← Chapters

အခန်း (၁၃၂၄-၁၃၂၆)

Vol. 89 Ch. 1324-1326

အခန်း (၁၃၂၄-၁၃၂၆)

Vol. 89 Ch. 1324-1326

အခန်း (၁၃၂၄)

ကျစ်ဝမ်ကျီက ပြောလိုက်သည်။

“ဒီကိစ္စကို သေချာစုံစမ်းကြည့်တဲ့နောက်မှာ စစ်သူကြီးကျိုးကိုပါ ခေါ်ခဲ့ပါတယ်။ အစပိုင်းတုန်းက စစ်သူကြီးကျိုးကို အဲဒီလူတွေကို ခြိမ်းခြောက်ဖို့ခေါ်ပြီးတော့ လူသတ်သမားကို ဖမ်းဆီးဖို့ လုပ်ခဲ့တာ။ ဒါပေမဲ့ စစ်သူကြီးကျိုးက ကျားပါးစပ်ထဲ ရောက်သွားလိမ့်မယ်လို့ ထင်မထားခဲ့မိဘူး။ အခု သူ့ရဲ့ သေခြင်းရှင်ခြင်းက ခန့်မှန်းဖို့ ခက်တယ်”

မဟာချင်ဧကရာဇ်၏ မျက်နှာအထက် မျက်မှောင်ကြုတ်မှု ပေါ်ထွက်လာသည်။ သူက ထရပ်ကာ နဂါးပလ္လင်မှ ထလာ၏။ သူက လှေကားမှ ဆင်းလာပြီး လက်နောက်ပစ်ကာ မေးလိုက်သည်။

“မင်းက စစ်သူကြီးကျိုးကိုတောင် ခေါ်ခဲ့သေးတယ်လား”

ထိုစကားကို ကြားကာ ကျစ်ဝမ်ကျီက ကျစ်ဝူကျီကို ဆွဲပြီး အလျင်အမြန် ဒူးထောက်လိုက်သည်။ သူ့ခန္ဓာကိုယ်က တုန်တုန်ယင်ယင်ဖြစ်နေလေ၏။

သူ့နဖူး၏ ဒဏ်ရာမှ သွေးများ စီးကျလာသည်။ ကျစ်ဝမ်ကျီက ပြောလိုက်သည်။

“ကျုပ် အမှားကို သိပါပြီ”

ဧကရာဇ်၏ အမူအရာက ထိုအခိုက်အတန့်၌ အတော်လေး အေးစက်နေသည်။ သူက ညီအစ်ကိုနှစ်ယောက် ဝပ်တွားနေသည်ကို ကြည့်နေရင်း ကျစ်ဝမ်ကျီ၏ ပခုံးပေါ် ညာဖက်လက်တင်ကာ ကျစ်ဝူကျီ၏ ပခုံးအပေါ် ဘယ်ဖက်လက်တင်ပြီး ညီအစ်ကိုနှစ်ယောက်အား ရပ်ဖို့ အချက်ပြလိုက်သည်။

ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က ဝပ်တွားမှုကို ရပ်တန့်လိုက်ကြသော်လည်း ထမရပ်ရဲသေးပေ။ သူတို့က ဧကရာဇ်၏ အကြည့်နှင့်ပင် မဆုံရဲကြပေ။

ဧကရာဇ်က သူတို့၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“ထရပ်”

ကျစ်ဝမ်ကျီက အသံတိုးတိုးဖြင့် ပြောလိုက်၏။

“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”

ထရပ်ပြီးသည့်နောက်တွင် ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က စိတ်လှုပ်ရှားနေဆဲ ဖြစ်၏။ သူတို့က ဧကရာဇ်နှင့် အကြည့်ချင်း မဆုံရဲကြပေ။

ထိုအရာကို မြင်ကာ ဧကရာဇ်က အပြုံးဖြင့် ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်လုံးက ငါ့ရဲ့ ညာလက်ရုံးတွေလေ။ မင်းတို့တွေကို ဘယ်လိုလုပ် အပြစ်တင်ပါ့မလဲ။ မင်းတို့နှစ်ယောက်လုံးက မဟာချင်အတွက် များစွာအကျိုးကျေးဇူးပြုခဲ့ပြီးတော့ ငါ့ဘေးမှာလည်း နှစ်အကြာကြီး ရှိနေခဲ့တာ။ မင်းတို့ရဲ့ အကျိုးပြုမှုတွေကိုလည်း မြင်တယ်။ စွမ်းရည်နဲ့ သတ္တိတွေကိုလည်း အသိအမှတ်ပြုတယ်။ မင်းတို့က ငါ့ရဲ့ အကောင်းဆုံးဝှက်ဖဲတွေထဲက တစ်ခုပဲ”

ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က ပိုမိုကောင်းကောင်းထားသည်။ သူတို့မျက်နှာအထက် မည်သည့်အတွေးကိုမှ မမြင်ရပေ။

ဝမ်ကျီက ထိုအတွေးကြောင့် စိတ်သက်သာရာရသွားသည်။ အရာရှိတစ်ယောက်အနေဖြင့် သူ့အောင်မြင်မှုနှင့် ရာထူးက အံ့ဩဖွယ် ဖြစ်၏။ သို့သော်လည်း ထိုအခိုက်အတန့်၌ သူတို့သည် မပျော်ရွှင်ရုံသာမကဘဲ စိတ်လှုပ်ရှားမှုကို မဖျောက်ဖျက်နိုင်ပေ။ သူက လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး စိတ်လှုပ်ရှားမှုကို ပယ်ဖျောက်ဖို့ ကြိုးစားနေလေ၏။

ဧကရာဇ်က လက်ကိုမြှောက်ကာ ညီအစ်ကိုနှစ်ယောက်နှင့် ပခုံးအား အသာပုတ်လိုက်သည်။ ထို့နောက် သူ့အကြည့်က အေးစက်စက် ဖြတ်ပြေးသွားကာ ပြောလိုက်သည်။

“ဒါပေမဲ့ ငါ့ရဲ့ အောက်ခြေစည်းမျဉ်းကို ဘယ်သူက လာထိခိုင်းလို့လဲ”

သူ့စကားများကြားတွင် အသက်နှင့် တူသည့် စွမ်းအားများ ထွက်ပေါ်လာပြီး ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့၏ လက်မောင်းကို ဆွဲဖြုတ်လိုက်သည်။ ထိုလက်မောင်းများက အသံကျယ်ကြီးနှင့်အတူ ပင်မခန်းမဆောင်၏ နံရံဆီ သွားရောက်ထိမှန်လေ၏။

ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က သူတို့လက်မောင်းမြေပြင်ပေါ် ကျမသွားခင်အထိ နာကျင်မှုကို မခံစားလိုက်ရပေ။

ထိုနေရာမှ သွေးများ စီးကျလာကာ အော်ဟစ်လိုက်ကြသည်။ နာကျင်မှုက မီးတောင်ပေါက်ကွဲသလို ဖြစ်ကာ သူတို့၏ စိတ်၊ ခန္ဓာကိုယ်နှင့် နှလုံးသားအထိ နာကျင်စေသည်။

ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က တစ်ပြိုင်နက် နောက်ဆုတ်လိုက်ကြ၏။ သူတို့က မြွေတစ်ကောင်နှင့်တူသည့် ဧကရာဇ်၏ မျက်ဝန်းကို မြင်လိုက်ရသည့်အခါ ရုတ်တရက် အော်ဟစ်လိုက်ကြသည်။ သူတို့က အလျင်အမြန် ဒူးထောက်လိုက်ကြ၏။

ကျစ်ဝမ်ကျီက ဝပ်တွားကာ ပြောလိုက်သည်။

“ကျုပ် သေဖို့ထိုက်တန်ပါတယ်။ ဒီလိုပင်မခန်းမဆောင်ကို ညစ်နွမ်းအောင် လုပ်မိတဲ့အတွက် သေသင့်ပါတယ်”

ဧကရာဇ်၏ အေးစက်စက်အကြည့်က နောက်ဆုံးတွင် ပျောက်ကွယ်သွား၏။ သူက လက်နောက်ပစ်ကာ ပြောလိုက်သည်။

“အဲ့လို ထပ်မဖြစ်အောင် သေချာလုပ်”

“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်”

မဟာချင်၏ ဧကရာဇ်က မျက်လုံးအသာပိတ်ပြီး သူ့ထိုင်ခုံဆီ ပြန်လည်ရောက်ရှိလာကာ နားထင်ကို ပွတ်သပ်လိုက်သည်။

“ထွက်သွားကြ”

“ဟုတ်ကဲ့ အရှင်မင်းကြီး”

ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က ခြေလှမ်းသုံးလှမ်း လှမ်းပြီးသည့်နောက်တွင် တစ်စုံတစ်ခုကို မေ့လျော့နေသည်ကို သဘောပေါက်သွားကြ၏။ သူတို့က သက်ဆိုင်ရာ လက်မောင်းများကို အလျင်အမြန်ယူကာ အဝင်ဝမှ ထွက်ခွာသွားကြသည်။

သို့သော်လည်း ညီအစ်ကိုနှစ်ယောက်လုံး ရောက်ရှိလာသည့်အချိန် မိန်းမစိုးတစ်ယောက်က ခန်းမအတွင်း ရောက်ရှိလာကာ ဒူးထောက်ပြီး ပြောလိုက်သည်။

“အရှင်မင်းကြီး တော်ဝင်တပ်ဖွဲ့က တပ်သား နှစ်ရာကျော် အသတ်ခံလိုက်ရပြီ”

“…”

………………………

ညဘက်ကျရောက်လာသည့်အခါ တော်ဝင်တပ်ဖွဲ့ဝင်များ ရေခဲရုပ်အသွင် ပြောင်းလဲသွားသည့် ဇာတ်ကြောင်းများက ရှန်းယန်မြို့အတွင်း ပျံ့နှံ့နေပြီဖြစ်၏။ ရာချီကာ သေဆုံးခဲ့ကြရသည့်အတွက် ဇာတ်ကြောင်းမျိုးစုံ ပျံ့နှံ့နေလေသည်။ သို့သော် မည်သည့်ဇာတ်ကြောင်းကမှ မတိကျပေ။

အစောပိုင်းနှစ်များအတွင်း အမျိုးသမီးချီက မဟာချင်ဧကရာဇ်၏ မျက်နှာသာပေးမှုကို ရယူကာ ကျောင်းယွီကို မွေးဖွားခဲ့လေသည်။ နောက်ပိုင်းတွင် အကြောင်းအရင်းတချို့ကြောင့် အမျိုးသမီးချီက အအေးနန်းဆောင်သို့ ပို့လိုက်ခံရပြီး ဘယ်သောအခါမှ ထပ်မမြင်ရတော့ပေ။ အမျိုးသမီးချီက ဧကရာဇ်ကို ပြုစားသည်ကို ကောလာဟလများပင် ထွက်ခဲ့ဖူးသည်။

သုံးလခန့် မိုးရွာသွန်းပြီး စိုက်ပျိုးမြေများ ပျက်စီးသွားပြီးသည့်နောက်တွင် ကပ်ဘေးအားလုံးကို သူမအပေါ်သာ အပြစ်တင်ခဲ့ကြခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်က ထိုသို့သော အရာမျိုးကို မယုံပေ။ နှစ်အနည်းငယ် ကြာမြင့်ပြီးသည့်နောက်တွင် အမျိုးသမီးချီက ပြင်းထန်စွာ နာမကျန်းဖြစ်ပြီး အိပ်ရာထဲမှ မထွက်နိုင်တော့ပေ။ ထိုအချိန်မှစပြီး သူမ၏ ဖျားနာမှုက ပိုမိုသိသာလာခဲ့၏။

တခြားတစ်ဖက်တွင် ကျောင်းယွီ မွေးဖွားလာပြီးသည့်နောက်တွင် သူက မြို့စားကြီးဟူသော ဘွဲ့ထူးကို ချီးမြှင့်ခံခဲ့ရသည်။ သို့သော်လည်း သူ့ကို မည်သည့်နယ်မြေမှ ပေးအပ်ခြင်း မခံရပေ။

…………………………………

လုကျိုးက ထိုကောလာဟလများကို မသိသလို ဂရုလည်းမစိုက်ပေ။

သူက အခန်းအတွင်း ပြန်ရောက်လာပြီးသည့်နောက်တွင် ခရမ်းရောင်တောက်ပသံကျောက်ကို ထုတ်ယူလိုက်၏။ ထိုအရာ၏ စွမ်းရည်က ငြိမ်သက်ဆဲ အချိန်ကာလထဲ ဖြစ်နေကြောင်း သိပြီးသည့်နောက်တွင် သိမ်းဆည်းလိုက်သည်။

တစ်ခါတစ်ရံတွင် သူ့စွမ်းအားကို ပြသဖို့ အရေးကြီးလှသည်။ သူက သူ့တပည့်များအား တော်ဝင်တပ်ဖွဲ့များနှင့် ပတ်သက်ပြီး ဖြေရှင်းခိုင်းဖို့ အမိန့်ပေးနိုင်သလို တခြားနည်းလမ်းဖြင့်လည်း သုံး၍ ဖြေရှင်းနိုင်သည်။ သို့သော်လည်း သူ့အနေအထားကို ပြဖို့ လိုအပ်နေဆဲ ဖြစ်၏။ မဟုတ်ပါက တခြားသူများကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။ ထိုသို့ဖြင့် ခရမ်းရောင်တောက်ပသံကျောက်ကို အဆုံးမဲ့အဆင့်ထိ တိုးမြှင့်ထားသည့်အတွက် စမ်းသပ်ကြည့်ဖို့ အခွင့်ကောင်း ဖြစ်၏။ ကျောက်ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ကို သတ်နိုင်သည်က အခွင့်ကောင်း ဖြစ်ပေသည်။

နောက်ဆုံးတွင် သူတို့က ဒဿနကျမ်းကို ထုတ်ယူလိုက်သည်။ သူက ကနဦးချီကို အသက်သွင်းကာ လရောင်က ပင်လယ်ပေါ် ဖြာကျနေသည်ဟူသော စကားလုံး (၂၆)လုံးကို သုံးလိုက်သည်။

လုကျိုး စာအုပ်ကို မဖွင့်ခင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေ၏။ သူက စာအုပ်ကို ဖွင့်ဖတ်လိုက်ချင်း စာအုပ်မှ စွမ်းအား ထွက်ပေါ်လာသည်ကို ခံစားမိလိုက်သည်။ ထိုစွမ်းအားက ကျင့်ကြံရေးစွမ်းအား ဖြစ်၏။ ထိုအရာက အဖြူရောင်မြူခိုးများနှင့် ဖြစ်ပြီး စာအုပ်ပေါ်မှ စာလုံးများကို တားဆီးထားဟန်ပေါ်သည်။

လုကျိုးက တိတ်တဆိတ် အမြင်အာရုံမန္တန်ကို ပြောင်းလဲဖတ်လိုက်သည်။ ဤသို့ဖြင့် အဖြူရောင်မြူခိုးများက ကင်းရှင်းသွားသည်။ ထို့နောက် သူက တခြားကမ္ဘာတစ်ခုအတွင်း ဝင်ရောက်လိုက်သလိုမျိုး ခံစားလိုက်ရသည်။ ထိုအရာက သူ့ကိုယ်သူ မဖော်ပြနိုင်လောက်အောင် အင်မတန်လှပလွန်းလှသည်။

စာရွက်ပေါ်တွင်ရှိသည့် စာလုံးများက ပန်းချီကား၊ လူသား၊ တောင်တန်းနှင့် မြစ်များသဖွယ် ဖြစ်၏။ ထို့နောက် သူတို့က ကြီးမားကျယ်ပြန့်လွန်းသည့် ကြယ်စင်စုနှင့် စကြဝဠာကြီးအသွင်ဖြစ်လာသည်။

လုကျိုးက စာအုပ်ထဲ နစ်မြောနေရင်း အသံတစ်သံကြားလိုက်ရသည်။

“ဘယ်တာအိုကို ပြောနေတာလဲ။ မင်းက ဘယ်တာအိုကို ဟောပြောနေတာလဲ။ ဒါတွေအားလုံးက မရှိဘူး။ မင်းက ဘယ်လောက်ပဲ ကျင့်ကြံကျင့်ကြံ ဘယ်လောက်ပဲ ဟောပြောပို့ချပို့ချ အားလုံးက အသုံးမဝင်ဘူး။ ကျင့်ကြံရေးလမ်းစဉ်ဆိုတာ မရှိဘူး”

သူ့နားထဲ အသံတစ်သံပဲ့တင်ထွက်လာပြီးသည့်နောက်တွင် စကားလုံးများဖြင့် ဖော်ညွှန်းထားသည့် စကြဝဠာအတွင်း ပျောက်ကွယ်သွားလေသည်။

ရုတ်ခြည်းဆိုသလို စကားလုံးများက အဖြူရောင်သင်္ကေတများအသွင် ပြောင်းလဲကာ လုကျိုး၏ နောက်ကွယ်အတွင်း ဝင်ရောက်လာလေ၏။

“ဒီဖွင့်လှစ်ခြင်း ကောင်းကင်စာလိပ်ကျမ်းကို ရရှိတယ်”

လုကျိုးက အသိပြန်ကပ်လာသည့်အခါ စာလိပ်ကို ပိတ်ပြီး ရေရွတ်လိုက်သည်။

“တကယ်ကို စာအုပ်ကောင်းတစ်ခုပဲ”

သူက စာအုပ်ကို အချိန်တိုမျှ ဖွင့်လိုက်သော်လည်း အထဲတွင် ပါဝင်နေသည့် ကျယ်ပြောလှသည့် စွမ်းအားကို ခံစားမိလိုက်သည်။ ထိုအရာက ကောင်းကင်ကျမ်းစွမ်းအားနှင့် တူညီနေသည့်အချိန် သို့မဟုတ် ကောင်းကင်စာလိပ်ကျမ်း ဖြစ်လာသည့်အချက်ကိုမူ မသိပေ။

“ဒီစာအုပ်ကို ဘယ်သူချန်ထားခဲ့တာလဲ” သူက ရေရွတ်လိုက်သည်။ သူက ထိုကိစ္စသည် ယုံကြည်နိုင်ဖွယ်မကောင်းကြောင်း ထင်မိ၏။

ထိုအတွေးကို ဖယ်ရှားပြီးသည့်နောက်တွင် သူက စာအုပ်ကို ဆက်လက်ဖွင့်ကြည့်လိုက်သည်။ သူ ဖတ်ရှုလေလေ ကျင့်ကြံရေးကမ္ဘာထဲ နစ်မြုပ်ထားသည့် ရည်မှန်းချက်များဖြင့် ပြည့်နှက်နေသလို ခံစားမိလေလေ ဖြစ်၏။

သို့သော်လည်း အကြောင်းအရင်းတချို့ကြောင့် သိပ်မကြာခင် စာအုပ်ထဲမှ လေသံက ပိုမိုမှုန်မှိုင်းလာသည်။

“ဟောပြောပို့ချချက်လား” လုကျိုးက သူ့ကိုယ်သူရေရွတ်လိုက်၏။

ခဏအကြာတွင် သူက ကျိထျန်းတောက်သည် ထိုစာအုပ်ကို ပိတ်ဆို့ခဲ့သည့်သူဖြစ်ကြောင်း ယုံကြည်ဖို့ အကြောင်းအရင်း အလုံအလောက်ရှိသည်။ စာလုံး ၂၆လုံးနှင့် စကားဝှက်က မှတ်ဉာဏ်သလင်းကျောက်ကို ပိတ်ဆို့ထားသည့် စည်းပိတ်ရေးနည်းလမ်းများနှင့် တူညီနေလေ၏။ စည်းတံဆိပ်က သိပ်အားမကောင်းသော်လည်း တစ်စုံတစ်ယောက်က အတင်းအကြပ် အားသုံးပြီး ဖွင့်လှစ်ခဲ့ပါက စာအုပ်ကို ဖျက်ဆီးဖို့ လုံလောက်ပေသည်။

လုကျိုးက ကောင်းကင်စာလိပ်ကျမ်းကို ကြည့်လိုက်သည်။

“ကောင်းကင်စာလိပ်ကျမ်းကို အသုံးပြုမယ်”

စာအုပ်ထဲတွင် ဖွင့်လှစ်ခြင်းကောင်းကင်စာလိပ်ကျမ်း ပါဝင်နေရုံသာမကဘဲ ပိုင်ရှင်၏ အတွေ့အကြုံများပါ ပါဝင်နေလေ၏။ ထိုအထဲတွင် အခက်အခဲများစွာကို ကျော်ဖြတ်ပြီး ဇာတ်ကြောင်းများစွာကို သယ်ဆောင်ထားသည်။

သိပ်မကြာခင် လုကျိုး၏ စိတ်ထဲ စကားအနည်းငယ် ပေါ်ထွက်လာလေ၏။

“အဆုံးမဲ့ ကောက်ချက်ချမှုကနေ သိဖို့၊ မသိဖို့၊ မြင်ဖို့၊ မမြင်ဖို့ ဖြစ်နိုင်တယ်။ ဒီလောကကြီးထဲမှာ သက်ရှိတွေအားလုံးသိကြတဲ့ သဘာဝစည်းမျဉ်းဥပဒေသထဲမှာ အပြောင်းအလဲတွေမျိုးစုံဆိုတာ ရှိတယ်”

...

အခန်း (၁၃၂၅) နဝမမြောက် ကောင်းကင်ကျမ်းစာစွမ်းအား

ရွှေရောင်သင်္ကေတများသည် သူ၏စိတ်ထဲဆက်လက်တိုးဝင်လာ၏။

လုကျိုးသည် စာအုပ်ကမ္ဘာထဲမှ စွမ်းအားတိုးထွက်လာပြီး တောင်တန်းများနှင့် မြစ်များကို ဖြတ်ကျော်ကာ ဝေဟင်ထဲမ စကြဝဠာထဲထိအောင်ရောက်သွားလျက် စာအုပ်ထဲမှ ထွက်ခွာကာ သူ၏ခန္ဓာကိုယ်ထဲ တိုးဝင်လာတာကို ခံစားမိသည်။

လုကျိုးသည် သူ၏စိတ်ထဲတွင်ပေါ်လာသည့် စာကြောင်းကို ဆက်တိုက်ရွတ်ဆိုနေ၏။ နားလည်သဘောပေါက်သည့် ဖြစ်စဉ်က အလွန်ချောမွေ့နေသည်။ သူသည် ယင်းကို အကြိမ်တစ်ထောင် ပြုလုပ်ခဲ့ပြီးသောကြောင့်ဖြစ်၏။

သူက ဤအတိုင်း တစ်ညလုံး ဆက်ထိန်းထားသည်။

နောက်တစ်နေ့တွင် စာအုပ်က သူ့ဖာသာသူပိတ်သွားပြီး သာမန်စာအုပ်ဖြစ်သွားတော့သည်။

လုကျိုးက မျက်လုံးဖွင့်လျက် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ “အဆုံးမဲ့စုပ်ယူခြင်း စွမ်းအားလား”

ယခုအခေါက်တွင် သူက ကောင်းကင်ကျမ်းစာစွမ်းအားအပေါ် ပိုကောင်းမွန်စွာ နားလည်လာပြီ ဖြစ်သည်။ အဆုံးမဲ့ စုပ်ယူခြင်းစွမ်းအားသည် အနာဂတ်ကို ကြိုမြင်သည့်စွမ်းအားနှင့်ဆင်တူသည်။ မဟုတ်ပါလော။

ဝေဟင်ထဲရှိ ပြောင်းလဲမှုများကို လေ့လာပြီး ၎င်းမှကောက်နှုတ်သည်။ သေးငယ်ဆုံးလေးသောအရာမှ ကောက်နှုတ်ချက်လေးများ ပြုလုပ်၏။ ကောက်နှုတ်ချက်များသည် ဆင်တူသည့်တိုင် ဟောကိန်းထုတ်ခြင်းကဲ့သို့မဟုတ်ပေ”

ယင်းသည် လုကျိုး၏အတွေးမျှသာ ဖြစ်သည်။ ထို့ကြောင့် အတွေးကို စမ်းသပ်ရန် လိုအပ်နေသေးသည်။ သူက စာအုပ်ကို အကြည့်ရောက်သွားသောအခါ စာအုပ်အပေါ်စွမ်းအားအသစ်သုံးရန် ဆုံးဖြတ်လိုက်၏။

သူ မျက်လုံးမှိတ်ထားလျက် ကောင်းကင်ကျမ်းစာစွမ်းအားအတွက် မန္တာန်ကို တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။ ရွှေရောင်သင်္ကေတများပေါ်လာပြီး စာအုပ်ပေါ် ကျရောက်သွားသော်ငြား တုံ့ပြန်မှုမရှိပေ။

“ဟမ် ... အရာဝတ္ထုတွေဆီက ဘာမှကောက်ချက်ချလို့မရသေးဘူးလို့ ဆိုလိုတာလား။ ဒါမှမဟုတ် အစောပိုင်းအဆင့်မှာပဲရှိသေးတာကြောင့် အစွမ်းမထက်သေးတာလား”

လုကျိုးသည် စွမ်းအားကို သူ့ဖာသာသူစမ်းသပ်ရန်ဆုံးဖြတ်လိုက်၏။ သို့သော် ယခင်ကနည်းတူ ဘာမှဖြစ်မလာပေ။

“ငါ့တပည့်တွေဆီမှာကော”

အမြင်စွမ်းအားသည် သူ၏လူများကို ကန့်သတ်ထား၏။ အဆုံးမဲ့ကောက်နှုတ်ခြင်းစွမ်းအားက တူညီနေသေးသည်လော။

လုကျိုးသည် မင်ရှစ်ရင်ဟူ၍လည်း သိထားသည့် အမည်မသိကုန်းမြေမှလာသော သူ၏ နောက်ဆုံးတပည့်ခရုလေးကို ရွေးချယ်လိုက်သည်။

သူသည် အဆုံးမဲ့ကောက်နှုတ်ခြင်းစွမ်းအားအတွက် မန္တန်ကိုရွတ်ဆိုလိုက်ရာ သူ၏ ထူးကဲချီသွေးကြောရှစ်ခုထဲမှ စွမ်းအားများပေါ်ထွက်လာပြီး သူ၏မျက်လုံးထဲရောက်ရှိသွားသည်။

ထင်ထားသည့်အတိုင်းပင် သူ၏မျက်စိရှေ့၌ ခရုလေးက ပေါ်လာတော့သည်။

ခရုလေးက ဝေဟင်ထဲ၌ ကြိုးမျှင်ကိုးသွယ်ဗျက်စောင်းကို တီးခတ်နေတာဖြစ်၏။ အတော်လေး မှောင်နေပြီဖြစ်သည်။ သို့သော် သူ ဘာမှမမြင်ရသေးခင် မြင်ကွင်းက ဖြတ်တောက်ခံလိုက်ရ၏။

ဘာ ... ကောင်းကင်စွမ်းအား ဒီလောက်ကုန်သွားတယ်တဲ့လား။

လုကျိုးက မယုံနိုင်ဖြစ်သွားသည်။ စနစ်မြင့်တင်ပြီးနောက် သူသည် ဤပြဿနာကို ထပ်မံမတွေ့ကြုံရတော့ဟု ထင်မိသည်။ ဆိုရလျှင် သူသည် အမြင်စွမ်းအားကို အသုံးပြုချိန်၌ အချိန်အတော်ကြာလေ့လာနိုင်၏။ သူသည် အစောတုန်းက ကောင်းကင်စွမ်းအားအသုံးပြုမှုကိုတမင်တကာစောင့်ကြည့်နေတာဖြစ်သည်။ သူ၏ကောင်းကင်စွမ်းအား ၁၀ပုံ ၁ပုံတောင် မသုံးခဲ့ပေ။ သူ ထပ်မံကြိုးစားရန် ဆုံးဖြတ်လိုက်၏။ မန္တန်ကို ထပ်မံရွတ်ဆိုလိုက်သည်။

ယခုအခေါက်တွင် ခရုလေးက အခန်းတွင်ထိုင်လျက် ကြိုးမျှင်ကိုးသွယ်ဗျက်စောင်းကို တီးခတ်နေတာ တွေ့လိုက်ရသည်။ သူ၏မျက်စိထဲ၌ မြင်ကွင်းများက လှစ်ကနဲပေါ်လာပြီး သူတို့အားလုံး၌ တူညီတာတစ်ခုရှိ၏။ သူမ ဖြစ်ရပ်အားလုံး၌ ကြိုးမျှင်ကိုးသွယ်ဗျက်စောင်းကို တီးနေတာပဲဖြစ်သည်။

လုကျိုးသည် မြင်ကွင်းများ မပြောင်းလဲသွားတာကို သဘောပေါက်သည့်အချိန်၌ မြင်ကွင်းပြောင်းလဲရန် ကောင်းကင်စွမ်းအားကို တိုးမြှင့်ချင်ခဲ့သည်။ အဆုံးမဲ့ကောက်နှုတ်ချက်စွမ်းအားကို ဖြတ်တောက်လိုက်ရတော့သည်။

“ဒါကနေ ငါ ဘယ်လိုကောက်ချက်ချမှာလဲ။ ဒါက ကောက်ချက်ချတာဟုတ်သေးရဲ့လား”

ကောက်ချက်ချခြင်းသည် ကြိုတင်တွေးမြင်နိုင်ခြင်းမဟုတ်ပေ။ ဘာမှမရေရာ။ သူ မြင်ခဲ့သည့်မြင်ကွင်းများသည် နောင်ကျဖြစ်လာနိုင်သည့် မြင်ကွင်းများသာဖြစ်သည်။

“...”

လုကျိုးသည် ဤကဲ့သို့ကောက်နှုတ်ချက်ချခြင်းက အသုံးမဝင်ဟု တွေးမိသွားသည်။ တစ်စုံတစ်ယောက်သည် မနက်ခင်း၌ ရေသောက်ထားလျှင် နေ့လည်ခင်း၌ ဆီးသွားလိမ့်မည်ဟုလည်း ကောက်ချက်ချနိုင်၏။ အသုံးမဝင်လိုက်တာ ...

အဆုံးကျ သူသည် စွမ်းရည်ကိုဖော်ထုတ်ရန် အချိန်ယူရမည်ဟု ဆုံးဖြတ်လိုက်၏။ ဆိုရလျှင် ယခုအချိန်၌ ၎င်းကိုအသုံးပြုရန် အခွင့်အရေးက နည်းပါးသည်။ အရေးကြီးဆုံးက ယင်းသည် ကောင်းကင်စွမ်းအားများစွာ ကုန်ဆုံးစေ၏။ ယခုသူက အစိမ်းရောင်ကြာနယ်မြေတွင် ရှိနေသောကြောင့် သူ သတိထားရပေမည်။ သူ၏ကောင်းကင်စွမ်းအားကို ဖြုန်းတီး၍မရ။

လုကျိုးသည် ခရမ်းရောင်တောက်ပသံကျောက်ကို အသုံးပြုလျက် ကောင်းကင်စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်သည်။ ၎င်းကို ထုတ်လိုက်ချိန်တွင် ယင်းကို အသုံးမပြုနိုင်သေးကြောင်း မှတ်မိသွားသည်။ ထို့ကြောင့် မတည်မြဲခြင်းတိုင်လုံးကို အသုံးပြုရတော့၏။

“ဒီအကျယ်အဝန်းက သေးလွန်းတယ်” လုကျိုးက လက်ကိုဖိချလျက် ပြောလိုက်၏။

ဘန်း

မတည်မြဲခြင်းတိုင်လုံးက မြေပြင်ထဲနစ်သွားတော့သည်။

မွေးဖွားစမ်းသပ်ချက်နှစ်ခု ဖြတ်ကျော်ပြီးနောက် လုကျိုး၏ယခုစွမ်းအားက ယခင်ကနှင့်မတူတော့ပေ။ သူသည် အရှိန်ကို အဆ၂၀ပိုမြန်အောင် ထိန်းညှိပြီး အကွာအဝေးကို အခန်းကိုသာလွှမ်းခြုံထား၏။

ဤနည်းဖြင့် အပြည့်အဝပြန်လည်ဖြည့်ရန် ၇ရက်အချိန်ယူရမည့် ကောင်းကင်စွမ်းအားသည် ၆နာရီအတွင်းပြည့်သွားတော့သည်။ သူသည် ယခင်က ကောင်းကင်စွမ်းအားကို အပြည့်အဝ ကုန်ဆုံးအောင် အသုံးမပြုခဲ့သောကြောင့် ပိုတောင်တိုတောင်းသည်။

လုကျိုး ပြီးသွားသောအခါ စနစ်မျက်နှာပြင်ကိုဖွင့်လျက် သက်တမ်းကိုကြည့်လိုက်သည်။ ယခုအချိန်၌ သက်တမ်းကို စိုးရိမ်ပူပန်စရာမရှိတော့ပေ။

“ကံစမ်းမဲနှိုက်မယ်”

“ကံစမ်းမဲ”

“တင်း ... ကုသိုလ်မှတ် ၅၀သုံးလိုက်ပါပြီ။ ထိုးနှက်ချက်နည်းစနစ် ချိတ်ကောက်ဓားသွား နည်းစနစ်ကို ရရှိပါတယ်”

“...” ချိတ်ကောက်ဓားသွား နည်းစနစ်လား။ လောင်စစ်ကလွဲရင် ဒါကို အသုံးဝင်တဲ့သူ ရှိသေးလို့လား။ လုကျိုးသည် တစ်စုံတစ်ယောက်ကို စုတ်တံနှင့် စာရွက်တို့ယူခိုင်းလိုက်၏။ သူက ချိတ်ကောက်ဓားသွားနည်းစနစ်ကို အသေးစိတ်ချရေးပြီးနောက် မင်ရှစ်ရင်ဆီပို့ခိုင်းလိုက်၏။

ပြီးနောက် သူက ကံစမ်းမဲထပ်နှိုက်တော့သည်။ ပါဝင်မှုအတွက် ၁၀ကြိမ် ကျေးဇူးတင်ခံရပြီး နောက်ဆုံး၌ လက်လျော့လိုက်၏။

ထိုစဉ် သူ၏ စနစ်မျက်နှာပြင်၌ အသိပေးစာအသစ်သတိပြုမိသွား၏။

ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက် .... ရွှေရောင်မှန်သားပြားနောက်က လျှို့ဝှက်ချက်ကို စစ်ဆေးပါ။

ဤကဲ့သို့တာဝန်မပေါ်လာတာ ကြာလှပေပြီ။ လုကျိုးသည် ယခုအခေါက်၌ တာဝန်ပေါ်လာတာ အံ့ဩသွားတော့သည်။

“ရွှေရောင်တံဆိပ်လား ... အထဲက ရတနာမြေပုံရဲ့အပိုင်းအစကို ထုတ်ထားပြီးပြီ။ တခြားလျှို့ဝှက်ချက်တွေ ရှိတာလား”

တကယ်တော့ လုကျိုးသည် အစိမ်းရောင်ကြာနယ်မြေ၏လျှို့ဝှက်ချက်ကို သိပ်ဝင်မစွက်ဖက်ချင်ပေ။ သူက ကြင်နာတတ်သည့်ဟု မထင်သော်ငြား သူ၏လုပ်ရပ်ကြောင့် ရွှေကြာနယ်မြေသို့ ပြဿနာမသယ်ဆောင်ချင်ပေ။

အစိမ်းရောင်ကြာနယ်မြေ၏အလုံးစုံခွန်အားက ရွှေကြာနယ်မြေထက်ပိုမြင့်မား၏။ မဟာချင်၏ဧကရာဇ်က အမှန်အမှားကို မခွဲခြားနိုင်သည့် ရက်စက်ကြမ်းကြုတ်သည့် အာဏာရှင်ဖြစ်ပါက ရွှေကြာနယ်မြေအတွက် အခြေအနေများ ဆိုးရွားလာနိုင်သည်။ ထို့အပြင် မျှခြေမညီမှုနှင့် ပေါင်းလိုက်ချိန်တွင် လူသားများအတွက် ထိပ်တိုက်တွေ့နိုင်၏။

သို့သော် ဤတာဝန်ဖြင့်သူသည် မဟာချင်၏ဧကရာဇ်ကို ဖြေရှင်းရုံသာလွဲ၍ ရွေးချယ်စရာမရှိပေ။

နောက်တစ်နေ့တွင်ဖြစ်သည်။ ဖန်ကျုံးထွက်သွားပြီးနောက် ဓားသမား၄၉ယောက်လည်း ထွက်သွားသည်။

ထိုစဉ် ကျောင်းယွိက လုကျိုးနေရာသို့ ရောက်လာပြီး ဦးညွှတ်လျက်ပြောလိုက်သည်။

“ဆရာကြီး ... နန်းတော်က မိန့်လိုက်ပါတယ်။ အရှင်မင်းကြီးက ဆရာကြီးကို နန်းတော်ထဲ ဆင့်ခေါ်နေတယ်”

“ငါ သူ့ကို တွေ့မှာမဟုတ်ဘူး” လုကျိုးက အခန်းထဲကနေ အသံပို့လိုက်၏။

ဒီလိုပြောမယ်မှန်း သိတာကြောင့် ဆရာကြီးကိုယ်စားငြင်းလိုက်ပြီးပါပြီ။ ကျောင်းယွိက ပြောလိုက်သည်။

ကျွီ ...

ထိုစဉ် လုကျိုးက လက်နောက်ပစ်လျက် အခန်းထဲက ထွက်လာ၏။ သူက ကျောင်းယွိကိုကြည့်ကာ မေးလိုက်တော့သည်။

“ဘာကိစ္စလဲ။ မင်း အကြောင်းအရင်းမရှိဘဲ ငါ့ကို ရှာမှာမဟုတ်ဘူး”

ကျောင်းယွိက မဝံ့မရဲပြောလိုက်၏။ "ကျွန်တော့်အမေ အခြေအနေက ပိုကောင်းလာပုံပဲ။ နောက်တစ်ခေါက်လောက် ကြည့်ပေးစေချင်တာပါ”

“မင်းရဲ့အမေက လုံလုံလောက်လောက် အနားယူသရွေ့ကောင်းသွားပြီ”

ကျောင်းယွိသည် ထိုစကားကိုကြားသောအခါ အပျော်လွန်သွားသည်။

“ကျွန်တော့်အမေနိုးလာရင် သုံးကြိမ်ဦးတိုက်ပါမယ်။ မဟုတ်ဘူး အခုပဲဦးတိုက်ပါမယ်”

ကျောင်းယွီက မြေပြင်ပေါ် ဒူးထောက်တော့မည့်အချိန်တွင် ယန်ကျန်းလော့က အဝေးကနေရောက်လာ၏။ သူ ဆင်းသက်လာပြီးနောက် ပြောလိုက်သည်။

“မျှော်နန်းသခင် .... မဟာချင်ရဲ့ဧကရာဇ် ဒီကိုရောက်လာပါတယ်”

“ငါ ဘယ်သူ့ကိုမှ တွေ့မှာမဟုတ်ဘူး” လုကျိုးက အင်္ကျီလက်ဝေ့ယမ်းလျက် ပြောလိုက်သည်။ ပြီးနောက် လှည့်ထွက်သွားကာ အဆောက်အအုံထဲ ဝင်သွားပြန်၏။ သူ့နောက်ရှိ တံခါးကိုမူ တင်းကြပ်စွာပိတ်ထားသည်။

“...”

ယန်ကျန်းလော့နှင့် ကျောင်းယွိက အကြည့်ချင်းဖလှယ်လိုက်၏။

ထိုစဉ် နဂါးယာဉ်ပေါ်၌ ထိုင်နေသည့် မဟာချင်၏ဧကရာဇ်က ကျောင်းစံအိမ်နားရောက်နေပြီဖြစ်သည်။

လှည်းကို စစ်သူများနှင့် ကျင့်ကြံသူများစွာက ဝန်းရံထားသောကြောင့် သာမန်ပြည်သူများသည် အဝေးကသာကြည့်နိုင်ပြီး ဆွေးနွေးနိုင်ကြ၏။ အများစုကမူ ဧကရာဇ်ရောက်ရှိလာရခြင်း အကြောင်းအရင်းသည် တော်ဝင်တပ်မှ စစ်သည် ၂၀၀ဦး သေဆုံးရခြင်းနှင့် သက်ဆိုင်နေမည်ဟု ကောက်ချက်ချကြသည်။

ကျောင်းယွိက လည်ချောင်းရှင်းလျက် ထရပ်ကာ ပြောလိုက်သည်။ "အင်း ... ဆရာကြီးက ဘယ်သူ့ကိုမှ မတွေ့ချင်ဘူးဆိုတော့လည်း တွေ့စရာမလိုဘူး”

“ဒါပေမဲ့ ရောက်လာတဲ့သူက မဟာချင်၏ဧကရာဇ်” ယန်ကျန်းလော့က ပြောလိုက်သည်။

“ကျုပ် သိတယ်”

“သူက မင်းရဲ့အဖေလေ”

“ကျုပ် သိတယ်”

ယန်ကျန်းလော့က ထူးဆန်းသလိုခံစားလိုက်ရသည်။ သူက အဘယ်ကြောင့် ကျောင်းယွိကို ဆူပူနေသလိုခံစားနေရသနည်း။

ထိုစဉ် ကျောင်းယွိက ပြောလိုက်၏။ "သူ့ကို ကျုပ်ပဲတွေ့လိုက်မယ်။ ပြောရရင် ကျောင်းစံအိမ်ရဲ့ကိစ္စက ခင်ဗျားတို့နဲ့ မဆိုင်ဘူးလေ”

“ဟုတ်ပြီ” ယန်ကျန်းလော့က ခေါင်းညိတ်လိုက်၏။ ကျောင်းယွိက မိစ္ဆာဝေဟင်မျှော်နန်း၏အကူအညီကို မလိုလားဟု တွေးမိသည်။ ဆိုရလျှင် ကျားတောင် သူ၏ကလေးကို မစားပေ။ ထို့ကြောင့် သူသည် ကျောင်းယွိစကားကို မကန့်ကွက်ပေ။

ကျောင်းစံအိမ်ထဲတွင် ခေါ်ယူထားသည့် လူသစ်များက မဟာချင်၏ဧကရာဇ်ကို မတားရဲကြပေ။ ဝေါယာဉ်မှလူက ဆင်းသက်လာချိန်တွင် ထိုလူများက ဝင်ပေါက်နား တန်းစီနေကြပြီးဖြစ်သည်။

ကျစ်ဝမ်ကျီနှင့်ကျစ်ဝူကျီတို့က ဘေးကနေပံ့ပိုးပေးလျက် နာနာခံခံရပ်နေကြသည်။

ဧကရာဇ်က သူတို့က တစ်ချက်လှည့်ကြည့်ပြီး သူတို့လက်များ ချိတ်ထားတာကို မြင်လိုက်ရ၏။ ပြီးနောက် သူက ခေါင်းညိတ်လျက် ကျောင်းစံအိမ်ဝင်ပေါက်ကိုကြည့်ကာ သက်ပြင်းချလိုက်သည်။

“ငါ ဒီကို မရောက်ဖြစ်တာ ကြာသွားပြီပဲ”

နောက်တွင် ရပ်နေသည့်အထိန်းတော်က ရှေ့သို့ရပ်လျက် ပြောလိုက်၏။ "အရှင်က လုပ်စရာကိစ္စတွေ များလှပါတယ်။ လာလည်ဖို့ အချိန် ဘယ်လိုလုပ်ရှိပါ့မလဲ။ သခင်လေးကျောင်းနဲ့ သခင်မကြီးတို့က အရှင်မင်းကြီးကို နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်”

မဟာချင်၏ဧကရာဇ်က လက်အောက်ငယ်သားများကို သိမ်းကြုံးကြည့်လျက်မေးလိုက်၏။ “ကျောင်းယွိ ဘယ်မှာလဲ”

မဟာချင်၏ဧကရာဇ်က မေးပြီးသည်နှင့် ကျောင်းယွိက သွက်လက်သောခြေလှမ်းများဖြင့် ရောက်လာသည်။ သို့သော် သူတစ်ယောက်တည်းဖြစ်နေကာ သူ၏အမူအရာက လေးနက်တည်ကြည်နေ၏။ သူက လှေကားကနေဆင်းလာချိန်တွင် ဝတ်ရုံကိုမက တလေးတစားဒူးထောက်ပြီးပြောလိုက်၏။

“အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်”

မဟာချင်၏ဧကရာဇ်၏အမူအရာက မပြောင်းလဲသွားပေ။ သာမန်ဖခင်တစ်ယောက်ပမာ သူက ပြုံးလျက်ပြောလိုက်သည်။

“မင်းကို မတွေ့ရတာ ရက်ပိုင်းပဲရှိသေးတယ်။ ဒါပေမဲ့ မင်း ဒီလောက်အရွယ်ရောက်လာပြီကိုး”

ကျောင်းယွိသည် ခေါင်းမမော့ဘဲ ဒူးထောက်မြဲထောက်နေလေ၏။ သူက မြေပြင်ကိုကြည့်ကာပြောလိုက်တော့သည်။

“အရှင်မင်းကြီး ဒီကမ္ဘာမှာ ဘယ်သူကမှ ရက်ပိုင်းအတွင်းမကြီးပြင်းလာနိုင်ပါဘူး”

ဧကရာဇ်သည် သူ၏အဖြေကြောင့် အနည်းငယ်အံ့အားသင့်သွားပုံပေါ်သော်ငြား ပြုံးလျက်ပြောလိုက်၏။

“ပါရမီရှင်ကျင့်ကြံသူတစ်ယောက်အတွက် ဖြစ်နိုင်ပါတယ်”

“ကျွန်တော်မျိုးက ပါရမီရှင်ကျင့်ကြံသူတစ်ယောက်မဟုတ်ဘူး”

“...”

နှစ်ယောက်သား ထိပ်တိုက်ဆုံသည်နှင့် တင်းမာမှုပေါ်လာသည်။

ဘေးရှိအထိန်းတော်တို့သည် သားအဖနှစ်ယောက်ကြား ဝင်မပြောရဲချေ။

မဟာချင်၏ဧကရာဇ်က ဒေါသထွက်ပုံမရဘဲ ထိုအစားသက်ပြင်းရှည်ကြီးချလျက် ပြောလိုက်၏။

“မင်းနဲ့ မင်းရဲ့အမေကို ကျန်းတကယ်လျစ်လျူရှုခဲ့မိတယ်”

“ကျွန်တော်မျိုး မပြောရဲပါဘူး” ကျောင်းယွိက ပြောလိုက်၏။

“ကျောင်းစံအိမ်မှာ ပညာရှင်တစ်ယောက်နေနေတယ်ဆို။ ကျန်း သိချင်တာကြောင့် သူနဲ့တွေ့ချင်တယ်။ သူ ဘယ်မှာလဲ” ဧကရာဇ်က မေးလိုက်၏။ ကျောင်းယွိက ပြန်ပြောလိုက်သည်။ "လက်ရှိမှာ အနားယူနေပါတယ်။ အခုချိန်မှာ ဧည့်သည်တွေနဲ့တွေ့ဖို့ အဆင်မပြေပါဘူး”

“ကျန်းနဲ့သူ မတွေ့စရာအကြောင်းမရှိဘူး” ဧကရာဇ်က ပြောလိုက်၏။

“ဆရာကြီးက ဘယ်သူနဲ့မှ တွေ့မှာမဟုတ်ဘူးလို့ ပြောတယ်” ကျောင်းယွိက ပြောလိုက်သည်။

ယခုအခေါက်တွင် ကျောင်းယွိကို စိတ်ထဲမထည့်တော့ဘဲ အင်္ကျီလက်ကို ခါကာ လှေကားတက်သွားလေ၏။

ကျောင်းယွိက ထရပ်လျက် ဧကရာဇ်နောက်လိုက်သွားသည်။ သူ ဧကရာဇ်ကို တားနိုင်မှာမဟုတ်မှန်း သိသည်။

ကျင့်ကြံသူများစွာက ဝင်လာပြီး ကျောင်းစံအိမ်ထဲ၌ လမ်းရှင်းလိုက်သည်။

ဧကရာဇ်သည် ကျောင်းစံအိမ်နားတဝိုက် အတားအဆီးမရှိ လျှောက်သွားနေသည်။ လုကျိုး ဘယ်မှာနေကြောင်း သိထားပြီးသည့်ပမာပင်။ သူတို့က ကိုယ်ပိုင်သက်တော်စောင့်များ၊ အထိန်းတော်များ၊ ရံရွေတော်များဖြင့် ကိုယ်ပိုင်ခြံဝန်းများစွာကို ဖြတ်ကျော်သွား၏။ သူတို့က သူတို့နောက်၌ အတန်းရှည်ကြီးဖြစ်နေသည်။ သူ ရပ်တန့်လိုက်သည့်အချိန်တွင် လူတိုင်းက ရပ်တန့်လိုက်၏။ ထိုစဉ် သူက လှမ်းခေါ်လိုက်သည်။ “ကျစ်ဝမ်ကျီ”

“မှန်လှပါ” ကျစ်ဝမ်ကျီက ခြေအသာဖော့နင်းလျက် လေထဲခုန်တက်လိုက်သည်။ ကနဦးချီတို့က သူ့နားရစ်ဝဲနေကာ သူ့နှာခေါင်းကို ရှုံ့ပွရှုံ့ပွလုပ်လိုက်သည်။ အရပ်မျက်နှာအနှံ့မှ ရနံ့တို့သူ့နှာခေါင်းဝရောက်လာ၏။ ခဏအကြာတွင် သူက တစ်ဖက်ကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“ဟိုမှာပါ အရှင်မင်းကြီး”

ဧကရာဇ်က လျှောက်သွားလျက် ကျစ်ဝမ်ကျစ်ညွှန်ပြရာနေရာဆီ လျှောက်သွားလိုက်သည်။ သူက အတားအဆီးမရှိလျှောက်သွားပြီး ခြံဝန်းတစ်ခုရှေ့သို့ ရောက်သွားတော့သည်။

ဝတ်ရုံစိမ်းဝတ်ထားသည့် ဓားသမားတစ်ဦးက ခြံဝန်းပေါ်ရှိ လေထဲ၌ပေါ်လာ၏။ သူက လက်ထဲတွင် ဓားကိုင်ထားလျက် လူတိုင်းကို ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

“အရှင်မင်းကြီး ... ကျုပ်ရဲ့ရှစ်စွင်းက ပြောပြီးသား။ ဒီနေ့ ဧည့်သည်တွေ့မှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး ပြန်ပါတော့”

ကျစ်ဝမ်ကျီက ဧကရာဇ်နားသွားကာ တီးတိုးပြောလိုက်လေ၏။ ဧကရာဇ်က ခေါင်းညိတ်လိုက်လေ၏။ “မင်းက မြင်းသည်တော်သုံးယောက်ကို တစ်ချက်တည်းနဲ့သတ်ခဲ့တဲ့ ဓားပညာရှင်လား”

“ဟုတ်ပါတယ်”

ယွီရှန်းရုန်က ပြန်ပြောလိုက်၏။

“မင်းက ငါ့လူတွေကို သတ်ခဲ့တယ်။ မင်းကိုငါ အပြစ်ပေးတာ ကျိုးကြောင်းသင့်တယ်ထင်လား” ဧကရာဇ်က မေးလိုက်၏။

ယွီရှန်းရုန်က ခေါင်းညိတ်လိုက်သည်။ “ကျိုးကြောင်းသင့်ပါတယ်”

ဧကရာဇ်က ပြုံးလိုက်သည်။ “စိတ်ဝင်စားစရာပဲ” ထိုသို့ပြောပြီးနောက် သူ ရပ်နေရာ နေရာမှပျောက်သွား၏။ သူ နေရာရွေ့ပြောင်း ပို့ဆောင်လိုက်သလိုပင်။

သူ၏လှုပ်ရှားမှုကို မည်သူမှလိုက်မမှီပေ။

လူတစ်ယောက်၏အရှိန်က အထွတ်အထိပ်သို့ရောက်သည့်အချိန်တွင် ထိုလှုပ်ရှားသည့်အချိန်တိုင်း လေထဲတွင် ပျောက်ကွယ်သွားသည့်ပမာ ထင်ယောင်ထင်မှားဖြစ်မှု ဖန်တီးနိုင်သည်။ သို့သော် ထိုလူထွက်သွားချိန်၌ စွမ်းအင်အတက်အကျတစ်ခုကျန်ရစ်ခဲ့လိမ့်မည်။ ထူးဆန်းသည်မှာ မဟာချင်၏ဧကရာဇ်က ဤသို့မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်း ဧကရာဇ်သည် ယွီရှန်းရုန်ရှေ့ မီတာဝက်ခန့်၌ ပေါ်လာသည်။ ယွီရှန်းရုန်၏မျက်လုံးထဲ အံ့ဩမှုအရိပ်အယောင်ပေါ်လာသော်ငြား သူ၏ သမာဓိကိုထိန်းသိမ်းထားကာ မျက်နှာထက်တွင် အပြုံးဖျော့ဖျော့ပေါ်လာသည်။

ဧကရာဇ်၏မျက်နှာထက်၌ လက်ခံသည့်အမူအရာပေါ်လာကာ ပြောလိုက်သည်။ "မင်းက သတ္တိရှိတာပဲ”

ယနေ့ မဟာချင်၏ဧကရာဇ်က နဂါးဝတ်ရုံကိုဝတ်ဆင်ထားသည်။ နဂါးဝတ်ရုံက အနီအနက်ဖြစ်ပြီး ရွှေချည်ထိုးလား၏။ နေရောင်အောက်တွင် တလက်လက်တောက်နေတော့သည်။

“ကျုပ်ကို ချီးကျူးနေတာပဲ” ယွီရှန်းရုန်သည် သူ ယနေ့၌ ပညာရှင်တစ်ယောက်နှင့်တွေ့ပြီမှန်း သိလိုက်သည်။ စစ်မှန်သောပညာရှင်

“လူ အနည်းအကျဉ်းလောက်ပဲ ငါ့ရဲ့အာရုံစိုက်မှုကို ဖမ်းစားနိုင်တာ” ဧကရာဇ်က ပြုံးပြီးပြောလိုက်၏။

“မင်းကိုသတ်ဖို့ ငါ့မှာနည်းလမ်းတစ်သောင်းရှိတာ ယုံလား” ယွီရှန်းရုန်က ခေါင်းကို သိမ်မွေ့စွာ ခေါင်းခါလိုက်သည်။

တစ်ချိန်တည်းတွင် အောက်မှအသံတစ်သံထွက်ပေါ်လာသည်။

“မင်းကိုသတ်ဖို့ ငါ့မှာနည်းလမ်းတစ်သောင်းရှိတာယုံလား”

“...”

ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီသည် တံတွေးမြိုချလျက် နောက်သို့ အလိုလို ခြေတစ်လှမ်းဆုတ်မိသွားသည်။

ထိုစဉ် ကျောင်းယွိက အပြေးအလွှားရောက်လာလျက် ပြောလိုက်သည်။ "ကျွန်တော် တကယ်သူ့ကို မတားနိုင်ဘူး”

သူ့ကိုတားတာလား .... ဧကရာဇ်၏မျက်နှာထက်တွင် စိတ်ပျက်သောအမူအရာပေါ်လာ၏။ ငါ ကျေးဇူးကန်းတဲ့သူတစ်ယောက်ကို ပျိုးထောင်ခဲ့မိပုံပဲ။

ကျစ်ဝမ်ကျီသည် အဖြစ်အပျက်ကို ပြန်ပြောပြခဲ့ချိန်၌ ယုံနိုင်ရန်ခက်ခဲနေသည်။ ယခု သူ့မျက်လုံးနှင့် မြင်လိုက်ရသောကြောင့် ယုံရတော့သည်။

တိုင်းပြည်တစ်ပြည်ကို နှစ်ပေါင်းများစွာ အုပ်စိုးလာပြီးနောက် ဧကရာဇ်သည် သူ၏အတွေးများကို မည်သို့ဖုံးကွယ်ရမည်မှန်း သိထားပြီးဖြစ်သည်။ သူက ပြောလိုက်၏။ "နည်းလမ်းတစ်သောင်းလား ... တကယ်လား”

“စမ်းကြည့်ချင်လား”

ကျွီ ...

မီးခိုးရောင်ဝတ်ရုံဝတ်ထားသည့် လုကျိုးက လက်နောက်ပစ်လျက် လျှောက်လာသည်။ သူသည် ကျင့်ကြံသူတစ်ဦး၏ ချဲ့ကားသောအရှိန်ကို မသုံးခဲ့သလို နည်းစနစ်များလည်း မသုံးခဲ့ပေ။ သူ သာမန်လူတစ်ယောက်လို လျှောက်လာတာဖြစ်သည်။

အဆောက်အအုံနောက်ရှိ လူတိုင်း နောက်ဆုတ်သွားသည်။

ဧကရာဇ်၏မျက်လုံးက မည်းမှောင်သွားကာ မြင်ကွင်းထဲမှ ပျောက်သွားပြန်၏။

သို့သော် လုကျိုးအဖို့ ဧကရာဇ်၏အရှိန်က ဘာမှမဟုတ်ပေ။ ဆိုရလျှင် ကောင်းကင်ကျမ်းစာစွမ်းအားနှင့် ကျမ်းစာစွမ်းတို့ဖြင့် သူသည် သူ၏အသိအမြင်ကို တာအိုစွမ်းအားထဲ ထည့်ထား၏။

မဟာချင်၏ဧကရာဇ်သည် တာအိုစွမ်းအားသုံးသောကြောင့် သူသည် အနည်းဆုံးတော့ ဆရာသခင်တစ်ပါးဖြစ်မည့်ပုံပေါ်သည်။

ဧကရာဇ်သည် လုကျိုးဆီကနေ ဆုတ်ခွာလာ၏။ နှစ်ယောက်သားက တစ်ယောက်၏ သွင်ပြင်၊ အရှိန်အဝါ၊ ကနဦးချီအတက်အကျစသည်တို့ကို လေ့လာလိုက်သည်။ အချိန်အတော်ကြာပြီးနောက် ဧကရာဇ်က ပြောလိုက်၏။

“မင်းကိုယုံတယ်”

ကျစ်ဝမ်ကျီ၊ ကျစ်ဝူကျီ “...”

ညီနောင်နှစ်ယောက်သည် ဧကရာဇ်မည်သည်ကို ပြုလုပ်ရန် ကြိုးပမ်းမည်မှန်း မသိတော့ပေ။ ဧကရာဇ်ကြောက်နေတာလား။

လုကျိုးက ပြောလိုက်သည်။ "ခင်ဗျား ဒီလောက်လောနေမယ်မထင်ဘူး”

“ကျန်းရဲ့တော်ဝင်တပ်နဲ့ စစ်သူကြီးတွေ ဒီလိုဖြစ်သွားတာ သူတို့ရဲ့သခင်အနေနဲ့ ဘယ်လိုလုပ် ဘာမှမလုပ်ဘဲ နေနိုင်မှာလဲ” ဧကရာဇ်က ပြောလိုက်သည်။

မိန်းမစိုးနှစ်ယောက်က အစောတုန်းက ပြင်ဆင်ထားသည့် ကြိမ်ကုလားထိုင်နှစ်လုံးကို သယ်လာ၏။ တစ်လုံးကို ဘယ်၊ တစ်လုံးကို ညာတွင် ထားထားသည်။ သို့သော် ၁၀မီတာခြားထားသည်။

ယခုအခါတွင် ဧကရာဇ်က သူ၏ကျင့်ကြံမှုကို မသုံးတော့ဘဲ ကုလားထိုင်တစ်လုံးစီလျှောက်သွားလျက် လက်မြှောက်ကာပြောလိုက်သည်။

"ကျေးဇူးပြုပြီး ထိုင်ပါ”

လုကျိုးက ထိုင်ပြီးနောက် ဧကရာဇ်ကပြောလိုက်၏။ "မင်းကို တကယ်မမြင်နိုင်ဘူးပဲ”

လုကျိုးသည် စကားအပိုပြောမနေဘဲ ထိုအစား သူကပွင့်ပွင့်လင်းလင်းပြောလိုက်၏။ "ဒီနေ့ ဧည့်သည်တွေ့မှာ မဟုတ်ဘူးလို့ပြောပြီးသား။ ဆက်ပြီးခေါင်းမာနေမယ်ဆိုရင် ရလဒ်ကောင်းပေါ်ထွက်လာမှာမဟုတ်ဘူး”

“ကျစ်ဝမ်ကျီက ကျန်းကို အားလုံးပြောပြီးသား လက်စားချေဖို့ လာရှာတယ်ထင်နေလား”

လုကျိုးက ဆိတ်ဆိတ်သာနေလေ၏။

ဧကရာဇ်က ရယ်မောလျက်ပြောလိုက်သည်။ "တိုင်းပြည်ကို အုပ်စိုးသူအနေနဲ့ တစ်မိုးအောက်က လူတိုင်းနဲ့ အရာအားလုံးကို သည်းခံနိုင်တယ်”

…

အခန်း (၁၃၂၆) လက်ရည်စမ်းခြင်း

လုကျိုးက မဟာချင်ဧကရာဇ်၏ စကားများကို အလေးအနက် မမှတ်ယူလိုက်ပေ။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။

“အဲဒါဆိုတော့ ခင်ဗျားက ကျောင်းယွီကို သည်းမခံနိုင်ဘူးပေါ့”

“…”

အားလုံးတွင် အားနည်းချက် ကိုယ်စီရှိကြပြီး မဟာချင်၏ ဧကရာဇ်ကလည်း ခြွင်းချက် မဟုတ်ပေ။ မြို့တော်တွင်ရှိသည့် လူအားလုံးက ဧကရာဇ်နှင့် ကျောင်းယွီကြားမှ ဆက်ဆံရေးအကြောင်း သိထားကြလေ၏။ သူတို့ သိထားသည်က သားဖနှစ်ယောက်သည် ဆက်ဆံရေးကောင်း မရှိကြပေ။ သို့သော်လည်း နောက်ကွယ်တွင် အကြောင်းအရင်းကို မသိကြပေ။

တော်ဝင်နန်းဆောင်အတွင်း အရာရှိများဖြစ်စေ သို့မဟုတ် မိန်းမစိုးများဖြစ်စေ မည်သူကမှ ကျောင်းယွီ သို့မဟုတ် အမျိုးသမီးချီအကြောင်း ထည့်မပြောရဲကြပေ။

တိုင်းပြည်အုပ်စိုးသူတစ်ယောက်ကို အဖော်ပြုပေးရခြင်းက ကျားတစ်ကောင်ကို အဖော်ပြုပေးရခြင်းနှင့် တူညီလေ၏။ တစ်ခါတစ်ရံတွင် စကားတစ်ခွန်း မှားသွားခြင်းက အသက်ကို ဆုံးရှုံးသွားစေနိုင်သည်။

လုကျိုးက ထိုသို့စဉ်းစားမှုမျိုး မရှိပေ။ သူ ပြောမထွက်သည့် အရာဟူ၍လည်း မရှိပေ။

ဧကရာဇ်က ပြုံးကာ ပြောလိုက်သည်။

“ဟုတ်တယ်။ သူ့ကို ဒီနှစ်တွေမှာ လျစ်လျူရှုထားခဲ့တာ။ ဒါပေမဲ့ ရွေးချယ်မှုကြောင့်တော့ မဟုတ်ဘူး။ ဧကရာဇ်တစ်ယောက်အနေနဲ့ လွတ်လပ်တဲ့ဘဝမျိုးမှာ မနေနိုင်ဘူး။ ပခုံးပေါ်မှာ လောကရဲ့ အလေးချိန်ကို သယ်ဆောင်ထားရတာ”

“ခင်ဗျားရဲ့ မိသားစုကိုမှ စီမံမခန့်ခွဲနိုင်ရင် တိုင်းပြည်ကို ဘယ်လိုစီမံခန့်ခွဲမှာလဲ” လုကျိုးက ပြောလိုက်သည်။

ဧကရာဇ်က ထိုစကားများကြောင့် ဆွံ့အသွားလေသည်။ ခဏအကြာတွင် သူက ပြောလိုက်၏။

“ခင်ဗျား ပြောတာ ဟုတ်တယ်”

လုကျိုးက ပြောလိုက်သည်။

“ကျုပ်က ကွေ့ပတ်ပြောနေရတာ မကြိုက်ဘူး။ ခင်ဗျားမှာ ပြောစရာရှိတယ်ဆိုလည်း ပြောလိုက်”

ဧကရာဇ်က မမြန်လွန်း မနှေးလွန်းသည့်နှုန်းဖြင့် ပြောလိုက်သည်။

“ကျုပ် ဒီကိုလာတာက အကြောင်းအရင်း နှစ်ခုကြောင့်ပါ။ ပထမဦးဆုံး ကျောင်းစံအိမ်ဆီ လာလည်ချင်တာ။ ဒုတိယအနေနဲ့တော့ ကျုပ် ကြားဖူးတဲ့ ရွှေရောင်ကြာ အဆင့်မြင့်ပညာရှင်နဲ့ တွေ့ချင်တာပါ”

လုကျိုးက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ထရပ်ကာ ပြောလိုက်၏။

“အခု ခင်ဗျားက နှစ်ခုလုံးကို ပြီးမြောက်သွားပြီဆိုတော့ ထွက်သွားလို့ရပြီ”

နောက်တွင် ရပ်နေသည့် မိန်းမစိုးက လုကျိုး၏ စကားကိုကြားသည့်အခါ သူ့အမူအရာ မသက်မသာ ဖြစ်လာလေ၏။ သူက လုကျိုးအား ဆူငေါက်လိုမိသည်။ ကျောင်းစံအိမ်က ဧကရာဇ် သား၏ အိမ် ဖြစ်ပေသည်။ အကယ်၍ တစ်စုံတစ်ယောက် ထွက်သွားသင့်သည်ဆိုပါက လုကျိုးသာ ဖြစ်လိမ့်မည်။ သို့သော်လည်း ယခုအခါ သူ့အနေနှင့် ပြောရမည့် နေရာမဟုတ်ကြောင်း သိထားလေ၏။ ဧကရာဇ်ကို အဖော်ပြုလာပေးပြီးသည့်နောက်တွင် မည်သည့်အချိန်က ပြောဆိုရမည်၊ မည်သည့်အချိန်တွင် ငြိမ်သက်နေရမည်ကို ကောင်းကောင်း သိလာလေ၏။ သူသာ ယခုအထိ ကောင်းကောင်း မသိသေးပါက အလကားနေထိုင်သလိုသာ ဖြစ်လိမ့်မည်။ ထို့အပြင် သူက ဆရာသခင်များကြား သို့မဟုတ် အားကောင်းသူများကြားတွင် အဆင့်အတန်းနှင့် ရာထူးတို့က အဓိပ္ပာယ်မရှိကြောင်း နားလည်ထား၏။ အဓိပ္ပာယ်ရှိသည့် တစ်ခုတည်းသောအရာက စွမ်းအားသာ ဖြစ်ပေသည်။

ဤနေရာဆီ ဧကရာဇ်နောက်မှ လိုက်ပါလာကြသည့် သားများနှင့် ကျင့်ကြံသူများကမူ ရှုပ်ထွေးသည့် အတွေးမျိုး မရှိကြပေ။ သူတို့က ဧကရာဇ်၏ အမိန့်ကိုသာ နားထောင်ကြလေ၏။ သူတို့က ဧကရာဇ်၏ အမိန့်မရှိဘဲ ဘာမှလုပ်ကြမည် မဟုတ်ပေ။

ဧကရာဇ်က လုကျိုး၏ စကားကို ကြားကာ ရယ်မောလိုက်၏။

“တကယ်တော့ ခင်ဗျား အဲ့လိုပြောဖို့ မလိုပါဘူး။ အခုထိ ရောက်နေပြီဆိုတော့ နောက်ကျရင် ထပ်မလာတာမျိုး ဖြစ်နိုင်တာပဲ။ ခင်ဗျားက ရွှေကြာနယ်မြေကနေ အစိမ်းရောင်ကြာနယ်မြေအထိရောက်အောင် လာခဲ့ရတာ။ ကျုပ်က အစိမ်းရောင်ကြာနယ်မြေရဲ့ အုပ်ချုပ်သူပဲ။ ကျုပ် အခုထွက်သွားမယ်ဆိုရင် ခင်ဗျား နောင်တမရဘူးဆိုတာ သေချာရဲ့လား”

အကယ်၍ မင်ရှစ်ရင်သာ လုကျိုးနေရာတွင် ရှိမည်ဆိုပါက သူက လှည့်ကာထွက်သွားဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

အစပိုင်းတွင် လုကျိုးက ယနေ့ အဆုံးမဲ့ ကောက်ချက်ချမှု စွမ်းအားကို လေ့လာဖို့ ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း မဟာချင်၏ ဧကရာဇ် ရောက်လာသည့်အတွက် သူ့အနေနှင့် ထိုကိစ္စကို ဘေးဖယ်ထားရလေသည်။ ရွှေရောင်အမှတ်အသားပြားနောက်မှ လျှို့ဝှက်ချက်များကို စုံစမ်းစစ်ဆေးဖို့ ကိစ္စဆိုး မဟုတ်ပေ။ ထို့အပြင် ကိစ္စများအရ သူက တာဝန်ပြီးမြောက်ဖို့ များစွာလုပ်ဖို့ရာပင် မလိုအပ်ပေ။

လုကျိုးက ဧကရာဇ်သည် ထင်ထားသည်နှင့် ကွဲပြားကြောင်း ဝန်ခံရပေမည်။

ခဏအကြာတွင် လုကျိုးက ထိုင်လိုက်၏။

ဧကရာဇ်က ထိုအရာကို မြင်ကာ ပြုံးလိုက်သည်။

“ကျုပ် တဲ့တိုးပဲ ပြောမယ်။ ခင်ဗျားရဲ့ အချိန်ကို ဖြုန်းမှာ မဟုတ်သလို ကျုပ်ရဲ့ အချိန်ကိုလည်း ဖြုန်းမှာ မဟုတ်ဘူး”

ခဏအကြာတွင် သူက အသံကို အနည်းငယ် နှိမ့်ကာ ဆက်ပြောလိုက်သည်။

“ကျိုးဖျင့်ကို အလုံအလောက် အပြစ်ဒဏ်ပေးပြီးသွားပြီ။ သူက ကျုပ် လက်အောက်ငယ်သားပဲ။ မဟာချင်က သူ့ကို လိုအပ်နေသေးတယ်”

လုကျိုးက ခေါင်းညိတ်လိုက်သည်။

“ကျိုးဖျင့်ကို ခင်ဗျားရဲ့ ပိုင်ဆိုင်မှုထဲမှာရှိတဲ့ ရွှေရောင်အမှတ်အသားပြားသုံးခုနဲ့ လဲလှယ်လုပ်နိုင်တယ်”

ဧကရာဇ်က လုကျိုး၏ တောင်းဆိုချက်ကြောင့် အံ့အားသင့်သွားလေ၏။ သူက ရွှေရောင်အမှတ်အသားပြားနှင့် ပတ်သက်သည့်ကိစ္စကို ဘေးဖယ်ထားသည့်အတွက် မေ့လျော့နေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူက ထိုကိစ္စကို စုံစမ်းဖို့ မည်သူ့ကိုမှ အမိန့်ပေးမထားပေ။

ခဏအကြာတွင် ဧကရာဇ်က ခေါင်းယမ်းကာ ပြောလိုက်သည်။

“ကျိုးဖျင့်က အရေးကြီးပေမဲ့ သူက ရွှေရောင်အမှတ်အသားပြားသုံးခုတော့ မထိုက်တန်ဘူး”

လုကျိုးက တိတ်ဆိတ်သွားလေသည်။ သူက သူ့အနေဖြင့် ဧကရာဇ်တွင်လည်း သူ့ကိုယ်ပိုင်အစီအစဉ် ရှိကြောင်း သိထားရသည်။

ဧကရာဇ်က ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် ပြောလိုက်၏။

“ခင်ဗျားကို နောက်ထပ် လူတစ်ယောက်အတွက် အမှတ်အသားပြားသုံးခု ပေးနိုင်တယ်”

လုကျိုးက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ဘယ်သူလဲ”

“မုန့်မျိုးနွယ်က အသက်ရှင်ကျန်ရစ်သူ” ဧကရာဇ်က ပြောလိုက်သည်။

လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။

လက်ဝါးစည်းတံဆိပ်က လေထဲ ပျံ့လွင့်လာ၏။

ဧကရာဇ်သည် လုကျိုး၏ ရုတ်ခြည်းဆန်စွာ တိုက်ခိုက်မှုကြောင့် အံ့အားသင့်သွားသော်လည်း သူ့အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူက လက်ကို မြှောက်ကာ လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။

ဘန်း

ရွှေရောင်နှင့် အစိမ်းရောင်လက်ဝါးစည်းတံဆိပ်တို့က ထိပ်တိုက်တွေ့ဆုံသွားပြီး လေထဲ ပျောက်ကွယ်သွားလေ၏။

လုကျိုးက ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

“သူ့နာမည်က မင်ရှစ်ရင်။ သူက ငါ့ရဲ့ စတုတ္ထမြောက် တပည့်ပဲ။ ရွှေရောင်အမှတ်အသားပြား သုံးခုကို မပြောနဲ့ ခင်ဗျားရဲ့ ပလ္လင်ကတောင် သူနဲ့ အလဲအလှယ် မလုပ်နိုင်ဘူး”

“…”

ဧကရာဇ်က အံ့အားသင့်သွားလေ၏။ သူ့အနေဖြင့် လုကျိုး၏ တပည့်သည် လုကျိုး၏ စိတ်ထဲ များစွာ တန်ဖိုးရှိနေလိမ့်မည်ဟု ထင်မထားမိပေ။

ခဏအကြာတွင် ပုံရိပ်တချို့ ပျံသန်းရောက်လာပြီး ယွီရှန်းရုန်နောက်တွင် ဆင်းသက်လိုက်သည်။ သူတို့ကြား၌ မင်ရှစ်ရင် ပါဝင်နေ၏။

မင်ရှစ်ရင်က လုကျိုး၏ စကားကို ကြားသည့်အခါ အတော်လေး စိတ်လှုပ်ရှားသွားလေသည်။ သူ့မျက်ဝန်းများက နီရဲလာပြီး ပြောလိုက်၏။

“ရှစ်စွင်းရဲ့ စကားတွေက တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်”

ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ရှောင်ယွမ်အာနဲ့ ခရုလေး “…”

“အား ကျွန်တော်ကို အဲ့လိုမကြည့်ပါနဲ့။ ကျွန်တော် စိတ်ရင်းကို ပြောလိုက်တာပါ” မင်ရှစ်ရင်က ပြောလိုက်သည်။

“အဲဒါဆို မင်းရဲ့ စိတ်ရင်းက ပေါ်လာတဲ့ဟာတွေအကုန်လုံးက အဓိပ္ပာယ်မရှိတာတွေလား”

ယွီကျန့်ဟိုင်က မင်ရှစ်ရင်ကို မျက်လုံးထောင့်မှ ကြည့်ကာ ပြောလိုက်သည်။

“တာ့ရှစ်ရှိုး ကျွန်တော် သင်ခန်းစာ သင်ယူပြီးသွားပါပြီ” မင်ရှစ်ရင်က ပြောပြီးသည့်နောက်တွင် တိတ်ဆိတ်သွားလေ၏။

ခဏအကြာတွင် တိတ်ဆိတ်မှုတို့က လုကျိုး၏ ခြံဝန်းအတွင်း ကြီးစိုးသွားလေသည်။

ဧကရာဇ်က ခပ်ယဲ့ယဲ့ ဆက်လက်ပြုံးထားလေ၏။ ထိုအရာက သူ့ခပ်ထွားထွားပုံစံဖြင့် လိုက်လျောညီထွေမရှိ ဖြစ်နေလေသည်။ တိုင်းပြည်တစ်ခု၏ ဧကရာဇ်ဖြစ်လာသူက မည်သို့ရိုးရှင်းမည်နည်း။

ခဏအကြာတွင် ဧကရာဇ်က ခေါ်လိုက်သည်။

“ကျစ်ဝမ်ကျီ”

ကျစ်ဝမ်ကျီက ရိုရိုကျိုးကျိုး လျှောက်လာကာ မေးလိုက်သည်။

“အမိန့်ရှိပါ”

“မုန့်မျိုးနွယ်အကြောင်းပြော” ဧကရာဇ်က ပြောလိုက်သည်။

“ဟုတ်ကဲ့” ကျစ်ဝမ်ကျီက ဧကရာဇ်ကို ဦးညွှတ်ပြီးသည့်နောက်တွင် လုကျိုးကိုပါ ဦးညွှတ်လိုက်သည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“စစ်သူကြီးမုန့်က ဧကရာဇ်ရဲ့ ညာလက်ရုံးထဲက တစ်ယောက်ပါ။ အရှင်မင်းကြီးက သူ့ပါရမီကို တန်ဖိုးထားပြီးတော့ အရေးကြီးကိစ္စတွေကို အပ်နှံလေ့ရှိတယ်။ သူ့လက်အောက်မှာ တပ်ဖွဲ့သုံးခု ရှိတယ်။ အဲဒီအချိန်တုန်းက မဟာကျင်းက အားကြီးပြီးတော့ အင်အားစုနှစ်ဆယ်နဲ့ မဟာမိတ်ဖွဲ့ထားပြီးတော့ မဟာချင်ကို ပြဿနာဆက်တိုက် ရှာခဲ့တယ်။ မဟာချင်က သူတွေက အဲဒီအချိန်တုန်းက ဆိုးဆိုးရွားရွား ရှင်သန်ခဲ့ရတာ။ စစ်သူကြီးမုန့်၊ စစ်သူကြီးရှီနဲ့ စစ်သူကြီးပိုင်တို့က ရှောင်တောင်တန်းပေါ်မှာ မဟာကျင်းကို အနိုင်ယူနိုင်ခဲ့တယ်”

ခဏအကြာတွင် ကျစ်ဝမ်ကျီက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ နောက်ပိုင်းကျတော့ စစ်သူကြီးမုန့်က တပ်ဖွဲ့သုံးခုကို စုစည်းပြီးတော့ တော်လှန်ဖို့ ကြိုးစားခဲ့တယ်။ သူက အရှင့်ကို ပလ္လင်ပေါ်ကနေ ဆွဲချပြီးတော့ ဧကရာဇ်ကို သတ်ဖို့ ကြိုးစားခဲ့တယ်။ ကံကောင်းတာက စစ်သူကြီးရှီနဲ့ စစ်သူကြီးပိုင်တို့က ဖရိုဖရဲအလယ်မှာ သူ့ကို သတ်နိုင်ခဲ့တာပဲ။ အဲဒီနောက် အရှင်မင်းကြီးက တပ်ဖွဲ့တွေကို ခြိမ်းခြောက်ဖို့ သူ့ရဲ့ အံ့မခန်းစွမ်းအားကို ပြသပြီးတော့မှ ငြိမ်းချမ်းရေး ပြန်ရောက်လာခဲ့တာ”

“အရှင်မင်းကြီးက သက်ညှာပေးပြီးတော့ မုန့်မျိုးနွယ်ဝင်အားလုံးကို အပြစ်ပေးဖို့ မစီစဉ်ထားဘူး။ ဒါပေမဲ့ မုန့်မျိုးနွယ်ဝင်တွေက ကောလာဟလ အဆက်ဖြတ်ပြီးတော့ နယ်ခြားအင်အားစုနဲ့ ပေါင်းစည်းသွားတယ်။ လောင်ချန်းပေ့ တကယ်လို့ မယုံဘူးဆိုရင် လမ်းပေါ်မှာရှိတဲ့သူအားလုံးကို မေးကြည့်လို့ရပါတယ်။ မုန့်မျိုးနွယ်အကြောင်း လူတွေရဲ့ စစ်မှန်တဲ့စကားကို နားထောင်ကြည့်လိုက်ပါ။ တကယ်လို့ ကျုပ် ညာနေတယ်ဆိုရင် ကျုပ်အသက်နဲ့ ပေးဆပ်ပါမယ်” ကျစ်ဝမ်ကျီက မြေပြင်ပေါ် ဒူးထောက်ကာ ပြောလိုက်သည်။

ခဏအကြာတွင် ယွီကျန့်ဟိုင်က ကျစ်ဝမ်ကျီကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“အာ့ရှစ်တိ သူက တကယ်တုံးတာလား။ ဒါမှမဟုတ် တုံးချင်ယောင်ဆောင်နေတာလား”

ယွီရှန်းရုန်က ပြုံးကာ ပြောလိုက်သည်။

“ကျွန်တော့်အမြင်တော့ အပေါ်ယံကို ကြည့်ပြီး အကဲဖြတ်လို့ မရဘူးလေ။ ဒါပေမဲ့ အမှန်တကယ် တုံးနေတာဆိုရင်တော့ တကယ်ကို ပျင်းစရာပဲ”

“…”

ထိုစဉ် မင်ရှစ်ရင်က အပေါ်မှ ဆင်းလာကာ ကျစ်ဝမ်ကျီကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ဒါတွေအားလုံးက ခင်ဗျားရဲ့ စကားတွေပဲ။ ခင်ဗျား ပြောချင်တာ ပြောလို့ရတာပေါ့”

မဟာချင်၏ ဧကရာဇ်အပါအဝင် အားလုံးက မင်ရှစ်ရင်ကို ကြည့်လိုက်ကြသည်။

မင်ရှစ်ရင်ကို မြင်ပြီးသည့်နောက်တွင် သူ့မျက်ဝန်းအထက် အံ့အားသင့်မှုများ ဖြတ်ပြေးသွားလေ၏။ ထို့နောက် သူက ပြောလိုက်သည်။

“ကျုပ် ခင်ဗျားကို ရွှေရောင်အမှတ်အသားပြားသုံးခု၊ အသက်ဓာတ်မြက် ဆယ်ပင်၊ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ် ငါးတုံးနဲ့ အဆင့်မြင့် အသက်ဓာတ်နှလုံးသားငါးခု ပေးမယ်”

ဧကရာဇ်၏ အမြင်တွင် လုံလုံလောက်လောက် အကျိုးကျေးဇူးရှိပါက သဘောမတူနိုင်သည့် အရာဟူ၍ မရှိပေ။ ထို့နောက် ထိုစကားများကို ပြောလိုက်သည်မှာ ပထမတစ်ချက် သူက လုကျိုးကို စမ်းသပ်ဖို့ ကြိုးစားနေခြင်းဖြစ်သလို၊ ဒုတိယအချက်အနေဖြင့် မဟာလေဟာနယ်မျိုးစေ့ကို ပိုင်ဆိုင်ထားသည့် လူငယ်လေးကို စိတ်ဝင်စားနေ၍ ဖြစ်သည်။

လုကျိုးက ထရပ်ကာ ပြောလိုက်သည်။

“အခုထိ ခင်ဗျားက ကိုယ့်နေရာကိုယ် မသိသေးဘူးကိုး”

အံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစည်းထားသည့် ရွှေရောင်လက်ဝါးစည်းတံဆိပ်က ထွက်ပေါ်လာခဲ့သည်။

ဧကရာဇ်က ပြုံးကာ ပြောလိုက်၏။

“ဒီအခွင့်အရေးကို အမိအရဖမ်းပြီး ခင်ဗျားရဲ့ အင်အားကို သိချင်ပါသေးတယ်”

ထိုသို့ပြောပြီးသည့်နောက်တွင် ဧကရာဇ်က လေထဲ ပျောက်ကွယ်သွားလေသည်။

ဘန်း

လက်ဝါးစည်းတံဆိပ်က လေထဲ ပျံ့လွင့်သွားခဲ့သည်။

“နောက်ဆုတ်ကြ”

“နောက်ဆုတ်”

ကျစ်ဝမ်ကျီနှင့် ကျစ်ဝူကျီတို့က အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။

ထိုအခိုက်အတန့်လေး၌ ဧကရာဇ်က လုကျိုး၏ ရှေ့မှောက် ပေါ်ထွက်လာလေ၏။ သူက လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည့်အခါ လုကျိုးက နောက်ထပ်လက်ဝါးစည်းတံဆိပ်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

ဘန်း

ထိပ်တိုက်တွေ့ဆုံမှုမှ စွမ်းအင်များက မီတာထောင်ချီအထိ ထွက်ပေါ်လာသည်။

All Chapters