← Chapters

မွေးစားခြင်း အခမ်းအနား

Vol. 18 Ch. 173

မွေးစားခြင်း အခမ်းအနား

Vol. 18 Ch. 173

စွန်းကျားရှင်း၏ ရင်ထဲတွင် စိတ်ပျက်မှုများ လျှံထွက်နေတော့၏။ သားအမိချင်း ခွဲခွာရတော့မည့် အချိန်တွင် မိခင်ဖြစ်သူထံမှ နွေးထွေးမှု တစ်စက်မျှ မရရှိရုံသာမက သူမသည် သူမ၏ သားငယ်နှစ်ဦးအတွက်သာ အစွမ်းကုန် ကြံစည်နေသည် မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် ထိုကိစ္စမှာ မိခင်ဖြစ်သူက သူ့အား ခြိမ်းခြောက်မည့် အဖိုးတန် အရာတစ်ခု ဖြစ်လာပေလိမ့်မည်။

“မေမေ စိတ်မပူပါနဲ့... ကျွန်တော် မထွက်ခွာခင်မှာ မြို့နယ် အရာရှိကို သေချာ နှုတ်ဆက်ပေးခဲ့ပါ့မယ်...”

စွန်းကျားရှင်းက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

သခင်မစွန်းသည် ထိုစကားကို ကြားသောအခါမှ စိတ်အေးသွားပြီး ဆက်ပြောလိုက်၏။

“နင်က ပညာရှိကု နဲ့ ရင်းနှီးတာကို ငါ သိပါတယ်... ဒါပေမဲ့ ဘယ်လောက်ပဲ ရင်းနှီးရင်းနှီး သူတို့က အပြင်လူတွေပဲလေ... နင့်ညီ နှစ်ယောက်ကမှ နင့်ရဲ့ ညီအရင်းတွေပါ... အရိုးကွဲပေမဲ့ စိတ်ဝမ်းတော့ မကွဲဘူး ဆိုတာ...”

စွန်းကျားရှင်းသည် ထိုစကားများကို အမြဲ ကြားနေရသော်လည်း ယခုအခါတွင်မူ အရင်ကလောက် နားငြီးစရာ မရှိတော့ပေ။ သူသည် သူ၏ ညီများကို မိသားစုဝင် အရင်းအခြာကဲ့သို့ သဘောထားခဲ့သော်လည်း ညီများကကော သူ့အား အစ်ကိုကြီး တစ်ဦးပီပီ လေးစားခဲ့ကြဖူးခြင်းမရှိပေ။

ကုမိသားစုဝင်များသည် နောက်တစ်နေ့တွင် သခင်မစွန်းနှင့် တွေ့ဆုံကြလေသည်။ စွန်းကျားရှင်း၏ အာမခံချက်ကြောင့် ဖြစ်နိုင်သည်၊ သခင်မစွန်းသည် အစအဆုံး ပုံမှန်အတိုင်းပင် ရှိနေ၏။ ခေါင်းကိုက်သည်ဟု အကြောင်းပြကာ စောစောစီးစီး ထွက်သွားသည်မှလွဲလျှင် သာမန် မိသားစုကြီးမှ အဘွားအိုများနှင့် သိပ်မထူးလှပေ။

ကုမိသားစုဝင်များ နန်လင်းမြို့နယ်တွင် နေထိုင်ရခြင်းမှာ စွန်းကျားရှင်းနှင့် ပူးပေါင်းရန်သာမက နျိုနျိုနှင့် ပတ်သက်သော ကြီးမားသည့် အခမ်းအနား တစ်ခု ရှိနေသောကြောင့်လည်း ဖြစ်ပေသည်။ စွန်းကျားရှင်း နှင့် ကုမင်တာ့ နှစ်ဦးစလုံးမှာ နျိုနျိုအား အသည်းစွဲ ချစ်ကြသူများ ဖြစ်ကြရာ ဤ မွေးစားခြင်း အခမ်းအနားကို ရိုးရိုးရှင်းရှင်းလေး မလုပ်လိုကြပေ။ သူတို့သည် နျိုနျိုအား နည်းနည်းလေးမှ မျက်နှာမငယ်စေလိုကြချေ။

စားသောက်ပွဲအတွက် ပါဝင်ပစ္စည်းများကိုလည်း စောစောစီးစီးပင် ပြင်ဆင်ထားကြ၏။ စွန်းကျားရှင်းသည် မည်သည့်နေရာမှ ရလာသည် မသိ အရာအားလုံးကို ဤပွဲတွင် စုံလင်အောင် စီစဉ်ထားလေသည်။ နန်လင်းမြို့နယ်ရှိ လူကုံထံ မိသားစုများကို ဖိတ်ကြား ဧည့်ခံရုံသာမက မြို့ပြင်တွင်လည်း ဆင်းရဲသားများအတွက် စတုဒိသာ မဏ္ဍပ်များ ဆောက်လုပ်ကာ ကျွေးမွေးလှူဒါန်းခဲ့လေသည်။ ဤသည်မှာ နျိုနျိုအတွက် ကုသိုလ် အဖြစ် ရည်စူးခြင်း ပင်။

ဆင်းရဲသားများမှာ မိသားစုလိုက် လာရောက် စားသောက်ကြ၏။ သူတို့သည် မည်သူ မည်ဝါကို မွေးစားသည်ကို မသိကြသော်လည်း စားစရာ ရရှိသဖြင့် မင်္ဂလာစကားများကိုမူ မရပ်မနား ပြောဆိုနေကြတော့၏။ သို့သော်လည်း အိမ်တွင်းရှိ စားပွဲပေါင်း များစွာမှ ဧည့်သည်များမှာမူ ထိုကိစ္စကို ပို၍ သိရှိထားကြသဖြင့် အတင်းအဖျင်းများမှာ ပျံ့နှံ့နေလေသည်။

“စွန်းမိသားစုက မွေးစားသမီးလေး ရတာကိုတောင် ဒီလောက်အထိ အကြီးအကျယ် လုပ်နေတာလားဟင်... အဲ့ဒီ ကလေးက ဘယ်လို နတ်သမီးဥလေး မို့လို့လဲ မသိဘူးနော်...”

“ခြောက်နှစ်အရွယ် မိန်းကလေးလေး လို့တော့ ကြားတာပဲ...”

“မိန်းကလေး တစ်ယောက်တည်းကိုလားဟင်... တချို့လူတွေဆိုရင် လက်ထပ်ပွဲတောင် ဒီလောက် မခမ်းနားဘူးလေ... ဒီကလေးမလေးကတော့ တကယ်ပဲ ကံကောင်းတာပဲနော်...”

“သူ့ရဲ့ အဖေအရင်းကလည်း အစိုးရစာမေးပွဲမှာ ပထမ ရထားသူဖြစ်သလို... အခု မွေးစားအဖေကလည်း ဒုတိယ ရထားသူလေ... ဘယ်လိုပဲ ကြည့်ကြည့် ဒီကလေးရဲ့ ဘဝကတော့ တကယ်ကို ပြည့်စုံတာပဲ...”

“ဒါပေမဲ့ အဖေအရင်း မဟုတ်ဘူးလေ... ကောက်ရတဲ့ ကလေးလို့ ပြောကြတာပဲ...”

“ဟာဗျာ... ကောက်ရတဲ့ ကလေးကိုတောင် အဖေကောင်းတွေနဲ့ တွေ့ရတယ် ဆိုတော့... ဒီကလေးက ကံကောင်းခြင်းတွေ သယ်ဆောင်လာတာ ဖြစ်ရမယ်...”

လူအများစုမှာ မင်္ဂလာစကားများ ပြောဆိုကြသော်လည်း အချို့ကမူ မနာလိုစွာဖြင့် ကဲ့ရဲ့ကြသေး၏။

“တကယ်ပဲ ကံကောင်းတယ် ဆိုရင်တော့... မိဘတွေရဲ့ စွန့်ပစ်တာကို မခံရဘူးပေါ့လေ...”

“ပြန်ပေးဆွဲခံရတာလည်း ဖြစ်နိုင်တာပဲလေ...”

“ပြန်ပေးဆွဲခံရတာပဲဖြစ်ဖြစ်၊ စွန့်ပစ်ခံရတာပဲဖြစ်ဖြစ်... ကံကောင်းတဲ့သူတော့ မဟုတ်ပါဘူး...”

“စွန်းမိသားစုက ဒီကလေးကို မွေးစားရတာဟာ... ကလေးက ကံကောင်းခြင်းတွေ ယူလာပေးလို့တဲ့လေ... သူ့ရဲ့ မွေးစားမေမေ အိမ်မှာလည်း သားမြေးတွေ ပြည့်စုံနေတာ မဟုတ်လား... သခင်မစွန်းက သူ့ကို ပွေ့ချီလိုက်တော့မှပဲ ကိုယ်ဝန် ရလာတာလေ...”

ဤလူသည် စွန်းမိသားစုအား အကျိုးအမြတ်ကို ကြည့်၍ မွေးစားခြင်း ဖြစ်ကြောင်း ပြောလိုသဖြင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သော်လည်း ထိုစကားကို ကြားလိုက်ရသော စားပွဲရှိ သားသမီး မရရှိသေးသည့် အမျိုးသမီးများမှာမူ စိတ်ဝင်စားသွားကြကုန်၏။ သခင်မလီသည် ဘာကြောင့်မှန်း မသိဘဲ ထမင်းမစားရသေးမီမှာပင် အရာရှိ ကတော်များစွာမှာ သူမ၏ အနားသို့ စုပြုံ ရောက်ရှိလာကြပြီး နျိုနျိုအား အလုအယက် ပွေ့ချီကြလေတော့သည်။

“အို... ဒီကလေးက အရမ်း ချစ်ဖို့ကောင်းတာပဲနော်... အိမ်ကိုတောင် ပြန်ခေါ်သွားချင်စရာလေး...”

“ဟုတ်ပါ့ မရီးရယ်... မရီးကတော့ တကယ်ပဲ ကံကောင်းတာပဲနော်... သားရော သမီးရော ရထားတော့... နန်လင်းမြို့နယ် တစ်ခုလုံးက မရီးကို အားကျနေကြတာလေ...”

အမျိုးသမီး တစ်စုမှာ သခင်မလီ နှင့် ကျန်းယွင်နန် တို့ကို ဝိုင်းအုံကာ ပြောဆိုနေကြပြီး နျိုနျိုမှာမူ အားလုံး၏ အသည်းကျော် ဖြစ်နေတော့၏။ လူတိုင်းက သူမအား ပွေ့ချီလိုကြသဖြင့် နျိုနျိုမှာမူ ဗာဟီရ များနေရှာပေသည်။ သူတို့သည် ချစ်ခြင်းမေတ္တာကို ဖော်ပြလိုကြသဖြင့် လက်ဆောင်များကိုလည်း အလုအယက် ပေးကြကုန်၏။

နျိုနျိုသည် အမျိုးသမီး တစ်စု၏ ပွေ့ဖက်ခြင်းကို ခံရပြီးနောက် သူမ၏ ကိုယ်ပေါ်တွင် လက်ဆောင်ပစ္စည်းများစွာ ပြည့်နှက်နေချေပြီ။ ကျန်းယွင်နန်က သူမအား ပြန်လည် ပွေ့ချီလိုက်သောအခါ ကလေးမလေးမှာ ပစ္စည်းများကြောင့် ပေါင်နည်းနည်းလောက် ပိုလေးသွားသကဲ့သို့ ခံစားလိုက်ရ၏။

သားသမီး ရလိုဇော ပြင်းပြနေသော အမျိုးသမီး တစ်ဦးမှာ လေးလံလှသော ရွှေလက်ကောက် တစ်စုံကို နျိုနျို၏ လက်ကောက်ဝတ်တွင် အတင်း ဝတ်ဆင်ပေးလိုက်လေသည်။ နျိုနျိုသည် သူမ၏ လက်ကလေးကိုပင် မ မ နိုင်တော့ပေ။

“တို့ နျိုနျိုလေးက အားလုံးရဲ့ အချစ်တော်ပဲလေ...”

လျူရှောင်ရူက ဘေးမှနေ၍ ပျော်ရွှင်စွာ ပြောလိုက်သည်။ ရှိနေသူ အားလုံးမှာလည်း ကြောင်အနေကြ၏။

နျိုနျိုအား ပွေ့ဖက်ခဲ့သော အမျိုးသမီးများမှာလည်း အလွန် ပျော်ရွှင်နေကြပြီး တစ်ဦးနှင့်တစ်ဦး နှိုင်းယှဉ်နေကြသေး၏။

“နျိုနျိုလေးက ငါ့ကို ပြုံးပြတယ်လေ...”

အမျိုးသမီး တစ်ဦးက ထိုသို့ ပြောလိုက်သော်လည်း သူမ စိတ်ထဲတွင်မူ နောက်နှစ်ကျရင် ဝကစ်နေတဲ့ သားလေး တစ်ယောက် မွေးရပါစေဟု ဆုတောင်းနေမိလေသည်။

“ငါလည်း နျိုနျိုလေးကို နမ်းလိုက်ရတယ်လေ...”

ထိုသို့ ပြောသော အမျိုးသမီးမှာမူ နျိုနျို သတိမထားမိချိန်တွင် ကလေးမလေး၏ ပါးကို အားရပါးရ နမ်းလိုက်ခြင်း ပင်။ ထို့နောက်တွင်မူ သူမသည် ရွှေသော့ခလောက်ကြီး တစ်ခုကို နျိုနျို၏ လည်ပင်းတွင် ဆွဲပေးလိုက်လေသည်။

“ငါကမှ ပိုပြီး တော်တာပါ... နျိုနျိုလေးက ငါ့ကို ချစ်တယ်လို့ ပြောတယ်လေ...”

ကျန်းယွင်နန်နှင့် ရုပ်ချင်း ဆင်တူသော အမျိုးသမီး တစ်ဦးက ဂုဏ်ယူစွာ ပြောလိုက်သည်။

သူတို့သည် တစ်ဦးကိုတစ်ဦး လှည့်ကြည့်လိုက်ကြပြီးနောက် မိသားစု အချင်းချင်း ကူညီပေးနိုင်လိမ့်မည်ဟု တွေးတောကာ စိတ်ပြောင်းလိုက်ကြကုန်၏။

“ဟုတ်ပါပြီ... နျိုနျိုလေးက တို့အားလုံးကို ချစ်တာပါပဲလေ...”

“အော့...”

ထိုအသံကို ကြားလိုက်ရသည်နှင့် အမျိုးသမီး အချို့မှာ ကျန်းယွင်နန်နှင့် တူသော ထိုအမျိုးသမီးအား ဝိုင်းအုံကာ အံ့သြစွာ မေးမြန်းလိုက်ကြသည်။

“မရီး... ကိုယ်ဝန် ရှိနေပြီလားဟင်... ဒီလောက်တောင် မြန်တာလား...”

ထိုအမျိုးသမီးက ရှက်ကိုးရှက်ကန်း ပြုံးလျက် ပြန်ပြောလိုက်၏။

“ကျွန်မလည်း မသေချာသေးပါဘူး... ရက်နည်းနည်းလောက် ဆိုရင်တော့ သိရမှာပေါ့... ဒီတစ်ခါတော့ ဆန္ဒပြည့်ဝပါစေလို့ပဲ မျှော်လင့်ရတာပဲလေ...”

သူမတွင် ကိုယ်ဝန် ရှိ၊ မရှိကို ယခုအချိန်တွင် သမားတော် ခေါ်ပြလျှင်ပင် အတည်ပြုနိုင်ဦးမည် မဟုတ်ပေ။ သို့သော်လည်း ထိုအမျိုးသမီး တစ်စုမှာမူ မျှော်လင့်ချက်များကို မြင်တွေ့လိုက်ရသကဲ့သို့ ရှိနေကြကုန်၏။ သူတို့သည် အပေါ်ယံတွင် လှပနေကြသော်လည်း သားသမီး မရရှိသေးသည့် နှစ်များစွာအတွင်း မည်မျှအထိ ဆင်းရဲဒုက္ခ ခံခဲ့ရသည်ကိုမူ သူတို့ကိုယ်တိုင်သာ သိရှိကြသည် မဟုတ်ပါလား။

စွန်းမိသားစု အိမ်တွင် ခမ်းနားလှသော မွေးစားခြင်း အခမ်းအနား ကျင်းပပြီးနောက် တတိယမြောက်နေ့ မနက်စောစောတွင် မိသားစု နှစ်ခုလုံး၏ အထုပ်အပိုးများကို မြင်းလှည်းပေါ်သို့ တင်ဆောင်ပြီး ဖြစ်ပေသည်။

“သခင်ကြီး... စောလွန်းသေးလို့ အဘွား မနိုးသေးပါဘူးရှင့်...”

အစေခံမကြီးက ခြံထဲတွင် ရပ်နေသော စွန်းကျားရှင်းအား အားနာသော မျက်နှာထားဖြင့် ပြောဆိုလေသည်။

စွန်းကျားရှင်းသည် အိမ်ကြီးဘက်သို့ အေးစက်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။ အထဲတွင် မှောင်မိုက်နေပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။ မိခင်ဖြစ်သူက သူ့အား စိတ်ဆိုးနေမှန်း သူ သိထားပေသည်။ သူမသည် မြို့နယ် အရာရှိအား နှုတ်ဆက်ခိုင်းခဲ့သည် မဟုတ်ပါလား။ သူသည် နှုတ်ဆက်ပေးခဲ့သည်မှာ မှန်သော်လည်း ညီ နှစ်ဦး အပြစ်ကျူးလွန်ပါက ပြင်းထန်စွာ အပြစ်ပေးရန်သာ မှာကြားခဲ့ခြင်း ပင်။

ဒါ့အပြင် စွန်းကျားရှင်းသည် ဆွေမျိုးစု ခေါင်းဆောင်အား သွားရောက် တွေ့ဆုံကာ ညီငယ်များကို ဆုံးမပေးရန်လည်း တောင်းဆိုခဲ့သေး၏။ သခင်မစွန်းသည် ကုတင်ပေါ်တွင် မျက်လုံးဖွင့်လျက် လှဲနေပြီး သူမ၏ သားဖြစ်သူ လာရောက် တောင်းပန်မှာကို စောင့်ဆိုင်းနေလေသည်။ သို့သော်လည်း စွန်းကျားရှင်းသည် ခြံထဲတွင် ဒူးထောက်ကာ ဦးချပြီးနောက် လှည့်ထွက်သွားခဲ့လေတော့သည်။

အစေခံမကြီးသည် စွန်းကျားရှင်း၏ နောက်ကျောကို ကြည့်ကာ စိတ်မအေး ဖြစ်နေမိ၏။ သူမသည် အဘွားအို၏ ဘေးတွင် တစ်သက်လုံး အမှုထမ်းလာခဲ့သူ ဖြစ်ရာ ယခုတစ်ကြိမ်တွင်မူ အဘွားအို အကွက်မှားသွားပြီဟု ခံစားနေရသည်။ ဤသို့ လုပ်ဆောင်ခြင်းမှာ အနာဂတ်ရှိသော သားကို မိမိနှင့် ပို၍ ဝေးကွာသွားအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

သို့သော်လည်း အဘွားအိုကမူ သူမတွင် အမှားရှိသည်ဟု မထင်သေးပေ။ သူမသည် သားဖြစ်သူက ဦးချရုံနှင့် ထွက်သွားသည်ဟု ကြားလိုက်ရသောအခါ ဒေါသထွက်လွန်းသဖြင့် ခေါင်းအုံးကို မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပစ်ချလိုက်လေတော့သည်။

“မိုက်ရိုင်းလိုက်တဲ့ အကောင်... ဒီလို သားမျိုး မရှိတာကမှ ပိုကောင်းဦးမယ်...”

သခင်မစွန်းက ဒေါသတကြီး ကျိန်ဆဲလိုက်လေသည်။

အစေခံမကြီးမှာမူ ဘာမှ မကြားချင်ယောင် ဆောင်နေလိုက်၏။ အကယ်၍သာ အဘွားအိုသည် ဤမျှအထိ တော်သော သားအကြီးဆုံးကို မမွေးခဲ့လျှင်မူ စွန်းမိသားစုမှာ ပျက်စီးသွားသည်မှာ ကြာပြီ ဖြစ်ရပေမည်။

All Chapters