← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 19 Ch. 185-186

အခန်း(185)

ဦးလေးချန်၏ စကားက ချန်အန်းသယ်ကို အပြစ်ပြောနေသကဲ့သို့ ရှိသော်လည်း အမှန်တကယ်တွင် ချန်အန်းသယ်၏အတွက် ထွက်ပေါက်တစ်ခုကို ချန်ထားပေးခြင်းပင် ဖြစ်၏။

ချန်အန်းသယ်က သူမနှင့်အတူ ဒုက္ခရောက်ပြီး နောက်ဆုံးတွင် မည်သည့်အရာမျှမကျန်တော့မည်ကို သူ စိုးရိမ်နေခြင်းသာ ဖြစ်ဝသည်။

လင်းမိန်ဟွေ့က ဦးလေးချန်ကို ဆိုင်အပြင်ဘက်အထိ လိုက်လံ၍ပို့ဆောင်ပေးခဲ့ပေသည်။

လင်းမိန်ဟွေ့က ဦးလေးချန်ကို ရိုသေစွာဖြင့်ပြောခဲ်လေ၏။

“ဦးလေး၊ စီးပွားရေးဆိုတာက ဒီလိုပါပဲ၊ အတက်အကျ ရှိတယ်၊ အရှုံးနဲ့ အမြတ် ရှိတယ်၊

ကျွန်မက အန်းသယ်ကို အမြဲကူညီသွားမှာပါ၊ သူ့ကို အရှုံးမပေါ်စေရပါဘူး၊ အများကြီး စိတ်မပူပါနဲ့တော့နော်”

ဦးလေးချန်က လင်းမိန်ဟွေ့ကို ကြည့်လိုက်လေသည်။ မှောင်မည်းသော ညဉ့်ဦးယံတွင် သူ၏ ဘဝအတွေ့အကြုံများဖြင့် ပြည့်နှက်နေသော မျက်လုံးများထဲ၌ ဝမ်းနည်းမှုအရိပ်အယောင်တချို့ ရှိနေ၏။

“ငါတို့က ဒီသားတစ်ယောက်ပဲ ရှိတာလေ၊ သူ ဘာမှမဖြစ်ဘဲ သာမန်လူတစ်ယောက်လိုပဲ နေသွားနိုင်ရင် ကျေနပ်ပါပြီ၊

မိန်ဟွေ့၊ သူက အလုပ်သမားတစ်ယောက်အနေနဲ့ပဲ ဖြစ်ဖြစ် အလုပ်တစ်ခု ရသွားဖို့ ငါ မျှော်လင့်မိတုန်းပဲ”

ဤသည်ကို ကြားရသည့်အချိန်တွင် လင်းမိန်ဟွေ့က ခေတ္တမျှ တိတ်ဆိတ်သွားရသည်။

အမှန်တော့ လောကရှိ မိဘတိုင်းက အတွေးချင်း တူညီကြပေသည်။

သူတို့၏ သားသမီးများကို ဘေးကင်းစေချင်ကြ၏။ ကြိုးတစ်ချောင်းဖြင့် ချည်နှောင်၍ သူတို့၏အနားတွင်သာ တစ်သက်လုံး ထားရှိပြီး မြင်နေ၊ တွေ့နေရမှသာ စိတ်ချနိုင်ကြသူများ ဖြစ်ပေသည်။

လင်းမိန်ဟွေ့က ဦးလေးချန် ပို၍ စိုးရိမ်သွားမည်ကို ကြောက်သောကြောင့် စကားအများကြီးကို မပြောလိုပေ။

သို့သော်လည်း သူမ၏အနေဖြင့် ဖျောင်းဖျရန် လိုအပ်သည်ဟု ခံစားရသောကြောင့်

“ဦးလေး၊ တကယ်တော့ လူတိုင်းမှာက ကိုယ်စီ ကံကြမ္မာ ရှိကြပါတယ်၊

တကယ်လို့ အန်းသယ်ကို စက်ရုံထဲမှာ ပုလင်းဆေးခိုင်း၊ နို့ဘူးဖြည့်ခိုင်းမယ်ဆိုရင် သူ ရူးသွားမှာ ကျိန်းသေတယ်၊

ပြီးတော့ ပိုပြီးတောင် စကားကို နားမထောင်ဘဲ ဖြစ်သွားလိမ့်မယ်”

“အဲဒါတော့ မှန်တယ်၊ သူက ငယ်ငယ်ကတည်းက ဂနာမငြိမ်ဘူးလေ၊ ထူးထူးဆန်းဆန်းတွေဆိုရင် အကုန်လိုက်လုပ်တာပဲ”

ဦးလေးချန်ကလည်း လင်းမိန်ဟွေ့၏ ခွဲခြမ်းစိတ်ဖြာမှုကို လက်ခံလိုက်ပေသည်။

လင်းမိန်ဟွေ့က ဆက်လက်၍ပြောလိုက်လေ၏။

“အန်းသယ်က စီးပွားရေးလုပ်ရတာကို ဝါသနာပါတာပါ၊ ကျွန်မက ဒီမြို့ကနေ ထွက်သွားတာ လေးနှစ်ရှိပြီ၊

သူကတော့ ဒါတွေနဲ့ပဲ လုံးပန်းနေတုန်းဆိုတော့ သူက တကယ်လုပ်ချင်စိတ်ရှိသလို အတွေ့အကြုံတွေကိုလည်း ရှာဖွေနေတာပါ”

“သူ အရှုံးပေါ်ခဲ့တယ်မဟုတ်ဘူးလား၊ အဲဒါကပဲ သူ့ရဲ့ အတွေ့အကြုံပေါ့”

“ဦးလေး.. အဲဒီလိုလည့် မပြောပါနဲ့ဦး၊ ကျွန်မတို့က လမ်းစလျှောက်တတ်ကတည်းက လဲကျရင်းနဲ့ပဲ သင်ယူခဲ့ရတာလေ၊

ဘယ်သူကမှ လမ်းလျှောက်တာနဲ့ ပြေးတာကို တစ်ပြိုင်နက် မတတ်နိုင်ပါဘူး၊ တစ်ဆင့်ချင်းစီ သွားရတာပဲ မလား”

လင်းမိန်ဟွေ့က အလွန်ပင် အလေးအနက်ဖြင့် ပြောဆိုသောကြောင့် ဦးလေးချန်လည်း နားလည်သွားပုံရသည်။

ဦးလေးချန်ကို နားဝင်အောင် ပြောနိုင်ပြီဖြစ်ကြောင်းကို မြင်ရသည့်အချိန်တွင် လင်းမိန်ဟွေ့က အရှိန်ကို ဆက်မြှင့်လိုက်လေ၏။

“နောက်ပိုင်းကျရင် ကျွန်မ ပိုက်ဆံရှာနိုင်တဲ့အချိန် အန်းသယ်ကို ဦးလေးဆီက ယွမ် (၄၀,၀၀၀)ကို အပြတ်ပြန်ဆပ်ခိုင်းပါ့မယ်၊

ပြီးတော့ ဦးလေးတို့အတွက် အာမခံငွေ ယွမ်သောင်းနဲ့ချီပြီးတော့လည်း သူ့ကို ပေးခိုင်းပါ့မယ်၊

ဒါဆိုရင်တော့ သူက ပိုက်ဆံကုန်သွားမှာကို ဦးလေးက စိုးရိမ်စရာ မလိုတော့ဘူးပေါ့”

“ဒါက နည်းလမ်းကောင်းပဲ”

ဦးလေးချန်က လင်းမိန်ဟွေ့က အရာရာကို အစစအရာရာ စဉ်းစားပေးတတ်ပုံက လူမှုပတ်ဝန်းကျင်ထဲသို့ အခုမှ စတင်ဝင်ရောက်လာသည့် တက္ကသိုလ်ကျောင်းသူလေးတစ်ဦးနှင့် မတူကြောင်းကို ခံစားလိုက်ရပေသည်။

လင်းမိန်ဟွေ့က အဘယ်ကြောင့် ချန်အန်းသယ်အပေါ်တွင် ဤမျှအထိ ကောင်းနေရသနည်းဟု သူ မတွေးဘဲ မနေနိုင်တော့ပေ။

သဘောကျလို့ဆိုလျှင်လည်း လင်းမိန်ဟွေ့တွင် စုန့်ယီက ရှိနေပြီးသားပဲလေ။

သူငယ်ချင်းဆိုလျှင်လည်း လင်းမိန်ဟွေ့တွင် သူငယ်ချင်းများစွာက ရှိသည်။ အဘယ်ကြောင့် ချန်အန်းသယ်ကိုသာ ကူညီနေရသနည်း။

ဦးလေးချန်က ခေတ္တစဉ်းစားပြီးနောက် သေချာအောင် မေးမြန်းလိုက်ပေ၏။

“မိန်ဟွေ့၊ ဦးလေးကို အမှန်အတိုင်းပဲ ပြောစမ်းပါ၊ မင်း အန်းသယ်ကို သဘောကျနေလို့လား”

“ဟင်”

လင်းမိန်ဟွေ့က မသိစိတ်ဖြင့် မျက်လုံးများက ဝိုင်းသွားရပေသည်။

ခဏအကြာတွင် သူမက မရယ်ဘဲ မနေနိုင်တော့ပါချေ။

“ဦးလေး၊ ကျွန်မမှာ အစ်ကိုစုန့်ယီ ရှိနေပြီပဲ.. ဘယ်လိုလုပ် ချန်အန်းသယ်ကို သဘောကျနိုင်မှာလဲ”

“ဒါဆိုရင် မင်း သူ့ကို ဘာလို့ဒီလောက်အထိ အမြဲကူညီနေတာလဲဆိုပြီး ငါတွေးနေမိလို့ပါ”

“အန်းသယ်က ကျွန်မအပေါ်ကို အရင်ဆုံး ကောင်းခဲ့တာပါ၊ ကျွန်မ သူ့ကို တပယ် ကျေးဇူးတင်နေခဲ့တာ၊

ကျွန်မ သူ့ကို ကူညီတာကိုလည်း အစ်ကိုစုန့်ယီက ကန့်ကွက်တာမျိုး မရှိပါဘူး၊ ဦးလေး အများကြီး လျှောက်မတွေးပါနဲ့တော့”

လင်းမိန်ဟွေ့က အတိတ်ဘဝတွင် သူမ အခက်တွေ့နေချိန်၌ ချန်အန်းသယ်က ကူညီခဲ့သည်ကို ပြန်လည်မှတ်မိပြီး ယခုဘဝတွင် ထိုကျေးဇူးကို ပြန်လည်ပေးဆပ်နေခြင်းပင် ဖြစ်သည်။

ဦးလေးချန်လည်း စိတ်အေးသွားပြီး လင်းမိန်ဟွေ့ကိုမှာလိုက်လေသည်။

“ဒါဆိုရင်တော့ မင်း အန်းသယ်ကို သေချာ စောင့်ကြည့်ပေးပါဦး၊ သူ မိုက်မဲတာတွေကို မလုပ်မိပါစေနဲ့၊

နောက်ပိုင်းကျရင် ငါတို့ လင်မယားနှစ်ယောက်ရဲ့ အိုစာမင်းစာက သူ့အပေါ်မှာပဲ မူတည်နေတာဆိုတော့ ဘာအမှားမှ အဖြစ်မခံနိုင်တော့ဘူး”

“ကောင်းပါပြီ ဦးလေး၊ ကျွန်မက သူ့ကို သေချာပေါက် စောင့်ကြည့်ပေးပါ့မယ်”

လင်းမိန်ဟွေ့က ဦးလေးချန်၏ နောက်ကျောက ညအမှောင်ထုထဲသို့ ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးနောက် ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့၏။

ချန်အန်းသယ်က မျက်နှာပျက်လျက် ရှိနေပြီး ဖခင်ဖြစ်သူ၏ ဆူပူမှုကို ခံခဲ့ရသောကြောင့် မပျော်မရွှင်နိုင် ဖြစ်နေဆဲပင်။

လင်းမိန်ဟွေ့က စားပွဲသို့ လျှောက်သွား၍ ရေတစ်ငုံကို သောက်လိုက်ချိန်တွင် ချန်အန်းသယ်၏ ဒေါသတကြီးဖြင့် ပြောဆိုသံကို ကြားလိုက်ရသည်။

“သူ့လိုမျိုး ကိုယ့်သားကို သူရဲဘော်ကြောင် ဖြစ်စေချင်တဲ့သူမျိုး တစ်ချိန်မှ မမြင်ဖူးဘူး၊

ဒီအလုပ်လုပ်လည်း မဟုတ်ဘူး၊ ဟိုအလုပ်လုပ်လည်း မဟုတ်ဘူး၊ ပိုက်ဆံရှာနိုင်ရင်လည်း မပျော်ဘူး၊ ရှုံးရင်လည်း မပျော်ဘူး”

“ရှင့် ကျေနပ်သင့်တယ်၊ ဂရုစိုက်ပေးမဲ့ အဖေရှိနေသေးတာပဲလေ”

“ဒီလိုအဖေမျိုးက မရှိလည်း ဘာမှမဖြစ်ပါဘူး”

ချန်အန်းသယ်၏ စကားအဆုံးတွင် လင်းမိန်ဟွေ့က သူ့ကို စိတ်ပျက်သောအကြည့်ဖြင့် ကြည့်နေသည်ကို မြင်လိုက်ရ၏။

သူက အကြောင်းပြချက်မရှိ ကြောက်လန့်သွားပြီးစကားပြန်ပြင်လိုက်ရပေသည်။

“ငါက ဆိုလိုတာက.. သူ ငါ့ကို ဒီလိုမျိုး လာချုပ်ကိုင်နေတာကို မကြိုက်လို့ပါ”

လင်းမိန်ဟွေ့က သက်ပြင်းချလိုက်ပြီး တခြားအခန်းထဲတွင် အိပ်ရာပြင်နေသော စုန့်ယီကို လှမ်းကြည့်လိုက်လေ၏။

“ကျွန်မနဲ့ အစ်ကိုစုန့်ယီမှာတော့ ဘယ်တော့မှ အဖေဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး၊

ရှင် ရှင့်ရဲ့အဖေနဲ့ ကောင်းကောင်းမွန်မွမ် ဆက်ဆံတတ်ဖို့ သင်ယူရဦးမယ်”

ချန်အန်းသယ်တစ်ယောက် မတိုင်ခင်က သူ စကားမှားသွားကြောင်းကို သိသောကြောင့် တိတ်ဆိတ်သွားရ၏။

လင်းမိန်ဟွေ့က ဦးလေးချန်ကို သူမက ကတိပေးခဲ့သည်များကို ချန်အန်းသယ်ကို ရှင်းပြလိုက်လေ၏။

“နောက်ပိုင်းကျရင် ရှင် ပိုက်ဆံရှာနိုင်တဲ့အချိန်ကျရင် အရင်ဆုံး ရှင့်ရဲ့အဖေဆီကို ယွမ် (၄၀,၀၀၀)ကို အရင်ပြန်ဆပ်ရမယ်၊

ပြီးရင် ယွမ် (၃၀,၀၀၀) ကို အာမခံအဖြစ် အပ်ထားလိုက်၊ ကျန်တဲ့ ပိုက်ဆံတွေကိုတော့ ရှင်က ကြိုက်သလို သုံးနိုင်တယ်”

“ဘာလို့လဲ”

“ချန်အန်းသယ်၊ လူကြီးတွေက ရှင် စီးပွားရေးလုပ်ရင်း အရှုံးပေါ်သွားမှာကို စိုးရိမ်နေတာလေ၊

အဲဒီကျရင် သူတို့မှာက နေစရာ၊ စားစရာ မရှိတော့မှာကို ကြောက်နေတာ၊ ရှင့်ဘက်က သူ့ကို စိတ်အေးသွားအောင် လုပ်ပေးဖို့ လိုတယ်”

လင်းမိန်ဟွေ့က ပြောပြီးနောက်တွင် ချန်အန်းသယ် တွေးတောစဉ်းစား လာခဲ့သည်။

“ကျွန်မတို့တွေက ကိုယ်ချစ်ရတဲ့သူတွေအတွက် ရှင်သန်နေကြတာ မဟုတ်ဘူးလား၊

မဟုတ်ရင် ရှင် ဘာလို့ ပိုက်ဆံရှာနေမှာလဲ၊ တကယ်လို့ ရှင့်ရဲ့အဖေက နေ့တိုင်း စိုးရိမ်ပူပန်ပြီး ကျန်းမာရေး မကောင်းဖြစ်နေမယ်ဆိုရင် ရှင် ဘယ်လောက်ပဲ ရှာနိုင်ပါစေ အလကားပဲ”

“ကောင်းပါပြီ၊ ငါ နားလည်ပါပြီ၊ မင်း ပြောတဲ့အတိုင်းပဲ လုပ်လိုက်မယ်”

ချန်အန်းသယ်က စကားပြောပြီးနောက် လင်းမိန်ဟွေ့နှင့် စုန့်ယီကို နှုတ်ဆက်၍ အိမ်သို့ ပြန်သွားလေတော့သည်။

ချန်အန်းသယ်က ထွက်သွားပြီးနောက်တွင် စုန့်ယီက အခန်းထဲမှ ထွက်လာပြီး လင်းမိန်ဟွေ့ကို ကြည့်၍ပြောလာသည်။

“မိန်ဟွေ့၊ မင်း ချစ်တဲ့သူက ကိုယ်ပဲဆိုတာကိာသာ ကိုယ် မသိရင်.. မင်း ချန်အန်းသယ်ကို ဒီလောက်အထိ ကူညီနေတာကို မြင်ရတာနဲ့ ကိုယ် မနာလိုဖြစ်မိတော့မှာပဲ”

လင်းမိန်ဟွေ့က စနောက်သည့်လေသံဖြင့်ပြန်လည်ပြောလိုက်လေ၏။

“သူက ကျွန်မရဲ့ အတိတ်ဘဝက ကျေးဇူးရှင်လေ၊ ဒါကြောင့် ကျိန်မလည်း သူ့ကို ကောင်းကောင်း ပြန်ကျေးဇူးဆပ်ရမှာပေါ့”

ညဉ့်အမှောင်ထုက ရေပြင်ကဲ့သို့ အေးမြလာခဲ့သည်။ စုန့်ယီနှင့် လင်းမိန်ဟွေ့တို့က ခုတင်ပေါ်၌ ဘေးချင်းယှဉ်၍ လှဲလျောင်းနေကြပြီး ယခင်အတိုင်းပင် ရှိနေခဲ့ကြလေ၏။

သူတို့က ငယ်ရွယ်ချိန်များတွင် ရှက်ရွံ့ခဲ့ကြသည်များကို ပြန်လည်တွေးတောမိကာ ပြုံးမိကြသည်။

လင်းမိန်ဟွေ့က တစ်ဖက်သို့စောင်းလှည့်လိုက်ပြီး လက်တစ်ဖက်ဖြင့် ပါးကိုထောက်၍ အပြုံးရိပ်သန်းနေသောမျက်နှာအမူအရာဖြင့် မေးလိုက်၏။

“အစ်ကိုစုန့်ယီ၊ အရင်တုန်းက ကျွန်မတို့က ခုတင်တစ်လုံးတည်းမှာ အတူအိပ်ခဲ့ကြတုန်းက အစ်ကို့ရဲ့စိတ်ထဲမှာ မကောင်းတဲ့အတွေးတွေ တစ်ခေါက်မှ မရှိခဲ့ဘူးလား”

“မကောင်းတဲ့အတွေးဆိုတာက ဘာလဲ”

စုန့်ယီက မသိနားမလည်သကဲ့သို့ ဟန်ဆောင်လိုက်သော်လည်း သူ၏ ရင်ခုန်သံများက မြန်ဆန်နေခဲ့သည်။

ဤအချိန်တွင် ဤအကြောင်းအရာကို ဆွေးနွေးရမည်ကို သူ ကြောက်ရွံ့မိပေသည်။

ဤသည်က လူ၏ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ချိတ်ဖြင့် ချိတ်ဆွဲထားသကဲ့သို့ ဖြစ်နေစေပြီး စိတ်များကို ယိမ်းယိုင်စေနိုင်ပေ၏။

သူ လင်းမိန်ဟွေ့၏ ကိုယ်ပေါ်မှ သူမတွင်သာရှိသည့် ထူးခြားသည့် ရနံ့သင်းသင်းတို့ကို ရှူရှိုက်နေမိသည်။

ယခင်က စစ်တပ်စခန်းတွင် ရှိနေချိန်က အိပ်မပျော်သည့် ညများ၌ ဖြစ်စေ၊ ရဲဘော်များက အမျိုးသမီးများ၏ အကြောင်းကို ပြောဆိုသည့်အချိန်၌ ဖြစ်စေ သူ ဤရနံ့လေးကိုသာ အမြဲတမ်း သတိရနေမိခဲ့သည်။

ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ရှိ နာကျင်ပင်ပန်းမှုများ အားလုံးက ပျောက်ကွယ်သွားရသည်။

လင်းမိန်ဟွေ့က ပေးခဲ့သော ခွန်အားနှင့် ယုံကြည်မှုများကြောင့်သာ သူက ဇွဲမလျှော့ဘဲ ဆက်လက်၍ ကြိုးစားနိုင်ခဲ့ခြင်းဖြစ်ကြောင်းကို သူ ဝန်ခံရပေလိမ့်မည်။

*

အခန်း(186)

လင်းမိန်ဟွေ့က စုန့်ယီကို တွန်းလိုက်ပြီး နူးညံ့စွာ ပြုံး၍ပြောလိုက်လေသည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မကို တုံးအချင်ယောင် လာမဆောင်နဲ့နော်၊ ကျွန်မတို့ ကျေးလက်မှာ ရှိချိန်ကတည်းက အစ်ကို ကျွန်မအပေါ်ကို စိတ်ယိမ်းယိုင်ခဲ့တယ်ဆိုတာ ကျွန်မ သိတယ်၊ ဟုတ်တယ်မလား”

သူမ၏ စကားအဆုံးတွင် စုန့်ယီက ထိုနူးညံ့သော အသံနှင့် ရနံ့သင်းသင်းလေးတို့ကြားတွက် ထပ်မံ၍ သည်းမခံနိုင်တော့ပေ။

သူက ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး လင်းမိန်ဟွေ့ကို သူ၏အောက်တွင် ဖိထားလိုက်သည်။

“မိန်ဟွေ့၊ မင်းသာ ထပ်မေးနေမယ်ဆိုရင် ဒီည ကိုယ် မင်းကို လွှတ်ပေးတော့မှာ မဟုတ်ဘူးနော်”

“အစ်ကိုက ကျွန်မကို ဘာလုပ်မှာမို့လို့ လွှတ်မပေးတာလဲ”

လင်းမိန်ဟွေ့၏ ရင်ခုန်သံများကလည်း မြန်ဆန်လာရ၏။

လူနှစ်ဦးက အလွန်နီးကပ်စွာ ရှိနေသောကြောင့် စုန့်ယီ၏ ရင်ဘတ်ရှိ တောင့်တင်းခိုင်မာသော ကြွက်သားများနှင့် ပူနွေးသော အပူရှိန်ကိုပါ သူမ ခံစားနေရသည်။

ဤသည်က ဖော်ပြ၍မရသော ထူးဆန်းသည့် ခံစားချက်မျိုးပင် ဖြစ်သည်။

ဤခံစားချက်က လောင်မြိုက်နေသော မီးလျှံကဲ့သို့ဖြစ်ပြီး မည်သူကမျှ မတွန်းလှန်နိုင်လောာ်အောင် ခက်ခဲကြောင်းကို ရှောင်ချင်း ပြောပြဖူးသည်ကို သူမ သတိရမိသည်။

လင်းမိန်ဟွေ့က လည်ချောင်းများ ခြောက်သွေ့လာပြီး မျက်လုံးများကလည်း တောက်ပနေလေ၏။

စုန့်ယီက သူမ၏ နားရွက်အနီးသိုကပ်ကကာနူးညံ့စွာ အသာအယာ နမ်းလိုက်လေ၏။

ထိုသို့ ထုံကျင်သွားသော ခံစားချက်နှင့်အတူ စုန့်ယီက သူမ၏ နားထဲသို့ ခပ်တိုးတိုး ကပ်ပြောလိုက်ပေ၏။

“အဲဒါက.. ကိုယ် မင်းကို စားပစ်မှာလေ”

ဤစကားလုံးများတွင် ထူးဆန်းသော အပူငွေ့များက ပါဝင်နေသောကြောင့် လင်းမိန်ဟွေ့အနေဖြင့် ရုန်းထွက်ရန် ခက်ခဲနေသကဲ့သို့ ခံစားလိုက်ရသည်။

စုန့်ယီ၏ လက်များက ညင်သာစွာ ရွေ့လျားလာခဲ့ပြီး သူတို့နှစ်ဦး၏ အသက်ရှူသံများကလည်း တဖြည်းဖြည်း မြန်ဆန်လာ၏။

လင်းမိန်ဟွေ့ နောက်ဆုံးတွင် စုန့်ယီကို အသာတွန်းဖယ်ပြီးပြောလိုက်လေသည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မတို့ စောစော အိပ်ကြရအောင်၊ မနက်ဖြန် လုပ်စရာတွေ အများကြီး ရှိသေးတယ်လေ”

သူမ၏ အမူအရာကို မြင်လျှင် စုန့်ယီက ညင်သာစွာ ရယ်မောလိုက်လေ၏။

သူမက နောက်ဆုံးတွင်တော့ ကြောက်နေသေးသည် မဟုတ်ပါလား။

သို့သော် သူ အလျင်မလိုပေ။ လင်းမိန်ဟွေ့က သူ၏ ဇနီးလောင်းဖြစ်ပြီး ရှေ့လျှောက်လည်း အချိန်များစွာ ကျန်ရှိနေသေးသည်။

သူတို့က ထိုနေ့ရက်ကို အမြဲ စောင့်ဆိုင်းနေနိုင်ပေသည်။

စုန့်ယီက သူ၏ ဦးခေါင်းကို လက်တွင် ခေါင်းအုံးထားပြီး အနာဂတ်ကို တွေးတောနေမိသည်။

“မိန်ဟွေ့.. လက်ကားဆိုင် စီးပွားရေးလေး အခြေကျသွားပြီဆိုရင် ကိုယ်တို့ မင်္ဂလာဆောင်ကြမယ်၊

သူငယ်ချင်းတွေအားလုံးကိုလည်း ဖိတ်ကြတာပေါ့”

“ကောင်းပါပြီ!”

“လက်ထပ်ပြီးရင် ကလေးတွေကို အများကြီး ယူကြမယ်၊ မိသားစုကြီးရဲ့ ပျော်ရွှင်မှုကို ခံစားကြမယ်”

သူ့၏စကားကို ကြားရသည့်အချိန်တွင် လင်းမိန်ဟွေ့၏ နှုတ်ခမ်းထောင့်လေးများက အနည်းငယ် ကွေးညွတ်သွားရ၏။

“ကောင်းပြီ၊ ကလေးနှစ်ယောက်လောက် ယူကြတာပေါ့၊ အချိန်တန်ရင် သူတို့ကို မြို့ကြီးမှာ နေနိုင်အောင် သင်ကြားပေးမယ်၊

ပြီးရင် ကျွန်မတို့ကတော့ ကျေးလက်ကို ပြန်ပြီး လယ်ယာလေးတွေကို လုပ်ကိုင်ရင်း လွတ်လပ်တဲ့ ဘဝကို ခံစားကြမယ်”

“နှစ်ယောက်တည်းဆိုရင် နည်းလွန်းတယ်၊ အနည်းဆုံး ဆယ်ယောက် ဒါမှမဟုတ် ရှစ်ယောက်လောက်တော့ ယူရမယ်”

“အစ်ကိုစုန့်ယီကတော့.. အရမ်း လောဘမကြီးပါနဲ့ဦး၊ ဝက်တွေကပဲ အဲဒီလောက် အများကြီး မွေးတာပါ၊

ကျွန်မတို့မှာလည်း ကိုယ်ပိုင်ဘဝ ရှိသေးတာပဲ၊ ကလေးတွေအတွက်နဲ့ပဲ အချိန်ကုန်လို့ ဘယ်ဖြစ်မလဲ”

လင်းမိန်ဟွေ့က စုန့်ယီနှင့်အတူ ဖြည်းဖြည်းချင်း အိုမင်းသွားပြီး နေထွက်ချိန်၊ နေဝင်ချိန်များ၏ ပျော်ရွှင်မှုကို ခံစားလိုခြင်း ဖြစ်ပေသည်။

ချိုမြိန်သော အခိုက်အတန့်လေးများ ကုန်ဆုံးပြီးနောက် သူတို့နှစ်ဦးလုံးက အိပ်ပျော်သွားကြလေတော့သည်။

နောက်တစ်နေ့တွင် လင်းမိန်ဟွေ့ နိုးလာသည်နှင့် တစ်ပြိုင်နက် တံခါးအပြင်မှ ချန်အန်းသယ်၏ အော်ဟစ်သံကို ကြားလိုက်ရပေသည်။

“မိန်ဟွေ့၊ စုန့်ယီ.. မြန်မြန် ထကြပါဦး၊ လူတွေအများကြီး စူပါမားကတ်ရှေ့မှာ တန်းစီနေကြပြီ၊ ငါတို့ရဲ့ မက်မွန်သီးတွေကို ဝယ်ချင်လို့တဲ့”

လင်းမိန်ဟွေ့က ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူမက အလျင်အမြန်ပင် အဝတ်အစားလဲ၍ စုန့်ယီနှင့်အတူ ချန်အန်းသယ်၏ ကားဖြင့် ခရိုင်မြို့သို့ လိုက်ပါခဲ့ပေသည်။

သေချာပေ၏။ လူများက တန်းစီနေကြပြီး လူတန်းကြီးက အလွန်ရှည်နေပေသည်။

ဘေးနားရှိ စူပါမားကတ် နှစ်ခု၏ ရှေ့တွင် ကြက်ဥဝယ်မည့်သူ အနည်းငယ်သာ ရှိတော့ပေသည်။

“ဘာဝယ်မလို့လဲ၊ ဘာလို့ ဒီလောက်တောင် စိတ်အားထက်သန်နေကြတာလဲ”

တန်းစီနေသူတစ်ဦးကို တစ်စုံတစ်ယောက်က မေးမြန်းလိုက်လျှင် ထိုသူက ပြုံးရွှင်လျက်ဖြေလေသည်။

“ဒီစူပါမားကတ်က မက်မွန်သီးတွေက အရမ်းစားကောင်းပြီး ဈေးလည်း တန်တယ်၊

ဝယ်ပြီးရင် လူတိုင်းကို ဝေစားလို့ရတယ်လေ၊ လူတိုင်းက ဒါကို ကံကောင်းစေတဲ့ မက်မွန်သီးတွေလို့ ပြောကြတယ်”

ယမန်နေ့က မင်္ဂလာဆောင်အတွက် မက်မွန်သီးဝယ်သွားသူများ၏ မင်္ဂလာပွဲတွင် လူတိုင်းက မက်မွန်သီးက အရသာရှိကြောင်းကို ပြောဆိုခဲ့ကြခြင်းလေသည်။

ထို့အပြင် အနီရောင်တောက်တောက်နှင့် ဖြစ်သောကြောင့် မင်္ဂလာပွဲနှင့်လည်း အလွန်လိုက်ဖက်လွန်းသည်။

ထို့ကြောင့် လူတိုင်းက ကံကောင်းခြင်းများကို ရရှိရန်အတွက် ဤမက်မွန်သီးများကို ဝယ်ယူလိုကြခြင်း ဖြစ်၏။

ထိုအချိန်တွင် ဘေးဆိုင်နှစ်ဆိုင်မှ လူများကအော်ဟစ်ကြသည်။

“ဘာကို ကံကောင်းစေတဲ့ မက်မွန်သီးလဲ၊ ဒါတွေက ရိုးရိုး ရှန်းသုန်း မက်မွန်သီးတွေပါပဲ၊

ဘယ်လောက် ဈေးပေါပေါနဲ့ ဝယ်လာလဲမှ မသိတာ၊ သူတို့က နယ်ကလူတွေကို လိမ်နေတာ”

သို့သော်လည်း မည်သူကမျှ သူတို့၏စကားကို မယုံကြပေ။ ချန်အန်းသယ်က ဆိုင်တံခါးဖွင့်လိုက်သည်နှင့် လူများက ပြုံတိုးဝင်သွားကြပြီး စင်ပေါ်ရှိ မက်မွန်သီးများအားလုံးကို ဝယ်ယူသွားကြလေတော့သည်။

ချန်အန်းသယ်၏ စူပါမားကတ် ဝင်ငွေက ထပ်မံ၍ နှစ်ဆ တိုးလာခဲ့ပြန်၏။

လူတိုင်းက အလွန်ပင် ဝမ်းမြောက်ပျော်ရွှင်နေကြပြီး အရာအားလုံးက ကောင်းမွန်သော ဦးတည်ချက်သို့ ရောက်ရှိနေပြီဟု ခံစားနေကြရပေသည်။

မွန်းလွဲပိုင်းတွင် လူတချို့က ဗိုက်ကိုနှိပ်၍ မျက်နှာပျက်လျက် လူအုပ်ထဲသို့ ပြေးဝင်လာပြီးအော်ဟစ်လေတော့သည်။

“မဝယ်ကြပါနဲ့တော့၊ ဒီမက်မွန်သီးတွေကိ စားလို့မရဘူး၊ စားပြီးတာနဲ့ ဝမ်းလျှောတော့တာပဲ၊ ပိုးသတ်ဆေးတွေကို အလွန်အကျွံ သုံးထားသလား မသိဘူး”

ချန်အန်းသယ်က ထိုသူများက မနက်က တန်းစီဝယ်သွားသူများ ဖြစ်နေသည်ကို မြင်ရသည့်အချိန်တွင် ပေါ့ပေါ့ဆဆ မထားရဲပေ။

“အားလုံးပဲ စိတ်မပူကြပါနဲ့၊ ကျွန်တော်က ကိုယ်တိုင် မြည်းကြည့်ပါ့မယ်၊

တကယ်လို့ ဒီမက်မွန်သီးတွေကြောင့် ဗိုက်နာတယ်ဆိုရင်တော့ ကျွန်တော်က ကျိန်းသေပေါက် ပြန်ပေးဆပ်ပါ့မယ်”

“ကျွန်တော်တို့က အခုချက်ချင်းပဲ လျော်ကြေးကို လိုချင်တာ၊ ခင်ဗျားက မြည်းကြည့်တာနဲ့ ဘာဆိုင်လိုလဲ၊ တစ်ယောက်နဲ့တစ်ယောက်တူျာမှမဟုတ်တာ..

ခင်ဗျားက စားလို့ ဝမ်းမလျှောရင် ကျွန်တော်တို့က ဘယ်သူ့ဆီမှာ သွားပြီး တရားစွဲရမှာလဲ”

ထိုလူတချို့က အလွန်ပင် တင်းမာနေပြီး လျှော့ပေးမည့် အမူအရာမျိုး မရှိပေ။

ချန်အန်းသယ် ခေတ္တမျှ စိတ်ရှုပ်ထွေးသွားရပြီး စာရေးမလေးအား လင်းမိန်ဟွေ့ကို သွားခေါ်ရန်သာ မှာလိုက်ရသည်။

သူ့အနေဖြင့်လည်း ပြဿနာခဏခဏ တက်နေသည်က မကောင်းကြောင်းကို သိပါသော်လည်း ဤကဲ့သို့သော ကိစ္စမျိုးအတွက် တခြားနည်းလမ်း မရှိပေ။

လင်းမိန်ဟွေ့က သူမ၏ ဆိုင်လေးတွင် ပစ္စည်းများကို ပြင်ဆင်နေလေ၏။ ကံမကောင်းစွာဖြင့် ဝယ်သူများက ရှိမနေသေးပေ။

မနက်ပိုင်းတွင် ယွမ် (၄၀၀) ဖိုးမျှသာ ရောင်းရပြီး အသားတင်အမြတ်မှာ ယွမ် (၁၀၀) ကျော်မျှသာ ရှိသည်။

အနည်းဆုံးတော့ လုံးဝ မရောင်းရသည်ထက် စာလျှင် တော်သေးသည်ပင်။

ချန်အန်းသယ်၏ ဝန်ထမ်းလေးက ထိတ်လန့်တုန်လှုပ်လျက် ပြေးဝင်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် တစ်စုံတစ်ခု ထပ်မံ၍ဖြစ်ပွားနေပြီကြောင်းကို လင်းမိန်ဟွေ့ သိလိုက်လေ၏။

လင်းမိန်ဟွေ့က အခြေအနေကို အလျင်အမြန် စုံစမ်းလိုက်ပြီး တစ်စုံတစ်ယောက်က အစားလွန်၍ ပြဿနာရှာနေသည်ဟု ကြားသိရသည်။

လင်းမိန်ဟွေ့က ဤသို့ဖြစ်လာမည်ကို ကြိုတင်၍ ခန့်မှန်းမိပြီးသားပင် ဖြစ်၏။

မက်မွန်သီးစားပြီး ဗိုက်နာနိုင်သည်က ဖြစ်နိုင်သော်လည်း၊ လူအများက တပြိုင်တည်း ဗိုက်နာနေကြသည်က ထူးဆန်းလွန်းသည်။

သူတို့ ချန်အန်းသယ်ကို ဒုက္ခပေးချင်နေမှတော့၊ သူမ၏အနေဖြင့်လည်း သူမ၏ မက်မွန်သီးကို ကြော်ငြာရန် အခွင့်ကောင်းယူရလိမ့်မည်။

လင်းမိန်ဟွေ့က ဝန်ထမ်းလေး၏နောက်မှ လိုက်သွားပြီး စူပါမားကတ် တံခါးဝသို့ ရောက်ရှိလာ၏။

လူတချို့က ဗိုက်ကိုနှိပ်၍ မြေကြီးပေါ်တွင် လူးလိမ့်နေကြဆဲပင်။

“လူတိုင်းကို တောင်းပန်ပါတယ်၊ အရင်ဆုံး ဆေးရုံကို သွားပြီး စစ်ဆေးကြည့်ကြရအောင်၊

ဆေးရုံမှာ ခေတ်မီတဲ့ စက်ကိရိယာတွေက ရှိနေတော့ ဗိုက်နာရတဲ့ အကြောင်းရင်းကို ရှာတွေ့နိုင်မှာပါ၊

မကြောက်ကြပါနဲ့၊ ကုန်ကျစရိတ် တိုင်းကို ကျွန်မတို့ တာဝန်ယူပါ့မယ်”

လင်းမိန်ဟွေ့က ဝန်ထမ်းများကို ထိုလူများအား ထူခိုင်းပြီး ဆေးရုံသို့ ခေါ်သွားရန် ပြင်ဆင်လေသည်။

ထိုလူများက ရုတ်တရက် မသွားချင်ခဲ့ကြဘဲ နောက်သို့ ပြန်ဆွဲနေကြသောကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်လာလေ၏။

ပတ်ဝန်းကျင်မှ လူများကလည်း လက်ညှိုးထိုး၍ ဝိုင်းကြည့်နေခဲ့ကြ သည်။

စူပါမားကတ်၏ တံခါးဝမှ ရုန်းရင်းဆန်ခတ်မှုက ပို၍ပင် ပြင်းထန်လာ၏။

ဤသည်က လင်းမိန်ဟွေ့က အမှန်တကယ် လိုချင်နေသော အကျိုးသက်ရောက်မှုပင် ဖြစ်သည်။

သူမ၏ လေသံက နူးညံ့ပြီးလေးနက်နေခဲ့သည်။

“ရှင်တို့ အခု နေမကောင်း ဖြစ်နေတာလေ၊ ဆေးရုံကိုသွားပြီး စစ်ဆေးမှုတွေကို လုပ်ရမယ်၊

ဒါမှ ရောဂါအကြောင်းရင်းကို သိရမှာပေါ့၊ အဲဒီကျမှ ကျန်တဲ့ ကိစ္စတွေကို ဆက်ပြီး ဆွေးနွေးလို့ ရမှာပ”

“ငါတို့ စစ်ဆေးမှုတွေကို မလုပ်ချင်ဘူး၊ ဒီစူပါမားကတ်က စားစရာတွေက စားလို့မရဘူးဆိုတာကို လူတိုင်းကိုသိအောင် လုပ်ချင်တာ၊ ဒါကိုစားလိုက်ရင် ဗိုက်နာလိမ့်မယ်၊ အား.

“

“ငါ ဝမ်းသွားချင်လာပြီ၊ အိမ်ကိုပြန်ပြီး ဝမ်းသွားရမယ်!”

လူတစ်ယောက်က သူ၏ဗိုက်ကိုနှိပ်၍ ထွက်ပြေးလေတော့သည်။ လင်းမိန်ဟွေ့က ဝန်ထမ်းတစ်ဦးကို သူ့နောက်သို့ အမြန်လိုက်ခိုင်းလိုက်ပေ၏။

လူအများ၏ ကျန်းမာရေးအတွက် တာဝန်ယူရမည် မဟုတ်ပါလား။

အကယ်၍ ထိုသူက ဝမ်းလျှောလွန်း၍ မထနိုင်အောင် ဖြစ်သွားပါကလည်း ဆေးရုံသို့ တွဲခေါ်သွားရမည် ဖြစ်၏။

All Chapters