← Chapters

မင်း မင်းရဲ့တပည့်ကို ဘာတွေသင်ပေးလိုက်တာလဲ

Vol. 23 Ch. 222

မင်း မင်းရဲ့တပည့်ကို ဘာတွေသင်ပေးလိုက်တာလဲ

Vol. 23 Ch. 222

"ငါ... ငါ အောင်မြင်သွားတာလား"

ချူချိုက်ယီသည် ဖရိုဖရဲ ဟင်းလင်းပြင်အတွင်း တဖြည်းဖြည်း ထင်ရှားလာသော ပုံရိပ်ကို စိုက်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။ ချူချိုက်ယီ ထိုပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အချိန်အထိ မည်မျှကြာသွားသည်ကို မည်သူမျှ မသိနိုင်ချေ။

၎င်းမှာ ရင်သပ်ရှုမောဖွယ် လှပပြီး အစွမ်းထက်လှသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ပုံဖော်ကားချပ်အတွင်း မြင်တွေ့ရသည့် ကိုယ်ပွားတစ်ခုမျှသာ ဖြစ်သော်လည်း ထိုပုံရိပ်မှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် အရှိန်အဝါမှာ သူမ တစ်ခါဖူးမျှ မကြုံဖူးသော အရာမျိုး ဖြစ်နေ၏။

"လူသားမိန်းကလေး၊ ငါ့နာမည်ကို မှတ်ထားလော့၊ ထိုက်ယင်ဝမ်ရှုတဲ့။ ငါ့ရဲ့ စွမ်းအားကို လက်ခံဖို့ မင်း အဆင်သင့်ဖြစ်ပြီလား"

ထိုက်ယင်နတ်ဆိုးဘုရား၏ အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း စကားလုံးတိုင်းမှာ ခေါင်းလောင်းကြီးကို ထုလိုက်သကဲ့သို့ ဟိန်းထွက်နေကာ ချူချိုက်ယီ၏ ဝိညာဉ်ကို တုန်ခါသွားစေသည်။

ချူချိုက်ယီသည် ဒူးထောက်လိုက်ပြီး ရိုသေစွာဖြင့် ပြောသည်။

"တပည့် အဆင်သင့်ဖြစ်ပါပြီ။ မြင့်မြတ်လှတဲ့ နတ်ဘုရားမအနေနဲ့ ကျွန်မကို စွမ်းအားတွေ ချီးမြှင့်ပေးဖို့ နှိမ့်ချစွာ တောင်းဆိုပါတယ်"

"ဒါဆို စကြစို့။ မှတ်ထားပါ၊ မင်းရဲ့ ဝိညာဉ်က ထပ်ပြီး တောင့်မခံနိုင်တော့ဘူးဆိုရင် ငါ ရပ်လိုက်မယ်။ ငါ့စွမ်းအားတွေကို မင်း ဘယ်လောက်အထိ သယ်ဆောင်နိုင်မလဲဆိုတာက မင်းရဲ့ ဝိညာဉ်ကြံ့ခိုင်မှုအပေါ်မှာပဲ မူတည်တယ်"

ထိုက်ယင်ဝမ်ရှု စကားပြောလိုက်သည်နှင့် သူမ၏ နောက်ကွယ်တွင် လပြည့်ဝန်းကြီးတစ်ခု ပေါ်ပေါက်လာသည်။

လရောင်သည် ချူချိုက်ယီ၏ ဝိညာဉ်ပေါ်သို့ ကျရောက်လာသည့်အခါ ကြီးမားလှသော အင်အားစုတစ်ခုသည် သူမ၏ ဝိညာဉ်အတွင်းသို့ စီးဝင်လာတော့သည်။

ပြင်းထန်လှသော နာကျင်မှုသည် ချူချိုင်ယီ၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ ချက်ချင်းပင် တိုးဝင်လာခဲ့၏။

သူမသည် အံတင်းတင်းကြိတ်၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း နှုတ်ခမ်းဖျားမှ အသံတစ်ချက်မျှ ထွက်မလာစေရန် အားခဲထားလေသည်။

ထိုအတောအတွင်း

ဝမ်တောက်ကျောင်းတော်တွင်

ယနေ့ည၏ လမင်းမှာ ပုံမှန်ထက် ထူးကဲစွာ တောက်ပနေ၏။ ယင်း၏ ပြောင်လက်သော အလင်းရောင်ကြောင့် ကျောင်းတော် တစ်ခုလုံးမှာ နေ့ခင်းဘက်ကဲ့သို့ပင် လင်းထိန်နေတော့သည်။

ထိုထူးခြားမှုကို အာရုံခံမိသော မရေမတွက်နိုင်သည့် ပညာရှင်ကြီးများသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ကြပြီး ၎င်း၏ အရင်းအမြစ်ကို ရှာဖွေရန် သူတို့၏ နတ်ဘုရားအာရုံ များကို အသုံးပြုလိုက်ကြသည်။

ကျောင်းအုပ်ကြီးက ကောင်းကင်သို့ မော့ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။ "ထူးဆန်းတယ်... တကယ်ကို ထူးဆန်းတယ်။ ဘာလို့ ဒီလောက်ထိ သန့်စင်တဲ့ ထိုက်ယင်စွမ်းအားကို ငါ အာရုံခံနေရတာလဲ။ ထိုက်ယင်နတ်ဘုရားမ ကိုယ်တိုင် ဝမ်တောက်ကျောင်းတော် ကို ဆင်းသက်လာသလိုမျိုးပဲ။ တစ်ယောက်ယောက်က ထိုက်ယင်နတ်ဆိုးဘုရားနဲ့ ဆက်သွယ်နေတာလား”

“ဒါပေမဲ့ ထိုက်ယင်နတ်ဆိုးဘုရားက လောကကြီးကနေ ပျောက်ကွယ်သွားတာ ကြာပြီမဟုတ်လား၊ လမင်းအဖြစ် ပြောင်းလဲသွားတဲ့ ထိုက်ယင်ကိုယ်ပွားပဲ ကျန်ခဲ့တာလေ"

တံခါးပိတ်ကျင့်ကြံနေကြသော ဌာနမှူး ကိုးဦးသည်လည်း မကြုံစဖူးသော ထိုက်ယင်တာအိုစွမ်းအား ကို အာရုံခံမိပြီး သူတို့၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်ကြသည်။

ဓားဘုရင် ရှောင်ယောင် ပြောသည်။ "ဝမ်တောက်ကျောင်းတော် က တစ်ယောက်ယောက်က သူတော်စင်အဆင့် ကို တက်လှမ်းတော့မှာလား"

ဓားဘုရင်ကျန်းဝူပြောလိုက်၏။ "ဝမ်တောက်ကျောင်းတော် မှာ ထိုက်ယင်နိယာမကို ကျင့်ကြံနေတဲ့ သူတော်စင်တစ်ပိုင်း ရှိနေလို့လား"

"..."

သောင်းပြောင်းပညာရပ်ဌာန၏ သီးသန့်စံအိမ်တွင်မူ

ရုတ်တရက် ပေါ်ပေါက်လာသော ထူးခြားမှုကြောင့် ချူဖုန်း၏ အတွေးစများ ပြတ်တောက်သွားသည်။

သူသည် ပြတင်းပေါက်ကို ဖွင့်ကာ ခေါင်းပေါ်သို့ နီးကပ်စွာ ဝဲနေသော လမင်းကြီးကို ကြည့်လိုက်ပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

"ဟိုကလေးမလေး ချိုက်ယီ ကျင့်စဉ်အဆင့်တက်သွားတာများလား”

ကျွီ

ဘေးခန်းမှ အမြဲတမ်း တည်ငြိမ်လှသော အကြီးအကဲပင်းသည် သူမ၏ မဟုတ်သည့်အလား အလောတကြီး ပြေးထွက်လာသည်။

သူမသည် ပြတင်းပေါက်နားတွင် ရှိနေသော ချူဖုန်းကို ကြည့်ကာ မေးလိုက်၏။ "ဌာနမှူးချူ... ဒါ... ဒါက အတိအကျ ဘာတွေ ဖြစ်နေတာလဲ"

ချူဖုန်းက တည်ငြိမ်စွာပင် ပြန်ဖြေသည်။ "မလန့်နဲ့။ ကြည့်ရသလောက်တော့ ချိုက်ယီရဲ့ ကျင့်ကြံမှုကြောင့် ဖြစ်တာပဲ"

အကြီးအကဲပင်း: Σ(ŎдŎ|||)ノノ

ခဏအကြာတွင် သူမသည် တုန်လှုပ်မှုမှ ပြန်လည်သက်သာလာပြီး ပြောလိုက်သည်။

"ချိုက်... ချိုက်ယီက သာမန်လူတစ်ယောက်ပဲလေ။ သူမက ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေနိုင်မှာလဲ။ဒီအဆင့်မျိုးက သူတော်စင်တစ်ပိုင်းကနေ သူတော်စင်အဆင့်ကို တက်လှမ်းတဲ့အခါ ဖြစ်ပေါ်တဲ့ အရှိန်အဝါထက် မလျော့ဘူးနော်”

ချူဖုန်းက ပြုံး၏။ "ဟုတ်မဟုတ်ဆိုတာ သွားကြည့်လိုက်ရင် သိရမှာပေါ့"

အကြီးအကဲပင်းက ခေါင်းညိတ်ကာ ချိုက်ယီ နေထိုင်သည့် ခြံဝင်းဆီသို့ ပျံသန်းသွားကာ ချူဖုန်းနောက်မှ လိုက်ပါသွားသည်။

သူတို့ ရောက်ရှိသွားသည်နှင့် တစ်အိမ်လုံးကို လွှမ်းခြုံထားသော ထိတ်လန့်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရ၏။

အကြီးအကဲပင်းသည် သူမ၏ နတ်ဘုရားအာရုံကို အသုံးပြုကြည့်လိုက်ရာ ထိုထိတ်လန့်ဖွယ် အရှိန်အဝါမှာ ချူချိုက်ယီ၏ ခန္ဓာကိုယ်အတွင်းမှ ဖြာထွက်နေကြောင်း မြင်လိုက်ရသည်။

ထို့ပြင် ချူချိုက်ယီ တစ်ကိုယ်လုံးမှာလည်း လရောင်များဖြင့် ဖုံးလွှမ်းနေလေ၏။

မကြာမီမှာပင် မြောင်တောင်ပေါ်ရှိ လူအားလုံး ခြံဝင်းအတွင်းသို့ စုရုံးရောက်ရှိလာကြသည်။

"ကျွန်တော်တို့ ဆရာ့ကို ဂါရဝပြုပါတယ်"

"ထကြတော့"

ချူဖုန်း စကားပြောပြီးနောက် ချိုက်ယီ၏ အခန်းဘက်သို့ အကြည့်လွှဲလိုက်သည်။

လူတိုင်းတွင် မရေမတွက်နိုင်သော မေးခွန်းများ ရှိနေသော်လည်း မည်သူမျှ မမေးဝံ့ကြချေ။

သူတို့သည် ချိုက်ယီ အခန်းထဲမှ ထွက်လာမည်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။

ချူချိုက်ယီ၏ ခန္ဓာကိုယ်ထဲသို့ ထိုက်ယင်းစွမ်းအားများ ပိုမိုစီးဝင်လာသည်နှင့်အမျှ သူမ၏ ပတ်ဝန်းကျင်ရှိ အရှိန်အဝါမှာ ပိုမိုကြောက်မက်ဖွယ် ကောင်းလာ၏။

တံခါးပိတ်ကျင့်ကြံနေသော အချို့သော ဌာနမှူးများမှာ စိတ်မရှည်နိုင်တော့ချေ။

ဘာတွေဖြစ်နေသလဲဆိုသည်ကို ထွက်ကြည့်ချင်သည့် စိတ်ဆန္ဒများ ပြင်းပြနေကြ၏။

သို့သော်လည်း နောက်ဆုံးတွင် သူတို့သည် စိတ်ကို ထိန်းချုပ်လိုက်ပြီး ထိုစွမ်းအား၏ လားရာကို သိရှိရန် နတ်ဘုရားအာရုံကိုသာ အသုံးပြုလိုက်ကြသည်။

ထိုစွမ်းအားမှာ သောင်းပြောင်းပညာရပ်ဌာနမှ လာခြင်းဖြစ်ကြောင်း သိလိုက်ရသည့်အခါ အသီးသီးသော ကျင့်ကြံခြင်းခန်းမများအတွင်းမှ ထိတ်လန့်အံ့ဩသံများ ထွက်ပေါ်လာတော့သည်။

"မဖြစ်နိုင်တာ လုံးဝ မဖြစ်နိုင်ဘူး။ အဲဒီကောင်လေး ချူဖုန်းက ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်ရပ်ဆန်းမျိုးကို ဖြစ်ပေါ်စေနိုင်မှာလဲ"

"သူက သူတော်စင်အဆင့်ကို တက်လှမ်းနေတာလား"

"မရဘူး၊ ငါလည်း တံခါးပိတ်ကျင့်ကြံရာကနေ မထွက်ခင် သူတော်စင်တစ်ပိုင်းအဆင့်ကို အရင်ရောက်အောင် လုပ်ရမယ်။ မဟုတ်ရင် သူ့ရှေ့မှာ ငါ မျက်နှာမပြရဲဘဲ နေလိမ့်မယ်"

ကျောင်းအုပ်ကြီးကိုယ်တိုင်ပင် ဆက်လက်ထိုင်မနေနိုင်တော့ချေ။ သူသည် လက်ဖက်ရည် နှစ်ခွက်ဆက်တိုက် သောက်ပြီးနောက် နောက်ဆုံးတွင် သောင်းပြောင်းပညာရပ်ဌာနရှိရာသို့ ပျံသန်းသွားတော့သည်။

ကျောင်းအုပ်ကြီးသည် ချူဖုန်းနှင့် အခြားသူများ၏ ရှေ့သို့ ရောက်လာသည့်အခါ သူသည် လုံးဝ ဆွံ့အသွား၏။

"ရှောင်ဖုန်း၊ ကျင့်စဉ်တက်နေတာ မင်းမဟုတ်ဘူးလား"

ကျောင်းအုပ်ကြီးက ဇဝေဇဝါဖြစ်နေသော မျက်နှာဖြင့် မေးလိုက်သည်။

ချူဖုန်းက ပခုံးတွန့်ပြလိုက်၏။ "ကျောင်းအုပ်ကြီး၊ ကျွန်တော်က ကျင့်စဉ်တက်ဖို့ အဝေးကြီး လိုပါသေးတယ်။ အထဲမှာ ကျင့်ကြံနေတာက ကျွန်တော့်ရဲ့ တပည့်ပါ"

ဟူး

ကျောင်းအုပ်ကြီးသည် အသက်ကို ပြင်းပြင်းရှုလိုက်ရသည်။

"မင်း မင်းရဲ့တပည့်ကို ဘာတွေသင်ပေးလိုက်တာလဲ သူမက ဒီလောက်ကြီးမားတဲ့ စွမ်းအားကို တောင့်ခံနိုင်ပါ့မလား"

ချူဖုန်းက ပြောလိုက်သည်။ "ခဏနေရင် သိရမှာပါ ကျောင်းအုပ်ကြီး"

"ဟမ့်”

ကျောင်းအုပ်ကြီးသည် နှာခေါင်းရှုံ့လိုက်ပြီး ချူဖုန်းအား ထုရိုက်ချင်စိတ်ကို အတင်းအဓမ္မ ထိန်းချုပ်လိုက်ရင်း တံခါးအပြင်ဘက်တွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။

အခန်းအတွင်း၌ ချူချိုက်ယီသည် တင်ပျဉ်ခွေထိုင်နေသည်။ သူမ၏ မျက်နှာမှာ လူသေအလောင်းကဲ့သို့ ဖြူလျော်နေပြီး နဖူးတွင်လည်း ချွေးအေးများ စိုရွှဲနေကာ အလွန်အမင်း နာကျင်နေသော အမူအရာ ရှိနေသည်။

သူမ၏ ဝိညာဉ်မှာ ထိုက်ယင်စွမ်းအား၏ ဖိအားအောက်တွင် ပြိုကွဲလုနီးပါး ဖြစ်နေပြီး လုံးထွေးနေသည်။

သို့သော်လည်း ထိုက်ယင်နတ်ဆိုးဘုရား၏ ကိုယ်ပွားသည် ရပ်တန့်ခြင်းမရှိပေ။

ထိုကလေးမလေးသည် သူမ၏ တကယ့်အစွမ်းကုန်ကို မရောက်သေးကြောင်း အာရုံခံမိသောကြောင့်ပင်။ သူမသည် ထိုက်ယင်စွမ်းအား ပေးပို့မှုကို ဆက်လက်တိုးမြှင့်လိုက်၏။

"အား”

နောက်ဆုံးတွင် ချူချိုက်ယီသည် ဝိညာဉ်ကို ဆွဲဖြဲနေသကဲ့သို့ နာကျင်မှုကို မခံစားနိုင်တော့ဘဲ အော်ဟစ်လိုက်မိသည်။

ဝုန်း

ရုတ်တရက် သူမ၏ သိစိတ်ပင်လယ်အတွင်း၌ အက်ကွဲသံတစ်ခု ဟိန်းထွက်သွား၏။ သူမ မသိလိုက်သော နေရာတစ်ခုတွင် သူမနှင့် တစ်ပုံစံတည်းတူသော ဝိညာဉ်တစ်ခုကို ပိတ်လှောင်ထားသည့် ချိတ်စည်းသည် အနည်းငယ် အက်ကွဲသွားတော့သည်။

ထိုအော်သံကြောင့် အက်ကွဲသံမှာ ဖုံးကွယ်သွားသော်လည်း ထိုက်ယင် နတ်ဆိုးဘုရားကိုယ်ပွား၏ အာရုံမှ လွတ်ကင်းခြင်းမရှိပေ။ သူမသည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ထိုဒုတိယဝိညာဉ်၏ မျက်တောင်များ အနည်းငယ် လှုပ်ခတ်သွားသည်ကို မြင်လိုက်ရသည်။

ထိုဝိညာဉ်သည် ထိုက်ယင်နတ်ဆိုးဘုရား၏ အကြည့်ကို အာရုံခံမိပုံရပြီး အနည်းငယ် တုန်ခါသွားသည်။

ထိုက်ယင်နတ်ဆိုးဘုရား၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွား၏။ အကန့်အသတ်ရောက်ရှိသွားသော ချူချိုက်ယီကို ကြည့်ကာ နောက်ဆုံးတွင် ရပ်တန့်လိုက်ပြီး တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

"မင်း ငါ့ရဲ့ မူလစွမ်းအား အစအနတစ်ခုကို ရသွားပြီ။ မင်း လမင်းကြီးကို ဆက်အာရုံပြုပြီး ထိုက်ယင်စွမ်းအားတွေကို စုပ်ယူနေသရွေ့ တစ်နေ့မှာ ထိုက်ယင် မဟာတာအိုကို နားလည်သဘောပေါက်ပြီး ကိုယ်ပိုင် ထိုက်ယင်ကိုယ်ပွားကို ဖန်တီးနိုင်လိမ့်မယ်"

"ကျေးဇူးတင်ပါတယ် မြင့်မြတ်လှတဲ့ နတ်ဘုရားမ"

ချူချိုက်ယီသည် စိတ်ကို အတင်းတည်ငြိမ်အောင် ထိန်းကာ ထိုက်ယင်နတ်ဆိုးဘုရားကို အလေးအနက် ဦးညွှတ်လိုက်သည်။ သူမ ခေါင်းပြန်မော့လိုက်သည့်အခါ ရှေ့မှ ပုံရိပ်သည် ပျောက်ကွယ်သွားတော့၏။

သူမ မျက်လုံးဖွင့်လိုက်သည်။ အခန်းတစ်ခုလုံး မှောင်အတိ ကျသွား၏။

ထို့နောက် သူမ မျက်လုံးပြန်မှိတ်ကာ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို အာရုံစိုက်လိုက်သည်။

မကြာမီမှာပင် ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ကြီးမားလှသည့် ဝိညာဉ်စွမ်းအင်များကို အာရုံခံမိလိုက်ပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။

သုံးနှစ်တိုင်တိုင် ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ရခြင်းမှာ အလကား မဖြစ်ခဲ့ပေ။

[ဒင် ဂုဏ်ယူပါတယ်။ ပိုင်ရှင်၏ တပည့်သည် သုံးနှစ်နှင့် တစ်ညတိုင်တိုင် ကျင့်ကြံပြီးနောက် သူမ၏ တာအိုအခြေခံ ကို တည်ဆောက်နိုင်ခဲ့ပါတယ်။ သူမသည် ဖရိုဖရဲ နတ်ဆိုးဘုရားပုံဖော်ကားချပ် အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ထိုက်ယင်အနှစ်သာရကို အောင်မြင်စွာ ရရှိခဲ့ပါတယ်။ သင် ကျင့်ကြံမှုသက်တမ်း နှစ် (၆၀)၊ ဖရိုဖရဲနတ်ဆိုးဘုရားစိတ်ကူးပုံဖော်ခြင်းကျမ်း (ပြီးပြည့်စုံခြင်း) မဟာတာအိုအသိအမြင် ကိုးခုကို ဆုလာဘ်အဖြစ် ရရှိပါတယ်]

သူ့စိတ်ထဲမှ အသံကို ကြားလိုက်ရသည့်အခါ ချူဖုန်းသည် စိတ်ထဲမှ သက်ပြင်းချလိုက်ရသည်။

'ဒါက ပါရမီရှင်အဖြစ် မွေးဖွားလာရခြင်းရဲ့ အဓိပ္ပာယ်ပဲပေါ့။ တကယ်ကို သီးသန့် အဆင့်တစ်ခုမှာ ရှိနေတာပဲ’

တစ်ချိန်တည်းမှာပင် ဘေးရှိ ကျောင်းအုပ်ကြီးက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ရှောင်ဖုန်း၊ မင်းရဲ့ တပည့်က အခုလေးတင် တာအိုတည်ဆောက်ခြင်းအဆင့်ထဲကို တက်လိုက်တာလား"

သူ ထိုသို့ ပြောလိုက်သည်နှင့် တပည့်အားလုံးမှာ ဆွံ့အသွားကြသည်။

လူတိုင်း လှည့်ကြည့်လိုက်ကြရာ အကြီးအကဲပင်းက တိုးတိုးလေး ရေရွတ်မိ၏။

“တကယ်ပဲ ဌာနမှူး ပြောခဲ့သလို ဖြစ်လာတာပဲ။ ချိုက်ယီက သုံးနှစ်လုံးလုံး တိတ်ဆိတ်နေခဲ့တာ။အခုတော့ တစ်ချက်တည်းနဲ့ လောကကြီးကို တုန်လှုပ်စေခဲ့ပြီ"

“...”

ကျောင်းအုပ်ကြီး၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ပေါ်ပေါက်လာတော့၏။

ချူဖုန်းက ပြုံးလိုက်သည်။

"ကျောင်းအုပ်ကြီး၊ ဒါက ပြောရရင် အရှည်ကြီးပါ၊ ဒီနေရာမှာလည်း ပြောပြဖို့ မသင့်တော်ပါဘူး။ နောက်မှ သီးသန့် ရှင်းပြခွင့်ပြုပါ"

ချိုက်ယီ၏ ဝိညာဉ်နှစ်ခု ကိစ္စမှာ ကျောင်းအုပ်ကြီးကဲ့သို့ သူတော်စင်အဆင့်ရှိသူ တစ်ယောက်ကို ဖုံးကွယ်ထား၍ ရမည်မဟုတ်ပေ။

ကျောင်းအုပ်ကြီးက ခေါင်းညိတ်သည်။ "ကောင်းပြီ။ ငါ အဲဒီကလေးမလေးကို အရင်ကြည့်ပါရစေဦး။ ပြီးမှ ငါ့စံအိမ်ကို လာပြီး အားလုံးကို ရှင်းပြပေးတော့"

ကျွီ

တံခါးပွင့်လာသံက သူတို့၏ စကားဝိုင်းကို ဖြတ်တောက်သွားသည်။ ချူချိုက်ယီသည် အခန်းထဲမှ ထွက်လာသည်။ ချူဖုန်းကို မြင်လိုက်ရသည့် ခဏ၌ သူမ၏ မျက်ဝန်းများတွင် ချက်ချင်းပင် မျက်ရည်များ ဝဲတက်လာတော့သည်။

သူမသည် အလေးအနက် ဦးညွှတ်လိုက်ပြီး ရိုသေစွာ ပြောလိုက်သည်။

"ဒီလို မြင့်မြတ်ကျင့်စဉ်ကို သင်ကြားပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ”

All Chapters