← Chapters

ရေကန်ဘေးမှ စိတ်ပျက်အားငယ်နေသူ

Vol. 21 Ch. 206

ရေကန်ဘေးမှ စိတ်ပျက်အားငယ်နေသူ

Vol. 21 Ch. 206

"အကဲဖြတ်မှုငါးရာတော့ ပြီးသွားပြီ၊ အခု ကိုးရာပဲ ကျန်တော့တယ်...”

“အဘိုးကြီးလဲ့၊ ခင်ဗျားရဲ့ နည်းလမ်းတွေက တကယ့်ကို ကောက်ကျစ်တာပဲ" ယန်ချင်းက ဆန်အရက်ကို တစ်ငုံသောက်ရင်း ခါးခါးသီးသီး ရယ်မောလိုက်သည်။

မနက် ၂ နာရီနီးပါး ရှိပြီဖြစ်သဖြင့် လမင်းကြီးက ထိန်ထိန်သာနေဆဲဖြစ်သော်လည်း လေညင်းက အရိုးထဲထိ စိမ့်အောင် အေးစက်နေကာ ပတ်ဝန်းကျင်တစ်ခုလုံး မြူများဖြင့်ဖုံးလွှမ်းနေ၏။

ညတာ၏ အထီးကျန်ဆန်မှုက သူ့ကို ပို၍ဝမ်းနည်းစေသည်။

မနားမနေလုပ်နေရသော အလုပ်ချိန်များကြောင့် စိတ်ဓာတ်ကျနေရသည့် အဖွဲ့အစည်းတစ်ခု၏ အလုပ်သမားတစ်ယောက်ကဲ့သို့ ခံစားနေရသည်။

အခြားကျင့်ကြံသူများသည် ဟော့ပေါ့စားကာ အရက်သောက်ပြီး ရယ်မောပျော်ရွှင်နေလောက်သော်လည်း သူကမူ ကောင်းကင်ယံတွင် တစ်နေရာမှ တစ်နေရာသို့ မနားတမ်းပျံသန်းကာ အကဲဖြတ်ခြင်းများ ပြုလုပ်နေရပေသည်။

"ငါသာ ကဗျာဆရာတစ်ယောက် ဖြစ်ခဲ့ရင် ကောင်းမှာပဲ"

လက်ရှိအခြေအနေနှင့် လွမ်းမောဖွယ် မြင်ကွင်းက ကဗျာကောင်းတစ်ပုဒ်အတွက် ပြည့်စုံလွန်းလှသော်လည်း သူ့တွင် ထိုပါရမီ မရှိပေ။

သူလုပ်နိုင်သည်မှာ လရောင်ကိုကြည့်ကာ သက်ပြင်းချရင်း အရက်ခွက်ထဲမှ လရောင်အရိပ်ကို သေချာစွာ ကြည့်နေခြင်းသာ ဖြစ်သည်။

"ငါ ဒီအခြေအနေထိ ရောက်သွားရတာလား..."

ယန်ချင်းက ခေါင်းခါလိုက်သည်။ ကဗျာစပ်ပါရမီ မရှိသော်လည်း ကဗျာဆရာတစ်ယောက်ကဲ့သို့ ဟန်ဆောင်ရာတွင်မူ သူက ပါရမီရှိသည်။

သို့သော် အရှိတရားကို ပြန်တွေးမိသောအခါ ထိုခံစားချက်များက ပျောက်ကွယ်သွားရပြန်သည်။

ကျန်ရှိနေသော အကဲဖြတ်မှု ၉၀၀ ကို တွေးမိလိုက်သည်နှင့် အရက်၏ အရသာပင် ပျောက်ရှသွားသလို ခံစားလိုက်ရသည်။

သူ၏ နောက်ထပ် အကဲဖြတ်ရမည့်နေရာမှာ စိန်ခန္ဓာဂိုဏ်း၏ နယ်မြေအတွင်းတွင် ဖြစ်သည်။

ထိုဂိုဏ်းမှာ ဝိညာဥ်ကျင့်ကြံခြင်းဂိုဏ်းကဲ့သို့ပင် သက်တမ်းရင့် အဆင့် (၃) ဂိုဏ်း ဖြစ်သော်လည်း ၎င်းတို့မှာ ကိုယ်ပိုင်နယ်မြေအပေါ် ပို၍ စိုးမိုးထားနိုင်ကြသည်။

နာမည်နှင့်လိုက်အောင် ထိုဂိုဏ်းသည် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်များကို အထူးကျင့်ြကံကြပြီး၊ အထူးသဖြင့် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၏ စိန်ခန္ဓာကိုယ်အဆင့်သို့ ရောက်ရှိရန် လေ့ကျင့်ပေးခြင်းဖြစ်သည်။

ပါရမီနှင့် အခြားကန့်သတ်ချက်များကြောင့် ဂိုဏ်းဝင်တိုင်းကို စိန်ခန္ဓာကိုယ်ရရှိအောင် မလုပ်ပေးနိုင်သော်လည်း ၎င်းတို့၏ တိုးတက်မှုမှာ အဆင့် (၁) အဖွဲ့အစည်းအချို့နှင့်ပင် ယှဥ်နိုင်ပေသည်။

အရင်းအမြစ် လိုအပ်ချက်များကြောင့် ဂိုဏ်းသည် အခြားအဖွဲ့အစည်းများကို ၎င်းတို့၏ နယ်မြေအတွင်း အခကြေးငွေယူကာ အခြေချခွင့် ပြုထားသည်။

ထို့ကြောင့် ထိုနယ်မြေသည် တောင်ဘက်တိုက်ကြီး၏ မြောက်ပိုင်းတွင် ဆေးဖက်ဝင်အပင် အများဆုံးထွက်ရှိရာ နေရာဖြစ်လာခဲ့သည်။

ယန်ချင်း၏ စီစဥ်မှုအရ ကြာပန်းပြာတိုင်းပြည်နှင့် နွေဦးလွင်ပြင်တိုင်းပြည်တို့ကဲ့သို့ပင် စိန်ခန္ဓာဂိုဏ်းကိုလည်း ပူးတွဲအကဲဖြတ်ရေးနေရာအဖြစ် သတ်မှတ်ထားသည်။

ထိုနယ်မြေအတွင်း အကဲဖြတ်ရန် လျှောက်ထားသော အဖွဲ့အစည်းပေါင်း ၂၇၀ ရှိသည်။

ထိုနေရာပြီးနောက် လေဟုန်စီးကြေးစားအစောင့်အရှောက်အဖွဲ့၏ နယ်မြေသို့ ဆက်သွားရမည်။

ထိုနေရာတွင် အဖွဲ့အစည်းပေါင်း ၂၅၀ ရှိပြီး၊ နောက်ဆုံးတွင် သစ်တောဖြူနိုင်ငံရှိ အဖွဲ့အစည်းပေါင်း ၁၅၀ ကို အကဲဖြတ်ရမည်ဖြစ်သည်။

ကျန်ရှိသော အကဲဖြတ်မှု ၅၀၀ မှာ တောင်ဘက်ခြမ်းတွင် ဖြစ်ပြီး ဌာနချုပ်နှင့် နီးသောကြောင့် နောက်ဆုံးမှ လုပ်ရန် သူ ဆုံးဖြတ်ထားသည်။

အလုပ်များလွန်း၍ အားအင်ကုန်ခမ်းနေသော ယန်ချင်းသည် ခေတ္တနားရန် ဆုံးဖြတ်လိုက်ပြီး အောက်ဘက်တွင် သင့်တော်သောနေရာကို ရှာဖွေလိုက်သည်။

မိနစ်နှစ်ဆယ်ခန့် ရှာဖွေပြီးနောက် ဆယ်ဧကခန့် ကျယ်ဝန်းသော တောအုပ်လေးတစ်ခုကို တွေ့ရှိခဲ့သည်။ ထိုနေရာတွင် ရေကန်ကြီးတစ်ခု လည်းရှိနေ၏။

ထိုတောအုပ်တွင် ထူးခြားသော ဆေးပင်များ မရှိသလို၊ အေးစက်သော အပူချိန်နှင့် မြူများကြောင့် လူသူ အရောက်အပေါက် နည်းသဖြင့် နားခိုရန် အလွန်ကောင်းမွန်လှသည်။

အားအကောင်းဆုံး သားရဲမှာပင် အခြေတည်အဆင့် အစောပိုင်းသာ ရှိသည်။

သူ ဆင်းသက်တော့မည့်အချိန်တွင် ရေကန်ထဲတွင် ယင်မြူခိုးမြက်နှင့် ကြယ်စင်ဂဏန်းတို့ကို တွေ့လိုက်ရသည်။

"ဒါက ထူးထူးခြားခြား အံ့အားသင့်စရာပဲ..." ယန်ချင်းက ပြုံးလိုက်သည်။

ယင်ဝိညာဥ်သွေးကြောရှိနေသောကြောင့် ၎င်းတို့ ရှင်သန်နေခြင်းဖြစ်ကြောင်း သူ သဘောပေါက်သွားသည်။

"အယ်လီ ၊ အောက်ကို ဆင်းရအောင်" ယန်ချင်းက အယ်လီ၏ ကျောပေါ်မှ ခုန်ဆင်းကာ ရေကန်ဆီသို့ အလျင်အမြန် ဆင်းသွားသည်။

သူ ရေကန်ထဲမှ အလောင်းတစ်ခုကဲ့သို့ အေးစက်နေသော လူတစ်ယောက်ကို ဆွဲတင်လိုက်သည်။

"ကံကောင်းလို့ အသက်ရှူနေသေးတယ်" ယန်ချင်းက အပ်စိုက်နည်းဖြင့် ထိုလူကို အလျင်အမြန် ကုသပေးလိုက်သည်။

ထိုလူ၏ မျက်နှာမှာ ဖြူဖျော့လွန်းသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရန် ခက်ခဲနေသည်။

လက်မောင်းနှင့် ခြေထောက်များပေါ်တွင် ခရမ်းရောင်သွေးကြောများ ထောင်ထနေပြီး စုတ်ပြတ်နေသော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

"ယင်ယန် ပြောင်းပြန်လှန်ခြင်း" ယန်ချင်းက သူ၏ နည်းစနစ်ကို အသုံးပြုကာ ထိုလူ့ကိုယ်ထဲမှ ယင်အဆိပ်များကို စုပ်ထုတ်လိုက်သည်။

ငါးမိနစ်ခန့်အကြာတွင် ထိုလူ၏ အသားအရေမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။

ယန်ချင်းက ထိုလူ၏ အတွင်းဒဏ်ရာများကို ကုသရန် သူ၏ ချီများကို ပို့လွှတ်လိုက်သည်။

"အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ ဒန်ထျန်က ပျက်စီးနေတာလား..." ယန်ချင်းက မျက်မှောင်ကြုတ်လိုက်သည်။

ထိုလူ၏ ဒန်ထျန်ကို ကြည့်ခြင်းဖြင့် သူ့ထက် အဆင့်များစွာမြင့်သော ကျွမ်းကျင်သူတစ်ဦးက တမင်တကာ ညှဉ်းပန်းနှိပ်စက်ရန်အတွက် သေခွင့်မပေးဘဲ ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း သိသာလှသည်။

ယန်ချင်းသာ မကယ်ခဲ့ပါက ထိုလူမှာ အလွန်နာကျင်စွာဖြင့် သေဆုံးသွားရမည် ဖြစ်သည်။

"သူ ဘာတွေများ လုပ်ခဲ့လို့ ဒီလောက်အထိ ခံစားနေရတာလဲ" ယန်ချင်းက တွေးတောရင်း ကုသမှုကို အဆုံးသတ်လိုက်သည်။

သူသည် ပျက်စီးသွားသော ဒန်တျန်ကို ပြန်မပြုပြင်ပေးနိုင်သော်လည်း အခြားဒဏ်ရာများကိုမူ သက်သာအောင် လုပ်ပေးနိုင်ခဲ့သည်။

ထိုလူသည် အမြုတေဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူဖြစ်သောကြောင့်သာ ဤမျှအထိ ခံနိုင်ရည်ရှိခဲ့ခြင်း ဖြစ်သည်။

"ဘာလို့... ကျုပ်ကို... ကယ်ခဲ့တာလဲ ကျုပ်ကို... သေခွင့်... ပေးလိုက်ပါတော့..." အားအင်ကုန်ခမ်းကာ စိတ်ဓာတ်ကျနေသော အသံတစ်ခု ထိုလူ့ဆီမှ ထွက်ပေါ်လာလေတော့သည်။

All Chapters