အခန်း (၁၃၄၅-၁၃၄၇)
Vol. 90 Ch. 1345-1347
အခန်း (၁၃၄၅) ကပ်ဘေးကို တားဆီးခြင်း
ကျောင်းယွိသည် မဟာချင်၏ကိစ္စရေးရာများကို ဖြေရှင်းပေးရန် တောင်းဆိုခံရသော်ငြား သူသည် ၎င်းတို့ကို စိတ်ဝင်စားခြင်းမရှိသောကြောင့် လုကျိုးတို့နှင့်အတူ လီတောင်တန်းသို့ သွားခွင့်တောင်းလိုက်သည်။
လီတောင်တန်း၏အကြီးအကဲလေးဦးသည် ဂူဗိမာန်ဆီသို့ ယွီကျန့်ဟိုင်ကို လမ်းပြပေးပြီး ကုန်းထိပ်ပေါ်တွင် ရှိနေလေ၏။
ဓားသမား၄၉ယောက်ကမူ ရထားလုံးပျံကို စောင့်ကြပ်နေသည်။
၎င်းသည် ရှန်းယန်မြို့ပေါ်ပျံသန်းသွားသည့်အချိန် လူများစွာက မော့ကြည့်ပြီးလေးစားနေကြသည်။
ထိုစဉ် လုကျိုးက ရထားလုံးပျံထဲတွင် ထိုင်နေလျက် ရွှေကြာနယ်မြေနှင့် အဝါရောင်ကြာနယ်မြေ၏ အခြေအနေကို လေ့လာနေသည်။
တွမ့်မူရှန်းသည် သူ့ရှစ်စွင်း၏အမိန့်ကို ရရှိပြီးနောက် အစိမ်းရောင်ကြာနယ်မြေထဲသို့ သင်္ကေတလမ်းကြောင်းကနေ အမည်မသိကုန်းမြေဆီသို့ပြန်လာလိုက်သည်။ ၃ရက်တိုင်တိုင် ပျံသန်းပြီးနောက် နောက်ဆုံးတွင် လုဝူကို ရှာတွေ့သွား၏။ ပြီးနောက် သူ တုန့်ဆိုင်းမနေဘဲ စုပေါင်းပို့ဆောင်ရေး ကျောက်စိမ်းအဆောင်ကို အသုံးပြုခဲ့သည်။
လွတ်လပ်သူချင်နိုင်ဟယ်၊ မိစ္ဆာဝေဟင်မျှော်နန်း၏အစောင့်အရှောက်များဖြစ်သည့် ရှန်ရှီနှင့် လီရှန်းမော့တို့၏ ကာကွယ်ပေးမှုအောက်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှလူတိုင်း ဘေးကင်းစွာ ရှောင်တိမ်းလာနိုင်သည်။ ထိုကြောင့် တွမ့်မူရှန်းနှင့်လုဝူတို့ မိစ္ဆာဝေဟင်မျှော်နန်းဆီ ရောက်လာချိန်၌ လူသူကင်းမဲ့နေတာကို ရှာတွေ့သွားသည်။ ပြီးနောက် သူတို့နှစ်ယောက်သည် အံ့ဖွယ်မြို့တော်ဆီသို့ သွားလိုက်သည်။
နှစ်ယောက်သား အံ့ဖွယ်မြို့တော်သို့ ရောက်သည့်အချိန်တွင် ပိုင်ယီ၏ တိုက်ခိုက်မှုကြောင့် ပြိုလဲနေတာကိုတွေ့လိုက်ရသည်။
ငရဲဂိုဏ်း၏ကာကွယ်သူလေးဦးက ယခုဆို တာ့ယန်၏အစောင့်အရှောက်များဖြစ်နေလေပြီ။ သူတို့က တတ်စွမ်းသမျှ ပြန်လည်တိုက်ခိုက်နေ၏။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းကလည်း စစ်ကူများလွှတ်ကြသည်။ ထို့အပြင် ခမ်းနားသောအစီအရင် ၁၀ပါးကိုလည်း အသက်သွင်းထား၏။
ဤနည်းဖြင့် သုံးရက်သုံးညတိုင်တိုင် လက်ရည်ညီနေကြသည်။
မြို့အပြင်ဖက်ရှိစခန်းတွင်ဖြစ်သည်။
ပိုင်ယိက ဓားကိုတင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် တာ့ယန်၏တော်ဝင်နန်းတော်ရှိရာဖက်ကို ကြည့်လိုက်သည်။
“စစ်သူကြီးပိုင် ဒီနေ့က ကျုပ်တို့ ဝိုင်းရံပိတ်ဆို့မှု တတိယမြောက်နေ့ပဲ။ ကျုပ်တို့ဖက်က လူ ၃၀ကျော် ဆုံးရှုံးပြီး တစ်ဖက်က လူ၂၀၀ကျော်ဆုံးရှုံးသွားပြီ။"
“စစ်သူကြီးပိုင် အရံအတားက ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး။ ကျုပ်တို့ အခွင့်အရေးကို အမြန်အရယူပြီး အစီအရင်ကို အခုဖောက်ဝင်ရမယ်။ မိစ္ဆာဝေဟင်မျှော်နန်းက စစ်ကူတွေရောက်လာရင် ကျုပ်တို့ အခြေအနေ လှမှာမဟုတ်ဘူး”
ပိုင်ယိက အေးစက်စွာပြောလိုက်၏။ "ဒါဆို ဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်ကြရအောင်။ နေ့လယ်ကျ မြို့ကို တိုက်ခိုက်မယ်”
“နားလည်ပါပြီ”
မွန်းတည့်ချိန်တွင် ပိုင်ယိ၏ဦးဆောင်မှုအောက်၌ ကျင့်ကြံသူများစွာသည် တော်ဝင်မြို့တော်ကို ဝိုင်းထား၏။ ကျင့်ကြံသူရာချီက မြို့ပေါ်တွင်ပျံဝဲနေသည်။ မြို့ထဲတွင် အနက်ရောင်မျှော်စင်ကျင့်ကြံသူနှင့် အဖြူရောင်မျှော်စင်မှ ကျင့်ကြံသူများမှအပ ကျင့်ကြံသူများသည် ရန်သူများကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်နေလေပြီ။
ပိုင်ယီက အသံကို မြှင့်လျက် ပြောလိုက်သည်။ “ဒါကောင်းကင်က အမိန့်တော်ပဲ။ ရွှေကြာနယ်မြေရဲ့ အပြစ်ကို သန့်စင်ဖို့ မြင့်မြတ်တဲ့တာဝန်အတွက် ဒီကိုရောက်လာတာ။ မင်းတို့အားလုံးအညံ့ခံသင့်တယ်”
ပိုင်ယီ၏အသံသည် အံ့ဖွယ်မြို့တော်တစ်ခုလုံးပြန့်နှံ့သွား၏။
သာမန်ပြည်သူပြည်သားများနှင့် အားနည်းသည့်ကျင့်ကြံသူများက ပြေးပုန်းကြတော့သည်။
ထိုစဉ် မြို့တော်ထဲရှိဝေဟင်ထဲမှ နောက်ထပ်အသံတစ်သံကျယ်လောင်စွာ ပေါ်ထွက်လာ၏။
“စစ်သူကြီးပိုင် ခင်ဗျားက တကယ်အရှက်မရှိတာပဲ။ စွမ်းဆောင်ရည်ရှိတဲ့ စစ်သူကြီးက အားနည်းသူတွေကို အကြောင်းပြပြီး မြို့ကို သွေးနဲ့ဆေးမဲ့အကြောင်း ပြောနေတယ်။ ဒါပေမဲ့ အခုအချိန်ထိတောင် ခင်ဗျား အခြေအနေထူးတာ မတွေ့မိဘူး”
ပိုင်ယိက နှာခေါင်းရှုံ့လိုက်၏။ “ချင်နိုင်ဟယ် ... သစ္စာဖောက် မင်းမှာ ငါ့ကို ဘာများပြောပိုင်ခွင့်ရှိလဲ။ မင်း သတ္တိရှိရင် အမှောင်ထဲမှာ ပုန်းပြီး ငါ့နောက်ကျောကို မြားနဲ့ပစ်နေမဲ့အစား ထွက်လာပြီး ရင်ဆိုင်လိုက်လေ”
ထိုကာလအတွင်း အံ့ဖွယ်မြို့တော်သည် သိမ်းပိုက်မခံရသေးဘဲ ရန်သူသည်အားသာချက် အနည်းအကျဉ်းသာ ရှိသည်။ အားလုံးက ချင်နိုင်ဟယ်ကြောင့်သာဖြစ်သည်။
ချင်နိုင်ဟယ်က ပြုံးလျက်ပြောလိုက်သည်။ "ခင်ဗျား ဦးနှောက်တစ်ခုခုဖြစ်နေတာလား။ ကျုပ်သာ အမှောင်ထဲမှာပုန်းပြီး မင်းကို မြားနဲ့ပစ်နေမယ်ဆိုရင် ဘာကြောင့်ထွက်လာမှာလဲ။ တောင်းပန်ပါတယ်။ မင်းရဲ့ရန်စတဲ့စကားက အသုံးမဝင်ဘူး။ ပြီးတော့ မင်းရဲ့လူတွေကို ကာကွယ်နိုင်လို့လား။ သူတို့တွေပဲဆိုရင် ငါ သေချာပေါက် သူတို့တွေကိုသတ်ပစ်မှာ”
“...”
ပိုင်ယိက ဒေါသတကြီးပြောလိုက်၏။ "ငါ ဘာမှမလုပ်နိုင်ဘူးလို့ထင်နေလား”
ပိုင်ယိက လက်မြှောက်လိုက်၏။ လူ၁၀ယောက်ခန့်က စတုန်းရန်းအခင်းအကျင်းထဲ စုဝေးလျက် တော်ဝင်မြို့တော်ဆီ ပျံသန်းသွားသည်။
အဖြူရောင်မျှော်စင်အဖွဲ့အစည်းနှင့် အနက်ရောင်မျှော်စင်အဖွဲ့အစည်းမှ ကျင့်ကြံသူတို့သည် သူတို့၏စွမ်းအင်ဓားများနှင့် ဓားမော့များကို ထုတ်သုံးလိုက်ကြသည်။
စတုရန်းအခင်းအကျင်းထဲရှိ ကျင့်ကြံသူများသည် သူတို့၏ကြယ်တာရာဒိုင်ခွက်ကို တပြိုင်နက်တည်းဖွဲ့တည်လျက် တိုက်ခိုက်မှုများကို ဒိုင်းသဖွယ်ပိတ်ဆို့လိုက်သည်။
“မင်းတို့တွေ အစီအရင်အမြုတေနားကပ်ချင်တယ်ဆိုရင် ငါ သဘောတူမတူကြည့်ရမှာပေါ့” ချင်နိုင်ဟယ်သည် ထိုသို့ပြောလျက် ဧရာမစိတ်ဝိညာဉ်သဏ္ဌာန်နှင့်အတူ စည်းတံဆိပ်များ ထုတ်လိုက်သည်။
ပိုင်ယိက ခုန်တက်လျက် သူ၏ဓားကို ချိန်ရွယ်လျက် စတုရန်းအခင်းအကျင်းကို ဖြတ်ကျော်ကာ ချင်နိုင်ဟယ်ဆီ ဓားဖြင့်ရွယ်လိုက်သည်။ “မင်းရဲ့ရန်သူက ငါပဲ”
နှစ်ယောက်သားက တိုက်ကွက်ဖလှယ်ရန် အခွင့်အရေးမရသေးခင် တော်ဝင်နန်းတော်၏ အရပ်မျက်နှာတစ်ခုမှ မြားများပျံထွက်လာပြီး ရန်သူတို့၏ ကြယ်တာရာဒိုင်ခွက်များကို ကျယ်လောင်စွာ ထိမှန်သွား၏။ သူတို့သည် ရန်သူများစွာကို တခဏတာဟန့်တားနိုင်ခဲ့ပြီး ရန်သူများက ဆက်လက်ချီတက်သည်။
ထိုစဉ် ချင်နိုင်ဟယ်က စိတ်ဝိညာဉ်သဏ္ဌာန်ကို နှုတ်ကာ လေထဲပျံလာ၏။ ပြီးနောက် သူက ပိုင်ယိကို ကြည့်ကာ ပြုံးလျက်ပြောလိုက်တော့သည်။ “ပိုင်ယိ ... မင်းမှာ အရည်အချင်းရှိရင် ငါ့နောက်လိုက်ခဲ့လေ”
ပိုင်ယိက ထောင်ချောက်ထဲ မကျသွားပေ။ သူက ချင်နိုင်ဟယ်နောက် မလိုက်ခဲ့ပေ။ ထိုအစား စတုရန်းအခင်းအကျင်းထဲရှိ ကျင့်ကြံသူများဆီ ပျံသွားလျက် မြို့ရိုးဆီ သူ၏ဓားဖြင့်ချိန်ရွယ်လိုက်သည်။
"ဆက်တိုက်ကြဟေ့”
“စစ်သူကြီး ရှေ့မှာ လေးသည်တော်တွေရှိတယ်”
“သူတို့ကို လွှတ်ထားလိုက်။ သူတို့က ဘုံတစ်ထောင်လေပွေအဆင့်ထဲ ရောက်ရုံလေးပဲရှိသေးတာ”
ပိုင်ယိက ပြောလိုက်၏။
“ဟုတ်ကဲ့”
ပိုင်ယိက အမိန့်ပေးလိုက်လေ၏။ “မင်းတို့အားကုန်ထုတ်သုံးကြ"
ကျင့်ကြံသူတစ်ဒါဇင်ခန့်က အရံအတားဆီ သူတို့၏ကြယ်တာရာဒိုင်ခွက်များဖြင့် ချိန်ရွယ်လိုက်သည်။ တစ်ချိန်တည်းနီးပါး၌ သူတို့၏မွေးဖွားဇယားချပ် စွမ်းအားများကိုလည်း ထုတ်သုံးလိုက်သည်။
တိုက်ခိုက်မှုက အင်မတန်ပြင်းထန်၏။ သူတို့အရံအတားနှင့်တိုက်မိသွားချိန်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံ ပေါ်ထွက်လာပြီး မြေကြီး၊ တောင်တန်းနှင့်မြစ်တို့က တပြိုင်နက်တည်း လှုပ်ခါသွားသည်။
ဤနည်းဖြင့် အံ့ဖွယ်မြို့တော်၏ အရံအတား ပြိုကွဲသွားတော့သည်။
မြေပြင်ပေါ်ရှိ ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် နောက်ဆုတ်သွားစဉ် အဖြူရောင်မျှော်စင်နှင့် အနက်ရောင်မျှော်စင်အဖွဲ့သားတို့က ဘေးသို့ပျံသန်းလာ၏။
အရံအတား ပြိုကွဲသွားသည်နှင့် ဘက်ပေါင်းစုံကနေ ရန်သူများက ဝင်လာတော့သည်။
ထိုစဉ် ချင်နိုင်ဟယ်က ပြန်လှည့်လာလျက် မရေမတွက်နိုင်သည့် လက်သီးများ ထုတ်သုံးလိုက်သည်။
ပိုင်ယိက အော်ပြောလိုက်၏။ “ငါ မင်းကို စောင့်နေတယ်”
နှစ်ယောက်သားက ချက်ချင်းပင် ပြင်းပြင်းထန်ထန် တိုက်ခိုက်တော့သည်။
အံ့ဖွယ်မြို့တော်ပေါ်၌ လျှပ်ပြက်နေပြီး စွမ်းအင်မျိုးစုံက တိမ်တိုက်များကို မွှေနှောက်နေတော့သည်။
စတုရန်းအခင်းအကျင်းထဲရှိ ကျင့်ကြံသူများက ချင်နိုင်ဟယ်ကို လျင်မြန်စွာဝိုင်းထားလျက် ဗုဒ္ဓဂါထာတစ်ခုကို ရွတ်ဆိုကာ အသံကခြင်များပမာ တဝီဝီဖြစ်နေတော့သည်။ အသံက ကျန်သည့်သူများကို ချက်ချင်းသက်ရောက်စေ၏။
ချင်နိုင်ဟယ်က အာရုံထွေပြားနေစဉ် ပိုင်ယိက သူ၏ဓားဖြင့် ထိုးစိုက်လိုက်၏။
ချင်နိုင်ဟယ်က ရှောင်တိမ်းဆုတ်ခွာလိုက်သည်။
ချင်နိုင်ဟယ်နားရှိ ကျင့်ကြံသူများက သူ့ကိုတပြိုင်နက်တည်းတိုက်ခိုက်တော့သည်။
ဖုန်း
စွမ်းအင်စည်းတံဆိပ်များ တိုက်မိသွားသည်။
ချင်နိုင်ဟယ်က လေထဲနောက်သို့လွင့်ထွက်သွား၏။ သူ၏လက်နှစ်ဖက်ထုံကျဉ်သွားပြီး သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာသည်။ သူသည် မွေးဖွားဇယားချပ် ပြန်ကောင်းခါစ ဖြစ်သောကြောင့် သူ့နယ်ပယ်က တည်ငြိမ်မှုမရှိပေ။ ပိုင်ယိနှင့် ဤမျှများပြားသည့်ကျင့်ကြံသူများကို သူ့တစ်ကိုယ်တည်း အနိုင်ယူဖို့က တကယ်ခက်ခဲလှသည်။
“မင်းကိုသတ်မယ်။ ဆရာသခင်ကိုယ်စား သစ္စာဖောက်ဖြစ်တဲ့မင်းကို သတ်မယ်” ပိုင်ယိက ဓားကိုဝေ့ယမ်းလာပြန်၏။
ချင်နိုင်ဟယ်က နောက်သို့ပျံသန်းလျက် ပြန်တိုက်ခိုက်ရန် အခွင့်အရေးရှာနေသည်။ သို့သော် ပိုင်ယိ၏တိုက်ပွဲ အတွေ့အကြုံက အလွန်ကြယ်ဝကာ ပြန်တိုက်ခိုက်ဖို့အခွင့်အလမ်းရှာရ ခက်ခဲနေသည်။
ဘေးကျပ်နံကျပ်အခြေအနေထဲတွင် ရွှေရောင်အလင်းတန်းက ဝေဟင်ကိုဖြတ်သန်းလာ၏။
ဘန်း
ရွှေရောင်အလင်းတန်းက ပိုင်ယိ၏ဓားပေါ်ကျရောက်သွားပြီး ၎င်းသည် ဖုန်းကနဲမြည်သံဖြင့် မြေပြင်ပေါ်ကျလာသည်။
“လှံတစ်စင်းလား”
လူတိုင်းသည် ချင်နိုင်ဟယ်နောက်ရှိ ဝေဟင်ကို ဇဝေဇဝါကြည့်လိုက်မိသည်။ မှုန်မှိုင်းသော မူမမှန်သည့်ရာသီဥတုမှ မှောင်မည်းနေသောကောင်းကင်ကြောင့်သူတို့ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ သို့သော် တိမ်တိုက်များလွင့်ပြယ်သွားချိန်တွင် ဝေဟင်ထဲရှိ ဧရာမဦးခေါင်းကို တွေ့လိုက်ရသည်။
ထိုခေါင်းပေါ်၌ ကြွက်သားများဖြင့်လူတစ်ယောက်က လူတိုင်းကို အေးစက်သောအကြည့်ဖြင့် ကြည့်နေသည်။
ထိုစဉ် ဧရာမခေါင်းက ရုတ်တရက်မေးလိုက်၏။ “ဒီအားနည်းတဲ့ကောင်တွေက ငါကိုယ်တိုင် လှုပ်ရှားဖို့တန်ရဲ့လား”
“...”
“လု လုဝူလား” ပိုင်ယိက စိတ်များဗလာကျင်းသွားလျက် ထုတ်ပြောလိုက်သည်။
ဝှစ်
လုဝူသည် ပါးစပ်ဟလျက် အေးစက်သောလေများ မှုတ်ထုတ်လိုက်သည်။
အခင်းအကျင်းထဲရှိ လေတို့သည် မျက်တောင်တစ်ခတ်စာမပြည့်မှီ၌ ပြုတ်ကျသွား၏။ တစ်ယောက်ပြီး တစ်ယောက် ဝေဟင်ထဲမှ ပြုတ်ကျသွားသည်။
ချင်နိုင်ဟယ် “...”
ပိုင်ယိသည် ရေခဲစည်းတံဆိပ်မှ ရုန်းတော့မည့်အချိန်တွင် လုဝူ၏ဧရာမလက်က ဆင်းသက်လာသည်။
ဖုန်း
ထိုလက်ဝါးသည် ပိုင်ယိကို မြေပြင်ပေါ်ရိုက်ချလိုက်၏။ ယင်းက အဆုံးသတ်မဟုတ်ပေ။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
လုဝူသည် ပိုင်ယိကို လက်ဖြင့်ဆက်လက်ရိုက်နှက်နေကာ သူ မလှုပ်မယှက်နိုင်သည်အထိ ရိုက်နှက်နေလျက် နေရာအနှံ့သွေးများလွင့်စဉ်သွားသည်။
လုဝုက ခေါင်းခါလိုက်၏။ “သခင်လေး ဒါက ကျုပ်ရဲ့စွမ်းအားကို ဖြုန်းတီးရာရောက်တယ်လို့ မထင်ဘူးလား”
ချင်နိုင်ဟယ်နှင့် တွမ့်မူရှန်း “...”
လုကျိုးသည် လုဝုရောက်လာတာကို မြင်သောအခါ ရွှေကြာနယ်မြေကို လေ့လာတာ ရပ်တန့်လိုက်၏။ ပြီးနောက် ကျူးဟုန်ကုန်းကို စစ်ဆေးလိုက်သည်။ ထိုစဉ် ကျူးဟုန်ကုန်းက အိပ်ရာထဲလဲနေပြီး ဖက်ထုတ်ပမာ ထုပ်ပိုးခံထားရလေ၏။
…
အခန်း (၁၃၄၆) လီတောင်တန်း၏ ဂူဗိမာန်
ကျောက်ဟုန်ဖုက ဆေးပန်ကန်အား ကိုင်ကာ ကျူးဟုန်ကုန်းအား တစ်ဇွန်းချင်းစီ တိုက်ကျွေးနေသည်။ သူမက ပြောလိုက်၏။
“ရှင့်ရဲ့ ဒဏ်ရာတွေက အတော်လေး ပြင်းထန်တယ်။ မဆင်မခြင်မလှုပ်ရှားနဲ့”
ကျူးဟုန်ကုန်းက ရယ်မောပြီး ပြောလိုက်သည်။
“ဒါက ပြဿနာအသေးအမွားလေးပါ။ ရှစ်စွမ်းရဲ့ ကုသရေးနည်းစနစ်နဲ့ဆိုရင် စက္ကန့်ပိုင်းလေးအတွင်း ခုန်ပေါက်နိုင်လိမ့်မယ်”
“သင်္ကေတလမ်းကြောင်းက တစ်ဝက်ပဲ ပြီးသေးတာ။ မကြာခင် ပြန်သွားနိုင်မှာပါ” ကျောက်ဟုန်ဖုက ပြောလိုက်သည်။
“မဟုတ်ဘူး။ ငါတို့တွေ နည်းနည်း ထပ်စောင့်ရဦးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဆီမှာ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ် နည်းနည်း ကျန်သေးတယ်လေ” ကျုးဟုန်ကုန်းက ပြောလိုက်သည်။
ကျောက်ဟုန်ဖုက မေးလိုက်သည်။
“ရှင့်စကားတွေက ဘာလို့နေ့တိုင်းပြောင်းလဲနေတာလဲ။ ရှင်နဲ့ ကျွန်မတို့တွေ မကြာခင် ထွက်သွားရမယ်လို့ ပြောခဲ့တာလေ။ အခုကျတော့ ကျွန်မတို့တွေ စောင့်လို့ရတယ်တဲ့လား။ အော် နားလည်ပြီ။ ရှင်က နာမည်ကျော်ကြားပြီးတဲ့နောက်မှာ ပရိသတ်လှလှလေးတွေ ဘယ်လောက် ရလာလဲဆိုတာကို သိသွားပြီးတဲ့နောက်မှာ ပြောတာမလား”
“ဘာ ပရိသတ်လှလှလေးလဲ။ သူတို့က ငါ့နှလုံးသားထဲမှာ မရှိဘူး။ ငါ့ရဲ့ နှလုံးသားထဲမှာ ငါ့ရဲ့ ရှစ်စွင်းနဲ့ ငါ့ရဲ့တာဝန်ပဲ ရှိတယ်။ အဲဒါကို မမေ့ရဲဘူး”
ကျူးဟုန်ကုန်းက ပြောလိုက်သည်။
“စကားက စကားပဲ။ အပြုအမူက စကားထက်ပိုပြီးတော့ သိသာတယ်” ကျောက်ဟုန်ဖုက သူ့ရင်ဘတ်ကို အသာထုရင်း ပြောလိုက်သည်။
“အား” ကျူးဟုန်ကုန်းက အော်လိုက်သည်။
ကျောက်ဟုန်ဖုက အံ့အားသင့်သွားကာ အလျင်စလို မေးလိုက်သည်။
“ရှင် အဆင်ပြေရဲ့လား”
“ငါ သေတော့မလို့။ ငါ အဆင်ပြေမယ်များ ထင်နေလား” ကျူးဟုန်ကုန်းက မေးလိုက်သည်။
“ထားလိုက်ပါတော့။ အဲဒါက ပွင့်ချပ် ၈လွှာ ကျင့်ကြံသူကို အသုံးပြုဖို့ လွယ်ကူတာမှ မဟုတ်တာ” ကျောက်ဟုန်ဖုက သက်ပြင်းချကာ ပြောလိုက်သည်။
“ဟုတ်တယ်”
နှစ်ဦးသားက ပြိုင်တူ သက်ပြင်းချလိုက်ကြသည်။
ကျောက်ဟုန်ဖုက မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ပြောလိုက်သည်။
“ရှင်က အခု အဝါရောင်ကြာနယ်မြေရဲ့ အစောင့်အရှောက် ဖြစ်နေပြီ။ ဧကရာဇ်ကတောင် ရှင့်ကို လေးစားသမှုပြရတယ်”
“ဟုတ်တာပေါ့။ ငါ့ကို ကြည့်လိုက်လေ” ကျူးဟုန်ကုန်းက ဂုဏ်ယူစွာ ပြောလိုက်သည်။
“ဒါနဲ့ ရှင် ကိုယ့်ကိုယ်ကို အထင်ကြီးနေလို့ မရဘူး။ တကယ်လို့ အစိမ်းရောင်ကြာကျင့်ကြံသူတွေ ဒီကို တစ်ခေါက်လာတယ်ဆိုရင် သူက ထပ်ပြီးလာနိုင်သေးတယ်။ တကယ်လို့ ကျွန်မ မမှားဘူးဆိုရင် အဝါရောင်ကြာနယ်မြေအကြောင်း သိသွားကြပြီ။ ရှင်နဲ့ ဒီမှာ အာဏာရှင်လုပ်နေဖို့ မဖြစ်နိုင်တော့ဘူး” ကျောက်ဟုန်ဖုက ပြောလိုက်သည်။
ကျူးဟုန်ကုန်းက ပြောလိုက်သည်။
“မင်းပြောတာ ဟုတ်တယ်။ အဲဒါဆိုရင် မြန်မြန်သင်္ကေတလမ်းကြောင်းကို ပြီးမြောက်အောင် လုပ်လိုက်တော့”
နှစ်ဦးသားက ပြိုင်တူ ခေါင်းညိတ်လိုက်ကြ၏။
………………………………………….
ထိုစဉ် လုကျိုးက အမြစ်စွမ်းအားကို ဖြတ်တောက်တော့မည့်ဆဲဆဲတွင် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာလေ၏။
“မျှော်နန်းသခင် ကျုပ်တို့တွေ လီတောင်တန်းရဲ့ ဂူဗိမာန်ဆီ ရောက်ပါပြီ”
လုကျိုးက အမြင့်စွမ်းအားကို ဖြတ်တောက်လိုက်၏။ ယခု ရွှေကြာနယ်မြေနှင့် အဝါရောင်ကြာနယ်မြေရှိ ပြဿနာများကို ဖြေရှင်းပြီးသွားပြီဖြစ်သည့်အတွက် များစွာ စိုးရိမ်ဖို့ မလိုသေးပေ။
လုကျိုးက လျှပ်တစ်ပြက်အတွင်း ကုန်းပတ်အပေါ် ရောက်ရှိလာလေ၏။ သူက ပတ်ဝန်းကျင်ကို အကဲခတ်ရင်း မိုင်များစွာ ရှည်လျားသည့် တောင်တန်းကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းက သူ့အား မြင်တွေ့ဖူးပြီးသားလိုမျိုး ခံစားချက်ကို ပေးစွမ်းလာသည်။ ထိုအရာက ရွှေကြာနယ်မြေမှ ကောင်းကင်ကျုံးကို ပြန်လည်အမတ်ရသွားစေ၏။
“လီတောင်တန်းရဲ့ ဂူဗိမာန်က ဒီဘက်မှာပါ။ တော်ဝင်မိသားစုက လတိုင်း ဒီမှာ ယဇ်ပူဇော်ပွဲတွေ လုပ်လေ့ရှိတယ်” ချင်ရန်ယွဲ့က ပြောလိုက်သည်။
လုကျိုးက မြေပုံကို ထုတ်ယူပြီး အတူတကွ စုစည်းလိုက်ပြီး ကျောင်းယွီဆီ ပေးလိုက်သည်။
ကျောင်းယွီက ထိုနေရာကို ကြည့်ကာ အဖက်ဖက်ကို လက်ညှိုးထိုးပြီး ပြောလိုက်၏။
“ဒီဘက်မှာ”
ကျောင်းယွီက ယခင်က ရောက်ဖူးသည့်အတွက် ဤနေရာနှင့် ရင်းနှီးနေသည်။
သူ့ဦးဆောင်မှုအောက်တွင် ရထားလုံးပျံက လီတောင်တန်း တောင်ခြေသို့ ရောက်ရှိသွားလေ၏။
“ဂူဗိမာန်ရဲ့ အဝင်ဝက အရှေ့သုံးမိုင်အကွာမှာပဲ” ကျောင်းယွီက ပြောလိုက်သည်။
အားလုံးက ခေါင်းညိတ်လိုက်၏။ ရထားလုံးပျံမှ ဆင်းသက်လာပြီး ပျံသန်းလာသည်။ သိပ်မကြာခင် သူတို့က ဂူဗိမာန်အဝင်ဝသို့ ရောက်ရှိလာလေ၏။
ဂူဗိမာန်တည်ဆောက်မှုက အတော်လေး ပြောင်မြောက်လှသည်။ နေရာတိုင်း၌ ရှည်လျားကာ မြင့်မားသည့် ကျောက်တိုင်လုံးမျိုးစုံ ရှိနေလေ၏။ အစီအရင်မျိုးစုံကိုလည်း ထိုအပေါ်တွင် ရေးထွင်းထားပြီး ဂူဗိမာန်အား ကာကွယ်ပေးထားသည်။
“သွားကြစို့”
အားလုံးက ဂူဗိမာန်၏ ဧရာမကျောက်တံခါးဆီ ဦးတည်လိုက်သည်။ သက်ရှိနှင့်တူသည့် နဂါးကြီးကို ထိုကျောက်တံခါးပေါ် ရေးထွင်းထားလေ၏။ တိုင်လုံးများနှင့်တူညီစွာ သင်္ကေတ၊ အက္ခရာနှင့် အစီအရင်များကိုလည်း တံခါးထဲ ရေးထွင်းထားလေသည်။
ကျောင်းယွီက ပြောလိုက်၏။
“လောင်ချန်းပေ့ အရင်တုန်းက တော်ဝင်မိသားစုက ဒီနေရာကို လာပြီးဂါရဝမပြုခဲ့ကြတော့ အထဲမှာ ဘာရှိတယ်ဆိုတာကို မသိဘူး”
မင်ရှစ်ရင်က ကျောင်းယွီဘေးနားသွားကာ ပြောလိုက်သည်။
“ကိစ္စမရှိဘူး။ ဘာမှပြောဖို့ မလိုတော့ဘူး။ သူတို့ဘိုးဘေးရဲ့ အုတ်ဂူဆီ လူတွေကို ခေါ်လာတာ အဓိပ္ပာယ်မရှိဘူးဆိုတာကို ငါ နားလည်ပါတယ်”
“အား ထင်ထားသလို အဲ့လိုမဟုတ်ပါဘူး။ ကျုပ် တကယ်ကို ဒီမရောက်ဖူးတာပါ” ကျောင်းယွီက ပြောလိုက်သည်။
“ကောင်းပြီလေ။ မင်းကို ယုံတယ်” မင်ရှစ်ရင်က ပြုံးကာ ပြောလိုက်သည်။
ကျောင်းယွီက ခေါင်းကုတ်ကာ ဆွံ့အမိသွား၏။ သူက မင်ရှစ်ရင်သည် မနေ့က သေလုနီးပါးဖြစ်နေသည်ဟု မြင်တွေ့ထားခဲ့သော်လည်း တစ်ညကြာမြင့်ပြီးသည့်နောက်တွင် မင်ရှစ်ရင်က အကောင်းအတိုင်း ပြန်ဖြစ်သွားလေသည်။
ထိုစဉ် ချင်ရန်ယွဲ့က ရှေ့တိုးလာကာ တံခါးပေါ်မှ အစီအရင်ကို လေ့လာကြည့်လိုက်၏။
“အစီအရင်က ထူးဆန်းပြီးတော့ အတော်လေး ပြောင်မြောက်တယ်။ ဒီလိုအစီအရင်မျိုးကို ပြန်ဖြည်ဖို့က လွယ်မှာမဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်တို့တွေ အတင်းအကြပ် ဝင်ရောက်လို့ရတယ်”
“…”
အကောင်ကြီးကြီးတွေက ကျုပ်ကို နည်းနည်းလောက် မျက်နှာသာ ပေးပါဦးလား။ ဒီနေရာက ရွှေရောင်အမှတ်အသားပြားကို လာရှာတာလေ။ ကျုပ်ဘိုးဘေးရဲ့ ဂူကို လာဖောက်တာမှ မဟုတ်တာ…
လီတောင်တန်း၏ အကြီးအကဲလေးဦးက ဘာမှမပြောကြပေ။
ထိုစဉ် မင်ရှစ်ရင်က ချွေ့မင်ကွမ်းအား ကန်လိုက်သည်။
“မင်းက ငါ့ကို ကန်တယ်လား”ချွေ့မင်ကွမ်းက အော်ပြောလိုက်သည်။
“ခင်ဗျားကို ကန်ရုံတင်မကဘူး။ ခင်ဗျားကို ရိုက်နှက်ချင်သေးတာ” မင်ရှစ်ရင်က ပြောပြီး လက်သီးတစ်ချက် ထိုးလိုက်သည်။
“…”
“ကျုပ်တို့တွေ ဘယ်လိုဝင်ရမလဲဆိုတာကိုပြော”
“ငါတို့လေးယောက်က တစ်နှစ်ပတ်လုံး ဒီနေရာကို စောင့်ကြပ်နေတာ။ ဒါပေမဲ့ ငါတို့သိတာက တော်ဝင်သွေးမျိုးဆက်နဲ့ သူပဲ ဝင်လို့ရတယ်ဆိုတာပဲ” ကျီရှစ်က ပြောလိုက်သည်။
“တော်ဝင်သွေးမျိုးဆက်လား”
အားလုံးက ကျောင်းယွီကို ပြိုင်တူ လှည့်ကြည့်လိုက်ကြသည်။
သူက ခြေတစ်လှမ်း နောက်ဆုတ်လိုက်၏။ မင်ရှစ်ရင်သည် ထူးထူးဆန်းဆန်းအပြုံးဖြင့် ချဉ်းကပ်လာသည်ကို မြင်သည့်အခါ မေးလိုက်သည်။
“ဘာ ဘာလိုချင်လို့လဲ”
“မင်းရဲ့ သွေးနည်းနည်းကို ပေး” မင်ရှစ်ရင်က လျှပ်စီးလိုအလျင်ဖြင့် လှုပ်ရှားလာလေ၏။ ထို့နောက် သူ့လက်အထက် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားကာ ကျောင်းယွီ၏ လက်ချောင်းကို ကိုင်လိုက်သည်။
ဖောက်
သွေးတစ်စက်က တံခါးအပေါ် ကျပြီးသည့်နောက်တွင်ပင် တံခါးက အလှုပ်အယှက် ကင်းမဲ့နေဆဲ ဖြစ်၏။
“ဘာလို့ အလုပ်မဖြစ်တာလဲ” မင်ရှစ်ရင်က ကျီရှစ်အား ကြည့်လိုက်သည်။
ကျီရှစ်က လှည့်ကာ နဂါးဦးခေါင်းကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။
“အဲဒီမှာ စမ်းကြည့်”
မင်ရှစ်ရင်က စမ်းကြည့်လိုက်သည်။
“ငါ့ကို သွေးနည်းနည်း ထပ်ပေးဦး” မင်ရှစ်ရင်က အလျင်အမြန် လှုပ်ရှားလိုက်၏။ ကျောင်းယွီ မတုံ့ပြန်နိုင်ခင် သူ့လက်ချောင်းက ထပ်မံ အဖောက်ခံလိုက်ရပြန်သည်။ ထို့နောက် သွေးတစ်စက်က နဂါး၏ ဦးခေါင်းထံ ကျရောက်သွားလေသည်။
ကျောင်းယွီ “…”
ကျောက်တံခါးပေါ်၌ အလှုပ်အရှား မရှိသေးပေ။
ကျောင်းယွီက ဒေါသထွက်လာပြီး ကျီရှစ်အား ကြည့်ကာ ပြောလိုက်သည်။
“တစ်ခါထဲနဲ့ စကားကို ပြီးအောင်ပြောလို့မရဘူးလား”
မင်ရှစ်ရင်က ကျောင်းယွီကို ကြည့်ကာ ပြောလိုက်သည်။
“သူ ပြောတာနဲ့ ဘာမှမှားနေတယ်လို့တော့ မထင်ဘူး။ ကြည့်ရတာ ပြဿနာက မင်းပဲ ထင်တယ်”
ကျောင်းယွီက တုံ့ပြန်လိုက်သည်။
“မဖြစ်နိုင်ဘူး။ ငါ့အမေက အဲ့လိုမျိုး မဟုတ်ဘူး”
“…”
မင်ရှစ်ရင်က ချောင်းဟန့်ကာ ပြောလိုက်သည်။
“ငါ အဲ့လိုပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ တံခါးက တကယ်ကို မလှုပ်ရှားသေးဘူး”
ကျောင်းယွီက ရှေ့တိုးသွားကာ နဂါး၏ ဦးခေါင်းကို ကြည့်လိုက်သည်။ ထို့နောက် သူက သူ့သွေးထွက်နေသည့် လက်ချောင်းကို နဂါး၏ ဦးခေါင်းထံ ဖိကပ်လိုက်၏။
ထိုစဉ် နဂါး၏ ဦးခေါင်းက လင်းလက်လာပြီး ကျောက်တံခါးကလည်း လင်းလက်လာသည်။
ကျောင်းယွီက မင်ရှစ်ရင်ဘက် လှည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။
“အဲ့လိုမျိုး မဟုတ်ဘူးလို့ ပြောသားပဲ”
“အဲ့လိုမဟုတ်တာ ကံကောင်းသွားတယ်။ မဟုတ်ရင် မင်းကို အသိအမှတ်ပြုမှာ မဟုတ်ဘူး”
မင်ရှစ်ရင်က ပြောလိုက်သည်။
“ဘာလဲ”
“ဘာမှမဟုတ်ဘူး”
ဝုန်း
ကျောက်တံခါးကြီးက ပွင့်သွားလေသည်။
မှောင်မဲနေသည့် လမ်းကြောင်းတစ်ခုက အားလုံးရှေ့မှောက်ပေါ်ထွက်လာလေ၏။
လုကျိုးက ညအမြင် ရှိသည့်အတွက် သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်လာမိသည်။ သူက လက်နောက်ပစ်လျက် ရှေ့ကနေ ဦးဆောင်သွားပြီး အားလုံးက လိုက်ပါလာသည်။
လုကျိုးနှင့် ချင်ရန်ယွဲ့တို့က ရှေ့မှောက် ဦးဆောင်လာသည်နှင့် သူက အားလုံးက မစိုးရိမ်ကြရုံသာမကဘဲ ယုံကြည်ချက်များဖြင့် ပြည့်နှက်နေသည်။
သိပ်မကြာခင် သူတို့က လှေကားထစ်များကို မြင်လိုက်ရ၏။ သူတို့က လှေကားထစ်မှ ဆင်းဖို့ တုံ့ဆိုင်းခြင်း မရှိပေ။
ကျောင်းယွီက မြေပုံကို ကြည့်ကာ ပြောလိုက်သည်။
“ကျုပ်တို့တွေ ဂူဗိမာန်ရဲ့ မြေအောက်ပိုင်းကို ရောက်လာပြီ”
ထိုစဉ် ကျီရှစ်က ပြောလိုက်၏။
“ဂုဏ်ထူးဆောင်ဧကရာဇ်ဟောင်းရဲ့ ဂူဗိမာန်ကို စောင့်ကြပ်နေတဲ့ တစ်စုံတစ်ခု ရှိတယ်”
“အဲဒါဘာလဲ” လုကျိုးက မေးလိုက်သည်။
“ယင်ကော” ကျီရှစ်က ပြန်ဖြေလိုက်သည်။
“ယင်ကောလား” ခုံဝမ်က အံ့အားသင့်သွားလေ၏။
ကျီရှစ်က ဆက်ပြောလိုက်သည်။
“ရှေးခေတ်ကတည်းက လူသားတွေနဲ့ ခက်ထန်သားရဲတွေဆိုတာက နည်းလမ်းမျိုးစုံနဲ့ ထာဝရအသက်ကို ရဖို့ ကြိုးစားခဲ့ကြတာ။ ဒီခေတ်ကာလမှာ အဲဒီခေတ်ကာလတုန်းက ထူးဆန်းတဲ့ လျှို့ဝှက်နည်းစနစ်တွေ၊ အစီအရင်တွေနဲ့ စုန်းအတတ်မန္တန်တွေကို တွေ့ရှိခဲ့ကြတယ်လေ။ အတွေးအခေါ် ကျောင်းတော်ရာချီလည်း ထွက်ပေါ်လာနိုင်ပြီ။ ကွန်ဖြူးရှပ်ကျောင်းတော်၊ ဗုဒ္ဓဘာသာနဲ့ တာအိုဘာသာတွေက အဲဒီအချိန်တုန်းက ပြောဖို့ မထိုက်တန်သေးဘူး။
ဘာပဲဖြစ်ဖြစ် လူသားတွေက ဘယ်လောက်ပဲ ကျင့်ကြံ ကျင့်ကြံ သူတို့တွေက ထာဝရအသက်ကို မရရှိနိုင်ကြဘူး။ အဲဒါကြောင့် တချို့တိရစ္ဆာန်တွေနဲ့ ခက်ထန်သားရဲတွေက ဆန့်ကျင်ဘက် လုပ်ခဲ့ကြတယ်။ သူတို့က ထာဝရကို ရဖို့အတွက် အရင်ဆုံး သေခြင်းတရားကို ရှာဖွေခဲ့ကြတယ်”
“သူတို့က ဖုတ်ကောင်တွေလိုမျိုး နေထိုင်ခဲ့ကြတယ်။ အဲဒီနည်းလမ်းက စည်းမျဉ်းကို ကျော်ဖြတ်သွားပြီးတော့ ကောင်းကင်ဘုံကနေ အဲဒါကို သိမြင်နိုင်တဲ့သူတွေအတွက် အပြစ်ဒဏ်ကို ချမှတ်ခဲ့တယ်လေ။ သူတို့က ဝိညာဉ်မဲ့ဘဝနဲ့ ကျိန်စာတိုက်ခံခဲ့ရတာ။ သူတို့က ရုပ်သေးရုပ်လိုမျိုး ထိန်းချုပ်ခံရဖို့ ကျိန်စာတိုက်ခံခဲ့ရတာပေါ့”
“ဒါပေမဲ့ သဘာဝအနေနဲ့ ခြွင်းချက်တွေ ရှိတယ်။ ယင်ကောက အဲဒီဇွန်ဘီဆယ်ကောင်ထဲက တစ်ကောင်ပဲ။ သူက တစ်ခါတုန်းက အထွတ်အထိပ်သက်ရှိရဲ့ လက်အောက်ခံ ဖြစ်ခဲ့ဖူးတယ်။ နောက်ကျတော့ သူက စစ်ပွဲမှာ ရှုံးနိမ့်သွားပြီးတော့ အထွတ်အထိပ်သက်ရှိရဲ့ အပြစ်ပေးမှုကို ခံပြီး မြေအောက်ကမ္ဘာကို စောင့်ကြပ်ခဲ့ရတာ။
အပြင်ပိုင်းမှာတော့ ဒါက သူ့အပြစ်ဒဏ်အတွက် အတော်လေး သက်ညှာထားတာပေါ့။ ဒါပေမဲ့ စိတ်ထဲမှာတော့ သူ့က မကျေနပ်ဘူးလေ။ နောက်ပိုင်းကျတော့ သူက ဟို့ကြောင့် ဆွဲဆောင်ခံလိုက်ရပြီး ဟို့ရဲ့အဆိပ်ကို စားသုံးခဲ့တယ်။ အဲဒါကြောင့် သူ့ခန္ဓာကိုယ်က သိသိသာသာ ပြောင်းလဲသွားခဲ့တယ်လေ။ သူ့ရဲ့ စွမ်းအင်ဗဟိုချက်ရဲ့ ချီပင်လယ်က ပျောက်ကွယ်သွားပြီးတော့ သူက မသေမျိုးခန္ဓာ ရလာတယ်။ သူက သူ ထွက်လာတဲ့အချိန်တိုင်း လူသားတွေကို ထိခိုက်အောင် လုပ်လေ့ရှိတယ်။ ဒါပေမဲ့ သူ ပျောက်ကွယ်သွားပြီးတော့ ဘယ်နေရာရောက်သွားလဲဆိုတာ မသိရဘူး”
ခုံဝမ်က သိချင်စွာ မေးလိုက်သည်။
“အဲဒါဆိုရင် သူက မဟာချင်တော်ဝင်မိသားစုရဲ့ ဂူဗိမာန်ထဲမှာ ဘယ်လိုပေါ်ထွက်လာတာလဲ”
ကျီရှစ်က ခေါင်းယမ်းကာ ပြောလိုက်၏။
“ကျုပ် ကြားတာကတော့ ဧကရာဇ်ဟောင်းက ဖျက်ဆီးခြင်းတိုင်လုံးနားမှာ တွေ့ခဲ့တာတဲ့”
သူက ဆက်ပြောလိုက်သည်။
“ယင်ကောအပြင် တခြားထူးထူးဆန်းဆန်း အစီအရင်တွေလည်း ရှိသေးတယ်။ ဧကရာဇ်ဂူဗိမာန်အနားကို ချဉ်းကပ်ဖို့ ခက်ခဲတယ်လေ။ အဲဒါက ဂူဗိမာန်ကို တည်ဆောက်ဖို့ ကျင့်ကြံသူ အယောက်သုံးသောင်းလောက် လိုအပ်ခဲ့တာ။ သူတို့အားလုံးက ဒီမှာသေသွားတယ်”
“…”
ရှောင်ယွမ်အာက မီးတောက်ဇာမဏီငယ်လေးအား တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။ ဘယ်ညာကို ကြည့်ကာ ပြောလိုက်သည်။
“ရှစ်ရှိုးတို့ ညီမလေးတို့ ထွက်သွားရအောင်လေ”
ဤနေရာတွင် မဲမှောင်ကာ အေးစက်စက် နိုင်လှသည်။
ယွီရှန်းရုန်က ရှောင်ယွမ်အာအား ခေါင်းအသာပုတ်ကာ ပြောလိုက်သည်။
“ဒီရောက်လာမှတော့ သက်တောင့်သက်သာဖြစ်ဖို့ ကြိုးစားသင့်တယ်။ တကယ်လို့ ထူးထူးဆန်းဆန်းအရာ ရှိတယ်ဆိုရင် ရှစ်ရှိုးတို့က ကာကွယ်ပေးမှာပေါ့”
ထိုစဉ် လုကျိုးက ပြောလိုက်သည်။
“ငါ့နောက်လိုက်ခဲ့”
သူက လက်နောက်ပစ်ကာ လျှောက်လမ်းအတိုင်း ဝင်ရောက်သွားလိုက်သည်။ သူက မဆင်းသက်ခင် လျှောက်လှမ်းပေါ်မှ သင်္ကေတများနှင့် အက္ခရာများမှ လင်းလက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။
ထို့နောက် အနက်ရောင်အလင်းဖြင့် တောက်ပနေသည့် သံကြိုးများက အဖက်ဖက်မှ ပျံသန်းထွက်ပေါ်လာ၏။
ထိုစဉ် လေထဲ ကြီးကျယ်ခမ်းနားသည့် အသံတစ်သံထွက်ပေါ်လာသည်။
“ဘယ်သူက ဂူဗိမာန်ရဲ့ တားမြစ်နေရာထဲ ကျူးကျော်ရဲတာလဲ”
...
အခန်း (၁၃၄၇) ထာဝရအသက်ကိုရှာဖွေခြင်း
အသံသည် ငရဲအတွင်းထဲမှ လာသည့်ပမာ လူတို့ကို ကျောစိမ့်သွားစေ၏။
စင်မြင့်ဝိုင်းပေါ်ရှိ ထွင်းစာများက အလင်းမပေါ်ထွက်လာခဲ့လျှင် သာမန်လူတို့အဖို့ ထိုကဲ့သို့ ခြောက်ခြားပြီး မှောင်မည်းပြီးသော ပတ်ဝန်းကျင်တွင် အသံကိုကြားပြီးနောက် တည်ငြိမ်စွာ နေနိုင်ဖို့က ခက်ခဲနေလိမ့်မည်။
မိစ္ဆာဝေဟင်မျှော်နန်း၏လူများ၊ ချင်ရန်ယွဲ့နှင့် ဓားသမား၄၉ယောက်တို့သည် လေထဲပျံဝဲလျက် အသံလာရာဖက်ကို ကြည့်လိုက်သည်။
ပြောရန်မလို လုကျိုးက အားလုံးရှေ့တွင် ရပ်နေ၏။ ကုသိုလ်မှတ်တစ်သန်းဖြင့် သူသည် တစ်ဖက်ကို မဖြေရှင်းနိုင်ဖို့ ကြောက်စရာမရှိပေ။ သို့သော်ငြား ဖုတ်ကောင်ဘုရင်များထဲမှ တစ်ကောင်ဆိုလျှင် သူ မည်သို့ဖြေရှင်းရမည်နည်း။ ဖုတ်ကောင်များက သက်ရှိမဟုတ်။ စစ်မှန်မှုမရှိပေ။ သက်ရှိမဟုတ်သူကို မည်ကဲ့သို့သတ်ရမည်နည်း။ အသေရိုက်ချက်ကတ်က ထိုကဲ့သို့ သတ္တဝါကို ရင်ဆိုင်ရာ၌ အကျိုးသက်ရောက်မှုရှိမည်လေ။
အတိတ်တုန်းက ရွှေကြာနယ်မြေက မြင်ကွင်းများက လုကျိုး၏စိတ်ထဲစွဲထင်နေသေးသည်။ စုန်းအတတ် ကျင့်ကြံသူတို့က သမာသမတ်ဂိုဏ်း၏ဂိုဏ်းချုပ် ကျန်းယွမ်ရွှမ်းကို ထိန်းချုပ်သည့် မြင်ကွင်းပဲဖြစ်၏။ ထို့အပြင် မဟာနတ်ဆရာပမားနှင့် သူ၏ရှစ်မေ့မော့လီ။
လုကျိုးသည် လှုပ်ရှားနေမည့်အလောင်းများကို မြင်တွေ့ရရုံပင် ရွံရှာနေ၏။ သို့သော်ငြား ဖုတ်ကောင်ဘုရင်များက စုန်းအတတ်ကျင့်ကြံသူများ၏ ရုပ်သေးများနှင့်ဆင်တူလျှင် မဆိုးပေ။ အနည်းဆုံးတော့ ထိုအရာများသည် မဟာလေဟာနယ်မျိုးစေ့နှင့် ကောင်းကင်ကျမ်းစာ၏စွမ်းအားကို ကြောက်ရွံ့ကြသည်။
ထိုစဉ် ပုံရိပ်တစ်ခုက ရုတ်တရက်တိုးလာပြီး စင်မြင့်ဝိုင်းပေါ် ဆင်းသက်လိုက်၏။ ထိုလူက ဂတုံးပြောင်ဖြစ်နေပြီး သင်္ဃန်းဝတ်ထားလေ၏။ သူ၏လက်တစ်ဖက်ကိုမြှောက်ထားပြီး ကျန်လက်တစ်ဖက်၌ ပုတီးကိုင်ထားလေသည်။ သူ၏မျက်ခုံးက ဖြူဖွေးနေကာ မျက်ခုံးများရှည်နေကာ မျက်နှာကမူ ရွတ်တွမှုများပြည့်နေလေ၏။ လူတိုင်းကိုကြည့်နေစဉ် အမူအရာက ကြမ်းတမ်းခက်ထန်နေသည်။ သူက ပြောလိုက်သည်။ "အော်မီတော်ဖော် ... အပြင်လူတွေ တားမြစ်မြေထဲ ကျူးကျော်ခွင့်မရှိ။ ကျေးဇူးပြုပြီး ထွက်သွားပါ။"
“သူက ဘုန်းကြီးတစ်ပါးလား”
“ဘာလို့ဘုန်းကြီးဖြစ်နေတာလဲ”
မင်ရှစ်ရင်နှင့်ကျန်သည့်သူများသည် ကျောင်းယွိဖက်တညီတညွတ်တည်း လှည့်ကြည့်နေပြီး ဖြေရှင်းချက်ကို စောင့်ဆိုင်းနေကြသည်။ တော်ဝင်မိသားစုဝင်တစ်ယောက်တောင် ဘာဖြစ်နေမှန်း မသိလျှင် ကျန်သည့်သူများက ဖော်ထုတ်နိုင်ရန် မျှော်လင့်ချက်ရှိတော့မှာမဟုတ်။
လူတိုင်း၏အကြည့် သူ့ဆီကိုရောက်လာတာမြင်သောအခါ ကျောင်းယွိက ခေါင်းခါပြီးပြောလိုက်၏။
“ကျုပ်လည်း မသိဘူး”
ချင်ရန်ယွဲ့သည် ကာလရှည်ကြာစွာရှင်သန်နေထိုင်လာခဲ့သူ ဖြစ်သောကြောင့် ဗဟုသုတကြွယ်ဝပြီး အတွေ့အကြုံရှိသည်။ သူက စဉ်းစားဆင်ခြင်လျက် ပြောလိုက်သည်။
“ယခင်ဧကရာဇ်က အငြိမ်းစားယူပြီး ထာဝရရှင်သန်မှုကို ရှာခဲ့တာ။ သူက ထူးကဲတဲ့သူတွေ တော်တော်များများကို စုဆောင်းခဲ့တယ်။ သူတို့အားလုံးက ဆေးထိုးသန့်စင်ခြင်းအစီအရင်၊ လျှို့ဝှက်နည်းစနစ် စတဲ့မတူတဲ့ နေရာတွေမှာ ကျွမ်းကျင်ကြတယ်။ ဒီဘုန်းကြီးက သူခေါ်ထားတဲ့လူတွေထဲက တစ်ယောက်ဖြစ်လောက်တယ်”
ထိုဘုန်းကြီး၏အကြည့်သည် လူတိုင်းဆီရောက်နေစဉ် ကြမ်းတမ်းခက်ထန်နေ၏။ လက်တစ်ဖက် ဝေ့ယမ်းလိုက်စဉ် နောက်ထပ်လူနှစ်ယောက် ရောက်လာတော့သည်။ ထိုလူများက ဘုန်းကြီးများ မဟုတ်ပေ။ ထိုအစား သူတို့သည် ဟယ်ရှန်းဝတ်ရုံကိုဝတ်ထား၏။ သူတို့မျက်နှာက ခြောက်ခြားနေလျက် မျက်လုံးများ အသက်ကင်းမဲ့နေသည်။
လုကျိုးက မျက်မှောင်အနည်းငယ်ကျုံ့မိသွားသည်။
“ဝေ့ကျန်းနန်၊ ဝေ့ကျင်းရဲ့လား”
သူတို့နှစ်ယောက်သည် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ သင်္ကေတလမ်းကြောင်းကိုသုံးပြီး အမည်မသိကုန်းမြေသို့ လုကျိုးပထမဆုံးသွားစဉ် တွေ့ခဲ့ဖူးသည့် ကျင့်ကြံသူများပဲဖြစ်သည်။ ထိုစဉ်က သူတို့သည် ဆန်းကျယ်အသက်ဓာတ်မြက်ကို ရှာဖွေနေတာပဲဖြစ်သည်။
ခုံဝမ်နှင့် သူ၏ညီနောင်များသည် လုကျိုးကိုမော့ကြည့်ပြီး မေးလိုက်လေ၏။ “မျှော်နန်းသခင်လု သူတို့ကို သိတယ်လား”
“သူတို့ကိုတွေ့ဖူးတယ်” လုကျိုးက ပြန်ပြောလိုက်သည်။
“သူတို့က အင်အားစုအမျိုးမျိုးအတွက် အလုပ်လုပ်ပေးတဲ့ တကိုယ်တော်ကျင့်ကြံသူတွေပဲ။ ကျွန်တော်တို့ညီအစ်ကိုတွေလိုပဲ။ ရှင်သန်နေထိုင်ဖို့အတွက် တစ်နှစ်ပတ်လုံးသူတို့အသက်ကို စွန့်စားနေတာ။ သူတို့ကို ရူးသွပ်သွားလိမ့်မယ်လို့ မထင်ထားဘူး” ခုံဝမ်က သက်ပြင်းချလိုက်လေ၏။ သူသည် အတိတ်တုန်းက ဝေ့ကျန်းနန်နှင့် ဝေ့ကျင်းရဲ့တို့က ဆင်တူသောကြောင့် သူတို့ကို မျှဝေခံစားပေးနိုင်သည်။
လီတောင်တန်း၏အကြီးအကဲလေးဦးထဲမှ ကျီရှစ်ကမူ ပြောလိုက်သည်။ "သိပ်မကြာသေးခင်တုန်းက ဂူဗိမာန်ကို ပြန်ပြင်ပြီးထိန်းသိမ်းထားတာ။ ဒါကို ဧကရာဇ်အမိန့်ပေးထားတာ ဘယ်လိုလုပ်”
ကျီရှစ်သည် ဤနေရာ၌ တခြားသူများကို တွေ့လိမ့်မည်ဟု မထင်ထားပေ။ သို့သော် ထိုအကြောင်းစဉ်းစားမိချိန်၌ အံ့ဩစရာကောင်းမနေပေ။ ဆိုရလျှင် ဂူဗိမာန်ထဲ၌ တော်ဝင်မိသားစုများနှင့် သက်ရှိများကို မြှုပ်သည့်ဓလေ့က ရှိထားသည်။ ဤလူများကို ဧကရာဇ်အုတ်ဂူ၏အစောင့်များဖြင့် သတ်မှတ်နိုင်သည်။
ချင်ရန်ယွဲ့က မေးလိုက်လေ၏။ “မဟာချင်မှာ ဗုဒ္ဓဂိုဏ်းတွေမရှိဘူး။ ဒီဘုန်းကြီးက ဘယ်ကလာတာလဲ”
လီတောင်တန်း၏အကြီးအကဲလေးဦးသည် သူတို့မသိကြောင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပခုံးတွန့်ပြလိုက်၏။
ဘုန်းကြီးကပြောသည်။ “ကျုပ်က အနီရောင်ကြာနယ်မြေက။ ကျုပ်ရဲ့ဘွဲ့နာမည်က ကျန့်ကျန်း။ ကျုပ် ပြောသင့်တာ ပြောပြီးပြီ။ အခုမထွက်သွားရင် နောက်ဆက်တွဲကို ခံစားရမယ်”
“ခင်ဗျားက ဓားသွားတစ်ထောင်ကျောင်းရဲ့ ကျောင်းထိုင်ကိုယ်တော် ကျန့်ကျန်းဖြစ်နေတာကိုး”
လုကျိုးက ပြောလိုက်သည်။
ကျန့်ကျန်းသည် အနည်းငယ်အံ့အားသင့်သွားတော့သည်။ “မင်း ငါ့ကို သိတယ်လား”
“သွေးနေမင်းဘုရားကျောင်းရဲ့ ကျောင်းထိုင်ကိုယ်တော်ဖာ့ဟွဆီကနေ ကြားဖူးတာ။ အစောပိုင်းနှစ်တွေတုန်းက အနီရောင်ကြာနယ်မြေထဲက အနည်းစုသောပွင့်ချပ်ဆယ်လွှာ ပညာရှင်တွေထဲက တစ်ယောက်။ နောက်ပိုင်း ခင်ဗျား ပျောက်သွားတယ်” လုကျိုး ပြောလိုက်၏။
ကျန့်ကျန်းက မေးလိုက်သည်။ “ခင်ဗျား ဘယ်သူလဲ”
“ကျုပ် ဘယ်သူလဲ အရေးမကြီးဘူး။ ကျုပ် တစ်ခုလာရှာတာ”
ကျန့်ကျန်းက မျက်နှာသေဖြင့်ပြောလိုက်၏။ “အော်မီတော်ဖော် သေသူကို လေးစားရမယ်။ ဒါက နှောင်းဧကရာဇ်ရဲ့ဂူဗိမာန်နဲ့ အုတ်ဂူပဲ။ ခင်ဗျား ဘယ်လိုလုပ် မလေးမစားလုပ်ရတာလဲ”
ကျောင်းယွိက ပြန်ပြောလိုက်၏။ "ကျုပ်တောင်မကန့်ကွက်တာ ခင်ဗျား ဘာကြောင့် ရေးကြီးခွင်ကျယ်လုပ်နေတာလဲ”
ကျန့်ကျန်းက ကျောင်းယွိကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။ ”
"ကျေးဇူးပြုပြီး ထွက်သွားပါ”
ပြီးနောက် ကျန့်ကျန်းက လက်ဝေ့ယမ်းပြလိုက်သည်။
ဝေ့ကျင်းရဲ့နှင့် ဝေ့ကျန်းနန်ရှေ့တွင် စတုရန်းဗုဒ္ဓစည်းတံဆိပ်နှစ်ခုပေါ်လာပြီး သူတို့ဆီ တဟုန်ထိုး တိုးဝင်သွား၏။
ချင်ရန်ယွဲ့က ပြောလိုက်သည်။ “သူတို့အားလုံး သေပြီးပြီ။ ဖုတ်ကောင်တွေနဲ့ မခြားဘူး။ ဒီကိုယ်တော်ကလည်း စိတ်ကြည်လင်နေပုံ မပေါ်ဘူး”
ပြီးနောက် ချင်ရန်ယွဲ့သည် လက်ဝါးစည်းတံဆိပ်နှစ်ခု ထုတ်သုံးလိုက်ချိန်တွင် လုကျိုးက တားလိုက်လေ၏။
ချင်ရန်ယွဲ့က ဇဝေဇဝါဖြစ်သွားတော့သည်။
လုကျိုးက ရှင်းပြလိုက်၏။ “ကျုပ် သူတို့နှစ်ယောက်ကို တစ်ခါတွေ့ဖူးတယ်။ အဲ့ဒီတုန်းက သူတို့ကို ကျုပ်ကို ကူညီပေးခဲ့ဖူးတယ်။ အဆင့်မတူပေမဲ့ လူသားတွေဖြစ်နေတာ တူတူပဲ။ ဒီနှစ်ယောက်က ကြင်ကြင်နာနာ သေသင့်တယ်”
ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်၏။ “ခင်ဗျားပြောတာ မှန်တယ်”
ခုံဝမ်နှင့် သူ၏ညီနောင်များသည် လုကျိုး၏စကားကို ကြားသောအခါ ရင်ထဲထိသွားလေ၏။ ဆိုရလျှင် ဤလောကထဲလူတို့က သာလွန်မှု၊ နိမ့်ကျမှုတို့ကြား ကွဲပြားခြားနားချက်များဖြင့် မွေးဖွားလာတာဖြစ်သည်။ သူတို့ကဲ့သို့နိမ့်ကျသူများအတွက် ဂရုစိုက်သူမည်မျှရှိသနည်း။
ဤနည်းဖြင့် ခုံဝမ်နှင့် သူ့ညီနောင်များ၏ သစ္စာရှိမှုသည် ၁၀မှတ်စီတိုးသွားကာ ၇၀နီးပါး ရောက်သွားတော့သည်။
လုကျိုးက လက်ဝါးစည်းတံဆိပ်ကို ထုတ်သုံးပြီး စင်မြင့်ဝိုင်းပေါ်ရှိ ဝေ့ကျန်းနန်နှင့် ဝေ့ကျန်းရဲ့ကို ထိန်းချုပ်လိုက်သည်။ ပြီးနောက် သူက လှစ်ကနဲပင် ကျန့်ကျန်းရှေ့သို့ရောက်သွား၏။
ကျန့်ကျန်း၏မျက်လုံးက ပြူးကျယ်လာကာပြောလိုက်သည်။ “ကျုပ်က အုတ်ဂူစောင့်တစ်ယောက် သက်သက်ပဲ။ ဘာကြောင့် ကျုပ်ကို ဒီလိုလုပ်ရတာလဲ”
လုကျိုးက လက်မြှောက်လျက် လက်ဝါးစည်းတံဆိပ်ဖြင့်ရိုက်ချလိုက်စဉ် ကျန့်ကျန်းက ချက်ချင်း ရှောင်ရှားလိုက်ကာ စင်မြင့်ဝိုင်းပေါ်၌ ပုံရိပ်များကျန်ရစ်ခဲ့သည်။
“ထင်တဲ့အတိုင်းပဲ ခင်ဗျားက ပွင့်ချပ် ၁၀လွှာအဆင့်ကိုဖြတ်ကျော်ပြီးပြီ” လုကျိုးက ပြောလိုက်သည်။
ကျန့်ကျန်း၏အသံက ပတ်ဝန်းကျင်တွင် ပဲ့တင်သံထပ်နေသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ တုန်းက ကျုပ်အသက်ကိုစွန့်စားပြီး အစိမ်းရောင်ကြာနယ်မြေကို လာခဲ့တယ်။ အစိမ်းရောင်ကြာနယ်မြေထဲ အသားကျနိုင်ဖို့ ၁၀နှစ်နေခဲ့ရတာ။ ဗုဒ္ဓက သက်ညှာပြီး ကျုပ်ကို နှောင်းဧကရာဇ်ဆီလမ်းပြပေးခဲ့တယ်။ သူသေလွန်ပြီးတော့ သူ့အုတ်ဂူကို စောင့်ကြပ်ခဲ့တာ။ သူက ကျုပ်အပေါ် ဒီလောက်ကြင်နာတာ။ ဒါကြောင့် သူ့အုတ်ဂူတွေ လူတွေဖောက်တာကို ကျုပ် ဘယ်လိုလုပ်ခွင့်ပြုပေးနိုင်မှာလဲ”
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ဗုဒ္ဓစည်းတံဆိပ်က လေထဲပြည့်နေလျက် လုကျိုးဆီတိုးဝင်သွားတော့သည်။ လုကျိုးသည် ကောင်းကင်ကျမ်းစာအတွက် မန္တန်ကိုရွတ်ဆိုလျက် သူ၏ခန္ဓာကိုယ်ထဲ ကောင်းကင်စွမ်းအားများ ပြည့်သွားစေသည်။ “ရွှေရောင်ဗုဒ္ဓခန္ဓာ”
ဧရာမရွှေရောင်ဗုဒ္ဓခန္ဓာသည် စင်မြင့်ဝိုင်းပေါ်၌ ပေါ်လာချိန်တွင် ကျန့်ကျန်းက မှင်တက်သွားလေ၏။
ဘီး
ရွှေရောင်ဗုဒ္ဓခန္ဓာက မြည်ဟည်းလာလျက် စွမ်းအင်အပြည့်ဖြင့် ရှေ့သို့တိုးလားသည်။
ဗုဒ္ဓလက်ဝါးစည်းတံဆိပ်အားလုံး တစ်စက္ကန့်အတွင်း ဖျက်ဆီးခံလိုက်ရသည်။
ကျန့်ကျန်းက လေထဲအမြန် ခုန်တက်လိုက်သည်။
လုကျိုးသည် ရွှေရောင်ဗုဒ္ဓခန္ဓာ၏လက်ကို ဖယ်ရှားလျက် နဂါးလက်သည်းဖြင့်တူသည့် လက်ချောင်းများဖြင့် ဆုပ်ကိုင်လိုက်သည်။
“မင်း” ကျန့်ကျန်း၏မျက်လုံးက ပြူးကျယ်သွားတော့သည်။ သူက ရွှေရောင်ဗုဒ္ဓခန္ဓာကြောင့် တကယ်အံ့ဩနေမိသည်။
“ငါ့လမ်းမှာနေဖို့ ပြင်ဆင်နေတုန်းလား” လုကျိုးက မေးလိုက်လေ၏။
“မင်းတို့အားလုံးရဲ့အသက်ကို ကယ်ဖို့ကြိုးစားနေတာ။ ဂူဗိမာန်ရဲ့အတွင်းဖက်ကို ယင်ကောက စောင့်ကြပ်နေတာ”
“ငါတို့အသက်ကို ကယ်ဖို့လား”
“ယင်ကောက မသေမျိုးပဲ။ ဆရာသခင်တွေတောင် ဘာမှမလုပ်နိုင်ဘူး။ အတိတ်တုန်းက အုတ်ဂူတူးဖောက်သူတွေ အများကြီးရှိခဲ့တယ်။ ပြီးတော့ ကျုပ် သူတို့ကို ထွက်သွားဖို့ အမြဲ သတိပေးခဲ့တာ။ ကံဆိုးတာက ကျုပ် သတိပေးချက်ကို ငြင်းတဲ့သူတွေက အမြဲတမ်းရှိနေတာပဲ” ကျန့်ကျန်းက ပြောလိုက်သည်။
“ကြောင်သူတော်ဘုန်းကြီး ... စေတနာအမှန်တရားနဲ့ ကျင့်ဝတ်သိက္ခာတွေအကြောင်း လိမ်ညာပြောနေတယ်”
ဘန်း
လက်ဝါးစည်းတံဆိပ်တစ်ခုသည် ကျန့်ကျန်းကို လွင့်ထွက်သွားစေ၏။
ပြီးနောက် လုကျိုးသည် ကျန့်ကျန်းကို ဆုပ်ကိုင်ရန် သူ၏လက်ဝါးစည်းတံဆိပ်ကို သုံးလိုက်သည်။ ပြီးနောက် သူက မေးလိုက်သည်။ “ဝေ့ကျန်းနန်နဲ့ ဝေ့ကျင်းယဲ့က ဒီကိုဘာကြောင့်ရောက်နေတာလဲ”
ထိုစဉ် ကျန့်ကျန်းက အနက်ရောင်သွေးများအန်လိုက်ရာ သူ၏သင်္ဃန်းကို စွန်းထင်းသွားစေသည်။
မင်အရောင်သွေးကို မြင်သောအခါ ကျီရှစ်က ခေါင်းခါလိုက်၏။ “သူက ယင်ကော အဆိပ်မိထားပြီးပြီ။ မကြာခင်မှာ သူ ယင်ကောလို့ ဖုတ်ကောင်ဖြစ်သွားတော့မယ်”
“ဘာများတတ်နိုင်မှာလဲ။ ဒီနည်းနဲ့ပဲ တစ်သက်လုံးရှင်သန်နေထိုင်နိုင်မှာ” ကျန့်ကျန်းက ပြောလိုက်သည်။
“ထာဝရအသက်ရှင်ဖို့လား” လုကျိုးက သက်ပြင်းချလိုက်သည်။ “ရှေးယခင်ကာလတည်း မရေမတွက်နိုင်တဲ့ လူတွေက ကောင်းကင်ကိုဖီဆန်ပြီး သူတို့ကံကြမ္မာကို ပြောင်းလဲခဲ့တယ်။ ဒါပေမဲ့ ထာဝရအသက်ကို တကယ်ရသွားတဲ့သူ ရှိလို့လား”
ကျန့်ကျန်းက မတ်တပ်ရပ်လျက် သက္ကတကျမ်းစာကို ရွတ်ဆိုလိုက်သည်။ ပြီးနောက် အသံလှိုင်းက သွေးနီရောင်ရောင်ခြည်အဖြစ်ပြောင်းလဲသွားလျက် လုကျိုးဆီတိုးဝင်သွားသည်။
“အစ်ကိုလု သတိထား” ချင်ရန်ယွဲ့က အော်လိုက်သည်။
လုကျိုးက ခေါင်းခါလိုက်လေ၏။ “မသိတတ်တာ”
သွေးနီရောင် ရောင်ခြည်သည် လုကျိုးနားကပ်လာသည့်အချိန်တွင် ကောင်းကင်စွမ်းအားများ ပေါ်ထွက်လာကာ သွေးနီရောင်ရောင်ခြည်ကို ဝါးမြိုလျက် ဘာမှမကျန်ရစ်စေတော့ချေ။
ကျန့်ကျန်း “...”
ဘန်း
ကျန့်ကျန်းက လွင့်ထွက်သွား၏။
လုကျိုးက လှစ်ကနဲပင် ကျန့်ကျန်းပေါ်၌ ပေါ်လာသည်။ ပြီးနောက် သူ့ခြေကိုဆောင့်နင်းလိုက်၏။
ဝှစ်
ကျန့်ကျန်း၏သင်္ဃန်းက အပိုင်းပိုင်းအစစဆုတ်ပြဲသွား၏။ လေထဲပုတီးစေ့များ လွင့်ထွက်သွားသည်မှာ ဝေဟင်ထဲ အနီကြယ်များ တောက်ပနေသလိုပင်။