← Chapters

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅-၂၀၆)

Vol. 21 Ch. 205-206

အခန်း (၂၀၅) - ချိုက်ကျန်းခွန်း ၏ အကြံပြုချက်များ

သူ ထွက်ခွာသွားတော့မည့် အချိန်တွင် ချိုက်ကျန်းခွန်း က ခဏတာ ချီတုံချတုံ ဖြစ်သွားသော်လည်း သူ၏ စိတ်ကို အလျင်အမြန် ဆုံးဖြတ်လိုက်ပြီး ဝူရူလုံ ကို ကြည့်ကာ တည်ကြည် လေးနက်စွာဖြင့် မေးလိုက်၏။

"သူဌေး... ဝူမိသားစု ကုန်သည်အသင်း ကို ဘယ်လောက် အတိုင်းအတာ အထိ ကြီးထွားလာဖို့ ခင်ဗျား မျှော်မှန်းထားလဲ ဆိုတာ ကျွန်တော် သိချင်တယ်..."

ထိုစကားကို ကြားသောအခါ ဝူရူလုံ မှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း ၊ သို့သော် သူသည် တုံ့ဆိုင်းခြင်း မရှိ အလျင်အမြန် ပြန်ဖြေလိုက်၏။

"အထက်ကမ္ဘာ တစ်ခုလုံးမှာ အကြီးဆုံး ကုန်သည်အသင်း ဖြစ်လာဖို့ပဲ..."

ချိုက်ကျန်းခွန်း ၏ မျက်နှာတွင် အံ့အားသင့်မှုများ ရှိနေခဲ့သည်။ဝူရူလုံ တွင် ဤမျှ ကြီးမားသော ရည်မှန်းချက်များ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားသည်။ သို့သော် သူသည် အလျင်အမြန် ထပ်မေးလိုက်သည်။

"အထက်ကမ္ဘာ တစ်ခုလုံးမှာ အကြီးဆုံး ကုန်သည်အသင်း ဖြစ်လာဖို့ ဆိုရင် အထက်ကမ္ဘာ တစ်ခုလုံးကို ရင်ဆိုင်နိုင်တဲ့ စွမ်းအား ရှိရမယ်... ဝူမိသားစု ကုန်သည်အသင်း မှာ အထက်ကမ္ဘာ ကို ရင်ဆိုင်နိုင်တဲ့ စွမ်းအား ရှိလို့လား..."

အထက်ကမ္ဘာ တစ်ခုလုံး မည်မျှ ကြီးမားကြောင်းကို ချိုက်ကျန်းခွန်းအနေဖြင့် သဘာဝကျကျပင် သိရှိထား၏။သူတို့၏ တောင်ပိုင်း ဒေသသည် ချို့တဲ့သည်ဟု ယူဆရသော်လည်း သို့သော်လည်း အင်မော်တယ် အရှင်မြတ် များ သို့မဟုတ် အင်မော်တယ် မဟာဧကရာဇ် များပင် ရှိနေသော နေရာ အများအပြား ရှိနေသေးသည်။ ကျန်ရှိနေသေးသော အခြား နယ်မြေကြီးငါးခု ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ချေ။

ထိုစကားကို ကြားသောခါ ဝူရူလုံ က လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"စွမ်းအား နဲ့ ပတ်သက်တဲ့ ပြဿနာကို ခင်ဗျား စိတ်ပူစရာ မလိုဘူး... အဲဒါကို ကျွန်တော် ကိုင်တွယ်ပါ့မယ်... ဒါပေမဲ့ ခင်ဗျား က ဘာပြောချင်တာလဲ..."

ဝူရူလုံ က ထိုသို့ ပြောလာသည် ဖြစ်ရာ ချိုက်ကျန်းခွန်း က ဆက်၍ တုံ့ဆိုင်းမနေတော့ဘဲ ခေါင်းညိတ်၍ ဆက်ပြောလိုက်သည်။

"အကယ်၍ ဝူမိသားစု ကုန်သည်အသင်း ကို အထက်ကမ္ဘာ မှာ အကြီးဆုံး ကုန်သည်အသင်း ဖြစ်လာချင်တယ် ဆိုရင် ကုန်သည်အသင်း ရဲ့ လက်တံကို အထက်ကမ္ဘာ ရဲ့ နယ်မြေ တိုင်းဆီ တိုးချဲ့ဖို့ လိုအပ်တာ သဘာဝပဲ..."

"ကျွန်တော် နားလည်ထားသလောက် ဆိုရင် အထက်ကမ္ဘာ မှာ စုစုပေါင်း နယ်မြေ ၄၅၀,၀၀၀ ရှိတယ်... အဲဒီအထဲမှာ အင်မော်တယ် ဧကရာဇ် နှစ်ရာကျော်၊ အင်မော်တယ် အရှင်မြတ် သောင်းနဲ့ချီပြီး ရှိသလို အင်မော်တယ် မဟာဧကရာဇ် နဲ့ အင်မော်တယ်ဘုရင် တွေကလည်း မရေမတွက်နိုင်အောင် ရှိတယ်..."

"အဲဒီလို ဆိုရင် ဝူမိသားစု ကုန်သည်အသင်း အတွက် အထက်ကမ္ဘာ မှာ အကြီးဆုံး အင်အားစု ဖြစ်လာဖို့ နည်းလမ်း နှစ်ခုပဲ ရှိတယ်..."

ချိုက်ကျန်းခွန်း ၏ စကားကို ကြားသောအခါ ဝူရူလုံ က ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ အတော်လေး ယုတ္တိရှိပေသည်။

"နည်းလမ်း နှစ်ခု ရှိတယ် လို့ ခင်ဗျား ပြောတယ် မလား... ဘာများလဲ..."

ချိုက်ကျန်းခွန်း က အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ပထမ နည်းလမ်း ကတော့ ဝူမိသားစု ကုန်သည်အသင်း က သူရဲ့ အကြွင်းမဲ့ စွမ်းအားကို ထုတ်ပြပြီး အထက်ကမ္ဘာ တစ်ခုလုံးက ကုန်သည်အသင်းတွေကို ငါတို့ဆီ အညံ့ခံလာအောင် လုပ်ဖို့ပဲ... ပြီးရင် အထက်ကမ္ဘာ ကို လွှမ်းမိုးဖို့ ဆိုတဲ့ ငါတို့ရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် လုပ်ရုံပဲ.."

ပထမ အကြံပြုချက်ကို ကြားသောအခါ ဝူရူလုံ သည် တစ်ခဏမျှ စဉ်းစားလိုက်၏။သူ၏ ဖခင်သည် အထက်ကမ္ဘာ တစ်ခုလုံးကို ဖိနှိပ်နိုင်စွမ်း ရှိကြောင်း သူ သိထားသော်လည်း ပြဿနာမှာ အဖေဖြစ်သူသည် လှုပ်ရှားရန် ပျင်းရိလွန်းသော လူပျင်း တစ်ယောက် ဖြစ်နေခြင်းပင် ။

သူ လုပ်သမျှ အရာအားလုံးက ကံကြမ္မာ၏ အကျိုးဆက် များနှင့် သိပ်မပတ်သက်ချင်သောကြောင့်‌ ဟူ၍ ပြောလေ့ရှိသည်။

အဖေဖြစ်သူ မှလွဲ၍ အစောင့်အရှောက် နတ်ဘုရားသားရဲ သာ ရှိတော့၏။ဝူချီလုံ သည် အထက်ကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားသော်လည်း ပြဿနာမှာ ဝူချီလုံ သည် ယခုအခါ ချိတ်ပိတ်ခံထားရပြီး သူသည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် သို့ ဘယ်တော့ ပြန်ရောက်နိုင်မည်ကို မသိရခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ဤအစီအစဉ်က ရေတိုတွင် လုံးဝ ဖြစ်နိုင်ချေ မရှိပေ။

"နည်းလမ်း နှစ်ခု ရှိတယ် လို့ ခင်ဗျား ပြောတယ် မလား... ဒုတိယ တစ်ခုက ဘာလဲ..."

ထိုစကားကို ကြားသောအခါ ချိုက်ကျန်းခွန်း က အနည်းငယ် ခေါင်းညိတ်လိုက်၏။

"ဝူမိသားစု ကုန်သည်အသင်း ရဲ့ လည်ပတ်ပုံကို ကျွန်တော် လေ့လာကြည့်နေတာ အကြာပါပြီ... ပြီးတော့ ဝူမိသားစု ကုန်သည်အသင်း က အထက်ကမ္ဘာ မှာ ရှိတဲ့ ကုန်သည်အသင်း အများစု ထက် ပိုပြီး ဆန်းသစ်တယ် ဆိုတာကို ကျွန်တော် တွေ့ရှိခဲ့တယ်... ဒါ့အပြင် ဝူမိသားစု ကုန်သည်အသင်း မှာ အထက်ကမ္ဘာ မှာ မရှိတဲ့ အရာတစ်ခု ရှိတယ်... အဲဒါကတော့ မိုဘိုင်းဖုန်း ပဲ..."

"ထပ်ပြီးတော့ မိုဘိုင်းဖုန်း အချက်ပြလှိုင်းတွေက ဆက်သွယ်ရေးစခန်း တွေနဲ့ ပေါင်းစပ်ထားတဲ့ ဟင်းလင်းပြင် ဝင်္ကပါ ကနေတစ်ဆင့် အခြား ဒေသ တစ်ခုကိုတောင် စက္ကန့်ပိုင်းအတွင်း သတင်းစကား လက်ခံရရှိနိုင်တဲ့ အံ့သြစရာကောင်းတဲ့ လုပ်ဆောင်ချက်ကို ရရှိနိုင်တယ် ဆိုတာကိုလည်း ကျွန်တော် တွေ့ရှိခဲ့တယ်...”

"ဒါကြောင့် ကျွန်တော်တို့က မိုဘိုင်းဖုန်း ကို တိုးတက်အောင် လုပ်ပြီး ကြီးမားတဲ့ ဟင်းလင်းပြင် ဝင်္ကပါ နဲ့ ဆက်သွယ်ရေးစခန်း ကို ပေါင်းထည့်လိုက်သရွေ့ မိုဘိုင်းဖုန်း အချက်ပြလှိုင်းက အထက်ကမ္ဘာ တစ်ခုလုံးကို လွှမ်းခြုံသွားနိုင်တယ်... အထက်ကမ္ဘာ မှာ ရှိတဲ့ သက်ရှိ တစ်ဝက် က ကျင့်ကြံသူတွေ ဖြစ်ပေမယ့် ကျန်တဲ့ တစ်ဝက် ကတော့ သာမန်လူ တွေပဲ..."

"သာမန်လူ တွေအတွက်ကတော့ မိုဘိုင်းဖုန်း ဆိုတာ သူတို့ ထိတွေ့လို့ မရနိုင်တဲ့ အင်မော်တယ် မှော်လက်နက် တစ်ခုပဲ..."

"ဒါကြောင့် ငါတို့ လုပ်ရမှာက မိုဘိုင်းဖုန်း ကို ထုတ်လုပ်ပြီး အထက်ကမ္ဘာ မှာ အကြီးဆုံး သတင်းစာ ကို ရှာပြီး ငါတို့ ဝူမိသားစု ကုန်သည်အသင်း နဲ့ ပူးပေါင်းဖို့ အထက်ကမ္ဘာ က ကုန်သည်အသင်းတွေကို အသိပေးဖို့ပဲ... မိုဘိုင်းဖုန်း ရဲ့ လည်ပတ်ခွင့်ကို သူတို့ဆီ လွှဲပြောင်းပေးလို့ ရတယ်... ငါတို့ ဝူမိသားစု ကုန်သည်အသင်း ကတော့ ရာခိုင်နှုန်း တစ်ခုလောက်ပဲ ယူဖို့ လိုတယ်..."

"အဲဒီအခါကျရင် ဝူမိသားစု ကုန်သည်အသင်း က ငါတို့ သတိမထားမိခင်မှာပဲ အထက်ကမ္ဘာ မှာ အကြီးဆုံး ကုန်သည်အသင်း ဖြစ်လာနိုင်တယ်... ဒါပေမဲ့ အားနည်းချက် ကတော့ ဝူမိသားစု ကုန်သည်အသင်း ကို လိုချင်တပ်မက်နေတဲ့ သူတွေကို မတားဆီးနိုင်မှာ စိုးလို့ ဝူမိသားစု ကုန်သည်အသင်း မှာ အနည်းဆုံး အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် စွမ်းအား ရှိဖို့ လိုအပ်တယ်..."

"ဘာပဲဖြစ်ဖြစ် ကျွန်တော် နားလည်ထားသလောက် ဆိုရင် အထက်ကမ္ဘာ က ကုန်သည်အသင်း အများအပြား ရဲ့ နောက်ကွယ်မှာ အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် ရှိ စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တွေရဲ့ အရိပ်အယောင် ရှိနေတယ်... မဟာမြင့်မြတ်နယ်မြေငါးခု မှာတောင် သူတို့ ထောက်ပံ့ထားတဲ့ ကုန်သည်အသင်းတွေ ရှိတယ်..."

"ဒါကြောင့် ခင်ဗျားမှာ လုံလောက်တဲ့ စွမ်းအား မရှိရင် ဒီအကြံပြုချက်ကို ကျွန်တော် အကြံမပေးချင်ဘူး..."

ချိုက်ကျန်းခွန်း ၏ အကြံပြုချက် နှစ်ခုကို ကြားပြီးနောက် ဝူရူလုံ သည် သေချာ စဉ်းစားလိုက်ပြီး ထို့နောက် ဖြည်းညင်းစွာ ပြောလိုက်၏။

"ဒီလိုဆိုရင်လည်း ဒုတိယ နည်းလမ်းကိုပဲ ရွေးကြတာပေါ့... အထက်ကမ္ဘာ က အရမ်း ကြီးမားလွန်းလို့ ဝူမိသားစု ကုန်သည်အသင်း က အားလုံးကို မယူနိုင်ဘူး... ဒါကြောင့် အဲဒီထဲက တချို့ကိုပဲ မျှဝေကြတာပေါ့..."

"အကယ်၍ သူတို့ လာရဲတယ် ဆိုရင် စစ်မှန်တဲ့ နာကျင်မှု ဆိုတာ ဘာလဲ ဆိုတာကို သူတို့ကို သိခွင့်ပေးဖို့ ကျုပ် ဝန်လေးနေမှာ မဟုတ်ဘူး..."

ဖခင်ဖြစ်သူမှ သူ့ကို ပေးအပ်ထားသည့် နတ်ဘုရား မှော်လက်နက် ရှိနေသေးကြောင်းကို ဝူရူလုံ မေ့မသွားခဲ့ချေ။ ၎င်း၏ အတွင်းရှိ ဝိညာဉ် ကပင် အထက်ကမ္ဘာ တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်သည်။ ဝူရူလုံ သည် ၎င်းကို မစမ်းသပ်ရသေးသော်လည်း ဖခင်ဖြစ်သူမှ ထိုသို့ ပြောထားခဲ့သည် ဖြစ်ရာ သားတစ်ယောက် အနေဖြင့် သံသယ ဝင်မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ဝူဟောက် သည် ဘယ်တော့မှ လိမ်ပြောလေ့ မရှိချေ။

ဝူရူလုံ ၏ စကားကို ကြားသောအခါ ချိုက်ကျန်းခွန်း မှာ အံ့အားသင့်သွားပြီးနောက် စိတ်ခံစားမှုများ ပြင်းထန်လာတော့၏။

ဝူရူလုံ တွင် ဤမျှ ရဲတင်းမှု ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။ အထက်ကမ္ဘာ ကို ဆန့်ကျင်၍ ထိုကဲ့သို့သော အရာမျိုး လုပ်ရန် သတ္တိ လိုအပ်ပေသည်။

သို့သော် မကြာမီမှာပင် သူ စိတ်လှုပ်ရှားလာသည်။ တောက်ပသော အနာဂတ် တစ်ခုက သူ့ကို လက်ယပ်ခေါ်နေသည်ကို ဝေဝေဝါးဝါး မြင်တွေ့လိုက်ရသည်။ အကယ်၍သာ ဝူမိသားစု ကုန်သည်အသင်း သည် အထက်ကမ္ဘာ တွင် အကြီးဆုံး ကုန်သည်အသင်း ဖြစ်လာပါက မူလ တည်ထောင်သူများထဲမှ တစ်ဦး အနေဖြင့် သူသည် အကြီးမားဆုံး အကျိုးအမြတ် ရရှိသူ ဖြစ်လာမည် မဟုတ်လော။

ဤအချက်ကို တွေးမိသောအခါ ချိုက်ကျန်းခွန်း ၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာပြီး ၊ ထိုစဉ် ဝူရူလုံ က ဆက်ပြောလာခဲ့သည်။

"ချိုက်ကျန်းခွန်း... ဒီကိစ္စကို ခင်ဗျားဆီ အလုံးစုံ လွှဲအပ်လိုက်မယ်... ဘယ်လိုလဲ..."

"ဟုတ်ကဲ့ပါ သူဌေး..."

ချိုက်ကျန်းခွန်း သည် ခေါင်းညိတ်လိုက်ပြီး ဤကြီးလေးသော တာဝန်ကို အလွန် လေးနက်သော စိတ်နှလုံးဖြင့် လက်ခံလိုက်၏။

ဝူမိသားစု ကုန်သည်အသင်း သည် သူတို့၏ ဟွမ်ယွမ် ဒေသ သို့ ဝင်ရောက်လာချိန်တွင် ၊ တစ်ဖက်လူ၏ ထူးခြားသော သဘာဝကို သူ အာရုံခံမိပြီး စုံစမ်းစစ်ဆေးရန် မိုဘိုင်းဖုန်း ကို ရယူခဲ့သည်။ သို့သော်လည်း မိုဘိုင်းဖုန်း တွင် ကာကွယ်ရေး ဝင်္ကပါ တစ်ခု ပါဝင်နေသဖြင့် ၎င်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်ရန်မှာ မဖြစ်နိုင်ခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ ဤအရာကို ဝူဟောက် ကိုယ်တိုင် ဒီဇိုင်းဆွဲထားခြင်း ဖြစ်၏။လျိုထျန်းရွှေအင်မော်တယ်ပင် မဆိုနှင့်၊ အင်မော်တယ်ဘုရင် သို့မဟုတ် အင်မော်တယ် မဟာဧကရာဇ် ပင်လျှင် ၎င်းကို ပုံတူကူး၍ မရနိုင်ပေ။ ထိုမျှလောက် ဝူဟောက် သည် စွမ်းအားကြီးမားလှသည်။

ဝူရူလုံ ကို နှုတ်ဆက်ပြီးနောက် ချိုက်ကျန်းခွန်း သည် သတိလစ်နေသော နျဲ့လုံ ကို သယ်ဆောင်၍ ထွက်ခွာသွား၏။

ချိုက်ကျန်းခွန်း ထွက်သွားပြီးနောက် ဝူရူလုံ က ကျန်းယဲ့ ကို ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။

"စီနီယာ ကျန်း... ပြန်ကြရအောင်... ဟွမ်ယွမ် ဒေသ ကိစ္စက ပြေလည်သွားပြီ ဆိုတော့ ဝူမိသားစု ကုန်သည်အသင်း အတွက် တောက်ပတဲ့ အနာဂတ် က စောင့်ကြိုနေပြီ..."

သို့သော် ဤအခိုက်အတန့်တွင် ကျန်းယဲ့ မှာ သံသယ အချို့ ဖြစ်ပေါ်လာခဲ့သည်။

"သူဌေး... စီနီယာ ဝူ က ဒီလောက်ထိ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကို တကယ်ပဲ ပိုင်ဆိုင်ထားတာလား..."

အခန်း (၂၀၆) - ငါတို့ရဲ့ မနက်ဖြန်တိုင်း

"အဲဒါက ခင်ဗျားက ကျွန်တော့် အဖေ ဘယ်လောက် စွမ်းအားကြီးလဲ ဆိုတာ မသိလို့ပါ... ကျွန်တော် သေချာပေါက် ပြောနိုင်တာက သူ့ရဲ့ စရိုက်က လောကီရေးရာ တွေကို ဂရုမစိုက်လို့သာ... အဲလိုမှ မဟုတ်ရင် အထက်ကမ္ဘာ တစ်ခုလုံးက ကျွန်တော့် ဝူ မိသားစု ရဲ့ တစ်ယောက်တည်း ပြဇာတ် တစ်ခု ဖြစ်နေတာ ကြာပေါ့..."

ဝူရူလုံ ၏ စကားထဲတွင် ဝူဟောက် အပေါ် တွင် ထားရှိသည့် သူ၏ယုံကြည်မှုများ အပြည့် ပါဝင်နေ၏။ မည်သို့ပင်ဆိုစေကာမူ သူ မွေးဖွားလာကတည်းက ဖခင်ဖြစ်သူသည် သူ့ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးချေ။

ထိုစကားကို ကြားသောအခါ ကျန်းယဲ့ က အလေးအနက် ထားကာ ခေါင်းညိတ်လိုက်သည်။

သူသည် ဝူဟောက်အပေါ် တွင် ကြီးမားသော ကျေးဇူးကြွေး ရှိပြီး ၊ သူ့အနေဖြင့် တတ်နိုင်သည်မှာ ဝူဟောက် ၏ သားဖြစ်သူ၏ ဆန္ဒကို ဖြည့်ဆည်းပေးရန် အစွမ်းကုန် ကူညီပေးခြင်းသာ ဖြစ်၏။

"ကောင်းပြီ... အရင် ပြန်ကြရအောင်... ချိုက်ကျန်းခွန်း က ဒီနေရာက ကိစ္စတွေကို ကိုင်တွယ်နိုင်တယ်... ငါတို့ လုပ်ရမှာက ဝူမိသားစု ကုန်သည်အသင်း ဌာနခွဲ အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အမြန်ဆုံး ပြင်ဆင်ပေးဖို့ပဲ..."

"ဟုတ်ကဲ့ပါ..."

...

တစ်ချိန်တည်းမှာပင် ဖန်လိုင် အင်မော်တယ်ကျွန်း ၌ ဝူချန်းခွန်း နှင့် သူ၏ မိသားစုတို့သည် ပျော်ရွှင်ဖွယ် အချိန်များကို အတူတကွ ဖြတ်သန်းခဲ့ကြ၏။

လင်းဇီရှင်း နှင့် ဝူတုံ တို့သည် ဖန်လိုင် အင်မော်တယ်ကျွန်း သို့ ပထမဆုံး ရောက်ရှိလာစဉ်က ၎င်း၏ ကြီးမားလှသော အရွယ်အစားကြောင့် အမြန်နှုန်းဖြင့် သွားလျှင်တောင် လူသားအင်မော်တယ် အနေဖြင့် တစ်ဖက်မှ တစ်ဖက်သို့ ကူးရန် အနည်းဆုံး နှစ်ဆယ့်ငါးနှစ် ကြာမည် ဖြစ်သည်။

ဖန်လိုင် အင်မော်တယ်ကျွန်း တွင် အခွင့်အရေး အများအပြား ရှိနေပြီး ဝူယီဖန်တို့မိသားစုတို့ အနေဖြင့် ထိုနေရာတွင် အလွယ်တကူ နေထိုင် ကျင့်ကြံနိုင်သော်လည်း ၊ သို့သော် ဤအရာက တကယ်တမ်းတွင် ဝူယီဖန် အတွက် ကန့်သတ်ချက် တစ်ခု ဖြစ်သွားပေလိမ့်မည်။

ထို့အပြင် ကံကြမ္မာရွေးချယ်ခံရသူတစ်ဦး၏ တိုးတက်ကြီးထွားမှုဖြစ်စဉ်သည် သွေးချောင်းစီးမှုများနှင့် ပရမ်းပတာဖြစ်ရပ်များအကြား အမြဲတမ်း ဖြတ်သန်းရလေ့ရှိသည်။ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်း အတွေ့အကြုံများ ကင်းမဲ့နေသူတစ်ဦးကို မည်သို့လျှင် ကံကြမ္မာရွေးချယ်ခံရသူဟု ဆိုနိုင်မည်နည်း။ ထို့ကြောင့် ခဏတာ ပြန်လည်ဆုံတွေ့ခဲ့ကြပြီးနောက် ဝူယီဖန်နှင့် အခြားသူများသည် လမ်းခွဲရန် ပြင်ဆင်ခဲ့ကြသည်။

"သား... ဒါဆို မင်း ထွက်သွားတော့မလို့လား..."

သူ့ရှေ့က ယီဖန် နှင့် အခြားသူများကို ကြည့်ရင်း ၊ ဝူချန်းခွန်း သည် ၎င်းတို့၏ အပြုအမူကို ခန့်မှန်းမိသွားပြီး သူ၏ အမူအရာသည် အနည်းငယ် ရှုပ်ထွေးသွား၏။

ထိုစကားကို ကြားသောအခါ ဝူယီဖန် သည် ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်... ဘိုးဘေးကြီး ကျွန်တော့်ကို ပေးခဲ့တဲ့ စမ်းသပ်မှုကို ကျွန်တော် မပြီးသေးဘူး... သွေးဝိညာဉ်ဂိုဏ်း ကို ဖျက်ဆီးပြီးမှသာ ကျွန်တော့် မိသားစုနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ပြန်ဆုံနိုင်မှာပါ..."

ဤအခိုက်အတန့်တွင် ဘေးတွင် ရပ်နေသော လင်းဇီရှင်း နှင့် ဝူတုံ တို့သည်လည်း တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်ပြောဆိုလာကြသည်။

"ယောက္ခထီး... သမီးလည်း ထွက်သွားဖို့ စီစဉ်ထားတယ်... ရေမြင့်မြတ်နယ်မြေ ရဲ့ ဂုဏ်သတင်းကို အထက်ကမ္ဘာ တစ်ခုလုံးမှာ ပျံ့နှံ့အောင် လုပ်မယ်လို့ အမေ့ကို သမီး ကတိပေးထားတယ်... ဒါကြောင့် ရေမြင့်မြတ်နယ်မြေ ကို တည်ထောင်ဖို့ သမီး အပြင်ထွက်တော့မယ်..."

"ဘိုးဘိုး၊ အဖေ၊ အမေ... သားလည်း အပြင်ထွက်ပြီး အတွေ့အကြုံ ယူဖို့ စီစဉ်ထားတယ်... ဒီလို ငြိမ်းချမ်းတဲ့ ဘဝမျိုးကို သား မကြိုက်ဘူး..."

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင် ဝူချန်းခွန်း က သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်၏။

"မင်းတို့ အားလုံး အလုပ်များနေတာ ကောင်းပါတယ်... ဒါပေမဲ့ မင်းတို့ ဘာပဲလုပ်လုပ် ကိုယ့်လုံခြုံရေးကို အဓိကထားဖို့ ငါ မျှော်လင့်တယ်... ပြဿနာ တစ်ခုခုနဲ့ ကြုံလာရင် ကိုယ့်ဟာကိုယ် မြိုသိပ်မထားနဲ့... ငါက မင်းတို့ကို သိပ်အများကြီး မကူညီနိုင်ရင်တောင် အနည်းဆုံးတော့ ငါ့ကို အသိပေးပါ..."

"ဟုတ်ကဲ့ပါ..."

ဝူယီဖန် နှင့် အခြားနှစ်ဦ်းသည် အလေးအနက် ခေါင်းညိတ်၍ သဘောတူလိုက်ကြသည်။

ဝူယီဖန် နှင့် လင်းဇီရှင်း တို့သည် အတန်ကြာအောင် နှုတ်ဆက်စကားများ ပြောခဲ့ကြသည်။သူတို့နှစ်ဦး အတူတကွ ဖြတ်သန်းရသော အချိန်သည် အလွန် နည်းပါးပြီး သူတို့ကြားရှိ အကွာအဝေးသည် ပိုပို၍ ဝေးကွာလာသော်လည်း သို့သော် သူတို့၏ နှလုံးသားထဲက အကွာအဝေးမှာ အဆက်မပြတ် နီးကပ်လာနေသည်။

အချိန်သည် သူတို့ကို ဝေးကွာမသွားစေဘဲ ပို၍ပင် နီးကပ်လာစေခဲ့၏။

သူတို့အားလုံး ထွက်သွားသည်ကို ကြည့်ရင်း ဝူချန်းခွန်း တစ်ယောက် သက်ပြင်းချလိုက်သည်။ ဖခင် တစ်ယောက် အနေဖြင့် သူသည်လည်း ပို၍ အားကောင်းလာရန် လိုအပ်ပုံ ရ၏။

ထိုစဉ် မိုးကြိုးကပ်ဘေး ၏ မြည်ဟည်းသံများက ဖန်လိုင် အင်မော်တယ်ကျွန်း ပေါ်သို့ ကျဆင်းလာသည်။ ဝူချန်းခွန်းသည် မိုးကြိုးကပ်ဘေး လာရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ပြီး အတန်ကြာပြီးနောက် သူ့ဟာသူ တီးတိုး ရေရွတ်လိုက်၏။

"အဖွား လည်း စစ်မှန်အင်မော်တယ် အဆင့်ကို တက်လှမ်းသွားပြီလား... ငါလည်း ပိုကြိုးစားပြီး စစ်မှန်အင်မော်တယ် အဆင့်ကို အမြန်ဆုံး တက်လှမ်းဖို့ လိုပြီ..."

ထိုသို့ တွေးလိုက်မိပြီးနောက် ဝူချန်းခွန်း သည် ဝူမိသားစု ကုန်သည်အသင်း ဆီသို့ အလျင်စလို ပြန်သွားခဲ့သည်။ ဝူမိသားစု ကုန်သည်အသင်း တွင် အရာအားလုံးကို ဖြေရှင်းပြီးမှသာ ကျင့်ကြံရန် အချိန်ရနိုင်မည် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ဖရိုဖရဲ မြင့်မြတ်နယ်မြေ အတွင်း၌ ဝူယီတောက် သည် အတန်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် နားလည်သွားသည်။

"ငါ နားလည်ပြီ... ငါ နားလည်ပြီ... ငါ့ရဲ့ အတိတ်ဘဝ နဲ့ ငါ့ရဲ့ လက်ရှိဘဝ က သိပ်ပြီး ဆက်စပ်မှု မရှိဘူး... ငါက ငါပဲ... ပြီးတော့ ဖရိုဖရဲ နတ်ဘုရား က ဖရိုဖရဲ နတ်ဘုရား ပဲ... ငါက ဖရိုဖရဲ နတ်ဘုရား ဝင်စားသူ ဖြစ်ရင်တောင် ငါ့ရဲ့ မတူညီတဲ့ အတွေ့အကြုံတွေက ငါ့ကို ဖရိုဖရဲ နတ်ဘုရား နဲ့ မတူတဲ့ လူတစ်ယောက် ဖြစ်လာစေခဲ့တာပဲ..."

ဝူယီတောက် သည် အရာအားလုံးကို နောက်ဆုံးတွင် နားလည်သွားသည်နှင့်အမျှ နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မူလ ချီ များသည် ရေလွှမ်းမိုးသကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာပြီး ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် မှတဆင့် လျိုထျန်းရွှေအင်မော်တယ် နယ်ပယ်သို့ တိုက်ရိုက် တက်လှမ်းသွားကာ အထွတ်အထိပ်အဆင့် သို့ ရောက်မှသာ ရပ်တန့်သွားတော့၏။

ဖရိုဖရဲ မြင့်မြတ်နယ်မြေ တစ်ခုလုံးမှာ ဝူယီတောက် ၏ ကြီးမားသော လှုပ်ရှားမှုကြောင့် အံ့အားသင့်သွားကြပြီး မိုရှီယွီ အပါအဝင် လူတိုင်းက ဝူယီတောက် ရှိနေသည့် တာအို နယ်မြေ ဆီသို့ လှမ်းကြည့်လိုက်ကြသည်။

“အဲဒီဘက်က ယီတောက်ရှိတဲ့နေရာပဲ သူ လျိုထျန်းရွှေအင်မော်တယ် ကို တက်လှမ်းနေတာလား... မဖြစ်ဘူး... ငါ ပိုကြိုးစားဖို့ လိုတယ်... သူ့မိန်းမ ဖြစ်ချင်ရင် သူ့ဘေးမှာ ယှဉ်ရပ်နိုင်မယ့် အနေအထား တစ်ခုကို ငါ ရောက်ဖို့ လိုတယ်...”

မိုရှီယွီ၏ ကျင့်ကြံလိုစိတ်များ ချက်ချင်းပင် နိုးကြွလာပြီး မိုးကြိုးကပ်ဘေး များက ကောင်းကင်ယံတွင် ပေါ်ထွက်လာကာ သူမသည် လူသားအင်မော်တယ် အထွတ်အထိပ်အဆင့် မှ စစ်မှန်အင်မော်တယ် အဆင့် သို့ တက်လှမ်းသွားခဲ့သည်။လျိုထျန်းရွှေအင်မော်တယ် နှင့် အလွန် ကွာဝေးနေသေးသော်လည်း ခြေတစ်လှမ်း ပိုနီးလာပြီ မဟုတ်လော။

တစ်ချိန်တည်းမှာပင် ကျွင်းရှောင်ယောင် သည်လည်း မြင့်မြတ်နယ်မြေ မှ အကြီးအကဲ များကို ခေါ်ဆောင်၍ ဝူယီတောက် ၏ မိုးကြိုးကပ်ဘေး နှင့် မလှမ်းမကမ်းသို့ ရောက်ရှိလာ၏။မိုးကြိုးကပ်ဘေး အောက်ရှိ ဝူယီတောက် ကို ကြည့်ရင်း ကျွင်းရှောင်ယောင် က မနေနိုင်ဘဲ ရယ်မောမိလေသည်။

"ဟားဟားဟား... ငါ့ရဲ့ ဖရိုဖရဲ မြင့်မြတ်နယ်မြေ သူတော်စင် က နတ်ဘုရား တစ်ပါး ဖြစ်လာမယ့် အရည်အချင်းတွေ ရှိနေတာပဲ..."

ဝူယီတောက် သည် ကပ်ဘေးဖြတ်ကျော်ခြင်း ပြုလုပ်နေစဉ် အကြောင်းပြချက် မရှိဘဲ ရုတ်တရက် နှာချေလိုက်သော်လည်း ထိုအရာကို ဂရုမစိုက်ခဲ့ချေ။ သူသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားနေပြီ ဖြစ်ပြီး ယခုအခါ ဖရိုဖရဲ ခေါင်းလောင်း ၏ အကူအညီဖြင့် အင်မော်တယ် မဟာဧကရာဇ်ပင် မဆိုနှင့် ၊ နတ်ဘုရား တစ်ပါးပင်လျှင် သူ့လက်ချက်ဖြင့် အလွယ်တကူ သေဆုံးသွားနိုင်ပေသည်။

ဝူယီတောက် သည် မိုးကြိုးကပ်ဘေး ကို လျင်မြန်စွာနှင့် အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီး သူ၏ ကျင့်ကြံဆင့် သည် အထွတ်အထိပ်အဆင့် တွင် တည်ငြိမ်သွား၏။

မိုးကြိုးကပ်ဘေး ပြီးဆုံးသွားပြီးနောက် ဝူယီတောက်သည် မလှမ်းမကမ်းရှိ ကျွင်းရှောင်ယောင် နှင့် အခြားသူများကို သတိပြုမိသွားသည်။ ထို့နောက် သူ၏ ဆရာ နှင့် ဟွမ်သွမ့်မဟာဧကရာဇ် တို့ကို ပေးထားခဲ့သော ကတိကို သတိရသွားပြီး ကျွင်းရှောင်ယောင် ထံသို့ သွားကာ အရိုအသေ ပေးလိုက်၏။

"သခင်ကြီး နဲ့ အကြီးအကဲ အားလုံးကို ဂါရဝပြုပါတယ်..."

"ဟားဟား... ယီတောက်... မင်းက အခု ငါတို့ မြင့်မြတ်နယ်မြေ တစ်ခုလုံးရဲ့ အနာဂတ်ကို ပခုံးပေါ်မှာ ထမ်းထားရပြီ ဆိုတော့ ငါတို့ကို ဒီလောက်ထိ အရိုအသေ ပေးစရာ မလိုပါဘူး..."

ကျွင်းရှောင်ယောင် က ပြုံးလိုက်သည်။ ဝူယီတောက် ကို ကြည့်နေသော သူ၏အကြည့်ထဲတွင် ကျေနပ်မှုများဖြင့် ပြည့်နှက်နေ၏။ဤမျှ စွမ်းအားကြီးမားပြီး၊ ရုပ်ချောကာ၊ ပါရမီ ပါရုံသာမက ဤမျှ ယဉ်ကျေးပျူငှာသော သူတော်စင် ကို အထက်ကမ္ဘာ ၏ အခြား ဘယ်နေရာတွင် ရှာတွေ့နိုင်မည်နည်း။

ထိုစကားကို ကြားပြီး ဝူယီတောက် သည် အနည်းငယ် ခေါင်းညိတ်လိုက်ရင်း၊ ထို့နောက် သူသည် ဤနေရာသို့ လာရသည့် ရည်ရွယ်ချက်ကို သတိရသွားကာ တည်ကြည် လေးနက်စွာဖြင့် ပြောလိုက်၏။

"သခင်ကြီး... ကျွန်တော် လူတစ်ယောက် အကြောင်းကို စုံစမ်းချင်တယ်..."

"ပြောသာ ပြောလိုက်.."

ကျွင်းရှောင်ယောင် ၏ စိတ်ခံစားချက်သည် အလွန် ကောင်းမွန်နေသဖြင့် လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

ထို့နောက် ဝူယီတောက် က ဖြည်းညင်းစွာ ပြောလိုက်သည်။

"ချန်ဇစ်အန်း ရဲ့ သတင်းကို ကျွန်တော် စုံစမ်းချင်လို့ပါ..."

ချန်ဇစ်အန်း သည် အခြားသူ မဟုတ်ဘဲ ရွှမ်ထျန်းကမ္ဘာ မှ ဟွမ်သွမ့်မဟာဧကရာဇ် ၏ နာမည်ရင်း ဖြစ်ပြီး ဝူယီတောက် သည် ထိုအကြောင်းကို ဟွမ်သွမ့်မဟာဧကရာဇ် ၏ အမွေအနှစ် မှတစ်ဆင့် သိရှိထားခြင်း ဖြစ်၏။ချန်ဇစ်အန်း သည် ကျွင်းရှောင်ယောင် ၏ တပည့် ဖြစ်သောကြောင့် သူ့အား ချန်ဇစ်အန်း ၏ သတင်းကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဟွမ်သွမ့်မဟာဧကရာဇ်၏ စစ်မှန်သော ခန္ဓာကိုယ်ကို ရှာဖွေပေးမည်ဟု သူ ကတိပေးထားခဲ့ပြီး ၊ ချန်ဇစ်အန်း ၏ ဆရာ ဖြစ်သူ ကျွင်းရှောင်ယောင် အနေဖြင့် ချန်ဇစ်အန်း ၏ သတင်း အချက်အလက်များကို မှန်ကန်စွာ သိရှိထားပေလိမ့်မည်။

ချန်ဇစ်အန်း ၏ နာမည်ကို ကြားသောအခါ ကျွင်းရှောင်ယောင် ၏ အမူအရာသည် နေရာတွင်ပင် အေးခဲသွားပြီး အတန်ကြာပြီးနောက် အလွန် ရှုပ်ထွေးသွား၏။ ချစ်လည်းချစ်၊ မုန်းလည်းမုန်းရသော ဤတပည့် ၏ နာမည်ကို ဝူယီတောက် ၏ ပါးစပ်မှ ကြားရလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့သည်မှာ ထင်ရှားသည်။

All Chapters