက်ရှင်နေရင် တော်ပြီ..'

ဒွမ်.....

မမြင်နိုင်သော လှိုင်းတစ်ခုသည် ဟင်းလင်းပြင်ထဲတွင် ပျံ့နှံ့သွားသော်လည်း ထို့နောက်တွင်တော့ ဘာမှ ဆက်၍ဖြစ်မလာခဲ့ပေ။

All Chapters