အခန်း (၁၃၃၀-၁၃၃၂)
Vol. 89 Ch. 1330-1332
အခန်း (၁၃၃၀) ကျုပ်က ရွှေကြာနယ်မြေက မိစ္ဆာဝေဟင်မျှော်နန်းကပဲ
ပိုင်ယီက အံကြိတ်ကာ ခြေထောက်ကို အသာထောက်လျက် ပျံလွှားတစ်ကောင်လိုမျိုး ပေါ့ပါးစွာ ပျံသန်းသွားလိုက်သည်။
“ပညာရှင်တွေ၊ သူတို့အားလုံးက ပညာရှင်တွေပဲ။ တာဝန်က ပြီးမြောက်ဖို့ မဖြစ်နိုင်ဘူး”
ပိုင်ယီက ကျောင်းစံအိမ်မှ ထွက်သွားတော့မည် ဖြစ်၏။ သူက ပုံမှန်ကြည့်လိုက်ပြီး မျှော်လင့်ချက် ကိုင်ဆောင်မထားတော့ပေ။ သူက မြေကြီးပေါ်တွင် ငုတ်တုတ်ထိုင်ပြီး တစ်စုံတစ်ခုကစားနေသည့်သူကို မြင်လိုက်ရလေသည်။
ပိုင်ယီ၏ စိတ်နှလုံးသားထဲ မျှော်လင့်ချက်တို့ ပြန်လည်ကိန်းအောင်းလာလေ၏။
ငါ့အခွင့်အရေးတော့ ရောက်လာပြီ…
ပိုင်ယီက ကောင်းကင်ယံထဲ ရပ်တန့်သွားပြီး ငုံ့ကြည့်လိုက်သည်။ သူက ဓားကို ဓားအိမ်မှ ထုတ်ကာ ထိုမိန်းမငယ်လေးအား ကြည့်လိုက်၏။
ထိုမိန်းမငယ်လေးက လက်ခုပ်တီးကာ မြေကြီးပေါ်ကို လက်ညှိုးထိုးပြီး တစ်စုံတစ်ခုကို ပြောနေလေသည်။
“ပျံလေ။ မင်းရဲ့ မီးက ဘယ်မှာတုံး”
အမှောင်ထုကြောင့် ပိုင်ယီသည် မိန်းမငယ်လေးရှေ့တွင်ရှိနေသည့်အရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူမ၏ စကားကို ကြားသည့်အခါ သူက အနီးကပ်ကြည့်သည့်အခါမှ သေးငယ်သည့် အနီရောင်ငှက်ကလေးက တောင်ပံခတ်ကာ လေထဲ ဖြည်းဖြည်းချင်း မြင့်တက်လာသည်ကို မြင်လိုက်ရသည်။
ပိုင်ယီက အလျင်အမြန် လှုပ်ရှားလိုသော်လည်း ထိုသတ္တဝါလေးက အနည်းငယ် ထူးဆန်းနေကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် ဆက်လက် အကဲခတ်ဖို့ ဆုံးဖြတ်လိုက်သည်။
ထိုခပ်ဝဝသတ္တဝါလေးက ကြက်တစ်ကောင်နှင့် တူလေသည်။ ထိုအရာက ခေါင်မိုးအထက် မြင့်မြင့်ပျံသန်းလာပြီးသည့်နောက်တွင် ကျီကျီကျာကျာ အော်ဟစ်မြည်တမ်းလိုက်သည်။
မိန်းကလေးက မကျေနပ်မှုကို ဖုံးကွယ်ထားခြင်း မရှိဘဲ ပြုံးလိုက်၏။
“နင်က ငတုံးပဲ။ အခုထိ မီးမမှုတ်နိုင်သေးဘူး”
သူမက ထိုင်ပြီးသည့်နောက်တွင် ဒူးပေါ် လက်တင်ကာ မေးထောက်လိုက်သည်။ ထို့နောက် သူမက ရေရွတ်လိုက်၏။
“နင်က နင်အမေ့လိုမျိုး ဘယ်တော့မှ အားကောင်းလာမှာလဲ။ သူမက အရမ်းကို မိုက်တာ”
ဝှစ်
ဤတစ်ကြိမ် လေထဲတွင် ရှိနေသည့် ကြက်ကလေးက ထိုမိန်းကလေးထံ မီးဘောလုံး ပစ်လွှတ်လာသည်။ တစ်ချိန်တည်းဆိုသလို မီးက ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေ၏။
မိန်းကလေးက သူ့ကိုယ်ပိုင် မီးဘောလုံး ထုတ်လွှတ်လိုက်ပြီး ကံကြမ္မာမီးတောက်ဖြင့် အစစ်အမှန်မီးတောက်ကို ခုခံလိုက်သည်။ ထို့နောက် သူမက ပျော်ရွှင်စွာ ပြောလိုက်၏။
“နင် အောင်မြင်သွားပြီ”
ပိုင်ယီက မတုံးအပေ။ အကယ်၍ ထိုခပ်ဝဝကြက်ကလေးက ဘာဖြစ်ကြောင်း မပြောနိုင်ပါက သူသည် အလကား ရှင်သန်ခဲ့မိသလို ဖြစ်လိမ့်မည်။
နတ်ဘုရားမီးတောက် ဇာမဏီလား
ပိုင်ယီက ဓားကို ပြန်ထည့်ကာ သူ့မဟာနည်းစနစ်ကိုအသုံးပြုပြီး ထွက်သွားလိုက်သည်။
ခြံဝင်းအတွင်း ရှောင်ယွမ်အာက မီးတောက်ဇာမဏီငယ်လေးကို ပျော်ပျော်ရွှင်ရွှင်ကြည့်လိုက်သည်။ ထို့နောက် သူမက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
“ငါ့ရဲ့ မဟာလေဟာနယ် စွမ်းအားနဲ့ နင့်ကို ပြုစုပျိုးထောင်ခဲ့ရတာ အလကားမဖြစ်ဘူးပဲ။ နည်းနည်းလောက် ပိုကြီးပါဦး”
မီးတောက်ဇာမဏီငယ်လေးက ရင်ဘတ်ကို ပုတ်ကာ ခေါင်းကို မော့လိုက်ပြီး နောက်ထပ် မီးဘောလုံးကို ပစ်ခတ်ဖို့ ပြင်ဆင်လိုက်သည်။
ဝှစ်
ထိုအရာက လေပူကိုသာ ထုတ်လွှတ်လိုက်လေသည်။ ဤသို့ဖြင့် သူ့ခန္ဓာကိုယ်ရှိ မီးတောက်များက ချက်ချင်းဆိုသလို ငြိမ်းသတ်သွားလေသည်။ ထိုအရာက ထိုထင်မထားသည့် တိုးတက်မှုကြောင့် ကြောင်အမ်းသွားသည့်အလား တောင်ပံခတ်ဖို့ မေ့ကာ မြေကြီးပေါ်သို့ ပြုတ်ကျလာလေသည်။
ရှောင်ယွမ်အာ “…”
ကံကောင်းစွာဖြင့် မီးတောက်ဇာမဏီငယ်လေးက ခပ်မြင့်မြင့် ပျံသန်းမထားသည့်အတွက် ဒဏ်ရာမရရှိခဲ့ပေ။ ဤတစ်ကြိမ် ရှောင်ယွမ်အာ၏ လေ့ကျင့်မှုအောက်တွင် ထိုအရာ၏ ပျံသန်းမှုနှင့် မီးတောက်ထိန်းချုပ်မှုတို့က သိသိသာသာ တိုးတက်လာလေ၏။ သူမ၏ မဟာလေဟာနယ်မျိုးစေ့မှ မဟာလေဟာနယ်စွမ်းအားသည်လည်း အကူအညီများဖြစ်ခဲ့လေသည်။
ပိုင်ယီက အလျင်စလို ပျံသန်းလာရင်း နောက်ကွယ်တွင် အတက်အကျလှိုင်းတစ်ခုကိုသာ ချန်ထားခဲ့သည်။
အထွတ်အထိပ်သန့်စင်ကျောက်စိမ်းကို ကျင့်ထားသည့် ရှောင်ယွမ်အာက ထိုအတက်အကျလှိုင်းတစ်ခုကို ချက်ချင်းခံစားမိခဲ့သည်။ သူမက ကောင်းကင်ကို ကြည့်ကာ မေးလိုက်၏။
“ဘယ်သူလဲ”
သို့သော်လည်း ကောင်းကင်က ဗလာကျင်းနေခဲ့သည်။ သူမက တုန်တုန်ယင်ယင် ဖြစ်သွားလေ၏။
ထို့နောက် မီးတောက်ဇာမဏီငယ်လေးဆီ ပျံသန်းသွားပြီး သူ့ကိုဆွဲကာ ခရုလေး၏ ခြံဝန်းအတွင်း ပျံသန်းသွားလိုက်သည်။
“ငါ တစ်ယောက်ထဲ မအိပ်ချင်ဘူး”
……………………………………………………………..
တော်ဝင်နန်းဆောင်အတွင်း
မဟာချင်၏ ဧကရာဇ်က ဆေးရေကန်ထဲ စိမ်နေဆဲဖြစ်ကာ ဒေါသကြောင့် စိတ်လွတ်လုမတတ်ဖြစ်နေလေသည်။
သူက စိတ်ရှုပ်ထွေးကာ ဒေါသထွက်နေလေ၏။ ယခင်နှစ်ရက်အတွင်း သူက လျှို့ဝှက်ဆန်းကြယ် အသက်ဓာတ်မြက်အမြောက်အများကို အသုံးပြုခဲ့သော်လည်း မွေးဖွားဇယားချပ် တစ်ခုပင် ပြန်မကောင်းသေးပေ။
“ကောင်းချန်”
ကောင်းချန်က တုန်တုန်ယင်ယင်ဖြင့် ဝင်ရောက်လာသည်။
“အရှင်မင်းကြီး”
“ပိုင်ယီက အခု ဘယ်မှာလဲ”
“စစ်သူကြီး ပိုင်ယီက ဒီနေ့ တာဝန်ကို အပြီးသတ်မယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒါဆိုတော့ မကြာခင် ရောက်လာမှာပါ” ကောင်းချန်က အပြင်ဘက်မှ လမင်းကို လှမ်းကြည့်ရင်း ပြန်ဖြေလိုက်သည်။
နန်းဆောင်က အင်မတန် တိတ်ဆိတ်နေပြီး လူအများအား မသက်မသာဖြစ်စေသည်။
……………………………………………….
တစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက်
ပိုင်ယီက အဝေးမှထွက်လာပြီး နန်းဆောင်အဝင်ဝဆီ အနှောင့်အယှက်မရှိ ရောက်ရှိလာသည်။
“အရှင်မင်းကြီးနဲ့ လာတွေ့တာ”
တာဝန်ယူထားသည့် အဆောင်များက ပိုင်ယီ၏ ရောက်ရှိလာမှကို မကြေညာနိုင်ခင် အထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“သူ့ကို အထဲဝင်ခိုင်းလိုက်”
ပိုင်ယီ၏ ဇာစ်မြစ်က ထူးကဲသည့်အတွက် ထိုအရာများက ဝတ်ကြေးတန်းကြေ အပြုအမူများသာ ဖြစ်သည်။ အကယ်၍ ခန်းမထဲရှိ အစောင့်များနှင့် ပညာရှင်များက သူ့အား အတားအဆီး မရှိဘဲ ဝင်ထွက်ခွင့်ပေးလိမ့်မည်။
ပိုင်ယီက လျှောက်လှမ်းမှတဆင့် ခန်းမအတွင်း ဝင်ရောက်လာကာ ကောင်းချန်ကို မြင်လိုက်ရသည်။
ကောင်းချန်က ပိုင်ယီသည် လက်ဗလာဖြင့် ပြန်ရောက်လာသည်ကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။
“ဦးခေါင်းတွေက ဘယ်မှာလဲ”
ပိုင်ယီက ဒူးထောက်ကာ လက်နှစ်ဖက်ယှက်ပြီး ပြောလိုက်သည်။
“ကျွန်တော် တာဝန်ကျရှုံးသွားပါတယ်။ ကျောင်းစံအိမ်မှာ ပညာရှင်တွေ အများကြီးရှိတယ်။ ကျွန်တော်က သူတို့အတွက် ပြိုင်ဘက် မဟုတ်ဘူး”
ဝှစ်
မဟာချင်၏ ဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်မှ ရေစက်များက ချက်ချင်းဆိုသလို အငွေ့ပျံသွားလေသည်။ သူ့ဝတ်ရုံကို ဆွဲယူပြီးသည့်နောက်တွင် သူက ပိုင်ယီရှေ့ ပေါ်ထွက်လာလေ၏။ သူက ပိုင်ယီအား တောက်လောင်နေသည့် အကြည့်မျိုးဖြင့် ကြည့်ကာ မေးလိုက်သည်။
“မင်းတောင်မှ သူတို့အတွက် ပြိုင်ဘက် မဟုတ်ဘူးလား”
ပိုင်ယီက ဝပ်တွားကာ ပြောလိုက်သည်။
“အရှင်မင်းကြီး ကျွန်တော်ကို ခွင့်လွှတ်ပေးပါ”
ဧကရာဇ်က လက်ဝှေ့ကာ ပြောလိုက်သည်။
“မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်”
“အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်” ပိုင်ယီက အလျင်အမြန်ပြောလိုက်သည်။
“ရွှေကြာနယ်မြေက မိစ္ဆာဝေဟင်မျှော်နန်းဆီ အဖွဲ့ကို ဦးဆောင်သွား။ တကယ်လို့ မင်း ကျရှုံးသွားတယ်ဆိုရင် ပြန်လာစရာ မလိုဘူး” ဧကရာဇ်က ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး” ပိုင်ယီက ပြောပြီးသည့်နောက်တွင် ထွက်ခွာသွားလေ၏။
ပိုင်ယီ ထွက်ခွာသွားပြီးသည့်နောက်တွင် ကောင်းချန်က ပြောလာခဲ့သည်။
“အရှင်မင်းကြီး စစ်သူကြီးပိုင်က သစ္စာမဲ့မှာကို စိုးရိမ်မိတယ်”
“သူက သစ္စာမရှိတာ မဖြစ်နိုင်ဘူး” ဧကရာဇ်က ပြောလိုက်၏။
ကောင်းချန်က ခေါင်းငုံ့ထားပြီး ပြောလိုက်သည်။
“အရှင်မင်းကြီး ပြောတယ်ဆိုတော့လည်း ဒီလိုပဲနေမှာပါ”
“ငါ စုဆောင်းထားတဲ့ အသက်ဓာတ်နှလုံးသား ယူခဲ့။ ပြီးတော့ လျှို့ဝှက်ဆန်းကြယ် တိတ်ဆိတ်ခြင်း ခန်းမထဲက အစီအရင်ကို အသက်သွင်းလိုက်” ဧကရာဇ်က ပြောလိုက်သည်။
ကောင်းချန်က ထိုစကားကို ကြားသည့်အခါ တုန်တုန်ယင်ယင်ဖြစ်လာလေ၏။ မဟာချင်၏ ဧကရာဇ်က မွေးဖွားဇယားချပ် အသစ်တစ်ခုကို အတင်းအကြပ် အသက်သွင်းဖို့ ရည်ရွယ်ထားလေသည်။ ပုံမှန်အားဖြင့် သူက ဘာမှထုတ်မပြောရဲပေ။
“ဟုတ်ကဲ့ပါ”
…
သုံးပတ်ကြာမြင့်ပြီးသည့်နောက်
ကျောင်းစံအိမ်ထဲ၌
မနက်ခင်းက အတော်လေးကို တိတ်ဆိတ်ငြိမ်းချမ်းလှသည်။
လုကျိုးက မျက်လုံးဖွင့်ကာ မွေးဖွားနန်းဆောင်ကို ကြည့်လိုက်၏။ ထိုအရာ၏ မျက်နှာပြင်က အလင်း(၁၄)ခုဖြင့် ချောမွေ့ကာ တောက်ပနေသည်။
“ပြီးသွားပြီ”
မတည်မြဲခြင်းတိုင်လုံး၏ သက်ရောက်မှုတွင် သုံးရက်တာကြာ နေထိုင်ခြင်းက ရက် ၃၀၀နှင့် ညီမျှပေသည်။
လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို သိမ်းဆည်းပြီး လှည့်ပတ်နှုန်းကို ပုံမှန်အဖြစ် ပြန်လည်ပြောင်းလိုက်သည်။
သူက သူ့စွမ်းအင်ဗဟိုချက်ထဲမှ ထွက်ပေါ်နေသည့် စွမ်းအားများကို ခံစားမိလိုက်၏။ သူ့ခန္ဓာကိုယ်က ယခုအခိုက်အတန့်တွင် မတိုင်းတာနိုင်ဖွယ် စွမ်းအားပမာဏကို သယ်ဆောင်ထားသလို ခံစားလိုက်ရသည်။ သူ့ကျင့်ကြံဆင့်ကလည်း သိသိသာသာ တိုးတက်သွားခဲ့၏။
ထိုစဉ် ကျောင်းယွီ၏ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်။
“ကျောင်းယွီက လောင်ချန်းပေ့နဲ့ တွေ့ခွင့်တောင်းပါတယ်”
ကျောင်းယွီ၏ အသံထဲတွင် စိုးရိမ်သည့် အရိပ်အယောင်ကို ကြားနိုင်လေ၏။
လုကျိုးက ထွက်ပေါ်လာသည့်အခါ ကျောင်းယွီ၏ မျက်နှာအထက် စိုးရိမ်နေသည့် အမူအရာကို မြင်လိုက်ရသည်။
“ဘာဖြစ်လို့လဲ”
ကျောင်းယွီက လုကျိုးကို မြင်သည့်အခါ ပျော်ရွှင်သွားလေ၏။
“အမေ နိုးလာပါပြီ”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
“ရှေ့ကနေ လမ်းပြ”
ကျောင်းယွီက လုကျိုးအား နောက်ထပ်ခြံဝန်းတစ်ခုဆီ ခေါ်ဆောင်သွားလေသည်။
လုကျိုးက အခန်းအတွင်း ဝင်ရောက်လာသည့်အခါ သူက အမျိုးသမီးချီကို မြင်လိုက်ရသည်။ သူမ၏ မျက်နှာက အသက်မဲ့နေပြီး သူမ၏ အရှိန်အဝါကလည်း အားနည်းလှသည်။
ကျောင်းယွီက သူမ အမေ အနားသွားကာ ခပ်တိုးတိုးဖြင့် ပြောလိုက်သည်။
“အမေ သူက အမေ့ကို ကယ်ပေးတဲ့သူလေ”
အမျိုးသမီးချီက ခေါင်းမော့ကာ လုကျိုးကိုကြည့်ဖို့ အကောင်းဆုံး ကြိုးစားထားရသည်။ အစပိုင်းတွင် သူမ၏ မျက်နှာအထက် မယုံကြည်နိုင်ဖွယ် အမူအရာတို့ ပေါ်ထွက်လာပြီးသည့်နောက်တွင် စိတ်ရှုပ်ထွေးသည့် အမူအရာတို့ဖြင့် အစားထိုးသွားလေ၏။ ထို့နောက် သူမက ခေါင်းယမ်းကာ ပြောလိုက်သည်။
“ကျေးဇူးရှင်ကို ကျေးဇူးတင်ပါတယ်”
လုကျိုးက သူမ၏ မျက်နှာနှင့် အသားအရည်ကို လေ့လာနေပြီး ပုံမှန်သာ ဖြစ်ကြောင်း တွေ့ရှိသွားသည်။ သူမက နိုးထလာစဖြစ်သည့်အတွက် သူမအနေဖြင့် ချက်ချင်း ကျန်းမာရေးကောင်းဖို့ မလွယ်လှပေ။
လုကျိုးက အမျိုးသမီးချီ၏ တုံ့ပြန်မှုကို သတိထားမိကာ မေးလိုက်သည်။
“ကျုပ်ကို သိလား”
အမျိုးသမီးချီက ခေါင်းယမ်းကာ အားနည်းဖျော့တော့ကာ ပြောလိုက်သည်။
“ကျွန်မ အထင်မှားတာပါ။ ရှင်က သူ့ထက်ငယ်တဲ့ပုံပဲ”
သူက ကျိထျန်းတောက်ကို ပြောတာလား…
လုကျိုးက တည်ငြိမ်စွာ မေးလိုက်သည်။
“သူက ဘယ်သူလဲ”
အမျိုးသမီးချီက သက်ပြင်းချကာ ပြောလိုက်သည်။
“ကျွန်မတို့က တစ်ခါပဲ ကြုံဖူးရုံပါ။ အရမ်းကြီး မရင်းနှီးဘူး”
အမျိုးသမီးချီက စကားမဆုံးခင် ချောင်းဆိုးလာခဲ့သည်။
ကျောင်းယွီက သူမကို ဆေးတစ်ပန်းကန် ပေးလိုက်၏။
“အမေ ဒါက ခန္ဓာကိုယ်နဲ့ အသက်ဓာတ်စွမ်းအားကို အားဖြည့်ပေးတယ်။ လောင်ချန်းပေ့ ဖော်စပ်ပေးထားတာ”
အမျိုးသမီးချီက ခေါင်းညိတ်ကာ တစ်ငုံသောက်သုံးလိုက်သည်။
ထို့ကြောင့် လုကျိုးက ရုတ်တရက် ပြောလိုက်သည်။
“ကျုပ်က ရွှေကြာနယ်မြေက မိစ္ဆာဝေဟင်မျှော်နန်းကပဲ”
ဝုန်း
အမျိုးသမီးချီက ထိုစကားကို ကြားကြားချင်း သူမ လက်ထဲမှ ပန်းကန်က ချော်ကာ အောက်ကို ကျသွားလေသည်။
…
အခန်း (၁၃၃၁) သူက အသက်ရှင်နေသေးတုန်း
အမျိုးသမီးချီ၏ ဖြူဖျော့ပြီး မျက်တွင်းကျနေသော မျက်နှာပေါ်တွင် ထိတ်လန့်သော အမူအရာက ပေါ်လာလေ၏။ ပန်းကန်လုံးကို ကိုင်ထားသည့်လက်က အနည်းငယ် တုန်ယင်သွားတော့သည်။
လုကျိုး၏ အရည်အချင်းဖြင့်ဆို ကျောင်းယွီ၏ အရည်အချင်းဖြင့်တောင် ဆေးပန်းကန်ကို အလွယ်တကူ ကိုင်နိုင်ပေ၏။
သို့သော်ငြား သူတို့သည် သူမ၏ တုန့်ပြန်မှုကြောင့် ထိတ်လန့်သွားပြီး မေ့လျော့သွားသည်။
အမျိုးသမီးချီက သူမ သတိလစ်ဟင်းမှန်း သဘောပေါက်သွားပြီးနောက် တုန်တုန်ယင်ယင်ဖြင့် ခေါ်လိုက်တော့သည်။
“ယွီ... ယွီအာ”
“အမေ ဘာဖြစ်လို့လဲ”
ကျောင်းယွီသည် သူ၏ စိတ်ဆတ်နေသော မိခင်ကို တည်ငြိမ်အောင် ကြိုးစားလျက် ဇဝေဇဝါဖြင့် မေးလိုက်တော့သည်။
သခင်မချီက မေးလိုက်လေ၏။
“ငါ သတိလစ်နေတာ ဘယ်လောက်ကြာသွားပြီလဲ”
“အရှင်မင်းကြီးကို တွေ့ချင်တယ်။ သူ့ကို တွေ့ချင်တယ်”
သခင်မချီက ဂွမ်းစောင်ကို ဘေးသို့ တွန်းပို့လျက် ထရန် ကြိုးစားလိုက်သည်။
လုကျိုးက ခေါင်းခါပြီး ပြောလိုက်လေ၏။
“သူ ခင်ဗျားကိုသတ်မှာ မကြောက်ဘူးလား”
သခင်မချီက မှင်သက်သွားလေ၏။ သူမ အချိန်အတော်ကြာအောင် သတိလစ် မေ့မျောနေသော်ငြား ကိစ္စရပ်များစွာက သူမစိတ်ထဲတွင် စွဲထင်နေသေးသည်။ ဖျောက်ဖျက်၍ မရပေ။ ယင်းက ရွှေကြာနယ်မြေရှိ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင် အပါအဝင်ဖြစ်သည်။
တကယ်တော့ ကျောင်းယွီက စိတ်ရှုပ်ထွေးသွားလေ၏။
“ဆရာကြီး ကျုပ်ရဲ့အမေကို သိလား”
တကယ်တော့ လုကျိုးသည် သူ သို့မဟုတ် ကျီထျန်းတောက်သည် သူမကို ယခင်က တွေ့ခဲ့ဖူးလား မသိပေ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူ လူများစွာကို မတော်တဆ တွေ့ခဲ့ဖူးလိမ့်မည်။ အားလုံးကို မည်သို့ မှတ်မိနိုင်မည်နည်း။ အဆုံးကျ သူက မေးလိုက်လေသည်။
“မင်းရဲ့အမေကို မေးကြည့်လေ”
ကျောင်းယွီက လုကျိုးကို တစ်ခဏတာ စိုက်ကြည့်ပြီး နောက်သို့ယိုင်သွားပြီး ထိတ်လန့်ကာ မယုံနိုင်သော အမူအရာပေါ်လာလျက် လုကျိုးကို ကြည့်နေမိသည်။ မှန်းစမ်း မဖြစ်နိုင်တာ သူက ငါ့အဖေလား။
ကျောင်းယွီကလည်း သူ၏ မိခင်ကို မော့ကြည့်လိုက်သည်။
သူ၏ မိခင်ကလည်း တည်ငြိမ်ချင်ယောင်ဆောင်လျက် လုကျိုးကို ခိုးကြည့်နေတာ တွေ့လိုက်ရ၏။ သူ၏ မိခင်ကို ကြည့်မိလေလေ သူ ပိုပြီး အခက်တွေ့လေဖြစ်၏။ ဧကရာဇ်က သူ့ကို ဤကဲ့သို့ အေးစက်စက် ဆက်ဆံတာ အံ့သြစရာ မရှိပေ။ သူက ဧကရာဇ်ကို တစ်ချိန် ဧကရာဇ်နှင့်မတူတာ အံ့သြစရာမရှိ။ တွေးမိလေလေ ပိုပြီး စိတ်မသက်မသာဖြစ်လေပင်။
ခဏအကြာတွင် ကျောင်းယွီက နောက်ဆုံး၌ စိတ် တည်ငြိမ်သွားလေ၏။ သူ့စိတ်ထဲ သက်ပြင်းချလိုက်မိသည်။ တကယ်တော့ သူ့ကို ဧကရာဇ်က ဘယ်တုန်းကမှ ကောင်းကောင်းမွန်မွန် မဆက်ဆံခဲ့ပေ။ သူ၏မိခင် နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲစဥ်ကတောင် ဧကရာဇ်က ဂရုမစိုက်ခဲ့။ ယင်းက သူ၏အမြင်တွင် ဧကရာဇ်ကို တာဝန်မကျေပွန်သည့် ဖခင် ဖြစ်သွားစေသည်။ ယှဥ်ကြည့်လျင် သူ့ရှေ့က အဘိုးအိုသည် ကြမ်းတမ်းခက်ထန်ပြီး အေးစက်သော်ငြား အမှန်အမှားကိုသိကာ ကတိတည်သူဖြစ်သည်။ ထို့ပြင် သူက ဆရာသခင်များထက် သာသူဖြစ်၏။ လူပေါင်းများစွာက ဤကဲ့သို့သော် လူမျိုးနှင့် ဆက်နွယ်မှုရှိရန် မျှော်လင့်နေမိသည်။
ကျောင်းယွီက သက်ပြင်းချလိုက်မိ၏။
သူတို့က သွေးသား တော်စပ်နေသည်။ သူတို့ကြားတွင် နက်ရှိုင်းသော သဘောတရားမရှိ။ သူ လုကျိုးကို မည်ကဲ့သို့ အသိအမှတ်မပြုဘဲ နေရမည်နည်း”
“ထောက်”
ကျောင်းယွီက မြေပြင်ပေါ် ဒူးထောက်လိုက်တော့သည်။
“အဖေ”
“လုကျိုး”
“သခင်မချီ”
အဖေ ဟူသော စကားလုံးသည် ကျောက်ယွီ၏ စိတ်နှလုံးထဲမှ လာတာဖြစ်၏။ တကယ်တော့ သူ့စိတ်ထဲ ထိလွန်းသောကြောင့် မျက်လုံးများတောင် နီမြန်းသွားသည်။
သို့သော်ငြား လုကျိုးကမူ ကြက်သေသေသွားလေ၏။ မည်သူကများ အကြောင်းအရင်းမရှိ ရုတ်တရက်ပေါ်လာသည့်သားကို လက်ခံနိုင်မည်နည်း။ သူ သားတစ်ယောက် လိုချင်လျှင်တောင် ဤသည့်နည်းလမ်းမျိုး လုပ်စရာမလိုအပ်ပေ။
သခင်မချီက မေးလိုက်သည်။
“ယွီအာ မင်း ဘာလုပ်နေတာလဲ”
ကျောင်းယွီက ပြောလိုက်၏။
“အမေ ရှင်းပြဖို့ မလိုဘူး။ ဘာမှ ဖုံးကွယ်ထားဖို့လည်း မလိုပါဘူး။ ကျွန်တော အရွယ်ရောက်နေပြီဆိုတော့ ဒါကို လက်ခံနိုင်တယ်။ ငယ်ရွယ်စဥ်တုန်းက လူတိုင်း အမှား မလုပ်မိတဲ့လူ ရှိလို့လား”
လုကျိုးသည် ထိုစကားများကို ကြားသည့်အခါ ဆွံ့အသွားလေ၏။
ဒီကောင် ခေါင်းကွဲသွားတာလား။
လုကျိုးက ထိုစကားများကြောင့် သက်ရောက်မခံရသော်ငြား သခင်မချီက မတူညီပေ။ သူမက ရှက်ရွံ့သွားလေ၏။
ထို့ပြင် သူမသည် သူမ ဂုဏ်သတင်းကို ဂရုစိုက်သည့် သူတစ်ယောက်ဖြစ်၏။ သေဒဏ်ပေးခံရမည့် အခြေအမြစ်မရှိ စွပ်စွဲမှုမျိုးကို မည်ကဲ့သို့ လက်ခံနိုင်မည်နည်း။ သူမက ခွန်အားကိုသုံး ထရပ်ကာ ထထိုင်နိုင်ချိန်တွင် ကျောင်းယွီ၏ နားရွက်ကို ဆွဲလိုက်တော့သည်။
“အား... နာလိုက်တာ”
ကျောင်းယွီက အော်ပြောလိုက်၏။
“ဘာအကြောင်း ပြောနေတာလဲ”
“ဒီလူက ကျေးဇူးရှင်နဲ့ ဆင်တူတယ်။ ဒါပေမဲ့ တစ်ခြားတစ်ခုပဲ မင်းထင်နေတာ မဟုတ်ဘူး”
သခင်မချီက ပြောလိုက်၏။
ကျောင်းယွီက စိတ်ရှုပ်ထွေးသွားတော့သည်။
သခင်မချီသည် ကျောင်းယွီ၏ နားရွက်ကို လွှတ်ပေးပြီးနောက် ပြင်းပြင်းထန်ထန် ၂ချက် ချောင်းဆိုးလိုက်သည်။ ပြီးနောက် သူမရင်ဘတ်ကို ပုတ်လိုက်လေ၏။
လုကျိုးက မေးလိုက်သည်။
“ခင်ဗျား ရွှေကြာနယ်မြေကို ရောက်ဖူးတာလား”
သခင်မချီက ခေါင်းညိတ်လိုက်သည်။ စိတ်တည်ငြိမ်သွားပြီးနောက် သူမက ပြောလိုက်သည်။
“မျှခြေ မညီမျှမှု ပေါ်လာတုန်းက ကလေးတချို့ရဲ့အသက်ကို ကယ်ဖို့ ရွှေကြာနယ်မြေကို သွားခဲ့တယ်”
သူမ လုကျိုးကို ကြည့်မိချိန်တွင် သူက ထိုလူ၏ မျိုးဆက်ဆိုတာ သေချာသွား၏။ အရာအားလုံးက တကယ် ရေစက်ပါနေ၏။ ယင်းက ကောင်းကင်ဘုံ၏ အလိုအတိုင်းသာ ဖြစ်မည်။
“မုန့် မျိုးနွယ်က ကလေးရောလား”
သခင်မချီက အထိတ်တလန့် ပြောလိုက်သည်။
“ဒါကို သတိပြုမိတယ်လား”
ကျောင်းယွီက ပြောလိုက်သည်။
“အမေ အမေသတိလစ်နေတုန်း ကိစ္စတော်တော်များများ ဖြစ်သွားခဲ့တယ်။ မုန့်အိမ်တော်မှာ ဖြစ်ခဲ့တာကို ကျွန်တော်တို့ သိပြီးပြီ”
သခင်မချီက နောက်သို့ ကျုံ့ဝင်သွားကာ မျက်လုံးများက မတည်မငြိမ် ဖြစ်သွားတော့သည်။
“မဖြစ်ဘူး။ မဖြစ်ဘူး။ မဖြစ်ဘူး။ ဧကရာဇ်က သားကို အလွတ်ပေးမှာ မဟုတ်ဘူး။ သူ သားကို အလွတ်ပေးမှာ မဟုတ်ဘူး”
လုကျိုးက မေးလိုက်၏။
“ဧကရာဇ်က ဘာလျှို့ဝှက်ချက်ကို ဖုံးကွယ်ထားတာလဲ”
သခင်မချီသည် ထိုစကားများကို ကြားသည့်အခါ ပိုတောင် စိတ်လှုပ်ရှားလာလေ၏။ သူမ မျက်လုံးပြူးကျယ်လာကာ ကြောက်လန့်မှုကြောင့် တုန်လှုပ်လာပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ငါ မသိဘူး။ ငါ မသိဘူး။ ငါ ဘာမှမသိဘူး။ ငါ့ကို မမေးနဲ့”
သခင်မချီက အအေးနန်းဆောင်သို့ နှင်လွှတ်ခံခဲ့ရတာ အမှန်ပဲဖြစ်၏။ သူမ နာမကျန်းဖြစ်နေ၏။ သို့သော် ဧကရာဇ်က သူမကိုတော့ ဂရုမစိုက်ပေ။ သို့သော် သူမ ဤမျှ ကြောက်လန့်စရာ အကြောင်းအရင်း မရှိပေ။ သူတို့က လင်မယားပဲ ဖြစ်၏။ သားတစ်ယောက်တောင် ရှိထားသေး၏။ သူမကို ဤမျှ ကြောက်လန့်စေသည့်အရာကို မှန်းဆဖို့က ခက်ခဲလှပေ၏။
ကျောင်းယွီက ဇဝေဇဝါ ဖြစ်နေတော့သည်။ ထိုစဥ် လုကျိုးက လက်မြှောက်လိုက်၏။ ကောင်းကင်စွမ်းအား မြှုပ်နှံထားသည့် ရွှေကြာက သူ့လက်ထဲတွင် ပွင့်လာတော့သည်။
ရေပူစမ်းမှ ရေပမာ ရွှေကြာမှ ကုသရေးစွမ်းအင်တို့က ပေါ်ထွက်လာ၏။ ၎င်းက နွေးထွေးနေပြီးသခင်မချီ၏ တစ်ကိုယ်လုံးထဲ ဖြတ်ကျော်စီးဆင်းသွားကာ သူမ စိတ်တည်ငြိမ်စေရန် အကြောင်းတစ်ရပ် ကူညီပေး၏။
လုကျိုးက ပြောလိုက်၏။
“သူနိုးလာတာ မကြာသေးဘူး။ ရက်ပိုင်းလောက် ကုသပေးပြီး သူ့စိတ် တည်ငြိမ်တဲ့အချိန်ထိ စောင့်တာပေါ့”
“ကျေးဇူးပါ ဆရာကြီး”
ကျောင်းယွီက ဦးညွှတ်လိုက်သည်။
လုကျိုးက လှည့်ထွက်သွားလေ၏။
သူက တံခါးဝ၌ ရောက်ချိန်၌ သခင်မချီက မေးလိုက်သည်။
“အဲဒီကလေးကို တွေ့လို့ရမလား”
လုကျိုးက လက်ခံကာ ထွက်သွားလေ၏။
မင်ရှစ်ရင်သည် သူရှစ်စွင်း၏ အမိန့်ကို ရသွားသောအခါ စိတ်ရှုပ်ထွေးသွားတော့၏။ သူသည် သူ့သာသာသူ ရေရွတ်ပြေးသွားလျက် ပြောလိုက်တော့သည်။
“ရှစ်စွင်းက ငါ့ကို ဘာလို့ ဆင့်ခေါ်တာပါလိမ့်။ သူတို့ သားအမိဆက်ဆံရေးက ငါနဲ့ ဘာဆိုင်လို့လဲ”
သခင်မချီ၏ အခန်းအပြင်သို့ ရောက်သည့်အချိန်တွင် သူရောက်လာကြောင်း သိရှိစေရန် ချောင်းအသာ ဟန့်လိုက်လေသည်။
ညင်သာသောအသံသည် အခန်းထဲမှ ပျံ့လွင့်လာတော့သည်။
“ဝင်လာခဲ့”
မင်ရှစ်ရင်က အခန်းထဲသို့ ဝင်သွားလိုက်သည်။
သခင်မချီသည် ရွှေကြာဖြင့် ကုသပေးပြီးနောက် ပိုကောင်းလာသည်။ ထို့ကြောင့် သူမ အလွယ်တကူ ထိုင်နိုင်ပြီဖြစ်သည်။ သူမ မင်ရှစ်ရင်ကို မြင်သောအခါ သူမမျက်နှာထက်တွင် ထိတ်လန့်မှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင် ပေါ်လာပြီး မျက်လုံးအနည်းငယ် ပြူးကျယ်လာ၏။ ပြီးနောက် မျက်ရည်များ ကျလာကာ ပြောလိုက်တော့သည်။
“ဆင်တူတယ်။ တကယ်တူတယ်”
“ဆင်တူတာလား”
မင်ရှစ်ရင်က စိတ်ရှုပ်ထွေးသွားပြီးနောက် ပြောလိုက်၏။
“ခင်ဗျားက ကျုပ်အမေလို့တော့ မပြောနဲ့နော်။ ကျုပ် ဒီလို ယုတ္တိမရှိတာတွေ ယုံမှာမဟုတ်ဘူး”
ကျောင်းယွီက မင်ရှစ်ရင်ကို ဆွံ့အစွာ ကြည့်နေမိသည်။ သူ့ရဲ့စိတ်ကူးနိုင်စွမ်းက ငါ့ထက်တောင် ပိုပြီး မဆီလျော်တာပဲ”
သခင်မချီက မျက်ရည်သုတ်လျက် ပြောလိုက်သည်။
“မဟုတ်ဘူး။ ကျွန်မ စိတ်လှုပ်ရှားသွားရုံပဲ။ မုန့်မျိုးနွယ်အတွက် ပျော်ရွှင်မိတာ။ အနည်းဆုံးတော့ မုန့်မျိုးနွယ်မှာ တစ်စုံတစ်ယောက် ကျန်ရှိနေသေး၏”
“ကျုပ်ကို လှည့်စားဖို့ မကြိုးစားနဲ့။ ကျုပ်ရဲ့ရှစ်စွင်းကသာ လှည့်ကွက်ထဲ ရောက်ရင်ရောက်မယ်။ ကျုပ်တော့ ရောက်မှာမဟုတ်ဘူး”
မင်ရှစ်ရင်က နောက်တစ်လှမ်း ဆုတ်လိုက်သည်။
မင်ရှစ်ရင်၏ အမြင်တွင် တော်ဝင်မိသားစုထဲ၌ ကောင်းသူ မရှိပေ။ မုန့်မျိုးနွယ်၏ ပျက်စီးမှု၊ သူ၏အစ်ကို မုန့်ရှန်း သေဆုံးမှုတို့သည် သူ့ အရင်ညီ မိသားစုကြောင့် ဖြစ်ပွားခဲ့တာပေ။ အရက်စက်ဆုံး လူတို့က တော်ဝင်မိသားစုမှ ဖြစ်၏။ သူတို့က အမြဲတစေ ဤအတိုင်းသာ။ သခင်မချီ၏ သဘောထားက သူ့ကို ရွံရှာစေရုံသာ ရှိသည်။
ကျောင်းယွီက ပြောလိုက်၏။
“ငါ နားမလည်ဘူး။ မင်း ငါတို့ကို ဒီလောက် မုန်းနေတာလား”
“ဒါပေါ့”
မင်ရှစ်ရင်က ကျောင်းယွီကို ပြောလိုက်သည်။
“ငါ့ရဲ့ ရှစ်စွင်းကြောင့်သာ မဟုတ်ရင် အမည်မသိကုန်းမြေထဲမှာ မင်းကအသက်၁၀၀ရှိတယ်ဆိုရင်တောင် ငါ့ရဲ့ ခွဲခွာချိတ်ကောက်က မင်းတို့ကို သတ်ပြီးပြီ”
“ဝှစ်”
မင်ရှစ်ရင်သည် အလင်းရောင်အောက်၌ အေးစက်စက် လင်းလက်နေသည့် ခွဲခွာချိတ်ကောက်ကို ဆွဲထုတ်လိုက်သည်။ ကျောက်ယွီက ကျုံ့ဝင်သွားကာ ၎င်းကို ပိတ်ဆို့ရန် အလိုလို မြှောက်လိုက်လေ၏။
မင်ရှစ်ရင်က ကျောင်းယွီကို မည်သို့ သတ်နိုင်မည်နည်း။ ထိုလုပ်ရပ်က ကျောင်းယွီကို ခြောက်လှန့်ရုံသာ ရှိသည်။ ကျောက်ယွီ ကြောက်လန့်ပြီး ရိုးသားတာကို မြင်သောအခါ ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။
“ဧကရာဇ်က လူသတ်တဲ့အချိန် မျက်တောင်တောင် မခတ်ဘူး။ မင်းက ဘာလို့ ဒီလောက်သတ္တိကြောင်နေတာလဲ။ ကျောင်းယွီသည် သူ၏မျက်နှာ နီမြန်းလာပြီးနောက် ဆွံ့အနေလေ၏။
သခင်မချီက ကျောင်းယွီကို ပြန်ဆွဲခေါ်လျက် မင်ရှစ်ရင်ကို မော့ကြည့်လိုက်၏။ သူမ တစ်ခွန်းချင်း ပြောလိုက်တော့သည်။
“ပြောတာရပ်တော့ သူ အသက်ရှင်နေသေးတုန်းပဲ”
...
အခန်း (၁၃၃၂) မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဂုဏ်သိက္ခာကို နင်းချေလို့မရဘူး
မင်ရှစ်ရင်က မျက်မှောင်ကြုတ်လိုက်သည်။
“သူ အသက်ရှင်သေးတယ်ဆိုတာ ဘာကိုပြောတာလဲ”
အမျိုးသမီးချီက တိတ်ဆိတ်သွားလေ၏။
မင်ရှစ်ရင်က ပြောလိုက်သည်။
“ကျုပ် ခင်ဗျားကို ပြောလိုက်မယ်။ ကျုပ်က မုန့်စံအိမ်နဲ့ ဘာမှမဆိုင်ဘူး။ အသက်ရှင်ရှင်၊ သေသေ အဲဒီလူက ဘယ်သူပဲဖြစ်ဖြစ် ကျုပ်နဲ့ မပတ်သက်ဘူး။ ကျုပ်ကို လာပြီး မနှောင့်ယှက်နဲ့တော့”
ထိုသို့ပြောပြီးသည့်နောက်တွင် မင်ရှစ်ရင်က လှည့်ကာ ထွက်ခွာသွား၏။
ကျောင်းယွီက သူ့ကို တားလိုသော်လည်း အမျိုးသမီးချီက ပြန်လည်ဆွဲထားလေသည်။
“သူ့ကို ထွက်သွားခိုင်းလိုက်ပါ။ သူက အရမ်းကို သနားဖို့ကောင်းတယ်။ အားလုံးလည်း ပြောပြီးပြီ လုပ်ပြီးပြီ။ ငါတို့က သူ့အပေါ် ကျေးဇူးကြွေးတင်နေတာ”
ကျောင်းယွီက တစ်စုံတစ်ခု ပြောလိုသော်လည်း ရပ်တန့်ကာ သက်ပြင်းအသာချလိုက်သည်။
……………………………………………..
လုကျိုးက အခန်းဆီ ပြန်ရောက်လာပြီးသည့်နောက်တွင် သူ့မွေးဖွားဇယားချပ် ၁၄ခုကို ထပ်မံစစ်ဆေးကြည့်လိုက်သည်။
နောက်ပိုင်းတွင် သူ အသုံးပြုနိုင်ဖို့ ဟယ်လော့ယွီ၏ အသက်ဓာတ်နှလုံးသား ရှိနေသေးသည်။ သူက ၁၄ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးကာစဖြစ်သည့်အတွက် သူ့အနေဖြင့် နောက်ထပ်တစ်ခုကို လုပ်ဆောင်နိုင်ဦးမည် မဟုတ်ပေ။
လုကျိုးက သူ့သက်တမ်းကို ကြည့်လိုက်၏။
လက်ကျန်သက်တမ်း - ၆ ၁၉၁ ၅၅၆ ရက် (၁၆၉၆၃နှစ်)
သူက သူ့တွင် ကုသိုလ်ရမှတ် တစ်သိန်းလေးသောင်း ရှိနေသေးပြီး အကြောင်းပြန်လှန်ကတ်မရှိတော့သည်ကို တွေ့လိုက်ရသည်။ သူ့သက်တမ်းက ဤမျှ မရှည်လျားပေ။ ဆရာသခင်တစ်ယောက်က နှစ်ပေါင်းသုံးသောင်းမျှ နေထိုင်နိုင်သည်။ လက်ရှိ သူ့တွင် ဆရာသခင် ဖြစ်မလာခင် နောက်ထပ်အသက်သွင်းဖို့ မွေးဖွားဇယားချပ် လေးခု ရှိနေသေး၏။ မွေးဖွားဇယားချပ် တစ်ခုချင်းစီက သူ့အား နှစ်သုံးထောင်သက်တမ်း ချီးမြှင့်လာလိမ့်မည်။ ထိုအရာက ဆရာသခင်တစ်ယောက်၏ သက်တမ်းနှင့် အတူတူသာဖြစ်လိမ့်မည်။ တကယ်တော့ ထိုထက် ပိုသင့်ပေ၏။ ထို့အပြင် ယခင်တုန်းက သူသည် အသက်ဓာတ်နှလုံးသားများကို ပြန်လည်အသုံးပြုစဉ်အခါက သက်တမ်းများစွာကို ဆုံးရှုံးခဲ့ရသည်။ ကံကောင်းစွာဖြင့် အစိမ်းရောင်ပုဇဉ်းကျောက်စိမ်းနှင့် အကြောင်းပြန်လှန်ကတ်များဖြင့် သူ့ကို ကာမိစေခဲ့သည်။
သူက စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ခရမ်းရောင်တောက်ပသံကျောက်သည် ငြိမ်သက်နေသည့် အနေအထားတွင် မရှိတော့ကြောင်း မြင်လိုက်ရသည်။ သူက မျက်လုံးကို မှိတ်လိုက်ပြီး စတင်ကျင့်ကြံမည့်ဆဲဆဲတွင် အဆောင်မှ ဆူဆူညံညံ အသံတစ်သံကို ကြားလိုက်ရ၏။
လုကျိုးက အဆောင်ကို ထုတ်ကာ အသက်သွင်းလိုက်သည်။
ရှန်ရှီနှင့် လီရှောင်မော့တို့က ပေါ်ထွက်လာ၏။
ရှန်ရှီက အချိန်မဖြုန်းဘဲ အလျင်အမြန် ပြောလိုက်သည်။
“မျှော်နန်းသခင် အစိမ်းရောင်ကြာ ကျင့်ကြံသူတွေက စတင် လှုပ်ရှားလာတယ်”
“စပြီး လှုပ်ရှားလာတယ်တဲ့လား”
အစိမ်းရောင်ကြာ ကျင့်ကြံသူများက မျှခြေမညီမျှမှု အစောပိုင်းတွင် ပေါ်ထွက်လာကြသည်။ သို့သော်လည်း ယခုအချိန်အထိ သူတို့သည် ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေ၊ အနက်ရောင်ကြာနယ်မြေ သို့မဟုတ် အဖြူရောင်ကြာနယ်မြေတို့ကို မလှုပ်ရှားခဲ့ကြပေ။ သူတို့က ယခုအခါ မည်ကဲ့သို့ ရုတ်တရက် လှုပ်ရှားလာသနည်း။
ရှန်ရှီက ပြောလိုက်၏။
“ဘေးကင်းဖို့အတွက် ရွှေနန်းဥယျာဉ်တောင်ကို စွန့်ခွာခဲ့ပါတယ်။ သတ္တမသခင်လေးကတော့ သိုင်းပညာခုံရုံးမှာ ချင်နိုင်ဟယ်နဲ့ အဲဒီကိစ္စကို ဆွေးနွေးနေတုန်းပါပဲ။ အစိမ်းရောင်ကြာနယ်မြေက မိစ္ဆာဝေဟင်မျှော်နန်းမှာ ထွက်ပေါ်လာတာ”
“ချင်နိုင်ဟယ်နဲ့ ဆက်သွယ်လိုက်” လုကျိုးက ပြောလိုက်သည်။
လုကျိုးက အမြင်စွမ်းအားကို မသုံးသေးပေ။ ထိုအစား ရှန်ရှီက နောက်ထပ်အဆောင်တစ်ခုကို လောင်ကျွမ်းစေကာ ချင်နိုင်ဟယ်အား ဆက်သွယ်လိုက်သည်။
ချင်နိုင်ဟယ်က တောအုပ်တစ်ခုအထက် ကောင်းကင်ထဲ ရှိနေဟန်ပေါ်၏။ ထိုနေရာက မှောင်မည်းနေသော်လည်း သူ့အနောက်ဖက်တွင် ငှက်များ ပျံသန်းနေသည်ကို မြင်တွေ့နိုင်သည်။
“အစောင့်အရှောက် ရှန်လား”
ရန်ရှီက တခြားတစ်ဖက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“မျှော်နန်းသခင်”
ထိုအခါမှ ချင်နိုင်ဟယ်သည် လုကျိုးကို သတိထားမိခဲ့၏။ သူက ချက်ချင်း ဦးညွှတ်လိုက်သည်။
“အခြေအနေက ဘယ်လိုမျိုးလဲ” လုကျိုးက မေးလိုက်သည်။
“ကျုပ်တို့တွေ ဒီကိစ္စကို စုံစမ်းနေတာပါ။ ကြည့်ရတာ မိစ္ဆာဝေဟင်မျှော်နန်းကို ပစ်မှတ်ထားတဲ့သူတွေက အစိမ်းရောင်ကြာနယ်မြေက တော်ဝင်နန်းဆောင်က လူတွေပဲ”
“သူတို့တွေ ဘယ်သူလဲဆိုတာ သိလား”
“ကျုပ်တို့သာ မမှားဘူးဆိုရင် တစ်ယောက်က စစ်သူကြီး ပိုင်ယီ ဖြစ်လောက်တယ်။ သူက မုန့်မင်ရှစ်နဲ့အတူ ရှောင်တောင်တန်းက တိုက်ပွဲအတွင်း သူ့ကိုယ်သူ နာမည်ရအောင် ကြိုးပမ်းနိုင်ခဲ့တဲ့ ဓားပညာရှင်တစ်ယောက်ပဲ” ချင်နိုင်ဟယ်က ပြောလိုက်သည်။
“ကံဆိုးတာက ကျုပ်ဒဏ်ရာတွေက ပြန်မကောင်းသေးပဲနဲ့ မွေးဖွားဇယားချပ်ကို ပြန်လည်ကောင်းကာစပဲ ရှိသေးတယ်။ ကျုပ် မွေးဖွားဇယားချပ် ၁၆ ခုနဲ့ဆိုရင် သူ့ကို တိုက်ခိုက်နိုင်ရုံလောက်ပဲရှိမှာ”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
“ရှန်ရှီက နောက်ဆုတ်ပြီးသွားပြီဆိုတော့ မင်းက ရှန်ရှီနဲ့ နေပေါ့။ တကယ်လို့ ထူးထူးဆန်းဆန်း အပြုအမူရှိတယ်ဆိုရင် ချက်ချင်းအကြောင်းကြား”
“ဟုတ်ကဲ့ပါ မျှော်နန်းသခင်” ချင်နိုင်ဟယ်က ဦးညွှတ်လိုက်သည်။
“အရင်ဆုံး ဘေးကင်းဖို့ အလေးထား။ ကျန်တာတွေက နောက်မှ ဖြေရှင်းလို့ရတယ်” လုကျိုးက ပြောလိုက်သည်။
ချင်နိုင်ဟယ်က ထိုစကားများကြောင့် ထပ်မံ စိတ်လှုပ်ရှားမိသွား၏။
“ဟုတ်ကဲ့ပါ မျှော်နန်းသခင်”
ထို့နောက် မျှော်နန်းသခင်က ပျောက်ကွယ်သွားလေသည်။
………………………………………………
မိစ္ဆာဝေဟင်မျှော်နန်းအတွင်း
ပိုင်ယီက ရှေ့နောက်လှမ်းနေ၏။ လှံများကို ကိုင်ဆောင်ထားသည့် ကျင့်ကြံသူများကလည်း နေရာတစ်ခုလုံးကို ရှာဖွေနေကြသည်။
“စစ်သူကြီးကို သတင်းပို့ပါတယ်။ ကျွန်တော်တို့တွေ ဘာမှရှာမတွေ့ပါဘူး”
“စစ်သူကြီးကို သတင်းပို့ပါတယ်။ ကျွန်တော်တို့တွေ ဘာမှရှာမတွေ့ပါဘူး”
“စစ်သူကြီး တောင်အနောက်ဖက်မှာလည်း ဘယ်သူမှ မရှိပါဘူး”
ပိုင်ယီက မျက်မှောင်ကြုတ်လိုက်သည်။ သူက အလျင်လိုနေ၏။ သူက တစ်စုံတစ်ယောက်ကို သတ်ပြီး ဦးခေါင်းကို ပြန်လည်ယူဆောင်သွားဖို့ မစောင့်ဆိုင်းနိုင်တော့ပေ။ မည်သူမှ မရှိလျှင် သူက မည်သို့လုပ်ရမည်နည်း။ ထိုစဉ် တောင်ဘေးဖက်တွင် ကျင့်ကြံသူတစ်ဦးက ပျံသန်းလာလေ၏။
“စစ်သူကြီး ကျွန်တော်တို့တွေ တောင်ဘေးဖက်မှာ ခက်ထန်သားရဲတစ်ကောင်ကို တွေ့ခဲ့ပါတယ်။ အဲဒါက ပိအန်းပါ”
ပိုင်ယီ၏ အကြည့်များက တောက်ပလာလေ၏။
“ငါ့နောက်ကလိုက်ခဲ့”
ကျင့်ကြံသူများက တောင်ဘေးဖက်ဆီ သွားကာ ပိအန်းက မြေပြင်ပေါ် အနားယူနေသည်ကို တွေ့လိုက်ရသည်။
အားလုံးက တလေးတစားကြည့်လိုက်ကြ၏။
“တကယ်ကို ပိအန်းပဲ။ ဒီလိုရွှေကြာနယ်မြေလိုမျိုး အားနည်းတဲ့ နေရာမှာ ပေါ်လာလိမ့်မယ်လို့ ထင်မှတ်မထားဘူး။ မျှခြေမညီမျှမှုက တကယ်ပဲကိုး။ အစိမ်းရောင်ကြာနယ်မြေက ခက်ထန်သားရဲတွေ နည်းလွန်းတယ်။ ကြည့်ရတာ သူတို့တွေ ထွက်ပြေးလာတာပဲ နေမယ်”
“ကြည့်ရတာ အရွယ်ရောက်သေးတဲ့ပုံတော့ မပေါ်ဘူး။ စစ်သူကြီးပိုင် ယဉ်ပါးအောင် လုပ်နိုင်လောက်တယ်”
ပိုင်ယီက ပိအန်းကို ကြည့်လိုက်သည်။ သူက ပြုံးကာ ပြောလိုက်၏။
“ကံကောင်းလိုက်တာ။ အရင်ဆုံး နှိမ်နင်းမယ် မသတ်နဲ့”
“ဟုတ်ကဲ့”
ကျင့်ကြံသူများက ပျံသန်းသွားပြီး ပိအန်းကို ချက်ချင်း ဝိုင်းထားလိုက်ကြသည်။
ပိအန်းက ချက်ချင်းဆိုသလို နိုးထလာ၏။ ထိုအရာက မျက်လုံးဖွင့်ကာ ခြေကို ဆောင့်ရင်း ကမ္ဘာမြေတုန်လုမတတ် အော်သံကြီး ထုတ်လွှတ်လာသည်။ ထို့နောက် ကျင့်ကြံသူတစ်ဦးအပေါ် ခုန်အုပ်လိုက်၏။
ပိုင်ယီက ပိအန်း၏ လမ်း၌ သူ့ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်သည်။
ဘန်း
ကြယ်တာရာဒိုင်ခွက်ကြီးက မဖျက်ဆီးနိုင်ဖွယ် ခံတပ်တစ်ခုလိုမျိုး ဖြစ်၏။
လက်ရှိ ပိအန်းက ပိုင်ယီအဆင့်ကဲ့သို့ ကျင့်ကြံသူများအတွက် ပြိုင်ဘက် မဟုတ်ပေ။ ကြယ်တာရာဒိုင်ခွက်၏ စွမ်းအားက သူ့အား လွင့်စဉ်သွားစေ၏။
ပိအန်းကိုမူ မဆိုထားနှင့် ချန်ဟွမ်းဆိုလျှင်ပင် ပိုင်ယီနှင့်မတိုက်ခိုက်ခင် လုဝူကဲ့သို့ သားရဲဧကရာဇ် ဖြစ်လာဖို့ လိုအပ်ပေသည်။
ပိုင်ယီက လက်ဝါးစည်းတံဆိပ်များကို ထုတ်လွှတ်လာသည်။
ထိုအရာက ပိအန်းအပေါ် ဆက်တိုက်ကျရောက်လာပြီး လှည့်ကာ ထွက်ပြေးသွားတော့၏။
“ဒီသားရဲက တကယ်ကို ဇွဲရှိတာပဲ။ ဘယ်ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့”
ပိအန်းက ပျံသန်းကာ ပြေးလိုက်သည်။
ပိုင်ယီက လှည့်ကာ ပြောလိုက်၏။
“မင်းတို့အားလုံး အံ့ဖွယ်မြို့တော်ကို သွားကြ။ ငါ ပိအန်းကို နှိမ်နင်းလိုက်မယ်”
“ဟုတ်ကဲ့”
ပိုင်ယီက ပိအန်းကို ယူဖို့ ဆက်လက် ကြိုးစားနေသည်။
ပိအန်းက အော်ဟစ်ရင်း အနောက်ဖက်ဆီ ထွက်ပြေးသွားလေ၏။
ပိုင်ယီ၏ အရှိန်က အံ့မခန်း ဖြစ်၏။ သူ မှီလာသည့်အချိန်တိုင်း သူက ပိုင်ယီ၏ ကျောကို ရိုက်လေ့ရှိသည်။
“သူ့ရဲ့ ခုခံမှုက တကယ်ကို အံ့မခန်းပဲ။ သူတို့က သားရဲဘုရင်ထက်တော့ အားနည်းမှာ မဟုတ်ဘူး။ ပြိုင်ဘက်က ဓားအရှင် ပိုင်ယီဖြစ်နေတာ ကံဆိုးသွားတာပဲ”
ပိုင်ယီက သူ့ဓားကို ထုတ်ကာ ရှေ့တိုးလာသည်.။ ထို့နောက် သူက ပိအန်းအား လိုက်မှီသွားပြီး လက်ဝါးချက်ဖြင့် ရိုက်ခတ်လိုက်သည်။
ဝုန်း
ပိအန်းက လေထဲ မီတာများစွာမှ ပြုတ်ကျလာသည်။
“သားရဲ မင်း မရပ်ဘူးဆိုရင် မင်းကို သတ်ပစ်မယ်”
ပိုင်ယီက ပိအန်းကို ယဉ်ပါးအောင် လုပ်ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်၏။ အကယ်၍ ထိုအရာကို ယဉ်ပါးအောင်လုပ်ကာ ပြုစုပျိုးထောင်နိုင်ပါက သူသည် အစိမ်းရောင်ကြာနယ်မြေသို့ ပြန်မသွားလျှင်ပင် သူ့အနာဂတ်အောင်မြင်မှုများက ဆရာသခင်ထက် နိမ့်ကျနေမည် မဟုတ်ပေ။
ပိအန်းက ဆက်လက် ပျံသန်းနေသည်။
ထိုစဉ် နောက်ထပ် လက်ဝါးစည်းတံဆိပ်က သူ့ပစ်မှတ်ကို ထိမှန်သွားလေ၏။
ဘန်း ဘန်း ဘန်း
ပိအန်းက နာကျင်မှုကြောင့် ကောင်းကင်မှ ပြုတ်ကျလာသည်။ ထို့နောက် ဒဏ်ရာမှ သွေးများကလည်း ဆက်တိုက် စီးဆင်းလာသော်လည်း သူက ဆက်တိုက်ပျံသန်းနေဆဲသာ ဖြစ်၏။
…………………………………………………………
လျန့်စီရင်စု၊ ယွီစီရင်စုနှင့် ယီစီရင်စုမှ ကျင့်ကြံသူများစွာက ထိုမြင်ကွင်းကို မြင်သည့်အခါ အံ့အားသင့်သွားကြသည်။ သို့သော်လည်း မည်သူကမှ မတားဆီးရဲကြပေ။
မျှခြေမညီမျှမှုက ပြင်းထန်လှ၏။ ခက်ထန်သားရဲများစွာ ရှိနေသည့်အတွက် အားလုံးက ကျင့်ကြံသူတစ်ယောက်သည် ခက်ထန်သားရဲများကို ဖမ်းဆီးသည်က ပုံမှန်သာ တွေးထင်ကြသည်။
………………………………
သူတို့က ကောင်းကင်ကျုံးဆီ ရောက်ရှိလာသည့်အခါ ပိုင်ယီက ဆက်လက် လိုက်ဖမ်းနေ၍ မဖြစ်တော့ကြောင်း သိလိုက်သည်။
သူက သူ့စွမ်းအင်ဓားကို ထုတ်လွှတ်ကာ ပြောလိုက်သည်။
“ ငါ မင်းကို ယဉ်ပါးအောင် မလုပ်နိုင်ရင် မင်းကို သတ်ပစ်မယ်”
မျဉ်းကြောင်းတစ်ခုသဖွယ် စွမ်းအင်ဓားတစ်ခုက ဖွဲ့စည်းလာပြီး ပိအန်း၏ အရေးကြီးသည့်နေရာဆီ ကျရောက်လာသည်။
ဘန်း ဘန်း ဘန်း
ထိုအရာက ပိအန်းဆီ ကျရောက်တော့မည့်ဆဲဆဲတွင် အစိမ်းရောင်ကြာ ကြယ်တာရာဒိုင်ခွက်က ပိအန်းရှေ့တွင် ပေါ်ထွက်လာပြီး စွမ်းအင်ဓားအားလုံးကို တားဆီးပေးလိုက်သည်။
“ဟမ်” ပိုင်ယီက ကြယ်တာရာဒိုင်ခွက် ပိုင်ရှင်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“မင်းက ဘယ်သူလဲ”
“ချင်နိုင်ဟယ်” ချင်နိုင်ဟယ်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
“ချင်မျိုးနွယ်က လွတ်လပ်သူလား”
ပိုင်ယီက ချင်နိုင်ဟယ်အကြောင်း ကြားဖူးသော်လည်း တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ ဤနေရာတွင် တွေ့ရမည်ဟုလည်း ထင်မထားမိပေ။
“ခင်ဗျားက နာမည်ကျော်စစ်သူကြီး ပိုင်ယီပဲ ဖြစ်ရမယ်” ချင်နိုင်ဟယ်က ပြောလိုက်သည်။
“ဒါက ဗလာဂုဏ်ပုဒ်တစ်ခုပါပဲ။ ဘာမှပြောဖို့ မထိုက်တန်ပါဘူး” ပိုင်ယီက ပြောလိုက်၏။ သူက ပိအန်းသည် တောအုပ်အတွင်း ပျောက်ကွယ်သွားသည်ကို မြင်သည့်အခါ အနည်းငယ် ဒေါသထွက်လာမိသည်။ ထို့နောက် သူက ပြောလိုက်၏။
“မင်း ဘေးဖယ်တာ ကောင်းလိမ့်မယ်။ ဆရာသခင်ချင်တောင် မင်းကို ဒီနေရာမှာ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
ချင်နိုင်ဟယ်က ခေါင်းယမ်းကာ ပြောလိုက်သည်။
“ခင်ဗျားကို အမှန်ပြင်ပေးရဦးမယ်။ ကျုပ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ လွတ်လပ်သူပဲ”
ပိုင်ယီက ထိုစကားကြောင့် အနည်းငယ် အံ့အားသင့်သွားလေ၏။ သူ့အသိပြန်ဝင်လာသည့်အခါ သူက ပြုံးလိုက်သည်။
“ချင်မျိုးနွယ်နဲ့ ပတ်သက်တဲ့ ကောလာဟလတွေက အမှန်ဖြစ်နေတာကိုး။ ချင်မျိုးနွယ်ရဲ့ သခင်လေးက သေသွားပြီးတော့ ပထမအကြီးအကဲကလည်း သေသွားတယ်။ လွတ်လပ်သူက ထွက်ပြေးသွားတယ်တဲ့။ ဆရာသခင်ချင်က အတော်လေးကို ရက်ရောတာပဲ။ သူက မျိုးနွယ်အတွက် တရားမျှတမှုကိုတောင် ရှာမပေးဘူး။ တကယ်ကို ဟာသပဲ”
ချင်နိုင်ဟယ်က အနည်းငယ် ကူကယ်ရာမဲ့စွာ မေးလိုက်သည်။
“အဲဒါဆိုတော့ ခင်ဗျားက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ရန်သူ လုပ်ဖို့ စီစဉ်ထားတာပေါ့”
“အဲဒါက မင်းတို့ရဲ့ မျှော်နန်းသခင်အပေါ်မှာ မူတည်တယ်။ ဒါပေမဲ့ အခု သူက အစိမ်းရောင်ကြာနယ်မြေထဲမှာဆိုတော့ သူ လာတယ်ဆိုရင်တောင် ကျုပ်က ချက်ချင်း ထွက်ပြေးလို့ရတယ်” ပိုင်ယီက ပြောလိုက်သည်။
“ကြီးမြတ်တဲ့ စစ်သူကြီးပိုင်က တကယ်ကို အရှက်မရှိတာပဲ။ ကောင်းပြီလေ။ ပိအန်းက ထွက်ပြေးသွားပြီဆိုတော့ ကျုပ်လည်း ထွက်သွားသင့်ပြီ” ချင်နိုင်ဟယ်က ပြောလိုက်သည်။
ပိုင်ယီ “…”
ပိုင်ယီက အသိပြန်ဝင်လာသည့်အခါ အော်ပြောလိုက်သည်။
“မင်းက ဘယ်လိုလွတ်လပ်သူမျိုးလဲ”
…………………………………………….
တစ်ချိန်တည်းဆိုသလို လုကျိုးက ချင်နိုင်ဟယ်ဆီမှ ဘေးကင်းကြောင်း သတင်းစကားကို လက်ခံရရှိလိုက်သည်။
လုကျိုးက စုဆောင်းပြောင်းရွှေ့ရေး ကျောက်စိမ်းအဆောင်ကို သူ့အိတ်ကပ်ထဲ ပြန်ထည့်ထားပြီး မတ်တပ်ထရပ်လိုက်ကာ အားလုံးဆီ အသံပို့ဆောင်လိုက်သည်။
“အားလုံး စုဝေးကြ”
ကျောင်းစံအိမ်က ကြီးမားသော်လည်း ကျင့်ကြံသူများအတွက် အင်မတန် သေးငယ်လှသည်။ အားလုံးက လုကျိုး၏ ခြံဝန်းအတွင်း ရောက်ရှိလာကြ၏။
လုကျိုးက ထွက်လာကာ ပြောလိုက်သည်။
“ချင်ရန်ယွဲ့နဲ့ ဖန်ကျုံးကို ငါက ရှန်းရန်မြို့ထဲ ဧည့်သည်အဖြစ် ဖိတ်ကြားတယ်လို့ ပြောလိုက်”
“ဒီကိစ္စကို ကျုပ်ဆီ အပ်ထားလိုက်ပါ။ ကျုပ်က ဒီနေရာနဲ့ ရင်းနှီးတယ်” ခုံဝမ်က ပြောလိုက်သည်။ သူနှင့် သူ့ညီငယ်များက စိတ်ဓာတ်မြင့်မားနေကြ၏။
လုကျိုးက ထပ်မံ ပြောလိုက်သည်။
“လောင်စန်း”
“ဟုတ်ကဲ့ ရှစ်စွင်း”
“အမည်မသိကုန်းမြေကို သွားပြီးတော့ မင်းနဲ့အတူ လုဝူကို ခေါ်သွားပြီး မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ချည်” လုကျိုးက သူ့တွင် စုဆောင်းပြောင်းရွှေ့ရေး ကျောက်စိမ်းအဆောင်ကို ပေးကာ ပြောလိုက်သည်။
“ဒါကို သုံးလိုက်”
“ရှစ်စွင်း ဒီပစ္စည်းက အရမ်းကို တန်ဖိုးကြီးတယ်။ ဒီလို သုံးလိုက်ရမှာ နှမြောဖို့ မကောင်းဘူးလား” တွမ့်မူရှန်းက ပြောလိုက်သည်။
“ကိစ္စမရှိဘူး။ ငါ အစိမ်းရောင်ကြာနယ်မြေထဲမှာ ထပ်ပြီးရှာလို့ရတယ်။ မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ဂုဏ်သိက္ခာကို နင်းချေဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုဘူး။ သွားတော့”
လုကျိုးက ပြောလိုက်သည်။ သူက ကျောက်စိမ်းအဆောင်ကို အရေးပါသည့် အခြေအနေအတွက် သိမ်းထားဖို့ စီစဉ်ထားသော်လည်း ယခုအခါ အသုံးပြုရမည် ဖြစ်သည်။
အကယ်၍ သူသာ မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်သွားပါက သင်္ကေတလမ်းကြောင်းမှတဆင့် ခရီးနှစ်ခေါက် သွားရလိမ့်မည်။ အစိမ်းရောင်ကြာနယ်မြေမှ ချန်ထားသည့် သင်္ကေတလမ်းကြောင်းနှင့် အမည်မသိကုန်းမြေမှ အဖြူရောင်မျှော်စင်အဖွဲ့အစည်းတို့မှ ချန်ထားသည့် သင်္ကေတလမ်းကြောင်းများက မဖွင့်ရသေးပေ။ ဤနေရာမှ ရွှေကြာနယ်မြေဆီ ပျံသန်းသွားခြင်းက လဝက်ခန့်ကြာမြင့်လိမ့်မည်။ သူက ဖြုန်းတီးနေဖို့ အချိန် မရှိပေ။ အကောင်းဆုံး ရွေးချယ်မှုက တွမ့်မူရှန်းနှင့် လုဝူကို စေလွှတ်လိုက်ဖို့ ဖြစ်၏။
“ဟုတ်ကဲ့ပါ ရှစ်စွင်း” တွမ့်မူရှန်းက အဆောင်ကို လက်ခံကာ တောင်ဘက်ရှိ သင်္ကေတလမ်းကြောင်းဆီ ပျံသန်းသွားလေသည်။
“မင်းတို့အားလုံး ငါနဲ့အတူ တော်ဝင်နန်းဆောင်ကို လိုက်ခဲ့”
“ဟုတ်ကဲ့”