အခန်း (၁၃၁၂-၁၃၁၄)
Vol. 88 Ch. 1312-1314
အခန်း (၁၃၁၂) ပြင်ဆင်မှုများ
အပြာဝတ်အမျိုးသမီးက ပြောလိုက်သည်။
“မျှခြေချိန်ခွင့်က အနောက်ဖက်မှာ ရွေ့လျားနေတဲ့ အသက်ဓာတ်အမြောက်အများကို ခံစားမိလိုက်တယ်။ အဲဒါက အစိမ်းရောင်ကြာနယ်မြေဆီ ဦးတည်နေတဲ့ပုံပါပဲ။ သူတို့က စုံစမ်းဖို့ မျှခြေထိန်းညှိသူတစ်ယောက်ကို စေလွှတ်လိုက်ပါပြီ”
“အစိမ်းရောင်ကြာနယ်မြေလား” လန်ရှီဟယ်က ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ သူမ၏ ဝတ်ရုံရှည်က နောက်ဖက်တွင် တွဲကျနေပြီး အပြာဝတ်အမျိုးသမီးဆီ ရောက်ရှိလာလေ၏။
“ဟုတ်ပါတယ်။ လူကြီးမင်း အိုရန်ကိုယ်တိုင် ပြောတာပါ” အပြာဝတ်အမျိုးသမီးက ပြောလိုက်သည်။
“မျှခြေချိန်ခွင်ကို လှုပ်ရှားစေနိုင်တယ်ဆိုတော့ အသက်ဓာတ်ပမာဏက အမြောက်အများဖြစ်လိမ့်မယ်” လန်ရှီဟယ်က ပြောလိုက်သည်။
“လူကြီးမင်းအိုရန်က အဲ့လိုမျိုး ဖြစ်နိုင်ခြေရှိတယ်လို့တော့ ပြောပါတယ်။ ကြည့်ရတာ အစိမ်းရောင်ကြာနယ်မြေက တစ်စုံတစ်ယောက်က ဆရာသခင် ဒါမှမဟုတ် သူတော်စင် ဖြစ်လာနိုင်ခြေ ရှိတယ်”
လန်ရှီဟယ်က ခေါင်းညိတ်လိုက်သည်။
“မင်းနဲ့ ငြိမ်းချမ်းရေးသားရဲက တစ်ခေါက်ထွက်သွားပြီးပြီ။ တကယ်လို့ ထပ်ပြီး ထွက်သွားမယ်ဆိုရင် အာရုံဖမ်းစားသလို ဖြစ်သွားလိမ့်မယ်။ ဒီမျှခြေမညီမျှမှု အချိန်ကာလအတွင်းမှာ ငါ့ကို မဆွေးနွေးဘဲနဲ့ ဘာမှမလုပ်တာ ကောင်းလိမ့်မယ်”
“ဟုတ်ကဲ့ပါ…”
………………
အသက်ဓာတ်စွမ်းအားများကို စုဝေးပြီးသည့်နောက်တွင် လုကျိုးက သူ့သက်တမ်းကို ကြည့်လိုက်သည်။
လက်ကျန်သက်တမ်း - ၅ ၀၉၆ ၈၆၂ရက် (၁၃၉၄၂နှစ်)
သူ့သက်တမ်းက နှစ်တစ်သောင်းကျော် ရှိသွားလေသည်။
အဆင့်မြင့် ဆင့်ကဲ အကြောင်းပြန်လည်ကတ်ဆယ်ကတ်က သူ့အား နှစ်ငါးထောင်သက်တမ်းကို ပေးစွမ်းခဲ့၏။
သူက နေ့မြင်ညပျောက်မြို့ထဲ၌ စုပ်ယူခံလိုက်ရသည့် အသက်ဓာတ်စွမ်းအားများကို ပြန်လည်စဉ်းစားမိသည့်အခါ ထူးဆန်းသလို ခံစားမိလိုက်သည်။ ထိုအရာက အကြောင်းပြန်လှန်ကတ်များကဲ့သို့ ရုတ်ရုတ်သဲသဲ မဖြစ်စေပေ။
အကြောင်းပြန်လှန်ကတ်များက အဘယ်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်စေရသနည်း။ ဤသည်က သိသာလွန်းလှသည်။
ပညာရှင်များစွာက တိမ်တိုက်များလို ပေါများနေသည့် အစိမ်းရောင်ကြာနယ်မြေထဲတွင် ထိုအရာက မလိုလားအပ်သည့် အာရုံကို အလွယ်တကူ ဖမ်းစားနိုင်သည်။
…………………………..
ဤသည်က လုကျိုး မျှော်လင့်ထားသကဲ့သို့သာ ဖြစ်၏။
ကျောင်းစံအိမ်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည့် ကျင့်ကြံသူများစွာ ရှိလေသည်။ သူတို့က အသက်ဓာတ်စွမ်းအား အမြောက်အများ စုဝေးလာသည်ကို မြင်သည့်အခါ အံ့အားသင့်သွားကြ၏။
“ကျုပ်တို့တွေ သွားကြည့်ကြမလား”
“သခင်ကျစ်က ကျောင်းစံအိမ်ရဲ့ အခြေအနေကို နားမလည်သရွေ့ အလျင်စလို မပြုမူဖို့ မှာထားတယ်”
“သခင်ကျစ်က အခြေအနေအတိုင်း လှုပ်ရှားနိုင်တယ်လို့လည်း ပြောထားတယ်လေ။ ကျောင်းစံအိမ်ကို စမ်းသပ်ဖို့ အချိန်အခါကောင်းကို ရှာနိုင်တယ်။ ဒါက အခွင့်အရေးကောင်းပဲ။ ဒီလိုမျိုး အသက်ဓာတ်စွမ်းအားအမြောက်အများ စုပ်ယူနိုင်တယ်ဆိုတော့ နတ်ဘုရားအသုံးအဆောင်ပစ္စည်းပဲ နေမယ်”
ထိုစကားများက တခြားသောကျင့်ကြံသူများကို စိတ်ယိုင်သွားစေသည်။ နတ်ဘုရား အသုံးအဆောင်ပစ္စည်းကို မတပ်မက်သည့်သူဟူ၍ မည်သူကများ ရှိမည်နည်း။
ကျောင်းယွီ၏ အဆင့်အတန်းကို ကြောက်ကြသည့် ကျင့်ကြံသူများကမူ အဝေးမှသာ ကြည့်နေကြသည်။
ပြပွဲကြည့်ရသည်ကို မနှစ်ခြိုက်သည့်သူဟူ၍ မရှိပေ။
ပုံရိပ်တချို့က ကျောင်းစံအိမ်၏ ကောင်းကင်အထက် ပေါ်ထွက်လာလေ၏။ သူတို့က လောဘတကြီးဖြင့် လေထုထဲမှ အသက်ဓာတ်စွမ်းအားများကို ရှူသွင်းလိုက်ကာ ကျောင်းစံအိမ်ကို ကြည့်လိုက်ကြသည်။
“ဒါက သခင်လေးကျောင်းရဲ့ စံအိမ်ပဲ။ သွားကြစို့”
အကြောင်းသိသည့် ကျင့်ကြံသူများကမူ အလျင်အမြန် ထွက်ခွာသွားကြသည်။
ထိုအခွင့်အရေးကို အရယူကာ စုံစမ်းလိုသည့် သူများကမူ တခြားသူများကိုပါ ဆွဲဆောင်ကြလေသည်။
“မင်း တစ်ချက်လောက် မကြည့်ဘူးဆိုရင် နှမြောဖို့ကောင်းတယ်လို့ မထင်ဘူးလား”
“ငါတို့က ခိုးယူနေတာလည်း မဟုတ်သလို ဓားပြတိုက်နေတာလည်း မဟုတ်ဘူးလေ။ တစ်ချက်လောက် သွားကြည့်ရုံပဲလေ”
ကျင့်ကြံသူများစွာက ဆွဲဆောင်ခံလိုက်ရပြီး ရှေ့တိုးလာကြသည်။ သူတို့ နီးကပ်လာသည့်အခါ အောက်ဖက်မှ အသံတစ်သံ ကြားလိုက်ရ၏။
“အားလုံး ချက်ချင်းထွက်သွားဖို့ အကြံပြုချင်တယ်”
မျက်စိတစ်မှိတ်အတွင်း အစိမ်းဝတ် ဓားသမားယွီရှန်းရုန်က ကောင်းကင်အထက် ပေါ်ထွက်လာသည်။ သူက ကျင့်ကြံသူများကို တိတ်တဆိတ်ကြည့်လိုက်၏။
“ခင်ဗျားနာမည် ဘယ်သူလဲ။ ကျုပ်တို့အားလုံးက ကျင့်ကြံသူတွေပဲ။ ကျုပ်တို့တွေ…”
ယွီရှန်းရုန်က မထူးမခြားနားဖြင့် ဖြတ်ပြောလိုက်သည်။
“မရဘူး”
“ကျုပ် စကားတောင် မဆုံးသေးဘူး”
ယွီရှန်းရုန်က ပြောလိုက်သည်။
“ကျုပ်က ဝင်ရောက် စွက်ဖက်တယ်ဆိုတာက ခင်ဗျားရဲ့ တောင်းဆိုချက်က ဘယ်လိုပဲဖြစ်ဖြစ် ငြင်းဆန်မှာ မလို့ပဲ”
“…”
“သခင်လေးကျောင်းက ဘယ်မှာလဲ။ ကျုပ်တို့တွေက သူ့ဆီသွားချင်တာ။ ကျုပ်တို့အကြောင်းကို သူ့ဆီ တင်ပြပေးလို့ရမလား”
ကျင့်ကြံသူများက စကားဆုံးသည်နှင့် ယွီရှန်းရုန်က ရှေ့တိုးရင်း ပြောလိုက်သည်။
“နှောင့်ယှက်ရတာကို အားနာပါတယ်”
ရွှမ်
ယွီရှန်းရုန်က အသက်ရှည်ဓားကို ဓားအိမ်မှ ထုတ်လိုက်သည်။ ထိုအရာက အနီရောင်အလင်းတန်း ဖြတ်ပြေးသွားလေ၏။ အနီရောင်သင်္ကေတများနှင့် ထိုအရာက ဝံ့ဝံ့စွားစွား တောက်ပနေလေသည်။
…………………………….
ဝှစ် ဝှစ် ဝှစ်
ထိုအရာက မျက်စိဖြင့် မမြင်နိုင်လောက်သော အရှိန်ဖြစ်ကော အသက်ရှည်ဓားက ကျင့်ကြံသူများဆီ ပျံသန်းသွားလေ၏။ သူတို့က တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ပေ။ သူတို့ကြားတွင် ကူးချည်သန်းချည် သွားပြီး အသက်ရှိုက်စာ အနည်းငယ်ကြာမြင့်ပြီးသည့်နောက်တွင် ဓားအိမ်ထဲ ပြန်လည်ဝင်ရောက်သွားလေ၏။
ညက တိတ်ဆိတ်ကာ မြင်ကွင်းက သာယာလှသည်။
ကျင့်ကြံသူအားလုံးက အနီရောင်အလင်းတန်း ဖြတ်သန်းသွားသည်ကိုသာ မြင်လိုက်ရပြီး တိတ်ဆိတ်မှု ပြန်လည်ကြီးစိုးလာသည်ကိုသာ တွေ့လိုက်ရသည်။ တခြား ဘာမှမဖြစ်ပျက်ခဲ့ပေ။
အားလုံးက နိမ့်နိမ့်လေး ပျံသန်းနေသည့် ယွီရှန်းရုန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြ၏။ သူတို့က အဖြစ်အပျက်ကို နားမလည်လိုက်ကြပေ။
ဘာကို ရန်စလိုက်တာလဲ…
သူက ငါတို့ကို ခြောက်နေတာလား…
ခဏအကြာတွင်
ဝုန်း ဝုန်း ဝုန်း
ကျင့်ကြံသူအားလုံး၏ လက်နက်များက တစ်ခုပြီးတစ်ခုဆိုသလို ပျက်စီးကုန်ကြသည်။ လက်နက်မပါရှိသည့်သူများကမူ သူတို့၏ ခါးပတ်များ ပျက်စီးကုန်ကြ၏။
“ငါ့ရဲ့ ဓားမော့…”
တစ်စုံတစ်ယောက်က သူတို့လက်နက်အပေါ် သေသေသပ်သပ် ဖြတ်တောက်ထားသည့်အရာကို မြင်လိုက်ရသည့်အခါ တုန်ယင်သွားပြီး တံတွေးမျိုချလိုက်ကြသည်။
“ဒီလိုအံ့ဩဖို့ကောင်းတဲ့ ဓားပညာ”
“တောင်းပန်ပါတယ်။ ကျုပ်တို့တွေ နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး။ အခု သွားပါတော့မယ်”
ဝှစ်
ကျင့်ကြံသူများစွာက ထွက်သွားကြစဉ် တခြားသူများကလည်း တုံ့ဆိုင်းမနေဘဲ နောက်မှ လိုက်ပါသွားကြသည်။
ဤသို့ဖြင့် တိတ်ဆိတ်မှုက ပြန်လည်ကြီးစိုးလာလေ၏။
ထိုစဉ် ယွီကျန့်ဟိုင်က ဖျတ်ခနဲဖြင့် ယွီရှန်းရုန်အနား ရောက်ရှိလာသည်။
“အာ့ရှစ်တိ မင်းရဲ့ အရည်အချင်းက ထပ်ပြီး တိုးတက်လာတာပဲ”
“ကံကောင်းလို့ပါ။ တာ့ရှစ်ရှိုးကလည်း ဒုတိယမြောက် မွေးဖွားစမ်းသပ်ချက်နဲ့ နီးကပ်နေလောက်ပါပြီ” ယွီရှန်းရုန်က ပြောလိုက်သည်။
ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။
“ဒါက အလှမ်းဝေးနေပါသေးတယ်။ ရွှေကြာနဲ့ ကျင့်ကြံတာက အရမ်းကို ခက်ခဲတယ်။ တကယ်လို့ ငါက အဆင့်တက်လှမ်းချင်တယ်ဆိုရင် ကံကောင်းမှုတချို့တော့ လိုလိမ့်မယ်”
“ကြာပွင့်ကို ဖြတ်တောက်လိုက်ပြီး ကျင့်ကြံတာက တကယ်ကို အခက်ခဲဆုံး ကျင့်ကြံရေး လမ်းစဉ်ပဲ။ ကြာပွင့်ကို ဖြတ်တောက်လိုက်တာက သေခြင်းတရားကို မကြောက်ဖို့ လိုအပ်တယ်” ယွီရှန်းရုန်က ပြောလိုက်သည်။
“အဲ့လိုလုပ်နေဖို့ မလိုဘူး။ အသက်ကယ် ဆေးလုံးဆိုရင် အခု ကြာပွင့်ဖြတ်တောက်ဖို့ ပိုပြီး လွယ်ကူသွားပြီ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
ယွီရှန်းရုန်က ပြောလိုက်၏။
“ကြာပွင့်ဖြတ်တောက်ရေး ခေတ်ကာလအစပိုင်းမှာတုန်းက အသက်ကယ်ဆေးလုံးဆိုပြီး မရှိဘူးလေ”
ထိုအချိန်က ထိုနှစ်ဦးသားအောက်တွင် အသံတစ်သံ ထွက်ပေါ်လာပြီး ရှောင်ယွမ်အာက ထိုနှစ်ယောက်၏ အပြုအမူကြောင့် ဆွံ့အနေလေ၏။ သူမက ခေါင်းတယမ်းယမ်းဖြင့် ရေရွတ်လိုက်သည်။
“ထပ်ဖြစ်ကြပြန်ပြီ”
“ကျိုးရှစ်မေ့ မင်းရဲ့အမြင်မှာ ကြာပွင့်ကို ဖြတ်တောက်တာက လွယ်လား။ ရွှေကြာနဲ့ ကျင့်ကြံတာက လွယ်လား”
ယွီရှန်းရုန်က ပြောလိုက်သည်။
“မင်း အမှန်အတိုင်းဖြေနော်။ မင်းက ရွှေကြာနဲ့ ကျင့်ကြံနေတဲ့အချက်ကို မင်းရဲ့ အပြုအမူအပေါ်မှာ သက်ရောက်မှုမရှိစေနဲ့”
“ညီမ မသိဘူး။ ညီမကို လာမမေးနဲ့” ရှောင်ယွမ်အာက ပြောပြီးသည့်နောက်တွင် လှည့်ကာ ထွက်ခွာသွားလေသည်။
မီးဇာမဏီငယ်လေးကလည်း သူမနောက်မှ လိုက်ပါသွားလေ၏။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန် “…”
ရှောင်ယွမ်အာ ထွက်ခွာသွားပြီးသည့်နောက်တွင် တခြားမည်သူမှ မတွေ့ရတော့ပေ။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က သူတို့ အခန်းဆီ ပြန်ရောက်လာကြသည်။
………………………………………………..
တစ်ချိန်တည်းဆိုသလို ကျောင်းစံအိမ်မှ ထွက်ခွာလာသည့် ကျင့်ကြံသူများက မြို့တစ်နေရာတွင် စုဝေးနေကြလေ၏။
“စုံစမ်းမှုက ဘယ်လိုနေလဲ” ကျစ်ဝေကျီက မေးလိုက်သည်။
သူက လက်နောက်ပစ်ထားပြီး အားလုံးကို ကြည့်လိုက်၏။
“ကျောင်းစံအိမ်မှာ တကယ်ကို ပညာရှင်တစ်ယောက်ရှိနေတာ အမှန်ပါပဲ။ အဲဒီသူက မွေးဖွားဇယားချပ် ၁၂ခုရှိလောက်တယ်”
“ဘာလို့ အဲ့လိုပြောရတာလဲ” ကျစ်ဝေကျီက ထိုစကားများကို သဘာဝအားဖြင့် အလေးအနက် မှတ်ယူလေသည်။
ကျင့်ကြံသူက ပြန်ဖြေလိုက်၏။
“သူက ဓားအရည်အချင်း အတော်လေးကို ထူးချွန်တယ်။ သူက အားလုံးရဲ့ လက်နက်တွေကို တစ်ကွက်တည်းနဲ့ အကုန်ဖြတ်တောက်ပစ်ခဲ့တာ။ သူ့ရဲ့ အရှိန်အဝါ၊ ထိန်းချုပ်မှုနဲ့ အရည်အချင်းအပေါ် မူတည်ပြီး သူ တိုက်ခိုက်တဲ့အခါ သူ့မွေးဖွားဇယားချပ်က ၁၂ခုအောက်တော့ နည်းမှာမဟုတ်ဘူး”
“၁၂ခုတဲ့လား” ကျစ်ဝေကျီက အံ့အားသင့်သွားလေသည်။ အကယ်၍ တခြားသူက မွေးဖွားဇယားချပ် ၁၂ခုထဲသာ ရှိနေမည်ဆိုပါက ရှီချီရှုကို သတ်ဖို့ရာ မဖြစ်နိုင်ပေ။
“အဲဒါက ချီသတ္တုလုံးပဲ။ မင်းတို့ရဲ့ စွမ်းအားကို ထည့်သွင်းလိုက်တယ်ဆိုရင် မင်းတို့တွေ ပညာရှင်နဲ့ နီးကပ်လာတဲ့အချိန်မှာ အစိမ်းရောင်အလင်းတန်း ထုတ်လွှတ်လာလိမ့်မယ်။ ကျောင်းစံအိမ်ကို ဒီချီသတ္တုလုံးနဲ့ ထပ်ပြီး သွားလိုက်”
“အာ”
“ချီသတ္တုလုံးက အချိန်တိုအတွင်းပဲ သုံးလို့ရတာ။ အခု သွားပြီး ပြန်လာခဲ့။ ဘာမှမလုပ်ခဲ့နဲ့”
“ဟုတ်ကဲ့” ကျင့်ကြံသူက ချီသတ္တုလုံးနှင့်အတူ အလျင်အမြန် ထွက်ခွာသွားလေသည်။
ထို့နောက် ကျစ်ဝူကျီက ကျစ်ဝမ်ကျီနား ရောက်ရှိလာကာ ပြောလိုက်သည်။
“အစ်ကိုကြီး ဒီလိုမျိုး အဖိုးတန် ချီသတ္တုလုံးကို သုံးလိုက်ရတာ နှမြောဖို့ကောင်းတယ် မထင်ဘူးလား”
“မင်းကိုယ်မင်း သိပြီး ရန်သူကို သိတာက တိုက်ပွဲကို နိုင်ဖို့ အရေးပါတယ်” ကျစ်ဝမ်ကျီက ပြန်ဖြေလိုက်သည်။
...
အခန်း (၁၃၁၃) အားနည်းတဲ့သူက အားနည်းတာကို သတိပြုမိသင့်တယ်။
ခေတ္တခဏကြာပြီးနောက် ကျောင်းစံအိမ်က ပြန်လည်တိတ်ဆိတ်သွားတော့သည်။ သို့သော် အဝေး၌ ပျံဝဲနေသည့် ကျင့်ကြံသူတချို့က ပွဲကြည့်ချင်နေကြသည်။ ထို့အပြင် ရှီချီရှု သေဆုံးသည့် ရုတ်ရုတ်သဲသဲဖြစ်ရပ်ကြောင့် သူ သေဆုံးခြင်းသည် ကျောင်းယွိနှင့် တစ်ခုခုသက်ဆိုင်နေသည်ဟူသည့် ကောလာဟလများ ရှိသည်။
ယခင်နှစ်များက မဟာချင်၏တည်ငြိမ်မှုသည် ဆရာသခင်လေးပါးနှင့် မဟာချင်၏ဧကရာဇ်ပေါ် များစွာ အားထားခဲ့ရ၏။ ထော့ပါစစ်ချန်းနှင့် ယဲ့ကျန်းသေဆုံးသွားချိန်တွင် မျှခြေမညီမျှမှုမရှိလျှင်တောင် အနီရောင်စည်းပေါ်ရှိ နှစ်ဖက်လုံးက ရုတ်ရုတ်သဲသဲဖြစ်နေဦးမည်။
မျှခြေမညီမှုအတွက် ငြိမ်းချမ်းရေးကို လိုလားကြသည့်လူများရှိ၏။ အများစုကမူ သာမန်ပြည်သူပြည်သားများ ဖြစ်သည်။ သို့သော် စိတ်လှုပ်ရှားမှုကို နှစ်ခြိုက်ပြီး လောကကြီး၏ အဆုံးကိုတောင် မျှော်လင့်နေကြသည့် လူတချို့လည်းရှိ၏။ သူတို့က လူသားများနှင့် ကြမ်းတမ်းခက်ထန်သားရဲများကြား အားနည်းသည့်ဟန်ချက်ကို မြင်ချင်သည်။ သို့မှသာ ဂန္တဝင်တိုက်ပွဲကို ကြည့်နိုင်မှာဖြစ်သည်။ ဤလောကထဲတွင် ပွဲကြည့်ချင်သည့်လူက မပြတ်လပ်ပေ။
ကျောင်းစံအိမ်ထဲရှိ အခန်းတစ်ခန်းထဲတွင်ဖြစ်သည်။
လုကျိုးက သူ၏လုပ်ရပ်သည် လောကကြီးနှင့် မဟာလေဟာနယ်မှ လူတို့၏အာရုံစိုက်မှုကို ဖမ်းစားခဲ့မိကြောင်း သတိမပြုမိပေ။
သူ၏သက်တမ်း တိုးလာတာကိုကြည့်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ကံစမ်းမဲလက်မှတ်များမှ သူ ရလာသည့် အကြောင်းပြန်လှန်ကတ်တို့က အလွန်အသုံးဝင်သည်။
ယခုဆို သူ့၌ သက်တမ်း ၁၃၀၀၀ ရှိနေပြီဖြစ်ကာ သူ ပွင့်ချပ်တစ်ခု ဖူးပွင့်နိုင်မည်ဖြစ်သည်။ သို့သော် သူက ပွင့်ချပ်ဖူးပွင့်စေရန် သက်တမ်းသုံးဖို့ မရည်ရွယ်ထားပေ။ ထိုအစား သူက မတည်မြဲခြင်းတိုင်လုံးကို သူ့ရှေ့ရှိ မြေပြင်ပေါ်တွင်ထားလိုက်၏။ ပြီးနောက် ဖုံးကွယ်ခြင်းကတ်၏ အာနိသင်အောက်တွင် ရှိနေသေးသည့် ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။ သူ၏စနစ်ကို နောက်ဆုံး မြှင့်တင်ပြီးသည့်အချိန်မှစကာ ဖုံးကွယ်ခြင်းကတ်၏အကျိုးသက်ရောက်မှုက ၁၀ရက်အထိ တိုးသွားပြီဖြစ်သည်။
“အဆင့်မြှင့်မယ်”
ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က နေရာမှာတင် စတင်လည်ပတ်လာ၏။ ၎င်းသည် မတည်မြဲခြင်းတိုင်လုံးမှ အသက်စွမ်းအင်ကို အေးအေးလူလူစုပ်ယူခဲ့၏။
တချိန်တည်းတွင် လုကျိုးသည် မတည်မြဲခြင်းတိုင်လုံးရှိ အသက်စွမ်းအင် ဖြည်းဖြည်းချင်း လျော့ပါးလာတာကို ခံစားမိသည်။ ကံကောင်းသည်မှာ ပွင့်ချပ်ဖူးပွင့်စေရန်အတွက် တိုင်လုံးထဲတွင် လုံလောက်သည့်အသက်စွမ်းအင်ရှိနေတာပဲဖြစ်သည်။ မဟုတ်လျှင်သူသည် သွေးစုပ်ဖုတ်ကောင်ကဲ့သို့ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ကျေနပ်စေဖို့ ခက်ခဲစေတော့မည်။
ကြိမ်ဖန်များစွာ အတွေ့အကြုံရရှိပြီးနောက် အသက်ဖိနှိပ်ထားချိန်တွင် သက်တမ်းစုပ်ယူမှုက ပိုချောမွေ့လာတော့သည်။
“ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က မိမိရဲ့သက်တမ်းကို အရင်စုပ်ယူပြီး အဆင့်ချိုးဖြတ်တက်ပြီးမှ တိုးလာစေတာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ဘာမှပြန်မပေးဘဲ သက်တမ်းပဲစုပ်ယူတတ်တယ်”
သူ့၌ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်မရှိခဲ့လျှင် သို့မဟုတ် အကြောင်းပြန်လှန်ကတ်မရှိခဲ့လျှင် ကောင်းကင်ကျမ်းစာရှိနေလျှင်တောင် သူ၏ထူးကဲအံ့ဖွယ်စွမ်းအားကို အသုံးပြုရုံသာ ရှိလိမ့်မည်။
သူ၏ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြှင့်တင်ရန်လိုအပ်သည်။ သက်တမ်း အမြောက်အများကို တွေးမိချိန်၌ သူ ခေါင်းကိုက်လာတော့သည်။
“အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်ဖြစ်လာပြီးရင် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်လိုမျိုး မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ လိုဦးမှာလား”
သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ရှိသည့် တစ်ဦးတည်းသောသူဖြစ်ပုံပေါ်သောကြောင့် သူ့၌ ကိုးကားစရာမရှိ အတွေ့အကြုံလည်းမရှိပေ။
လုကျိုးက သက်ပြင်းချပြီးဆက်လက်ကျင့်ကြံလိုက်သည်။
ကျစ်ဝမ်ကျီ၏အမိန့်ကို ရပြီးနောက် ကျင့်ကြံသူတို့သည် သတ္တိမွေးကာ ကျောင်းစံအိမ်သို့ ထပ်မံချဉ်းကပ်လာ၏။ အနား၌ ကျင့်ကြံသူတချို့ပျံဝဲနေတာကို မြင်သောအခါ သူက သူတို့ဆီ ပျံသန်းသွားလိုက်သည်။
သူရောက်လာချိန်တွင် တစ်စုံတစ်ယောက်က ပြောလိုက်၏။
“မင်း နောက်ကျသွားပြီ။ ပွဲကပြီးသွားပြီ”
ကျင့်ကြံသူက သူပြောချင်နေသေးသော်ငြား အဆုံးကျ သူ ထိန်းချုပ်ပြီးနောက် မေးလိုက်၏။
“ခင်ဗျားတို့တွေ အနားကပ်မကြည့်ဘူးလား”
“ငါ့ဖင်ကိုပဲ အနားကပ်ကြည့်။ အဲ့ဒီဓားသမားက ဒီလောက်ကျွမ်းကျင်တာ။ သူက တစ်ချက်တည်းနဲ့ လူတိုင်းရဲ့ လက်နက်တွေကို ဖျက်ဆီးလိုက်တာလေ။ သူက သခင်လေးကျောင်းရဲ့ဧည့်သည် ဖြစ်လောက်တယ်”
မဟာချင်တွင် သူတို့၏အိမ်သို့ ပညာရှင်များကို ဧည့်သည်အဖြစ်ဖိတ်ခေါ်ထားသည့် မြို့စားများနှင့် ကြွယ်ဝသည့် သခင်လေးများစွာရှိ၏။ ထိုလူများသည် ပညာရှင်များကို ဂုဏ်သတင်း၊ အဆင့်တန်း၊ အာဏာပေးပြီး ပညာရှင်များက သူတို့အတွက်အလုပ်လုပ်ပေး၏။
“လှုပ်ရှားမှုမရှိတာ ကြာပြီဆိုတော့ ဘာမှကြည့်စရာမရှိတော့ဘူးနဲ့တူတယ်။ သွားကြမယ်”
ဤနည်းဖြင့် ထိုလူများ တစ်ယောက်ပြီးတစ်ယောက်စတင်ထွက်ခွာတော့သည်။
တစ်ဖက်တွင်မူ ကျင့်ကြံသူက နေရာမှာတင်နေရစ်ခဲ့ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။ အနား၌ မည်သူမှမရှိကြောင်း အတည်ပြုပြီးနောက် သူသည် သူခိုးတစ်ယောက်ပမာ ကျောင်းစံအိမ်ထဲအလျင်စလို ခိုးဝင်လာသည်။ သူက နောက်ဖေးခြံဝန်းထဲ ရောက်လာပြီးနောက် တိဗက်မျိုးစိတ်ခွေးတစ်ကောင်ပမာ ခြေလေးချောင်းဖြင့် တွားသွားလိုက်၏။ လူတစ်ကိုယ်လုံးက ပြောင်းလဲသွားပုံပေါ်သည်။ သူ အနီးရှိ အဆောက်အအုံနားရောက်သောအခါ ချီသတ္တုလုံးကို ပတ်ထားသည့်အနက်ရောင်အဝတ်စကို ဖြည်ပြီးစောင့်လိုက်သည်။ ချီသတ္တုလုံးလင်းလာသည့်အချိန်တွင် သူက ၎င်းကိုသိမ်းပြီးနောက် ရှေ့သို့တက်သွားပြန်သည်။
ကျောင်းစံအိမ်က အလွန်တိတ်ဆိတ်ငြိမ်သက်နေပြီး သူ့ကို ပိုတောင် စိတ်လှုပ်ရှားစေ၏။ သူ၏အရှိန်အဝါကို ထိန်းချုပ်ထားပြီး အသက်ရှုနှုန်းနှင့် နှလုံးခုန်နှုန်းကို ထိန်းချုပ်ထားသည်။ ငါ့မှာ ခွေးလိုသားရဲတစ်ကောင်ဆီက အဆင့်မြင့်အသက်ဓာတ်နှလုံးသားရှိနေလို့ပေါ့။ သူ့ဖာသာသူစဉ်းစားပြီး နောက်ထပ်အဆောက်အအုံဆီ ချဉ်းကပ်လာ၏။ သူက ခေါင်းငုံ့ထားလျက် ချီသတ္တုလုံးကို ကြည့်လိုက်သည်။ တောက်ပမှုက သာမန်သာဖြစ်၏။ ဤနည်းဖြင့် သတ္တုလုံးကို အနံ့ခံမိသည့်သူသည် ဘုံတစ်ထောင်လေပွေအဆင့်သို့ မကြာသေးခင်ကမှ ချိုးဖြတ်တက်သူဖြစ်ရမည်ဟု သူ မှန်းဆလိုက်သည်။
ထိုစဉ် သူ၏နှာခေါင်း တွန့်သွားလေ၏။
“ဒါ ဘာအနံ့လဲ”
သူက ခေါင်းမော့လျက် နှာခေါင်းတရှုံ့ရှုံလုပ်ကာ နံရံအခြေကို ကြည့်မိသွားသည်။
လခွမ်း ... ဘယ်လိုတောင်ကံဆိုးတာလဲ။
နံရံအောက်ခြေ၌ ဆီးစွန့်သွားတာဖြစ်သည်။ ဘယ်လိုနေရာမျိုးလဲ။ ဒီနေရာမှာ ဘယ်လိုလုပ်များ ဆီးသွားတားတဲ့လူတွေရှိနေတာလဲ။
ပြီးနောက် သူသည် တဖက်အဆောက်အအုံဆီသို့ သွက်သွက်လေးသွားကာ ချီသတ္တုလုံးကို ဆွဲထုတ်လိုက်ပြန်သည်။ သူက ချီသတ္တုလုံး လင်းလာတာကိုမြင်သည့်အချိန်တွင် ရေရွတ်ပြောလိုက်၏။ မွေးဖွားဇယားချပ်ငါးခုဝန်းကျင်
ဤကဲ့သို့သောလူမျိုးသည် ဧကရာဇ်အမြွှာ၏ပစ်မှတ်မဟုတ်မှန်း သေချာပေါက်သိနေ၏။
သူက ရှေ့ဆက်သွားလိုက်သည်။ ဆက်သွားလျက် ချီသတ္တုလုံးကို လေ့လာသည်။
ထိုစဉ် ချီသတ္တုလုံးက ရုတ်တရက်လင်းလာ၏။ သူ ရောက်လာချိန်မှစပြီး သတ္တုလုံးသည် ဤမျှတောက်ပနေတာ ပထမဆုံးအကြိမ်ဖြစ်သည်။
မွေးဖွားစမ်းသပ်မှုနှစ်ခုလား။ သူက ထိတ်လန့်သွားကာ တုန်ယင်နေသော လက်ဖြင့် ချီသတ္တုလုံးကို အမြန်သိမ်းလိုက်၏။ သူ လှုပ်ရှားတော့မည့်အချိန်တွင်
“ခွေးလေး လျှောက်ရှုပ်မနေနဲ့”
ခွေးလေးလား ... သူ တုန်ယင်သွားလေ၏။
သူသည် အလျင်စလိုနောက်ဆုံးအဆောက်အအုံဆီသွားလိုက်၏။ ယင်းက ကျောင်းစံအိမ်တွင် အခမ်းနားဆုံးဖြစ်ပုံပေါ်ပြီး ချီသတ္တုလုံးက ယခင်ကထက်တောင် ပိုတောက်ပလာတော့သည်။
မွေးဖွားစမ်းသပ်မှုနှစ်ခုနဲ့ မွေးဖွားဇယားချပ် ၁၃ခုလား ...
သူက ချီသတ္တုလုံးကိုကာထားပြီးမြေပြင်ပေါ်တွင် လဲပြီးစောင့်နေချိန်တွင် သတ္တုလုံးက ရုတ်တရက်မှေးမှိန်သွားတော့သည်။
ဟမ် ... ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်လား။ သူသည် စိတ်ရှုပ်ထွေးသွားသောအမူအရာဖြင့် ခေါင်းကုတ်မိသွား၏။
မိမိ၏ကျင့်ကြံဆင့်ကို မည်သို့ရုပ်ဖျက်စေကာမူ အသက်ရှုနှုန်းကို အာရုံခံနိုင်သည့် ချီသတ္တုလုံးမှ မလွတ်မြောက်နိုင်ပေ။ အသက်ရှုနှုန်း၊ အသက်စွမ်းအင်၊ ထူးကဲချီသွေးကြောရှစ်ခုနှင့် ကျန်သည့်မိမိ၏ကျင့်ကြံဆင့်ကို ဆုံးဖြတ်နိုင်သည့်အရာများကို အာရုံခံနိုင်သည့် ချီသတ္တုလုံးမှ မလွတ်မြောက်နိုင်ပေ။
ကျင့်ကြံသူသည် အစောတုန်းက အလွန်တောက်ပနေသည့် ချီသတ္တုလုံးက ရုတ်တရက် မှေးမှိန်သွားရသည့် အကြောင်းအရင်းကို နားမလည်ခဲ့ပေ။ သူက ကြက်သေသေနေသော အမူအရာဖြင့် သတ္တုလုံးကို ကြည့်လိုက်၏။ မွေးဖွားဇယားချပ် ၁၃ခုရှိသည့် လူတစ်ယောက်က ဒုက္ခမိုင်တစ်ရာရှုကွင်းအဆင့်ဖြင့်သာ မည်သို့ရှိနိုင်မည်နည်း။ ဤပြောင်းလဲမှုက ရုတ်ခြည်းဆန်လွန်းပေ၏။
သူ ခေါင်းခါလိုက်ကာ မဖော်ထုတ်နိုင်ဖြစ်နေသည်။ ချီသတ္တုလုံးက ထပ်မံတောက်ပနေ၏။ ယခုအချိန်၌ တစ်ဖက်လူ၌ မွေးဖွားဇယားချပ် ၁၄ခုရှိကြောင်း ညွှန်ပြနေပုံပေါ်၏။
“....”
ပြီးနောက် ခဏအကြာတွင် ချီသတ္တုလုံးက
ပြီးနောက် ခဏအကြာတွင် ချီသတ္ထုလုံးက ထပ်မံမှေးမှိန်သွားပြန်သည်။
ကျင့်ကြံသူက ပိုတောင်ရှုပ်ထွေးသွားလေ၏။ သူ မည်သည်ကို တွေ့ရမည်မှန်း မသိတော့ပေ။
ချီသတ္တုလုံးက တောက်ပလိုက်မှိန်လိုက်ဖြစ်နေ၏။ သို့သော်ငြား တောက်ပမှု၏သိပ်သည်းမှုက ငြိမ်နေသည်။ မွေးဖွားဇယားချပ် ၁၄ခုပညာရှင်၏တောက်ပမှုကို မကျော်လွန်သွားပေ။
ဤအဆောက်အအုံထဲရှိလူက ယခုအချိန်တွင် ကျင့်ကြံနေပြီး ပတ်ဝန်းကျင်ကို ဂရုစိုက်မနေကြောင်း ကျင့်ကြံသူသိ၏။ သူက ယခုထွက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။ မဟုတ်ပါက သူ အလွယ်တကူ ဖော်ထုတ်ခံရနိုင်သည်။ ကံကောင်းသည်မှာ သူ့အသက်ဓာတ်နှလုံးသားစွမ်းရည်ကြောင့် သူ၏အသက်ရှုနှုန်း၊ နှလုံးခုန်နှုန်းအရှိန်အဝါတို့က ခွေးတစ်ကောင်နှင့်တူနေသည်။ မဟုတ်လျှင် သူ အစောတည်းက ဖော်ထုတ်ခံရလောက်ပြီဖြစ်သည်။
သူသည် သတ္တုလုံးမှ အသက်စွမ်းအင်ကို ရုတ်သိမ်းလိုက်ရာ ၎င်းကို ချက်ချင်းပင်ပြာဖြစ်သွားစေ၏။ ပြီးနောက် သူက ဘယ်ညာကြည့်ပြီး သူ့လာရာလမ်းသို့ပြန်သွားလိုက်သည်။ အစောတုန်းက သူ ဆင်းသက်ခဲ့သည့်နေရာနား အရောက်တွင် သူ့နှာခေါင်းက ရှုံ့ပွရှုံ့ပွဖြစ်သွားပြန်၏။
ဒါ ဘာအနံ့လဲ။
သူသည် နောက်ထပ်ထူးဆန်းသောအနံ့ကို ရလိုက်ကာ တစ်ချက်လှည့်ကြည့်မိသွား၏။ ခဏအကြာတွင် ခေါင်းခါလိုက်မိသည်။ ကြွယ်ဝသည့်မိသားစုများက အထက်တန်းဆန်သည်ဆိုသော်ငြား ထိုသို့မဟုတ်ပုံပေါ်၏။ သူက ညည်းသံသဲ့သဲ့ကိုကြားသောအခါ ကိုယ်အနည်းငယ်မော့လိုက်မိ၏။ သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီး နိမိတ်မကောင်းမှုကို ခံစားလိုက်ရ၏။ သူ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ အစောတုန်းက သူ အနံ့ခံခဲ့သည့် နံရံအခြေနှင့်မလှမ်းမကမ်းတွင် သူ့ကိုစိုက်ကြည့်နေသည့် မှိန်ဖျော့ဖျော့အလင်းဖြင့် မျက်ဝန်းတစ်စုံကို တွေ့လိုက်ရသည်။
“...”
သူ မလှုပ်ရဲချေ။ သူ လှုပ်ရှားခဲ့ပါက အမှောင်ထုထဲတွင်ပုန်းနေသော သားရဲက အခြားသူများကို သေချာပေါက်သတိပေးလိုက်မည်မှန်း သူ သိနေ၏။ သူက ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချလိုက်သည်။ ရန်သူ မလှုပ်ရင် ငါ မလှုပ်ဘူး။
ပြီးနောက် သူ၏အရှိန်အဝါကို ထိန်းချုပ်ထားကာ တတ်နိုင်သမျှ မထင်မရှားဖြစ်အောင် ကြိုးစားပြီး တည်တည်ငြိမ်ငြိမ်နေရန် ကြိုးစားလိုက်၏။
အမှောင်ထုထဲမှ ခွေးသဏ္ဌာန်သားရဲတစ်ကောင်ထွက်လာတာကို မြင်တွေ့ရန် အချိန်သိပ်မကြာလိုက်ပေ။ လရောင်အောက်တွင် ၎င်း၏အမွှေးများက တောက်ပနေပြီးဖောက်ထွင်းမြင်ရလုနီးပါးဖြစ်နေ၏။ ၎င်း၏တောင်ပံကိုခေါက်ထားကာ ခန္ဓာကိုယ်ကကြံခိုင်ပြီး မျက်လုံးက အနားကပ်လာချိန်တွင် ပိုတောက်ပလာတော့သည်။
ကျင့်ကြံသူသည် ထိတ်လန့်မှုကြောင့်မျက်လုံးပြူးကျယ်သွားလေ၏။ “ချုံ ချုံ ချုံးချီ” သူ မလှုပ်ရဲချေ။
ချုံးချီက မာန်မဖီတော့ပေ။ထိုအစား ၎င်းက လျှောက်လာ၏။ ၎င်း၏အရှိန်က မမြန်ပေ။ ခေါင်းကိုမော့လျက် ဝင့်ကြွားကာ အေးအေးလူလူလျှောက်လာလျက် မြင့်မြတ်နေပုံပေါ်သည်။ နောက်ဆုံး၌ ကျင့်ကြံသူနှင့် သုံးမီတာအကွာတွင် ရောက်သွားကာ အနံ့ခံတော့သည်။
ချုံးချီက ကျင့်ကြံသူကို အနံ့ခံမိသည့်အချိန်တွင် ထူးဆန်းသည့် ရင်းနှီးနေသောအနံ့ကို ရလိုက်တော့သည်။ ၎င်းက တစ်ချက်ဟောင်ပြီးနောက် လျှာထွက်လာကာ သားရေများကျလာသည်။
“...”
ချုံးချီက နောက်ဆုံးတွင် ကျင့်ကြံသူနားရောက်သည့်အချိန်တွင် ၎င်း၏လက်ကိုမြှောက်ကာ ကျင့်ကြံသူ၏ကိုယ်ထည်ကို ဆုပ်ကိုင်လျက် ၎င်း၏နှာခေါင်းနားကပ်ကာ တစ်ချက်အနံ့ခံလိုက်ပြန်သည်။ ယခုအချိန်တွင် ကျင့်ကြံသူ၏အမူအရာက အလွန်စိတ်ဝင်စားစရာကောင်း၏။ ကြောက်ရွံ့မှု၊ အရှက်ကွဲမှု၊ ဒေါသ၊ အနေခက်မှု စိတ်ခံစားချက်မျိုးစုံကို သူ့မျက်နှာထက်တွင်မြင်နိုင်သည်။ သူ ပေါက်ကွဲတော့မည့်အချိန်တွင် ...
“ခွေးလေး မင်း ထွက်ပြေးနေမယ်ဆိုရင် မင်းကို ချက်စားပစ်မယ်”
ချုံးချီက ၎င်း၏လျှာကို ပြန်ရုတ်ပြီး ပါးစပ်ပိတ်ကာ အသံလာရာဖက်ကို ပြေးသွားလေ၏။ သူက ချက်ချင်းပင် အခြေအသာဖော့နင်းလျက် မြေပြင်ပေါ်ထရပ်ကာ ညအမှောင်တွင် ကောင်းကင်ထဲ ပျံသန်းသွားပြီး အလင်းအလျင်ဖြင့် တောအုပ်ထဲ ဝင်သွားတော့သည်။ ယင်းက သူ့ဘဝတွင် လှုပ်ရှားဖူးသမျှထဲ အမြန်ဆုံးဖြစ်သည်။
မီတာထောင်ချီပျံသန်းပြီးနောက် နောက်ဆုံး၌ မြေပြင်ပေါ်ဆင်းသက်ကာ သူ ပျို့အန်တော့သည်။
“တခြားသူတွေသာ ဒီအကြောင်းသိရင် ရယ်ကြတော့မှာပဲ”
စိတ်တည်ငြိမ်အောင်လုပ်ပြီးနောက် သူ အဝေးသို့ပျံသန်းသွားလေ၏။ ဧကရာဇ်၏အမြွှာများ သူ့ကို စောင့်ရန်နေရာသို့ရောက်ရန် အချိန်သိပ်မကြာလိုက်ပေ။
ကျင့်ကြံသူသည် ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့ဆီ အမြန်သွားလျက် ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်တော့သည်။ “အရှင်ကျစ် ... ကျောင်းစံအိမ်ကို စုံစမ်းပြီးပါပြီ”
“ရလဒ်ကဘာလဲ”
“အသန်မာဆုံးလူက မွေးဖွားဇယားချပ် ၁၄ခုထက်မပိုကြောင်း ထပ်တလဲလဲအတည်ပြုခဲ့ပါတယ်” သူက ပြောလိုက်၏။
“ချီသတ္တုလုံးရဲ့တုံ့ပြန်မှုမှာ ထူးဆန်းတာရှိလား။ အသေးစိတ်အချက်အလက်လွဲချော်သေးလား”
“အစတုန်းက ချီသတ္တုလုံးက ပုံမှန်အတိုင်းတုံ့ပြန်တယ်။ ဒါပေမဲ့ လူတစ်ယောက်နားကပ်တဲ့အချိန်မှာ ထူးဆန်းသွားတယ်။ ဒီလူက မွေးဖွားဇယားချပ် ၁၃ခုလား ဒါမှမဟုတ် ဒုက္ခမိုင်တစ်ရာရှုကွင်းအဆင့်မှာ ရှိလား မဆုံးဖြတ်နိုင်သလိုမျိုး တဖျပ်ဖျပ်ဖြစ်နေတယ်”
“ဟမ်”
ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စိတ်ရှုပ်ထွေးသွားလေ၏။
“ကွာဟချက်က ကြီးမားလွန်းနေတယ် အစ်ကိုကြီး။ လျှို့ဝှက်နည်းစနစ်တစ်ခုခုလို့ ထင်လား”
ကျစ်ဝူကျီက မေးလိုက်သည်။
“မဖြစ်နိုင်တာ။ ပုံမှန်ဆို လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို ဆုံးဖြတ်ဖို့ နည်းလမ်းတစ်ခုပဲရှိတယ်။ ပထမဆုံးက သိမြင်နားလည်းမှုကပဲ။ အားနည်းတဲ့ကျင့်ကြံသူတွေက သန်မာတဲ့ကျင့်ကြံသူတွေဆီက ဖုံးကွယ်ထားဖို့ ခက်ခဲတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက သိပ်မတိကျဘူး။ ဒါပေမဲ့ ပိုသန်မာတဲ့လူတစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို ဆုံးဖြတ်ချင်တယ်ဆိုရင် အသုံးမဝင်တာကြောင့် ဒီနည်းလမ်းက သိပ်မတိကျဘူး။ ဒုတိယနည်းလမ်းက အထူးပစ္စည်းတွေ၊ နည်းစနစ်တွေ အစီအရင်တွေကနေ လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို ဆုံးဖြတ်ပေးတာပဲ။ ဥပမာအနေနဲ့ အမှန်တရားကို ထုတ်ဖော်ပေးနိုင်တဲ့ ကြေးမုံတွေ။ အဲဒါတွေက ရှားပါးတယ်။ ဒါပေမဲ့ အဲဒါတွေကရှားတယ်။ အစီအရင်တွေကလည်း ကြိုတင်တည်ဆောက်ရမှာဆိုတော့ အတော်လေး ဒုက္ခများတယ်။ အစီအရင်ရဲ့ အကျယ်အဝန်းနဲ့ အတိုင်းအတာထဲ ပစ်မှတ်ကိုရောက်အောင်လုပ်ရမှာ။ ချီသတ္တုလုံးက အထူးပစ္စည်းတွေထဲက တစ်ခု အလွန်တိကျတယ်။ ဘုံတစ်ထောင်လေပွေကျင့်ကြံသူတွေ အစွမ်းထက်နေရတဲ့ အကြောင်းအရင်းတွေထဲက တစ်ရပ်က အသက်စွမ်းအင်စုဆောင်းထားမှုကြောင့်ပဲ။ မိမိရဲ့အသက်စွမ်းအင်က သက်တမ်းကိုတိုးစေတယ်။ ဒါက ကောင်းကင်ကို ဖီဆန်နေတာ။ ချီသတ္တုလုံးက အသက်စွမ်းအင်ကို တိတိကျကျအာရုံခံနိုင်တယ်။ ဒါတွင်မကဘူး တခြားဟာတွေကိုလည်း အာရုံခံနိုင်တာ”
ကျစ်ဝူကျီက ခေါင်းညိတ်ပြီးနောက် ပြောလိုက်၏။
“သူတို့ဆီမှာ ချီသတ္တုလုံး ဖြုန်းတီးရာရောက်တာပဲ။ အစ်ကိုကြီး အခု သူတို့စစ်သူကြီးရှီကိုသတ်ခဲ့တာ အတည်ပြုပြီးပြီ။ ဘာစောင့်နေတာလဲ သူတို့အားလုံးကို ဖမ်းလိုက်မယ်”
ကျစ်ဝမ်ကျီက ခေါင်းခါလိုက်လေ၏။ “ငါတို့က ဓားမြမဟုတ်ဘူး။ နည်းနည်းထပ်စောင့်ကြတာပေါ့”
“နည်းနည်းထပ်စောင့်မှာလား” ကျစ်ဝူကျီက ဇဝေဇဝါဖြစ်သွားတော့သည်။
“အလွန်ဆုံးသုံးရက်ပဲ” ကျစ်ဝမ်ကျီက ပြောလိုက်၏။ "မဟာချင်ရဲ့အမဲလိုက်အဖွဲ့က မကြာခင် ပြန်လာတော့မှာ”
ထိုစကားကိုကြားသောအခါ ကျစ်ဝူကျီ၏မျက်လုံးက လင်းလက်သွားပြီး ထုတ်ပြောလိုက်သည်။
“အစ်ကိုကြီး ... အစ်ကိုက တကယ်အမြော်အမြင်ရှိတာပဲ”
“အားနည်းတဲ့သူတွေက အားနည်းကြောင်း သတိပြုသင့်တယ်။ သန်မာတဲ့သူတွေကပဲ စီရင်ချက်ချမှာ”
ကျစ်ဝမ်ကျီက ပြောလိုက်၏။
“ငါတို့ယုံကြည်ချက် ရှိနေရင်တောင် ဆရာသခင်တွေရဲ့အတွေးက ဘာဆိုတာမြင်နေဦးမယ်။ ဒီသုံးရက်အတွင်း သူတို့ရဲ့ရပ်တည်ချက်ကို တွေ့ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာသခင်တွေက ဒီကိစ္စသေး သေးမွှားမွှားလေးကို ဝင်ဂရုစိုက်မှာ မဟုတ်ဘူးလို့ ငါ ယုံတယ်။ ဒါ့အပြင် ဧကရာဇ်ကလည်း သူတို့နဲ့အပြန်အလှန် ဆက်သွယ်မှုမှ မရှိတာ”
“အစ်ကိုကြီးပြောတာမှန်တယ်။ အခုပဲ ဆရာသခင်တွေဆီသွားလည်ဖို့ လူလွှတ်လိုက်မယ်”
“သွား”
နောက်တစ်နေ့တွင်ဖြစ်သည်။ အာရုံတက်ချိန်ရောက်သောအခါ လုကျိုးသည် ကောင်းကင်ကျမ်းစာကို ဆင်ခြင်သုံးသပ်နေသေးဆဲဖြစ်၏။ သူ၏စိတ်ထဲတွင် သင်္ကေတများရောထွေးနေသည့်အချိန်ကျမှသာ ရပ်တန့်လိုက်သည်။
လုကျိုးက သူ၏ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကိုမြင်သောအခါ ထိတ်လန့်သွားတော့သည်။
“ဒါက ... ရပ်တော့” ပြီးနောက် သူသည် ကြာပွင့်ကိုကြည့်ပြီး ကျယ်လောင်စွာရပ်တန့်လိုက်သည်။ “တစ် နှစ် သုံး လေး ငါး”
အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်သည် ယခင်က ပွင့်ချပ်နှစ်လွှာသာရှိခဲ့၏။ သူက တတိယမြောက်ပွင့်ချပ်ကိုသာ ဖူးပွင့်ချင်ခဲ့သည်။ သို့သော် တစ်ညကြာပြီးနောက် ပွင့်ချပ်ငါးခု ဖူးပွင့်လာခဲ့သည်။
သူက လက်ဝေ့ယမ်းလိုက်ရာ မတည်မြဲခြင်းတိုင်လုံးက သူ့လက်ထဲရောက်လာ၏။ အသက်စွမ်းအင်ကို အာရုံခံပြီးသောအခါ တိုင်ထဲရှိမူလစွမ်းအင် သုံးပုံတစ်ပုံက မရှိတော့ကြောင်း ရှာတွေ့သွား၏။
“...”
တကယ်သွေးစုပ်ဖုတ်ကောင်ပဲ။ စနစ်က ငါ့အမြင်ကို မေးဖို့နေနေသာသာ ငါကိုသတိတောင်မပေးဘူး။
လုကျိုးသည် ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်၏။
“တင်း ... ပွင့်ချပ်ငါးလွှာဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်ကို ရပါပြီ။ နောက်တစ်ဆင့်ကို အဆင့်တက်ဖို့ အနှစ်တစ်သောင်းလိုပါမယ်”
လုကျိုးသည် သူ မတည်မြဲခြင်းတိုင်လုံးကို အသုံးပြုခဲ့တာ ကံကောင်းသည်ဟု တွေးမိသွားသည်။ သူ၏သက်တမ်းကို စုပ်ယူခွင့်ပေးခဲ့ပါက သူ သေသွားလိမ့်မည်။
လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို ကြည့်လိုက်ပြန်၏။ တိုင်လုံးပေါ်ရှိ ရွှေရောင်အလင်းက အနည်းငယ်မှေးမှိန်နေပုံပေါ်တာကို သတိပြုမိသွား၏။ အသက်စွမ်းအင်များစွာက ဆုံးရှုံးသွားပြီး ၎င်း၏စွမ်းအား ဆုံးရှုံးသွားတာဖြစ်သည်။
လုကျိုးက ထို့ကြောင့် စိတ်အနှောင့်အယှက်ဖြစ်မခံတော့ပေ။ ဆိုရလျှင် မတည်မြဲခြင်းတိုင်လုံး၏ တန်ဖိုးက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မြှင့်တင်ပေးမည့်စွမ်းအင်ပဲဖြစ်သည်။ ယင်းက သူ့ကို ပိုသန်မာလာအောင်လုပ်ပေး၏။
လုကျိုးက လက်မြှောက်လိုက်သည်။
ပွင့်ချပ်ငါးလွှာဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်က ရှေ့သို့ပျံထွက်လာပြီး သူ၏လက်ဖဝါးပေါ်၌ ပျံဝဲနေ၏။
“ငါ့ကို အပိုကောင်းကင်စွမ်းအင်နည်းနည်း ထောက်ပံ့ပေးတာအပြင် ဘာတတ်နိုင်သေးလဲ။ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်လိုပဲလား”
အတွေးတစ်ချက်ဖြင့် သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏လက်ကို လှုပ်လိုက်၏။
“ဟမ်”
လုကျိုးက ကြိုးစားလိုက်သည်။ သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏နောက်လက်တစ်ဖက်ကို လှုပ်ခိုင်းလိုက်သည်။
“ငါ့ရဲ့စိတ်နဲ့ ထိန်းချုပ်နိုင်တာလား”
ပုံမှန်ဆို စိတ်ဝိညာဉ်သဏ္ဌာန်များသည် ရုပ်တုများပမာ လှုပ်ရှားနိုင်စွမ်းကင်းမဲ့သည်။ ရွှေကြာ ဖြတ်တောက်သည့်အချိန်တွင် စိတ်ဝိညာဉ်သဏ္ဌာန်၏ကန့်သတ်ချက်ကို ဖြတ်တောက်ခြင်းနှင့် ညီမျှ၏။ ကြာပွင့်ကိုဖယ်ရှားခြင်းဖြင့်သာ စိတ်ဝိညာဉ်သဏ္ဌာန်သည် အတိုင်းအတာတစ်ခုအထိသာ လှုပ်ရှားနိုင်ခြင်းဖြစ်သည်။
လုကျိုးက ကြာပွင့်များ ရှိနေသေးသည့် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို သူ၏စိတ်ဖြင့် ထိန်းချုပ်နိုင်မည်ဟု မထင်ထားပေ။ သူ့ကိုယ်သူ အနည်းငယ် စိတ်ပျက်မိသွား၏။ အစောတည်းက သတိပြုခဲ့မိသင့်သည်။ ၎င်းက အတော်လေးအားနည်းနေသည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် စွမ်းအားကို မစစ်ဆေးဘဲ အသုံးပြုခဲ့သည်။ သို့သော် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က သူ ထင်ထားသည်ထက် ပိုအစွမ်းထက်ပြီး ကြီးကျယ်ပုံပေါ်သည်။
“တခြားတစ်ခုစမ်းကြည့်ရအောင်”
သူက ညာလက်ကိုမြှောက်လျက် လက်ဖြန့်လိုက်သည်။
ထင်သည့်အတိုင်းပင် စိတ်ဝိညာဉ်သဏ္ဌာန်က သူ၏လှုပ်ရှားမှုအတိုင်းလိုက်လုပ်၏။ သို့သော် ၎င်း၏လှုပ်ရှားမှုက အနည်းငယ်တောင့်တင်းနေသည်။ မည်သို့ပင်ဆိုစေ အချိန်တချို့ကြိုးစားပြီးနောက် လှုပ်ရှားမှုနှင့် အသားကျလာပုံပေါ်ကာ တောင့်တင်းမှုများ လျင်မြန်စွာပျောက်ဆုံးသွား၏။
လုကျိုးက လက်သုံးချောင်းချလိုက်သည်။ ထိုလှုပ်ရှားမှုက အလွန်သိမ်မွေ့သည်။
“စွမ်းအင်ဓား”
လုကျိုး၏လက်ထဲ၌ စွမ်းအင်ဓားချက်ချင်းပေါ်လာသည်။
ထို့နည်းတူ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ လက်ထဲ၌ စွမ်းအင်ဓားတစ်လက်ပေါ်လာ၏။ သို့သော်ငြား ၎င်းသည် ခဏတဖြုတ်သာပေါ်လာပြီး ပျောက်ကွယ်သွားတော့သည်။
လုကျိုးက ယင်းကိုမြင်သောအခါ မျက်လုံးလက်သွားလေ၏။
တစ်လှည့်လေ့ကျင့်ပြီးနောက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်သည် ထိန်းချုပ်ရန်မလွယ်ကူဟု ထင်မိသွားသည်။ သူ၏စိတ်က ရီမုကဲ့သို့ပင်။ သို့သော် ကြီးကြီးမားမားလှုပ်ရှားဖို့ ပြဿနာမရှိပေ။ လုကျိုးက သူ၏လက်ကို ဝေ့ယမ်းလိုက်ကာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို အဝေးသို့ပို့လိုက်သည်။ ဤနည်းဖြင့် ၎င်း၏မလှုပ်ရှားနိုင်သည့် အခြေအနေကို ပြန်လည်ရောက်ရှိလာပြီး ရုပ်တုနှင့် တူသွားပြန်၏။
ယင်းကို ကြည့်ပြီး သူက ၎င်း၏လှုပ်ရှားမှုများကို ထိန်းချုပ်ချင်ပါက စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ဝေးလွန်း၍မရမှန်း သဘောပေါက်သွားသည်။
လုကျိုးက ခေါင်းခါလိုက်သည်။ “အားနည်းလွန်းတယ် အခုကြာပွင့်ကို တစ်ချက်ကြည့်ရအောင်”
...
အခန်း (၁၃၁၄) ဒဏ္ဍာရီလာ တပ်ဖွဲ့
လုကျိုးက အပြာရောင်စိတ်ဝိညာဉ်တပ်ဖွဲ့ကို ဆက်လက် ထိန်းချုပ်လိုက်သည်။
ပွင့်ချပ် ၅လွှာရှိသည့် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် နှိုင်းယှဉ်၍မရသော်လည်း ထိုအရာ၏ စွမ်းအားကို လျှော့မတွက်သင့်ပေ။
သူ့ထိန်းချုပ်မှုအောက်တွင် အပြာရောင်ကြာပွင့်က ပွင့်ချပ်ငါးလွှာနှင့်အတူ စတင်လည်ပတ်လာသည်။
“ရပ်လိုက်”
ကြာပွင့်က လှည့်ပတ်နေခြင်းမှ ရပ်တန့်သွားလေသည်။
“ခုန်လိုက်”
အပြာရောင်ကြာပွင့်က ခုန်လာလေ၏။ ထိုအရာက ကြာပလ္လင်မှ ထွက်ခွာပြီး လေထဲရောက်ရှိလာသည့်အခါ အနည်းငယ် ထိုးဖောက်ကြည်လင်လုမတတ် ဖြစ်လာဟန်ပေါ်သည်။ ထိုအရာတွင် စွမ်းအင်အလုံအလောက် မရှိသလို ခံစားရလေ၏။ ထိုအရာက မြေပြင်ပေါ်ကျပြီး ကြာပလ္လင်နှင့် ထိတွေ့သည့်အခါ ပုံမှန် ပြန်ဖြစ်သွားလေသည်။
“ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်”
လုကျိုးက သူ၏ ရွှေရောင်ဘုံတစ်ထောင်လေပွေအဆင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။
စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုက သူ့ရှေ့တွင် ဘေးချင်းကပ်လျက် ရှိနေလေ၏။
လုကျိုးက ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်အား အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို လှုပ်ရှားစေသကဲ့သို့ လုပ်ဖို့ရာ ကြိုးစားလိုက်သော်လည်း ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ ခြေထောက်များက ကြာပလ္လင်နှင့် မြဲမြံစွာ ကုပ်တွယ်ထားသလို ဖြစ်နေလေသည်။ ထိုအရာက ရွှေရောင်ရုပ်ထုနှင့် မကွဲပြားပေ။ ထိုအရာက လှုပ်ရှားလာလျှင်ပင် ခန္ဓာကိုယ်တစ်ခုလုံးကို ဂျွမ်းထိုးမှောက်ခုံ လုပ်နိုင်သကဲ့သို့မျှသာ ဖြစ်၏။
လုကျိုးက ရွှေရောင် ဘုံတစ်ထောင်လေပွေအဆင့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။ ထို့နောက် သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်အား ထပ်မံခုန်ခိုင်းလိုက်၏။
ဤတစ်ကြိမ် ထိုအရာက ခပ်မြန်မြန် ခုန်လာလေသည်။ ထိုအရာက ကြာပွင့်နှင့် အလှမ်းကွာသည့်အခါ ပိုမို ထိုးဖောက်ကြည်လင်လာကြောင်း မြင်တွေ့နိုင်၏။
လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုတ်သိမ်းပြီးသည့်နောက်တွင် သူက သူ့ရှေ့တွင်ရှိသည့် ကြာပွင့်ကို ယူလိုက်သည်။ ထိုအရာက လက်ရာမြောက်သည့် အနုပညာတစ်ခုဖြစ်၏။ သူတွေ့လိုက်သည့်အခါ ပွင့်ချပ်ငါးလွှာက ကြာပွင့်မှ ရုတ်ခြည်း ကြွေကြလာသည်။
“ဟမ်”
လုကျိုးက သူသည် ကြာပွင့်ဆီမှ ပွင့်ချပ်များကို ခွဲထုတ်နိုင်သည့်အတွက် အံ့အားသင့်နေမိ၏။ ပုံမှန်အားဖြင့် ပွင့်ချပ်များသည် ကြာပွင့်များမှ ခွဲထုတ်၍ မရပေ။
ကြာပွင့်ဖြတ်တောက်ရေးနည်းလမ်းက နာမည်ကျော်ကြားလာပြီးသည့်နောက်တွင် ရွှေရောင်ကျင့်ကြံသူအများစုက ကြာပွင့်ကို ဖြတ်တောက်ခဲ့ကြသည်။ နောက်ပိုင်းတွင် တခြားသောနယ်မြေမှ ကျင့်ကြံသူများက ထိုနည်းလမ်းကို သင်ယူခဲ့ကြပြီးကြသော်လည်း မည်သူကမှ မကြိုးစားရဲကြပေ။ သူတို့အနေဖြင့် ရွှေရောင်ကျင့်ကြံသူများ လုပ်သကဲ့သို့ သူတို့၏ ကျင့်ကြံဆင့်ကို တိုးမြှင့်ဖို့ ထိုသို့နည်းလမ်းမျိုးကို မှီခိုဖို့ရာ မလိုအပ်ပေ။
ကြာပွင့် ဖြတ်တောက်ထားသည့်သူများအတွက်မူ သူတို့က ပွင့်ချပ်များဝန်းရံထားသည့် ရောင်ဝါကို ရရှိနိုင်သည်။ ဤသို့သောအနေအထားမျိုးတွင် ပွင့်ချပ်များက ရောင်ဝါမှ ခွဲထုတ်နိုင်ကြလေ၏။ ထိုအရာက ယွီရှန်းရုန် လုပ်ပြသကဲ့သို့ ဖြစ်ပေသည်။
လုကျိုးက သူ့ကြာပွင့်ကို ထပ်မံ ကြီးစေလိုက်သည်။ ပွင့်ချပ်များက သိသိသာသာ ကြီးမားလာလေ၏။ ထို့နောက် သူက ပွင့်ချပ်များကို ထိန်းချုပ်ဖို့ ကြိုးစားလိုက်သည့်အခါ ထင်ထားသည့်အတိုင်း သူတို့က လေထဲ ပျံသန်းထွက်လာလေသည်။
“အမည်မဲ့”
အမည်မဲ့က လေထဲပျံသန်းနေရင်း ပွင့်ချပ်ငါးလွှာက ထိုအရာအပေါ်မှာ ပျံသန်းသွားလေသည်။
ဟမ် ဒါက လောင်အာ့ရဲ့ လှုပ်ရှားမှုကို ပြန်ပြီးအမှတ်ရစေတယ်…
လုကျိုးက ထိုပွင့်ချပ်များသည် ကြာပွင့်မှ ခွဲထုတ်နိုင်သည့်အတွက် ပျော်ရွှင်နေမိသည်။ ဆိုလိုသည်မှာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ကြာပွင့်မရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန်များ၏ စွမ်းရည်ကို ပိုင်ဆိုင်ထားလေသည်။
သူက အမည်မဲ့ကို သိမ်းဆည်းပြီးသည့်နောက်တွင် ပွင့်ချပ်ငါးလွှာကို ကြာပွင့်ဆီ ပြန်လည်တပ်စေလိုက်သည်။
လုကျိုးက တိတ်တဆိတ် သက်ပြင်းချလိုက်၏။ ဆိုလိုသည်မှာ အပြာရောင်ဓမ္မခန္ဓာထဲတွင် ခန္ဓာကိုယ်များ၏ စွမ်းရည်များ ပါဝင်နေလေသည်။
အမည်မဲ့ဓားကို သိမ်းဆည်းပြီး အတွေးများကို ပယ်ဖျက်ပြီးသည့်နောက်တွင် ပွင့်ချပ်ငါးလွှာ အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်က ကြာပလ္လင်ဆီ ပြန်လည်ရောက်ရှိလာ၏။
သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံ မစမ်းသပ်တော့ပေ။ ယခုအခါ ထိုသို့လုပ်ဖို့ရာ မလိုအပ်တော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ အလားအလာနှင့် ပတ်သက်ပြီး မျှော်လင့်စောင့်စားနေမိ၏။
သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို အဆင့်မြှင့်တင်ဖို့ အားစိုက်ထုတ်မှုများစွာ လုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်အဆင့် ရောက်ရှိလာသည့်အခါ အံ့ဖွယ်စွမ်းရည်သည် သူ့အား ထည့်သွင်းစဉ်းစားဖို့ လုံလောက်မှု ပေးလာလိမ့်မည်။
သူ့အတွေးများကို စုစည်းပြီးသည့်နောက်တွင် သူက မီးတောက်ထဲ လွှမ်းခြုံထားသည့် လျှို့ဝှက်ဆန်းကြယ်ကျောက်တုံးငယ်နှင့် ခရမ်းရောင်တောက်ပသံကျောက်တို့ကို ကြည့်လိုက်သည်။ လျှို့ဝှက်ဆန်းကြယ်ကျောက်တုံးငယ်မှ ထုတ်လွှတ်သည့် မီးတောက်က မှိန်ဖျဖျဖြစ်ကာ ခရမ်းရောင်တောက်ပသံကျောက်ထဲ ဝင်ရောက်သွားလေ၏။ ဤသို့ဖြင့် ခရမ်းရောင်တောက်ပသံကျောက်က ဆက်လက်တောက်ပလာသည်။
လက်ရှိအရှိန်နှုန်းအပေါ် မူတည်၍ ထိုအရာက အဆင့်မြှင့်တင်မှုပြီးမြောက်ဖို့ နှစ်ရက်တာမျှသာ ကြာမြင့်လိမ့်မည်။
“အရင်ဆုံး ငါ့ရဲ့ ကျင့်ကြံဆင့်ကိုပဲ တည်ငြိမ်အောင်လုပ်ကြတာပေါ့”
သူ အံ့ဖွယ်ဝိညာဉ်ပုလဲဆီမှ ရရှိလာသည့် တိုးတက်မှုက သူ့ကျင့်ကြံဆင့်ကို တည်ငြိမ်ဖို့အတော်လေး များပြားနေသည်။ သူက နောက်ထပ်ပင် အဆင့်တက်လှမ်းနိုင်လောက်၏။
မည်သို့ပင်ဆိုစေကာမူ သူက ၁၄ခုမြောက် အသက်ဓာတ်နှလုံးသားကို လိုက်လံရှာဖွေရဦးမည် ဖြစ်၏။ သူက တခြားသော မဟာမွေးဖွားဇယားချပ်ကို အသက်မသွင်းနိုင်သေးပေ။ သူ့အနေဖြင့် သားရဲဘုရင်၏ အသက်ဓာတ်နှလုံးသားကို ရှာဖွေဖို့ရာ လိုအပ်ပြီး မွေးဖွားနန်းဆောင်၏ မြေကမ္ဘာကဏ္ဍတွင် ထားရှိရမည်ဖြစ်သည်။
ခဏအကြာတွင် လုကျိုးက ရုန်ဟယ်၏ အသက်ဓာတ်နှလုံးသား ရှိနေသေးကြောင်း ပြန်လည်အမှတ်ရသွား၏။ ထို့ကြောင့် သူက လုလီကို ဆင့်ခေါ်ကာ ရုန်ဟယ်၏ အသက်ဓာတ်နှလုံးသားကို ယွီကျန့်ဟိုင်ဆီ ပေးဖို့ ပြောခဲ့သည်။
ယွီရှန်းရုန်က ပွင့်ချပ် ၁၂လွှာထွက်ပြီးကာစ ဖြစ်၏။ အချိန်တစ်ခုအကြာတွင် ရုန်ဟယ်၏ အသက်ဓာတ်နှလုံးသားက သူနှင့် သင့်တော်မည် မဟုတ်ပေ။ ထို့အပြင် သူ့တွက်ချက်ထားမှုအရ ပွင့်ချပ်တစ်လွှာသည် မွေးဖွားဇယားချပ် ၆ခုနှင့် ညီမျှ၏။ ယွီကျန့်ဟိုင်က ယွီရှန်းရုန်ထက် နောက်ကောက်ကျကျန်နေသည်။
………………………………………………………………………
နှစ်ရက်တာ ကြာမြင့်ပြီးသည့်နောက်တွင် ပြတင်းပေါက်မှတဆင့် အလင်းရောင်က ဝင်ရောက်လာသည့်အခါ လုကျိုးက စနစ်၏ သတိပေးသံကို ကြားလိုက်ရသည်။
“တင်း ခရမ်းရောင်တောက်ပသံကျောက်က အောင်အောင်မြင်မြင် အဆုံးမဲ့အဆင့်ကို ရောက်ရှိသွားပါပြီ။ အရှိန်လည်း သိသိသာသာ တိုးမြင့်လာပါတယ်။ စွမ်းရည်ကလည်း အေးခဲမှုအဆင့်သို့ တိုးမြင့်သွားပါတယ်”
“တင်း အေးခဲမှု ခရမ်းရောင်တောက်ပသံကျောက်၏ စွမ်းအား အားလုံးကို ထုတ်လွှတ်ပြီး နယ်နိမိတ်အတွင်းရှိ ပစ်မှတ်အားလုံးကို စက္ကန့်ပိုင်းကြာ အေးခဲစေခြင်း”
“အေးခဲတာလား” ထိုအရာက လုကျိုးအား ထျန်းဝူ၏ စွမ်းရည်ကို အမှတ်ရသွားစေသည်။ ထိုအရာက အချိန်နှင့် နေရာကို ထိန်းချုပ်နိုင်သည့် တာအိုစွမ်းအားဖြစ်၏။
လုကျိုးက တာအိုစွမ်းအားကို အသုံးမပြုနိုင်သေးသော်လည်း ခရမ်းရောင်တောက်ပသံကျောက်က ဝှက်ဖဲကြီးကြီး ဖြစ်လာလိမ့်မည်။ ထို့အပြင် သူ့အံ့ဖွယ်စွမ်းအားဖြင့် တာအိုစွမ်းအားထံ ခံနိုင်ရည်ရှိလာပြီဖြစ်၏။ အနည်းဆုံးတော့ တာအိုစွမ်းအားက သူ့အပေါ် သိသာစေသည့် သက်ရောက်မှုမျိုး မရှိပေ။
ကံဆိုးတာက လျှို့ဝှက်ဆန်းကြယ်ကျောက်တုံးငယ်တွေက ရှားပါးလွန်းနေတာပဲ။ အခုထိ ဆယ်ခုပဲ တွေ့ရသေးတယ်…
သူက ထရပ်ပြီး အခန်းမှ ထွက်လာကာ ထိုက်ချီကို လေ့ကျင့်ရင်းဖြင့် ခြေလက်အညောင်းအညာဆန့်လိုက်သည်။
သူ လေ့ကျင့်ပြီးသည့်နောက်တွင် လန်းဆန်းလာပြီး ကျောက်ပြားအပေါ် ထိုင်လိုက်လေသည်။ သူက ပတ်ဝန်းကျင်ကို လေ့လာပြီးသည့်နောက်တွင် တစ်စုံတစ်ခု ကွဲပြားနေသည်ကို ခံစားမိသွား၏။
အားလုံးက ဘယ်ရောက်နေတာလဲ။ ဘယ်လိုလုပ် ဒီနေရာမှာ ဘယ်သူမှ မရှိရတာလဲ…
……………………………………………………..
ဤတစ်ကြိမ် ကျောင်းစံအိမ်ရှေ့ရှိ လေထုထဲတွင် ရထားလုံးပျံတစ်ခု ဝဲပျံနေသည်။ ထိုရထားလုံးပျံကို ကျင့်ကြံသူ အယောက်သုံးဆယ်ကျော်က စောင့်ကြပ်ထားလေ၏။
ထို့အပြင် ကျောင်းစံအိမ်၏ အဝင်ဝတွင် မြင်းစီးတပ်ရာကျော် ရှိလေသည်။ တစ်ချိန်တည်းဆိုသလို မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကလည်း ကျောင်းစံအိမ်၏ ပင်မခြံဝန်းထဲ ရပ်နေကြပြီး ကျင့်ကြံသူများ၊ မြင်းတပ်နှင့် ရထားလုံးပျံကို ကြည့်နေကြ၏။
“သူတို့တွေ ထပ်ပြီး ရောက်လာပြန်ပြီလား” မင်ရှစ်ရင်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
ကျောင်းယွီ၏ အမူအရာကလည်း တောင့်တင်းနေလေ၏။
“ကိစ္စတွေက ပိုပြီးရှုပ်ထွေးကုန်ပြီ ထင်ပါတယ်”
“မနက်ခင်း စောစောစီးစီး ဒါကို ပြောဖို့ခေါ်လိုက်တာလား” ယွီကျန့်ဟိုင်က မေးလိုက်သည်။
“…”
ကျောင်းယွီက ပြောလိုက်၏။
“ဧကရာဇ်ရဲ့ အမြွှာက ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ အတော်လေး သတိကြီးတယ်။ ဒါပေမဲ့ သူတို့တွေက ကျိုးဖျင့်ရဲ့ အကူအညီ သွားပြီး တောင်းလိမ့်မယ်လို့တော့ ထင်မှတ်မထားဘူး”
“ကျိုးဖျင့်က ဘယ်သူလဲ” မင်ရှစ်ရင်က မေးလိုက်သည်။
“ကျိုးဖျင့်က ဧကရာဇ်ရဲ့ လျှို့ဝှက်လက်နက်တစ်ခုပေါ့။ တိုင်းပြည် နှစ်ဆယ်ကို ဖျက်ဆီးနိုင်ခဲ့တဲ့ စစ်ပွဲအတွင်းမှာ တိုက်ပွဲတစ်ခုက ဧကရာဇ်ရဲ့ လျှို့ဝှက်လက်နက်အတွက် တိုင်းပြည်ဆယ်ခုကို ဖြတ်သန်းပြီး ဆယ်ရက်အတွင်း သိမ်းပိုက်ခဲ့တာ။ သူတို့ရဲ့ ပျမ်းမျှအင်အားက မွေးဖွားဇယားချပ်တစ်ခု ကျင့်ကြံသူအဆင့်နီးပါးပဲ။ ကျိုးဖျင့်ကိုယ်တိုင်ကတော့ ဆရာသခင်အဆင့်နဲ့ နီးကပ်နေပြီ။ သူတို့ရဲ့ စီးတော်သားရဲတွေက အစိမ်းရောင်ကြာနယ်မြေနဲ့ မြောက်ပိုင်းသဲကန္တာရကလေ။ သူတို့တွေက ခက်ထန်ပြီးတော့ အကောင်းဆုံးစစ်မြင်းပျံတွေပဲ” ကျောင်းယွီက ရှင်းပြလိုက်သည်။
မင်ရှစ်ရင်က စစ်မြင်းများကို ကြည့်လိုက်၏။ အကယ်၍ ကျောင်းယွီ၏ ရှင်းပြချက်ကြောင့်သာ မဟုတ်လျှင် ငွေရောင်ချပ်ဝတ် ဝတ်ဆင်ထားပြီး တောင်ပံများရှိသည့် စစ်မြင်းများကို မြင်တွေ့ဖို့ ခက်ခဲလိမ့်မည်။
မင်ရှစ်ရင်က ပြောလိုက်သည်။
“တကယ်ကို သူတို့က အတော်လေး ကြည့်ကောင်းတာပဲ”
ယွီရှန်းရုန်က ပြောလိုက်သည်။
“ဒါပေမဲ့ နှိုင်းယှဉ်ကြည့်ရင် ကျိလျန်က တိမ်တိုက်လိုမျိုး ဖြစ်ပြီးတော့ သူတို့က ရွှံ့ဗွက်သာသာပဲ ရှိတယ်”
“…”
ကျောင်းယွီက ဆက်ပြောလိုက်သည်။
“ကျိုးဖျင့်ရဲ့ မြင်းတပ်အဖွဲ့ဝင်တစ်ရာက မဟာချင်ရဲ့ တပ်မဟာတစ်ခုလိုပဲ။ သူက တစ်ရက်အတွင်း မိုင်ပေါင်းသောင်းချီ သွားလာနိုင်ကြတယ်။ စောစောလေးက သူတို့တွေက ဖျင်တန်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံးဆီ သွားတယ်လို့ ကြားခဲ့တာ။ သင်္ကေတလမ်းကြောင်းကို မသုံးဘဲ သူတို့က ရန်တင်းကို ပြန်ရောက်လာပြီ။ အဖိုးတန်ရတနာတွေ အများကြီးရခဲ့တာအပြင် သူတို့က အစိမ်းရောင်ကြာနယ်မြေဆီ ပျံသန်းလာပြီးတော့ မြေရှင်နဲ့ ဖြေရှင်းပြီးသွားပြီ။ သူတို့တွေက တကယ့်ကို ဒဏ္ဍာရီလာတပ်ဖွဲ့ပဲ”
ခုံဝမ်က ခေါင်းညိတ်လိုက်သည်။
“သခင်လေးကျောင်း ပြောတာက အမှန်ပဲ။ အတိတ်တုန်းက သူတို့ရဲ့ ဇာတ်ကြောင်းတွေကို ကြားဖူးတယ်။ အဲဒီအချိန်တုန်းက ကျုပ်နဲ့ ကျုပ်ညီအစ်ကိုတို့က သူတို့ကို သဘောကျခဲ့တာပေါ့။ ဒီလိုဒဏ္ဍာရီလာတပ်ဖွဲ့ကို ဘယ်သူကများ သဘောမကျဘဲ နေမှာလဲ”
ထိုအရာကို ကြားကာ ခုံဝူကလည်း ဝင်ပြောလိုက်သည်။
“အစ်ကိုကြီးပြောတာ ဟုတ်တယ်။ ကျုပ်တောင်မှပဲ သူတို့ဆီ ဝင်ရောက်နိုင်ဖို့ အိပ်မက် မက်ခဲ့သေးတယ်။ နောက်ပိုင်းကျမှ သူတို့ဆီ ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာကို သိခဲ့ရတယ်”
ခုံဝမ်က မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက မွန်းစတားအမဲလိုက်အဖွဲ့ထဲ ဝင်ချင်တယ် ထင်နေတာ။ ဘယ်တုန်းကများ ပြောင်းလဲသွားတာတုံး”
“အဲဒါက ခဏလေးပါပဲ။ သူတို့ကြောင့်တင် မဟုတ်သေးဘူး။ တကယ်တော့ ကျွန်တော်က အဖွဲ့တွေအများကြီးကို ဝင်ဖို့ အိပ်မက်မက်ခဲ့တာ” ခုံဝူက ပြောလိုက်သည်။ သူက လည်ချောင်းရှင်းပြီး ဆက်ပြောလိုက်၏။
“တကယ်တော့ သူတို့အားလုံးက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ယှဉ်လိုက်ရင် နောက်ကောက်ကျနေတာပဲ။ မိစ္ဆာဝေဟင်မျှော်နန်းရှေ့မှာ ဒီလိုဒဏ္ဍာရီလာတပ်ဖွဲ့လို့ ခေါ်တဲ့ အရာတွေက ကောင်စုတ်လေးတွေ စုထားတာကလွဲပြီး ဘာမှမဟုတ်တော့ဘူး။ သခင်မလေး ကျုပ်ပြောတာ မှန်တယ်မလား”
ရှောင်ယွမ်အာက တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူမက မီးတောက်ဇာမဏီငယ်လေးကို သယ်ဆောင်ထားပြီး ခုံဘေးကို သွားကာ မီးတောက်ဇာမဏီငယ်လေးနှင့် ကစားနေလေသည်။ သူမက ထိုသို့သော ကိစ္စမျိုးကို စိတ်မဝင်စားပေ။
ကျင့်ကြံသူတစ်ယောက်က ရထားလုံးပျံမှ ပျံသန်းလာပြီး မြေပြင်ပေါ်ရှိ လူအုပ်ကြီးကို ကြည့်လိုက်လေသည်။
“သခင်ကျစ်က လုပ်ကြံသတ်ဖြတ်သူကို ဖမ်းဆီးဖို့ အမိန့်ပေးလိုက်တယ်။ အဲဒီနောက်မှာ သူက တရားမျှတမှုကို ဆောင်ကြဉ်းပေးလို့ ရမှာ။ သခင်လေးကျောင်းက ကျုပ်တို့နဲ့ ပူးပေါင်းဖို့ မျှော်လင့်ပါတယ်”
ကျောင်းယွီက ရှင်းလင်းပြတ်သားစွာ ပြောလိုက်သည်။
“သခင်ကျစ်ကို ပြန်ပြောလိုက်”
ဤတစ်ကြိမ် မင်ရှစ်ရင်က ရုတ်တရက် ဖြတ်ပြောလိုက်သည်။
“ခဏလေးနေဦး”
ထို့နောက် သူက ကျောင်းယွီရှေ့သွားကာ ကောင်းကင်ပေါ်ရှိ လူအား ပြောလိုက်သည်။
“အဲဒီမျိုးရိုး ကျစ်နဲ့သူကို ကိုယ်တိုင်လာပြီးပြောဖို့ ပြောလိုက်”
ကျင့်ကြံသူက မင်ရှစ်ရင်၏ စကားများကြောင့် ဆွံ့အသွားလေသည်။
မင်ရှစ်ရင်က ဆက်ပြောလိုက်၏။
“ကျောင်းယွီက မဟာချင်ရဲ့ ဧကရာဇ်ကိုယ်တိုင်ချီးမြှင့်ထားတဲ့ မြို့စားတစ်ယောက်ပဲ။ မင်းက ဒီနေရာမှာ ဘာလို့ ရုတ်ရုတ်သဲသဲ လာလုပ်နေတာလဲ”
“…”
ကျင့်ကြံသူက ထိတ်လန့်သွားပြီး ရထားလုံးပျံဆီ ပြန်လည်ရောက်ရှိသွားသည်။
မင်ရှစ်ရင်က လှည့်ကာ ကျောင်းယွီ၏ ပခုံးကို ပုတ်လိုက်၏။
“မင်းက မြို့စားတစ်ယောက်ဆိုတော့ အဲ့လိုမျိုး လေထုမျိုး ရှိရမယ်လေ”
ကျောင်းယွီက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူက မင်ရှစ်ရင်သည် သူ့အပေါ် ရန်လိုမှု မရှိတော့ကြောင်း ခံစားမိလိုက်၏။
ကျောင်းယွီက တစ်ခါတစ်ရံ ဘဝကြီးသည် ရက်စက်ရုံသာမက ရယ်မောဖွယ်ကောင်းကြောင်း တွေးထင်လိုက်မိသည်။ တစ်ခါက ဤကမ္ဘာကြီးသည် သူ့အမေကလွဲ၍ သူ့ကို ကောင်းကောင်းဆက်ဆံနေသည့်သူများက မဟာချင်၏ ဧကရာဇ်ဖြစ်သူ သူ့ဖခင်၊ ရှီချီရှု၊ ကျောင်းမိသားစုဝင်များဟု တွေးထင်ခဲ့လေသည်။ အဆုံးသတ်၌မူ အားလုံးက ပုံရိပ်ယောင်မျှသာ ဖြစ်နေလေ၏။ ပုံရိပ်ယောင်မှတဆင့် သူ့ကို ကူညီပေးသည်ဟု ထင်ထားသည့်သူများကမူ တကယ်တမ်း သူစိမ်းမျှသာ ဖြစ်နေကြသည်။
ခဏအကြာတွင် ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က ရထားလုံးပျံမှ ပျံသန်းထွက်လာပြီး ဆယ်မီတာအကွာတွင် ရပ်တန့်လိုက်ကြသည်။
ကျစ်ဝမ်ကျီက ပြောလိုက်၏။
“သခင်လေးကျောင်း ကျုပ်တို့ ထပ်ပြီး တွေးပြန်ပြီ”
ကျောင်းယွီက သူ့ပုံမှန်အနေအထားနှင့်မတူဘဲ ပြောလိုက်သည်။
“သခင်ကျစ် ခင်ဗျားက ကျုပ်ကို နည်းနည်းလေးမှ အလေးမထားတဲ့ပုံပဲ”
ကျစ်ဝမ်ကျီက ပြောလိုက်သည်။
“ကျုပ်က အဲ့လိုမလုပ်ရဲပါဘူး”
“အဲဒါဆိုရင် ဒီကို လူတွေအများကြီးခေါ်လာပြီး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ကျောင်းစံအိမ်ကို ဝင်စီးမလို့လား”
“သခင်လေးကျောင်းက ဒီကိစ္စကို ချဲ့ကားလွန်းနေတာပဲ။ စစ်သူကြီးရှီ အသတ်ခံရမှုကြောင့် ရောက်လာတာပါ။ အသတ်ခံရမှုရဲ့ အမှန်တရားကို ရှာဖွေတွေ့ရှိသွားပြီ။ သခင်လေးကျောင်း ကျုပ်ကို အထင်မလွဲပါနဲ့။ ကျုပ်က ကျောင်းစံအိမ်ကို ပြဿနာလာရှာတာ မဟုတ်ပါဘူး။ လုပ်ကြံသတ်ဖြတ်သူကို လာပြီးဖမ်းဆီးရုံပါ” ကျစ်ဝမ်ကျီက ပြောလိုက်သည်။
ကျောင်းယွီက မျက်မှောင်ကြုတ်လိုက်၏။
“လုပ်ကြံသတ်ဖြတ်သူတဲ့လား”
ကျစ်ဝမ်ကျီက မင်ရှစ်ရင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“လူငယ်လေး မင်းလုပ်ခဲ့တဲ့အရာအတွက် တာဝန်ယူသင့်တယ်။ မင်းက အတော်လေးထူးကဲပြီး မင်းရဲ့ ကျင့်ကြံဆင့်ကလည်း အားမနည်းဘူးဆိုတော့ ဉာဏ်ကောင်းမှာပါ”
အားလုံးက မင်ရှစ်ရင်အား တစ်ပြိုင်နက်လှည့်ကြည့်လိုက်ကြသည်။
ယွီရှန်းရုန်က ကျစ်ဝမ်ကျီသည် ရှီချီရှု၏ သေဆုံးမှုအား မင်ရှစ်ရင်နှင့် ဆက်နွယ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားပေ။ သူက ထိုညတွင်ရှိသည့်အတွက် အခြေအနေကို ကောင်းကောင်း နားလည်နေလေ၏။ ရှီချီရှု၏ လူတစ်ယောက်မှ မရှင်ကျန်ကြဘဲ သဲလွန်စမကျန်သည့်အတွက် ကျစ်ဝမ်ကျီက မည်သို့ ရှာဖွေတွေ့ရှိသွားသနည်း။ မည်သို့ပင်ဆိုစေကာမူ သူက ပုံမှန်အတိုင်း တည်ငြိမ်နေလေ၏။
မင်ရှစ်ရင်က ကျစ်ဝမ်ကျီကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ဟေး ဟေး ခင်ဗျားတို့က အထက်တန်းလွှာဖြစ်ပြီး ကြုံရာကျပန်းစကားတွေ ပြောနေရသလား”
ကျစ်ဝမ်ကျီက မျက်မှောင်ကြုတ်လိုက်သည်။
မင်ရှစ်ရင်က ပြောလိုက်သည်။
“ကျုပ်က ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး”
ထိုအရာကို ကြားကာ ကျစ်ဝူကျီက လှောင်ပြုံးပြုံးလိုက်သည်။
“ထင်ထားတဲ့အတိုင်းပဲ။ သူတို့ရဲ့ အပြစ်ကြွေးကို ဝန်ခံမဲ့ လူသတ်သမားဆိုပြီး မရှိဘူးပဲ”
“ဟုတ်တာပေါ့။ အဲဒါကြောင့် သူ့ကို သတ်လိုက်တာကို ခင်ဗျား ဝန်မခံတာ မဟုတ်ဘူးလား” မင်ရှစ်ရင်က ပြန်လည်ချေပလိုက်သည်။
ထိုအရာကို ကြားကာ တဲ့တိုးဆန်သည့် ကျစ်ဝူကျီက ဒေါသတကြီး ပြောလိုက်၏။
“ငါ့ကို လာပုံချမနေနဲ့။ စစ်သူကြီးရှီက ငါ လေးစားရတဲ့သူပဲ။ ဘာလို့ သတ်ရမှာလဲ”
“ကမ္ဘာကြီးထဲမှာ ကိုယ့်အပြစ်ကြွေးကို ဝန်မခံတဲ့ လူသတ်သမားဆိုတာ ရှိတာလား” မင်ရှစ်ရင်က ကျစ်ဝူကျီ၏ စကားများကို ပြန်လည်ပြောလိုက်သည်။
“…”
ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က မင်ရှစ်ရင်သည် အတော်လေး စိတ်တိုဖို့ကောင်းကြောင်း ခံစားမိသွား၏။
ကျောင်းယွီက ပြောလိုက်၏။
“သခင်ကျစ်ဝူ ခင်ဗျားက သက်သေပြသင့်တယ်။ သက်သေမပြဘဲနဲ့ လူတွေကို ဘယ်လိုလုပ် ဖမ်းဆီးနိုင်မှာလဲ။ ခင်ဗျားကိုယ်ခင်ဗျား အရူးလုပ်နေတာနဲ့ မတူဘူးလား”
ခဏအကြာတွင် ကျိုးဖျင့်က အားပါးတရ ရယ်မောပြီး ပြောလိုက်သည်။
“သခင်လေးကျောင်း ပြောတာမှန်တယ်။ မင်းတို့ဆီမှာ သက်သေ မရှိဘူး။ အရာရှိတွေအနေနဲ့ စည်းမျဉ်းဥပဒေသကို လိုက်နာသင့်တယ်”
ကျစ်ဝူကျီက ပြောလိုက်သည်။
“ကျုပ်အစ်ကိုကြီးရဲ့ စကားတွေက သက်သေပဲ”
မင်ရှစ်ရင်က ထိုစကားများကို ကြားကာ သီးလုမတတ်ဖြစ်သွားလေ၏။ သူက လှောင်ပြောင်ကာ ပြောလိုက်သည်။
“အဲ့လိုဆိုရင် ငါ့ခွေးလေးရဲ့ စကားတွေကလည်း သက်သေပဲ”
ဝုတ် ဝုတ် ဝုတ်
သို့သော်လည်း နောက်ထပ် ဖြစ်ပျက်လာသည့်အရာကမူ အားလုံးကို သတိလက်လွတ်ဖြစ်သွားစေသည်။