← Chapters

အခန်း (၁၃၅၄-၁၃၅၆)

Vol. 91 Ch. 1354-1356

အခန်း (၁၃၅၄-၁၃၅၆)

Vol. 91 Ch. 1354-1356

အခန်း (၁၃၅၄) ဓားနဲ့ ဓားမော့တိုက်ပွဲ

လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ငါက မင်းရဲ့ ပါရမီကို စိုးရိမ်နေတာ မဟုတ်ဘူး။ မင်း အပျင်းထူမှာကိုပဲ စိုးရိမ်နေတာ”

ရှောင်ယွမ်အာက စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“တပည့် ကြိုးစားပါ့မယ်”

ခရုလေးကလည်း ဝင်ပြောလိုက်သည်။

“တပည့်လည်း ကြိုးစားပါ့မယ်”

ယွီကျန့်ဟိုင်က အားပါးတရ ရယ်မောပြီးသည့်နောက်တွင် ပြောလိုက်သည်။

“ကောင်းပြီ။ ကျိုးရှစ်မေ့က ငါ့ကို ကျော်သွားမှာကို စောင့်နေမယ်”

ယွီရှန်းရုန်ကလည်း ပြုံးကာ ထပ်ပြောလိုက်၏။

“ကျိုးရှစ်မေ့နဲ့ ရှောင်ရှစ်မေ့တို့က အတော်လေးကို ပါရမီထူးကဲတယ်။ ဖြစ်သင့်တာပေါ့”

ချင်ရန်ယွဲ့က မိစ္ဆာဝေဟင်မျှော်နန်း၏ အပြုအမူကြောင့် နားလည်ရခက်နေမိသည်။ သူတို့က မဟာလေဟာနယ်မျိုးစေ့ ရှိသည့်သူကို ချီးကျူးခြင်း မရှိဘဲ မဟာလေဟာနယ်မျိုးစေ့ မရှိသည့်သူကိုသာ ချီးကျူးနေလေ၏။ ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် လုကျိုးက မင်ရှစ်ရင်အား စိတ်ကြီးမဝင်အောင် တားဆီးထားကြောင်း တွေးမိသွားသည်။ သူက လေးစားသမှုများဖြင့် ပြည့်နှက်လာလေ၏။ တပည့်အတွက် လုကျိုးက ဤမျှ အားစိုက်ထုတ်ထားလေသည်။

“ဒီလိုဆိုရင် အစ်ကိုလု ကျုပ်တို့ ချင်မျိုးနွယ်မှာ အချိန်တစ်ခုလောက်လိုက်ပြီးနေပါ့လား” ချင်ရန်ယွဲ့က ပြုံးကာ ပြောလိုက်သည်။

ဆရာသခင်နှစ်ယောက် ဆုံးပါးသွားမှုကြောင့် မျှခြေမညီမျှမှုက ပိုမိုဆိုးရွားလာလိမ့်မည်။ လုကျိုးလိုမျိုး ပုဂ္ဂိုလ်က ချီမျိုးနွယ်တွင် နေထိုင်သည်က အကောင်းဆုံး ဖြစ်၏။

လုကျိုးက ပြောလိုက်သည်။

“ငါက မိစ္ဆာဝေဟင်မျှော်နန်းက ထွက်လာတာ ကြာသွားပြီ။ အဝေးရောက်နေတာလည်း အတော်လေးကို ကြာနေပြီဆိုတော့ အခု ပြန်ရမဲ့အချိန်ပဲ”

မိစ္ဆာဝေဟင်မျှော်နန်းမှ တခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့ကလည်း ပြန်သွားချင်ကြ၏။

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“အစ်ကိုလု ကျုပ် တစ်ခုခုများ…”

လုကျိုးက ခေါင်းညိတ်ပြီး ချင်ရန်ယွဲ့အား ဆက်ပြောလိုက်သည်။

ချင်ရန်ယွဲ့က ပြောလိုက်၏။

“အားလုံးက အိမ်ပြန်ချင်တာကို နားလည်ပါတယ်။ ရှေးခေတ်ကတည်းက အကောင်းဆုံးနေရာက ကိုယ့်ရဲ့ ပိုင်နက်ပဲလေ။ ဒါက နယ်မြေတွေကြားမှာ ပိုပြီးမှန်ကန်တာပေါ့။ အထူးသဖြင့် ကွဲပြားတဲ့နယ်မြေမှာရှိတဲ့ နေထိုင်သူတွေက ပြင်ပသူတွေကို ရန်လိုကြတယ်လေ။ ဒါပေမဲ့ လက်ရှိမျှခြေညီမျှမှုက တကယ်ကိုဆိုးရွားနေတာ။ ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေနဲ့ အနက်ရောင်ကြာနယ်မြေတို့ရဲ့ ကျင့်ကြံရေးပတ်ဝန်းကျင် သိပ်မကောင်းလောက်ဘူး။ ပိုမိုကောင်းမွန်တဲ့ ကျင့်ကြံရေးပတ်ဝန်းကျင်ကို ရှာကြည့်ရင် ချင်မျိုးနွယ်ရဲ့ လေ့ကျင့်ရေးခန်းမထဲမှာရှိတဲ့ အရင်းအမြစ်တွေထက် ကောင်းတဲ့နေရာကို ရှာဖို့ဆိုတာ ခက်တယ်”

ထိုသူက ခေတ္တမျှ ရပ်တန့်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်သည်။

“ပြီးတော့ အစိမ်းရောင်ကြာနယ်မြေကနေ ရွှေကြာနယ်မြေဆီကို အချိန်မရွေး ပြန်သွားလို့ရတာပဲ။ အစ်ကိုလုအတွက် စုဆောင်းရေး ကူးသန်းပြောင်းရွှေ့ရေးအဆောင်တွေကို ပြင်ဆင်ပေးထားပါမယ်။ ကျုပ်တို့ မျိုးနွယ်ရဲ့ အစီအရင်ဆရာကိုလည်း သင်္ကေတလမ်းကြောင်း တည်ဆောက်ဖို့ ပြောပေးထားမယ်။ ဘယ်လိုလဲ”

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက တိတ်ဆိတ်နေကြသော်လည်း သူတို့က ချင်ရန်ယွဲ့စကားက အကျိုးအကြောင်းသင့်ကြောင်း ဝန်ခံရပေမည်။ ကျင့်ကြံရေးပတ်ဝန်းကျင်နှင့် အရင်းအမြစ်ကြောင့်သာ မကဘဲ ကောင်းကင်ကြိုးတန်းလည်း ရှိနေသေး၏။ ရွှေကြာနယ်မြေထက် သာလွန်နေသည်။ သို့သော်လည်း ဆုံးဖြတ်ချက်က လုကျိုးထံတွင်ရှိကြောင်း သိထားကြ၏။

ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် လုကျိုးက ပြောလိုက်သည်။

“လူသားတွေက သူတို့ဆီမှာ ရည်ရွယ်ချက် မရှိသရွေ့ ဘယ်တော့မှ ကြင်နာကြတာ မဟုတ်ဘူး”

ချင်ရန်ယွဲ့က လက်ကိုဝှေ့ကာ ပြောလိုက်သည်။

“အစ်ကိုလုက အတွေးလွန်နေပါပြီ။ ကျုပ်က မိတ်ဆွေရင်းလို ဆက်ဆံရုံပါပဲ။ တကယ်လို့ အစ်ကိုလု မသက်မသာခံစားရတယ်ဆိုရင်လည်း အချိန်မရွေး ထွက်သွားလို့ရပါတယ်”

ထိုစကားများဖြင့် မည်သူက ထွက်သွားနိုင်မည်နည်း။

လုကျိုးက ပြောလိုက်သည်။

“ငါက တခြားသူတွေကို အကြွေးတင်ရတာ မကြိုက်ဘူး။ မင်းဆီမှာ တောင်းဆိုစရာရှိတယ်ဆိုရင် ပြောလိုက်”

ချင်ရန်ယွဲ့က ပြုံးကာ ပြောလိုက်သည်။

“ကျုပ်ဆီမှာ တောင်းဆိုချက် တစ်ခု အဲလေ … နှစ်ခုရှိပါတယ်”

“…”

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက ဆွံ့အသွားကြ၏။

တကယ်ကို ထင်ထားတဲ့ မြေခွေးအိုကြီးအတိုင်းပဲ…

ကမ္ဘာပေါ်တွင် အလကားနေ့လည်စာဟူ၍ မရှိပေ။ ကြာရှည်စွာနေထိုင်ကြသည့်သူများအတွက် သူတို့က ဆက်ဆံရေးကောင်းတစ်ခုလိုလျှင်ပင် ဘယ်သောအခါမှ အဆုံးရှုံးခံကြမည် မဟုတ်ပေ။

“ပြော”

လုကျိုးက လေသံအတက်အကျ မရှိ ပြောလိုက်သည်။

“ဒီနှစ်တွေတစ်လျှောက်လုံးမှာ ကျုပ်က တာအိုကို လေ့ကျင့်ပြီးတော့ တာအိုစွမ်းအားကို နားလည်ဖို့ ကြိုးစားအားထုတ်ခဲ့ရတာ။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ရှေ့ဆက် တက်လှမ်းဖို့ အတော်လေးကို အခက်တွေ့နေတယ်။ အဲဒါကြောင့် အစ်ကိုလု ကျုပ်ကို လမ်းညွှန်ပေးဖို့ တောင်းဆိုချင်ပါတယ်”

“…”

လုကျိုး၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိသော်လည်း စိတ်ထဲ၌မူ သူ့ဘာသာသူ တွေးလိုက်မိသည်။

ငါကိုယ်တိုင်တောင် တာအိုအစစ်အမှန်စွမ်းအားကို နားမလည်သေးတာ။ ခရမ်းရောင် တောက်ပသံကျောက်နဲ့ ကောင်းကင်ကျမ်းကို မှီခိုနေရတာလေ။ မင်းကို ဘယ်လိုလုပ် လမ်းပြပေးလို့ရမှာတုံး…

“ဒီလိုအရာမျိုးက လူတစ်ယောက်ရဲ့ နားလည်နိုင်စွမ်း၊ ပင်ကိုပါရမီနဲ့ အလားအလာပေါ်မှာ မူတည်နေတာ” မင်ရှစ်ရင်က ပြောလိုက်သည်။

သာမန်အခြေအနေအောက်တွင် ကျင့်ကြံသူတစ်ယောက်က ပင်မနည်းစနစ်များကို သူ့တပည့်များထံ သင်ကြားပေးလေ့ရှိသည်။ ထို့အပြင် တာအိုစွမ်းအားနားလည်နိုင်စွမ်းကမူ လူအများစုက လွတ်လပ်စွာ မပြောနိုင်သည့်အတွက် တားမြစ်ချက်တစ်ခုလို ဖြစ်၏။ ထို့ကြောင့် ချင်ရန်ယွဲ့သည် မိစ္ဆာဝေဟင်မျှော်နန်းအပေါ် များစွာ အားစိုက်ထုတ်လိုရသည့် အဓိကအကြောင်းအရင်းတစ်ခုလည်း ဖြစ်ပေသည်။

ချင်ရန်ယွဲ့က ပြုံးလိုက်၏။

“ပြီးတော့ အစ်ကိုလုနဲ့ ကျုပ်တို့က ဆရာတပည့် မဟုတ်ဘူးလေ။ ကျုပ် တောင်းဆိုတာက ညွှန်ပြချက်သက်သက်လောက်ပါပဲ။ တကယ်လို့ ကျုပ် နားမလည်နိုင်သေးဘူးဆိုရင်တော့ ကိုယ်ကိုယ်တိုင်ပဲ အပြစ်တင်ရမှာပေါ့။ ကျုပ်က အမှားအမှန် မခွဲခြားနိုင်တဲ့သူတစ်ယောက် မဟုတ်ပါဘူး”

ချင်ရန်ယွဲ့က အတော်လေး ပြောတတ်ကြောင်း ဝန်ခံရပေမည်။

လုကျိုးက ခေါင်းညိတ်လိုက်၏။

“မင်းရဲ့ ဒုတိယတောင်းဆိုချက်ကရော”

“အခု အစိမ်းရောင်ကြာနယ်မြေရဲ့ ဆရာသခင်လေးယောက်ထဲက နှစ်ယောက်က မရှိတော့ဘူး။ မျှခြေညီမျှမှု စည်းမျဉ်းပေါ်မူတည်ပြီးတော့ အစိမ်းရောင်ကြာနယ်မြေမှာ သားရဲဧကရာဇ် ပေါ်ထွက်လာနိုင်ခြေ ရှိတယ်။ အဲဒါက အမည်မသိကုန်းမြေအစွန်အဖျားမှာ နေပြီးတော့ အစိမ်းရောင်ကြာနယ်မြေကို စောင့်ကြပ်ပေးလိမ့်မယ်။ ဒါမှမဟုတ်ဘူးဆိုလည်း အစိမ်းရောင်ကြာနယ်မြေကို ကျူးကျော်လာနိုင်မယ်။ ကျုပ်က ဖန်ကျုံးကို မယုံဘူး။ အဲဒါကြောင့် အစ်ကိုလု ကျုပ်ကို ကူညီပေးဖို့ မျှော်လင့်ပါတယ်” ချင်ရန်ယွဲ့က ပြောလိုက်သည်။

မင်ရှစ်ရင်က မေးလိုက်၏။

“မျှခြေစည်းမျဉ်းက အနီရောင်မျဉ်းကြောင်းနှစ်ဖက်လုံးမှာ ဖြစ်သင့်တာ မဟုတ်ဘူးလား။ တကယ်လို့ ကျုပ် ရှစ်စွင်းက သူတို့ကို သတ်လိုက်တယ်ဆိုရင် မျှခြေမညီမျှမှုက ပိုမိုဆိုးရွားသွားပြီးတော့ ခက်ထန်သားရဲတွေကို ဆွဲဆောင်သလို ဖြစ်မသွားဘူးလား။ အဲဒါနဲ့ဆိုရင် အဆုံးရှိမှာ မဟုတ်တော့ဘူး”

ထိုတောင်းဆိုချက်ထဲတွင် ဟာကွက်ရှိနေဟန်ပေါ်၏။

“သားရဲဧကရာဇ်တွေက အလွယ်တကူ ပေါ်ထွက်မလာဘူး။ ကျူးကျော်လာတဲ့တစ်ကောင်ကို သတ်ပြီးတဲ့နောက်မှာ တခြားတစ်ကောင်ပေါ်ထွက်လာဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ ပြီးတော့ ပင်မနယ်မြေမှာ အားကောင်းတဲ့ ခက်ထန်သားရဲတွေအများကြီးရှိတယ်။ ဒါပေမဲ့ ဘယ်သူမှ မကျူးကျော်ကြဘူးလေ။ မဟာလေဟာနယ်က ခက်ထန်သားရဲတွေကို ဒီမျဉ်းကို ကျော်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး။ ပြီးတော့ သူ့ကို သတ်မဲ့အစား သူတို့ကို မောင်းထုတ်လိုက်ရင် မျှခြေအပေါ် သက်ရောက်မှုရှိလာမှာ မဟုတ်ဘူးလေ” ချင်ရန်ယွဲ့က ရှင်းပြလိုက်သည်။

အားလုံးက ခေါင်းညိတ်လိုက်ကြ၏။

လုကျိုးက ပြောလိုက်သည်။

“ကောင်းပြီလေ”

ချင်ရန်ယွဲ့က ပျော်ရွှင်သွားမိ၏။ သူက လက်ကိုဝှေ့ယမ်းပြီး အမိန့်ပေးလိုက်သည်။

“တောင်ဘက် လေ့ကျင့်ရေးခန်းမကို မြန်မြန် သွက်သွက်လက်လက် ရှင်းလိုက်ကြ။ အဖွဲ့ဝင်တွေအကုန်လုံးက ခွင့်ပြုချက်မရှိဘဲ မလာရဘူး”

“ဟုတ်ကဲ့ပါ”

ဓားသမား၄၉ဦးက ချင်မျိုးနွယ်၏ တောင်ဘက်လေ့ကျင့်ရေးခန်းမဆီ ပျံသန်းသွားလိုက်ကြသည်။

……………………………………………….

ထိုစဉ် တောင်ဘက် လေ့ကျင့်ရေးခန်းမအနီးတွင် ရှိသည့် တိမ်တိုက်ရင်ပြင်ပေါ်တွင် တပည့်များက ဓားများဖြင့် လေ့ကျင့်နိုင်သည်ကို မြင်တွေ့နိုင်လေ၏။

ယွမ်လန်က ကျယ်လောင်စွာ ပြောလိုက်သည်။

“ဆရာသခင်ချင်က အားလုံးကို တောင်ဘက်လေ့ကျင့်ရေးခန်းမကို မလာဖို့ အမိန့်ပေးထားတယ်။ ဘယ်သူ့ကိုမှ ချဉ်းကပ်ခွင့်မပြုဘူး”

ထိုစကားကို ကြားကာ တပည့်များက အချင်းချင်း တီးတိုးပြောဆိုနေကြသည်။

“ဘာတွေဖြစ်နေတာလဲ။ ဘယ်လိုဂုဏ်ကျက်သရေရှိတဲ့ ဧည့်သည်လာမှာမလို့ တောင်ဘက်လေ့ကျင့်ရေးခန်းမကို ရှောင်ပေးရတာလဲ”

“တခြားဆရာသခင်တွေတောင် ဒီလိုဆက်ဆံမှုမျိုး လက်မခံရဘူးမလား”

ထိုစဉ် တပည့်တစ်ယောက်က ယွမ်လန်ရှေ့ရောက်လာကာ မေးလိုက်သည်။

“အစ်ကိုကြီးလန်က ဒါက ဆရာသခင်ချင်ရဲ့ အမိန့်လား”

ယွမ်လန်က မျက်မှောင်ကြုတ်လိုက်၏။

“ငါက ဆရာသခင်ချင်ရဲ့ အမိန့်ကို အတုလုပ်နေတယ်လို့ ပြောချင်တာလား”

“မဟုတ်ပါဘူး။ ကျုပ်က ဒီလိုဆက်ဆံမှုမျိုးရရှိတဲ့ ဂုဏ်ကျက်သရေရှိတဲ့ ဧည့်သည်တော်တွေအကြောင်း သိချင်လို့ပါ” မျိုးနွယ်ဝင်က အလျင်အမြန်ပြောလိုက်သည်။

“မေးခွန်းတွေ အများကြီး မမေးနဲ့။ ဆရာသခင်ချင်ရဲ့ အမိန့်အတိုင်းလုပ်။ ငါ ပြောနိုင်တာက အဲဒီဧည့်သည်တော်တွေက လေးစားဖို့ကောင်းတယ်။ ရန်စလို့မရဘူး” ယွမ်လန်က ပြောလိုက်သည်။

အားလုံးက ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။ အကယ်၍ ယွမ်လန်က ထိုစကားများကို မပြောလျှင် ပို၍ကောင်းပေလိမ့်မည်။ ထိုစကားများကို ကြားပြီးသည့်နောက်တွင် သူတို့က ပိုမိုသိချင်လာမိ၏။

ယွမ်လန်၏ စောင့်ကြည့်မှုအောက်တွင် တောင်ဘက်လေ့ကျင့်ရေးခန်းမရှိ တပည့်များက နေရာကို အလျင်အမြန် သန့်ရှင်းပြီး သိမ်းဆည်းကာ ထွက်ခွာသွားကြသည်။ သူတို့က တိမ်တိုက်ရင်ပြင်ကို စောင့်ကြပ်ဖို့ အစောင့်တပ်ဖွဲ့သာ ချန်ထားခဲ့သည်။

…………………………………

တစ်နာရီ ကြာမြင့်ပြီးသည့်နောက်

လုကျိုးနှင့် တခြားသူများက ချင်မျိုးနွယ်၏ တပည့်တစ်ယောက်မှ ဦးဆောင်ခေါ်လာလေသည်။

ထိုအရာကိုမြင်ကာ ယွမ်လန်က တခြားတပည့်များကို ပြောလိုက်၏။

“အားလုံးကို မြန်မြန်လုပ်ဖို့ ပြောလိုက်။ ကျန်တဲ့သူတွေအားလုံး ငါ့နောက်လိုက်ခဲ့”

“ဟုတ်ကဲ့”

ထို့နောက် သူတို့က လေထဲတွင် ဝဲပျံရင်း ဦးညွှတ်လိုက်ကြသည်။

“လုချန်းပေ့ကို ကြိုဆိုပါတယ်”

လုကျိုးက လုမျိုးနွယ်၏ တောင်ဘက်လေ့ကျင့်ရေးခန်းမကို ကြည့်လိုက်၏။ ထိုအရာကို တိတ်ဆိတ်ကာ တောင်များ၊ မြစ်များနှင့် တောအုပ်များနှင့် ဝန်းရံလျက်ရှိသည်။ ထိုအရာက နေရာကောင်းတွင်ရှိသည့် လေ့ကျင့်ရေးခန်းမတစ်ခု ဖြစ်၏။

ယွမ်လန်က ပြောလိုက်သည်။

“လောင်ချန်းပေ့ ဒါက ဆရာသခင်ချင်က လောင်ချန်းပေ့အတွက် စီစဉ်ပေးထားတာ။ တောင်ဘက်လေ့ကျင့်ရေးခန်းမပါ”

“ကောင်းပြီ”

“ကျွန်တော် ဒီမှာ လူတချို့ကို ထားခဲ့ပါမယ်။ တကယ်လို့ လိုအပ်တာရှိတယ်ဆိုရင် တန်းပြီးအသိပေးလိုက်ပါ” ယွမ်လန်က ပြောလိုက်သည်။

“မလိုတော့ဘူး။ အဲဒီတပည့်တွေကိုပါ ခေါ်သွားလိုက်တော့” လုကျိုးက ဤနေရာတွင် မတည်မြဲခြင်းတိုင်လုံးကို အသုံးပြုဖို့အထိ စီစဉ်ထားလေသည်။ သက်ရောက်မှုက သာမန်လူများ တောင့်ခံနိုင်သည့်အရာမျိုး မဟုတ်ပေ။

“ကောင်းပါပြီ” ယွမ်လန်က ပြန်ဖြေလိုက်သည်။

ထိုစဉ် အဝေးတစ်နေရာမှ တိုက်ခိုက်သံများ ထွက်ပေါ်လာလေ၏။

စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့ သောင်းချီက အပြင်းအထန် တိုက်ခိုက်ပြီး တောင်ဘက် လေ့ကျင့်ရေးခန်းမဘက် ဦးတည်လာလေသည်။

ယွမ်လန်က ထိုအရာကို မြင်ကာ အံ့အားသင့်သွားလေ၏။ သူက ချက်ချင်းအော်ပြောလိုက်သည်။

“ရှောင်ကျိုး၊ ရှောင်ဝူ လာရှုပ်မနေနဲ့တော့”

ရှောင်ကျိုးနှင့် ရှောင်ဝူဟု ခေါ်ဆိုခံလိုက်ရသည့် ကျင့်ကြံသူနှစ်ဦးက ချက်ချင်းဆိုသလို တုံ့ဆိုင်းသွားကြ၏။

ထို့နောက် ရှောင်ကျိုးက အော်ပြောလိုက်၏။

“အစ်ကိုကြီးယွမ်လန် ဝင်မစွက်ဖက်ပါနဲ့။ ကျုပ်တို့က အခု အနိုင်ရရှိသူကို ဆုံးဖြတ်ပေးတော့မှာ”

ရှောင်ဝူကလည်း ပြောလိုက်သည်။

“မင်းရဲ့ စွမ်းအင်ဓားမော့ တစ်သောင်းက မလုံလောက်သေးဘူး”

ဤသို့ဖြင့် နှစ်ဦးသားက စတင်တိုက်ခိုက်ကြပြန်သည်။

ယွမ်လန်က ဒေါသထွက်လွန်း၍ သွားကိုပင် အမှုန့်ဖြစ်လာသည်အထိ ကြိတ်ချင်လာမိသည်။ သူတို့က ဒေါသထွက်တော့မည့်ဆဲဆဲတွင် လုကျိုးက လက်ဝှေ့ကာ ပြောလိုက်သည်။

“ကောင်းပြီ။ သွားကြစို့”

“ဟုတ်ကဲ့”

ယွမ်လန်နှင့် တခြားဓားသမားများက မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို ဦးဆောင်ကာ တောင်ဘက်လေ့ကျင့်ရေးခန်းမဆီ သွားလိုက်ကြသည်။

ထိုစဉ် လုကျိုးနှင့် ရှောင်ဝူက တိုက်ခိုက်တာကြာလေလေ သူတို့၏ တိုက်ပွဲက ပိုမိုပြင်းထန်လာလေလေဖြစ်၏။

လုကျိုးက လေ့ကျင့်ရေးခန်းမ၏ ရည်ရွယ်ချက်ကို သိထားလေသည်။ ထိုနှစ်ဦး၏ ကျင့်ကြံဆင့်က သိပ်မဆိုးလှကြောင်း မြင်တွေ့ပြီးသည့်နောက်တွင် သူတို့ကို တားနေဖို့ လိုအပ်သည်ဟု မထင်ပေ။ နှစ်ဦးသားက ချင်မျိုးနွယ်ထဲတွင် တိုက်ခိုက်သည့်အတွက် စည်းကျော်မည့်အရာမျိုးကို လုပ်ကြမည်မဟုတ်ကြောင်း သေချာနေလေသည်။

သူတို့က တိမ်တိုက်ရင်ပြင်ပေါ် ရောက်တော့မည့်ဆဲဆဲတွင် ရှောင်ကျိုးနှင့် ရှောင်ဝူတို့၏ စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့တို့က ပျံ့လွင့်လာလေ၏။

ယွမ်လန်က ထိုအရာကို မြင်ကာ ဖြူဖျော့သွားလေသည်။ အကယ်၍ သူတို့သာ သူ့အနားရှိ လူအိုကြီးကို ရန်စမိပါက ပြဿနာအကြီးကြီး တတ်သွားနိုင်သည်။

လုကျိုးက ဖြည်းဖြည်းချင်းလှည့်ကာ ကောင်းကင်၌ ပြည့်နှက်နေသည့် စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့ကို ကြည့်လိုက်သည်။

“စိတ်ဝင်စားစရာပဲ”

ယွမ်လန် “…”

ဒါက ဘယ်လိုလုပ် စိတ်ဝင်စားဖို့ကောင်းတာလဲ…

လုကျိုးက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို ကြည့်ကာ ပြောလိုက်သည်။

“သူက မင်းတို့ ငယ်ငယ်တုန်းကအတိုင်းပဲ”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ မျက်နှာတွင် နေရခက်ပြီး မျက်နှာပူသည့် အမူအရာမျိုး ပေါ်ထွက်လာလေ၏။

ထိုစဉ် ရှောင်ယွမ်အာက ခေါင်းလေးပြူကာ ချင်မျိုးနွယ်မှ တပည့်နှစ်ဦးကို ကြည့်ပြီး မေးလိုက်သည်။

“တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့လည်း ငယ်ငယ်တုန်းက အဲ့လောက်တောင် တိုက်ခိုက်ခဲ့ကြတာလား”

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန် “…”

လုကျိုးက သက်ပြင်းချလိုက်ပြီး ပြန်လည်တွေးတောမိသွားသည်။ သူက နောက်ပြန်ကြည့်ပါက ယခုအခါ မှတ်ဉာဏ်များသာ ဖြစ်နေသည့် အတိတ်ကို ပြန်လည်အမှတ်ရသွားလေသည်။ ခေတ္တမျှ ကြာမြင့်ပြီးသည့်နောက်တွင် သူက ပြောလိုက်၏။

“တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့ရဲ့ ဓားနဲ့ ဓားမော့အပေါ် စွဲလမ်းမှုက ပြိုင်ဘက်ကင်းတယ်လေ။ အရင်ကတည်းက သူတို့က တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း ယှဉ်ပြိုင်နေခဲ့ကြတာ။ နှိုင်းယှဉ်ကြည့်ရင်တော့ ဒီနှစ်ယောက်က အဲ့လောက်တော့ မဆိုးသေးဘူးပေါ့”

ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ရှစ်စွင်းကို စိုးရိမ်မိအောင် လုပ်မိတာ တောင်းပန်ပါတယ်”

ယွီရှန်းရုန်က ဘာမှမပြောဘဲ တိတ်ဆိတ်စွာ ဦးညွှတ်လိုက်၏။

ယွမ်လန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

ကြည့်ရတာ သူ ရှောင်ကျိုးနဲ့ ရှောင်ဝူတို့ဆီမှာ သူ့တပည့်တွေကို ပြန်ပြီးမြင်သွားတယ် ထင်တယ်…

ထိုစဉ် စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့သောင်းချီက မိစ္ဆာဝေဟင်မျှော်နန်းမှ လူများ၏ ဦးခေါင်းအထက် ဖြတ်သွားလေသည်။

ရှောင်ကျိုးက ပျော်ရွှင်စွာ ပြောလိုက်၏။

“အစ်ကိုကြီး ယွမ်လန် ကြည့်လိုက်ဦး။ ကျွန်တော်က စွမ်းအင်ဓားမော့တစ်သောင်းကို ထိန်းချုပ်နိုင်တယ်”

ထို့နောက် ရှောင်ဝူကလည်း ပြောလိုက်သည်။

“အဲဒါက ဘာများ ကြီးကျယ်နေလို့လဲ။ ငါကလည်း စွမ်းအင်ဓားတစ်သောင်းကို ထိန်းချုပ်နိုင်တာပဲ”

ဘန်း ဘန်း ဘန်း

စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့များက သူတို့ဦးခေါင်းအထက် ထိပ်တိုက်တွေ့ဆုံသွားကြသည်။

ထိုစဉ် ရှောင်ယွမ်အာက သိချင်စွာ မေးလိုက်၏။

“ရှစ်ရှိုးတို့က ဘယ်လောက်ထိန်းချုပ်နိုင်တုန်း”

ယွီကျန့်ဟိုင်၏ မျက်နှာအထက် ဂုဏ်ယူသည့် မျက်နှာမျိုး ပေါ်ထွက်လာသည်။

“ညွှန်းဆိုဖို့ သိပ်မထိုက်တန်ပါဘူး။ ငါ့ရဲ့ ကန့်သတ်ချက်က ငါးသန်း”

တစ်ဖက်တွင် ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။

“တာ့ရှစ်ရှိုးနဲ့ ယှဉ်တဲ့အခါ အများကြီး မပြောရဲပါဘူး။ ငါ့အတွက်ကတော့ စွမ်းအင်ဓား ခြောက်သန်းလောက်ပေါ့”

ယွီကျန့်ဟိုင် “…”

တစ်ချိန်တည်းဆိုသလို ယွီကျန့်ဟိုင်က ယွီရှန်းရုန်အား “မင်း ဆက်ပြီး လေလုံးထွားနေလိုက်” ဟူသော အမူအရာဖြင့် ကြည့်လာလေသည်။

ယွီရှန်းရုန်၏ စကားများကိုကြားကာ ယွမ်လန်နှင့် ဓားသမားများက ပါးစပ်အဟောင်းသား ဖြစ်သွားကြလေ၏။ သူတို့က ဓားလမ်းစဉ်ကို ကျင့်ကြံကြသည့်အတွက် စွမ်းအင်ဓား ၆သန်းကို ထိန်းချုပ်ခြင်းက မည်သည်ကို ကိုယ်စားပြုနေကြောင်း နားလည်ကြသည်။ သူတို့အားလုံးက အံ့အားသင့်မှု၊ မယုံကြည်နိုင်မှုများဖြင့် ကြည့်လိုက်ကြ၏။

ယွမ်လန်က ပြောလိုက်သည်။

“ဖြစ်ချင်တော့ ခင်ဗျားတို့နှစ်ယောက်လုံးက ဓားနဲ ဓားမော့မှာ အသီးသီး အောင်မြင်မှုတွေ ရရှိထားကြတာပဲ”

“ခင်ဗျားက ချီးကျူးလွန်းနေပါပြီ” ယွီရှန်းရုန်က ပြန်ဖြေလိုက်သည်။

“ဆရာသခင်တစ်ယောက်ရဲ့ ကျင့်ကြံဆင့်နဲ့ဆိုရင်တောင် ဆရာသခင်က ဒီလောက် စွမ်းအင်ဓားပမာဏကို ထိန်းချုပ်နိုင်ရုံလောက်ပဲ ရှိသေးတာ” ယွမ်လန်က ပြောလိုက်သည်။

ထို့နောက် ရှန်းရန်မြို့မှ မြင်ကွင်းက ယွမ်လန်၏ စိတ်ထဲ ပြန်လည်ပေါ်ထွက်လာလေ၏။

“လောင်ချန်းပေ့ ရှန်းရန်မြို့ထဲက တိုက်ပွဲမှာ ဓားအများကြီးကို အလွယ်တကူ ထိန်းချုပ်ခဲ့တာလေ။ ပြီးတော့ အကွာအဝေးကြီးကြီးမားမားကိုတောင် ထိန်းချုပ်ခဲ့တာဆိုတော့ လောင်ချန်းပေ့ရဲ့ ထိန်းချုပ်မှုက ဆရာသခင်ချင်ထက် ကျော်လွန်နေတာပဲ”

ထိုစကားများကို ကြားကာ ယွမ်လန်က ချင်ရန်ယွဲ့အား စိတ်ထဲမှ တောင်းပန်လိုက်မိသည်။

ဆရာသခင်ချင် ဒေါသမထွက်ပါနဲ့…

ဘန်း ဘန်း ဘန်း

လေထဲမှ စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့တို့၏ ထိပ်တိုက်တွေ့ဆုံသံများက ပိုမိုပြင်းထန်လာလေ၏။

ယွီကျန့်ဟိုင်က ကောင်းကင်ကိုကြည့်ပြီး ပြောလိုက်သည်။

“ဟေး ဓားမော့ကို သုံးတဲ့သူ မီတာသုံးဆယ်နောက်ဆုတ်လိုက်။ မင်းက မင်းကိုယ်မင်း အသေးစိတ် အာရုံစိုက်လွန်းတယ်။ ဓားမော့ကို သုံးတဲ့အချိန်ကျရင် မင်းက တစ်ချက်တည်းနဲ့ နည်းစနစ်ပေါင်းတစ်သောင်းကို ချိုးဖောက်နိုင်စွမ်း ရှိရမယ်လေ”

ထိုအရာကို ကြားကာ ရှောင်ကျိုးက ခေါင်းညိတ်ပြီး မီတာသုံးဆယ် နောက်ဆုတ်လိုက်သည်။ ထို့နောက် နဂါးနှင့်တူသည့် စွမ်းအင်ဓားမော့များက ဧရာမစွမ်းအင်ဓားမော့အဖြစ် ပေါင်းစည်းသွားကာ ရှေ့သို့ ထွက်လာ၏။

ဘန်း

စွမ်းအင်ဓားမော့က စွမ်းအင်ဓားများကို ချိုးဖောက်သွားလေသည်။

ရှောင်ဝူက အလျင်အမြန် နောက်ဆုတ်လိုက်၏။ သူ့အမူအရာက လေးနက်နေသည်။

ထိုစဉ် ယွီရှန်းရုန်က ပြောလိုက်သည်။

“ဓားက ဓားမော့ မဟုတ်ဘူး။ မင်းရဲ့ ကိုယ်ပိုင်အားနည်းချက်ကို သုံးပြီး သူ့ရဲ့ အင်အားကို ထိပ်တိုက်ဘာလို့ ရင်မဆိုင်တာလဲ။ သူက မင်းကို နောက်ဆုတ်စေချင်မှတော့ မင်းက နောက်မဆုတ်သင့်ဘူး”

“အိုး” ရှောင်ဝူက ရုတ်ချည်းဆိုသလို ရှေ့တိုးကာ ရှောင်ကျိုးရှေ့ ရောက်ရှိလာသည်။ သူက သူ့စွမ်းအင်ဓားများဖြင့် ထပ်မံ တိုက်ခိုက်လာလေ၏။

နှစ်ဦးသားက ထပ်မံတိုက်ခိုက်လာစဉ် ရှောင်ကျိုးက အနည်းငယ် အရေးနိမ့်သွားသည်။

ယွီကျန့်ဟိုင်က အော်ပြောလိုက်သည်။

“သူက မင်းနဲ့ နီးကပ်နေရင် နောက်ဆုတ်လေ”

“အိုး”

“သူ နောက်ဆုတ်ရင် ထပ်ပြီး ရှေ့တိုး” ယွီရှန်းရုန်က ထပ်ပြောလိုက်သည်။

ရှောင်ကျိုးနှင့် ရှောင်ဝူတို့က ညွှန်ကြားချက်အတိုင်း လိုက်လုပ်မိနေလေ၏။

ယွီကျန့်ဟိုင်က အလေးအနက်ပြောလိုက်သည်။

“တကယ်လို့ စွမ်းအင်ဓားတွေနဲ့ ထပ်ပြီး တိုက်ခိုက်မယ်ဆိုရင် ခြေလှမ်းတစ်ဝက်ကို ရွှေ့ပြီးတော့ စွမ်းအင်ဓားမော့တွေနဲ့ သူ့ကို ပို့လိုက်။ သူ့အတွက် ထိပ်တိုက်ရင်ဆိုင်ဖို့ မလိုဘူး”

“…”

အားလုံးက ဆွံ့အသွားကြ၏။

လုကျိုးကလည်း ဆွံ့အသွားမိသည်။ ထိုမြင်ကွင်းက ကမ္ဘာမြေတွင် ပန်းခြံထဲ စစ်တုရင်ကစားနေသည့် လူအိုကြီးနှစ်ယောက်ကို ပြန်လည်အမှတ်ရသွားစေ၏။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ထိုလူငယ်လေးနှစ်ယောက်ကို ဆက်လက်ညွှန်ကြားနေသည်။

ရှောင်ယွမ်အာက မျက်နှာကို အုပ်ပြီး ရေရွတ်လိုက်သည်။

“သူတို့တွေ ထပ်လုပ်နေကြပြန်ပြီ”

ရှောင်ကျိုးနှင့် ရှောင်ဝူတို့ကလည်း ထိုအမိန့်များကြောင့် စိတ်ရှုပ်ထွေးလာကြ၏။ တိုက်ပွဲက ဖရိုဖရဲဖြစ်လာလေသည်။ သူတို့၏ ဓားနှင့် ဓားမော့အပေါ် နားလည်နိုင်စွမ်းက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့လောက် နက်နဲခြင်း မရှိပေ။ သူတို့က လုကျိုး၏ တပည့်နှစ်ယောက် ရည်ရွယ်ထားသည့် သက်ရောက်မှုမျိုးကို မရယူနိုင်သည်မှာ သဘာဝကျပေသည်။

ချင်မျိုးနွယ်မှ တပည့်နှစ်ဦးက လက်ရည်စမ်းရင်း ဒေါသထွက်လာကြသည်။ အစပိုင်းတွင် အဆင်ပြေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူတို့က ပင်ပန်းလာလေ၏။ အဆုံးသတ်၌ သူတို့က ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်ကျိုးက ဟောဟဲစိုက်ရင်း ပြောလိုက်သည်။

“မင်း တတ်နိုင်တယ်ဆိုရင် ထပ်ပြီး တိုက်ခိုက်လေ”

ရှောင်ဝူကလည်း လက်ကိုမြှောက်ကာ သူ့အား လှုပ်ရှားဖို့ လက်ဟန်ပြလိုက်သည်။

အကယ်၍ ထိုနှစ်ဦးထဲက တစ်ယောက်သာ လှုပ်ရှားနိုင်စွမ်းရှိပါက ဆက်လက်တိုက်ခိုက်နိုင်မည်။

ထိုစဉ် ယွမ်လန်က ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာတွေ တော်လိုက်တော့”

တပည့်နှစ်ဦးက ခေါင်းငုံ့လိုက်ကြသည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ အနိုင်ယူလိုစိတ်က ဤအခိုက်အတန့်တွင် ထပ်မံကြီးထွားလာသည်။ သူတို့က ထိုတပည့်နှစ်ယောက် ရိုင်းစိုင်းသည်ဖြစ်စေ၊ မရိုင်းစိုင်းသည်ဖြစ်စေ မည်သို့ ဂရုစိုက်နိုင်မည်နည်း။

လုကျိုး၏ တပည့်နှစ်ဦးက အချင်းချင်းကြည့်ပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“အာ့ရှစ်တိ … လာ”

ယွီရှန်းရုန်က ခေါင်းညိတ်လိုက်သည်။

“တာ့ရှစ်ရှိုး… လာပါ”

ဤသို့ဖြင့် ထိုနှစ်ဦးသားက ရှောင်ကျိုးနှင့် ရှောင်ဝူတို့၏ အထက် ပျံသန်းသွားလေသည်။

ထို့နောက် ယွမ်လန်၏ မျက်နှာအထက် အနည်းငယ် စိတ်ပူသည့် အမူအရာမျိုး ပေါ်ထွက်လာကာ မေးလိုက်၏။

“လောင်ချန်းပေ့ သူတို့ကို မတားတော့ဘူးလား”

လုကျိုးက ကောင်းကင်ကို ကြည့်ပြီး ပြောလိုက်သည်။

“ရှေ့ကနေလမ်းပြ”

လေ့ကျင့်ရေးခန်းမက ကျင့်ကြံရေးနှင့် လက်ရည်စမ်းဖို့အတွက် နေရာတစ်ခု ဖြစ်ပေသည်။ သူတို့က လက်ရည်စမ်းပြီး တစ်ယောက်နှင့်တစ်ယောက် မသတ်သရွေ့ တားဆီးမည့်အကြောင်းအရင်း မရှိပေ။

“ကောင်းပါပြီ” ယွမ်လန်က ပြောရင်း လုကျိုးနှင့် တခြားသူများက တောင်ဘက်လေ့ကျင့်ရေးခန်းမဆီ ဦးဆောင်ခေါ်လာခဲ့သည်။

ထိုစဉ် တောင်ဘက်လေ့ကျင့်ရေးခန်းမဆောင်မှ ထွက်ခွာသွားသည့် တပည့်များကမူ သူစိမ်းများကို သိချင်စွာဖြင့် ကြည့်နေကြ၏။

တူညီလှစွာဖြင့် ရှောင်ဝူနှင့် ရှောင်ကျိုးတို့ကလည်း တိမ်တိုက်ရင်ပြင်အပေါ် ကျရောက်လာကာ မရင်းနှီးသည့် ဧည့်သည်များကို ကြည့်လိုက်ကြသည်။

ထိုစဉ် ယွီကျန့်ဟိုင်က လက်ကိုမြှောက်ကာ နဂါးသွဲ့ကျောက်ဓားမော့က ပျံသန်းထွက်လာလေ၏။

စွမ်းအင်ဓားမော့များက ကောင်းကင်အထက် ပေါ်ထွက်လာကာ စွမ်းအင်ဓားသန်းချီက ကောင်းကင်အနှံ့ ပြည့်နှက်သွားလေသည်။ စွမ်းအင်ဓားမော့နှင့် စွမ်းအင်ဓားတို့က အချင်းချင်း ထိပ်တိုက် တွေ့ဆုံသွားကြ၏။

ထိုအရာကို မြင်ကာ ရှောင်ကျိုးနှင့် ရှောင်ဝူတို့က ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

တူညီလှစွာ ချင်မျိုးနွယ်တပည့်များကလည်း ကောင်းကင်ယံတွင် ရှိသည့် စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့များကြောင့် ကြောင်အမ်းနေကြ၏။

အနှစ်ချုပ်အားဖြင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကမူ ထိုအရာကို နေသားကျနေသည့်အလား ပျင်းရိနေကြသည်။

တောင်ဘက်လေ့ကျင့်ရေးခန်းမသို့ ဝင်ရောက်ပြီးသည့်နောက်တွင် ယွမ်လန်က အဝေးတစ်နေရာတွင် ရှိသည့် သားရဲပျံများကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“သားရဲပျံတွေအတွက်တော့ တောင်းပန်ပါတယ် လောင်ချန်းပေ့။ မျှခြေမညီမျှမှုမတိုင်ခင်က ဒီနေရာမှာ သားရဲပျံတွေ မရှိဘူး”

လုကျိုးက အဝေးတစ်နေရာ ကောင်းကင်ကိုကြည့်ပြီး ပြောလိုက်သည်။

“ကိစ္စမရှိဘူး”

သားရဲပျံများ၏ အော်သံက ထူးဆန်းလှသည်။ ထိုစဉ် ခုံဝမ်က ကြည့်ကာ ပြောလိုက်၏။

“သူတို့ထဲမှာ ကောင်းတဲ့ အသက်ဓာတ်နှလုံးသားတော့ ရှိလောက်တယ်။ တစ်ချက်သွားပြီး ကြည့်ချင်တယ်”

သားရဲပျံများကို တစ်ချက်ကြည့်ပြီးသည့်နောက်တွင် လုကျိုးက ပြောလိုက်သည်။

“သွား အဝေးကြီးတော့ မသွားနဲ့ဦး”

“ဟုတ်ကဲ့ပါ”

ထိုစဉ် ချင်မျိုးနွယ်၏ တပည့်များက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ တိုက်ပွဲကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ တစ်ဖက်တွင် တိုက်ပွဲကို အာရုံမစိုက်ထားသည့်သူများကမူ မိစ္ဆာဝေဟင် မျှော်နန်းအဖွဲ့သားများက တောင်ဘက်လေ့ကျင့်ရေးခန်းမဆီ ဝင်ရောက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

...

အခန်း (၁၃၅၅) မွေးဖွားဇယားချပ်အရေအတွက်

ချင်မျိုးနွယ်၏ တပည့်များက သိချင်စိတ် ဖြစ်နေကြသော်ငြား သူတို့မမေးရဲကြချေ။ လုကျိုးနှင့် ကျန်သည့်တပည့်များ တောင်ဖက်လေ့ကျင့်ရေးခန်းမဆီ ဝင်သွားပြီးနောက် သူတို့အာရုံစိုက်မှုက ဝေဟင်ထဲတွင် ပြင်းထန်စွာ ထိခတ်နေကြသည့် စွမ်းအင်ဓားမော့နှင့် စွမ်းအင်ဓားပေါ်တွင်သာ ရောက်သွားသည်။

ရှောင်ကျိုးနှင့် ရှောင်ဝူတို့သည် ထိတ်လန့်နေရာမှ သတိပြန်မဝင်သေးပေ။ သူတို့က ဝေဟင်ထဲရှိ တိုက်ခိုက်မှုကို ဆွံ့အစွာကြည့်နေမိသည်။

ခဏအကြာ၌ ရှောင်ကျိုးသည် ပြောင်မြောက်သည့်အကွက်တစ်ကွက်ကိုမြင်သောအခါ သူ ပြောလိုက်သည်။ “မဖြစ်နိုင်တာ။ အဲ့ဒါကို ဒီနည်းနဲ့သုံးလို့ရတယ်လား။ စွမ်းအင်ဓားမော့က အစီအရင်ကို ဘာလို့မတိုက်ခိုက်တာလဲ”

ရှောင်ဝူက ခေါင်းခါလိုက်၏။ “သူ့အတွက် တိုက်ခိုက်တာထက် ခုခံတာပိုကောင်းတယ်။ ငါသာဆိုရင် ငါက ဟမ် သူ တိုက်ခိုက်နေတယ်။ တိုက်ခိုက်နေတာမြန်လိုက်တာ”

“စွမ်းအင်ဓားထိန်းချုပ်မှုက တကယ်ပြစ်ချက်ကင်းမဲ့တယ်”

နှစ်ယောက်သားက စကားဆက်ပြောနေ၏။ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်၏ စွမ်းအင်ဓားမော့နှင့် စွမ်းအင်ဓားတို့ကို အပြည့်အဝအာရုံစူးစိုက်ထားသည်။

ချင်မိသားစုမှ ကျန်သည့်တပည့်များကလည်း ထိုအတိုင်းပင်။ သူတို့သည် ဓားမော့နှင့် ဓားတို၏ ဤကဲ့သို့ ခမ်းနားထည်ဝါစွာ ပြသမှုကို တစ်ခါမှမတွေ့ဖူးပေ။ ချင်ရန်ယွဲ့က ထိုသို့ဆောင်ရွက်ရန် အရည်အချင်း ရှိလျှင်တောင် ယင်းက သူ၏စွမ်းရည်မဟုတ်ပေ။

တိုက်ပွဲက အပြင်းထန်ဆုံးအချိန် ရောက်သောအခါ စွမ်းအင်ဓားမော့နှင့်စွမ်းအင်ဓားတို့ ထိပ်တိုက်တွေ့မှုမှ မီးပွင့်များ လွင့်စဉ်လာသည်။

ယွီရှန်းရုန်က ယွီကျန့်ဟိုင်ကို တွန်းထုတ်ရန် သူ၏ဓားကို သုံးလိုက်သောကြောင့် အနည်းငယ် အသာစီးရသွားသည်။

နှစ်ယောက်သားသည် တောင်ဖက်လေ့ကျင့်ရေးခန်းမပေါ်ရှိ ဝေဟင်ထဲ၌ ပျံသန်းပြီး တိုက်ခိုက်နေကြသည်။

တစ်နာရီခန့်ကြာအောင် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့သည် သူတို့၏စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့များကို သုံးပြီး ဆက်လက်ယှဉ်ပြိုင်နေလေ၏။ သူတို့၏လှုပ်ရှားမှုနှင့် နည်းစနစ်က တူညီနေသည်။ သူတို့က ရေရှည်တိုက်ပွဲအလယ်တွင် ရောက်နေသည့်ပမာ အဆုံးကျ ဖြည်းဖြည်းချင်း နှေးသွားလေ၏။

“ဒီဓားက သာလွန်တယ်။ အရင်က မင်းကို မပြောပြခဲ့ဘူးလား” ရှောင်ဝူက ရှောင်ကျိုးကို ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာ။ ဓားက ဓားမော့ထက် မသာပါဘူး။ ဓားမော့ကို ကိုင်တဲ့သူရဲ့ကျင့်ကြံမှုက ဓားသုံးတဲ့သူထက် နည်းနည်းလေး နိမ့်နေတာ သိသာနေတာပဲကို။ ပညာရှင်တွေကြားက တိုက်ပွဲမှာ အနည်းငယ် ကွာဟမှုကလည်း ကြီးကြီးမားမား ကွာဟမှုကို ဖြစ်စေတယ်” ရှောင်ကျိုးက ပြန်ပက်လိုက်၏။

ရှောင်ဝူက ခေါင်းခါလိုက်သည်။ “မဟုတ်ဘူး။ ဓားကိုသုံးတဲ့ချန်းပေ့က သူ့ရဲ့ခွန်အားအပြည့်ကို မသုံးထားဘူး။ သူ့ရဲ့ခွန်အားကို သုံးမယ်ဆိုလို့ရှိရင် သူ့ရဲ့ပြိုင်ဖက်အားလုံးကို ဖိနှိပ်ဖို့လွယ်တယ်”

“မဟုတ်ဘူး။ မဟုတ်ဘူ မဟုတ်ဘူး။ ဒါ လက်ရည်ယှဉ်ရုံပဲ။ သူတို့သာ အသက်နဲ့ယှဉ်တိုက်ခိုက်မယ်ဆိုရင် ဓားမော့သုံးတဲ့သူက သေချာပေါက်တပန်းသာမှာပဲ”

“မင်း တကယ်ရယ်စရာပဲ။ လက်ရည်ယှဉ်တာကိုတောင် မနိုင်တာ သေရေးရှင်ရေးတိုက်ပွဲမှာဆို ဘယ်လိုလုပ်နိုင်ပါ့မလဲ”

ချင်မျိုးနွယ်မှ တပည့်ငယ်လေးနှစ်ယောက် ဆက်လက်အငြင်းပွားနေစဉ် ဝေဟင်ထဲရှိ စွမ်းအင်ဓားမော့နှင့်စွမ်းအင်ဓားတို့ကို အရပ်မျက်နှာအနှံ့ဖြန့်ကျက်သွား၏။ သူတို့အလင်းက ပြောင်မြောက်နေကာ ဝေဟင်တစ်ခုလုံးထိန်သွားစေသည်။

တစ်ချိန်တည်းတွင် လုကျိုး၏တပည့်နှစ်ယောက်က တပြိုင်နက်တည်းပျံသန်းလာလျက် အဝေးကနေ တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်လိုက်၏။ လက်ရည်ယှဉ်ပွဲ နောက်ဆုံးတော့ ပြီးသွားပြီဖြစ်သည်။

“ဓားလမ်းစဉ်မှာ မင်းရဲ့နာမည်ကြီးမှုက တိုးတက်လာတာပဲ” ယွီကျန့်ဟိုင်က ပြောလိုက်၏။

ယွီရှန်းရုန်က ပြန်ပြောလိုက်သည်။ "တာ့ရှစ်ရှိုးရဲ့ ဓားမော့စွမ်းရည်ကလည်း တူတူပါပဲ”

“မင်းရဲ့ပွင့်ချပ်၁၂ခုလုံးက ဖြုံလောက်တဲ့လက်နက်ပဲ” ယွီကျန့်ဟိုင်က ပြောလိုက်၏။

“တာ့ရှစ်ရှိုးက ကျွန်တော့ကို ချီးကျူးလွန်းနေပါပြီ။ ပွင့်ချပ်၁၂ခု ဘယ်လောက်ပဲသန်မာသန်မာ မွေးဖွားဇယားချပ်တွေနဲ့ မယှဉ်နိုင်ပါဘူး။ ကျွန်တော်တို့ မြေပေါ်မှာ အသက်နဲ့ရင်းတိုက်ခိုက်မယ်ဆိုရင် အနိုင်ရသူနဲ့ ရှုံးနိမ့်သူကို ဆုံးဖြတ်ဖို့လွယ်သွားလိမ့်မယ်”

ပြီးနောက် နှစ်ယောက်သား စကားဆက်မပြောတော့ဘဲ တစ်ယောက်နှင့်တစ်ယောက် လက်သီးဆုပ်မိုးပြကာ နှုတ်ဆက်လိုက်သည်။

သူတို့နှစ်ယောက်ကို ကြည့်နေသည့်ကျန်သည့်သူများက ကြက်သေသေနေ၏။ အစောတုန်းက သူတို့နှစ်ယောက် ပြင်းထန်စွာတိုက်ခိုက်နေသော်ငြား ယခုဆို ရုတ်တရက်ကြီး သာသာလေးကြွားဝါလျက် ချီးကျူးနေကြ၏။ ဤသည်က မည်ကဲ့သို့သော ပြပွဲနည်း။

တကယ်တော့ သူတို့နှစ်ယောက်လုံးသည် သူတို့ခွန်အားကို အလွန်ရင်းနှီးနေကြပြီးဖြစ်သည်။

ယွီရှန်းရုန်သည် ရွှေကြာဖြတ်တောက်ခြင်းကြောင့် များစွာအကျိုးရှိခဲ့၏။ ကျင့်ကြံခြင်းအရာတွင် သူသည် ယွီကျန့်ဟိုင်ထက် အနည်းငယ်သာသည်။ ယွီကျန့်ဟိုင်ကမူ ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုကို မဖြတ်ကျော်ရသေးပေ။ သို့သော်ငြား ရွှေကြာကိုဖြတ်တောက်ထားသည့်သူတို့၌ အသက်ဓာတ်နှလုံးသား မရှိ။ မွေးဖွားဇယားချပ်တစ်ခုသာရှိခြင်းနှင့်ဆင်တူသည်။

တစ်ဖက်တွင်မူ ကြာပွင့်လမ်းစဉ်ကို ပိုင်ဆိုင်နေသေးသည့် ယွီကျန့်ဟိုင်က ရှင်းလင်းသောလမ်းကြောင်းကို လျှောက်နေ၏။ အဆင့်ချိုးဖျက်တက်ဖို့က သူ၏မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့ပဲလိုသည်။ တိုက်ကွက်ဖလှယ်ရာ၌ သူ လုပ်ခဲ့သည်က သူ့ဘဝ၏အတွေ့အကြုံတချို့ကို သုံးခဲ့တာပဲဖြစ်၏။

“ခင်ဗျားတို့နှစ်ယောက် ... အဆုံးကျ ဘယ်သူနိုင်သွားတာလဲ” ရှောင်ကျိုးနှင့်ရှောင်ဝူက သိချင်နေသည်။ သူတို့သည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်၏အထောက်အထားကို ဂရုမစိုက်ဘဲ ရလဒ်ကိုသာ ဂရုစိုက်သည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က ဆင်းသက်လာပြီးနောက် ချင်မျိုးနွယ်မှ တပည့်လေးနှစ်ယောက်ကို ကြည့်လိုက်၏။

“မင်းတို့နာမည်က ဘာလဲ”

“ကျွန်တော့်နာမည်က ချင်ရှောင်ကျိုး”

“ကျွန်တော့်နာမည်က ချင်ရှောင်ဝူ။ မိသားစုမှာ ပဉ္စမမြောက်ပါ”

ချင်မျိုးနွယ်မှ လူနှစ်ယောက်၏အဖြေက ရိုးသားနေသည်။

ထိုစဉ် တပည့်တစ်ယောက်က အလျင်စလိုပြေးလာလျက် သူတို့နှစ်ယောက်ဆီ အသံတိုးတိုးဖြင့်ပြောလိုက်၏။ "ရှောင်ကျိုး၊ ရှောင်ဝူ ... ဒီနှစ်ယောက်က ချင်မျိုးနွယ်ရဲ့ဂုဏ်သရေရှိ ဧည့်သည်တွေပဲ။ ရှစ်ရှိုး ယွမ်လန်က အဆင်ခြင်မဲ့မပြုမူဖို့ အမိန့်ပေးလိုက်တယ်”

ချင်မျိုးနွယ်၏တပည့်က ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ဖက် လှည့်ပြောလိုက်၏။ "ကျွန်တော်တို့ ဟာသဖြစ်စေခဲ့တာ ခွင့်လွှတ်ပေးပါ။ ရှောင်ကျိုးနဲ့ရှောင်ဝူက ငယ်သေးတာကြောင့် လောကကြီးရဲ့ ကျယ်ပြောမှုကို မသိပါဘူး။ သူတို့က တောင်ဖက်လေ့ကျင့်ရေးခန်းမထဲမှာ လက်ရည်ယှဉ်ပြီး ကျင့်ကြံနေကြပါ”

ယွီကျန့်ဟိုင်က ရယ်မောလိုက်၏။ စော်ကားမှုဟု မမှတ်ယူတာသိသာသည်။ လုကျိုးပြောသကဲ့သို့ပင် ရှောင်ကျိုးနှင့် ရှောင်ဝူထဲတွင် အတိတ်အရိပ်များကို မြင်တွေ့ခဲ့၏။ ထို့ကြောင့် သူတို့အပေါ် အမြင်ကောင်းရှိသည်။ ခဏအကြာ၌ သူက မေးလိုက်၏။

“မင်းတို့နှစ်ယောက်ကျင့်ကြံနေတာ ဘယ်လောက်ကြာပြီလဲ။ ကျင့်ကြံဆင့်က ဘယ်လောက်ရှိပြီလဲ”

ရှောင်ကျိုးက ပြန်ပြောလိုက်သည်။ "၆၅နှစ် ကျွန်တော် ဒီနှစ်မှ ဘုံတစ်ထောင်လေပွေအဆင့်ကို ဖြတ်ကျော်ခဲ့တာ”

ရှောင်ဝူက ပြန်ပြောလိုက်သည်။ "ကျွန်တော်လည်းကျင့်ကြံနေတာ ၆၅နှစ်ရှိပြီ။ ဒီနှစ်မှ ဘုံတစ်ထောင်လေပွေကျင့်ကြံဆင့်ကိုဖြတ်ကျော်နိုင်ခဲ့တာ”

သူတို့နှစ်ယောက်လုံးသည် ဘုံတစ်ထောင်လေပွေအဆင့်၌ လူသစ်လေးများအဖြစ် သတ်မှတ်နိုင်သည်။ သူ၏ကျင့်ကြံဆင့်ဖြင့် သူတို့သည် စွမ်းအင်ဓား တစ်သောင်းနှင့် စွမ်းအင်ဓားမော့တစ်သောင်းကို ထိန်းချုပ်နိုင်တာ အထင်ကြီးဖွယ်ကောင်းနေပြီဖြစ်၏။ ထို့ကြောင့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က စိတ်ထဲ၌ တွေးကာ ချင်မျိုးနွယ်၏တပည့်နှစ်ယောက်၏ပါရမီက မဆိုးလှဟု တွေးမိသွားသည်။

သူတို့က ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်တို့နှင့်ယှဉ်ပါက ချို့တဲ့နေသေးသည်။ ထို့အပြင် ရွှေကြာနယ်မြေ၏ နှစ်ပေါင်းများစွာ ကြာအောင် အကန့်အသတ်သည် ပွင့်ချပ်ရှစ်လွှာအဆင့်တွင် တစ်ဆို့နေခဲ့၏။ အစိမ်းကြာနယ်မြေတွင် ၆၅နှစ်နှင့် ရွှေကြာနယ်မြေတွင် အနှစ်သုံးရာက လုံးဝမတူညီပေ။

ရွှေကြာနယ်မြေတွင် အကန့်အသတ်ဖြတ်ကျော်ပြီးနောက် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ ကျင့်ကြံဆင့်သည် အဆပေါင်းများစွာ တိုးတက်လာ၏။ သူတို့သည် ပွင့်ချပ်ရှစ်လွှာမှ ဒုတိယမြောက် မွေးဖွားစမ်းသပ်မှုကို ရင်ဆိုင်လုနီးပါးတိုးတက်လာခဲ့သည်။ မဟာလေဟာနယ်မျိုးစေ့ကြောင့်သာမက သူတို့ ကြိုးစားအားထုတ်မှု၏ ရလဒ်ကြောင့်လည်း ဖြစ်သည်။

“မဆိုးဘူးပဲ ဆက်ကြိုးစားကြ” ယွီကျန့်ဟိုင်က အားပေးစကားပြောလိုက်သည်။ ယွီကျန့်ဟိုင်က ထွက်သွားတော့မည့်အချိန်တွင် ရှောင်ကျိုးက အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။ “နောင်ကျ ဓားမော့အတွက် လမ်းညွှန်မှုကို လူကြီးမင်းဆီက တောင်းခံလို့ရမလား”

ယွီကျန့်ဟိုင်သည် ရှောင်ကျိုး၏မျက်လုံးထဲရှိ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် သင်ယူလိုစိတ်ပြင်းပြမှုကြောင့် အနည်းငယ်ထိတ်လန့်အံ့အားသင့်သွား၏။

ရှောင်ဝူကလည်း ရှောင်ကျိုးနောက် သေချာပေါက် နောက်ကောက်မကျခဲ့ပေ။ သူက ပြောလိုက်သည်။

“ဓားနဲ့ပတ်သက်ပြီး လမ်းညွှန်မှု ကျွန်တော်လည်း တောင်းခံချင်ပါတယ်”

ထိုစကားများကို ကြားသောအခါ ချင်မျိုးနွယ်၏အကြီးအကဲက သူတို့ကိုအသာလေးငေါက်လိုက်၏။ “မရှုပ်နဲ့တော့။ ဒါမျိုးထပ်မပြောရဘူး။ ဂုဏ်သရေရှိဧည့်သည်တော်တို့ ကျေးဇူးပြုပြီး”

လူတစ်ယောက်၏ဆရာဆီမှသာ လမ်းညွှန်မှု တောင်းခံသင့်သည်။ ထိုကဲ့သို့ အဆင်အခြင်မဲ့ လမ်းညွှန်မှု တောင်းခံခြင်းက ရိုင်းပျရာ ရောက်၏။

မည်သို့ပင်ဆိုစေ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က စိတ်မတိုကြပေ။ ထို့အပြင် သူတို့သည် ဓားမော့နှင့်ဓားလမ်းစဉ်က ခလုတ်ကန်သင်း မည်မျှများကြောင်းသိ၏။ သူတို့ကြုံတွေ့ခဲ့ရသည့် အခက်အခဲများက သာမန်လူများမှန်းဆနိုင်သည့်အရာမဟုတ်ပေ။

ယွီကျန့်ဟိုင်က ကျယ်လောင်စွာရယ်မောလျက် ပြောလိုက်သည်။ "ငါ့ကိုအချိန်မရွေးလာရှာလို့ရတယ်”

ရှောင်ကျိုးက အပျော်လွန်သွားတော့သည်။ သူက ဦးညွှတ်ပြီးပြောလိုက်တော့သည်။ “ကျေးဇူးပါ ကျေးဇူးတင်ပါတယ်”

တစ်ချိန်တည်းတွင် ယွီရှန်းရုန်က ရှောင်ဝူကိုလက်ညှိုးထိုးပြပြီးပြောလိုက်၏။ "မင်း သူနဲ့လာလို့ရတယ်”

ရှောင်ဝူက အင်မတန်စိတ်လှုပ်ရှားသွားကာ ကျေးဇူးတင်ကြောင်းပြောရန် ဆက်တိုက် ဦးညွှတ်နေတော့သည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်သည် အသာလေးပြုံးလျက် တောင်ဖက်လေ့ကျင့်ရေးခန်းမဆီသို့ ပျံသန်းသွားတော့သည်။

ညနေခင်း၌ လုကျိုးသည် မတည်မြဲခြင်းတိုင်လုံးကိုထုတ်ကာ တောင်ဖက်လေ့ကျင့်ရေးခန်းမ၏ မြေပြင်ပေါ်ချလျက် ကျင့်ကြံမှုအရှိန်ကို အဆ၁၀၀မြှင့်တင်လိုက်သည်။ ပြီးနောက် သူသည် သူ၏ကောင်းကင်အမှတ်အသား ပိုးသားသေတ္တာကိုထုတ်လျက် သူ့ရှေ့တွင်ထားလိုက်သည်။ ၎င်းကိုဖွင့်ရန် အကြိမ်တချို့ကြိုးစားခဲ့သော်ငြား ယခင်ကဲ့သို့ပင် ကျရှုံးနေ၏။

လုကျိုးက တအံ့တဩပြောလိုက်တော့သည်။ “ဆရာသခင်တစ်ပါးပဲဖွင့်လို့ရတာမျိုးလား”

ဤအတိုင်းသာဆိုရင် သူ၏ခွန်အားကို တတ်နိုင်သမျှမြန်မြန်မြှင့်တင်ရမည်။ “မွေးဖွားဇယားချပ် ၁၄ခုနဲ့ ငါက ဆရာသခင်တစ်ပါးဖြစ်လာဖို့ နောက်ထပ်မွေးဖွားဇယားချပ် ၄ခုလိုတယ်”

လုကျိုးသည် ဟန်လော့ယွီနှင့် အဖြူရောင်ဝေလငါး၏ အသက်ဓာတ်နှလုံးသားကို ထုတ်လိုက်၏။ သူသည် ထိုသားရဲဧကရာဇ်တို့၏ အသက်ဓာတ်နှလုံးသားကို သာလွန်လျှော့ချရေးကတ်ကနေ မုန့်မင်ရှစ်ဆီက ရလာတာဖြစ်သည်။ အသက်ဓာတ်နှလုံးသားနှစ်ခုကိုကြည့်ပြီး သူ့ဖာသာသူ ရေရွတ်ပြောလိုက်၏။

"နောက်ထပ်အသက်ဓာတ်နှလုံးသားနှစ်ခုလိုသေးတယ်”

…

အခန်း (၁၃၅၆) အချိန်

ကျန်ရှိနေသည့် နှစ်ယောက်က သားရဲဧကရာဇ်၏ အသက်ဓာတ်နှလုံးသားကို မလိုအပ်ဘဲ သားရဲဘုရင်၏ အသက်ဓာတ်နှလုံးသားက လုံလောက်ပေသည်။

လက်ရှိ မဟာမွေးဖွားဇယားချပ်အတွက် နေရာကို မဖွင့်လှစ်ရသေးပေ။ လုကျိုးက သားရဲဧကရာဇ်၏ အသက်ဓာတ်နှလုံးသားများ ရှိနေလျှင်ပင် အသုံးမဝင်ပေ။

အမည်မသိကုန်းမြေတွင်ရှိသည့် အချိန်အတွင်းလုကျိုးက သားရဲဘုရင်၏ အသက်ဓာတ်နှလုံးသားများစွာကို ရရှိခဲ့သည်။ သူက သူတို့ကို လိုအပ်လာသည့်အချိန် မင်ရှစ်ရင်ဆီမှ ယူနိုင်လေ၏။

လုကျိုး လိုအပ်နေသည့်အရာက အချိန် ဖြစ်ပေသည်။

ကျင့်ကြံရမည့်အစား လုကျိုးက သူ့တပည့်များကို လေ့လာဖို့ ဆုံးဖြတ်လိုက်သည်။ ပုံမှန်အားဖြင့် သူသည် တောင်ဘက်လေ့ကျင့်ရေးခန်းမအတွင်း သူ့တပည့်များကို လေ့လာဖို့ မလိုအပ်ပေ။

ကျူးဟုန်ကုန်းက အိပ်ရာထဲ လဲနေဆဲဖြစ်ကာ သူ့ဒဏ်ရာများကို ပြန်လည်ကုစားနေဆဲ ဖြစ်၏။

ယဲ့ထျန်းရှင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းအတွင်း တိတ်တဆိတ် ကျင့်ကြံနေသည်။ သူမက ကျင့်ကြံသည့်အချိန် ချန်းဟွမ်နှင့်အတူ လျှောက်သွားလေ့ရှိသည်။

တွမ့်မူရှန်းက မိစ္ဆာဝေဟင်မျှော်နန်းတွင်ရှိပြီး လုဝူနှင့် လက်ရည်စမ်းကာ အချိန်အများစုကို ကုန်ဆုံးလေ့ရှိသည်။ သူက အတော်လေး တိုးတက်လာလေ၏။

အကြီးအကဲ လေးဦးကလည်း လွတ်လပ်စွာ နေထိုင်နေကြသည်။ သူတို့က သူတို့မကျင့်ကြံခင် နေ့တိုင်းတာအိုအကြောင်း ဆွေးနွေးလေ့ရှိ၏။ သူတို့၏ တိုးတက်နှုန်းက မဟာလေဟာနယ်မျိုးစေ့ရှိထားသည့် တပည့်များနှင့် မယှဉ်နိုင်သော်လည်း ထင်မှတ်ထားသလိုသာ ဖြစ်၏။

ဖန်းကျုံး၊ ကျိုးကျစ်ဖုန်းနှင့် အစောင့်အရှောက်များ၏ တိုးတက်နှုန်းက အနည်းငယ်နှေးကွေးနေသည်။

နောက်ဆုံးတွင် လုကျိုးက စီးဝူယာ့သည် ထူးထူးဆန်းဆန်း ပြုမူနေကြောင်း သတိထားမိကာ သူ့ကို သုံးရက်တာ စောင့်ကြည့်ခဲ့၏။

ထိုစဉ် ကောင်းကင်သိုင်းပညာကျောင်းတော်အတွင်း စီးဝူယာ့က ရှေးဟောင်းသိုးသားရေမြေပုံကို သိမ်းဆည်းပြီးသည့်နောက်တွင် ခေါင်းအသာယမ်းလိုက်သည်။

“သတ္တမသခင်လေး ကျုပ် ဒါ…”

အပြင်ဘက်မှ အသံတစ်သံ ပျံ့လွင့်လာလေ၏။

စီးဝူယာ့က ဖြတ်ပြောလိုက်၏။

“မင်း ဝမ်တာ့ချွေ့ကို သွားရှာလိုက်။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါ့ကို လာပြောမနေနဲ့”

“သတ္တမသခင်လေးရဲ့ အမှားပဲလေ။ တိုက်ရိုက်ရှာဖို့ ပြောနေတာကို”

ပုံရိပ်တစ်ခုက ပြတင်းပေါက်မှတဆင့် ဝင်ရောက်လာသည်။

စီးဝူယာ့က မေးလိုက်၏။

“ငါ တောင်းထားတာနဲ့ ပတ်သက်ပြီးတော့ ရလာပြီလား”

“ဒါပေါ့ ကျုပ်ကို ဘယ်လိုလို့ ထင်နေလဲ။ ကျုပ် ကျန်းအိုက်ကျန့်လေ။ ကျုပ်ဓားနဲ့ ကျုပ်က ပြိုင်ဘက်ကင်းပဲ” ကျန်းအိုက်ကျန့်က ဆံပင်ကို ဝှေ့ကာ ပြောလိုက်သည်။

“ဒါနဲ့ မင်းက တစ်လျှောက်လုံး ဖန်းလိုင်ကျွန်းမှာပဲ နေနေတာလား။ တာ့ယန်ကိုရော တစ်ချက်သွားကြည့်သေးလား” စီးဝူယာ့က မေးလိုက်သည်။

ကျန်းအိုက်ကျန့်က ခေါင်းကုတ်ကာ ပြောလိုက်၏။

“ကျုပ်က ဖန်းလိုင်မှာပဲ နေနေတယ်လို့ ဘယ်သူကပြောလဲ”

“အဲဒါဆိုတော့ ဖန်းလိုင်မှာ လှုပ်ရှားမှုတွေ ရှိနေတာလား” စီးဝူယာ့က ပြုံးကာ မေးလိုက်သည်။

“အဲဒါကြောင့် ကျုပ်ကို စုံစမ်းစေချင်တာလား။ ဒါမှမဟုတ်ဘူးဆိုရင် ဒီစာကို ကိုယ်တိုင်လာပြီး ပို့စေချင်တာလား။ ဒီလောက်ဆို လုံလောက်ပြီလား” ကျန်းအိုက်ကျန့်က စာတစ်စောင်ကို ထုတ်ပေးပြီး ပြောလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။

“ဖန်းလိုင်ကျွန်းက အတော်လေးငြိမ်တယ်။ မျှခြေမညီမျှမှုနဲ့ ရေမျက်နှာပြင်မှာ အတော်လေး မြင့်တက်လာတာလေ။ ဘာပဲဖြစ်ဖြစ် အရှေ့ဖက်မှာ မိုင်သုံးသောင်းလောက်အကွာမှာ ခင်ဗျားပြောသလိုမျိုး တောင်တစ်ခုရှိတယ်။ ကျုပ်တောင်မှပဲ အဆုံးမဲ့ပင်လယ်ထဲမှာ လမ်းပျောက်လုနီးပါးပဲ။ ကျုပ်အတွက် ကာမိအောင် လုပ်ပေးရမယ်”

“ကျေးဇူးပါ။ မင်းရဲ့ နဂါးတေးသံကို အဆင့်မြှင့်တင်ပေးဖို့ မီးတောက်စိတ်ဝိညာဉ်ကျောက်တုံးကို ပေးမယ်” စီးဝူယာ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ကျန်းအိုက်ကျန့်၏ အကြည့်များက တောက်ပလာလေ၏။

“ကောင်းပြီ ကောင်းပြီ”

ကျန်းအိုက်ကျန့်က ခေါင်းစဉ်လွှဲကာ ပြောလိုက်သည်။

“အရှေ့ဘက်မိုင်သုံးသောင်းအကွာမှာ အဲဒီတောင်ရှိတယ်ဆိုတာ ဘယ်လိုလုပ်သိလဲ”

စီးဝူယာ့က ပြောလိုက်သည်။

“ငါလည်း ရှင်းပြလို့ မရဘူး”

“ကောင်းပြီလေ။ ရှင်းပြဖို့ ကြိုးစားကြည့်ပေါ့” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။

“ငါ့ရဲ့ ဗဟုသုတတွေက မင်းထက် ကျော်နေတာဆိုတော့ ရှင်းပြရင်တောင် နားလည်မှာမဟုတ်ဘူး” စီးဝူယာ့က ပြောလိုက်သည်။

“…”

ကျန်းအိုက်ကျန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ကျုပ်က ကိုယ့်အလိုလိုသိစိတ်နဲ့ တောင်ကို စစ်ဆေးကြည့်ခဲ့တာ။ အဲဒါက ဒီငြိမ်းချမ်းရေးငှက်တွေအတွက် နေထိုင်ရာတစ်ခု ဖြစ်ခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ အဲဒီငှက်တွေ ထွက်သွားတယ်ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး”

စီးဝူယာ့က မျက်ခုံးပင့်ကာ အနည်းငယ် အံ့အားသင့်သွားလေ၏။

“မှန်နေတာပဲ”

“တကယ်လို့ အဲဒါကို သိတယ်ဆိုရင် ဘာလို့ ကျုပ်ကို စုံစမ်းခိုင်းသေးလဲ”

“ငါက သိချင်နေတာ” စီးဝူယာ့က အမူအရာကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။

“ပျင်းစရာကောင်းလိုက်တာ” စီးဝူယာ့က ပြန်မပြောတော့သည်ကို မြင်သည့်အခါ ကျန်းအိုက်ကျန့်က ထွက်သွားပြီး ဝမ်တာ့ချွေ့အား ရှာဖို့ ပြင်လိုက်သည်။

……………………………………………………

အမြင်စွမ်းအားကို ဖြတ်တောက်ပြီးသည့်နောက်တွင် လုကျိုးက ငြိမ်းချမ်းရေးနတ်သားရဲသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၌ ပေါ်ထွက်လာခဲ့သည့်မြင်ကွင်းကို အမှတ်ရသွားလေ၏။

“စီးဝူယာ့က ငြိမ်းချမ်းရေးငှက်နဲ့ ပတ်သက်နေတာလား” လုကျိုးက စီးဝူယာ့၏ ထူးထူးဆန်းဆန်း အမူအရာများကို ပြန်လည်တွေးတောသည့်အခါ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သို့သော်လည်း စီးဝူယာ့အပေါ် ယုံကြည်ချက်ကြောင့် ထိုကိစ္စသည် သူ့အပေါ် စိတ်မခုစေပေ။

သူက ကျင့်ကြံရေးအပေါ်သာ အာရုံစိုက်ထားဖို့ ဆုံးဖြတ်လိုက်၏။

သူက ဆရာသခင် တစ်ယောက်ဖြစ်လာသည်မှာ အံ့ဩဖို့ကောင်းလှသည်။

မျှခြေမညီမျှမှုက ပိုမိုဆိုးရွားလာသော်လည်း နယ်မြေများကြား၌ ပဋိပက္ခများစွာ မရှိသေးပေ။ လူသားနှင့် ခက်ထန်သားရဲများကြားမှ မျှခြေကြောင့် ကျိုးပဲ့လွယ်သည့် မျှခြေက ရန်သူများကြားတွင် ဖွဲ့တည်လာသည်။

ခရမ်းရောင်တောက်ပသံကျောက်နှင့် မတည်မြဲခြင်းတိုင်လုံးတို့၏ သက်ရောက်မှုဖြင့် လုကျိုးက သူ့ကိုယ်သူ ကျင့်ကြံရေးထဲ နစ်မြုပ်ထားလိုက်သည်။

…………………………………………

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကလည်း မတည်မြဲခြင်းတိုင်လုံး၏ သက်ရောက်မှုအောက်တွင် ကျင့်ကြံနေကြသည်။ ရှောင်ကျိုးနှင့် ရှောင်ဝူတို့က သူတို့ကို လာရှာသည့်အခါ သူတို့က မတည်မြဲခြင်းတိုင်လုံးမှ ထွက်ခွာသွားလေ့ရှိ၏။

ရှောင်ယွမ်အာနှင့် ခရုလေးတို့ကလည်း အလေးအနက် ကျင့်ကြံနေကြသည်။

တစ်ရက်ပြီးတစ်ရက်ဆိုသလို သူတို့၏ ပုံမှန်နေ့စဉ်တာဝန်က အတူတူသာ ဖြစ်၏။

အိမ်ရှင်အနေဖြင့် ချင်ရန်ယွဲ့က လုကျိုးဆီ တစ်ခါတစ်ရံ လာရောက်တွေ့ဆုံပြီး တာအိုအကြောင်း ဆွေးနွေးကြသည်။ သို့သော်လည်း လုကျိုးက တံခါးပိတ်ကျင့်ကြံနေသည့်အတွက် သူက မင်ရှစ်ရင်နှင့် စကားစမြည်ပြောပြီး အမြင်ကို ဖလှယ်ကြသည်။ မိစ္ဆာဝေဟင်မျှော်နန်း၌ ပါရမီရှင်များစွာရှိသော်လည်း သူ့သဘောထားက မင်ရှစ်ရင်အပေါ် အကောင်းဆုံး ဖြစ်၏။ ဤသည်က လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု မဟုတ်မှန်း သိသာလှသည်။

…………………………………………………..

ဆောင်းတွင်းက ကုန်လွန်သွားပြီး နွေဦးရောက်လာကာ နွေဦးက ကုန်ဆုံးသွားပြီး ဆောင်းဦးသို့ ပြန်လည်ရောက်ရှိလာသည်။ ထို့နောက် ဆောင်းဦးက ကုန်လွန်သွားပြီး ဆောင်းတွင်းသို့ ပြန်လည်ရောက်ရှိသွားလေ၏။ ငါးနှစ်တာက မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။

………………………………………

တောင်ဘက်လေ့ကျင့်ရေးခန်းမရှိ တိတ်ဆိတ်နေသော အခန်းတစ်ခုအတွင်း

လုကျိုးက သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်မှ အသံတစ်သံကို ကြားလိုက်ရ၏။ ထိုအရာက သူသည် အဆင့်တက်လှမ်းတော့မည် ဖြစ်ကြောင်း ညွှန်ပြနေသည်။

သူက မျက်လုံးကိုဖွင့်ကာ တံတွေးမျိုချလိုက်သည်။ သူ့ပါးစပ်နှင့် လည်ချောင်းများက ခြောက်သွေ့နေ၏။

နေရောင်က အခန်းအတွင်းရှိ ပြတင်းပေါက်မှ ဖြာကျနေသည်။

လေပြေတိုက်ခိုက်သည့်အခါ အဝါရောင်သစ်ရွက်များက ကြွေကျလာလေ၏။ ဤသည်က ဆောင်းဦးရောက်ကြောင်း ညွှန်ပြနေသည်။

လုကျိုးက ကျင့်ကြံရေးကို ရပ်တန့်လိုက်သည့်အချိန် အိပ်မက်ရှည်ကြီးမှ နိုးထလာသလိုမျိုး ဖြစ်နေလေသည်။ သူက မြေပြင်ကို ကြည့်လိုက်သည့်အချိန် ဖုန်တစ်မွှာကို မြင်လိုက်ရသည်။ ထိုအရာကလွဲ၍ အခန်းက ထူးထူးဆန်းဆန်းအနံ့များ၊ ပင့်ကူအမျှင်များ ရှိမနေပေ။

လုကျိုးက လက်ဝှေ့ကာ စွမ်းအင်ဂိုဏ်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ဖုန်များကို သန့်စင်လိုက်သည်။

“ဆယ်ရက်ကနေ လဝက်လောက်တော့ ကုန်သွားလောက်ပြီ”

လုကျိုးက စနစ်ကို ဖွင့်ကြည့်လိုက်သည့်အခါ

လက်ရှိသက်တမ်း - ၆၁၈၈ ၇၃၁ (၁၆၄၆၀နှစ်)

“ငါက နှစ်ငါးရာ ဆုံးရှုံးသွားတာလား” လုကျိုးက ကြောင်အမ်းသွားလေ၏။ သူ ဆုံးရှုံးသွားသည့်နှစ်နှင့် ကုန်ဆုံးသွားသည့်အချိန် အဆတစ်ရာကို ထည့်ပေါင်းလိုက်သည်ဆိုလျှင် ငါးနှစ်တာ ကုန်ဆုံးသွားခဲ့ကြောင်း ဆိုလိုနေသည်။

“ငါးနှစ်လား” ဤသည်က လုကျိုး၏ မှန်းဆချက်ထက် ကျော်လွန်နေလေ၏။ သူ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း ဤမျှအချိန်ကုန်ဆုံးသွားလိမ့်မည်ဟု ထင်မှတ်မထားပေ။

“လောင်စစ်” လုကျိုးက လှမ်းခေါ်လိုက်သည်။

…………………………………

တောင်ဘက်ခန်းမဆောင်နှင့် မီတာသုံးရာအကွာရှိ တောင်ထိပ်

မင်ရှစ်ရင်၏ မျက်နှာအထက် အံ့အားသင့်သည့် အမူအရာမျိုး ပေါ်ထွက်လာလေ၏။

“ဆရာသခင်ချင် နောက်ရက်မှ ဆက်ပြောကြတာပေါ့။ ကျုပ် ရှစ်စွင်းက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီလို့ထင်တယ်”

ချင်ရန်ယွဲ့ကလည်း ထိုစကားကို ကြားကာ အံ့အားသင့်သွားလေ၏။

“အစ်ကိုလုက တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာပြီလား။ ကောင်းတယ် ကောင်းတယ်။ ငါလည်း မင်းနဲ့အတူ လိုက်ခဲ့မယ်”

ဤသို့ဖြင့် နှစ်ဦးသားက လုကျိုး၏ အခန်းရှေ့ ရောက်ရှိလာကြသည်။

“ရှစ်စွင်းကို ဂါရဝပြုပါတယ်”

“အစ်ကိုလု မတွေ့ရတာ အတော်ကြာပြီပဲ”

လုကျိုးက ပြောလိုက်သည်။

“အထဲဝင်ခဲ့ကြ”

နှစ်ဦးသားက လေ့ကျင့်ရေးခန်းမအတွင်း ဝင်ရောက်လိုက်ကြ၏။

ချင်ရန်ယွဲ့က ဘေးပတ်လည်ကို ကြည့်ပြီး မတည်မြဲခြင်းတိုင်လုံးမှ ချန်ထားခဲ့သည့် အရိပ်အမြွက်များကို ခံစားမိလိုက်သည်။

“သူတို့ရဲ့ ကျင့်ကြံဆင့်က မြန်ဆန်နေတာ မထူးဆန်းတော့ဘူး။ ဖြစ်ချင်တော့ မတည်မြဲခြင်းတိုင်လုံးကြောင့်ကိုး။ တိုင်လုံးက ဆိုးကျိုးရော၊ ကောင်းကျိုးရော ရှိတယ်။ အစ်ကိုလုက တိုင်လုံးအနီးမှာ တကယ်ကို ကျင့်ကြံရဲတာပဲ”

မတည်မြဲခြင်းတိုင်လုံးနှင့် ကျင့်ကြံခြင်းက ကျင့်ကြံရေးအတွက် သက်တမ်းနှင့် လဲလှယ်နေသလိုမျိုး ဖြစ်၏။

“နှစ်သက်တမ်းငါးရာလောက်ပါပဲ။ ဘာမှမဟုတ်ပါဘူး။ အဲဒီနှစ်တွေက လက်တစ်ဖျောက်အတွင်းမှာ ကုန်သွားမှာပဲလေ” လုကျိုးက ပြောလိုက်သည်။

ချင်ရန်ယွဲ့က ပြန်ပြောလိုက်၏။

“ကျုပ် အမြင်ပွင့်လိုက်ရပါတယ်”

“ရှစ်စွင်း ဘာလို့ ကျွန်တော်ကို ခေါ်လိုက်တာလဲ။ အမိန့်ရှိပါ” မင်ရှစ်ရင်က ပြောလိုက်သည်။

လုကျိုးက မင်ရှစ်ရင်ကို ကြည့်လိုက်၏။ သူက မင်ရှစ်ရင်၏ အရှိန်အဝါသည် ပြောင်းလဲသွားကြောင်း သိသိသာသာ ခံစားမိလိုက်သည်။ ထိုအရာက ယခုအခါ တက်ကြွမှုတို့ဖြင့် ပြည့်နှက်နေလေ၏။ သူ့လေးယောက်မြောက် တပည့်က ယခင်ငါးနှစ်အတွင်း သိသိသာသာ တိုးတက်လာခဲ့သည်မှန်း သိရသည်။ အနှစ်ချုပ်အားဖြင့် သူသည် သူ့ကျင့်ကြံဆင့်ကို တည်ငြိမ်ဖို့ ငါးနှစ်တာ အချိန်ယူရ၏။

All Chapters