အခန်း (၁၃၃၉-၁၃၄၁)
Vol. 90 Ch. 1339-1341
အခန်း (၁၃၃၉) တာအိုစွမ်းအား၏မဟာကုသိုလ်
ကောင်းချန်သည် လေးညှို့မှထွက်သည့် မြားတစ်စင်းပမာတိုးဝင်လာလျက် သူ၏အသက်နှင့် ယှဉ်တိုက်ခိုက်တော့သည်။
ကောင်းချန်က လုကျိုးရှေ့သို့ရောက်သောအခါ လုကျိုးက သူ၏လက်ကို သာမန်ကာလျှံကာ တွန်းထုတ်လျက် လက်ဝါးစည်းတံဆိပ်ဖြင့် ရိုက်ချလိုက်သည်။ ယခုသူ့၌ မွေးဖွားဇယားချပ် ၁၄ခု ရှိထားပြီး မွေးဖွားဇယားချပ်တစ်ခု ဆုံးရှုံးပြီးနောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသော ကောင်းချန်ကို ဖြေရှင်းနိုင်ရန် လုံလောက်ပေ၏။
ဘန်း
ထိပ်တိုက်တွေ့မှုသည် တာအိုစွမ်းအင်နှင့်အတူ စွမ်းအင်လှိုင်းတစ်ခု ပြန့်နှံ့သွားစေ၏။ မွေးဖွားဇယားချပ်၁၀ခုကျော် ရှိသည့် ပညာရှင်များကြားတိုက်ခိုက်မှုမှ ထွက်ပေါ်လာသည့် ပေါက်ကွဲမှုဆိုသော်ငြား သာမန်ကျင့်ကြံသူများ တောင့်ခံနိုင်သည့်အရာမဟုတ်ပေ။
နန်းတော်မြို့ရိုး၏ထိပ်၌ ကြည့်နေကြသည့် စစ်သည်များသည် ချက်ချင်းပင် ထက်ခြမ်းခြမ်းခံလိုက်ရသည်။ ယခုအချိန်တွင် နန်းတော်မြို့ရိုးက တိုက်မိရာ၌ ပေါ်ထွက်လာသည့်စွမ်းအင်နှင့် ရင်ဆိုင်ရချိန်တွင် တိုဟူးပမာဖြစ်သွားတော့သည်။
ကျန်ရှိသည့် စစ်သည်များကလည်း သူတို့၏စစ်ပုဆိန်များကို ဘေးသို့တွန်းထုတ်လျက် အလျင်စလို နောက်ဆုတ်ကာ ထက်ခြမ်းခြမ်းခံလိုက်ရပြီး သေဆုံးသွားသည့် သူတို့၏ ရဲဘော်များကို ကြည့်လိုက်မိသည်။
နန်းတော်မြို့ရိုးအပြင်ဖက်ရှိ အဆောက်အအုံများကလည်း အခြေအနေမလှ။ သူတို့လည်း ထက်ပိုင်း ဖြတ်ခံလိုက်ရ၏။ ကျင့်ကြံသူများဝေဟင်ထဲ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းလာကြသည်။
ကင်းလှည့်အသင်းသည် နန်းတော်မြို့ရိုးထိပ်ဆီသို့ အလျင်စလိုရောက်လာစဉ် နန်းတော်၏ ပညာရှင်ထောင်ချီနှင့် တော်ဝင်အစောင့်သောင်းချီတို့က အရပ်မျက်နှာအနှံ့မှ စုဝေးလာပြီး တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေလေ၏။
ကောင်းချန်သည် စူးစူးဝါးဝါးအော်လျက် သူ၏ကျန်ရှိသော မွေးဖွားဇယားချပ်များက တလက်လက်တောက်ပနေ၏။
“ကျွန်တော်မျိုး သူ့ကိုထိန်းထားလိုက်မယ် အရှင်မင်းကြီး။ ဒီအချိန်ထိပဲ ခစားနိုင်တော့မယ်”
လုကျိုးက မျက်မှောင်ကျုံ့လိုက်၏။ “မင်းကိုယ်မင်း ဖေါက်ကွဲချင်တာလား”
လုကျိုး၏ ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်သည် ကောင်းကင်စွမ်းအားဖြင့် ပေါက်ကွဲထွက်လာပြီးနောက် လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်သုံးလိုက်၏။
ဘန်း
ကောင်းချန်က နောက်သို့တွန်းထုတ်ခံလိုက်ရသည်။ သူ မီတာတစ်ရာခန့်လွင့်ထွက်သွားချိန်တွင် နေရာတစ်ခုလုံး၌ ကျယ်လောင်သည့်ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။ သူ့ကိုယ်သူဖောက်ခွဲလိုက်ရန် ရွေးချယ်ခဲ့၏။
ပေါက်ကွဲမှုကြောင့် အဆုံးသတ်အစီအရင်လည်း လှုပ်ခါသွားသည်။
လုကျိုးသည် ဒိုင်းအသွင်ဖြင့် အမည်မဲ့ကို ကိုင်ထားလျက် သူ့ရှေ့တွင် ထိန်းထားကာ နောက်သို့ရောက်သွားသည်။ မီတာတစ်ထောင်ခန့် နောက်သို့လွင့်သွားပြီးမှသာ ရပ်တန့်သွားလေ၏။ သူ၏လက်နှစ်ဖက်ထုံကျဉ်ကာ ချီနှင့်သွေးများ ခန္ဓာကိုယ်ထဲ ဗြောင်းဆန်နေလေ၏။
ဆိုရလျှင် ကောင်းချန်က လွတ်လပ်သူတစ်ယောက်ဖြစ်ပြီး သူက ဒဏ်ရာရထားပြီး မွေးဖွားဇယားချပ်တစ်ခုဆုံးရှုံးထားသော်ငြား သူ့ကိုလျော့တွက်ခြင်းက ရူးမိုက်ရာရောက်၏။
လုကျိုးသည် ယခုအချိန်၌ အန္တရာယ်ကိုအာရုံခံမိသွားသည်။ သူ မလှုပ်ရှားနိုင်ကြောင်း ရှာတွေ့သွား၏။ သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်နှင့် ထူးကဲချီသွေးကြောရှစ်ခုတို့သည် ယခုအချိန်၌ လေးတွဲ့သွားပုံပေါ်သည်။
ပေါက်ကွဲမှု၏ပြင်းအားက ကြီးမားလွန်းပေသည်။ အစီအရင်အတွင်းရှိ ကျင့်ကြံသူအားလုံးလည်း ပေါက်ကွဲသော အင်အားကို ရင်ဆိုင်ရန် အလိုလိုခုခံလိုက်ကြသည်။
အမည်မဲ့ကြောင့်သာမဟုတ်လျှင် လုကျိုးသည် အတိုက်အခိုက်ဒဏ်ပြင်းပိတ်ဆို့မှုကတ်တစ်ကတ် ဆုံးရှုံးလိမ့်မည်။ ထိုအတွေးသူ့စိတ်ထဲပေါ်လာချိန်၌ သူသည် အတိုက်အခိုက်ဒဏ်ပြင်းပိတ်ဆို့မှုကတ်များ ရှိနေသေးတာကို ရုတ်တရက် အမှတ်ရသွားသည်။
ထိုစဉ် မဟာချင်ဧကရာဇ်၏ရုပ်ပုံလွှာက ပြုံးလျက်ပြောလာသည်။
“အခု ငါ မင်းကို မသတ်နိုင်ရင် ဘယ်ချိန်က သတ်သင့်တာလဲ”
ပေါက်ကွဲမှု၏အားကို ခုခံပြီးနောက် ဓားသမား၄၉ယောက်သည် အတူတကွစုဝေးကာ နေရာပြန်ယူလိုက်သည်။ သူတို့၏ဓားပျံများကို ထိန်းချုပ်ပြီး အရပ်မျက်နှာအနှံ့မှတိုက်ခိုက်လေ၏။ ကံဆိုးသည်မှာ သူတို့သည် မဟာချင်၏ဧကရာဇ်အစစ်ကိုမရှာနိုင်သေးပေ။ စွမ်းအင်ဓားများက သူ၏ရုပ်ပုံလွှာကိုသာ ထိုးဖောက်သွားသည်။
ထိုစဉ် ရုပ်ပုံလွှာများထဲမှ တစ်ခုက လုကျိုးဆီ တဟုန်ထိုးတိုးဝင်လာသည်။ ယင်းကိုမြင်သောအခါ လုကျိုးသည် ပုံမှန်မဟုတ်သည့်အရာတစ်ခုကို လုပ်လိုက်၏။ သူ၏အသက်စွမ်းအင်အားလုံးနှင့် ကာကွယ်ရေးစွမ်းအင်အားလုံးတို့ကို ယူကာ သူ၏ဗဟိုချက်နှင့်ချီပင်လယ်ကို ချိတ်ပိတ်လိုက်သည်။ သူ့ကိုယ်သူ ထိန်းသိမ်းထားရန် အသက်စွမ်းအင်အနည်းငယ်သာ ချန်ရစ်ခဲ့၏။
ရုပ်ပုံလွှာသုံးခုသည် လုကျိုး၏ခန္ဓာကိုယ်ကို တစ်ခုပြီးတစ်ခုဖြတ်ကျော်သွားသည်။
“အစ်ကိုလု” ချင်ရန်ယွဲ့သည် ယင်းကိုမြင်သောအခါ စိတ်ရှုပ်ထွေးသွားသည်။ သို့သော်ငြား သူသည် လီတောင်တန်း၏အကြီးအကဲသုံးယောက်ကို ဖြေရှင်းနေရသောကြောင့် သူ တတ်နိုင်တာ သိပ်မရှိပေ။
လုကျိုးဆင်းသက်လာစဉ် သူသည် အတိုက်အခိုက်ဒဏ်ပြင်းပိတ်ဆို့မှုကတ်များ လျင်မြန်စွာ လျော့ပါးသွားသည်ကို တွေ့လိုက်ရ၏။
သူ့၌ အတိုက်အခိုက်ဒဏ်ပြင်းပိတ်ဆို့မှုကတ် ၁၂၀သာရှိသည်။ အသက်ရှင်စွမ်း တဝက်ကျပြီးနောက် တဝက်နီးပါးကုန်ဆုံးသွားပြီဖြစ်၏။
လုကျိုးက မြေပြင်ပေါ် ဘေးကင်းစွာ ဆင်းသက်လိုက်သောအခါ ဧကရာဇ်၏ စိတ်ရှုပ်ထွေးတုန်ယင်နေသော အသံက လေထဲပေါ်ထွက်လာသည်။
“ခန္ဓာကိုယ်အတုလား ... မဖြစ်နိုင်ဘူး။ မင်း ဘယ်လိုလုပ်လိုက်တာလဲ”
ထိုစဉ် လုကျိုး၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်စည်းတံဆိပ်သည် အရပ်မျက်နှာအနှံ့ပေါ်ထွက်လာသည်။ မွေးဖွားဇယားချပ် ၁၄ခု၏စွမ်းဆောင်ရည်ကို ချက်ချင်းထုတ်ပြလိုက်၏။
ဧကရာဇ်၏ရုပ်ပုံလွှာများသည် ဝေဟင်ထဲ သူတို့၏နေရာဆီ မြင့်မြင့်ပျံသန်းသွားသည်။
မရေမတွက်နိုင်သောအကြည့်များက ထိတ်လန့်မှုများပြည့်နေလျက် လုကျိုးကို စိုက်ကြည့်နေကြသည်။
လုကျိုးက ဧကရာဇ်ကို လျစ်လျူရှုထားပြီး နတ်ခြင်္သေ့ကို လှမ်းခေါ်လိုက်သည်။ “နတ်ခြင်္သေ့”
ရှောင်ယွမ်အာဘေးတွင်ရှိနေသော နတ်ခြင်္သေ့သည် သူ့သခင်၏ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်၏။ ၎င်းက ပါးဖောင်းလျက် အလင်းလုံးတစ်ခုထွေးထုတ်ပေးလိုက်သည်။
ဝှစ်
အလင်းလုံးသည် လုကျိုးပေါ်ရောက်သွားချိန်တွင် လေးတိလေးကန်အာနိသင်ကို ဖယ်ရှားပေးလိုက်သည်။ ပြီးနောက် နောက်ထပ်အလင်းလုံးက သူ့ပေါ်ကျရောက်လာချိန်တွင် သူ၏ကောင်းကင်စွမ်းအားအများစု ပြန်လည်ရရှိသွားပြီးဖြစ်သည်။
ဘန်း
ထိုစဉ် လီတောင်တန်း၏မဟာအကြီးအကဲသုံးဦးက မွေးဖွားဇယားချပ်စွမ်းအားကို ထုတ်လွှင့်လိုက်သည်။ ကြယ်မိုးရွာသွန်းသည့်ပမာ ချင်ရန်ယွဲ့၏ကြယ်တာရာဒိုင်ခွက်ပေါ် ကျရောက်သွား၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ချင်ရန်ယွဲ့၏ကြယ်တာရာဒိုင်ခွက်က အက်လာပြီးအနည်းငယ် ချိုင့်ဝင်သွား၏။ ချင်ရန်ယွဲ့က တာအိုစွမ်းအားကို သုံးကာ နောက်သို့ဆုတ်လိုက်သည်။
ဘန်း
မွေးဖွားဇယားချပ်များ၏ကျ န်ရှိသော စွမ်းအားက မြေပြင်ပေါ်ထိမှန်သွားပြီး ဧရာမတွင်းတစ်ခု ဖြစ်သွားစေသည်။
ထိုစဉ် နှစ်ယောက်တစ်ယောက်တိုက်ပွဲဆင်နွဲနေသည့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် သန်မာသောဖိအားကို ခံစားလိုက်ရပြီး နောက်ဆုတ်လိုက်ရလေ၏။ ယခုအချိန်တွင် မင်ရှစ်ရင်သာလျှင် အသာစီးရနေသည်။
အစောင့်လေးဦးသည် ချင်ရန်ယွဲ့ထံ၌ မွေးဖွားဇယားချပ် ဆုံးရှုံးပြီးနောက် အစတည်းက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီးသားဖြစ်သည်။ မင်ရှစ်ရင်၏ခြုံခိုတိုက်ခိုက်မှုကြောင့် သူတို့မွေးဖွားဇယားချပ်တစ်ခုစီ ဆုံးရှုံးသွား၏။
သန်မာသော ကနဦးချီမုန်တိုင်းက တက်လာချိန်တွင် သိမ်းကြုံးတိုက်ခတ်သွား၏။
ယန်ကျန်းလော့၊ လုလီ၊ ခုံဝမ်နှင့်ကျန်သည့်သူများသည် လူသားနံရံတစ်ခုဖွဲ့တည်လျက် ရှောင်ယွမ်အာနှင့် ခရုလေးရှေ့၌ ရပ်လိုက်ကြသည်။
ဘီး
ကသောင်းကနင်း ကနဦးချီတို့သည် သူတို့၏ကာကွယ်ရေးစွမ်းအင်ကို တဖြည်းဖြည်းချင်း တိုက်စားသွားသည်။
ထိုစဉ် ရှောင်ယွမ်အာက သူမ၏နိဗာနခါးစည်းကိုထုတ်လျက် ကံမီးတောက်ကိုငြိကာ လူတိုင်းကိုကာပေးလိုက်သည်။
ကံမီးတောက်မှအလင်းသည် ဧကရာဇ်၏အာရုံစိုက်မှုကိုရသွားလေ၏။ တစ်ချက်ကြည့်ပြီးနောက် သူသည် လုကျိုးကို ပြောလိုက်သည်။
“ကျုပ် ခင်ဗျားကို တကယ်မနာလိုဖြစ်မိတယ်”
လုကျိုးက ခေါင်းမော့လျက် အသံပို့ဆောင်မှုကနေ ပြောလိုက်သည်။ "ဒါကို အဆုံးသတ်ဖို့အချိန်တန်ပြီ”
အဆင့်မြှင့်နှင့်တိုးမြှင့်လျော့ချရေးကတ်သည် လုကျိုးလက်ထဲတွင်ပေါ်လာသည်။
“မင်းမှန်တယ် အဆုံးသတ်ဖို့ အချိန်တန်ပြီ”
ဝှစ် ဝှစ် ဝှစ်
ဝေဟင်ထဲတွင် အမြင့်ဆုံးအနေအထား၌ များအားလုံး တစ်ခုတည်းပေါင်းစည်းသွားတော့သည်။
လုကျိုးသည် ရုပ်ပုံလွှာများပေါင်းစည်းမှုက မဟာချင်၏ ဧကရာဇ်ဟုတ်မဟုတ် မသေချာပေ။ ထို့ကြောင့် သူသည် လျော့ချရေးကတ်ကို အလျင်စလိုမသုံးနိုင်ပေ။
ယခုအချိန်တွင် နဂါးဖြူက ဝေဟင်ထဲ ကူးခပ်သွားလာနေစဉ် ဧကရာဇ်ကဓားသမား ၄၉ဦးကို တိုက်ခိုက်လိုက်၏။ြ
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ဓားသမား၄၉ယောက်သည် တိုက်ခိုက်မှုကို ခုခံရန် အခင်းအကျင်းထဲဝင်ရောက်သွားသော်ငြား သူတို့မကြာမီ၌ တစ်ယောက်ပြီးတစ်ယောက်ပြုတ်ကျသွားလေ၏။ ထိုစဉ် ချင်ရန်ယွဲ့က သူ၏လူများကို ကူညီရန် မွေးဖွားဇယားချပ်ကို တွန်းထုတ်လိုက်၏။ သို့သော် လီတောင်တန်း၏အကြီးအကဲများက ဝင်လာပြန်သည်။ သူတို့က သူ၏ကြယ်တာရာဒိုင်ခွက်ကို အရူးအမူးတိုက်ခိုက်ကြတော့သည်။
ထိုစဉ် နဂါးဖြူများက ယန်ကျန်းလော့၊ လုလီ၊ ချုံချီ၊ ရှောင်ယွမ်အာနှင့် ခရုလေးဆီ တိုးဝင်လာပြီးနောက် မင်ရှစ်ရင်၊ လုကျိုးနှင့် ချင်ရန်ယွဲ့ဆီလည်း သွားကြသည်။
အသက်တစ်ရှိုက်စာအတွင်း အဆုံးသတ်အစီအရင်အတွင်းရှိ အနီရောင်နား နဂါးများအပြည့်အဝနေရာယူထားသည်။
“ဒါက လွှမ်းမိုးအဆင့် မြင့်မြတ်အမွေအနှစ်မဟုတ်ဘဲ အဆုံးမဲ့အဆင့် မြင့်မြတ်အမွေအနှစ်လား”
လီတောင်တန်း၏အကြီးအကဲသုံးဦးသည် ချင်ရန်ယွဲ့အာရုံထွေပြားသွားတာကို မြင်သောအခါ သူတို့၏ကြယ်တာရာဒိုင်ခွက်များကိုအလျင်စလိုဖွဲ့တည်ပြီး သူတို့၏မွေးဖွားဇယားချပ်စွမ်းအားများကို ထုတ်သုံးလိုက်တော့သည်။ သူတို့၏စွမ်းအားများက မြစ်တစ်ခုအသွင်ပြောင်းလဲသွားပြီး ချင်ရန်ယွဲ့နှင့် သူ၏ကြယ်တာရာဒိုင်ခွက်ဆီတိုးဝင်သွား၏။
ဘန်း
ချင်ရန်ယွဲ့သည် နောက်သို့လွင့်ထွက်သွားတော့သည်။ သူ၏ချီနှင့်သွေးကဆန်တက်လာပြီး သွေးက ဆန်တက်လာသည်ဟု ခံစားလိုက်ရသည်။ ကံကောင်းသည်မှာ သူ၏ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံကြောင့် အလျင်စလိုတုန့်ပြန်နိုင်သည်။ သူက ကြယ်တာရာဒိုင်ခွက်ကို ဘေးသို့တွန်းထုတ်လျက် လက်ဝါးစည်းတံဆိပ်များ ထုတ်သုံးကာ အဟုတ်အတိုင်းလိုက်ပါသွားသည်။
ဓားသမား၄၉ယောက်ကမူ ဧကရာဇ်ကြောင့် ကောင်းကင်ပေါ်မှ ပြုတ်ကျလာ၏။ လုကျိုးသည် နဂါးဖြူကို ပိတ်ဆို့ပြီးရှေ့ဆက်သွားရန် ကြယ်တာရာဒိုင်ခွက်ကို ထိန်းကိုင်လိုက်သည်။ ဧကရာဇ်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "အစီအရင်အေးခဲစေ”
ထိုစဉ် နဂါးဖြူသည် အရာအားလုံးနှင့် အစီအရင်အတွင်းရှိ လူအားလုံးကို ခဲပစ်လိုက်သည်။ “လေဟာနယ် နိယာမလား” ချင်ရန်ယွဲ့က ပြောပြီးလျှင်ပြောပြီးချင်း အေးခဲသွားတော့သည်။
အရာအားလုံးရပ်တန့်သွားတော့၏။
လုကျိုးလည်း အေးခဲသွားသည်။ သူ၏ကောင်းကင်စွမ်းအားမြှင့်တက်လာချိန်တွင် ၎င်းက ပေါ်ထွက်မလာအောင် တားလိုက်၏။ သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ကလည်း ခဲသွားသည်။ သူ၏ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်သာ လှုပ်ရှားနေ၏။ ၎င်းက ကောင်းကင်ပေါ်လက်မြှောက်ပြီး ကောင်းကင်ကို လှုပ်ရှားရန် ကြိုးစားနေသည်။
ယင်းသည် လုကျိုးမြင်ဖူးသမျှထဲ အသန်မာဆုံးတာအိုစွမ်းအားဖြစ်သည်။
ဧကရာဇ်က ပြောလိုက်၏။ "မင်း ဘယ်လိုထင်လဲ။ အခု လူတိုင်းက လွတ်လပ်တဲ့လေဟာနယ်ထဲရောက်နေပြီ”
လူတိုင်းတစ်ယောက်နှင့်တစ်ယောက်ခွဲခြားခံထားရသည်။ သူတို့က အမှောင်ထု၊ အဆုံးမရှိဟင်းလင်းပြင်ထဲ တစ်ကိုယ်တည်း မျောလွင့်နေရသလိုပင်။ အခြားသူမရှိ။ သူတို့သာရှိ၏။
ဧကရာဇ်ကဆက်ပြောလိုက်၏။
“အဆုံးသတ်အစီအရင်ရဲ့အကြီးမြတ်ဆုံးစွမ်းအားကို အသက်သွင်းနိုင်ဖို့ ငါ့ရဲ့အသက်၊ ငါ့ဘဝ သက်တမ်း တစ်သောင်းကိုသုံးခဲ့ရတယ်။ မင်းကို ကြည့်ခွင့်ပေးမယ်”
ဧကရာဇ်က လူတိုင်း၏လွတ်လပ်သောလေဟာနယ်ထဲတွင်ပေါ်လာသည်။
ယွီကျန့်ဟိုင်သည် သူလက်ဝါးဖြင့်ရိုက်လိုက်သော်ငြား မည်သည့်ထိခိုက်မှုမှ မဖြစ်စေခဲ့ပေ။ ထိုအစားလက်ဝါးစည်းတံတိပ်ကြောင့် နောက်သို့လွင့်ထွက်သွား၏။ ထိုစဉ် ဆန်းကျယ်မှုတစ်ခုပေါ်ထွက်လာပြီး သူ့ကိုရစ်ဝဲလာ၏။
“မဟာလေဟာနယ်စွမ်းအင်လား။ မင်းမှာ မဟာလေဟာနယ်စွမ်းအင်ရှိတာလား” ဧကရာဇ်က အထိတ်တလန့်ပြောလိုက်သည်။
ယွီကျန့်ဟိုင်က ဧကရာဇ်ကို မတုန့်ပြန်ခဲ့ပေ။ သူ မြဲမြံစွာရပ်နိုင်သည့်အချိန်တွင် စွမ်းအင်ဓားမော့များဖြင့် ဆက်လက်တိုက်ခိုက်၏။
“ရုပ်ပုံလွှာသပ်သပ်ပဲလား။" ယွီကျန့်ဟိုင်သည် ဧကရာဇ်၏ရုပ်ပုံလွှာပျောက်ကွယ်သွားသောအခါ မျက်မှောင်ကျုံ့မိသွား၏။ သူက ထွက်လမ်းတစ်ခုကို ဆက်လက်ရှာဖွေနေသည်။
အဆုံးသတ်အစီအရင်သည် မဟာလေဟာနယ်စွမ်းအင်ကို ရင်ဆိုင်ရာ၌ သက်ရောက်မှုမရှိပေ။
အစတည်းက အဆုံးသတ်အစီအရင်ကို ထိန်းသိမ်းရန် အသက်စွမ်းအင်များစွာကို သုံးထားရသည်။ ဧကရာဇ်က သူ မြန်မြန်ဆန်ဆန်လှုပ်ရှားရမည်မှန်း သိနေ၏။ အချိန်ဆွဲလေလေ သူ့အတွက် အရေးနိမ့်စေလေဖြစ်သည်။
ယွီရှန်းရုန်သည် လွတ်လပ်သောလေဟာနယ်ထဲတွင် ဖြစ်သည်။
ဧကရာဇ်သည် နောက်ထပ်လက်ဝါးစည်းတံဆိပ်တစ်ခု သုံးလိုက်ပြန်၏။ ရလဒ်က တူညီနေသည်။ မဟာလေဟာနယ်စွမ်းအင်က ယွီရှန်းရုန်ကို လွှမ်းခြုံလျက် သူက လေထဲကျော့ရှင်းစွာရပ်နေကာ ဧကရာဇ်၏ရုပ်ပုံလွှာကို ပိုင်းဖြတ်ရန် စွမ်းအင်ဓားမော့များစွာကို ဆင့်ခေါ်လိုက်သည်။
“မဟာလေဟာနယ်စွမ်းအင် ဖြစ်နေပြန်တာလား” ဧကရာဇ်၏ရင်ထဲ၌ အမျက်ဒေါသများတောက်လောင်နေပြီး ထွက်သွားရတော့သည်။
နိယာမသဘောတရားအရ စွမ်းအင်အားလုံး၌ ရင်းမြစ်နှင့်လားရာတစ်ခုရှိသည်။ တကယ်တော့ အဆုံးသတ်အစီအရင်သည် လေဟာနယ်သို့ပြန်လည်ရောက်ရှိခြင်း အစီအရင်ဖြစ်ကြောင်းလည်း လူများများစားစားမသိကြပေ။
ခန့်မှန်းမိပြီးဖြစ်သော်ငြား အဆုံးသတ်အစီအရင်၏လားရာသည် မဟာလေဟာနယ်ပဲဖြစ်သည်။ အစီအရင်ထဲရှိ လမ်းကြောင်းအားလုံးသည် တူညီသော လားရာတစ်ခုဆီဦးတည်နေ၏။ အရင်းအမြစ်နှင့်လားရာက တူညီနေသည်။ ထို့ကြောင့် အစီအရင်သည် မဟာလေဟာနယ်ကို ရင်ဆိုင်ရာ၌စွမ်းအားကင်းမဲ့၏။
ရှောင်ယွမ်အာနှင့် ခရုလေး၏ လွတ်လပ်သောလေဟာနယ်ထဲသွားသည့်အချိန်တွင်လည်း ရလဒ်က တူညီနေ၏။
သူသည် ထိတ်လန့်သွားကာ ရွေးချယ်စရာမရှိတော့ဘဲ ရုပ်ပုံလွှာကို ရုပ်သိမ်းလိုက်ရသည်။ သူ့ရှေ့ရှိ လွတ်လပ်သောလေဟာနယ်များကို မယုံနိုင်စွာကြည့်နေသည်။ နောက်ဆုံး၌ မင်ရှစ်ရင်၏ လွတ်လပ်သော လေဟာနယ်ဆီရောက်သွားသည်။
ဘာမှအတည်ပြုဖို့မလိုတော့ပေ။ မင်ရှစ်ရင်သည် မဟာလေဟာနယ်မျိုးစေ့ပိုင်ဆိုင်ထားကြောင်း သူ သိ၏။ ယွီကျုံးနှင့် တိုက်ပွဲပြီးနောက် မင်ရှစ်ရင် ဖော်ထုတ်ခံခဲ့ရပြီးဖြစ်သည်။
ခဏတဖြုတ်စဉ်းစားပြီးနောက် ဧကရာဇ်သည် မင်ရှစ်ရင်၏လွတ်လပ်သော လေဟာနယ်ဆီသွားရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ယခုအခေါက်တွင် သူ၏ရုပ်ပုံလွှာကို မသုံးခဲ့ဘဲ ကိုယ်အစစ်ကိုသုံးခဲ့သည်။
ဧကရာဇ်ပေါ်လာလျှင် ပေါ်လာခြင်း မင်ရှစ်ရင်က သူ၏ဒုတိယမြောက်မွေးဖွားစမ်းသပ်မှု စွမ်းရည်ကို ရွတ်ဆိုပြီးပြောလိုက်သည်။ "ကျုပ် ခင်ဗျားကို စောင့်နေတာကြာပြီ”
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ဧကရာဇ်ကလက်မြှောက်လျက် တိုက်ခိုက်မှုများကို ပိတ်ဆို့လိုက်သည်။ သူသည် အဆုံးမဲ့လေဟာနယ်ထဲ ဆက်တိုက်တွန်းပို့ခံရသည်။ တစ်ချိန်တည်းတွင် သူက ဟိန်းဟောက်လိုက်၏။ “မင်းက တကယ်ကျိုးကြောင်းမသင့်တာ။"
မင်ရှစ်ရင်က တိုက်ခိုက်မှုကို အာရုံစိုက်နေသည်။ သူ့လက်ထဲခွဲခွာချိတ်ကောက်က ဧကရာဇ်ကို ဟာရီကိန်းတစ်ခုပမာ ဝင်ရောက်တိုက်ခိုက်ပြီး ဧကရာဇ်နောက်ဆုတ်အောင် ဖိအားပေးနေ၏။
မင်ရှစ်ရင်က ရယ်မောလိုက်သည်။ “အဲ့လိုလား”
ဧကရာဇ်က အသံတိုးတိုးဖြင့် ဒေါသတကြီးပြောလိုက်သည်။
“အစကနေအဆုံးထိ ငါ မင်းကို တစ်ခါမှအလေးမထားခဲ့ဘူး။ ထွက်သွားစမ်း”
နဂါးဖြူသည် ဧကရာဇ်၏အင်္ကျီလက်ထဲမှ ပေါ်ထွက်လာ၏။ ၎င်း၏ဟိန်းသံက ဘုံကိုးဘုံကို လှုပ်ခါသွားစေပြီး မင်ရှစ်ရင်ကို နောက်သို့လွင့်ထွက်သွားစေသည်။
မင်ရှစ်ရင်က နောက်လန်ကျသွားကာ သွေးတစ်ပွက်အန်သွားလေ၏။ ခွဲခွာချိတ်ကောက်က သူ၏လက်ထဲမှချော်ထွက်သွားပြီး လေထဲလည်ထွက်သွားသည်။
ဧကရာဇ်က လှစ်ခနဲပင် မင်ရှစ်ရင်ရှေ့၌ ပေါ်လာပြီးမေးလိုက်သည်။
“ငါ မင်းကို သတ်လိမ့်မယ်လို့ မထင်ဘူးမလား”
မင်ရှစ်ရင်က ရယ်မောလျက် ကလန်ကဆန်ပြောလိုက်သည်။ “ဒါဆို သတ်လိုက်လေ”
ဧကရာဇ်က လက်မြှောက်လိုက်သော်ငြား အဆုံးကျ သူ မရိုက်ချခဲ့ပေ။
မင်ရှစ်ရင်က ပြောလိုက်၏။ “ကျုပ် အသက်ရှည်တာလုံလောက်ပြီ။ ကျုပ် သေမယ်ဆိုရင်တောင် ကျုပ် ရှစ်စွင်းက ခင်ဗျားကို အရှင်လတ်လတ်အရေခွံစုတ်မယ်မှန်း သိနေတော့ ကျုပ် ကျေနပ်တယ်”
“မင်း ငါ့ကို အဲ့လောက်မုန်းလား”
“ခင်ဗျား ကျုပ် ဘယ်သူလဲ မသိဘူးမလား။ သိလား” မင်ရှစ်ရင်က ရယ်မောလိုက်သည်။ “အဲ့ဒီအဖိုးကြီး မုန့်မင်ရှစ်ကို သတ်ပေးတဲ့အတွက် ကျုပ် ခင်ဗျားကို ကျေးဇူးတင်ရဦးမယ်။"
မင်ရှစ်ရင်သည် ထိုစကားများကြောင့် အနည်းငယ်မှင်တက်နေ၏။ “မင်း သိတယ်လား” ဧကရာဇ်သည် မင်ရှစ်ရင်၏တိုက်ခိုက်မှုများကိုခုခံရုံသာ ခုခံခဲ့သည်။ သူ၏လှုပ်ရှားမှုများက ပေါ့ပါးနေလျက် ပြောလိုက်သည်။
“ငါ မင်းကို မသတ်သေးဘူး။ မင်းရဲ့ဆရာကို ငါ သတ်နေတဲ့အချိန် ကြည့်နေရအောင် ငါ အသက်ရှင်ခွင့်ပေးထားမယ်”
ဧကရာဇ်က အင်္ကျီလက်ကို ခါလျက်ပျံသန်းသွားစဉ် မင်ရှစ်ရင်က မှောင်မည်းနေသော ဟင်းလင်းပြင်ထဲရှိ လူအားလုံးကို မြင်နိုင်သော်ငြား သူတို့က သူ့ကို မမြင်နိုင်ပေ။ သို့သော် ယင်းသည် ဧကရာဇ်ထွက်သွားပြီး တစ်စက္ကန့်အကြာတွင်သာဖြစ်သည်။
ဧကရာဇ်သည် လုကျိုး၏လွတ်လပ်သော လေဟာနယ်သို့ရောက်သည့်အချိန်တွင် လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကိုမြှောက်ကိုင်လျက် အရပ်မျက်နှာအနှံ့လင်းထိန်သွားစေသည်။
ကောင်းကင်စွမ်းအားထည့်ထားသည့် ရွှေရောင်အလင်းတန်းသည် အမှောင်ထုကို ဖယ်ရှားပစ်ကာ မလှုပ်မရှားနိုင်သည့်လူများကို ကယ်တင်ပေးခဲ့၏။ သူတို့၌ မဟာလေဟာနယ်စွမ်းအင်ကာကွယ်မှု မရှိသောကြောင့်ဖြစ်သည်။
ချင်ရန်ယွဲ့၊ ခုံဝမ် သူ၏ညီနောင်များ၊ ယန်ကျန်းလော့နှင့် လုလီတို့သည် မကြာမီ၌ တောက်ပနေသော ရွှေရောင်အလင်းကို တွေ့လိုက်ရသည်။
“အစ်ကိုလုလား”
“မျှော်နန်းသခင်”
ရွှေရောင်အလင်းသည် ရုပ်ပုံလွှာအားလုံးကို ဖြတ်ကျော်သွားပြီး သူတို့၏သွင်ပြင်အမှန်ကို ထုတ်ပြလိုက်သည်။ လုကျိုးအဖို့ သူ့ရှေ့တွင် ရပ်နေသည့် ဧကရာဇ်က အစစ်အမှန်ဆိုတာ အချိန်သိပ်မယူခဲ့ရပေ။ “ရိုင်းစိုင်းလိုက်တာ” လုကျိုးက ပြောပြီး လျော့ချရေးကတ်ကို ခြေမွလိုက်၏။
မဟာချင်၏ ဧကရာဇ်သည် လုကျိုး၏ခန္ဓာကိုယ်က စွမ်းအားဖြင့် ပေါက်ကွဲတော့မှာကို သတိပြုမိသွားပြီး ထိတ်လန့်သွား၏။ သူက နဂါးဖြူအသွင်လျင်မြန်စွာပြောင်းလျက် လုကျိုးကို ခုန်အုပ်လိုက်သည်။
သာလွန်လျော့ချရေးကတ်မှ အမှောင်စွမ်းအင်သည် ငရဲကနေပေါ်ထွက်လာသည့်ပမာ အဖြူရောင်နဂါးကို ရစ်ဝဲထားတော့၏။
သေခြင်းတရားလက်နှင့် ဆင်တူသည့် ရင်းနှီးနေသောလက်ဝါးစည်းတံဆိပ်၏စွမ်းအားသည် ဧကရာဇ်ရှေ့၌ ပေါ်လာပြန်သည်။
အဆုံးသတ်အစီအရင်က ယခုအချိန်တွင် အသုံးမဝင်တော့ပေ။
လျော့ချရေးကတ်၏စွမ်းအားက ဧကရာဇ်နား နီးကပ်လာစဉ် သူ၏ကြယ်တာရာဒိုင်ခွက်ကိုဖွဲ့တည်လိုက်၏။
မွေးဖွားဇယားချပ် ၁၈ခုလား ... လုကျိုးသည် ဧကရာဇ်၏မွေးဖွားဇယားချပ် အရေအတွက်ကြောင့် အံ့ဩသွားသည်။
အစက ဧကရာဇ်၌ မွေးဖွားဇယားချပ် ၂၂ခုသာရှိသည်။ လုကျိုးက အဆင့်မြှင့်နှင့် တိုးမြှင့်လျော့ချရေးကတ်ကို အသုံးပြုပြီးနောက် ဧကရာဇ်သည် မွေးဖွားဇယားချပ် ၅ခုဆုံးရှုံးသွားသည်။ ဆိုလိုသည်က သူ့၌ မွေးဖွားဇယားချပ် ၁၇ခုသာ ရှိသင့်သည်။ မည်ကဲ့သို့ ၁၈ခုဖြစ်နေရသနည်း။ ဧကရာဇ်က သူ၏မွေးဖွားဇယားချပ်များကို လျင်မြန်စွာ ပြန်ကောင်းအောင် လုပ်နိုင်မည့်ပုံမပေါ်။ ထိုသို့ဆိုလျှင် ဖြစ်နိုင်ချေတစ်ခုသာရှိသည်။ ဧကရာဇ်သည် လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ အဆင့်ချိုးဖြတ်တက်လာပြီး မွေးဖွားဇယားချပ်တစ်ခု အသက်သွင်းထားကာ ဆရာသခင်အဆင့်သို့ပြန်ရောက်လာတာဖြစ်၏။ ဧကရာဇ်သည် ယခင်က မွေးဖွားဇယားချပ် ၅ခုမဆုံးရှုံးခဲ့လျှင် သူသည် သူတော်စင်တစ်ပါးဖြစ်ရန်နီးစပ်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်နေလောက်သည်။
ဧကရာဇ်သည် တတ်စွမ်းသမျှရုန်းကန်ခဲ့၏။ ယခုအချိန်တွင် သူက ဧကရာဇ်တစ်ပါး၏ အငွေ့အသက်မျိုး မရှိတော့ပေ။ သူ၏နဂါးဝတ်ရုံက စုတ်ပြဲနေလျက် ဆံပင်များ မသေမသပ်ဖြစ်နေကာ မျက်လုံးက သွေးနီရောင်သန်းနေသည်။ မျက်နှာပေါ်ရှိ အမူအရာကလည်း မမြင်ရတော့ပေ။
မှင်ရောင်လက်သီးပေါ်ထွက်လာပြီး ဧကရာဇ်၏ကြယ်တာရာဒိုင်ခွက်ကို လျှပ်ပြက်သောအရှိန်ဖြင့် ဖမ်းဆုပ်လျက် အသက်ဓာတ်နှလုံးသားကို ဆွဲထုတ်လိုက်သည်။
“မဟုတ်ဘူး”
ဧကရာဇ်၏ဝိညာဉ်က တုန်ယင်သွားသည်။ သေခြင်းတရားလက်က သူ၏ဗဟုသုတ လောကအမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်၏။ သူ လုံးဝခုခံနိုင်စွမ်းမရှိဘဲ သေမင်းလက်က အသက်ဓာတ်နှလုံးသားကို ဆွဲထုတ်သွားတာပဲ ကြည့်နေရသည်။
အဆုံးသတ်အစီအရင်အတွင်း၌ ကနဦးချီမုန်တိုင်းက စတင်ပေါ်ပေါက်လာ၏။
လုကျိုးသည် သူ၏လက်ကို ဝေ့ယမ်းလိုက်ပြီး အသက်ဓာတ်နှလုံးသားကို သူ့လက်ထဲယူဆောင်လာ၏။ ၎င်းသည် ဧကရာဇ်၏မွေးဖွားဇယားချပ်၁၈ခုကို အသက်သွင်းရာ၌ ကူညီပေးသည့် အသက်ဓာတ်နှလုံးသားဖြစ်သည်။ ယင်း၌ အစွန်းများရှိပြီး အစိမ်းရောင်အလင်းများဖြင့် တောက်ပနေကာ စွမ်းအင်များပြည့်နှက်နေ၏။ ယင်းက သားရဲ ဧကရာဇ်တစ်ပါး၏ အသက်ဓာတ်နှလုံးသားပဲဖြစ်သည်။ လုကျိုးကလက်ဝေ့ယမ်းလိုက်ပြီး အသက်ဓာတ်နှလုံးသားကို သူ့လက်ထဲဆွဲယူလိုက်၏။ ယင်းသည် ဧကရာဇ်၏ ၁၈ခုမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းရာ၌ ကူညီပေးသည့်အသက်ဓာတ်နှလုံးသားပဲဖြစ်သည်။ ယင်း၌ အစွန်းသတ်များရှိပြီး အစိမ်းရောင်အလင်းများဖြင့် တောက်ပနေကာ စွမ်းအင်များပြည့်နှက်နေ၏။ ယင်းက သားရဲ ဧကရာဇ်တစ်ပါး၏အသက်ဓာတ်နှလုံးသားဖြစ်သည်။
ကနဦးချီမုန်တိုင်းက အစီအရင်ထဲ ဆက်လက်ကသောင်းကနင်းဖြစ်နေလျက် အစီအရင်ကို အားနည်းစေသည်။
ပြီးနောက် ဧကရာဇ်၏မွေးဖွားဇယားချပ် ၄ခုကို ဆက်တိုက်ဆုံးရှုံးသွားစေသည်။ သူက မွေးဖွားဇယားချပ်၅ခု ဆုံးရှုံးသွားပြန်၏။ မွေးဖွားဇယားချပ် ၁၈ခုရှိရာမှ ယခုဆို ၁၃ခုသာ ကျန်တော့သည်။
ဧကရာဇ်သည် ကြိုးဖြတ်ခံလိုက်ရသည့် ရုပ်သေးရုပ်ပမာ အမှောင်ထဲတွင် ထိုင်နေမိသည်။ သူ ခေါင်းငုံ့ထားလျက် ထိန်းချုပ်မရအောင် တုန်ယင်နေ၏။ သေခြင်းတရားလက်သည် သူ့ကို ပထမဆုံးသင်ခန်းစာလေးတစ်ခု ပေးခဲ့သော်ငြား သေခြင်းတရားလက်နှင့် ဒုတိယအကြိမ်တွေ့ဆုံမှုက သူ့ကို စိတ်ပျက်အားငယ်မှု ပင်လယ်ထဲ အပြည့်အဝတွန်းထုတ်လိုက်သည်။ သူ့အဖို့ မွေးဖွားဇယားချပ်၁၀ခု အချိန်တိုအတွင်းဆုံးရှုံးရခြင်းထက် ပိုနာကျင်စိတ်ပျက်အားငယ်ဖွယ်ကောင်းတာမရှိပေ။ ခဏအကြာ၌ သူက တုန်တုန်ယင်ယင်ပြောလိုက်၏။ “မင်း မင်းက မျှခြေထိန်းသိမ်းသူပဲ”
လုကျိုးက ခေါင်းခါပြီးပြောလိုက်သည်။ “မဟုတ်ဘူးပြောရင် ယုံမှာလား။"
ဧကရာဇ်က သက်ပြင်းချလိုက်မိသည်။ စိတ်ပျက်အားငယ်မှုက အထင်းသားဖြစ်နေ၏။ “ကိစ္စမရှိတော့ဘူး။ ငါ ရှုံးသွားပြီပဲ”
“ငါ့ဆီမှာ ရှုံးတာ မင်း ဂုဏ်ယူနေသင့်တယ်” လုကျိုးက ပြောလိုက်၏။
ဧကရာဇ်က ရယ်မောလိုက်၏။ သို့သော်ငြား သူ၏ရယ်သံသည် ငိုယိုမှုအဖြစ်ပြောင်းလဲတာ သိပ်မကြာခဲ့ပေ။ သူ ရယ်ရမလား ငိုရမလား မသိတော့။
“ငါ ဒီလောက်ကြိုးစားအားထုတ်ခဲ့တယ်။ ဘာလို့လဲ မျှခြေထိန်းသိမ်းသူတစ်ယောက်က ငါ့ကို ပစ်မှတ်ထားရတာလဲ”
လုကျိုးက ဆွံ့အနေသည်။ ငါက တကယ်မျှခြေထိန်းသိမ်းသူ မဟုတ်ဘူးလို့။
မည်သို့ပင်ဆိုစေ လုကျိုးသည် ရှင်းပြမနေတော့ပေ။ “အဆုံးသတ်အစီအရင်ကို ပြန်ရုပ်သိမ်းပြီး နဂါးဖြူတွေကို သိမ်းလိုက်။ မင်းကို မြန်မြန်သေခွင့်ပေးမယ်”
ဧကရာဇ်က ထိုစဉ် ခေါင်းမော့ပြီး ရက်စက်သောအပြုံးဖြင့်ပြောလိုက်လေ၏။ “တကယ်ပဲ ငါ ရှုံးသွားပြီ။ ဒါပေမဲ့ မင်းလည်း အခြေအနေမကောင်းပါဘူး။ ငါက နိုင်ငံတစ်နိုင်ငံကို အုပ်စိုးပြီး ကျင့်ကြံခြင်းလောကကို အုပ်စိုးခဲ့တယ်။ ဒီမတိုင်မှီက ငါနဲ့ပြိုင်ဖက်ဖြစ်နိုင်မဲ့သူကို တစ်ခါမှ မတွေ့ဖူးဘူး။ မျှခြေထိန်းသိမ်းသူတစ်ယောက်နဲ့တွေ့ခဲ့တာ ဒီနေ့သေရင် နောင်တရစရာမရှိတော့ဘူး” သူက ရယ်လျက်ပြောလိုက်သည်။ "ရွှေကြာနယ်မြေထဲက မိစ္ဆာဝေဟင်မျှော်နန်းဆီ လူလွှတ်ထားပြီးသား။ သူတို့အားလုံး ငါ့ရဲ့ဈာပနပွဲအတွက်လိုက်ပါလာမှာ”
လုကျိုးက ပြောလိုက်၏။ "မင်းကို စိတ်ပျက်စေမှာစိုးတယ်။ မင်းရဲ့လူတွေအားလုံး လုဝူရဲ့အစာဖြစ်လာမှာ”
“လုဝူလား” ဧကရာဇ်က မှင်တက်သွား၏။ သူ၏အမူအရာက ထူးဆန်းသွားကာ မေးလိုက်တော့သည်။ “အဝါရောင်ကြာနယ်မြေကကော”
လုကျိုးက အနည်းငယ်အံ့ဩသွားသည်။ “မင်း အဝါရောင်ကြာနယ်မြေကို သိတယ်လား”
“အဲ့ကနေ ဆန်းကျယ်ကျောက်တုံးတွေရလာတာ။ ငါ့ရဲ့နဂါးဖြူကျောက်စိမ်းကနေ အဆုံးမဲ့အဆင့်ထိ မြှင့်တင်ခဲ့တာ အဲ့လိုပဲ။ လွန်ခဲ့တဲ့ လဝက်တုန်းက အရူးဖက်တီးတစ်ကောင်က ငါ့ရဲ့ကျောက်တုံးငယ်တွေကို ခိုးယူဖို့ အဝါရောင်ကြာကျင့်ကြံသူ တစ်ထောင်ကျော် ဦးဆောင်လာတယ်လေ။ အဝါရောင်နယ်မြေကဟာတွေကို ဂရုမစိုက်ပေမဲ့ ဆန်းကျယ်ကျောက်တုံးငယ်တွေကတော့ ငါ့ဟာပဲ။ အရင်ရက်တွေတုန်းက ကျောင်းစံအိမ်ဆီ လာတဲ့အချိန် မင်းကို ဒီကိစ္စမေးဖို့ရည်ရွယ်ခဲ့တာ။ ဒါပေမဲ့ မင်း မကြားချင်တော့ ငါလည်း သူ့ကိုသတ်ဖို့ လူလွှတ်ခဲ့တာ” ဧကရာဇ်ကရယ်မောလျက် ပြောလိုက်သည်။ “မျှော်နန်းသခင်လု ... ဒုက္ခမိုင်တစ်ရာရှုကွင်းကျင့်ကြံသူတစ်ယောက်က မွေးဖွားဇယားချပ်ရှစ်ခု ကျင့်ကြံသူတစ်ယောက်ကို ယှဉ်နိုင်မှာလား”
လုကျိုးသည် မျက်မှောင်ကျုံ့မိသွားကာ အမြင်စွမ်းအားအတွက်မန္တန်ကို တိတ်တဆိတ်ရွတ်ဆိုလိုက်သည်။ သူ၏အဌမမြောက်တပည့်ကို လျစ်လျူရှုထားမိသည့်အတွက် သူ့ကိုယ်သူအပြစ်တင်မိသည်။
သူ့ရှေ့၌ ဖွတ်ဖွတ်ညက်ညက်ကြေနေသည့် မြင်ကွင်းတစ်ခုကပေါ်လာသည်။ သွေးသံရဲရဲတိုက်ပွဲပြီးနောက် ဖြစ်ရပ်မြင်ကွင်းဆိုတာ သိသာနေသည်။
အလောင်းများ၊ ခြေပျက်လက်ပျက်များစွာက နေရာအနှံ့ရှိနေကာ မီးလောင်ပြီး တူးခြစ်နေသည်။
မြို့က မီးနှင့်သွေးကြောင့် အနီရောင်နှင့်အနက်ရောင်ပြည့်နေသည်။
မြို့ရိုးပေါ်၌ အလောင်းများလည်း ချိတ်ဆွဲခံထားရပြီး သွေးတစ်စက်စက်ကျနေသည်။
အော်သံများက လမ်းများနှင့် လမ်းကြားများထဲပြည့်နေသည်။ ကလေးများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများက မှင်တက်စွာ ထိုင်နေပြီး သူတို့ခန္ဓာကိုယ်၌ သွေးများစွန်းထင်းနေသည်။
လုကျိုးသည် သူ့ကိုယ်သူလူကောင်းတစ်ယောက်ဟု မထင်သလို သူရဲကောင်းတစ်ယောက်ဟုလည်း မထင်ပေ။ သူသည် လောကကြီးထဲရှိလူအားလုံးကို ကယ်တင်မည်ဟု အိပ်မက်မရှိသလို လောကကြီးထဲ၌ ကုသိုလ်ပိုင်ဆိုင်ကာ ကောင်းကျိုးများဆောင်ရွက်ပေးသည့်အကျင့်စရိုက်များလည်း မရှိပေ။ သို့သော် ဤမြင်ကွင်းကို တွေ့ချိန်၌ သူ့ရင်ထဲ ဒေါသများထွက်လာသည်။
ကျူးဟုန်ကုန်းက မြို့ကိုစစ်ဆေးစဉ် သူ၏မျက်လုံးထဲရှိ ဝမ်းနည်းမှုကို မဖုံးကွယ်နိုင်တော့ချေ။ ကျန်သည့်သူများနည်းတူ သူ့ကိုယ်၌ သွေးများစွန်းထင်းနေ၏။ သူက မြို့ရိုးပေါ်ဖြည်းဖြည်းချင်းတက်ကာ အဝေးကိုကြည့်လိုက်သည်။
လုကျိုးသည် မြို့ရိုးနောက်ရှိ မြင်ကွင်းကိုတွေ့သောအခါ တုန်ယင်သွားတော့သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများ၊ အရပ်သားများ၊ စစ်သည်များက မြေပြင်ပေါ်တွင် ပြည့်ကြပ်နေကြသည်။ မိုင်တစ်ရာပတ်လည်က ထိုလူများဖြင့်ပြည့်နေ၏။
မြေပြင်ပေါ်တွင် အလောင်းများလဲကျနေတာကိုလည်း တွေ့ရသည်။ တချို့က လူသားတို့၏အလောင်းများဖြစ်ပြီး တချို့က ကြမ်းတမ်းခက်ထန်သားရဲများဖြစ်သည်။ သူတို့က ရှင်သန်သူများအတွက် လုံးဝဆန့်ကျင်ဖက် သာဓကဖြစ်နေသည်။
တစ်ချိန်တည်းတွင် စစ်ပွဲ၏ရှင်သန်သူများက မြို့ဂိတ်ကနေလျှောက်လာ၏။
ကျူးဟုန်ကုန်းက ရုန်းကန်လျက် အော်ဟစ်ရန် ကနဦးချီကိုသုံးလိုက်၏။ “ငါတို့နိုင်သွားပြီ”
မြို့ပြင်မိုင်တစ်ရာအတွင်း လူတိုင်း တညီတညွတ်တည်းဒူးထောက်လိုက်၏။
“တင်း ... လူပေါင်း ၅၂၂၄၂၀၏ ကိုးကွယ်မှုကို ရရှိပါတယ်။ ကုသိုလ်မှတ် ၅၂၂၄၂၀မှတ် ရပါတယ်”
ကျူးဟုန်ကုန်းက ပြုံးလျက်မျက်လုံးမှိတ်ကာ လဲကျသွားတော့သည်။
ကျူးဟုန်ကုန်း သတိလစ်ပြီးနောက် လုကျိုးသည် အမှောင်ထုသာမြင်တွေ့ရသောကြောင့် ထန်ခန်းကိုစီးလျက် ကျူးဟုန်ကုန်းကို ဖမ်းရန် ကျောင်းဟုန်ဖုကို မတွေ့ခဲ့ရပေ။
တစ်ဆက်တည်းတွင် ...
“တင်း ... ကျူးဟုန်ကုန်းက သူ ပညာရှင်သင်ကြားမှုပြီးမြောက်ရန် လိုအပ်ချက် ပြည့်မှီပါပြီ။ ပညာသင်ကြားမှု ပြီးမြောက်စေလိုပါသလား”
...
အခန်း (၁၃၄၀)
လုကျိုးက ကျူးဟုန်ကုန်းသည် သူ့သင်ယူမှုကို ပြီးမြောက်ဖို့ လိုအပ်ချက်နှင့် ကိုက်ညီသွားသည့် အကြောင်းအရင်းကို စဉ်းစားနေဖို့ အချိန်များများစားစား မရှိပေ။
လုကျိုးက ကျူးဟုန်ကုန်း၏ သေခြင်းရှင်ခြင်းကိုပင် မသိရသေးသည့်အကြောင်း တွေးမိသွားသည့်အခါ သင်ကြားမှုပြီးဆုံးဖို့ရာ ငြင်းဆန်ဖို့ တွေးလိုက်သည်။ သို့သော်လည်း ယခင်ဖြစ်ရပ်များက သူ့စိတ်ထဲ ပြန်လည်ပေါ်ထွက်လာ၏။
ကျူးဟုန်ကုန်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ စတင်ဝင်ရောက်ခဲ့စဉ်အခါက ကျင့်ကြံရေးပါရမီ မရှိဘဲ မဟာလေဟာနယ်မျိုးစေ့ကိုသာ မှီခိုခဲ့ပြီး သူ့ရုပ်ခန္ဓာကို ပြောင်းလဲခဲ့ရသည်။ သို့သော်လည်း သူက အခက်အခဲများစွာကို တွေ့ကြုံခံစားခဲ့ရပြီး သူ့အစ်ကိုကြီးများထက်ပင် နည်းမည်မဟုတ်ပေ။
သူက အားနည်းပြီး တစ်ခါတစ်ရံတွင် တခြားသူများကို အနိုင်ကျင့်ရတာကို သဘောကျလေ့ရှိ၏။ ရံဖန်ရံခါ သူသည် သူ့စွမ်းအားနှင့် ယောက်ျားဆန်မှုကို ပြသဖို့ တိုက်ပွဲများစွာ တိုက်ခိုက်လေ့ရှိသည်။ သူက သူ့ဆရာနှင့် ဂိုဏ်းတူအစ်ကိုကြီးများကို ကြောက်ရွံ့ပြီး မကြာခဏ ဖားယားလျက် ရှိသည်။ အားလုံးက သူ့ကို ငတုံးဟု ထင်ထားကြသော်လည်း တကယ်တမ်းမူ လုကျိုး၏ တပည့်အားလုံးအနက် သူက အရှင်းလင်းဆုံး နေထိုင်သူတစ်ဦး ဖြစ်၏။
သင်ယူမှုပြီးဆုံးဖို့ လိုအပ်ချက်များက ကျင့်ကြံဆင့်နှင့် စွမ်းအား သို့မဟုတ် သေချာသည့် နည်းစနစ်တစ်ခုကို ကျွမ်းကျင်ရုံမျှသာ မကပေ။ ထိုအရာက မတိုင်းတာနိုင်သည့် အရွယ်ရောက်မှုတို့အပေါ်လည်း မူတည်နေလေ၏။ မေးခွန်းထဲမှ အရွယ်ရောက်မှုအတွက်မူ ကျူးဟုန်ကုန်းက သူသည် သူ့ပုခုံးပေါ်၌ ဝန်ထုပ်ဝန်ပိုးကို ထမ်းဆောင်နိုင်ပြီး သူ့ကိုယ်ပိုင်ကိစ္စများကို တာဝန်ယူကာ အဆုံးသတ်ထိ ထိုးဖောက်မြင်နိုင်စွမ်းရှိကြောင်း ပြသခဲ့လေသည်။
ကောင်းကင်ကျမ်းနှင့် အမြင်စွမ်းအားကို ဖြတ်တောက်ပြီးသည့်နောက်တွင် လုကျိုးက သူ့နှလုံးသားနောက်လိုက်ကာ တွေးလိုက်သည်။
“သင်ကြားမှုကို ပြီးမြောက်မယ်”
“တင်း တပည့်ဖြစ်သူ ကျူးဟုန်ကုန်းက သင်ယူမှု ပြီးမြောက်သွားပါပြီ”
“တင်း တပည့်တွေက သူတို့ဆရာဆီကနေ ထွက်ခွာပြီး ကမ္ဘာကြီးဆီ ဝင်ရောက်ပြီးနောက်မှာလည်း သူတို့ဆရာအတွက် ဆုလာဘ်တွေကို ထောက်ပံ့ပေးနိုင်ပါလိမ့်မယ်”
“တင်း ကြုံရာကျပန်းကတ်တစ်ခုနဲ့ ချီးမြှင့်ခံရပါတယ်။ တကယ်ကို အသုံးပြုတဲ့အခါမှာ ရှားပါးပစ္စည်းတစ်ခုကို ကြုံရာကျပန်းဆုချီးမြှင့်ပါလိမ့်မယ်”
“တင်း ကျူးဟုန်ကုန်းက သင်ယူမှုကို ပြီးမြောက်သွားပြီးတဲ့နောက်မှာ သူ့ဂိုဏ်းကို တည်ထောင်ပြီး တပည့်ကို လက်ခံနိုင်ပါပြီ။ အများဆုံးတပည့် အရေအတွက် - သုံးယောက်”
“တင်း ကျူးဟုန်ကုန်းကို သင်ကြားပေးတဲ့အတွက် ဆုလာဘ် ရရှိမည် မဟုတ်တော့ပါ”
“အသုံးပြုမယ်
“တင်း အစပြုကတ်တစ်ကတ်ကို ရရှိပါတယ်”
ဒါက …
ထိုစဉ် မဟာချင်ဧကရာဇ်၏ အမြင်တွင် လုကျိုးက ငေးမောနေဟန်ပေါ်၏။ သူက ကျေနပ်စွာ ပြုံးလိုက်သည်။
“ခင်ဗျားက မလုံလောက်သေးဘူး။ ခင်ဗျားက မျှခြေထိန်းညှိသူဖြစ်ပြီးတော့ မိုးမြေရဲ့ အကန့်အသတ်တွေနဲ့ ချုပ်နှောင်ခံထားရတာ။ အကြွင်းမဲ့ အစီအရင်က အဆုံးမဲ့အကျဉ်းထောင်ပဲ။ အစီအရင်ထဲမှာရှိတဲ့အားလုံးက ကျုပ်နဲ့ မြှုပ်နှံခံရမှာ”
ဧကရာဇ်က အားလုံးကို တိုက်ခိုက်ဖို့ အလျင်လိုနေခြင်း မရှိပေ။
ဧကရာဇ်က အရယ်အပြုံး မရပ်ပေ။ သူ့ရယ်သံက အစီအရင်တစ်ဝိုက် ပျံ့နှံ့သွားပြီး ကြက်သီးထဖွယ် ကောင်းလွန်းနေ၏။
အားလုံးက သူ့ကို ကြည့်ရင်း ခေါင်းယမ်းလိုက်ကြသည်။
“သူက ရူးသွားပြီ”
“သူက အရူးတစ်ယောက်ပဲ”
ဧကရာဇ်က အားလုံးကို ကြည့်ပြီးသည့်နောက်တွင်လက်ကို အောက်ချလိုက်သည်။ သူ့ခြေထောက်အောက်တွင် ကြယ်တာရာဒိုင်ခွက် ထွက်ပေါ်လာပြီး အစီအရင်အတွင်း စတင်ကျယ်ပြန့်လာသည်။
အာကာပြင်က တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားလေ၏။
ထိုစဉ် လီတောင်တန်းမှ အကြီးအကဲလေးဦးနှင့် သေလုနီးပါး အစောင့်အရှောက်လေးဦးတို့က ပေါ်ထွက်လာသည်။
အာကာပြင်က သုံးဖက်မြင် ကိုးမျက်နှာ ကုဗတုံး တစ်ခုလို ဖြစ်နေသည်။
လုကျိုးက အလယ်တွင် ရှိနေစဉ် ကျန်သူအားလုံးက ဘေးပတ်ဝန်းကျင်တွင် ဖြန့်ကျက်ထား၏။
ယခု အာကာပြင်က တစ်ခုတည်းဖြစ်တည်သွားသည့်အခါ အားလုံးက အလျင်အမြန် စုဝေးလိုက်ကြသည်။
ဒဏ်ရာအပြင်းအထန်ရရှိထားသည့် ဓားသမား ၄၉ဦးက ချင်ရန်ယွဲ့၏ နောက်တွင် စုဝေးလိုက်ကြသည်။
ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ မင်ရှစ်ရင်တို့ကလည်း သူတို့၏ သက်ဆိုင်ရာနေရာဆီ ရောက်ရှိလာကြသည်။
လီတောင်တန်းမှ အကြီးအကဲလေးဦးက ဖရိုဖရဲဧကရာဇ်ကို မြင်သည့်အခါ တွေဝေသွားကြ၏။
“အရှင်မင်းကြီး ဘာတွေဖြစ်သွားတာလဲ”
ဧကရာဇ်၏ အကြည့်က အာရုံစူးစိုက်မှု ကင်းမဲ့နေသည်။ သူက စိတ်ဓာတ်ကျသော်လည်း သူ့ဆုံးဖြတ်ချက်က ပိုမိုအားကောင်းလာလေ၏။ သူက ညာဖက်လက်ဖြင့် လက်ညှိုးထိုးကာ ပြောလိုက်သည်။
“သူတို့ကို သတ်လိုက်”
လီတောင်တန်းမှ အကြီးအကဲလေးဦးက ရှေ့တိုးလာသော်လည်း မလှုပ်ရှားကြပေ။ သူတို့က ယုံကြည်ချက် မရှိပေ။
ဧကရာဇ်က ထိုတွေးနေသည့်အရာကိုသိပြီး ကြယ်တာရာဒိုင်ခွက်ကို လက်ဖြင့်ရိုက်ချလိုက်သည်။ တော်ဝင်နန်းဆောင်နှင့် ရှင်းရန်မြို့အတွင်း အစီအရင်မှ စွမ်းအင်လှိုင်းများ ပျံ့လွင့်သွားလေ၏။
……………………………………………………………
အစီအရင်အပြင်ဘက်
ဖန်ကျုံးက ဆန်းကြယ်ဆိတ်ငြိမ်ခန်းမနှင့် အကြွင်းမဲ့ အစီအရင်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ ထို့နောက် သူက အစီအရင်အတွင်း အသေခံတပ်သားအုပ်စု ပြေးဝင်သွားသည်ကို မြင်လိုက်ရ၏။ သူ့မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ပေါ်ထွက်လာသည်။
“ဧကရာဇ်က အသေခံတပ်သားတွေကို လေ့ကျင့်ပေးထားတာလား။ ဒါက အစီအရင်ကို ဝင်လို့ပဲ ရတာ။ ထွက်လို့မရဘူး။ နှစ်ယောက်လုံးကို တောင်းပန်ပါတယ်။ ကျုပ် တတ်နိုင်တဲ့အရာ မရှိဘူး”
ဧကရာဇ်က အသေခံတပ်သားများကို လေ့ကျင့်ပေးခဲ့သည်ဟူသော ကောလဟာလများက ပျံ့နှံ့နေသည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ သူတို့၏ ယေဘုယျစွမ်းအားက ဓားသမား ၄၉ယောက်နှင့် ၇စင်ကြယ် အလံကိုင် ၃၆ ယောက်နှင့်ယှဉ်နိုင်လေသည်။
ယနေ့ ဖန်ကျုံးက ထိုကောလဟာလသည် အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်၏။
………………………………….
အစီအရင်အတွင်း ငွေရောင်ချပ်ဝတ်များ ဝတ်ဆင်ထားသည့် လူရာကျော်က ဧကရာဇ်နောက် ပေါ်ထွက်လာသည်။
“တပ်သားတွေကို လေ့ကျင့်ပေးဖို့ ရက်တစ်ထောင်ကြာမြင့်ပေမဲ့ သူတို့ရဲ့ အသုံးပြုမှုက ဒီအခိုက်အတန့်အတွက်ပဲ” မဟာချင်၏ ဧကရာဇ်က အမိန့်ပေးလိုက်သည်။
“သူတို့ကို သတ်ကြ”
ဤကဲ့သို့ များပြားလှသည့် အသေခံတပ်သားများကို မည်သို့ဖြေရှင်းမည်နည်း။ အသေခံတပ်သားများက နည်းစနစ်တွေ မသိဘဲ ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်လျှင်ပင် အပျက်အစီးက မယုံနိုင်လောက်အောင် ကြီးမားလိမ့်မည်။
“ဟုတ်ကဲ့ အရှင်မင်းကြီး”
လူအယောက် တစ်ရာကျော်က တုံ့ဆိုင်းခြင်းမရှိ ပျံသန်းသွားကြသည်။
ဤသို့ဖြင့် လီတောင်တန်းမှ အကြီးအကဲလေးဦး၏ ယုံကြည်ချက်ကလည်း ထပ်မံတိုးပွားလာသည်။ ဆရာသခင်အတုအယောင် လေးယောက်ကလည်း ပျံသန်းထွက်လာပြီး အသေခံ တပ်သားတစ်ရာကျော်ကို ဦးဆောင်လာလေသည်။
ချက်ချင်းဆိုသလို အကြွင်းမဲ့အစီအရင်က ဆက်လက် အားနည်းလာလေ၏။
မဟာချင်၏ ဧကရာဇ်က အပြင်းအထန် ချောင်းဆိုးပြီးသည့်နောက်တွင် သူ့ကြယ်တာရာဒိုင်ခွက်ပေါ်ရှိ မွေးဖွားဇယားချပ်ကို ဖိကပ်ကာ မွေးဖွားဇယားချပ် ဝမ်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။
ဝုန်း
“အစီအရင်ကနေ အစပြုပြီး အစီအရင်ကနေ ပြန်သွားတယ်”
ထိုစဉ် ဧကရာဇ်က သေခြင်းရှင်ခြင်းကို ထိုးဖောက်မြင်သွားပြီးသားဖြစ်၏။
ထိုအရာကို မြင်ကာ ချင်ရန်ယွဲ့၏ နှလုံးသားထဲ အတိတ်နိမိတ်ဆိုးတို့ ကြီးစိုးလာသည်။ သူက အမိန့်ပေးလိုက်၏။
“နောက်ဆုတ်ကြ”
ဓားသမား ၄၉ယောက်နှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက နောက်ဆုတ်လိုက်ကြသည်။ သူတို့က အစီအရင်ကြောင့် ရပ်တန့်မခံရခင်အထိ နောက်ဆုတ်လိုက်ကြသည်။
ဤတစ်ကြိမ် လုကျိုးက ခြေဖျားအသာထောက်ကာ ပျံသန်းလိုက်ပြီး လီတောင်တန်းမှ အကြီးအကဲလေးဦးနှင့် အသေခံတပ်သား တစ်ရာကျော်၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
လုကျိုးက ယခုအခါ စစ်တုရင်အပေါ် ပိုင်းခြားထားသည့် မျဉ်းကြောင်းသဖွယ် ဖြစ်နေလေ၏။ သူ့ဘက်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများ၊ ချင်ရန်ယွဲ့နှင့် ဓားသမား၄၉ဦး ရှိနေသည်။ သူ့တွင်မူ လီတောင်တန်းမှ အကြီးအကဲလေးဦးနှင့် အသေခံတပ်သားများ ရှိ၏။
ဧကရာဇ်က ထိုသူများနောက်တွင် ပုန်းအောင်းနေသည်။ ဧကရာဇ်ကို သတ်ဖို့ရာအတွက် လုကျိုးက သူ့ရှေ့မှလူများကို အရင်အနိုင်ပိုင်းရမည် ဖြစ်၏။
ဒီတောင်တန်းမှ အကြီးအကဲလေးဦးက လုကျိုးကို မြင်သည့်အခါ ရပ်တန့်လိုက်ကြသည်။
ဤတစ်ကြိမ်လုကျိုးက အစပြုကတ်၏ သက်ရောက်မှုကို အတည်ပြုပြီးသွားပြီဖြစ်၏။
“တင်း အစပြုကတ် ဒီကတ်က အသုံးအဆောင်ပစ္စည်းကတ်တစ်ခုကို အစပိုင်းတန်ကြေးကို ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။ တန်ကြေးက ပုံမှန်ပြန်မဖြစ်ခင် ဝယ်ယူဖို့ ဆယ်စက္ကန့် အချိန်ရပါတယ်။ ပြီးတော့ ကတ်တစ်ရာ အသုံးပြုဖို့ပဲ ကန့်သတ်ခံထားရပါတယ်။ ဆယ်စက္ကန့်အတွင်းမှာ ကတ်တွေကို ဝယ်ယူတာက တန်ကြေးကို မြင့်တက်သွားစေမှာ မဟုတ်ပါဘူး”
လုကျိုးက ရွေးချယ်ဖို့ အသုံးပြုပစ္စည်းကတ်များစွာ ရှိလေသည်။ သို့သော်လည်း သူ သဘောအကျရဆုံး ကတ်တစ်ခု ရှိ၏။ ထိုအရာက အသေရိုက်ချက်ကတ် ဖြစ်ပေသည်။ သူက ထိုကတ်၏ အစပိုင်းဈေးနှုန်းသည် ကုသိုလ်ရမှတ် ၅၀၀ဖြစ်ကြောင်း အမှတ်ရလိုက်၏။ သူ့နေရာတွင် ရှိသည့်သူများက သူနှင့် တူညီစွာ ရွေးချယ်ကြလိမ့်မည်ဟု ယုံကြည်နေသည်။
“သွားကြ”
ဤတစ်ကြိမ် လီတောင်တန်းမှ လူအိုကြီးလေးဦးက ထိမှန်သွားသည်။ ယခင်ကဲ့သို့ ချွေ့မင်ကွမ်းက ဦးဆောင်လာသည့်အတွက် သူတို့က ကိုးပါးဖြတ်တောက်ခြင်း လက်ဟန်သင်္ကေတကို ဖွဲ့စည်းသည့် လက်ဟန်စည်းတံဆိပ်များကို ထုတ်လွှတ်လာသည်။ လျှို့ဝှက်ဆန်းကြယ် ရတနာစည်းတံဆိပ်က အရင်ဆုံး ထွက်ပေါ်လာပြီးသည့်နောက်တွင် စိန်စည်းတံဆိပ်၊ လျှို့ဝှက်ဆန်းကြယ်စက်ဝိုင်း စည်းတံဆိပ်နှင့် နေလစည်းတံဆိပ်တို့ ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ ကိုးပါးဖြတ်တောက်ခြင်း လက်ဟန်စည်းတံဆိပ်က ပိုမိုအားကောင်းလာလေသည်။ သူတို့က စွမ်းအားအကုန်သုံးလျက် တိုက်ခိုက်လာလေ၏။
လျှို့ဝှက်ဆန်းကြယ် ရတနာစည်းတံဆိပ်နှင့် ချွေ့မင်ကွမ်းတို့က လုကျိုးဆီ ရောက်ရှိလာ၏။
ချွေ့မင်ကွမ်းက လုကျိုးကို မြင်သည့်အခါ မျက်မှောင်ကြုတ်လာမိသည်။
“ဘာလို့ မရှောင်တာလဲ”
လုကျိုးက လက်ကိုမြှောက်ကာ ပြောလိုက်သည်။ သူ့လက်ဝါးအထက် သင်္ကေတတစ်ခု ပေါ်ထွက်လာပြီး ကိုးပါးဖြတ်တောက်ခြင်း လက်ဟန်စည်းတံဆိပ် တစ်ခုပြီးတစ်ခု ထုတ်လွှတ်လာလေသည်။
“ဘာလို့လဲဆိုတော့ ခင်ဗျားတို့က မထိုက်တန်လို့ပေါ့”
ကိုးပါးဖြတ်တောက်ခြင်းလက်ဟန်စည်းတံဆိပ်က ချွေ့မင်ကွမ်း၏ ရင်ဘတ်အပေါ် ကျရောက်လာကာ သွေးသံရဲရဲ တွင်းပေါက်ကြီးတစ်ခု ချန်ထားခဲ့သည်။
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
ဘုံတစ်ထောင်လေဗွေအဆင့် စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်ထွက်လာပြီး ချက်ချင်း ပြန်လည်ပျောက်ကွယ်သွားလေသည်။
ချွေ့မင်ကွမ်းက မြေပြင်ပေါ်လဲကျသွားလေ၏။
မဟာချင်၏ ဧကရာဇ်၊ လီတောင်တန်းမှ အကြီးအကဲသုံးဦးနှင့် အသေခံတပ်သားများ “…”
ချွေ့မင်ကွမ်းက ရုတ်တရက် ထရပ်လိုက်စဉ် လုကျိုးက ထပ်မံရိုက်နှက်လိုက်သည်။
“ခင်ဗျားတို့ကို တကယ့်အစစ်အမှန် ကိုးပါးဖြတ်တောက်ခြင်း လက်ဟန်စည်းတံဆိပ်ဆိုတာကို ပြမယ်”
အသေခံတပ်သားများက တန်းစီလျက်ရှိနေပြီး မယုံနိုင်ဖွယ်မြင်ကွင်းကို ကြည့်နေကြလေသည်။
အဖြူရောင်လက်ဝါးစည်းတံဆိပ်များက ပျံ့လွင့်လာလေ၏။
ဝုန်း
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
ဤသို့ဖြင့် ချွေ့မင်ကွမ်းက နောက်ထပ် မွေးဖွားဇယားချပ်တစ်ခုကို ဆုံးရှုံးသွားလေသည်။
ချင်ရန်ယွဲ့၊ ဓားသမား ၄၉ယောက်နဲ့ မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများ “…”
လုကျိုးက သက်တောင့်သက်သာ အမူအရာဖြင့် လျှောက်လှမ်းလာသည်။
ကျီရှစ်၊ ကျိုးချုံရှုနှင့် ထျန်းကျိပင်း၊ လီတောင်တန်းမှ ကျန်ရှိနေသည့် အကြီးအကဲသုံးဦးတို့က တောင့်တင်းသွားကြ၏။
မဟာချင်၏ ဧကရာဇ်ဖြစ်သူကပင် လည်ချောင်းခြောက်လာသလို ခံစားလာရသည်။ ခဏအကြာတွင် သူက ဆက်လုပ်သင့်ရဲ့လားဟု စဉ်းစားနေမိ၏။ ဖြစ်ချင်တော့ တစ်ဖက်သူက ဤတစ်ချိန်လုံး သူ့စွမ်းအားအပြည့်ကို ထုတ်သုံးမထားခဲ့ပေ။ သူ အသိပြန်ဝင်လာသည့်အခါ သူက မွေးဖွားဇယားချပ် တစ်ဝက်ကျော်ကို ဆုံးရှုံးပြီးသွားပြီဖြစ်၏။ သူက ဆုံးရှုံးစရာ ထပ်မံမရှိတော့ပေ။ ထို့ကြောင့် သူက ပြောလိုက်သည်။
“ဘာတွေစောင့်နေတာလဲ”
ဤသည်ဖြင့် လီတောင်တန်းမှ အကြီးအကဲသုံးဦးက ပြေးဝင်သွားကြသည်။
နန်းဆောင်၏ တံတိုင်းသဖွယ် ထူထပ်သည့် လက်ဝါးစည်းတံဆိပ်များက အကြွင်းမဲ့အစီအရင်အတွင်း ပေါ်ထွက်လာလေသည်။
ချင်ရန်ယွဲ့က ထိုအရာကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။ ထို့နောက် သူက မေးလိုက်သည်။
“အစ်ကိုလု အကူအညီလိုသေးလား”
လုကျိုးက ပြန်မဖြေပေ။ ထိုအစား သူက နောက်ထပ် လက်ဝါးချက် စည်းတံဆိပ် သုံးခုကို ထုတ်လွှတ်လိုက်၏။
“စိန်စည်းတံဆိပ်”
လက်ဝါးစည်းတံဆိပ် သုံးခုက ကွဲပြားသည့်အရွယ်အစားရှိပြီး အကြီးအကဲ သုံးဦး၏ လက်ဝါးစည်းတံဆိပ်များကို အတိအကျ ဖျက်ဆီးပစ်လိုက်သည်။ သူတို့က ရပ်တန့်မည့် အရိပ်အယောင်မရှိသေးဘဲ ဆက်လက် ပျံသန်းထွက်ခွာသွား၏။
ဘန်း
ကျီရှစ်၊ ထျန်းကျစ်ပင်းနှင့် ကျိုးချုံရှုတို့က သူတို့၏ ခန္ဓာကိုယ်ဟာသွားသလို ခံစားလိုက်ရသည်။ သူတို့က ငုံ့ကြည့်လိုက်သည့်အခါ သူတို့၏ ရင်ဘတ်ထဲ သွေးသံရဲရဲတွင်းပေါက်ကို မြင်လိုက်ရ၏။
ဘန်း ဘန်း ဘန်း
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
“….”
အကြီးအကဲသုံးဦး၏ မျက်နှာအထက် ထိတ်လန့်သည့်အမူအရာမျိုး ပေါ်ထွက်လာလေသည်။
အကြွင်းမဲ့အစီအရင်အတွင်း အကြောက်တရားတို့ ကြီးစိုးလာလေ၏။
မဟာချင်၏ ဧကရာဇ် “…”
လုကျိုးက ဆက်လက်ရှေ့တိုးလာသည်။
ဤတစ်ကြိမ် အသေခံတပ်သား တစ်ရာကျော်က သတ်ဖြတ်ငွေ့တောက်ပလျက် တစ်ပြိုင်နက် ခုန်ဝင်လာကြသည်။ သူတို့လက်ထဲမှ ပုသိမ်လှံရှည်ဝန်းကျင်တွင် အစိမ်းရောင်စွမ်းအားများ ရစ်ပတ်နေလေ၏။ သတ်ဖြတ်ဖို့ ဆုံးဖြတ်ချက်နှင့် သေဆုံးမှုကို လက်ခံဖို့ ဆုံးဖြတ်ချက်တို့ဖြင့် သူတို့က လုကျိုးဆီ ကျိုင်းကောင်များသဖွယ် ရှေ့တိုးလာကြသည်။
မဟာချင်၏ ဧကရာဇ်က ယခုအခိုက်အတန့်တွင် နှလုံးခုန်မြန်လာမိ၏။ သူက လူများစွာကို သတ်ဖြတ်ပစ်ခဲ့ဖူးပြီး သူ့လက်၌ သွေးများဖြင့် စွန်းထင်းနေလေသည်။ သူက လူသားများ၏ စိတ်နှလုံးသားကိုလည်း မြင်တွေ့ပြီးသား ဖြစ်၏။ သူက တခြားသူများထက် ရပ်တည်နေသည့်အချက်ကို ထည့်ပေါင်းလိုက်လျှင် သူသည် အချိန်ကြာလာသည်နှင့်အမျှ ထုံထိုင်းလာခဲ့သည်။
သို့သော်လည်း ယခုအခိုက်အတန့်၌ သူနှလုံးခုန်မြန်နေမိ၏။ သူက စိတ်လှုပ်ရှားနေသည်။ သူက လက်ကိုဆုပ်ကာ အသေခံတပ်သားများသည် သူတို့၏ ရည်ရွယ်ချက်ကို ဖြည့်စည်းဖို့သာ ကြည့်နေလိုက်၏။
အသေခံတပ်သားတစ်ရာကျော်က ဆာလောင်သည့် ဝံပုလွေများသဖွယ် ခက်ထန်ပြီး သေခြင်းတရားကို မကြောက်ရွံ့ကြပေ။
“သတ်ကြ”
သူတို့၏ ကျယ်လောင်လှသည့် အော်သံများက ကောင်းကင်ယံကို တုန်လှုပ်သွားစေပြီး သတ်ဖြတ်ငွေ့တို့က နေရာတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားလေသည်။
လုကျိုးက ခေါင်းကိုမော့ကာ လက်ကိုမြှောက်လိုက်သည်။ သူ့လက်တစ်ချက်အဝှေ့ဖြင့် လက်ဝါးစည်းတံဆိပ် ၉၀ထွက်ပေါ်လာသည်။
တည်ငြိမ်မှုပါဝင်သည့် စည်းတံဆိပ်က ရှေ့တွင် ဦးဆောင်နေ၏။
ထိုအခိုက်အတန့် ချင်ရန်ယွဲ့နှင့် မဟာချင်၏ ဧကရာဇ်အပါအဝင် အားလုံးက သူတို့တစ်သက်တာ မမေ့နိုင်သည့် မြင်ကွင်းမျိုးကို မြင်လိုက်ကြရသည်။
လက်တစ်ချက်အဝှေ့ဖြင့် လုကျိုးက လက်ဝါးစည်းတံဆိပ်များက ရွှေရောင်လိပ်ပြာများသဖွယ် ပျံ့လွင့်သွားပြီး အသေခံတပ်သားများဆီ ပြေးဝင်သွားကာ သူတို့၏ လမ်းကြောင်း၌ ရွှေရောင်အလင်းတန်းကိုသာ ချန်ထားခဲ့လေသည်။ ခြွင်းချက်မရှိဘဲ လက်ဝါးစည်းတံဆိပ် ၉၀ က ပစ်မှတ်ကို ရှာဖွေတွေ့ရှိသွား၏။
ထိုစဉ် ဘုံတစ်ထောင်လေပွေ စိတ်ဝိညာဉ်သဏ္ဌာန် ၉၀က ပေါ်လိုက်ပျောက်လိုက် ဖြစ်လာသည်။
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”
လုကျိုးက အသိပေးချက် ၉၀ ကို လက်ခံရရှိလိုက်ရသည်။
အသေခံတပ်သားများက အပြင်းအထန် ဒဏ်ရာရရှိသွားပြီး သွေးအိုင်ကြား လဲနေလေ၏။ မြေကြီးကပင် သူတို့၏ သွေးများကြောင့် အနီရောင် ပြောင်းလဲသွားခဲ့သည်။အသေခံတပ်သား ၉၀ ကျော်က ကောင်းကင်တွင် တစ်ယောက်ပြီး တစ်ယောက်ဆိုသလို ပြုတ်ကျလာကာ သူတို့၏ ခန္ဓာကိုယ်က ငှက်မွေးများသဖွယ်ဖြစ်ပြီး သူတို့၏ ဘဝကမူ မြက်သဖွယ် ဖြစ်နေသည်။
“ဒါက တစ်ဖက်သတ် တိုက်ပွဲပဲ။ ဒါကအကြွင်းမဲ့ စွမ်းအားနဲ့ ချပစ်လိုက်တာ။ ဒါက ဟိုလူ့ရဲ့ တကယ့်စွမ်းအားအစစ်အမှန်လား” ချင်ရန်ယွဲ့က ကြည့်နေရင်း ပိုမိုတုန်လှုပ်လာမိသည်။
မဟာချင်၏ ဧကရာဇ်ကလည်း ချင်ရန်ယွဲ့လိုမျိုး တုန်လှုပ်နေမိ၏။ ထိုအခိုက်အတန့် သူသည် လုကျိုး ပြောသည့်စကားကို ပြန်လည်အမှတ်ရသွားလေ၏။ အစမှ အဆုံးထိ သူက စွမ်းအားအပြည့်အဝ ထုတ်မသုံးခဲ့ဖူးကြောင်း ပြောခဲ့သည်။ ဤသည်က အလိမ်အညာမဟုတ်မှန်း သိသာလှ၏။ သူသည် တုန်တုန်ယင်ယင်ဖြင့် နောက်ဆုတ်လိုက်သည်။ ယခုအခိုက်အတန့်၌ သူ့စိတ်တို့က ပြိုလဲသွားဟန်ပေါ်၏။ ထိုစဉ် အသေခံတပ်သား ၁၀ယောက်ကျော်က လုကျိုးရှေ့မှောက် ရောက်ရှိလာလေ၏။
လုကျိုးက လက်ကိုဆန့်ထုတ်ပြီး လက်ဝါးစည်းတံဆိပ်များကို ထပ်မံထုတ်လွှတ်လိုက်၏။
ဤသို့ဖြင့် အသေခံတပ်သားများကလည်း အဖက်ဖက် လွင့်စဉ်သွားကြသည်။
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ရရှိပါတယ်”
လုကျိုးက တူညီသည့် သတိပေးချက်ကို ဆယ်ခုကျော် လက်ခံရရှိလိုက်သည်။
လုကျိုးက ရပ်တန့်လိုက်၏။ သူက လေထဲဝဲပျံနေရင်း သူ့အမူအရာက တည်ငြိမ်နေသည်။ သူက ပတ်ဝန်းကျင်ကို အကဲခတ်ကာ ဖုန်နှင့် ပုရွက်ဆိတ်ကလွဲ၍ မမြင်ရတော့ပေ။ ဤကမ္ဘာ၌ သူကသာ ပြိုင်ဘက်ကင်းနေလေ၏။
သူက ခရမ်းရောင် ကနဦးချီမုန်တိုင်းကို ရှင်းထုတ်ပြီးသည့်နောက်တွင် တိတ်ဆိတ်မှုတို့က အစီအရင်အတွင်း ပြန်လည်ဝင်ရောက်လာသည်။
သူက ဧကရာဇ်ကို ကြည့်လိုက်၏။
“အခုထိ ခုခံချင်တုန်းလား”
ထိုမေးခွန်းက ကုလားအုတ်ကျောရိုးပေါ်က နောက်ဆုံးသော ကောက်ရိုးမျှင်သဖွယ် ဖြစ်နေလေသည်။ ထိုအရာက ဧကရာဇ်၏ မျှော်လင့်ချက်အားလုံးကို ပျက်သုဉ်းသွားစေ၏။ သူက သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သူ့ဆံပင်က မျက်စိတစ်မှိတ်အတွင်း အဖြူရောင် ပြောင်းလဲသွားခဲ့၏။ သူ့မျက်နှာက ရှုံ့တွကာ သူ့အရေပြားက ကျုံ့လာပြီး အရေးကြောင်းများက ပိုမိုနက်ရှိုင်းလာသည်။
“အရှင်မင်းကြီး” တပ်သားများက အော်ခေါ်လိုက်ကြသည်။
ဤတောင်တန်းမှ အကြီးအကဲလေးဦးကလည်း နာကျင်စွာ ညည်းညူလိုက်ကြသည်။
“ဧကရာဇ်က ကျုပ်ကို သေဖို့ပြောရင် မေးခွန်းမထုတ်ဘဲ သေလိုက်မယ်။ သက်တောင့်သက်သာနေရမဲ့အစား တိုက်ပွဲကွင်းပြင်မှ သေဖို့ပိုပြီးလိုလာတယ်” အသေခံတပ်သားခေါင်းဆောင်က အော်ပြောရင်း စိတ်တိုလာသည်။
“မင်းရဲ့ ဆန္ဒကို ဖြည့်စည်းပေးမယ်”
လုကျိုးက ခေါင်းယမ်းကာ ပြောလိုက်သည်။ ထို့နောက် သူက လက်ကိုဝှေ့ယမ်းလိုက်၏။
ယွီရှန်းရုန်၊ မင်ရှစ်ရင်နှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက ရှေ့တိုးလာကာ တပ်သားရာချီကို စတင်တိုက်ခိုက်လိုက်ကြသည်။
အသေခံတပ်သားများက ဒဏ်ရာအပြင်းအထန်ရရှိပြီးသားဖြစ်သည့်အတွက် မိစ္ဆာဝေဟင်မျှော်နန်းအတွင်း မည်သို့ပြိုင်ဖက် ဖြစ်မည်နည်း။ ယခု သူတို့က မွေးဖွားဇယားချပ်များကို ဆုံးရှုံးထားပြီးပြီဖြစ်သည့်အတွက် မွေးဖွားစမ်းသပ်ချက် ၂ခုကို ဖြတ်ကျော်ပြီးသည့် မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့ဝင်တချို့ကို မည်သို့ ခုခံနိုင်မည်နည်း။
ဓား၊ ဓားမော့နှင့် ဓားသွားများက အသေခံတပ်သားများကို ဆက်လက် တိုက်ခိုက်နေသည်။
ဤသည်က တစ်ဖက်သတ် တိုက်ပွဲဖြစ်ကြောင်း မြင်ပြီးသည့်နောက်တွင် ချင်ရန်ယွဲ့က လှုပ်ရှားဖို့မလိုကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက လီတောင်တန်းမှ အကြီးအကဲ လေးဦးဆီ သွားကာ မေးလိုက်၏။
“အခုထိ လက်မလျှော့သေးဘူးလား”
ဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်သည်။
“ငါ့နှလုံးသားက သေပြီးသွားပြီ။ ဘာမှပြောနေစရာ မလိုတော့ဘူး”
ထိုစဉ် ဧကရာဇ်ဆီ ပုံရိပ်တစ်ခုပြေး ဝင်လာလေ၏။
ချိတ်ကောက်တစ်ခုက ဧကရာဇ်၏ အရေးကြီးသည့် အင်္ဂါအစိတ်အပိုင်းများကို ဖြတ်တောက်ကာ သွေးများ ပြန့်ကျဲသွားစေသည်။
“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ရှိပါတယ်”
ဧကရာဇ်က လွင့်စဉ်သွားပြီး ခန်းမနှင့် ဝင်တိုက်သွားမိသည်။ သူက သွေးတစ်ပွက်အန်လိုက်ရ၏။
မင်ရှစ်ရင်က ဧကရာဇ်ကို သတ်ဖြတ်ငွေ့ဖြင့် ကြည့်လိုက်သည်။ သူက လှောင်ပြုံးဖြင့် ပြောလိုက်၏။
“ဒါပေါ့။ ခင်ဗျား ဘာမှပြောစရာ မရှိတော့ဘူး”
အားလုံးက မင်ရှစ်ရင်၏ အပြုအမူကို နားလည်၏။ ဧကရာဇ်က မုန့်မျိုးနွယ် ပျက်သုဉ်းသွားရသည့် အဓိကတရားခံ ဖြစ်ပေသည်။
ဧကရာဇ်က အသက်ရှင်ဖို့ ဘာမှမကျန်တော့ပေ။ ထို့နောက် သူက ပြောလိုက်၏။
“မင်းလက်ထဲမှာ သေရတာ ဝမ်းသာတယ်”
“ခင်ဗျားရဲ့ ဆန္ဒကို ဖြည့်စည်းပေးမယ်” မင်ရှစ်ရင်က ပြေးသွားကာ ခွဲခွာချိတ်ကောက်ကို ထပ်မံဝှေ့ယမ်းလိုက်သည်။
ခွဲခွာချိတ်ကောက်က ဧကရာဇ်၏ ရင်ဘတ်ထဲ အလွယ်တကူ ထိုးစိုက်သွားလေ၏။
“တင်းမွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ရရှိပါတယ်”
ဝုန်း
ဧကရာဇ်က မြေပြင်ပေါ် လဲကျသွားလေ၏။ ဧကရာဇ်က သူ့စိတ်က ဖရိုဖရဲဖြစ်နေသည့်အတွက် နာကျင်မှုကို ခံစားနိုင်တော့ဟန်မပေါ်ပေ။ သူ့ဆံပင်များက ဖြူလာပြီး သူ့သွင်ပြင်တို့က ပိုမိုအရွယ်ကျလာသည်။ သူက မြေပြင်ပေါ်လဲလျောင်းနေရင်း သူ့ညာဖက်ပါးက မြေပြင်ပေါ် ထိကပ်နေသည်။
“တကယ်လို့ ဒီအစီအရင်ကို ပြန်မသိမ်းရင် မင်းတို့တွေ ဘယ်တော့မှ ထွက်သွားနိုင်မှာမဟုတ်ဘူး။ ယုံချင်ယုံ၊ မယုံချင်နေ”
ထို့နောက် သူက ချောင်းဆိုးလိုက်ရသည်။
သူ့ခေါင်းကို မ မဘဲ ဧကရာဇ်က ရေပေါ်လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဝှစ်
ဤသို့ဖြင့် အစီအရင်က ဖြည်းဖြည်းချင်း မှေးမှိန်သွားလေသည်။
ဧကရာဇ်၏ မျက်နှာအထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာလေ၏။ သူက အမုန်းတရားအပြည့်ဖြင့် ဖြစ်နေသည့် မင်ရှစ်ရင်ဘက် ခေါင်းမော့လိုက်သည်။ ဤသည်က သူ့ဖရိုဖရဲဖြစ်နေသည့် စိတ်ကြောင့်လား သို့မဟုတ် သေခြင်းတရား နီးကပ်နေ၍ ဖြစ်ပေါ်လာသည့် ကြင်နာမှုတရားကြောင့်လား မသိသော်လည်း သူ့အသံက အတော်လေး ညင်သာနေ၏။
“ကလေး ငါ့ကို သတ်လိုက်”
“…”
အစီအရင်က အပြည့်အဝ အသက်မဲ့သွားသည့်အခါ အားလုံးက မြေပြင်ပေါ်တွင် လဲကျနေသည့် အလောင်းများစွာကို မြင်တွေ့လိုက်ရသည်။ မြင်ရသလောက် ခန်းမနှင့် ပတ်ဝန်းကျင်တစ်ခုလုံးက အပြိုအပျက်များသာ ဖြစ်နေလေ၏။
ထိုစဉ်
“သူက ဧကရာဇ် မဟုတ်ဘူး။ သူက မုန့်မင်ရှစ်ပဲ”
“…”
အားလုံးက ထိုထုတ်ဖော်မှုကြောင့် တုန်လှုပ်သွားကြသည်။
သူက အသံလားရာကို ကြည့်လိုက်သည့်အခါ အမျိုးသမီးချီကို မြင်လိုက်ရ၏။ သူမ၏ အမူအရာက ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေသည်။ သူမက မနေနိုင်ဘဲ ခေါင်းယမ်းလိုက်စဉ် ကျောင်းယွီက ဘေးမှ ကူတွဲပေးထားရသည်။
…
အခန်း (၁၃၄၁) အမှန်တရားနှင့် သတ်ဖြတ်ခြင်း
သေအံဆဲဆဲဖြစ်နေသည့် အစောင့်လေးဦးနှင့် လီတောင်တန်း၏အကြီးအကဲလေးဦးသည် ကျောင်းယွိနှင့် သခင်မကြီးကို ကြည့်လိုက်သည်။ ထိုကဲ့သို့ ယုတ္တိမတန်သည့်စကားများကို တခြားတစ်ယောက် ပြောခဲ့လျှင် သူတို့မယုံနိုင် ဖြစ်သွားလိမ့်မည်။ သို့သော်ငြား ထိုစကားများသည် တစ်ချိန်တုန်းက မဟာချင်၏ ဧကရာဇ်နှင့် တစ်အိပ်ရာတည်း အိပ်ခဲ့ဖူးသည့် သခင်မကြီး ပြောထွက်လာသည့်စကားများ ဖြစ်သည်။
နှစ်ပေါင်းများစွာကြာအောင် ရှန်းယန်မြို့ကလူတို့သည် ဧကရာဇ်က ရုတ်တရက်ကြီး သခင်မကြီးကို အအေးနန်းဆောင်သို့ ပို့လွှတ်ရသည့်အကြောင်းအရင်းကို သိချင်ခဲ့၏။ ထို့အပြင် သူ၏သား ကျောင်းယွိနှင့်လည်း ခပ်ခွာခွာနေခဲ့သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် အဖြေကိုနောက်ဆုံးတော့ ရှာတွေ့သွားပြီဖြစ်သည်။
သူတို့သည် အမိန့်ထုတ်စရာမလိုအောင် သစ္စာရှိခဲ့ဖူးသည့်လူ၊ မဟာချင်၏ မြင့်မြတ်ထည်ဝါသော ဧကရာဇ်ကို ဖြေရှင်းချက်တောင်းခံသည့်ပမာ မျှော်လင့်တကြီးကြည့်နေကြသည်။
သို့သော်ငြား ဧကရာဇ်သည် မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြင့် တိတ်တဆိတ် ခေါင်းခါရုံသာ ခါလိုက်၏။ သူ၏ပါးက မြေပြင်ပေါ်အက်ကျနေပြီး သူ ခေါင်းမမော့တော့ချေ။
ကျောင်းယွိက သခင်မကြီးကိုတွဲလျက် ရှေ့သို့တက်လာသည်။ ဆန်းကြယ်ဆိတ်ငြိမ်ခန်းမ ဖြစ်ခဲ့ဖူးသည့် အပျက်အစီးပုံကို မြင်သောအခါ သူ အသက်ပြင်းပြင်းရှူသွင်းမိသွားသည်။
ဤမတိုင်မီက ကျောင်းယွိသည် သခင်မကြီးအား သူ့ကို အမှန်အတိုင်း ပြောပေးရန် အရေးတကြီး ပြောခဲ့သည်။ နောက်ဆုံး၌ အမှန်တရားကိုသိလာချိန်၌ အချိန်အတော်ကြာ ထိတ်လန့်သွားမိသည်။
လုကျိုး၊ မင်ရှစ်ရင်တို့နှင့် သူ၏ဆက်ဆံရေးတို့ကို တွေးကြည့်ပြီးနောက် ကျောင်းယွိနှင့် သခင်မကြီးတို့က အလျင်စလို ရောက်လာသည်။ သခင်မကြီးသည် လေထဲတွင် ပြန့်နှံ့နေသောသွေးနံ့ကြောင့် စိတ်မသက်မသာ ဖြစ်နေ၏။ ခဏအကြာတွင် သူက မြေပြင်ပေါ်တွင် လဲကျနေသည့် ညှိုးရော်နေသော မဟာချင်၏ဧကရာဇ်ကိုကြည့်ပြီး မေးလိုက်တော့သည်။ “စစ်သူကြီးမုန့် ကျွန်မပြောတာမှန်တယ်မလား”
“ကျုပ် ...” သခင်မကြီးက ဖြတ်ပြောလိုက်သည်။ "အခုချိန်ထိ အမှန်တရားကို ဖုံးကွယ်ချင်နေသေးတုန်းလား။ အကျိုးထူးလို့လား။ ရှင် သေပြီသွားရင် ဧကရာဇ်ကို သတ်တဲ့အတွက် ကျိန်ဆဲခံရမှာစိုးလို့လား”
နောက်ဆုံး၌ ဧကရာဇ်သည် ထထိုင်လိုက်လေ၏။ သူ၏လက်ကိုမြေပြင်ပေါ် ထောက်ထားလျက် မတ်တပ်ရပ်ရန် အချိန်အတော်ကြာ ရုန်းကန်နေရသည်။ သို့သော် သူ့ကို မည်သူမှလာမကူညီပေ။ ပြီးနောက် သူ ဖြည်းဖြည်းချင်းရွေ့လာ၏။ သူ့အဖို့ သုံးမီတာ လေးမီတာအကွာအဝေးကို လှမ်းနိုင်ရန် အချိန်အတော်ကြာယူလိုက်ရသည်။ နောက်ဆုံး၌ သူ ရပ်နိုင်သွားသည့်အချိန်တွင် သူ၏အကြည့်က သခင်မကြီးဆီ ရောက်သွား၏။
“သခင်မကြီး ခင်ဗျားက အတော်ထက်မြတ်တာပဲ”
“ကျွန်မက ဧကရာဇ်ဘေးနှစ်ပေါင်းများစွာ အိပ်စက်လာတာ။ သူ့ရဲ့အနေအထားကို ဘယ်လိုလုပ်မသိဘဲ နေမှာလဲ။ သူက စန္ဒကူးမကြိုက်ဘူး။ သူ့ရဲ့ဘေးမှာ အိပ်တာကို သဘောမကျဘူး။ ရေပူပူနဲ့ မျက်နှာသစ်တာကို သဘောမကျဘူး။ သူက ပက်လက်လှန်အိပ်တတ်တာ ရေအေးနဲ့မျက်နှာသစ်တယ်”
သခင်မကြီးက ပြောပြီး အတိတ်ကို သတိရနေ၏။
တကယ်တော့ စေ့စေ့စပ်စပ် လေ့လာခြင်း၏ဒဏ်ကို ခံနိုင်သည့်ကိစ္စရပ်များစွာ မရှိ။ ကံဆိုးသည်မှာ ယခုအချိန်တွင် မည်သူမှ သူတို့သံသယဝင်တာကို မပြောခဲ့ရဲချေ။
“စစ်သူကြီးမုန့်က အရှင်မင်းကြီးကို တုပဖို့ခက်ခက်ခဲခဲကြိုးစားခဲ့ပေမဲ့ စစ်သူကြီးမုန့်ရဲ့ အလေ့အထတွေက အရိုးထဲအထိစွဲနေပြီ။ ပြောင်းလဲလို့မရဘူး” သခင်မကြီးက ပြောလိုက်လေ၏။
ချင်ဧကရာဇ်က ရယ်မောလိုက်လေ၏။ “ဒါက ကျုပ်အုပ်စိုးတဲ့တိုင်းပြည်ပဲ။ သူ့ကို ဘာလို့ပေးရမှာလဲ”
သခင်မကြီးက တိတ်ဆိတ်သွားပေသည်။ ဧကရာဇ်၏စကားများက သူ၏ဝန်ခံလိုက်ခြင်းနှင့် ညီမျှပေသည်။
မင်ရှစ်ရင်သည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ဧကရာဇ်အိုကြီးကို ကြည့်လျက် နောက်သို့ ခြေလှမ်းသုံးလှမ်း ဆုတ်မိသွားသည်။
“မဟာချင်ကို မတိုက်ခိုက်ခင် ငါ၊ ရှီချီရှုနဲ့ ပိုင်ယီတို့က မြို့ထဲကိုတိုက်ခိုက်ပြီး မြေကိုအုပ်စိုးခဲ့တယ်။ ငါတို့တွေ ရန်သူကို တက်တက်ကြွကြွသတ်ပြီး လူရိုင်းတွေကို မောင်းထုတ်ခဲ့တာ။ ငါတို့တွေကို နယ်မြေတွေ ပေးခဲ့သင့်တယ်။ ဒါပေမဲ့ သူ ဘာလုပ်ခဲ့လဲသိလား”
သခင်မကြီးက ဒေါသတကြီး ပြောလိုက်တော့သည်။ “အရှင်မင်းကြီး ဘာပဲလုပ်ခဲ့ခဲ့ ရှင် သစ္စာမဲ့တဲ့လုပ်ရပ်ကို မပြောင်းလဲနိုင်ဘူး”
ဧကရာဇ်သည် သခင်မကြီး၏စကားကြောင့် သက်ရောက်မခံရပေ။ သူက သစ္စာရှိခဲ့ပြီး ယခုအချိန်တွင် သစ္စာဖောက်ခဲ့မိတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ အစောပိုင်းနှစ်များ၌ သူ၏စိတ်နှလုံး၊ ဝိညာဉ်တို့က နှစ်ပေါင်းများစွာ ညှင်းပန်းခံခဲ့ရသည်။ သို့သော် သူ တဖြည်းဖြည်း ထုံလာပြီး ကျောက်နှလုံးသား ဖြစ်လာတော့သည်။
ဧကရာဇ် မဟုတ် ပိုပြီးတိတိကျကျဆိုရလျှင် မုန့်မင်ရှစ်က ပြောလိုက်တော့သည်။
“သူက ငါ့ရဲ့အောင်မြင်မှုတွေ သူ့ကို အရိပ်မိုးသွားမှာစိုးတယ်လေ။ ငါ့တပ်ဖွဲ့ထဲက လူတွေ ပုန်ကန်မှာ စိုးရိမ်နေတာ။ ရှောင်တောင်ပေါ်က တိုက်ပွဲကာလမှာ ငါတို့လူတွေ မရေမတွက်နိုင်အောင် ဒဏ်ရာရပြီး အသက်ခံရတယ်။ သူက နှစ်ဖက်လုံးဒဏ်ရာအပြင်းအထန်ရတဲ့အချိန်ထိ စောင့်ပြီး စစ်ကူမပို့ခဲ့ဘူး” သူ့မျက်လုံးက ပြူးကျယ်လာကာ ပိုတောင်ဒေါသထွက်လာ၏။ “မင်းရဲ့လူတွေ အသတ်ခံရရင် သူ သေသင့်တယ်ဆိုတာ နားလည်လိမ့်မယ်”
လူတိုင်း ထိတ်လန့်သွားတော့သည်။ ရှောင်တောင်တန်းပေါ်ရှိ တိုက်ပွဲနောက်၌ ဤသို့လျှို့ဝှက်ချက် ရှိလိမ့်မည်ဟု မည်သူမှမထင်ခဲ့မိပေ။
မုန့်မင်ရှစ်က အချိန်အနည်းငယ်ချောင်းဆိုးလိုက်သည်။ သူ၏အသံက အားနည်းသည်ထက် အားနည်းလာကာ ပြောလိုက်လေ၏။
“ငါ မုန့်မင်ရှစ်က လောကကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့တယ်။ လူတိုင်းက ငါ အားနည်းတယ်ထင်နေတာ။ ငါ့ရဲ့ခွန်အားအစစ်အမှန်ကို ဘယ်သူမှမသိဘူး။ ဧကရာဇ်တွေ မပြောနဲ့။ ငါက ဆရာသခင်တွေတောင် မကြောက်ဘူး။ ဧကရာဇ်က ငါ့ကိုသေစေချင်ရန် ငါက ရွေးစရာမရှိဘဲ သေရမှာတဲ့လား။ ဒါပေမဲ့ ငါ ဧကရာဇ်ကို သတ်ချင်ရန် ဘယ်သူက ငါ့ကိုတားနိုင်မှာလဲ” နောက်ဆုံးတစ်ခွန်းကို အံကြိတ်ပြီး ပြောလိုက်တာပဲဖြစ်သည်။ ယခုအချိန်တွင် မုန့်မင်ရှစ်က အခဲမကြေမှုများ၊ ဆုံးဖြတ်ချက်ပြတ်သားမှုများ ရှိနေသေးသည်။ သူ၏ စွဲမြဲမှုနှင့်အရှိန်အဝါတို့သည် လူတို့ကို တုန်ယင်သွားစေ၏။ သူ၏စိတ်က ကြည်လင်နေပြီး မဟာချင်၏ဧကရာဇ် တစ်ပါးအဖြစ် ဟန်ဆောင်မှုအားလုံးကိုခွာချလိုက်သည်။
လုကျိုးက တည်ငြိမ်စွာပြောလိုက်တော့သည်။ “မင်း နောင်တရလား”
“ကျုပ် ဘယ်တော့မှ နောင်တမရဘူး။ ရှေးခေတ်ကာလတည်းက သစ္စာရှိမှုနဲ့ အပြည့်အဝနာခံမှုတို့က ဧကရာဇ်ဆီ ပေးဖို့ မျှော်လင့်နိုင်တဲ့အရာပဲ။ သူက တရားမျှတမှုမရှိဘူး။ ကျုပ် အပေါ်မမှန်ကန်ဘူး။ ဒီတော့ သူ့အပေါ် သစ္စာရှိနေဖို့မလိုဘူး” မုန့်မင်ရှစ်က တစ်ချက် ရယ်လျက်ပြောလိုက်ရာ ချောင်းဆိုးမိသွားသည်။ သူ့အဖို့ ချောင်းဆိုးရာမှ ပြန်တည်ငြိမ်သွားရန် အချိန်အတော်ကြာယူလိုက်ရ၏။ တည်ငြိမ်သွားချိန်တွင် ပြောလိုက်သည်။
“ကျုပ် ရှောင်တောင်ပေါ်က တိုက်ပွဲမှာ လူတိုင်းကို သတ်ခဲ့တယ်။ ရှင်ကျန်ရစ်သူ မရှိဘူး။ ကျုပ်က တစ်ဦးတည်းသော ရှင်ကျန်ရစ်သူပဲ။ ကျုပ်က တိုင်းပြည်ရဲ့အရှင်သခင်တစ်ပါးဖြစ်လာပြီး ငြိမ်းချမ်းတဲ့ ခေတ်ကာလကို အုပ်စိုးခဲ့တယ်။ မဟာချင်မှာလူတွေ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်စားသောက်နိုင်တယ်။ သူတို့ သီဆိုတယ်၊ ကခုန်တယ်။ ကျင့်ကြံခြင်းလောကတောင် ငြိမ်းချမ်းနေတယ်။ လူတိုင်း ကျုပ်ကို ကျေးဇူးတင်သင့်တာ။ ကျုပ်က ဒါတွေကို စီမံပေးခဲ့တာ”
လုကျိုးက ခေါင်းခါလိုက်သည်။ “မဟာချင်ရဲ့ဧကရာဇ်ပဲ ထာဝရရှင်သန်ပြီး မုန့်မင်ရှစ် နာမည်မှမဟုတ်တာ။ မုန့်မင်ရှစ်က ပုန်ကန်မှုနဲ့ ဘုရင်ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ ရင်ဆိုင်ရတော့မှာ”
“...”
“မင်း မသေခင် ဒီလိုအဓိပ္ပာယ်မရှိတဲ့ အလိမ်အညာတွေကို ဆက်ပြောနေတုန်းပဲ။ အဓိပ္ပာယ်ရှိလို့လား”
သခင်မကြီးက ခေါင်းခါလိုက်၏။
မုန့်မင်ရှစ်က ခိုင်မာစွာပြောလိုက်သည်။ “ကျုပ် လိမ်နေတာမဟုတ်ဘူး။ ဒါ အမှန်တရားပဲ။ နှမြောစရာပဲ ... နှမြောစရာပဲ။ တစ်လှမ်းလောက် ထပ်လှမ်းလိုက်မယ်ဆို ကျုပ် လုပ်နိုင်ခဲ့မှာ”
လူတိုင်းလေးစားခဲ့သည့် မဟာချင်၏ဧကရာဇ်က ပန်းတိုင်ကိုရောက်ရှိရန် ဘာမဆိုလုပ်လိမ့်မည်သူဟု မှန်းဆဖို့ခက်ခဲလိမ့်မည်။
“ပလင်အတွက် မုန့်မင်ရှစ်ကို ဖျက်ဆီးဖို့ရွေးချယ်ခဲ့တယ်ပေါ့” လုကျိုးက မေးလိုက်သည်။
ထိုစကားသည် မုန့်မင်ရှစ်၏ဒဏ်ရာထဲ ဆားသိပ်လိုက်ခြင်းဖြစ်သည်။ သူ၏မျက်လုံးက ပြူးကျယ်သွားပြီး နင်သွား၏။ သူ၏အမူအရာကို ဖတ်ရန်ခက်ခဲနေသည်။ စိတ်ရှုပ်ထွေးနေ၏။ သူက ငိုတစ်လှည့် ရယ်တလှည့် ပြောလိုက်သည်။ “ကျုပ် မုန့်မင်ရှစ်နဲ့ မဟာချင်ကို ရွေးချယ်ခွင့်မရှိခဲ့ဘူး”
မုန့်မင်ရှစ်နှစ်ယောက် ဘယ်လိုလုပ် ရှိနိုင်မှာလဲ။ ဤနည်းဖြင့်ဆို အမှန်တရား ပေါ်ထွက်လာလိမ့်မည်။
မင်ရှစ်ရင်က ရှေ့ထွက်လာပြီး မုန့်မင်ရှစ်၏ အင်္ကျီကော်လံကို ဆုပ်ကိုင်လိုက်သည်။
“ကျားတောင် သူ့သားပေါက်ကို မစားဘူး။ ခင်ဗျား ခင်ဗျား ခင်ဗျားက တိရစ္ဆာန်ထက်ဆိုးတဲ့လူ။ ကျုပ် ခင်ဗျားကို သတ်မယ်”
မင်ရှစ်ရင်က လက်မြှောက်လျက် ကနဦးချီမှ စွမ်းအင်စည်းတံဆိပ်တစ်ခု ဖွဲ့တည်လိုက်သည်။
မုန့်မင်ရှစ်သည် ချိုင့်ဝင်နေသော မျက်တွင်းများဖြင့် မင်ရှစ်ရင်ကို စိုက်ကြည့်လိုက်၏။ သူ မျက်လုံးဖွင့်ရန် ရုန်းကန်လိုက်ရကာ ပါးစပ်ဟပြီး အကြိမ်အနည်းငယ် ပါးစပ်ဖွင့်လိုက်ပွင့်လိုက်ဖြစ်နေပြီး ပြောလိုက်တော့သည်။
“ဒါနဲ့မင်းရဲ့ရင်ထဲက အမုန်းတရားကို ဖယ်ရှားနိုင်မယ်ဆိုရင် သတ်လိုက်”
“ကျုပ် မသတ်ဘူးထင်နေလား”
ဝှစ်
စွမ်းအင်စည်းတံဆိပ်သည် မုန့်မင်ရှစ်၏လည်ပင်းနှင့်လက်မဝက်ခန့်သာ ကွာသောအချိန်တွင် ရပ်တန့်သွားသည်။
မုန့်မင်ရှစ်က မရှောင်တိမ်းခဲ့ပေ။ သူ့၌မွေးဖွားဇယားချပ်၁၀ခုကျော် ရှိနေသေး၏။ သူက သေမင်းခံတွင်းဝရောက်နေသော်ငြား သူ၏မွေးဖွားဇယားချပ်ပေါက်ကွဲသွားလျှင် ယင်းက မင်ရှစ်ရင်ကို လွင့်ထွက်သွားစေလိမ့်မည်။ သို့သော် သူ ထိုသို့မလုပ်ခဲ့ပေ။
မုန့်မင်ရှစ်က ရယ်လိုက်ငိုလိုက်ဖြင့် သူ့ကိုယ်သူပြောနေသည်။ “ငါ မုန့်မျိုးနွယ်ရဲ့ဘိုးဘေးတွေကို စိတ်ပျက်စေခဲ့ပြီ”
ပြီးနောက် သူ၏ ညှိုးရော်နေသောလက်ကို မြှောက်ကာ မင်ရှစ်ရင်၏ခွန်အားအပြည့်ဖြစ်နေသော လက်ကိုကိုင်လိုက်သည်။ “ငါ့ကို သတ် ... ငါ့ကိုသတ်လိုက်”
လူတိုင်း သက်ပြင်းချမိသွားသည်။
မည်သူမှ မင်ရှစ်ရင်ကို မကူညီသလို အကြံဉာဏ်လည်းမပေးကြပေ။ မိသားစုတိုင်း၌ အခက်အခဲကိုယ်စီ ရှိကြသည်။ အပြင်လူများအဖို့ မိသားစုကိစ္စထဲဝင်စွက်ဖက်ဖို့ ခက်ခဲလှပေ၏။ ယင်းက သူ့မိသားစုအရေးဖြစ်နေသောကြောင့် သူသာလျှင် ဖြေရှင်းသင့်သည်။
ဝှစ် ဝှစ် ဝှစ်
မရေမတွက်နိုင်သော ကျင့်ကြံသူများ၊ တော်ဝင်အစောင့်များ၊ စစ်သည်များက ပျံသန်းလာသည်။
“တော်ဝင်နန်းတော်ထဲ ကျူးကျော်မှုမရှိ ဝင်ရောက်လာတဲ့သူတိုင်း အသက်ခံရမယ်”
မုန့်မင်ရှစ်က ပြောလိုက်၏။ "ငါ့ရဲ့စစ်သည်တွေ ဘယ်လောက်သစ္စာရှိလဲတွေ့လား။ သူတို့နှလုံးသားကို မြင်နိုင်လား။ သူသာ ငါ့လိုမျိုး ၁၀ပုံ၁ပုံသာ တွေးပေးခဲ့မယ်ဆိုရင် ဒီလမ်းကြောင်းကို လျှောက်ဖို့ လိုမလား။ ငါ့ကိုသတ်လိုက်တော့ သတ်လိုက်”
“တော်ဝင်နန်းတော်ထဲကို ကျူးကျော်လာတဲ့သူတွေ သက်ညှာမှုမရှိ အသတ်ခံရမယ်”
လူတိုင်းသည် ကျင့်ကြံသူများ၊ တော်ဝင်အစောင့်များနှင့် စစ်သည်များကို လျစ်လျူရှုထားသည်။
လုကျိုးသည် လှည့်ပတ်ကြည့်ပြီး သူ၏အကြည့်က ဆန်းကြယ်ဆိတ်ငြိမ်ခန်းမဆီ ရောက်သွားသည်။ ပြီးနောက် သူက ပြောလိုက်၏။ "ဒီအစီအရင်ကို ဖြိုခွဲလို့မရဘူးလို့ မင်း ပြောတယ်နော်”
“ဟမ်”
“ခင်ဗျားကို ပြမယ်”
ဝှစ်
လုကျိုးသည် မြေပြင်ပေါ် ခြေအသာဖော့နင်းလျက် ဝေဟင်ထဲပျံသန်းသွားသည်။ ပြီးနောက် သူ၏လက်ကိုမြှောက်လိုက်ရာ ဓားအသွင်ဖြင့် အမည်မဲ့က ပေါ်လာတော့သည်။