← Chapters

အခန်း (၁၃၃၃-၁၃၃၅)

Vol. 89 Ch. 1333-1335

အခန်း (၁၃၃၃-၁၃၃၅)

Vol. 89 Ch. 1333-1335

အခန်း (၁၃၃၃) နောက်ဆုံး

ကျောင်းယွိသည် လုကျိုးက တော်ဝင်နန်းတော်သို့ သွားမည်ဖြစ်ကြောင်း ကြားသောအခါ အနည်းငယ် အံ့ဩသွားလေ၏။ သို့သော် ခဏတဖြုတ်စဉ်းစားကြည့်မိပြီးနောက် ယင်းကို ထင်ထားပြီးသားဖြစ်သောကြောင့် အတော်လေးတည်ငြိမ်သွားသည်။ သံသယများကို ရှောင်ရှားရန်အတွက် သူ့ကိုယ်သူထိန်းသိမ်းထားရန် ဆုံးဖြတ်လိုက်တော့သည်။

မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့သည်လည်း ဤအရေးကိစ္စ၌ ကျောင်းယွိဝင်ပါရန် မသင့်တော်မှန်းသိကြသည်။ ထို့ကြောင့် သူတို့ ဘာမှမပြောပေ။

လုကျိုး၏ဦးဆောင်မှုဖြင့် ချုံးချီ၊ နတ်ခြင်္သေ့တို့နှင့်အတူ လူ၁၂ယောက်က ရှန်းယန်မြို့၏ ဝေဟင်ထဲပျံသန်းကာ တော်ဝင်နန်းတော်ဆီသို့ ဦးတည်သွားတော့သည်။

မျှခြေ၏နိယာမသည် အရာအားလုံး လူသားများ၊ အရင်းအမြစ်များ၊ ကြမ်းတမ်းခက်ထန်သားရဲများနှင့် ရတနာများကို ရည်ညွှန်းနေပြီး ၎င်းတို့ကို တတ်နိုင်သမျှဟန်ချက်ညီအောင် လုပ်ထားရမည်။ မျှခြေမညီမျှမှု ရှိနေပါက မျှခြေမညီမျှမှုအကြောင်းအရင်းကိုဖယ်ရှားရန်ကြိုးစားပြီး မျှခြေကို ဆက်လက် ထိန်းသိမ်းထားရမည်။ မဟုတ်လျှင် ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရန် ပြင်ဆင်ထားရလိမ့်မည်။

အရင်းအမြစ် ကြွယ်ဝသည့်နေရာ၌ ကြမ်းတမ်းခက်ထန်သားရဲများ ပိုနည်းသည်။ မျှခြေကို ထိန်းသိမ်းရန်အတွက် ကြမ်းတမ်းခက်ထန်သားရဲတို့သည် အလိုလိုပင် ရွေ့ပြောင်းလာသည်။

ယင်းသည် မိုးနှင့်မြေ၏ လျှို့ဝှက်ချက်အကြောင်း မည်သူမှမသိကဲ့သလို့ပင်။

မရေမတွက်နိုင်သော သူတော်စင်များနှင့် အင်အားကြီးပုဂ္ဂိုလ်တို့သည် စူးစမ်းရှာဖွေလမ်းကြောင်းပေါ်၌ သေဆုံးခဲ့ကြသည်။ သို့သော် စူးစမ်းရှာဖွေသူ ပိုမိုများပြားလာပြီး ဆန်းကြယ်မှုများကို ဖြေရှင်းရန် ကြိုးစားနေ၏။

ရှန်းယန်မြို့ထဲရှိ လူတို့နှင့် ကျင့်ကြံသူများသည် ဝေဟင်ထဲ၌ ခပ်နိမ့်နိမ့်ပျံသန်းနေသော ကျင့်ကြံသူများကို မြင်သောအခါ ခံစားချက်မျိုးစုံ ရောထွေးနေသည်။ အခဲမကြေဖြစ်မှု၊ စိတ်ရှုပ်ထွေးမှု၊ အံ့ဩမှု မည်သူကမှ မြို့ထဲတွင် ပျံသန်းခွင့် မရှိပေ။ အရာရှိများသာလျှင် မြို့ထဲပျံသန်းခွင့်ရှိ၏။

ရဲတင်းသည့် စပ်စပ်စုစုနိုင်သော ကျင့်ကြံသူတချို့ကမူ ခေါင်းမိုးပေါ်ခုန်တက်လျက် တစ်ချက်ကြည့်ရန် ကြိုးစားလိုက်သည်။ ဒုတိယလမ်းကိုဖြတ်သန်းပြီးနောက် လုကျိုးသည် အရှိန်လျော့ကာ ပတ်ဝန်းကျင်ရှိ အတက်အကျများကို အာရုံခံလိုက်သည်။

တာ့ယန်၏ မြို့တော်တွင် အဆုံးသတ်၁၀ပါး အစီအရင်ကဲ့သို့ ထိပ်တန်းအစီအရင်များ ရှိသည်။ ရှန်းယန်မြို့ထဲတွင်လည်း အစီအရင်ရှိနေလောက်၏။ ဆိုရလျှင် ဂရုမစိုက်၍မရပေ။

ထိုစဉ် မြေပြင်ပေါ်ရှိတစ်စုံတစ်ယောက်က ခုံဝမ်ကို မှတ်မိသွားတော့သည်။

“ခုံဝမ် မဟုတ်လား”

“ငါလည်း ထင်နေတာ”

“ဟေ့ ... မင်း ရှန်းယန်မြို့ထဲ ဘယ်လိုလုပ်ပျံသန်းရဲတာလဲ။ မင်း အဖမ်းခံရမှာ မကြောက်ဘူးလား”

“သူ့အတွက် ဘာများကြောက်စရာရှိတော့မှာလဲ။ ခုံဝမ်နဲ့သူ့ရဲ့ညီနောင်တွေက အရင်နှစ်တွေတုန်းက အကြွေးတွေအားလုံး ဆပ်ပြီးပြီ။ ဒီတော့ သူတို့တွေက အလုပ်လုပ်ဖို့ အမည်မသိကုန်းမြေမှာ နေရတယ်လို့ ကြားထားတယ်။ တော်တော်သနားဖို့ကောင်းတာပဲ”

မင်ရှစ်ရင်သည် အောက်ကို လက်ညှိုးထိုးပြလျက် ပြောလိုက်တော့သည်။ “ခုံဝမ် ... သူတို့ ခင်ဗျားအကြောင်း ပြောနေတယ်”

“သူတို့ကို လျစ်လျူရှုထားလိုက်။ သူတို့က ကျုပ်သိဖူးတဲ့ ရာဇဝတ်သားတချို့ပဲ။" ခုံဝမ်က ပြောလိုက်၏။ သူ ထိုလူများနှင့် စကားများချင်ပေ။ ဆိုရလျှင် သူ၏အထောက်အထားက ယခုမတူညီတော့ပေ။

ခုံဝမ်ကို အရင်ဆုံးမှတ်မိသွားသည့်သူက လက်ဝေ့ယမ်းလျက် အော်ပြောလိုက်တော့သည်။ “ခုံဝမ် ... မင်း ငါ့ကို မှတ်မိသေးလား။ ငါလေ”

သူ့ဘေးရှိလူက ပြောလိုက်တော့သည်။ “သူ မင်းကို လျစ်လျူရှုထားတာလေ မသိဘူးလား။ မင်း သူ့ကို မသိသလိုနေတာ ပိုကောင်းလိမ့်မယ်။ သူက မျက်နှာပြောင်တိုက်ရဲနေတာ မင်းကိုပါ ငြိစွန်းစေမလား ဘယ်သူက သိမှာလဲ”

“အမှန်ပဲ။ မကြာခင်မှာ ကင်းလှည့်တဲ့အစောင့်တွေ သူတို့ကိုဖမ်းလိမ့်မယ်”

ထင်သည့်အတိုင်းပင် မကြာမီ၌ တော်ဝင်နန်းတော်ရှိရာဆီမှ လူ ၁၀ယောက်ကင်းလှည့်အဖွဲ့တစ်ဖွဲ့ ထွက်လာတော့သည်။ လက်ထဲတွင် လှံများကိုင်ဆောင်ထားပြီး လေးလံသောချပ်ဝတ်များ ဝတ်ဆင်ထားသည်။

မြေပြင်ပေါ်ရှိလူတချို့ကဆို ပွဲကြည့်ရန်ပြင်ဆင်နေလေ၏။ သို့သော် ဆက်လက်သောက်စားပြီး ဂီတကိုနားဆင်နေသည့် လူတို့ရှိနေသေးသည်။ သူတို့က ကင်းလှည့်အသင်းက လူဖမ်းတာကို မြင်သားကျနေပြီးသားဖြစ်သည်။ အဖမ်းခံရခြင်း၏နောက်ဆက်တွဲကလည်း မကောင်းလှပေ။

“ဘယ်သူက ဒီလောက်ရဲတင်းတာလဲ”

ကင်းလှည့်အသင်းခေါင်းဆောင်၏ အသံက လေးနက်ပြီးမာန်ပါကာ ထိုနေရာရှိလူတိုင်းကို ထိတ်လန့်သွားစေနိုင်သည်။

လုကျိုးက လေထဲပျံဝဲနေလျက် ကင်းလှည့်အဖွဲ့ကိုတစ်ချက်ကြည့်လိုက်သည်။

ယွီရှန်းရုန်က ပြောလိုက်လေ၏။ “ရှစ်စွင်းကိုယ်တိုင် လှုပ်ရှားစရာမလိုပါဘူး။ ဒီကိစ္စကို ကျွန်တော့်လက်ထဲ အပ်ထားလိုက်”

လုကျိုးက ခေါင်းညိတ်လိုက်၏။

ယွီရှန်းရုန်သည် လှုပ်ရှားတော့မည့်အချိန်တွင် လေတိုးသံနှင့်အက်ကွဲသံကို ကြားလိုက်ရသည်။

လူတိုင်းက ဆူညံသံလာရာဖက်ကို ချက်ချင်းလှည့်ကြည့်မိသွားသည်။

“ဆရာသခင်ချင်နဲ့ မြောက်ပိုင်းတောင်တန်းရဲ့ ဓားသမား ၄၉ယောက်ဒီကိုရောက်လာပါပြီ”

အနီရင့်ရောင့်ရထားလုံးပျံသည် လူတိုင်းရှေ့၌ပေါ်လာပြီး ဓားသမား၄၉ယောက်က ခုနစ်စင်ကြယ်အခင်းအကျင်းအတိုင်း ပျံသန်းလာ၏။ လူ ၇ယောက်က နေရာ၇ခုစီတွင် ရှိပြီး သူတို့၏ ဓားပျံများဖြင့် ရထားလုံးပျံကို စောင့်ကြပ်နေသည်။

ယင်းကိုမြင်သောအခါ ကင်းလှည့်အသင်းက ကျောမတ်လိုက်၏။ သူတို့၏သဘောထားက ၁၈၀ဒီဂရီ ပြောင်းလဲသွားပြီဖြစ်သည်။

ခေါင်းဆောင်သည် အသံတိုးတိုးဖြင့် ပြောလိုက်၏။ "သူတို့ကို ကြိုဆိုဖို့ ပြင်ဆင်ကြ"

ထိုစကားကို ကြားသောအခါ မင်ရှစ်ရင်က မေးလိုက်၏။ “ဒါအကြံဉာဏ်ကောင်းဆိုတာ သေချာလား”

ကင်းလှည့်အသင်းခေါင်းဆောင်က မင်ရှစ်ရင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်တော့သည်။

“မင်းကို ပြီးမှစာရင်းရှင်းမယ်”

မင်ရှစ်ရင်က နှာခေါင်းရှုံ့လိုက်သည်။ “မင်း ငါ့တို့ကို အထင်သေးနေတယ်မထင်ဘူးလား”

ကင်းလှည့်အသင်း၏ခေါင်းဆောင်က မင်ရှစ်ရင်ကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်။ သူ စိတ်လွတ်တော့မည်ဖြစ်သော်ငြား ရထားလုံးပျံရောက်နှင့်နေပြီးတာကို မြင်သောအခါ သူ့ကိုယ်သူ ထိန်းချုပ်လိုက်၏။ သူ့လူများနှင့် ပျံသန်းသွားကာ ဦးညွှတ်လိုက်သည်။ “ဆရာသခင်ချင် ရောက်လာတာ သတိမပြုခဲ့မိပါဘူး။ ကြိုတင်မကြိုဆိုမိခဲ့တဲ့အတွက် တောင်းပန်ပါတယ်”

ဓားသမား ၄၉ယောက်သည် ရထားလုံးပျံရှေ့၌ စုဝေးနေ၏။

ဓားသမား ၄၉ယောက်ထဲမှတစ်ယောက်ဖြစ်သည့် ယွမ်လန်က ကင်းလှည့်အသင်းကို လျစ်လျူရှုထားသည်။ မလှမ်းမကမ်းတွင်ရပ်နေသော လုကျိုးကို မြင်ချိန်၌ သူ၏အမူအရာက လေးစားမှုအဖြစ်ပြောင်းလဲသွားသည်။

ထိုစဉ် ချင်ရန်ယွဲ့က လှစ်ကနဲပေါ်လာပြီး ဓားသမား၄၉ယောက်ရှေ့၌ ရောက်လာ၏။

ယင်းကိုမြင်သောအခါ ကင်းလှည့်အသင်းခေါင်းဆောင်က ပိုတောင်စိတ်လှုပ်ရှားလာ၏။ သူက ချင်ရန်ယွဲ့ကို နှုတ်ဆက်ရန် အမြန်ရှေ့သို့တိုးလိုက်သည်။ “နှုတ်ခွန်းဆက်ပါတယ် ဆရာသခင်ချင်”

ချင်ရန်ယွဲ့သည် ကင်းလှည့်အသင်းကိုတစ်ချက်ကြည့်လိုက်၏။ “ဒီကင်းလှည့်အသင်း ဘယ်ကလာတာလဲ”

ထိုစဉ် ယွမ်လန်က ကျယ်လောင်စွာအော်ပြောလိုက်သည်။ “ထွက်သွားကြ”

ကင်းလှည့်အသင်းက ဆွံ့အနေစဉ် အားကောင်းသောဖိအားသည် သူတို့ကို ဘေးသို့ တွန်းထုတ်လိုက်သည်။

ပြီးနောက် ချင်ရန်ယွဲ့နှင့်ဓားသမား၄၉ယောက်က လုကျိုးဆီ ပျံသန်းသွား၏။ ပြီးနောက် သူက လက်သီးဆုပ်မိုးကာ ပြောလိုက်သည်။

"အစ်ကိုလု ကျုပ်တို့တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ သုံးနှစ်ကြာသွားသလိုပါပဲ။ ကျွန်တော် ဖိတ်ခေါ်မှုကို ရတာနဲ့ ဒီကိုချက်ချင်းရောက်လာတာပါ။ ကျုပ် နောက်မကျဘူးမဟုတ်လား”

လုကျိုးက ခေါင်းညိတ်လိုက်၏။ “အချိန်မှီရောက်လာတာပါ”

ချင်ရန်ယွဲ့က ပြုံးပြီးမေးလိုက်လေ၏။ “အစ်ကိုလု အရင်တုန်းက လက်ဆောင်ကိုစိတ်တိုင်းကျပါရဲ့လား”

လုကျိုးက ပြန်ပြောလိုက်သည်။ "စိတ်တိုင်းကျပါတယ်။"

“အစ်ကိုလု သဘောကျတာကောင်းတယ်” ချင်ရန်ယွဲ့က ပြန်ပြောလိုက်၏။

ကင်းလှည့်အသင်းမှ လူဆယ်ယောက်သည် လုကျိုးနှင့် ချင်ရန်ယွဲ့တို့ပျော်ရွှင်စွာ စကားပြောနေတာကို မြင်သောအခါ ဆွံ့အသွားလေ၏။

ချင်ရန်ယွဲ့က မေးလိုက်တော့သည်။ “တော်ဝင်နန်းတော်ကို ဘာအကြောင်းကြောင့်များ သွားချင်တာလဲ မေးလို့ရမလား”

“ဧကရာဇ်နဲ့ရှင်းစရာ တချို့ရှိတယ်။ မင်းက ဆရာသခင်တစ်ပါးဆိုတော့ မျက်မြင်သက်သေလုပ်ပေးလို့ရတယ်” လုကျိုးက ပြောလိုက်၏။

“ဂုဏ်ယူစရာပါပဲ” ချင်ရန်ယွဲ့ကပြောလိုက်သည်။

ကင်းလှည့်အသင်းမှခေါင်းဆောင်သည် သူ့လူများထဲမှတစ်ယောက်က သူ့အင်္ကျီလက်ကို ဆွဲလိုက်ချိန်အထိ သတိမဝင်သေးပေ။ “ခေါင်းဆောင် ကျွန်တော်တို့ ဒီလူတွေကို စစ်ဆေးရဦးမှာလား”

ကင်းလှည့်အသင်းခေါင်းဆောင်က ဤလက်အောက်ငယ်သားကို စိမ်းစိမ်းဝါးဝါးကြည့်ကာ ပြောလိုက်၏။ “မင်း ကန်းနေတာလား။ မကြားတာလား”

“...”

မြေပြင်ပေါ်မှ ကြည့်နေသည့်လူတို့သည် ပိုတောင်ဇဝေဇဝါဖြစ်လာပြီး ခန့်မှန်းချက်များ စတင်ပြုလုပ်တော့၏။

“အဲဒါဘယ်သူလဲ”

“ခုံဝမ် ငါလေ”

ဆရာသခင်ချင်၏ အဖွဲ့နှင့် လွတ်လွတ်လပ်လပ် ပြောဆိုနိုင်သည့်သူ၏ နောက်လိုက် တစိတ်တပိုင်းအနေဖြင့် ခုံဝမ်အဆင့်အတန်းက မြင့်တက်သွားပြီဖြစ်သည်။

ခုံဝမ်နှင့် သူ၏ညီနောင်များက မြေပြင်ပေါ်ရှိလူတို့ကို လျစ်လျူရှုထားလိုက်သည်။

အောက်ရှိလူက ဆက်လက်ဝေ့ယမ်းနေသည်။

“ခုံဝမ်ရေ ငါတို့တွေ ခိုးထားတဲ့ပေါက်စီကို တူတူစားခဲ့ဖူးတာ မမှတ်မိတော့ဘူးလား”

ယွီကျန့်ဟိုင်က ထိုဆူညံသံများကြားရတာ ငြီးငွေ့နေပြီဖြစ်သည်။ သူကမေးလိုက်၏။ “ခုံဝမ် မင်း သူတို့ကို သိလား”

ခုံဝမ်က ပြန်ပြောလိုက်၏။ "မသိဘူး”

ထိုစကားများကို ကြားသောအခါ ကင်းလှည့်အသင်းခေါင်းဆောင်၏စိတ်အခြေအနေက ပြောင်းလဲသွားသည်။ ပြီးနောက် သူ၏လက်ကိုဝေ့ယမ်းကာ ပြောလိုက်လေ၏။

“ဒီသတင်းဖြန့်တဲ့သူတွေကို ဖမ်းကြ”

“ဟုတ်ကဲ့”

“...”

လုကျိုးသည် ဤကိစ္စသေးသေးမွှားမွှားကို အရေးမထားပေ။ သူက ပြောလိုက်တော့သည်။

“သွားကြမယ်”

ဤနည်းဖြင့် သူတို့သည် တော်ဝင်နန်းတော်ဆီသို့ ဆက်လက်ပျံသန်းသွားသည်။

ပြောရန်မလို ကင်းလှည့်အသင်းက မေးခွန်းထပ်မမေးရဲတော့ချေ။ သို့သော်ငြား ကျိန်ဆဲနေ၏။ ဒေါသထွက်နေသော လူအချို့ကို ဖမ်းခဲ့သေးသည်။

ချင်ရန်ယွဲ့နှင့် ဓားသမား၄၉ယောက်က ရထားလုံးပျံပေါ်တွင် မလိုက်ပါတော့ဘဲ လုကျိုးနှင့်အတူ တော်ဝင်နန်းတော်ဆီ ပျံသန်းသွား၏။

သူတို့ရောက်သွားချိန်၌ မရေမတွက်နိုင်သော ပညာရှင်များ၊ တော်ဝင်အစောင့်များနှင့်စစ်သည်များသည် ကျိုင်းကောင်အုပ်ပမာ အတူတကွစုဝေးပြီး တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေတာ တွေ့လိုက်ရသည်။

ချင်ရန်ယွဲ့က သူတို့ကို ကြည့်လိုက်သည်။ ပုံမှန်အခြေအနေအောက်တွင် ဆရာသခင်လေးပါးသည် မဟာချင်၏ ဧကရာဇ်နှင့် အဆက်အသွယ် သိပ်မရှိပေ။ သို့သော် သူ တစ်ခါမှ မတွေ့ဖူးတာမဟုတ်။ သူ လာရောက်လည်ပတ်ချိန်တိုင်းတွင် သူ ကြိုတင်အကြောင်းကြား၏။ သို့သော်သူသည် ပြင်ပလောကမှ ကျင့်ကြံသူများနှင့် အရပ်သားများကို ရှောင်လေ့ရှိ၏။ သူ ပုံမှန်ဆို ထွက်လေ့မရှိသောကြောင့် ပဋိပက္ခပိုနည်းသွားတာ ဖြစ်ဟန်တူသည်။

ချင်ရန်ယွဲ့သည် သူတို့လမ်းကြောင်းကို လူများစွာ ပိတ်ဆို့ထားတာမြင်သောအခါ ဒုက္ခရောက်မည့်ကိစ္စထဲ သူ ပါဝင်ပတ်သက်ခဲ့မိပြီမှန်း သိလိုက်၏။ သို့သော် သူရောက်နှင့်နေပြီးဖြစ်သောကြောင့် သူ ဆက်သွားရမည်။ သူသည် နန်းတော်မြို့ရိုးပေါ်တွင် တစ်ခုပြီးတစ်ခု လင်းလာသော ထွင်းစာများကို မြင်သောအခါ ကြည်လင်သောအသံဖြင့်ပြောလိုက်သည်။

“အစ်ကိုလုနဲ့ ကျုပ်က ဧကရာဇ်ကိုတွေ့ဖို့ ရောက်လာတာ။ ငါတို့ရောက်လာတာ မြန်မြန်အကြောင်းကြားပေး”

ချင်ရန်ယွဲ့၏အသံသည် တော်ဝင်နန်းတော်၏လူတိုင်းဆီသို့ ဆူနာမီပမာတိုးဝင်သွားပြီး သူတို့နောက်သို့ဆုတ်အောင် ဖိအားပေးလိုက်သည်။

ထိုစဉ် ပညာရှင်များနောက်မှ ကြိမ်နှုန်းမြင့်သံက ပေါ်ထွက်လာ၏။

“အရှင်မင်းကြီးက ဧည့်သည်တွေကို နန်းတော်ထဲဖိတ်ဖို့ပြောလိုက်တယ်”

ပညာရှင်များက အလိုအလျောက်ဖယ်ပေးလိုက်ကြသည်။

လုကျိုးနှင့် ချင်ရန်ယွဲ့က ကျန်သည့်သူများကိုခေါ်လျက် တော်ဝင်နန်းတော်ထဲသွားလိုက်ကြသည်။

တော်ဝင်နန်းတော်ထဲရောက်မည့်အချိန်တွင် လုကျိုးက လှည့်မေးလိုက်သည်။ “ဖန်ကျုံး ဒီကို မရောက်သေးဘူးလား”

“ဆရာသခင်ဖန်ကို ကျုပ် ဖိတ်ထားပြီးသား။ သူ ဒီကိုမကြာခင်လာမယ်ထင်တယ်” ခုံဝမ်က ပြောလိုက်၏။ သူ၏အသံကို နားထောင်ချိန်တွင် မသေချာမရေရာမှုများ ကြားရ၏။

ထိုစကား ကြားသည့်အချိန်တွင် ချင်ရန်ယွဲ့က လက်မခံဘဲ ပြောလိုက်သည်။

"ဖန်ကျုံးက သတ္တိကြောင်တဲ့သူ။ သူ မလာလောက်ဘူး”

“သူ့ကြောင့် စိတ်အနှောင့်အယှက်အဖြစ်မခံနဲ့" လုကျိုးက ခေါင်းညိတ်လိုက် ပျံသန်းဝင်လာသည်။ ဆရာသခင်တစ်ပါး မလာလျှင် ကိစ္စမရှိ။ မကြာမီ၌ အဝေးတွင်ဝတ်ရုံနက်ဖြင့် ပျံသန်းနေသည့် ဝတ်ရုံနက်ဖြင့် မိန်းမစိုးတစ်ဦးကို တွေ့လိုက်ရ၏။ သူ၏ကိုယ်နေဟန်ထားက လေးစားမှုများရှိနေကာ မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဆင်ထားသည်။

“ကောင်းချန်လား” ချင်ရန်ယွဲ့သည် ထိုအထိန်းတော်ကို မှတ်မိသွားသည်။

ကောင်းချန်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။ “ဆရာသခင်ချင်က ကျုပ်ကိုမှတ်မိမယ်လို့ မထင်ထားဘူး။ ကျုပ် ဂုဏ်ယူပြီး ပျော်ရွှင်မိပါရဲ့”

“ဧကရာဇ် ဘယ်မှာလဲ” ချင်ရန်ယွဲ့က မေးလိုက်၏။

“အရှင်မင်းကြီးက ဆန်းကြယ်ဆိတ်ငြိမ်ခန်းမထဲမှာ ကျင့်ကြံနေပါတယ်။ အဲ့ဒီကိုခေါ်သွားပေးပါ့မယ်။ လိုက်ခဲ့ပေးပါ” ကောင်းချန်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

ထိုစကားများကို ကြားသောအခါ ချင်ရန်ယွဲ့က တုန့်ဆိုင်းသွားတော့သည်။

“ဆန်းကြယ်ဆိတ်ငြိမ်ခန်းမလား” သူက အပြုံးတစ်ပွင့်ဖြင့် ဆက်ပြောလိုက်တော့သည်။

“ဆန်းကြယ်ဆိတ်ငြိမ်ခန်းမကို အကြွင်းမဲ့အစီအရင်နဲ့ကာကွယ်ထားတယ်ဆို။ ဧကရာဇ်တစ်ပါးအနေနဲ့ တိုင်းပြည်ရေးရာတွေကို သူ့ရဲ့အရပ်ဖက်၊ စစ်ဖက်အမှုထမ်းတွေနဲ့ ဖြေရှင်းသင့်တာမဟုတ်လား”

ကောင်းချန်က ပြောလိုက်သည်။ "ဒီစကား မျှော်နန်းသခင်ကို မေးရမှာပါ။ အရှင်မင်းကြီးက နေမကောင်းတာကြောင့် ဒဏ်ရာကုသဖို့ အကြွင်းမဲ့အစီအရင်ကို သုံးဖို့လိုပါတယ်။ နှစ်ယောက်သား အဆင်မပြေဖြစ်ရင် နန်းတော်အပြင်ဖက်မှာစောင့်လို့ရပါတယ်”

...

အခန်း (၁၃၃၄) လီတောင်တန်း၏ အကြီးအကဲလေးဦး

“အကြွင်းမဲ့ အစီအရင်လား”

ထူးကဲကာ အားကောင်းသည့် အစီအရင်များက လုကျိုး၏ မှန်းဆချက်အတွင်း ရှိလေသည်။ သူ့ကောင်းကင်သွေဖည်သည့် စွမ်းအားက ထူးထူးဆန်းဆန်း အစီအရင်အားလုံးကို မကြောက်ပေ။

ချင်ရန်ယွဲ့က ရှင်းပြလိုက်သည်။

“အကြွင်းမဲ့ အစီအရင်လို့ ခေါ်တဲ့အရာတွေကကိစ္စတွေကို နဂိုအဖြစ် ပြန်လည်ပြောင်းပစ်နိုင်စွမ်းရှိတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က အစီအရင်ထဲ ဝင်သွားတာနဲ့ သေခြင်းရှင်ခြင်းက မှန်းဆဖို့ ခက်ခဲသွားပြီ။ ဆရာသခင်တွေက အဲဒီအစီအရင်ထဲမှာ လက်လွတ်စပယ် မပြုမူရဲဘူး”

“အဲ့လောက်တောင် အားကောင်းတာလား” မင်ရှစ်ရင်က ပြောလိုက်သည်။

“ကျုပ်က အစီအရင်ထဲ မရောက်ဖူးသေးတော့ သေချာတော့ ပြောလို့မရဘူး” ချင်ရန်ယွဲ့က ရှင်းပြလိုက်သည်။

အားလုံးက လုကျိုးကို ကြည့်လိုက်ကြ၏။ သူတို့က သူ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြသည်။ အကယ်၍ သူသာ အပြင်ဘက်မှ စောင့်ဖို့ ဆုံးဖြတ်လိုက်ပါက သူတို့သည် အပြင်ဘက်၌ စောင့်ဆိုင်းလိုက်သည်။ တကယ်လို့ သူသာ အထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါက သူတို့သည် ဝင်ရောက်မည်ဖြစ်၏။ ယုံကြည်ချက်မရှိသည့်အချိန် မည်သူကမှ လက်လွတ်စပယ်မလှုပ်ရှားရဲကြပေ။

လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။

“ရှေ့ကနေ လမ်းပြ”

ကောင်းချန်က လုကျိုး၏ ဆုံးဖြတ်ချက်ကြောင့် အနည်းငယ် အံ့အားသင့်သွားလေ၏။ သူက ခေါင်းကို မော့ကာ လုကျိုးကို လေ့လာလိုက်သည်။ သူက လုကျိုးနှင့် ပတ်သက်ပြီး ဘာမှထူးကဲနေသည့်အရာ မမြင်ရပေ။ လုကျိုးက ဆရာသခင်တစ်ယောက်၏ လေထုမျိုးလည်း ပိုင်ဆိုင်ထားခြင်း မရှိပေ။ ထိုသို့သောသူမျိုးက မဟာချင်၏ ဧကရာဇ်ကို မည်သို့အနိုင်ယူနိုင်တာလဲဟု စဉ်းစားနေမိသည်။ သို့သော်လည်း အပေါ်ယံကြည့်၍ ဆုံးဖြတ်၍ မရကြောင်း သိထားလေ၏။

“ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပါ”

အားလုံးက ကောင်းချန်နောက်မှ လိုက်ကာ တော်ဝင်နန်းဆောင်မြောက်ဖက်သို့ ပျံသန်းသွားလေသည်။

တော်ဝင်နန်းဆောင်က အင်မတန် ကြီးမားလှ၏။ ပြောရမည်ဆိုလျှင် မဟာချင်က သူ့ကိုယ်ပိုင်ဂူဗိမာန်ကိုပင် တည်ဆောက်ထားသည်ဟု ပြောကြသည်။ ဂူဗိမာန်ဆောက်လုပ်ရေးကို လူများစွာက ရှုံ့ချခဲ့ဖူး၏။ သို့သော်လည်း ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို မည်သူကများ ပြောင်းလဲနိုင်မည်နည်း။ ဆရာသခင်လေးယောက်၏ စံအိမ်အပြင်ဘက်တွင် လူထောင်ချီက ဝပ်တွားကန်တော့နေပြီး ဝင်ရောက်စွက်ဖက်ဖို့ တောင်းပန်နေကြသည်။ တကယ်လို့ ဆရာသခင်တချို့က ဧကရာဇ်အား ပြောဆိုခဲ့သော်လည်း နားထောင်ရုံမျှသာ ဖြစ်ပြီး လိုက်နာကျင့်သုံးခြင်း မရှိခဲ့ပေ။

မဟာချင်ဧကရာဇ်၏ ကျင့်ကြံဆင့်က နက်နဲကာ လျှို့ဝှက်ဆန်းကြယ်လှ၏။ ဆရာသခင်လေးယောက်က သူ့နောက်ခံ အတိအကျကို မသိသလို သူတို့ကိုယ်တိုင်လည်း ဝင်ရောက်မပတ်သက်လိုပေ။ သူတို့အာရုံစိုက်လိုသည့်အရာက သူတို့ကျင့်ကြံရေးသာ ဖြစ်၏။

လူများစွာ၏ အမြင်တွင် မဟာချင်၏ ဧကရာဇ်က အာဏာရှင်တစ်ယောက် ဖြစ်ပေသည်။

………………………………………………

“ဆန်းကြယ်ဆိတ်ငြိမ်ခန်းမက ရှေ့မှာရှိတယ်။ အားလုံး သေသေချာချာ စဉ်းစားကြပါဦး” ကောင်းချန်က ပြောလိုက်သည်။

“အမှိုက်သရိုက်ပဲ” မင်ရှစ်ရင်က ပြောလိုက်သည်။

ကောင်းချန်က မင်ရှစ်ရင်ကို လှည့်ကြည့်လိုက်၏။ သို့သော်လည်း သူက ဒေါသထွက်နေဟန်မပေါ်ပေ။ သူက လှည့်ကာ အဖွဲ့ကို ဦးဆောင်ခေါ်သွားလေ၏။

မင်ရှစ်ရင်က အကြောင်းအရင်းကို မသိသော်လည်း ထိုအရာကို အမှန်တကယ် သဘောမကျပေ။ အရာအားလုံးက သူ့အတွက် စိတ်တိုစရာ ကောင်းနေလေ၏။

သူတို့က ခန်းမရှေ့ရောက်ရှိလာသည့်အခါ အင်မတန် သေးငယ်ကာ လူသူကင်းမဲ့နေ၏။

တစ်ယောက်ချင်းဆိုသလို သူတို့က မြေပြင်ပေါ် ဆင်းသက်လာကြသည်။

“အရှင်မင်းကြီး သူတို့ကို ဒီခေါ်လာပါပြီ”

“ကောင်းပြီ” မဟာချင် ဧကရာဇ်၏ အသံက ခန်းမထဲမှ ပျံ့လွင့်လာသည်။

ထို့နောက် ပုံရိပ်တစ်ခု ထုတ်လွှတ်လာ၏။ ဧကရာဇ်က ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး အားလုံးက တောက်လောင်နေသည့် မျက်ဝန်းမျိုးဖြင့် ကြည့်ကာ ပြောလာသည်။

“ထိုင်ခုံတွေ ယူခဲ့”

အစောင့်အကြပ်များက နေရာအနှံ့မှ ပြေးဝင်လာကာ ခန်းမရှေ့တွင် စားပွဲနှင့် ထိုင်ခုံများကို ပေးဝင်လိုက်ကြသည်။ ထို့အပြင် နဂါးပလ္လင်ကိုပင် ထုတ်ယူလာခဲ့၏။

ဓားမော့များကို သယ်ဆောင်ထားသည့် အစောင့်လေးဦးက သူရှေ့ ရောက်လာသည်။ နှစ်ယောက်က ဘယ်ဖက်တွင်ရပ်ကာ နှစ်ယောက်က ညာဖက်တွင် နေရာယူလိုက်ကြသည်။

လုကျိုး၏ အမူအရာက အတူတူဖြစ်နေဆဲဖြစ်ကာ မဟာချင်၏ ဧကရာဇ်နောက်ကို လှမ်းကြည့်လိုက်သည်။ သူက ဧကရာဇ်၏ မွေးဖွားဇယားချပ် ငါးခုကို ဖျက်ဆီးပစ်ခဲ့သော်လည်း ဧကရာဇ်ကမူ ဘာမှမဖြစ်သကဲ့သို့ ပြုမူနေဆဲဖြစ်၏။ ဧကရာဇ်က အမှန်တကယ် ဟန်ဆောင်ကောင်းသည်ဟု ထင်မိသွားသည်။ ထိုသူက သူ့ကို မြင်သည့်အခါ စိတ်ထဲတွင် ဒေါသမထွက်ဘဲ နေလိမ့်မည်ဟု မယုံပေ။

တကယ်တော့ ဧကရာဇ်က လုကျိုးကို မြင်သည့်အခါ အမူအရာ ပြောင်းလဲသွားခဲ့၏။ သို့သော်လည်း ခေတ္တမျှဖြစ်ပြီး အလျင်အမြန်တည်ငြိမ်သည့် အမူအရာဖြင့် အစားထိုးသွားခဲ့သည်။ သူက ဧကရာဇ်တစ်ယောက်၏ လေထုမျိုး ထိန်းသိမ်းထားရမည် ဖြစ်၏။ သူက ချင်ရန်ယွဲ့နှင့် ဓားသမား ၄၉ဦးကို မြင်သည့်အခါ မျက်မှောင်ကြုတ်ကာ ရေရွတ်လိုက်သည်။

“ဆရာသခင်ချင်လား”

ချင်ရန်ယွဲ့က ပြုံးကာ ပြောလိုက်သည်။

“အစ်ကိုလုက ကျုပ်ကို မျက်မြင်သက်သေအနေနဲ့ ဖိတ်ကြားခဲ့တာပါ။ ကျုပ် လာလို့ မရဘူးလား။ ခင်ဗျားတို့နှစ်ယောက်လုံး ဒီပဋိပက္ခကို ဖြေရှင်းပြီး မိတ်ဆွေတွေ ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ အားလုံးက ပျော်ရွှင်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတိုက်ခိုက်ကြတော့ရင် ကောင်းမယ်ပေါ့”

ဧကရာဇ်က အင်္ကျီလက်ကို ဝှေ့ကာ ထိုင်လိုက်သည်။

“ဆရာသခင်ချင် မလာသင့်ဘူး”

လုကျိုးက ခေါင်းယမ်းလိုက်သည်။

“အခုထိတောင် ခင်ဗျားက ခေါင်းကြောမာနေတုန်းကိုး”

ဧကရာဇ်က ရှင်းရှင်းလင်းလင်း ပြောလိုက်သည်။

“ကျုပ်က ခေါင်းကြောမာနေတာ မဟုတ်ဘူး။ ခေါင်းကြောမာနေတဲ့သူက ခင်ဗျား”

“ငါ မင်းရဲ့ မွေးဖွားဇယားချပ် ၅ခုကို ဖျက်ဆီးပစ်မှာ” လုကျိုးက ပြောလိုက်သည်။

ဧကရာဇ်က ကြောင်အမ်းသွားလေ၏။ ထိုင်ခုံလက်ရန်းပေါ် တင်ထားသည့် သူ့လက်များက အနည်းငယ် လှုပ်ခတ်သွားသည်။

ချင်ရန်ယွဲ့က စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

“မွေးဖွားဇယားချပ် ၅ခုလား”

ဧကရာဇ်က ပြောလိုက်သည်။

“ကျောင်းစံအိမ်ကို သွားတုန်းက ငါ့ကို စမ်းသပ်ရုံပဲ။ ကံဆိုးတာက ခင်ဗျားက ကျုပ်ရဲ့ ရည်ရွယ်ချက်ကို နားမလည်ဘဲနဲ့ ကျုပ်ကို ခက်ခဲအောင် လုပ်ခဲ့တာပဲ။ ကျုပ်က ခင်ဗျားကို ဘာမှမလုပ်နိုင်ဘူးများ ထင်နေလား”

“အရှင်မင်းကြီးက ဘာလို့များ အဲ့လောက် ဒေါသကြီးနေရတာလဲ။ အရှင်မင်းကြီးက ထိုင်ပြီး စကားကောင်းကောင်းပြောချင်တာ မဟုတ်ဘူးလား။ ဘယ်လိုအကြောင်းအရင်းပဲဖြစ်ဖြစ် လှုပ်ရှားဖို့ လိုလို့လား” ချင်ရန်ယွဲ့က မေးလိုက်သည်။ သူက လုကျိုးနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ထားရုံသာမကဘဲ ငြိမ်းချမ်းရေးဆောင်ကြဉ်းပေးသူအဖြစ် ရောက်ရှိလာခြင်း ဖြစ်သည်။

“ဆရာသခင်ချင် ဒီနေရာနဲ့ ဘာမှမဆိုင်ဘူး။ ခင်ဗျား ထွက်သွားရင် အကောင်းဆုံးပဲ။ ခင်ဗျား မွေးဖွားဇယားချပ်တွေ ဖျက်ဆီးတဲ့အချိန်ကျရင် ကျုပ်လိုမျိုး ကောင်းကောင်းပြောနိုင်ပါစေလို့ပဲ မျှော်လင့်တယ်” ဧကရာဇ်က ပြောလိုက်သည်။

“ဖျက်ဆီးခံလိုက်ရတာလား” ချင်ရန်ယွဲ့က အံ့အားသင့်သွားလေ၏။ သူက လုကျိုးကို ကြည့်သည့်အခါ သဘောပေါက်သွားလေသည်။

“အစ်ကိုလု အခု နည်းနည်းလေး လွန်သွားတယ်မထင်ဘူးလား”

လုကျိုးက ပြန်မဖြေပေ။ ထိုအစား သူက နောက်ထပ် သာလွန်လျှော့ချရေးကတ်ကို အသုံးပြုဖို့ ပြင်ဆင်ထားလေ၏။ ဆရာသခင်များနှင့် ရင်ဆိုင်ရသည့်အခါ အခြေအနေက ပြောင်းလဲသွားနိုင်သည်။ သတိလက်လွတ်နေနေ၍ မဖြစ်ပေ။

ချင်ရန်ယွဲ့က ဧကရာဇ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျားက မွေးဖွားဇယားချပ်တွေ ပြန်ကောင်းနေပြီဆိုတော့ ဒီကိစ္စကို ဘေးဖယ်ထားလိုက်ရင် ဘယ်လိုလဲ။ ခင်ဗျားက ဘယ်လိုထင်လဲ။ ကျုပ်မျက်နှာကို ထောက်ပါဦး”

ချင်ရန်ယွဲ့၏ စကားများက အမှန်တကယ် သင့်တော်နေသည်။ အကယ်၍ မဟာချင်၏ ဧကရာဇ်က မွေးဖွားဇယားချပ်များကို ပြန်လည်ကောင်းမွန်လာပြီဆိုပါက အရာအားလုံး အဆင်ပြေသွားလိမ့်မည်။ သို့သော်လည်း သူက ယခုအချိန်ထိ ပြန်လည်မကောင်းမွန်သေးပေ။ သူက ဒေါသကို တစ်ချိန်လုံး ဖိနှိပ်ထားရ၏။ သူက ချင်ရန်ယွဲ့ကို အာရုံမစိုက်တော့ပေ။ ထိုအစား သူက လုကျိုးဘက် လှည့်ကာ ပြောလိုက်သည်။

“ခင်ဗျား တကယ် လာရဲလိမ့်မယ်လို့ ထင်မထားဘူး။ အခုထိ ဆရာသခင်လေးယောက်ကလည်း ကျုပ်နဲ့ တိုက်ရိုက်ရင်မဆိုင်ရဲဘူး”

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“ခင်ဗျား အကြွင်းမဲ့အစီအရင်ကို အသက်မသွင်းတာ အကောင်းဆုံးပဲ။ အားလုံးအတွက် အကျိုးမရှိဘူး”

ဧကရာဇ်က ချင်ရန်ယွဲ့ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဆရာသခင်ချင် ကျုပ်ဆီမှာ ခင်ဗျား အသက်ကို ယူဖို့ နည်းလမ်းအများကြီးရှိတယ်။ ဒါပေမဲ့ တခြားဆရာသခင်တွေနဲ့ မျှခြေထိန်းထားချင်လို့ အဲ့လိုမလုပ်ခဲ့တာ။ ကျေးဇူးမသိသလို လာမလုပ်နဲ့”

ချင်ရန်ယွဲ့ “…”

ထိုစကားများဖြင့် လေထုက ပိုမိုမှုန်မှိုင်းသွားလေသည်။

လုကျိုးက ခေါင်းယမ်းကာ ပြောလိုက်၏။

“ကြည့်ရတာ ခင်ဗျားက နောက်ထပ် မွေးဖွားဇယားချပ် ၅ခု ဆုံးရှုံးလိုက်ရမှ ကိုယ့်နေရာကို သိမယ်ထင်တယ်”

လုကျိုးက သာလွန်လျှော့ချရေးကတ်ကို အသက်သွင်းလိုက်တော့မည်ဖြစ်၏။ အစိမ်းရောင်ကြာနယ်မြေက အန္တရာယ်ကြား ကျရောက်နေသည့်အတွက် သူ့အနေဖြင့် ဧကရာဇ်နှင့် ဖြုန်းတီးနေဖို့ အချိန်မရှိပေ။

ထိုစဉ် ဧကရာဇ်က လက်ခုပ်တီးလိုက်သည်။

တည်နေရာလေးခုမှ ပုံရိပ်လေးခုက ကျဆင်းလာကာ ခန်းမအထက် ရပ်တန့်သွားသည်။

“အရှင်မင်းကြီးကို ဘယ်သူ မလေးမစား လုပ်ရဲတာလဲ”

ပုံရိပ်လေးခုက ခန်းမရှေ့ရပ်လိုက်ကြသည်။ သူတို့က ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူရှိသည့် လူအိုကြီးများဖြစ်၏။

“လီတောင်တန်းရဲ့ အကြီးအကဲလေးဦးလား” ချင်ရန်ယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။

“ချင်ရန်ယွဲ့လား”

ထိုအကြီးအကဲလေးဦးက သေမျိုးလောကဆီ ဆင်းသက်လာသည့် မသေမျိုးများသဖွယ် ဖြစ်နေသည်။

ချင်ရန်ယွဲ့က ပြုံးကာ ပြောလိုက်သည်။

“လီတောင်တန်းရဲ့ အကြီးအကဲလေးဦးက အသက်ရှင်နေဆဲဖြစ်လိမ့်မယ်လို့ ထင်မထားဘူး”

ခုံဝမ်က လုကျိုးဘေးနား ရောက်ကာ နားအနား ကပ်တိုးပြောလိုက်၍ လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

ဖြစ်ချင်တော့ လီတောင်တန်း၏ အကြီးအကဲလေးဦးက ကျင့်ကြံရေးလောက၏ နာမည်ကျော်ကျင့်ကြံသူများ ဖြစ်၏။ သူတို့က အမည်မသိနေရာများဆီ သွားကာ ဆရာသခင်များ ဖြစ်လာကြသည်။ သူတို့က မျှခြေထိန်းညှိသူများကြောင့် ရှင်းထုတ်ခံလိုက်ရသည်ဟူသော ကောလာဟလများပင် ရှိ၏။ သူတို့က မွေးဖွားဇယားချပ် ၁၇ ခုကို အသက်သွင်းထားပြီးပြီ ဖြစ်ကာ ဤမျှကြာရှည်လှသည့် နှစ်များအတွင်း မည်မျှ အသက်သွင်းထားသည်ကို မသိရပေ။

ဧကရာဇ်က ထရပ်ကာ ပြောလိုက်သည်။

“အကြီးအကဲလေးဦး ကျေးဇူးပြုပြီး ထိုင်ပါ”

အားလုံးက အံ့အားသင့်သွားကြ၏။ ဧကရာဇ်က ကျေးဇူးပြု၍ဟူသော စကားကို သုံးပြီး ဧကရာဇ်ဟူသော ဂုဏ်သိက္ခာကို ဘေးဖယ်ထားလိုက်ရခြင်းက အကြီးအကဲလေးဦး၏ ကျင့်ကြံဆင့်က မည်သို့နိမ့်ကျနိုင်မည်နည်း။ ချင်ရန်ယွဲ့ကပင် ထိုသို့သော ဆက်ဆံမှုမျိုး မခံရပေ။

ဧကရာဇ်က မေးလိုက်သည်။

“အကြီးအကဲလေးဦးတို့က ဆရာသခင် ဖြစ်လာပြီလား”

ချွေ့မင်ကွမ်းက ပြန်ဖြေလိုက်သည်။

“ဟုတ်လည်းဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူး”

“ဟမ်”

အားလုံးက ထိုပြန်ဖြေမှုကြောင့် အံ့အားသင့်သွားကြ၏။ ဧကရာဇ်က ဆက်ပြောလိုက်သည်။

“တကယ်လို့ ကျုပ်သာ ကူကယ်ရာမဲ့မနေရင် အကြီးအကဲလေးဦးကို တောင်တန်းကနေ ထွက်လာဖို့ ဖိတ်ကြားမှာ မဟုတ်ပါဘူး”

လီတောင်တန်း၏ အကြီးအကဲလေးဦးက ခေါင်းညိတ်ကာ အကြောင်းအရင်းကို မမေးပေ။ သူတို့က လုကျိုးကို ကြည့်သည့်အခါ အကြည့်များ တောက်ပလာလေ၏။

“မင်းက အရှင်မင်းကြီးကို ထိခိုက်စေခဲ့တာလား” ချွေ့မင်ကွမ်းက မေးလိုက်သည်။

လုကျိုးက သာလွန်လျှော့ချရေးကတ်သည် ဤမျှ မကောင်းတော့ကြောင်း ခံစားမိလိုက်၏။

အကြီးအကဲလေးဦး၊ ကောင်းချန်၊ အစောင့်လေးယောက်နှင့် ဧကရာဇ်တို့အားလုံးက နက်နဲသည့် ကျင့်ကြံဆင့်များ ရှိထားကြသည်။

မဟာချင်၏ ဧကရာဇ်ဖြစ်သူက မွေးဖွားဇယားချပ် ၅ခုကို ဆုံးရှုံးပြီးသည့်နောက်တွင်ပင် ယုံကြည်ချက် ရှိနေသည်က မထူးဆန်းတော့ပေ။

...

အခန်း (၁၃၃၅) မင်းတောင်းဆိုတာ

လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့မိသွား၏။ မဟာချင်၏ဧကရာဇ်သည် သူ ထင်ထားသည်ထက် လှည့်ကွက်ပိုများသည်။ သူသည် လီတောင်တန်း၏ အကြီးအကဲလေးယောက်ကို ကြည့်လိုက်သည်။ “ကျုပ် ခင်ဗျားတို့ လေးယောက်ကိုအကြံပေးမယ်”

ချွေ့မင်ကွမ်းသည် လှုပ်ရှားရန် အလျင်စလိုဖြစ်မနေပေ။ သူက ဖြည်းဖြည်းချင်းပြောလိုက်တော့သည်။ “ပြော”

“ခင်ဗျားတို့ ကျုပ်ကိစ္စကို ဝင်မစွက်ဖက်တာ အကောင်းဆုံးပဲ” လုကျိုးက တည်ကြည်စွာ ပြောလိုက်လေ၏။

ချွေ့မင်ကွမ်းက ရယ်မောလိုက်သည်။ သူက မုတ်ဆိတ်သပ်ကာ ပြောလိုက်လေ၏။

“ကျုပ်တို့လီတောင်တန်းရဲ့ အကြီးအကဲလေးယောက်က ခင်ဗျားအကြံဉာဏ်ကို လက်ခံမယ် ထင်နေလား”

လီတောင်တန်း၏ အကြီးအကဲလေးဦးသည် အချိန်ကြာမြင့်စွာ ရှင်သန်နေထိုင်ခဲ့ပြီး ကျင့်ကြံဆင့်လောကထဲ၌ နာမည်ကျော်ကြားသည့် သူတို့၏ကျင့်ကြံဆင့်က နက်နဲပြီး ဆန်းကြယ်ကာ တစ်ယောက်ချင်းစီ၌ ကိုယ်ပိုင်ခွန်အားများ ရှိထားပေ၏။

ခုံဝမ်က အမြော်အမြင်ရှိရှိ ပြောလိုက်သည်။

"အခုပြောနေတဲ့သူက ချွေ့မင်ကွမ်း လီတောင်တန်းအကြီးအကဲလေးယောက်ရဲ့ခေါင်းဆောင်ပဲ။ ပြီးတော့ ကျီရှစ်၊ ထန်ကျစ်ပင်း၊ ကျိုးချုံရှုတို့ သူတို့အားလုံးက နာမည်ကျော်ပညာရှင်တွေပဲ။ သူတို့တွေက သူတို့ရဲ့ကျင့်ဝတ်သိက္ခာနဲ့ ရိုးသားဖြောင့်မတ်မှုကြောင့် နာမည်ကျော်ကြားတယ်။ သူတို့အသက်ရှိနေဦးမယ် မထင်ဘူး”

မင်ရှစ်ရင်သည် များများစားစားမစဉ်းစားဘဲ ထေ့ငေါ့ပြောဆိုလိုက်သည်။ “ကျင့်ဝတ်သိက္ခာရှိတာလား။ ရိုးသားဖြောင့်မတ်တာလား။ သူတို့တွေက ဧကရာဇ်ရဲ့လက်ပါးစေတွေဖြစ်လာသေးတာပဲ မဟုတ်လို့လား” မင်ရှစ်ရင်သည် လက်ပါးစေဟူသော စကားလုံးကို တမင်တကာ ဖိပြောခဲ့၏။ ထို့ကြောင့် လီတောင်တန်း၏အကြီးအကဲလေးဦးသည် သူ့စကားကို ကြားလိုက်ရသည်။

ချွေ့မင်ကွမ်းက သုန်မှုန်စွာ ပြောလိုက်တော့သည်။ “မသိတတ်တဲ့ကောင် မင်းနဲ့အရင်စမယ်”

ဧကရာဇ်၏မျက်လုံးသည် မင်ရှစ်ရင်ကို ကြည့်လိုက်ချိန်၌ ထူးဆန်းသောအလင်းဖြင့် တောက်ပသွားသည်။ သူက လက်မြှောက်ကာ ပြောလိုက်တော့သည်။ “သူ့ကိုဂရုစိုက်ဖို့မလိုဘူး”

ချွေ့မင်ကွမ်းက လှည့်လာလျက် ပြောလိုက်သည်။

"အရှင်မင်းကြီး ... ကျုပ်တို့လီတောင်တန်းရဲ့ အကြီးအကဲလေးယောက် ဒီပြဿနာကိုဖြေရှင်းပြီးတာနဲ့ အခုကစပြီး တစ်ယောက်နဲ့တစ်ယောက် အကြွေးမတင်တော့ဘူး”

ဧကရာဇ်က ခပ်ဖျော့ဖျော့ပြုံးလျက် ဖိတ်ခေါ်သည့်ဟန်ပြုလိုက်သည်။

ဤနည်းဖြင့် အကြီးအကဲလေးဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လုကျိုးနှင့် ကျန်သည့်သူများရှေ့ သွားလိုက်သည်။

လုကျိုးက သူ့ဖာသာသူ စဉ်းစားလိုက်၏။ ဒီလောက် လူတွေအများကြီးကြည့်နေတာ ငါ ဝေးဝေး ထွက်ပြေးလို့ရနိုင်မလား၊ မရဘူးလား ရမလား။

အတိတ်တုန်းက လုကျိုး၌ ဝှက်ဖဲတချို့ အမြဲတစေရှိတတ်သည်။ သို့သော် ယခုအခေါက်၌ သူ့၌ ဝှက်ဖဲမရှိတော့ပေ။

ဆန့်ကျင်ဖက်အနေဖြင့် အဖွဲ့ထဲ၌ လုကျိုး၏တပည့်များနှင့်ကျန်သည့်သူများက ယုံကြည်ချက် ပြင်းပြနေ၏။ သူတို့က လီတောင်တန်း၏ အကြီးအကဲလေးယောက်ကို အရူးလေးယောက်ပမာ ကြည့်နေသည်။

မည်သို့ပင်ဆိုစေ လုကျိုး၏အမူအရာက ပြောင်းလဲမှုမရှိ ပြောလိုက်သည်။ "ခင်ဗျားတို့ နောင်တမရမှာ သေချာပြီလား”

ချွေ့မင်ကွမ်းက ပြန်ပြောလိုက်တော့သည်။ “လီတောင်တန်းရဲ့အကြီးအကဲလေးယောက်ရဲ့နာမည်က အစိမ်းရောင်ကြာနယ်မြေထဲ ပဲ့တင်သံထွက်ဖို့ အချိန်ထပ်ကျန်လာပြီ”

ချွေ့မင်ကွမ်းသည် တာအို၏ခမ်းနားသော ဆန်းကြယ်စီးဆင်းရတနာစည်းတံဆိပ်ကို သူ၏လက်ဖြင့် ထုတ်သုံးလိုက်၏။ ကျီရှစ်ကမူ တစ်ကိုယ်တော်စိန်စည်းတံဆိပ်ကိုထုတ်သုံးပြီး ထန်ကျစ်ပင်းနှင့် ကျိုးချုံရှုတို့ကမူ ဆန်းကြယ်ဖယ်ရှားစက်ဝိုင်းစည်းတံဆိပ်နှင့် စက်ဝိုင်းစည်းတံဆိပ်၊ နေလစည်းတံဆိပ် အသီးသီးကိုထုတ်သုံးလိုက်၏။

ပြီးနောက် အစိမ်းရောင်စွမ်းအင်လေးခုသည် ပေါ်ထွက်လာပြီးနောက် လက်ဝါးစည်းတံဆိပ်လေးခုအသွင် ပြောင်းလဲသွားသည်။

“ဒါတွေက ကိုးပါးလက်ဟန်စည်းတံဆိပ်မဟုတ်လား”

မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များက အနည်းငယ်အံ့ဩသွားတော့သည်။ သူတို့၏ရှစ်စွင်း အသုံးပြုဖူးသည့် စည်းတံဆိပ်ကိုမြင်ရလိမ့်မည်ဟု မထင်ထားပေ။

စွမ်းအင်စည်းတံဆိပ်လေးခုသည် အရပ်မျက်နှာလေးခုကနေ မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့ဆီ တိုးဝင်သွားပြီး သူတို့ကို နောက်ဆုတ်အောင်ဖိအားပေး၏။

လုကျိုးက အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “မင်းတို့အားလုံးက ငယ်ရွယ်ပုံပေါ်နေပေမဲ့ လီတောင်တန်းရဲ့ အကြီးအကဲလေးယောက်လို့ ခေါ်နေသေးတယ်။ လောကကြီး ဘယ်လောက်ကျယ်ပြောလဲဆိုတာ ဒီနေ့ပြမယ်”

ချင်ရန်ယွဲ့သည် လုကျိုးခြိမ်းခြောက်နိုင်တာကို စိတ်မပူပေ။ သို့သော်ငြား ထိုလက်စည်းတံဆိပ်များက အတော်လေးထူးဆန်းနေတာကို ရှာတွေ့သွားပြီးပြောလိုက်၏။ "ဒါက ကိုးပါးလက်ဖြတ်တောက်ခြင်း စည်းတံဆိပ်ကို အသစ်ပြင်ထားတာ ဖြစ်လောက်တယ်”

လုကျိုးသည် သတိမလျှော့ချခဲ့ပေ။ သူ၏ညာလက်ကို တည်ငြိမ်စွာ မြှောက်လိုက်၏။

“ကြောက်ရွံ့ခြင်းမဲ့ မဟာတံဆိပ်တော်”

ပေထောင်ချီမြင့်သည့် ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် ကောင်းကင်စွမ်းအားမြှုပ်နှံထားလျက် ပေါ်လာသည်။ အတိတ်တုန်းက လုကျိုးသည် ရန်သူများကိုဖြေရှင်းရန် ကိုးပါးဖြတ်တောက်ခြင်းလက်စည်းတံဆိပ်ကို အသုံးပြုခဲ့၏။ ဤလက်စည်းတံဆိပ်က ယနေ့သူ့ကို ဆန့်ကျင်လာလိမ့်မည်ဟု မည်သူက သိမည်နည်း။

ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်သည် စည်းတံဆိပ်များထဲမှတစ်ခုနှင့်တိုက်မိပြီး ကျယ်လောင်သည့်ပေါက်ကွဲသံတစ်ခု ပေါ်လာသည်။

မဟာချင်၏တော်ဝင်နန်းတော်က လှုပ်ခါသွားသည်။ သို့သော် အံ့ဩစရာကောင်းလောက်အောင် အဆောက်အအုံက မထိခိုက်သွားပေ။ အဆောက်အအုံများ၊ တိုင်လုံးများ မြေပြင်ပေါ်တွင် သင်္ကေတများနှင့်ထွင်းစာများ ပေါ်လာပြီး အစိမ်းရောင်အလင်းများတောက်ပနေ၏။

ယခုအချိန်တွင် ထိုစဉ် တစ်ကိုယ်တော်စိန်စည်းတံဆိပ်၊ ဆန်းကြယ်ပြင်ပစက်ဝိုင်းစည်းတံဆိပ်နှင့် နေလစည်းတံဆိပ်တို့သည် ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်ပေါ် ကျရောက်သွား၏။

ခမ်းနားသည့် ဆန်းကြယ်ရတနာစည်းတံဆိပ်နှင့်အတူ ကျန်သည့်စည်းတံဆိပ်သုံးခုက ကြောက်ရွံ့ခြင်းမဲ့မဟာတံဆိပ်တော်ကို အောင်မြင်စွာထိုးဖောက်သွားပြီး လုကျိုးနား တိုးဝင်သွား၏။

ထိုထိုးဖောက်မှုသည် လုကျိုးကို အံ့အားသင့်စေသွားသည်။ ချွေ့မင်ကွမ်းက လှစ်ကနဲပေါ်လာပြီး သူ့ကို တိုက်ခိုက်တော့မည့်အချိန်တွင် ဝင်လာသောတိုက်ခိုက်မှုကို ပိတ်ဆို့ရန် လက်မြှောက်လိုက်တော့၏။

ဘန်း

လုကျိုးသည် နောက်သို့ ချက်ချင်း တွန်းပို့ခံလိုက်ရသည်။ ယင်းကိုမြင်သောအခါ အစောတုန်းကအထိ ဖာသိဖာသာ ကြည့်နေကြသည့် မိစ္ဆာဝေဟင်မျှော်နန်းမှဂိုဏ်းသားများသည် ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွား၏။

“မျှော်နန်သခင်”

“ရှစ်စွင်း”

ချွေ့မင်ကွမ်း၏ တိုက်ခိုက်မှုက ထူးဆန်းသည်။ လုကျိုးသည် သူ၏ချီနှင့်သွေးလောင်ကျွမ်းနေတာကို ခံစားမိပြီး သူ့စွမ်းအားဗဟိုချက် ချီပင်လယ်ပေါက်ကွဲနေတာကို ခံစားလိုက်ရသည်။ သူ၏ ဝေ့တက်လာသောချီများသည် စွမ်းအားဗဟိုချက်ချီပင်လယ်ထဲ တိုးဝင်လာသည့်အချိန်တွင် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာပြီး ဗရမ်းပတာစွမ်းအင်များကို ဖိနှိပ်လိုက်၏။

လုကျိုးသည် ပျံလွှားငှက်ပမာ ပေါ့ပါးနေ၏။ သူက ကျော့ရှင်းနေပြီး သနားစဖွယ်အခြေအနေတွင် မရှိသော်ငြား သူ နောက်သို့တွန်းထုတ်ခံလိုက်ရတာ ငြင်းဆန်ဖွယ်မရှိ။ ဆန်းကြယ်ဆိတ်ငြိမ်ခန်းမထဲရှိ လူတိုင်းက လုကျိုးကို စိုက်ကြည့်နေကြသည်။

မိစ္ဆာဝေဟင်ဂိုဏ်းသားများကမူ အားလုံး၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုနှင့် မယုံနိုင်မှုများ ပြည့်နေသည်။

ထိုစဉ် ချွေ့မင်ကွမ်းက ခေါင်းခါလိုက်၏။ သူ၏အမူအရာက ဤသို့ပြောနေပုံပေါ်သည်။ မင်းမှာရှိတာ ဒါ အကုန်ပဲလား။

မဟာချင်၏ဧကရာဇ်သည် အပ်နှင့်ထွင်းရမည်ကို ပုဆိန်နှင့်ပေါက်နေသည်ဟု တွေးမိသွားသည်။

“ဒါအစပဲရှိသေးတယ်။ ဒါတော် ခင်ဗျား ဒါကို မဖြေရှင်းနိုင်တော့ဘူး” ကျီရှစ်က အထင်တသေး ပြောလိုက်၏။ "ဧကရာဇ်က ခင်ဗျားကို အရမ်းအထင်ကြီးလွန်းနေတာပဲ” ကျိုးချုံရှုက ပြောလိုက်သည်။

“လောင်ချွေ့တစ်ယောက်တည်းနဲ့ ခင်ဗျားကို ဖြေရှင်းဖို့လုံလောက်တယ်”

ထန်ကျစ်ပင်းက ‌ဝင်ပြောလိုက်သည်။

နဂါးပလ္လင်တွင် ထိုင်နေသည့် မဟာချင်၏ဧကရာဇ်က ဇဝေဇဝါဖြစ်သွားတော့သည်။ ယင်းက အဓိပ္ပာယ်မရှိပေ။ လီတောင်တန်း၏အကြီးအကဲလေးဦးက သူတို့၏အရည်အချင်းကို ပြသရန် အခွင့်အရေးတောင် မရသေးခင် လုကျိုးက သူတို့နှင့်မယှဉ်နိုင်ဖို့ ဖြစ်နေ၏။ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိသည်။

ချွေ့မင်ကွမ်းက လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "ဒါက ကိုးပါးဖြတ်တောက်ခြင်း လက်ဝါးစည်းတံဆိပ်၊ တခြားသူတွေက ပင်လယ်နတ်ဘုရားစည်းတံဆိပ်လို့ သိကြတယ်” ပြီးနောက် ချွေ့မင်ကွမ်းသည် သူ၏လက်ကို တွန်းထုတ်ကာ လုကျိုးဆီပျံသန်းသွားသည်။

လုကျိုးက လက်မြှောက်လျက် လက်ဝါးစည်းတံဆိပ်ကို ထုတ်သုံးလိုက်သည်။

လက်ဝါးစည်းတံဆိပ်နှစ်ခု တိုက်မိသွားသည့်အချိန်တွင် ချွေ့မင်ကွမ်းက လုကျိုးရှေ့တွင် ပေါ်လာ၏။ နောက်ထပ်လက်ဝါးစည်းတံဆိပ်ဖြင့် ရိုက်ချပြီး သတ်ဖြတ်ချင်စိတ်ဖြင့် ပြောလိုက်သည်။

“ရိုင်းပျတယ်ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့” ချွေ့မင်ကွမ်းသည် သူ၏လက်ဝါးစည်းတံဆိပ်က ယခင်ကကဲ့သို့ပင် ရွှေရောင်လက်ဝါးစည်းတံဆိပ်ကို ထိုးဖောက်နိုင်မည်ဟု သေချာနေသည်။ သို့သော်ငြား သူသည် ထိုအခိုက်အတန့်တွင် လေထဲ၌ မိုးခြိမ်းသံတစ်သံကိုကြားလိုက်ရ၏။

“ထွက်သွား”

မိုးကြိုးသွားကတ်၏ တိုးမြှင့်ထားသည် အဆင့်မြင့်ဗားရှင်းက လုကျိုးလက်ထဲတွင် ကြေမွသွားသည်။

မိုးကြိုးစည်းတံဆိပ်သည် မြေကမ္ဘာတုန်လှုပ်ဖွယ် အဟုန်ဖြင့် ချွေ့မင်ကွမ်း၏ မျက်နှာဆီသို့ တိုးဝင်သွား၏။ သူ၏တစ်ကိုယ်လုံး ထုံကျဉ်သွားပြီးနောက် တိုက်ခိုက်မှုကို ကောင်းကောင်းကြည့်ရန် အချိန်တောင် မရခဲ့ပေ။ ထိုစွမ်းအင်သည် သူ၏ရင်ဘတ်ကို ထိသွားပြီး သူ့ကို နောက်သို့ လွင့်ထွက်သွားစေ၏။ တစ်ချိန်တည်းတွင် သူ သွေးအန်လိုက်ရသည်။ သူ၏သွေးများက မြေပြင်ပေါ်တောင် မကျသေးခင် ၎င်းက စွမ်းအင်ကြောင့် လေထဲတွင် အငွေ့ပျံသွား၏။

ချွေ့မင်ကွမ်း၏ ဆံပင်နှင့် မုတ်ဆိတ်များ မသေမသပ်ဖြစ်သွား၏။

ယင်းကိုမြင်သောအခါ လီတောင်တန်း၏ကျန်သည့်အကြီးအကဲသုံးယောက်က ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားသည်။ သူတို့က ချွေ့မင်ကွမ်းကို ကာပေးရန် သူ့ရှေ့၌ ရပ်လိုက်ကြသည်။

ဖုန်း ဖုန်း ဖုန်း

လီတောင်တန်း၏ အကြီးအကဲလေးယောက်က နောက်သို့လွင့်ထွက်သွားပြီး ဆန်းကြယ်ဆိတ်ငြိမ်ခန်းမတိုင်နှင့် တိုက်မိသွား၏။

တိုင်လုံးသည် အထက်ကနေအောက်ခြေအထိ သင်္ကေထွင်းစာများသည် နဂါးတစ်ကောင်ပမာ ဖြည်းဖြည်းချင်း လင်းလာလေ၏။

ထောက် ထောက် ထောက်

အကြီးအကဲလေးယောက်သားသည် မြေပြင်ပေါ်လျှောတိုက်ပြုတ်ကျသွားသည်။ တိတ်ဆိတ်မှုက ချက်ချင်းကြီးစိုးလာ၏။

“အဆင့်မြင့်ရုပ်သေးတစ်ခုကို သတ်ပြီးပါပြီ။ ကုသိုလ်မှတ် ၁၀၀၀၀ ရရှိပါတယ်”

လုကျိုး၏ကံက မဆိုးပေ။ ယနေ့ သူက မဟာချင်၏ဧကရာဇ်ကို ဖြေရှင်းရန်သာ ရောက်လာတာပဲ ဖြစ်သည်။

လီတောင်တန်း၏အကြီးအကဲလေးဦး ရောက်ရှိလာမှုသည် သူ၏အစီအစဉ်ကို နှောင့်ယှက်ခဲ့၏။ ကံကောင်းသည်မှာ သူသည် အဆင့်မြှင့်တိုးမြှင့်မိုးကြိုးကတ်၏ အာနိသင်ကို ဖော်ဆောင်နိုင်ခဲ့၏။ သတ်ဖြတ်ခြင်းအာနိသင်ပွင့်လာချိန်တွင် ရန်သူများကို ဒဏ်ရာပြင်းပြင်းထန်ထန်ရစေသည့် အာနိသင်လည်းရှိ၏။

မြေပြင်ပေါ် ဆင်းသက်ပြီးနောက် ချွေ့မင်ကွမ်းသည် ခေါင်းမော့လျက် လုကျိုးကို မယုံနိုင်စွာကြည့်လိုက်သည်။ သူနှင့်ချီနှင့်သွေးတို့က ဆန်တက်လာပြီး သွေးတစ်ပွက်အန်လိုက်တော့သည်။

“လောင်ချွေ့” ကျန်သည့်အကြီးအကဲသုံးဦးသည် နာကျင်မှုသာ ခံစားလိုက်ရသည်။ ချွေ့မင်ကွမ်းကဲ့သို့ ဒဏ်ရာမပြင်းထန်ပေ။ သူတို့က ချွေ့မင်ကွမ်းကို ကူညီရန် အလျင်စလိုထလိုက်၏။

ချွေ့မင်ကွမ်းက တုန်တုန်ရီရီ ထရပ်လိုက်၏။ သူ၏မုတ်ဆိတ်၌ သွေးများပြည့်နေသည်။ သူ ရောက်လာစဉ်နှင့်ယှဉ်လျှင် အိုစာသွားပုံပေါ်၏။ သူက အသက်ပြင်းပြင်းရှူပြီးပြောလိုက်သည်။

“ရုပ်သေး မရှိတော့ဘူး”

“ဘာ” ကျီရှစ်၊ ကျိုးချုံရှုနှင့် ထန်ကျစ်ပင်းတို့ကမူ တညီတညွတ်တည်းပြောလိုက်ကြသည်။

မဟာချင်၏ဧကရာဇ်က မျက်မှောင်ကျုံ့မိသွားကာ ထရပ်လိုက်သည်။

ကျီရှစ်က ပြောလိုက်သည်။ “မဖြစ်နိုင်တာ ဆရာသခင်တစ်ပါးတောင် ရုပ်သေးကို တစ်ချက်တည်း မသတ်နိုင်ဘူး။ ဒါက”

လုကျိုးက လှစ်ကနဲပင် သူ၏မူလနေရာသို့ပြန်သွားလိုက်သည်။ ပြီးနောက် လီတောင်တန်း၏ အကြီးအကဲလေးဦးကို ကြည့်ကာ ထူးမခြားနားပြောလိုက်တော့သည်။ “မင်း တောင်းဆိုတာလေ”

All Chapters