← Chapters

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉-၅၀)

Vol. 5 Ch. 49-50

အခန်း (၄၉)

သံအရိုသားရဲ၊တိမ်မိုးကြိုးကျားသစ်

နေ့တစ်ဝက်ကြာပြီးနောက်....

ဂူထဲ၌ မုန့်ချန်ချင်း ခြေချိတ်ထိုင်နေခဲ့သည်။

ဤအခိုက်အတန့်၌ သူက သူ့အခြေအနေကို အထွတ်အထိပ်ထိ ချိန်ညှိထားပြီးပြီဖြစ်သည်။

ယခု အဆင့်ချိုးဖျက်ဖို့ အသင့်ဖြစ်နေခဲ့သည်။

"သွေးကြောကိုးခုကို တံတားအဖြစ်၊ အပ်စိုက်မှတ်ကိုးခုကို တစ်ခုတည်းအဖြစ်ပေါင်းစပ်ပြီး မွေးရာပါပြီးပြည့်စုံခြင်းဖြင့် ဒန်ထျန်ဆီသို့ဦးတည်..."

မုန့်ချန်ချင်း ပင်လယ်ခွဲခြမ်းအဆင့်တက်သည့် ဂါထာကိုတိတ်တဆိတ်ရေရွတ်လိုက်၏။

ဤကဲ့သို့ အဆင့်ချိုးဖျက်ရာ၌ နောက်ပြန်လှည့်စရာ လမ်းမရှိပေ။

အောင်းမြင်ခြင်းနှင့် ကျရှုံးခြင်းနှစ်ခုသာရှိပြီး ဒဏ်ရာမရပဲပြန်ဆုတ်ဖို့က မဖြစ်နိုင်ပေ။

"ငါ့ရုပ်ခန္ဓာနဲ့ဆို ကောင်ကင်နဲ့မြေကြီးရဲ့ချီကို ခုခံနိုင်တယ်..."

မုန့်ချန်ချင်း နောက်ထပ်တွေဝေမနေတော့ပေ။

အတွေးတစ်ခုနှင့် အဓိကသွေးကြောကိုးခုကို အပ်စိုက်မှတ်ကိုးခုနှင့်ချိတ်ဆက်လိုက်ရာ တစ်ခုနှင့်တစ်ခု တရားဝင်ပေါင်းစည်းသွားကြ၏။

ထိုအခါ အစီအရင်တစ်ခု၏ခံစားချက်မျိုးထွက်ပေါ်လာပြီး ရှေးကျဆန်းကြယ်သည့်အရှိန်အဝါတစ်ခုကို ထုတ်လွတ်လာခဲ့သည်။

တစ်ချိန်တည်းမှာပဲ မုန့်ချန်ချင်း သူ့ကိုယ်သူ ပြန်လည်စူးစမ်းကြည့်နိုင်မှန်း သိလိုက်ရ၏။

သူက သူ့ခန္ဓာအတွင်းပိုင်းရှိ အခြေအနေတွေကို ရှင်းလင်းစွာမြင်နေရ၏။ သွေးကြော၊ ကိုယ်တွင်းအင်္ဂါ အစရှိသဖြင့်ပင်...

ထို့ပြင် ဒန်ထျန်ထဲ၌...

လည်ပတ်နေသည့် ဝဲကယက်တစ်ခု ဖြစ်တည်လာခဲ့သည်။

အပ်စိုက်မှတ်ကိုးခုတစ်ခုတည်းအဖြစ်ပေါင်းစည်းသွားချိန် အသွေးအသားထဲ၌ ပုန်းကွယ်နေသည့် ဒန်ထျန်က ထွက်ပေါ်လာခဲ့သည်။

"နောက်တစ်ဆင့်က ကောင်းကင်နဲ့မြေကြီးချီကို စုပ်ယူရမယ်..."

မုန့်ချန်ချင်း ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံးထုတ်ကာ တစ်ကျိုက်တည်းသောက်ချလိုက်၏။

တစ်ချိန်တည်းမှာပဲ အပ်စိုက်မှတ်ကိုးခုကို အလုံးစုံဖွင့်ထားခဲ့သည်။

ဘုန်း...

ဂူအပြင်ဘက်၌ ရုတ်တရက် လေပြင်းတစ်ခု တိုက်ခတ်သွားခဲ့သည်။

ထိုအရာက ကောင်းကင်နှင့်မြေကြီးချီ စုပ်ယူခံရတာဖြစ်ပြီး လည်ပတ်နေတာပင်။

ကြွယ်ဝမှုက ငွေ့ရည်တောင်ဖွဲ့နိုင်ပြီး သက်ရှိအားလုံးကို ပျိုးထောင်ပေးဖို့ လုံလောက်၏။

ထိုအခါ အံဖွယ်ကောင်းကင်နှင့်မြေကြီးချီက အဓိကအပ်စိုက်မှတ်တွေနှင့် သွေးကြောတွေမှတစ်ဆင့် ဒန်ထျန်ထဲကို လိမ့်ဝင်လာပြီး ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံး၏ ဆေးစွမ်းအားကလည်း သွေးနှင့်ချီအဖြစ်ပြောင်းလဲသွားခဲ့သည်။

မတူညီသည့်အားနှစ်ခုက နောက်ဆုံးမှာ ဒန်ထျန်၏ဝဲကယက်ထဲ၌ စုဆုံလာကြပြီး ထိပ်တိုက်တွေ့ကာ အချင်းချင်းတွန်းကန်နေကြ၏။

၎င်းတို့မှာ တစ်ခုနှင့်တစ်ခု သဟဇာတမဖြစ်ပေ။

သို့ပေမယ့် ဒန်ထျန်ထဲ၌ အံဖွယ်စွမ်းအားတစ်ခုရှိနေပုံရပြီး ၎င်းတို့ကို အားသုံးဖိနှိပ်လိုက်သည်။

ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံး၏အာနိသင်နှင့်ပေါင်းစပ်လိုက်သည့်အခါ အားနှစ်ခုက အချိန်အတော်ကြာမတွန်းကန်တော့ပဲ စတင်ပေါင်းစပ်လာကြသည်။

"စနေပြီ..."

ဂူအပြင်ဘက်မှာထိုင်နေသည့် ကုန်းလင်းရွယ် အခြေအနေကိုမြင်သည့်အခါ မုန့်ချန်ချင်း၏အဆင့်ချိုးဖျက်ခြင်းတရားဝင်စနေပြီးဆိုတာ ချက်ချင်းနားလည်လိုက်၏။

ထို့ပြင် ဤအရာက အရေးကြီးဆုံးအခိုက်အတန့်ဖြစ်၏။

လုံးဝကို အနှောက်အယှက်ပေးခံလို့မရပေ။

မဟုတ်လျှင် ယခင်အားထုတ်မှုအားလုံး အလဟသဖြစ်ကုန်မည်ဖြစ်ပြီး ဒဏ်ရာအပြင်းအထန် ဒါမှမဟုတ် အသက်တောင်သေသွားနိုင်၏။

ဝေါင်း...

သို့ပေမယ့် ဤအခိုက်အတန့်၌ သားရဲဟိန်းသံတစ်ခု အဝေးမှ ထွက်ပေါ်လာခဲ့သည်။

အကွာအဝေးက ဝေးသော်လည်း နတ်ဆိုးသားရဲဤနေရာရှိအခြေအနေကို ခံစားမိလိုက်ပြီဆိုတာ ကုန်းလင်းရွယ်သိ၏။

သို့ပေမယ့် ထိုအရာက နားလည်ပေးလို့ရသည်။

အဆုံးမှာတော့ ကောင်းကင်နှင့်မြေကြီးချီ အတက်အကျက ထင်သာမြင်သာရှိလွန်းပြီး အချို့သားရဲတွေ သဘာဝအတိုင်း အာရုံခံနိုင်တာပဲဖြစ်သည်။

"ငါအတွေးလွန်နေတာပဲဖြစ်ဖို့ မျှော်လင့်တယ်..."

ကုန်းလင်းရွယ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

သို့ပေမယ့် ခဏကြာတော့ သူမအမူအရာ အရုပ်ဆိုးသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူမခြေထောက်အောက်ရှိ တုန်ခါမှုကို တဖြည်းဖြည်းခံစားလာရသောကြောင့်ပင်။

ထိုအရာအရ ကြီးမားသည့်သားရဲတစ်ကောင် ချည်းကပ်လာတာကို ညွှန်ပြနေတာပဲဖြစ်သည်။

ထို့ပြင် အရေးကြီးဆုံးက...

တစ်ကောင်တည်းဟုတ်ပုံမရပေ။

နတ်ဆိုးသားရဲတွေက လူသားများအပေါ် မွေးရာပါ ရန်လိုကြ၏။ ဉာဏ်ရည်ဖွံ့ပြီး၍သာမဟုတ်လျှင် အာရုံခံမိသည်နှင့် သေသည်ထိတိုက်ခိုက်တတ်ကြ၏။

"ရှောင်လွဲလို့မရတော့ဘူး..."

ကုန်းလင်းရွယ် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးတွေထဲ၌ ဆုံးဖြတ်ချက်ပြတ်သားသည့်အလင်းတန်းတွေ ထွက်ပေါ်နေခဲ့သည်။

တိုက်ခိုက်ခြင်းက သူမကျွမ်းကျင်သည့်အပိုင်းမဟုတ်သော်လည်း ဂျူနီယာမောင်လေးမုန့် အဆင့်ချိုးဖျက်တာ သေချာအောင် လုပ်ပေးရမည်ဖြစ်သည်။

မုန့်ချန်ချင်းခွန်အားအရ အဆင့်ချိုးဖျက်မှုအောင်မြင်လျှင် အဆင့် ၃ သားရဲတောင် ပြိုင်ဘက်ဟုတ်မည်မဟုတ်ပေ။

"ငါ ဆရာ့ဆီက အစွမ်းထက်တိုက်ခိုက်ရေးလက်နက်အချို့တောင်းခဲ့ရမှာ..."

ကုန်းလင်းရွယ် အနည်းငယ်နောင်တရသွား၏။

ဤနေရာက ရွမ်ချင်းနယ်မြေဖြစ်၍ အန္တရာယ်က အရမ်းကြီးမမြင့်ပေ။

သူမ မနိုင်လျှင်တောင် လွတ်မြောက်ဖို့အတွက် ယုံကြည်ချက်ရှိ၏။

သို့ပေမယ့် ပြဿနာက ယခုချိန်၌ သူမထွက်မပြေးနိုင်တာပင်။

ဘုန်း! ဘုန်း! ဘုန်း!

အချိန်တွေကုန်ဆုံးသွားပြီး လေထဲရှိချီစွမ်းအင်တွေလည်း ပိုပိုသိပ်သည်းလာကာ တိမ်မြူအဖြစ်ပြောင်းလဲလုနီးပါးဖြစ်လာခဲ့သည်။

ဤကဲ့သို့ဖြစ်စဥ်ကို ၁၀မိုင်အဝေးမှတောင် မြင်နိုင်တာပဲဖြစ်သည်။

ထို့ပြင် သူမခြေထောက်အောက်ရှိ တုန်ခါမှုကလည်း ပိုပိုပြင်းထန်လာခဲ့သည်။

တွက်ချက်ကြည့်ရာ ဤနေရာကိုပြေးလာသည့် သားရဲ ၂ ကောင်ရှိ၏။

ဝေါင်း...

ပထမဦးစွာပေါ်လာသည့်သားရဲက အလွန်အမင်းကြီးမားသည့်ခန္ဓာကိုယ်ကြီးရှိပြီး မီတာ ၅၀ လောက်ရှည်ကာ တစ်ကိုယ်လုံး ဆူးချွန်တွေဖုံးလွမ်းနေခဲ့သည်။

"သံအရိုးသားရဲ...."

ကုန်းလင်းရွယ် နတ်ဆိုးသားရဲအမျိုးအစားကို သိလိုက်သည်။

အစောပိုင်းတွေ့ခဲ့သည့် သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့နှင့်ယှဥ်နိုင်ပြီး အဆင့် ၂ အထွတ်အထိပ်သားရဲတစ်ကောင်ဖြစ်၏။

ဝေါင်း...

နောက်ထပ်တစ်ကောင် ညာဘက်မှ ထွက်ပေါ်လာ၏။

အရွယ်အစားသေးသော်လည်း ခန္ဓာကိုယ်တစ်လျှောက်၌ လျှပ်စီးတွေတဖြတ်ဖြတ် စီးဆင်းနေကာ မျက်လုံး ၈ လုံးက ၎င်း၏ကြမ်းကြုတ်မှုကို ထုတ်ဖော်ပြသနေခဲ့သည်။

"တိမ်မိုးကြိုးကျားသစ်...."

နောက်ထပ် အဆင့် ၂ အထွတ်အထိပ်နတ်ဆိုးသားရဲပင်။

ကုန်းလင်းရွယ်အမူအရာ အနည်းငယ်ဖြူဖြော့သွား၏။

တစ်ကောင်းတည်းရင်ဆိုင်ရလျှင်တောင် သူမအတွက်ခက်ခဲနေပြီဖြစ်ရာ နှစ်ကောင်ဆိုလျှင်တော့ ပြောနေစရာကို မလိုတော့ပေ။

လျို့ဝှက်နယ်မြေထဲရှိနတ်ဆိုးသားရဲအားလုံးက ဤကဲ့သို့မသန်မာကြပေ။

သို့ပေမယ့် ကောင်းကင်နှင့်မြေကြီးချီဆွဲဆောင်လိုက်သည့်သားရဲတွေက သာမန်နတ်ဆိုးသားရဲတွေ ဟုတ်လိမ့်မည်မဟုတ်ပေ။

"ပြဿနာပဲ...."

ကုန်းလင်းရွယ် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏လှပသည့်မျက်နှာလေး၌ ဆုံးဖြတ်ချက်ပြတ်သားမှုတွေ ရှိနေခဲ့သည်။

ထို့နောက် သူမကိုယ်တွင်းရှိ သွေးနှင့်ချီစွမ်းအင်လိမ့်တက်လာပြီး လင်ဝါးထဲရှိ ခရမ်းရောင်မီးတောက်တောက်လောင်လာကာ တစ်ကိုယ်လုံးကို ဖုံးလွမ်းသွားခဲ့သည်။

ဤအရာက သားရဲမီးတောက်ပင်။

ထို့ပြင် သားရဲမီးတောက်တွေကြား၌ အဆင့်မြင့်၏။

ဝေါင်း...

မိုးကြိုးတွေတဖြတ်ဖြတ်လက်လာပြီး တိမ်မိုးကြိုးကျားသစ် ဦးစွာလှုပ်ရှားလိုက်၏။

သို့ပေမယ့် ၎င်းက ကုန်းလင်းရွယ်ဆီပြေးဝင်သွားတာမဟုတ်ပေ။

ထိုအစား ဂူဆီသို့ဦးတည်လိုက်တာဖြစ်သည်။

ဂူထဲမှထွက်ပေါ်နေသည့်အော်ရာက ဤအမျိုးသမီးထက် အများကြီးပိုအန္တရာယ်ကြီး၏။

"ရပ်စမ်း..."

ကုန်းလင်းရွယ် လှုပ်ရှားလိုက်ပြီး နှင့်ပွင့်ကဲ့သို့လက်လေးတွေက အမျိုးမျိုးသောတံဆိပ်ပုံစံတွေ ဖန်တီးလိုက်၏။

"ဒြပ်စင်ပြောင်းလဲခြင်းလက်ဝါး...."

လက်ဝါးချက်တိုက်ခိုက်မှုနှင့် ခရမ်းရောင်မီးတောက်တွေ လိမ့်တက်လာခဲ့သည်။

သို့ပေမယ့် သူမဆီပြေးဝင်လာတာက တောက်ပသည့်လျှပ်စီးကြောင်းတွေပင်။

ဘုန်း!

တိုက်ခိုက်မှုနှစ်ခု ထိပ်တိုက်တွေ့သွား၏။

လျှပ်စီးကြောင်းတွေကွဲကြေသွားပြီး ခရမ်းရောင်မီးတောက်တွေ အင်အားသုံးနောက်ဆုတ်ခံလိုက်ရသည်။

တပ်! တပ်! တပ်!

ကုန်းလင်းရွယ် နောက်ကို ခြေလှမ်းများစွာဆုတ်လိုက်ရပြီးမှ သူမကိုယ်သူမတည်ငြိမ်အောင်လုပ်နိုင်လိုက်သည်။

သူမအမူအရာလည်း အနည်းငယ်ဖြူဖြော့သွားပြီး ပါးစပ်ထောင့်၌ သွေးစအနည်းငယ်ရှိနေခဲ့သည်။

အဆုံးမှာတော့ သူမက အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် အဆင့် ၇ သာဖြစ်၍ ဤအဆင့် ၂ အထွတ်အထိပ်သားရဲနှင့် မယှဥ်နိုင်ပေ။

ဝေါင်း!

သံအရိုးသားရဲ နောက်ထပ်စောင့်မနေတော့ပေ။

၎င်းက တိမ်မိုးကြိုးကျားသစ်နှင့်အတူ တိုက်ခိုက်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ဂူထဲရှိအော်ရာက အလျှင်အမြန်သန်မာလာတာကို ခံစားမိလိုက်သောကြောင့်ပင်။

သူတို့သာ ဤကိစ္စကို မြန်မြန်မဖြေရှင်းလျှင် ကြောက်မက်ဖွယ်တစ်စုံတစ်ခု ဖြစ်ပွားတော့မည်ဖြစ်သည်။

ဝှစ်! ဝှစ်! ဝှစ်!

မရေမတွက်နိုင်သည့်ဆူးချွန်တွေ သံအရိုးသားရဲခန္ဓာကိုယ်ပေါ်မှ မိုးသည်းထန်စွာရွာသကဲ့သို့ ပစ်ထွက်လာခဲ့သည်။

"အင်ပါယာဖျက်ဆီးခြင်း ခရမ်းနေမီးတောက် သူတော်စင်အကာအကွယ်..."

ကုန်းလင်းရွယ် အံ့ကြိတ်ခုခံလိုက်၏။

သူမခန္ဓာကိုယ်ပတ်လည်ရှိ ခရမ်းရောင်မီးတောက်တွေ ကြီးမားသည့်ဒိုင်းတစ်ခုအဖြစ်ပြောင်းသွားပြီး ရှေ့မှာကာကွယ်ပေးလိုက်သည်။

ဘုန်း! ဘုန်း! ဘုန်း!

အကာအကွယ်လွာ နောက်ကို ဆက်တိုက်ဆုတ်နေရပြီး ကုန်းလင်းရွယ် အပြင်းအထန်တောင့်ခံနေရကာ ပါးစပ်ထောင့်မှ သွေးတွေစီးကျနေခဲ့သည်။

ခရက်!

လျှပ်စီးကြောင်းတစ်ခု ပေါက်ကွဲထွက်လာ၏။

အကာအကွယ်လွာ နောက်ဆုံးမှာ တောင့်မခံနိုင်တော့ပဲ ချက်ချင်းကွဲကျေသွားပြီး ကုန်းလင်းရွယ်ရင်ဘတ်ကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။

သို့ပေမယ့် သူမရင်ဘတ်၌ တောက်ပသည့်အလင်းတန်းတစ်ခုတောက်ပလာကာ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။

ဤအခိုက်အတန့်၌ ကုန်းလင်းရွယ် ဂူထောင့်အစွန်းထိ ဆုတ်လိုက်ရပြီးဖြစ်သည်။

အသက်ရှူသံတွေလည်း အလွန်ကို ဖရိုဖရဲဖြစ်နေခဲ့သည်။

သူမက အားနည်းပြီး အကူညီမပေးနိုင်သည့် ဆေးဖော်စပ်ဆရာမလေးတစ်ယောက်သာဖြစ်သည်။

ဤလောက်ထိတိုက်ခိုက်မှုများစွာကို ခုခံဖို့ကကို သူမအတွက် အတော်လေး ခက်ခဲနေပြီဖြစ်သည်။

"ငါ.. နင်တို့ကို... ဘယ်တော့မှ... ဂျူနီယာမောင်လေးမုန့်ကို နှောက်ယှက်ခွင့်ပြုမှာမဟုတ်ဘူး...."

ကုန်းလင်းရွယ် ပါးစပ်ထောင့်မှ သွေးတွေကို သုတ်လိုက်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်သည်။

သို့ပေမယ့် မျက်လုံးတွေ၌ ဆုံးဖြတ်ချက်ပြတ်သားမှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

ဝေါင်း!

တိမ်မိုးကြိုးကျားသစ် ဟိန်းဟောက်ပြီး ရှေ့ကို ပြေးထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပဲ ယခင်ကထက်ပိုသန်မာသည့် လျှပ်စီးတွေ ၎င်းပါးစပ်မှ ထွက်ပေါ်လာခဲ့သည်။

သိသာစွာပင် ခွန်အားပြည့်သုံးလိုက်တာပင်။

"ပြီးသွားပြီ..."

ကုန်းလင်းရွယ်မျက်ခွံ့တွေ အနည်းငယ်ကျုံ့သွား၏။

ဤတိုက်ခိုက်မှုကိုခုခံနိုင်လျှင်တောင် သူမ သတိမေ့သွားမည်ဆိုတာ သိ၏။

"ဂျူနီယာမောင်လေးမုန့်, ငါ အကောင်းဆုံးလုပ်ခဲ့ပါတယ်..."

ကုန်းလင်းရွယ် အံ့ကြိတ်လိုက်ပြီး ခရမ်းမီးတောက်သူတော်စင်အကာအကွယ်နှင့် တိုက်ခိုက်မှုကို တွေ့ဆုံဖို့ လက်ဦးမှုယူလိုက်၏။

ဘုန်း!

သို့ပေမယ့် ထိပ်တိုက်တွေ့သွားသည့်အခါ စိတ်ကူးထားသည့်နာကျင်မှုက ဖြစ်မလာခဲ့ပေ။

ဒါမှမဟုတ် သူမကို မထိဖူးဟုပင် ပြောရပေမည်။

ကုန်းလင်းရွယ် ရုတ်တရက် ရှေ့ကိုကြည့်လိုက်သည်။

ထိုအခါ ဘယ်ကမှမှန်းမသိပေါ်လာသည့် ပုံရိပ်တစ်ခုကို သူမရှေ့မှာ မြင်လိုက်ရသည်။

အနက်ရောင်ဆံပင်တွေက အသာအယာလှုပ်ယမ်းနေေပြီး နှင်းကဲ့သို့အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားခဲ့သည်။

"ကျေးဇူးတင်ပါတယ် စီနီယာအမကုန်း, ကျန်တာ ငါ့ကိုလွဲထားလိုက်..."

ပုံရိပ် အနည်းငယ်ခေါင်းညိတ်ပြပြီး ညင်သာသည့်အပြုံးတစ်ခု ပြုံးပြလိုက်သည်။

အခန်း (၅၀)

နောက်ဆုံးတစ်ခုပါထည့်တွက်ရင် အခုဆို နှစ်ခုရှိသွားပြီ....

"ဂျူနီယာမောင်လေးမုန့်..."

ကုန်းလင်းရွယ်မျက်လုံးတွေထဲ ပျော်ရွင်မှုတွေဖြတ်ပြေးသွား၏။

ဂျူနီယာမောင်လေးမုန့် ဤနေရာမှာပေါ်လာသည့်အတွက် အောင်မြင်စွာအဆင့်ချိုးဖျက်နိုင်ခဲ့ပြီးဆိုတာ သိသာလှ၏။

သူက ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကို ရောက်ရှိသွားပြီဖြစ်သည်။

ဝေါင်း!

နတ်ဆိုးသားရဲနှစ်ကောင်မျက်လုံးတွေထဲ၌ လေးနက်မှုတွေ ဖြတ်ပြေးသွား၏။

ဤလူသားဆီမှထုတ်လွတ်နေသည့် အလွန်အားကောင်းသည့်အော်ရာကို သူတို့က ခံစားမိနိုင်၏။

ကြည့်ရတာ သူတို့ နောက်ကျသွားပုံပင်။

"ငါမင်းတို့ကိုလိုက်မရှာတာတောင် မင်းတို့က ငါ့ဆီရောက်လာခဲ့ကြတာပဲ..."

မုန့်ချန်ချင်းမျက်နှာပေါ်ရှိအပြုံး တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အေးစက်မှုတွေ အစားထိုးဝင်ရောက်လာခဲ့သည်။

သူသာ နောက်ထပ်နည်းနည်းနောက်ကျသွားလျှင် ကုန်လင်းရွယ် အန္တရာယ်ရှိနိုင်၏။

ထိုအခါ သူမမသေလျှင်တောင် အနည်းဆုံး ဒဏ်ရာအပြင်းအထန်ရမည်ဖြစ်သည်။

ဤလျို့ဝှက်နယ်မြေကိုလာရဖို့ကမလွယ်ပေ။

ဒဏ်ရာအပြင်းအထန်ရသွားလျှင် သူမက နေရာကူးပြောင်းခြင်းတံဆိပ်ကိုချေမွပြီး ထွက်သွားရမည်ဖြစ်သည်။

ထိုအခါ ဆုံးရှုံးမှုဘယ်လောက်ကြီးမလဲဆိုတာ စိတ်ကူးကြည့်နိုင်၏။

ထို့ပြင် ထိုအရာအားလုံးက သူ့ကြောင့်ပင်။

ဝေါင်း!

နတ်ဆိုးသားရဲနှစ်ကောင် ထွက်ပြေးဖို့မရွေးချယ်ခဲ့ပေ။

ထိုအစား သံမဏိချပ်ဝတ်မီးလျှံခြင်္သေ့ကဲ့သို့ ၎င်းတို့က ရှေ့ကိုပြေးထွက်လာကြသည်။

ဉာဏ်ရည်မဖွံ့ဖြိုးသေးသည့် သားရဲတွေအနေဖြင့် ပင်ကိုယ်ဗီဇဖြင့်သာ လုပ်ဆောင်ကြရ၏။

၎င်းတို့သွေးမျိုးဆက်ထဲရှိ နက်ရှိုင်းသည့်ရန်လိုမှုက ၎င်းတို့၏ရွေးချယ်မှုကို လွမ်းမိုးသွားခဲ့သည်။

"သေချင်နေတာပဲ...."

မုန့်ချန်ချင်း အေးစက်စွာပြောလိုက်သည်။

ထို့နောက် ညာလက်ကိုအသာမြောက်ပြီး လက်ချောင်းတွေကိုဖြန့်လိုက်သည်။

ထိုအခါ အေးစက်သည့်အဖြူရောင်မြူတစ်ခု သူ့ခန္ဓာကိုယ်ထဲမှထွက်ပေါ်လာခဲ့သည်။

ထိုအရာက ပင်လယ်ခွဲခြင်းနယ်ပယ်၏ ပြိုင်ဘက်ကင်းစစ်မှန်ချီပင်။

စစ်မှန်ချီထွက်ပေါ်လာသည်နှင့် မီတာ ၃၀ နီးပါးရှည်သည့် ဧရာမဓားရှည်နှစ်ချောင်းအဖြစ်ပြောင်းလဲသွားခဲ့သည်။

"ဖိနှိပ်ခြင်း..."

မုန့်ချန်ချင်း သူ့လက်သီးကိုတင်းကြပ်စွာ ဆုပ်ချလိုက်၏။

ရွစ်!

ဧရာမဓားကြီးတွေ လေကဲ့သို့အရှိန်ဖြင့် လေထုကိုထိုးခွဲသွားရာ နတ်ဆိုးသားရဲနှစ်ကောင် ရှောင်ချိန်တောင်မရလိုက်ပေ။

ဘုန်း! ဘုန်း!

စစ်မှန်ချီ၏စွမ်းအားအောက်၌ ၎င်းတို့၏ဂုဏ်ယူရသည့်ခုခံရေးက အသုံးမဝင်တော့ပေ။

တိုက်ရိုက်ပဲထိုးဖောက်ခံလိုက်ရပြီး ကြီးမားသည့်ခန္ဓာကိုယ်ကြီးတွေ ပြင်းထန်စွာလွင့်ထွက်သွားကာ ရှေးဟောင်းသစ်ပင်ကြီးတွေမှာ ထိုးစိုက်ခံလိုက်ရ၏။

တစ်ချိန်တည်းမှာပဲ မရေးမတွက်နိုင်သည့် အေးစိမ့်ချီတွေ ၎င်းတို့ခန္ဓာကိုယ်ထဲစီးဝင်ကာ တစ်ကိုယ်လုံး အေးခဲသွားစေခဲ့သည်။

မကြာမီ နတ်ဆိုးသားရဲနှစ်ကောင် ရေခဲရုပ်ထုအဖြစ်ပြောင်းသွားပြီး နောက်ဆုံး ခရက်ဆိုသည့်အသံတစ်ခုနှင့် မြေပြင်အနှံ့ကွဲကျေသွားခဲ့သည်။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ဝင်ရောက်ခြင်းက သာမန်ဆန်မှုကိုကျော်လွန်သွားပြီဟု ဆိုလို၏။

နေရာမှာရပ်နေရုံဖြင့် သေခြင်းရှင်ခြင်းကိုဆုံးဖြတ်ဖို့ လုံလောက်တာပဲဖြစ်သည်။

ဒုတ်!

နတ်ဆိုးသားရဲတွေကို ဖြေရှင်းပြီးတာမြင်တော့ ကုန်လင်းရွယ်၏တင်းမာနေသည့်အာရုံကြောတွေ ချက်ချင်းပြေလျော့သွားခဲ့သည်။

ထို့ပြင် ဖိနှိပ်ထားသည့်တစ်ကိုယ်လုံးရှိနာကျင်မှုတွေလည်း ရေကြီးသကဲ့သို့လိမ့်တက်လာပြီး ဒူးတွေကိုပျော့ခွေသွားစေကာ မြေပြင်ပေါ်ဒူးထောက်ကျသွားခဲ့သည်။

အဆင့် ၂ အထွတ်အထိပ်နတ်ဆိုးသားရဲတွေ၏တိုက်ခိုက်မှုကို ခုခံဖို့က မလွယ်ပေ။

ထို့ပြင် သူမလေ့ကျင့်ထားသည့် အင်ပါယာဖျက်ဆီးခြင်းနေမီးတောက်ကျင့်စဥ်က ခုခံမှု အသားပေးကျင့်စဥ်တစ်ခုမဟုတ်ပေ။

၎င်းက ခန္ဓာသန့်စင်နည်းစနစ်တစ်ခုဖြစ်သော်လည်း အထူးမီးတောက်များကို ထိန်းချုပ်ရန်အတွက်သာဖြစ်သည်။

ခလွမ်!

သူမခေါင်းရှိ ကျောက်စိမ်းဆံထိုးမြေပြင်ပေါ်ပြုတ်ကျကာ နှစ်ပိုင်းကျိုးသွားခဲ့သည်။

ထိုအခါ ဆံပင်တွေ ရေတံခွန်ကဲ့သို့ဖြာကျလာခဲ့သည်။

"စီနီယာအမကုန်း..."

မုန့်ချန်ချင်းပုံရိပ် ဖြတ်ကနဲလှုပ်ရှားသွားပြီး သူမကို အလျှင်အမြန်တွဲကူလိုက်သည်။

တစ်ချိန်တည်းမှာပဲ အဆင့် ၂ ကုသဆေးတစ်လုံးထုတ်ကာ ကုန်းလင်းရွယ်ကို တိုက်လိုက်၏။

"ဂုဏ်ယူပါတယ်, ဂျူနီယာမောင်လေးမုန့်။ အခုကစပြီး မင်းက စစ်မှန်တပည့်တစ်ယောက်ဖြစ်သွားပြီ...."

ကုန်လင်းရွယ်မျက်နှာ ဖြူဖြော့နေပေမယ့် အပြုံးတစ်ခုရှိနေဆဲဖြစ်သည်။

"စီနီယာအမကြောင့်မဟုတ်ရင် ဒီနေ့ ကျွန်တော်အောင်မြင်မှာမဟုတ်ပါဘူး..."

မုန့်ချန်ချင်း အလေးအနက်ပြောလိုက်သည်။

သူ၏အုတ်မြစ်နှင့် ကျရှုံးခဲ့လျှင်တောင် ဒဏ်ရာအသေးစားအချို့လောက်ပဲ ရမှာဖြစ်သည်။

အဆုံးမှာတော့ သူ့ရုပ်ခန္ဓာက အလွန်သန်မာ၏။

သို့ပေမယ့် အချိန်တိုအတွင်း သေချာပေါက် နောက်တစ်ကြိမ် အဆင့်ချိုးဖျက်နိုင်တော့မည်မဟုတ်ပေ။

လျို့ဝှက်နယ်မြေက ၅ ရက်သာဖွင့်၏။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်လုပ်ဆောင်နိုင်သည့်အရာမှာ အပ်စိုက်မှတ်ဖွင့်ခြင်းနယ်ပယ် ဘယ်လိုမှမယှဥ်နိုင်ပေ။

"ငါက နည်းနည်းအားစိုက်ထုတ်ပေးရုံပါ...."

ပြဿနာကိုဖြေရှင်းပြီးပြီဖြစ်၍ သူမလည်း ဟာသပြောဖို့ စိတ်အခြေအနေကောင်းလာခဲ့သည်။

ထို့ပြင် ဒဏ်ရာတွေက ထင်ထားသလောက် မပြင်းထန်ပေ။

၎င်းတို့က အခြေခံအုတ်မြစ်ကိုထိခိုက်မသွားသဖြင့် အနည်းငယ်နားရုံဖြင့် အလျှင်အမြန်ပြန်ကောင်းနိုင်၏။

"ဘယ်လိုပဲဖြစ်ဖြစ်, ဒီတစ်ကြိမ် စီနီယာအမကို ကျေးဇူးတင်ရမယ်။ ငါ ဒီကြင်နာမှုကို အမှတ်ရနေမှာပါ...."

မုန့်ချန်ချင်း တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"နောက်ဆုံးတစ်ကြိမ်နဲ့ဆို အခု နှစ်ကြိမ်ရှိသွားပြီမလား...."

ကုန်းလင်းရွယ် နှုတ်ခမ်းလေးတွေကို ဟပြီး ပြုံးလိုက်သည်။

သူမသောက်လိုက်သည့်ကုသဆေးမှာ အာနိသင်ပြလာပြီဖြစ်၍ အသားအရည်မှာ ပြန်လည်ကြည်လင်လာခဲ့သည်။

"ဟုတ်တယ်, နှစ်ကြိမ်ရှိသွားပြီ...."

မုန့်ချန်ချင်းလည်း အပြုံးတစ်ခုနှင့် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ကုန်းလင်းရွယ်ကို ထူပေးပြီး ဂူဆီသို့သွားလိုက်သည်။

"ဒီနေရာက တိတ်ဆိတ်တယ်။ စီနီယာအမကုန်း အရင်အနားယူပြီး ပြန်ကောင်းအောင်လုပ်လိုက်ပါ..."

"ကောင်းပြီ..."

ကုန်းလင်းရွယ်မျက်ခွံ့တွေ ရုတ်တရက်အောက်ကျသွားပြီး သူမ၏နှင်းဖြူရောင်မျက်နှာ၌ နီရဲမှုတစ်ခုထွက်ပေါ်လာခဲ့သည်။

ဤအခိုက်အတန့်၌ သူမက ဂျူနီယာမောင်လေးမုန့်၏လက်မောင်းထဲမှာ ရှိနေခဲ့သည်။

သူမက စိတ်ထဲမှာ အလွန်မတန်ရှက်နေသော်လည်း ခန္ဓာကိုယ်က ခုခံမှုမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် အတော်လေး သက်တောင့်သက်သာဖြစ်နေခဲ့သည်။

အတော်လေး နွေး၏။

ဤအတိုင်း တစ်သက်လုံးနေရလျှင် ကောင်းမည်ပင်။

"စီနီယာအမ, အမတစ်ခုခုလိုရင် ငါ့ကိုခေါ်လိုက်နော်..."

ကုန်းလင်းရွယ်ကို နေရာချပေးပြီးနောက် မုန့်ချန်ချင်း အပြင်ကို လျှောက်ထွက်လာခဲ့သည်။

ကုသဖို့ပတ်ဝန်းကျင်က တိတ်ဆိတ်နေဖို့ လိုအပ်၏။

ဟမ်...

ဂူအပြင်ရောက်သည့်အခါ မုန့်ချန်ချင်းတစ်ခုခုကိုခံစားမိပုံရကာ ခါးကုန်းပြီး ကျောက်စိမ်းဆံထိုးကျိုးလေးကိုကောက်ယူလိုက်သည်။

ဤကျောက်စိမ်းဆံထိုးနှင့်ပတ်သက်၍ မည်သည့်ထူးခြားမှုမှမရှိပေ။

၎င်းက သာမန်အလှပပစ္စည်းတစ်ခုသာဖြစ်သည်။

သို့ပေမယ့် သူက လွင့်မပစ်ခဲ့ပေ။ ထိုအစား လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့သည်။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်ကိုချိုးဖျက်သည့်ဖြစ်စဥ်၌ မည်သည့်အတားအဆီးနှင့်မျှ မကြုံတွေ့ခဲ့ရပေ။

အရာရာတိုင်းက ချောမွေ့နေခဲ့သည်။

ဒါပေါ့၊ ထိုအရာက အဓိကအားဖြင့် ကြေးမှုံငယ်အဆင့်ချိုးဖျက်ဆေးလုံးကြောင့်ဖြစ်သည်။

မဟုတ်လျှင် ချီစွမ်းနှင့် ကောင်းကင်နှင့်မြေကြီးချီကြားရှိ တွန်းကန်မှုကို ချိန်ညှိဖို့က မလွယ်ပေ။

"စစ်မှန်ချီရဲ့စွမ်းအား..."

မုန့်ချန်ချင်း ဘယ်လက်ကိုဖြန့်လိုက်ရာ အေးစက်သည့်အဖြူရောင်စစ်မှန်ချီတစ်မျှင် ထွက်ပေါ်လာခဲ့သည်။

စစ်မှန်ချီ၌ မူလက မည်သည့်စွမ်းအားမှမပါရှိပေ။

သို့ပေမယ့် ကိုယ်လေ့ကျင့်ထားသည့် သိုင်းပညာ ဒါမှမဟုတ် စွမ်းရည်တစ်ခုနှင့်ကိုက်ညီလျှင် သိုင်းပညာစစ်မှန်ချီအဖြစ်ပြောင်းလဲနိုင်၏။

ရိုးရိုးစင်းစင်းပြောရလျှင် အရောင်ဆိုးလိုက်သလိုပင်။

ဥပမာ သင်က "လင်းလုံအေးစက်လမင်းဓားသိုင်း" ကိုလေ့ကျင့်ထားပြီး ဓားသိုင်းကို အသက်သွင်းလိုက်လျှင် အသုံးပြုလိုက်သည့် စစ်မှန်ချီက အေးစက်လမင်းစစ်မှန်ချီဖြစ်သွားမည်ဖြစ်သည်။

တကယ်တော့ သိမ်မွေ့အဆင့်သိုင်းပညာတိုင်းအတွက် ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်က ၎င်းတို့၏စွမ်းအားအစစ်အမှန်ကို ထုတ်သုံးနိုင်သည့်နယ်ပယ်ဖြစ်၏။

အံ့ဖွယ်အသုံးပြုမှုများစွာကို တစ်ခုပြီးတစ်ခု နားလည်လာနိုင်၏။

ဥပမာ အစောပိုင်းက ဧရာမရေခဲဓားကြီးတွေပင်။

စစ်မှန်ချီသာလုံလောက်နေလျှင် ၎င်းတို့မှာ မီတာ တစ်ရာနီးပါး ဒါမှမဟုတ် အကန့်အသတ်မဲ့ထိတောင် ရှည်နိုင်၏။

ထို့ပြင် အချောင်းရေ တစ်ရာ၊ တစ်ထောင်ထိလည်း ခွဲထုတ်နိုင်၏။

သေချာပေါက်ပင်။ မရှိမဖြစ်လိုအပ်သည့်အရာကတော့ စိတ်စွမ်းအားကို ထိန်းထားနိုင်ဖို့ပဲဖြစ်သည်။

ထိုအရာက နှစ်ဘဝအတွေ့အကြုံကြောင့်ဖြစ်ကောင်းဖြစ်နိုင်၏။ သူ၏စိတ်စွမ်းအားက အတော်လေးကောင်းသည်ဟု မုန့်ချန်ချင်းခံစားရ၏။

ဥပမာ ပတ်ဝန်းကျင်တစ်ခုလုံးကိုအေးခဲပြီး ပိုင်နက်တစ်ခုကဲ့သို့ နှင်းပြင်ကြီးအဖြစ်ပြောင်းလဲလိုက်တာပင်။

ဤကဲ့သို့ပတ်ဝန်းကျင်မျိုး၌ တိုက်ခိုက်သည့်အခါ ကိုယ်ကိုယ်တိုင်၏စွမ်းအားကို အဆက်မပြတ်တိုးမြှင့်နိုင်ပြီး ရန်သူကို တဖြည်းဖြည်း အားနည်းလာစေနိုင်တာပဲဖြစ်သည်။

"ငါ နောက်ဆုံးတော့ ဒီအဆင့်ကို ရောက်ပြီ..."

မုန့်ချန်ချင်း မျက်နှာ၌ ဖြော့တော့သည့်အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။

ပင်လယ်ခွဲခြမ်းခြင်းနယ်ပယ်သည် ခွန်အားတိုးတက်လာရုံသာမက အခြားဆက်စပ်အကျိုးကျေးဇူးများစွာကိုလည်း ယူဆောင်လာပေး၏။

All Chapters