အခန်း (၁၃၅၇-၁၃၅၉)
Vol. 91 Ch. 1357-1359
အခန်း (၁၃၅၇) ဘာလို့ ဒါမျိုးဖြစ်နေတာလဲ
လုကျိုး၏ မူလရည်ရွယ်ချက်သည် သူ၏နယ်ပယ်ကိုတည်ငြိမ်အောင် နည်းလမ်းတချို့သုံးရန်ပဲ ဖြစ်သည်။ ငါးနှစ် အချိန်ယူလိုက်ရမည်ဟု မည်သူက သိမည်နည်း။ ငါးနှစ်သည် မတည်မြဲခြင်းတိုင်လုံးအကူအညီနှင့် ဖြစ်သည်။ ပြင်ပလောက၌ ငါးနှစ်ဟုဆိုသော်ငြား တိုင်လုံးအတွင်းနှစ်ငါးရာ ကုန်ဆုံးသွားတော့သည်။ သူ ယူထားသည့်အချိန်က ကျိုးကြောင်းမသင့် ပြိုင်ဖက်မရှိပေ။ စနစ်နှင့်ကောင်းကင်ကျမ်းစာ၏မြှင့်တင်မှုကတောင် အလွန်ဆုံးလတချို့သာ ယူရ၏။ ထို့အပြင် သူသည် ထိုစဉ်က မတည်မြဲခြင်းတိုင်လုံးတောင် မရှိခဲ့သေးပေ။ သူ၏နယ်ပယ်ကို တည်ငြိမ်အောင် အနှစ်ငါးရာယူလိုက်ရသည့်အချက်သည် တကယ်ပြဿနာများကြောင်း သူ ရှာတွေ့ခဲ့၏။
ထိုစဉ် ချင်ရန်ယွဲ့က ပြောလိုက်သည်။ "အစ်ကိုလု အစ်ကိုလုကို တွေ့ဖို့တကယ်မလွယ်ကူဘူး။ တချိန်လုံး တံခါးပိတ်ကျင့်ကြံနေတာ ကျုပ် တကယ်သတိရနေပြီ”
“...”
မင်ရှစ်ရင်က ခေါင်းကုတ်လိုက်၏။ သူသည် ထိုစကားများကို ကြားသောအခါ ကြက်သီးထသွားတော့သည်။
လုကျိုးက မေးလိုက်တော့သည်။ “မင်းလိုအပ်တာရှိလို့လား”
“အစ်ကိုလု မေ့သွားပြီလား” ချင်ရန်ယွဲ့က မေးလိုက်၏။
လုကျိုးက ခေါင်းညိတ်လိုက်သည်။ “ငါ မှတ်မိတယ်။ အစက ငါ ခဏတဖြုတ်ပဲ တံခါးပိတ်ကျင့်ကြံဖို့ စဉ်းစားထားတာ။ မျက်စိတစ်မှိတ်အတွင်း ငါးနှစ်ကုန်လွန်သွားလိမ့်မယ်လို့ မထင်ထားဘူး။ ဒါက ငါ့ရဲ့အစီအစဉ်မဟုတ်ဘူး”
ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်၏။ သူသည် လုကျိုး၏စကားကို သံသယမဖြစ်ခဲ့ပေ။ ထို့အပြင် အနည်းငယ်ပိုအာရုံစိုက်မိပါက တောင်ဖက်လေ့ကျင့်ရေးခန်းမနှင့် အနားတဝိုက်ရှိသစ်ပင်၊ မြက်ပင်များ၏ စွမ်းအင်အတက်အကျက လုကျိုးအမှန်အတိုင်းပြောပြကြောင်း အခြေခံနေသည်။
ချင်ရန်ယွဲ့က ပြုံးလျက်ပြောလိုက်သည်။ “ဂုဏ်ပြုပါတယ် အစ်ကိုလု။ အစ်ကိုက ဈာန်ဝင်စားမှု အခြေအနေထဲ ဝင်ရောက်သွားပုံပဲ” “ဈာန်ဝင်စားမှုအခြေအနေဆိုတာ ဘာလဲ” မင်ရှစ်ရင်က မေးလိုက်သည်။
“လူတစ်ယောက်က ဈာန်ဝင်စားနေရင် အချိန်ကိုမေ့လျော့သွားပြီး ကျင့်ကြံမှုမှာပဲ နှစ်မြှုပ်နေမိတာ။ လူအများစုက ဈာန်ဝင်စားချင်ပေမဲ့ မလွယ်ဘူး။ အဲ့ဒီအခြေအနေမျိုးရောက်သွားပြီးရင် ကျင့်ကြံမှုက အဆပေါင်းများစွာ တိုးလာတယ်” ချင်ရန်ယွဲ့က ရှင်းပြပြီးနောက် သက်ပြင်းချကာ ဆက်ပြောလိုက်သည်။ “အစ်ကိုလုလို ဈာန်ဝင်စားမှုအခြေအနေထဲ ဝင်နိုင်မယ်ဆိုရင် ၁၉ချပ်မြောက်မွေးဖွားဇယားချပ်ကိုအသက်သွင်းဖို့ ပြဿနာမရှိတော့ဘူး”
မင်ရှစ်ရင်က မေးလိုက်၏။ “ဆရာသခင်တစ်ပါးအဆင့်ရောက်သွားရင် အဆင့်တက်ဖို့ အင်မတန်ခက်တာလား”
ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်၏။ “ခက်တာပေါ့။ ၁၈ခုမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးတဲ့နောက် ကျင့်ကြံမှုတစ်ခုတည်းကို အားကိုးရတာမဟုတ်ဘူး။ တာအိုစွမ်းအား၊ မိုးနဲ့မြေပေါ် နားလည်သဘောပေါက်မှု၊ စည်းမျဉ်းတွေပေါ် ထိန်းချုပ်မှုကလည်း ပါဝင်လာပြီ။ ဒါ့အပြင် သင့်တော်တဲ့ အသက်ဓာတ်နှလုံးသားကလည်း ပိုရှားလာတယ်လေ။ ဒါ့အပြင် ပထမဆုံးမွေးဖွားဇယားချပ် ၁၈ခုထဲမှာဆို အရေအတွက် အတွက် အရည်အသွေးကို မျက်ကွယ်ပြုထားမယ်ဆိုရင် နောင်ကျကျင့်ကြံမှုစွမ်းအားကို အတားအဆီးဖြစ်ရုံမကဘူး တာအိုစွမ်းအားကို နားလည်သဘောပေါက်မှုကလည်း ပိုခက်သွားလိမ့်မယ်”
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်၏။ “ဒါဆိုရင် ကျုပ်က အထွတ်အထိပ်သက်ရှိ ဖြစ်လာလိမ့်မယ်လို့ ဘာကြောင့် တွေးနေတာလဲ”
လွန်ခဲ့သည့်ငါးနှစ်၌ ချင်ရန်ယွဲ့သည် လုကျိုးကို မကြာခဏလာရှာခဲ့သည်။ သို့သော် လုကျိုးက မအားသဖြင့် မင်ရှစ်ရင်နှင့်စကားအများပြောလေ့ရှိ၏။ ထို့ကြောင့် သူတို့နှစ်ယောက်သားသည် တစ်ယောက်နှင့်တစ်ယောက် အတော်အတန်ရင်းနှီးလာပြီဟု သတ်မှတ်နိုင်သည်။ စကားပြောချိန်တွင် အိမ်ရှင်နှင့်ဧည့်သည်ကြား အားနာမှုမျိုး မရှိတော့ပေ။
ချင်ရန်ယွဲ့က ပြုံးလျက်ပြောလိုက်၏။ “ကျုပ် ဘာပြောနိုင်မှာလဲ။ ဒါကြောင့် လူတိုင်းက မဟာလေဟာနယ်မျိုးစေ့ကို တပ်မက်ကြတာပဲ”
“...” မင်ရှစ်ရင်သည် သူ၏ဆရာတူတပည့်များကလည်း မဟာလေဟာနယ်မျိုးစေ့ရှိကြောင်း ပြောချင်မိ၏။ သို့သော်သူက သည်းခံပြီးပြောချင်စိတ်ကို ဖိနှိပ်ထားသည်။ ထိုကိစ္စများကို ဖော်ထုတ်ခြင်းက မကောင်းပေ။ ထို့အပြင် မျက်နှာချိုသွေးခံရခြင်းနှင့် ချီးကျူးခံရသည့် ခံစားချက်ကလည်း မဆိုး။
လုကျိုးက ထရပ်လျက်ပြောလိုက်၏။ “ဈာန်ဝင်စားတဲ့အခြေအနေက ကံကောင်းသွားရုံပါပဲ”
ချင်ရန်ယွဲ့က ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ဂုဏ်ပြုရဦးမှာပဲ အစ်ကိုလု။ အစ်ကိုလု ဈာန်ဝင်စားရာက ထွက်လာပြီး အသိစိတ်က ဖရိုဖရဲဖြစ်နေမှာ။ ဒါကြောင့် မနှောင့်ယှက်တော့ဘူး။ နောက်နေ့မှာလာလည်ပါ့မယ်။
လုကျိုးက သူ၏တပည့်ကို တစ်စုံတစ်ခု ပြောစရာရှိနေသေးကြောင်း မြင်သဖြင့် ချင်ရန်ယွဲ့က ဆင်ခြေတစ်ခုရှာကာ ထွက်လာတော့သည်။
ချင်ရန်ယွဲ့သွားပြီးနောက် မင်ရှစ်ရင်က ပြုံးလျက်မေးလိုက်တော့သည်။ “သူက တကယ်ဉာဏ်များတာပဲ”
“ဒီနှစ်တွေထဲ အားလုံးဘယ်လိုနေလဲ” လုကျိုးက မေးလိုက်သည်။
မင်ရှစ်ရင်သည် မိစ္ဆာဝေဟင်မျှော်နန်း၏အခြေအနေ အကြမ်းဖျဉ်းကို လုကျိုးအား သတင်းပို့လိုက်၏။ တပည့်များ၏ သိသိသာသာတိုးတက်မှုအပြင် အရာအားလုံးက ပုံမှန်ဖြစ်နေသည်။
ပြီးနောက် မင်ရှစ်ရင်သည် မျှခြေမညီမျှမှုနှင့် ပိုင်နက်ကိုးခုအကြောင်းပြောချိန်၌ သက်ပြင်းချလိုက်၏။
မျှခြေမညီမျှတဲ့ဖြစ်စဉ် ပေါ်လာပြီးတော့ နယ်မြေကိုးခုထဲက အခြေအနေက အတော်လေး တည်ငြိမ်နေတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂နှစ်မှာ ကိစ္စရပ်တွေ ပြောင်းလဲသွားတယ်။ အစိမ်းရောင်ကြာကျင့်ကြံသူတချို့က အနီရောင်ကြာနယ်မြေနဲ့ အနက်ရောင်ကြာနယ်မြေတွေဆီသွားပြီး အရင်းအမြစ်တွေ လုကြတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းက အစိမ်းရောင်ကြာနယ်မြေထဲ သားရဲဧကရာဇ်တစ်ပါး ပေါ်လာတယ်။ ဒါပေမဲ့ ထူးထူးဆန်းဆန်းပဲ ထွက်သွားတာ။ အဲ့တုန်းက ဆရာသခင်ချင်နဲ့ ကျွန်တော် ရှစ်စွင်းကို နှစ်ရက်နှစ်ည လာစောင့်နေတာ”
လုကျိုးက ခေါင်းညိတ်လိုက်၏။ “မူမမှန်တဲ့ လှုပ်ရှားမှုရှိလား”
“ရွှေကြာနယ်မြေထဲက အဆုံးမဲ့သမုဒ္ဒရာထဲ အံဖွယ်သားရဲတစ်ကောင်ပေါ်လာတယ်လို့ တစ်ယောက်ကပြောတယ်။ ဒါပါပဲ။ ဪ ဟုတ်သား ကျိုးရှစ်မေ့ရဲ့တိုးတက်မှုက အတော်လေးမူမမှန်ဘူး။ သူက တိုးတက်တာ ဘယ်လိုလုပ် ဒီလောက်မြန်ရတာလဲ”
“သူ့ရဲ့ကျင့်ကြံဆင့်က အခုဘယ်ရောက်နေပြီလဲ” လုကျိုးက မေးလိုက်၏။ သူ ဤနေရာသို့ ပထမဆုံးလာစဉ်၌ ရှောင်ယွမ်အာ၌ မွေးဖွားဇယားချပ်၂ခုသာ ရှိကြောင်း သူ မှတ်မိသည်။
မင်ရှစ်ရင်က ပြောလိုက်သည်။
"အရင်တုန်းက ကျိုးရှစ်မေ့ ဒီလောက်အထိ အလေးအနက် ကျင့်ကြံတာမျိုး တစ်ခါမှမတွေ့ဖူးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ မကြာခင်မှာ ပထမဆုံးမွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ရတော့မယ်လို့ ခန့်မှန်းမိတယ်”
ဆိုလိုသည်က ရှောင်ယွမ်အာ၌ ယခုဆို မွေးဖွားဇယားချပ်၆ခုရှိနေပြီဖြစ်၏။ မတည်မြဲခြင်းတိုင်လုံး၏ အကူအညီဖြင့် တစ်နှစ်ကို မွေးဖွားဇယားချပ်တစ်ခုအသက်သွင်းနိုင်ခြင်းနှင့် ညီမျှသလောက်ရှိသည်။ သူမ၏အရှိန်က စိတ်ကျေနပ်ဖွယ်ရှိသည်။
“တာ့ရှစ်ရှိုးက ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုကို ရင်ဆိုင်ဖို့ ပြင်ဆင်နေတယ်။ ဒါပေမဲ့ ...” မင်ရှစ်ရင်က ပြောလိုက်သည်။
“ပြော” လုကျိုးက ပြောလိုက်၏။
“ကျွန်တော်တို့ အသက်ဓာတ်နှလုံးသားကုန်သွားပြီ” မင်ရှစ်ရင်က ပြောလိုက်သည်။
ယင်းက လုကျိုး၏မှန်းဆချက်အတွင်း ရှိနေသည်။ ဤမျှများပြားသည့်လူများ သူတို့မွေးဖွားဇယားချပ်များကို အသက်သွင်းနေလေရာ ယင်းက အံ့ဩစရာမဟုတ်ပေ။
လုကျိုးက ခေါင်းညိတ်လိုက်၏။ “ကြမ်းတမ်းခက်ထန်သားရဲတွေကို အမဲလိုက်ခွင့်ပြုဖို့ မင်းတို့အားလုံးကို တောင်ဖက်လေ့ကျင့်ရေးခန်းမကနေ ထွက်သွားခွင့်ပြုမယ်။ မင်းတို့လုံလုံလောက်လောက် သန်မာတဲ့အချိန် ဖျက်ဆီးခြင်းတိုင်လုံးတွေဆီ သွားလို့ရပြီ”
“ဟုတ်ကဲ့”
လွန်ခဲ့သည့်နှစ်များအတွင်း မင်ရှစ်ရင်သည် တကယ်မွန်းကြပ်နေပြီဖြစ်သည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့တောင် ပိုစိတ်မသက်မသာဖြစ်လာ၏။ သူတို့သည် တောင်ဖက်လေ့ကျင့်ရေးခန်းမထဲ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး ယင်းက ငြိမ်းချမ်းလွန်းနေ၏။ ယင်းက သူတို့အလေ့အထနှင့်မကိုက်ညီပေ။ ရလဒ်အနေဖြင့် ရှောင်ကျိုးနှင့်ရှောင်ဝူတို့သည် နှစ်ယောက်သား လူနှင့်မတူတော့သည့်အခြေအနေဖြင့် ညှင်းပန်းခံရလေ၏။
“ကျန်တဲ့အသက်ဓာတ်နှလုံးသားတွေ ယူလာခဲ့”
မင်ရှစ်ရင်သည် အခန်းထဲမှ ထွက်သွားပြီးနောက် ကျန်ရှိသည့်အသက်ဓာတ်နှလုံးသားများ သယ်ကာ ပြန်လာတော့သည်။
လုကျိုးသည် အသက်ဓာတ်နှလုံးသားကို တစ်ချက်ကြည့်လိုက်ရာ ၆ခု ၇ခုသာ ကျန်သည်ကို တွေ့လိုက်ရသည်။ အများစုသည် မူလအခြေခံအသက်ဓာတ်နှလုံးသားများဖြစ်ပြီး အရှိန်နှင့် ကုသရေးအသက်ဓာတ်နှလုံးသားများ ဖြစ်၏။ အရှိန်အသက်ဓာတ်နှလုံးသားက မဆိုးရွားသော်ငြား ကုသရေးအသက်ဓာတ်နှလုံးသားကမူ လုံးဝအသုံးမဝင်ပေ။
အရှိန်အမျိုးစားအသက်ဓာတ်နှလုံးသားနှစ်ခုက ရွေးချယ်ပြီးနောက် လုကျိုးက ပြောလိုက်၏။ "မင်း ကျန်တဲ့အသက်ဓာတ်နှလုံးသားတွေ ယူလို့ရတယ်”
“အမ်း ... ရှစ်စွင်း၊ ရှစ်စွင်း ရွေးလိုက်တာတွေက လင်းဟို့ရဲ့အသက်ဓာတ်နှလုံးသားတွေ။ ကျန်တဲ့အသက်ဓာတ်နှလုံးသားတွေကို ကျွန်တော်သုံးစရာနေရာမရှိဘူး”
“အသုံးမဝင်ရင် ပေးလိုက်လို့ရတယ်” လုကျိုးက ပြောလိုက်၏။ "မင်း မသွားဘူးလား” လုကျိုးက မေးလိုက်၏။
“သွားမယ်”
လုကျိုးက စိတ်ထဲသက်ပြင်းချကာ သူ၏အမြော်အမြင်ချို့တဲ့မှုကို ဝမ်းနည်းနေသည်။ သူသည် အမည်မသိကုန်းမြေ၌ အသက်ဓာတ်နှလုံးသားများစွာ ရခဲ့သော်ငြား အနည်းအကျဉ်းသာ ကျန်တော့သည်။
မင်ရှစ်ရင်ထွက်သွားပြီးနောက် လုကျိုးသည် သက်ပြင်းချကာ လင်းဟို့၏ အသက်ဓာတ်နှလုံးသားနှစ်ခုကို လေ့လာလိုက်သည်။ “သားရဲဘုရင်အဆင့်က အသက်ဓာတ်နှလုံးသား ဖြစ်လောက်တယ်။ သူတို့က မဟာမွေးဖွားဇယားချပ်အုတ်မြစ်အတွက် အသင့်တော်ဆုံးဖြစ်မှာ”
လုကျိုးသည် သူ၏ကြာပွင့်ကိုဖွဲ့တည်လျက် မွေးဖွားနန်းဆောင်ကို ကြည့်လိုက်သည်။
သူသည် မွေးဖွားနန်းဆောင်အနည်းငယ်ချဲ့ထွင်ခံထားရကြောင်း မြင်သောအခါ အနည်းငယ် မှင်သက်သွားတော့ သည်။ ဒေသတစ်ခု တိုးချဲ့သွားတာမဟုတ်သော်ငြား ဒေသနှစ်ခုသုံးခု ကျဲသွားတာဖြစ်သည်။ ဆိုလိုသည်က သူ အကန့်အသတ်ကို ဖြတ်ကျော်ခဲ့တာပဲဖြစ်သည်။
“ဘာတွေဖြစ်ကုန်တာလဲ” လုကျိုးက ဇဝေဇဝါဖြစ်ကုန်၏။ သူသည် လွန်ခဲ့သည့်ငါးနှစ်၌ သူ၏နယ်ပယ်ကို တည်ငြိမ်အောင်လုပ်ခဲ့သည်။ ထိုသို့ဆိုလျှင် သူ၏မွေးဖွားနန်းဆောင်က အဘယ်ကြောင့် ကျယ်ပြန့်သွားသနည်း။ ဈာန်ဝင်စားမှုအခြေအနေသည် သူ၏အကန့်အသတ်ကို တိုးသွားစေသည်လော။
ထောပါစစ်ချန်းသည် ဈာန်ဝင်စားပြီးနောက် ၁၉ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းခဲ့သည်။ ယဲ့ကျန်းပေးသည့် မဟာလေဟာနယ်ဆေးလုံးကို သောက်သုံးပြီးနောက် အခု၂၀မြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းခဲ့၏။ ဈာန်ဝင်စားမှုအခြေအနေသည် သူ ထင်ထားသည်ထက် ပိုဆန်းကျယ်ကာ ရှုပ်ထွေးတာဖြစ်လောက်သည်။
မွေးဖွားနန်းဆောင်၏မျက်နှာပြင်က အလွန်ချောမွေ့နေပြီး ကျင့်ကြံမှုတည်ငြိမ်ကြောင်း ပြသနေ၏။
မည်သို့ပင်ဆိုစေ ဈာန်ဝင်စားမှုအခြေအနေက ကောင်းမွန်ပေ၏။ ချင်ရန်ယွဲ့၏ တုန့်ပြန်မှုအရ ထိုကဲ့သို့အခွင့်အလမ်းမျိုး ရရှိလာဖို့ ခက်ခဲသည်။ ငါးနှစ်တာက အိမ်မက်တစ်ခုပမာ ကုန်ဆုံးသွားတာ အံ့ဩစရာမရှိပေ။
သူ၏ကျင့်ကြံဆင့်က ယခုတည်ငြိမ်နေသောကြောင့် မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်ပြီဖြစ်သည်။
လုကျိုးသည် မွေးဖွားနန်းဆောင်ပေါ်ရှိ နေရာများကို ကြည့်လိုက်၏။
မဟာမွေးဖွားဇယားချပ်ကို အသက်သွင်းသည့်နေရာကို ထုံးသုတ်နိုင်၏။ ၎င်းသည် မဟာမွေးဖွားဇယားချပ်၏ တည်ငြိမ်အောင် ကူညီပေးနိုင်သောကြောင့်ဖြစ်သည်။
သို့သော်ငြား ဤမွေးဖွားဇယားချပ်ကို အသက်သွင်းပြီးနောက် ၎င်းသည် နောက်ထပ် မွေးဖွားဇယားချပ်လေးခုကို ဖွင့်ပေးလိမ့်မည်။
“နောက်ထပ် မွေးဖွားဇယားချပ်လေးခုကို ဖွင့်ပေးရမှာလား” လုကျိုးသည် ချစ်ခင်ဖွယ်လအသွင် ရောင်ခြည်တန်းကို နားမလည်ပေ။
သူ၏စိတ်ထဲ၌နေရာတချို့ပေါ်လာ၏။
“ကြယ်လေးပွင့်တွေ့ဆုံမှု ကံကြမ္မာသဟဇာတဖြစ်ခြင်းနှင့် အံ့ဖွယ်သုံးခုလား”
ထိုနေရာသုံးခုဖြင့် ချစ်ခင်ဖွယ်လအသွင် ရောင်ခြည်တန်း အပါအဝင် နေရာလေးခုကိုရွေးခဲ့သည်။ သို့သော် သူတို့က သိပ်မသင့်တော်ပေ။
“မှတ်ကျောက်နဲ့ကိုက်ညီတဲ့ နောက်ထပ်မဟာမွေးဖွားဇယားချပ်တစ်ခုဖြစ်တဲ့ အစွန်းယင်ရှိသေးတယ်။ လုကျိုးသည် သူ့ဖာသာသူရေရွတ်ပြောလိုက်၏။
အဆုံးကျ ယခုအချိန်တွင် သင့်တော်သည့် နေရာတစ်ခုသာရှိတော့သည်။ သူသည် လူသားဒေသထဲတွင် ဘုရားကျောင်းဒေသထဲသို့ ဆွဲခေါ်ခြင်း၌ မွေးဖွားဇယားချပ်ကို အသက်သွင်းလိုက်သည်။ ဤနည်းဖြင့်သူသည် လင်းဟို့၏အသက်ဓာတ်နှလုံးသားကို ထိုနေရာ၌ ထည့်ထားလိုက်သည်။
ကျွီ
သူ ထင်ထားသည်ထက် ပိုလွယ်ကူ၏။ ၎င်းသည် ရုတ်တရက် ပေါ်လာသောကြောင့် အနည်းငယ်အငိုက်မိသွားတာဖြစ်လောက်သည်။ မြန်လိုက်တာ။
သူသည် နာကျင်မှုကိုတောင့်ခံရန်ခရမ်းရောင်တောက်ပသံကျောက်ကို အမြန်အသက်သွင်းလိုက်၏။ ခဏတာစောင့်ဆိုင်းပြီးနောက် လှုပ်ရှားမှုမရှိကြောင်း ရှာတွေ့သွားသည်။ သူ၏ယခင်အတွေ့အကြုံအရ မွေးဖွားနန်းဆောင်ထဲတွင် အသက်ဓာတ်နှလုံးသားကို ထားပြီးနောက် ၎င်းသည် ဖြည်းဖြည်းချင်း ပေါ်ထွက်လာကာ သူ၏သက်တမ်းကို စုပ်ယူတော့သည်။ သို့သော် လှုပ်ရှားမှုမရှိပေ။ သူ၏ယခင်အတွေ့အကြုံအရ အသက်ဓာတ်နှလုံးသားကို မွေးဖွားနန်းဆောင်ထဲထားပြီးနောက် ၎င်းသည် ဖြည်းဖြည်းမြှုပ်ဝင်သွားကာ သူ၏သက်တမ်းကို စုပ်ယူလိမ့်မည်။ သို့သော်ငြား ယခုလှုပ်ရှားမှုရှိသေးပေ။
သူ ခဏတဖြုတ်စောင့်ဆိုင်းခဲ့သော်ငြား လှုပ်ရှားမှုမရှိသေးပေ။ တစ်စုံတစ်ခုလွဲချော်နေတာကို ခံစားမိပြီး သူ၏လက်ကိုဆန့်ထုတ်ကာ အသက်ဓာတ်နှလုံးသားကို ဆွဲထုတ်ရန် ရည်ရွယ်လိုက်၏။ ဆိုရလျှင် သူ၏နယ်ပယ်ကို တည်ငြိမ်အောင်နှစ်ငါးရာသုံးထားရ၏။ သူ ကျရှုံးစရာအကြောင်းမရှိပေ။ သို့သော် သူ၏လက်က အသက်ဓာတ်နှလုံးသားကို ထိမိလျှင်ထိမိခြင်း ချစ်ခင်ဖွယ်လအသွင် ရောင်ခြည်တန်းကနေ အစပြုလျက် အလင်းတန်းတစ်ခုပေါ်လာကာ အစွန်းယင်၊ အံ့ဖွယ်သုံးပါးနှင့် ဘုရားကျောင်းသို့ သိုးအုပ်ဆွဲယူခြင်းနှင့် ဆက်နွယ်သွားတော့သည်။ “ဘာတွေဖြစ်ကုန်တာလဲ” လုကျိုးက စိတ်ရှုပ်ထွေးသွားတော့သည်။ နေရာတချို့ဆက်နွယ်သွားတာကို တွေ့လိုက်ရ၏။ တိုက်ဆိုင်သွားတာများလား။
လုကျိုးသည် ခွန်အားအနည်းငယ်ထုတ်သုံးလိုက်သော်ငြား သူ၏အသက်ဓာတ်နှလုံးသားက မြှုပ်နေသေးဆဲဖြစ်ကာ ဆွဲထုတ်၍မရပေ။
သူ့ကိုကူညီရန် ကနဦးချီသုံးလိုက်သော်ငြား ကနဦးချီပေါ်ထွက်မလာပေ။ နောက်ထပ်ဖိအားနှင့်တိုက်မိပြီး ပျောက်ကွယ်သွား၏။ “ဒါက ...”
ကျင့်ကြံသူတစ်ဦး၏စွမ်းအားသည် စွမ်းအားဗဟိုချက် ချီပင်လယ်မှလာ၏။ စွမ်းအားဗဟိုချက် ချီပင်လယ်နှင့် မွေးဖွားနန်းဆောင်တို့က တစ်ခုကိုတစ်ခု သဟဇာတဖြစ်စေသည်။ ရှုထောင့်တစ်ခုအရ လုကျိုး၏လုပ်ရပ်သည် ဝေဟင်ထဲမြှောက်ထားသည့်ခြေထောက်ကို ပြန်တက်နင်းမိတာနှင့်တူသည်။ ကနဦးချီပျောက်ကွယ်သွားတာ အံ့ဩစရာမရှိပေ။
ထုတ်လို့လည်းမရဘူး။ လှုပ်လို့လည်းမရဘူး။ ဒီအတိုင်းတစ်ဆို့နေတော့မှာလား။
“အမှားမလုပ်မိပါဘူး။ ငါ အစောတုန်းက ရွေးထားတဲ့နေရာက လိုက်ဖက်တာပဲကို”
လုကျိုးသည် မွေးဖွားဇယားချက်ကို အသက်မသွင်းခင် အမြဲတစေဂရုစိုက်၏။ ထို့ကြောင့် သူ ပြဿနာတစ်ခုမှ မကြုံတွေ့ဖူးပေ။ ယခုအချိန်တွင် ထိုသို့ဖြစ်လာရသည့်အကြောင်းအရင်းကို နားလည်ဖို့က အင်မတန်ခက်ခဲနေ၏။
ထိုစဉ် မွေးဖွားဇယားချပ်က စတင်မြည်ဟည်းလာပြီး နေရာလေးခုမှ အလင်းက ပိုတောင် တောက်ပလာ၏။ မကြာမီ၌ အသက်စွမ်းအင်သည် မွေးဖွားနန်းဆောင်ထဲမှ ပေါ်ထွက်လာပြီး ကြာပလ္လင်မှစီးကျလာ၏။
တစ်စက္ကန့်အတွင်း ၎င်းသည် ခန်းမကို အော်ရိုရာအသေးစားလေးပမာ လင်းထိန်သွားစေသည်။ ၎င်းက ပိုမိုတောက်ပလာပြီး လေ့ကျင့်ရေးခန်းမပေါ်ရှိဝေဟင်ကိုလင်းထိန်သွားစေ၏။ ယင်းက လှပပြီး ရင်သပ်ရှုမောဖွဘ်ကောင်းသည်။ “မိုးနဲ့မြေ ဖြစ်စဉ်ပေါ်လာကြောင်း ဆရာသခင်ချင်ကို သွားအကြောင်းကြား”
“နားလည်ပါပြီ”
တပည့်များသည် ချင်မျိုးနွယ်ထဲရှိ အဓိကလေ့ကျင့်ရေးခန်းမထဲမှ ကမန်းကတန်းထွက်လာလျက် ကောင်းကင်ကို မော့ကြည့်ကြလေ၏။
ချင်ရန်ယွဲ့က သတင်းပို့ချက်ရသောအခါ သူ အလျင်စလိုထွက်လာလျက် အဝေးကနေ အော်ရိုရာကိုကြည့်ရန် ဝေဟင်ထဲပျံသန်းသွားသည်။
“ကိုင်းတစ်ခုတည်း အသက်လေးသက်လား”
“ဆရာသခင် ကိုင်းတစ်ခုတည်း အသက်လေးသက်က ဘာလဲ”
“ကိုင်းတစ်ခုတည်း အသက်လေးသက်ဆိုတာ တစ်ပြိုင်နက်တည်း မွေးဖွားဇယားချပ်လေးခုကို အသက်သွင်းတယ်ဆိုလိုတာပဲ။ ဒါက အင်မတန်ရှားပါးတဲ့ အခွင့်အလမ်းတစ်ခုဖြစ်တာကြောင့် မိုးနဲ့မြေဖြစ်စဉ်ကို ပေါ်ပေါက်စေတယ်” ချင်ရန်ယွဲ့က ရှင်းပြလိုက်၏။
ထိုစကားများကို ကြားသောအခါ ပတ်ဝန်းကျင်ရှိတပည့်များက အားကျနေတော့သည်။
“ဘယ်သူများဖြစ်နိုင်မလဲ”
ဓားသမား၄၉ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ရွမ်လန်က အသံတိုးတိုးဖြင့်မေးလိုက်တော့၏။
“အစ်ကိုလုက ဆရာသခင်တစ်ပါးဖြစ်နေပြီးပြီဆိုတော့ သူ မဟုတ်လောက်ဘူး။ တကယ်သူသာဆိုရင် ထိတ်လန့်စရာပဲ။ မဟာလေဟာနယ်ရဲ့အာရုံစိုက်မှုကို ရမှာကြိမ်းသေတယ်။ ဒါက ငါ့ရဲ့ဂုဏ်သရေရှိတူတော်ပဲဖြစ်လောက်မယ်” ချင်ရန်ယွဲ့က ပြောလိုက်တော့၏။
“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထမြောက်တပည့်လား”
“သူက လွဲရင် ဒီလိုရှားပါးတဲ့အခွင့်အရေး ဘယ်သူရမလဲ” ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်၏။ “နှစ်အနည်းငယ်အတွင်း သူ့ရဲ့အောင်မြင်မှုက အစ်ကိုလုထက်မလျော့မှာ ကြိမ်းသေတယ်”
ရွမ်လန်က အံ့ဩနေတော့သည်။
ချင်ရန်ယွဲ့က ကြည့်မိလေလေ မဟာလေဟာနယ်မျိုးစေ့ပိုင်ရှင်၌ ဆန်းကျယ်မှုများ တွေ့ကြုံရလေဟု ပိုမိုခံစားရလေဖြစ်သည်။
ချင်ရန်ယွဲ့သည် သိချင်နေသော်ငြား သူသည် ထိုဖြစ်စဉ်ကို ဖြစ်ပေါ်စေခဲ့သည့် မင်ရှစ်ရင်ကို မနှောင့်ယှက်ရဲပေ။ ထို့ကြောင့် သူသည် လူတိုင်းကို တောင်ဖက်လေ့ကျင့်ရေးခန်းမနှင့် ဝေးဝေးနေရန် အမိန့်ပေးထားသည်။ သူက တောင်ဖက်လေ့ကျင့်ရေးခန်းမ၌ ကင်းလှည့်ရန်ပွဲကြည့်ပြီး ကြမ်းတမ်းခက်ထန်သားရဲများကို မောင်းထုတ်ရန်နှင့် လာကြည့်ရန်ရောက်လာသည့် ကျင့်ကြံသူများကို မောင်းထုတ်ဖို့ ဓားသမား၄၉ယောက်ကိုတောင် ကင်းလှည့်ခိုင်းထား၏။
လုကျိုးသည် ဆက်တိုက်ပေါ်ထွက်လာသည့်စွမ်းအားများကို ကြည့်ပြီး သူ့ဖာသာသူ တွေးလိုက်မိ၏။ ဒီအတိုင်းသွားနေလို့မရဘူး။
ဤအတိုင်းဆက်ဖြစ်ပွားနေပါက သူ ခဲရာခဲဆစ်မြှင့်တင်ထားသည့် ကျင့်ကြံဆင့်နှင့် ခွန်အားတို့ ပျောက်ကွယ်သွားမည်လော။
“တပြိုင်နက် မွေးဖွားဇယားချပ်တချို့ တကယ်အသက်သွင်းနိုင်တာပဲ” လုကျိုးသည် ထိုအကြောင်းတွေးမိလေလေ လက်ခံယုံကြည်လာလေဖြစ်သည်။ ထို့ကြောင့် သူ၏မွေးဖွားနန်းဆောင်ထဲ နောက်ထပ် အသက်ဓာတ်နှလုံးသားကို ထားလိုက်၏။
ကျွတ်
ဤနည်းဖြင့် အော်ရိုရာအနည်းငယ်မှိန်သွားပြီး ပေါ်ထွက်လာသည့်စွမ်းအားက နှေးသွားတော့သည်။
“အလုပ်ဖြစ်တယ်”
လုကျိုးသည် ဟယ်လော့ရီနှင့် စန္ဒာဝေလ၏အသက်ဓာတ်နှလုံးသားကိုထုတ်ကာ မွေးဖွားနန်းဆောင်ထဲရှိ မဟာမွေးဖွားဇယားချပ်နေရာကို ကြည့်လိုက်တော့၏။ ပြီးနောက် သူသည် မွေးဖွားဇယားချပ်ထဲ၌ သက်ဆိုင်ရာနေရာတွင် ထားလိုက်ပြန်သည်။
ဂျွတ်
သူ၏မွေးဖွားဇယားချပ်ထဲ အသက်ဓာတ်နှလုံးသားလေးခုကို ထားပြီးနောက် သူတို့က စတင်လည်ပတ်လာကာ သက်တမ်းကိုစုပ်ယူတော့သည်။
သူ၏တပည့်များက ဟယ်လော့ရီနှင့် စန္ဒာဝေလ၏အသက်ဓာတ်နှလုံးသားကို ပြန်လည်အသုံးပြု၍မရတော့ဟု ဆိုလိုတာပဲဖြစ်သည်။
“ထားလိုက်တော့ ... အခုတော့ သူတို့ကိုစိုးရိမ်နေဖို့မလိုဘူး”
လုကျိုးသည် သူ၏မွေးဖွားနန်းဆောင်ကို အာရုံစိုက်လျက် ပြောင်းလဲမှုကို ရှာဖွေနေသည်။ သူ၏ကျင့်ကြံမှုနှင့် သက်တမ်းအတက်အကျကို ခံစားမိသည်။
တစ်ချိန်တည်းတွင် ချင်မျိုးနွယ်ရှိ တောင်ဖက်လေ့ကျင့်ရေးခန်းမထဲရှိ ဝေဟင်ထဲမှ အော်ရိုရာက အပြည့်အဝပျောက်ကွယ်သွား၏။
မဟာလေဟာနယ်ရှိ အဖြူရောင်နန်းတော်ထဲတွင်ဖြစ်သည်။
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က ဦးညွှတ်လျက်ပြောလိုက်တော့သည်။ “ဆရာ အစိမ်းရောင်ကြာနယ်မြေထဲမှာ တစ်ကိုင်းထဲအသက်လေးသက်အတွက် ဖြစ်စဉ်ပေါ်လာပါတယ်။ မဟာလေဟာနယ်မျိုးစေ့ပိုင်ရှင်ပေါ်လာတာဖြစ်လောက်တယ်။ မြင့်မြတ်ခန်းမက လူလွှတ်လိုက်ပါပြီ”
လန်ရှီဟယ်က ခေါင်းညိတ်လိုက်၏။ “အဲ့ဒီတုန်းက ငါတို့ မဟာလေဟာနယ်မျိုးစေ့ ၁၀စေ့ ဆုံးရှုံးခဲ့တယ်။ တစ်ယောက်ယောက်က မျိုးစေ့ကို သုံးလိုက်တာနဲ့ အနှေးနဲ့အမြန်ရှာတွေ့မှာပဲ။ အဖြူရောင်မျှော်စင်အဖွဲ့အစည်းကလွဲရင် ကျန်တာ ဂရုစိုက်နေစရာမလိုဘူး။ မြင့်မြတ်ခန်းမက ဒီကိစ္စကို ဖြေရှင်းလိမ့်မယ်။
ဝတ်ရုံပြာအမျိုးသမီးလက်ထောက်က ပြောလိုက်၏။ “ဒါပေမဲ့ လက်ရှိမျှော်စင်သခင် ...”
“သူ ဖော်ထုတ်ခံရမှာ မဟုတ်ဘူး။ အဲ့တာငါ့ရဲ့လေ့ကျင့်ရေးခန်းမပဲ မမေ့လိုက်နဲ့ ငါလည်း မျှခြေထိန်းသိမ်းသူတစ်ယောက်။ မဟာလေဟာနယ်ရဲ့အာရုံစိုက်မှုကို ဘယ်လိုရှောင်ရမလဲဆိုတာ လူတိုင်းထက်ပိုသိတယ်” လန်ရှီဟယ်က ပြောလိုက်၏။
“ကျွန်မ နားလည်ပါပြီ”
...
အခန်း (၁၃၅၈) တူညီသည့် လေးယောက်က တူညီသည့် မျိုးနွယ်တွင် နေထိုင်ခြင်း
လန်ရှီဟယ်က ဆက်ပြောလိုက်သည်။
“ယဲ့ထျန်းရှင်းက မဟာလေဟာနယ်မျိုးစေ့ရှိတယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောနဲ့။ အဓိပ္ပာယ်မရှိတာတွေ ပြောတယ်ဆိုရင် မင်းကို အလွယ်တကူ လွှတ်ပေးမှာမဟုတ်ဘူး”
အပြာဝတ်အမျိုးသမီးက အလျင်အမြန် ဒူးထောက်လိုက်သည်။
“သခင်အပေါ်မှာ သစ္စာရှိပါတယ်။ နေမင်းလမင်းတွေက ဒါကို မျက်မြင်သက်သေခံနိုင်ပါတယ်။ တကယ်လို့ သစ္စာမရှိမှုကို ပြသခဲ့မယ်ဆိုရင် ဆိုးဆိုးရွားရွား သေပါစေ”
လန်ရှီဟယ်က ရှေ့တိုးလာပြီး ထိုအမျိုးသမီးကို ဆွဲထူလိုက်သည်။
“ဒါပေါ့။ မင်းကို ယုံပါတယ်။ မင်းက ငါနဲ့ ရှိနေတာ နှစ်တွေ ဒီလောက်တောင်ကြာပြီ။ မင်းရဲ့ ကိုယ်ပွားကတောင် ငါနဲ့ မျှခြေကိုထိန်းဖို့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းထိ လိုက်ခဲ့တာလေ။ တကယ်လို့ မင်းကို မယုံနိုင်ဘူးဆိုရင် ဘယ်သူ့ကို ယုံရမလဲဆိုတာကို မသိတော့ဘူး”
ထိုစကားများက အနည်းငယ် ဝမ်းနည်းစေသည်။ လန်ရှီဟယ်အနေနှင့် ဤကျယ်ပြောလှသည့် မဟာလေဟာနယ်အတွင်း ယုံကြည်ရသည့်သူဟူ၍ မရှိပေ။
အပြာဝတ်အမျိုးသမီးက စိတ်သက်သာအောင် ပြောလိုက်သည်။
“သခင်လေး မျှော်စင်သခင်ယဲ့ကို ယုံလို့ရပါတယ်”
လန်ရှီဟယ်က သက်ပြင်းချလိုက်၏။
“ဒါပေမဲ့ သူမက ငါ့ကို မယုံဘူးလေ။ သူမက အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှာဆက်နေဖို့ သဘောတူရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက မျှော်နန်းသခင်လုကြောင့် မျှော်စင်သခင် ဖြစ်လာတာပဲ။ ငါက ဒီလိုရှုံးနိမ့်ခဲ့တာ”
“မဟုတ်ပါဘူး။ သခင်ကို ယုံကြည်တဲ့သူ အများကြီးရှိပါသေးတယ်” အပြာဝတ်အမျိုးသမီးက နှစ်သိမ့်ပေးလိုက်သည်။
“သူတို့ကို ထားလိုက်ပါတော့။ သူတို့က ငါ့ဆီကနေ အကျိုးအမြတ်ယူဖို့ ဒါမှမဟုတ် အခွင့်ကောင်းယူဖို့ပဲ ကြိုးစားနေကြတာ” လန်ရှီဟယ်က ပြောလိုက်သည်။
အပြာဝတ်အမျိုးသမီးက ခေါင်းညိတ်လိုက်၏။
“မင်း ပြောတာမှန်ပါတယ်”
လန်ရှီဟယ်က သက်ပြင်းတစ်ချက်ချကာ ဆက်ပြောလိုက်သည်။
“အခု မဟာလေဟာနယ်မျိုးစေ့ ပေါ်လာပြီဆို တခြားမျိုးစေ့ ၈ခုလုံးကလည်း ပေါ်ထွက်လာနိုင်ခြေရှိတယ်။ မဟာလေဟာနယ်မျိုးစေ့က ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်နဲ့ ပါရမီကို သိသိသာသာ ပြောင်းလဲပေးနိုင်တယ်။ တကယ်လို့ လူတစ်ယောက်ရဲ့ ပါရမီက မြင့်မားနေပြီးသားဆိုရင်တော့ ပိုကောင်းတာပေါ့။ မျှခြေမညီမျှမှုက ကမ္ဘာကြီးဆီ ဖရိုဖရဲတွေ ဆောင်ကြဉ်းလာဦးမှာ”
အပြာဝတ်အမျိုးသမီးက ပြောလိုက်သည်။
“သခင် အများကြီး စိတ်မပူပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် မျှော်စင်သခင်ယဲ့ကို ကာကွယ်ပေးပါ့မယ်။ တကယ်လို့ ကျွန်မ သေမယ်ဆိုရင်တောင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းကို စောင့်ရှောက်ပါ့မယ်”
လန်ရှီဟယ်နှင့် အပြာဝတ်အမျိုးသမီးတို့က ရပ်နေရင်း ကောင်းကင်ပြာကို တိတ်တဆိတ် ကြည့်လိုက်ကြသည်။
…………………………………………………
အစိမ်းရောင်ကြာနယ်မြေ၏ ချီမျိုးနွယ်ရှိ တောင်ဘက်လေ့ကျင့်ရေးခန်းမအတွင်း
သူက သူ့မွေးဖွားနန်းဆောင်ရှိ အသက်ဓာတ်နှလုံးသားလေးခုကို ကြည့်လိုက်သည်။
ဗဟုသုတအရ ထိုအရာသည် မဖြစ်နိုင်လုနီးပါး ဖြစ်၏။ သို့သော် သူက ထိုသို့လုပ်ဆောင်နိုင်ခဲ့သည်။ ဤသည်က အင်မတန်ထူးကဲလှသည့် အခွင့်အရေးတစ်ခု ဖြစ်၏။ မွေးဖွားဇယားချပ်လေးခုကို တစ်နေရာတည်းတွင် အသက်သွင်းဖို့ရာအတွက် စွန့်စားမှုများကို စုထားခြင်းနှင့် တူညီလေသည်။
သူ့ကျင့်ကြံဆင့်ကို နှစ်ငါးရာကြာအောင် တည်ငြိမ်စေပြီးသည့်နောက်တွင် လုကျိုး၏ မွေးဖွားနန်းဆောင်က မယုံကြည်နိုင်လောက်ဖွယ် အနေအထားတစ်ခုသို့ ရောက်ရှိသွားလေ၏။ အကယ်၍ သူက မွေးဖွားဇယားချပ်လေးခုလုံးကို တစ်ပြိုင်နက်အသက်မသွင်းနိုင်လျှင်ပင် နှစ်ခုကို တစ်ပြိုင်နက် အသက်သွင်းဖို့ရာ မခက်ခဲသင့်ပေ။
“အဲဒီအတွက် နှစ်ငါးရာလား” လုကျိုးက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သက်တမ်းကို စုပ်ယူပြီးသည်ကို ခန့်မှန်းပြီးသည့်နောက်တွင် သူက မတည်မြဲခြင်းတိုင်လုံး၏ အရှိန်ကို တစ်ရာမှ လေးရာအထိ မြှင့်တင်ခဲ့၏။
သူက အသက်ဓာတ်နှလုံးသားများ၏ စုပ်ယူနှုန်းသည် သူ တံခါးပိတ်ကျင့်ကြံနေစဉ်အခါကနှင့် တူညီကြောင်း တွေ့လိုက်ရသည်။
အဆလေးရာ တိုးပွားလာမှုနှင့် မွေးဖွားဇယားချပ်လေးခုတို့ အသက်သွင်းထားမှုကြောင့် လုကျိုးက အနည်းငယ် နာကျင်မှုကို ခံစားလိုက်ရသည်။ ကံမကောင်းစွာဖြင့် သူက နှစ်ငါးရာကြာ ကျင့်ကြံဆင့်ကို တည်ငြိမ်အောင်လုပ်ခဲ့သည့်အတွက် နာကျင်မှုက တောင့်ခံ၍ရပေသည်။
သူက အံ့ဖွယ်စွမ်းအားဖြင့် နာကျင်မှုကို ပယ်ဖျောက်ဖို့ ဆုံးဖြတ်လိုက်၏။
“စိတ်ဝိညာဉ်သဏ္ဌာန်”
သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်ပြီး ယခုအခါ ထိုအရာက အပြာစွန်းစွန်း ဖြစ်နေလေပြီ။ ဖုံးကွယ်ရေးကတ်က အာနိသင်ဆုံးရှုံးသွားသည်မှာ ကြာမြင့်သွားပြီဖြစ်၏။
“ဒီလောက်တောင် စွမ်းအားတွေ များနေတာလား” သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ စွမ်းအားသည် ဤမျှပေါကြွယ်ဝလိမ့်မည်ဟု ထင်မှတ်မထားပေ။ သူက ထိုအရာကို ပြုစုပျိုးထောင်ဖို့ အချိန်များစွာပင် မသုံးခဲ့ရပေ။ သူ့ရန်သူများကို အံ့ဖွယ်စွမ်းအားဖြင့် သတ်ဖြတ်ခြင်းမှ လွဲ၍ သူသည် ရွှေကြာက သူ့အတွက် ပိုမိုအသုံးဝင်သည်ဟု ထင်ခဲ့မိ၏။
သို့သော်လည်း ထိုအရာ၏ ကြီးထွားမှုက အံ့အားမသင့်စေပေ။ ကောင်းကင်ကျမ်းအပေါ် လေ့လာဆင်ခြင်ခြင်းက ကြီးထွားမှုကို အထောက်အကူ ဖြစ်၏။
ထိုအရာ၏ ပေါကြွယ်ဝသည့် စွမ်းအားများကို မြင်တွေ့ပြီးသည့်နောက်တွင် လုကျိုးက သူသည် အဆင့်တက်လှမ်းနိုင်မလား ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ ဤသို့ဖြင့် သူက လုံးဝကို ရှေ့တိုးကာ သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ထဲမှ အသက်ဓာတ်စွမ်းအားကို ရုန်းရင်းဆန်ခတ်ဖြစ်စေလိုက်သည်။
အပြာရောင်အလင်းကွင်းက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်အောက်တွင် ပေါ်ထွက်လာပြီး စတင်၍ ကျဆင်းလာသည်။ သို့သော်လည်း ထိုအရာကျဆင်းမှုက မချောမွေ့လှပေ။ တကယ်တော့ ကျဆင်းဖို့ရာ ရုန်းကန်နေရဟန်ပေါ်၏။ ဤအရာက ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်လောက် မလွယ်ကူလှပေ။
“ကြည့်ရတာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်နဲ့ အဆင့်တက်လှမ်းဖို့ ခက်ခဲပုံရတယ်”
ငါ့ရဲ့ သက်တမ်းကို သုံးပြီး အဆင့်တက်လှမ်းတာက ပိုပြီးလွယ်တယ်။ ဒါပေမဲ့ ပွင့်ချပ်တစ်လွှာအတွက် နှစ်သက်တမ်းတစ်သောင်းကတော့ စနစ်က ငါ့ကို သတ်ဖို့ ကြိုးစားနေတာလား…
အကယ်၍ သူသာ လူနာတစ်ယောက်ဖြစ်ပြီး ကောင်းကင်ကျမ်းကို လေ့လာခြင်းဖြင့် အဆင့်တက်လှမ်းခြင်းက ကောင်းမွန်သော ရွေးချယ်မှုတစ်ခု ဖြစ်သည်။ သို့သော်လည်း ဤအရာက ကြာမြင့်လွန်းလှ၏။
အပြာရောင်အလင်းစက်ကွင်းက မတက်လှမ်းနိုင်အောင် မမြင်နိုင်သည့်စွမ်းအားတစ်ခုက တားဆီးထားရဟန် ပေါ်သည်။ ထိုအရာက သူ့စွမ်းအင်ဗဟိုချက်ထဲရှိ ချီပင်လယ်ထဲတွင် စွမ်းအား ဖြစ်ပေါ်လာဟန်ပေါ်၏။
ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် အဆင့်တက်လှမ်းခြင်းက နာကျင်မှုကို ဆောင်ကြဉ်းလာသော်လည်း အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကမူ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတို့နှင့် တူပေသည်။
ကောင်းပြီလေ။ သူတို့က နှစ်ခုလုံးက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ဆောင်ကြဉ်းပေးလာတာပဲ…
သူ အနည်းငယ် မဆင်မခြင်ဖြစ်သွားသည်ဟု ထင်ခဲ့မိသည်။ သူက မွေးဖွားဇယားချပ်လေးခုကို အပြီးသတ်သည်အထိ စောင့်ဆိုင်းပြီးမှ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို အဆင့်မြှင့်တင်ဖို့ ကြိုးစားကြည့်ခဲ့သင့်သည်။ သို့သော် ယခု စတင်ပြီးသားဖြစ်သည့်အတွက် မရပ်တန့်နိုင်တော့ပေ။ သူက အံကြိတ်ကာ ဆက်လက် လုပ်ဆောင်လိုက်၏။
“ငါ မလုပ်နိုင်ဘူးလို့ မယုံဘူး”
လုကျိုးက လက်ကို အောက်ချကာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို သေးစေပြီး အပြာရောင်အလင်းစက်ကွင်းကို ကြည့်စေလိုက်သည်။
ထို့နောက် ပူဖောင်းသံများက ဆူညံစွာ ထွက်ပေါ်လာလေ၏။ ထိုအရာက ရေပွက်ပွက် ဆူနေသည့်အသံနှင့် တူလေသည်။
လုကျိုး၏ နဖူးမှ ချွေးများစတင်စီးကျလာလေ၏။ သူက အတော်လေး လေးလံလှသည့် ဝန်ထုပ်ဖြင့် ဖိခံထားရတာမျိုး ဖြစ်နေသည်။ သူ့စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒတို့ပင် ဖိအားအောက် ကျရောက်နေလေ၏။
အနောက်ဘက်သို့ ခရီးသွားခြင်းကဲ့သို့ သူသည် သူ့ကို ထိန်းချုပ်ထားသည့် ရွှေရောင်ခေါင်းပတ် ဝတ်ဆင်ထားကြောင်း ရုတ်ချည်းအမှတ်ရသွားလေ၏။ ထိုအပြာရောင်စက်ဝန်းသည်လည်း သူ့ကို ချုပ်ထိန်းဖို့ ကြိုးစားနေသည်ဟု ခံစားလိုက်ရသည်။
ငါက မျောက်တစ်ကောင် မဟုတ်ဘူး။ ငါ့ကို ချုပ်ထိန်းထားလို့ မရဘူး။
သူက လက်ကို ဆက်လက်ဖိကပ်လိုက်သည်။
ရွှေရောင်လက်ဝါးစည်းတံဆိပ်က အပြာရောင်အလင်းစက်ကွင်းအပေါ် ကျရောက်လာလေ၏။
ဘန်း
ကြည်လင်နေသည့် ရေကန်သဖွယ် အပြာရောင်အလင်းစက်ကွင်းက နောက်ဆုံးတွင် ကျရောက်လာခဲ့သည်။
လုကျိုးက သူ့ဆီလျှို့ဝှက်ဆန်းကြယ်စွမ်းအားတစ်ခု တွန်းပို့လာသည်ကို ခံစားမိပြီးသည့်နောက်တွင် လွင့်စင်သွားခဲ့၏။
ဘန်း
လုကျိုး၏ ကျောက လေ့ကျင့်ရေးခန်းမရှိ အစီအရင်ထိန်းချုပ်မှုများဖြင့် ဝင်တိုက်သွားခဲ့သည်။ သူတို့က လိုက်လာပြီးသည့်နောက်တွင် သူ့အား ပင့်ကူမျှင်သဖွယ် ရစ်ပတ်ထားလိုက်၏။
ချက်ချင်းဆိုသလို အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က အလျင်အမြန်ရစ်ပတ်လာပြီးသည့်နောက်တွင် အံ့ဖွယ်စွမ်းအားတို့ ထွက်ပေါ်လာသည်။
လုကျိုးက သွေးနှင့်ချီတို့ကို ဖိနှိပ်ထားပြီး အလင်းစက်ကွင်းကို ထပ်မံ ဖိနှိပ်လိုက်ပြန်သည်။
ဒါကဒီလောက်တောင် ခက်ခဲလား။
သူ့ကျင့်ကြံဆင့်ကို နှစ်ငါးရာမျှ တည်ငြိမ်အောင်လုပ်ပြီးသည့်နောက်တွင် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ရှေးရိုးဆန်သည့် နည်းလမ်းကို အသုံးပြုပြီး အဆင့်မြှင့်တင်ဖို့က အင်မတန်ခက်ခဲနေဆဲသာ ဖြစ်၏။ သူက ကျင့်ကြံဆင့်ကို အချိန်တော်ကြာ မတည်ငြိမ်အောင် လုပ်ဆောင်နိုင်ခဲ့လျှင် မည်မျှပင် ပိုမိုခက်ခဲသွားနိုင်မည်နည်း။
ရွှေရောင်နှင့် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်တို့က တောက်ပနေပြီး ဘယ်တစ်ခု၊ ညာတစ်ခု ရှိနေသည်။
လုကျိုးက တူညီသည့်နေရာတွင်ရှိသည့် အသက်လေးသက်မှ အလင်းရောင်သည် အပြာရောင်အလင်းစက်ကွင်းနှင့် ပေါင်းစည်းသွားကြောင်း မြင်လိုက်ရ၏။
“…”
လုကျိုးက အခင်းအပေါ် ရောက်ရှိလာကာ အသက်ပြင်းပြင်းရှူပြီး သူ့ရှေ့တွင်ရှိနေသည့် နားလည်ရခက်သည့် မြင်ကွင်းကို လေ့လာနေလေသည်။ ဤသည်က နားလည်ရခက်သည်ထက် ကျော်လွန်နေပြီး လက်ရှိကျင့်ကြံရေးလောကတွင်ရှိသည့် လူအားလုံး၏ နားလည်မှုထက်ပင် ကျော်လွန်နေမည်ဟု ယုံကြည်သည်။ မည်သူကမှ စိတ်ဝိညာဉ်သဏ္ဌာန်ကို တစ်ခါတည်း နှစ်ခု မကျင့်ကြံနိုင်ကြပေ။
သူက ပထမဦးစွာ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်စဉ်အခါက ရှေးဟောင်းစာအုပ်များကို ဖတ်ရှုခဲ့ဖူး၏။ သူက ကျင့်ကြံသူတစ်ဦးသည် စိတ်ဝိညာဉ်သဏ္ဌာန် နှစ်ခုကို ကျင့်ကြံမည့်အကြောင်း တစ်ခါမှ မတွေ့ခဲ့ရပေ။ တခြားနည်းဖြင့်ပြောရလျှင် ရှေးခေတ်အချိန်ကတည်းက သူသည် စိတ်ဝိညာဉ်သဏ္ဌာန် နှစ်ခုကို ကျင့်ကြံနိုင်သည့် ပထမဦးဆုံး ဖြစ်ဟန်ပေါ်၏။
သူက ဖိအားကို ခုခံထားပြီး တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီနေသည့် စွမ်းအားများကို ကြည့်ကာ ပျော်ရွှင်လာမိသည်။ လှပသည့် အရာများက လူများက ပျော်ရွှင်စေ၏။ နည်းလမ်းများက ပိုမိုပေါင်းစည်းလာလေလေ မြင်ကွင်းက ပိုမိုတောက်ပလာလေလေ ဖြစ်သည်။ သို့သော်လည်း တောက်ပသည့်အရာများက ကြာရှည်မခံကြပေ။
ဤတစ်ကြိမ်၌ တူညီသည့် ကဏ္ဍတွင်ရှိသည့် အသက်လေးခုက ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့သည်။
ဂျွတ်
ထို့နောက် မွေးဖွားဇယားချပ် နေရာများက တစ်ခုပြီးတစ်ခုဆိုသလို လင်းလက်လာလေ၏။ အလင်းတန်းက အပြာရောင်အလင်းတန်းဆီ ပျံ့နှံ့သွားကာ လျှပ်စီးစက်ဝိုင်းပြတ်လိုမျိုး ဖြစ်နေသည်။ အပြာရောင်အလင်းစက်ကွင်းက ရွှေရောင်အလင်းတန်းနှင့်အတူ တောက်ပလာပြီးသည့်နောက်တွင် ရုတ်ချည်းဆိုသလို ပြုတ်ကျသွားသည်။
ဂျွတ်
တစ်ချိန်တည်းဆိုသလို မွေးဖွားနန်းဆောင်ရှေ့တွင်ရှိသည့် တည်နေရာလေးခုက ပြားချပ်ကာ ချောမွေ့သွားလေ၏။ ဆိုလိုသည်မှာ မွေးဖွားဇယားချပ်လေးခုကို အသက်သွင်းပြီးသွားပြီ ဖြစ်၏။
လုကျိုး၏ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်က နာကျင်မှုကလည်း ပျောက်ကွယ်သွားခဲ့သည်။ နွေးထွေးသည့် စွမ်းအားလှိုင်းတစ်ခုက သူ့ချီပင်လယ်ထဲ ဝင်ရောက်လာကာ သူ့အား သက်တောင့်သက်သာ ဖြစ်သွားစေ၏။
ဤတစ်ကြိမ် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ ကြာပွင့်တွင် ၆ခုမြောက် ပွင့်ချပ် ပေါ်ထွက်လာသည်။
...
အခန်း (၁၃၅၉) ငါက ဆရာသခင်တစ်ပါးကို စောင့်နေတာ
“ပြီးသွားပြီလား”
ယင်းက လုကျိုး၏မျှော်လင့်ချက်ထဲတွင် မပါ။ သူသည် မွေးဖွားဇယားချပ်လေးခုကို အောင်မြင်စွာအသက်သွင်းပြီး တစ်ချိန်တည်းတွင် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို မြှင့်တင်နိုင်မည်ဟု မထင်ထားပေ။
စိတ်ဖိအားပျောက်ကွယ်သွားပြီး သူက အလွန်သက်သောင့်သက်သာ ပေါ့ပေါ့ပါးပါးဖြစ်လာတော့သည်။ သူ ပျံသန်းနေသည့်ပမာခံစားရ၏။
လုကျိုးက အင်္ကျီလက်ကိုဝေ့ယမ်းလိုက်သည်။ “ခုံမင်”
အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က တစ်မီတာမြှင့်တက်သွားသည်။ ၎င်းသန့်စင်ချိန်၌ ပုံမှန်အတိုင်းပြန်ဖြစ်သွားလေ၏။
လုကျိုးက လက်လှုပ်ရှားလိုက်ချိန်တွင် အပြာရောင်ကြာပွင့်က ပျံသန်းသွားတော့သည်။ အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန် ပျောက်ကွယ်သွားပြီး ပွင့်ချပ်ခြောက်ခုသာလျှင် လေထဲကျန်ရစ်သည်။ သူက ပွင့်ချပ်ခြောက်ခုကိုထိန်းချုပ်ပြီး စားပွဲဆီသို့ပစ်ထုတ်လိုက်၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ပြီးနောက်ပွင့်ချပ်များက ကြာပွင့်ဆီပြန်လာတော့သည်။ စားပွဲက ကျောက်ပုံဖြစ်သွားလေ၏။
လုကျိုးသည် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ခွန်အားကို စစ်ဆေးနိုင်မှာမဟုတ်မှန်း သိသည်။ သူက ၎င်း၏လှုပ်ရှားမှုနှင့် ၎င်း၏အစိတ်အပိုင်းအသီးသီးကို ထိန်းချုပ်နိုင်သည်။ သူ၏စွမ်းရည်ကို စမ်းသပ်နေရုံသာ ဖြစ်သည်။ အတော်လေးစိတ်ကျေနပ်ဖွယ်ကောင်းကြောင်း သိလိုက်ရ၏။ ကောင်းကင်ကျမ်းစာစွမ်းအားဖြင့် ယခုဆို စိတ်ဝိညာဉ်သဏ္ဌာန်၏ခွန်အားကို စဉ်းစားနေဖို့ မလိုအပ်တော့ချေ။
သူ၏မွေးဖွားဇယားချပ်၁၈ခု ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်သည် ကောင်းကင်စွမ်းအား မြှုပ်နှံထားသည့် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်မှ ရိုက်ချက်တစ်ချက်ကို ခံနိုင်ရည်ရှိမည်ဟုမထင်ပေ။
လုကျိုးသည် ရွှေကြာကိုကြည့်လိုက်လေ၏။ သူက ပြီးပြည့်စုံသည့် အနုပညာလက်ရာတစ်ခုကို ရှုမြင်ခံစားနေရသည့်ပမာ ကြည့်လိုက်မိသည်။ ကြာပလင်ပေါ်ရှိ ပုံသဏ္ဌာန်က ထူးကဲနေသည်။
မွေးဖွားဇယားချပ် ၁၈ခု၊ နယ်ပယ်ဘယ်လောက်တည်ငြိမ်နေလဲ စမ်းကြည့်ဖို့အပြင်ထွက်ရမယ်။
တကယ်တော့ သူသည် လေ့ကျင့်ရေးခန်းမထဲ၌ ၎င်းကိုစမ်းသပ်နိုင်၏။ ဘေးကင်းရေးအတွက် သူသည် ဝေးလံသောနေရာတစ်နေရာသို့သွားကာ ၎င်း၏စွမ်းအားကိုစမ်းသပ်နိုင်သည်။ ဘာမှမဖြစ်လျှင် သူသည် ကောင်းကင်ကြိုးတန်းသို့သွားနိုင်ပေသည်။ မတည်ငြိမ်သေးပါက သူ ဤနေရာသို့ပြန်လာပြီး တည်ငြိမ်အောင် ထပ်လုပ်နိုင်သည်။ ဆရာသခင်စမ်းသပ်မှုကို ဖြတ်ကျော်သွားစေရန် ယင်းက ပိုလွယ်ကူသွားပေလိမ့်မည်။
တတိယမြောက်မွေးဖွားစမ်းသပ်မှုသည် ဆရာသခင်စမ်းသပ်မှုဟုလည်း သိ၏။ မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ပြီးနောက် ဆရာသခင်တစ်ပါးဖြစ်လာလိမ့်မည်။
လုကျိုးသည် ကျန်ရှိသောသက်တမ်းကို ကြည့်လိုက်သည်။
ကျန်ရှိသောသက်တမ်း= ၁၀၃၈၇၅၅၆ရက် ( ၂၈၄၅၉နှစ်)
“ဆရာသခင်တစ်ပါးမှာ သက်တမ်းသုံးသောင်းရှိတယ်။ ဒါဆို သက်တမ်း သောင်းနှစ်ထောင်နဲ့ ...” လုကျိုးက သူ့ဖာသာသူရေရွတ်ပြောပြီး သက်တမ်းကို တွက်ချက်လိုက်၏။ သူ အသက်ဓာတ်နှလုံးသားများကို ပြန်လည်အသုံးပြုခြင်းကြောင့်သာမဟုတ်လျှင် ယခုအချိန်၌ သက်တမ်းသုံးသောင်းကျော် ရှိနေလောက်ပြီဖြစ်သည်။ မည်သည့်နည်းနှင့်မဆို သက်တမ်း နှစ်သောင်းရှစ်ထောင်က မဆိုးပေ။
သို့သော်ငြား လုကျိုးသည် သတိထားရန် လိုအပ်နေသေး၏။ သွေးစုပ်ဖုတ်ကောင်ကဲ့သို့ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့်ဆို သက်တမ်းနှစ်သောင်းရှစ်ထောင်က ဘာမှမဟုတ်ပေ။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ဘုံတစ်ထောင်လေပွေအဆင့်ထဲ ဝင်ရောက်သွားချိန်တွင် သက်တမ်း နှစ်သောင်းရှစ်ထောင်က ၎င်း၏သွားကြားကိုတောင် ညှပ်စေမှာမဟုတ်။
ပြီးနောက် လုကျိုးသည် လက်ဝေ့ယမ်းလျက် မတည်မြဲခြင်းတိုင်လုံး၏အရှိန်ကို အဆတစ်ရာအထိ လျှော့ချလိုက်သည်။
မျက်စိတစ်မှိတ်အတွင်း တောင်ဖက်လေ့ကျင့်ရေးခန်းမနားရှိ မြောက်ပိုင်းတောင်ထွတ်ပေါ်၌ လူရိပ်တစ်ရိပ် ပေါ်လာသည်။
“မွေးဖွားဇယားချပ်လေးခုရဲ့စွမ်းရည်က တစ်ခုနဲ့တစ်ခု ပဲ့တင်စေတာပဲ”
လင်းဟူ၏ အသက်ဓာတ်နှလုံးသားနှစ်ခုမှ အရှိန်သည် အံ့ဩဖွယ်ကောင်းလှပေ၏။ ဤအရှိန်သည် ကောင်းကင်တာအိုအစွမ်းကို မထည့်ရသေးပေ။
“ဟယ်လော့ယွီရဲ့စွမ်းရည်ကကော” လုကျိုးသည် အသိစိတ်တစ်မျှင်ကို သူ့မွေးဖွားနန်းဆောင်ထဲရှိ ဟယ်လော့ယွီနေရာဆီပို့လိုက်တော့သည်။
၎င်းလင်းလာသည်နှင့် ကျန်သည့်နေရာသုံးခုသည် ချက်ချင်းပင် ပဲ့တင်လာကာ သူတို့၏စွမ်းအားများကို ကူးပြောင်းပေးသည်။
ဘီး
လုကျိုး၏ကိုယ်ခွဲ၁၀ခုက ချက်ချင်းက ပေါ်လာတော့သည်။
“ဟယ်လော့ယွီမှာ ခေါင်းတစ်ခေါင်းတည်း ခန္ဓာ၁၀ခုရှိတယ်။ ဒီတော့ သူ့ရဲ့စွမ်းရည်က ကိုယ်ခွဲ၁၀ခုဖန်တီးနိုင်တာလား” လုကျိုးကခေါင်းခါလိုက်တော့သည်။ ဤကိုယ်ခွဲများသည် လူပိန်းများကို စိတ်ရှုပ်ထွေးအောင်လုပ်နိုင်သော်ငြား ပညာရှင်များနှင့် ရင်ဆိုင်ရာ၌ ထိရောက်မှုမရှိ။
လုကျိုးသည် ဟယ်လော့ယွီ၏နေရာကို ကြည့်လိုက်တော့သည်။ ယင်းက သူ၏၁၈ခုမြောက်မွေးဖွားဇယားချပ်လည်းဖြစ်သည်။ သူ့ဖာသာသူရေရွတ်ပြောလိုက်၏။
“ငါက လုဝူ၊ ယုံဟယ်၊ ထျန်းဝူ၊ ဟယ်လော့ယွီနဲ့ စန္ဒာဝေလတို့ရဲ့အသက်ဓာတ်နှလုံးသားနဲ့ စုစုပေါင်း မဟာမွေးဖွားဇယားချပ် ၆ခုအသက်သွင်းပြီးပြီ”
“စန္ဒာဝေလရဲ့စွမ်းရည်က ဘာလဲ”
၁၈ခုမြောက်မွေးဖွားဇယားချပ်သည် ဆရာသခင်တစ်ပါးဖြစ်လာစေ၏။ ၎င်း၏အရေးပါးမှုက အထင်းသားပေ။
နေရာလေ့လာချိန်တွင် ၎င်းက အခြားသောမွေးဖွားဇယားချပ်သုံးခုနှင့် ပဲ့တင်ပြန်၏။ ပြီးနောက် လေထဲတွင် ဆူညံသံတစ်သံ ပေါ်ထွက်လာသည်။
ပြီးနောက် မွေးဖွားဇယားချပ်စွမ်းအားသည် ဝေဟင်ထဲတက်သွားပြီးနောက် တိမ်စိုင်တိမ်မည်းများ လွှမ်းသွားတော့သည်။ မိုးခြိမ်းသံတစ်သံကြားလိုက်ရပြီး ရွာသွန်းကျလာ၏။
ရေနေသတ္တဝါများ၊ သာမန်ရေသားရဲတို့သည် အသက်ဘေးအတွက် ထွက်ပြေးကြသည်။ ခဏအကြာ၌ အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။
“...”
ဒါအကုန်ပဲလား ... လုကျိုး မျက်မှောင်ကျုံ့မိသွားသည်။ သူ၏မွေးဖွားဇယားချပ်နှစ်ခုသည် ခွန်အားမရှိဟု သူ ခံစားမိသည်။
ခဏအကြာ၌ သူ၏ကျင့်ကြံမှုကို စစ်ဆေးလိုက်သောအခါ အတော်လေးတည်ငြိမ်နေတာကို တွေ့လိုက်ရသည်။ သူ စိတ်ကျေနပ်စွာ ခေါင်းညိတ်မိသွား၏။
“အနည်းဆုံးတော့ သက်တမ်း ၅၀၀က အချည်းနှီး မဖြစ်သွားဘူးပဲ”
လုကျိုးသည် မြောက်ပိုင်းကိုကြည့်လိုက်၏။ ယခုက ကောင်းကင်ကြိုးတန်းကို သွားရောက်လည်ပတ်ရမည့် အချိန်ဖြစ်သည်။ ထိုနေရာ၌ မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ရမည်။ တောင်ဖက်လေ့ကျင့်ရေးခန်းကို ခဏတဖြုတ်လှည့်ကြည့်မိ၏။ သူနှင့်အတူ မည်သူ့ကိုမှ ခေါ်ဖို့မစီစဉ်ထားပေ။ နတ်ခြင်္သေ့တောင် မခေါ်။
လျှပ်တစ်ပြက်အတွင်း သူသည် ကောင်းကင်ကြိုးတန်းရှိရာပျံလွှားတောင်ထွတ်ဆီသို့ ပျံသန်းလိုက်၏။
ပျံလွှားတောင်ထွတ်
တောင်ထွတ်သည် ဘယ်ဖက်ခြမ်းတွင်ရှိပြီး ကျန်တစ်ဖက်က ညာဖက်ခြမ်းတွင်ရှိ၏။ သူတို့က တိမ်တိုက်များထိအောင် ထိုးဖောက်နေပြီး မိုးထိအောင်မြင့်နေ၏။
ကောင်းကင်ကြိုးတန်းသည် တောင်ထွတ်နှစ်ခုကို ဆက်ထားပေးပြီး အစိမ်းရောင်ကြာနယ်မြေထဲတွင် လေ့ကျင့်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။
ကျင့်ကြံသူရာထောင်ချီကို တောင်ဖက်ပျံလွှားတောင်ထွတ်၏ တောင်ခါးပန်းပေါ်တွင် တွေ့နိုင်သည်။ ကျင့်ကြံသူလူငယ်လေးများစွာက လေထဲပျံသန်းနေကြ၏။ သူတို့က ကောင်းကင်ကြိုးတန်းကို ဖြတ်ကျော်ရန် ကြိုးစားနေကြသည်။
“ခက်ခဲလွန်းတယ်။ ဒီတစ်ခေါက် အချိန်၁၀ပုံ ၁ပုံပဲ ရှေ့သွားနိုင်ခဲ့တာ။ နောက်ထပ် ထပ်တိုးရမယ်”
“ဂိုဏ်းချုပ်က ငါတို့တွေ ပင်မတပည့်နေရာအတွက် ယှဉ်ပြိုင်ဖို့ အရည်အချင်းမပြည့်ဝခင် အနည်းဆုံးတော့ ကြိုးတန်းရဲ့ ၄ပုံ၁ပုံကို ဖြတ်ကျော်ရမယ်လို့ပြောတယ်”
“စိတ်ဓာတ်မကျပါနဲ့။ ပြောရရင် ဆရာသခင်တွေပဲ ကြိုးတန်းကိုသွားနိုင်တာ။ ငါတို့တွေ လုပ်နိုင်စရာအကြောင်းမှ မရှိတာ”
လူတိုင်း ခေါင်းညိတ်လိုက်၏။ ကျင့်ကြံသူလူငယ်လေးများတစ်စု၌ အဖိုးအိုတစ်ယောက်သည် ကျောက်တုံးကြီးကို မှီထားလျက် သေရည်သောက်ကာ ငယ်ရွယ်သည့်ကျင့်ကြံသူလေးများကို ကြည့်နေ၏။ သူ၏ဝတ်ရုံကပါးကာ ရိုးရှင်းပြီး သူ့ကို အိမ်ခြေယာမဲ့တစ်ယောက်နှင့် တူနေစေသည်။ အဝတ်အစားအခြေအနေက ဤသို့ဖြစ်သော်ငြား သန့်ရှင်းသပ်ရပ်ပေ၏။ ဆံပင်ကထူပြီး သူကမူ ဖျတ်လတ်တက်ကြွမှု မြင့်မားပုံပေါ်၏။ သူ၏မျက်နှာ၌ အရေးအကြောင်းများ ပြည့်နေသည့်တိုင် စုတ်ပြတ်မနေပေ။
လူငယ်တစ်ယောက်က လျှောက်လာကာ မေးလိုက်သည်။ “အဖိုးကြီး ဒီမှာရောက်နေတာ ၁၀နှစ်ကျော်ကြာပြီ။ ဘာလို့မစမ်းကြည့်ရတာလဲ”
အဖိုးအိုက ပြုံးလျက်ပြောလိုက်၏။ “ငါ တစ်စုံတစ်ယောက်ကို စောင့်နေတာ”
“တစ်စုံတစ်ယောက်ကို စောင့်နေတာလား။ ဘယ်သူလဲ။ ခင်ဗျားစောင့်နေတဲ့အချိန်က ကြိုးတန်းကို အချိန်တချို့စိန်ခေါ်ဖို့ လုံလောက်နေပြီ။ ခင်ဗျားကိုယ်ခင်ဗျား ကျရှုံးမှုတွေကနေ သင်ယူဖို့အခွင့်အရေးကောင်းပဲလေ” လူငယ်က ပြောလိုက်၏။
အဖိုးအိုသည် ကျောက်တုံးကိုမှီထားလျက် ပြုံးကာပြောလိုက်သည်။ "ငါနဲ့ကံစပ်တဲ့သူကို စောင့်နေတာ”
“ကံစပ်တဲ့သူလား”
“ဒီလူက ကြိုးတန်းကိုသေချာပေါက်ဖြတ်ကျော်နိုင်လိမ့်မယ်” ထိုစကားကိုကြားသောအခါ ကျင့်ကြံသူများစွာက ရယ်မောကြလေ၏။
“ခင်ဗျားက ဘယ်လိုနောက်ပြောင်ရမယ်ဆိုတာ သိတာပဲ။ ဆရာသခင်တစ်ပါးက ဒီကိုလာပြီးအပျင်းပြေ ကစားရဦးမယ်။ ခင်ဗျားက ဒီကိုလာပြီး ဆရာသခင်ကိုစောင့်နေတာလို့ ပြောတာ ဟုတ်တယ်ဟုတ်” လူငယ်က မေးလိုက်သည်။
အဖိုးအိုသည် ရယ်ရုံသာရယ်လျက် ဘာမှမပြောတော့ပေ။
ထိုစဉ် အဝေးကနေ ပုံရိပ်တစ်ခုပျံသန်းလာ၏။ အသက်ရှိုက်စာ အနည်းငယ်ကြာပြီးနောက် ထိုလူသည် ပျံလွှားတောင်ထိပ်နားရောက်လာတော့သည်။ ပုံရိပ်၏အရှိန်က မြန်ဆန်လွန်းသောကြောင့် လူငယ်ကျင့်ကြံသူလေးများသည် သူ၏အရှိန်ကို လိုက်မမှီပေ။
အဖိုးအို၏အပြုံးက ပိုကြီးလာ၏။ “သူရောက်လာပြီ”
လုကျိုးသည် ပျံလွှားတောင်ထွတ်ဆီ ချဉ်းကပ်လာချိန်တွင် သူ တမင်တကာ အရှိန်လျော့လိုက်သည်။ တောင်တစ်ဝက်ကိုရောက်သည့်အချိန်၌ သူသည် ကျင့်ကြံသူပေါင်းများစွာ ရာချီစုဝေးနေသည့် တောင်နံရံကနေ ထွက်ပေါ်လာသည့် စင်မြင့်ကို တွေ့လိုက်ရ၏။ သူ ချက်ချင်းပျံသန်းသွားတော့သည်။
မည်သူမှ လုကျိုးကို မသိသောကြောင့် သူ့ကို မည်သူမှ မနှုတ်ဆက်ကြပေ။ ထို့အပြင် ဤနေရာသို့ လူများစွာ ဝင်ထွက်သွားလာနေသည်။
စင်မြင့်ပေါ်ဆင်းသက်ပြီးနောက် မော့ကြည့်ကာ လုကျိုးက သက်ပြင်းချလိုက်တော့သည်။ “ဒီတော့ ဒါ ကောင်းကင်ကြိုးတန်းလား”
“ဟုတ်တယ်” အဖိုးအိုသည် လုကျိုးဖက်ဆီ လျှောက်သွားလိုက်၏။
လုကျိုးသည် အဖိုးအိုကို သံသယဖြင့်ကြည့်ကာ မေးလိုက်လေသည်။ “ကောင်းကင်ကြိုးတန်းကို စိန်ခေါ်ဖို့ ဒီရောက်လာတာလား”
အဖိုးအိုက ပြုံးလိုက်တော့သည်။ “မဟုတ်ဘူး။ မင်းကို ဒီမှာလာစောင့်နေတာ”
“ဟမ်”
“ကျုပ်က ဆရာသခင်တစ်ပါးကို စောင့်နေတာ”