← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇)

အသိဉာဏ်မဖွံ့ဖြိုးသေးခြင်း၊ လင်းလုံအေးစက်လမင်း- ပြည်နယ်ကိုးခုအေးခဲခြင်း

"အင်း, ရှိနေတာပဲ..."

ပျော်ရွင်မှုအရိပ်အယောင်အချို့ မုန့်ချန်ချင်း မျက်လုံးထဲမှာ လင်းလက်လာခဲ့သည်။

အချက်အလက်ပြဇယားသာရှိနေလျှင် စနစ်၏စည်းမျဥ်းတွေအတွင်းမှာရှိနေတာကို ဆိုလို၏။

သူက ထိုသားရဲကို မိတ်ဆွေအဖြစ်ပေါင်းထည့်နိုင်တာပဲဖြစ်သည်။

"ဒီလိုဆို နတ်ဆိုးသားရဲတွေရဲ့ပါရမီစွမ်းရည်တွေကို ရနိုင်မှာမဟုတ်ဘူးလား...."

မုန့်ချန်ချင်းလက်တွေ သူ့အင်္ကျီလက်အောက်၌ အနည်းငယ်ဆုပ်လိုက်၏။

ပါရမီစွမ်းရည်ချင်း နာမည်တူသော်လည်း နတ်ဆိုးသားရဲတွေ၏ပါရမီစွမ်းရည်က လူသားတွေထက်အများကြီးပိုသန်မာကြ၏။

အဆုံးမှာတော့ နတ်ဆိုးသားရဲတွေက သိုင်းပညာတွေကို မကျင့်ကြံနိုင်၍ သူတို့၏ခွန်အားအားလုံးက ပါရမီစွမ်းရည်တွေပေါ်မှာမူတည်၏။

သို့ပေမယ့် နတ်ဆိုးသားရဲတစ်ကောင်ကို မိတ်ဆွေအဖြစ်ပေါင်းထည့်ဖို့က အတော်လေးခက်ခဲ၏။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့၌ လုံးလုံးလျားလျား ဉာဏ်ရည်မဖွင့်ဖြိုးသေးသောကြောင့်ပင်။

သို့မဟုတ် ၎င်းတို့က ဉာဏ်ရည်နှင့်မမွေးဖွားလာကြသောကြောင့်ဖြစ်သည်။

တဖြည်းဖြည်းကျင့်ကြံပြီး ခွန်အားအဆင့်တစ်ခုထိရောက်မှသာ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာကြ၏။

ထိုအခါမှသာ ၎င်းတို့ကို ဉာဏ်ရည်ရှိသက်ရှိတွေအဖြစ်သတ်မှတ်နိုင်၏။

ဤသံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ကဲ့သို့ပင်။ သိသာစွာပဲ ၎င်း၌ ဉာဏ်ရည်အများကြီးမဖွံ့ဖြိုးသေးပဲ အများဆုံး အသိဉာဏ်နည်းနည်းလေးသာရှိသေး၏။

၎င်းမှာ အခြေခံအားဖြင့် ပင်ကိုယ်ဗီဇအရသာ လှုပ်ရှားနေခြင်းဖြစ်သည်။

.....

"ကြိုးစားကြည့်ကြတာပေါ့...."

မုန့်ချန်ချင်း စမ်းကြည့်ဖို့ စိတ်အားထက်သန်နေပြီး တောင်ကြားထဲသို့ ခုန်ဆင်းလိုက်၏။

ဝေါင်း...

သူစိမ်းအငွေ့အသက်ကို ခံစားမိသည့်အခါ မူလကဝပ်နေသည့်သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ ရုတ်တရက် မျက်လုံးပွင့်လာ၏။

၎င်း၏သွေးရောင်မျက်လုံးတွေထဲ၌ ပြင်းထန်သည့်သတ်ဖြတ်လိုစိတ်တွေရှိနေပြီး မနှစ်မြို့စရာအနံ့အသက်တစ်ခုကို ခံစားမိလိုက်၏။

ဒါမှမဟုတ် ၎င်း၏သွေးမျိုးဆက်ထဲမှာ အမြစ်တွယ်နေသည့် မနှစ်မြို့မှုဖြစ်သည်။

လူသားများပင်...

သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ မတ်တပ်ရပ်လိုက်သည်။

၎င်း၏ခန္ဓာကိုယ်ကြီးက တောင်အသေးစားတစ်လုံးနှင့်တူပြီး ပူပြင်းအစွမ်းထက်သည့်အော်ရာတွေထုတ်လွတ်နေခဲ့ရာ တောင်ကြားတစ်ခုလုံး ပူပြင်းလာခဲ့သည်။

ဤမြင်ကွင်းကိုမြင်သည့်အခါ ခုလေးတင်ဆင်းသက်လာသည့်မုန့်ချန်ချင်း ချက်ချင်းပဲ မျက်နှာပေါ်ရှိအပြုံးတွေ ပျောက်ကွယ်သွား၏။

သူက မိတ်ဆက်ဖို့ပြင်လိုက်ပေမယ့် သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့၏အသွင်အပြင်ကိုမြင်သည့်အခါ....

သိသာစွာပဲ ၎င်းက မိတ်ဆွေဖြစ်ဖို့ ရည်ရွယ်ချက်မရှိပေ။

၎င်းမျက်လုံးတွေရှိ သတ်ဖြတ်လိုစိတ်နှင့်သွေးဆာမှုက ဖုံးကွယ်မထားနိုင်လောက်အောင်ပင်။

လုံးဝကို ဗီဇအတိုင်းလှုပ်ရှားနေသည့် သားရဲတစ်ကောင်ဖြစ်သည်။

"ကြည့်ရတာ ငါတို့မိတ်ဆွေဖြစ်ဖို့ လမ်းမရှိတော့ဘူးထင်တယ်..."

မုန့်ချန်ချင်း နောင်တရစွာပြောလိုက်ပြီး ခါးမှဓားရှည်ကို ဆွဲထုတ်လိုက်သည်။

မှိန်ဖျော့သည့်ဓားသံက တောင်ကြားတစ်လျှောက်ပဲ့တင်ထပ်သွား၏။

လျို့ဝှက်နယ်မြေထဲ၌ နတ်ဆိုးသားရဲများစွာရှိရာ ဤတစ်ကောင်အလုပ်မဖြစ်လျှင် သူက အခြားကောင်တွေရှာနိုင်၏။

သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့နောက်၌ ကျောက်စိမ်းစင်မြင့်တစ်ခုရှိနေပြီး စင်မြင့်ပေါ်၌ ဆေးပုလင်းတစ်လုံးရှိနေခဲ့သည်။

ထိုအရာက ဂိုဏ်းဤနေရာမှာထားထားသည့် အခွင့်အရေးပင်။

ကြည့်ရတာ ဆေးလုံးအရင်းအမြစ်ဖြစ်၏။

သို့ပေမယ့် ဘာဆေးအမျိုးအစားလဲတော့ မသိရပေ။

ဝေါင်း!

သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ လုံးဝတွေဝေမနေပဲ မုန့်ချန်ချင်းဆီ ပြေးဝင်လာ၏။

၎င်း၏ခြေလှမ်းတိုင်းက တောင်ကြားကို တသိမ့်သိမ့်တုန်ခါသွားစေခဲ့သည်။

ဖုန်မှုန့်တွေလွင့်ပျံနေပြီး မီးလျှံခြင်္သေ့ပါးစပ်ထဲ၌ မီးတောက်တွေတောက်လောင်နေကာ ပစ်လွတ်ဖို့ အချိန်မရွေးအသင့်ဖြစ်နေခဲ့သည်။

ရွစ်!

၎င်း၏ထက်ရှသည့်လက်သည်းတွေကို ရေပြင်ညီဝှေ့ယမ်းလိုက်ရာ ကျောက်တုံးကြီးများစွာကို အမှုန့်ဖြစ်သွားစေပြီး မြေပြင်၌ နက်ရှိုင်းသည့်လက်သည်းရာကြီးတွေချန်ထားခဲ့သည်။

ဤအရာသာ သာမန်အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကျင့်ကြံသူအပေါ်ကျရောက်ခဲ့လျှင် မသေလျှင်တောင် ဒဏ်ရာအပြင်းအထန်ရမည်ဖြစ်သည်။

မုန့်ချန်ချင်း ဓားခြေလှမ်းသုံးကာ နေရာမှပျောက်ကွယ်သွားပြီး မီးခြင်္သေ့နောက်နားမှာ ပြန်ပေါ်လာခဲ့သည်။

သို့ပေမယ့် သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့၏ တုံ့ပြန်မှုကလည်း အလွန်မြန်၏။

၎င်း၏မာကျောသန်မာသည့်အမြီးကြီးကို တူကြီးတစ်ခုကဲ့သို့ဝှေ့ယမ်းလိုက်၏။

မုန့်ချန်ချင်းမျက်ခုံးတွေပင့်တက်သွား၏။

သူက နောက်ကို ခြေလှမ်းများစွာဆုတ်လိုက်ပြီး အမြီးကို ရှောင်နိုင်ရုံလေးရှောင်တိမ်းနိုင်လိုက်၏။

"တကယ်ကို အဆင့် ၂ အထွတ်အထိပ်သားရဲပဲ။ ခွန်အား၊ အရှိန်၊ တုံ့ပြန်မှု တွေက အရင်ဝံပုလွေအုပ်နဲ့ယှဥ်ရင် အများကြီးသာတယ်..."

မုန့်ချန်ချင်းလှပစွာလှုပ်ရှားပြီး မီးခြင်္သေ့တိုက်ခိုက်မှုတွေကို တစ်ကြိမ်ပြီးတစ်ကြိမ် ရှောင်တိမ်းနေခဲ့သည်။

ထို့ပြင် အဆင့် ၂ နတ်ဆိုးသားရဲတွေထဲ၌ ဤသံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ကို ထိပ်တန်းတွေထဲရှိတစ်ကောင်အဖြစ် သတ်မှတ်နိုင်၏။

၎င်းက သာမန်အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်ကျင့်ကြံသူကိုင်တွယ်နိုင်သည့်အရာမဟုတ်ပေ။

ကံမကောင်းစွာဖြင့် ၎င်းကသန်မာသော်လည်း သူ့ကို မခြိမ်းခြောက်နိုင်ခဲ့ပေ။

ချက်ချင်းမသတ်ရသည့်အကြောင်းအရင်းက ဤနတ်ဆိုးသားရဲ၏တိုက်ခိုက်ရေးနည်းလမ်းတွေကို မြင်ချင်သောကြောင့်ဖြစ်သည်။

အဆုံးမှာတော့ သူက ယခင်က လူသားတွေနှင့်သာအဓိကတိုက်ခိုက်ဖူးပြီး နတ်ဆိုးသားရဲတွေနှင့် တိုက်ခိုက်ခဲ၏။

ဝေါင်း!

၎င်း၏တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ကျရှုံးနေတာမြင်တော့ မီးခြင်္သေ့ပိုလို့တောင်ဒေါသထွက်လာပြီး ပါးစပ်ထဲရှိမီးတောက်တွေက အထွတ်အထိပ်ရောက်လာခဲ့သည်။

ထို့နောက် တိုက်ရိုက်ပဲ မုန့်ချန်ချင်းဦးတည်ရာသို့ ပါးစပ်ဟလိုက်သည်။

မီးတောက်အသက်ရူခြင်း...

ဘုန်း!

ချော်ရည်ပူတွေ ရေကြီးသကဲ့သို့လောင်းချလာခဲ့သည်။

တောင်းတန်းနှင့်သစ်တောတွေကို ဖုံးလွမ်းသွားပြီး အရာရာတိုင်းကိုလောင်ကျွမ်းဖျက်ဆီးကာ လေထုထဲ၌ ထူထည်းသည့်မီးခိုးတွေနှင့် ပြည့်နှက်သွားခဲ့သည်။

မီတာတစ်ရာပတ်လည်အတွင်းရှိ အရာအားလုံးလည်းမီးပင်လယ်အဖြစ်ပြောင်းသွားခဲ့သည်။

သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ ၎င်း၏ပါးစပ်ကိုပိတ်လိုက်ပြီး သွေးနီရောင်မျက်လုံးတွေက ပတ်ဝန်းကျင်ကို စစ်ဆေးနေခဲ့သည်။

မနှစ်မြို့စရာအော်ရာပျောက်ကွယ်သွားပြီဖြစ်၍ သေသွားတာဖြစ်နိုင်၏။

သို့ပေမယ့် မကြာမီ ၎င်းရုတ်တရက် ရှေ့ကို ကြည့်လိုက်သည်။

ထို့နေရာ၌ အံ့အားသင့်စွာပဲ ရှေးဟောင်းသစ်ပင်တစ်ပင် ထီးထီးကြီးရှိနေဆဲဖြစ်သည်။

ပတ်ပတ်လည်၌ ရေခဲတွေဝန်းရံထားပြီး ကျောက်ရည်ပူတွေကို တားဆီးထားခဲ့သည်။

ထို့ပြင် ရှေးဟောင်းသစ်ပင်၏ထိပ်၌ ပုံရိပ်တစ်ခုဓားကိုင်ပြီး မတ်တပ်ရပ်နေခဲ့သည်။

နှင်းကဲ့သို့ဖြူဖွေးသည့်ဝတ်စုံကိုဝတ်ဆင်ထားပြီး အနက်ရောင်ဆံပင်က တဖျတ်ဖျတ်လွင့်ပျံနေခဲသည်။

ထိုအရာက စောက လူသားပင်။

သူ သေမသွားပေ။

ဝေါင်း!

သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ နောက်တစ်ကြိမ်ဟိန်းဟောက်လိုက်ပြီး ရှေ့ကို ပြေးထွက်လာခဲ့သည်။

၎င်း၏ကြေးခွံတွေက အလျှင်အမြန် ကြက်သွေးရောင်ပြောင်းသွားပြီး ဖျက်ဆီးမရသည့်အော်ရာတွေ ထုတ်လွတ်နေခဲ့သည်။

သိသာစွာပင် ၎င်း၏ဒုတိယစွမ်းရည် သံမဏိချပ်ဝတ်ကို အသက်သွင်းလိုက်ပြီဖြစ်သည်။

"ငါတို့ မိတ်ဆွေတွေဖြစ်မလာနိုင်ဘူးဆိုမှတော့ မင်းကို အုတ်ဂူထဲပို့ပေးမယ်...."

မုန့်ချန်ချင်း ရေရွတ်လိုက်သည်။

ခွန်အားအရဆိုလျှင် နတ်ဆိုးသားရဲတွေ၏ပါရမီစွမ်းရည်က အမှန်တကယ်ကြောက်စရာကောင်းပြီး မွေးလာကတည်းက သွေးမျိုးဆက်ထဲမှာ ရိုက်နှိပ်ထားခဲ့သည်။

၎င်းတို့က မည်သည့်သိုင်းပညာကိုမှ ကျင့်ကြံဖို့မလိုအပ်ပေ။

ကျင့်ကြံရေးမြင့်လာသည်နှင့် သဘာဝအတိုင်းတစ်ခုပြီးတစ်ခုပွင့်လာမည်ဖြစ်သည်။

အခြားတစ်ဖက်၌ လူသားတွေက ဘာမှမရှိရာမှ တစ်စုံတစ်ခုဖြစ်လာဖို့ ရုန်းကန်ကြရ၏။

သို့ပေမယ့် မျိုးနွယ်တိုင်း၌ သူတို့၏ကန့်သတ်ချက်တွေရှိကြသည်။

နတ်ဆိုးသားရဲတွေ၏ အနိမ့်ဆုံးကန့်သတ်ချက်မှာ မြင့်မားသော်လည်း လူသားတွေလောက်မမြင့်တာတော့သေချာ၏။

မဟုတ်လျှင် ရှေးဟောင်းမျိုးနွယ်စုစစ်ပွဲ၌ ၎င်းတို့ရှုံးနိမ့်ခဲ့မည်မဟုတ်ပေ။

သူ့စိတ်ကိုစုစည်းပြီး မုန့်ချန်ချင်း ဓားရိုးကို ညာလက်ဖြင့် ဆုပ်ကိုင်လိုက်၏။

ထို့နောက် ဓားကိုသူ့ရှေ့မှာ အလျားလိုက်ထားလိုက်ပြီး ဘယ်လက်ဖြင့်အသာအယာပွတ်ဆွဲလိုက်၏။

ဤအခိုက်အတန့်၌ သူ၏မူလကပူနွေးနေသည့်သွေးတွေ ချက်ချင်းပဲ အလွန်အမင်း အေးစက်လာခဲ့သည်။

ခပ်မှိန်မှိန်လခြမ်းကွေးသဏ္ဍာန်တစ်ခုတောင် သူ့နောက်၌ပေါ်လာခဲ့သည်။

လင်းလုံအေးစက်လမင်းဓားသိုင်း- သိမ်မွေ့အဆင့်မြင့်ဓားသိုင်း....

သူက ဤဓားသိုင်းရထားတာ အချိန်တစ်ခုရှိပြီဖြစ်သော်လည်း အရင်က တစ်ခါမှအသုံးမပြုခဲ့ဘူးပေ။

အကြောင်းပြချက်က ရိုးစင်း၏။

ဤဝှက်ဖဲထုတ်သုံးရလောက်အောင် မည်သူ့မှသူ့ကို တွန်းအားမပေးနိုင်သောကြောင့်ပင်။

သူ့ရှေ့ရှိသံမဏိချပ်ဝတ်မီးလျှံခြင်္သေ့က သာမန်သားရဲတစ်ကောင်မဟုတ်ပဲ ၎င်း၏ခွန်အားက အလွန်သန်မာ၏။

လေမိုးကြိုးဓားသိုင်းကိုဓားချီနှင့်တွဲသုံးပြီး အနိုင်ယူနိုင်သော်လည်း တိုက်ပွဲက သေချာပေါက် ပိုပြင်းထန်သွားမည်ဖြစ်သည်။

ထို့ပြင် သူက ပြဿနာကိုနှစ်သက်သူတစ်ယောက်မဟုတ်ပေ။

အလွယ်တကူဖြေရှင်းနိုင်ချိန်မှာ ဘာကြောင့်ပြင်းထန်သည့်တိုက်ပွဲနှင့် စိတ်အနှောက်အယှက်ဖြစ်ခံမည်နည်း။

"လင်းလုံအေးစက်လမင်း-ပြည်နယ်ကိုးခုအေးခဲခြင်း...."

မုန့်ချန်ချင်း ချက်ချင်း ရှေးဟောင်းသစ်ပင်ပေါ်မှပျောက်ကွယ်သွားပြီး သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ကို မျက်နှာချင်းဆိုင်လိုက်၏။

သူ့ခြေလှမ်းတွေက အဆက်မပြတ်ပြောင်းလဲနေပြီး ထိုအရာက ဓားခြေလှမ်းပင်။

တစ်ချိန်တည်းမှာပဲ သူ့ကိုယ်တွင်းမှ အလွန်အမင်းထက်ရှသည့်အရှိန်အဟုန်တစ်ခုထွက်ပေါ်လာခဲ့သည်။

နတ်ဘုရားဓားတစ်ချောင်း ဓားအိမ်ထဲမှထွက်ပေါ်လာသလိုပင်။

အမျိုးမျိုးသောတိုးမြှင့်မှုတွေအောက်၌ ဓားချီ၏အေးစက်မှုကပိုမိုသန်မာလာခဲ့သည်။

သူသွားသည့်နေရာတိုင်းအေးခဲနေပြီး ပူပြင်းသည့်ချော်ရည်တွေတောင် အေးခဲသွားခဲ့သည်။

ဤဓားချက်က လက်ရှိမုန့်ချန်ချင်း၏ အစွမ်းထက်ဆုံးဓားချက်ဖြစ်ပြီး ခွန်အားအရပြိုင်ဘက်ကင်း၏။

ထို့ကြောင့် သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ မလွယ်ကူမှုကို ခံစားလိုက်ရပြီး နှလုံးခုန်တွေမြန်လာ၏။

ဤဓားချက်ကို သူမခုခံနိုင်မှန်း သိ၏။

သို့ပေမယ့် ၎င်းသွေးမျိုးဆက်ထဲရှိ ရန်လိုမှုနှင့်ပင်ကိုယ်ဗီဇက ရပ်တန့်ဖို့မရွေးချယ်ခိုင်းပဲ ထိုအစား နတ်ဆိုးစွမ်းအားကိုတိုးမြှင့်ကာ ခုခံမှုကို မြှင့်တင်လိုက်၏။

ဓားချက်ကို ခုခံဖို့ကြိုးစားလိုက်၏။

ဘုန်း!

နှစ်ယောက်သား နောက်ဆုံးမှာ ဝင်တိုက်သွားခဲ့သည်။

ကြောက်မက်ဖွယ်အအေးဓာတ်က ချက်ချင်းပဲ သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ကို ဖုံးလွမ်းသွားပြီး ၎င်း၏ကြီးမားသည့်ခန္ဓာကိုယ်ကြီးတစ်ခုလုံး နေရာမှာ အေးခဲသွားခဲ့သည်။

ထိုအရာက သာမန်အအေးဓာတ်မဟုတ်ပဲ အလွန်အမင်းထက်ရှသည့် ဓားချီပါဝင်နေခဲ့ရာ ကြေးခွံတွေကြားမှ ခန္ဓာကိုယ်တွင်းကို ဝင်ရောက်သွားခဲ့သည်။

ထိုအခါ အတွင်းအင်္ဂါအားလုံး အေးခဲသွားပြီး အတော်လေးတုန်လှုပ်စရာမြင်ကွင်းပင်။

သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ ရေခဲရုပ်ထုကဲ့သို့အေးခဲသွားပြီး ပါးစပ်ထဲရှိချော်ရည်တွေ အလင်းရောင်ဖျော့ဖျော့လင်းနေဆဲဖြစ်သည်။

သို့ပေမယ့် ၎င်းမျက်လုံးထဲရှိအလင်းတန်တွေက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အသက်ဓာတ်လည်း အေးခဲသွားခဲ့သည်။

ရွစ်!

ဓားအလင်းတန်းများစွာလင်းလက်သွားပြီး သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ ကွဲခြေသွားခဲ့သည်။

အဆင့် ၂ နတ်ဆိုးသားရဲတစ်ကောင်အနေဖြင့် ၎င်း၏ခန္ဓာကိုယ်၌ အဖိုးတန်ပစ္စည်းများစွာရှိ၏။

သူမလိုလျှင်တောင် အနာဂတ်၌ ရောင်းချဖို့ မိသားစုဆီပို့လို့ရတာဖြစ်သည်။

အဆုံးမှာတော့ ယခုချိန်မှာ သူ့၌ သိုလှောင်လက်စွပ်ရှိနေရာ နေရာအလုံအလောက်ရှိ၏။

အလောင်းကိုဖြေရှင်းပြီးနောက် မုန့်ချန်ချင်း ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ဤနေရာ၌ ပြင်းထန်သည့်တိုက်ပွဲတစ်ခုဖြစ်သွားသော်လည်း ကျောက်စိမ်းစင်မြင့်က ပကတိအတိုင်းရှိနေဆဲဖြစ်ပြီး မည်သည့်ထိခိုက်မှုမှမရှိပေ။

ကြည့်ရတာ အထူးအကာအကွယ်တစ်ခုရှိနေပုံပင်။

၎င်းက တိုက်ပွဲ၏ရိုက်ခတ်မှုတွေကို ရှောင်ရှားနိုင်ပြီး နတ်ဆိုးသားရဲတွေ၏ မကောင်းသည့်ရည်ရွယ်ချက်တွေကို တားဆီးပေးနိုင်၏။

အခန်း (၄၈)

ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံး၊ ကုန်းလင်းရွယ်နှင့်ပြန်တွေ့ခြင်း

သူ့ဓားကိုပြန်သိမ်းပြီး မုန့်ချန်ချင်း ကျောက်စိမ်းစင်မြင့်နားကပ်သွားလိုက်သည်။

အနီးနားရောက်သည့်အခါ ကျောက်စိမ်းစင်မြင့်အောက်၌ အစီအရင်တစ်ခုကို တွေ့လိုက်ရသည်။

ကျောက်စိမ်းစင်မြင့်ကို ထိခိုက်မှုမှကာကွယ်ပေးခဲ့တာ ဤအစီအရင်ပဲဖြစ်သည်။

ထို့နောက် သူအကြည့် စင်မြင့်ပေါ်ရှိဆေးပုလင်းပေါ်ရောက်သွားပြီး လက်ဆန့်ထုတ်ကာ ကောက်ယူလိုက်၏။

ထိုအခါ ပုလင်းပေါ်၌ စားလုံးလေးလုံးရေးထားတာ မြင်လိုက်၏။

"ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံး..."

မုန့်ချန်ချင်း မျက်ခွံတွေကျုံ့သွား၏။

အဆင့် ၂ ဆေးဖော်စပ်ဆရာတစ်ယောက်အနေဖြင့် ဤဆေးလုံးက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်မှချိုးဖျက်ဖို့အထူးသုံးတာ သူဘယ်လိုလုပ်မသိပဲနေမည်နည်း။

စစ်မှန်ချီဆိုသည်မှာ လူတစ်ယောက်၏ကိုယ်ပိုင်သွေးနှင့်ချီစွမ်းအင်ကို ကောင်းကင်နှင့်မြေကြီး၏ချီစွမ်းအင်နှင့် ပေါင်းစပ်ခြင်းဖြစ်သည်။

ထို့ကြောင့် အဆင့်ချိုးဖျက်စဥ် လူတစ်ယောက်၏ကိုယ်ပိုင်သွေးနှင့်ချီစွမ်းအင်က အလွန်တက်ကြွသည့်အခြေအနေမှာရှိရမည်ဖြစ်ပြီး ကောင်းကင်နှင့်မြေကြီးချီစွမ်းအင်နှင့် မျှခြေဖြစ်နေရမည်ဖြစ်သည်။

မဟုတ်လို့ ထိုစွမ်းအင်၏ဖိနှိပ်ခြင်းခံရပါက အဆင့်ချိုးဖျက်မှုကျရှုံးမည်ဖြစ်သည်။

ထို့ပြင် ဤကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံးက အဆင့်ချိုးဖျက်စဥ်အတွင်း၌ များပြားသည့်သွေးနှင့်ချီစွမ်းအင်ကိုထုတ်ပေး၏။

ထို့ပြင် မိမိ၏သွေးချီစွမ်းအင်နှင့် ကောင်းကင်နှင့်မြေကြီးကြားရှိချီစွမ်းအင်၏ ပဋိပက္ခကိုလည်း လျှော့ချပေးပြီး ပေါင်းစပ်ခြင်းဖြစ်စဥ်ကို အရှိန်မြှင့်ပေး၏။

ထို့ကြောင့် ဤပစ္စည်းနှင့်ဆိုလျှင် အဆင့်ချိုးဖျက်ဖို့က အခြေခံအားဖြင့် ပြဿနာတော့မည်မဟုတ်ပေ။

လူတစ်ယောက်၏ပင်ကိုယ်အရည်အချင်း ညံ့ဖျင်းလွန်းလျှင်တော့ တစ်မျိုးဖြစ်၏။

"ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံးက တန်ဖိုးကြီးအဆင့် ၃ ဆေးလုံးပဲ။ ဘယ်လိုလုပ် ဒီလိုအနီရောင်ဖျော့ဖျော့နေရာမျိုးမှာ တွေ့နိုင်ရတာလဲ..."

မုန့်ချန်ချင်း သူ၏စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင်လုပ်လိုက်၏။

"ဒါမှမဟုတ် ဒါက ချွင်းချက်တစ်ခုလား..."

ထို့နောက် မုန့်ချန်ချင်း ခေါင်းခါယမ်းလိုက်သည်။

သူ့မျက်လုံးတွေ ပိုမိုတောက်ပလာ၏။

ဤကိစ္စများကို နက်နက်နဲနဲလိုက်တွေးရန်မလိုပေ။

မည်သို့ပင်ဖြစ်စေ, ၎င်းမှာ ကောင်းမွန်သောအရာဖြစ်၏။

ယခု ဤကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံးနှင့် သူက နောက်ထပ်စိတ်ဝိညာဥ်ဆေးပင်တွေရှာရန်မလိုအပ်တော့ပေ။

တိတ်ဆိတ်သည့်နေရာတစ်ခုရှာပြီး အဆင့်ချိုးဖျက်ဖို့သာ လိုအပ်၏။

"ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်...."

မုန့်ချန်ချင်း နှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွား၏။

သူက ဤအဆင့်ကို ဤလေက်ထိအလျှင်အမြန်ရောက်ဖို့ မမျှော်လင့်ထားပေ။

ရှပ်ရှပ်! ရှပ်ရှပ်!

ရုတ်တရက် ခြေသံတွေထွက်ပေါ်လာခဲ့သည်။

ဂိုဏ်းစည်းမျဥ်းအရ တစ်ယောက်နှင့်တစ်ယောက်သတ်တာကို တားမြစ်ထားသော်လည်း လုယက်တာနှင့်ပတ်သက်ပြီးတော့ ဘာမှပြောမထားပေ။

ထို့ကြောင့် သူက သတိထားရမည်ဖြစ်သည်။

"ဂျူနီယာမောင်လေးမုန့်..."

သို့ပေမယ့် သူ့ဆီလာနေသည့်ပုံရိပ်မှ ရင်းနှီးသည့်အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

ထိုအရာက ကုန်းလင်းရွယ်ပင်။

မုန့်ချန်ချင်းကိုမြင်သည့်အခါ အံ့အားသင့်သည့်အမူအရာတစ်ခု သူမ၏လှပသည့်မျက်နှာပေါ်မှာပေါ်လာပြီး လက်ဝှေ့ယမ်းပြလိုက်သည်။

"စီနီယာအမကုန်း?...."

မုန့်ချန်ချင်းလည်း အတော်လေး အံ့အားသင့်နေ၏။

သူပထမဆုံးတွေ့သည့်လူက ကုန်းလင်းရွယ်ဖြစ်နေမည်ဟု မျှော်လင့်မထားပေ။

ဤကံကြမ္မာက တကယ်ကို မယုံနိုင်စရာကောင်း၏။

"နင်ဖြစ်နေမယ်ထင်မထားဘူး။ ဒီနေရာကသားရဲကို နင်သတ်လိုက်တာလား...."

ကုန်းလင်းရွယ် ပတ်ပတ်လည်ကိုကြည့်လိုက်ရာ သူ့မအကြည့်နောက်ဆုံး၌ သံမဏိမီးလျှံခြင်္သေ့အပေါ် ကျရောက်သွားပြီး အံံ့အားသင့်သည့်အမူအရာပြသလာ၏။

ဤအရာက အလွန်အမင်းအစွမ်းထက်သည့်နတ်ဆိုးသားရဲတစ်ကောင်ဆိုတာ သူမခံစားနိုင်၏။

အနည်းဆုံး အဆင့် ၂ အထွတ်အထိပ်ပင်။

မည်သို့ပင်ဖြစ်စေ ဤကဲ့သို့တည်ရှိမှုကို သူမမယှဥ်နိုင်ပေ။

ဂျူနီယာမောင်လေးမုန့်လို မကောင်းဆိုးဝါးဆန်သည့်ပါရမီရှင်တွေသာ အလွယ်တကူသတ်နိုင်မှာဖြစ်သည်။

"စီနီယာအမကုန်းလည်း ဒီကို အရင်းအမြစ်လာရှာတာလား..."

မုန့်ချန်ချင်း သူ့လက်ထဲရှိ ဆေးပုလင်းကို မြောက်ပြလိုက်သည်။

"ဟုတ်တယ်, ဒါပေမယ့် ဂျူနီယာမောင်လေးမုန့် ယူပြီးသွားပြီဆိုတော့ ငါ နောက်တစ်နေရာရှာလိုက်ပါ့မယ်...."

ကုန်းလင်းရွယ် ချိုမြိန်စွာပြုံးလိုက်သည်။

ထို့နောက် ဆေးပုလင်းပေါ်ရှိစာလုံးတွေကိုမြင်သည့်အခါ သူမမျက်လုံးတွေ အံ့အားသင့်မှုတွေ ပြသလာ၏။

"ဒါတကယ် ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံးပဲ...."

"ဂိုဏ်းက တကယ်ကို ရက်ရောတာပဲ...."

"ဒီပစ္စည်းက အတော်လေးအဖိုးတန်တယ်။ သန့်စင်တဲ့နည်းလမ်းက မခက်ပေမယ့် ပါဝင်ပစ္စည်းတွေက အရမ်းရှားတယ်...."

"ဟုတ်တယ်, ဒါတောင် အနီရောင်ဖျော့ဖျော့ အခွင့်အလမ်းမှာပဲရှိသေးတာ။ အနီရင့်အခွင့်အလမ်းတွေမှာဆို ဘာတွေရှိနေမလဲမသိဘူး...."

မုန့်ချန်ချင်း ခေါင်းညိတ်လိုက်၏။

"နေပါအုန်း, ဂျူနီယာမောင်လေးမုန့် နင် အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ်အထွတ်အထိပ်ကို ရောက်သွားပြီ..."

တစ်စုံတစ်ခုကို ခံစားမိသည့်အခါ ကုန်းလင်းရွယ် သူမပါးစပ်ကိုကာလိုက်ပြီး အတော်လေးတုန်လှုပ်သွားခဲ့သည်။

လွန်ခဲ့သည့်တစ်လကမှ ဂျူနီယာမောင်လေးမုန့်က အပ်စိုက်မှတ်ဖွင့်ခြင်းအဆင့် ၅ မဟုတ်လား?

"အမပေးတဲ့ ရွှေကြေးခွံခရမ်းသွေးဆေးလုံးကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ဒီလိုအချိန်တိုအတွင်းမှာ ဆက်တိုက်အဆင့်ချိုးဖျက်နိုင်မှာမဟုတ်ဘူး...."

မုန့်ချန်ချင်း ပြုံးလိုက်သည်။

"ဂျူနီယာမောင်လေးမုန့်ရဲ့ ကိုယ်ပိုင်ပါရမီကြောင့်လည်းပါပါတယ်။ မဟုတ်ရင် ဆေးစွမ်းအင်တွေကို ဒီလောက်မြန်မြန်ဘယ်လိုလုပ်စုပ်ယူနိုင်မှာလဲ...."

ကုန်းလင်းရွယ်၏ စိတ်ရှုပ်နေမှုတွေ တဖြည်းဖြည်းပုံမှန်ပြန်ဖြစ်လာခဲ့သည်။

ထို့နောက် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

"မင်းရဲ့အဆင့်က လုံလောက်နေပြီ။ အခု ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံးလည်းရှိပြီဆိုတော့ ဂျူနီယာမောင်လေး ချက်ချင်း အဆင့်ချိုးဖျက်နိုင်တယ်..."

"ဟုတ်တယ်, ကျွန်တော် တံခါးပိတ်ကျင့်ကြံလို့ရမယ့်နေရာတစ်ခု ရှာတော့မလို့ပဲ...."

မုန့်ချန်ချင်း ပြောလိုက်သည်။

"ဒါဆို ငါ နင့်ကို ကာကွယ်ပေးမယ်...."

ကုန်းလင်းရွယ်ပြောလိုက်သည်။

"ကောင်းပြီလေ, ကျေးဇူးတင်ပါတယ်, စီနီယာအမ..."

မုန့်ချန်ချင်း ခဏတွေးပြီး ခေါင်းညိတ်လိုက်သည်။

ဤကဲ့သို့အဆင့်ကြီးတစ်ခုချိုးဖျက်တာက တိတ်ဆိတ်ပြီးလုံခြုံသည့်ပတ်ဝန်းကျင်တစ်ခုလိုအပ်၏။

နှောက်ယှက်ခံရလျှင် ကျရှုံးနိုင်ခြေအလွန်များတာပဲဖြစ်သည်။

ဂိုဏ်းထဲ၌ ဤကဲ့သို့ကိစ္စမျိုးစိုးရိမ်ဖို့မလိုသော်လည်း ဤနေရာက လျို့ဝှက်နယ်မြေဖြစ်၏။

"နင်က နောက်တစ်ကြိမ် ယဥ်ကျေးလွန်းနေပြန်ပြီ။ ဒါက မိတ်ဆွေတွေ လုပ်ပေးသင့်တာမဟုတ်ဘူးလား..."

ကုန်းလင်းရွယ် သူမလက်ကိုမြောက်ပြီး မုန့်ချန်ချင်းရင်ဘတ်ကို အသာအယာပုတ်လိုက်သည်။

သူမစကားတွေကြောင့် မုန့်ချန်ချင်း အနည်းငယ် ချောင်းဟန့်လိုက်ရသည်။

ဘာကြောင့် ဤစကားလုံးတွေက သူ့ဆီက ထွက်လာတာမဟုတ်ပဲ ကုန်းလင်းရွယ်ဆီမှထွက်လာသလိုမျိုးခံစားနေရသနည်း။

ဤစကားလုံးတွေက သူ့ပါးစပ်မှထွက်လာရမည့်စကားလုံးများဖြစ်သော်လည်း ယခုတော့ ပြောင်းပြန်ဖြစ်နေခဲ့သည်။

နတ်ဆိုးသားရဲတွေက နယ်မြေကိုအလွန်အမင်းကာကွယ်တတ်ကြသဖြင့် အခြေခံအားဖြင့် ဤနေရာ၌ ဒုတိယနတ်ဆိုးသားရဲမရှိနိုင်ပေ။

ထို့ကြောင့် မုန့်ချန်ချင်း အဆင့်ချိုးဖျက်ဖို့ နေရာရှာဖို့ အဝေးကြီးမသွားတော့ပေ။

ထူထည်းသည့်သစ်တောအနက်ပိုင်းထဲ၌ သူက ပုန်းကွယ်နေသည့်ဂူတစ်ခုကို ရှာတွေ့လိုက်သည်။

"ဂျူနီယာမောင်လေးမုန့် စိတ်ချလက်ချနေပါ။ ငါဒီမှာရှိနေမှတာ့ ခြင်တစ်ကောင်တောင် အထဲအဝင်နိုင်စေရဘူး...."

ကုန်းလင်းရွယ် ယုံကြည်မှုရှိစွာပြောလိုက်သည်။

တစ်ချိန်တည်းမှာပဲ သူမညာလက်ကိုလှုပ်ရှားလိုက်ရာ လက်ဝါးထဲ၌ ခရမ်းရောင်မီးတောက်တစ်ခုထွက်ပေါ်လာခဲ့သည်။

ထိုအရာက ဆေးဖော်စပ်မီးတောက်ပင်။

ဆေးဆရာတွေက တိုက်ခိုက်ရေးမှာအားမကောင်းသော်လည်း ၎င်းမှာ နှိုင်းယှဥ်ချက်တစ်ခုသာဖြစ်သည်။

ကုန်းလင်းရွယ်အဆင့်ရှိဆေးဖော်စပ်ဆရာတစ်ယောက်က အရည်အချင်းအချို့ရှိနေဆဲဖြစ်သည်။

"ကောင်းပြီ..."

မုန့်ခန်ချင်း ခပ်ဖွဖွပြုံးပြီး ဂူထဲကို လျှောက်ဝင်သွားခဲ့သည်။

"ဂျူနီယာမောင်လေးမုန့်ရဲ့ တိုးတက်မှုက မြန်လွန်းတယ်။ သူ့မှာအဆင့် ၂ ပင်ကိုယ်ပါရမီရှိလောက်တယ်...."

"ဒီနှုန်းအတိုင်းဆို ငါ နောက်မှာအများကြီးကျန်နေခဲ့မှာ ကြောက်မိတယ်...."

ကုန်းလင်းရွယ် ရေရွတ်လိုက်ပြီး မုန့်ချန်ချင်း၏ အမှောင်ထဲတဖြည်းဖြည်းပျောက်ကွယ်သွားသည့်ပုံရိပ်ကို ကြည့်နေခဲ့သည်။

သူမ၏ကြည်လဲ့သည့်မျက်လုံးတွေ၌ ရှုပ်ထွေးသည့်အရိပ်အယောင်တွေပြသနေခဲ့သည်။

"ဒါပေမယ့် အဆင်ပြေပါတယ်။ ငါ ဆရာပေးလိုက်တဲ့တာဝန်အားလုံးပြီးသွားပြီ။ ဒါကြောင့် အနာဂတ်မှာ ကျင့်ကြံရေးကို အာရုံစိုက်နိုင်ပြီ...."

"သေချာပေါက် ဂျူနီယာမောင်လေးမုန့်နဲ့ သူစိမ်းတွေဖြစ်လာမှာမဟုတ်ဘူး..."

ကျင့်ကြံရေးလောက၌ ခွန်အားကသာ အရာရာဖြစ်သည်။

လူအများစုက အစပိုင်းမှာမိတ်ဆွေတွေဖြစ်ခဲ့ကြသော်လည်း တဖြည်းဖြည်းဝေးကွာသွားခဲ့ကြသည်။

အခြားအကြောင်းပြချက်မရှိပေ။

ခွန်အားအလွန်ကွာခြားသွားသည့်အချိန်၌ သူတို့၏ပတ်ဝန်းကျင်က ကွဲပြားသွားပြီး နောက်ထပ်ထိတွေ့ဆက်ဆံဖို့ ခက်ခဲလာတာပဲဖြစ်သည်။

All Chapters