← Chapters

မင်းက သိက္ခာရှိတဲ့ သူတော်စင်တစ်ပိုင်း ဖြစ်နေပြီးတော့ နာမည်ကျော်အောင် မလုပ်ဘဲ ဘာလို့ ပုန်းအောင်းနေရတာလဲ

Vol. 23 Ch. 221

မင်းက သိက္ခာရှိတဲ့ သူတော်စင်တစ်ပိုင်း ဖြစ်နေပြီးတော့ နာမည်ကျော်အောင် မလုပ်ဘဲ ဘာလို့ ပုန်းအောင်းနေရတာလဲ

Vol. 23 Ch. 221

နောက်တစ်နေ့ နေမြင့်ချိန်တွင်ဖြစ်သည်။

ချူဖုန်းသည် ရွှေတောင်ပံလင်းယုန်ကို စီးနင်းကာ ကျောင်းအုပ်ကြီး၏ သီးသန့်စံအိမ်တော်အပြင်ဘက်သို့ ရောက်ရှိလာသည်။

လူနှင့် လင်းယုန် နှစ်ဦးသားသည် ခြံဝင်းအတွင်းသို့ ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

"တပည့် ချူဖုန်း၊ ကျောင်းအုပ်ကြီးကို လာရောက်ဂါရဝပြုပါတယ်"

"ရွှေတောင်ပံလင်းယုန်က မွေးစားဖေဖေကို နှုတ်ဆက်ပါတယ်"

ထိုစကားကို ကြားလိုက်ရသည့်အခါ ချူဖုန်းသည် ခေါင်းလှည့်ကာ ရွှေတောင်ပံလင်းယုန်ဘုရင်ကို ထူးဆန်းသလို ကြည့်လိုက်ပြီး မသိစိတ်ကပင် လွှတ်ခနဲ ပြောလိုက်မိသည်။

"မင်းက ဒီလိုလင်းယုန်မျိုး ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"

သူ့စကားဆုံးသည်နှင့် ကျောင်းအုပ်ကြီး၏ အသက်ကြီးရင့်သော်လည်း ကြင်နာတတ်သော အသံသည် ခြံဝင်းအတွင်းမှ ထွက်လာခဲ့၏။

"ရှောင်ဖုန်း၊ ဝင်ခဲ့လေ"

"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"

ချူဖုန်းသည် ရွှေတောင်ပံလင်းယုန်ဘုရင်ကို ခေါ်ဆောင်ကာ ရှေ့ခြံဝင်းကို ဖြတ်ကျော်လာခဲ့ရာ မကြာမီမှာပင် နောက်ဖေးဥယျာဉ်ရှိ အဆောက်အဦးအတွင်း၌ ထိုင်နေသော ကျောင်းအုပ်ကြီးကို မြင်လိုက်ရသည်။

"ရွှေတောင်ပံလင်းယုန်ဘုရင်၊ ငါက မင်းအဖေမဟုတ်ဘူးလို့ ဘယ်နှစ်ခါ ပြောရမလဲ။ ငါ့ကို မွေးစားအဖေလို့ မခေါ်ပါနဲ့ဆိုတာ ဘာလို့ နားမထောင်တာလဲ"

လင်းယုန်ကို မြင်လိုက်ရသည်နှင့် ကျောင်းအုပ်ကြီး၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားတော့၏။

ရွှေတောင်ပံလင်းယုန်ဘုရင်သည်လည်း ထုံးစံအတိုင်း မာန်ဝင့်နေခြင်းမရှိတော့ဘဲ အမှားလုပ်ထားသည့် ကလေးတစ်ယောက်လို တွန့်ဆုတ်သွားကာ တိုးတိုးလေး ပြန်ဖြေသည်။

"နားလည်ပါပြီ၊ မွေးစားဖခင်"

ထိုစကားကို ကြားလိုက်ရသောအခါ ချူဖုန်းမှာ ဝင်မနောက်ဘဲ မနေနိုင်တော့ချေ။

"နောက်တစ်ခါကျရင်လည်း ထပ်ခေါ်ဦးမှာပဲမလား"

ကျောင်းအုပ်ကြီးကတော့ သက်ပြင်းချကာ ခေါင်းခါရုံမှအပ ရွှေတောင်ပံလင်းယုန်ဘုရင်ကို ဆူပူရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ချူဖုန်းဘက်သို့ အကြည့်လွှဲလိုက်သည်။

"ရှောင်ဖုန်း၊ ဒီနေ့ ငါ့ဆီကို ဘာကိစ္စနဲ့ လာတာလဲ"

ချူဖုန်းက လက်သီးဆုပ်ကာ ဂါရဝပြုရင်း ပြောသည်။"ကျောင်းအုပ်ကြီးကို အစီရင်ခံပါတယ်။ တပည့်အနေနဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကို ပိုပြီးခိုင်မာအောင် လေ့ကျင့်ဖို့အတွက် အကြီးအကဲပင်းကို ခေါ်ပြီး သေမျိုးလောကထဲကို ခဏသွားချင်လို့ပါ"

ထိုစကားကို ကြားပြီးနောက် ကျောင်းအုပ်ကြီးသည် မုတ်ဆိတ်မွေးကို ပွတ်သပ်ကာ ခပ်အေးအေးပင် ပြောလိုက်သည်။

"ငါ ခွင့်ပြုတယ်"

"ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကြီး"

ချူဖုန်းက ပြုံးပြီး ပြန်ပြောသည်။

ဝမ်တောက်ကျောင်းတော်သည် ဌာနအသီးသီးမှ အကြီးအကဲများ၏ သွားလာမှုကို ကန့်သတ်ထားခြင်းမရှိသော်လည်း ဌာနမှူးမှူးတစ်ယောက်အနေဖြင့် ကျောင်းတော်မှ ထွက်ခွာမည်ဆိုပါက အစီရင်ခံရန် လိုအပ်ပါသည်။

သို့မှသာ အရေးကိစ္စတစ်ခုခု ပေါ်ပေါက်လာပါက ဆက်သွယ်၍မရဘဲ အလုပ်များ ကြန့်ကြာနေမည်ကို ကာကွယ်နိုင်မည်ဖြစ်သည်။

သို့သော်လည်း သောင်းပြောင်းပညာရပ်ဌာန အတွက်မူ ထိုစည်းကမ်းများက သိပ်မလိုအပ်လှပေ။

အကြောင်းမှာ ထိုနေရာတွင် လူက လက်ချိုးရေတွက်လို့ ရရုံသာ ရှိသောကြောင့်ဖြစ်၏။

ကျောင်းအုပ်ကြီးက စိတ်ပျက်သလိုလေသံဖြင့် ပြောသည်။ "မင်းက ဘာလို့ ငါ့ကို ဒီလောက် အားနာနေရတာလဲ။ မင်းသာ အပြင်မထွက်ချင်ဘူးဆိုရင်တောင် ငါကိုယ်တိုင် မင်းကို လောကအတွေ့အကြုံ သွားယူခိုင်းဖို့ ပြင်နေတာ။ မင်းက သိက္ခာရှိတဲ့ သူတော်စင်တစ်ပိုင်း ဖြစ်နေပြီးတော့၊ မြောင်တောင်ထဲမှာ အောင်းပြီး တပည့်တွေပဲ လက်ခံနေတယ်၊ လောကကြီးမှာ နာမည်ကျော်အောင်လည်း မလုပ်ဘူး။ ဒါမျိုးက မင်းတစ်ယောက်ပဲ လုပ်လိမ့်မယ်"

"..."

ချူဖုန်း ဆွံ့အသွားသည်။

'သတိကြီးကြီးထားတာက အပြစ်တစ်ခုလားဟ’

သူ စိတ်ထဲမှ တွေးလိုက်မိ၏။

"ကျောင်းအုပ်ကြီးရဲ့ ဆုံးမမှုက မှန်ကန်ပါတယ်"

ကျောင်းအုပ်ကြီးသည် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောလာသည်။

“ဒါနဲ့ မင်း အပြင်ထွက်မှာဆိုတော့ ငါ ခိုင်းစရာတစ်ခု ရှိတယ်"

ချူဖုန်းက ပြန်ဖြေသည်။

"ကျောင်းအုပ်ကြီး မိန့်ကြားပါ"

ကျောင်းအုပ်ကြီးက ပြုံးကာ

"ငါ့ကို ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး။ ဒီတစ်ခါ မင်း တောင်ဘက်က သောင်းချီမိစ္ဆာတောင်တန်းဆီကို သွားရင်၊ အင်မော်တယ်မြေခွေးချိုင့်ဝှမ်းကို ဝင်ပြီး မြေခွေးမျိုးနွယ်က သူတော်စင်ကြီးတစ်ပါးနဲ့ တွေ့ခဲ့ပါ။ ပြီးတော့ ဝမ်တောက်ကျောင်းတော်မှာ ကျင့်ကြံဖို့အတွက် မြေခွေးမိစ္ဆာမလေးတစ်ယောက်ကို ခေါ်လာခဲ့ပေးပါ"

ထိုစကားကို ကြားသောအခါ ချူဖုန်းက မသိစိတ်ဖြင့် မေးလိုက်သည်။ "ကျောင်းအုပ်ကြီး ကိုယ်တိုင် သင်ကြားပေးမှာလား"

ကျောင်းအုပ်ကြီးက မုတ်ဆိတ်ကို ပွတ်သပ်လိုက်၏။ "အဲဒီကျမှ ကြည့်ရသေးတာပေါ့။ မင်း သဘောကျတယ်ဆိုရင်လည်း မင်းရဲ့တပည့်အဖြစ် လက်ခံလိုက်လေ"

ချူဖုန်းက မေးလိုက်သည်။

"အချိန်သတ်မှတ်ချက် ရှိလားခင်ဗျ"

"နောက်အနှစ်သုံးဆယ်အတွင်းပေါ့။ ဘယ်အချိန်ဖြစ်ဖြစ် အဆင်ပြေတယ်"

ပြောပြောဆိုဆိုဖြင့် ကျောင်းအုပ်ကြီးသည် သူ့သိုလှောင်လက်စွပ်ထဲမှ အမွှေးနံ့သာအိတ်ကလေးတစ်အိတ်ကို ထုတ်ကာ ချူဖုန်းကို ပေးလိုက်သည်။

"ဒါက အမှတ်အသားပဲ။ ထောင်ချီလှည့်စားခြင်းမဟာသူတော်စင်နဲ့ တွေ့တဲ့အခါ ဒါကိုသာ ပေးလိုက်ပါ"

ချူဖုန်းသည် အိတ်ကို လက်နှစ်ဖက်ဖြင့် လှမ်းယူလိုက်ပြီး ကျောင်းအုပ်ကြီးကို စပ်စုချင်သော အကြည့်ဖြင့် ကြည့်လိုက်၏။

သူသည် မဆင်မခြင် တစ်ခုခု မေးလိုက်ချင်သော်လည်း နောက်ဆုံးတွင် ဘေးကင်းရာကိုသာ ရွေးချယ်လိုက်သည်။

သတိထားခြင်းကသာ အကောင်းဆုံးနည်းလမ်း မဟုတ်ပါလား။

ထုံးစံအတိုင်း ကျောင်းအုပ်ကြီးက ချူဖုန်း၏ အတွေးများကို အထာပေါက်နေ၏။ သူက ပြုံးပြီး

"အများကြီး မတွေးနဲ့။ ငါ အဲဒီ မဟာသူတော်စင်နဲ့ ဆုံဖူးတာ ခနတာပဲ ရှိပါသေးတယ်။ ဒါက သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးတာပါ"

ချူဖုန်းက ခေါင်းညိတ်ကာ ပြုံးဖြီးဖြီးဖြင့် ပြောသည်။"နားလည်ပါပြီ။ ကျောင်းအုပ်ကြီးမှာ မြေခွေးမလေးတွေကို သဘောကျတဲ့ သူငယ်ချင်းတစ်ယောက် ရှိနေတာပေါ့"

"ဟမ်”

ကျောင်းအုပ်ကြီးက ချူဖုန်းကို စိုက်ကြည့်လိုက်ကာ ပြောသည်။

"အဲဒီသူငယ်ချင်းက တကယ်တော့ ငါလို့ ပြောချင်နေတာလား"

"မဟုတ်ရပါဘူး၊ မပြောပါဘူး၊ လျှောက်မတွေးပါနဲ့”

ချူဖုန်းက သုံးကြိမ်ဆက်တိုက် ငြင်းဆိုလိုက်ရာ သူကိုယ်တိုင်ပင် အပြစ်ရှာမရလောက်အောင်ပင်။

ကျောင်းအုပ်ကြီးက ရယ်မောကာ ပြောသည်။ "မင်းကတော့လေ၊ အမြဲတမ်း အဲဒီလို ခနဲ့တဲ့တဲ့ လေသံနဲ့ ပြောတတ်တာ အဲဒီ အဘိုးကြီးခုံနဲ့ တစ်ထေရာတည်းပဲ။ ငါ အမှန်အတိုင်း ပြောရရင် အဲဒီ အမွှေးအိတ်ရဲ့ ပိုင်ရှင်ဟောင်းက အဲဒီ အဘိုးကြီးခုံပဲ"

ချူဖုန်း "..."

နောက်ဆုံးတော့ သူက သူ့ဆရာတစ်ပိုင်းဖြစ်သူ၏ အကြောင်းကို ပြန်ပြီး အတင်းပြောမိသလို ဖြစ်သွား၏။

‘နှမြောစရာပဲ၊ ကျောင်းအုပ်ကြီးရဲ့ လျှို့ဝှက်ချက် မဟုတ်ခဲ့ဘူးပေါ့’

ဆရာတစ်ပိုင်းအကြောင်းကိုတော့ ချူဖုန်း အတင်းမပြောချင်တော့ပေ။ ထိုလူက နေ့တိုင်း ကြွားလုံးထုတ်နေသည်နှင့် အချိန်ကုန်နေသူ ဖြစ်သည်။

သူက ရိုသေစွာဖြင့် ပြောသည်။ "ကျောင်းအုပ်ကြီး စိတ်ချပါ။ တပည့်အနေနဲ့ ဒီကိစ္စကို အကောင်းဆုံး ဆောင်ရွက်ခဲ့ပါ့မယ်"

"အင်း၊ သွားနိုင်ပြီ"

ကျောင်းအုပ်ကြီးသည် ပင်ပန်းနွမ်းနယ်နေသော အမူအရာဖြင့် ချူဖုန်းကို လက်ဝှေ့ယမ်း ပြလိုက်သည်။

"တပည့် နှုတ်ဆက်ပါတယ်။"

"သား နှုတ်ဆက်ပါတယ်။"

ချူဖုန်း ပြောလိုက်သည်နှင့် ဘေးမှ ရွှေတောင်ပံလင်းယုန်ဘုရင်ကလည်း ဝင်ပြောလေသည်။

လူနှင့် လင်းယုန်တို့သည် ကျောင်းအုပ်ကြီး၏ ခြံဝင်းထဲမှ အတူတူ ထွက်လာကြ၏။

"ညီအစ်ကိုလင်းယုန်၊ မင်းကတော့ တကယ် သတ္တိရှိတာပဲ။ ကျောင်းအုပ်ကြီးကို အတင်းအဓမ္မ မွေးစားအဖေလို့ ခေါ်ရဲတယ်နော်"

ခြံဝင်းထဲမှ ထွက်လာသည်နှင့် ချူဖုန်းက ရွှေတောင်ပံလင်းယုန်ဘုရင်ကို လက်မထောင်ပြလိုက်သည်။

ရွှေတောင်ပံလင်းယုန်ဘုရင်က ပြောသည်။ "ရှူး... ဒါက စကားပြောရမယ့် နေရာမဟုတ်ဘူး။ အရိုက်မခံချင်ရင် မြောင်တောင်ကို အရင်ပြန်ကြရအောင်"

"မင်းက ကြောက်လည်း ကြောက်တတ်သေးတာလား"

ချူဖုန်းက မစဘဲ မနေနိုင်ချေ။

ရွှေတောင်ပံလင်းယုန်ဘုရင်က သူ့ကို ဂရုမစိုက်ဘဲ ထွက်ခွာသွားတော့သည်။

ချူဖုန်းသည် ရွှေတောင်ပံလင်းယုန်ဘုရင်၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး မြောင်တောင်ဆီသို့ ပျံသန်းသွားကြသည်။

တောင်ပေါ်သို့ ပြန်ရောက်သည်နှင့် အကြီးအကဲပင်းက ထွက်ကြို၏။

"ဌာနမှူးချူ၊ ကျောင်းအုပ်ကြီးက ဘာပြောလိုက်လဲ”

"ဟူး..."

ချူဖုန်းက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

“ငါကတော့ အေးအေးဆေးဆေး တိတ်တိတ်ဆိတ်ဆိတ်ပဲ သွားချင်တာ၊ ဒါပေမဲ့ ကျောင်းအုပ်ကြီးက နာမည်ကြီးအောင် လုပ်ခဲ့ဦးတဲ့။ တကယ်ပဲ ဒုက္ခများလိုက်တာ”

အကြီးအကဲပင်း "..."

သူမသည် ချူမျိုးရိုးနှင့် စကားမပြောချင်တော့သလို ရုတ်တရက် ခံစားလိုက်ရ၏။ ‘ဘာလို့ ဒီလိုလေသံနဲ့ ကြွားနေရတာလဲ’

သူမ ဘာမှမပြောဘဲ တိတ်နေသည်ကို မြင်သောအခါ ချူဖုန်းက ပြောလိုက်သည်။

"အခုတော့ အားလုံး အဆင်သင့်ဖြစ်ပြီ။ ချူချိုက်ယီ ကျင့်ကြံမှု အောင်မြင်တာကိုပဲ စောင့်ရတော့မယ်။ ဒီကလေးမလေး ကျင့်စဉ်လမ်းကြောင်းပေါ် မရောက်မချင်း၊ ဆရာတစ်ယောက်အနေနဲ့ ငါလည်း အပြင်မှာ စိတ်လက်ပေါ့ပါးစွာ မပျော်ပါးနိုင်သေးဘူး"

အကြီးအကဲပင်းကလည်း ကန့်ကွက်ခြင်းမရှိပေ။ သူမကိုယ်တိုင်လည်း ဆရာတစ်ယောက်ဖြစ်သလို၊ အလေ့အကျင့်အရလည်း လစဉ် တောင်ပေါ်သို့ပြန်ကာ တပည့်များကို သင်ကြားပေးလေ့ရှိ၏။

"ဒီတစ်ခါ သွားရင် တပည့်အချို့ကို ခေါ်သွားကြမလား"

ချူဖုန်းက ခေါင်းခါလိုက်သည်။

"ငါကတော့ မခေါ်ဘူး။ မင်းကော"

အကြီးအကဲပင်း ခဏစဉ်းစားပြီးမှ ပြောလိုက်သည်။ "ကျွန်မလည်း မခေါ်တော့ပါဘူး။ နောက်ရက်တွေမှာ သူတို့အတွက် စီစဉ်ပေးခဲ့မယ်၊ ပြီးတော့ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်မှာ ရှိတဲ့ ကျွန်မရဲ့ တပည့်ကြီးကို သူတို့ကို လမ်းညွှန်ပေးဖို့ ပြောထားလိုက်မယ်"

"ဒါဆိုရင် ငါတို့ ဒီခရီးစဉ်မှာ ညီအစ်ကိုလင်းယုန်ကိုပဲ ခေါ်သွားကြတာပေါ့"

ချူဖုန်းက ပြောပြောဆိုဆိုဖြင့် သူ၏ စာကြည့်ခန်းထဲသို့ ပြန်ဝင်သွားကာ လိုအပ်သည်များကို ပြင်ဆင်ရန် သူ၏ သိုလှောင်လက်စွပ်ကို စစ်ဆေးလိုက်သည်။

မြောင်တောင်ရှိ သီးခြားစံအိမ်တစ်ခုတွင်။

ချူချိုက်ယီသည် တံခါးပိတ်ကျင့်ကြံနေသည်။

အနှောင့်အယှက် မဖြစ်စေရန်အတွက် သူမသည် အစာခံဆေးတောင့်အချို့ကို ပြင်ဆင်ထားခဲ့သည်။ နေ့ဘက်တွင် ဖရိုဖရဲစိတ်ကူးပုံဖော်ကားချပ်ကို ကျင့်ကြံပြီး ညဘက်တွင် လကို ကြည့်ကာ ဆင်ခြင်သုံးသပ်၏။ တစ်နေ့လျှင် သုံးနာရီသာ အနားယူသည်။

ရက်ပေါင်းများစွာ ကုန်ဆုံးသွားပြီး ချူချိုက်ယီ တံခါးပိတ်ကျင့်ကြံနေသည်မှာ (၄၉) ရက် ရှိသွား၏။

ထိုညတွင် လကိုကြည့်၍ ဆင်ခြင်ပြီးနောက် သူမ အနားမယူဘဲ ပုံဖော်ကားချပ်ဆီသို့ လျှောက်သွားကာ ဆက်လက်ကျင့်ကြံလေသည်။

ချူချိုက်ယီ၏ အကြည့်သည် ကားချပ်ပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် အပြောင်းအလဲတစ်ခုကို သတိပြုမိလိုက်သည်။ တစ်ချိန်က ဝေဝါးနေသော ပုံရိပ်သည် ယခုအခါ တောက်ပသော လပြည့်ဝန်းကြီးတစ်ခုအဖြစ် ပေါ်ပေါက်လာ၏။

လမင်းကြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူမ၏ ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ သူမသည် ယခုအခါ ဖရိုဖရဲဟင်းလင်းပြင်ကြီး၏ အလယ်တွင် ရပ်နေသကဲ့သို့ ဖြစ်နေ၏။

ချူချိုက်ယီ ဘာဖြစ်နေသလဲဆိုသည်ကို မသိခင်မှာပင်၊ ထိုဟင်းလင်းပြင်ထဲမှ လမင်းကြီးသည် ဝေဝါးသော ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

All Chapters