အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း (၄၅)
ဒါနဲ့, မကြာသေးခင်က မင်းတို့စိတ်ဝိညာဥ်တောင်ထိပ်မှာ မကောင်းဆိုးဝါးတစ်ကောင်ထွက်ပေါ်လာတယ်ဆို
ဝူး...
ရုတ်တရက် အစွမ်းထက်အော်ရာတစ်ခုထွက်ပေါ်လာပြီး ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်သွား၏။
ရင်ပြင်ရှေ့၌ သက်လတ်ပိုင်းလူကြီးတစ်ယောက်ပေါ်လာပြီး အပြာရောင်ဝတ်စုံကိုဝတ်ထားကာ ကျော၌ဓားရှည်ကိုလွယ်ထား၏။
သူ့ခန္ဓာကိုယ်ပတ်လည်၌ စစ်မှန်ချီတွေဝန်းရံနေပြီး ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကျွမ်းကျင်သူဆိုတာ သိသာ၏။
"အကြီးအကဲကိုနှုတ်ဆက်ပါတယ်..."
လူတိုင်း ချက်ချင်းပဲ အရိုအသေပေးကာ နှုတ်ဆက်လိုက်၏။
"အင်း..."
သက်လတ်ပိုင်းလူ အနည်းငယ်ခေါင်းညိတ်လိုက်၏။
"မင်းတို့ငါ့ကို အကြီးအကဲယဲ့လို့ခေါ်နိုင်တယ်။ လျို့ဝှက်နယ်မြေကိစ္စတွေကို တာဝန်ယူရမှာ....."
"အခု, မင်းတို့ကို ရွမ်ချင်းနယ်မြေနဲ့ပတ်သက်ပြီး အခြေအနေတွေ ပြောပြပေးမယ်...."
အကြီးအကဲယဲ့ အချိန်မဖြုန်းပဲ စတင်ရှင်းပြလိုက်၏။
ကုန်လင်းရွယ် အရင်ကပြောဖူးသော်လည်း မုန့်ချန်ချင်း ဂရုတစိုက်နားထောင်နေကာ မတူညီသည့်အချက်တွေကို စစ်ကြည့်လိုက်၏။
ရွမ်ချင်းနယ်ပယ်က ကျယ်ပြောပြီး တောင်အထပ်အထပ်၊ ရှေးဟောင်းသစ်တောတွေနှင့် အမျိုးမျိုးသောရှုခင်းတွေရှိ၏။
ပေါများသည့်အခွင့်အရေးတွေအပြင် အန္တရာယ်တွေလည်းရှိ၏။
အဓိကအားဖြင့် လျို့ဝှက်နယ်မြေထဲရှိသားရဲတွေဖြစ်သည်။
၎င်းတို့ကို ဂိုဏ်းကနှိမ်နှင်းပြီး တပည့်တွေကြီးထွားဖို့အတွက် ခြေနင်းကျောက်တုံးတွေအဖြစ် ထမ်းဆောင်ကြရ၏။
ဂိုဏ်းက လျို့ဝှက်နယ်မြေမှလွတ်မြောက်နိုင်သည့် ပို့ဆောင်ရေးတုံကင်တွေပေးထားသော်လည်း တပည့်တွေ ထိုသားရဲတွေ၏သတ်ဖြတ်ခြင်းခံရသည့် ရှားပါးသည့်ကိစ္စတွေလည်းရှိ၏။
"ဒီတစ်ကြိမ်, ဂိုဏ်းက ရွမ်ချင်းနယ်မြေနဲ့ပတ်သက်ပြီး ပြောင်းလဲမှုအချို့လုပ်ထားတယ်..."
အကြီးအကဲယဲ့ ဖြည်းညင်းစွာပြောလိုက်ရာ တပည့်တွေကြားလှုပ်လှုပ်ရှားရှားဖြစ်သွား၏။
ဤကဲ့သို့ကိစ္စမျိုးအရင်ကမဖြစ်ဖူးသလိုပင်။
"အစွမ်းထက်သားရဲအချို့ရဲ့နယ်မြေထဲမှာ အဖိုးတန်ပစ္စည်းတွေအများကြီး၊ အဓိကကတော့ အဆင့် ၃တွေပေါ့ ထားထားတယ်..."
သူက ဆက်ပြောလိုက်သည်။
ဤအခြေအနေက ချက်ချင်းပဲ လူတိုင်းကို စိတ်လှုပ်ရှားသွားစေခဲ့သည်။
ရွမ်ချင်းနယ်မြေထဲရှိအရင်းအမြစ်တွေက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အတွက်သင့်တော်သည့် အဆင့် ၂ တွေသာဖြစ်၏။
ပိုမြင့်သည့်အရင်းအမြစ်တွေကို ထုံးစံအတိုင်း ထိုက်ချင်းနယ်မြေမှာသာတွေ့ရ၏။
ထို့ကြောင့် အချို့ကိုရွမ်ချင်းနယ်မြေသို့ပြောင်းရွေ့လိုက်သည့်အချက်က တပည့်တွေကို ပင်လယ်ခွဲခြမ်းနယ်ပယ်တက်လှမ်းဖို့ အရင်းအမြစ်တွေကိုရရှိစေနိုင်၏။
"အဆင့် ၃ ပစ္စည်းတွေ..."
မုန့်ချန်ချင်း မျက်လုံးတွေ တောက်ပသွား၏။
အဆင့်မြင့်အရင်းအမြစ်တွေက အလွန်အမင်းအဖိုးတန်ပြီး ဂိုဏ်းကြီးလျှင်တောင် တပည့်တိုင်း၏ကျင့်ကြံရေးလိုအပ်ချက်တွေကို ကျေနပ်စေနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် လျှင်မြန်သည့်ကျင့်ကြံရေးလုပ်ငန်းစဥ်ကိုထိန်းသိမ်းထားဖို့ လူတစ်ယောက်က သူတို့ကိုယ်အတွက် အရင်းအမြစ်အတွက်ယှဥ်ပြိုင်ရှာဖွေရမည်ဖြစ်သည်။
သူသာ လျို့ဝှက်နယ်မြေထဲရှိအဆင့်မြင့်အရင်းအမြစ်အားလုံးကို ဝါးမျိုးနိုင်လျှင် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ရောက်ပြီးနောက် ကျင့်ကြံရေးလိုအပ်ချက်တွေကို စိုးရိမ်ဖို့မလိုတော့ပေ။
ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်အထွတ်အထိပ် ရောက်ဖို့က ခက်ခဲတော့မည်မဟုတ်ပေ။
"နတ်ဆိုးသားရဲတွေရဲ့ နေရာအတိအကျကို မြေပုံပေါ်မှာမှတ်သားထားတယ်..."
အကြီးအကဲယဲ့လက်ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သည့်အလင်းအစက်အပြောက်တွေ လူအုပ်ဆီကျသွားခဲ့၏။
သူတို့က လက်ဆန့်ထုတ်ပြီး ဖမ်းလိုက်သည်။
မုန့်ချန်ချင်း ဖွင့်ကြည့်လိုက်ရာ ကုန်းလင်းရွယ်ပြောတာနှင့် အတော်လေးဆင်တူတာ တွေ့လိုက်ပြီး အနည်းငယ်အသေးစိတ်တော့ လိုအပ်နေသေး၏။
နေရာများစွာကို အကြမ်းဖျင်းသာမှတ်သားပေးထားပြီး အရင်းအမြစ်တွေကို အတိအကျညွှန်ပြမပေးထားပေ။
ကြည့်ရတာ ကုန်းလင်းရွယ်၏သတင်းအချက်အလက်တွေက ပိုတိကျပြီး အတွင်းလူတွေသာသိနိုင်ပြီး လူတိုင်းသိနိုင်သည့်အရာတွေ ဟုတ်ပုံမရပေ။
"စီနီယာအမကုန်း..."
မုန့်ချန်ချင်း မျက်လုံးတွေ အနည်းငယ် လှုပ်ခတ်သွား၏။
မကြာမီ, သူက ခေါင်းအသာခါယမ်းလိုက်ပြီး မြေပုံအလယ်ကို အာရုံစိုက်လိုက်၏။
ထိုနေရာ၌ အနီရောင်စက်ဝိုင်း ၂၀ နီးပါးရှိနေပြီး အရောင်အမှိန်မဖျော့မတူပေ။
သို့ပေမယ့် ခြုံငုံကြည့်လျှင် အပြင်ပိုင်းမှ အတွင်းဘက်သို့ ပိုအရောင်ရင့်သွားသည်။
ထိုအရာအရ အနီရောင်စက်ဝိုင်းတွေက အထဲရှိအန္တရာယ်အဆင့်တွေနှင့် အရင်းအမြစ်တန်ဖိုးတွေကို ကိုယ်စားပြု၏။
အတိုးချုပ်ပြောရလျှင် ဆုလဒ်ပိုမြင့်လေလေ စွန့်စားမှုကြီးလေလေဖြစ်သည်။
မုန့်ချန်ချင်း မြေပုံကိုခေါက်ပြီး ရင်ဘတ်ထဲထည့်လိုက်သည်။
ဂိုဏ်း၏ရုတ်တရက်ပြောင်းလဲမှုက သူ့အစီအစဥ်တွေကို တကယ်ပဲ အနှောက်အယှက်ဖြစ်စေသော်လည်း ကိစ္စတော့မရှိပေ။
သန်မာသည့်ပတည့်တွေအတွက် ဤအရာက အကျိုးရှိသည့်ပြောင်းလဲမှုတစ်ခုဖြစ်ပြီး ပိုများပိုကောင်းသည့်အရင်းအမြစ်တွေကို ဆိုလို၏။
"သတိရရမှာက ဆုလဒ်မြင့်လေလေ စွန့်စားနှုန်းမြင့်လေလေပဲ။ အဲ့ဒီနတ်ဆိုးသားရဲတွေက အရင်ကနဲ့မတူတော့ဘူး။ ဒါကြောင့် သတိထားတာအကောင်းဆုံးပဲ..."
အကြီးအကဲယဲ့ သတိပေးလိုက်ပြီး တပည့်တွေ၏စိတ်အားထက်သန်မှုကို လျော့ကျစေလိုက်သည်။
ချက်ချင်းပဲ လူတိုင်းနားလည်သွားကြ၏။
ပိုသန်မာသည့်သားရဲဖြစ်လေလေ ပိုအန္တရာယ်ရှိလေလေဖြစ်ပြီး ဂိုဏ်းကဖိနှိပ်ထားသော်လည်း ရွမ်ချင်းနယ်မြေထဲရှိသားရဲတွေက အားမနည်းပေ။
ဆန့်ကျင်ဘက်အနေဖြင့် အတော်လေးအားကောင်းကြ၏။
"ကောင်းပြီ, တစ်ယောက်ချင်းရှေ့တက်လာခဲ့။ ပို့ဆောင်ရေးတုံကင်တွေလက်ခံပြီး အထဲဝင်ကြတော့...."
အကြီးအကဲယဲ့ ညွှန်ကြားလိုက်၏။
ထို့နောက် လက်တွေကိုချိပ်ပိတ်စည်းတစ်ခုပုံစံလုပ်လိုက်ပြီး ခြေထောက်အောက်ရှိ ရင်ပြင်ထဲသို့ စစ်မှန်ချီထည့်သွင်းလိုက်၏။
ဘုန်း!
စက်ယန္ဒယားတစ်ခုပွင့်သွားသလို ရင်ပြင်က တုန်ခါလာပြီး ကြီးမားသည့်ပေါ်တယ်ကြီးတစ်ခု အကြီးအကဲယဲ့နောက်မှာပေါ်လာခဲ့သည်။
၎င်းက ဝဲကယက်တစ်ခုကဲ့သို့လည်ပတ်နေပြီး လျို့ဝှက်နယ်မြေဝင်ပေါက်ပင်ဖြစ်သည်။
"လျို့ဝှက်နယ်မြေပွင့်ပြီ..."
တပည့်များစွာ အော်ဟစ်လိုက်ပြီး ဝင်ရောက်ဖို့ စိတ်အားထက်သန်နေခဲ့သည်။
သားရဲတွေက အန္တရာယ်များသော်လည်း အရင်းအမြစ်တွေက ပိုအရေးကြီး၏။
တစ်ယောက်ပြီးတစ်ယောက် ပို့ဆောင်ရေးတုံကင်တွေလက်ခံကာ ဝဲကယက်ထဲဝင်ရောက်ပြီး မြင်ကွင်းမှပျောက်ကွယ်သွားခဲ့သည်။
မုန့်ချန်ချင်းလည်း အရှိန်မြင့်ပြီး လျို့ဝှက်နယ်မြေထဲဝင်ရောက်သွားခဲ့သည်။
"ဒီအတွင်းစည်းတပည့်တစ်သုတ်က အလားအလာရှိတဲ့ပါရမီရှင်တွေ အတော်များတာပဲ...."
နောက်ထပ်ပုံရိပ်တစ်ခု အကြီးအကဲယဲ့ဘေးမှာ ရုတ်တရက်ပေါ်လာခဲ့သည်။
သူက ပိုအသက်ကြီးပုံပေါ်ပြီး ထူးထည်းသည့်မုတ်ဆိတ်မွေးတွေနှင့် ကျော၌ဓားရှည်တစ်ချောင်းရှိကာ ကြမ်းတမ်းသည့်အော်ရာတွေ ထုတ်လွတ်နေ၏။
ဤပုဂ္ဂိုလ်ကလည်း အကြီးအကဲတစ်ယောက်ဖြစ်ပြီး အကြီးအကဲယဲ့နှင့်အဆင့်တူကာ အတွင်းစည်းတပည့်တွေအတွက်တာဝန်ယူရ၏။
သို့ပေမယ့် သိုင်းပညာတောင်ထိပ်မှဖြစ်၏။
"ဟုတ်တယ်, သူတို့ အရင်လူတွေထက်မနိမ့်ဘူး။ အချို့ကဏ္ဍတွေမှာ ပိုတောင်ကောင်းသေးတယ်...."
အကြီးအကဲယဲ့ခေါင်းညိတ်လိုက်ပြီး တပည့်များစွာ၏အချက်အလက်တွေပါသည့် စာလိပ်တစ်ခုထုတ်လိုက်၏။
"အရင်တစ်သုတ်တုန်းက အပြစ်ပေးတောင်ထိပ်ရဲ့ တွမ့်ဟွမ်က အထူးချွန်ဆုံးဖြစ်ခဲ့တာ။ သူက သိမ်မွေ့အဆင့်မြင့်သိုင်းပညာကို ပြီးပြည့်စုံခြင်းအဆင့်ထိကျွမ်းကျင်ထားတယ်..."
"ဒါပေမယ့် အခုတော့ ခရမ်းမြူတောင်ထိပ်က ရှီညီအကိုရှိလာပြီ။ သူတို့က အထူးရုပ်ခန္ဓာတစ်ခု ဒါမှမဟုတ် သွေးမျိုးဆက်တစ်ခုခု ပိုင်ဆိုင်တယ်ထင်တယ်...."
"ဒါကပဲ သူတို့ကို မွေးလာကတည်းက သူများထက်သာစေခဲ့တာ..."
"ပြီးတော့ ကောင်းကင်ကြီးစိုးခြင်းခန္ဓာ ကိုလည်း ပြီးပြည့်စုံခြင်းအဆင့်ထိလေ့ကျင့်ထားတယ်။ တွမ့်ဟွမ်က နောက်ထပ်သူတို့ပြိုင်ဘက်ဟုတ်တော့မှာမဟုတ်ဘူး..."
"မင်းတို့သိုင်းပညာတောင်ထိပ်က ဓားရူးလည်း မဆိုးပါဘူး။ ဒါပေမယ့် ကံမကောင်းစွာပဲ သူက ရူးသွပ်ခြင်းနည်းစနစ်ကို ခုချိန်ထိ ပြီးပြည့်စုံခြင်းအဆင့်မရောက်သေးဘူး...."
"အစီရင်တောင်ထိပ်က ရှောင်ကျန်း၊ ဆေးဘုရင်တောင်ထိပ်က ဝမ်ထျန်းမင်တို့လည်း အတူတူပဲ..."
သူက ဆက်ပြောလိုက်သည်။
"မင်းရဲ့သတင်းတွေက ခေတ်နောက်ကျနေပြီ...."
အကြီးအကဲလင်း ပြုံးလိုက်သည်။
"ဓားရူးက ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ပြီးနေပြီ..."
ထိုအရာကိုကြားသည့်အခါ အကြီးအကဲယဲ့ မျက်ခုံးပင့်လိုက်၏။
သိုင်းပညာတောင်ထိပ်မှ ရူးသွပ်ခြင်းနည်းစနစ်က ပိုမြင့်မားသည့်သိုင်းကျမ်းတစ်ခုမှဆင်းသက်လာပြီး သိမ်မွေ့အဆင့်မြင့်နည်းစနစ်လည်းဖြစ်၏။
ထိုသို့ဆိုလျှင် တွမ့်ဟွမ်၌ အားသာချက်မရှိတော့ပေ။
"ဒါနဲ့, မကြာသေးခင်က မင်းတို့စိတ်ဝိညာဥ်တောင်ထိပ်မှာ မကောင်းဆိုးဝါးတစ်ကောင်ထွက်ပေါ်လာတယ်ဆို..."
အကြီးအကဲလင်း ရယ်လိုက်၏။
"အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်နဲ့ ဓားချီကိုနားလည်ပြီး အဆင့် ၄ နဲ့ သစ္ဆေလက်ချောင်းပိုင်ချန်ခဲ့ကို သတ်ဖြတ်ခဲ့တယ်..."
အကြီးအကဲလင်း မနာလိုမှုနှင့် ပြောလိုက်သည်။
သိုင်းပညာချီက လူအများစုနားလည်နိုင်သည့်အရာမဟုတ်ပဲ စစ်မှန်တပည့်တွေထဲမှာတောင် ရှားပါး၏။
အခန်း (၄၆)
နတ်ဆိုးသားရဲနှင့် မိတ်ဆွေဖြစ်လာခြင်း
"ဟုတ်တယ်, အဲ့တစ်ယောက်နာမည်က မုန့်ချန်ချင်းတဲ့၊ မကြာသေးခင်ကမှအတွင်းစည်းရောက်လာတာ...."
"သူ့ပါရမီက တကယ်ကြောက်စရာကောင်းတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ တိုးတက်မှုကမြန်လွန်းပြီး ကြီးထွားဖို့ အချိန်အလုံလောက်မပေးဘူး..."
"သူသာ သိမ်မွေ့အဆင့်သိုင်းပညာတစ်ခုလောက်သင်ယူနိုင်ရင် ရှီမိသားစုက ညီအကိုတောင် နိုင်ချင်မှနိုင်မှာ..."
အကြီးအကဲယဲ့ ပြောလိုက်သည်။
မုန့်ချန်ချင်းအခြေအနေနှင့်ပတ်သက်၍ အတွင်းစည်းဝင်ရောက်လာချိန်မှစပြီး ဂိုဏ်းအဆင့်မြင့်ပုဂ္ဂိုလ်များထံမှ သတင်းရရှိပြီးသားဖြစ်သည်။
ပိုပြီးတိတိကျကျပြောရလျှင် စိတ်ဝိညာဥ်တောင်ထိပ်၏ အမြင့်ပိုင်းများဆီမှရခဲ့ခြင်းဖြစ်သည်။
သိုင်းပညာချီကိုနားလည်နိုင်သည့်တပည့်တစ်ယောက်အတွက် နဂါးစာရင်းထိပ်ဆုံးကိုရောက်ဖို့က မခက်ခဲပေ။
၎င်းက မကြာသေးခင်ဂိုဏ်းမှလစ်ဟင်းသွားသည့်နေရာများကို ဖာထေးပေးနိုင်၏။
ထပ်ပေါင်းပြောရလျှင် သူ၏အနာဂတ်အောင်မြင်မှုက နိမ့်ကျမည်မဟုတ်ပေ။
သေချာပေါက် ဂိုဏ်း၏အဓိကထောက်တိုင်တစ်ခုဖြစ်လာပေမည်။
သူ့ကို အထက်ပိုင်းလူတွေ တပည့်အဖြစ်ခေါ်ယူဖို့ မျှော်လင့်ထားပေမယ့် ပုံမှန်မဟုတ်စွာ တည်ငြိမ်နေခဲ့သည်။
လုံးဝကိုတုံ့ပြန်မှုမရှိရာ တကယ်ပဲထူးဆန်းလှ၏။
သို့ပေမယ့် တန်ဖိုးရှိသည့်လူတစ်ယောက်ဖြစ်နေဆဲဖြစ်ရာ အထက်ပိုင်းလူတွေမှာ အခြားစဥ်းစားထားတာရှိမှာ သေချာ၏။
"သိုင်းပညာချီ၊ သိုင်းပညာရဲ့ စစ်မှန်အနှစ်သာရ ငါတို့လိုသာမန်လူတွေအတွက်တော့ အကြီးအကျယ်ဆုံးစွမ်းအားပဲ..."
"အဲ့တာတွေကိုနားလည်နိုင်မှ အဲ့ဒီမွေးရာပါရုပ်ခန္ဓာတွေနဲ့ သွေးမျိုးဆက်ရှိတဲ့လူတွေကို ယှဥ်နိုင်မှာ..."
အကြီးအကဲလင်း သက်ပြင်းချပြီး ခေါင်းခါယမ်းလိုက်သည်။
"မေ့လိုက်တော့, အဲ့အကြောင်းထပ်မပြောရအောင်...."
"ဒီတစ်ချိန် ဂိုဏ်းလျို့ဝှက်နယ်မြေထဲမှာ အဆင့်မြင့်အရင်းအမြစ်တွေ အများကြီးရှိပေမယ့် ခက်ခဲမှုကလည်း အများကြီးမြင့်သွားတယ်..."
"လူတိုင်းရနိုင်မှာမဟုတ်ဘူး..."
"အထူးသဖြင့် ဗဟိုနယ်မြေထဲက အနီရင့်အမှတ်အသားနဲ့ အခွင့်အရေးတွေပဲ..."
"ရှီညီအကိုတောင်ရဖို့မသေချာဘူးလို့ ငါခံစားရတယ်...."
"အဆုံးမှာတော့ အဲ့ဒီနတ်ဆိုးသားရဲက ဉာဏ်ရည်ဖွင့်ဖြိုးပြီးတဲ့အပြင် ပိုင်ဆိုင်ထားသေး...."
....
ကမ္ဘာလောကကြီးချာချာလည်သွားပြီး ကြယ်တွေရွေ့သွား၏။
မရေမတွက်နိုင်သည့်အလင်းတန်တွေ ပတ်ပတ်လည်၌တဖျတ်ဖျတ်တောက်ပနေပြီး အာရုံငါးပါးလုံး ဆုံးရှုံးသွားခဲ့သည်။
အမြင်ပြန်ကြည်လာလည့်အခါ သူက အခြားနေရာတစ်ခုကို ရောက်နေပြီဖြစ်သည်။
မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး မုန့်ချန်ချင်း မြက်ခင်းပြင်ပေါ်မှ ထရပ်လိုက်၏။
ကျယ်ပြောလှသည့်ကောင်းကင်နှင့်မြေကြီး၌ အကန့်အသတ်မရှိပုံရသည့်အစိမ်းရောင်မြက်ခင်းပြင်နှင့် အဝေးမှတောင်တန်းတွေကို ခပ်ရေးရေးမြင်နေရသည်။
လေပြေလေညင်းတစ်ခုလည်း တိုက်ခိုက်နေပြီး မြက်ပင်တွေ ယိမ်းထိုးလှုပ်ရှားနေကြတာ ပင်လယ်ပြင်တစ်ခုလိုပင်။
"ဒါ လျို့ဝှက်နယ်မြေလား..."
မုန့်ချန်ချင်း ပတ်ပတ်လည်ကိုကြည့်လိုက်သည်။
တကယ်တော့ ပြင်ပကမ္ဘာနှင့် အများကြီးမခြားနားပေ။
တစ်ခုတည်းသောခြားနားချက်က ဤနေရာရှိကောင်းကင်မှာ အမြဲအုံ့မှိုင်းနေတာပင်။
အနက်ရောင်တိမ်တိုက်များစွာရှိနေပြီး နေရောင်ကို လုံးဝမမြင်ရပေ။
ပတ်ဝန်ကျင်၌ သူကလွဲပြီး ဘယ်သူမှမရှိပဲ ကြည့်ရတာ သူတစ်ယောက်တည်းဤနေရာရောက်လာပုံပင်။
"အရင်ဆုံး, ဘယ်နေရာရောက်နေလဲကြည့်ရအောင်...."
မုန့်ချန်ချင်း မြေပုံထုတ်ပြီး ပတ်ဝန်းကျင်နှင့်တိုက်ကြည့်လိုက်၏။
"မြက်ရိုင်းလွင်ပြင်..."
မုန့်ချန်ချင်း မျက်လုံးတွေတောက်ပသွားပြီး တည်နေရာကို အတည်ပြုလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဤနေရာက ဂိုဏ်းချထားသည့် အခွင့်ရေးနေရာနှင့်အလွန်နီးကပ်နေသောကြောင့်ပင်။
"ကံကောင်းတာပဲ..."
မုန့်ချန်ချင်း မြေပုံကိုသိမ်းပြီး အခွင့်ရေးနေရာကို အမြန်သွားလိုက်သည်။
လျို့ဝှက်နယ်မြေက စုစုပေါင်း ၇ ရက်သာဖွင့်မည်ဖြစ်သည်။
သူ့အစီအစဥ်က ရိုးရှင်း၏။ ဤအခွင့်ရေးနေရာတွေကို တတ်နိုင်သမျှအရင်ယူပြီး မူလအစီအစဥ်အတိုင်းလုပ်ဖို့ဖြစ်သည်။
....
ဤအမှတ်အသားက ဖျော့တော့သည့်အနီရောင်ကာလာဖြစ်ရာ အပြင်ဘက်ဆုံးနေရာရှိ အခွင့်ရေးနေရာပဲဖြစ်သည်။
သို့ပေမယ့် မုန့်ချန်ချင်းအတွက် ၎င်းက လုံလောက်နေပြီဖြစ်သည်။
သူ့ခွန်အားကသန်မာသော်လည်း အဆင့် ၃ သားရဲကိုအနိုင်ယူနိုင်မယ်လို့တော့ မယုံပေ။
အဓိကနယ်ပယ်ကြီးနှစ်ခုကြားက ကွာခြားချက်က အလွယ်တကူကျော်ဖြတ်လို့ရသည့်အရာမဟုတ်ပေ။
အထူးသဖြင့် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်မှ ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်သို့ချိုးဖျက်ပြီချိန်တွင်ဖြစ်သည်။
အမွေးတိုင်တစ်တိုင်စာလောက် ကုန်ပြီးနောက်...
မုန့်ချန်ချင်း မြက်ရိုင်းလွင်ပြင်မှထွက်လာကာ ရှေးဟောင်းသစ်တောတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ဤနေရာက အံ့အားသင့်စရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။
အသံတစ်သံမှမရှိပဲ ရံဖန်ရံခါ လေတိုက်သံတောင်မရှိပေ။
ရွမ်ချင်းနယ်မြေ၌ နတ်ဆိုးသားရဲများစွာရှိပေမယ့် သူက ဤနေရာ၌ အချိန်အတော်ကြာသည်အထိ တစ်ကောင်မှမတွေ့ရသေးပေ။
ထို့ကြောင့် အဖြေက တစ်ခုသာရှိသည်။
သူ့ခြေထောက်အောက်ရှိ ဒါဇင်နှင့်ချီသည့်ကီလိုမီတာဧရိယာအတွင်း၌ အလွန်အားကောင်းသည့်နတ်ဆိုးသားရဲတစ်ကောင်ရှိရမည်ပင်။
နတ်ဆိုးသားရဲတွေက ပိုင်နက်နယ်မြေသတ်မှတ်ကြပြီး ၎င်းတို့ပိုင်နက်ထဲ၌ အခြားသက်ရှိတွေ သွားလာတာကို ခွင့်မပြုပေ။
"ဒီအနီဖျော့အခွင့်ရေးအမှတ်အသားနေရာမှာ ဘယ်လောက်သန်မာတဲ့နတ်ဆိုးသားရဲရှိလဲကြည့်ရအောင်...."
မုန့်ချန်ချင်းခန့်မှန်းချက်အရ ၎င်းက ခုချိန်ထိ အဆင့် ၃ ကို မရောက်သင့်သေးပေ။
မဟုတ်လျှင် တစ်စုံတစ်ယောက်က ထိုအခွင့်အရေးကို ဘယ်လိုလုပ်ယူနိုင်တော့မည်နည်း။
ထို့သို့ဆိုသော်လည်း မုန့်ချန်ချင်း သတိထားနေဆဲဖြစ်ပြီး အရင်ဆုံးပတ်ဝန်းကျင်ကို စူးစမ်းလိုက်၏။
တစ်ခဏကြာပြီးနောက် မုန့်ချန်ချင်း ကြီးမားသည့်သစ်ကိုင်းတစ်ခုပေါ်မှာ ရပ်တန့်လိုက်၏။
မဝေးသည့်နေရာ၌ ကျယ်ပြောသည့်တောင်ကြားတစ်ခုရှိနေပြီး နံရံတွေကပေတစ်ထောင်လောက်မြင့်ကာ အလွန်မတ်စောက်၏။
ရံဖန်ရံခါ အပေါ်မှကျောက်တုံကျောက်ခဲပြုတ်ကျသံတွေကိုလည်း ကြားနေရပြီး တောင်ကြားအလယ်၌ နတ်ဆိုးသားရဲတစ်ကောင် ဝပ်နေခဲ့သည်။
ထိုနတ်ဆိုးသားရဲက အလွန်ကြီးမားပြီး မီတာသုံးဆယ်နီးပါးရှည်ကာ တစ်ကိုယ်လုံး နီရဲသည့်ကြေးခွံတွေဖြင့် ဖုံးလွမ်းထား၏။
၎င်း၏ကြမ်းကြုတ်သည့်မျက်နှာမှာလည်း သွေးနီရောင်မျက်လုံးကြီးနှစ်လုံး ရှိနေခဲ့သည်။
"သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့..."
မုန့်ချန်ချင်း ဤနတ်ဆိုးသားရဲ၏နာမည်ကို ရေရွတ်လိုက်သည်။
နတ််ဆိုးသားရဲတွေကြား၌ ၎င်းကို အစွမ်းထက်မျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်လို့ရတာပဲဖြစ်သည်။
၎င်း၏ခံစစ်က ကြောက်စရာကောင်းရုံသာမက မီးတောက်တွေမှုတ်ထုတ်ပြီး တောင်နှင့်မြစ်တွေကို လောင်ကျွမ်းပစ်နိုင်၏။
"ကံကောင်းပြီး ဒီကောင်က အဆင့် ၃ ကို မရောက်သေးဘူး..."
မုန့်ချန်ချင်း အမူအရာ အနည်းငယ်သက်သာယာရသွား၏။
၎င်းသာ အဆင့် ၃ သားရဲဆိုလျှင် ၎င်း၏နတ်ဆိုးချီက နတ်ဆိုးအရှိန်အဝါအဖြစ်ပြောင်းလဲသွားမည်ဖြစ်ပြီး လူသားတွေ၏စစ်မှန်ချီနှင့်ဆင်တူ၏။
သို့ပေမယ့် ဤသံမဏိချပ်ဝတ်မီးလျှံခြင်္သေ့က ထိုအဆင့်ကို မရောက်သေးပေ။
သို့ပေမယ့် ၎င်း၏အော်ရာအရ အလွန်သန်မာနေဆဲဖြစ်ပြီး အဆင့် ၂ အထွတ်အထိပ်ကို ရောက်နေခဲ့သည်။
ထိုအရာက လူသားအပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အထွတ်အထိပ်နှင့် ညီမျှ၏။
"ကိုယ်တွယ်နိုင်လောက်တယ်။ ဒါပေမယ့်..."
သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ကိုကြည့်ပြီး မုန့်ချန်ချင်း ရုတ်တရက် ထူးဆန်းသည့်အကြံတစ်ခုရသွား၏။
မိတ်ဆွေဖွဲ့ရာ၌ လူသားတွေပဲမိတ်ဆွေဖွဲ့ရမည်ဟု ကန့်သတ်မထားပေ။
နတ်ဆိုးသားရဲတွေနှင့် မိတ်ဆွေမဖွဲ့နိုင်ဘူးဟု မည်သူပြောသနည်း။
ထိုအတွေးနှင့် မုန့်ချန်ချင်း သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ကို စူးစမ်းရေးမျက်လုံးဖြင့် စိုက်ကြည့်လိုက်သည်။
အခြေခံအချက်အလက်-
[အမည်- သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့]
[မျိုးနွယ်- နတ်ဆိုးသားရဲ]
[အဆင့်- အဆင့် ၂ အထွတ်အထိပ်]
ပင်ကိုယ်ပါရမီအချက်အလက်-
[နတ်ဆိုးသားရဲပါရမီစွမ်းရည်- သံမဏိချပ်ဝတ်]
[နတ်ဆိုးသားရဲပါရမီစွမ်းရည်- မီးအသက်ရူခြင်း]