← Chapters

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁-၂၀၂)

Vol. 21 Ch. 201-202

အခန်း (၂၀၁) - ပြန်လည် ဆုံတွေ့ခြင်း

တစ်ချိန်တည်းမှာပင် တောင်ပိုင်း ဒေသ ရှိ ရွှမ်ထျန်းကမ္ဘာ ၏ တက်လှမ်းခြင်း နယ်မြေ တွင် ရွှေရောင် အလင်းတန်း တစ်ခု ဝင်းလက်တောက်ပသွားပြီးနောက် ၊ လင်းဇီရှင်း နှင့် ဝူတုံ တို့သည် အထက်ကမ္ဘာ တွင် ဖြည်းညင်းစွာ ထွက်ပေါ်လာကြ၏။

"အမေ... အထက်ကမ္ဘာ က သားတို့ရဲ့ ရွှမ်ထျန်းကမ္ဘာ ထက် ပိုပြီး စွမ်းအားကြီးတာပဲ..."

အထက်ကမ္ဘာ သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် အထက်ကမ္ဘာ ၏ အာကာသ ဟင်းလင်းပြင်သည် အောက်ကမ္ဘာ ၏ အာကာသ ဟင်းလင်းပြင် ထက် များစွာ ပိုမို ခိုင်မာ ကြံ့ခိုင်ကြောင်းကို ဝူတုံ ချက်ချင်း သတိပြုမိလိုက်သည်။ အောက်ကမ္ဘာ တွင် သူသည် အာကာသ ဟင်းလင်းပြင် ကို အလွယ်တကူ ဆုတ်ဖြဲပစ်နိုင်သော်လည်း အထက်ကမ္ဘာ သို့ ရောက်ရှိပြီးနောက် အာကာသ ဟင်းလင်းပြင် ကို ဆုတ်ဖြဲရန်ပင် မဆိုနှင့် ၊ အနည်းငယ် လှုပ်ခါသွားအောင်ပင် မစွမ်းဆောင်နိုင်တော့ချေ။

အရေးအကြီးဆုံး အချက်မှာ အထက်ကမ္ဘာ သို့ ရောက်ရှိပြီးနောက် အထက်ကမ္ဘာ ရှိ ဝိညာဉ် ချီ သည် အောက်ကမ္ဘာ ထက် များစွာ ပိုမို သိပ်သည်းကြောင်းကို ဝူတုံ အာရုံခံမိသည်။ ထို့အပြင် အထက်ကမ္ဘာ တွင် ဝိညာဉ် ချီ ထက် ပို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ရောနှောနေကြောင်းကိုလည်း သူ အာရုံခံမိပြီး ၎င်းက ဒဏ္ဍာရီလာ အင်မော်တယ်ချီ ဖြစ်ဖို့ အတော်လေး သေချာပေသည်။

"ကောင်းပြီ... အရင်ဆုံး ဖန်လိုင် အင်မော်တယ်ကျွန်း ကို သွားကြရအောင်... မင်းရဲ့ အဖေလည်း ငါတို့ကို အာရုံခံမိလောက်ပြီလို့ ငါ ထင်တယ်..."

လင်းဇီရှင်း သည် ထိုသို့ ပြောလိုက်ပြီးနောက် ၊ ဝူတုံ ကို နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ သို့ ခေါ်သွားကာ ထိုမှတစ်ဆင့် ဖန်လိုင် အင်မော်တယ်ကျွန်း သို့ ခေါ်သွားရန် ပြင်ဆင်လိုက်သည်။

မကြာမီမှာပင် လင်းဇီရှင်း နှင့် ဝူတုံ တို့သည် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး အနောက်မြောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။ နောက်တစ်စက္ကန့်တွင် ဝူယီဖန် သည် သူတို့၏ ရှေ့တွင် ထွက်ပေါ်လာပြီး လင်းဇီရှင်း မတုံ့ပြန်နိုင်မီမှာပင် သူမကို ပြေးဖက်လိုက်၏။

"မိန်းမ... ကိုယ် မင်းကို အရမ်း လွမ်းနေခဲ့တာ..."

ထိုသူမှာ ဝူယီဖန် ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ သည် တစ်ယောက်နှင့်တစ်ယောက် မတွေ့ရသည်မှာ အတော်ကြာပြီ ဖြစ်ပြီး သူတို့ ခံစားနေရသော လွမ်းဆွတ်မှုများက ပြန်လည် ဆုံတွေ့ရချိန်တွင် ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့ သုံးယောက်စလုံး၏ မျက်နှာများပေါ်တွင် အပြုံးပန်းများ ဝေဆာနေကြသည်။

တစ်ခဏမျှ ဖက်ထားပြီးနောက် ဝူယီဖန် နှင့် လင်းဇီရှင်း တို့သည် ဝူတုံ မှာ ထိုနေရာတွင် ရပ်၍ သူတို့ကို ကြည့်နေဆဲ ဖြစ်ကြောင်း သတိပြုမိသွားကြ၏။

"ဆောရီး တုံအာ... မင်း ဒီနေရာမှာ ရှိနေသေးတာကို အဖေ မေ့သွားလို့..."

ဝူယီဖန် သည် အနည်းငယ် အားနာနေသော လေသံဖြင့် ပြောလိုက်သော်လည်း ဝူတုံ ၏ နားထဲတွင်တော့ ကြွားလုံးထုတ်သော စကားနှင့် ပိုတူနေသည်။

“မဖြစ်ဘူး... ငါလည်း မိန်းမ တစ်ယောက် ရှာရမယ်...

ဝူတုံ စကားပြောရန် ပြင်လိုက်စဉ်မှာပင် တွမ့်သယ် သည် ထိုနေရာသို့ နောက်ကျပြီးရောက်လာကာ ဝူယီဖန် ကို အော်ပြောလိုက်၏။

"သူတော်စင်... ဘာလို့ အဲဒီလောက် မြန်မြန် ပြေးနေရတာလဲ... ကျွန်တော် မနည်း လိုက်ခဲ့ရတယ်..."

ဒီနှစ်ယောက်က ဘယ်သူတွေလဲ...

ရောက်ရှိလာပြီးနောက် တွမ့်သယ် သည် သူ့ရှေ့က လင်းဇီရှင်း နှင့် ဝူတုံ တို့ကို သတိပြုမိသွား၏။ ဝူယီဖန် သည် လင်းဇီရှင်း ကို ဖက်ထားသည်ကို မြင်သောအခါ တွမ့်သယ် ၏ မျက်နှာပေါ်တွင် အဓိပ္ပာယ်ပါသော အမူအရာ တစ်ခု ဖြစ်ပေါ်လာသည်။

"အဟမ်း... တွမ့်သယ်... ငါ မိတ်ဆက်ပေးမယ်...သူက ငါ့မိန်းမ လင်းဇီရှင်း ပဲ... ပြီးတော့ သူက ငါ့သား ဝူတုံ လေ..."

ဝူယီဖန် သည် ချောင်းတစ်ချက် ဟန့်လိုက်ပြီး တွမ့်သယ် ကို တည်ကြည် လေးနက်စွာဖြင့် မိတ်ဆက်ပေးလိုက်၏။

"မိန်းမ... သူက ကိုယ့်ရဲ့ ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေ က သူငယ်ချင်း တွမ့်သယ် လို့ ခေါ်တယ်..."

"မင်္ဂလာပါ မရီး... မင်္ဂလာပါ ငါ့တူလေး..."

တွမ့်သယ် သည် လင်းဇီရှင်း နှင့် ဝူတုံ တို့ကို နှုတ်ဆက်လိုက်ပြီး သူတို့ကလည်း ပြန်လည်၍ ခေါင်းညိတ်ပြလိုက်ကြ၏။

နှုတ်ခွန်းဆက် စကားများ ပြောဆိုပြီးနောက် ဝူတုံ က ဝူယီဖန် နှင့် လင်းဇီရှင်း တို့ဘက်သို့ လှည့်၍ ပြောလိုက်သည်။

"အဖေ၊ အမေ... ဘိုးဘိုး က အထက်ကမ္ဘာ ရဲ့ တောင်ပိုင်း ဒေသ မှာ ဝူမိသားစု ကုန်သည်အသင်း ကို စတင် တည်ထောင်ခဲ့တယ်လို့ ကျွန်တော် ကြားတယ်... ဝူမိသားစု ကုန်သည်အသင်း ကို သွားပြီး အဲဒီမှာ ဆက်ပြောကြရအောင်..."

"ဟင်...”

ဝူယီဖန် ၏ မျက်လုံးများ ပြူးကျယ်သွား၏။ သူသည် ထိုအခြေအနေကို ယခုလေးတင်မှ သိရှိသွားသည်မှာ ထင်ရှားသည်။ ဤအရာက ဝူတုံ ကို အနည်းငယ် အကူအညီမဲ့သွားသလို ခံစားရစေ၏။

မဟုတ်ဘူးလေ၊ သူတို့က မိသားစုဝင်တွေ ဖြစ်နေပါလျက်နဲ့ သူ့အဖေက ဘာမှကို ဂရုမစိုက်တာပဲ....

ထိုအကြောင်းကို သိရှိပြီးနောက် ဝူယီဖန် က ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်သည်။

"ဒီလိုဆိုရင်လည်း ဝူမိသားစု ကုန်သည်အသင်း ကို သွားကြတာပေါ့... ငါတို့ နောက်ဆုံး တွေ့ပြီးကတည်းက နှစ်တွေ အတော် ကြာခဲ့ပြီ ဆိုတော့ အခု ပြန်ဆုံကြရမယ့် အချိန် ရောက်ပြီ..."

ဝူယီဖန် သည် လက်ဝှေ့ယမ်းလိုက်သည်နှင့် နောက်တစ်စက္ကန့်တွင် သူသည် တွမ့်သယ် နှင့် အခြားသူများကို ခေါ်၍ ပျောက်ကွယ်သွား၏။

သို့သော်လည်း သူတို့ ပျောက်ကွယ်သွားပြီးမှသာ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ မှ တပည့်သည် နောက်ကျမှရောက်ချလာကာ ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် ဟိုဟိုဒီဒီ ကြည့်လိုက်သည်။

လူတွေ ဘယ်ရောက်သွားတာလဲ... ငါ့ရဲ့ ဝူ မိသားစု က လူတွေ ဘယ်မှာလဲ...

တစ်ချိန်တည်းမှာပင် ဝူမိသားစု ကုန်သည်အသင်း ၌...

"ငါ မြန်မြန် အားကောင်းလာအောင် လေ့ကျင့်ရေးကို မြန်မြန်လုပ်စမ်းပါ..."

ဝူချန်းခွန်း သည် သူ့ရှေ့က ဝူချီလုံ ကို စိတ်ပျက်လက်ပျက် ဖြစ်နေသော အကြည့်ဖြင့် ကြည့်လိုက်၏။

ဤအခိုက်အတန့်တွင် ဝူချီလုံ မှာ ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး အဆက်မပြတ် အရိုက်ခံကာ လေ့ကျင့်ပေးခြင်း ခံနေရသည်။ ဝူချီလုံ ၏ ရှေ့တွင် ရပ်နေသည်မှာ ဝူဟောက် ဖန်တီးထားသော အင်မော်တယ် မဟာဧကရာဇ် ကနဦးအဆင့် စွမ်းအားရှိသည့် ကိုယ်ပွား ပုံရိပ် ဖြစ်၏။

ဝူချီလုံ ပေါ်ရှိ ဒဏ်ရာများမှာလည်း ဝူဟောက် ၏ လက်ချက်များပင် ဖြစ်သည်။

ဝူဟောက် ၏ အကြံအစည်မှာ ဝူချီလုံ သည် မထွက်သွားချင်သဖြင့် သူ၏ ကိုယ်ပွား ပုံရိပ်ကို ဝူချီလုံ နှင့် လေ့ကျင့်ရန် ထားခဲ့ခြင်း ဖြစ်၏။ ဤနည်းအားဖြင့် ဝူချီလုံ အနေဖြင့် ဝူမိသားစု ကုန်သည်အသင်း တွင် နေထိုင်ရင်း တစ်ချိန်တည်းမှာပင် ပိုမို အားကောင်းလာနိုင်မည် ဖြစ်ရာ ကျောက်ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်လိုက်သလိုပင်။

သို့သော် ဝူချီလုံ မှာ ငိုလုမတတ် ဖြစ်နေရှာသည်။ အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့် တစ်ယောက် အနေဖြင့် ဤမျှ ကြီးမားသော အရှက်ကွဲမှုကို သူ ဘယ်တုန်းက ကြုံတွေ့ခဲ့ဖူးသနည်း။ သူ၏ ပြိုင်ဘက်မှာ သူ မယှဉ်နိုင်သော ဝူဟောက် သာ မဟုတ်ခဲ့လျှင်ဖြင့် ၊ သူသည် ဝူဟောက်ကို အစကတည်းက ခြေမွပစ်ပြီးလောက်ပြီ ဖြစ်သည်။

ထိုစဉ် ဝူချီလုံ ၏ ဖွံ့ဖြိုးတိုးတက်မှုကို ကြီးကြပ်နေသော ဝူချန်းခွန်း သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူသည် အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း သို့သော် အံ့အားသင့်မှုနှင့် စိတ်လှုပ်ရှားမှုများ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွား၏။ နောက်တစ်စက္ကန့်တွင် သူသည် ဝူချီလုံ ကို တစ်ယောက်တည်း ထားရစ်ခဲ့ပြီး ဝူမိသားစု ကုန်သည်အသင်း မှ အပြင်သို့ ပြေးထွက်သွားသည်။

"ဟေ့... မင်း ဘာလုပ်နေတာလဲ... ငါ့ကို ခေါ်သွားလေ... ငါ့ကို တစ်ယောက်တည်း မထားခဲ့နဲ့..."

ဝူချန်းခွန်း ထွက်သွားသည်ကို မြင်သောအခါ ဝူချီလုံခမျာ ပို၍ ထိတ်လန့်သွားသည်။ သူသည် အလျင်အမြန် အော်ဟစ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ နောက်ရှိ ဝူဟောက် ၏ ကိုယ်ပွား ပုံရိပ် ကို ဝူ မိသားစုဝင်များကသာ ထိန်းချုပ်နိုင်သောကြောင့် ဖြစ်သည်။

ဝူချန်းခွန်း ထွက်သွားသည်နှင့် ဝူချီလုံ ၏ နောက်ရှိ ဝူဟောက် ၏ ကိုယ်ပွား ပုံရိပ် သည် သူ့ထံသို့ ဖြည်းညင်းစွာ လျှောက်လာ၏။ ဝူချီလုံ မှာ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း ဝူဟောက် ၏ ကိုယ်ပွား ပုံရိပ် သည် အတားအဆီး တစ်ခုကို တည်ဆောက်လိုက်သဖြင့် ဝူချန်းခွန်းဘက်မှ မထိန်းချုပ်သရွေ့ ၊ ဝူချီလုံ အနေဖြင့် ထိုအတားအဆီး ဧရိယာထဲမှ ထွက်ခွာ၍ မရနိုင်ချေ။

ဝူချီလုံ... "အနား မလာနဲ့နော်.."

တစ်ချိန်တည်းမှာပင် ဝူချန်းခွန်း အပြင်သို့ ထွက်လာပြီးနောက် ဝူမိသားစု ကုန်သည်အသင်း ၏ ရှေ့တွင် ရပ်နေသော ဝူယီဖန် နှင့် သူ၏ မိသားစုကို မြင်လိုက်ရ၏။ သူတို့၏ မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး ဝူချန်းခွန်း ကို ပြေးဖက်လိုက်ကြသည်။

ဤသည်မှာ တက်လှမ်းခြင်း ပြုပြီးကတည်းက ဝူချန်းခွန်းအနေဖြင့် သူ၏ သားဖြစ်သူကို ပထမဆုံးအကြိမ် ပြန်လည် မြင်တွေ့ရခြင်း ဖြစ်၏။

"သား... ငါတို့ မတွေ့ရတာ ကြာပြီနော်..."

"အဖေ... သားလည်း အဖေ့ကို လွမ်းနေတာ..."

နှုတ်ခွန်းဆက် စကားများ ပြောဆိုပြီးနောက် ဝူယီဖန် သည် ဝူချန်းခွန်း ကို ကြည့်၍ တည်ကြည် လေးနက်စွာဖြင့် ပြောလိုက်၏။

"အဖေ... ဇီရှင်း တို့နဲ့ အတူ အိမ်မှာ ခဏလောက် နေဖို့ သား စီစဉ်ထားတယ်..."

"ကောင်းပြီလေ... တတ်နိုင်ရင် ပြန်လာခဲ့ပေါ့... အိမ်က မင်းကို အမြဲတမ်း ကြိုဆိုနေမှာပါ..."

ဝူချန်းခွန်း သည် သဘာဝကျကျ သဘောတူလိုက်သော်လည်း ဝူတုံ သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်၏။

"ဘိုးဘိုး... ဘိုးဘေးကြီး က ဘယ်မှာလဲ..."

"မင်းရဲ့ ဘိုးဘေးကြီး လား... သူက သင့်တော်တဲ့ သူတစ်ယောက်ကို ရှာဖို့ နောက်ထပ် နယ်မြေ တစ်ခုကို သွားတယ်..."

ဝူချန်းခွန်း သည် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် အမှန်အတိုင်း ဖြေလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ဝူမိသားစု ကုန်သည်အသင်း သည် ရွှမ်ကျုံး နယ်မြေ တွင် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်ရာ နောက်တစ်ဆင့်မှာ အခြား နယ်မြေများတွင် ဝူမိသားစု ကုန်သည်အသင်း ခွဲများကို ဖွင့်လှစ်ရန်ပင် ဖြစ်သည်။

သို့သော်လည်း အခြား နယ်မြေများတွင် တည်ဆဲ ကုန်သည်အသင်းများ ရှိနှင့်ပြီး ဖြစ်၏။ အကယ်၍ ဝူမိသားစု ကုန်သည်အသင်း သည် ထိုနေရာများသို့ သွားရောက်မည် ဆိုပါက ၎င်းတို့နှင့် နယ်မြေ လုရမည်ဟု အဓိပ္ပာယ် သက်ရောက်ပြီး သွေးထွက်သံယိုမှုများ ဖြစ်လာဖွယ် ရှိပေသည်။ သို့သော် ဝူရူလုံ တွင် ရွေးချယ်စရာ မရှိချေ။ ဤအရာများက သေချာပေါက် ကြုံတွေ့ဖြတ်သန်းရမည့် အရာများ ဖြစ်သည်။

"ကောင်းပြီ... အရင်ဆုံး ဖန်လိုင် အင်မော်တယ်ကျွန်း ကို ပြန်သွားပြီးမှ အဲဒီအကြောင်းကို ပြောကြတာပေါ့..."

ဝူယီဖန် သည် အဘိုး ဖြစ်သူ ဝူရူလုံ ၏ ဘေးကင်းရေးကို လုံးဝ စိုးရိမ်ပူပန်မှု မရှိဘဲ ဖြည်းညင်းစွာ ပြောလိုက်၏။ မည်သို့ပင်ဆိုစေကာမူ ဘိုးဘေးကြီး သည် အလွန် စွမ်းအားကြီးမားလှသဖြင့် သူ၏ အဘိုး အပေါ်တွင် အကာအကွယ်ပေးမည့် အစီအမံ အချို့ကို သေချာပေါက် ချန်ထားခဲ့မည် ဖြစ်သည်။

ထိုစကားကို ကြားသောအခါ ဝူချန်းခွန်း သည် ဝူယီဖန် နှင့် အခြားသူများကို ဟင်းလင်းပြင် နေရာရွှေ့ပြောင်း ဝင်္ကပါ ဆီသို့ ခေါ်ဆောင်သွားပြီး ဖန်လိုင် အင်မော်တယ်ကျွန်း သို့ ပြန်သွားကြ၏။ သို့သော်လည်း ဝူချန်းခွန်း သည် ဝူမိသားစု ကုန်သည်အသင်း ၌ ရက်ရက်စက်စက် အရိုက်ခံနေရသော အပြစ်ကင်းစင်သည့် နဂါး တစ်ကောင် ရှိနေသည်ကို မေ့သွားပုံ ရသည်။

ဝူချီလုံ... "ဝူချန်းခွန်း... ငါ မနက် ၈ နာရီ အလုပ်သွားရမယ်လေ..."

အခန်း (၂၀၂) - လှုပ်ရှားဖို့ အဆင်သင့် ဖြစ်ပြီလား

တစ်ချိန်တည်းမှာပင် ဝူရူလုံ တို့ဘက်၌...

ဝူမိသားစု ကုန်သည်အသင်း သည် ရွှမ်ကျုံး နယ်မြေ တွင် တည်ငြိမ်သွားပြီးနောက် ဝူရူလုံ သည် ရွှမ်ကျုံး နယ်မြေ အနီးရှိ အခြား နယ်မြေများသို့ ချဲ့ထွင်ရန် စတင် ထွက်ခွာခဲ့သည်။ ဝူရူလုံ ရွေးချယ်ခဲ့သည့် ပထမဆုံး နေရာမှာ ဟွမ်ယွမ် ဒေသ ပင် ဖြစ်၏။

အကြောင်းရင်းမှာ ဟွမ်ယွမ် ဒေသ ၏ အင်အားသည် ရွှမ်ကျုံး နယ်မြေ နှင့် ဆင်တူပြီး အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် က အင်အားအကြီးဆုံး ဖြစ်သောကြောင့် ဖြစ်သည်။

ဘေးကင်းရေး အတွက် ကျန်းယဲ့၏ အဖော်ပြုမှုဖြင့် ဝူရူလုံသည် ဟွမ်ယွမ် ဒေသ သို့ ရောက်ရှိလာပြီး ၊ နောက်ပိုင်းတွင် သူသည် ဝူမိသားစု ကုန်သည်အသင်းကို အောင်မြင်စွာ တည်ထောင်ခဲ့သည်။ ယင်းက ဟွမ်ယွမ် ဒေသ ရှိ ဒေသခံ ကုန်သည်အသင်း ၏ မကျေနပ်မှုကို သဘာဝကျကျ လှုံ့ဆော်ပေးနိုင်ခဲ့သည်။

"ရွှမ်ကျုံး နယ်မြေ က ငါတို့ရဲ့ ဟွမ်ယွမ် ဒေသ ထဲကို ဝင်လာရဲတယ်ပေါ့လေ..."

ဟွမ်ယွမ် ဒေသ ရှိ အကြီးဆုံး ဒေသခံ ကုန်သည်အသင်း ဖြစ်သော မြေကမ္ဘာနဂါး ကုန်သည်အသင်း၏ သူဌေးဖြ‌စ်သူ ချိုက်ကျန်းခွန်း က ဒေါသတကြီး ဖြစ်နေ၏။ သူ့ရှေ့တွင် ရပ်နေသော မြေကမ္ဘာနဂါး ကုန်သည်အသင်း မှ အဆင့်မြင့် အဖွဲ့ဝင်များ အားလုံး ခေါင်းငုံ့ထားကြသည်။ ယခုအချိန်တွင် ချိုက်ကျန်းခွန်းသည် ဒေါသတကြီးပေါက်ကွဲနေလေရာ သူ့ကို ပြစ်မှားမိမည် စိုးသဖြင့် မည်သူကမျှ စကားမပြောရဲကြချေ။

လေပြင်းပြင်း တစ်ချက် ရှူသွင်းပြီးနောက် ချိုက်ကျန်းခွန်း က တည်ငြိမ်သွားပြီး ဆက်ပြောလိုက်သည်။

"ဝူမိသားစု ကုန်သည်အသင်း ရဲ့ နောက်ခံကို မင်းတို့ စုံစမ်းပြီးပြီလား..."

"သူဌေး... ဒါက ဝူမိသားစု ကုန်သည်အသင်း ရဲ့ ကျောထောက်နောက်ခံ နဲ့ နောက်ခံ သမိုင်းကြောင်းပါ..."

ထိုစကားကို ကြားသောအခါ မြေကမ္ဘာနဂါး ကုန်သည်အသင်း မှ အဆင့်မြင့် အဖွဲ့ဝင် တစ်ဦးက ချိုက်ကျန်းခွန်း ထံသို့ စာရွက်စာတမ်း တစ်ခုကို အလျင်အမြန် ကမ်းပေးလိုက်သည်။

စာရွက်စာတမ်းများကို ဖတ်ရှုပြီးနောက် ဝူမိသားစု ကုန်သည်အသင်း ၏ ကျောထောက်နောက်ခံ နှင့် နောက်ခံ သမိုင်းကြောင်း ကို သိရှိသွားသောအခါ ချိုက်ကျန်းခွန်း ၏ အမူအရာသည် အလွန် ဆိုးရွားသွား၏။

နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ၏ ဂိုဏ်းချုပ် ကျန်းယဲ့ ကိုယ်တိုင် သူတို့နှင့်အတူ လိုက်ပါလာသည့်အပြင် ၊ သို့သော် ဝူမိသားစု ကုန်သည်အသင်း၏ သူဌေး ဝူရူလုံ မှာမူ လူသားအင်မော်တယ် အလယ်အလတ်အဆင့် သာ ရှိသေး၏။

အထက်ပါ အချက်အလက်များကို ကြည့်ရင်း ချိုက်ကျန်းခွန်း မှာ မယုံကြည်နိုင်စွာ ဖြစ်နေသည်။မည်သို့ပင်ဆိုစေကာမူ ကျန်းယဲ့ ကို သူ ကောင်းကောင်း သိသည်။ သူသည် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် ရှိ အလွန် စွမ်းအားကြီးမားသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပြီး သူကိုယ်တိုင်ပင် ၎င်းကို မပြစ်မှားရဲချေ။

သို့တိုင်အောင် ဤမျှစွမ်းအားကြီးမားလှသော ကျန်းယဲ့ သည် ဝူရူလုံ ကို အဖော်ပြုကာ စောင့်ရှောက်ပေးနေသည်။ ထို့အပြင် စာရွက်စာတမ်းထဲရှိ ရေးသားချက်များအရ ကျန်းယဲ့ သည် ဝူရူလုံ အပေါ် အလွန် ရိုသေလေးစားမှု ရှိကြောင်း ဖော်ပြထားရာ ယင်းက ချိုက်ကျန်းခွန်း ကို ပို၍ အံ့အားသင့်သွားစေသည်။

ထိုစဉ် မြေကမ္ဘာနဂါး ကုန်သည်အသင်း ၏ ဒုတိယ သူဌေး က စကားပြောလာသည်။

"သူဌေး... ဝူမိသားစု ကုန်သည်အသင်း ရဲ့ သူဌေး က ကျန်းယဲ့ ရှေ့တန်း တင်ထားတဲ့ ရုပ်သေးရုပ် များ ဖြစ်နေမလား... ဘာပဲဖြစ်ဖြစ် ကျန်းယဲ့ က အလွန် သတိဝီရိယ ကြီးမားသူ ဖြစ်ပြီး သူက အခြေအနေကို စမ်းသပ်ကြည့်ဖို့ ရုပ်သေးရုပ် ကို အသုံးပြုချင်တာ ဖြစ်နိုင်တယ် မလား..."

"ဖြစ်နိုင်ချေ ရှိတယ်... ဒါပေမဲ့ ဖြစ်နိုင်ချေ နည်းတယ်... ငါ သိသလောက်တော့ ကျန်းယဲ့ ရှိနေတဲ့ နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ က ကုန်သည်အသင်းတွေရဲ့ လှုပ်ရှားမှုမျိုးတွေမှာ များသောအားဖြင့် ပါဝင်လေ့ မရှိဘူး..."

ချိုက်ကျန်းခွန်း က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်ပြီး အတန်ကြာပြီးနောက် သူသည် ထိုနေရာရှိ သူ၏ လက်အောက်ငယ်သား တစ်ဦးကို ကြည့်၍ ညွှန်ကြားလိုက်၏။

"သွားပြီး ဝူမိသားစု ကုန်သည်အသင်း ကို ပြောလိုက်... ငါ ချိုက်ကျန်းခွန်း က နောက်သုံးရက် အကြာမှာ သူတို့ဆီ လာလည်မယ်လို့... သူတို့ ပြင်ဆင်ထားဖို့ကို ငါ မျှော်လင့်တယ်..."

ချိုက်ကျန်းခွန်းသည် ဤခရီးကို သွားရခြင်း၏ ရည်ရွယ်ချက်မှာ ဝူမိသားစု ကုန်သည်အသင်း ကို စုံစမ်းစစ်ဆေးရန် ပင် ဖြစ်သည်။ အကယ်၍ နောက်ကွယ်မှ ကြိုးကိုင်နေသူမှာ ကျန်းယဲ့ မှန်ကန်ပါက ၊ သူ့လူများကို အသုံးပြု၍ ကျန်းယဲ့ ကို နှင်ထုတ်ပစ်ရန် သူ ဝန်လေးနေမည် မဟုတ်ချေ။

မှန်ပေသည်။ ချိုက်ကျန်းခွန်း သည် မြေကမ္ဘာနဂါး ကုန်သည်အသင်း ၏ အရှင်သခင် မဟုတ်ပေ။ သူသည် မြေကမ္ဘာနဂါး ကုန်သည်အသင်း ၏ အရှင်သခင် မှ ရှေ့တန်း တင်ထားသော ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်၏။ မြေကမ္ဘာနဂါး ကုန်သည်အသင်း ၏ အရှင်သခင် အစစ်အမှန်မှာ ဟွမ်ယွမ် ဒေသ တွင် အင်အားအကြီးဆုံး ဖြစ်သည့် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် ရှိ ယွမ်ကျန်း ပင် ဖြစ်သည်။

"သူဌေး... အကယ်၍ ဝူမိသားစု ကုန်သည်အသင်း ကို သွားမယ် ဆိုရင် သခင်ကြီး ယွမ် ကို အသိပေးသင့်တယ် မလား..."

ချိုက်ကျန်းခွန်း သည် ဝူမိသားစု ကုန်သည်အသင်း သို့ တစ်ယောက်တည်း သွားမည်ကို ကြားလိုက်ရသဖြင့် မြေကမ္ဘာနဂါး ကုန်သည်အသင်း မှ အဆင့်မြင့် အဖွဲ့ဝင် အားလုံးက သူ့ကို တားဆီးရန် ကြိုးစားခဲ့ကြသည် ။

သို့သော် ချိုက်ကျန်းခွန်း က လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်သည်။

"သခင်ကြီး ယွမ် က အခု ဝင်ပါဖို့ မလိုသေးဘူး... ဘာပဲဖြစ်ဖြစ် ငါက လျိုထျန်းရွှေအင်မော်တယ် အဆင့် ရှိတာပဲ... အကယ်၍ ကျန်းယဲ့ က ငါ့ကို တိုက်ခိုက်ချင်တယ် ဆိုရင်တောင် သူ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ ငါ တောင့်ခံထားနိုင်သေးတယ်... အဲဒီအချိန်ကျမှ သခင်ကြီး ယွမ် ဝင်ပါရင်လည်း နောက်ကျမှာ မဟုတ်ဘူး..."

"ကောင်းပြီ... အားလုံးပဲ... မင်းတို့ အားလုံး ထွက်သွားလို့ ရပါပြီ..."

ချိုက်ကျန်းခွန်း က လက်ဝှေ့ယမ်းပြလိုက်ပြီး ထိုနေရာရှိ အဆင့်မြင့် အဖွဲ့ဝင် အားလုံးကို ထွက်သွားခိုင်းလိုက်၏။ မကြာမီမှာပင် ချိုက်ကျန်းခွန်း နှင့် ဒုတိယ သူဌေး နျဲ့လုံ တို့သာ ကျန်ရစ်တော့သည်။

လူတိုင်း ထွက်သွားပြီးနောက် နျဲ့လုံသည် ချိုက်ကျန်းခွန်း ထံသို့ ချဉ်းကပ်သွားပြီး အနည်းငယ် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

"သူဌေး... ဝူမိသားစု ကုန်သည်အသင်း က ဈေးကွက်ထဲ ဝင်လာတာက ငါတို့ရဲ့ အစီအစဉ်တွေကို ပျက်စီးသွားစေမယ်လို့ ထင်လား..."

"အဲဒီ အဖြေကို ငါ မသိဘူး... ဒါပေမဲ့ အဲဒါကို သိဖို့အတွက် ဝူမိသားစု ကုန်သည်အသင်း နဲ့ ငါ သွားတွေ့ဖို့ လိုတယ်..."

ချိုက်ကျန်းခွန်း သည် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်ပြီး သူ၏ မျက်လုံးများက တစ်စုံတစ်ခုကို အကြံအစည် ရှိနေပုံ ရ၏။

တစ်ချိန်တည်းမှာပင် ထိုသတင်းသည် ဝူရူလုံ ထံသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး ထိုကိစ္စကို သိရှိပြီးနောက် သူသည် ကျန်းယဲ့ ကို သူ၏ ရှေ့သို့ ခေါ်ယူလိုက်သည်။

"ကျန်းယဲ့... အကယ်၍ မင်းက ဟွမ်ယွမ် ဒေသ မှာ အင်အားအကြီးဆုံး လူနဲ့ တိုက်ခိုက်ရမယ် ဆိုရင် အနိုင်ရဖို့ အခွင့်အရေး ဘယ်လောက် ရှိလဲ..."

ဝူရူလုံ က ကျန်းယဲ့ ကို ကြည့်၍ လေးနက်သော မျက်နှာထားဖြင့် မေးလိုက်၏။

ကျန်းယဲ့ က လက်ဝှေ့ယမ်းလိုက်ပြီး လက်တစ်ချောင်း ထောင်ပြလိုက်သည်။

"တစ်ကွက်တည်း ဆိုရင် လုံလောက်ပြီ..."

"တစ်ကွက်တည်း..."

"ဟုတ်တယ်... ဟွမ်ယွမ် ဒေသ မှာ အင်အားအကြီးဆုံး လူက ယွမ်ကျန်း လို့ ခေါ်တဲ့ကောင်ပဲ... သူက အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် ရှိတယ်... အကယ်၍ အရင်က ဆိုရင်တော့ ငါတို့ရဲ့ အင်အားက အတူတူလောက်ပဲ ရှိမှာ... ဒါပေမဲ့ အခု သခင့် ရဲ့ အကူအညီနဲ့ ငါက အင်မော်တယ်ဘုရင် အဆင့်ကို တက်လှမ်းသွားပြီ ဆိုတော့ ယွမ်ကျန်း က ငါ့ရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး..."

ကျန်းယဲ့ စကားပြောနေစဉ် သူ၏ အမူအရာသည် စိတ်လှုပ်ရှားနေဟန် ရသည်။ ဟင်းလင်းပြင် နေရာရွှေ့ပြောင်းမှု ဝင်္ကပါ ကို တည်ဆောက်ပြီး မကြာမီမှာပင် ဝူဟောက်သည် သူ့ကို အင်မော်တယ်ဘုရင် ကနဦးအဆင့် သို့ တက်လှမ်းနိုင်ရန် ကူညီပေးခဲ့ရာ ယင်းက ကျန်းယဲ့ ကို ဟက်ထိသွားစေခဲ့သည်။

ယခုအခါမှသာ ဝူဟောက် သည် အင်မော်တယ်ဘုရင် အထက်တွင် သေချာပေါက် ရှိကြောင်းကို သူ သေချာ သိရှိသွား၏။ မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်ဘုရင် တစ်ပါးသည် တစ်စုံတစ်ယောက်ကို အင်မော်တယ်ဘုရင် အဆင့်သို့ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်မည် မဟုတ်။

ထိုစကားကို ကြားသောအခါ ဝူရူလုံ က ဆက်၍ ပြောလိုက်သည်။

"ဒီလိုဆိုရင်လည်း နောက်သုံးရက် အကြာမှာ မြေကမ္ဘာနဂါး ကုန်သည်အသင်း သူဌေး ကို ကြိုဆိုဖို့ မင်း ငါနဲ့အတူ လိုက်ခဲ့... အကယ်၍ ယွမ်ကျန်း က ဝင်ပါလာရင် သူ့ကို မင်း ရှင်းပစ်လိုက်..."

"ဟုတ်ကဲ့ပါ သူဌေး..."

ကျန်းယဲ့ က ခေါင်းညိတ်သဘောတူလိုက်သည်။ ဝူဟောက် ၏ ကြီးမားလှသော ကျေးဇူးကို သူ ပြန်ဆပ်ရန် နည်းလမ်း မရှိပေ။ ဝူဟောက် ၏ သား ဖြစ်သူ ဝူရူလုံ ကို ကူညီပေးခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

ချိန်းဆိုထားသောနေ့သည် လျင်မြန်စွာ ရောက်ရှိလာပြီး ချိုက်ကျန်းခွန်း သည် တွေ့ဆုံပွဲသို့ တစ်ယောက်တည်း သွားရန် ရွေးချယ်ခဲ့၏။ ချိုက်ကျန်းခွန်း ရောက်လာသောအခါ ဝူရူလုံ နှင့် ကျန်းယဲ့ တို့က အသင့်စောင့်နေသည်။

"ခင်ဗျားက မြေကမ္ဘာနဂါး ကုန်သည်အသင်း ရဲ့ သူဌေး ချိုက်ကျန်းခွန်း ဖြစ်ရမယ်... ပထမဆုံး အကြိမ် တွေ့ဆုံရတာ ဂုဏ်ယူပါတယ်..."

ဝူရူလုံ က မတ်တတ်ထရပ်၍ ချိုက်ကျန်းခွန်း ကို နှုတ်ဆက်လိုက်ရာ ၊ ယင်းက ချိုက်ကျန်းခွန်း ကို အံ့အားသင့်သွားစေ၏။ ဝူရူလုံ သည် သူ့ကို ဤကဲ့သို့ ဆက်ဆံလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားပေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ယခုအခါ ဝူမိသားစု ကုန်သည်အသင်း နှင့် ဆန့်ကျင်ဘက် အင်အားစုမှ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။

သို့သော် ချိုက်ကျန်းခွန်း က ဘာတွေ ဖြစ်နေသည်ကို အလျင်အမြန် သဘောပေါက်သွားပြီး ပြုံး၍ ပြောလိုက်သည်။

"ခင်ဗျားက သူဌေး ဝူ ဖြစ်ရမယ်... ခင်ဗျား အကြောင်းကို အရင်ကတည်းက ကြားမိပါတယ်... ပြီးတော့ သူက နတ်ဘုရားဆန့်ကျင်ခြင်း မြင့်မြတ်နယ်မြေ ရဲ့ ဂိုဏ်းချုပ် ကျန်းယဲ့ ပဲ... ခင်ဗျားက အခုဆိုရင် အဆင့်မြင့် ပုဂ္ဂိုလ် တစ်ယောက် ဖြစ်နေလောက်ပြီ..."

ကျန်းယဲ့ က ဘာမှ မပြောဘဲ ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်၏။

"ကောင်းပြီ... ကျေးဇူးပြုပြီး ထိုင်ကြပါဦး... ငါတို့ စားပွဲမှာ ဆွေးနွေးကြတာပေါ့..."

ဝူရူလုံ စကားပြောပြီးနောက် ချိုက်ကျန်းခွန်း က ဝင်ထိုင်လိုက်၏။

ချိုက်ကျန်းခွန်း ထိုင်လိုက်ပြီးနောက် သူသည် တူများကို မကိုင်ဘဲ အဓိက အကြောင်းအရာဆီသို့ တိုက်ရိုက် ရောက်သွားသည်။

"သူဌေး ဝူ... ကျွန်တော် သိချင်တယ်... ခင်ဗျား လှုပ်ရှားဖို့ အဆင်သင့် ဖြစ်ပြီလား..."

ဝူရူလုံ နှင့် ကျန်းယဲ့... "???"

ဝူရူလုံ နှင့် ကျန်းယဲ့ တို့ စကားမပြောနိုင်မီမှာပင် ချိုက်ကျန်းခွန်း က ဆက်၍ ပြောလိုက်၏။

"ကျွန်တော် သိချင်တာက ယွမ်ကျန်း ကို ခင်ဗျားတို့ ဆန့်ကျင် လှုပ်ရှားဖို့ အစီအစဉ် ရှိလား... ဝူမိသားစု ကုန်သည်အသင်း ကို ဟွမ်ယွမ် ဒေသ မှာ ဘယ်လို တန်ဖိုးမျိုး ပေးရပေးရ လွှမ်းမိုးနိုင်ဖို့ ခင်ဗျားတို့ ဆုံးဖြတ်ထားလား..."

All Chapters