အခန်း (၁၃၂၁-၁၃၂၃)
Vol. 89 Ch. 1321-1323
အခန်း (၁၃၂၁) မွေးဖွားဇယားချပ်နှစ်ခု
ယွီရှန်းရုန်က အမည်မသိကုန်းမြေတွင် ရှိစဉ်က သူ၏အချိန်အများစုကို ဓားလမ်းစဉ်ကျင့်ကြံရာ၌ အသုံးပြုခဲ့သည်။ သူ၏ခွန်အားကို မြှင့်တင်ရန်နှင့် သူ၏ကျင့်ကြံဆင့်ကို မြှင့်တင်ရန်ဓားလမ်းစဉ်ကို သုံးခဲ့၏။ သူသည် သားရဲဘုရင်၏အသက်ဓာတ်နှလုံးသားကို စုပ်ယူရန် ၁၀ရက်မှ လဝက်ခန့် အချိန်ယူရသောကြောင့် အသက်ဓာတ်အားလုံးကို စုပ်ယူရန် အချိန်မသုံးနိုင်ခဲ့ပေ။
ဤနေရာရှိ လူအများစုသည် အစောတုန်းက ယွီရှန်းရုန်၏ဓားလမ်းစဉ်ကို မျက်မြင်တွေ့ခဲ့၏။
မြင်းသည်တော်တို့သည် သူတို့အသတ်မခံရခင် ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးတောင်မရှိခဲ့ပေ။ ချုံးချီက အစွမ်းထက်သော်ငြား ၎င်းက လူသတ်ကွက်သာ ထုတ်သုံးနိုင်၏။
လူတိုင်းသည် ယွီရှန်းရုန်က သက်တော်ရှည်ဓားကို ဤမျှအကွာအဝေးကနေ ထိန်းချုပ်နေတာကို မြင်သောအခါ ထိတ်လန့်သွားတော့သည်။
ဓားသမား ၄၉ယောက်က တိုက်ခိုက်ချင်သော်ငြား ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့ကို ပိုင်းဖြတ်သွားသည့် ကြမ်းတမ်းခက်ထန်သည့်ဓားကြောင့် ထိတ်လန့်သွားလေ၏။
ဓားသမား ၄၉ဦးကလည်း ပညာရှင်များ ဖြစ်သော်ငြား မည်သူကမှ ယွီရှန်းရုန်၏ဓားထိန်းချုပ်ပုံကို နားလည်နိုင်စွမ်းမရှိကြပေ။
သက်တော်ရှည်ဓားက ကြောက်မက်ဖွယ်ဓားမုန်တိုင်းသဖွယ် စွမ်းအင်လှိုင်းတစ်ခုထုတ်လွှတ်ပြီး ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့၏ကာကွယ်ရေးစွမ်းအင်များ အပြည့်အဝပြိုကွဲသွားသည့်အပြင် ဆက်လက် ပိုင်းဖြတ်လိုက်၏။ ပြီးနောက် သက်တော်ရှည်ဓားသည် ၎င်းပစ်မှတ်များ၏ သေကွင်းသေကွက်များကို ထိုးဖောက်ရန် တုံ့ဆိုင်းမနေပေ။
ချက်ချင်းပင် သွေးများက နေရာအနှံ့လွင့်စဉ်သွားလေ၏။
စွမ်းအင်ဓားတို့က လေထဲကခုန်နေကြသည်။
ဖုန်း
လုကျိုးက မျက်ခုံးတစ်ဖက်ပင့်လိုက်၏။ မည်သူပင် ကြည့်စေကာမူ ဖန်ကျုံး၏များပြားလှသော ခွန်အားနှင့် ယွီရှန်းရုန်၏ပြီးပြည့်စုံသော ပံ့ပိုးမှုကြောင့် ညီနောင်နှစ်ယောက်သည် သူတို့၏ မွေးဖွားဇယားချပ်များ ဆုံးရှုံးလောက်၏။ သို့သော်ငြား ယခုအချိန်ထိတိုင် ညီအစ်ကိုနှစ်ယောက် မွေးဖွားဇယားချပ် ဆုံးရှုံးကြောင်း ညွှန်ပြသည့် အရိပ်အယောင်မတွေ့ရသလို ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်လည်း မတွေ့ရပေ။
ယွီရှန်းရုန်က လက်ဝေ့ယမ်းလိုက်ကာ သက်တော်ရှည်ဓားက ဓားအိမ်ထဲပြန်ရောက်လာ၏။ ပြီးနောက် သူက ပြောလိုက်တော့သည်။
“သူတို့တွေမှာ မွေးဖွားဇယားချပ်ကို ကာကွယ်ပေးဖို့ ရုပ်သေးထက်တောင် ပိုတောင်သန်မာတဲ့နည်းလမ်း ရှိလောက်တယ်”
ယွမ်လန်က ခေါင်းခါလိုက်၏။ “မဟုတ်ဘူး”
လုကျိုးက ယွမ်လန်ကို ကြည့်ကာ မေးလိုက်သည်။ “မင်း တစ်ခုခု သိထားလား”
ယွမ်လန်သည် ယခုအခါအုတ်ဂူကြီးနှင့်နီးကပ်ရန် ရွှေရောင်အခွင့်အရေးမှန်း သိလိုက်၏။ သူက ယင်းကို အမြတ်မထုတ်လျှင် သူ၏မိဘဘိုးဘေးနှင့် ချင်ရန်ယွဲ့ကို စိတ်ပျက်စေလိမ့်မည်။ ထို့ကြောင့် အမြန်ရှင်းပြလိုက်၏။
“ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က ဆက်နွယ်နေတာပါ။ သူတို့အသက်တွေက တစ်သားတည်း ပေါင်းစည်းထားတယ်။ သူတို့ကအတိတ်တုန်းက မဟာကျင်းရဲ့ပညာရှင်တွေလေ။ သူတို့မဟာကျင်းမှာ ရှိတုန်းက အသက်မျှဝေတဲ့နည်းစနစ်တစ်ခုကို ကျင့်ကြံထားတာ။ သူတို့အသက်ကို မျှဝေထားရုံတင်မကဘူး သူတို့သက်တမ်းကိုလည်း လွတ်လွတ်လပ်လပ်ကူးပြောင်းပေးနိုင်တယ်။ ရှောင်တောင်ပေါ်က တိုက်ပွဲကာလအတွင်း မုန့်မင်ရှစ်က တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး မဟာကျင်းကို အနိုင်ယူခဲ့တာ။ ဒီကိစ္စပြီးတော့ ညီနောင်နှစ်ယောက်က မဟာချင်ရဲ့ဧကရာဇ်ကို သစ္စာခံပြီး ညာလက်ရုံးဖြစ်လာတာပဲ” ယွမ်လန်က ဆက်ပြောလိုက်၏။
“ဒီလျှို့ဝှက်နည်းစနစ်က ကပ်ပါးနည်းစနစ်နဲ့ဆင်တူပေမဲ့ ပိုပြီး အဆင့်မြင့်တယ်။ ကျစ်ဝမ်ကျီက ကျစ်ဝူကျီနဲ့ ပြင်းထန်တဲ့နေရာတွေကို မျှဝေပေးနိုင်ပြီး အပြန်အလှန်အနေနဲ့ ဒဏ်ရာလျော့ပါးစေတယ်။ ဒါ့အပြင် သူတို့က ဒဏ်ရာတွေကို တစ်ဖက်သူရဲ့ခန္ဓာကိုယ်ဆီ ပို့ပေးနိုင်တယ်။ သူတို့က ခေါင်းဖြတ်လိုက်ရင် ဒါမှမဟုတ် နှလုံးကိုထိုးစိုက်လိုက်ရင်တောင် သူတို့ရှင်နိုင်သေးတယ်”
“တိတိကျကျပြောရရင် သူတို့အသက်တွေက ဆက်နွယ်နေရုံမကဘူး သူတို့ရဲ့ ထူးကဲချီသွေးကြောရှစ်ခုကလည်း ဆက်နွယ်နေတယ်။ သူတို့တွေက တီကောင်တွေလိုမျိုးပဲ။ တီကောင်တွေကို မြေနဂါးတွေလို့ တစ်ခါတလေမှာ လူသိများတယ်လေ။ ပုံမှန်တီကောင်တွေက ဒုလုံးရှည်သထက်ရှည်ပြီး အရိုးမရှိဘူး။ တီကောင်တချို့က ဖြတ်တောက်ခံလိုက်ရတဲ့ အစိတ်အပိုင်းတွေတောင် ပေါက်နိုင်တယ်။ ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီရဲ့နည်းစနစ်က အဲ့ဒီတီကောင်တွေထက်တောင် ပိုတောင်ကောင်းတယ်” ယွမ်လန်ကပြောလိုက်၏။ သူ၏ရှင်းပြချက်က နားလည်ရန်မခက်ခဲလွန်းဖို့ မျှော်လင့်မိသည်။ သူက လှည့်ကြည့်လိုက်ရာ လုကျိုးနှင့် ကျန်သည့်သူများ အတော်လေးတည်ငြိမ်နေတာ တွေ့လိုက်ရသည်။
သို့သော်ငြား ရှောင်ယွမ်အာ၏တုံ့ပြန်မှုက အနည်းငယ် လွန်ကဲပုံပေါ်၏။ သူမကလက်ညှိုးဖြင့် နားနှစ်ဖက်ကို ဆို့ထားသည်။ ယွီရှန်းရုန်က ယဉ်ကျေးစွာ မေးလိုက်သည်။
“ကျုပ် မေးတာဖြေပေးတာ ကျေးဇူးပါပဲ လူကြီးမင်း”
ယွမ်လန်က ခေါင်းခါလိုက်၏။ “ဒါဘာမှမဟုတ်ပါဘူး”
မင်ရှစ်ရင်က ခွဲခွာချိတ်ကောက်ကို ဆွဲထုတ်ပြီး ယွမ်လန်ကို ပြောလိုက်၏။ "သူတို့ကို ဘယ်လို သတ်ရမလဲ ပြောပြ”
“အမ်” ယွမ်လန်က မဝံ့မရဲပြောလိုက်၏။ "ကျုပ် ကျုပ် အဲ့ဒါကို မသိပါဘူး”
မင်ရှစ်ရင်သည် အနည်းငယ်ဆွံ့အသွားလေ၏။ ခဏအကြာ၌ သူက ပြောလိုက်သည်။
“မင်းရဲ့ရှင်းပြချက်ကို ကြည့်ရင် သူတို့သေဖို့မဖြစ်နိုင်ဘူးလို့ ဆိုလိုတာမလား”
ထိုစဉ် ဖန်ကျုံးက ကျောင်းစံအိမ်၏ဝေဟင်ဆီသို့ လှစ်ခနဲ ပျံသန်းသွား၏။ ပြီးနောက် နောက်ထပ် လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်လွှင့်လိုက်သည်။
ဖုန်း
၎င်းက ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီပေါ် တိတိကျကျ ကျရောက်သွားပြီး သူတို့ကို သွေးအန်စေသည်။ ယင်းကို မြင်သောအခါ ဖန်ကျုံးက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက လှည့်လာကာ လုကျိုးဖက်လှည့်ပြီး လက်သီးဆုပ်မိုးလိုက်၏။
“အစ်ကိုလု”
“ကျုပ်ရဲ့ရှစ်စွင်းကို အဲ့လိုမခေါ်နဲ့။ သူက ခင်ဗျားရဲ့အစ်ကိုမဟုတ်ဘူး” မင်ရှစ်ရင်က ပြောလိုက်၏။
ဆိုရလျှင် သူတို့ရှစ်စွင်းနှင့် ရင်းနှီးချင်သည့်သူ မပြတ်လပ်ပေ။ ပုံမှန်ဆို မင်ရှစ်ရင်က ဤကဲ့သို့သော လူမျိုးပိုရှိတာကို စိတ်ထဲမထား။ သို့သော် ကြားနေရန်ထိန်းလျက် လေလာရာယိမ်းတတ်သည့် ဖန်ကျုံးကို တကယ်သဘောမကျ။
ဖန်ကျုံး “...”
ဖန်ကျုံးက ရှက်ရွံ့သွားကာ မည်သည်ကို ပြောရမည်မှန်းမသိတော့ပေ။
“မရိုင်းနဲ့” လုကျိုးက နောက်ဆုံး၌ ပြောလိုက်၏။
ဤနည်းဖြင့် မင်ရှစ်ရင်က ရှေ့သို့တစ်လှမ်းတိုးကာ စကားပြောရပ်တန့်သွားသည်။
ဖန်ကျုံးက ပြောသည်။ “ဒါက အသေးအမွှားလေးပါပဲ။ ဆရာသခင်တစ်ပါးအနေနဲ့ ကျုပ်က ဒီလိုကိစ္စလေးကြောင့် အစော်ကားခံရတယ်ဆိုရင် အသက်ရှင်လာတာ အချည်းနှီး ဖြစ်သွားမှာမဟုတ်ဘူးလား”
လုကျိုးက ခေါင်းညိတ်လျက်ပြောလိုက်၏။ "မင်း ငါ့ကိုကူညီပေးခဲ့တယ်ဆိုတော့ မင်းကိုလည်း အဲ့လိုပဲ ဆက်ဆံပေးရမှာပေါ့”
ဆရာသခင်တစ်ပါးကို အမိန့်ပေးနိုင်ခြင်းက အစိမ်းရောင်ကြာနယ်မြေတွင် မမှန်းဆနိုင်သည့် အရာဖြစ်သည်။
ဖန်ကျုံးက ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီကို လက်ညှိုးထိုးပြလိုက်၏။ "ဒီလူနှစ်ယောက်က မဟာကျင်းကပဲ။ သူတို့တွေက အသက်မျှဝေနည်းကို သုံးကြတာ။ သူတို့ကို သတ်ဖို့မလွယ်ပေမဲ့ မသတ်နိုင်တာမဟုတ်ဘူး”
ထိုစကားကို ကြားသောအခါ မင်ရှစ်ရင်၏မျက်နှာပေါ်၌ အပြုံးတစ်ပွင့် ချက်ချင်းဖူးပွင့်လာလေ၏။
“ဟုတ်ပြီ။ အစောတုန်းက ကျုပ်ပြောတာ မေ့လိုက်တော့”
“ဟုတ်ပါပြီ။ ကျုပ်လည်း စော်ကားတယ်လို့ မမှတ်ပါဘူး”
“ဒါဆို သူတို့ကို ဘယ်လိုသတ်မလဲ” မင်ရှစ်ရင်သည် ခွဲခွာချိတ်ကောက်ကို ထုတ်လျက် ၎င်းကို သူ၏အင်္ကျီလက်ဖြင့် သုတ်ကာ စိတ်အားထက်သန်စွာ မေးလိုက်၏။
ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့သည် အခြားသူများ သူတို့ကို သတ်ဖို့ သာမန်ကာလျှံကာဆွေးနွေးနေတာကို မည်သို့ နားထောင်နိုင်မည်နည်း။ သူတို့ မွန်းကြပ်လာသော်ငြား သူတို့သတ်နိုင်တာ ဘာမှမရှိပေ။ ခဲရာခဲဆစ်ဖြင့် ထရပ်ပြီးနောက် သူတို့က ဖန်ကျုံးကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။
“ဆရာသခင်ဖန် ... ခင်ဗျား”
ဖန်ကျုံးက လှည့်လာကာ ဖြတ်ပြောလိုက်၏။ "ငါ့ကို အပြစ်မတင်နဲ့။ မင်းတို့ငါ့ကို ဖိတ်တုန်းက ဒီမှာဘယ်သူရှိလဲ မပြောခဲ့ဘူး။ အစ်ကိုလုမှန်း သိခဲ့ရင် ...”
ကျစ်ဝမ်ကျီက မလိုလားစွာ ပြောလိုက်တော့၏။ “ဒါပေမဲ့ ခင်ဗျား အရှင်မင်းကြီးကို ကတိပေးထားတယ်လေ”
ဖန်ကျုံးပြန်မပြောသေးခင် လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်၏။ "မင်း ဘာများ စွမ်းဆောင်နိုင်မလဲ ကြည့်ချင်သေးတယ်”
လုကျိုးက လက်ဝေ့ယမ်းလျက် မိစ္ဆာကိုယ်တော်၏ လက်ဟန်စည်းတံဆိပ်ထဲ သူ၏ ကောင်းကင်စွမ်းအားတဝက်ကို မြှုပ်နှံလိုက်၏။
ရုန်းကန်နေရသေးသော ကျိုးဖျင့်သည် ရုတ်တရက် ဘက်ပေါင်းစုံကနေ သူ့ကိုဖိနှိပ်စဉ်ကထက် ပိုသန်မာသည့် စွမ်းအင်တစ်ခုကို ခံစားမိသွား၏။
“မဟုတ်ဘူး”
ကျွတ်
ဘုံတစ်ထောင်လေပွေစိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်ပြီးပျောက်ကွယ်သွားတော့သည်။
ဖုန်း
ကျိုးဖျင့်က မြေကြီးပေါ်ပြုတ်ကျသွား၏။
“စစ်သူကြီး ကျိုး”
“စစ်သူကြီး”
တောင်ပံဖြင့် မြင်းသည်တော်တို့သည် အမြန်ဆင်းလာလျက် ကျိုးဖျင့်နား ဝိုင်းလိုက်ကြတော့သည်။
“တင်း ... မွေးဖွားဇယားချပ်တစ်ခု ဖျက်ဆီးပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၅၀၀”
လုကျိုးသည် သူ့ကောင်းကင်စွမ်းအားတဝက်ဖြင့် မွေးဖွားဇယားချပ်တစ်ခုကို မဖျက်ဆီးနိုင်လျှင် ယင်းက အဓိပ္ပာယ်ရှိတော့မှာမဟုတ်ပေ။
ယခုအချိန်၌ ကျိုးဖျင့်၏မျက်လုံးထဲ၌ အကြောက်တရားများပေါ်နေတော့သည်။
ကနဦးချီက လေထဲပေါ်ထွက်လာပြီးနောက် မိုးနှင့်မြေဆီပြန်ရောက်သွား၏။
လူတိုင်းက ကျောစိမ့်သွားကြသည်။ မွေးဖွားဇယားချပ် ၁၇ခုရှိသည့် ကျိုးဖျင့်တောင် သူတို့ရှေ့ရှိ လူအုပ်ကြီးထံမှ ရိုက်ချက်တစ်ချက်တောင် မခုခံနိုင်ပေ။
ဖန်ကျုံးသည် ယင်းကို ယုံကြည်ရန်ခက်ခဲနေသော်ငြား ယင်းကို ယုံကြည်ဖို့ကလွဲပြီး ရွေးချယ်စရာမရှိပေ။ ဖျက်ဆီးခြင်းတိုင်လုံးရှိတိုက်ပွဲမှ လွတ်မြောက်လာပြီးနောက် ထော့ပါစစ်ချန်းနှင့် ယဲ့ကျန်းတို့ သေဆုံးကြောင်း သတင်းရလိုက်၏။ ထိုစဉ်က သူ မယုံသဖြင့် ထိုကိစ္စကို စုံစမ်းစစ်ဆေးရန် လူလွှတ်ခဲ့သည်။ အဆုံးကျ ထော့ပါစစ်ချန်း၊ ယဲ့ကျန်း၊ ထျန်းဝူနှင့်အရှင်ကျန်းနန်တို့ကို သေဆုံးစေခဲ့သည့်သူက ရွှေကြာနယ်မြေမှ မိစ္ဆာဝေဟင်မျှော်နန်း၏မျှော်နန်းသခင်ပဲဖြစ်သည်။ ယခု သူသည် လုကျိုး၏ တိုက်ခိုက်မှုကို မျက်မြင်တွေ့လိုက်ချိန်တွင် လုကျိုးက သူ့ကို လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့်အနိုင်ယူနိုင်သည်ဟုတောင် ခံစားမိ၏။
ဆရာသခင်အနေဖြင့် ဖန်ကျုံးက အလွန်ယုံကြည်ချက်ရှိသင့်သည်။ သို့သော်ငြား သူသည် လတ်တလော၌ခံစားရတာ များလွန်းသဖြင့် သူ၏ယုံကြည်ချက်က လျော့ပါးလာတော့သည်။
ထိုစဉ်က လုကျိုးက လက်နောက်ပစ်လျက်လျှောက်လာကာ ပြောလိုက်တော့သည်။ “ပြစ်ဒဏ်အနေနဲ့ မင်းတို့နှစ်ယောက်ဆီက မွေးဖွားဇယားချပ်တစ်ခုဆီလိုချင်တယ်လို့ ငါ ပြောထားတယ်”
“ကောင်းပြီ။ မွေးဖွားဇယားချပ်တစ်ခု"
ကျစ်ဝမ်ကျီက အံကြိတ်လျက်ပြောလိုက်သည်။ "ဒါအရင်ကပဲ။ အခု လူတိုင်းဆီက မွေးဖွားဇယားချပ်နှစ်ခု လိုချင်တယ်” လုကျိုးက လေသံအတက်အကျမရှိပြောလိုက်၏။
...
အခန်း (၁၃၂၂) လျှို့ဝှက်ချက်များ
ကျစ်ဝမ်ကျီ၏ အမူအရာက တောင့်တင်းလာလေ၏။
“ဒါက…”
ကျစ်ဝမ်ကျီက တုံ့ဆိုင်းနေသည်ကို မြင်သည့်အခါ ကျောင်းယွီက ခေါင်းယမ်းသွားလိုက်သည်။
“ခင်ဗျားက တုံးအတာလား၊ တုံးအချင်ယောင်ဆောင်နေတာလား။ ခင်ဗျားရဲ့ မွေးဖွားဇယားချပ်က ပြန်ပြီး ပြုပြင်လို့ရပေမဲ့ ခင်ဗျားရဲ့ အသက်ကိုသာ ဆုံးရှုံးသွားမယ်ဆိုရင် ပြုပြင်ဖို့ နည်းလမ်း မရှိတော့ဘူး”
ခဏအကြာတွင် ယွမ်လန်ကပါ ပြောလိုက်သည်။
“သူတို့မှာ မွေးဖွားဇယားချပ် မရှိဘူး”
“…”
“ဒါက အသက်မျှဝေရေး နည်းလမ်းတွေ အလုပ်လုပ်ပုံကိုး။ တီကောင်က အရိုးမရှိသလိုမျိုး သူတို့ဆီမှာလည်း မွေးဖွားဇယားချပ်မရှိဘူး။ သူတို့မွေးဖွားဇယားချပ်အားလုံးက ခန္ဓာကိုယ်နဲ့ ပေါင်းစည်းသွားပြီ” ယွမ်လန်က ရှင်းပြလိုက်သည်။
“အဲဒါဆိုရင် သူတို့ကို ဘယ်လိုသတ်ရမလဲဆိုတာကို ပြောပြ” မင်ရှစ်ရင်က စိတ်မရှည်စွာဖြင့် ခွဲခွာချိတ်ကောက်ကို မြှောက်ကာ ပြောလိုက်သည်။
ဝုတ် ဝုတ် ဝုတ်
ယွမ်လန်က နေရခက်စွာ ပြုံးနေပြီးသည့်နောက်တွင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
“ဒေါသမထွက်ပါနဲ့။ လက်နက်တွေက မျက်စိမရှိဘူး။ ဘာပဲဖြစ်ဖြစ် တာအိုဘာသာကျောင်းမှာ အသက်မျှဝေရေးနည်းစနစ်တွေကို ဖိနှိပ်ထားနိုင်တဲ့ အဆောင်စာရွက်တွေ ရှိတယ်။ အဲဒီနည်းစနစ်ကို ဖိနှိပ်လိုက်တာနဲ့ သူတို့ကို သတ်ဖို့ဆိုတာက သာမန် ဘုံတစ်ထောင်လေပွေအဆင့်ကျင့်ကြံသူကို သတ်တာထက်တောင် ပိုပြီးတော့ လွယ်ကူသေးတယ်”
ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က မြေပြင်ပေါ်လဲနေရင်း မျက်နှာက ဖြူဖျော့သွားကြလေသည်။
မင်ရှစ်ရင်က ခေါင်းညိတ်ကာ ပြောလိုက်၏။
“တကယ်တော့ သူတို့ကို သတ်သတ်၊ မသတ်သတ် ကိစ္စမရှိဘူး။ ကျုပ်တို့လက်နက်တွေကို လေ့ကျင့်ရင်းနဲ့ သူတို့ကို နည်းနည်းလောက် လှီးဖြတ်လို့ရတာပဲ။ ဒါက အတွေးကောင်းပဲ”
ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီ “…”
မင်ရှစ်ရင်က ခွဲခွာချိတ်ကောက်ကို ကိုင်ရင်း တိုးလာသည်။
ထိုအရာကို မြင်ကာ ဝမ်ကျီက အော်ပြောလိုက်၏။
“ခဏနေဦး”
“မင်းဖင်ကြီး ခဏလေးနေလိုက်”
ဘန်း
မင်ရှစ်ရင်က ကျစ်ဝမ်ကျီအား ကန်ထုတ်လိုက်သည်။
ကျစ်ဝမ်ကျီက ကန်ချက်ကို ရှောင်လိုက်နိုင်သော်လည်း သူ ရှောင်ရှားဖို့ ကြိုးစားပါက ပိုမိုကြီးကြီးမားမား ဆုံးရှုံးသွားနိုင်ကြောင်း သိထားလေ၏။ ပြန်လည်ကျဆင်းလာသည့်အခါ ရင်ဘတ်မှ နာကျင်မှုကို ခံစားမိလိုက်သည်။ သူ့နာကျင်မှုကြောင့် သူ့နှလုံးသားထဲ ဒေါသမီးတောက်က ပိုမိုကြီးမားလာသည်။ ထိုလူများက စည်းမျဉ်းများကို ဂရုမစိုက်ကြပေ။ ကျိုးဖျင့်ကပင် အားကိုး၍မရပေ။ ဖန်ကျုံး;ကလည်း အားကိုး၍မရပေ။ အားလုံးက အားကိုး၍ မရပေ။
ကျစ်ဝမ်ကျီက တည်ငြိမ်သွားပြီးသည့်နောက်တွင် သူက နာကျင်မှုကို ဒိုင်ခံထားပြီး ပြောလိုက်သည်။
“လောင်ချန်းပေ့ ကျုပ်မှာ ကျုပ်အသက်ပဲ ရှိပါတယ်။ ကျုပ်အသက်ကို လျှို့ဝှက်ချက်တစ်ခုနဲ့ လဲလှယ်ချင်ပါတယ်”
“ခင်ဗျားမှာ လဲလှယ်ပိုင်ခွင့်ရှိမယ်များ ထင်နေလား” မင်ရှစ်ရင်က ပြောလိုက်သည်။ ဤတစ်ကြိမ် သူက သူ့ရင်ဘတ်ထဲမှ စုဝေးနေသည့် ဒေါသတို့ ထွက်ပေါ်လာသလို ခံစားလိုက်ရသည်။ သူက တစ်ဖက်သူသည် မည်မျှမာနကြီးနေကြောင်း အမှတ်ရနေဆဲ ဖြစ်၏။ ကံဆိုးစွာဖြင့် ထိုသူများအတွက် သူ့ချီ ပေါ်ထွက်လာသည့်အခါ အပြောင်းအလဲ ဖြစ်သွားခဲ့ရသည်။
“နောက်ဆုတ်” လုကျိုးက ပြောလိုက်သည်။
“ရှစ်စွင်း သူတို့ကို ယုံလို့မရဘူး” မင်ရှစ်ရင်က ပြောလိုက်၏။
ကျစ်ဝမ်ကျီက အလျင်လိုမှုဖြင့် သူ့အခြေအနေကို ဂရုမစိုက်နိုင်ဘဲ အလျင်စလို ပြောလိုက်သည်။
“သခင်လေးကျောင်းရဲ့ ရွှေရောင်အမျတ်အသားပြားနဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်”
ကျောင်းယွီ “…”
လုကျိုးက ရွှေတံဆိပ်တော်ကို ကြည့်ကာ အံ့အားသင့်သွားလေ၏။
“ဘာလျှို့ဝှက်ချက်လဲ”
“အဲဒါက ဧကရာဇ်ဟောင်းရဲ့ ရွှေတံဆိပ်တော် လေးခုထဲကပါ။ အမှတ်အသားပြားတစ်ခုချင်းစီမှာ ရတနာမြေပုံပါဝင်နေတာ” ဝမ်ကျီက ပြောလိုက်သည်။
လုကျိုးက ရွှေတံဆိပ်တော်သည် ထူးဆန်းကြောင်း သိထားပြီးသား ဖြစ်၏။ ထိုအရာက ပေါ့ပါးကာ ရွှေဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ ဖြစ်ချင်တော့ ထိုအရာက လျှို့ဝှက်ချက်တစ်ခုကို သယ်ဆောင်ထားလေ၏။
လုကျိုးက ရွှေတံဆိပ်တော်ကို ကိုင်ကြည့်လိုက်သည်။
ကျွတ်
ရွှေတံဆိပ်တော်က အလွယ်တကူ ကြေမွသွားလေ၏။ ထို့နောက် ရွှေတံဆိပ်တော်၏ အလယ်တွင် အဝတ်စတစ်ခုကို ထိုသို့ထားလေသည်။
ထိုသူက ထိုအဝတ်စကို ဆွဲကာ ကြည့်လိုက်သည်။ ထိုအရာတွင် မပြီးပြည့်စုံသည့် ပုံတစ်ခု ရှိနေလေ၏။ သူ သိထားသလောက် ထိုအဝတ်စသည် မြေပုံ၏ ထောင့်စွန်း ဖြစ်သင့်ပေ၏။
“ဒါနဲ့ ပတ်သက်ပြီး ဘာလို့ ဘာမှမသိရတာလဲ” ကျောင်းယွီက အံ့ဩတကြီးပြောလိုက်သည်။
ကျစ်ဝမ်ကျီက ပြောလိုက်သည်။
“အဲဒီမြေပုံကို အမျိုးသမီးချီဆီ ပေးထားတာလေ”
ဝမ်ဝေ့က ထိုစကားများကို ပြန်လည်မချေပပေ။
ဒီရတနာမြေပုံက ဘယ်ရတနာသိုက်ဆီ ဦးတည်နေတာလဲ” မင်ရှစ်ရင်က မေးလိုက်သည်။
“ကျုပ် မသိဘူး။ အမျိုးသမီးချီကပဲ သိတာ”
“အဲဒါကြောင့် ကျုပ် အသက်ရှင်နေရတဲ့ အကြောင်းအရင်းလား” ကျောင်းယွီက မယုံကြည်နိုင်စွာဖြင့် နောက်အနည်းငယ် ဆုတ်လိုက်သည်။
“အမျိုးသမီးချီက မင်းကို ဘာမှပြောမပြဘူးလား” ကျစ်ဝမ်ကျီက မေးလိုက်သည်။
ကျောင်းယွီက ခေါင်းယမ်းလိုက်၏။ သူမက ရွှေတံဆိပ်တော် ဘာမှမပြောပြရုံသာမကဘဲ ဘာဆိုဘာမှမပြောပြခဲ့ပေ။
အခြေအနေကို ယေဘုယျနားလည်ထားသည့် လုကျိုးက ပြောလိုက်သည်။
“မင်းအမေ နိုးလာတဲ့အခါမှာ အဲဒီအကြောင်းကို မေးကြည့်ပေါ့”
“အမျိုးသမီးချီ နိုးလာပြီလား” ကျစ်ဝမ်ကျီက ရေရွတ်လိုက်သည်။
လုကျိုးက ကျစ်ဝမ်ကျီကို ကြည့်ကာ မေးလိုက်သည်။
“သူမကို မနိုးထစေချင်ဘူးဆိုရင် ဘာလို့ မသတ်ပစ်ရတာလဲ”
“ဒါက…”
“အမှန်အတိုင်းပြောရင် မင်းတို့ကို ထွက်သွားခိုင်းမယ်” သူက ပြောလိုက်သည်။ သူ့အလိုလိုသိစိတ်က ရတနာမြေပုံကို မျက်စိကျနေသည့် လူများစွာရှိကြောင်း ပြောနေလေ၏။
ကျစ်ဝမ်ကျီက ပြန်ဖြေလိုက်သည်။
“အရှင်မင်းကြီးက သူမ သေတာကို မကြည့်ရက်လို့ပါ”
ကျစ်ဝမ်ကျီ၏ စကားကိုကြားကာ ကျောင်းယွီက စတင်ရယ်မောလိုက်သည်။
“ရယ်စရာကောင်းလိုက်တာ။ ဘာတွေလာပြောနေတာလဲ”
“…”
အားလုံးက သက်ပြင်းချလိုက်ကြ၏။ ရှင်းမပြနိုင်သလို နားမလည်နိုင်သည့် ကိစ္စများစွာရှိလေသည်။
တစ်နည်းနည်းဖြင့် မဟာချင်၏ ဧကရာဇ်ဆီမှ ကာကွယ်မှုကြောင့်သာ မဟုတ်လျှင် ကျောင်းယွီက သေဆုံးသွားသည်မှာ ကြာမြင့်လှပြီဖြစ်၏။ လူများစွာက ကျောင်းယွီရှေ့မှောက် ပြပွဲကစားနေစရာ အကြောင်း မရှိပေ။ ထို့အပြင် ကျောင်းယွီက ထိုသူများ ဟန်ဆောင်နေသည်ကို မသိပါက ဟန်ဆောင်နေသည်ဟုပင် သတ်မှတ်၍ မရတော့ပေ။
လုကျိုးက ပြောလိုက်သည်။
“ဒီလိုဆိုရင် မင်းတို့ရဲ့ ဧကရာဇ်ကို စကားပြန်ပြောလိုက်။ ငါနဲ့ လာပြီးတွေ့ခိုင်းလိုက်”
“…”
ကျစ်ဝမ်ကျီက အံ့အားသင့်သွားလေ၏။ သို့သော်လည်း သူက အမှားမှ သင်ယူပြီးသွားပြီဖြစ်ကာ အလျင်အမြန် ပြောလိုက်သည်။
“ကောင်းပါပြီ”
ထို့နောက် ကျစ်ဝမ်ကျီက နာကျင်မှုကို တောင့်ခံထားပြီး ပြောလိုက်သည်။
“အခု ထွက်သွားလို့ရပြီလား”
လုကျိုးက လက်ဝှေ့လိုက်သည်။
ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က အချင်းချင်းတွဲကာ ကျင့်ကြံသူဒါဇင်ချီ ဝန်းရံလျက် ထွက်ခွာသွားကြသည်။
ကျိုးဖျင့်က ကျစ်ဝူကျီနှင့်ကျစ်ဝမ်ကျီတို့ ထွက်သွားသည်ကို ကြည့်ကာ ကျိန်ဆဲလိုက်မိ၏။
ဒီနေ့ သူ့ကို ထိခိုက်စေတာက ကျစ်ဝမ်ကျီကြောင့်ပဲ…
လုကျိုးက ကျိုးဖျင့်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“မင်းကတော့ ဒီမှာ အချိန်တစ်ခု နေဦးပေါ့”
“…”
ကျိုးဖျင့်က စိတ်လေးသွားမိသည်။ ထင်ထားသည့်အတိုင်း ထွက်သွားဖို့ရာ မလွယ်ကူလှပေ။ ခဏအကြာတွင် သူက ပြောလိုက်၏။
“ဒါတွေအားလုံးက ကျစ်ဝမ်ကျီကြောင့်ပါပဲ။ သူ့ကို ကူညီပေးရုံပါ”
“သူ့ကျင့်ကြံဆင့်ကို ပိတ်ဆို့ထားလိုက်” လုကျိုးက ပြောလိုက်သည်။
ကျိုးဖျင့်က သက်ပြင်းချကာ သူ့ဘေးနားမှလူကို တွန်းလွှတ်လိုက်သည်။ ချောင်းနှစ်ကြိမ်ဆိုးပြီးသည့်နောက်တွင် သူက အခိုင်အမာပြောလိုက်၏။
“ကျုပ် နေလို့ရပေမဲ့ ကျုပ်ညီအစ်ကိုတွေက ဒါနဲ့ မပတ်သက်ပါဘူး။ သူတို့ကို ထွက်သွားခွင့်ပြုပါ။ မဟုတ်ရင် ကျုပ် ချီကို အသုံးပြုပြီးတော့ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်လိုက်မှာ”
“ငါ့ကို လာပြီးခြိမ်းခြောက်နေတာလား”
“ကျုပ်က အသက်ရှင်ဖို့ ကြိုးစားကြည့်ရုံပါ” ကျိုးဖျင့်က ပြောလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက နောက်ဆုတ်လိုက်ကြသည်။
မြင်းတပ်အဖွဲ့ဝင် ၉၇ယောက်က တိုက်ပွဲများစွာကို ဖြတ်သန်းလာသည့် ရဲရင့်သော စစ်သည်တော်များ ဖြစ်ကြလေသည်။ သူတို့က တစ်ပြိုင်နက် ပြောလိုက်ကြ၏။
“ကျုပ်တို့ရဲ့ စစ်သူကြီးနဲ့အတူ သေဆုံးချင်ပါတယ်”
ဝှစ်
မြင်းတပ်အဖွဲ့ဝင် ၉၇ယောက်ကလည်း တစ်ပြိုင်နက် ဒူးထောက်လိုက်ကြ၏။ ထိုအရာက ထူးထူးဆန်းဆန်း ဖြစ်သွားစေသည်။ အစပိုင်းတွင် သူတို့က မြင်းတပ်အဖွဲ့ဝင် ကျင့်ကြံဆင့်သည် သာမန်ထက် မြင့်မားကြောင်း တွေးထင်ခဲ့ကြလေသည်။ ထို့ကြောင့် သူတို့အနေဖြင့် တိုင်းပြည် ၁၀ခုကို သိမ်းပိုက်ဖို့ ပြဿနာပင် မရှိပေ။ ကြည့်ရသည်မှာ ယခုအခါ သူတို့၏ စည်းလုံးမှုက ပါဝင်ပတ်သက်နေဟန်ပေါ်၏။
ကောင်းကင်ယံမှ တပ်သားရာချီက ပျံသန်းလာလေသည်။
ဖန်ကျုံးက သူတို့ကို ကြည့်ကာ ပြောလိုက်သည်။
“တော်ဝင်တပ်”
ဤတစ်ကြိမ် တော်ဝင်တပ်အဖွဲ့ဝင်ရာချီရောက်လာသည်က မည်သည်ကို ဆိုလိုနေသနည်း။
ထိုတပ်ဖွဲ့ဝင်များ ကျောင်းစံအိမ်ဆီ ရောက်ရှိလာဖို့ သိပ်မကြာပေ။
“ဒါ ကျုပ်ဆီ အပ်ထားလိုက်” ဖန်ကျုံးက ပြောလိုက်သည်။
ဖန်ကျုံးက ပျံသန်းသွားတော့မည့်ဆဲဆဲတွင် လုကျိုးက ပြောလိုက်၏။
“မလိုဘူး”
ဤတစ်ကြိမ် လုကျိုးက အနည်းငယ်ဒေါသထွက်နေမိသည်။ သူက ဒီကိစ္စကို တတိယအကြိမ် လွှတ်မပေးနိုင်ပေ။ သူက လက်ကိုမြှောက်ပြီး ကောင်းကင်ယံထဲ ခရမ်းရောင်အရာတစ်ခုကို ပစ်လွှတ်လိုက်သည်။
ဖန်ကျုံးက အေးစက်မှုကို ခံစားမိသည့်အခါ တအံ့တဩ ရေရွတ်လိုက်၏။
“အဆုံးမဲ့အဆင့်”
ခရမ်းရောင်တောက်ပကျောက် ထွက်ပေါ်လာသည့်အခါ ကျောင်းစံအိမ်၌ အအေးစက်ဆုံးဆောင်းတွင်း ရောက်ရှိလာသကဲ့သို့ ဖြစ်၏။
လူရာချီက အလင်းတန်းကို မြင်လိုက်ရသည့်အခါ ဘာဖြစ်နေတာလဲဟု စဉ်းစားမိသွားကြသည်။
ဝှစ်
ဤနေရာတွင် အချိန်က ရပ်တန့်သွားသည့်အလား အေးခဲမှုက လူရာချီကို ဖြတ်သန်းသွားလေသည်။
အားလုံးက အသိပြန်ကပ်လာသည့်အခါ ဘာဖြစ်သလဲ မမြင်ရတော့ပေ။ သူတို့မြင်သည့်အရာက သစ်သားရာချီက ရေခဲရုပ်ထုအဖြစ် ပြောင်းလဲနေကြပြီ ဖြစ်၏။
ရေခဲရုပ်ထုများက မြေပြင်ပေါ်ပြုတ်ကျလာကြသည်။
ကျိုးဖျင့်နှင့် မြင်းတပ်အဖွဲ့ဝင် ၉၇ယောက် “…”
...
အခန်း (၁၃၂၃) မဟာချင်၏ဧကရာဇ်
ကျိုးဖျင့်နှင့်သူ၏မြင်းသည်တော်များသည် သူတို့ရှေ့ရှိ အဖိုးအိုအလွန်သန်မာမှန်း သိထားကြပေ၏။ သူသည် သန်မာလွန်းသောကြောင့် ဆရာသခင်များတောင် သူ့ကိုလေးစားရသည်။ သို့သော်ငြား မြေကမ္ဘာတုန်လှုပ်ဖွယ်အဆုံးမဲ့အဆင့်က သူတို့ကို ထိတ်လန့်စေ၏။ ၎င်းက သူတို့မှန်းဆချက်ထက် ကျော်လွန်နေသည်။
ရှေးခေတ်ကာလတည်းက တိုင်းပြည်ကို အုပ်စိုးသူများသည် နည်းလမ်းမရှိသူ မရှိ။ မဟာချင်၏ ဧကရာဇ်၌ ဆန်းကြယ်နက်နဲသည့် ကျင့်ကြံဆင့်ရှိသည်။ သူ၏ဝှက်ဖဲများထဲမှ တစ်ခုအနေဖြင့် သူနှင့်ကျိုးဖျင့်၏ မြင်းသည်တော်များ ရှိသည်။ ဆိုရလျှင် သူ့၌ ဝှက်ဖဲမရှိလျှင် သူသည် အခြားသူများ၏ သက်ညှာမှုကို ခံရမည်။ အစိမ်းရောင်ကြာနယ်မြေထဲရှိ ဆရာသခင်တချို့အတွက် ကျားစေ့တစ်စေ့ ဖြစ်နေတာ ကြာလှလေပြီ။
ထို့အပြင် မဟာချင်၏ဧကရာဇ်သည် သူ၏ အရည်အချင်းရှိသည့်သူများစွာကို အမည်မသိကုန်းမြေသို့ လွှတ်ကာ အရင်းအမြစ်များ၊ ရတနာများနှင့် အခွင့်အလမ်းများ ရှာဖွေခဲ့သည်။ ထိုအကြောင်းအရင်းများကြောင့် ကျိုးဖျင့်က မဟာချင်သည် သန်မာပြီး မယိမ်းယိုင်ခဲ့တာဟု ထင်မိသည်။ မဟာချင်သည် ဆရာသခင်တစ်ပါးနှင့်တောင် ယှဉ်နိုင်သည်အထိ သန်မာ၏။
သို့သော် ယခုအခုအချိန်တွင် ကျိုးဖျင့်က သူ၏စိတ်ကူးယဉ်မှုများ ပြိုကွဲသွားသည်ဟု ခံစားလိုက်ရသည်။ ဖြစ်ချင်တော့ မဟာချင်သည် သူ့ရှေ့ရှိ လူအိုကြီးနှင့် ညှိနှိုင်းဆွေးနွေးပိုင်ခွင့်တောင် မရှိပေ။
ကျိုးဖျင့်က နောက်သို့ယိုင်သွားလေရာ သူ၏လူများက သူ့ကိုအမြန်ကူတွဲပေးလိုက်၏။ ဝေဟင်မှ ရေခဲရုပ်တုများ ပြုတ်ကျလာတာကိုပဲ သူ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်သည်။
“စစ်သူကြီး”
“ကျုပ် ကျုပ် အဆင်ပြေပါတယ်” ကျိုးဖျင့်က ခေါင်းမော့လိုက်ချိန်တွင် တော်ဝင်တပ်၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။
လုကျိုးသည် ဤအရာမှ သူ စုဆောင်းလိုက်သည့် ကုသိုလ်မှတ်များကို ကြည့်လိုက်သည်။ သူ ဘာမှသိပ်မရလိုက်ပေ။ သူ ခေါင်းခါလိုက်ကာ လေထဲအတက်အကျမရှိ ပြောလိုက်၏။
“စုတ်ချာလွန်းတယ်”
ဖန်ကျုံး “...”
လုကျိုးသည် သူ ရရှိသည့်ကုသိုလ်မှတ်အကြောင်းကို ပြောနေတာ မည်သူမှမသိပေ။ သူတို့က သူသည် တော်ဝင်တပ်ဖွဲ့ကို ရည်ညွှန်းနေသည်ဟု ထင်သွားကြသည်။
အစိမ်းရောင်ကြာနယ်မြေတွင် တော်ဝင်တပ်ဖွဲ့က ထိပ်တန်းကျင့်ကြံသူများနှင့် အပြန်အလှန်ဆက်ဆံမှု သိပ်မရှိပေ။ ဖြစ်ရပ်နောက်ကွယ်က ကြိုးကိုင်ထားသည့်ကျင့်ကြံသူများက ဆရာသခင်များ၊ လွတ်လပ်သူများ၊ အဓိကအင်အားစုမှ အကြီးအကဲများ စသည်တို့ဖြစ်သည်။ တော်ဝင်တပ်အတွက်မူ သူတို့၏တာဝန်က အားနည်းသည့်ကျင့်ကြံသူများနှင့် သာမန်လူများကို ထိန်းထားဖို့ပဲလိုအပ်သည်။ သို့သော် သူတို့က အားနည်းသည်ဟု မဆိုလိုပေ။ ဆိုရလျှင် သူတို့နောက်၌ မဟာချင်၏ဧကရာဇ် ရှိနေသောကြောင့်ဖြစ်သည်။ မဟာချင်၏ဧကရာဇ်သည် ယနေ့အချိန်အထိ ဆန်းကြယ်မှုတစ်ရပ်အဖြစ် ကျန်ရှိနေသည့် ကျင့်ကြံဆင့်ရှိထားသူဖြစ်သည်။
ထိုစဉ် ကျိုးဖျင့်က နောက်ဆုံး၌ အသိစိတ်ကပ်လာ၏။ ဆိုရလျှင် သူက စစ်တပ်ထဲ၌ မွေးဖွားကြီးပြင်းလာသူဖြစ်၏။ သူ၏စိတ်ခွန်အားက အလွန်သန်မာသည်။ ယခုအချိန်တွင် သူက နောက်တစ်ဆင့်ကို ပြင်ဆင်ထားပြီးသားဖြစ်သည်။ နောက်ဆုံး၌ သူက ပြောလိုက်၏။ "ခင်ဗျား ကျုပ်ကို သတ်ချင်ရင် သတ်လိုက်တော့”
လုကျိုးက ကျိုးဖျင့်ကို တစ်ချက်ကြည့်ပြီးပြောလိုက်သည်။ “ကျိုးဖျင့် နေခဲ့။ ကျန်တဲ့သူတွေ သွားသင့်ပြီ”
လုကျိုးသည် ဤမျှများပြားသည့်လူတို့ကို စောင့်ကြည့်ရန်အချိန်မရှိသလို အင်အားလည်းမရှိ။ လူတစ်ယောက်ကို ဓားစားခံခေါ်ထားတာက အဆင်ပြေသည်။
ထိုစကားကို ကြားသောအခါ ကျိုးဖျင့်သည် သူ့လူများကို ပြောခွင့်မပေးတော့ဘဲ အမြန်ပြောလိုက်၏။
"မင်းတို့အားလုံးထွက်သွား”
“စစ်သူကြီး”
ကျိုးဖျင့်သည် လူတိုင်းကို ပြတ်ပြတ်သားသား တွန်းထုတ်လိုက်၏။
လူတိုင်း နောက်သို့ယိုင်သွားတော့သည်။
ကျိုးဖျင့်၏ဆုံးဖြတ်ချက်ပြတ်သားမှုကို မြင်သောအခါ ကျန်သည့်သူများသည် သက်ပြင်းချလျက် သူတို့၏စစ်မြင်းများကို ဝေဟင်ထဲ ပျံတက်သွားတော့သည်။
သူ့လူများထွက်သွားပြီးမှသာ ကျိုးဖျင့်က စိတ်အေးသွားတော့သည်။
မင်ရှစ်ရင်က ပြောလိုက်သည်။ "ခင်ဗျားရဲ့လူတွေပေါ် ဒီလောက်သစ္စာရှိလိမ့်မယ်မှန်း မသိခဲ့ဘူး”
“သစ္စာရှိတာလား။ သူတို့တွေက ဘာမှအကျိုးမထူးဘူး။ သူတို့သေရင် တခြားသူတွေက ငါ အသုံးမကျဘူးပဲ ပြောမှာ” ကျိုးဖျင့်က ပြောလိုက်၏။
လုကျိုး အမိန့်ပေးထားသောကြောင့် တစ်စုံတစ်ယောက်က ကျိုးဖျင့်၏ကျင့်ကြံဆင့်ကို ချိပ်ပိတ်ထားပြီးနောက် ဖန်ကျုံးက နောက်ဆုံး၌ မြေပြင်ပေါ်ဆင်းသက်ပြီး ပြောလိုက်တော့သည်။
“အစ်ကိုလု အစ်ကို့အကြောင်း ကျုပ် အများကြီးကြားဖူးပါတယ်”
လုကျိုးက ပွင့်ပွင့်လင်းလင်းမေးလိုက်၏။ “မင်း ဘာလိုချင်တာလဲ”
“ဘာမှမရှိပါဘူး။ လာလည်ရုံပါပဲ” ဖန်ကျုံးက ပြောလိုက်၏။
“ခင်ဗျားက ကျစ်ဝမ်ကျီခေါ်ထားတဲ့ စစ်ကူထဲပါတယ်မဟုတ်လား” ကျောင်းယွိက မေးလိုက်၏။
ဖန်ကျုံး “...”
လုကျိုးက လက်ဝေ့ယမ်းပြလိုက်သည်။
“စိတ်မပူနဲ့။ ဒီကိစ္စကို မှတ်ထားမယ်။ ခင်ဗျားနဲ့ ကျစ်ဝမ်ကျီကြား ကိစ္စကို ကျုပ် ဘာမှမမေးဘူး”
ဖန်ကျုံးသည် ထိုစကားများကြောင့် ဝမ်းသာသွားလေ၏။ သူက အပြုံးတစ်ပွင့်ဖြင့် အမြန်ပြောလိုက်တော့သည်။
“အစ်ကိုလုက တကယ်စိတ်သဘောထားကြီးတာပဲ”
အစိမ်းရောင်ကြာနယ်မြေထဲရှိ ဆရာသခင်လေးဦးထဲတွင် ဖန်ကျုံးက ဆရာသခင်တစ်ပါးကဲ့သို့ မပြုမူဆုံးဖြစ်သည်။ လုကျိုးကသာ ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့ကို ပြန်ခေါ်လာသည့် လျှပ်ပြက်သကဲ့သို့ အစောတုန်းက မြန်ဆန်သည့်နည်းလမ်းသုံးသွားတာမတွေ့လျှင် ဤလူက သူ၏အဌမတပည့်နှင့် အလွန်ဆင်တူသည်ဟု တွေးမိလောက်၏။
လုကျိုးက သူ၏တပည့်များကို ပြောလိုက်တော့သည်။ “ဘာကိစ္စမှ မရှိတော့ရင် ဧည့်သည်တွေကို ပို့လိုက်”
ဖန်ကျုံး “...”
ဖန်ကျုံး ဘာမှမပြောရသေးခင် လုကျိုးက လှည့်ထွက်သွားနှင့်ပြီဖြစ်သည်။
ဖန်ကျုံးက လှမ်းခေါ်လိုက်၏။ “အစ်ကိုလု အစ်ကိုလု”
“ဆရာသခင်ဖန် ကျုပ်ရဲ့ရှစ်စွင်းကို မနှောင့်ယှက်ရင် အကောင်းဆုံးပဲ။ သူ အမည်မသိကုန်းမြေမှာ နေလာတာကြာပြီ။ ဒီတော့ သူ စိတ်ကောကိုယ်ပါ မောပန်းနေပြီ။ အခု သူ ဘယ်သူ့ကိုမှ စကားပြောဖို့ အချိန်မရှိဘူး”
ဖန်ကျုံးက ခေါင်းညိတ်ရုံသာ ညိတ်လိုက်၏။ ပြီးနောက် သူက မင်ရှစ်ရင်ဖက် လက်သီးဆုပ်မိုးလျက် ပြောလိုက်တော့သည်။
“အစ်ကိုလုဆီ သတင်းပါးပေးမယ်လို့ မျှော်လင့်ပါတယ်။ ကျုပ်ရဲ့လေ့ကျင့်ရေးခန်းမကို အချိန်မရွေး လာလည်လို့ ရပါတယ်လို့ ပြောပေးပါးဦး။ နှုတ်ဆက်ပါတယ်”
ဤနည်းဖြင့် ဖန်ကျုံးက လေထဲပျောက်ကွယ်သွားတော့သည်။
ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့သည် သနားစဖွယ်အခြေအနေဖြင့် ပျံသန်းသွားရလေ၏။ သူတို့နှင့်အတူ ခေါ်သွားသည့် ကျင့်ကြံသူများကတောင် သူတို့ကို သနားနေတော့သည်။ ကံကောင်းသည်မှာ ကျောင်းစံအိမ်က တော်ဝင်နန်းတော်နှင့် သိပ်မဝေးပေ။
သူတို့ညီနောင်က တော်ဝင်နန်းဆောင်သို့ ရောက်လျှင်ရောက်ခြင်း မဟာချင်၏ဧကရာဇ်နှင့် တွေ့ခွင့်တောင်းလိုက်သည်။
ပင်မခန်းဆောင်ထဲတွင်ဖြစ်သည်။
မဟာချင်၏ဧကရာဇ်က နဂါးပလ္လင်တွင် ထိုင်နေကာ အတွေးနက်နေ၏။ သူ့၌ ထူးကဲသောမျက်ခုံး၊ ကြီးမားသည့်မျက်လုံးတစ်စုံနှင့် မုတ်ဆိတ်အနည်းငယ်ရှိသည်။ သူက နဂါးဝတ်ရုံကို မဝတ်ဆင်ထားပေ။ အကြောင်းမသိသည့်သူက သူ့ကို ဝက်သတ်သမားဟု ထင်ကြလောက်သည်။ သို့သော်ငြား သူ၏မျက်လုံးများက နက်ရှိုင်းပြီး စိတ်ဝိညာဉ်အပြည့်ဖြင့်ကျန်သည့်သူများထက်တွင် ရပ်နေကြလူတစ်ယောက်၏ အရှိန်အဝါမျိုးရှိသည်။
ကျစ်ဝမ်ကျီနှင့်ကျစ်ဝူကျီတို့သည် ပင်မခန်းမထဲရောက်လျှင်ရောက်ချင်း ဒူးထောက်လိုက်ကြသည်။
မဟာချင်၏ဧကရာဇ်က သူတို့ကိုယ်ပေါ်ရှိဒဏ်ရာဒဏ်ချက်များနှင့် သွေးများကိုမြင်သောအခါ မမေးဘဲ မနေနိုင်တော့ပေ။
“မင်းတို့ရဲ့ကျင့်ကြံဆင့်က နက်ရှိုင်းပါလျက်နဲ့ ဒီလိုအခြေနေမျိုးနဲ့ ဘာလို့အဆုံးသတ်သွားရတာလဲ”
ကျစ်ဝမ်ကျီက ထရပ်လျက် လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီး မုန့်မျိုးနွယ်က တစ်ယောက်ပေါ်လာပါတယ်”
“မုန့်မျိုးနွယ်က ရှင်ကျန်ရစ်သူလား”မဟာချင်၏ဧကရာဇ်က မှင်သက်သွားတော့သည်။
“အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့စွမ်းရည်ကို သိတာပဲ။ မုန့်မင်ရှစ်ရဲ့မျိုးနွယ်က ပြန်လာတာကို ကျွန်တော့်ခေါင်းနဲ့ကျိန်ရဲပါတယ်” ရှင်ကျန်ရစ်သူဟူသည့် စကားလုံးကို အသုံးပြုသည့်အစား ကျစ်ဝမ်ကျီသည် အမှန်ပြင်ပေးလျက် မျိုးဆက်ဟူသည့်စကားလုံးကို အသုံးပြုလိုက်သည်။
မဟာချင်၏ဧကရာဇ်က ပြောလိုက်သည်။ “မုန့်မင်ရှစ်မှာ သားတစ်ယောက်ပဲရှိတယ်။ အဲ့ဒီသားက အသက်သုံးဆယ် မပြည့်ခင် သေသွားတာ။ ဒီမျိုးဆက်က ဘယ်ကနေထွက်လာတာလဲ”
“မုန့်မင်ရှစ်ရဲ့သားက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားတယ်ဆိုပေမဲ့ သူက သွားလေရာနေရာတိုင်း မျိုးစေ့ဖြန့်ကျဲတတ်တဲ့ မိန်းမလိုက်စားတတ်သူတစ်ယောက်ပဲ။ အတိတ်တုန်းက မော့အိမ်တော်ထဲမှာ လက်တိုလက်တောင်း ကောင်လေးတွေအများကြီးတွေ့ခဲ့ပါတယ်။ သူတို့တွေက မုန့်မင်ရှစ်ရဲ့မျိုးဆက်ပဲ ဖြစ်ရမယ်” ကျစ်ဝမ်ကျီက ပြောလိုက်လေ၏။
မဟာချင်၏ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။
ကျစ်ဝမ်ကျီက ပြောလိုက်၏။
“သူ့ရဲ့မျိုးဆက်က စစ်သူကြီးရှီကို သတ်ခဲ့တယ်။ ဒါ့အပြင် ...”
ကျစ်ဝမ်ကျီသည် အစောတုန်းက ကျောင်းစံအိမ်ထဲ ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြလိုက်သည်။
မဟာချင်၏ဧကရာဇ်သည် သူ ရောက်လာချိန်၌ ဆရာသခင်တောင်လက်ပါးစေဖြစ်သည့်အကြောင်း ကြားသည့်အချိန်၌ မျက်မှောင်ကျုံ့မိသွားလေ၏။
ဘန်း
မဟာချင်၏ဧကရာဇ်က ထိုင်ခုံလက်တန်းကို ရိုက်ချလျက်ပြောလိုက်သည်။
“ငါက ဆရာသခင်တွေနဲ့ ပဋိပက္ခမရှိဘူး။ ဒါပေမဲ့ ဖန်ကျုံးက ငါ့ကိုရန်စရဲတယ်ပေါ့။ အဲ့ဒီအဖိုးကြီးက ဆရာသခင်တစ်ပါးထက် ပိုသန်မာတာလား”
ကျစ်ဝမ်ကျီက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။ ကျွန်တော်မျိုးလည်း မထင်ထားဘူး။ သူက ထော့ပါစစ်ချန်းနဲ့ ယဲ့ကျန်းကို သတ်လိုက်တဲ့လူလို့ သံသယဖြစ်မိတယ်”
“...”
မဟာချင်၏ဧကရာဇ်က မျက်မှောင်ကျုံ့မိသွားပြန်၏။
ကျစ်ဝမ်ကျီ ပြောပြီးနောက် သူနှင့်ကျစ်ဝူကျီတို့က တညီတညွတ်တည်းဒူးထောက်ကာ အရိုအသေပေးလျက် ပြောလိုက်သည်။
“ကျွန်တော်မျိုးတို့ တာဝန်ကျရှုံးပြီး စစ်သူကြီးရှီကို သတ်တဲ့သူကို မခေါ်လာနိုင်ပါဘူး။ ကျေးဇူးပြုပြီး အပြစ်ပေးပါ အရှင်မင်းကြီး”
“မင်းတို့ကို အပြစ်မတင်ဘူး” မဟာချင်၏ဧကရာဇ်က ပြောလိုက်သည်။
ကျစ်ဝမ်ကျီထင်ထားသကဲ့သို့ပင် အရှင်မင်းကြီးက ဒေါသမထွက်ခဲ့ပေ။
“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”
“ကျောင်းစံအိမ်မှာ မင်းတို့ကို ကြိုဖို့ တော်ဝင်တပ်ကိုလွှတ်ခဲ့တယ်။ သူတို့ကို တွေ့သေးလား” မဟာချင်၏ဧကရာဇ်က မေးလိုက်သည်။
“တော်ဝင်တပ်လား”
ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် စိတ်ရှုပ်ထွေးသွားသည်။ သူတို့ပြန်လာချိန်တွင် ဘေးကင်းလုံခြုံရေးအတွက် ဖြတ်လမ်းကို သုံးခဲ့သည်။
ဧကရာဇ်ကပြောလိုက်၏။ “မေ့လိုက်တော့။ မင်းတို့နှစ်ယောက်လုံး ဒဏ်ရာရထားတယ်ဆိုတော့ အနားယူပြီး ပြန်ကုကြ”
ကျစ်ဝမ်ကျီက ပြောလိုက်၏။ "သခင်လေးကျောင်းက ရွှေတံဆိပ်တော်ရဲ့လျှို့ဝှက်ချက်ကို ရှာတွေ့သွားပါပြီ။ သူ့ရဲ့ရွှေတံဆိပ်တော်ထဲက ရတနာမြေပုံတစ်ဝက်က အခုဆို ပညာရှင်ဆီ ရောက်သွားပြီ”
“အဆင်ပြေတယ်။ ကျန်တဲ့အပိုင်းအစသုံးခုက ငါ့ဆီမှာ။ အပိုင်းအစအားလုံးရှိရင်တောင် သူ့ကိုပြောဖို့လိုသေးတယ်။ အဲဒီအချိန်ကျ ဒါတွေက ပြောဖို့မလိုတော့ဘူး” ဧကရာဇ်က ပြောပြီးလက်ဝေ့ယမ်းလိုက်ကာ သူတို့ညီနောင်နှစ်ယောက်ကို ထွက်သွားခိုင်းလိုက်၏။
သို့သော် ကျစ်ဝမ်ကျီက ပြောလိုက်၏။ “ကျွန်တော်မျိုး နောက်ထပ်လျှောက်တင်စရာရှိပါသေးတယ်”
“ဘာများလဲ”
“ကျွန်တော်မျိုးက ကိုယ့်ဘာသာကို စစ်သူကြီးကျိုးကို ခေါ်ခဲ့ပါတယ်။ အစက အဲ့ဒီလူတွေကို ခြိမ်းခြောက်ပြီး ဖမ်းဖို့ စစ်သူကြီးကျိုးကို သုံးခဲ့တာ။ ဒါပေမဲ့ မထင်မှတ်ထားပဲ စစ်သူကြီးကျိုးက ကျားခံတွင်းဝထဲရောက်သွားပါပြီ။ သူ့ရဲ့သေရေးရှင်ရေးကို မှန်းဆဖို့ခက်ခဲတယ်” ကျစ်ဝမ်ကျီက သက်ပြင်းချလျက် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ မဟာချင်၏ဧကရာဇ်၏အမူအရာ အနည်းငယ်ပြောင်းလဲသွားသည်။ သူ မျက်မှောင်ကျုံ့ကာ ပြောလိုက်တော့သည်။ “မင်းပြောတာ ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး။ ပြောခဲ့တာ ထပ်ပြော”