← Chapters

အခန်း (၁၃၁၈-၁၃၂၀)

Vol. 88 Ch. 1318-1320

အခန်း (၁၃၁၈-၁၃၂၀)

Vol. 88 Ch. 1318-1320

အခန်း (၁၃၁၈) ဆရာသခင်၏ သဘောထား

မင်ရှစ်ရင်က လှိုင်းလုံးထောင်ချီကို ထသွားစေသည့် ကျောက်တုံးတစ်တုံးလိုမျိုး ဖြစ်၏။

လူအုပ်ကြီးက အသံတိုးတိုးဖြင့် စတင်ပြောဆိုလာကြသည်။

ယခင်က ရှီချီရှု၏ သေဆုံးမှုနှင့် ပါဝင်ပတ်သက်နေမှုကို ငြင်းဆန်ပြီး အကြောင်းပြချက်များစွာကို အသုံးပြုခဲ့သည်။ ယခု သူ့အပြစ်ကြွေးကို ဝန်ခံခြင်းဖြင့် သူက ကိုယ့်မျက်နှာ၊ ကျောင်းယွီ၏ မျက်နှာနှင့် ကျောင်းစံအိမ်ရှိ လူအားလုံး၏ မျက်နှာကို ပြန်ရိုက်လိုက်ခြင်း မဟုတ်ပါလော။

ဤတစ်ကြိမ် မင်ရှစ်ရင်၏ ဝန်ခံမှုကြောင့် ဒေါသအထွက်ဆုံးသူက ကျိုးဖျင့်သာ ဖြစ်၏။ သူက ထိုကိစ္စကြောင့် လက်အောက်ငယ်သားသုံးယောက်ကို ဆုံးရှုံးလိုက်ရသည်။ အကယ်၍ သူသာ သူ့လူများ၏ မှားယွင်းသောသေဆုံးမှုကို ရှင်းပြချက်မတောင်းဆိုပါက သူ့လူများနှင့် အနာဂတ်၌ မည်သို့ရင်ဆိုင်ရမည်နည်း။ သူက ဤဒဏ္ဍာရီလာတပ်ဖွဲ့ကို မည်သို့ဆက်လက်ပို့ဆောင်ရမည်နည်း။

“တိတ်စမ်း” ခုံဝမ်က အသံခိုင်မာစွာ ပြောလိုက်သည်။

အားလုံးက တိတ်ဆိတ်သွားလေ၏။

လုကျိုးက မင်ရှစ်ရင်ကို ကြည့်ကာ ပြောလိုက်သည်။

“ဘာလို့လဲ”

“ရှီချီရှုက သေဖို့ထိုက်တန်တယ်” မင်ရှစ်ရင်က ပြန်ဖြေလိုက်သည်။

လုကျိုးက မင်ရှစ်ရင်ကို မေးခွန်းတွေ ထပ်မမေးတော့ပေ။ ထိုအစား သူက မင်ရှစ်ရင်ကိုကြည့်ကာ ရှင်းပြလိုက်ပြီး စောင့်ဆိုင်းလိုက်၏။ သေဖို့ထိုက်တန်သည်ဟူသော စကား၏ နောက်ကွယ်တွင် အကြောင်းပြချက် မလုံလောက်သေးပေ။

မင်ရှစ်ရင်က သူ့ရှစ်စွင်းသည် သူကိုယ်တိုင်ရှင်းပြနေသည်ကို စောင့်ဆိုင်းနေမှန်း သိလေ၏။ ထို့ကြောင့် သူက စိတ်ကို စုစည်းကာ အံကြိတ်လျက် ပြောလိုက်သည်။

“ဘာလို့လဲဆိုတော့ သူက ကျုပ်အစ်ကို မုန့်ရှန်းကို သတ်ခဲ့တာ”

ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီ “…”

တခြားသူများကလည်း ကြောင်အမ်းသွားကြသည်။

ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က မုန့်ရှန်းဟူသော မကြားဖူးကြသော်လည်း မုန့်ဟူသော မျိုးရိုးကို သိထားကြလေသည်။ သူတို့၏ ယခင်အကဲဖြတ်ချက်အရ သူတို့ရှေ့တွင်ရှိနေသည့် လူငယ်လေးသည် မုန့်မိသားစုဝင်တစ်ယောက်ဖြစ်ကြောင်း သေချာသွားလေ၏။

“မင်းရဲ့ အစ်ကို မုန့်ရှန်းလား”

လုကျိုးက နားမလည်နိုင်ဖြစ်သွားမိ၏။

“မုန့်ရှန်းနဲ့ ကျွန်တော်က မုန့်စံအိမ်မှာ ကြီးပြင်းလာတာ။ ကျွန်တော် အသက်ရှစ်နှစ်ရောက်တော့ ရှီချီရှုက မုန့်ရှန်းကို သတ်ခဲ့တာ” မင်ရှစ်ရင်က ပြောလိုက်သည်။

ယွီရှန်းရုန်ကလွဲ၍ မိစ္ဆာဝေဟင်မျှော်နန်းရှိ လူအားလုံးက အံ့အားသင့်သွားကြ၏။

မင်ရှစ်ရင်က ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော်က ညည်းတွားရတာကို မကြိုက်ဘူး။ အတိတ်အကြောင်း ပြန်ပြောဖို့လည်း ပျင်းတယ်”

ဤကဲ့သို့ အတိတ်မျိုးကို မည်သူကများ အမှတ်ရလိုမည်နည်း။ လူများက သူ့ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ မင်ရှစ်ရင်သည် ဂရုမစိုက်ပေ။ ရှီချီရှုက သေဆုံးသွားပြီဖြစ်သည့်အတွက် ကောင်းကင်ဘုံတွင် ရှိနေသည့် မုန့်ရှန်း၏ ဝိညာဉ်အတွက် အကောင်းဆုံးဖြေသိမ့်မှု ဖြစ်လေသည်။

မင်ရှစ်ရင်က ထိုအရာအားလုံးကို ပြောခဲ့သည်မှာ သူ့ရှစ်စွင်းကို မလိမ်ညာလို၍ကြောင့်သာ ဖြစ်၏။ သူက ဖြစ်လာသည့်အရာကို ဂရုမစိုက်ပေ။ ရှစ်စွင်းက သူ့ကို အပြစ်ပေးလျှင်ပင် ထိုက်တန်သည်ဟု ခံစားရ၏။

“အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပဲ။ ဒါပေမဲ့ အရမ်းကို အကျိုးအကြောင်းသင့်တယ်” လုကျိုးက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

အားလုံးက ထိုစကားများကြောင့် ကြောင်အမ်းသွားကြ၏။

“…”

မင်ရှစ်ရင်ကပင် ပိုမိုကြောင်အမ်းနေမိသည်။ သူ့ရှစ်စွင်းက သူ့ကို သံသယမဖြစ်ပေ။ သူ့ရှစ်စွင်းက သူ့အကြောင်းကို မည်သို့ မသိဘဲ နေမည်နည်း။

ကျိုးဖျင့်နှင့် ကျစ်ဝမ်ကျီတို့က မင်ရှစ်ရင်သည် တမင်လုပ်ခဲ့တာလားဟု စဉ်းစားနေသည်။

ကျစ်ဝမ်ကျီက မေးလိုက်၏။

“ညီလေး မင်းပြောနေတာ ဘယ်မုန့်စံအိမ်လဲ”

ခုံဝမ်က ဝင်ဖြတ်ပြောလိုက်သည်။

“ကျုပ် အမှန်တချို့ကို ပြင်ပေးပါရစေ။ ပထမဦးဆုံး သူက အဲ့လောက် မငယ်တော့ဘူး။ ဒုတိယအနေနဲ့ သူက ခင်ဗျားရဲ့ ညီလေး မဟုတ်ဘူး”

ကျစ်ဝမ်ကျီက နေရခက်စွာ ပြောလိုက်သည်။

“တောင်းပန်ပါတယ်”

မင်ရှစ်ရင်က အရိုးသားဆုံး ပြောလိုက်သည်။

“မုန့်မင်ရှစ်ရဲ့ နန်းဆောင် စစ်နတ်ဘုရားနဲ့ ရှောင်တောင်တန်းရဲ့ သူရဲကောင်း … မုန့်မင်ရှစ်”

ကျစ်ဝမ်ကျီက ထိုအရာကို ခန့်မှန်းထားပြီးသော်လည်း အမှန်တကယ်ကြားသည့်အခါ နှလုံးခုန်တစ်ချက် မြန်သွားမိသည်။ ခဏအကြာတွင် သူက ပြောလိုက်၏။

“အဲဒါဆိုတော့ မင်းက မုန့်စံအိမ်ကို ပြောနေတာပဲ။ ဒါပေမဲ့ အဲဒီမှာ နေတဲ့သူ မရှိတာ အရမ်းကို ကြာလှပြီ။ မုန့်ရှန်းလို့ ခေါ်တဲ့သူရှိတယ်ဆိုတာ ငါတို့တောင် မသိခဲ့ဘူး။ စစ်သူကြီးရှီက မုန့်ရှန်းကို သတ်ခဲ့တယ်လို့ ပြောတယ်မလား။ အနည်းဆုံးတော့ မင်းဆီမှာ သက်သေ ရှိရမယ်။ လောင်ချန်းပေ့က ဉာဏ်ပညာကြီးပြီး အမှားအမှန်ခွဲခြားနိုင်မယ်ဆိုတာကိုတော့ ပြောနိုင်ပါတယ်”

“ငါ့စကားနဲ့တင် လုံလောက်ပြီ” လုကျိုးက ပြောလိုက်သည်။

ကျစ်ဝမ်ကျီ “…”

ကျစ်ဝမ်ကျီက မျက်နှာဖြတ်ရိုက်ခံရသလို ခံစားနေမိ၏။

လုကျိုးက ကျစ်ဝမ်ကျီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“သူ့ကို ငါ့တပည့်အနေနဲ့ လက်ခံတုန်းက သူက ဆယ်နှစ်ပဲ ရှိသေးတယ်။ သူက ကျောက်စိမ်းပြားတစ်ခုကို သယ်လာခဲ့တာ။ အဲဒီမှာ မင်ဆိုပြီး ရေးသားထားတယ်။ အဲဒါကြောင့် သူ့ကို မင်ရှစ်ရင်လို့ နာမည်ပေးခဲ့တာ။ ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးက အကျိုးအကြောင်းဆိုတာ ရှိတယ်။ ရှေးဟောင်းသင်္ကေတအရ သူ့နာမည်က လွတ်လပ်ပြီး ကြည်လင်ပြတ်သားတဲ့ စိတ်နှလုံးသားရှိတယ်လို့ ဆိုလိုတယ်။ အဲဒါကြောင့် အမှောင်ထုထဲ လမ်းမှားမသွားအောင်လို့ပေါ့”

မင်ရှစ်ရင်က သူ့နာမည်သည် နာမည်ပြောင်ဟုသာ အမြဲတမ်း တွေးထင်ခဲ့သည်။ ထို့ကြောင့် သူ့နာမည်အပေါ် များစွာ အာရုံမစိုက်ခဲ့ပေ။ အသံထွက် မဆိုးသရွေ့ အဆင်ပြေလေ၏။ သူက သူ့နာမည်ကို ရီဟု မကြာခဏ ပြောင်းလေ့ရှိသည်။ အမျိုးသားများက သူတို့၏ မျိုးရိုးများကို တန်ဖိုးထားသည့် ရှေးရိုးအတွေးအခေါ်က သူ့ထံတွင် မရှိပေ။ သူက ထိုရှေးရိုးစွဲများကြောင့် နှောင်ဖွဲ့မခံရပေ။

ရှေးခေတ်အချိန်အခါကတည်းက သူတို့ကလေးများ၏ နာမည်ကို ပေးဖို့က မိဘများ၏ တာဝန်သာ ဖြစ်၏။ သူတို့က သူတို့ကလေးအတွက် နာမည်ကို သေချာရွေးပေးလိမ့်မည်။ အကြောင်းအရင်းကမူ သူတို့ကလေး ဘဝလုံးတစ်လျှောက် အဖော်ပြုပေးနေမည်ဖြစ်၏။

သို့သော်လည်း မင်ရှစ်ရင်အတွက် မိဘများရှိဖို့က အဖိုးတန်ရတနာသဖွယ် ဖြစ်နေသည့်အတွက် သူတို့ဆီမှ ဘာမှမမျှော်လင့်ပေ။ ထို့ကြောင့် သူက သူ့ရှစ်စွင်း၏ စကားကြောင့် မည်သို့စိတ်မလှုပ်ရှားဘဲ နေမည်နည်း။

ကျစ်ဝမ်ကျီက ပြောလိုက်သည်။

“လောင်ချန်းပေ့ရဲ့ စကားကို ဘယ်လိုယုံလို့ရမှာလဲ”

ကျစ်ဝမ်ကျီ၏ စကား ထွက်ပေါ်လာသည့်အခါ လုကျိုးက လက်ကို မြှောက်လိုက်သည်။

ရွှေရောင်လက်ဝါးချက်က ကျစ်ဝမ်ကျီ၏ နေရာဆီ ရောက်ရှိသွားလေ၏။ ထိုအရာက ကျိုးဖျင့်ကို ထိမှန်သွားသည့် လက်ဝါးချက်နှင့် အတူတူသာဖြစ်သည်။

စွန့်ပစ်ခံ ဉာဏ်ပညာဟူသော စကားကို လက်ဝါးစည်းတံဆိပ်တွင် မြင်တွေ့နိုင်လေ၏။

ကျစ်ဝမ်ကျီက တုန်လှုပ်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သည်။

“အစ်ကိုကြီး” ကျစ်ဝူကျီက လှမ်းခေါ်ရင်း ကျစ်ဝမ်ကျီ ဘေးနား ရောက်ရှိလာလေ၏။

သူတို့ညီအစ်ကိုနှစ်ယောက်က အတူတကွ တွဲလုပ်ရင်း လက်ဝါးစည်းတံဆိပ်လေးခုကို ထုတ်ဖော်လိုက်ကြသည်။

ဝုန်း

ရွှေရောင်လက်ဝါးစည်းတံဆိပ်က အဟန့်အတားမရှိ ရှေ့တိုးလာပြီး ညီအစ်ကိုနှစ်ယောက်ရှေ့ ရောက်ရှိလာသည်။

ဝုန်း

ညီအစ်ကိုနှစ်ယောက်က ချက်ချင်းဆိုသလို လွင့်စဉ်သွားပြီး သွေးအန်လိုက်ရသည်။ သူတို့၏ ချီနှင့် သွေးတို့က ထွက်ပေါ်လာပြီး တောင့်မခံနိုင်တော့ကြောင်း ခံစားမိလိုက်ကြ၏။ အဆုံးတွင် သူတို့က ထရပ်လိုက်ရင်း သွေးအန်လိုက်သည်။ လက်ဝါးစည်းတံဆိပ်၏ ခွန်အားက အတော်လေး လွှမ်းမိုးမှုကောင်းလှသည်။

“သခင်ကျစ်” ညီအစ်ကိုနှစ်ယောက်၏ လူများက နောက်ဆုံးတွင် အော်ခေါ်လိုက်ကြသည်။

“ငါ အဆင်ပြေတယ်” ကျစ်ဝမ်ကျီက ပြောလိုက်၏။ လုကျိုးက လှုပ်ရှားလာမည်ကို မည်သို့မသိဘဲ နေမည်နည်း။ သူ့စောစောလေးက စကားများက ကိုယ့်သေတွင်းကိုယ်တူးနေသည်နှင့် မကွာခြားပေ။ ကျိုးဖျင့်ကို အနိုင်ယူနိုင်သည့်သူက သူနှင့် အကျိုးအကြောင်း ပြောနေဖို့ မလိုအပ်ပေ။ သူ့အမြင်တွင် သူ့ရှေ့တွင်ရှိနေသည့်လူအိုကြီးက ဆရာသခင်တစ်ယောက်ဖြစ်၏။

နောက်ဆုံးတွင် ကျစ်ဝမ်ကျီက နာကျင်မှုကို တောင့်ခံထားပြီး လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“လောင်ချန်းပေ့ ကျုပ်အသက်ကို ချမ်းသာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လုကျိုးက တည်တည်ငြိမ်ငြိမ်သာ ပြောလိုက်၏။

“သူ့အတွက် မင်းတို့အားလုံးကို သတ်တာပဲ ဖြစ်ဖြစ် မင်းနဲ့ အကျိုးအကြောင်းသင့်အောင် ပြောတာပဲဖြစ်ဖြစ် ရလဒ်က အတူတူပဲ”

အားလုံးက ပြိုင်တူနောက်ဆုတ်လိုက်ကြသည်။

မြင်းတပ်အဖွဲ့ဝင်များ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားကြ၏။

ကျစ်ဝမ်ကျီက ဘာမှမပြောရဲပေ။

ဤတစ်ကြိမ် အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ဆရာသခင်ဖန် ရောက်လာပြီ”

ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က ပျော်ရွှင်ကြလေသည်။

ကျိုးဖျင့်က အလျင်အမြန် လက်ဝှေ့ပြလိုက်သည့်အချိန် မြင်းတပ်ဖွဲ့ဝင်နှစ်ယောက်က သူ့အား ထူပေးကြသည်။

ကျစ်ဝမ်ကျီက ဖန်ကျုံးသည် အမှန်တကယ်ပေါ်ထွက်လာလိမ့်မည်ဟု ထင်မှတ်မထားမိပေ။ သူနှင့် သူညီက လက်နှစ်ဖက်ယှက်ကာ ဖန်ကျုံရှိလာမည်ကို စောင့်ဆိုင်းလိုက်ကြ၏။

ကျိုးဖျင့်ကလည်း အတူတူသာဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ကျစ်ညီအစ်ကိုနှင့် ကျိုးဖျင့်၏ လူမျိုးက ပိုပြီးတော့ပင် ငြိမ်သက်သွားကြသည်။

“သူ့ကို အပြင်မှာ စောင့်ခိုင်းထားလိုက်”

“…”

လုကျိုး၏ စကားက သူတို့ထံ ရေခဲရေနှင့် လောင်းချလိုက်သလိုမျိုး ဖြစ်၏။ သူ့စကားက သာမန်လေသံနှင့် ပြောလိုက်သော်လည်း သူတို့ကို ထူးထူးဆန်းဆန်း ခံစားရစေသည်။

လုကျိုး၏ လှုပ်ရှားမှုကို မြင်တွေ့ပြီးသည့်နောက်တွင် ကျောင်းယွီက အလျင်အမြန် ပြောလိုက်သည်။

“ကျုပ်သွားလိုက်မယ်”

ကျောင်းယွီ ပြန်လာဖို့ သိပ်မကြာလိုက်ဘဲ သူက ဦးညွှတ်ကာ ပြောလိုက်၏။

“ဆရာသခင်ဖန်က စောင့်နေမယ်လို့ ပြောလိုက်ပါတယ်။ သူက လောင်ချန်းပေ့ တွေ့ချင်တဲ့အခါ အထဲဝင်လာမယ်လို့ပါ ပြောလိုက်ပါတယ်”

ကျစ်ဝမ်ကျီ “…”

ကျစ်ဝူကျီက ကျစ်ဝမ်ကျီကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။ သူက တစ်နေရာရာတွင် အမှားအယွင်း ရှိသွားတာလားဟု မေးချင်နေ၏။

တခြားတစ်ဖက်တွင် ကျစ်ဝမ်ကျီကလည်း ခေါင်းရှုပ်နေမိသည်။ သူ့စိတ်နှလုံးသားထဲ ထူးဆန်းသည့် အတိတ်နိမိတ်ဆိုးတစ်ခု ပေါ်ထွက်လာလေ၏။ သူက ပါးစပ်ဟကာ ပြောတော့မည့်ဆဲဆဲတွင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“ဓားသမား ၄၉ယောက် ရောက်လာပါတယ်”

ဤတစ်ကြိမ် လုကျိုး၏ စကားကို မစောင့်ဘဲ ကျောင်းယွီက စိတ်မရှည်စွာ ပြောလိုက်သည်။

“သူတို့ကို စောင့်ခိုင်းထားလိုက်”

“ဟုတ်ကဲ့”

သိပ်မကြာခင် သတင်းပေးပို့သူက ပြန်ရောက်လာကာ ပြောလိုက်သည်။

“ဓားသမား ၄၉ယောက်ထဲက ယွမ်လန်က ဆရာသခင်ချင်က လောင်ချန်းပေ့အတွက် လက်ဆောင် ပို့ခိုင်းလိုက်တာလို့ ပြောပါတယ်။ လက်ဆောင်က အတော်လေး အရေးကြီးတယ်လို့ ပြောတယ်”

“သူ တစ်ယောက်ထဲပဲ အထဲဝင်ခိုင်းလိုက်” လုကျိုးက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ခဏအကြာတွင် ယွမ်လန်က ပိုးသေတ္တာကို ကိုင်ဆောင်လျက် တလေးတစား လမ်းလျှောက်ဝင်လာသည်။ သူက ကျစ်ဝမ်ကျီ၊ ကျစ်ဝူကျီနှင့် ကျိုးဖျင့်တို့ကို မြင်သည့်အခါ ပိုမိုအံ့အားသင့်သွားသည်။ မည်သို့ပင်ဆိုစေကာမူ သူက သူတို့ကို အာရုံမစိုက်ပေ။ သူ့တာဝန်က သူတို့နှင့် ဘာမှမဆိုင်ပေ။

လုကျိုးဆီ ရောက်လာကာ ပြောလိုက်၏။

“ဓားသမား ၄၉ယောက်ရဲ့ ယွမ်လန်က လောင်ချန်းပေ့ကို ဂါရဝပြုပါတယ်”

...

အခန်း (၁၃၁၉) ဆန်းကြယ်သောစာအုပ်

ကျစ်ဝမ်ကျီ၊ ကျစ်၀ူကျီနှင့် ကျိုးဖျင့်တို့၏ အမူအရာက တောင့်တင်းသွားကာ ဓားသမား၄၉ ဦးထဲမှ တစ်ဦးဖြစ်သည့် ယွမ်လန်ကို ကြည့်မိချိန်၌ ထူးဆန်းနေကြသည်။ ဆရာသခင်ဖန်က အပြင်ဘက်၌ စောင့်ပေးနေစဉ် ဆရာသခင်ချင်က လက်ဆောင်များ ပို့ပေးလာ၏။ သူတို့ရှေ့ရှိ အဘိုးအိုက မည်သူနည်း။

ကျစ်ဝမ်ကျီသည် ချင်ရန်ယွဲ့ (0:28) နှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရန် အခွင့်အရေးကို အမိဖမ်းချင်ခဲ့သောကြောင့် ယွမ်လန်ကို အသံတိုးတိုးဖြင့် မေးလိုက်တော့သည်။

“ဆရာသခင်ချင်က ဘယ်မှာများလဲ”

ယွမ်လန်က ကျစ်ဝမ်ကျီကို ကြည့်တောင် မကြည့်ခဲ့ပေ။ သူ့လက်ထဲရှိ ပိုးထည်သေတ္တာကို ကိုင်ထားပြီး သူ့ဘာသာသူ စဉ်းစားလိုက်၏။ ဒီအချိန်မှာ မင်းက ဘာများ စကားပြောပိုင်ခွင့် ရှိလို့လဲ။

ဤနေရာသို့ ယွမ်လန် လာရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လုကျိုးဆီ လာရောက်လည်ပတ်ရန် ဖြစ်သည်။ ကျစ်ဝမ်ကျီ၏ နှောင့်ယှက်မှုက သူ့ကို စိတ်မကျေမနပ် ဖြစ်စေ၏။

ကျစ်ဝမ်ကျီ “…”

လုကျိုးသည် ယွမ်လန်ကို တစ်ချက်သာ ကြည့်လိုက်ပြီး သူက ပြန်ပြောရန် အလျင်မလိုပေ။ ထိုအစား ကျစ်ဝမ်ကျီကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“မဟာချင်ရဲ့ ဧကရာဇ်က မင်းကို ဒီလွှတ်လိုက်တာလား”

“ဟုတ်ပါတယ်”

ကျစ်ဝမ်ကျီက အသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။

“ဒီတော့ ဧကရာဇ်ရဲ့ ပံ့ပိုးမှု ရှိတာကြောင့် ငါမင်းကို ဘာမှ မလုပ်ရဲဘူးလို့ ထင်နေတယ် ဟုတ်တယ်မလား”

လုကျိုးက မေးလိုက်၏။ သူသည် ကျစ်ဝမ်ကျီကဲ့သို့ ဟုတ်လှပြီ အထင်ရောက်နေသူ များစွာကို တွေ့ခဲ့ဖူးသည်။ တစ်နည်းအားဖြင့် သူတို့ မည်သူနှင့် တွေ့နေရမှန်း မသိသည့် သူများသာ ဖြစ်၏။

လုကျိုး၏ စကားကို ကြားသောအခါ ကျစ်ဝမ်ကျီက အမြန်ဦးညွှတ်လိုက်၏။

“အဲလို မဟုတ်ပါဘူး။ ကျွန်တော်က အမိန့်နာခံရုံပဲ”

“ငါ့ကို ရွှေတံဆိပ်တော်ပေး”

လုကျိုးက ပြောလိုက်၏။

ကျောင်းယွီက ရွှေတံဆိပ်ပြားကို တလေးတစား လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။

လုကျိုးက သူ့လက်ထဲတွင် ရွှေတံဆိပ်ပြားကို ကိုင်ထား၏။ ၎င်းက ပေါ့ပါးပြီး ရွှေအပြည့်ဖြင့် ပြုလုပ်ထားတာ မဟုတ်ပေ။ ထိုအစား သူက မေးလိုက်၏။

“ဒီရွှေတံဆိပ်ပြားကို မြင်တဲ့အချိန် ဘာလို့ ဒူးမထောက်တာလဲ”

“…”

ထောက်…

ကျစ်ဝမ်ကျီ၊ ကျစ်၀ူကျီနှင့် ကျန်သည့် ကျင့်ကြံသူများက တစ်ညီတစ်ညွှတ်တည်း ဒူးထောက်လိုက်ကြသည်။

ကျိုးဖျင့်နှင့် မြင်းသည်တော်တို့ကလည်း ဒူးထောက်လိုက်လေ၏။

“ဒီရွှေတံဆိပ်ပြားကို တွေ့တာ ဧကရာဇ်ကို မြင်တွေ့ရသလိုပဲ။ ကျောင်းယွီက ဒီတံဆိပ်ကို ထုတ်လာပြီး မင်းတို့အားလုံးကို ကျောင်းစံအိမ်ထဲက ထွက်သွားခိုင်းတာ။ ဒါပေမဲ့ မင်းတို့အားလုံးက အမိန့်ဖီဆန်ခဲ့တယ်။ ဒီလု ပြုမူဖို့ ဘယ်သူက သတ္တိပေးလိုက်သလဲ”

လုကျိုးက မေးလိုက်၏။ ကျောင်းယွီသည် ထိုသို့ ပြောခဲ့သော်ငြား လုကျိုး ပြောလိုက်ချိန်တွင် အကျိုးသက်ရောက်မှုက ကွဲပြားသွား၏။

ထိုစကားများသည် ကျစ်ဝမ်ကျီကို ဆွံ့အ သွားစေကာ သူ၏မျက်နှာကို နီမြန်းသွားစေသည်။

လုကျိုးသည် နောက်ဆုံး၌ ကျစ်ဝမ်ကျီဆီမှ ယွမ်လန်ဆီ အကြည့်ပို့လျက် မေးလိုက်၏။

“ချင်ရန်ယွဲ့က မင်းကို ဒီကို ဘာလို့ လွှတ်လိုက်တာလဲ”

“ဆရာသခင်ချင်က အမည်မသိ ကုန်းမြေထဲက ဖင်းတန်း ရှေးအပျက်အစီး နယ်မြေကို သွားပြီး ဒါကို ရှာတွေ့ခဲ့တာပါ၊ ဒါ အလွန်အရေးပါတယ်လို့ ပြောခဲ့တယ်။ လူကြီးမင်းဆီကိုလည်း လာပို့ဖို့ တာဝန်ပေးခံထားရတာပါ”

ယွမ်လန်က ပြန်ပြောလိုက်၏။

လုကျိုးက ပိုးထည်သေတ္တာကို ကြည့်လိုက်၏။ ၎င်းက အညိုရောင်ဖြစ်ပြီး အနား၌ သဏ္ဌာန်ထူးကဲသည့် ပုံသဏ္ဌာန်ကွက်များ ရှိနေ၏။ သို့သော် ယင်းက ဟောင်းနွမ်းနေတာ သိသာသည်။ သေတ္တာအစွန်း၌ ဖုန်များကို မြင်တွေ့နိုင်သည်။

“ဖွင့်လိုက်”

လုကျိုးက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ယွမ်လန်က တုံ့ဆိုင်းမနေဘဲ ပိုးထည်သေတ္တာကို ဖွင့်လိုက်သည်။

ကျွီ…

ယွမ်လန်က ၎င်းကို လုကျိုးအား ပေးလိုက်စဉ် သေတ္တာထဲမှ အောက်သိုးသိုး အနံ့က ထွက်လာသည်။

ပိုးထည်သေတ္တာထဲ၌ တန်ဖိုးကြီးသည့်အရာ ရှိလိမ့်မည်ဟု လုကျိုး မထင်ပေ။ ဆိုရလျှင် ချင်ရန်ယွဲ့က ရတနာတစ်ပါးကို မည်သို့ ပေးနိုင်မည်နည်း။ ချင်ရန်ယွဲ့သည် အမှားအမှန် ခွဲခြမ်း စိတ်ဖြာနိုင်ပြီး သိတတ်သူ ဆိုလျှင်တောင် သူ့ကို ရတနာလာပေးစရာ အကြောင်းမရှိပေ။ သို့သော် သေတ္တာထဲရှိ အရာကို မြင်လျှင်မြင်ချင်း မျက်မှောင်ကြုတ်မိသွား၏။

လုကျိုး မျက်မှောင်ကြုတ်တာကို မြင်သောအခါ မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့ကလည်း အံ့ဩသွားလေ၏။ ဆိုရလျှင် သူ့မျက်နှာထက်တွင် စိတ်ခံစားချက်များ ပြသတာ ရှားသည်။ သူတို့အားလုံးက ပိုးထည်သေတ္တာထဲရှိ မည်သည့်အရာကများ သူ့ကို မျက်မှောင်ကြုတ်စေသည်ကို သိချင်နေကြသည်။

ရှောင်ယွမ်အာနှင့် ခရုလေးတို့က သေတ္တာထဲရှိ ပစ္စည်းကို မြင်နိုင်ရန် ခြေဖျားတောင် ထောက်ကြည့်လိုက်သေးသည်။

ဟောင်းနွမ်းနေသည့် အဝါရောင် စာအုပ်တစ်အုပ်က သေတ္တာထဲတွင် ရှိနေသည်။ ၎င်းက ဟောင်းနွမ်းနေသော်ငြား အပေါ်တွင် ထွင်းထုထားသည့် သင်္ကေတများကြောင့် မပျက်စီးသွားအောင် ကာကွယ်ပေးခြင်း ခံထားရ၏။

ဧရာမ စကားလုံး လေးလုံးသာ ပါဝင်သည့် တရားတော်များ၏ ကျမ်းစာ…

ထိုစကားလုးလေးလုံး၌ ထူးခြားနေတာ ဘာမှမရှိပေ။ စိတ်ဝင်စားစရာ ကောင်းသည့် ကိစ္စက ခေါင်းစဉ်အောက်တွင် ရှိနေသည့် အရာပဲ ဖြစ်သည်။ စုတ်တံတစ်ခုဖြင့် ရေးဆွဲထားသည့် သေတ္တာကို ခေါင်းစဉ်အောက်တွင် မြင်တွေ့ရပြီး ထိုအပေါ်၌ အက္ခရာ၂၆လုံး ရေးထားလေ၏။

“…”

ချဲ့ကားပြောနေတာ မဟုတ်။ ဤလောကထဲတွင် လုကျိုးမှ လွဲလျှင် ဤအက္ခရာ ၂၆လုံးကို သိသည့် နောက်ထပ်လူတစ်ယောက်ကို ရှာတွေ့နိုင်ဖို့ အင်မတန် ခက်ခဲလိမ့်မည်။ ထိုအရာအပြင် မိစ္ဆာဝေဟင်မျှော်နန်း ဟူသည့် စကားလုံးသုံးလုံးကိုလည်း ရေးထား၏။

လုကျိုးက စာအုပ်ကို ကိုင်ကာ မယုံနိုင် ဖြစ်နေသည်။

“တရားတော်များရဲ့ကျမ်းစာလား”

ယွမ်လန်က တလေးတစား ပြောလိုက်သည်။

“ဆရာသခင်ချင်က ဒါကို ဖင်းတန်းမှာ ရှာတွေ့တုန်းက စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ထင်ခဲ့တာ။ မိစ္ဆာဝေဟင်မျှော်နန်း ဆိုတဲ့ စကားလုံးကို မြင်တော့ ဒီစာအုပ်က လူကြီးမင်းအပိုင်လို့ ထင်ခဲ့တယ်။ ဖင်းတန်းကို သွားတုန်းက ပျောက်သွားတာ ဖြစ်ကောင်းဖြစ်လောက်မယ် ဆရာကြီး ဘယ်လိုပဲ ဖြစ်ဖြစ် အခု ပိုင်ရှင်ဆီ ပြန်ရောက်သွားပြီ”

ယွမ်လန် ပြောပြီးချိန်တွင် လွှတ်သွားသည့် ပိုးထည်သေတ္တာကို ပိတ်ကာ ဘေးသို့ ဆုတ်လိုက်၏။ ယခု အချိန်တွင် သူ တာဝန် ပြီးမြောက်သွားပြီ ဖြစ်သောကြောင့် ကျန်သည့် အရာများကို အာရုံစိုက်ရန် အချိန်ရှိလာပြီး ပိုစိတ်အေးသွားတော့သည်။ သူက ကျစ်ဝမ်ကျီနှင့် ကျစ်၀ူကျီတို့ကို တစ်ချက်ကြည့်ပြီး ခေါင်းခါကာ တွေးလိုက်တော့သည်။

မမြင်တတ်ကြတဲ့ လူတွေပဲ။

လုကျိုးသည် စာအုပ်ကို ကြည့်မိနေစဉ် သူ့စိတ်ထဲ၌ မတူညီသည့် ခံစားချက်တစ်ရာ ပေါ်ထွက်လာသည်။ ဤနေရတာ မည်မျှ ကြာစေကာမူ ကမ္ဘာမြေပေါ်တွင် သူ သင်ယူခဲ့သည့် အရာများအားလုံးက စိတ်ထဲ စွဲထင်နေသေး၏။ သူ့ ကျင့်ကြံဆင့် မည်မျှ မြင့်စေကာမူ သူ ဤနေရာ၌ မည်မျှ သန်မာစေကာမူ ကိစ္စမရှိပေ။

“ဆရာသခင်ချင် ပြောတာတော့ ဒီစာအုပ်ကို ဆန်းကြယ်တဲ့ သင်္ကေတတွေ ကာကွယ်ထားတယ်။ အားသုံးပြီး ဖွင့်လိုက်မယ် ဆိုရင် စာအုပ် ပျက်စီးသွားလောက်တယ်။ ဆရာသခင်ချင်က သင်္ကေတ ပညာရှင်တွေ ရှာခဲ့ပေမဲ့ ဘယ်သူမှ ဒီသင်္ကေတတွေရဲ့ လျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်ဘူး”

ယွမ်လန်က ပြောလိုက်၏။

ရှောင်ယွမ်အာသည် အဖုံးပေါ်ရှိ စာလုံးသုံးလုံးကို ကြည့်ပြီး ပြုံးလျက် မေးလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းလို့ တကယ် ရေးထားတာပဲ။ ရှစ်စွင်း ဘယ်တုန်းက အဲဒီဖင်း ဘာဆိုတဲ့ နေရာကို သွားလိုက်တာလဲ”

ယွမ်လန်၏ အမူအရာက အနည်းငယ် သဘာဝမကျ ဖြစ်သွားလျက် အနှိမ့်ချဆုံးလေသံဖြင့် ပြောရန် ကြိုးစားလိုက်၏။

“အဲဒါ ဖင်းတန်ပါ”

“ဖင်းတန်…”

ယွမ်လန်က ရှင်းပြလိုက်၏။

“အမည်မသိကုန်းမြေမှာ နေရာ၁၂ခု ရှိတယ်။ ရှေးခေတ်ကာလရဲ့ အချိန် ၁၂ခုကို ရည်ညွှန်းထားတာ။ သူတို့တွေက ယဲ့ပန်း၊ ကျိမင်၊ ဖင်းတန်၊ ရွေ့ချူ၊ ရှစ်ရှစ်၊ ရွေ့ကျုံး၊ ယီတဲ့၊ ဝမ်ရှစ်၊ ရွေရု၊ ဟွမ်ဟွေ၊ ယွမ့်တန်… အမည်မသိကုန်းမြေက ဒီနှစ် ဒီလို ဖြစ်လာပြီးတဲ့နောက် ပင်လယ်နဲ့ တောင်ပြောင်းလဲမှုတွေ ရွေ့လျားမှုတွေ ရှိလာတယ်။ ၂ရက်အတွင်း နေရာအများစုက ရုတ်ခြည်း ပြောင်းလဲသွားနိုင်တာ၊ တည်နေရာကို ကောင်းကောင်း ဆုံးဖြတ်နိုင်ဖို့ ရှေးသူတော်စင်တွေက အနီရောင်မျဉ်းကို ဝင်ရိုးစွန်းအနေနဲ့ သုံးပြီး အမည်မသိ ကုန်းမြေကို ရှေးခေတ်နာရီအလိုက် ၁၂ပိုင်း ခွဲခြားထားတာ”

လူတိုင်းက ခေါင်းညိတ်လိုက်၏။

ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။

“ဒါဆို မဟာပြုန်းတီးမြေကရော…”

ပြီးနောက် သူမက ထပ်ပြောလိုက်သည်။

“မဟာပြုန်းတီးမြေက ယွီကျုံးထက် နားထောင်ရ ပိုကောင်းတယ် ထင်တာပဲ”

ယွမ်လန်က ပြုံးပြီး ပြောလိုက်သည်။

“မဟာပြုန်းတီးမြေက ယွီကျုံးရဲ့ အရင်နာမည်လေ ရှေးခေတ်ရဲ့ ကမ္ဘာမြေအခွဲ ၁၂ခုထဲက တစ်ခုကို ကိုယ်စားပြုတယ်၊ ယွမ့်တန်က မဟာပေးကမ်းခြင်း ကျောင်းတော်ကို ကိုယ်စားပြုသလိုပေါ့။ ယဲ့ပန်းက အကျဉ်းအကြပ်မြေနဲ့ တူညီတယ်။ ဖင်းတန်က…”

“ခဏလေး…”

ရှောင်ယွမ်အာက ပြောပြီး ခေါင်းကုပ်လိုက်၏။

“ကျွန်မအားလုံး မမှတ်နိုင်ဘူး။ ဒီဟာတွေကို နောင်ကျ ကျွန်မရဲ့ ချီရှစ်ရှိုးကို တွေ့တဲ့အချိန်ကျမှ ပြောတာ ပိုကောင်းလိမ့်မယ်”

ရှောင်ယွမ်အာသည် နေရာများ၏ အမည်နှင့် ဇစ်မြစ်ကို ဂရုမစိုက်ပေ။

ယွမ်လန်က ခေါင်းညိတ်ပြီး ဆက်မရှင်းပြတော့ပေ။ ထိုအစား သူက ပြောလိုက်သည်။

“လူသားတွေက အမည်မသိ ကုန်းမြေမှာ နေနေကျ အဲဒီတုန်းက အမည်မသိ ကုန်းမြေလို့ မခေါ်သေးဘူး။ မဟာပြုန်းတီးမြေ၊ မဟာပေးကမ်းခြင်းကျောင်းနဲ့ အကျဉ်းအကြပ်မြေ ဒါတွေက အရင်နာမည်တွေပဲ”

“ဒါဆို မဟာလေဟာနယ် ဘယ်မှာလဲ သိလား”

ရှောင်ယွမ်အာက မေးလိုက်၏။

ယွမ်လန်က ခေါင်းခါလိုက်သည်။

“ကျွန်တော် မပြောနဲ့ ဆရာသခင်ချင်တောင် ဘယ်မှာမှန်း မသိဘူး”

“ဪ…”

ရှောင်ယွမ်အာက ပြောပြီး ရှစ်စွင်းကို လှည့်ကြည့်လိုက်၏။ သူက အက္ခရာ ၂၆ခုကို လေ့လာနေသေးတာကို သူ တွေ့လိုက်ရသည်။

ယင်းကို မြင်သောအခါ ယွမ်လန်က ပြောလိုက်၏။

“ဒါကို အနက်မဖော်နိုင်ရင်လည်း အံ့ဩစရာ မရှိပါဘူး။ ဆရာသခင်ချင်က ဒီစာအုပ်ကို နေရာအနှံ့ယူသွားပြီး အနက်ဖော်ပေးဖို့ ပညာရှင်တွေကို ရှာခဲ့တယ်။ ဘယ်သူမှ အနက်မဖော်နိုင်ဘူး။ ဒါ့အပြင် သူတို့တွေက သာမန်သင်္ကေတနဲ့ မတူဘူး။ ဒါပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်း ဆိုတဲ့ စကားလုံး ရေးထားတယ် ဆိုတော့ အနှေးနဲ့အမြန် ဖွင့်နိုင်မှာ သေချာ…”

ဝှစ်…

လုကျိုးက စာအုပ်ကို ဖွင့်လိုက်၏။ ယင်းသည် သူ ကမ္ဘာမြေပေါ်ရှိစဉ်က ကဲ့သို့ပင် စာကြည့်တိုက်ထဲတွင် ထိုင်ကာ ဟောင်းနွမ်းနေသော စာအုပ်ကို လှန်နေရသလိုပင်။

ယွမ်လန် “…”

လုကျိုးက ယွမ်လန်ကို အာရုံမစိုက်ပေ။ သူသည် စာအုပ်ထဲရှိ အက္ခရာများကို မြင်သောအခါ သူ ယခင်က အမြီးအမှောက်မတည့်သော စကားလုံးများက စိတ်ထဲ၌ ရွှေစာများ တလက်လက် တောက်နေသော ရွှေစာလုံးများ သဖွယ် ပေါ်လာတော့သည်။

လုကျိုးက ထိတ်လန့် အံ့အားသင့်သွား၏။ သူသည် ကောင်းကင်ကျမ်းစာ စွမ်းအင်နှင့် တူညီသည့် စွမ်းအားကို အာရုံခံမိသွား၏။ ထို့ကြောင့် ၎င်းကို အမြန်ပိတ်လိုက်တော့သည်။

...

အခန်း (၁၃၂၀) အပြစ်ဒဏ်

လုကျိုးက စာအုပ်ကို ပိတ်လိုက်သည်နှင့် ကောင်းကင်ကျမ်းမှ သင်္ကေတများက ပျောက်ကွယ်သွားလေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ အပြာရောင်ကြာစိတ်ဝိညာဉ်သဏ္ဌာန်က ဖြည်းဖြည်းချင်း တည်ငြိမ်သွားလေ၏။ စာအုပ်က ကောင်းကင်ကျမ်းနှင့် လိုက်လျောညီထွေ ဖြစ်လိမ့်မည်ဟု ထင်မှတ်မထားဘဲ တစ်ချိန်တည်းဆိုသလို သူ့စိတ်ထဲ စကားလုံးတစ်လုံး ထွက်ပေါ်လာလေ၏။

ဘာကြောင့်လဲ

သူ့ကို အံ့အားသင့်သွားစေသည်က အဖုံးပေါ်တွင် စာလုံး၂၆လုံး ရှိ၏။ ထိုအရာကလွဲ၍ စာအုပ်ကို ဖွင့်နိုင်မည့် စကားဝှက်က

“လရောင်က ပင်လယ်ပင်ပေါ် ဖြာကျနေတယ်။ အဝေးကနေ ငါတို့တွေက ဒီအခိုက်အတန့်ကို အတူတူမျှဝေနေကြတယ်”

အဆုံးသတ်၌ သူက မေးခွန်းများစွာ ရှိနေသော်လည်း အဖြေမရသေးပေ။

သူက ဤနေရာတွင် များစွာ တွေ့ကြုံခဲ့ရသော်လည်း ဘာမှမသိရသေးပေ။

ယွမ်လန်က ချင်ရန်ယွဲ့သည် ဖျင်တန်တွင် စာအုပ်ကို တွေ့ခဲ့ကြောင်း ပြောခဲ့၏။ ထိုအရာအပေါ် မူတည်၍ ကျိထျန်းတောက်က ယွီကျုံးကို သွားခဲ့ရုံသာမကဘဲ ဖျင်တန်ဆီပါ ရောက်ခဲ့မည်ဖြစ်ကြောင်း သေချာနေသည်။ ကျိထျန်းတောက်က မဟာလေဟာနယ်မျိုးစေ့ ဆယ်ခုကို ရရှိရုံသာမကဘဲ ကျင့်ကြံရေးနည်းစနစ်နှင့် ရတနာများစွာကိုလည်း ရရှိခဲ့လိမ့်မည်။ မိစ္ဆာဝေဟင်မျှော်နန်းက ကျင့်ကြံသူအားလုံး၏ ပစ်မှတ်ဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။

အပြစ်ကင်းသူတစ်ယောက်သည် ရတနာများစွာ ပိုင်ဆိုင်သည့်အတွက် အပြစ်ရှိလာနိုင်သည်။ ကျိထျန်းတောက်က ထိုအရာများကို ရဖို့ မည်သည့်နည်းလမ်းကို အသုံးပြုစေကာမူ ဤသည်က ပွင့်ချက်၈လွှာကျင့်ကြံသူက လက်ဝယ်ပိုင်နိုင်သည့်အရာ မဟုတ်ပေ။

တစ်နည်းနည်းဖြင့် ကျန့်ဝမ်ရွှိ ပြောသည်က မှန်ကန်နေလေ၏။ အကယ်၍ ရွှေကြာကျင့်ကြံသူများက ပွင့်ချပ်၈လွှာအဆင့်တွင် ထာဝရရှိနေပါက အနက်ရောင်ကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေ သို့မဟုတ် အစိမ်းရောင်ကြာနယ်မြေတို့သည် ရွှေကြာနယ်မြေကို ဤမျှစိတ်ဝင်စားကြမည် မဟုတ်ပေ။

မျှခြေကို ထိန်းညှိဖို့ရာအတွက် မျှခြေထိန်းညှိသူများကလည်း ရွှေကြာနယ်မြေ၏ အခြေအနေကို တစ်ချိန်လုံး ထိန်းသိမ်းထားရလိမ့်မည်။ လွတ်လပ်သူများပင် အလျင်စလို လှုပ်ရှားရဲမည် မဟုတ်ပေ။

လုကျိုးက ရွှေကြာနယ်မြေရှိ လတ်တလော အဖြစ်အပျက်များသည် မျှခြေထိန်းညှိသူများက အမည်မသိအပြောင်းအလဲများကို ဖယ်ရှားပြီး၍ဖြစ်ကြောင်း တွေးလိုက်မိ၏။

ယွမ်လန်၏ အမူအရာက အံ့အားသင့်သွားကာ ဦးညွှတ်ကာ ပြောလိုက်သည်။

“လောင်ချန်းပေ့ စာအုပ်ကို ဖွင့်နိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်”

လုကျိုးက ယွမ်လန်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါ ဒီစာအုပ်ကို စိတ်မဝင်စားတော့ဘူး။ ချင်ရန်ယွဲ့ဆီ ပြန်ပြီးတော့ ဒီဟာကို အသိအမှတ်ပြုတယ်လို့ ပြောလိုက်”

ယွမ်လန်က ပြောလိုက်သည်။

“ကျုပ်တို့က မူလပိုင်ရှင်ဆီကို ပြန်ပေးရုံသက်သက်ပါပဲ”

လုကျိုးက ခေါင်းညိတ်ကာ ယွမ်လန်ကို ချီးကျူးလိုက်သည်။

“ကောင်းပြီ”

ယွမ်လန်က ဘေးဖက်ကို နောက်ဆုတ်လိုက်သည်။ ဆိုလိုသည်မှာ ချင်မျိုးနွယ်နှင့် မိစ္ဆာဝေဟင်မျှော်နန်းကြားမှ ပဋိပက္ခကို ဖြေရှင်းပြီးသွားပြီဟု ဆိုလိုနေလေ၏။

လုကျိုးက လက်ကိုဝှေ့ပြီး စာအုပ်ကို သိမ်းဆည်းပြီးသည့်နောက်တွင် ဝမ်ကျီကို ကြည့်ကာ မေးလိုက်သည်။

“ဒီနေ့ ကိစ္စကို ဘယ်လိုဖြေရှင်းမယ်လို့ စဉ်းစားထားလဲ”

ကျစ်ဝမ်ကျီက ပြန်ဖြေလိုက်သည်။

“ဒီနေ့ ကျုပ်တို့ အလျင်စလို ပြုမူမိသွားပါတယ်။ ဒီနေ့ကိစ္စအတွက် သေချာတောင်းပန်ပါမယ်”

မင်ရှစ်ရင်က ရေရွတ်လိုက်သည်။

“တောင်းပန်တာက အသုံးဝင်တယ်ဆိုရင် ဘာလို့ အကျဉ်းထောင်တွေ ရှိနေဦးမှာလဲ”

“…”

ကျစ်ဝမ်ကျီက မေးလိုက်သည်။

“လောင်ချန်းပေ့ ကျုပ်စိတ်ထဲက စကားအနည်းငယ်ကို ပြောလို့ရမလား”

“ပြော”

“အရင်ဆုံးပြောရမယ်ဆိုရင် ကျုပ်ရဲ့ အုပ်ချုပ်သူကို နာခံပြီးတော့ တာဝန်တွေကို လုပ်နေရုံပါ။ အရှင်မင်းကြီးက ကျုပ်ကို သေစေချင်တယ်ဆိုရင် ကျုပ်အသက်မရှင်နိုင်ပါဘူး။ တကယ်လို့ အရှင်မင်းကြီးက ကျုပ်ကို အရှေ့ဘက် သွားခိုင်းတယ်ဆိုရင် ကျုပ် အနောက်ကို သွားရဲမှာ မဟုတ်ပါဘူး”

သူက ခေတ္တမျှနားပြီးသည့်နောက်တွင် ဆက်လက်ပြောလိုက်သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်သူကမှားတယ်၊ ဘယ်သူကမှန်တယ်ဆိုတာ အရေးမကြီးဘူး။ တကယ်လို့ လုပ်နိုင်မယ်ဆိုရင်တော့ အရှင်မင်းကြီးနဲ့တွေ့ဖို့ ဖိတ်ကြားချင်ပါတယ်။ အရာအားလုံးကို အရှင်မင်းကြီးရဲ့ အကဲဖြတ်မှုမှာပဲ ထားရမှာမလို့ပါ”

ကျစ်ဝမ်ကျီ၏ နောက်ဆုံးစကားက ကျယ်လောင်ပြီး ယုံကြည်ချက်ရှိလှသည်။

မင်ရှစ်ရင်က မျက်လုံးဝှေ့ကာ ပြောလိုက်၏။

“ခင်ဗျားကို အမှန်အတိုင်း ပြင်ပေးလိုက်မယ်။ ခင်ဗျားက အသုံးချခံဆိုပေမဲ့ ကျုပ်တို့က မဟုတ်ဘူး။ အရှင်မင်းကြီးအကြောင်း ဆက်တိုက်ပြောပြီး ဘယ်သူ့ကို ခြောက်ဖို့ ကြိုးစားနေတာလဲ။ အဲဒါကလွဲရင် ဘယ်သူက ခင်ဗျားရဲ့ ဧကရာဇ်လဲ။ လူတိုင်းက ကျုပ်ရှစ်စွင်းနဲ့ တွေ့ဖို့ ထိုက်တန်တယ်များ ထင်နေလား”

“…”

မင်ရှစ်ရင်က ပြောလိုက်သည်။

“တကယ်လို့ သူက ကျုပ်ရှစ်စွင်းကို တွေ့ချင်တယ်ဆိုရင် သူကိုယ်တိုင်လာပြီး တွေ့သင့်တယ်”

မဟာချင်၏ ဧကရာဇ်၏ အဆင့်အတန်းက မည်မျှပင် မြင့်မားစေကာမူ မိစ္ဆာဝေဟင်မျှော်နန်းရှိလူများနှင့် မသက်ဆိုင်ပေ။

ကျစ်ဝမ်ကျီက ထိုစကားများကြောင့် ဆွံ့အသွားလေ၏။

ဤတစ်ကြိမ် လုကျိုးက ပြောလိုက်သည်။

“ဒါတွေအားလုံးက ဧကရာဇ်ရဲ့ အစီအစဉ်လို့ ပြောတယ်မလား”

ကျစ်ဝမ်ကျီက တိတ်ဆိတ်နေလေ၏။ ထိုအရာက နှုတ်ဆိတ်လျက် သဘောတူညီမှုကို ပြသနေသလိုသာ ဖြစ်သည်။

လုကျိုးက ထိုင်ခုံကို အသာပုတ်ရင်း ထရပ်လိုက်သည်။

“ကျောင်းစံအိမ်နှင့် ပတ်သက်ပြီး ဒီကိစ္စကို ဘာမှမပြောတော့ဘူး။ ဒါပေမဲ့ မင်းက ငါ့တပည့်ကို ဒဏ်ရာရအောင် လုပ်တယ်။ အဲဒီကိစ္စကိုတော့ လွှတ်မပေးနိုင်ဘူး”

“ဒါက …”

ကျစ်ဝမ်ကျီက လုကျိုး၏ ရုတ်ခြည်းဆိုသလို အပြောင်းအလဲကြောင့် တုန်လှုပ်သွားလေသည်။

လုကျိုးက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး လက်နောက်ပစ်ကာ ပြောလိုက်သည်။

“အပြစ်ဒဏ်အနေနဲ့ သူ့မွေးဖွားဇယားချပ်ကို ဖျက်ဆီးလိုက်”

“…”

ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က လုကျိုး၏ အသံကို ကြားသည့်အခါ နောက်ဆုတ်လိုက်ကြသည်။

ကျင့်ကြံသူများစွာကလည်း သူတို့ညီအစ်ကိုနှစ်ယောက်ရှေ့တွင် မားမားမတ်မတ်ရပ်ပြီး ရန်သူတော်နှင့် ရင်ဆိုင်ရသလိုမျိုး ဖြစ်နေလေ၏။

ကျိုးဖျင့်က သူ့လူနှစ်ယောက်ကို တွဲရင်း နောက်ဆုတ်လိုက်သည်။

ဓားသမား၄၉ယောက်ထဲက ယွမ်လန်က ခေါင်းယမ်းကာ ပြောလိုက်သည်။

“ဘာလို့များ စိတ်သောကရောက်ခံနေတာလဲ။ ခင်ဗျားတို့က ရထားလုံးကို ရွှေ့ဖို့ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ” ယွမ်လန်က သူသာ ကျစ်ဝမ်ကျီ၏ နေရာတွင်ရှိပါက မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးမှုကို ဝမ်းပန်းတသာ လက်ခံလိုက်မည်။ အကယ်၍ ဤကိစ္စကို ဆက်လက်ချဲ့ကားပါက အပြစ်ဒဏ်သည် မွေးဖွားဇယားချပ် တစ်ခု ဆုံးရှုံးသည်ထက် ပိုမိုဆိုးရွားသွားနိုင်၏။

ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ဒဏ်ရာမှ အနည်းငယ် သက်သာလာသည့် ကျိုးဖျင့်က လက်နှစ်ဖက်ယှက်ကာ မေးလိုက်သည်။

“လောင်ချန်းပေ့ ဒီလိုရက်စက်မှ ဖြစ်မှာလား”

လုကျိုးက လက်ကို ဆန့်ထုတ်လိုက်သည်။

မိစ္ဆာဘုန်းကြီး၏ လက်ဟန်စည်းတံဆိပ်က ကျိုးဖျင့်ဆီ ချက်ချင်းဆိုသလို ရောက်ရှိလာ၏။

အားလုံးက ဖြူဖျော့သွားကြလေသည်။

မိစ္ဆာဘုန်းကြီး၏ လက်ဖဝါးစည်းတံဆိပ်က အားနည်းသည့် မြင်းတပ်အဖွဲ့ဝင်များကို အလွယ်တကူ လွင့်စဉ်သွားစေသည်။

ဘန်း ဘန်း ဘန်း

မိစ္ဆာဘုန်းကြီး၏ လက်ဟန်စည်းတံဆိပ်က ကျိုးဖျင့်ကို လျှပ်စီးလိုအလျင်ဖြင့် ဆွဲကိုင်လိုက်သည်။

ဝုန်း

ကျိုးဖျင့်က စွမ်းအင်စည်းတံဆိပ်များကို ထုတ်လွှတ်ပြီး မိစ္ဆာဘုန်းကြီး၏ လက်ဟန်စည်းတံဆိပ်ကို တောင့်ခံဖို့ ကြိုးစားလိုက်သည်။

စွမ်းအင်စည်းတံဆိပ် ထိပ်တိုက်တွေ့ဆုံသံများက မိုးခြိမ်းသံသဖွယ် ကျယ်လောင်လာသည်။

ဝုန်း ဝုန်း ဝုန်း

ထိပ်တိုက်တွေ့ဆုံမှုမှ ပတ်ဝန်းကျင်ကိုပင် လှိုင်းလုံးများ ပျံ့လွင့်သွားစေသည်။

ကျိုးဖျင့်၏ လက်အောက်ငယ်သား ၉၇ယောက်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရပြီးသည့်နောက်တွင် စွမ်းအင်စည်းတံဆိပ်ကြောင့် လွင့်စဉ်သွားကြသည်။

ထိုစဉ် ကျိုးဖျင့်က ဆက်လက်ရုန်းကန်နေဆဲ ဖြစ်၏။

ဤတစ်ကြိမ် ကျစ်ဝမ်ကျီက အော်ပြောလိုက်သည်။

“သွားမယ်”

သူက ကျစ်ဝူကျီကို ဆွဲကာ တခြားသော ကျင့်ကြံသူများနှင့်အတူ ခြံဝန်းမှ ထွက်သွားကြလေ၏။

မြင်းတပ်အဖွဲ့ဝင်များကလည်း ကောင်းကင်အထက် ပျံသန်းသွားကြသည်။

သူတို့ပြောသည်ကို မစောင့်ဆိုင်းဘဲ ယွမ်လန်က အော်ပြောလိုက်၏။

“သူတို့ကို တားကြ”

ကျောင်းစံအိမ်၏ ကောင်းကင်အထက် အစိမ်းရောင်စွမ်းအင်တိုင် ၄၈ခု ထွက်ပေါ်လာပြီး အစီအရင်အသွင် ပြောင်းလဲကာ ကောင်းကင်ကို လွှမ်းခြုံထားလေသည်။

သိပ်မကြာခင် ပိုမိုအားကောင်းသည့်သူတစ်ယောက် ပေါ်ထွက်လာလေ၏။

ကျစ်ဝမ်ကျီက တအံ့တဩ ရေရွတ်လိုက်သည်။

“ဆရာသခင်ဖန်လား”

ဖန်ကျုံးက ရုန်းကန်နေရဆဲဖြစ်သည့် ဒဏ္ဍာရီလာ တပ်ဖွဲ့ခေါင်းဆောင် ကျိုးဖျင့်နှင့် မသာမယာဖြစ်နေသည့် ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ကျစ်ဝမ်ကျီလား”

ကျစ်ဝမ်ကျီက လုကျိုးကို ကြည့်ကာ ပြောလိုက်သည်။

“လောင်ချန်းပေ့ ဒါက ကျုပ်ရဲ့ နဂိုရည်ရွယ်ချက် မဟုတ်ပါဘူး။ နှုတ်ဆက်ပါတယ်”

ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က ရုတ်ခြည်းဆိုသလို လှည့်ကာ အလင်းတန်းအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားကြသည်။

ထိုအရာကို မြင်ကာ ဖန်ကျုံးက ရေရွတ်လိုက်၏။

“ဧကရာဇ်ရဲ့ အမြွာနှစ်ယောက်ဆိုတဲ့အတိုင်းပဲ။ ကျစ်ဝမ်ကျီနဲ့ ကျစ်ဝူကျီတို့က ယင်နဲ့ ယန်လိုမျိုး ဆက်နွယ်နေတာပဲ”

ဘန်း

အလင်းတန်းနှစ်ခုက ပိုက်ကွန်ကို ချိုးဖောက်သွားပြီး မိုးကုတ်စက်ဝန်းအတွင်း ပျံသန်းထွက်ခွာသွားလေသည်။

“ဖန်ကျုံး” လုကျိုးက လှမ်းခေါ်လိုက်သည်။

ဖန်ကျုံးက ကြောင်အမ်းသွားလေ၏။ သူက ပြောလိုက်သည်။

“အစ်ကိုလုက ဒီရောက်နေတယ်ဆိုလို့ လာတွေ့တာပါ”

“ကျစ်ဝမ်ကျီနဲ့ ကျစ်ဝူကျီတို့ကို တားလိုက်” လုကျိုးက ပြောလိုက်သည်။

“ဒါက…” ဖန်ကျုံးက တုံ့ဆိုင်းနေမိသည်။ အကယ်၍ ဖြစ်နိုင်ပါက သူက မည်သူ့ကိုမှ ရန်မစလိုပေ။

ဖန်ကျုံးက ကြားနေအခြေအနေတွင် နေဖို့ ကြိုးစားခဲ့လေသည်။ ယခင်က ထုံပါစစ်ချန်သည် သူနှင့် အလုပ်တွဲလုပ်ဖို့ ဖျောင်းဖျခဲ့ဖူး၏။ သို့သော် သူက တုံ့ဆိုင်းခဲ့ဖူးသည်။ အခု လုကျိုးက ဧကရာဇ်၏ အမြွာနှစ်ယောက်ကို တားဆီးဖို့ တောင်းဆိုလာသည့်အခါ သူက တုံ့ဆိုင်းနေပြန်၏။ ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က မဟာချင်ဧကရာဇ်၏ လက်အောက်ငယ်သားများဖြစ်ပေသည်။ သူတို့က ထင်ရသလောက် မရိုးရှင်းပေ။

လုကျိုးက ကျိုးဖျင့်ကို ဆွဲကိုင်ပြီး မေးလိုက်သည်။

“မင်းက မလုပ်ချင်ဘူးလား” ဖန်ကျုံးက ခေတ္တမျှ တွေးပြီးသည့်နောက်တွင် ပြောလိုက်သည်။

“အစ်ကိုလု ခဏလောက်စောင့်ပေးပါ”

ဝှစ်

ဖန်ကျုံးက လှုပ်ရှားလိုက်ပြီး လေဟာနယ်က တွန့်လိမ်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်း သူက ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့ ရှေ့မှောက်ပေါ်ထွက်လာ၏။

ဖန်ကျုံး၏ အရိပ်က ထိုသူနှစ်ယောက်ရှေ့ကျရောက်လာသည့်အခါ သူတို့က ခေါင်းမော့ပြီး ကြည့်လိုက်ကြသည်။

“ဆရာသခင်ဖန် ဘာလို့ ဒီလိုလုပ်ရတာလဲ”

“မင်းက ငါ့မိတ်ဆွေကို ရန်စခဲ့တာကို ထွက်ပြေးချင်တုန်းလား။ ချက်ချင်းပြန်လိုက်ခဲ့” တစ်ချိန်တည်းဆိုသလို ကောင်းကင်မှ လက်ဝါးစည်းတံဆိပ်များစွာ ပေါ်ထွက်လာပြီး ညီအစ်ကိုနှစ်ယောက်ကို ထိမှန်လာခဲ့သည်။ ထိုထူးကဲသည့်စွမ်းအားက ညီအစ်ကိုနှစ်ယောက်အား မလှုပ်မယှက်ဖြစ်သွားစေ၏။

ဝုန်း

သိပ်မကြာခင် ညီအစ်ကိုနှစ်ယောက်က ကောင်းကင်မှ ပြုတ်ကျလာပြီး သွေးအန်လိုက်ရသည်။

ဤတစ်ကြိမ် အသက်ရှည်ဓားက ပျံသန်းထွက်လာလေ၏။

ယွီရှန်းရုန်က နည်းနည်းလေးမှ မလှုပ်ရှားဘဲ အသက်ရှည်ဓားကို အဝေးမှ ထိန်းချုပ်နေခြင်း ဖြစ်သည်။

အနီရောင်ဥက္ကာပျံနှင့်တူသည့် အသက်ရှည်ဓားက ကောင်းကင်ယံဆီ ထိုးဖောက်လာပြီး ညီအစ်ကိုနှစ်ယောက်၏ ကာကွယ်ရေးစွမ်းအားများကို ထိုးဖောက်သွားလေသည်။

ဝုန်း ဝုန်း ဝုန်း

…

All Chapters