← Chapters

အခန်း (၆၆၇-၆၆၈)

Vol. 67 Ch. 667-668

အခန်း (၆၆၇-၆၆၈)

Vol. 67 Ch. 667-668

အခန်း (၆၆၇) နတ်ဆိုးဧကရာဇ် နှင့် ကောင်းကင်ဧကရာဇ် တို့၏ ထိပ်တိုက်တွေ့မှု

"အဲဒါက အမှန်တရားရဲ့ တစ်စိတ်တစ်ပိုင်းလို့ ပြောလို့ရတာပေါ့။ အမှန်အတိုင်း ပြောရရင် သူတို့ဟာ အရင်က လူသားတွေ ဖြစ်ခဲ့ကြပေမဲ့ အခုတော့ လူသားတွေ မဟုတ်တော့ဘူး" ရွှင်း၏ စကားကြောင့် လုံချန်းမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်သွားရသည်။

"နင် မျက်စိလည်သွားမယ်ဆိုတာ ငါနားလည်ပါတယ်။ ဒါပေမဲ့ ဒါက တော်တော်လေး ရှည်လျားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ ငါ အတတ်နိုင်ဆုံး တိုတိုတုတ်တုတ် ဖြစ်အောင် ရှင်းပြမယ်" လုံချန်း၏ နားမလည်နိုင်သော မျက်နှာကို ကြည့်ကာ သူမက ဆက်ပြောသည်။

"ဒီစကြဝဠာထဲမှာ သာမန်လူသား လောကပေါင်း ထောင်နဲ့ချီပြီး ရှိနေတယ်။ ဒီကမ္ဘာကလည်း အဲဒီထဲက တစ်ခုပဲ။ ဒါပေမဲ့ ဒီကမ္ဘာက သူ့ဘာသာသူ တော်တော်လေး ထူးခြားနေတယ်။ အစတုန်းက ဒါဟာ သာမန်လူသားလောက မဟုတ်ခဲ့လို့ပဲ"

"အစပိုင်းမှာ ဒီကမ္ဘာကို ဝိညာဉ်လောကလို့ ခေါ်ခဲ့ကြတယ်။ ဝိညာဉ်သတ္တဝါ မျိုးစုံ ဒီမှာ နေထိုင်ခဲ့ကြတာပေါ့။ အဲဒီအချိန်တုန်းက ဒီမှာ လူသားဆိုတဲ့ အရိပ်အယောင်တောင် မရှိခဲ့ဘူး။ ဒါပေမဲ့ အခြေအနေတွေက စတင် ပြောင်းလဲလာခဲ့တယ်။ ဝိညာဉ်သတ္တဝါတွေဟာ မျိုးပွားဖို့ ခက်ခဲလာတာကြောင့် တဖြည်းဖြည်း သေဆုံးကုန်ကြတယ်။ သူတို့ရဲ့ မျိုးနွယ်စုတွေ မျိုးတုံးတော့မယ့် အခြေအနေ ရောက်လာတဲ့အခါ သူတို့အတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကို ရှာဖွေခဲ့ကြတယ်"

"သူတို့ဟာ သူတို့ရဲ့ မျိုးနွယ်ဆက်လက် တည်တံ့ဖို့အတွက် တခြားမျိုးနွယ်စုတွေနဲ့ ပေါင်းစပ်မျိုးပွားဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ဒီကမ္ဘာမှာက ဝိညာဉ်သတ္တဝါကလွဲလို့ တခြားမျိုးနွယ် မရှိဘူးလေ"

"အကြာကြီး စဉ်းစားစုံစမ်းပြီးတဲ့နောက်မှာတော့ သူတို့ဟာ အနီးအနားက ဂြိုဟ်တစ်ခုမှာ ထူးခြားတဲ့ မျိုးနွယ်စုတစ်ခု ရှိနေတာကို တွေ့သွားခဲ့တယ်။ အဲဒီမျိုးနွယ်စုကတော့ လူသားတွေပဲ။ ဝိညာဉ်သတ္တဝါတွေဟာ အဲဒီကမ္ဘာဆီကို အာကာသလှိုဏ်ခေါင်း တစ်ခေါင်း ဖောက်ပြီး လူသားတွေကို အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲခဲ့ကြတော့တာပေါ့"

"သူတို့ဟာ မျိုးပွားဖို့အတွက် လူသားပေါင်း သန်းနဲ့ချီပြီး ဖမ်းဆီးခဲ့ကြတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ သူတို့ မထိပါးသင့်တဲ့သူတွေရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတော့တာပဲ"

"သူတို့ရဲ့ အသက်ဝိညာဉ်နဲ့ လွတ်လပ်ခွင့်အပေါ် ရဲရဲတင်းတင်း စော်ကားမှုဟာ ကောင်းကင်ဘုံ အဆင့်ရဲ့ အာရုံစိုက်မှုကို ရရှိသွားခဲ့တယ်။"

"ကောင်းကင်ဧကရာဇ် ကိုယ်တိုင် ဒေါသတကြီးနဲ့ သူ့ရဲ့ စစ်သည်တော်တွေကို ခေါ်ဆောင်လာပြီး ဝိညာဉ်လောကကို ဖျက်ဆီးဖို့ ရောက်လာခဲ့တယ်"

"ကောင်းကင်ဘုံရဲ့ အင်အားစုတွေဟာ ဝိညာဉ်သတ္တဝါ အတော်များများကို သတ်ဖြတ်နိုင်ခဲ့ပေမဲ့ နတ်ဆိုး အဆင့်ကလည်း ဒီစစ်ပွဲထဲကို ဝင်ရောက်လာတဲ့အခါမှာတော့ စစ်ပွဲက ရုတ်တရက် ရပ်တန့်သွားခဲ့တယ်"

"နတ်ဆိုးဧကရာဇ်က ကောင်းကင်ဧကရာဇ်ကို အားနည်းသူတွေကို နှိပ်စက်နေတယ်လို့ စွပ်စွဲပြီး ဝိညာဉ်သတ္တဝါတွေ လုပ်ခဲ့တဲ့ အမှားမျိုးကိုပဲ ကောင်းကင်ဧကရာဇ်က ထပ်လုပ်နေတယ်လို့ ပြောခဲ့တယ်။"

"ဝိညာဉ်သတ္တဝါတွေကြောင့် စတင်ခဲ့တဲ့ ပဋိပက္ခဟာ နောက်ဆုံးမှာ ကောင်းကင်ဧကရာဇ်နဲ့ နတ်ဆိုးဧကရာဇ်တို့ရဲ့ တိုက်ပွဲ ဖြစ်သွားခဲ့တယ်။ အဲဒီတိုက်ပွဲဟာ ခုနစ်ရက် ခုနစ်လီ ကြာခဲ့ပေမဲ့ အရှုံးအနိုင် မပေါ်ခဲ့ဘူး"

"ဒီတိုက်ပွဲဟာ ဧကရာဇ်နှစ်ပါးရဲ့ တိုက်ပွဲဖြစ်လာတာကြောင့် ပိုပြီးတော့ လူသိများလာခဲ့တယ်။ နောက်ဆုံးမှာတော့ ပဋိပက္ခတွေ ပိုပြီး မကြီးထွားလာအောင် နတ်ဘုရားသားရဲ ဧကရာဇ်တွေပါ ဝင်ရောက်စေ့စပ်ပေးခဲ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစစ်ပွဲ ဆက်ဖြစ်နေတာဟာ ဘယ်သူ့အတွက်မှ မကောင်းလို့ပဲ"

"ဝိညာဉ်ဘုရင်ရဲ့ အသည်းအသန် တောင်းပန်မှုတွေ၊ နတ်ဆိုးဧကရာဇ်၊ ကောင်းကင်ဧကရာဇ်နဲ့ နတ်ဘုရားသားရဲ ဧကရာဇ်တွေရဲ့ အချေအတင် ဆွေးနွေးမှုတွေပြီးနောက်မှာတော့ သူတို့ ဖြေရှင်းချက်တစ်ခု ရခဲ့ကြတယ်။"

"အဲဒီဖြေရှင်းချက်ကတော့... ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့ လူသားအမျိုးသမီးတွေကို ဝိညာဉ်လောကမှာပဲ ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဘာမှမဖြစ်သေးတဲ့ လူသားတွေကိုတော့ သူတို့ရဲ့ မူလကမ္ဘာကို ပြန်ပို့ပေးခဲ့ကြတယ်။ နောက်ထပ် ဆုံးဖြတ်ချက်တစ်ခုကတော့ ဝိညာဉ်လောကက သတ္တဝါတွေ ဒီလိုမျိုး ထပ်မလုပ်နိုင်အောင် ကမ္ဘာတစ်ခုလုံးကို အလုံပိတ် အတားအဆီးနဲ့ ချိတ်ပိတ်လိုက်ဖို့ပဲ"

"ဒါဟာ ဝိညာဉ်လောကရဲ့ နတ်ဘုရားစစ်ပွဲကြီး ပြီးဆုံးသွားပုံပဲ"

"ဝိညာဉ်လောကဟာ သာမန်လူသားလောကက အင်မော်တယ်တွေတောင် ဝင်လို့ ထွက်လို့ မရတဲ့ သီးခြားကမ္ဘာတစ်ခု ဖြစ်သွားခဲ့တယ်"

"ဝိညာဉ်သတ္တဝါ အများစုဟာ ကောင်းကင်ဧကရာဇ်ရဲ့ အမျက်ဒေါသကြောင့် သေဆုံးကုန်ကြပြီး ကျန်ရှိတဲ့သူတွေကလည်း သူတို့ရဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့မှန်း သိလိုက်ရတဲ့အချိန်မှာ မျိုးတုံးမယ့် ဘေးအန္တရာယ်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရဆဲပဲ"

"အစတုန်းကတော့ သူတို့ဟာ လူသားတွေနဲ့ မျိုးပွားပြီး သူတို့မျိုးနွယ်ကို ဆက်လက်တည်တံ့အောင် လုပ်နိုင်မယ်လို့ ထင်ခဲ့ကြတာပေါ့။ ဒါပေမဲ့ သူတို့ တော်တော်လေး မှားသွားမှန်း မကြာခင်မှာ သိလိုက်ရတယ်။ လူသားတွေကနေ မွေးဖွားလာတဲ့ ကလေးတွေဟာ ဝိညာဉ်သတ္တဝါတွေနဲ့ လုံးဝ မတူဘူး။ အဲဒီအစား ကလေးတွေဟာ လူသားတွေနဲ့ပဲ တူနေကြတယ်"

"အချိန်ကြာလာတာနဲ့အမျှ လူသားတွေနဲ့ ရတဲ့ ကလေးတွေမှာ သူတို့ရဲ့ ထူးခြားချက်တွေ မပါလာတာကို တွေ့လိုက်ရတယ်။ သူတို့ရဲ့ ခွန်အားတွေ၊ စွမ်းအားတွေ ဘာမှ မပါလာဘူး။ အဲဒီကလေးတွေဟာ သာမန်လူသားတွေပဲ။ ဒါပေမဲ့ သူတို့ ဘာမှ မတတ်နိုင်ခဲ့ဘူး။ ကမ္ဘာကြီးက ချိတ်ပိတ်ခံထားရလို့ တခြားမျိုးနွယ်စုတွေကို သွားရှာလို့ မရတော့ဘူးလေ။ အဲဒီလိုနဲ့ပဲ အချိန်ကြာလာတဲ့အခါမှာ ဝိညာဉ်သတ္တဝါ မျိုးနွယ်စုဟာ လုံးဝ မျိုးတုံးသွားခဲ့ရတော့တာပဲ"

ရွှင်းက အချိန်မီ မတားဆီးနိုင်ခဲ့လျှင် ကမ္ဘာများစွာကို ပျက်စီးစေနိုင်သည့် ထိုတုန်လှုပ်ဖွယ် နတ်ဘုရားစစ်ပွဲအကြောင်း ရှင်းပြမှုအား အဆုံးသတ်လိုက်သည်။

"ဒါဆိုရင် ဒီကမ္ဘာက လူသားတွေဟာ ဝိညာဉ်သတ္တဝါတွေရဲ့ အနွယ်တော်တွေပေါ့၊ ဒါပေမဲ့ သူတို့က လူသားတွေနဲ့ ပိုတူနေတာပဲ။ စိတ်ဝင်စားစရာပဲ။ ဝိညာဉ်သတ္တဝါတွေက အပြင်းအထန် ကြိုးစားခဲ့ကြပေမဲ့ အရာရာက ကျရှုံးမှုနဲ့ပဲ ပြီးဆုံးခဲ့ရတာပဲ။ စစ်ပွဲကြောင့် သူတို့ မျိုးတုံးတာ ပိုပြီးတောင် မြန်သွားသေးတယ်" လုံချန်းက ထိုရာဇဝင်ကို တွေးတောရင်း ရေရွတ်လိုက်သည်။

"ဟုတ်တယ်။ ဒါပေမဲ့ လုံးဝကြီး ကျရှုံးသွားတာတော့ မဟုတ်ဘူး။ ဝိညာဉ်သတ္တဝါတွေရဲ့ အနွယ်တော်တွေဟာ လူသားတွေ ဖြစ်ပေမဲ့ သူတို့ဆီမှာ ဝိညာဉ်အပိုင်းအစနဲ့ ဝိညာဉ်သတ္တဝါတွေရဲ့ သွေးမျိုးဆက် အချို့ ပါဝင်နေတယ်။ အဲဒီသွေးမျိုးဆက် ရာခိုင်နှုန်းက အရမ်းနည်းပြီး မရှိသလောက်နီးပါး ဖြစ်နေရင်တောင်မှပေါ့။ ကံကောင်းတဲ့ အနွယ်တော်အချို့ဟာ သူတို့ရဲ့ သွေးမျိုးဆက်နဲ့ ဘိုးဘေးတွေဆီက ရခဲ့တဲ့ ဝိညာဉ်အပိုင်းအစကို နိုးထလာအောင် လုပ်နိုင်ကြတယ်။ အဲဒါက သူတို့ကို စွမ်းအားတွေ ပေးတာပေါ့။ အဲဒါကြောင့် သူတို့ကို ဝိညာဉ်စစ်သည်တော်တွေလို့ ခေါ်တာ။ သူတို့က ဘိုးဘေးတွေဆီက အမွေရခဲ့တဲ့ ဝိညာဉ်ကို အသုံးချပြီး တိုက်ခိုက်ကြသလို၊ အဲဒီဝိညာဉ်ကိုပဲ ကျင့်ကြံကြတာကိုး" ရွှင်းက ရှင်းပြသည်။

"ဪ... အဲဒီလိုကိုး။ ဝိညာဉ်နဲ့အတူ ပါလာတဲ့ သွေးမျိုးဆက် စွမ်းအားတွေပေါ့။ စိတ်ဝင်စားစရာပဲ" လုံချန်းက မေးစေ့ကို လက်ဖြင့်ပွတ်ရင်း ရေရွတ်လိုက်သည်။

"ဒါက တကယ်ကို အသုံးဝင်ပုံရတယ်။ ဝိညာဉ်စစ်သည်တော်တွေက ဒီကမ္ဘာမှာ ဘာလို့ အဆင့်အတန်း မြင့်မားနေသလဲဆိုတာ မဆန်းတော့ပါဘူး။ သူတို့က သွေးမျိုးဆက် နိုးထနေသူတွေဖြစ်ပြီး သွေးမျိုးဆက် မနိုးထနိုင်တဲ့ သာမန်လူတွေထက် ဘိုးဘေးတွေနဲ့ ပိုပြီး နီးစပ်ကြတာကိုး။ တကယ်ကို အသုံးဝင်တဲ့ အရာပဲ"

"နေပါဦး... ဒီကမ္ဘာကို ကောင်းကင်ဧကရာဇ်နဲ့ နတ်ဆိုးဧကရာဇ်တို့က ချိတ်ပိတ်ထားတယ်ဆိုရင် ငါက ဒီကမ္ဘာထဲကို ဘယ်လို ဝင်လာနိုင်တာလဲ" သူက အံ့အားသင့်တကြား မေးလိုက်သည်။

ရွှင်းက ထိုမေးခွန်းကို ပြန်မဖြေဘဲ ပြုံးရုံသာ ပြုံးပြသည်။

"ဪ... ဒါနဲ့ ငါ နင့်ကို တစ်ခု ပြောဖို့ မေ့သွားတယ်" သူမက ရုတ်တရက် ပြောလိုက်သည်။

"ဘာကို မေ့သွားတာလဲ"

"အခု နင့်ရဲ့ ခန္ဓာကိုယ်က သွေးမျိုးဆက်ကျောင်းတော်က ဖန်တီးပေးထားတဲ့ ခန္ဓာကိုယ်အသစ် ဖြစ်နေလို့ နင့်ရဲ့ မူလသွေးမျိုးဆက် မရှိဘူး။ နင့်ရဲ့ သိုင်းဝိညာဉ်ကိုလည်း ဒီမှာ သုံးလို့ မရဘူး။ ဒါပေမဲ့ နင့်ရဲ့ နိယာမတွေကိုတော့ သုံးလို့ ရသေးပါတယ်။ ငါပြောချင်တဲ့ အရေးကြီးတဲ့ အချက်ကတော့... သွေးမျိုးဆက်ကျောင်းတော်က ဖန်တီးပေးလိုက်တဲ့ ဒီခန္ဓာကိုယ်ဟာ ဒီကမ္ဘာက လူသားတွေနဲ့ အတိအကျ တူညီတယ်ဆိုတာပဲ"

"အင်း... ဒီကမ္ဘာက လူတွေနဲ့ အတိအကျ တူတယ်ဆိုတော့ ဘာဖြစ်လဲ" လုံချန်းက နားမလည်စွာ မေးလိုက်သည်။

"ခဏလေး! အတိအကျ တူတယ်ဆိုတာက... ဝိညာဉ်သတ္တဝါတွေရဲ့ အနွယ်တော် ခန္ဓာကိုယ်နဲ့ တူတယ်လို့ ပြောချင်တာလား။ ငါ့ဆီမှာလည်း ဝိညာဉ်အပိုင်းအစနဲ့ ဝိညာဉ်သတ္တဝါ သွေးမျိုးဆက် ပါနေတယ်လို့ ပြောတာလား" လုံချန်းက အဓိပ္ပာယ်ကို ရိပ်မိသွားပြီး အံ့အားသင့်တကြား မေးလိုက်သည်။

"ဟုတ်တယ်... အဲဒါ အတိအကျပဲ။ ဒါပေမဲ့ အရမ်းကြီးတော့ ဝမ်းမသာနဲ့ဦး။ ဒါက ဒီကမ္ဘာက လူတွေရဲ့ ခန္ဓာကိုယ်လိုမျိုးပဲ ဖြစ်တဲ့အတွက် နင့်ရဲ့ သွေးမျိုးဆက်နဲ့ ဝိညာဉ်အပိုင်းအစက နိုးထလာပြီး အင်အားတွေ ပေးကောင်း ပေးနိုင်သလို နိုးထမလာတာလည်း ဖြစ်နိုင်တယ်။ အဲဒီတော့ နင့်ရဲ့ ကျင့်ကြံခြင်း အပေါ်မှာပဲ အဓိက အာရုံစိုက်ထားပါ" ရွှင်းက သတိပေးလိုက်တော့သည်။

အခန်း (၆၆၈) သွေးမျိုးဆက်ကျောင်းတော်သို့ တောင်းဆိုခြင်း

"ဒါက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ။ ငါသာ ဝိညာဉ်သတ္တဝါတစ်ကောင်ရဲ့ စွမ်းအားတွေကို တကယ်ရခဲ့ရင် ဒီပျင်းစရာကောင်းတဲ့ စမ်းသပ်မှုက တော်တော်လေး ပျော်ဖို့ကောင်းလာမှာပါ။ ငါ့မှာ ဒီကိုပါလာတဲ့ ရတနာတွေလည်း မရှိတော့ဘူးဆိုတော့ အားကိုးစရာ တစ်ခုခု ပိုရှိလာတာပေါ့" လုံချန်းက ဝိညာဉ်သတ္တဝါစွမ်းအားများ နိုးထလာနိုင်မလားဟု တွေးတောရင်း ရေရွတ်လိုက်သည်။

"ဟုတ်တယ်၊ အဲဒါက အနာဂတ်အတွက် တကယ်ကို ကောင်းနိုင်ပါတယ်" ရွှင်းက ခေါင်းညိတ်ရင်း ပြောသည်။

"ဪ... ငါ့မှာ မေးခွန်းတစ်ခု ရှိသေးတယ်။ ဒါက တကယ့်ကမ္ဘာစစ်စစ်ဖြစ်ပြီး ခန္ဓာကိုယ်ကလည်း အစစ်အမှန်ဆိုရင် ငါဒီကမ္ဘာက ထွက်သွားတဲ့အခါ ဒီခန္ဓာကိုယ်က ဘာဖြစ်သွားမှာလဲ။ ဖန်တီးခဲ့တုန်းကလိုပဲ ပြန်ပြီး ပျက်စီးသွားမှာလား။ တကယ်လို့ ဝိညာဉ်နိုးထလာပြီးမှ ပျက်စီးသွားမယ်ဆိုရင် ဒါက နှမြောစရာကြီးပဲ" လုံချန်းက သူတွေးတောနေသည့် မေးခွန်းကို ထုတ်မေးလိုက်သည်။

"အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာတော့ ငါမသိဘူး။ အဲဒါက နင့်ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး သွေးမျိုးဆက်ကျောင်းတော်ကပဲ ဆုံးဖြတ်မှာပါ" ရွှင်းက ပြုံးရင်း ဖြေသည်။

"ငါ့ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်တယ် ဟုတ်လား။ ငါသာ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ရင် ဘာတွေ မျှော်လင့်လို့ ရမလဲ"

"ငါလည်း အတိအကျ မသိဘူး၊ ဒါပေမဲ့ နင့်အတွက် ရရှိမယ့် ဆုလာဘ်တွေကတော့ ကောင်းမှာ သေချာပါတယ်။ ဒီခန္ဓာကိုယ်ကတော့ ပျက်စီးသွားဖို့ များတာပေါ့၊ ဒါပေမဲ့ ငါလည်း အသေအချာတော့ မပြောနိုင်ဘူး။ ငါက ဒီသွေးမျိုးဆက်ကျောင်းတော်ရဲ့ စမ်းသပ်မှုမှာ အစိတ်အပိုင်းတစ်ခု မဟုတ်ဘူးလေ။ ငါက လက်စွပ်ဝိညာဉ်ပဲဥစ္စာ"

"ဪ... ဟုတ်သားပဲ။ ငါ ဘာလို့ ဒါကို မတွေးမိတာလဲ။ သွေးမျိုးဆက်ကျောင်းတော်က ငါ့ရဲ့ စမ်းသပ်မှုအတွက် ဒီခန္ဓာကိုယ်ကို ဖန်တီးပေးနိုင်တယ်ဆိုရင် နင့်အတွက်လည်း ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးလို့ မရဘူးလား" လုံချန်းက ရွှင်းကို ကြည့်ကာ ရုတ်တရက် ပြောလိုက်သည်။

ရွှင်းက သက်ပြင်းချလိုက်ပြီး သူမလည်း ဘာမှမသိပါဆိုသည့် သဘောဖြင့် လက်ကို မြှောက်ပြသည်။

"နင့်အတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးပေးဖို့ သွေးမျိုးဆက်ကျောင်းတော်ကို ငါ ဘယ်လို တောင်းဆိုရမလဲ" လုံချန်းက ဆက်မေးသည်။

"နင် ဘာမှ လုပ်လို့ မရပါဘူး။ သွေးမျိုးဆက်ကျောင်းတော်က ဒီလိုမျိုးတွေ လုပ်ပေးမှာ မဟုတ်ဘူး။ သူက စမ်းသပ်မှုအတွက်ပဲ နင့်ကို တစ်ခု ဖန်တီးပေးတာ။ စမ်းသပ်မှုရဲ့ ပြင်ပမှာတော့ သူ ဘာမှ လုပ်မှာ မဟုတ်ဘူး။ အဲဒါကို မေ့လိုက်တာ အကောင်းဆုံးပဲ။ ငါ သိတာပေါ့... နင် တစ်ညလုံး တောင်းပန်နေရင်တောင် ဒါက အလကား အလုပ်ဖြစ်မှာပါ" ရွှင်းက ခေါင်းခါရင်း ပြောသည်။

"ဪ... အလကားပဲလား။ မစိုးရိမ်ပါနဲ့။ နင့်အတွက် ခန္ဓာကိုယ်အသစ် ပြန်တည်ဆောက်နိုင်မယ့် နည်းလမ်းကို ငါ ရှာပေးပါ့မယ်။ နင်လည်း သာမန်လူတစ်ယောက်လို နေထိုင်နိုင်စေရမယ်" လုံချန်းက သူမ၏ ခေါင်းကို ပုတ်ရင်း ပြောလိုက်သည်။ ရွှင်း၏ မျက်ဝန်းထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်လေး ဖြတ်ပြေးသွားသည်ကို သူ မြင်လိုက်ရသောကြောင့် ဖြစ်သည်။

"အဲဒါကို အခုလောလောဆယ် မေ့ထားလိုက်ပါ။ စမ်းသပ်မှုအပေါ်မှာပဲ အာရုံစိုက်စမ်းပါ" ရွှင်းက မျက်စောင်းထိုးကာ တခြားဘက်သို့ လှည့်ကြည့်လိုက်သည်။

လုံချန်းက သူမ၏ ချစ်စဖွယ် တုံ့ပြန်မှုကို ကြည့်ကာ မရယ်ဘဲ မနေနိုင်ပေ။ သူ ခေါင်းညိတ်ပြလိုက်ပြီး မူလအကြောင်းအရာသို့ ပြန်သွားလိုက်သည်။

"ကောင်းပြီ... အဲဒီအကြောင်းပြောရရင် ဝိညာဉ်သတ္တဝါတွေအကြောင်း ငါ့ကို ပိုပြောပြပါဦး။ သူတို့က ဘယ်လိုပုံစံရှိပြီး ဘာစွမ်းအားတွေ ရှိကြတာလဲ"

"သူတို့ ပုံစံလား။ သူတို့က ပုံစံတစ်မျိုးတည်း ရှိတာ မဟုတ်ဘူး။ သားရဲတွေလိုပဲ။ အချို့က ပျံသန်းနိုင်တယ်၊ အချို့က လမ်းလျှောက်နိုင်တယ်၊ အချို့က မြေပြင်ပေါ်မှာ တွားသွားကြတယ်။ သူတို့မှာ ကြိုက်တဲ့ပုံစံကို ပြောင်းလဲနိုင်တဲ့ ဝိညာဉ်ခန္ဓာကိုယ် ရှိကြတယ်။ လူသားပုံစံလည်း ပြောင်းလို့ရသလို သားရဲပုံစံလည်း ပြောင်းလို့ရတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ တကယ့်ခန္ဓာကိုယ် အစစ်အမှန်ကတော့ တစ်ပိုင်းတစ်စ ကြည်လင်နေတဲ့ အလင်းတန်းတွေလိုပဲ။ သူတို့က အရမ်းကို အရောင်အသွေး စုံလင်လှတော့ ငါလည်း အတိအကျ မဖော်ပြတတ်ဘူး။ ငါပြောနိုင်တာကတော့ ဝိညာဉ်သတ္တဝါ အများစုဟာ ပုံစံချင်း မတူကြဘူးဆိုတာပါပဲ" ရွှင်းက ရှင်းပြသည်။

"သူတို့ရဲ့ ခွန်အားတွေကော"

"သူတို့ရဲ့ ခွန်အားတွေကလည်း သူတို့ပုံစံတွေလိုပဲ စုံလင်လှတယ်။ အချို့ ဝိညာဉ်သတ္တဝါတွေမှာ အရာဝတ္ထုတွေကို လေထဲမှာ မြောက်တက်စေတဲ့ စွမ်းအားရှိတယ်၊ အချို့က ရေပေါ်မှာ ပေါလောပေါ်နိုင်တဲ့ စွမ်းအားရှိတယ်။ အချို့က စိုက်ခင်းတွေကို အမြန်ကြီးထွားစေနိုင်သလို၊ အချို့ကျတော့လည်း လမ်းမှာတွေ့သမျှ အရာအားလုံးကို ပြာဖြစ်အောင် လောင်ကျွမ်းစေနိုင်တယ်"

"စိတ်ဝင်စားစရာပဲ။ ဒါဆိုရင် သူတို့ရဲ့ အနွယ်တော်တွေဟာ သူတို့ရဲ့ ဝိညာဉ်တွေ နိုးထလာတဲ့အခါမှာ အဲဒီသတ်မှတ်ထားတဲ့ စွမ်းအားတွေကို ရကြမှာပေါ့။ ဝိညာဉ်သတ္တဝါတွေအကြောင်း ကြည့်ရတာ သူတို့က နိယာမတွေကို သိထားကြသလိုပဲနော်။ အဲဒီသဘောအရဆိုရင် ငါ့မှာ နိယာမ သုံးခု ရှိနေတာဆိုတော့ ငါ့မှာ ဝိညာဉ်သတ္တဝါ သုံးကောင်ရဲ့ သွေးမျိုးဆက် ရှိနေသလို ဖြစ်မနေဘူးလား။ ငါက တကယ့် ဝိညာဉ်စစ်သည်တော် မဟုတ်ရင်တောင် တခြားလူတွေကို လှည့်စားလို့ ရတာပေါ့။ ငါ့ရဲ့ ခွန်အားကို ထုတ်သုံးမိခဲ့ရင်တောင် ဒါက အကြောင်းပြချက်ကောင်း တစ်ခု ဖြစ်သွားမှာပဲ" လုံချန်းက ရွှင်းကို ကြည့်ကာ ပြောလိုက်သည်။

လုံချန်းသည် လမ်းလျှောက်လာရင်း မြို့၏ လူစည်ကားရာ နေရာသို့ ရောက်ရှိလာခဲ့သည်။

'မနက်ဖြန်ကျရင် လူထုရင်ပြင်မှာ ဝိညာဉ်စစ်သည်တော် ကောလိပ်တွေရဲ့ ဝင်ခွင့်စာမေးပွဲ ရှိတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်လာမှာပဲ။ သူတို့သာ ငါ့အပေါ် အစွဲအလမ်းတွေ ဖယ်ထားနိုင်မယ်ဆိုရင် ငါ့ကို ဝိညာဉ်စစ်သည်တော် ကောလိပ်တစ်ခုခုက ရွေးချယ်မှာ သေချာပါတယ်။ လက်ရှိဘုရင်ကို သတ်လိုက်ရုံနဲ့ ငါ ဘုရင်ဖြစ်လာနိုင်မယ်လို့တော့ မထင်ဘူး။ ဗာမီလီယံက မပျော့ဘူး၊ ဘုရင်ကလည်း သူ့အနားမှာ အစွမ်းထက်တဲ့ လူတွေ အများကြီး ရှိမှာပဲ။ ငါသာ ဘုရင်ကို လုပ်ကြံသတ်ဖြတ်လိုက်ရင်တောင် သူတို့က ငါ့ကို ဘုရင်အဖြစ် ဘယ်တော့မှ အသိအမှတ်ပြုမှာ မဟုတ်ဘူး၊ ငါ့ကို သတ်ဖို့ပဲ ကြိုးစားကြမှာ'

"ဘုရင်ဖြစ်လာနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့ ရာထူးအဆင့်ဆင့် တက်လှမ်းသွားပြီး ဘုရင်နဲ့ နီးစပ်အောင် လုပ်ရမယ်၊ ပြီးမှ သူကိုယ်တိုင် ငါ့ကို ဘုရင်အဖြစ် လွှဲပေးအောင် လုပ်ရမှာပဲ" လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်သည်။ ၎င်းမှာ ခက်ခဲသော စမ်းသပ်မှုတစ်ခု ဖြစ်ကြောင်း သူ သိမြင်နေသည်။

အလွယ်ဆုံးနည်းလမ်းတစ်ခုမှာ မည်သူမျှ သူ့ကို အသံမထွက်ရဲလောက်အောင် အစွမ်းထက်လာရန် ဖြစ်သော်လည်း ၎င်းမှာ အချိန်အတော်ကြာပေလိမ့်မည်။ သူ့မှာ ယခင်က ကျင့်ကြံမှု အတွေ့အကြုံရှိသော်လည်း မူလခန္ဓာကိုယ်၏ အဆင့်ကို ပြန်ရောက်ဖို့ အနည်းဆုံး တစ်နှစ်လောက် ကျင့်ကြံရပေလိမ့်မည်။ သူကတော့ ဤစမ်းသပ်မှုကို တစ်လအတွင်း အပြီးသတ်လိုနေခြင်း ဖြစ်သဖြင့် ပန်းတိုင်သို့ အမြန်ရောက်ရန် ပရိယာယ်များအား အသုံးချချင်နေသည်။

အင်အားမလုံလောက်ဘဲ နိုင်ငံတစ်နိုင်ငံလုံးကို တိုက်ခိုက်ခြင်းထက် နိုင်ငံတစ်နိုင်ငံလုံးအား ပရိယာယ်ဆင်ပြီး ကစားခြင်းက ပို၍ ထိရောက်ပေလိမ့်မည်။

လုံချန်း တွေးတောနေစဉ်မှာပင် မြို့၏ လူထုရင်ပြင်သို့ ရောက်ရှိသွားခဲ့ရာ မနက်ဖြန် စာမေးပွဲအတွက် ပြင်ဆင်မှုများ စတင်နေသည်ကို သတိပြုမိလိုက်သည်။ စင်မြင့်များ ဆောက်လုပ်ခြင်းနှင့် လူထုအတွက် နယ်နိမိတ် သတ်မှတ်ခြင်းများ ပြုလုပ်နေကြသည်။

'ငါ့ရဲ့ ခရီးစဉ်မှာ အကြီးမားဆုံး အဟန့်အတားက ဖီးနစ်အဖွဲ့အစည်းပဲ ဖြစ်လိမ့်မယ်။ ခဏလေး... ရန်သူ့ရဲ့ ရန်သူဟာ မိတ်ဆွေပဲ မဟုတ်လား။ ဖီးနစ်အဖွဲ့အစည်းက ငါ့ရန်သူဆိုရင် နဂါးတပ်ဖွဲ့က ငါ့ရဲ့ မိတ်ဆွေ ဒါမှမဟုတ် အသုံးဝင်တဲ့ ကိရိယာတစ်ခု ဖြစ်လာနိုင်တယ်။ အေးချမ်းနေတဲ့ နိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်ဖို့က မလွယ်ဘူး၊ ဒါပေမဲ့ ဒီနိုင်ငံက စစ်ပွဲတွေ ပြန်ဖြစ်နေမယ်ဆိုရင်ရော။ ငါလုပ်ရမှာက ဘုရင်နဲ့ နီးစပ်အောင် လုပ်ပြီးတဲ့နောက် နိုင်ငံနှစ်နိုင်ငံကြားမှာ စစ်ပွဲတွေ ပြန်ဖြစ်အောင် ဖန်တီးလိုက်ဖို့ပဲ' လုံချန်း၏ မျက်နှာတွင် အကြံကောင်းတစ်ခု ရလိုက်သည့်အလား ပြုံးရွှင်သော အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

All Chapters