အခန်း (၁၃၁၅-၁၃၁၇)
Vol. 88 Ch. 1315-1317
အခန်း (၁၃၁၅) ဘယ်သူမှမလှုပ်ရဲ
ချုံးချီက ရထားလုံးပျံစီ ရုတ်တရက် ခုန်အုပ်ကာ ဝေဟင်ထဲ လေးညှို့မှ လွှတ်လိုက်သည့် မြားတစ်စင်းပမာ ဖြစ်နေတော့သည်။
ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီက ထိတ်လန့်အံ့အားသင့်သွားလေ၏။
ထိုစဉ် ချုံးချီက ဝေဟင်ထဲ မြင့်မြင့်ပျံသန်းလျက် ရထားလုံးပျံကို အချိန်တချို့ ဟောင်လိုက်သည်။ ရုတ်တရက် ၎င်း၏နောက်ခြေကို မြှောက်ကာ လေထဲဆီးစွန့်လိုက်၏။
“....”
ချုံးချီက သာမန်သားရဲမဟုတ်ပေ။ ထို့အပြင် မ ဟာလေဟာနယ်မျိုးစေ့ဖြင့် အာဟာရ ဖြည့်ထားပြီးနောက် ၎င်း၏ကြီးထွားမှုက အတိုင်းအဆမရှိဖြစ်လာသည်။ ဉာဏ်ရည်ကလည်း မနိမ့်တော့ပေ။ ဆီးစွန့်ပြီးနောက် ရထားလုံးပျံက အန္တရာယ်များကြောင်းသိသောကြောင့် လှည့်ပြန်လာ၏။
လူတိုင်းက အငိုက်မိသွားကာ စိတ်ရှုပ်ထွေးသွားတော့သည်။ သူတို့ကချုံးချီ၏ အပြုအမူကို နားမလည်နိုင်ပေ။
ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ်
ထိုစကားကို ကြားသောအခါ ခရုလေးက ချုံးချီ၏ ဆိုလိုရင်းကို ဘာသာပြန်ပေးလိုက်သည်။
“ချုံးချီပြောတယ် အဲဒီလူက သူ ပိုင်တာတဲ့”
ကျစ်ဝမ်ကျီ “...”
မင်ရှစ်ရင်က ချက်ချင်း သဘောပေါက်သွားတော့သည်။ သူသည် ရထားလုံးပျံထဲရှိ ကျင့်ကြံသူကို လက်ညှိုးထိုးပြပြီး ပြောလိုက်တော့သည်။ “အရင်ရက်တွေတုန်းက ခွေးလေး လျှောက်ပတ်ပြေးနေတာ အံ့သြစရာမရှိဘူးပဲ။ ဖြစ်ချင်တော့ မင်းက ငါ့ခွေးကို ဖျားေယာင်းခဲ့တာကို”
အနေခက်မှုကြောင့် ကျင့်ကြံသူ၏မျက်နှာက နီမြန်းလာပြီး အမူအရာတို့က သုန်မှုန်လာလေ၏။ မည်သို့ပင်ဆိုစေ သူက လက်ဝေံရမ်းပြလျက် တွင်တွင်ငြင်းဆိုတော့သည်။ “မဟုတ်ပါဘူး မဟုတ်ပါဘူး မဟုတ်ပါဘူး။ ကျုပ်ကဖြတ်သွားရုံပဲ ဘယ်တုန်းက ဖျားယောင်းမိလို့လဲ”
“...”
ကျောင်းစံအိမ်ထဲတွင် အပူတပြင်း ဆွေးနွေးမှုက ဖြစ်ပွားလာ၏။ ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီက မျက်မှောင်ကြုံမိသွားကာ သူတို့၏ငယ်သားများက အသုံးကျတာဘာမှမရှိဟု တွေးမိသွားသည်။
ကျောင်းယွိက အခွင့်အရေးကို အမိဖမ်းကာ မေးလိုက်တော့သည်။ “အရှင်ကျစ် ဒါက ငြင်းဆန်မရတဲ့သက်သေပဲ။ ဒါကိုဘယ်လိုရှင်းပြမလဲ”
ကျစ်ဝမ်ကျီက ပြောလိုက်၏။
“သူက ကျောင်းစံအိမ်ဆီလာတာ အမှန်ပဲ။ ဒါပေမဲ့ အဲဒီနေ့တုန်းက ကျောင်းစံအိမ်ပေါ်မှာ မူမမှန်တဲ့ အသက်စွမ်းအင်တွေ ပေါ်လာတယ်။ ဒါကြောင့် တစ်ချက်ကြည့်ခိုင်းဖို့ ကျုပ်လူတွေကို အမိန့်ပေးခဲ့တာ။ အဲဒီနေ့က သူတစ်ယောက်တည်းရောက်လာတာ မဟုတ်ဘူး။ ရုတ်ရုတ်သဲသဲဖြစ်ရက်ကြောင့် ကျင့်ကြံသူတွေ အများကြီးသွေးဆောင်ခံလိုက်ရတယ်။ ကျုပ်ပြောတာမယုံရင် ရှန်းယန်ထဲကလူတွေကို မေးလို့ရတယ်။ အဲဒါအပြင် ….” သူက အပြုံးတစ်ပွင့်ဖြင့် ဆက်ပြောလိုက်လေ၏။
“စစ်သူကြီးရှီ သေတဲ့နေ့တုန်းက ဒီလူငယ်က ကျောင်းစံအိမ်ထဲမှာ မရှိခဲ့ဘူး”
မင်ရှစ်ရင်က ပြောလိုက်၏။ “ခင်ဗျားက အပြောကောင်းသား။ ကျုပ်ရဲ့ချီရှစ်တိ ဒီမှာမရှိတာ နှမြောစရာပဲ။ မဟုတ်ရင် ခင်ဗျား နောက်ရောက်နေမှာ”
ကျစ်ဝမ်ကျီက မျက်နှာထက်တွင် အပြုံးတစ်ပွင့်ကို ထိန်းထားလျက် ပြောလိုက်၏။
“သက်သေလိုချင်တာလား။ သက်သေပြမယ်။ ယူလာခဲ့”
ပြီးနောက် ကျင့်ကြံသူနှစ်ဦးသည် ရထားလုံးပျံထဲမှ ထမ်းစင်တခုကို ထုတ်လာပြီး ကျောင်းစံအိမ် ပင်မခြံဝန်းထဲတွင် ချလိုက်သည်။ ပြီးနောက် ထမ်းစင်ကို အုပ်ထားသည့် အဝတ်ဖြူကို ဖယ်လိုက်ပြီး ရှီချီရှု၏ အလောင်းကိုထုတ်ပြလိုက်တော့သည်။
ရှောင်ယွင်အာက တချက်သာကြည့်ပြီး ထိတ်လန့်သွားလေ၏။ သူမက ခါးညွတ်ကာ အန်ချင်သည့်အမူအရာပြလျက် ခရုလေးကို ဘေးသို့ဆွဲခေါ်ကာ ပြောလိုက်သည်။
“ရွံစရာကောင်းလိုက်တာ။ ဒီလူတွေက တကယ်စိတ်ပျက်ဖို့ကောင်းတယ်။ ရှစ်စွင်းကိုသွားရှာရအောင်”
“ဟုတ်ပြီ”
အမျိုးသမီးငယ်နှစ်ဦးက ကျောင်းစံအိမ်နောက်သို့ အလျင်စလိုသွားလိုက်၏။
ကျန်သည့်သူများက ထိုမိန်းကလေးများကို အာရုံမစိုက်ဘဲ အလောင်းကိုသာကြည့်နေသည်။
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့သည် တစ်နှစ်ပတ်လုံး ဓားဖျားပေါ်၌ လျှောက်လှမ်းနေခဲ့ရတာဖြစ်ပြီး သူတို့ဘဝတွင် အလောင်းများစွာ တွေ့ဖူးသည့်။ ထို့ကြောင့် ရှီချီရှု၏အလောင်းကြောင့် တွန့်ဆုတ်သွားခြင်းမရှိပေ။
ယွီရှန်းရုန်သည် ရှိချီရှုအလောင်း၏ စုတ်ပြတ်သက်နေသောအခြေအနေကို မြင်သောအခါ ထိုညက သူ၏စစ်ရှစ်တိ မည်ကဲ့သို့ရူးသွပ်ခဲ့ကြောင်း သတိရမိသွားသည်။
တစ်ဖက်တွင်မူ ကျောင်းယွီက မျက်မှောင်ကြုံမိသွား၏။ သူသည် ရှီချီရှုနှင့် ဆက်ဆံရေးကောင်ရှိပြီး အတိတ်တုန်းက တစ်ဖက်သူကို ညီအစ်ကိုဟုတောင် ခေါ်ဝေါ်ပြောဆိုခဲ့၏။ နောက်တစ်ခေါက် သူတို့တွေ့ချိန်၌ ရှီချီရှုက သေနှင့်ပြီဆိုတာ မည်သူသိမည်နည်း။ မည်သို့ပင်ဆိုစေ သူက ရှီချီရှု၏သေဆုံးခြင်းကြောင့် ဝမ်းမနည်းပေ။ ဆန့်ကျင်ဖက်အနေဖြင့် သူဒေါသသာ ထွက်မိ၏။
ရှီချီရှုသည် ကျောင်းစံအိမ်ထဲရှိ လူတိုင်း၏အကူအညီအဖြစ် သူ့ကို ထိန်းချုပ်ခဲ့ရုံသာမက ရှီချီရှု၏ ထိန်းချုပ်မှုကြောင့် သူသည် အပြစ်ကင်းသည့်လက်အောက်ငယ်သားများနှင့် အစေခံများစွာကို မောင်းထုတ်ခဲ့မိသည်။ ကျောင်းယွီက ဧကရာဇ်အမြွှာတို့၏ လေးစားမှုကင်းမဲ့ခြင်းကိုလည်း ဒေါသထွက်မိ၏။ သူ့အမြင်ကိုမမေးဘဲ သူ့စံအိမ်ထဲ အလောင်းယူလာခြင်းက စော်ကားမှုတစ်ရပ်ဖြစ်သည်။
“ကျစ်ဝမ်ကျီ ခင်ဗျား ဒါ ဘာကိုဆိုလိုတာလဲ” ကျောင်းယွီ၏အမူအရာက သုန်မှုန်နေလျက် ကျစ်ဝမ်ကျီ၏ နာမည်အတိုင်း ခေါ်လိုက်သည်။ ယခုအချိန်တွင် သူ ကျင့်ဝတ်ထုံးစံများကို ဂရုမစိုက်တော့ပေ။ သူတို့က မလေးစားသောကြောင့် သူက အဘယ်ကြောင့်များ လေးစားမှု ပြသရမည်နည်း။
ကျစ်ဝမ်ကျီက တစ်ခွန်းသာပြောလိုက်သည်။ “သက်သေ”
“မင်းဒါကို ရှင်းရှင်းလင်းလင်းမရှင်းပြရင် ….” ကျောင်းယွီက နင်သွား၏။ သူ ကျစ်ဝမ်ကျီကို မည်သို့ဖြေရှင်းရမည်မှန်း မသိပေ။ သူ ကျစ်ဝမ်ကျီကို မည်သည့်အရာနှင့် ခြိမ်းခြောက်နိုင်မည်နည်း။ ကျစ်ဝမ်ကျီက မဟာချင်ဧကရာဇ်၏ ပံ့ပိုးမှုရှိထားသည်။ သို့သော် သူ့၌မည်သူပံ့ပိုးမှုရှိသနည်း။
ယွီရှန်းရုန်က ကျောင်းယွီကို တချက်ကြည့်ပြီးနောက် ကျစ်ဝမ်ကျီဖက် အပြုံးတစ်ပွင့်ဖြင့်လှည့်ကြည့်ကာ ပြောလိုက်၏။
“ကျစ်ဝမ်ကျီက သူ့ကိုယ်သူ ရှင်းပြသည်ဖြစ်စေ မရှင်းပြသည်ဖြစ်စေ သူကမင်းကို အရှက်ခွဲပြီး လေးစားတာ ငြင်းလို့မရဘူး။ တခြားသူတွေကို အရှက်ခွဲတဲ့သူတွေကလည်း အရှက်ကွဲသင့်တယ်။ အထက်လူကြီးကို စော်ကားတဲ့သူက အပြစ်ပေးခံသင့်တယ်”
ကျစ်ဝမ်ကျီ “....”
ကျစ်ဝူကျီသည် ထိုစကားများကြောင့် ဒေါသထွက်သွားလေ၏။ သူက ခက်ထန်စွာပြောလိုက်တော့သည်။ “လူသတ်မှုမှာ ပါတဲ့သူက စကားပြောရဲသေးတယ်ပေါ့”
ယွီရှန်းရုန်သည် စွပ်စွဲပြောဆိုမှုကြောင့် ပြာယာခတ်သွားပုံမပေါ်။ ထိုအစားသူက ပြုံးလျက်မေးလိုက်တော့သည်။ “ဒီတော့ကော ခင်ဗျားကျုပ်ကို သတ်ချင်လို့လား။ သတ်ဖို့ လွယ်လွန်းမနေဘူးလား” ကျစ်ဝူကျီက ပြန်ပြောလိုက်၏။
“ဒါဆို ဟုတ်ပြီလေ”
ယွီရှန်းရုန်က ပြုံးလျက် မြေပြင်ပေါ် ခြေအသာ ဖော့နင်းလိုက်သည်။
“အာ့ရှစ်ရှိုး”
“ဒုတိယသခင်လေး”
ယွီရှန်းရုန် လှုပ်ရှားလိမ့်မည်ဟု မည်သူမှမထင်ထားပေ။ လေထဲပျံတက်သွားစဉ် သူ၏လှုပ်ရှားမှုများက ပေါ့ပါးနေ၏။ သူ မရပ်တန့်ရသေးခင် သက်တော်ရှည်ဓားက ပေါ်ထွက်လာပြီး ဓားအိမ်ထဲမှာထွက်လာပြီး သူ၏ လက်ဆီ ရောက်လာ၏။
ကျစ်ဝူကျီသည် ထိပ်တိုက်ရင်ဆိုင်သည့် တိုက်ပွဲပေါင်းများစွာကို သဘောကျသည်။ ယွီရှန်းရုန် လှုပ်ရှားတာကို မြင်သောအခါ သူ မကြောက်လန့်ရုံသာမက စိတ်လှုပ်ရှားသွားလေ၏။ သူက ယွီရှန်းရုန်နှင့် ထိပ်တိုက်တွေ့ရန် တုံ့ဆိုင်းမနေဘဲ ရှေ့သို့ပြေးထွက်သွားသည်။
ယွီရှန်းရုန်က လက်မြောက်ကာ ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါးကို အသုံးပြုလိုက်၏။ ထိုပုံရိပ်သုံးခုက ဘယ်ညာအလယ်မှ တိုက်ခိုက်တော့သည်။
ကျစ်ဝူကျီ၏ မျက်လုံးက လျှပ်ကနဲဖြစ်သွားကာ အော်ပြောလိုက်၏။ “သေးသိမ်တဲ့လှည့်ကွက်တွေ ထွက်သွား”
ကျစ်ဝူကျီသည် အရပ်မျက်နှာအနှံ့ စွမ်းအင်စည်းတံဆိပ်များ ပစ်ထုတ်လိုက်၏။ သို့သော် စွမ်းအင်စည်းတံဆိပ်များက ယွီရှန်းရုန်ကို ထိမှန်သွားသည့်အချိန်တွင် ၎င်းတို့က သူ၏ခန္ဓာကိုယ်ကို အထိအခိုက်မရှိ ဖြတ်ကျော်သွား၏။ အကျိုးသက်ရောက်မှုမရှိပေ။
“ဟမ်”
ယွီရှန်းရုန်၏ ပုံရိပ်သုံးခုက တစ်သားတည်းပေါင်းစီးသွားပြီး ကျစ်ဝူကျီရှေ့သို့ လှစ်ခနဲ ဖြတ်သန်းသွားကာ သူ၏ဓားကို လွဲယမ်းလိုက်သည်။ သူ၏အဟုန်က တောင်တစ်တောင်ပမာ သူ၏အရှိန်က အလင်းကိုအောက်မေ့စေ၏။
ကျစ်ဝူကျီက အံ့သြထိတ်လန့်သွားပြီး အလိုလိုရှောင်လိုက်သည်။ သို့သော် မကြာမီ၌ သူ့ပြိုင်ဖက်အရှိန်က တိုးလာတာကို သတိပြုမိသွားသည်။ သူ၏ပြိုင်ဖက်သည် အရှိန်မြင့်တင်မှု တိုးလိုက်သည့်ပမာ အရှိန်တိုးလာတာကို တွေ့လိုက်မိသည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
စွမ်းအင်ဓားတိုင်းက ကျစ်ဝူကျီကို ထိမှန်သွားစဉ် ယွီရှန်းရုန်က သက်တော်ရှည်ဓားကို ကျစ်ဝူကျီဆီ ဆွဲချလိုက်၏။
အသက်ရှူနေရသည့် ကျစ်ဝူကျီက လက်ေမြှာက်လျက် ယွီရှန်းရုန်၏ သက်တော်ရှည်ဓားကို ဖမ်းရန်ကြိုးစားလိုက်၏။
ကျစ်ဝူကျီက သက်တော်ရှည်ဓား၏ နောက်မှလိုက်ပါလာသည့် အလွန်ထက်သည့် အလင်းတန်း၁၀ခုကို သတိပြုမိချိန်၌ အော်ပြောလိုက်သည်။ “ရှောင်လိုက်”
ဝှစ်
ကျစ်ဝမ်ကျီသည် လျင်မြန်စွာတုံ့ပြန်ကာ ကျစ်ဝူကျီ၏နောက်ကို ဆွဲရန် စွမ်းအင်စည်းတံဆိပ်တစ်ခုကို ထုတ်သုံးလိုက်သည်။
လေထဲ၌ ကျယ်လောင်သည့် ဆူညံသံများ ပေါ်ထွက်လာသည်။
သူတို့သည် စွမ်းအင်ဓားတို့၏ အတိုင်းအတာကို လျော့တွက်ခဲ့မိသည်။ ကျစ်ဝူကျီ၏ ဝတ်ရုံအပေါ်မှအောက်အထိ စုတ်ပြဲရာကြီးတစ်ခု ပေါ်လာသည်။
မီတာတချို့ဆုတ်ခွာခဲ့သော ကျစ်ဝူကျီက သူ့ရင်ဘက်ကို ငုံ့ကြည့်လိုက်သည်။ သူက သွေးရာ ဖျော့ဖျော့တွေ့လိုက်ရ၏။ အသက်ရှူပြီးနောက် သွေးစက်များသည် သွေးရာမှပန်းထွက်လာသည်။ စိမ့်ထွက်လာပြီး ကျဆင်းလာ၏။ သူက ဒဏ်ရာပေါ် လက်ဖြင့်အုပ်ကာ အမြန်ကုသလိုက်သည်။
ဝှစ်
သက်တော်ရှည်ဓားက ဓားအိမ်ထဲ ပြန်ရောက်သွားပြီဖြစ်သည်။
ယွီရှန်းရုန်က ပြုံးလျက် ကျစ်ဝူကျီကို ကြည့်ကာ ပြောလိုက်တော့သည်။ “ခင်ဗျားရဲ့ အရည်အချင်းက တော်တော်လေးသာမန်ညောင်ညပဲ”
“...”
ကျစ်ဝူကျီ၏ စိတ်နေသဘောထားဖြင့် ဤကဲ့သို့ ရန်စသည့်စကားများကို သည်းမခံနိုင်တာ သဘာဝကျသည်။ သို့သော် ဤနေရာသို့မလာခင်က သူ့အဆင်အခြင်မဲ့ မလုပ်ဟု သူ့အစ်ကိုကို ကတိပေးထားသည့်အချက်ကို သတိရသွားသောအခါ သူ၏ဒေါသကို ဖိနှိပ်ထားလိုက်၏။ ထို့အပြင် ဧကရာဇ်၏ ဒဏ္ဍာရီလာတပ်ဖွဲ့က သူတို့နောက်တွင်ရှိနေလေရာ သူလှုပ်ရှားရန် မလိုအပ်ပေ။
ထိုစဉ် ကျစ်ဝမ်ကျီက ပြောလိုက်၏။ “ဒီတော့ မင်းက ရွှေကြာနယ်မြေကပဲ”
“မင်းက ရွှေကြာနယ်မြေကပဲ အစိမ်းရောင်ကြာနယ်မြေမှာ ရာရာစစ ရက်ရက်စက်စက် ပြုမူရဲတယ်ပေါ့”
ကျင့်ကြံခြင်းလောကထဲတွင် အနီရောင်ကြာနယ်မြေနှင့် ရွှေကြာနယ်မြေတို့၏ အလုံးစုံခွန်အားက အလွန်အားနည်းတာ လျှို့ဝှက်ချက် မဟုတ်ပေ။ ဆရာသခင်အဆင့်အောက်တွင်ရှိသည့် အစိမ်းရောင်ကြာနယ်မြေမှ ကျင့်ကြံသူများကတောင် အခြားသောနယ်မြေများဆီ ရဲတင်းစွာ ခိုးဝင်ရဲသည်။ သို့သော် သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို မပြရဲ။ သူတို့စွမ်းအင်ကို အသံုးမပြုရဲချေ။
မျှခြေထိန်းသိမ်းသူများသာ ရှာတွေ့သွားလျှင် သူတို့သေလိမ့်မည်။ သမိုင်းကြောင်းထဲ၌ ထိုကဲ့သို့ကိစ္စများစွာရှိ၏။
အနီရောင်မျဉ်းသည် အဆင်အခြင်မဲ့ မလှုပ်ရှား အောင် သူတို့ကိုတားမြစ်ထား၏။ သို့သော် တင်းကျပ်သည့်လေ့ကျင့်မှုကိုဖြတ်ကျော်ထားပြီး သေရေးရှင်ရေးကို အမှုမထားသည့် လွတ်လပ်သူကမူ အသက်၏အဆုံးတွင် နေနေကြတာဖြစ်သည်။ အဆုံးရှိဘဝ၌ နေထိုင်နေကြတာဖြစ်သည်။ သူတို့က ပိုင်နက်နယ်မြေများကြား လွတ်လွတ်လပ်လပ်သွားလာကြသော်ငြား အန္တရာယ်များသည်ဟု သတ်မှတ်ခံထားရသည်။
ထိုစဉ် ကျိုးဖျင့်၏မျက်နှာထက်တွင် အနည်းငယ်အံ့အားသင့်သော အမူအရာပေါ်လာခဲ့သည်။ သို့သော်ငြား ထိန်းချုပ်ထားပြီး အပြုံးတစ်ပွင့်ဖြင့် အစားထိုးလိုက်၏။
“သူတို့က ရွှေကြာနယ်မြေကမိတ်ဆွေတွေပဲ။ အလျင်စလိုမလုပ်ရှားပါနဲ့။ သူတို့တွေက စစ်သူကြီးရှီကို တကယ်သတ်ခဲ့တာလား”
ကျစ်ဝမ်ကျီက ကျိုးဖျင့်ကို လှည့်ကြည့်လိုက်၏။ ကျိုးဖျင့်၏အမူအရာအရ ကျိုးဖျင့်သည် အကြောင်းပြချက်ကောင်းမရှိဘဲ အဆင့်အခြင်မဲ့ လှုပ်ရှားမှာမဟုတ်ဟု သူပြောနိုင်သည်။ ထို့ကြောင့်သူက ပြောလိုက်၏။ “ဒါကသက်သေပဲ”
ကျစ်ဝမ်ကျီက လက်ဆင့်ထုတ်လိုက်ကာ အမှုန်ကဲ့သို့သောအရာကို ရှီချီရှု၏အလောင်းဆီ ပစ်လိုက်၏။
အမှုန့်များက ရှီချီရှု၏အလောင်းကိုထိမှန်သွားသောအခါ အလင်းပုံများအပြင်အဖြစ်ပြောင်းလဲသွား၏။ အလင်းမှုန်များက တောက်ပနေတော့သည်။ ၎င်းတို့က အလောင်းပေါ်တွင် လွန်စွာထင်ရှားနေတော့၏။
ကျန်သည့်သူများက သိချင်စိတ်ဖြင့် ကြည့်နေလေ၏။
ကျစ်ဝမ်ကျီ မည်သည်ကိုစီစဉ်နေမှန်း မသိပေ။ အလင်းမှုန်များက ပျံတက်သွားပြီးနောက် ယွီရှန်းရုန်နှင့် မင်ရှစ်ရင်ဆီပျံဝဲသွား၏။
မင်ရှစ်ရင်က လက်ဝှေ့ယမ်းကာ အလင်းမှုန်များကို အလွယ်တကူခါလိုက်သည်။
တစ်ဖက်တွင်မူ ယွီရှန်းရုန်၏ ကာကွယ်ရေးစွမ်းအင်များက အလင်းမှုန်များကိုအလွယ်တကူ ဖယ်နိုင်သည်။
သူတို့၏နည်းလမ်းက မတူညီသော်ငြား ရလဒ်ကတူညီပေ၏။ သူတို့ကို အလင်းမှုန်များမထိသွားပေ။
မင်ရှစ်ရင်နှင့် ယွီရှန်းရုန်က အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွား၏။ ဆိုရလျှင် အလောင်းများနှင့် ထိထားသည့် အလင်းမှုန်များက ရွံစရာကောင်းလှသည်။
ကျစ်ဝမ်ကျီက ရာထူးမြင့်မြင့်တွင် နေသားကျနေသောကြောင့်ဖြစ်ဟန်သူသည်။ သူက အခြားသူများက ယင်းကို ကန့်ကွက်မှုမရှိဘဲ လက်ခံလိမ့်မည်ဟု တွေးနေမိသည်။ သူလှည့်ကွက်တချို့သုံးလိုက်သည်နှင့် တစ်ဖက်လူက ကန့်ကွက်မှုမရှိဘဲလက်ခံလိမ့်မည်ဟု တွေးထင်ထားသည်။ အလင်းမှုန်များမှ တုံ့ပြန်မှုကို မြင်သောအခါ သူရယ်မောလိုက်သည်။ ပြီးနောက်သူက ရှီချီရှု၏အလောင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “မင်းဘယ်လိုထင်လဲ”
“ချီသတ္တုလုံးရဲ့အမှုန်လား” ကျိုးဖျင့်က မျက်မှောင်ကျုံ့သွားသည်။ ကျစ်ဝမ်ကျီက ထိုကဲ့သို့ တန်ဖိုးကြီးသောပစ္စည်းကို အသုံးပြုလိုစိတ် ရှိတာကို သူအံ့သြသွားသည်။ ထိုအရာက စျေးမချိုပေ။
“တကယ်ပဲ ချီသတ္တုလုံးရဲ့အမှုန့်။ စစ်သူကြီးကျိုးက သူအသုံးပြုတဲ့အမှုန့်ကို သတိပြုမိမှာသေချာတယ်။ သူက ကြွင်းကျန်စွမ်းအင်တွေကို တိတိကျကျဖမ်းထားနိုင်တာ။ တစ်စုံတစ်ယောက်က စစ်သူကြီးရှီကို ထိလိုက်သရွေ့ ချီသတ္တုလုံးရဲ့အမှုန့်တွေက သေချာပေါက် ဖမ်းနိုင်မှာပဲ” ကျစ်ဝမ်ကျီက ပြောလိုက်လေ၏။
ထိုစကားကို ကြားသောအခါ မြင်းပေါ်တွင်ထိုင်နေသည့် သူတို့က အရှိန်ဟုန်များ ပေါ်ထွက်လာသည်။
သို့သော် မင်ရှစ်ရင်က လက်မခံပေ။
“အဓိပ္ပာယ် မရှိတာ။ ကျောင်းယွီလည်း သူ့ကိုထိခဲ့တာပဲ။ ခင်ဗျားလည်း သူ့ကိုထိခဲ့တာပဲ။ ဒါဆိုရင် ကြွင်းကျန်စွမ်းအင်ကို ဘာကြောင့်မဖမ်းမိတာလဲ”
“မင်းက ချီသတ္တုလုံးရဲ့စွမ်းအင်ကို နားမလည်ဘူး။ မင်းကပ်သီးကပ်ဖဲ့ ပြောနေဖို့မလိုဘူး” ကျစ်ဝမ်ကျိက ပြောလိုက်၏။ သူရှေ့ရှိလူက လူလည်လူကောက်မှန်း သိလိုက်၏။ လူလိမ်လူကောက်တစ်ယောက်ကို ကျိုးကြောင်းသင့် ပြောနေခြင်းက အသုံးမဝင်ပေ။
ထိုစဉ် ကျောင်းယွီက ကျယ်လောင်စွာ ပြောလိုက်တော့သည်။ “ကောင်းပြီ။ ဘယ်သူလှုပ်ရှားရဲလဲ ကြည့်ချင်သေးတယ်”
ပြီးနောက် ကျောင်းယွီက သူ့အိတ်ထဲရှိ ရွှေရောင်တလက်လက်တောက်ပနေသော တံဆိပ်တစ်ခုကို ထုတ်လိုက်သည်။
ကျိုးဖျင့်၊ ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က မျက်မှောင်ချက်ချင်းကြုံမိသွားသည်။
“ဧကရာဇ်ရဲ့ရွှေတံဆိပ်တော်”
ရွှေတံဆိပ်တော်ကိုမြင်သောအခါ မည်သူမှမလှုပ်ရဲတော့ပေ။
ကျောင်းယွီက ကျယ်လောင်စွာ ဆက်ပြောလိုက်၏။ “မင်းတို့မှာအမြင်ရှိသားဘဲ။ အားလုံးထွက်သွားဖို့ အမိန့်ပေးမယ်”
…
အခန်း (၁၃၁၆) အကြီးအကဲတွေကို လေးစားရကောင်းမှန်း မသိတဲ့ အငယ်လေး
မိစ္ဆာဝေဟင်မျှော်နန်းရှိ လူအများစုက ထိုတောက်ပနေသည့် ရွှေတံဆိပ်တော်သည် ဘာမှန်း မသိကြသော်လည်း ကျစ်ဝမ်ကျီ၏ တုံ့ပြန်မှုအရ ထိုအရာသည် ရိုးရှင်းသည့် အရာမဟုတ်ကြောင်း သိလိုက်ကြသည်။
ရွှေတံဆိပ်တော်ကို သိနေဟန်ပေါ်သည့် ခုံဝမ်က အသံတိုးတိုးဖြင့် ရှင်းပြလိုက်၏။
“မဟာချင်ရဲ့ ဧကရာဇ်က ကွဲပြားတဲ့လူလေးယောက်ကို ရွှေတံဆိပ်တော် လေးခု ပေးခဲ့တယ်လို့ ကောလာဟလကြားဖူးတယ်။ အဲဒီထဲက တစ်ယောက်က အမျိုးသမီးချီကို ပေးခဲ့တာ”
“အမျိုးသမီးချီလား” မင်ရှစ်ရင်က အံ့အားသင့်သွားလေသည်။
“သခင်လေးကျောင်းရဲ့ အမေလေ” ခုံဝမ်က ပြန်ဖြေလိုက်သည်။
“အဲဒါက အဲ့လောက်တောင် စွမ်းအားကြီးတာလား”
ခုံဝမ်က အသံတိုးတိုးဖြင့် ဆက်လက်ရှင်းပြလိုက်သည်။
“ကျင့်ကြံရေးလောကမှာ ရွှေရောင်အမှတ်အသားက မဟာချင်ရဲ့ ဧကရာဇ်လိုမျိုးဆိုတဲ့ ကောလာဟလတောင် ရှိဖူးတယ်။ ရွှေတံဆိပ်တော်နဲ့ဆိုရင် နန်းဆောင်ကို သီးသန့် ဝင်နိုင်ထွက်နိုင်တယ်။ ဒါနဲ့ သေမိန့်ကိုတောင် ရှောင်ရှားလို့ရတယ်”
အားလုံးက ထိုရှင်းပြချက်ကြောင့် အံ့အားသင့်သွားကြသည်။ ထိုသို့သော အမှတ်အသားပြားငယ်လေးက ဤမျှကြီးမားသည့် စွမ်းအားမျိုး ကိုင်ဆောင်ထားသည်ကို တွေးကြည့်လိုက်ပါက သူတို့သည် ကျစ်ဝမ်ကျီနှင့် တခြားသူများကို ကြည့်လိုက်ကြ၏။ သူတို့က ကျစ်ဝမ်ကျီနှင့် တခြားသူများသည် ထွက်သွားလိမ့်မည်ဟု ထင်ထားခဲ့မိသည်။
ကျစ်ဝမ်ကျီက အံ့အားသင့်ပြီးသည့်နောက်တွင် အပြုံးဖြင့် ပြန်ဖြေလိုက်၏။
“သခင်လေးကျောင်းက ရွှေတံဆိပ်တော် ပိုင်နေလိမ့်မယ်လို့ ထင်မထားမိဘူး”
ကျောင်းယွီက ကျစ်ဝမ်ကျီနှင့် စကားကို ဆက်ပြော၍ အချိန်မဖြုန်းလိုတော့ပေ။
“ထွက်သွားကြ”
ကျစ်ဝမ်ကျီက ဆက်ပြောလိုက်သည်။
“ကံဆိုးတာက အရှင်မင်းမြတ်က ရွှေတံဆိပ်တော်ကို ပြန်ပေးဖို့ အမိန့်ပေးလိုက်တယ်”
ထို့နောက် ကျစ်ဝမ်ကျီက လက်ကိုဝှေ့ယမ်းလိုက်၏။
ရထားလုံးပျံထဲမှ ကျင့်ကြံသူများက ကျောင်းမိသားစု၏ စံအိမ်အထက် ပျံသန်းထွက်လာကာ တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေကြသည်။
ကျောင်းယွီက ထိုသို့ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားပေ။ သူက အော်ကာပြောလိုက်၏။
“မင်းတို့တွေ လုပ်ရဲတယ်လား”
ကျစ်ဝမ်ကျီက လက်နှစ်ဖက်ယှက်ပြီး ပြောလိုက်သည်။
“သခင်လေး နောက်ပိုင်းမှ အရှင်မင်းကြီးရှေ့ ကိုယ်တိုင်တောင်းပန်လိုက်ပါမယ်။ တကယ်လို့ ပြောစရာရှိတယ်ဆိုရင် အရှင်မင်းကြီးရှေ့မှောက်မှာပဲ ပြောပါ”
ထို့နောက် သူက ကျိုးဖျင့်အား လှည့်ကာ ပြောလိုက်သည်။
“စစ်သူကြီးကျိုး အခု အကုန်လုံးရှင်းလင်းသွားပြီ”
ကျိုးဖျင့်က သက်ပြင်းချကာ ခေါင်းညိတ်လိုက်၏။
“အရှင်မင်းကြီးရဲ့ အမိန့်ကို နာခံပါမယ်”
ကျိုးဖျင့်က လက်ကိုမြှောက်လိုက်သည်။
မြင်းတပ်က တစ်ပြိုင်နက် လှုပ်ရှားလာကြ၏။
ထိုကြီးကျယ်ခမ်းနားသည့် မြင်ကွင်းက အဝေးမှကြည့်နေသည့် ကျင့်ကြံသူများ၏ သွေးကိုပင် ဆူပွက်လာစေသည်။
စစ်မြင်းနှင့် သူတို့ကို စီးနင်းသူတစ်ယောက်ချင်းစီက အံ့ဩဖို့ကောင်းလှသည်။ သူတို့က ကျောင်းစံအိမ်အထက် ပျံသန်းရင်း တိုက်ပွဲ စက်ယန္တရားများကဲ့သို့ ဖြစ်နေကြ၏။ ကျောင်းစံအိမ်အထက်က သူတို့၏ ကိုယ်ပိုင်တိုက်ပွဲနယ်မြေလို ဖြစ်နေလေသည်။ သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် သတ်ဖြတ်ငွေ့တို့က အမည်မသိကုန်းမြေမှ ခြိမ်းခြောက်မှုတို့လို အန္တရာယ်များသလိုမျိုး ခံစားမိစေသည်။
လေထုက ပိုမိုပြင်းထန်ပြီး မှုန်မှိုင်းလာလေ၏။
ကျောင်းယွီက ဒေါသထွက်လာလေ၏။
“မင်းတို့”
ရွှေတံဆိပ်တော်က ကျောင်းယွီ၏ နောက်ဆုံးသော ဝှက်ဖဲ ဖြစ်သည်။ ထိုအရာက အသုံးမဝင်လျှင် သူ တတ်နိုင်သည့် အရာဟူ၍မရှိတော့ပေ။ သူ့အတွက် မဟာချင်၏ ဧကရာဇ်က ဘယ်သောအခါမှ အလေးအနက် မမှတ်ယူခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
ကျောင်းယွီက ထိုအရာသည် ရယ်ဖို့ကောင်းသည်ဟု ထင်မိသလို အနည်းငယ်လည်း ဝမ်းနည်းမိသည်။ မဟာချင်၏ ဧကရာဇ်က ဂရုမစိုက်သည့်အတွက် သူတို့နှင့် ဆက်ဆံရေးကို အဘယ်ကြောင့်များ အဆုံးသတ်မပစ်ရမည်နည်း။ သူ့နောက်လိုက်များကို သူတို့နှင့် ကစားခွင့်ပြုမထားခင် မည်သည့်အနေအထားထိ ရောက်ရှိခံရမည်နည်း။
ဤတစ်ကြိမ် မြင်းတပ်ဖွဲ့ဝင် သုံးယောက်က ရှေ့သို့ ပြန်တက်လာပြီး မင်ရှစ်ရင်ကို ဝိုင်းထားလိုက်သည်။ သူတို့၏ အမြန်နှုန်းက အံ့မခန်း ဖြစ်၏။
မင်ရှစ်ရင်က တစ်ဖက်သူသည် အမြန်အဆန် တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်မထားပေ။ သူက ခွဲခွာချိတ်ကောက်ကို ထုတ်ရင်း ခုခံဖို့ အဆင်သင့် အနေအထားယူလိုက်၏။
မြင်းတပ်အဖွဲ့ဝင် သုံးယောက်က တိုက်ခိုက်တော့မည့်ဆဲဆဲတွင် အစိမ်းရောင်ပုံရိပ်က အင်မတန် မြန်ဆန်သည့်အလျင်ဖြင့် ဖြတ်သန်းသွားလေသည်။
ဝှစ် ဝှစ် ဝှစ်
ထိုအရှိန်က စကားဖြင့် ဖော်ပြ၍မရလောက်အောင် ကျော်လွန်နေသည်။
တစ်ချိန်တည်းဆိုသလို ရွှေရောင် ရောင်ဝါနောက်ကွယ်တွင် အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေ၏။
ထိုမြင်းတပ်မှ သုံးယောက်က လှုပ်ရှားမှု ရပ်တန့်သွားလေသည်။
“…”
လူအများစုက လှုပ်ရှားမှုကို မဖမ်းဆီးနိုင်ဘဲ အဖြစ်အပျက်ကို နားမလည်လိုက်ကြပေ။ ကျင့်ကြံဆင့် မြင့်မားသည့်သူများကသာ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သည့် အမူအရာမျိုး ထွက်ပေါ်လာကြ၏။
မြင်းတပ်အဖွဲ့ဝင်သုံးယောက်ကို လှုပ်ရှားလိုက်သည့်သူက ဓားနတ်ဆိုး ယွီရှန်းရုန်ကလွဲ၍ တခြားသူ မဟုတ်ပေ။
ယွီရှန်းရုန်က မြင်းတပ်အဖွဲ့ဝင် သုံးယောက်၏ ဘယ်ဖက်၌ ပြန်လည်ပေါ်ထွက်လာပြီး သူ့အသက်ရှည်ဓားကို ကိုင်ဆောင်ထားလေသည်။ သူက သူတို့ကို ကျောပေးထားလေ၏။ အရည်အချင်းရှိသည့် ဓားသမားတစ်ဦးက သူလုပ်လိုက်သည့်ရလဒ်ကို သိဖို့ရာ လှည့်ကြည့်ဖို့ မလိုအပ်ပေ။ သူက ခပ်ယဲ့ယဲ့ပြုံးရင်းဖြင့် အသက်ရှည်ဓားကို အနည်းငယ် လျော့လျော့ရဲရဲ ကိုင်လိုက်သည်။ ထိုအရာက အသိစိတ်ရှိနေသည့်အလား ဓားအိမ်အတွင်း ပြန်လည်ဝင်ရောက်သွားလေ၏။
ထိုစဉ် မြင်းတပ်ဖွဲ့ဝင်သုံးယောက်၏ အမူအရာက ဆိုးရွားနေလေ၏။
ဝုန်း ဝုန်း ဝုန်း
ချပ်ဝတ်များက အက်ကွဲသွားပြီး ထိုအက်ကွဲကြောင်းမှ သွေးများ စီးကျလာသည်။ ဤသို့ဖြင့် မြင်းတပ်ဖွဲ့ဝင် သုံးယောက်က သူတို့၏ စစ်မြင်းများအပေါ်မှ လဲကျသွားသည်။
ဝှစ် ဝှစ် ဝှစ်
စစ်မြင်းများကလည်း ထိတ်ထိတ်ပျာပျာဖြင့် အော်ဟစ်နေသည်။
သူတို့၏ အော်သံများက ကျန်ရှိနေသည့် စစ်မြင်း ၉၇ ကောင်ကိုပင် သက်ရောက်မှုရှိလာစေ၏။ စစ်မြင်းများအားလုံးက ထိတ်ထိတ်ပျာပျာ ဖြစ်လာကြစဉ် တစ်စုံတစ်ယောက်ကမူ နောက်ခြေကို မလိုက်သည့်အတွက် သူတို့၏ သေသပ်လှသည့် အစီအရင်က ပျက်စီးသွားတော့သည်။
ဝုန်း ဝုန်း ဝုန်း
ဤသို့ဖြင့် အံ့မခန်း မြင်းတပ်အဖွဲ့ဝင်သုံးယောက်က မြေပြင်ပေါ် လဲကျသွားကာ ဒဏ်ရာအပြင်းအထန်ရရှိသွားလေသည်။
“ကျစ်ဝမ်ကျီ” ကျိုးဖျင့်က ဒေါသတကြီးပြောလိုက်၏။
“ငါ သူတို့ကို ကယ်မှာ” ကျစ်ဝမ်ကျီက အလျင်အမြန် ပြောလိုက်သည်။
မွေးဖွားဇယားချပ်တစ်ခုကို ဆုံးရှုံးသွားသည်က ကြောက်ဖို့မကောင်းပေ။ သို့သော်လည်း ပြင်းထန်သည့် ဒဏ်ရာများကို မကုစားပါက သူတို့၏ မွေးဖွားဇယားချပ် အားလုံးကို ဆုံးရှုံးသွားပြီး သေဆုံးသွားနိုင်သည်။
ကျစ်ဝမ်ကျီက စွမ်းအင်စည်းတံဆိပ်သုံးခုကို ဒဏ်ရာရ မြင်းတပ်အဖွဲ့ဝင်သုံးယောက်ဆီ ထုတ်လွှတ်လိုက်သည်။
ဝုန်း ဝုန်း ဝုန်း
ထိုစဉ် ချုံးချီက အဆများစွာ ကြီးမားလာပြီး မြေပြင်ပေါ်ရှိ မြင်းတပ်အဖွဲ့ဝင်သုံးယောက်ဆီ ခုန်အုပ်လာသည်။ ထို့နောက် အစွယ်ဖြဲပြီး သူတို့အား ရုန်းရင်းဆန်ခတ် ဆွဲဖြဲလိုက်တော့သည်။
“…”
အားလုံးက ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားကြ၏။
ကျစ်ဝမ်ကျီ၏ ကုစားရေးစွမ်းအင်စည်းတံဆိပ်က မြင်းတပ်အဖွဲ့ဝင်သုံးယောက်ဆီ ကျရောက်လာသော်လည်း ကုစားသည့်အရှိန်က ချုံးချီ၏ ပျက်စီးနှုန်းကို မယှဉ်နိုင်ပေ။
ချုံးချီက မြင်းတပ်အဖွဲ့ဝင်တစ်ယောက်၏ လည်ပင်းကို ကိုက်ရင်း ရှေ့နောက်လွှဲယမ်းလိုက်သည်။
ဘန်း ဘန်း ဘန်း
ချုံးချီက သွေးသံရဲရဲမြင်းတပ်အဖွဲ့ဝင်အား အဝေးသို့ ပစ်လွှတ်လိုက်၏။
တခြားသော မြင်းတပ်အဖွဲ့ဝင်နှစ်ယောက်ကလည်း တူညီသည့်ကံကြမ္မာမျိုးကို ခံစားခဲ့ရသည်။
ဝုန်း
ချုံးချီက မြေပြင်ပေါ် ရပ်ရင်း သူ့အကြည့်တို့က အေးစက်စက် တောက်ပနေကာ သွေးသံရဲရဲအစွယ်များကို ဖြဲပြနေသည်။
ကျိုးဖျင့်က အော်ပြောလိုက်၏။
“မသိတတ်တဲ့ သားရဲ ငါ့လူတွေကို တိုက်ခိုက်ရဲတယ်လား”
ကျိုးဖျင့်က သူ့စစ်မြင်းမှ ခုန်လာပြီး ကောင်းကင်မှ ဆင်းသက်လာသည်။ သူ့တစ်ကိုယ်လုံးက အစိမ်းရောင်စွမ်းအားဖြင့် လွှမ်းခြုံထားလေ၏။ မျက်စိတစ်မှိတ်အတွင်း သူက ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့ရှေ့တွင် ပေါ်ထွက်လာသည်။ သူက လက်နှစ်ဖက်ကိုပူးကပ်လိုက်၏။ ထို့နောက် အစိမ်းရောင်ဓားမြှောင်က ချုံးချီထံ လျှပ်စီးလို အလျင်ဖြင့် ရောက်ရှိလာသည်။
မင်ရှစ်ရင်က ခွဲခွာချိတ်ကောက်ကို ဝှေ့ယမ်းပြီး အစိမ်းရောင်ဓားမြောင်ကို တားဆီးလိုက်၏။
ကျိုးဖျင့်က ထိုအရာကို မှန်းဆထားပြီးသားဖြစ်ဟန်ပေါ်သည်။ သူက လျှပ်တစ်ပြက်ရှေ့တိုးပြီး အစိမ်းရောင်ဓားမြှောင်ထက် မြန်ဆန်သည့်အရှိန်ဖြင့် လှုပ်ရှားလိုက်သည်။ သူက မင်ရှစ်ရင်ရှေ့သို့ ရောက်ရှိလာသည့်အခါ ချက်ချင်းဆိုသလို ထိုးနှက်လိုက်၏။
ဘန်း
မင်ရှစ်ရင်က နောက်လွင့်စဉ်သွားပြီး သွေးအန်လိုက်ရသည်။
“မင်းက မွေးဖွားဇယားချပ် မဆုံးရှုံးဘူးမလား။ ကောင်းပြီလေ တစ်ခု အခု ဖျက်ဆီးပြမယ်” ကျိုးဖျင့်က ထပ်မံလှုပ်ရှားလိုက်သည်။
အားလုံးက ကျိုးဖျင့်သည် မင်ရှစ်ရင်ကို တိုက်ခိုက်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း သူက ရုတ်ခြည်းဆိုသလို နေရာပြောင်းကာ ချုံးချီအား တိုက်ခိုက်လာလေသည်။ သူက စွမ်းအင်စည်းတံဆိပ်မြောက်များစွာကို ထုတ်လွှတ်ပြီး ချုံးချီအား လွင့်စဉ်သွားစေသည်။
ချုံးချီက မြေပြင်ပေါ် အကြိမ်များစွာ လူးလှိမ့်လိုက်ရ၏။
အားလုံးက နောက်ဆုတ်ပြီး ကျိုးဖျင့်အား ရန်သူကြီးနှင့် ရင်ဆိုင်ရသလို ကြည့်လိုက်သည်။
ကျိုးဖျင့်က ယွီရှန်းရုန်အား ကြည့်ကာ ပြောလိုက်သည်။
“မင်း အခု ဆင်းလာကာ ကောင်းလိမ့်မယ်”
ဧရာမရွှေရောင်ဓားမော့က ဘေးမှ ထွက်ပေါ်လာလေ၏။
ကျိုးဖျင့်က ထိုဓားမော့ကို ရှောင်ရှားလိုက်သည်။
ဓားမော့က ထိုအရာကို မှန်းဆထားပြီးသည့်အလား ရုတ်ခြည်းဆိုသလို ပြောင်းလဲကာ ရေပြင်ညီအတိုင်း ထွက်ပေါ်လာသည်။
ကျိုးဖျင့်က စွမ်းအင်စည်းတံဆိပ်များဖြင့် ပေါက်ကွဲသွားလေ၏။ သူက သူ့လက်မောင်းကို အသုံးပြုပြီး ဓားမော့ကို တားဆီးကာ ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်သည်။
အားလုံးက ဓားမော့ပိုင်ရှင် ယွီကျန့်ဟိုင်အား လှည့်ကြည့်လိုက်ကြသည်။
ယွီကျန့်ဟိုင်က လက်ဝှေ့ပြီး နဂါးသွဲ့ကျောက်ဓားမော့က သူ့ဆီ ပျံသန်းလာလေသည်။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏။
“ခင်ဗျားက အတော်လေး အားကောင်းသားပဲ”
ကျိုးဖျင့်က ယွီကျန့်ဟိုင်အား ခြုံငုံကြည့်ကာ ပြောလိုက်သည်။
“မင်းတို့အားလုံးက တစ်ကျိတ်ထဲ တစ်ဉာဏ်ထဲဆိုတော့ ဘယ်သူမှ ထွက်သွားဖို့ မစဉ်းစားနဲ့”
ကျိုးဖျင့်က လက်ကိုမြှောက်လိုက်သည်။
ကျန်ရှိနေသည့် မြင်းတပ်အဖွဲ့ဝင် ၉၇ယောက်က ကျောင်းစံအိမ်ဆီ ဆင်းသက်လာကြ၏။ သူတို့က သေသေသပ်သပ် ဆင်းသက်လာကြသည်။ ထို့နောက်တွင် သူတို့၏ ငွေရောင်ချပ်ဝတ်များက တစ်ခုပြီးတစ်ခုဆိုသလို တောက်ပလာလေ၏။
ဝှစ်
ကျိုးဖျင့်က ယွီကျန့်ဟိုင်အား လျစ်လျူရှုပြီး မင်ရှစ်ရင်ဆီ တိုးဝင်သွားသည်။
မင်ရှစ်ရင်က မြေပြင်ပေါ်လက်ဖြင့် ထောက်လိုက်၏။
ဝုန်း
အပြာရောင်သစ်သားများက မင်ရှစ်ရင်ရှေ့မှောက် တံတိုင်းကြီးသဖွယ် ထွက်ပေါ်လာသည်။
ကျိုးဖျင့်က ထိုအပြာရောင်သစ်သားတံတိုင်းအား ချိုးဖောက်သွားပြီး သစ်သားများကို ဖျက်ဆီးပစ်ခဲ့သည်။ သို့သော်လည်း သူက မင်ရှစ်ရင်ကို ရှာမတွေ့ပေ။
ထိုစဉ် ရှောင်ယွမ်အာ၏ အသံက လေထုထဲမှ ထွက်ပေါ်လာလေ၏။
“ရှစ်စွင်း အဲဒါ သူတို့ပဲ”
အားလုံးက ကျွပ်ဆတ်ဆတ်နှင့် ရှင်းလင်းသည့် အသံတစ်သံကြားရသည့်အတွက် လှည့်ကြည့်လိုက်ကြသည်။ သူတို့က ဝတ်ရုံရှည်ဝတ်ဆင်ထားပြီး လက်နောက်ပစ်လျက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည့် လုကျိုးကို မြင်လိုက်ရ၏။ သူ့တည်ရှိမှုက လျစ်လျူရှုထားဖို့ ခက်ခဲလှသည်။
ရှောင်ယွမ်အာနှင့် ခရုလေးတို့က လုကျိုးအနား ရောက်ရှိလာကြ၏။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူအားလုံးက ဦးညွှတ်လိုက်ကြသည်။
“ရှစ်စွင်းကို ဂါရဝပြုပါတယ်”
“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”
ဘန်း
မင်ရှစ်ရင်က အနီးအနားမြေကြီးမှ ထွက်ပေါ်လာသည်။ သူ့မျက်နှာအထက် အပြုံးတစ်ပွင့်မြင်ရလေ၏။
“ရှစ်စွင်း ဘာလို့ရောက်လာတာလဲ”
လုကျိုးက လက်ရှိအခြေအနေကို သိမထားပေ။ သူက ရှောင်ယွမ်အာ ပြောသမျှလောက်သာ သိထားလေ၏။ သူ ပြောသည့်အရာများက တချို့သူများသည် ရှီချီရှု၏ အလောင်းကို ယူပြီး ပြဿနာရှာဖို့ ရောက်လာခဲ့ခြင်းသာ ဖြစ်သည်။
လုကျိုးက မင်ရှစ်ရင်ကို စိုက်ကြည့်လိုက်သည်။ သူက မင်ရှစ်ရင်၏ နှုတ်ခမ်းထောင့်မှ သွေးစများကို မြင်သည့်အခါ ခေါင်းယမ်းလိုက်သည်။
လုကျိုး၏ အကြည့်ကို မြင်ပြီးသည့်နောက်တွင် မင်ရှစ်ရင်က သူ့ခေါင်းကို သုတ်ရင်း မလုံမလဲ ပြောလိုက်၏။
“ကျွန်တော် လုံလုံလောက်လောက် မလေ့ကျင့်ထားလို့ပါ။ ရှစ်စွင်းကို စိတ်ပျက်စေမိတာ တောင်းပန်ပါတယ်”
လုကျိုးက ဆက်လက်ရှေ့တိုးလာသည်။ သူက မြေပြင်ပေါ်တွင်ရှိသည့် အလောင်းလေးခုကို မြင်လိုက်ရ၏။ ထိုအရာက ရှီချီရှုနှင့် မြင်းတပ်အဖွဲ့ဝင်သုံးယောက်တို့ဖြစ်ပေသည်။ သူတို့၏ ချပ်ဝတ်များက အက်ကွဲနေပြီး သွေးသံရွှဲရွှဲဖြစ်နေလေ၏။ သူတို့၏ အလောင်းအခြေအနေက အတော်လေး ဆိုးရွားနေလေသည်။ ထို့နောက် သူက မြေပြင်ပေါ်တွင် ခန္ဓာကိုယ်ကို လျှာဖြင့် လျက်နေသည့် ချုံးချီကို မြင်လိုက်ရသည်။
ချုံးချီက တိုင်ကြားသည့်အလား ညည်းတွားနေလေ၏။
ကျောင်းယွီက အလျင်အမြန် ရှေ့တိုးလာကာ ဦးညွှတ်ပြီး ပြောလိုက်သည်။
“လောင်ချန်းပေ့ ဘယ်လိုလုပ် ဒီရောက်လာတာလဲ”
လုကျိုးက ကျောင်းယွီကို လျစ်လျူရှုထားလေသည်။ မြင်ကွင်းအရ မိစ္ဆာဝေဟင်မျှော်နန်းက အရေးသာနေဟန် ထင်ရသော်လည်း တကယ်တမ်း လက်တွေ့တွင် ထိုသို့မဟုတ်ပေ။ သူက ခေါင်းခါပြီးသည့်နောက်တွင် ကျိုးဖျင့်အား လက်ညှိုးထိုးလိုက်၏။ ထိုအရာက ရန်သူ၏ တပ်ဖွဲ့ကြားတွင် အမောက်မာဆုံးသူ ဖြစ်မှန်း သိသာလှသည်။
“မင်း နာမည်က ဘယ်သူလဲ”
ကျိုးဖျင့်က ဤသို့သော ပုံစံမျိုးဖြင့် တစ်ခါမှ အမေးမခံရဖူးပေ။ သူက မဟာချင်ဧကရာဇ်နှင့် ရှိစဉ်အခါကပင် ဧကရာဇ်က သူ့အား ဂုဏ်ယူရသည့် စစ်သူကြီးဟု ခေါ်ဆိုလေ့ရှိ၏။ ဆရာသခင်များကပင် သူ့ကို ယဉ်ကျေးကြလေ့ ရှိသည်။ ထို့ကြောင့် သူက လုကျိုး၏ မေးခွန်းကို မည်သို့ တုံ့ပြန်မည်နည်း။
လုကျိုးက ဆက်မေးလိုက်သည်။
“မင်းက ငါ့တပည့်ကို ထိခိုက်စေခဲ့တဲ့သူလား” ကျိုးဖျင့်က မင်ရှစ်ရင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“သူက ခင်ဗျားတပည့်လား”
“အငယ်တစ်ယောက်အနေနဲ့ မင်းက အကြီးတွေကို လေးစားမှု မရှိဘူးပဲ” လုကျိုးက ပြောပြီးသည့်နောက်တွင် လက်ကို ဆန့်ထုတ်လိုက်သည်။
စွန့်ပစ်ခံ ဉာဏ်ပညာက အံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစည်းထားပြီး လုကျိုးဆီမှ ထွက်ခွာသွားသည့်အခါ ရွှေရောင်နဂါးအသွင် ဖြစ်နေလေသည်။ ထိုအရာက ထိုက်တောင်တန်းလိုမျိုး အလေးချိန်ကို သယ်ဆောင်ထားလေ၏။
ကျိုးဖျင့်၏ အမူအရာက ထိုလက်ဝါးစည်းတံဆိပ်မှ ဖိအားကို ခံစားမိသည့်အခါ ချက်ချင်းဆိုသလို ပြောင်းလဲသွားလေသည်။ သူက လက်ကိုမြှောက်ကာ ထိုလက်ဝါးစည်းတံဆိပ်ကို တားဆီးဖို့ ကြိုးစားလိုက်၏။
ဘန်း
...
အခန်း (၁၃၁၇) မင်းက အရည်အချင်း မရှိပေမဲ့ အတော်လေး ဒေါသကြီးတယ်
လုကျိုးသည် သက်ကြီးဝါကြီး ဖြစ်နေတာကို အချိန်အတော်ကြာ အသားကျတာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့တည်းမဟုတ် အချို့သော အကြောင်းအရင်းများကြောင့် ဖြစ်လောက်ပေ၏။ သို့သော် ကျိုးဖျင့်ကဲ့သို့ လူမျိုးက ငယ်ရွယ်ပြီး မရင့်ကျက်ဟု သူ တွေးမိသည်။ သူတို့သည် ရေတွင်းအောက်ခြေရှိ ဖားသူငယ်များ ကဲ့သိုပင် ကောင်းကင်တစ်ခုလုံးကို မမြင်နိုင်။ လောကကြီး မည်မျှ ကြီးမားကြောင်း သတိမပြုမိပေ။
လက်ဝါးစည်းတံဆိပ်၏ အရွယ်အစားသည် ကျောင်းစံအိမ်၏ ပင်မခြံဝန်းကို လွှမ်းရန်တောင် မကြီးမားပေ။ ထို့ကြောင့် ကျိုးဖျင့်သည် ၎င်းကို ဖြေရှင်းရန် အကောင်းဆုံး နည်းလမ်းသည် သူ၏ ကိုယ်ပိုင် လက်ဝါးစည်းတံဆိပ်ကို သုံးတာပဲဟု တွေးထင်လိုက်၏။ လက်ဝါးစည်းတံဆိပ်ကို ဖြေရှင်းရင် ယင်းက အဆိုးနည်းဆိုတာ သူက သတိမပြုမိခဲ့ပေ။
ကျိုးဖျင့်၏ အစိမ်းရောင် လက်ဝါးစည်းတံဆိပ်သည် ရွှေရောင် လက်ဝါးစည်းတံဆိပ်နှင့် တိုက်မိသောအခါ ရွှေရောင်လက်ဝါးစည်းတံဆိပ်က အားလျော့သွားလိမ့်မည်ဟု သူ မျှော်လင့်ထားမိသည်။ သူ၏ မျှော်မှန်းချက်နှင့် ဆန့်ကျင်ဖက်ပင် ၎င်းက အားမလျော့သွားရုံသာမက ထိပ်တိုက်တွေ့ပြီးနောက် ပိုကြီးမားပြီး ပိုသန်မာလာပုံပေါ်၏။
စွန့်ပစ်ခံ ဉာဏ်ပညာအတွက် သင်္ကေတများသည် ရွှေရောင်နဂါးတစ်ကောင်ပမာ ချိတ်ဆက်သွားလျက် ရှေ့ဆက်တက်သွားသည်။
တစ်ခုခု မှားယွင်းနေတာလား…
ကျိုးဖျင့်သည် သူ၏ အစိမ်းရောင် လက်ဝါးစည်းတံဆိပ် ပျောက်သွားတာကို မြင်သောအခါ ကျိုးဖျင့်၏ သိစိတ်တို့ကို စိုးရိမ်ပူပန်မှု ထိတ်လန့်မှုတို့က အစားထိုးသွားလေ၏။ သူက အမြန်လက်မြောက်ကာ သူ ပစ်လွှင့်လိုက်သည့် အစိမ်းရောင် လက်ဝါးစည်းတံဆိပ်နှစ်ခုကို ပေါင်းစည်းလိုက်သည်။
ဖုန်း…
ရွှေရောင်လက်ဝါးလက်တံဆိပ်နှင့် အစိမ်းရောင် လက်ဝါးစည်းတံဆိပ်တို့ ထိပ်တိုက် တိုက်မှုမှ လှိုင်းဂယက်များ ထလာတော့သည်။
ဘန်း…
ပတ်ဝန်းကျင်ရှိ လူတို့သည် ထိပ်တိုက်တွေ့မှု ဖိအားကို ရှောင်ရန် အောက်သို့ ငုံ့လိုက်ကြ၏။
ဂျွတ်…
ခိုင်မာသည့် အနီရောင် သစ်သားတိုင်များသည် ထပ်ခြမ်းခြမ်း ခံလိုက်ရပြီး ၎င်း ပံ့ပိုးပေးထားသည့် အဆောက်အဦးကိုလည်း ကွဲသွားစေ၏။
စစ်မြင်းတစ်ရာက ဟီနေရကြကာ နောက်သို့ ဆုတ်သွားလေ၏။
အစိမ်းရောင် လက်ဝါးစည်းတံဆိပ်က ပျောက်ကွယ်သွားပြန်သည်။
“ဘုန်းး”
ယခုအခေါက်တွင် ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် ကျိုးဖျင့်ပေါ် ပြင်းထန်စွာ ကျရောက်သွား၏။
ဤတိုင်ပင် တိုက်ပွဲ အဆုံးသတ်သွားလေ၏။
ကျစ်ဝမ်ကျီနှင့် ကျစ်၀ူကျီတို့က ထိုအချိန်တွင် အလိုလို နောက်ဆုတ်မိသွား၏။ သူတို့ ကျောင်းစံအိမ်ကို ယနေ့ လာရန် ရဲတင်းနေရသည့် အကြီးမားဆုံး အကြောင်းအရင်းက ကျိုးဖျင့်နှင့် သူ၏ ဒဏ္ဍာရီလာ တိုက်ကွက်ကြောင့်ပဲ ဖြစ်သည်။
မဟာချင်တွင် ဆရာသခင်ဖြစ်ရန် နီးစပ်နေသည့် ကျင့်ကြံသူများစွာ ရှိ၏။ သို့သော် သူတို့က ထိုအဆင့်၌ ပိတ်ဆို့နေကြသည်။ အကြောင်းမှာ သူတို့သည် တတိယမြောက် မွေးဖွားစမ်းသပ်မှုကို မဖြတ်ကျော်နိုင်၊ သို့တည်းမဟုတ် သူတို့သည် သင့်တော်သည့် သက်တမ်းနှလုံးသား မရှိသဖြင့် မဟာ မွေးဖွား ဇယားချက်ကို အသက်မသွင်းနိုင်သောကြောင့် ဖြစ်သည်။
ကျိုးဖျင့်သည် ထိုလူများထဲက တစ်ယောက်ဖြစ်၏။
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင် နည်းတူ ကျိုးဖျင့်သည် စစ်မြေပြင်ပေါ်၌ အတွေ့အကြုံများစွာရှိပြီး သေရေးရှင်ရေး အခြေအနေများစွာကို တွေ့ကြုံခဲ့၏။ သို့သော် ဤကဲ့သို့သော လူတစ်ယောက်၊ ဒဏ္ဍာရီလာ တပ်ဖွဲ့ခေါင်းဆောင်သည် ဤအတိုင်း ရှုံးနိမ့်သွားသည်။
ထို့အပြင် ကျိုးဖျင့်က တာအိုစွမ်းအား၊ အထောက်အကူများ၊ ထူးခြားသော အစီအရင်များ၊ ကနေဦးချီများ ပြသမှု၊ စွမ်းအင်ဓား ပြသမှုမပါဘဲ လက်ဝါးစည်းတံဆိပ် တစ်ခုထဲဖြင့် အနိုင်ယူခံလိုက်ရ၏။
ကျင့်ညီနောင်က မည်ကဲ့သို့ မထိတ်လန့်ဘဲ နေမည်နည်း။
“အစ်ကို ချီသတ္တုလုံးက တစ်ခုခုများ မှားနေတာလား”
ကျစ်၀ူကျီ၏ အမူအရာက ယခုအချိန်တွင် အတော်လေး မှုန်မှိုင်း နေတော့သည်။
“ငါ မသိဘူး”
ကျစ်ဝမ်ကျီက အသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။ သူ ကျယ်ကျယ်လောင်လောင် မပြောရဲချေ။
“ချီသတ္ထုလုံးက အမှားလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား။ ကျိုးဖျင့်မှာ မွေးဖွားစရာချက် ၁၇ခု ရှိတယ် ဆိုပေမဲ့ သူ တစ်ကွက်တည်းနဲ့ ရှုံးနိမ့်သွားတယ်။ အဲဒီလူက မွေးဖွားစမ်းသပ်မှု ၂ခုပဲ ဖြတ်ကျော်ရသေးတယ်ဆိုတာ ကျွန်တော် မယုံဘူး”
“ငါလည်း မယုံဘူးကွ၊ အခုက ငြင်းနေရမဲ့ အချိန် မဟုတ်ဘူး။ ဆရာသခင် ရောက်လာတာကို စောင့်ကြရအောင်”
ကျစ်ဝမ်ကျီသည် သူ၏ အစီအစဉ် မည်သည့်အပိုင်းက မှားသွားမှန်း မသိပေ။ ယခုအချိန်တွင် သူ အခြေအနေအလိုက် ဆောင်ရွက်ရတော့မည်။
“ဆရာသခင်တွေ လာမှာလား”
ကျစ်၀ူကျီက အံ့ဩသွားလေ၏။
“ငါ သေချာမသိဘူး”
စွမ်းအင်များ လွင့်ပြယ်သွားပြီးနောက် ကျိုးဖျင့်သည် တွင်းထဲကနေ တွားသွားထွက်လာတာကို လူတိုင်း တွေ့လိုက်ရသည်။
မြေပြင်ပေါ်ရှိ တွင်းထဲတွင် ခြေကားယား လက်ကားယား ဖြစ်နေတာကို တွေ့လိုက်ရသည်။
မိစ္ဆာဝေဟင် မျှော်နန်းမှ လူတို့သည် ခေါင်းခါလိုက်သည်။ တပည့်များကမူ ဤမြင်ကွင်းကို အသားကျနေပြီဖြစ်၏။ ဆိုရလျှင် ထိုကဲ့သို့ မြင်ကွင်းများစွာ ရှိခဲ့သည်။ သူတို့၏ ရှစ်စွင်းက သူ၏ ရန်သူများကို မြေပြင်ပေါ် ပိပြားနေအောင် ရိုက်ရတာ သဘောကျ၏။ အခေါက်တိုင်း အလုပ်ဖြစ်ခဲ့သည်။ ထိုအကွက်က အလွန်ထိရောက်ပြီး မောက်မာထောင်လွှားမှုကို ဖျက်ဆီးရန် အကောင်းဆုံး နည်းလမ်း ဖြစ်သည်။
ကျိုးဖျင့်က ကောင်းကင်ကို မျက်နှာမူလျက် ဖြည်းဖြည်းချင်း အသက်ရှုထုတ်နေ၏။ သူ၏အကြည့်ကို အနည်းငယ် ရွေ့ပြောင်းလိုက်ချိန်တွင် လုကျိုး သူ့ကို ငုံ့ကြည့်နေတာကို တွေ့လိုက်ရပြီး နောက်တစ်ဖက်တောင် နောက်ပစ်လျက် ရပ်နေတာကို တွေ့လိုက်ရ၏။ သူ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ နောက်ဆုံး၌ သူ သဘောပေါက်သွားလေ၏။ သူ၏ပြိုင်ဘက်က သူ့ထက် သာလွန်သည့် ပညာရှင်တစ်ယောက် ဖြစ်သည်။ သူ ယခု ဘာလုပ်သင့်သနည်း။
ထိုစဉ် ကျောင်းယွီသည် ဖျက်ဆီးခြင်းတိုင်လုံးရှေ့ရှိ ထိတ်လန့်သည်းဖို ခမ်းနားသည့် မြင်ကွင်းကို ပြန်တွေးမိသွား၏။ ယှဉ်ကြည့်လျှင် ယင်းက ကလေးကစားကွက်သာ ဖြစ်သည်။
ကျစ်ဝမ်ကျီနှင့် ကျစ်၀ူကျီတို့က တံထွေး မျိုချလျက် တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်၏။ သူတို့က ပြောလိုက်သည်။
“နားလည်မှု လွဲတာ၊ နားလည်မှု လွဲတာ၊ နားလည်မှု လွဲတာပါပဲ”
ပြောရန်မလို ထိုလူနှစ်ယောက်နောက်တွင် ရပ်နေသည့် လူများကလည်း ဒူးထောက်လိုက်၏။
အခြေအနေ ပြောင်းလဲတာ မြန်လွန်းသဖြင့် လူတိုင်း ထိတ်လန့်သွားသည်။ လုကျိုးသည် ကျစ်ဝမ်ကျီနှင့် ကျစ်၀ူကျီတို့ကို အာရုံမစိုက်ပေ။ ထိုအစား တွင်းထဲတွင် လဲနေသေးသည့် ကျိုးဖျင့်ကို ကြည့်ကာ ပြောလိုက်သည်။
“ရာရာစစ ငါ့ရဲ့လက်ဝါးစည်းတံဆိပ်ကို ပိတ်ဆို့ပြီး ရှင်နေရဲတယ်ပေါ့”
“…”
ကျောင်းယွီက အမြန်ရှေ့တိုးကာ မျက်နှာချိုသွေးသော အပြုံးဖြင့် ပြောလိုက်သည်။
“ဆရာကြီး ဒါက မဟာချင်ရဲ့ စစ်သူကြီးချုပ် ကျိုးပါ”
ထိုမိတ်ဆက်ပေးမှုက မလုံလောက်ဟု ခံစားရပြီး သူသည် ဒဏ္ဍာရီလာတပ်ဖွဲ့အကြောင်း ထပ်ပြောလျက် ပြည်ထောင်ဆယ်ခုကို သူတို့ ရှင်းထုတ်ခဲ့သည့် အကြောင်းကိုလည်း ပြန်လည် ပြောပြခဲ့သည်။
ကျောင်းယွီက ထိုအရာများအားလုံးကို မပြောလျှင် အဆင်ပြေသေး၏။ ကျိုးဖျင့်က ကျောင်းယွီ၏ စကားများကို ကြားသောအခါ သွေးများ ဆူပွက်လာပြီး သွေးတစ်ပွက် အန်လေ၏။ ဆိုရလျှင် ယခုအချိန်တွင် ချီးကျုးစော်ကားမှုများ အားလုံးက စော်ကားမှုတစ်ရပ်ပမာ ဖြစ်နေတော့သည်။
လုကျိုးက ခေါင်းညိတ်လိုက်၏။
“ဒဏ္ဍာရီလာ တပ်ဖွဲ့လား”
ကျိုးဖျင့်က သုန်မှုန်သွားတော့သည်။ သူက လုကျိုးကို မော့ကြည့်လိုက်၏။ သူ့အတွေးများကို စုစည်းရန် အချိန်အတော်ကြာအောင် ယူလိုက်ရပြီး နောက်ဆုံး၌ ပြောလိုက်ရသည်။
“ကျုပ်က အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း လူသတ်သမားကို ဖမ်းဖို့ ရောက်လာတာ”
လုကျိုးက လူအုပ်ကြီးကို ကြည့်ပြီး ကျိုးဖျင့်ကို ကြည့်ကာ စိတ်ရှုပ်ထွေးသွားလေ၏။
“ဘာ လူသတ်သမားလဲ”
ထိုစဉ် မည်သူမျှ သတိမပြုမိခင် လှည့်ထွက်သွားသည့် ခုံဝမ်က ကုလားထိုင်တစ်လုံးဖြင့် ရောက်လာ၏။ သူက ကုလားထိုင်ကို လုကျိုးနောက်တွင် ထားပြီးနောက် သူ့အင်္ကျီလက်ဖြင့် သုတ်ပေးကာ ပြောလိုက်၏။
“မျှော်နန်းသခင် ကျေးဇူးပြုပြီး ထိုင်ပါ”
လုကျိုးက ခေါင်းညိတ်လျက် ထိုင်ချလိုက်သည်။ ကျောင်းယွီက ပြောလိုက်သည်။
“မျှော်နန်းသခင်ကို ရှင်းပြပါရစေ”
ပြီးနောက် သူက ကျိုးဖျင့်ဘက် လှည့်ပြောလိုက်၏။
“စစ်သူကြီးကျိုး ကျုပ်ရဲ့ ရှင်းပြချက် မှားနေတယ် ထင်ရင် ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ် ပြင်ပေးလို့ ရပါတယ်”
ဤနည်းဖြင့် ကျောင်းယွီသည် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောလေ၏။
တကယ်တော့ လုကျိုးသည် အမြင်စွမ်းအားကို အသုံးပြု လေ့လာပြီးနောက် အဖြစ်အပျက်ကို ဝေဝါးဝါး သိနေပြီဖြစ်သည်။ သို့သော် သူ အချိန်များစွာ ရှိနေသောကြောင့် ကျောင်းယွီကို ပြောခွင့်ပေးလိုက်တာက အဆင်ပြေသည်ဟု ထင်သည်။ ကျောင်းယွီသည် ဖြစ်နိုင်သမျှ အသေးစိတ် အချက်အလက်များစွာကို ထည့်ပေါင်းလျက် ဖြစ်ကြောင်းကုန်စင်ကို ၁၅မိနစ်ခန့် ပြောပြခဲ့၏။ သူက ရှီချီရှုဒ သေဆုံးခြင်းကို သံသယဝင်ကြောင်းတောင် ဖော်ပြခဲ့သည်။
ကျောင်းယွီ ပြောနေစဉ် ကျိုးဖျင့်က ထိုင်နေ၏။ သူ့ရင်ဘတ်ကို ကိုင်ထားကာ အချိန်တချို့ ချောင်းဟန့်ပြီး နှုတ်ခမ်းထောင့်မှ သွေးကို သုတ်လျက် သူ့ကိုယ်ပေါ်မှ ဖုန်များကို ခါချလိုက်သည်။ ပြီးနောက် သူ တွင်းထဲမှ တွယ်တက်လာလျက် တွင်းအဆုံး၌ ထိုင်လိုက်လေ၏။
ကျောင်းယွီ ပြောပြီးချိန်၌ သူက ကျိုးဖျင့်ကို မော့ကြည့်ကာ မေးလိုက်တော့သည်။
“စစ်သူကြီးကျိုး ကျုပ်ရှင်းပြတာ အဆင်ပြေရဲ့လား”
ကျိုးဖျင့်က ခေါင်းညိတ်လိုက်၏။ သူက ကောင်းကင်ဘက် အနည်းငယ် လှည့်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။
“ဘာမှ ကောင်းကျိုးမပေးတဲ့ တစ်သိုက် အခုဆင်းလာခဲ့”
လူအုပ်ကြီးကြောင့်သာ မဟုတ်လျှင် ကျိုးဖျင့် ကျိန်ဆဲနေလောက်ပြီ ဖြစ်သည်။
သူတို့ခေါင်းဆောင်က သွေးအန်သည်အထိ ရိုက်နှက်ခံထားရပြီဖြစ်သည်။ ထိုသို့တိုင် သူတို့က စစ်မြင်းပေါ်တွင် ထိုင်နေပြီး ကြွားလုံးထုတ်နေသေး၏။ သူတို့ တကယ် ဦးနှောက် မရှိပေ။
ကျန်ရှိသည့် မြင်းသည်တော် ၉၇ယောက်က တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာ၏။ ကံကောင်းသည်မှာ ကျောင်းစံအိမ်၏ ပင်မခြံဝန်းက လူတစ်ထောင်ကျော် ဆန့်သည်။
မြင်းသည်တော်များ ဆင်းလာပြီးနောက် သူတို့၏ စစ်မြင်းများကို နေရာချပြီး သူတို့က ကျိုးဖျင့်ဆီ အပြေးအလွှား လာကာ သူတို့က သူ့နား၌ တလေးတစား ရပ်နေကြသည်။ နှစ်ယောက်ကမူ ကျိုးဖျင့်ကို ကူညီရန် အလျင်အမြန် အရှေ့တိုးသွား၏။
ကျိုးဖျင့်က သူတို့ကို တစ်ချက် တွန်းထုတ်ပြီးနောက် ကျိန်ဆဲလိုက်၏။
“ထွက်သွားကြ…”
“…”
လူတိုင်းက ဆွံ့အသွားလေ၏။
လုကျိုးက ခေါင်းခါပြီး ပြောလိုက်တော့သည်။
“မင်းက အရည်အချင်း မရှိပေမဲ့ ဒေါသတော့ အတော်ကြီးသားပဲ”
ကျိုးဖျင့် “…”
ကျစ်ဝမ်ကျီနဲ့ ကျစ်၀ူကျီတို့က မြေပြင်ပေါ် ဆင်းသက်ပြီး ဖြစ်၏။ ယခုအချိန်တွင် သူတို့က မည်ကဲ့သို့ ဝေဟင်တွင် နေရဲမည်နည်း။
လုကျိုးက ပြောလိုက်သည်။
“အခု နားလည်သွားပြီ။ လိုရင်း ပြောရရင် မင်းက ရှီချီရှုကို သတ်တဲ့သူကို ဖမ်းဖို့ ဒီရောက်လာတာ ဟုတ်တယ်မလား”
“ဟုတ်ပါတယ်”
ကျစ်ဝမ်ကျီက တိုတိုတောင်းတောင်း ဖြေလိုက်၏။ သူက စကားများများ ပြောမိလျှင် အမှားပြုလုပ်နိုင်၏။ ထိုကဲ့သို့ လူတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် စကားနည်းလေ ပိုကောင်းလေး ဖြစ်သည်။
“မင်းက ချီသတ္ထုလုံးရဲ့ အမှုန့်ကို သုံးပြီး လူသတ်သမားက ငါ့တပည့်ဆိုတာ အတည်ပြုခဲ့တယ် ဟုတ်လား”
“ဟုတ်ပါတယ်”
လုကျိုးက ခေါင်းညိတ်ပြီးနောက် မြေပြင်ပေါ်ရှိ အလောင်းသုံးခုကို ကြည့်ပြီးနောက် မေးလိုက်၏။
“ဒီလူသုံးယောက်ကို ယွီရှန်းရုန်သတ်တာ မှန်လား”
ထိုစကားကို ကြားသောအခါ ယွီရှန်းရုန်က ဦးညွှတ်လျက် ပြောလိုက်သည်။
“ရှစ်စွင်း ကျွန်တော် သူတို့ကို သတ်လိုက်တာ”
လုကျိုးသည် ချပ်ဝတ်ပေါ်ရှိ အက်ရာများကို ကြည့်ပြီး ပြောလိုက်သည်။
“ဓားရာက မွေးဖွားဇယားအချက် ၃ခုကိုပဲ ဖျက်ဆီးနိုင်တာ၊ ဒီတော့ သူတို့ မသေနိုင်ဘူး”
“ဆရာကြီး ဟုတ်ပါတယ် ကျန်တာကို ချုံးချီ လုပ်တာပါ”
ဝုတ် ဝုတ် ဝုတ်…
ချုံးချီက ဟောင်လျက် ပြေးလွှားလာသည်။ ၎င်းက လုကျိုးဘေးနား၌ ဆောင့်ကြောင့် ထိုင်ချကာ လူအုပ်ကြီးကို အစွယ်ထုတ်ပြနေ၏။
မင်ရှစ်ရင် “…”
ခွေးတို့သည် အာဏာအတွက် ပိုင်ရှင်ကို အားကိုးတာ အမှန်ဖြစ်သည်ဟု မင်ရှစ်ရင် တွေးမိသွား၏။
ရှေးစကားများက သူ့ကို မလိမ်ညာခဲ့ပေ။
“လောင်စစ်…”
“ဟုတ်ကဲ့ ရှစ်စွင်း”
“မင်း ရှီချီရှုကို သတ်ခဲ့လား လိမ်ဖို့ မရှိဘူး။ အမှန်အတိုင်း ကြားချင်တယ်”
လုကျိုးက လေးနက်တည်ကြည်စွာ ပြောလိုက်၏။ မင်ရှစ်ရင်က ချုံးချီဘေး၌ ရပ်ကာ ပြောလိုက်သည်။
“ကျွန်တော် သတ်ခဲ့ပါတယ်”
“…”
ဝုတ် ဝုတ် ဝုတ်…