အခန်း (၁၃၄၈-၁၃၅၀)
Vol. 90 Ch. 1348-1350
အခန်း (၁၃၄၈) ယင်ကော ဖုတ်ကောင်ဘုရင်
“အနီရောင်အလင်းက လျှို့ဝှက်နည်းစနစ်တစ်ခုပဲ။ ဒါက အဆိပ်ပြင်းတယ်။ ဖြေရှင်းလိုက်မယ်” ချင်ရန်ယွဲ့က အေးအေးလူလူ လျှောက်သွားရင်း ပြောလိုက်သည်။
သူက လက်ကိုမြှောက်ကာ ရှေ့ကို တွန်းလိုက်၏။ သူ့ ကြယ်တာရာဒိုင်ခွက်က အစိမ်းရောင်အလင်းတန်းဖြင့် ထွက်ပေါ်လာကာ အနီရောင်အလင်းတန်းကို တားဆီးလိုက်သည်။
သိပ်မကြာခင်အလင်းတန်းက ပျောက်ကွယ်သွားလေ၏။
လုကျိုးက အောက်ဆင်းလာသည်။ သူက ဆင်းသက်တော့မည့်ဆဲဆဲတွင် ကျန့်ကျန်းက ထကာ တင်ပျဉ်ခွေလျက်ရှိနေသည်ကို မြင်လိုက်ရ၏။ ထို့နောက် သူက လက်ဝါးကို ပူးကပ်ကာ သက္ကကျမ်းကို စတင်ရွတ်ဖတ်လိုက်သည်။
ထို့နောက် စည်းတံဆိပ်များက လေထဲ ပေါ်ထွက်လာ၏။ မြေကြီးတွင်ရှိနေသည့် မြေမှုန်များက စတင်လျော့ရဲလာပြီး လက်များက အပေါ်ယံထိုးဖောက်ထွက်လာသည်။
“ဗုဒ္ဓဘာသာဝင်တွေက ဒီလိုမျိုး စက်ဆုပ်စရာကောင်းတဲ့ နည်းစနစ်မျိုးကို အသုံးပြုနိုင်မှန်း မသိခဲ့ဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။
ယွီကျန့်ဟိုင်ကလည်း ဆက်လက် သည်းမခံနိုင်တော့ပေ။ သူကလည်း ထိုသို့သော နည်းစနစ်မျိုးကို အမုန်းတီးဆုံး ဖြစ်၏။ သူက စွမ်းအင်ဓားမော့များကို ဆက်လက်ထုတ်လွှတ်လိုက်သည်။
ဘန်း ဘန်း ဘန်း
“တာ့ရှစ်ရှိုး အခု ထွက်သွားတာ ပိုကောင်းလိမ့်မယ်လို့ ထင်တယ်” ရှောင်ယွမ်အာက လက်ကိုပွတ်ကာ ပြောလိုက်သည်။
ယွီရှန်းရုန်က ရယ်မောလိုက်၏။
“ကိစ္စမရှိပါဘူး။ သူတို့အားလုံးက သိပြီးသားတွေလေ။ ရှစ်မေ့ သေလူတွေထက် ကြောက်ဖို့ကောင်းတာက သက်ရှိတွေဆိုတာကို မှတ်ထားရမယ်နော်”
“အိုး” ရှောင်ယွမ်အာက ယွီရှန်းရုန်၏ စကားများကို နားလည်သလိုလို နားမလည်သလိုလို ဖြစ်နေသည်။
ယွီကျန့်ဟိုင်က ရယ်မောကာ ပြောလိုက်သည်။
“အာ့ရှစ်တိ ပြောတာ ဟုတ်တယ်။ ဒါပေမဲ့ ငါက ဒါတွေကို မုန်းတုန်းပဲ”
ထိုစဉ် လုကျိုးက ကျမ်းကို ကြည့်ကာ ခေါင်းအသာယမ်းလိုက်သည်။ ထို့နောက် သူက လက်ကိုမြှောက်ကာ အောက်ချလိုက်၏။
ကောင်းကင်စွမ်းအား စည်းတံဆိပ်က ကျန့်ကျန်းပေါ် ကျရောက်လာပြီ။ လှုပ်ရှားမှုတစ်ခုတည်းဖြင့် သူသည် မွေးဖွားဇယားချက်နှစ်ခုနှင့် သူ့ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကို ဆုံးရှုံးလိုက်ရသည်။
ရွတ်ဖတ်သံက ရုတ်ချည်းတိတ်ဆိတ်သွားပြီး မြေကြီးထဲမှ လှုပ်ရှားမှုများကလည်း ရပ်တန့်သွားသည်။
လုကျိုးက အားလုံးရှေ့မှောက် ရောက်ရှိလာ၏။
“မျှော်နန်းသခင် သူတို့နှစ်ယောက်ကို ဘယ်လိုလုပ်လိုက်ရမလဲ” ခုံဝမ်က မေးလိုက်သည်။
ဝေ့ကျန်းနန်နှင့် ဝေ့ကျင်းယဲ့တို့၏ မျက်နှာက စာရွက်တစ်ရွက်လိုမျိုး ဖြူဖျော့နေလေ၏။ သူတို့၏ ခန္ဓာကိုယ်မှ အနံ့ဆိုးတစ်ခု ထုတ်လွှတ်နေသည်။
လုကျိုးက သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။
“ထာဝရအသက်ကိုရဖို့ ဒီလိုနည်းလမ်းတွေ အသုံးပြုတာက စော်ကားရာကျတယ်”
ထို့နောက် လုကျိုးက လက်ကိုဝှေ့ယမ်းလိုက်သည်။
ထို့နောက် မီးလုံးတစ်ခုထွက်လာကာ ဝေ့ကျန်းနန်နှင့် ဝေ့ကျင်းယဲ့တို့ကို လွှမ်းခြုံသွားလေ၏။ သိပ်မကြာခင် နှစ်ဦးသားက ပြာမှုန့်အဖြစ် ရောက်ရှိသွားလေသည်။
အားလုံးက သက်ပြင်းချလိုက်ကြ၏။
“သူတို့က မျှော်နန်းသခင်ကို ကျေးဇူးတင်နေကြမှာလို့ ထင်တယ်” ခုံဝမ်က ပြောလိုက်သည်။
“တခြားသူဆီက ထိန်းချုပ်ခံရမဲ့အစား ကျုပ်ကတော့ ပြာပဲ ဖြစ်လိုက်ချင်တယ်”
မင်ရှစ်ရင်က ပြောလိုက်သည်။
“ခင်ဗျားက သူတို့ကြောင့် အတော်လေး သက်ရောက်ခံလိုက်ရတဲ့ပုံပဲ”
ခုံဝမ်က ခါးသီးစွာပြုံးရင်း ပြောလိုက်သည်။
“သူတို့ညီအစ်ကိုတွေက နိမ့်ကျတဲ့ဘဝမှာ မွေးဖွားလာတာလေ။ အဲဒါဆိုတော့ အဆင့်အတန်းမြင့်မားတဲ့သူတွေ၊ ကောင်းကင်ကို လှုပ်ကိုင်နိုင်တဲ့ စွမ်းအားရှိတဲ့သူတွေ အလုပ်လုပ်ပေးကြရတာပေါ့။ လူတိုင်းက ညီတူညီမျှ မွေးဖွားလာတယ်လို့ ပြောကြပေမဲ့ အမှန်တရားက ဘယ်သူကမှ မညီမျှဘူး”
ဝေ့ကျန်းနန်နှင့် ဝေ့ကျင်းယဲ့တို့ကို ကြည့်ရင်း ခုံဝမ်နှင့် သူ့ညီအစ်ကိုတို့က ကြေးမုံတစ်ချပ်ကြည့်နေရသလိုမျိုး ခံစားလိုက်မိကြသည်။
မင်ရှစ်ရင်က ခုံဝမ်၏ ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။
“ဝမ်းနည်းမနေပါနဲ့။ အခု အားလုံး အဆင်ပြေသွားပြီမလား”
“စတုတ္ထသခင်လေးရဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ်” ခုံဝမ်က ပြောလိုက်သည်။
ခုံဝမ်က သူ့ညီအစ်ကိုတို့၏ သစ္စာရှိမှုက ဆယ်မှတ်စီ တိုးလာသည်။ သစ္စာရှိမှုက အတင်းအကြပ်ဖိအားပေးထား၍ နာခံမှုနှင့် ယှဉ်လိုက်လျှင် ကြင်နာမှုက အနိုင်ရလေသည်။
ထိုပြာမှုန့်များ လွင့်စဉ်သွားသည့်အခါ လုကျိုးက ပြောလိုက်၏။
“ငါ့နောက်လိုက်ခဲ့”
ဝှစ် ဝှစ် ဝှစ်
အားလုံးက ဂူဗိမာန်အတွင်း မူတည်လိုက်ကြသည်။
ကျောင်းယွီက ခေါင်းကို မော့ကာ မြေပြင်ပေါ် လှည့်ကြည့်လိုက်၏။ သူ့အနေဖြင့် အသိပြန်ကပ်လာပြီး တခြားသူများနောက်လိုက်ဖို့ အချိန်တစ်ခုယူခဲ့ရသည်။
သူက အရက်စက်ဆုံးက တော်ဝင်မိသားစုဖြစ်ကြောင်း တွေးလိုက်သည်။ အကယ်၍ သူသာ ပလ္လင်ကို တက်လှမ်းပါက တစ်ရက် သူတို့လိုမျိုး ရက်စက်သူ ဖြစ်လာနိုင်မလား စဉ်းစားလိုက်သည်။
အချိန်အတော်ကြာ လျှောက်လှမ်းလာပြီးနောက် သူတို့က ချောက်နက်တစ်ခုကြား ရောက်ရှိလာလေ၏။ ထိုနေရာတွင် ပင့်ကူမျှင်များဖြင့် လွှမ်းခြုံထားသည့် ချောက်နက်ကို ဖြတ်သန်းထားသော သစ်သားတံတားငယ်တစ်ခု ရှိနေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး မှေးမှိန်နေပြီး ကျုံးက အသူရာချောက်နက်နှင့် တူနေသည်။
“အဖက်ဖက်မှာရှိတဲ့ ကျောက်တံခါးက ဂုဏ်ထူးဆောင်ဧကရာဇ်ဟောင်းရဲ့ ဂူဗိမာန်ပဲ။ တကယ်လို့ အတင်းအကြပ် ချိုးဖောက်သွားမယ်ဆိုရင် ဒီနေရာမှာ မြှုပ်နှံခံရမယ်။ အဲဒါကို ဖွင့်ဖို့အတွက် ကျားဖြူရစ်ပတ်နဂါးကျောက်စိမ်း လိုတယ်” ကျီရှစ်က ပြောလိုက်သည်။
“ကျားဖြူရစ်ပတ်နဂါးကျောက်စိမ်းလား”
“တစ်ခုက မုန့်မင်ရှစ်ဆီမှာ ရှိတယ်။ ကျန်တစ်ခုက ယင်ကောဆီမှာ” ကျီရှစ်က ပြောလိုက်သည်။
“ယင်ကော ဘယ်မှာလဲ။ ဖုတ်ကောင်ဘုရင်က ဘယ်မှာလဲ” မင်ရှစ်ရင်က ဘေးပတ်လည်ကို ကြည့်လိုက်သည်။ ကျီရှစ်က ချောက်နက်ထဲ လက်ညှိုးထိုးလိုက်၏။
“…”
မင်ရှစ်ရင်က နောက်ဆုတ်လိုက်သည်။
ဤတစ်ကြိမ် ယန်ကျန်းလော့က အဆောင်တစ်ခုကို အသက်သွင်းကာ ထွန်းညှိလိုက်၏။
အဆောင်က မီးအိမ်သဖွယ်ဖြစ်တည်လာကာ ဖြည်းဖြည်းချင်း ကျရောက်သွားပြီး သစ်သားတံတားအောက်ရှိ ချောက်နက်ကို အလင်းပေးသည်။
အဆောင်က မီတာတစ်ရာသို့ ရောက်ရှိသွားသည့်အခါ အားလုံးက ကြောက်မက်ဖွယ်မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
ရှုံ့တွနေသည့် အမူအရာနှင့် ခက်ထန်နေသည့် အမူအရာမျိုးရှိသည့် ကတုံးပြောင်အမျိုးသားတစ်ဦးက ခြေတံများကို သံကြိုးဖြင့် ရစ်ပတ်ခံထားရလေသည်။ သံကြိုးများက ရှည်လျားပြီး သူ့မျက်နှာက သစ်ခေါက်နှင့် တူ၏။ သူက သတ္တုမှ ပြုလုပ်ထားသည့် အဝတ်များကို ဝတ်ဆင်ထားလေသည်။
“…”
ရှောင်ယွမ်အာက ပြောလိုက်သည်။
“စစ်ရှစ်ရှိုး နောက်ဆုတ်မနေနဲ့တော့။ တကယ်လို့ နောက်ဆုတ်မယ်ဆိုရင် ညီမကို တက်နင်းမိတော့မယ်”
“ရှစ်မေ့ မကြောက်ပါနဲ့ ငါ ကာကွယ်ပေးမယ်” မင်ရှစ်ရင်က ပြောလိုက်သည်။
ခရုလေးက ပါးစပ်အုပ်ကာ တိတ်တဆိတ် ရယ်မောလိုက်သည်။
ချင်ရန်ယွဲ့က ခေါင်းယမ်းလိုက်၏။
“ဖုတ်ကောင်ဘုရင်ဆယ်ယောက်ထဲက တစ်ယောက်ကို ဒီမှာ တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး”
ချင်ရန်ယွဲ့၏ ဗဟုသုတက အတော်လေး တိုးပွားလာသည်။ သို့သော်လည်း ဗဟုသုတက ကြောက်ဖို့ကောင်းလှ၏။
အဆောင်က လောင်ကျွမ်းသွားသည့်အခါ ယန်ကျန်းလော့က နောက်ထပ်အဆောင်တစ်ခုကို တစ်ခါတစ်ရံတွင် အလင်းက အမှောင်ထုကို ကင်းဝေးမသွားစေနိုင်သော်လည်း နှလုံးသားထဲမှ အကြောက်တရားတချို့ကိုတော့ ဖယ်ရှားနိုင်လိမ့်မည်။
လုကျိုးက လီတောင်တန်းမှ အကြီးအကဲလေးဦးကို ကြည့်ကာ မေးလိုက်၏။
“ကျားဖြူရစ်ပတ်နဂါးကျောက်စိမ်းက သူနဲ့ ရှိနေတာလား”
“ဟုတ်ပါတယ်” ချွေ့မင်ကွမ်းက ပြန်ဖြေလိုက်သည်။
မင်ရှစ်ရင်က လျှပ်တစ်ပြက်အတွင်း အကြီးအကဲလေးဦး၌ ရောက်ရှိလာလေ၏။ ခွဲခွာချိတ်ကောက်ကိုင်ထားကာ ဝှေ့ယမ်းရင်း အေးစက်စက် ပြုံးလိုက်သည်။
“ခင်ဗျားတို့တွေ မလှည့်စားတာ ကောင်းလိမ့်မယ်။ ယင်ကောကို ဖြေရှင်းဖို့ ကျုပ်တို့ကို အသုံးချချင်တာလား”
လီတောင်တန်း၏ အကြီးအကဲလေးဦးက ကြောင်အမ်းသွားလေ၏။ ထို့နောက် ကျီရှစ်က ပြောလိုက်သည်။
“တကယ်လို့ အဲ့လိုလုပ်ချင်တယ်ဆိုရင်တောင် ကျုပ် ယင်ကောအကြောင်းကို မပြောဘဲ ခင်ဗျားတို့အားလုံးကို ထောင်ချောက်အတွင်း ဆင်းခိုင်းလိုက်တာ ပိုမကောင်းဘူးလား”
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်သည်။
“ခင်ဗျားပြောတာလည်း ဟုတ်တယ်။ ဒါပေမဲ့ ကျုပ်တို့တွေက ကျားဖြူရစ်ပတ်နဂါးကျောက်စိမ်းကို ဘယ်လိုရနိုင်လဲ”
“လက်နဲ့ပေါ့” ကျီရှစ်က ပြန်ဖြေလိုက်သည်။
“ဟေး ကျုပ်ကို လာနောက်နေတာလား” မင်ရှစ်ရင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
ကျိုးချုံရှက ပြောလိုက်သည်။
“နည်းလမ်းနှစ်ခု ရှိတယ်။ ပထမတစ်ခုက ယင်ကောကို အနိုင်ယူဖို့ ဒုတိယတစ်ခုက သူ့ဆီကနေ ရမဲ့ နည်းလမ်းကို ရှာဖို့။ ဒါပေမဲ့ နည်းလမ်းနှစ်ခုလုံးရဲ့ ခက်ခဲမှုက အတော်လေးကို မြင့်မားတယ်။ သူ အပြီးတိုင်နိုးထလာတာနဲ့ ဆရာသခင်တွေကတောင် သူ့အတွက် ပြိုင်ဘက်ဖြစ်မှာ မဟုတ်ဘူး”
လက်နောက်ပစ်ကာ ကိစ္စကို စဉ်းစားလိုက်သည်။ ဤသည်က ဖြေရှင်းဖို့ အင်မတန်ခက်ခဲလှ၏။
ယင်ကော၏ အင်အားကို ဘေးဖယ်ထားလျှင်ပင် ခြေလှမ်းမှားယွင်းသွားခြင်းက အားလုံးကို သေစေနိုင်သည်။
ဤအခိုက်အတန့်၌ မည်သူကမှ မဆင်မခြင်မပြောရဲကြပေ။
အတွေ့အကြုံများပြီး အသိပညာကြွယ်ဝသည့် ချင်ရန်ယွဲ့ကပင် ခေါင်းအသာယမ်းလိုက်၏။ ဤအခြေအနေအတွက် ဖြေရှင်းနည်းမရှိပေ။ ထိုစဉ် ကျီရှစ်က ပြောလိုက်၏။
“ကျုပ် အရင်ကလည်း ပြောဖူးတယ်။ ဧကရာဇ်ဟောင်းရဲ့ ဂူဗိမာန်က အတော်လေးကို ထူးကဲတယ်။ လူတိုင်းက ဝင်နိုင်တာ မဟုတ်ဘူး”
လုကျိုးက ထိုအရာကို စဉ်းစားပြီးသည့်နောက်တွင် ပြောလိုက်၏။
“ကျုပ် တစ်ချက်သွားပြီး ကြည့်လိုက်ဦးမယ်။ တကယ်လို့ ထူးထူးဆန်းဆန်းအရာရှိတယ်ဆို ချက်ချင်းထွက်သွားကြ”
“ကောင်းပါပြီ” ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်သည်။
“ဂရုစိုက်နော်” ရှောင်ယွမ်အာက ပြောလိုက်သည်။
လုကျိုးက ခြေတစ်လှမ်းဖြင့် ချောက်နက်ထဲ ဆင်းသွားလေ၏။ သူ့လှုပ်ရှားမှုက ပျံလွှားသဖွယ် ပေါ့ပါးကာ ငြိမ်သက်လှသည်။
သူက သံကြိုးများအနီး ရောက်ရှိသွားသည့်အခါ ယင်ကောဆီမှ မရဏအငွေ့အသက်ကို ခံစားမိလိုက်၏။
သူက စုန်းအတတ်ဖြင့် စီမံထားသည့် အလောင်းများဖြင့် ကွဲပြားမှန်း သိသာလှသည်။
ထိုမရဏအငွေ့အသက်က ပတ်ဝန်းကျင်ရှိ ကနဦးချီကို တိုက်စားပြီး တိုက်ခိုက်လာသူများအား သူတို့၏ ကနဦးချီကို မလှုပ်ရှားနိုင်အောင် အခက်တွေ့စေသည်။
ယင်ကော၏ မျက်ဝန်းများက ပိတ်ဆို့ထားဆဲဖြစ်ကာ သူက ရုပ်ထုလိုမျိုး ငြိမ်သက်နေ၏။
ထို့နောက် လုကျိုးက ယင်ကော၏ သတ္တုချပ်ဝတ်ပေါ်တွင် ချိတ်ဆွဲထားသည့် ကျားဖြူရစ်ပတ်နဂါးကျောက်စိမ်းကို မြင်လိုက်ရသည်။ သူက လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်လွှတ်ပြီး ကျောက်စိမ်းပြားကို လှမ်းဆွဲလိုက်၏။
ကျားဖြူရစ်ပတ်နဂါးကျောက်စိမ်းက လှုပ်ရှားရုံသာ ရှိသေးသည့်အချိန် ယင်ကောက ရုတ်တရက် မျက်လုံးဖွင့်လာလေသည်။
...
အခန်း (၁၃၄၉) ကိုယ်ပျောက်အဖိုးအို
ယင်ကော၏ မျက်လုံးသည် အနီရင့်ရောင်အလင်းဖြင့် တောက်ပလာသည်။ လုကျိုးအနား၌ ပျံဝဲနေတာကို မြင်သောအခါ ၎င်းက အစွယ်များပေါ်ထွက်လာလျက် ပြောလိုက်သည်။ “လူသား”
ယင်ကောက လုကျိုးဆီခုန်အုပ်စဉ် ထူးကဲသောချိန်းကြိုးလေးခုက စတင်လှုပ်ခါလာ၏။
လုကျိုးသည် တလက်လက်တောက်ပနေသည့် ဧရာမလက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်သုံးလိုက်သည်။
ဖုန်း
လက်ဝါးစည်းတံဆိပ်သည် ယင်ကောနှင့် မီးရှူးမီးပန်းပမာ တိုက်မိသွားသည်။
တောက်ပသည့်လက်ဝါးစည်းတံဆိပ်သည် လူတိုင်း၏အာရုံစိုက်မှုကို ဖမ်းစားလိုက်လေ၏။ သူတို့က လေးစားမှုများဖြင့် မျက်လုံးများဝင်းလက်ကာ ကြည့်နေတော့သည်။
လုကျိုးသည် စတင်တက်လှမ်းစဉ် နှစ်ဖက်လုံးရှိ ချိန်းကြိုးများက သူ့ဆီ မြွေလိမ်မြွေကောက် တိုးဝင်လာတော့သည်။ လက်ဝါးစည်းတံဆိပ်သည် အားစိုက်ရုံမျှသာ ဖြစ်သည်။ သူ့တစ်ကွက်တည်းဖြင့် ယင်ကောကိုသတ်ဖို့ မမျှော်မှန်းထားပေ။ ချိန်းကြိုး၏ အကျယ်အဝန်းအပြင်ဖက်အထိ ပြန့်နှံ့ပြီးနောက် သူက ယင်ကောကို ငုံ့ကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် ယင်ကောက ဒဏ်ရာမရ။ ယင်ကော၏ ချပ်ဝတ်သည် အထူးသတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားပုံပေါ်ပြီး ချိန်းကြိုးများထက်တောင် ပိုပြီးဖျက်ဆီး၍ မရပုံပေါ်၏။
“ယင်ကော ... ကျားရစ်ပတ်နဂါးကျောက်စိမ်းကို ပေးလိုက်။ မင်းအတွက် ခက်ခဲအောင် မလုပ်တော့ဘူး”
လုကျိုးက ပြောလိုက်သည်။
ချင်ရန်ယွဲ့ “...” ညီအစ်ကို ဒါက ယင်ကောလေ။ လူမဟုတ်ဘူး ဒါက မေးဖို့လိုသေးလို့လား။
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းသားများကမူ တွန့်ဆုတ်သွားတာမရှိပေ။ သူတို့သည် လုကျိုးနှင့် မုန်တိုင်းများစွာ ကြုံတွေ့ခဲ့ပြီးပြီ။ ထို့ကြောင့် အသားကျနေပြီဖြစ်၏။
ယင်ကောက လုကျိုးကို အနီရင့်ရောင်မျက်လုံးများဖြင့် စိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်။
“ငါ့ကိုလွှတ် ... ငါ့ကိုလွှတ်”
ယင်းကိုမြင်သောအခါ မင်ရှစ်ရင်က မေးလိုက်လေ၏။ “ဟေ့ ... ဖုတ်ကောင်တွေမှာ ဝိညာဉ်နဲ့ စိတ်စွမ်းအားမရှိဘူးလို့ပြောခဲ့တယ်မလား’
ကျီရှစ်က အနည်းငယ်မသေချာမရေရာဖြစ်နေတော့သည်။
“ဒါက ဗီဇအရ ပြောမိတဲ့စကား ဖြစ်လောက်တယ်။ သူက ကောင်းကောင်း သတိပြုမိနိုင်စွမ်း၊ ရှုပ်ထွေးတဲ့ဖြစ်စဉ်တွေကို တွေးတောနိုင်စွမ်း မရှိလောက်ဘူး။ ဒါက သူ့ကို ပိုတောင် အန္တရာယ်များသွားစေတာ။ မင်းတို့အားလုံး ရပ်ဖို့အကြံပေးလိုက်မယ်။ ဂုဏ်ထူးဆောင် နှောင်းဧကရာဇ်ကို ငြိမ်းငြိမ်းချမ်းချမ်းအနားယူပါစေ။ ယင်ကောက ထိန်းချုပ်ခံထားရတာကြာပြီ။ ယင်ကောကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားတာ။ ဒီတော့ ကျုပ်တို့ထွက်သွားဖို့ အချိန်ရှိတယ်”
ထန်ကျစ်ပင်းက ခေါင်းခါပြီးသက်ပြင်းချလိုက်လေ၏။ “သူက မသေမျိုး။ သူ့ကိုသတ်လို့မရဘူး” တစ်စုံတစ်ယောက်အဖို့ ရန်သူ၏ဂုဏ်သိက္ခာကို မြှင့်တင်ခြင်းဖြင့် မိမိအသင်းကိုလျော့တွက်နေတာ စိတ်မကြေမနပ်ဖြစ်စရာကောင်းလှပေ၏။
မင်ရှစ်ရင်က ပြက်ရယ်ပြုလိုက်သည်။ “အုတ်ဂူကိုစောင့်ကြပ်နေတဲ့ မသေမျိုးမကောင်းဆိုးရွားကြီး ရှိနေတယ်ဆိုမှတော့ ခင်ဗျားတို့တွေ ဘာအတွက်လိုဦးမှာလဲ”
“...” အကြီးအကဲလေးယောက်က အနေခက်သွားတော့သည်။
“နှစ်စဉ်နှစ်တိုင်း တော်ဝင်မိသားစုက ဘိုးဘေးတွေဆီလာနှုတ်ဆက်တယ်။ လူအများအမြင်မှာ ယင်ကောက ဒဏ္ဍာရီသာသာပဲ။ ဒါကြောင့် အုတ်ဂူကိုကာကွယ်ပြီး ဘိုးဘေးတွေကို စောင့်ရှောက်ပေးဖို့ အစောင့်တွေထားရတာ” ထန်ကျစ်ပင်းက နောက်ဆုံး၌ပြောလိုက်သည်။
“ယုံကြည်ချက်လွန်ကြူးနေတဲ့ အရူးတွေ” လုကျိုးက ပြောလိုက်၏။ မျက်မှောက်ခေတ်ကာလ၌ ဤသို့ဖြစ်လာခဲ့လျှင် နာမည်ကြီးလာမှာကျိန်းသေလောက်သည်။ အယူသည်းသည်ဟု တံဆိပ်တပ် ခံရလောက်သည်။
“အမှန်ပဲ အရူးတွေ” ရှောင်ယွမ်အာက သူ့ရှစ်စွင်း၏စကားကို သံယောင်လိုက်ပြောလိုက်သည်။
လီတောင်တန်း၏ အကြီးအကဲလေးဦးက ဆွံ့အနေသည်။ ရိုးရာက ရူးသွပ်မှန်း သူတို့လည်းသိသည်။ သေသူက မရှိတော့ပေ။ ရှင်နေသည့်သူတို့အဖို့ သေသူကိုအဖော်လုပ်ပေးရန် ဘာအတွက်များ လိုအပ်မည်နည်း။
“အဲ့ဒီဘုန်းကြီးကျန့်ကျန်းကလည်း ပါသွားလိမ့်မယ်လို့ မထင်ထားဘူး” ချန်ရန်ယွဲ့က ခေါင်းခါလျက် ပြောလိုက်သည်။
ထန်း
ချိန်းကြိုးများ လှုပ်ခါလာပြန်၏။ ယင်ကောသည် ရက်စက်ကြမ်းကြုတ်သောသားရဲတစ်ကောင်ပမာ ဟိန်းလိုက်လေ၏။ သူ၏ဟိန်းသံက ကောင်းကင်နှင့်မြေပြင်ပေါ် ပြန့်နှံ့သွားတော့သည်။
ယန်ကျန်းလော့သည် အလင်းကိုထိန်းရန်ကြိုးစားသော်ငြား သူသည် မတော်တဆမီးငြိမ်းမိသွားသည်။ ယင်းကို မြင်သောအခါ ယွီရှန်းရုန်က ဝင်ပြောလိုက်သည်။ "ကျုပ် လုပ်လိုက်မယ်။"
ဝှစ်
သက်တော်ရှည်ဓားသည် ဓားအိမ်ထဲမှထွက်လာပြီး သစ်သားတံတားဆီပျံသန်းသွား၏။
ဘန်း
သက်တော်ရှည်ဓားသည် သစ်သားတံတားဆီ ချိုင့်ဝင်သွားပြီးနောက် ၎င်းသည် အဆောင်များထက်ပိုတောင် တောက်ပသောအလင်းတစ်ခု ပေါက်ကွဲလာလေ၏။ အနီရောင်သင်္ကေတတို့သည် အလင်းပေါက်ကွဲမှု၌ အစိတ်အပိုင်းကြီးတစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ထို့အပြင် ဓားကလည်း စွမ်းအင်များစွာ သိုလှောင်ထားသည်။
ယွီရှန်းရုန်၏ ပြီးပြည့်စုံသော ထိန်းချုပ်မှုဖြင့် အကွာအဝေးသိပ်မဝေးလွန်းသရွေ့ သူသည် တစ်ချိန်လုံး မီးအလင်းကို ထိန်းထားနိုင်လိမ့်မည်။
ထန်း ထန်း ထန်း
ယင်ကောက အလျင်စလို တက်လာသော်ငြား သူ ထိပ်သို့မရောက်သေးခင် ချိန်းကြိုးလေးခုကြောင့် နောက်သို့ပြန်ဆွဲခံလိုက်ရသည်။
လုကျိုးက ယင်ကောရှေ့၌ ရပ်လိုက်သည်။ သူသည် ယင်ကော၏ချပ်ဝတ်ပေါ်တွင် ရှိနေသည့် ကျားဖြူနဂါးကျောက်စိမ်းကိုကြည့်လိုက်၏။ ပြီးနောက် သူသည် ဓားအသွင်ဖြင့် အမည်မဲ့ကို ထိန်းချုပ်ကာ လက်နှစ်ချောင်းဖြင့်ထိုးလိုက်တော့သည်။
ဘန်း ဘန်း ဘန်း ဘန်း
အမည်မဲ့သည် ယင်ကောကိုလှည့်ပတ်သွားပြီးနောက် သုံးကြိမ်ဆက်တိုက် တိုက်ခိုက်နေ၏။ နေရာအနှံ့ မီးပွင့်များ လွင့်စဉ်သွားတော့သည်။ လုကျိုးသည် ချပ်ဝတ်အကောင်းပတိရှိနေတာကို မြင်သောအခါ အနည်းငယ်အံ့ဩသွားလေ၏။
“ချပ်ဝတ်က တကယ်ထူးကဲသာလွန်တာပဲ” ချင်ရန်ယွဲ့က လေးစားမှုဖြင့်ပြောလိုက်သည်။ သုံးကြိမ် အရိုက်ခံရပြီးနောက် ယင်ကောက ဒေါသထွက်သွားလေ၏။ သူ ချိန်းကြိုးများဆီမှ လွတ်မြောက်အောင် ကြိုးစားရမည်။
ထိုစဉ် ချင်ရန်ယွဲ့က ခေါ်လိုက်သည်။ “ဓားသမား ၄၉ယောက်”
“နားလည်ပါပြီ”
ဓားသမား၄၉ယောက်က ပျံသန်းသွားလျက် လေထဲတွင် ခုနစ်စင်ကြယ်အစီအရင်တစ်ခု ဖွဲ့တည်လိုက်သည်။ ပြီးနောက် စွမ်းအင်ဓားတို့သည် ယင်ကောပေါ်သို့ မိုးများပမာ ရွာသွန်းကျလာ၏။
ယင်ကောက ပြန်မတိုက်ခိုက်ဘဲ ပစ်မှတ်တစ်ခုသာ ဖြစ်နေသည်။
မင်ရှစ်ရင်က ပြုံးလိုက်လေ၏။ “ဒီနည်းလမ်းက နည်းနည်းအရှက်မရှိရာ ရောက်ပေမဲ့ ကျုပ် သဘောကျတယ်”
ဘန်း ဘန်း ဘန်း ဘန်း
မုန်တိုင်းကဲ့သို့ စွမ်းအင်ဓားတို့သည် ယင်ကောပေါ်ဆက်လက်ကျရောက်နေ၏။ သို့သော်ငြား ၎င်းတို့ကို ယင်ကော၏ ချပ်ဝတ်က ပိတ်ဆို့ထားသည်။ တကယ်တော့ ချပ်ဝတ်မရှိပင်လျှင် ယင်ကော၏ခန္ဓာက ဖျက်ဆီး၍မရပေ။
ပထမဆုံးတစ်လှိုင်းတိုက်ခိုက်ပြီးနောက် ဓားသမား၄၉ယောက်သည် ရပ်တန့်လျက် ချင်ရန်ယွဲ့ဆီမှ အမိန့်ကို စောင့်ဆိုင်းနေသည်။
ချင်ရန်ယွဲ့နှင့် လုကျိုးက ယင်ကောကို ဆက်လက်လေ့လာနေ၏။
ဤတိုက်ခိုက်မှုလှိုင်းသည် ယင်ကောကို ဒေါသထွက်သွားစေပြီး သူက အော်ဟစ်လိုက်၏။ သူ ရပ်တန့်လိုက်ချိန်တွင် အောက်ခြေထဲမှ ထူးဆန်းသောအသံတစ်သံပေါ်ထွက်လာသည်။
ယင်ကောက လုကျိုး မိစ္ဆာဝေဟင်မျှော်နန်းဂိုဏ်းသားများနှင့် ဓားသမား၄၉ယောက်ကို နုတ်နုတ်စဉ်းပစ်ချင်သော အကြည့်ဖြင့်ကြည့်နေ၏။
“မကောင်းဆိုးရွား ... မကောင်းဆိုးရွားတွေ ချဉ်းကပ်လာပြီ”
“အဲ့တာတွေက ဘာတွေလဲ”
သက်တော်ရှည်ဓား ၏အလင်းဖြန့်ကျက်မှုအောက်တွင် လူတိုင်းသည် ပိန်ပါးသောသတ္တဝါများ မရေမတွက်နိုင်အောင် ချောက်ကမ်းပါးထဲကနေ တွယ်တက်လာတာ တွေ့လိုက်ရသည်။
“မျောက်တွေနဲ့တူတယ်”
“အားလုံးပဲ ဂရုစိုက်ကြ”
မကောင်းဆိုးရွားတို့သည် အမြင့်တစ်ခုထိရောက်သောအခါ သူတို့သည် လူအုပ်ကိုခုန်အုပ်လိုက်သည်။
ချန်ရန်ယွဲ့က လက်ကိုတွန်းထုတ်လိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
မွန်းစတားတစ်ဒါဇင်ခန့်က မျက်စိတစ်မှိတ်အတွင်း အသတ်ခံလိုက်ရ၏။
“သူတို့သိပ်မသန်မာဘူးပဲ”
ဓားသမား ၄၉ယောက်သည် ဘေးနှစ်ဖက်ကို ပျံသန်းကာ ပစ်မှတ်ကိုပြောင်းလဲလိုက်သည်။ သူတို့၏ ဓားများကို ဆွဲထုတ်လျက် မကောင်းဆိုးရွားများကို စတင်သတ်ဖြတ်တော့သည်။
ထိုစဉ် လီတောင်တန်း၏အကြီးအကဲလေးဦးက စိတ်မသက်မသာဖြစ်နေ၏။
ချွေ့မင်ကွမ်းက အလျင်စလိုပြောလိုက်သည်။
“ကျေးဇူးပြုပြီး ရပ်ကြပါတော့။ ဂုဏ်ထူးဆောင်နှောင်းဧကရာဇ်ကို ရန်စမိရင် ခင်ဗျားတို့တွေကို ကောင်းကင်က အပြစ်ပေးလိမ့်မယ်”
စွမ်းအင်ဓားတို့သည် မကောင်းဆိုးရွားများအပေါ် ရွာသွန်းကျလာ၏။ သို့သော် မကောင်းဆိုးရွားများသည် အဆုံးမရှိ ပေါ်ထွက်လာနေသည်။
ခဏအကြာတွင် လုကျိုးက ဖြတ်တောက်ခံလိုက်ရသည့် မကောင်းဆိုးရွားများ ပြန်ရှင်သန်လာကြောင်း တွေ့လိုက်ရသည်။
“ရပ်လိုက်ကြ” လုကျိုးက ဆင်းသက်လိုက်၏။
လုကျိုးသည် ရင်ဆိုင်ရန် သာမန်ရိုက်ချက်ကတ်တစ်ကတ်ကို ထုတ်လိုက်လေ၏။
ထင်သည့်အတိုင်းပင်။ “တင်း ... ပစ်မှတ်ကိုရင်ဆိုင်ရာ၌ သက်ရောက်မှုမရှိပါ” သာမန်အသေရိုက်ချက်ကတ်များကို ဘေးသို့တွန်းထုတ်လျက် လုကျိုးကပြောလိုက်လေ၏။
“မကောင်းဆိုးရွားတွေက သူတို့ကိုယ်သူတို့ အသက်ပြန်သွင်းနိုင်တယ်။ စွမ်းအင်ဓားတွေက သူတို့ကို မသတ်နိုင်ဘူး”
လူတိုင်းက ဂရုတစိုက်လေ့လာလိုက်လေရာ အမှန်ဖြစ်ကြောင်းတွေ့လိုက်ရသည်။ သူတို့ အသက်ပြင်းပြင်း ရှူမိသွားလေ၏။ မကောင်းဆိုးရွားများက အမြဲတစေပြန်ထလာလိမ့်မည်။
“ဒါဘယ်လိုမကောင်းဆိုးရွားမျိုးလဲ။ သူတို့ကိုမသတ်နိုင်ဘူး။ ထူးဆန်းလိုက်တာ။"
“ငါတို့မသတ်နိုင်ဘူးလား။ ထူးဆန်းလိုက်တာ။"
ယင်ကောက ဒေါသတကြီးဟိန်းဟောက်လိုက်ပြန်၏။ ပိုမိုများပြားသည့်မကောင်းဆိုးရွားများတက်လာသည်။
“ကံမီးတောက် ... ကံမီးတောက်က သူတို့ကိုသတ်နိုင်လောက်တယ်” ချင်ရန်ယွဲ့က ပြောလိုက်၏။
လုကျိုးက လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်သုံးလိုက်သည်။ ၎င်းပျံထွက်သွားချိန်တွင် မီးများစတင်လောင်ကျွမ်းလာ၏။ ကံမီးတောက်သည် မကောင်းဆိုးရွားများကို လျင်မြန်စွာ ဝါးမြိုလျက် ၎င်းတို့ကို လောင်မြိုက်သွားစေ၏။
“ကံမီးတောက်ပိုင်ဆိုင်ထားတဲ့သူတွေက မွေးရာပါပါရမီမြင့်ပြီး အထုံပါရမီရှိတယ်။ နောင်ကျ သူတို့အောင်မြင်မှုက သေချာပေါက်ထူးကဲသာလွန်မှာပဲ” ချင်ရန်ယွဲ့က အားကျစွာပြောလိုက်တော့သည်။
လုကျိုးသည် လေထဲပျံတက်သွားပြီးနောက် သူ၏ခြေထောက်အောက်တွင် ရွှေကြာဖူးပွင့်လာကာ ကံမီးတောက်ကို ရွတ်ဆိုလျက် သူ၏ပထမဆုံးမွေးဖွားစမ်းသပ်ချက်စွမ်းရည်ကို ထုတ်သုံးလိုက်သည်။
မီးတောက်ကြာပွင့်ငယ်လေးများက ချက်ချင်းပင် လေထဲပြည့်သွားတော့သည်။ သူတို့က မကောင်းဆိုးရွားများကို သက်ညှာမှုမရှိလောင်မြိုက်စေ၏။
မီးပင်လယ်ထဲမှ အသည်းခိုက်ဖွယ်အော်သံများကို ကြားနေရသည်။
“ကံမီးတောက်”
လီတောင်တန်း၏ အကြီးအကဲလေးယောက်မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသည့်အမူအရာများ ရှိနေသည်။
ထိုစဉ် ရှောင်ယွမ်အာက လက်မြှောက်လိုက်၏။ သူ၏လက်ထဲတွင် မီးတောက်ငယ်လေးပေါ်လာချိန်တွင် ပြောလိုက်တော့သည်။ “ကျွန်မမှာလည်း ကံမီးတောက်ရှိတယ်”
ရှောင်ယွမ်အာက လှည့်ပတ်သွားလျက် အနားရှိမကောင်းဆိုးရွားများကို မီးဖြင့်ပစ်လိုက်သည်။ မီးတောက်က မကောင်းဆိုးရွားကို လောင်မြိုက်စေတာ တွေ့သောအခါ သူမ ပျော်ရွှင်စွာ လက်ခုပ်လက်ဝါးတီးပြီး ပြောလိုက်တော့၏။ “တွေ့ကြလား”
ချင်ရန်ယွဲ့နှင့် ဓားသမား ၄၉ယောက် “...”
“ကံမီးတောက်ပိုင်ဆိုင်ထားတဲ့သူတွေက အင်မတန်ရှားပါးတာ။ အစိမ်းရောင်ကြာနယ်မြေကျင့်ကြံသူ တစ်သောင်းမှာတစ်ယောက်ပဲ ကံမီးတောက်ပိုင်ဆိုင်နိုင်တယ်။ မထင်မှတ်ထားတာ ...” ချင်ရန်ယွဲ့က စကားပြောတာ ရပ်ထားလိုက်၏။
ထိုစဉ် မကောင်းဆိုးရွားတစ်ကောင်က ယွီကျန့်ဟိုင်ကိုခုန်အုပ်လိုက်ချိန် သူ၏ဓားမော့ကို ဆွဲထုတ်လျက် ဓားမော့အနားတဝိုက်တွင် ကံမီးတောက်ကိုဆင့်ခေါ်လိုက်သည်။
ချင်ရန်ယွဲ့ “...”
ချင်ရန်ယွဲ့သည် သူ၏မျက်လုံးကို ပွတ်လိုက်ကာ သူ၏မျက်စိက လှည့်စားနေသလားဟု တွေးမိသွားသည်။ ရွှေကြာက အလွယ်တကူ မှားမြင်နိုင်၏။ သို့သော်ငြား ယင်းက ဆင်ခြေမှန်း သူ သိနေသည်။ ဆိုရလျှင် ဆရာသခင်တစ်ပါးအနေဖြင့် သူ၏အကဲဖြတ်မှုက တိကျကာ အမြင်အာရုံ ထက်မြတ်သည်။ ကံမီးတောက်ဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။
ကံမီးတောက်က လျင်မြန်စွာလောင်ကျွမ်းနေပြီး ဂူဗိမာန်က နေ့ခင်းပမာ လင်းထိန်နေသည်။
ယင်ကောက ဒေါသထွက်လာ၏။ မကောင်းဆိုးရွားအရေအတွက်က ကြောက်မက်ဖွယ်ကောင်းသည်။ လုကျိုး၏ပထမဆုံး မွေးဖွားစမ်းသပ်မှုစွမ်းရည်ဖြင့်တောင် အရေအတွက်က လျော့ပါးသွားပုံမရ။
ထိုစဉ် ယွီရှန်းရုန်သည် သက်တော်ရှည်ဓားကိုဆွဲထုတ်လျက် လေထဲ၌ မရေမတွက်နိုင်သော စွမ်းအင်ဓားများထုတ်လွင့်လိုက်သည်။ စွမ်းအင်ဓားများက ကံမီးတောက်များလောင်ကျွမ်းနေ၏။ သူတို့က မကောင်းဆိုးရွားများ၏အသက်ကို ရုပ်သိမ်းလိုက်တော့သည်။
ချင်ရန်ယွဲ့ “...”
ကံမီးတောက်လား ... ဒီလောကထဲမှာ မျှတမှုရှိရဲ့လား။ မျှခြေဘာဖြစ်သွားပြီလဲ။
လီတောင်တန်း၏အကြီးအကဲလေးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ကျီရှစ်က ပြောလိုက်သည်။
"ဒီလောက်များတဲ့လူတွေ ကံမီးတောက်ကို ပိုင်ဆိုင်လိမ့်မယ်လို့ မထင်ထားဘူး”
“ကံမီးတောက်က အင်မတန်ရှားပါးတာလား” ရှောင်ယွမ်အာက သိချင်စိတ်ဖြင့်မေးလိုက်သည်။
“ဒါပေါ့။ ရှားတာပေါ့။ ဆရာသခင်ချင်က ရှားတယ်လို့ပြောတာ မကြားဘူးလား” ကျီရှစ်က ပြောလိုက်၏။
“ဪ ... လူတိုင်းမှာ ရှိတယ်လို့ ကျွန်မထင်နေတာ”
“...”
ကျီရှစ်သည် ထိချက်ပြင်းပြင်း ခံစားလိုက်ရပြီး စကားပြောချင်စိတ်မရှိတော့ပေ။
ထိုစဉ် ကျုံးချုံရှုက ပြောလိုက်သည်။ "ဒါ မလုံလောက်သေးဘူး။ မကောင်းဆိုးရွားတွေ တက်လာတုန်းပဲ။ ဒါကို သူ့ရင်းမြစ်ကို ရောက်သွားဖို့လိုတယ်”
ကျုံးချုံရှုသည် ကံမီးတောက်နှင့်အသံနည်းစနစ်အကြောင်း အကြံပြုတော့မည့်အချိန်တွင် ခရုလေး၏ လက်ချောင်းများက ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းကိုစတင်တီးခတ်တော့သည်။
နယ်လှည့်တေးသည် ပင်လယ်လှိုင်းပမာ အရပ်မျက်နှာအနှံ့ကံမီးတောက်များနှင့် ပြန့်နှံ့သွားသည်။
မီးများဖြင့်လောင်ကျွမ်းနေသော ကောင်းကင်က အလွန်လှပသည်။
လုကျိုးက မတိုက်ခိုက်တော့ပေ။ ဤမကောင်းဆိုးရွားများက ဖြေရှင်းရန်မခက်ခဲလှချေ။ သူ၏တပည့်များ လှုပ်ရှားနေသောကြောင့် သူ၏ခွန်အားကို ထိန်းချုပ်ထားရမည်။
လုကျိုးမသိလိုက်သည်က ခရုလေး၏တိုက်ခိုက်မှုသည် ချင်ရန်ယွဲ့ကို ဆွံ့အသွားစေပြန်သည်။ အစိမ်းရောင်ကြာနယ်မြေ ကျင့်ကြံသူတစ်သောင်း၌ လူတစ်ယောက်သာ ကံမီးတောက်ကို ပိုင်ဆိုင်ကြောင်း ပြောကြားချက်ကို ရုပ်သိမ်းရမည်ဟု မှန်းထားလိုက်သည်။ သို့သော် ဆရာသခင်တစ်ပါးဟူသည့် အဆင့်အတန်းကို စဉ်းစားလိုက်ပြီး သူ၏စကားကို မြိုချလိုက်လေ၏။ မည်သည့်အချိန်ကစပြီး ကံမီးတောက်သည် ဤမျှလွယ်လင့်တကူ ရနိုင်သနည်း။
အသံနည်းစနစ်၏အားသာချက်က ရောက်ရှိမှုအကွာအဝေးကျယ်တာပဲဖြစ်သည်။
ခရုလေး၏နယ်လှည့်တေး၌ ကွန်ဖြူးရှပ်၏ကျယ်ပြန့်ကောင်းကင်စွမ်းအင် ပါဝင်နေသည်။ တေးသံသည် ရန်သူများကိုသတ်ဖြတ်နိုင်ရုံသာမက နားဆင်မိသည့် မဟာမိတ်တို့၏ရင်ထဲရှိ အကြောက်တရားများကိုလည်း နှင်ထုတ်ပေးနိုင်သည်။ ထို့အပြင် ယင်းက တိုက်ခိုက်လိုစိတ်လည်း နှိုးဆွပေး၏။
ကျောင်းယွိသည် ထိတ်လန့်နေရာမှ ပြန်ကောင်းလာပြီးနောက် လှည့်လာကာ မင်ရှစ်ရင်၌ ကံမီးတောက် မရှိမှုကြောင့် သူ့ကိုနှစ်သိမ့်ပေးရန် ရည်ရွယ်လိုက်သည်။ သို့သော်ငြား ကျောင်းယွိက မင်ရှစ်ရင်သည် ကံမီးတောက် တောက်လောင်နေသည့်ခွဲခွာချိတ်ကောက်ကိုမြင်ပြီး ပြောလိုက်သည်။
“ငါ့ရဲ့ရှစ်မေ့တွေ လှုပ်ရှားပြီဆိုတော့ ငါ ရပ်ကြည့်နေရုံပဲ”
“...”
၁၅မိနစ်ခန့်ကြာပြီးနောက် မကောင်းဆိုးရွားများအားလုံးပြာဖြစ်သွားသည်။ တိုက်ပွဲ၏ ရုတ်ရုတ်သည်းသည်း ဖြစ်ရပ်များလည်း နောက်ဆုံး၌ ငြိမ်ကျသွားသည်။
ယင်ကောက ချိန်းကြိုးကနေ ဒေါသတကြီးရုန်းနေသည်။
လုကျိုးသည် လေထဲပျံဝဲနေသည့် ယင်ကောကိုကြည့်ပြီးနောက် ဓားအသွင်ဖြင့် အမည်မဲ့ကို ဆွဲထုတ်လိုက်သည်။ ယခုအခေါက်တွင် ကောင်းကင်စွမ်းအား ထည့်သွင်းလျက် ယင်ကောကိုထိုးစိုက်လိုက်သည်။
ဘန်း
ထိုထိုးနှက်ချက်ဖြင့် ယင်ကောက ဟိန်းဟောက်ကာ အမူအရာတောင့်တင်းသွားသည်။ ပြီးနောက် သူက အမြင့်သို့ပျံကာ ချိန်းကြိုးများတင်းကြပ်သွားသည်အထိ ပျံသန်းလိုက်၏။
လုကျိုးက အနား၌ ပျံဝဲကာ ယင်ကောကို လေ့လာလိုက်သည်။ ယခုအချိန်တွင် ဂူသင်္ချိုင်းကဲ့သို့ တိတ်ဆိတ်နေ၏။
တောင့်တင်းသောဖိအားသည် ယခုအချိန်၌ ပေါ်ထွက်လာ၏။
“နောက်ဆုတ်ဖို့ ပြင်ဆင်ကြ” ချင်ရန်ယွဲ့က ပြောလိုက်လေ၏။
“အားလုံးနောက်ဆုတ်ကြ” ယွီကျန့်ဟိုင်က အမိန့်ပေးလိုက်သည်။
ဓားသမား၄၉ယောက်နှင့် မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့က ဆုတ်ခွာသွားသည်။
မဟာတိုက်ပွဲဖြစ်ပွားတော့မည်။
ချိန်းကြိုးများသည် ယင်ကောကို အချိန်ကြာမြင့်စွာ ထိန်းချုပ်နိုင်မှာမဟုတ်ကြောင်း လူတိုင်းအစတည်းက သိထားပြီးသားဖြစ်၏။ ယင်ကောခွန်အားစုဆောင်းနေစဉ် နောက်ပြန်ဆုတ်ရန် အခွင့်အရေးယူရန် အကောင်းဆုံးဖြစ်သည်။
လီတောင်တန်း၏အကြီးအကဲလေးဦးက ခေါင်းခါလိုက်လေ၏။ ကျီရှစ်က “ခင်ဗျားတို့ကို ပြောသားပဲ” မည်သူမှ လီတောင်တန်း၏အကြီးအကဲလေးဦးကို အာရုံမစိုက်ပေ။
ယင်ကော၏အကြည့်က လုကျိုးဆီတွင်သာ ရောက်နေ၏။ သူက ရုပ်ထုပမာ လှုပ်ရှားမှုမရှိပေ။
လုကျိုးက ချိန်းကြိုးလေးခုကို လေ့လာလိုက်သည်။ သူတို့က သူထင်ထားသလို ကြာရှည်ခံမှာမဟုတ်ပေ။ ယင်ကောတိုက်ခိုက်လျှင် သူ အသေရိုက်ချက်ကတ်ကို အသုံးမပြုနိုင်။ သူ မည်သို့လုပ်သင့်သနည်း။ မိုးကြိုးသွားကတ်လား။ ထိုကဲ့သို့ အခြေအနေ၌ သူက ကံကိုသာ အားကိုးနိုင်၏။ သူက သတ်ဖြတ်ခြင်းအာနိသင်ကို ဖော်ထုတ်ကောင်းဖော်ထုတ်နိုင်လိမ့်မည်။
ထိုစဉ် ချင်ရန်ယွဲ့နှင့်ကျန်သည့်သူများက အကွာအဝေးတစ်ခုအထိ ဆုတ်ခွာခဲ့ပြီးဖြစ်သည်။ သူ လုကျိုးကို စိတ်မပူပေ။ သူက အခြေအနေကိုလေ့လာနေပြီး လိုအပ်လျှင် ကူညီပေးမှာပဲဖြစ်သည်။
စိတ်ထဲ၌ အတွေးများနေသော်ငြား ရှုပ်ထွေးနေသော်ငြား လုကျိုး၏ခြိမ်းခြောက်နိုင်သောအမူအရာသည် စိုးစဉ်းမျှ မလျော့သွားပေ။ သူ ခမ်းနားသောအသံဖြင့်ပြောလိုက်သည်။
"ကျားဖြူနဂါးကျောက်စိမ်းကိုပေး။ မင်း အသက်ကို ချမ်းသာပေးမယ်”
ချင်ရန်ယွဲ့သည် အခြေအနေကြည့်မလှသောကြောင့် နောက်လှည့်ပြီးပြောလိုက်တော့သည်။
“ထပ်ဆုတ်ကြ”
လူတိုင်းနောက်သို့ပျံသန်းသွားသည်။ သူတို့အကြည့်က စွမ်းအားဖြင့်ပေါက်ကွဲတော့မည်ဟု ထင်မှတ်ရသည့် ယင်ကောကိုသာ အာရုံစိုက်နေ၏။ ပြီးနောက် ယင်ကောက သူတို့မထင်မှတ်ထားသည့်အရာတစ်ခုကို ပြုလုပ်လိုက်သည်။
ယင်ကော၏မျက်လုံးက ရုတ်တရက်ပြူးကျယ်သွားပြီး ခေါင်းကကျုံ့သွားသည်။ ပြီးနောက် သူသည် သူ၏ချပ်ဝတ်ပေါ်ရှိ ကျားဖြူနဂါးကျောက်စိမ်းကို အမြန်ဆွဲထုတ်ပြီးနောက် ပေးလိုက်သည်။ ပြီးနောက် သူက ချောက်နက်ထဲပြန်ဝင်သွားကာ ချိန်းကြိုးများကို ဆွဲခေါ်ခွင့်ပေးလိုက်သည်။
“...”
လူတိုင်းကြက်သေသေသွားလေ၏။
လုကျိုးသည် သူ့လက်ထဲရှိ ကျားဖြူနဂါးကျောက်စိမ်းကိုကြည့်ကာ မျက်မှောင်ကျုံ့မိသွား၏။ ဘာတွေဖြစ်နေမှန်း မဖော်ထုတ်နိုင်ပေ။
ယန်ကျန်းလော့က ခေါင်းကုတ်လျက် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ သူက မေးလိုက်တော့သည်။
“ဘာတွေဖြစ်နေတာလဲ”
“ယင်ကောက ကြောက်သွားသလိုပဲနော်” လုလီက သူ့မျက်လုံးသူ မယုံနိုင်ပေ။
မည်သူမှ ယင်းကိုမယုံနိုင်။
“ကျုပ် နားမလည်ဘူး။ ယင်ကောက ကြောက်သွားတယ်တဲ့လား” ကျီရှစ်၏မျက်ခွံက တွန့်သွားတော့သည်။ တစ်စုံတစ်ယောက်က သူ့ပါးကိုခပ်ပါးပါးရိုက်လိုက်သည့်ပမာ ပါးတွင်ပူလောင်မှုကို ခံစားနေရသည်။
လူတိုင်းပျံထွက်သွား၏။ ယင်ကောက မခုခံဘဲ လုကျိုးဆီ ကျားဖြူနဂါးကျောက်စိမ်း ပစ်ပေးလိုက်သောကြောင့် ယခုဘေးကင်းသွားပြီဖြစ်သည်။
“ဝိညာဉ်မရှိရင် ဘယ်လိုလုပ်ကြောက်လန့်မှာလဲ။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။" ကျီရှစ်က သူ့ဖာသာသူရေရွတ်ပြောနေ၏။
လုကျိုးသည် ကျားဖြူနဂါးကျောက်စိမ်းကို လှမ်းပစ်လိုက်သည်။ ချင်ရန်ယွဲ့က ဖမ်းလိုက်လေ၏။ ပြီးနောက် သူသည် ချောက်နက်ထဲဆင်းကာ သူ့စိတ်ထဲရှိ အတွေးကို အတည်ပြုလိုက်ပြန်သည်။ သူ အနားကပ်သည့်အချိန်၌ ယင်ကောတုန်ယင်သွားပြီး ကျုံ့ဝင်သွားသည်။ ယင်ကောတုန်ယင်နေစဉ် ချိန်းကြိုးသံများက ပေါ်ထွက်လာ၏။
ခဏအကြာတွင် ယင်ကောက မဝံ့မရဲဖြင့်ခေါင်းမော့လာလျက် ကောင်းကင်ကိုနောက်ခံထားလျက် လေထဲပျံဝဲနေသော လုကျိုးကို မော့ကြည့်လိုက်သည်။ သူ၏အမြင်တွင် လုကျိုးက နတ်ဆိုးအရှင်တစ်ပါးနှင့် တူနေတော့သည်။
လုကျိုးသည် သူ၏စွမ်းအားဗဟိုချက်ချီပင်လယ်ထဲရှိ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကိုသုံးကာ ကောင်းကင်စွမ်းအားအနည်းငယ်ထည့်လိုက်သည်။ လုကျိုး၏ခန္ဓာကိုယ်က ရွှေရောင်အလင်းတောက်ပလာချိန်တွင် ယင်ကောက ကြောက်လန့်မှုကြောင့် ပြူးကျယ်လာသည်။
ထန် ထန် ထန်
ယင်ကောက ရုန်းကန်နေပြီး နောက်ဆုတ်ရန်ကြိုးစားသော်ငြား ကံဆိုးသည်မှာ ချိန်းကြိုးများက ထိန်းချုပ်ထား၏။ ဆိုးယုတ်သူရှေ့၌ သူသည် ကျယ်ပြောသောစကြဝဠာထဲတွင် သေးနုပ်သောသဲမှုန်တစ်မှုန်ဟု ခံစားမိသည်။ ၎င်းက ကြောက်လန့်တကြားအော်ဟစ်လျက် ထွက်ပြေးရန်ကြိုးစားတော့သည်။
ယင်ကော၏ကြောက်လန့်မှုနှင့် ထွက်ပြေးချင်စိတ်တို့သည် လူတိုင်းကိုစိတ်ရှုပ်ထွေးသွားစေသည်။
...
အခန်း (၁၃၅၀) ကျောက်ခေါင်းတလားဟောင်းထဲမှ ပစ္စည်းဟောင်းများ
ယင်ကောက နောက်ဆုတ်ဖို့ ရုန်းကန်လိုက်သော်လည်း အကြောက်တရားက သူ့စွမ်းအားကို ပျောက်ကွယ်သွားစေဟန်ပေါ်သည်။
သူ့ခန္ဓာကိုယ်က သန္ဓေသားလောင်းပုံစံအတိုင်း တစ်ဝက်ခွေထားကာ သူ့အစွယ်များကို ရုပ်သိမ်းထားပြီးသား ဖြစ်၏။ သံကြိုးများက တချွမ်ချွမ်မြည်နေပြီး ချောက်နက်မှ နံရံနှင့် ထိတွေ့ပြီး မီးပွားများပင် လွင့်စဉ်လာစေသည်။
ယင်ကောက ဖုတ်ကောင်ဘုရင်ဆယ်ကောင်ထဲမှ တစ်ကောင် ဖြစ်၏။ သူ့ခန္ဓာကိုယ်က မသေမျိုး ဖြစ်ပေသည်။ ဆရာသခင်ဖြစ်သည့် ချင်ရန်ယွဲ့ပင် လုကျိုးလိုမျိုး မလုပ်ရဲပေ။
ထိုစဉ် ချင်ရန်ယွဲ့က သူ့ထူးကဲလှသည့် စိတ်အနေအထားကို ထုတ်ဖော်ပြသခဲ့သည်။ သူက နှုတ်ခမ်းပေါ် လက်ညှိုးတင်ကာ အားလုံးကို တိတ်တိတ်ဆိတ်ဆိတ် နေဖို့ အချက်ပြလိုက်သည်။ ဆူညံသံ သို့မဟုတ် ရုတ်တရက် လှုပ်ရှားမှုများက လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာခုခံမှုကို အလွယ်တကူ ချိုးဖောက်သွားစေပြီး ထိန်းချုပ်မှု ဆုံးရှုံးသွားစေနိုင်သည်။ တိတ်ဆိတ်မှုက လူတစ်ယောက်၏ အတွေးများကို စုစည်းဖို့ အကောင်းဆုံးပတ်ဝန်းကျင် ဖြစ်၏။
“ငါတို့တွေ ကျားဖြူရစ်ပတ်နဂါးကျောက်စိမ်းကို ရလိုက်ပြီ” ချင်ရန်ယွဲ့က ပြောလိုက်သည်။ သူက လုကျိုးအား ထွက်ခွာသွားဖို့ ဖျောင်းဖျလို၏။
သို့သော်လည်း ချင်ရန်ယွဲ့ မျှော်လင့်မထားသည်က လုကျိုးသည် ယင်ကော၏ အနီးတွင် ဆက်နေနေရုံသာမကဘဲ ရဲတင်းသည့် အပြုအမူမျိုးကို လှုပ်ရှားလာခဲ့သည်။
လုကျိုးက ယင်ကောအနားသွားကာ သုံးမီတာခန့် ကွာဝေးသည့်အချိန် ရပ်တန့်လိုက်သည်။
ယင်ကောက သံကြိုးများဖြင့် ထပ်မံအဆွဲခံလိုက်ရပြီး နားကွဲလုမတတ် အော်သံကြီး ထွက်ပေါ်လာလေသည်။ သူက အပြင်းအထန် တုန်ယင်နေပြီး ပိုမိုကြောက်ရွံ့နေလေ၏။
လုကျိုးက သူ့အံ့ဖွယ်စွမ်းအားတချို့ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ပေါ်မှ အလင်းရောင်အား အနည်းငယ် မှေးမှိန်သွားစေသည်။
ထင်ထားသည့်အတိုင်း ယင်ကောက ဖြည်းဖြည်းချင်း တည်ငြိမ်သွားကာ သူ့အကြောက်တရားက လွင့်ပျောက်သွားဟန် ပေါ်သည်။
အဲဒါဆိုတော့ ဒါက အံ့ဖွယ်စွမ်းအားလား…
အံ့ဖွယ်စွမ်းအားက ကောင်းကင်ကျမ်းမှ ရောက်ရှိလာ၍ဖြစ်ကာ ကောင်းကင်ကျမ်းက စနစ်မှ ရောက်ရှိလာခြင်း ဖြစ်၏။ ထို့ကြောင့် ထိုအရာက နယ်ခြားစွမ်းအားတစ်ခု ဖြစ်ပေသည်။ သို့သော်လည်း နယ်ခြားစွမ်းအားတစ်ခု ဖြစ်နေလျှင်ပင် ယင်ကောအား ဤမျှကြောက်လန့်စေဖို့ မသင့်ပေ။ ထို့အပြင် ထုံပါစစ်ချန်၊ ထန်ဝူနှင့် သခင်ကျန်းနန်တို့က ယင်ကောထက် ပိုမိုစူးရှသည့် အာရုံများ ရှိကြသော်လည်း သူတို့က အဘယ်ကြောင့်ဘာမှ မခံစားခဲ့ရသနည်း။
“ငါ့ကို သိလား” လုကျိုးက ရုတ်တရက် မေးလိုက်သည်။
သူက စကားမပြောရဲသလို လုကျိုးအား မကြည့်ရဲဘဲ ထပ်မံ ကျုံ့သွားလေ၏။
“မင်းကို ဒီနေရာမှာ ဘယ်သူ ချည်ခဲ့တာလဲ” လုကျိုးက ထပ်မေးလိုက်သည်။
ယင်ကောက ပါးစပ်ဟကာ ပြန်လည်ပိတ်သွားပြီး အချိန်ကြာသည်အထိ စကားများ ထွက်မလာပေ။ နောက်ဆုံးတွင် သူက စကားနှစ်လုံးကိုသာ ပြောလိုက်၏။
“အထွတ်အထိပ် သက်ရှိ”
လုကျိုးနှင့် ချင်ရန်ယွဲ့တို့၏ လက်ရှိကျင့်ကြံဆင့်ဖြင့် အထွတ်အထိပ်သက်ရှိ မဆိုထားနှင့် သူတို့တွင် သူတော်စင်များက မည်မျှအားကောင်းကြောင်း တိုင်းတာဖို့ နည်းလမ်းမရှိကြပေ။
“တကယ် အထွတ်အထိပ်သက်ရှိလား” ချင်ရန်ယွဲ့က အလေးအနက်ပြောလိုက်သည်။
ကောလဟာလများက ယခင်ဧကရာဇ်ဟောင်းသည် ယင်ကောအား သူ့ဂူဗိမာန်ကို စောင့်ကြပ်ပြီး ထားရှိကာ ပိတ်လှောင်ခဲ့သည်ဟု ဆိုကြပေသည်။ သို့သော်လည်း ဤသို့ဖြစ်ဟန်မပေါ်ပေ။
လုကျိုးက ယင်ကောကို ကြည့်ကာ မေးလိုက်သည်။
“မင်း လွတ်မြောက်ချင်လား”
ထိုမေးခွန်းကိုကြားသည့်အခါ လီတောင်တန်းမှ အကြီးအကဲလေးဦးက ခေါင်းယမ်းလိုက်စဉ် ဓားသမား ၄၉ ဦးက အံ့အားသင့်သွားသည်။
ချင်ရန်ယွဲ့က အသိပြန်ကပ်လာပြီး အလျင်စလို ပြောလိုက်၏။
“အစ်ကိုလု အဲ့လိုလုပ်လို့မရဘူး။ သူ့ကို လွှတ်ပေးလိုက်တယ်ဆိုရင် သူက ကမ္ဘာကြီးဆီ ကပ်ဘေး ယူဆောင်လာလိမ့်မယ်”
လုကျိုး ပြန်မဖြေခင် ယင်ကောက ခေါင်းဆက်တိုက် ယမ်းနေသည့်အတွက် အားလုံးအား စိတ်ရှုပ်ထွေးသွားစေသည်။
ထို့နောက် လုကျိုးက သစ်သားတံတားငယ်လေးဆီ ပြန်လည်ရောက်ရှိလာ၏။
သံကြိုးလေးခုကလည်း လှုပ်ခတ်မှု ရပ်တန့်သွားလေသည်။ ချောက်နက်ထဲမှ စိတ်သက်သာရာ ရသွားသည့် ခံစားချက်က ဖော်ပြ၍ပင် မရပေ။ နောက်ဆုံးတွင် အားလုံးက တစ်ဖက်တွင်ရှိနေသည့် ကျောက်တံခါးကို ကြည့်လိုက်ကြသည်။ ယခု ထိုတံခါးနောက်ကွယ်ကို မြင်ရဖို့ အချိန်ကျရောက်လာလေပြီ။ ချင်ရန်ယွဲ့က ကျားဖြူရစ်ပတ်နဂါးကျောက်စိမ်းကို ကြည့်ကာ ပြောလိုက်သည်။
“ဒီကျောက်စိမ်းက အထွတ်အမြတ်အမွေအနှစ်နဲ့တောင် ယှဉ်လို့ရတယ်။ တကယ်ကို ထူးကဲတာပဲ”
“ကျောက်တံခါးပေါ်မှာ ထူးကဲတဲ့ အစီအရင် ရေးဆွဲထားတယ်။ ဧကရာဇ်ဟောင်းကို ဂူဗိမာန်သွင်းလိုက်ကတည်းက ဘယ်သူမှ ဒီဂူဗိမာန်ထဲ မဝင်ခဲ့ဖူးဘူး။ ကျန့်ကျန်းလိုမျိုး အစောင့်အရှောက်ကတောင် ဂူဗိမာန်အပြင်ဘက်မှာပဲ သွားနိုင်တာ” ကျီရှစ်က ပြောလိုက်သည်။
ချင်ရန်ယွဲ့က ကျောက်တံခါးဆီ ပျံသန်းသွားကာ ဓားသမား ၄၉ဦးနှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကလည်း နောက်မှလိုက်ပါလာကြသည်။
ထိုစဉ် သံကြိုးသံများက ထပ်မံ ထွက်ပေါ်လာလေ၏။
သူတို့က ချောက်နက်ကို ငုံ့ကြည့်လိုက်သည့်အချိန် ယင်ကောက မျက်လုံးကို မှိတ်ထားပြီး သူ့လက်များက ခန္ဓာကိုယ်ပေါ်တွင်ထားကာ အိပ်စက်သလိုမျိုး ဖြစ်နေလေ၏။
“ကြည့်မနေနဲ့တော့။ ဒါက ကြောက်ဖို့ကောင်းတယ်” ရှောင်ယွမ်အာက ပြောလိုက်သည်။
ကျီရှစ်က ယင်ကောကို ကြည့်ပြီးသည့်နောက်တွင် အနီးနားတွင် ရပ်နေသည့် လုကျိုးကို ထပ်ကြည့်လိုက်သည်။ သူက လုကျိုးသည် မုန့်မင်ရှစ်နှင့် ပြန်လည်တိုက်ခိုက်ခဲ့သည်ကို တွေးတောမိသည့်အခါ ယင်ကောသည် ဤမျှကြောက်ဖို့မကောင်းတော့ကြောင်း ရုတ်တရက် ခံစားမိလိုက်၏။ တကယ်ကြောက်ဖို့ကောင်းသည့်အရာက သူ့ရှေ့တွင် လူသားအရေပြားကို ဝတ်ဆင်ကာ ရပ်နေသည့်သူသာ ဖြစ်၏။
လုကျိုးက ကျောက်တံခါးကို ကြည့်ကာ ပြောလိုက်သည်။
“ဖွင့်လိုက်တော့”
“ကောင်းပါပြီ”
ချင်ရန်ယွဲ့ ကျားဖြူရစ်ပတ်နဂါးကျောက်စိမ်းကိုထည့်သွင်းလိုက်သည်။
ဝုန်း
ထို့နောက် အလင်းတန်းတစ်ခုက ကျောက်တံခါးပေါ် ကျရောက်လာလေ၏။
ကျောက်တံခါးပေါ်တွင် ဘယ်ဖက်တွင် ကျားဖြူရေးထွင်းထားပြီး ဘယ်ဖက်တွင် ခွေထားသည့် နဂါးကို ရေးထွင်းထားလေသည်။ ထို့နောက် ကျောက်တံခါးက စတင်ကွဲလာကာ ဖြည်းဖြည်းချင်း ပွင့်လာသည်။
ဝုန်း
ပွင့်လာသည့်တံခါးက ကြက်သီးထဖွယ် မြင်ကွင်းတစ်ခုကို ထုတ်ဖော်ပြသလေ၏။ ကျောက်အခန်းက မှောင်မဲကာ ကျယ်ဝန်းလှသည်။ စွမ်းအင်စည်းတံဆိပ်များဖြင့် အလင်းပေးထားမှုဖြင့် သူတို့သည် အခန်း၏ အဆုံးသတ်ကိုပင် မမြင်ရပေ။
လုကျိုးက လက်ဖျောက်တီးကာ အခန်းအား အလင်းပေးသည့် သတ္တုလုံးကို ထုတ်လွှတ်လိုက်၏။
အခန်းထဲတွင် လူသားအကြွင်းအကျန်များဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
“စတေးခံ စစ်သည်တော်တွေ”
လီတောင်တန်း၏ အကြီးအကဲလေးဦးက အလေးအနက်ဖြစ်လာလေသည်။
“စတေးခံ စစ်သည်တော်တွေလား”
“တကယ်တော့ အရင်ဧကရာဇ်ဟောင်း သေဆုံးပြီးတဲ့နောက်မှာ သူက ပလ္လင်ကို လက်မလျှော့ချင်ခဲ့ဘူး။ သူ့ကို ကျေနပ်စေဖို့အတွက် တော်ဝင်မိသားစုက သက်ရှိတစ်သောင်းကို ရွေးချယ်ပြီးတော့ ဧကရာဇ်နောက်လိုက်ဖို့ ပိတ်လှောင်ခဲ့တာ။ မြေနီရုပ်အဖြစ် ပြောင်းခဲ့တာ”
“…”
ဤသို့သော စိတ်ပိုင်းဆိုင်ရာချို့ယွင်းမှုကို နားလည်ဖို့ရာအတွက် အခက်တွေ့နေသည်။ သို့သော်လည်း သူတို့အတွက် အံ့အားသင့်စရာတော့ မဟုတ်ပေ။ ကျင့်ကြံသူများက သေချာသည့်အနေအထားတစ်ခုသို့ ရောက်ရှိသွားသည့်အခါ မသေမျိုးဘဝကို ရယူဖို့အတွက် ဘာမဆိုလုပ်ကြလိမ့်မည်။ သက်ရှိများကို ဧကရာဇ်နောက် အဖော်ပြုပေးဖို့ မြှုပ်နှံသည်က အံ့အားသင့်စရာ မကောင်းလှပေ။
“သူက အဲဒီမှာ သေသွားပေမဲ့ အရမ်းကို ခေါင်းမာနေတုန်းပဲ” ယန်ကျန်းလော့က သက်ပြင်းချကာ ပြောလိုက်၏။
လီတောင်တန်းက အကြီးအကဲလေးဦးကလည်း တိတ်ဆိတ်နေကြသည်။
လုလီက လီတောင်တန်းမှ အကြီးအကဲလေးဦးကို ကြည့်ကာ မေးလိုက်၏။
“ခင်ဗျားတို့က ဘာလို့ သူ့ကို အဲ့လောက်တောင် သစ္စာရှိနေရတာလဲ”
“အရင်ဧကရာဇ်ဟောင်းက ကျုပ်တို့ကို တစ်ခုလုပ်ပေးခဲ့တယ်” ချွေ့မင်ကွမ်းက ပြန်ဖြေလိုက်သည်။
ထိုအရာကို ကြားကာ သူတို့က လီတောင်တန်း၏ အကြီးအကဲလေးဦးသည် မုန့်မင်ရှစ် အညာခံရသည်က မထူးဆန်းတော့ကြောင်း တွေးလိုက်ကြ၏။
သူတို့က ဂူဗိမာန်ကို ထပ်မံကြည့်လိုက်ကြသည်။
“ဒီစတေးခံစစ်သည်တော်တွေက အသက်ပြန်ဝင်လာမှာလား” ရှောင်ယွမ်အာက မေးလိုက်သည်။
“ဘယ်သူသိမှာလဲ။ ဒီနေရာမှာ မကောင်းဆိုးရွားတွေ ရှိနေတယ်ဆိုရင်တောင် မထူးဆန်းတော့ဘူး။ သူတို့က အသက်ရှင်နိုင်တယ်ဆိုတော့လည်း ထူးဆန်းလှမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သတိထားတာ အကောင်းဆုံးပဲ” ချင်ရန်ယွဲ့က ပြောလိုက်သည်။
လုကျိုးက ရှေ့ကို ပျံသန်းလာပြီး အမြင်စွမ်းအား၊ အကြားစွမ်းအားနှင့် ရနံ့စွမ်းအားတို့ဖြင့် နေရာတစ်ဝိုက်ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်ယူပြီး အံ့ဖွယ်စွမ်းအားဖြင့် ထည့်သွင်းကာ ဂူဗိမာန်တစ်ခုလုံးကို လင်းထိန်စေခဲ့သည်။ ထိုအရာက အစီအရင်များနှင့် ထောင်ချောက်များကို အလွယ်တကူ ထုတ်ဖော်ပြသလာလေ၏။
“သွားကြစို့” လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကို ကိုင်ဆောင်ထားရင်း ရှေ့မှဖြတ်သန်းလိုက်သည်။ ထိုအရာကို မြင်ကာ အားလုံးက နောက်မှလိုက်ပါလာကြ၏။
ဝှစ် ဝှစ် ဝှစ်
သူတို့က စတေးခံ စစ်သည်တော်များ၏ ခေါင်းအထက်မှ ပျံသန်းလာကြသည်။
သိပ်မကြာခင် သူတို့က ဂူဗိမာန်အလယ်သို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် အနက်ရောင်ခေါင်းတလားနှစ်ခု ရှိနေသည့် စတုရန်း ရင်ပြင်တစ်ခု ရှိနေသည်။ ထိုရင်ပြင်ပေါ်တွင် စင်မြင့်ပေါ် အလင်းပေးထားသည့် အလင်းရောင်လိုမျိုး ကျရောက်နေလေ၏။ အားလုံးက ဆင်းသက်လာပြီးသည့်နောက်တွင် ချင်ရန်ယွဲ့က ပေါ်ထွက်လာသည်။
“အစ်ကိုလုရဲ့ ရတနာက တကယ်ကို အံ့အားသင့်ဖို့ကောင်းတာပဲ။ တကယ်လို့ ဒီကြေးမုံကြောင့်သာ မဟုတ်ဘူးဆိုရင် ကျုပ်တို့တွေ ထောင်ချောက်ထဲမှာ ပိတ်မိသွားမှာ သေချာတယ်”
လုကျိုးက ချင်ရန်ယွဲ့၏ မြှောက်ပင့်မှုကို အာရုံမစိုက်ပေ။ ထိုအစား သူက ရှေ့ကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“ဂူဗိမာန်က မြေအောက်မှာရှိတာ။ ဒါပေမဲ့ ဒီအလင်းရောင်ကို ကြည့်လိုက်ဦး။ ကြည့်ရတာ လီတောင်တန်းက ခေါင်းလောင်းကြီးဆိုတာကို အထဲက ဟောင်းလောင်းဖြစ်နေတယ်ဆိုတာကို ပြသနေတာပဲ”
“ဟုတ်တယ်။ တော်ဝင်မိသားစုက ဒီဂူဗိမာန်ကို ဆောက်ဖို့ အတော်လေးကို သုံးခဲ့တာ”
လုကျိုးက ပြောလိုက်သည်။
“ဒီနေရာမှာလည်း ထောင်ချောက်တွေ ရှိသင့်တယ်။ ဝင်သွားတာနဲ့ ခက်ခဲမှာပဲ”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ယန်ကျန်းလော့က ထိုခေါင်းတလားဆီ သွားကာ ဘယ်ဖက်မှ ညာဖက်ဆီ ကြည့်ပြီး မေးလိုက်သည်။
“ခေါင်းတလားက ဘယ်လိုလုပ် နှစ်ခု ဖြစ်နေတာလဲ”
ကျီရှစ်က ခေါင်းယမ်းလိုက်သည်။
“ကျုပ်တို့လည်း ဘာမှမသိရဘူး။ သူက အထဲ မဝင်ခဲ့ရဘူးလေ။ ဝင်သွားတဲ့သူတွေကလည်း ထွက်သွားဖို့ ခွင့်မပြုဘူး”
ကျောင်းယွီက ပြောလိုက်သည်။
“ဘယ်လောက်ပဲများများ တစ်ယောက်ကတော့ ဧကရာဇ်ဟောင်းဆိုတာ သေချာတယ်။ တခြားတစ်ယောက်ကတော့ အရှင်မင်းကြီးရဲ့ သဘောအကျဆုံး ကိုယ်လုပ်တော်တို့ ဘာတို့ဖြစ်မှာပေါ့”
“အဲ့လူက မဖြစ်နိုင်ဘူး။ ဒါက ကျင့်ဝတ်နဲ့ မကိုက်ဘူးလေ။ ကိုယ်လုပ်တော်တွေက ဧကရာဇ်အနားမှာ မြှုပ်နှံဖို့ အခွင့်အရေး မရှိဘူး။ ဧကရီကပဲ ရှိတာ။ ကိုယ်လုပ်တော်တွေတောင် အပြင်ဘက်အခန်းမှာပဲ မြှုပ်နှံခံရလိမ့်မယ်” ကျီရှစ်က ခေါင်းယမ်းကာ ပြောလိုက်သည်။
“ဘယ်သူက ဂရုစိုက်မှာလဲ။ ဖွင့်ပြီးရင် သိရမှာပဲလေ” မင်ရှစ်ရင်က ပြောလိုက်သည်။
အားလုံးက ခေါင်းညိတ်လိုက်ကြ၏။ ဤသည်က သူတို့လာရောက်ရသည့် အဓိကအကြောင်းအရင်း ဖြစ်ပေသည်။
လုကျိုးက ဘယ်ဖက်မှ ခေါင်းတလားကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ဖွင့်လိုက်”
ယွီကျန့်ဟိုင်က အဖုံးကို လက်တစ်ဖြင့်မကာ တွန်းဖွင့်လိုက်သည်။
အားလုံးက ကြည့်လိုက်ကြ၏။
ယန်ကျန်းလော့က အဆောင်ကို အသက်သွင်းကာ ပတ်ဝန်းကျင်ကို အလင်းပေးလိုက်၏။
တစ်ချက်ကြည့်ပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က ပြောလိုက်၏။
“ဗလာကြီးလား”
မည်သူကမှ ထိုအရာကို ထင်မှတ်မထားကြပေ။
လီတောင်တန်းမှ အကြီးအကဲလေးဦးကလည်း ထိုအရာကို မျှော်လင့်မထားကြဘဲ တစ်ချက် ကြည့်လိုက်ကြသည်။ ထိုအစား အမှန်တကယ် ဗလာကျင်းနေလေ၏။ ထိုအရာထဲတွင် ရတနာ၊ ကိုယ်ပိုင်အသုံးအဆောင်နှင့် အဝတ်အစားများကဲ့သို့ အရာများ ရှိလေသည်။
“မဖြစ်နိုင်ဘူး”
လီတောင်တန်းမှ အကြီးအကဲလေးဦးကလည်း မယုံကြည်နိုင်ဖြစ်နေကြသည်။
“အရင်ဧကရာဇ်ဟောင်းကို ဒီဂူဗိမာန်ထဲ ခေါ်သွားတာကို ကိုယ်တိုင်မြင်လိုက်ရတာ။ ဒါကတော့ … ” ထန်ကျစ်ပင်းက စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
လောကဝတ်များအရ ဧကရာဇ်၏ ဂူဗိမာန်က အမြဲတမ်း ဘယ်ဖက်တွင် ရှိသင့်သည်။ ထို့ကြောင့် ညာဖက်တွင်ရှိသည့် ခေါင်းတလားက ဧကရာဇ်ဟောင်း မဖြစ်နိုင်ပေ။
ဘယ်ဖက်က ဗလာကျင်းနေသည့်အတွက် သူတို့က ညာဖက်ကို တစ်ချက် ကြည့်ကြည့်ရမည်ဖြစ်သည်။
ကျီရှစ်က မယုံကြည်နိုင်သေးသော်လည်း ညာဖက်ကို မြှောက်ကာ ကြည့်ကြည့်လိုက်သည်။
အားလုံးက ကြည့်လိုက်သည့်အခါ ထင်ထားသည့်အတိုင်း ဗလာကျင်းနေလေ၏။
“…”
အားလုံးက တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ စိတ်ရှုပ်ထွေးသွားကြသည်။
“ဗလာကျင်းနေတာလား”
များစွာ အားစိုက်ထုတ်ပြီးသည့်နောက်တွင် ခေါင်းတလားက ဗလာကျင်းနေပြီဖြစ်သည့်အတွက် အချိန်ဖြုန်းတီးမှုတစ်ခု မဟုတ်ပါလော။
ယန်ကျန်းလော့က ပြောလိုက်သည်။
“ဧကရာဇ်ဟောင်းက မသေတာများ ဖြစ်နေမလား”
လီတောင်တန်း၏ အကြီးအကဲလေးဦးက မျက်လုံးအပြူးသား ဖြစ်သွားကြ၏။
“ဧကရာဇ်ချင်က မသေခဲ့တာလား” ယန်ကျန်းလော့က ကောက်ချက်ချလိုက်သည်။
ကျီရှစ်က ပြောလိုက်သည်။
“အရင်တုန်းက ဧကရာဇ်ဟောင်း မသေခင်တုန်းက ကျုပ်တို့လေးယောက်က သူ့ဘေးမှာ ရှိခဲ့တာ။ သူ သေသွားတော့လည်း လူအများကြီး ရှိနေတုန်းပဲ။ သူ့သေဆုံးမှုကို အတုအယောင် လုပ်လို့မရဘူး။ သူ အသက်ရှင်နေတုန်းက သူက ထာဝရနေနိုင်မဲ့နည်းလမ်းတွေကို နေရာအနှံ့ လိုက်ရှာခဲ့တယ်။ သူက ယင်ကောကိုတောင် ရှာတွေ့ခဲ့သေးတာ။ တကယ်လို့ သူ အသက်ရှင်နေသေးရင် ဘာလို့ မထွက်လာရမှာလဲ”
အရင်ဧကရာဇ်ဟောင်းက ယင်ကောကို ဤနေရာတွင် လှောင်ပိတ်ထားခြင်း မရှိသော်လည်း သူက ယင်ကောကို အမှန်တကယ်ရှာတွေ့မည် ဖြစ်၏
အားလုံးက စိတ်ရှုပ်ထွေးနေကြသည်။ အရင်ဧကရာဇ်ဟောင်းက ဂူဗိမာန်သို့ ပို့ခံပြီးသည့်နောက်တွင် အသက်ရှင်နိုင်ဖို့ နည်းလမ်း တွေ့ခဲ့လျှင်ပင် အကျင့်စရိုက်ဖြင့် သူသည် ဧကရာဇ်ချင်ဆီ ရောက်လာပြီး ပလ္လင်ကို သိမ်းပိုက်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
လုကျိုးက ထိုအရာများကို ဂရုမစိုက်ပေ။ သူက ထိုပစ္စည်းဟောင်းများကို လေ့လာကြည့်လိုက်၏။ လက်တစ်ချက်အဝှေ့ဖြင့် ထိုမြှုပ်နှံခံပစ္စည်းများက ထွက်ပေါ်လာသည်။
ကျင့်ကြံသူများက လောကီရေးရာပိုင်ဆိုင်မှုများကို စိတ်မဝင်စားကြပေ။
လုကျိုးက ဘာရှာနေသည်ကို မသိသည့်အတွက် အားလုံးကလည်း စောင့်ဆိုင်းနေကြ၏။
ခဏအကြာတွင် မင်ရှစ်ရင်က မနေနိုင်ဘဲ ပြောလိုက်၏။
“ရှစ်စွင်း ကျွန်တော်တို့ဆီမှာ ဒါတွေ လိုအပ်မနေပါဘူး”
သေလူများ၏ ပစ္စည်းက ကံမကောင်းမှုကို ဆောင်ကြဉ်းပေးနိုင်သည်။ ထို့အပြင် သူတို့က သင်္ချိုင်းဖောက်သူများ မဟုတ်ပေ။
ကျောင်းယွီက ထိုစကားများကို ကြားသည့်အခါ အနည်းငယ် မသက်သာဖြစ်လာလေ၏။ လုကျိုးက ပစ္စည်းများကို ဆက်လက်ရှာနေသည်။
ဝှစ်
“တင်း တာဝန်ကို ပြီးမြောက်ပါပြီ။ ရွှေရောင်အမှတ်အသားပြား၏ လျှို့ဝှက်ချက်ကို ရှာတွေ့ပါပြီ။ ကုသိုလ်ရမှတ်တစ်သောင်း ရရှိပါတယ်”
“တင်း ကောင်းကင်အမှတ်အသား ပိုးသေတ္တာကို တွေ့ရှိပါတယ်”
ကောင်းကင်အမှတ်အသား ပိုးသေတ္တာတဲ့လား…
လုကျိုးက အညိုရောင်ပိုးသေတ္တာတစ်လုံးကို တွေ့လိုက်သော်လည်းဘာမှထူးကဲနေသည့်အရာ မရှိပေ။
ဤခေါင်းတလားထဲတွင် အလောင်း ရှိမနေသည့်အတွက် ထိုပိုးသေတ္တာအပေါ်၌ ဖုန်တစ်စက်ပင် ရှိမနေပေ။
လုကျိုးက ပိုးသေတ္တာက သူ့ဆီ ပျံသန်းလာလေ၏။
“တင်း ကောင်းကင်အမှတ်အသားပိုးသေတ္တာက အသုံးအဆောင်ပစ္စည်းတစ်ခုပါ။ သေချာတဲ့ အနေအထားတစ်ခုသို့ ရောက်ရှိပြီးမှသာ ဖွင့်လှစ်နိုင်ပါတယ်”
“…”
ပိုးသေတ္တာကို မြင်တွေ့ပြီးသည့်နောက်တွင် ကျီရှစ်က ပြောလိုက်၏။
“သိပြီ။ ဒါက အရှင်မင်းကြီး ဖျက်ဆီးခြင်းတိုင်လုံးနားမှာ ရခဲ့တဲ့အရာပဲ”
“သူက ပိုးသေတ္တာကို မဖွင့်နိုင်ခဲ့ဘူးလား”
ကျီရှစ်က ခေါင်းယမ်းကာ ပြောလိုက်သည်။
“ဒီပစ္စည်းက အတော်လေး ထူးဆန်းတယ်။ ခွန်အားနဲ့ ဖွင့်မရဘူး။ အရင်ဧကရာဇ်ဟောင်းက နည်းလမ်းမျိုးစုံနဲ့ ကြိုးစားကြည့်ပေမဲ့ ဖွင့်လို့မရဘူး။ သူက အဲဒါကို ဒီအတိုင်း ထားလိုက်တော့တာ”
“ဖျက်ဆီးခြင်းတိုင်လုံးနားမှာ တွေ့တဲ့အရာတွေက တကယ်ကို ရတနာတွေချည်းပဲ။ ဒီသေတ္တာကလည်း ခြွင်းချက် မဟုတ်လောက်ဘူး” ထန်ကျစ်ပင်းက ပြောလိုက်သည်။
လုကျိုးက လက်ကိုဝှေ့ယမ်းလိုက်၏။
စွမ်းအင်စည်းတံဆိပ်များစွာက သေတ္တာအပေါ်ကျရောက်သွားသော်လည်း ခြစ်ရာပင် မထင်ပေ။
ချင်ရန်ယွဲ့က ရှေ့တိုးကာ အနီးကပ်ကြည့်လိုက်သည်။ သူက သေတ္တာပေါ်တွင် ရေးထိုးထားသည့် လက်ရာများ၊ ပုံစံများကို မြင်တွေ့သည့်အခါ ပြောလိုက်၏။
“တကယ်ကို အားကောင်းတဲ့ ပိတ်ဆို့ရေးနည်းစနစ်တစ်ခုပဲ”
“ပိတ်ဆို့ရေးနည်းစနစ်လား”
“ကျုပ်က ဖင်းတန်မှာ ရှိတဲ့ ကောင်းကင်ဉာဏ်အလင်းပွင့်မှုထဲက ဖျက်ဆီးခြင်းတိုင်လုံးကို ရောက်ခဲ့ဖူးတယ်။ အဲဒီမှာလည်း တူညီတဲ့ အရာမျိုး မြင်ခဲ့ဖူးတယ်” ချင်ရန်ယွဲ့က ပြောလိုက်သည်။
လုကျိုးက ယွီကျုံးမှ ဖျက်ဆီးခြင်းတိုင်လုံးကို ပြန်လည်အမှတ်ရသွားလေ၏။ ထိုနံရံပေါ်တွင်လည်း တူညီသည့် ပုံစံမျိုးရှိနေလေသည်။ ပိုးသေတ္တာပေါ်မှ ပုံစံများက ဤဖျက်ဆီးခြင်းတိုင်လုံးတွင် ရှိသည့်အရာနှင့် တစ်ထပ်တည်းကျမနေသော်လည်း ပုံစံကမူ တူညီလေ၏။
လုကျိုးက ခွန်အားဖြင့် ပစ်ခွင်းဖို့ မကြိုးစားတော့ပေ။ သူက အကျိုးရှိသည်ဟု မထင်ပေ။ စနစ်က သူ့အား သေချာသည့်နည်းလမ်းတစ်ခုသို့ ရောက်လာပြီးသည့်နောက်တွင် ဖွင့်လှစ်နိုင်မည်ဟု သတိပေးထားပြီးသား ဖြစ်၏။ သူ့အတွက် လိုအပ်သည်ကသူ့ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ရာသာ ဖြစ်သည်။
“ရှစ်စွင်း”
ယွီကျန်းရုန်က ခေါ်လိုက်ပြီးသည့်နောက်တွင် သူက ညာဖက်မှ ခေါင်းတလားကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
အားလုံးက ကြည့်လိုက်ကြ၏။
ယွီရှန်းရုန်က သူ့ရှစ်စွင်းကို ခေါ်သည်မှာ တူညီသည့်အရာတစ်ခုကို မြင်တွေ့ခဲ့ဖူး၍ ဖြစ်၏။ ထိုအရာက ကောင်းကင်ကျမ်းစာလိပ်သာ ဖြစ်ပေသည်။
လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။
“ငါ့ပစ္စည်းက ဒီရောက်နေတာလား”
လုကျိုးက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် ကောင်းကင်ကျမ်းစာလိပ်ကို ယူဆောင်လိုက်သည်။
အားလုံးက အံ့အားသင့်နေကြ၏။
ဒါက ဘယ်လိုလုပ် ခင်ဗျားဟာ ဖြစ်ရမှာလဲ…
ချင်ရန်ယွဲ့က တစ်စုံတစ်ခုကို ပြောလိုသော်လည်း တုံ့ဆိုင်းသွားသည်။ အဆုံးသတ်၌ သေချာ စဉ်းစားကြည့်ပြီးသည့်နောက်တွင် စကားလုံးများကို ပြန်လည်မျိုသိပ်ရသည်။ သူက ဤနေရာတွင် အကျိုးအမြတ်ရယူဖို့ ရောက်လာခြင်း မဟုတ်ပေ။ သူ့ရည်မှန်းချက်က မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ဖို့ရာအတွက် ဖြစ်၏။ ထိုစဉ် သူက သူ့သိချင်မှုကို ချိုးနှိမ်ထားလိုက်ရသည်။
“တင်း ပြီးပြည့်စုံတဲ့ ဖွင့်လှစ်ခြင်းကောင်းကင်ကျမ်းစာလိပ်ကို ရရှိပါတယ်”
“လက်ရှိ ကျင့်ကြံဆင့်နဲ့ ဒီကောင်းကင်ကျမ်းစာလိပ်ကို အအသုံးမပြုဖို့ အကြံပေးပါတယ်”
တစ်ချိန်တည်းဆိုသလို လုကျိုးက စနစ်ပေါ်တွင် အဓိကတာဝန်ဟူသော အချက်ကို မြင်လိုက်ရသည်။
ထို့နောက် သူက ထိုတာဝန်နှင့် ပတ်သက်ပြီး သတိပေးချက်လက်ခံရရှိလိုက်၏။
“တင်း ပင်မတာဝန် - မဟာလေဟာနယ်ကို ရှာဖွေပါ။ မှတ်ချက် - လက်ရှိ အင်အားကို တတ်နိုင်သမျှ မြန်မြန်တိုးမြင့်အောင်လုပ်ဖို့ အကြံပြုပါတယ်”
လုကျိုးက စနစ်ပေါ်မှ ကောင်းကင်ကျမ်းစာလိပ်ကို ကြည့်လိုက်သည်။ ထို့နောက် ကော်လံတစ်ခု ထပ်တိုးလာသော်လည်း ကြည့်၍မရသေးသလို မည်းမှောင်နေလေသည်။ ထို့နောက် သူက ကောင်းကင်ကျမ်းစာလိပ်ကို ထည့်သိမ်းလိုက်၏။
“ဒီပစ္စည်းက …”
“မင်း လိုချင်လို့လား” လုကျိုးက မေးလိုက်သည်။
“မဟုတ်ပါဘူး။ ဒီဟာထဲမှာ တကယ်ကို ထူးကဲတဲ့ စွမ်းအားတစ်ခု ပါဝင်နေတာ။ တကယ်ကို ထူးကဲတယ်” ချင်ရန်ယွဲ့က ပြုံးကာ ပြောလိုက်သည်။
မဟာရန်၏ မယ်တော်ကြီးက ထိုစာလိပ်ကို သူမ၏ ခေါင်းအုံးအောက်တွင်ထားကာ အကျိုးအမြတ် ရခဲ့ဖူးသည်။ လုကျိုးက ကောင်းကင်စာလိပ်များသည် နေရာအနှံ့ ပြန့်ကျဲနေကြောင်းကို မသိသော်လည်း ထိုစွမ်းအားက အထဲတွင် ပါဝင်နေသည့် စွမ်းအားက သတ်ပစ်ဖို့ လုံလောက်နေသည်မှာ သေချာနေ၏။
ငါ့ပစ္စည်းတွေက သာမန်ဖြစ်နိုင်မှာလား။ ဘယ်ဟုတ်ပါ့မလဲ…
“ရှစ်စွင်း ကျွန်တော်တို့ မြင်တွေ့ဖူးတဲ့အရာတွေနဲ့ ဘာမှမကွဲတော့ဘူး” ယွီကျန့်ဟိုင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ သူသည် ရတနာများစွာ ရှာဖွေပြီး အချင်းချင်း ခွဲဝေလိုသည်။ သို့သော် အများကြီး အတွေးလွန်ခဲ့မိဟန်ပေါ်သည်။
“အစ်ကိုလုကို ဂုဏ်ပြုပါတယ်” ချင်ရန်ယွဲ့က ဉာဏ်ကောင်းသူတစ်ဦး ဖြစ်၏။ လုကျိုးက ခရီးစဉ်အတွင်း အကျိုးအမြတ် အများဆုံးရရှိခဲ့သူ ဖြစ်ပေသည်။
ကျောင်းယွီက ခေါင်းတလားနှစ်ခုကို ကြည့်ရင်း ခေါင်းအသာယမ်းလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
“သူက ဘာမှမရှိဘူးဆိုရင်တောင် ဒါက အရင်ဧကရာဇ်ဟောင်းရဲ့ ဂူဗိမာန်ဖြစ်နေတုန်းပါပဲ။ လောင်ချန်းပေ့ အဖုံးကို ပြန်ပြီး ဖုံးပေးလို့ရမလား”
လုကျိုးက လက်ကို ဝှေ့ယမ်းလိုက်သည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က လက်ကိုမြှောက်လိုက်ပြီး ဘယ်ဖက်နှင့် ညာဖက်မှ ခေါင်းတလားများကို အသီးသီး ပိတ်ဆို့လိုက်သည်။
ကျောင်းယွီက ဦးညွှတ်ကာ ပြောလိုက်၏။
“ကျေးဇူး”
လီတောင်တန်းမှ အကြီးအကဲလေးဦးကလည်း သက်ပြင်းချလိုက်ကြသည်။
သူတို့ ထွက်သွားတော့မည့်ဆဲဆဲတွင် အပေါ်မှ လေအေးတစ်ချက် တိုက်ခတ်သွားလေ၏။
ကျင့်ကြံသူများက လေအေးဒဏ်ကို မကြောက်သော်လည်း ထိုလေအေးကမူ ထူးဆန်းနေသည်။ ထိုအရာက သူတို့၏ ကာကွယ်ရေးအကာအရံကို ချိုးဖောက်သွားပြီး သူတို့အား ကြက်သီးထသွားစေ၏။
လုကျိုးက ဤနေရာတွင် ကြာကြာမနေလိုတော့ဘဲ ပြောလိုက်သည်။
“သွားကြစို့”
တစ်ချိန်တည်းဆိုသလို
ဝုန်း
လီတောင်တန်းမှ အကြီးအကဲလေးဦးက တစ်ပြိုင်နက် ဒူးထောက်လိုက်ကြသည်။