အခန်း (၁၃၃၆-၁၃၃၈)
Vol. 90 Ch. 1336-1338
အခန်း (၁၃၃၆) နတ်ဘုရားသတ်ဖြတ်သူ
မဟာချင်၏ ဧကရာဇ်က ကြောင်အမ်းသွားလေ၏။ သူက လုကျိုး၏ စွမ်းအား အတက်အကျကို ပထမဦးဆုံးအနေဖြင့် သတိထားမိခဲ့သည်။ ဤတစ်ကြိမ် အတက်အကျအပေါ် မူတည်၍ သူသည် လုကျိုးအား စွမ်းအားကုန်သုံး၍ တိုက်ခိုက်နေသည်ဟု မခံစားရပေ။
ထိုစဉ် လီတောင်တန်း၏ အကြီးအကဲများကမူ တစ်ဖက်သူ၏ စွမ်းအားကို ပြန်လည်သုံးသပ်ရုံမှအပ ရွေးချယ်စရာ မရှိတော့ပေ။ သူတို့က ဧကရာဇ်၏ အတွေးကို ရုတ်တရက် နားလည်သွားလေ၏။ အကယ်၍ လုကျိုးသာ အမှန်တကယ် အားနည်းနေသည်ဆိုပါက ဧကရာဇ်သည် သူတို့ကို ဆင့်ခေါ်နေမည် မဟုတ်ပေ။
ချင်ရန်ယွဲ့က ရလဒ်နှင့် ပတ်သက်ပြီး အံ့အားသင့်ခြင်း မရှိပေ။ သို့သော်လည်း သူက လုကျိုးသည် စောစောလေးက တွန်းပို့ခံရသည်ကို မြင်သည့်အခါ အံ့အားသင့်သွားလေ၏။ သူက လျှပ်တစ်ပြက် ပျောက်ကွယ်သွားပြီး လုကျိုးနောက် ရောက်ရှိသွားသည်။
ထို့နောက်
“တော်တော့”
ကြောက်မက်ဖွယ် အသံလှိုင်းတစ်ခု ပျံ့လွင့်လာသည်။
“ချင်ရန်ယွဲ့”
မဟာချင်၏ ဧကရာဇ်က ချင်ရန်ယွဲ့ကို ကြည့်လိုက်သည်။
ဤတစ်ကြိမ် ဓားသမား ၄၉ဦးက စွမ်းအင်ဓားများကို ထုတ်လွှတ်ကာ ခုနစ်စင်ကြယ် အစီအရင်ကို ဖွဲ့စည်းလိုက်ကြသည်။ ချင်ရန်ယွဲ့ကို သူ့နာမည်အတိုင်းခေါ်သည်က မလေးစားရာကျ၏။
ချင်ရန်ယွဲ့က ပြောလိုက်သည်။
“အရှင်မင်းကြီး ကျုပ်က ခင်ဗျားကို တိုင်းပြည်အုပ်ချုပ်သူအနေနဲ့ လေးစားတယ်။ ပြောစရာရှိတယ်ဆိုလည်း ပြောလိုက်ပါ။ ဒါပေမဲ့ လီတောင်တန်းက အကြီးအကဲလေးဦးကို ကျုပ်မိတ်ဆွေကို တိုက်ခိုက်ဖို့ ဖိတ်ကြားထားတယ်ဆိုရင် ကျုပ်က ဘယ်လိုလုပ် ဘေးကနေ ရပ်ကြည့်နိုင်ပါ့မလဲ”
ဝှီး ဝှီး ဝှီး
ဓားသမား ၄၉ဦးကလည်း ချင်ရန်ယွဲ့၏ သဘောထားကို နားလည်ကာ အစီအရင်ထဲ ရောက်ရှိလာကြသည်။
တစ်ချိန်တည်းဆိုသလို ကျီရှစ်၊ ကျိုးချုံရှုနှင့် ထန်ကျစ်ပင်းတို့ကလည်း ချွေ့မင်ကွမ်းကို ကုစားဖို့ လက်ကို ဆန့်ထုတ်လိုက်ကြသည်။ သူ့ဒဏ်ရာများက အမြန်အဆန် ပြန်လည်ကောင်းမွန်လာလေ၏။ သူတို့၏ ကျင့်ကြံဆင့်ဖြင့် သူတို့သာ မသေသရွေ့ ဒဏ်ရာများကို ကုစားဖို့ မခက်ခဲပေ။ သို့သော်လည်း သူတို့က အဆင့်မြင့်ရုပ်သေးရုပ် ပြန်လည်ကောင်းမွန်အောင်လုပ်ဖို့ကို မေ့ထားရလိမ့်မည်။
ဧကရာဇ်က ခေါင်းယမ်းကာ ရေရွတ်လိုက်ရ၏။
“အချိန်နဲ့ ကံကြမ္မာ”
ထို့နောက် သူက တခြားသူများဘေးတွင် ရပ်နေသည့် မင်ရှစ်ရင်အား လက်ညှိုးထိုးကာ ပြောလိုက်သည်။
“မင်း ငါ မင်းကို အခွင့်အရေးပေးမယ်။ တကယ်လို့ ငါ့ဆီလာရင် မင်းအသက်ကို ချမ်းသာပေးမယ်”
“မသွားနဲ့။ သူက မင်းရဲ့ မဟာလေဟာနယ်မျိုးစေ့ကို မျက်စိကျနေတာ” ယန်ကျန်းလော့က ပြောလိုက်သည်။
ဧကရာဇ်က ဆက်ပြောလိုက်၏။
“ဒါက မင်းအတွက် နောက်ဆုံးအခွင့်အရေးပဲ။ မျက်ကန်းလို သစ္စာရှိမှုက ရူးမိုက်ပြီးတော့ မင်းကို ထိခိုက်စေမှာ။ သူက မင်းအတွက် ကောင်းတယ်များ ထင်နေလား”
သူက ကျယ်ကျယ်လောင်လောင် ရယ်မောပြီး ဆက်ပြောလိုက်သည်။
“ကျင့်ကြံရေးလောကမှာ ကြီးနိုင်ငယ်ညှဉ်း သဘောတရား ရှိတယ်။ မင်းသာ ဂရုမစိုက်ရင် သေသွားမှာပဲ။ မင်း ဒီမှာ မဟာလေဟာနယ်မျိုးစေ့ ရှိလို့ သူက အထွတ်အထိပ်သက်ရှိ ဖြစ်လာဖို့ မင်းကို အသုံးချချင်နေတာ”
ချင်ရန်ယွဲ့က မင်ရှစ်ရင်ကို လှည့်ကြည့်လိုက်သည်။
ထျန်းဝူနှင့် သခင်ကျန်းနန်တို့၏ တိုက်ပွဲက လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ မဟာလေဟာနယ်မျိုးစေ့ သတင်းအကြောင်းကလည်း အစိမ်းရောင်ကြာနယ်မြေအနှံ့ ပျံ့နှံ့သွားလေ၏။
“သေချာစဉ်းစား” ဧကရာဇ်က ပြန်ဖြေလိုက်သည်။ သူ့အသံက မင်ရှစ်ရင်ဆီ ပျံ့လွင့်လာ၏။
မင်ရှစ်ရင်က ပြုံးကာ ပြောလိုက်သည်။
“ဘာမှ စဉ်းစားနေဖို့ မလိုတော့ဘူး။ ခင်ဗျားနဲ့ ပြောနေတာက ကျုပ်ဉာဏ်ရည်ကို နိမ့်ကျစေသလိုပဲ”
ဧကရာဇ်က ခေါင်းယမ်းလိုက်သည်။
“မင်းအတွက် ဘာကောင်းမှန်း မသိသေးဘူးကိုး။ အဲ့လိုဆိုတော့လဲ…”
ဧကရာဇ်က လက်ကိုဝှေ့ယမ်းလိုက်သည်။
ကောင်းချန်က ပျံသန်းကာ ခန်းမအထက် ပေါ်ထွက်လာလေ၏။ ထို့နောက် သူ့အသံစူးစူဖြင့် ပြောလိုက်သည်။
“အကြွင်းမဲ့ အစီအရင်ကို အသက်သွင်းကြ”
ခန်းမကို ဗဟိုပြုလျက် အလင်းတိုင်လုံးများစွာ ကောင်းကင်အထက် လေထဲမှ ထွက်ပေါ်လာလေသည်။ သူတို့က လေထဲတွင် ပျောက်ကွယ်သွားပြီး နေရာတစ်ဝိုက်ပိတ်ဆို့သွား၏။
ကမ္ဘာကြီးက တုန်ယင်သွားကာ မြေကြီးပေါ်တွင် သင်္ကေတများက လင်းလက်လာသည်။
ထို့နောက် လေထုထဲ ဆူဆူညံညံအသံများ ထွက်ပေါ်လာပြီး အလင်းတိုင်လုံးများက တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားလေ၏။ အမှောင်ထုက ချက်ချင်းဆိုသလို ကျရောက်လာလေသည်။
ယွီရှန်းရုန်က သူ့သက်တော်ရှည်ဓားကို ထိန်းချုပ်ပြီး အလင်းတိုင်လုံးများ ထွက်ပေါ်လာသည့်နေရာကို လှည့်ပတ်လိုက်သည်။ ထိုအရာက မီတာထောင်ချီ ပျံသန်းပြီးသည့်နောက်တွင် ပြန်လည် ရောက်ရှိလာ၏။
“ဒီနေရာက ပုံရိပ်ယောင်တစ်ခု မဟုတ်ဘူးလား”
“ဒါက အဓိပ္ပာယ် မရှိဘူး” ယန်ချန်းလော့က ရေရွတ်လိုက်သည်။
ထိုစဉ် ချင်ရန်ယွဲ့နှင့် ဓားသမား ၄၉ဦးကလည်း အစီအရင်အတွင်း ပိတ်မိသွားကြ၏။
မဟာချင်၏ ဧကရာဇ်က လက်နောက်ပစ်ကာ လီတောင်တန်းမှ အကြီးအကဲလေးဦးရှေ့ ရပ်တန့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
“ဒီအစီအရင်ရဲ့ အဓိကလုပ်ဆောင်ချက်တစ်ခုက အဆုံးမဲ့ချဲ့ထွင်ဖို့ပဲ။ ဒါက ပုံရိပ်ယောင် မဟုတ်ဘူး”
ချင်ရန်ယွဲ့က မေးလိုက်သည်။
“သူ လုပ်ချင်တာ သေချာရဲ့လား”
“ကျုပ်ဆီမှာ ရွေးချယ်စရာ မရှိဘူး။ ကျုပ် ဓားကို အောက်ချပြီးတော့ ရန်ငြိုးကို အပြုံးနဲ့ မေ့ပစ်လိုက်တယ်ဆိုရင်တောင် မိတ်ဆွေက ကျုပ်ကို ယုံကြည်မှာတဲ့လား။ တကယ်လို့ ခင်ဗျားဆိုရင်ရော ကျုပ်ကို ယုံကြည်မှာတဲ့လား” ဧကရာဇ်က မေးလိုက်သည်။
ချင်ရန်ယွဲ့က ထိုစကားများကို ပြန်လည်မတုံ့ပြန်ပေ။
ဧကရာဇ်က အပြုံးဖြင့် ဆက်ပြောလိုက်သည်။
“အစီအရင်ထဲမှာ ငါက အားအကောင်းဆုံးပဲ”
ထို့နောက် ဧကရာဇ်က နဂါးဖြူဓားကို ထုတ်ယူလိုက်ပြီး ပတ်ဝန်းကျင်ကို လင်းထိန်သွားစေသည်။ ထိုအရာက ရုတ်တရက် ပေါ်ထွက်လာသည့် လမင်းသဖွယ် ဖြစ်၏။ သို့သော်လည်း ထိုအရာ ပေါ်ထွက်လာသည်နှင့် ထပ်မံ အလျင်အမြန် ပျောက်ကွယ်သွားလေသည်။
ထိုစဉ် လေထုထဲ ဝဲကတော့တစ်ခု ပေါ်ထွက်လာသလိုမျိုး ကနဦးချီအားလုံးကို စုဝေးသွားစေ၏။ ထို့နောက် ကံကြမ္မာနေရာအတွင်းရှိသည့် ကနဦးချီအားလုံးက ရပ်တန့်သွားဟန်ပေါ်သည်။
လေထုထဲ ပျံသန်းနေသည့် ဓားသမား ၄၉ဦးက တစ်ယောက်ပြီးတစ်ယောက်ဆိုသလို ပြုတ်ကျလာလေ၏။
လုကျိုးနှင့် ချင်ရန်ယွဲ့တို့က သူတို့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်သည် ထူးထူးဆန်းဆန်း စွမ်းအားတစ်ခုကြောင့် အေးခဲခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။
အားလုံးက တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး သူတို့စိတ်ထဲ အတိတ်နိမိတ်ဆိုးတို့ ထွက်ပေါ်လာလေ၏။
“ဒါက မဟာအစီအရင်ဆယ်ပါးထက် ပိုပြီးအားကောင်းတဲ့ပုံပဲ။ ဒီအစီအရင်ထဲမှာ ကနဦးချီကို အေးခဲတာက စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတယ်။ အဲဒါအပြင် ငါ့ရဲ့ ကနဦးချီကိုကျတော့ အသုံးပြုနိုင်တယ်” ဧကရာဇ်က ရှေ့တိုးလာရင်း ပြောလိုက်သည်။
ထိုစဉ် အားလုံးက ကနဦးချီသည် လျှို့ဝှက်ဆန်းကြယ်စွမ်းအား တစ်ခုကြောင့် အပြည့်အဝ အေးခဲခံလိုက်ရသလို ခံစားနေရသည်။
ဧကရာဇ်က ချွေ့မင်ကွမ်းနား ရောက်လာကာ လေထဲ ပျံသန်းလိုက်၏။ ထို့နောက် သူက ချွေ့မင်ကွမ်းအပေါ် လက်တင်ကာ ပြောလိုက်သည်။
“ဒီအစီအရင်ထဲမှာဆိုရင် ကျုပ် မဟာမိတ်တွေကို အားဖြည့်ပေးနိုင်တယ်”
ကနဦးချီက ချွေ့မင်ကွမ်းနား လှည့်ပတ်လာစဉ် တခြားသူများအတွက်မူ ရပ်တန့်နေဆဲသာ ဖြစ်၏။
ဧကရာဇ်က ချွေ့မင်ကွမ်းအား ပြောလိုက်သည်။
“လက်စားချေဖို့ စွမ်းအားကို ချီးမြှင့်ပေးမယ်”
ချွေ့မင်ကွမ်းက သူ့စွမ်းအင်ဗဟိုချက်ထဲ စွမ်းအားများ ဝင်ရောက်လာသည်ကို ခံစားမိသည့်အခါ ပြုံးလိုက်မိသည်။
ချင်ရန်ယွဲ့က လက်ကိုမြှောက်ကာ စွမ်းအင်စည်းတံဆိပ်ကို ထုတ်လွှတ်လိုက်၏။ သို့သော်လည်း စွမ်းအင်စည်းတံဆိပ်က ပေါ်ထွက်လာခြင်းမရှိပေ။
ချွေ့မင်ကွမ်းက လျှပ်တစ်ပြက်ဖြင့် ချင်ရန်ယွဲ့ရှေ့ ပေါ်ထွက်လာသည်။
“ဆရာသခင်ချင်”
“ဘာလိုချင်လို့လဲ” ချင်ရန်ယွဲ့က ပြောလိုက်သည်။
“ကျုပ်ဘဝမှာ ဆရာသခင်တစ်ယောက်ကို မသတ်ဖူးဘူး။ တကယ်လို့ ဆရာသခင်တစ်ယောက်ကို သတ်ဖူးခဲ့မယ်ဆိုရင် ဘဝမှာ နောင်တဆိုတာ မရှိလောက်တော့ဘူး” ချွေ့မင်ကွမ်းက ချင်ရန်ယွဲ့ကို ကြည့်ကာ ပြောလိုက်သည်။
ချင်ရန်ယွဲ့က မျက်မှောင်ကြုတ်လိုက်၏။
တစ်ချိန်တည်းဆိုသလို ချွေ့မင်ကွမ်းက လက်ဝါးချက်ကို ဆန့်ထုတ်လိုက်သည်။
ချင်ရန်ယွဲ့က လက်ကိုမြှောက်ကာ တားဆီးလိုက်၏။
ဘန်း
ချင်ရန်ယွဲ့က လွင့်စဉ်သွားပြီး ဓားသမား ၄၉ဦးကလည်း သူ့နောက်လိုက်ပါသွားကြသည်။
“နောက်ဆုတ်ကြ” ယွီကျန့်ဟိုင်က အော်ပြောလိုက်သည်။
“ငါက စွမ်းအားရဲ့ ဆယ်ရာခိုင်နှုန်းကိုပဲ သုံးထားတာ” ချွေ့မင်ကွမ်းက ဆက်လက် ရှေ့တိုးလာကာ ပြောလိုက်သည်။ ထို့နောက် သူက လုကျိုးရှေ့ ရပ်တန့်လိုက်၏။ သူက လုကျိုးအား ကြည့်ကာ မေးလိုက်သည်။
“ကျုပ်အနေနဲ့ အဆင့်မြင့်ရုပ်သေးရုပ်ကို လုပ်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သိလား”
လုကျိုးက တိတ်ဆိတ်နေလေ၏။
လုကျိုး၏ မျက်နှာပေါ်မှ မထူးမခြားနားကို မြင်သည့်အခါ ချွေ့မင်ကွမ်းက ပိုမိုဒေါသထွက်လာမိသည်။
“ခင်ဗျားကို အရင်သတ်မယ်”
ချွေ့မင်ကွမ်း၏ လက်က တောင်တန်းတစ်ခု၏ ခွန်အားကို သယ်ဆောင်ထားသည့်အလား လုကျိုးဆီ ကျရောက်လာ၏။ ထိုအရာက လုကျိုး၏ ခေါင်းကိုပင် ချေမွပစ်နိုင်စွမ်းရှိနေဟန်ပေါ်သည်။
လက်ဝါးချက်က လုကျိုး၏ နဖူးအပေါ် ကျရောက်တော့မည့်ဆဲဆဲတွင် လုကျိုးက နောက်နှစ်လှမ်း ဆုတ်ပြီး အမည်မဲ့ကို ဓားသဏ္ဌာန်ပြောင်းကာ ရှေ့ကို ထိုးလိုက်သည်။
အမည်မဲ့က ချွေ့မင်ကွမ်း၏ လက်ဝါးချက်ကို ထိုးဖောက်သွားလေသည်။
လီတောင်တန်းမှ အကြီးအကဲလေးဦးက ကြောင်အမ်းသွားကြ၏။
မဟာချင်၏ ဧကရာဇ်ကလည်း ကြောင်အမ်းသွားခဲ့သည်။
အစောင့်အရှောက်လေးဦးနှင့် ကောင်းချန်ကလည်း တုန်လှုပ်သွားခဲ့သည်။
“…”
ချွေ့မင်ကွမ်းက အမည်မဲ့သည် ရွှေရောင်စွမ်းအား လွှမ်းခြုံနေလျက် သူ့ပုခုံးအတွင်း ထိုးဖောက်သွားသည်ကို မြင်လိုက်ရ၏။ ထို့နောက် သွေးများ စတင်စီးကျလာသည်။
လုကျိုးက အမည်မဲ့တွင် စွန်းပေနေသည့် သွေးများကို ကြည့်ကာ ခေါင်းယမ်းပြီး ပြောလိုက်သည်။
“ခင်ဗျားတို့က ရေတွင်းထဲမှာ နေနေတဲ့ ဖားသူငယ်လိုမျိုးပဲ”
ထို့နောက် လုကျိုးက အမည်မဲ့ကို ခုတ်ချလိုက်သည့်အချိန် ချွေ့မင်ကွမ်း၏ လက်က ပြတ်တောက်သွားလေသည်။
ချွေ့မင်ကွမ်းက စူးစူးရှရှ အော်ဟစ်လိုက်ရ၏။
“လောင်ချန်းပေ့”
အကြီးအကဲသုံးဦးက ချွေ့မင်ကွမ်းနား ရောက်ရှိလာသည်။ သူတို့က လေထဲခုန်လိုက်သော်လည်း တစ်ယောက်ပြီးတစ်ယောက်ဆိုသလို ပြုတ်ကျလာသည့်အတွက် သူတို့သည် ကနဦးချီကို အသုံးမပြုနိုင်တော့ကြောင်း သဘောပေါက်သွားကြသည်။
လုကျိုးက အမည်မဲ့ကို ပြန်လည်ရုပ်သိမ်းလိုက်သည့်အချိန် ဓားသွားမှ သွေးစက်များက မြေပြင်ပေါ် ကျရောက်သွားလေ၏။
ဧကရာဇ်က ခေါင်းယမ်းကာ မျက်မှောင်ကြုတ်လိုက်သည်။
“မဖြစ်နိုင်တာ။ ငါကပဲ အစီအရင်ထဲမှာ ကနဦးချီကို သုံးလို့ရတာ။ ငါက ဒီအစီအရင်ထဲမှာ နတ်ဘုရားတစ်ပါးပဲ။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
လုကျိုးက မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“နတ်ဘုရားတဲ့လား”
သူက ခေတ္တမျှ ရပ်တန့်ပြီး ပြောလိုက်သည်။
“အဲဒါဆိုရင်တော့ ဒီနေ့ နတ်ဘုရားတစ်ပါးကို သုတ်သင်ရတော့မှာပဲ”
လုကျိုးက လက်မြှောက်လိုက်ပြီး အမည်မဲ့ထဲ အံ့ဖွယ်စွမ်းအားကို ထည့်သွင်းလိုက်သည်။
စွမ်းအင်ဓားက အဖက်ဖက်ဆိ မီးပန်းများသဖွယ် ပျံ့လွင့်ထွက်ခွာသွား၏။
အကြွင်းမဲ့အစီအရင်တွင်ရှိနေခြင်းက လုကျိုး၏ အကြီးမားဆုံးအခွင့်အရေး ဖြစ်ပေသည်။
ဧကရာဇ်က အော်ပြောလိုက်သည်။
“အစီအရင်ကို မြန်မြန်ပြောင်း”
ဧကရာဇ်က လက်ဝှေ့လိုက်သည့်အချိန် အချိန်က အေးခဲရပ်တန့်သွားဟန်ပေါ်သည်။
သို့သော်လည်း လုကျိုးက သက်ရောက်ခြင်း မခံရပေ။ သူက လျှပ်တစ်ပြက်ဖြင့် ဧကရာဇ်ရှေ့ ပေါ်ထွက်လာသည်။
ဘန်း
ဧကရာဇ်က လုကျိုးအား ကြည့်ကာ လှမ်းခေါ်လိုက်သည်။
“အစောင့်အရှောက် လေးဦး”
...
အခန်း (၁၃၃၇) ကသောင်းကနင်းတိုက်ပွဲ
“နားလည်ပါပြီ”
အစောင့်လေးဦးသည် သူတို့၏ဓားမော့များကို ထုတ်ကာ နဂါးပလ္လင်ဆီ တဟုန်ထိုး တက်လာလျက် လှေကားပေါ် ခုန်တက်လိုက်သည်။ သူတို့က နန်းတော်ထဲရှိ ထိပ်တန်းပညာရှင်များ ဖြစ်သည်။ သူတို့က ယခုအချိန်တွင် ရပ်တန့်သွားပြီဆိုသော်ငြား သူတို့၏အုတ်မြစ်သည် သာမန်ကျင့်ကြံသူများ ယှဉ်နိုင်သည့်အရာ မဟုတ်။
သူတို့အားလုံးသည် အစီအရင်က အသုံးမဝင်ကြောင်း သိသွားပြီဖြစ်သည်။ ထိုအစား ယခုအချိန်တွင် ရန်သူကို အခွင့်အရေးတစ်ခု ပေးခဲ့၏။
အစောင့်လေးဦး၏ မျက်လုံးထဲ သတ်ဖြတ်လိုစိတ် ထင်းနေသည်။ ကောင်းချန်နှင့် သူတို့လေးဦးက ဟာကွက်မရှိ သူတို့ခုန်ထွက်လာစဉ် ကောင်းကင်ကချက်ချင်းလင်းထိန်သွား၏။
ကနဦးချီက စတင်ဝေ့တက်လာပြီး လူတို့၏ကျင့်ကြံဆင့်က ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ ကနဦးချီ ရပ်တန့်နေခြင်း မရှိတော့ပေ။ ဤနည်းဖြင့် မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့သည် ပျံသန်းလာလျက် သူတို့ကိုယ်သူတို့ ကာကွယ်ရန်အုပ်စုဖွဲ့လိုက်သည်။
ဓားသမား အယောက်၄၀က ဝေဟင်ထဲ ပျံသန်းသွားလေ၏။ အစောင့်လေးဦးသည် သူတို့၏ ဓားမော့များကို မြှောက်ပြီး လုကျိုးဆီဆင်းသက်လာသည်။ ကောင်းကင်ကို စုတ်ဖြဲနိုင်သည့်စွမ်းအားနှင့် ဆင်တူသည့်ဖိအားဖြင့် အစိမ်းရောင်အလင်းတန်းလေးခုကို ထုတ်ဖော်လိုက်သည်။
အမည်မဲ့သည် ဓားတစ်လက်မှ ဒိုင်းအဖြစ်ချက်ချင်းပြောင်းလဲသွားစဉ် လုကျိုးက ၎င်းကို သူ၏ ကောင်းကင်စွမ်းအား ထည့်လိုက်၏။
ဘန်း
စွမ်းအင်ပိုင်းဖြတ်မှုလေးခု ဒိုင်းပေါ်ကျရောက်ချိန်တွင် မီးပွင့်များနေရာအနှံ့ လွင့်စဉ်သွားသည်။ သို့သော် ဒိုင်းက တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံလေ၏။
၎င်းကိုမြင်သောအခါ ချင်ဧကရာဇ်က ပြောလိုက်သည်။ "သူ့ကို ဆွဲချကြ"
ပြီးနောက် ဧကရာဇ်သည် ဝေဟင်ထဲတွင် ပေါ်လာတော့သည်။
လုကျိုးသည် သူ၏ တိုက်ခိုက်သူများကို တွန်းလှန်ရန် ကောင်းကင်စွမ်းအားကို အသုံးပြုတော့မည့်အချိန်တွင် ပုံရိပ်တစ်ခုက လုကျိုးဖက်ကို ရုတ်တရက် တိုးဝင်လာ၏။
ပြီးနောက် အစောင့်လေးဦးသည် နောက်သို့ လွင့်ထွက်သွားကြသည်။ သူတို့က သွေးအန်လျက် အမူအရာက အံ့အားသွားတော့သည်။
“ကျားတစ်ကောင်က သူ့ရဲ့စွမ်းရည်ကို မပြတာကြောင့် အားနည်းတဲ့ကြောင်လို့ထင်နေတာလား”
တိုက်ခိုက်ခဲ့သည့်သူက ချင်ရန်ယွဲ့ပဲဖြစ်သည်။ ဆရာသခင်တစ်ပါးအနေဖြင့် ဤကဲ့သို့ အပြုအမူဖြင့် ဆက်ဆံခံရခြင်းကို သူ မည်ကဲ့သို့သည်းခံနိုင်မည်နည်း။ ထို့အပြင် ဧကရာဇ်က အကြွင်းမဲ့အစီအရင်ကို အသက်သွင်းခဲ့သည့်အတွက်ကြောင့် သူ ဒေါသထွက်နေခဲ့ပြီးဖြစ်သည်။
လုကျိုးသည် အမည်မဲ့ကို ဖယ်လျက် ဝေဟင်ထဲရှိ ဧကရာဇ်ကိုမော့ကြည့်လိုက်သည်။
ချင်ရန်ယွဲ့၏ ပုံရိပ်က လှစ်ခနဲပေါ်လာပြီး တာအိုစွမ်းအားကို သုံးလိုက်သည်။ အချိန်က ရပ်တန့်သွားပြီး ပျောက်ကွယ်သွားသည်ဟု ထင်မှတ်ရသည်။ ခဏအကြာ၌ သူက အစောင့်လေးဦးအပေါ်တွင် ပေါ်လာလျက် သူ၏လက်ဝါးဖြင့် သူတို့လေးယောက်ကို ရိုက်ချလိုက်သည်။
အစောင့်လေးဦးသည် ချင်ရန်ယွဲ့လေးဦးက သူတို့ကို တိုက်ခိုက်တာကိုမြင်ချိန်၌ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ခံစားမိသည်။ ခဏအကြာ၌ ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန်လေးခုက ပေါ်လာပြီး ပျောက်ကွယ်သွားပြန်၏။
ချင်ရန်ယွဲ့က ဟိန်းဟောက်လိုက်သည်။ “ဒါ အဆုံးသတ် မဟုတ်ဘူး”
ချင်ရန်ယွဲ့က နေရာအနှံ့ပုံရိပ်ယောင်များချန်ရစ်ပြီး အစောင့်လေးဦးကို တိုက်ခိုက်လိုက်၏။
ထိုစဉ် ဝေဟင်ထဲ၌ အဖြူရောင်အလင်းတန်း ပေါက်ကွဲလာတော့သည်။ မဟာချင်၏ဧကရာဇ်ကို ဗဟိုပြုလျက် အဖြူရောင်အလင်းက နေရာတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဓားသမား၄၉ဦးသည် သူတို့ကို လွှမ်းခြုံထားသည့်အရံအတားကို တတ်စွမ်းသမျှ တိုက်ခိုက်နေ၏။ ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့ကမူ နောက်တွင်ရပ်နေကြသည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က သူတို့၏ဓားမော့နှင့်ဓား တွဲလျက် အတူတိုက်ခိုက်ကြတော့သည်။ နှစ်ယောက်သားက ရေနဂါးတေးသံနှင့် တည်ငြိမ်မှုအနှောင့်အယှက်ကို ထုတ်သုံးကာ အဖြူရောင်အလင်းကို တားဆီးလိုက်သည်။
ဆန့်ကျင်ဖက်အနေဖြင့် ချင်ရန်ယွဲ့က သက်ရောက်ခံရပုံမပေါ်ဘဲ ဆက်လက်တိုက်ခိုက်တော့သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
အစောင့်လေးဦးသည် ဤတိုက်ပွဲ၌ သူတို့အသက်ကို ပေးဆပ်ရန်ပြင်ဆင်ထားသော်ငြား ဆရာသခင်တစ်ပါး၏ တိုက်ခိုက်မှုအောက်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားမိလေ၏။ သူတို့က သူ့ကို မယှဉ်နိုင်ပေ။ စက္ကန့်ပိုင်းအတွင်း သူတို့အားလုံး ချင်ရန်ယွဲ့ထံ မွေးဖွားဇယားချပ် ၃စီ ဆုံးရှုံးသွား၏။ အတိတ်တုန်းကဆို သူတို့သည် ဆရာသခင်တစ်ပါး၏ခွန်အားမျိုးကို မှန်းဆခဲ့ဖူးပြီး ဆရာသခင်တစ်ပါးနှင့် တိုက်ခိုက်ရတာ မည်သို့ပုံဆိုတာ တွေးကြည့်ခဲ့သေးသည်။ ယခု သူတို့ ဆရာသခင်တစ်ပါးနှင့် ရင်ဆိုင်နေရပြီဖြစ်ရာ သူတို့ခွန်အားကြား ကွာဟချက် မည်မျှကြီးမားကြောင်း သဘောပေါက်သွားလေ၏။
တူညီသည့်ကျင့်ကြံဆင့် ရှိခဲ့လျှင် တိုက်ပွဲအတွေ့အကြုံက အောင်ပွဲကို အဆုံးအဖြတ်ပေးလိမ့်မည်။ သို့သော် ကျင့်ကြံဆင့်ကွာဟချက် ဖြည့်ဆည်းပေးဖို့က ကောင်းကင်ကို တက်လှမ်းသကဲ့သို့ ခက်ခဲလှသည်။
လုကျိုးသည် ကောင်းကင်စွမ်းအားဖြင့် ရွှေရောင်ဗုဒ္ဓခန္ဓာကို ဖွဲ့တည်လိုက်သည်။ အဖြူရောင်အလင်းက ၎င်းကိုထိမိသွားချိန်တွင် လေထဲ၌ တရှဲရှဲဆူညံသံများ ချက်ချင်းပေါ်လာတော့သည်။
ထိုစဉ် ချင်ရန်ယွဲ့က တစ်ဖက်လှည့်လျက် သူ၏ကြယ်တာရာဒိုင်ခွက်ကို ဆွဲထုတ်လိုက်သည်။ ပြီးနောက် ကြယ်တာရာဒိုင်ခွက်ဖြင့် ကောင်းကင်ကိုကာလိုက်၏။ ဤအတိုင်းပင် အရာအားလုံး ပုံမှန် ပြန်ဖြစ်သွားတော့သည်။
ယင်းကိုမြင်သောအခါ ဧကရာဇ်က ပြောလိုက်သည်။ "ချင်ရန်ယွဲ့ ငါ မင်းကိုအစောတည်းက ဖယ်ရှားခဲ့သင့်တာ”
ချင်ရန်ယွဲ့က ပြန်ပက်လိုက်လေ၏။ “ငါလည်း မင်းကို အစောတည်းက ဖယ်ရှားသင့်တာ”
ဧကရာဇ်ကရယ်မောပြီးပြောလိုက်တော့သည်။
“ဆရာသခင်လေးပါးက ငါနဲ့ယှဉ်နိုင်မယ်လို့ တကယ်ထင်နေတာလား”
ဧကရာဇ်က လက်ဝေ့ယမ်းလိုက်လေ၏။ ပြီးနောက် ကြိမ်နှုန်းမြင့်မားသည့် အသံတစ်သံ ပေါ်ထွက်လာသည်။
“တိုးချဲ့အဆုံးသတ်အစီအရင်ကို အသက်သွင်းကြ”
ဆန်းကြယ်ဆိတ်ငြိမ်ခန်းမပေါ်၌ ပျံဝဲနေသော ကောင်းချန်သည် ထိုစဉ် အစိမ်းရောင်အလင်းတန်းတစ်ခု လင်းလက်သွားလေ၏။
အလင်းက ရှေ့သို့လှစ်ကနဲပေါ်ထွက်လာပြီး လီတောင်တန်း၏အကြီးအကဲလေးဦးနှင့် အစောင့်လေးဦးတို့သည် ချက်ချင်းပင် လန်းဆန်းမှုကို ခံစားလိုက်ရသည်။ သူတို့၏ခန္ဓာကိုယ်ထဲ လျှပ်စီးကြောင်း ဖြတ်သွားသည့်ပမာ သူတို့၏စွမ်းအားဗဟိုချက်ချီပင်လယ်ကို ချဲ့ထွင်ပေးနေသည်။
အစောင့်လေးဦး ခံစားနေရသည့် နာကျင်မှုက ချက်ချင်းပျောက်ကွယ်သွားတော့သည်။ သူတို့က ထရပ်လျက် ခြေလက်များ ဆန့်လိုက်၏။ သူတို့၏တိုက်ခိုက်ရေးစွမ်းအားတိုးလာတာ အာရုံခံမိသည်။
“သတ်ဟေ့” မဟာချင်၏ဧကရာဇ်က အမိန့်ပေးလိုက်သည်။
အစောင့်လေးဦးသည် စွမ်းအားအသစ်ကို ယဇ်မူးနေကြပုံပေါ်၏။ သူတို့စိတ်လွတ်နေကြပုံပေါ်ကာ အော်ဟစ်လျက် ပြောလိုက်သည်။ "သတ်ကြ”
ချင်ရန်ယွဲ့က ဟိန်းဟောက်လိုက်သည်။ “မင်းတို့ရဲ့ မွေးဖွားဇယားချပ်အားလုံးကို ဖျက်ဆီးပစ်မယ်”
ဝှစ်
ဤနည်းဖြင့် ကသောင်းကနင်းတိုက်ပွဲက စတင်တော့သည်။
ထိုစဉ် လုကျိုးက မဟာချင်၏ဧကရာဇ်ကို မျက်တောင်မခတ်ကြည့်နေသည်။ ယင်းကို မြင်သောအခါ ဧကရာဇ်ကပြောလိုက်၏။
“သူတို့သေတာကို မင်းကို ကြည့်ခိုင်းမယ်”
ပြီးနောက် အဖြူရောင်နဂါးကျောက်စိမ်းသည် ရုတ်တရက် လေးခုကွဲထွက်သွားပြီးနောက် လီတောင်တန်း၏ အကြီးအကဲလေးယောက်ဆီ တိုးဝင်သွားသည်။
လုကျိုး၏ အလိုလိုသိစိတ်သည် အဖြူရောင်နဂါးကျောက်စိမ်းက မရိုးရှင်းကြောင်း သူ့ကိုပြောပြနေ၏။ သူက အဖြူရောင်နဂါးကျောက်စိမ်းဆီ ချက်ချင်းသွားလိုက်သည်။
တစ်ချိန်တည်းတွင် ဧကရာဇ်က စွမ်းအင်စည်းတံဆိပ်များစွာ ထုတ်လွင့်လိုက်၏။ သူ၏ တာအိုစွမ်းအားကို ထုတ်လွင့်ချိန်၌ အရာအားလုံး အေးခဲသွားပုံပေါ်သည်။ သို့သော် ခဏကြာပြီးနောက် လုကျိုး ထိခိုက်မှု မရှိကြောင်း သူ ရှာတွေ့သွားသည်။ ပြီးနောက် သူသည် လုကျိုးက သူ၏လက်ကို တွန်းထုတ်ပြီး သူ့ဆီမိုးကြိုးသင်္ကေတဖြင့် စည်းတံဆိပ်တစ်ခု ထုတ်လွှတ်တာ တွေ့လိုက်ရသည်။ သူသည် မိုးကြိုးသွားကြောင့် ခြိမ်းခြောက်မခံရဘဲ ၎င်းကို တောင့်ခံရန် လက်မြှောက်လိုက်သည်။ သို့သော် မိုးကြိုးသွားကျရောက်လာချိန်တွင် စည်းတံဆိပ်မှ ပြင်းထန်သော စွမ်းအားကို ခံစားလိုက်မိပြီး ယင်းက သူ့ထက် အဆပေါင်းထောင်ချီ ပိုသန်မာပုံပေါ်သဖြင့် သူ့ရင်ထဲအကြောက်တရားက ချက်ချင်း တိုးလာတော့သည်။
ဘန်း
မဟာချင်၏ ဧကရာဇ်သည် နောက်သို့ မီတာ၁၀၀ခန့် လွင့်ထွက်သွားသည်။ သူ၏တစ်ကိုယ်လုံး ထုံကျဉ်သွားကာ မယုံနိုင်စွာ ပြောလိုက်တော့သည်။ “ဒါ ဘယ်လိုစွမ်းအားမျိုးလဲ”
လုကျိုးက လက်ဝေ့ယမ်းလျက် အဖြူရောင်နဂါးကျောက်စိမ်းလေးခုကို ဖမ်းလိုက်လေ၏။
ထိုစဉ် လီတောင်တန်း၏ အကြီးအကဲလေးဦးသည် လုကျိုးကို တပြိုင်နက်တည်းတိုက်ခိုက်တော့သည်။ သူတို့၏ တိုက်ခိုက်မှုက ကြမ်းတမ်းကာ အရိုင်းဆန်၏။ ချွေ့မင်ကွမ်းက အကြမ်းတမ်းဆုံးဖြစ်ကာ သူတို့ထဲတွင် အရူးသွပ်ဆုံးဖြစ်နေ၏။ သူတို့ မထိန်းသိမ်းနိုင်ဖြစ်နေသည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
တာအိုလက်ဝါးစည်းတံဆိပ်များသည် နေရာတစ်ခုလုံးပြည့်နေ၏။ ဆရာသခင်များဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့သည့် အကြီးအကဲလေးဦးဆီမှ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန် လုကျိုးက နောက်သို့ဆုတ်လျက် ရှောင်ရန်ရွေးချယ်ခဲ့သည်။
ထိုစဉ် လေးခု ကွဲထွက်သွားသည့် အဖြူရောင်ကျောက်စိမ်းနဂါးလေးခုသည် အကြီးအကဲလေးဦး၏ ခန္ဓာကိုယ်ထဲ တိုးဝင်သွား၏။
အနက်ရောင်အပေါက်လေးပေါက် ဝေဟင်ထဲတွင်ပေါ်လာပြီး ကနဦးချီများ စတင်ပေါ်လာသည်။
မြေပြင်ပေါ်ရှိ သင်္ကေတများနှင့် ထွင်းစာများက နွယ်ကြိုးများပမာ လင်းလက်လာပြီး အကြီးအကဲလေးဦးဆီ တိုးဝင်သွား၏။ စွမ်းအင်အားလုံးက သူတို့ခန္ဓာကိုယ်ဆီရောက်သွားသည်။
ဝေဟင်ထဲ ပျံဝဲနေသေးသော ဧကရာဇ်က ပြောလိုက်သည်။ "ငါ့ရဲ့နဂါးဖြူကျောက်စိမ်းနဲ့ အစီအရင်အကူအညီနဲ့ဆို လီတောင်တန်းရဲ့ အကြီးအကဲလေးယောက်က ဆရာသခင်တွေရဲ့ ခွန်အားရှိလာမှာ။ အဲ့ဒီအခါကျ မင်း ဘာလုပ်မလဲ”
လုကျိုးသည် ကောင်းကင်ကျမ်းစာ၏အမြင်စွမ်းအားအတွက် မန္တန်ကိုရွတ်ဆိုလိုက်သည်။ ပြီးနောက် အစီအရင်၏အသေးစိတ်က သူ့ရှေ့တွင်ပေါ်လာ၏။ သူသည် လီတောင်တန်းအကြီးအကဲလေးဦး၏ အရိုးများနှင့် ချီသွေးကြောများကို မြင်နိုင်သည်။ ထို့အပြင် ဆန်းကြယ်ဆိတ်ငြိမ်ခန်းမပေါ်၌ အစိမ်းရောင်အလင်း ထုတ်လွှင့်နေသေးသော ကောင်းချန်လည်း ရှိသည်။ လုကျိုးက ကောင်းချန်သည် အစီအရင်ကို ထိန်းချုပ်လျက် အစီအရင်ကို ထိန်းထားစဉ် အလင်းစက်ဝိုင်းထဲတွင် ရပ်နေတာကို ရှင်းရှင်းလင်းလင်း တွေ့ရသည်။
လုကျိုးသည် လီတောင်တန်း၏အကြီးအကဲလေးဦး ဆရာသခင်တို့၏ခွန်အား မရခင် လျင်မြန်စွာ လှုပ်ရှားရမည်မှန်း သိလိုက်သည်။ သူက ကျောမတ်လျက် ပြောလိုက်၏။ “ချင်ရန်ယွဲ့ သူတို့ကို ထိန်းထား”
“စိတ်မပူနဲ့ အစ်ကိုလု” ချင်ရန်ယွဲ့က ပြောပြီး အစောင့်လေးဦးကို ရိုက်ထုတ်လိုက်သည်။ ပြီးနောက် သူက အော်ပြောလိုက်၏။ “မြောက်ပိုင်းတောင်တန်းဒေသရဲ့ဓားသမား ၄၉ယောက် နေရာယူကြ”
“နားလည်ပါပြီ”
ဓားသမား၄၉ယောက်သည် ပျံသန်းလာလျက် သူတို့၏ဓားပျံများဖြင့် ခုနစ်စင်ကြယ်အစီအရင်တစ်ခုကို ခင်းကျင်းလိုက်သည်။
ဧကရာဇ်သည် လက်ဝါးစည်းတံဆိပ်တစ်ခုသုံးကာ သူတို့ကို ချက်ချင်းတားလိုက်လေ၏။
ထိုစဉ် ချင်ရန်ယွဲ့က လီတောင်တန်း၏အကြီးအကဲလေးဦးကို တိုက်ခိုက်တော့သည်။
လီတောင်တန်း၏ အကြီးအကဲလေးဦးသည် သူတို့ခန္ဓာကိုယ်ထဲ စွမ်းအင်များပေါ်ထွက်လာတာကို ခံစားမိပြီး မျက်နှာများ နီမြန်းလာကာ စိတ်လှုပ်ရှားလာသည်။ သူတို့က ဆရာသခင်များ ဖြစ်လာရန် အမြဲတစေ အိပ်မက်မက်ခဲ့၏။
“ကိုးပါးဖြတ်တောက်ခြင်းလက်စည်းတံဆိပ်” ချွေ့မင်ကွမ်းက ဦးဆောင်တိုက်ခိုက်တော့သည်။
ကျီရှစ်၊ ကျိုးချုံရှုနှင့် ထန်ကျစ်ပင်းတို့က သူတို့လက်ဝါးဖြင့်တိုက်ခိုက်တော့သည်။
လီတောင်တန်း ၏အကြီးအကဲလေးဦးသည် ယခင်နည်းတူသည့်ဗျူဟာကိုသုံးခဲ့သော်ငြား ယခုဆို သူတို့၏တိုးလာသော ခွန်အားကြောင့် မတူညီတော့ပေ။
ချင်ရန်ယွဲ့သည် ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လျက် သူ၏မွေးဖွားဇယားချပ်စွမ်းအားအပြည့်ဖြင့် ရှေ့သို့တက်သွားသည်။
ဖုန်း
လက်ဝါးစည်းတံဆိပ်များသည် ချင်ရန်ယွဲ့၏ မွေးဖွားဇယားချပ်စွမ်းအားကြောင့် ဖျက်ဆီးခံလိုက်ရသည်။ မွေးဖွားဇယားချပ်က လီတောင်တန်း၏အကြီးအကဲလေးဦးဆီ ဆက်လက်တိုးဝင်သွားသည်။
ဝှစ်
လီတောင်တန်း၏ အကြီးအကဲလေးဦးက လှစ်ကနဲရှောင်ပြီး အရပ်မျက်နှာလေးခုက လှစ်ကနဲ ပေါ်လာကာ ချင်ရန်ယွဲ့ကို ဝိုင်းထားလျက် တိုက်ခိုက်တော့သည်။
“ဆရာသခင်ချင် သတိထား” ဓားသမား၄၉ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ယွမ်လန်က သတိပေးလိုက်တော့သည်။ ချင်ရန်ယွဲ့၏ကြယ်တာရာဒိုင်ခွက်က လှည့်ပတ်နေလျက် လီတောင်တန်း၏ အကြီးအကဲလေးဦးဆီမှ တိုက်ခိုက်မှုကို အောင်မြင်စွာပိတ်ဆို့လိုက်သည်။
ဘန်း ဘန်း ဘန်း
အကြီးအကဲလေးဦးသည် သူတို့၏လက်များဖြင့် ရိုက်လိုက်သောအခါ အချိန်ရပ်တန့်သွားပုံပေါ်၏။
ချင်ရန်ယွဲ့က မျက်မှောင်ကျုံ့မိသွားသည်။ “တာအိုစွမ်းအားလား။ ဆရာသခင်တွေလား”
လီတောင်တန်း၏ အကြီးအကဲလေးဦးသည် တသိမ့်သိမ့်ရယ်မောလေ၏။ သူတို့ရယ်သံက မိုးခြိမ်းသံပမာပင်။ သူတို့သည် နောက်ဆုံးတော့ မရေမတွက်နိုင်သည့်ကျင့်ကြံသူများ မော်ကြည့်ရသည့် ဆရာသခင်များဖြစ်လာသည်။
ထိုစဉ် အကြီးအကဲလေးဦး၏တိုက်ခိုက်မှုက ချင်ရန်ယွဲ့ပေါ်ကျရောက်သွား၏။ သူ၏ရင်ဘတ်ကနေ နာကျင်မှု ပြန့်နှံ့သွားပြီး နောက်ကိုလွင့်ထွက်သွား၏။ သူ၏ချီနှင့်သွေးတို့က ခန္ဓာကိုယ်အတွင်း ချက်ချင်း ဆူပွက်လာကာ သူ သွေးအန်တော့သည်။
ယင်းကို မြင်ပြီး ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က အကြည့်ချင်းဖလှယ်ပြီး ခေါင်းငုံ့လိုက်သည်။
“လောင်စစ် ... ငါတို့ရဲ့ ရှစ်မေ့လေးတွေကို ဂရုစိုက်ထား။ ရှစ်တိ ငါတို့ လှုပ်ရှားကြမလား”
ယွီကျန့်ဟိုင်သည် သူ၏နဂါးသွဲ့ကျောက်ဓားမော့ကို ကိုင်ထားလျက် ပြောလိုက်သည်။
“သွားကြမယ်”
ယွီရှန်းရုန်က ခေါင်းညိတ်လျက် သက်တော်ရှည်ဓားကို ဆွဲထုတ်လိုက်သည်။ စွမ်းအင်ဓားမော့ တစ်သောင်းနှင့် စွမ်းအင်ဓားတို့သည် လီတောင်တန်း၏ အကြီးအကဲလေးဦးဆီ ချက်ချင်း တိုးဝင်သွားသည်။
လုကျိုးက တစ်ချက်လှည့်ကြည့်ပြီး သူ ခပ်မြင့်မြင့်ပျံသန်းလိုက်၏။ ကောင်းချန်နှင့် ဆန်းကြယ်ဆိတ်ငြိမ်ခန်းမသည် သူ၏ရှေ့တွင်ရှိနေသော်ငြား လေဟာနယ်က အကန့်အသတ်မရှိ ချဲ့ထွင်ထားပုံပေါ်သည်။ သူ၏ကျင့်ကြံဆင့်ဖြင့် သူသည် မျက်စိတစ်မှိတ်အတွင်းကောင်းချန်ရှေ့သို့ ရောက်သင့်သော်ငြား ယခုအချိန်တွင် အဆုံးမဲ့သမုဒ္ဒရာကို ဖြတ်သန်းနေသလို ခံစားလိုက်ရ၏။ သူ မည်မျှပျံသန်းစေကာမူ အကွာအဝေးကို မနီးကပ်စေနိုင်ပေ။
ယင်းကိုမြင်သောအခါ ကောင်းချန်က ရယ်မောလျက်ပြောလိုက်သည်။ “စိတ်မပူနဲ့ ဒီအစီအရင်က လေဟာနယ်ကို ချဲ့ထွင်ပေးတာ။ မင်း ပျံလေလေ လေဟာနယ်က ပိုဝေးဝေးရောက်လေပဲ”
လုကျိုးသည် အမြင်စွမ်းအားအတွက် မန္တာန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်ပြီးနောက် သူ့ရှေ့တွင် သင်္ကေတများနှင့် ထွင်းစာများပေါ်လာသည်။
ခဏအကြာတွင် .... “အဆုံးမဲ့ကောက်နှုတ်ချက်စွမ်းအား”
...
အခန်း (၁၃၃၈) ငါနဲ့အတူ ဆွဲချသွားမှာ
လုကျိုး၏ မျက်ဝန်းထဲ မြင်ကွင်းများစွာ ဖျတ်ခနဲ ထွက်ပေါ်လာသည်။ ဖြစ်နိုင်ခြေအမြောက်အများက သူ့မျက်စိရှေ့ပေါ်ထွက်လာပြီး သူက ဆန်းကြယ်ဆိတ်ငြိမ်ခန်းမဆီ ဦးတည်လိုက်သည်။ သို့သော် မည်သည့်အရာကမှ သူ အောင်မြင်နိုင်သည့်အရာမှန်း မပြပေ။ သူတို့က အလင်းပျောက်များအဖြစ် ပျောက်ကွယ်သွားပြီး စကြဝဠာကြီးထဲ ဝင်ရောက်သွားလေသည်။
လုကျိုးက မဟူရာကောင်းကင်ယံကို ငေးလိုက်သည်။ ထို့နောက် ဥက္ကာပျံ ကျဆင်းလာလေသည်။ သူက မည်သည်က အရှေ့၊ မည်သည်က အနောက်မှန်း မသိတော့ပေ။
လုကျိုးက သူ့အံ့ဖွယ်စွမ်းအားကို မြှင့်တင်လိုက်ပြီး အဆုံးမဲ့ကောက်ချက်ချမှု စွမ်းအားကို ထပ်မံထုတ်ဖော်လိုက်သည်။ မြင်ကွင်းများက ပိုမိုမြန်ဆန်သည့် အလျင်ဖြင့် ထွက်ပေါ်လာလေ၏။ သူ့စိတ်ဝိညာဉ်နှင့် ဆန္ဒက အပြောင်းအလဲများစွာနှင့် ကောက်ချက်ချမှုများစွာ ပြောထွက်လာသည့်အတွက် ဝန်ပိလာမိသည်။ နောက်ဆုံးတွင် မြင်ကွင်းများ ပျောက်ကွယ်သွားသည့်အချိန် ဖြစ်နိုင်ချေ ထောင်ချီကြားမှ သူသည် အစီအရင်၏ ဗဟိုချက်ကို ရောက်ရှိနိုင်သည့် တစ်နေရာကို တွေ့ရှိလိုက်ရသည်။
လုကျိုးက အဆုံးမဲ့ ကောက်ချက်ချခြင်း စွမ်းအားကို ဖြတ်တောက်လိုက်၏။ ထိုအရာက သူ့အံ့ဖွယ်စွမ်းအားတစ်ဝက်ကို ကုန်ဆုံးသွားစေသည်။ သို့သော် ထိုအရာက ထိုက်တန်ပေ၏။
သူက မြေကြီးပေါ်တွင် သိသာသည့် သင်္ကေတမျိုးကို မြင်တွေ့လိုက်ရသည်။ ထိုအပေါ်တွင် အရိပ်တစ်ခု ရှိနေလေ၏။
ကောင်းချန်က ဆက်လက် ပြောလိုက်သည်။
“ခင်ဗျားက အကြွင်းမဲ့ အစီအရင်ကို အထင်သေးတာကိုး။ အရှင်မင်းကြီးက ဒီနေရာမှာ ဆန်းကြယ်ဆိတ်ငြိမ်ခန်းမကို ဘာလို့တည်ဆောက်ခဲ့တာလဲ သိလား။ ဒီနေရာက ရှေးဟောင်းသူတော်စင်ရဲ့ အပြိုအပျက်နေရာ ဖြစ်ခဲ့ဖူးလို့ပဲ”
ဝှစ်
သူ မြင်တွေ့ခဲ့ရသလောက် လုကျိုးသည် မြေကြီးပေါ်ရှိ သင်္ကေတများအပေါ် တက်နင်းလိုက်သည်။ ထို့နောက် သူက အာကာပြင်များစွာကို ကျော်ဖြတ်လာသည့်အလား ကောင်းချန်၏ ရှေ့တွင် ပေါ်ထွက်လာလေ၏။
ကောင်းချန်၏ ရယ်မောသံက ရပ်တန့်သွားလေသည်။ သူ့အမူအရာက အေးခဲသွားလေ၏။ သူ့မျက်ဝန်းများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေကာ သူ့နှုတ်ခမ်းများက တုန်တုန်ယင်ယင် ဖြစ်နေသည်။
သေမင်းလက်ဝါးချက်နှင့် တူသည့် လုကျိုး၏ လက်ဝါးစည်းတံဆိပ်က အမှောင်ထုထဲမှ ထွက်ပေါ်လာ၏။
ဝှစ်
မိစ္ဆာကိုယ်တော်၏ လက်ဟန်စည်းတံဆိပ်က ကောင်းချန်ဆီ ပျံ့လွင့်လာသည်။
ကောင်းချန်က ဆန်းကြယ်ဆိတ်ငြိမ်ခန်းမထဲတွင် ယုံကြည်ချက်ခန်းမနှင့် အကြွင်းမဲ့အစီအရင်အတွင်း ယုံကြည်ချက်လွန်ကဲနေသည့်သူက အစီအရင်၏ စွမ်းအားသည် သူတော်စင်တစ်ယောက်နှင့် မတူညီခြင်း မဟုတ်ကြောင်း တွေးခဲ့မိ၏။ သူက မဟာချင်၏ ဧကရာဇ်နှင့် အစီအရင်၏ အသုံးပြုမှုကို တစ်ခါက လေ့ကျင့်ခဲ့ဖူးသည်။ အစီအရင်၏ သခင်တစ်ယောက်အနေဖြင့် စွမ်းအားကို အသုံးပြုခြင်း မရှိဘဲ နဂါးဖြူဓား ကိုင်ဆောင်ထားသည့် ဧကရာဇ်က သူ သို့မဟုတ် အစီအရင်၏ ဗဟိုချက်ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ ယုံကြည်ချက်လွန်ကဲခြင်းက အတားအဆီး မရှိပေ။ ပြောရလျှင် ကမ္ဘာကြီး၌ မည်သည့်အရာမှ အကြွင်းမဲ့ မဟုတ်ပေ။
မိစ္ဆာကိုယ်တော်၏ လက်ဝါးစည်းတံဆိပ်က အံ့ဖွယ်စွမ်းအားကိန်းအောင်းနေပြီး ကောင်းချန်ကို ဆွဲကာ သူ့အတွင်းကလီစာများကို ဖျစ်ညှစ်လိုက်သည်။ ထို့နောက် လက်ချောင်းက သူ့နှလုံးသားကို ဆွဲယူလိုက်ပြီး သူ့အား မေ့လဲသွားစေသည်။
“တင်း မွေးဖွားဇယားချပ် ၁ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
ကောင်းချန်က ရုပ်သေးရုပ် မရှိသလို သူ့ကိုယ်သူ ကာကွယ်ဖို့ တခြားနည်းလမ်းလည်း မရှိပေ။ သူက ယုံကြည်ချက် လွန်ကဲနေခြင်းသာ ဖြစ်၏။
လုကျိုးက ကောင်းချန်သည် ယခုဒဏ်ရာရရှိသွားသည့်အချက်ကို အခွင့်ကောင်းယူကာ ငါးကြိမ်ဆက်တိုက် ရိုက်နှက်လိုက်သည်။
စွန့်ပစ်ခံဉာဏ်ပညာငါးခုက ကောင်းချန်၏ ရင်ဘတ်အပေါ် အောင်အောင်မြင်မြင် ကျဆင်းလာလေ၏။
ကောင်းချန်က မြေကြီးအပေါ် လဲကျသွားသည့်အခါ
“တင်း မွေးဖွားဇယားချပ် ၁ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
“တင်း မွေးဖွားဇယားချပ် ၁ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
“တင်း မွေးဖွားဇယားချပ် ၁ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
“တင်း မွေးဖွားဇယားချပ် ၁ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
“တင်း မွေးဖွားဇယားချပ် ၁ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
ထို့နောက် ကနဦးချီ မုန်တိုင်းက ထွက်ပေါ်လာပြီး အကြွင်းမဲ့ အစီအရင်တစ်လျှောက် ပျံ့နှံ့သွားသည်။
လုကျိုးက ကောင်းချန်ကို အာရုံမစိုက်တော့ပေ။ ထိုအစား သူက အလင်းတောက်ပနေသည့် အစီအရင်၏ ဗဟိုချက်ကို လှမ်းကြည့်လိုက်၏။ သူ့လက်က တောင်တန်း၏ ခွန်အား သယ်ဆောင်ထားသည့်အလား ထိုအရာအပေါ် ဖိချလိုက်သည်။
ဤကဲ့သို့ အရေးကြီးသည့်အခိုက်အတန့်၌ မဟာချင်၏ ဧကရာဇ်က ဓားသမား ၄၉ယောက်၏ အဟန့်အတားကို ချိုးဖောက်ကာ လုကျိုးရှေ့မှောက် ပေါ်ထွက်လာလေ၏။ သူက သူ့လက်ဝါးချက်ဖြင့် အလျင်အမြန် ထုတ်လွှတ်လိုက်သည်။
လုကျိုးက ရွေးချယ်စရာမရှိဘဲ ၃၆၀ဒီဂရီ ဂျွမ်းထိုးကာ ဧကရာဇ်၏ တိုက်ကွက်ကို သူ့လက်ဖြင့် ခံလိုက်သည်။
လက်ဝါးနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ စွမ်းအင်စည်းတံဆိပ်များက အကြွင်းမဲ့ အစီအရင်နေရာတစ်ဝိုက် ပေါက်ကွဲထွက်သွားပြီး ရှန်းရန်မြို့အတွင်း ပျံ့နှံ့သွားလေသည်။
……………………………………………………………………..
ကျင့်ကြံသူများ၊ တပ်သားများနှင့် တော်ဝင်အစောင့်တပ်များက ဆန်းကြယ်ဆိတ်ငြိမ်ခန်းမဘက်သို့ လှမ်းကြည့်လိုက်ကြစဉ် ရှန်းရန်မြို့ရှိ ကျင့်ကြံသူများကမူ တော်ဝင်နန်းဆောင်ဘက်ကို လှမ်းကြည့်လိုက်ကြသည်။
……………………………………………….
တစ်ချိန်တည်းဆိုသလို အဝေးတစ်နေရာရှိ ကောင်းကင်ယံအတွင်း မှင်နက်ရောင် ရထားလုံးပျံက ဖြည်းဖြည်းချင်း ပျံသန်းလာ၏။ ဘေးတစ်ဖက်တစ်ချပ်စီတွင် ကျင့်ကြံသူများစွာကလည်း ပျံသန်းလာနေသည်။
ထိုစဉ် ကျင့်ကြံသူတစ်ဦးက ပြောလိုက်၏။
ဆရာသခင် တော်ဝင်နန်းဆောင်မှာ လှုပ်ရှားမှုတစ်ခု ရှိတယ်”
တုံ့ပြန်မှုဟူ၍ ရောက်မလာခဲ့ပေ။ အချိန်တစ်ခုကြာမြင့်ပြီးသည့်နောက်တွင် ရထားလုံးပျံမှ အရိပ်တစ်ခုက တော်ဝင်နန်းဆောင်ဆီ ပျံသန်းထွက်ခွာသွားပြီး စကားတစ်ခွန်းသာ ချန်ထားခဲ့သည်။
“ဒီမှာ စောင့်နေကြ”
“ဟုတ်ကဲ့”
……………………………………………..
ထိပ်တိုက်တွေ့ဆုံမှုအပြီး မဟာချင်၏ ဧကရာဇ်က အကြည့်များ တောက်ပကာ ပြောလိုက်သည်။
“ခင်ဗျားကို ပိုပြီးတော့ လေးစားမိသွားပြီ။ သူများက အစီအရင်ရဲ့ ဗဟိုချက်ကိုတောင် ရှာတွေ့သွားတာပဲ”
လုကျိုးက ခေါင်းယမ်းကာ ပြောလိုက်သည်။
“အစတုန်းက တိုင်းပြည်အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ ခင်ဗျားရဲ့ ဉာဏ်ပညာ၊ အမြင်နဲ့ ရက်ရောမှုက ဒုတိယရောက်မှာ မဟုတ်ဘူးလို့ ထင်ထားမိတာ။ ဒါပေမဲ့ ခင်ဗျားကို တွေ့ပြီးတဲ့နောက်မှာ အတော်လေးကို စိတ်ပျက်သွားတယ်”
“မစိုးရိမ်ပါနဲ့။ ဒီဟာပြီးသွားရင် စိတ်မပျက်စေရဘူး။ ခင်ဗျားက စွမ်းအား အားလုံးကို ထုတ်သုံးပြီးသွားပြီမလား။ ကျုပ်က အစမှာပဲ ရှိသေးတယ်”
လုကျိုးက ကျောကို မတ်မတ်ထားကာ လက်မြှောက်လျက် ပြောလိုက်သည်။
“အစကနေ အခုထိ ငါက စွမ်းအားအပြည့် ထုတ်မသုံးရသေးဘူး”
ဟမ်…
အဆင့်မြင့်နှင့် တိုးမြှင့်ရေး လျှော့ချကတ်တို့ ထွက်ပေါ်လာသည်နှင့် ဧကရာဇ်က ပျောက်ကွယ်သွားလေသည်။ သူက ကျောင်းစံအိမ်မှ ကဲ့သို့ ဖြစ်၏။ သူက အမှားမှ သင်ယူထားပြီး လုကျိုးအား မဆင်မခြင် မတိုက်ခိုက်ခဲ့ပေ။ ထိုအစား အသံပို့ဆောင်ကာ ပြောလိုက်၏။
“တကယ်လို့ ကျုပ် သူနဲ့ တိုက်ခိုက်ချင်တယ်ဆိုရင် ကျုပ် သူတို့ကို ဖြတ်ကျော်လာရမယ်”
ဧကရာဇ်က ကောင်းကင်ယံအထက် ပေါ်ထွက်လာသည်။
“အကြွင်းမဲ့ ပုံရိပ်ယောင်။ ဘယ်ဟာက အစစ်အမှန်လဲဆိုတာ ပြောနိုင်လား” ဧကရာဇ်က မောက်မာစွာ မေးလိုက်သည်။
လုကျိုးက ဤကတ်ကို သိမ်းဆည်းပြီးသည့်နောက်တွင် ကောင်းကင်ယံဆီ လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထိုစဉ် ဓားသမား ၄၉ယောက်က ဆန်းကြယ်ဆိတ်ငြိမ်ခန်းမအထက် ရောက်ရှိလာကြ၏။
ယွမ်လန်က မေးလိုက်သည်။
“လူကြီးမင်းလု အဆင်ပြေရဲ့လား”
“အဆင်ပြေတယ်။ တကယ့်ဧကရာဇ်ကို ရှာကြ”
“ဟုတ်ကဲ့”
ဓားသမား ၄၉ယောက်က ကောင်းကင်အထက် ရှေ့နောက် ပျံသန်းကာ ဧကရာဇ်ကို ရှာနေကြသည်။
တခြားတစ်ဖက်တွင် ချင်ရန်ယွဲ့၊ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က လီတောင်တန်းမှ အကြီးအကဲလေးဦးကို အတူတကွ နှိမ်နင်းကြ၏။ အတိအကျပြောရမည်ဆိုလျှင် ချင်ရန်ယွဲ့တစ်ယောက်တည်းဖြင့် ချွေ့မင်ကွမ်းကလွဲ၍ ကျန်သူအားလုံးကို နှိမ်နင်းခဲ့သည်။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က အနည်းငယ် အားနည်းသည့် ချွေ့မင်ကွမ်းကို အားစိုက်ထုတ်ကာ ရင်ဆိုင်နေရသည်။ ထို့နောက် အခြေအနေကို စောင့်ကြည့်နေသည့် ဧကရာဇ်က ကောင်းကင်မှ ထွက်လာကာ ပြောလိုက်သည်။
“အစောင့်အရှောက် လေးယောက်က ဘာတွေစောင့်နေတာလဲ”
အစောင့်အရှောက် လေးယောက်က မျက်နှာမှ သွေးများကို သုတ်လိုက်သည်။ သူ့မျက်ဝန်းအထက် သတ်ဖြတ်ငွေ့နှင့် အမုန်းတရားတို့က ထွက်ပေါ်လာ၏။ ချင်ရန်ယွဲ့က သူတို့လေးဦး၏ မွေးဖွားဇယားချပ်တစ်ခုချင်းစီကို ဖျက်ဆီးခဲ့သော်လည်း သူတို့က မွေးဖွားစမ်းသပ်ချက်နှစ်ခု ပညာရှင်များ ဖြစ်နေဆဲဖြစ်၏။ သူတို့က ခန္ဓာကိုယ်၏ ဆုံမှတ်များကို ထိကာ နာကျင်မှုကို ဖိနှိပ်ပြီး ဓားမော့များကို ဆွဲကိုင်လျက် မိစ္ဆာဝေဟင်မျှော်နန်းမှ တခြားသူများဆီ ချီတက်သည်။ သူတို့၏ အမြင်တွင် မိစ္ဆာဝေဟင်မျှော်နန်းရှိ တခြားလူများက သတ်ဖို့ စောင့်နေသည့် သိုးငယ်လေးများသဖွယ် ဖြစ်၏။ သူက ပိုမိုသွေးဆာလာမိသည်။ သူတို့ခုန်ထွက်လာသည့်အချိန် သူတို့က စွမ်းအင်ဓားမော့များစွာကို ထုတ်လွှတ်လိုက်ကြသည်။
ယန်ကျန်းလော့နှင့် လုလီတို့က ကြယ်တာရာများကို ထုတ်ဖော်ပြီး ရှေ့၌ ကာလိုက်ကြသည်။
ဝုန်း
အားလုံးက နောက်ဆုတ်လိုက်ရ၏။ ခုံဝမ်နှင့် သူ့ညီအစ်ကိုများကလည်း အံ့အားသင့်သွားကြသည်။
“သတ်ကြ” အစောင့်အရှောက်လေးဦးက မြေကြီးနှင့် နီးနီးအထိ ပျံသန်းလာသည်။
ယန်ကျန်းလော့နှင့် လုလီတို့က မွေးဖွားစမ်းသပ်ချက်တစ်ခုသာ ဖြတ်ကျော်ရသေး၏။ သူတို့က လှုပ်ရှားမှုတစ်ခုကို ပိတ်ဆို့ဖို့ အကောင်းဆုံး ကြိုးစားထားရပြီဖြစ်သည်။ သူတို့၏ ချီနှင့် သွေးတို့က ခန္ဓာကိုယ်ထဲ ရုန်းရင်းဆန်ခတ် ဖြစ်နေလေ၏။ သူတို့က အစောင့်အရှောက်လေးဦး ထပ်မံ ရှေ့တိုးလာသည်ကို ကူကယ်ရာမဲ့စွာသာ ကြည့်နေရသည်။
“စစ်ရှစ်ရှိုးက ဘယ်မှာတုန်း သူက ကာကွယ်ပေးမယ်ဆိုပြီး သဘောတူထားတာ မဟုတ်ဘူးလား။ သူ ဘယ်ရောက်သွားတာတုံး” ရှောင်ယွမ်အာက ခြေဆောင့်ကာ ပြောလိုက်သည်။
ထိုစဉ် အစောင့်အရှောက် လေးဦးအောက်တွင် ပုံရိပ်တစ်ခု ဖျတ်ခနဲထွက်ပေါ်လာ၏။
မင်ရှစ်ရင်၏ မျက်ဝန်းက အေးစက်စက် လင်းလက်သွားကာ ပြောလိုက်သည်။
“သေစမ်း”
ခွဲခွာချိတ်ကောက်က အစောင့်အရှောက်လေးဦးဆီ စွမ်းအင်ဓားသောင်းချီ ထုတ်လွှတ်လာခဲ့သည်။
အစောင့်အရှောက်လေးဦးက ဓားမော့များကို မြှောက်ကာ လှည့်ကွက်ကို တားဆီးလိုက်ကြသော်လည်း နောက်ကျလွန်းသွားခဲ့၏။ စွမ်းအင်ဓားမော့မှ ပြင်းထန်သည့် ခွန်အားက မြေပြင်ပေါ် တွန်းပို့လိုက်လေသည်။
အစောင့်အရှောက်လေးဦးက ညည်းတွားလိုက်ကြ၏။ ကံကောင်းစွာဖြင့် သူတို့က မွေးဖွားဇယားချပ်ကို မဆုံးရှုံးခဲ့ပေ။
အစောင့်အရှောက်၏ ခေါင်းဆောင်ဖြစ်သူက အော်ပြောလိုက်၏။
“မင်းက လုံလုံလောက်လောက် အားမကောင်းသေးဘူး”
“ခင်ဗျား မှားသွားပြီ” မင်ရှစ်ရင်က ခွဲခွာချိတ်ကောက်ကို ပြန်လည်သိမ်းဆည်းရင်း လှောင်ပြုံးဖြင့် ပြောလိုက်သည်။
ထိုစဉ် အစောင့်အရှောက်လေးဦး၏ ခန္ဓာကိုယ်ပေါ်က စွမ်းအင်ဓားများက ပျောက်ကွယ်သွားခြင်း မရှိဘဲ သူတို့၏ ခန္ဓာကိုယ်ထဲ ဘရိတ်ဓားသဖွယ် စိုက်နေလေသည်။
မင်ရှစ်ရင်က လက်ကိုမြှောက်ကာ ခွဲခွာချိတ်ကောက်ကို ဝှေ့ယမ်းလိုက်၏။ ထို့နောက် စုပ်ယူအားတစ်ခု ပေါ်ထွက်လာကာ ထိုအရာများကို ပြန်လည်ဆွဲယူလိုက်သည်။
“ဒုတိယမွေးဖွားစမ်းသပ်ချက် စွမ်းရည်လား။ စတုတ္ထသခင်လေးက ဒုတိယမြောက် မွေးဖွားစမ်းသပ်ချက်ကို အောင်မြင်သွားပြီပဲ” ခုံဝမ်က ရေရွတ်လိုက်သည်။
အစောင့်အရှောက်လေးဦးက နာကျင်စွာ ညည်းညူလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က ပုရွက်ဆိတ်များစွာဖြင့် ကိုက်ခြင်းခံရသလို ခံစားနေရသည်။ သူ့အသားနှင့် သွေးများက လေထဲ ပျံ့လွင့်သွားလေ၏။
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရှိပါတယ်”
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ရှိပါတယ်”
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ရှိပါတယ်”
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ရှိပါတယ်”
မင်ရှစ်ရင်က ထိုမြင်ကွင်းကို အုပ်စိုးနေစဉ် အားလုံး၏ အာရုံက သူ့အပေါ် ကျရောက်လာလေ၏။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က လှည့်ကာ ပြုံးလိုက်ကြသည်။
“လောင်စစ်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ကြည့်ရတာ ရှီချီရှုနဲ့ တိုက်တုန်းက သူ့စွမ်းအားအပြည့် ထုတ်သုံးမထားဘူး ထင်တယ်” ယွီရှန်းရုန်က ပြောလိုက်သည်။
ထိုစဉ် လုကျိုးက တခြားတစ်ဖက်တွင် အခြေအနေသည် ထိန်းချုပ်မှုအောက်ရှိနေကြောင်း မြင်သည့်အခါ အစီအရင်၏ ဗဟိုချက်ကို ဆက်လက်တိုက်ခိုက်လိုက်သည်။
ဘန်း
ထိုစဉ် မြေကြီးထဲ နစ်မြုပ်နေသည့် ကောင်းချန်က ရုတ်ချည်းဆိုသလို လုကျိုးဆီ ခုန်အုပ်လာလေ၏။ သူ့မျက်လုံးက မျက်အိမ်မှ ထွက်နေပြီး လုကျိုးအား စိုက်ကြည့်နေသည်။ သူ့အမူအရာတို့က မကောင်းဆိုးဝါးသဖွယ် ဖြစ်နေလေ၏။ သူက ရယ်မောလိုက်သည်။
“ငါက သေရမှာကို မကြောက်ဘူး။ ခင်ဗျားကိုပါ ကျုပ်နဲ့အတူ ငရဲကို ဆွဲခေါ်သွားဦးမှာ”