← Chapters

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

အခန်း (၁၁၃-၁၁၄)

Vol. 12 Ch. 113-114

Chapter 113+114

~

အခန်း ၁၁၃+၁၁၄ : ဝက်တစ်ကောင်ကဲ့သို့ အရိုက်ခံရခြင်း.. ပျောက်ကွယ်သွားသော ပန်းလေးတစ်ပွင့်

~

' ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..'

မုရုံချင်းရွှယ်၏ မျက်လုံးများမှာ ဗလာနတ္တိဖြစ်သွားကာ ခဏတာမျှ သူမနှလုံးသားထဲမှ ထိတ်လန့်မှုသည် ခန္ဓာကိုယ်ဒဏ်ရာများမှ နာကျင်မှုကိုပင် ကျော်လွန်သွားခဲ့၏။

သူမ မည်သည့်အတွက်ကြောင့် လျှို့ဝှက်နယ်မြေထဲတွင် ရှိနေသေးပါသနည်း ။

သူမ တယ်လီပို့လက်ပတ်ကို သေချာပေါက် အသက်သွင်းခဲ့ပြီးလေပြီ ။ သူမ တစ်စက္ကန့်အတွင်း အပြင်သို့ တယ်လီပို့ရောက်ရှိသွားသင့်သည်။ မည်သည့်အတွက်ကြောင့် အသက်မဝင်ခဲ့ပါသနည်း ။

သူမ၏ နဖူးမှ ကွဲအက်နေသော နာကျင်မှုနှင့် သူမ၏ မျက်နှာထံသို့ တိုးဝင်လာသော လေတိုးသံကို ခံစားမိရင်း မူရုံချင်းရွှယ်၏ မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားသည်။ သူမ အလွန်အမင်း ရင်မဆိုင်ချင်သော အခြေအနေတစ်ခုသည် သူမ၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

သူမ၏ တယ်လီပို့လက်ပတ်.. ထိုသည်က အလုပ် မလုပ်တော့ပေ ။

"မဖြစ်နိုင်တာ.. မဟုတ်ဘူး ..မဟုတ်ဘူး.."

မုရုံချင်းရွှယ်၏ ဇွန်ဘီကဲ့သို့ စုတ်ပြဲနေသော မျက်နှာသည် ရှုံ့မဲ့သွားပြီး ရူးသွပ်စွာ အော်ဟစ်တော့သည် ။

"တယ်လီပို့စမ်း ...တယ်လီပို့ ..မြန်မြန် တယ်လီပို့ပေးကြပါ.."

"ဖြန်း..."

ဂူချန်က သူမ၏ မျက်နှာကို ရိုက်လိုက်ရာ သူမ၏ အသိစိတ်မှာ ခဏတာ ဝေဝါးသွားပြီး သူမ၏ အော်ဟစ်သံများလည်း ချက်ချင်း တိတ်ဆိတ်သွားသည်။ သူ၏ ဘယ်ဘက်လက်က မူရုံချင်းရွှယ်၏ ဦးခေါင်းထိပ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း သူ၏ ညာဘက်လက်မှာ လျှပ်စီးကဲ့သို့ ထွက်ပေါ်လာပြီး တယ်လီပို့လက်ပတ် ဝတ်ဆင်ထားသည့် သူမ၏ ညာဘက်လက်ဖျံကို ဆုပ်ကိုင်လိုက်သည်။

ထို့နောက် မုန်လာဥကို ဆွဲနှုတ်သကဲ့သို့ အားဖြင့် ဆွဲထုတ်လိုက်သည် ။

" ဗြုတ်.."

"အားးး... အားးး.."

မုရုံချင်းရွှယ်၏ ခန္ဓာကိုယ်မှာ တုန်ရီသွားပြီး သူမ၏ မျက်လုံးများမှာ အပေါ်သို့ လန်တက်သွားကာ အသိစိတ်မဲ့စွာ ညည်းတွားနေမိသည်။ သွေးစွန်းနေသော နဖူးမှ ချွေးစက်ကြီးများ စီးကျလာပြီး သူမ၏ ကျန်ရှိနေသော ဘယ်ဘက်လက်ကို တင်းကြပ်စွာ ဆုပ်ထားသဖြင့် လက်ဆစ်များမှာ ဖြူလျော့နေသည်။ သူမသည် နာကျင်မှုကြောင့် စိတ်လွင့်နေပြီဖြစ်ကာ ခန္ဓာကိုယ်၏ တုံ့ပြန်မှုများသာ အလုပ်လုပ်တော့သည်။

[အိမ်ရှင်သည် မုရုံချင်းရွှယ်အတွက် အခမဲ့ ကြံ့ခိုင်ရေးနည်းပြအဖြစ် ဆောင်ရွက်ပေးကာ အမြန်ဆုံး အချိန်အတွင်း သူမ၏ ကိုယ်အလေးချိန် ၄ ကီလိုဂရမ် လျော့ကျသွားအောင် ကူညီပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ သင်သည် တကယ်ပင် လဲ့ရှန်း မဟာဗုဒ္ဓရုပ်ပွားတော် ပြန်လည်ဝင်စားလာသူဖြစ်သည်။ စေတနာတန်ဖိုး +၂၀၀]

" သြော်..."

ဤအသိပေးချက်ကို မြင်လိုက်ရသောအခါ ဂူချန်သည် ခဏမျှ ရပ်တန့်သွားပြီးနောက် သူ၏ လက်ထဲတွင် တုန်ခါရုန်းကန်နေသော မိန်းကလေးကို စိတ်ဝင်တစား ပြန်ကြည့်လိုက်သည်။

'လက်မောင်းတစ်ဖက်ကို ဆွဲနှုတ်လိုက်တာတင် စေတနာတန်ဖိုး နှစ်ရာ ရတာပဲ ..တကယ်လို့ ငါ အဆုံးသတ်လိုက်ရင် ဘာဖြစ်မလဲ..'

ထို့ကြောင့်...စွပ်..စွပ်..စွပ်...

[အိမ်ရှင်သည် ယခင်က နတ်ဘုရားမတစ်ဦးအား ကိုယ်အလေးချိန် ၂၄ ကီလိုဂရမ်ကို လျင်မြန်စွာ လျှော့ချပေးခဲ့ကာ နိုင်းဂတ်စ် ကမ္ဘာ့စံချိန်ကို ချိုးဖျက်ပေးခဲ့ပြီး သူမအား ပျော်ရွှင်လွန်း၍ မျက်ရည်ကျအောင် လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ စေတနာတန်ဖိုး +၇၀၀]

ဂူချန်သည် အသာအယာ ပြုံးလိုက်ပြီး သွေးစွန်းနေသော လူသားဝက်ကို အေးစက်နေသော နှင်းများပေါ်တွင် ချထားလိုက်သည်။ ခြေလက်အင်္ဂါများ ဆုံးရှုံးသွားသောအခါ မုရုံချင်းရွှယ်၏ အသက်ဓာတ်မှာ ညှိုးနွမ်းသွားပြီး သူမ၏ စွမ်းအင်များလည်း ကွယ်ပျောက်ကာ သူမ၏ ရေခဲအရေပြားနှင့် နှင်းအရိုး အာနိသင်များမှာလည်း တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

" အင့်.."

အလွန်အမင်း အေးစက်မှုက သူမ၏ အသားနှင့် အရိုးများကို တိုက်ရိုက်ထိတွေ့လိုက်ရာ စူးရှသော ခံစားချက်က သူမ၏ ဦးနှောက်ထဲအထိ ရောက်ရှိသွားပြီး သူမကို အသက်ရှူရ ခက်ခဲစေသည်။

ခန္ဓာကိုယ်တစ်ခုလုံးကို ဖျက်ဆီးနေသော ပြင်းထန်လှသည့် နာကျင်မှုနှင့်အတူ သူမ၏ အသိစိတ်မှာ ရှင်းလင်းမှု အစအနလေး တစ်ခုကို ပြန်လည်ရရှိလာသည်။

သို့သော် တစ်ချိန်က အေးစက်ပြီး သက်ဝင်လှုပ်ရှားနေသော ထိုမျက်လုံးများမှာ တောက်ပမှုများ ပျောက်ဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်ကာ လျှောက်သွားနေသော အလောင်းကောင်ကဲ့သို့ ဗလာနတ္တိဖြစ်မှုများသာ ကျန်ရှိတော့သည်။ သူမ၏ ဝေဝါးနေမှုကြားတွင် မုရုံချင်းရွှယ်၏ အမြင်အာရုံမှာ တဖြည်းဖြည်း ရှင်းလင်းလာပြီး သွေးမရှိသော သူမ၏ နှုတ်ခမ်းများမှ မကြားတကြား ညည်းတွားသံ ထွက်ပေါ်လာသည် ။

"ဘာ.. ဘာလို့လဲ.."

"ငါတို့က အမှားသေးသေးလေး တစ်ခုပဲ လုပ်ခဲ့တာပါ ဘာလို့ ငါ..ငါတို့ကို သတ်ရတာလဲ.."

"ဘာလို့လဲ ဟုတ်လား.."

" မင်းတို့အားလုံးက ဘာလို့လဲလို့ မေးရတာကို ဘာလို့ ဒီလောက်တောင် ဝါသနာပါနေကြတာလဲ.."

ဂူချန်သည် အသက်ဓာတ် တဖြည်းဖြည်း ကုန်ဆုံးနေကာ လူပုံမပေါ်တော့သော ထိုမိန်းကလေးကို ငုံ့ကြည့်လိုက်ပြီး သူမ၏ အနားသို့ တိုးကာ အေးအေးဆေးဆေး ပြောလိုက်သည်

"ငါလည်း အဲဒီအဖြေကို ရှာနေတာပဲ.."

ထို့နောက် သူသည် သူမ၏ မျက်နှာကို သူ၏ ဖိနပ်အောက်ခြေဖြင့် နင်းခြေပြီး ကြိတ်ချလိုက်သည်။

ဒုန်း...

မုရုံချင်းရွှယ်၏ တုန်ရင်နေသော နှုတ်ခမ်းများမှာ ထပ်မံ တောင့်တင်းသွားသည်။ သူမ တစ်ခုခု ပြောချင်သော်လည်း သူမ၏ နှုတ်ခမ်းများမှာ အချိန်အတော်ကြာ လှုပ်ရှားနေသော်လည်း ဘာစကားလုံးမှ ထွက်မလာခဲ့ပေ။ သူမသည် သူ၏ ယုတ္တိကို တကယ်ပင် နားမလည်နိုင်တော့။

' သူ့အတွက် လူ့အသက်ဆိုတာ ဒီလောက်တောင် အရေးမပါတဲ့ အရာလား..'

သူမတွင် တောက်ပသော အနာဂတ်တစ်ခု ရှိနေခဲ့ဖူးပြီး အရာအားလုံးက ပိုကောင်းလာနိုင်ခဲ့သည် ။ ယခုတွင်တော့...

လုဖန့် ..ဆရာမ ယွင်...

သူမ၏ အသိစိတ်မှာ တဖြည်းဖြည်း ဝေဝါးလာပြီး သူမ၏ အတွေးများမှာ ရပ်တန့်လာသည်။ နီရဲသော သွေးများမှာ မြစ်တစ်စင်းကဲ့သို့ ဆက်လက် စီးဆင်းနေပြီး သူမ၏ အတိတ်မှတ်ဉာဏ်များမှာ သူမ၏ မျက်လုံးရှေ့တွင် ဓာတ်ပုံများကဲ့သို့ ဖြတ်သန်းသွားသည်။

မုရုံချင်းရွှယ်သည် ရုတ်တရက် ကမ္ဘာကြီး ချာချာလည်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ အမြင်အာရုံမှာ တစ်ခဏချင်း မှောင်အတိ ကျသွားပြီး မမြင်နိုင်သော ဘီလူးလက်ကြီးတစ်ခုက သူမ၏ မျက်လုံးများကို ရုတ်တရက် အုပ်လိုက်သကဲ့သို့ပင်။

ထိုအချိန်တွင် ပြင်းထန်သော အလေးချိန်မဲ့မှု ခံစားချက်က သူမကို ရိုက်ခတ်သွားသည်။ သူမသည် ကန်ရေပြင်၏ အောက်ခြေသို့ ကျဆင်းသွားသော သေးငယ်သည့် လူသားတစ်ယောက် ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ ပတ်ဝန်းကျင်ရှိ အေးစက်လှသော ကန်ရေပြင်မှာ ပြင်းထန်သော သားရဲအုပ်ကြီးကဲ့သို့ သူမကို ရက်စက်စွာ ညှစ်ထုတ်ပြီး ဆုတ်ဖြဲနေကြ၏။

သူမသည် ရေမျက်နှာပြင်သို့ ပြန်တက်နိုင်ရန် အထောက်အကူဖြစ်မည့် အရာတစ်ခုခုကို ဆုပ်ကိုင်နိုင်ရန် လက်မောင်းများကို ရူးသွပ်စွာ ယမ်းခါနေမိသည်။ သို့သော် သူမ ဘယ်လောက်ပဲ ရုန်းကန်ပါစေ ထိုအလင်းတန်းလေးဆီသို့ သူမ ဘယ်တော့မှ မကပ်နိုင်ခဲ့ပေ။ အဆုံးမရှိသော မှောင်မိုက်မှုထဲသို့ သူမ တစ်စစ ဝါးမြိုခံလိုက်ရသည်ကိုသာ ကြည့်နေရတော့သည်။

'မဟုတ်ဘူး ..မဟုတ်ဘူး.. မဟုတ်ဘူး..'

'ငါ အရှုံးမပေးနိုင်ဘူး..'

' လုဖန့်နဲ့ ဆရာမယွင်တို့ အလဟဿ သေလို့မဖြစ်ဘူး ငါက..'

ဗုန်း...

မုရုံချင်းရွှယ်၏ စိတ်ထဲတွင် အလင်းစလေး တစ်ခု ပေါ်လာချိန်မှာပင် သူမ၏ ဦးခေါင်းမှာ ဘာသတိပေးချက်မှ မရှိဘဲ ရုတ်တရက် ပေါက်ကွဲသွားသည်။ တစ်ခဏချင်းမှာပင် နီရဲသော သွေးများမှာ ရေပန်းကဲ့သို့ ပန်းထွက်လာပြီး အရပ်မျက်နှာ အနှံ့ လွင့်စင်သွားသည်။

ဂူချန်က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ အေးစက်သော အနက်ရောင် မီးတောက်များ ထွက်ပေါ်လာပြီး မူရုံချင်းရွှယ်၏ ကျန်ရှိနေသော ခန္ဓာကိုယ်ကို တိုက်ရိုက် ဝါးမြိုပစ်လိုက်သည်။

ထိုအချိန်မှာပင် သူ၏ မျက်လုံးရှေ့တွင် ပုံရိပ်ယောင် အလင်းမျက်နှာပြင်များ ပေါ်လာသည်။

[အိမ်ရှင်သည် နာကျင်မှုအတွက် စိုးရိမ်ပူပန်မှုများကို လုံးဝဖယ်ရှားပေးခဲ့ပြီး သူမ၏ နှလုံးသားထဲမှ နာကြည်းမှုကို ဖယ်ရှားပေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။ ကောင်းကင်ဘုံရှိ သူမ၏ ဝိညာဉ်သည် သင့်ကို ထာဝရ စောင့်ရှောက်သွားမည်ဖြစ်သည်။ စေတနာတန်ဖိုး +၅၀၀]

[လက်ရှိ စေတနာတန်ဖိုး : ၁၆၅၀]

All Chapters