← Chapters

အခန်း (၁၃၆၃-၁၃၆၅)

Vol. 91 Ch. 1363-1365

အခန်း (၁၃၆၃-၁၃၆၅)

Vol. 91 Ch. 1363-1365

အခန်း (၁၃၆၃) မျှခြေထိန်းသိမ်းသူ ထပ်ပေါ်လာ

ဝှစ်

လုကျိုးကိုယ်ပေါ်ရှိ အပြာရောင်အလင်းက ပျောက်ကွယ်သွားပြီး ရွှေရောင်အလင်းက အစားထိုးဝင်ရောက်လာလေ၏။

ပျံလွှားတောင်ထွတ်က ယခုဆိုနှင်းများလွှမ်းနေပြီဖြစ်သည်။ နှင်းများကနေသေးဆဲဖြစ်ကာ ကျင့်ကြံသူများ၏မြင်ကွင်းကို ပိတ်ဆို့ထားသည်။ လူများစွာက ပိုကောင်းကောင်းကြည့်နိုင်ရန်အတွက် ဝေဟင်ထဲ ပျံသန်းသွားလေ၏။ သူတို့စိတ်လှုပ်ရှားနေပြီး အနီးကပ်ကြည့်ချင်သော်ငြား အလိုလိုသိစိတ်အရ သူတို့သည် ဆရာသခင်များကြားတိုက်ပွဲနှင့် ဝေးဝေးနေရ၏။ ပိုတောင်သန်မာသည့်သူတစ်ယောက်ကို တွေ့ကြုံရလောက်သည်။

လုကျိုး၏စွမ်းအားဗဟိုချက် ချီပင်လယ်က ပြန်လည်ဖွဲ့တည်ပြီးဖြစ်သည်။

ဆရာသခင်တစ်ပါးက သူ၏မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလိမ့်မည်။

သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်ပြိုကွဲသွားသောအခါ သူသည် သာမန်ကျဆုံးမှုသာဟု ခံစားခဲ့မိသည်။ အပူချိန်ပြောင်းလဲမှုကို ခံစားလိုက်မိပြီး အပူနှင့်အအေးဒဏ်သက်ရောက်မှုကို ခံစားမိ၏။ သူ၏နှလုံးခုန်နှုန်း ချိနဲ့လာပြီး သွေးများက ချီသွေးကြောဆီ တိုးသွားတာကို ခံစားမိ၏။ သူ အသက်ရှူထုတ်လိုက်ချိန်တွင် နွေးထွေးမှုကို ခံစားရသည်။ ကျင့်ကြံသူတစ်ဦးသည် သတ်မှတ်ထားသောနယ်ပယ်တစ်ခုရောက်ရှိချိန်၌ သူသည် အချိန်အတော်ကြာ အစာကင်းလွတ်ခွင့်ရရှိသည်။ သူတို့က အပူနှင့်အအေးသက်ရောက်မှုမရှိဘဲ အသက်ရှုဖို့တောင် မလိုအပ်ပေ။

ဆရာသခင်တစ်ပါး ဖြစ်လာချိန်တွင် ထိုခံစားချက်များပြန်လည်ရရှိလာသည်။

လူတိုင်း၏ခန္ဓာကိုယ်ကို အသွေးအသားဖြင့်ပြုလုပ်ထား၏။ ကျင့်ကြံမှုတချို့က ပြောင်းလဲနိုင်တာ မဟုတ်။ အသွေးအသားရှိလျှင် သေခြင်းရှင်ခြင်းက လိုက်ပါလာမည်။ မျှခြေထိန်းသိမ်းမှုက ခြွင်းချက် မဟုတ်ပေ။ လုကျိုးသည် မြေပြင်ပေါ်ရှိ ဝတ်ရုံဖြူကျင့်ကြံသူကို အေးတိအေးစက် ကြည့်လိုက်၏။ သူက လှည့်မကြည့်ဘဲ မေးလိုက်တော့သည်။ “မဟာဆရာသခင်လား”

ကျယ်ကျင့်အန်းက တသိမ့်သိမ့်ရယ်မောလိုက်လေ၏။ သူအချိန်အတော်ကြာသည်အထိ မရပ်နိုင်ပေ။ သူ၏ရယ်သံသည် ပျံလွှားတောင်ထွတ်ကြောင့် ပဲ့တင်သံထပ်နေ၏။ နောက်ဆုံးတော့ သူ၏ရယ်သံ လွင့်ပြယ်သွားသောအခါ ပြောလိုက်သည်။

"ကျုပ် တကယ်မထင်ထားဘူး။ မင်းက တကြိမ်ကြိုးစားရုံနဲ့ ကောင်းကင်ကြိုးတန်းကို အောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်ရုံမကဘူး ဆရာသခင်တစ်ပါးတောင် ဖြစ်သွားသေးတယ်။ ဆရာသခင်တွေက ဆရာသခင်ဖြစ်နေရတဲ့အကြောင်းအရင်းက တာအိုစွမ်းအားကြောင့်ပဲ။ တာအိုစွမ်းအားဆိုတာ လောကကြီးထဲက အရာအားလုံးရဲ့နိယာမ။ မင်းရဲ့ရန်သူထက် သာလွန်တဲ့နိယာမကို သဘောပေါက်ရင် မင်းက မဟာဆရာသခင်တစ်ပါးဖြစ်လာလိမ့်မယ်”

လုကျိုးသည် ခေါင်းညိတ်လျက် ဝတ်ရုံဖြူကျင့်ကြံသူကို ဆက်လက်စိုက်ကြည့်လိုက်သည်။

ကျယ်ကျင့်အန်း၏စကားများက နားလည်ရန်မခက်ခဲပေ။ လူနှစ်ယောက်ယှဉ်ပြိုင်သည့်အချိန်တွင် သူတို့အရှိန်က တူညီနေလျှင် ယင်းက အကျိုးမရှိပေ။ ထို့အတူ တစ်ယောက်ကအချိန်ကို ရပ်တန့်စေနိုင်ခဲ့ပြီး ရန်သူကိုလည်း ရပ်တန့်စေနိုင်ခဲ့မည်ဆိုလျှင် ရန်သူကလည်း မိမိ၏ရန်သူကိုရပ်တန့်နိုင်မည်ဆိုလျှင် စွမ်းအားက တစ်ခုနှင့်တစ်ခု ဖယ်ရှားလိမ့်မည်။ နိယာမကို နားလည်သဘောပေါက်မှုက မိမိ၏ရန်သူထက် သာလွန်မှသာလျှင် အားသာချက်ရရှိလိမ့်မည်။

“သူတော်စင်တွေကကော” လုကျိုးက မေးလိုက်လေ၏။

ကျယ်ကျင့်အန်းသည် ထိုမေးခွန်းကြောင့် မှင်သက်သွားတော့သည်။ ခဏအကြာတွင် သူက ပြောလိုက်သည်။ "ရည်မှန်းချက် မမြင့်လွန်းနဲ့လေ။ မင်း မဟာဆရာသခင်တစ်ပါး ဘယ်လိုဖြစ်လာမှန်း မသိသေးခင် အရင်ဆုံး မင်းရဲ့ကျင့်ကြံဆင့်ကို တည်ငြိမ်အောင်လုပ်သင့်တယ်။ မင်းက မျှခြေထိန်းသိမ်းသူတစ်ယောက်ကို မြေပြင်ပေါ် ပစ်ချနိုင်ခဲ့တာကြောင့် ပြိုင်ဖက်ကင်းတယ်လို့မထင်နဲ့”

ဝှစ်

ကျယ်ကျင့်အန်းက လုကျိုးဖက်ပျံသန်းသွားလိုက်သည်။

လုကျိုးသည် ထိုအဖိုးအို၌ မကောင်းသည့်ရည်ရွယ်ချက်မရှိကြောင်း ခံစားမိသည်။ သူ၏အလိုလိုသိစိတ်ကို ယုံကြည်၏။ ဆရာသခင်တစ်ပါးအနေဖြင့် သိလွယ်သည့်စိတ်နှင့် သဘာဝသိစိတ်ကို သူ ယုံကြည်သည်။ ထို့အပြင် အဖိုးအိုအဖို့ သူ့ကိုထိခိုက်အောင်လုပ်ချင်သည်ဆိုလျှင် မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်နေစဉ် သူ့ကို ကူညီစရာအကြောင်းမရှိပေ။

လုကျိုးသည် မျက်လုံးထောင့်ကနေ ကျယ်ကျင့်အန်းကို တချက်ကြည့်လိုက်ပြီး တွေးမိနေ၏။ သူ ငါ့ကို တကယ်သိတာလား။ ဒီလောက်မြင့်မားတဲ့ကျင့်ကြံဆင့်နဲ့ ငါ့ရဲ့ပရိတ်သတ်ရူးတစ်ယောက်တော့ မဖြစ်နိုင်ဘူးမလား။ ဒါဆိုရင် သူ ဘယ်သူလဲ။ ဘယ်ကလာတာလဲ။ သူ့ရဲ့ရည်ရွယ်ချက်က ဘာလဲ။

လုကျိုးသည် ထိုမေးခွန်းသုံးခုကို မမေးရသေးခင် ဝတ်ရုံဖြူကျင့်ကြံသူက ရုတ်တရက် လေထဲပျံသန်းလိုက်တော့သည်။

ကျယ်ကျင့်အန်းက ရယ်မောလျက် ပြောလိုက်၏။ "မသွားနဲ့”

ကျယ်ကျင့်အန်း၏ ပုံရိပ်ယောင်များစွာကျန်ရန်ခဲ့ကာ လေဟာနယ်ကို လှိုင်းဂယက်ထစေသည်။ ဝတ်ရုံဖြူကျင့်ကြံသူ၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

လုကျိုးက ပျံသန်းသွားလျက် မေးလိုက်သည်။ “ငါ့ကို အမှန်အတိုင်းပြော။ ငါ့ကိုဘာလို့သတ်ဖို့ ကြိုးစားတာလဲ”

ဝတ်ရုံဖြူကျင့်ကြံသူသည် သူ၏ရင်ဘတ်ကို လက်တစ်ဖက်ဖြင့်ဖိထားလျက် လုကျိုးနှင့် ကျယ်ကျင့်အန်းကို ကြည့်လိုက်သည်။ သူက “မင်းက မိုးနဲ့မြေရဲ့မျှခြေကို ထိခိုက်စေတယ်။ အထွတ်အမြတ်ခန်းမက မျှခြေကို ထိခိုက်စေတဲ့ဟာတွေကို ဖယ်ရှားခိုင်းထားတယ်”

ကျယ်ကျင့်အန်းက ထွီခနဲလုပ်ကာ ပြောလိုက်တော့၏။ “သောက်အဓိပ္ပါယ်မရှိတာ။ အထွတ်အမြတ်ခန်းမက အမိန့်ပေးထားပြီးသား။ မျှခြေမတည်မြဲမှုအတွင်း နယ်မြေကိုးခုထဲ ဝင်မစွက်ဖက်ဖို့ မျှခြေထိန်းသိမ်းသူတွေကို အမိန့်ပေးထားပြီးသား။ မင်းက ခွင့်ပြုချက်မရှိဘဲ ဒီနေရာကိုလာတာ အပြစ်ကျူးလွန်တာပဲ”

ဝတ်ရုံဖြူကျင့်ကြံသူက ကျယ်ကျင့်အန်းကိုကြည့်လိုက်၏။ သူက မျက်မှောင်ကျုံ့ကာ ကျယ်ကျင့်အန်းကိုကြည့်ကာ အထိတ်တလန့်မေးလိုက်တော့သည်။ “ခင်ဗျားက မဟာလေဟာနယ်ကလား”

ကျယ်ကျင့်အန်းက ပြောလိုက်လေ၏။ “မင်း ထင်ချင်သလိုထင်”

ဝတ်ရုံဖြူကျင့်ကြံသူသည် လက်မြှောက်ပြီးနောက် စစ်ပုဆိန်ရှည်ဖြင့် သူ၏လက်ကိုလွှဲယမ်းလိုက်၏။ သူက တင်းကြပ်စွာဆုပ်ကိုင်ထားချိန် သူ၏ခန္ဓာကိုယ်က ရွှေရောင်အလင်းတောက်ပနေတော့သည်။

ယင်းကို မြင်သောအခါ လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။ “ခင်ဗျားက ရွှေကြာနယ်မြေကလား”

“သူ မင်းကို ကာကွယ်နိုင်မယ်ထင်လား” ဝတ်ရုံဖြူကျင့်ကြံသူက မြန်ဆန်သောအရှိန်ဖြင့် ထွက်သွားလိုက်သည်။

လုကျိုးသည် အစွမ်းထက်သည့်လေဟာနယ်ဆုတ်ဖြဲနိုင်သော စွမ်းအားပေါ်ထွက်လာတာကို ခံစားမိသည်။ ပင့်ကူမျှင်ပမာ ကောင်းကင်စွမ်းအားက သူ့ကိုချက်ချင်းရစ်ပတ်လိုက်၏။ တစ်ချိန်တည်းတွင် ၎င်းက သူ၏ကိုယ်ထဲလှည့်ပတ်နေကာ လေဟာနယ်ဆုတ်ဖြဲနိုင်သောဖိအားကို တိုက်ခိုက်နေသည်။ ပြီးနောက် သူက လှစ်ကနဲဖြင့် ဝတ်ရုံဖြူကျင့်ကြံသူရှေ့ရောက်သွားကာ လက်ဝါးဖြင့်ရိုက်ချလိုက်၏။

ဘန်း

ကျယ်ကျင့်အန်းက ထိုစဉ် မြေပြင်ပေါ်ဆင်းသက်လာ၏။ “မင်း မလုပ်နိုင်ဘူး”

ကျယ်ကျင့်အန်းက အင်မတန်မြန်ဆန်သည်။ သူက မျှခြေထိန်းသိမ်းသူကို ကန်လိုက်ရာ ထိုလူက သွေးအန်သွားတော့သည်။

ပျံလွှားတောင်ထွက်၏ မြောက်ဖက်နှင့် တောင်ဖက်မှ ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် ပျံသန်းလားလျက် အနီးကပ်ကြည့်ချင်သွားသည်။

သူတို့သည် မျှခြေထိန်းသိမ်းသူက တွင်းတစ်တွင်းထဲ လဲနေတာကို တွေ့လိုက်ရသည်။ သူက မလိုလားမှုများ ပြည့်နေကာ ပြောလိုက်သည်။ “မဟာဆရာသခင်”

လုကျိုးက ပြောလိုက်၏။

"ခုခံဖို့မကြိုးစားနဲ့။ မင်းရဲ့တာအိုစွမ်းအားက ငါ့ကိုရင်ဆိုင်ချိန် အကျိုးသက်ရောက်မှု မရှိဘူး” မျှခြေထိန်းသိမ်းသူက ချောင်းအပြင်းအထန်ဆိုးနေကာ သွေးအန်သွား၏။ သူက ပြောလိုက်တော့သည်။ “ဆရာသခင်ထဲက မဟာဆရာသခင်ဖြစ်နေတာကို တွေးကြည့်ကြည့်ရင် မှားစရာမရှိဘူး။ မင်းက မျှခြေမညီမျှမှုရဲ့အကြီးမားဆုံး အကြောင်းအရင်းပဲ”

လုကျိုး မျက်မှောင်ကျုံ့မိသွား၏။ “မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်။ ငါ့ရဲ့မေးခွန်း ဖြေရင်ဖြေ မဟုတ်ရင် ...”

မျှခြေထိန်းသိမ်းသူသည် ခေါင်းခါလျက် လုကျိုးနှင့်ကျယ်ကျင့်အန်း၏ လေးနက်တည်ကြည်မှုကို ကြည့်လိုက်၏။ ပြီးနောက် သူက ခေါင်းငုံ့လျက် ကောင်းကင်ကိုမော့ကြည့်ကာ ရေရွတ်ပြောလိုက်တော့သည်။

“ကျုပ်က မျှခြေထိန်းသိမ်းသူတစ်ယောက်။ အထွတ်အမြတ်ခန်းမကို သစ္စာရှိတယ်။ မျှခြေကို ထိခိုက်စေမယ့်ဖြစ်နိုင်ချေ အားလုံးကို ဖယ်ရှားဖို့ ကျုပ်ဘဝကို စတေးဖို့လိုလားတယ်။ ကျုပ်က မျှခြေထိန်းသိမ်းသူတစ်ယောက်။ ကျုပ်က အထွတ်အမြတ်ခန်းမကို သစ္စာရှိတယ်”

“သွားကြမယ်” ကျယ်ကျင့်အန်းက ပြောလိုက်၏။

ကျယ်ကျင့်အန်းသည် လုကျိုးကို ဖြတ်ကျော်သွားစဉ် လုကျိုးသည်သူ့ကိုပျံလွှားတောင်ထွတ်ဆီ ခေါ်ဆောင်သွားသည့် ညင်သာသောအားကို ခံစားမိလိုက်၏။ သူ စောဒကတက်တော့မည့်အချိန်တွင် မျှခြေထိန်းသိမ်းသူက ရွှေရောင်အလင်း ရုတ်တရက် ပေါက်ကွဲသွားတာကို တွေ့လိုက်ရသည်။ ပြီးနောက် အစွမ်းထက်သော ဖိအားက အရပ်မျက်နှာအနှံ့ ပြန့်နှံ့သွားတော့သည်။ အလင်းရောင်သည် နေတစ်စင်းပမာ မျက်စိတမှိတ်အတွင်း မိုင်ထောင်ချီလင်းထိန်သွားလေ၏။ ကျင့်ကြံသူများစွာသည် ကောင်းကင်ကြိုးတန်းဆီသို့ အမြန်ပျံသန်းသွားပြီး တချို့ကမူ ပျံလွှားတောင်ထွတ်နောက်တွင် ပုန်းနေကြလေ၏။

အဝေးရှိနေကြပြီး ဘာဖြစ်နေမှန်း မသိသေးသည့်သူများကမူ မျက်စိတစ်မှိတ်အတွင်း ကြောက်မက်ဖွယ် ဖိအားကြောင့် လှည်းကျင်းခံလိုက်ရသည်။ သူတို့အသက်ရှင်မရှင် မည်သူမှမသိ။

တစ်ချိန်တည်းတွင် ကျယ်ကျင့်အန်းက တစ်ဖက်လှည့်လျက် သူတို့ဆုတ်ခွာမှုကို ကာရန် ဧရာမကြယ်တာရာဒိုင်ခွက်တစ်ခု ထုတ်လိုက်သည်။

ယင်းကိုမြင်သောအခါ လုကျိုးက ပြောလိုက်သည်။ "ကျုပ်ကို လုပ်ခွင့်ပေး”

လုကျိုးက ဖိအားအနည်းငယ်ထုတ်သုံးလျက် ကျယ်ကျင့်အန်းကို ဆွဲခေါ်လိုက်သည်။ ပြီးနောက်

ဘီး

ကနဦးချီမုန်တိုင်းကို ပိတ်ဆို့ထားသည့် နေထက်တောင် ပိုတောက်ပသည့် ကြယ်တာရာဒိုင်ခွက် ပေါ်လာသည်။ မဟာမွေးဖွားဇယားချပ်လေးခုသည် ပဲတင့်သံထပ်လာတော့သည်။

ပုန်းနေသည့်ကျင့်ကြံသူများသည် အသံကိုကြားသောအခါ သူတို့ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူတို့ဘဝ၌ ဘယ်တော့မှမေ့မှာဟုတ်သော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။

ကြယ်တာရာဒိုင်ခွက်က ကောင်းကင်တမျှကျယ်ပြောပြီး ပြင်းထန်သည့်ကနဦးချီမုန်တိုင်းကို အပြည့်အဝပိတ်ဆို့ ထားလေ၏။ ကြယ်တာရာဒိုင်ခွက်၏ ဘေးဖက်ကို ဖြတ်ကျော်သွားသည့် အဖျက်စွမ်းအားသည် ဧရာမရေလွှမ်းမိုးသည့်ပမာ တောင်ထွတ်နှစ်ထွတ်က ရေလွှမ်းမိုးမှုအလယ်တွင် ရပ်နေသည်။

ပြင်းထန်သော မုန်တိုင်းသည် ၁၅မိနစ်ခန့်ကြာ ညောင်းပြီး နောက်ဆုံးတွင် တဖြည်းဖြည်းချင်း ငြိမ်သွားတော့သည်။

ထိုကာလတွင် လုကျိုးသည် မွေးဖွားဇယားချပ်၁၈ခု၏စွမ်းအားကို အာရုံခံမိသည်။ ကံကောင်းသည်မှာ ဖြစ်စဉ်တစ်ခုလုံးက ရင်ဖိုဖွယ်ကောင်းပြီး အန္တရာယ်မများပေ။ သူ၏ကောင်းကင်စွမ်းအား များများစားစား သုံးရန်ကိုတောင် မလိုအပ်ခဲ့ချေ။ သူ၏ကြယ်တာရာဒိုင်ခွက်ကို သဘောကျမိသွားသည်။ မွေးဖွားဇယားချပ်အားလုံးက သူ ကြိုးစားအားထုတ်မှု၏ရလဒ် ဖြစ်သည်။ သူတို့သည် သူ၏ ကြီးထွားမှုကို ကိုယ်စားပြုသည်။ ယခု သူနောက်ဆုံး၌ ဆရာသခင်တစ်ပါးဖြစ်လာလေပြီ။

သူ ပြီးသွားသည့်အချိန်၌ ကြယ်တာရာဒိုင်ခွက်ကိုဖယ်ကာ ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။

၁၅မိနစ်ခန့်ကာလအတွင်း လုကျိုးသည် အသက်သင်္ကေတ၁၈ခု၏ ခွန်အားနှင့်စွမ်းအားကို ခံစားခဲ့မိသည်။

တောင်တန်းများ၊ သစ်ပင်နှင့် မြစ်တို့မရှိတော့ပေ။ အရာအားလုံးမြေပြင်ပေါ် ပြားဝပ်သွား၏။ ပေတစ်သောင်းအတွင်းရှိ ဧရိယာသည် လွင်ပြင်တစ်ခုပမာပင်။ သူတို့ကြားထဲရှိ ကောင်းကင်ကြိုးတန်းနှင့် ပျံလွှားတောင်ထွတ်မှလွဲလျှင် ဘာမှမရှိတော့။

ကပ်ဘေးမှ ရှင်သန်လာပြီးနောက် ကျင့်ကြံသူများစွာသည် သူတို့၏ပတ်ဝန်းကျင်ကို မယုံနိုင်စွာကြည့်ကာ ပင့်သက်ရှိုက်မိကြသည်။

ကျယ်ကျင့်အန်းက လက်ခုပ်တီးမိသွားလေ၏။ “မင်းက ကျုပ်ထင်ထားတာထက် ပိုသန်မာတယ်”

ပြီးနောက် ကျယ်ကျင့်အန်းသည် တောင်ဖက်ပျံလွှားတောင်ထွတ်ဆီပျံသန်းသွားသည်။

လုကျိုးသည် သူ၏မဟာနည်းစနစ်ကို ထုတ်သုံးပြီး မျက်စိတစ်မှိတ်အတွင်း လူတိုင်းရှေ့တွင်ပေါ်လာ၏။ အားလုံးနီးပါးက တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။ “နှုတ်ခွန်းဆက်ပါတယ် ဆရာသခင်”

...

အခန်း (၁၃၆၄) မူလပိုင်ရှင်ဆီ ပြန်ပေးခြင်း

ကျင့်ကြံသူက ထိုဆရာသခင်၏ နာမည် သို့မဟုတ် မျိုးရိုးကို မသိပေ။

ဤသည်က ကျင့်ကြံသူအားလုံးအတွက် အောင်ပွဲခံရမည့် နေ့ရက်တစ်ခု ဖြစ်သင့်ပေ၏။ အစိမ်းရောင်ကြာကျင့်ကြံသူများက နောက်ထပ် မူလသခင်တစ်ယောက်ကို ဆရာသခင် … မဟုတ်သေးဘူး မဟာဆရာသခင်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ ထိုအရာက ယခင်အစိမ်းရောင်ကြာနယ်မြေ၏ ဆရာသခင် လေးဦးလုံးထက် ကျော်လွန်နေသည်။

သို့သော်လည်း သူတို့က စောစောလေးက ရွှေရောင်ကြယ်တာရာဒိုင်ခွက်ကို ပြန်လည်အမှတ်ရသွားလေသည်။ ထိုအခါ သူတို့၏ စိတ်ထဲ မသက်မသာ ခံစားမိလာသည်။

ကွဲပြားသည့် အရောင်နယ်မြေများ၏ ကျင့်ကြံသူများကြားတွင် ခွဲခြားမှုများ ရှိသည်က သာမန်သာဖြစ်၏။ ဤသည်က ဝေခွဲ၍ မရပေ။

စိတ်သဘောထား ကျဉ်းမြောင်းသူများအတွက် သူတို့က အကြောင်းအရင်းမရှိ ရှုတ်ချကြလိမ့်မည်။ မဟာချင်၏ အစည်ကားဆုံးလမ်းမအထက် လူထောင်ချီကို သတ်ဖြတ်ခြင်းဖြင့် နယ်ခြားပိုင်နက်များအပေါ် ဆန့်ကျင်ဖို့ ဆန္ဒပြခဲ့သည့် အစွန်းရောက် ကျင့်ကြံသူများပင် ရှိခဲ့ဖူးသည်။ ဤသည်က ပထမဦးဆုံးအကြိမ်လည်း မဟုတ်သလို နောက်ဆုံးအကြိမ်လည်း မဟုတ်ပေ။

ကျင့်ကြံသူများက တောင်ထိပ်ပေါ်တွင် ဆယ်နှစ်ကြာ နေထိုင်ခဲ့သည့် ကျယ်ကျင့်အန်းသည် ရွှေရောင်ကြာနယ်မြေမှ ဖြစ်ကြောင်း အမှတ်ရသွားသည့်အခါ ပိုမိုစိတ်လှုပ်ရှားလာမိသည်။ ဤသို့ဖြင့် သူတို့၏ နှလုံးခုန်နှုန်းက ပိုမိုမြန်ဆန်လာလေ၏။

“ထကြပါ” လုကျိုးက ပြောလိုက်သည်။

လုကျိုးက ရုပ်ဖျက်ကတ်ကို မသုံးမိသည့်အတွက် အနည်းငယ် နောင်တရလာမိ၏။ နာမည်ကျော်ကြားခြင်းက အဆင်ပြေသော်လည်း မှတ်မိခံရခြင်းက ကွဲပြားသည့် လမ်းကြောင်းတစ် ခုဖြစ်လေသည်။ နောင်အနာဂတ်၌ ရူးသွပ်သည့် ပရိသတ်များ ရှိလာနိုင်သည်။

ထိုစဉ် စာရင်းမှတ်သူက သွေးဂျင်စင်းကို ကျယ်ကျင့်အန်းဆီ ရိုရိုကျိုးကျိုး ပြန်လည်အပ်နှံလိုက်သည်။

“လူကြီးမင်း ကျုပ် ရှုံးသွားပါပြီ”

ကျယ်ကျင့်အန်းက လက်ဝှေ့ကာ ပြောလိုက်သည်။

“မင်းတို့ကြားမှာပဲ ခွဲလိုက်ပါ”

စာရင်းမှတ်သူက အကြည့်များ တောက်ပလာလေ၏။ သူက တုန်တုန်ယင်ယင်ဖြင့် အလျင်အမြန် ပြောလိုက်သည်။

“ ကျေးဇူးပါ”

တကယ်ကို ချမ်းသာကြွယ်ဝတဲ့သူတွေက ရက်ရောကြတာပဲ…

လုကျိုးက ကျယ်ကျင့်အန်းသည် ဤမျှရက်ရောမည်ဟု ထင်မှတ်မထားခဲ့ပေ။ သူ၏ ဖြစ်စဉ်က ရှားပါးပြီး မွေးဖွားဇယားချပ်ကို တည်ငြိမ်စေဖို့နှင့် ကျင့်ကြံရေးအတွက် အထောက်အကူ ဖြစ်၏။ ဤသည်က ဆရာသခင်များအတွက်ပင် အသုံးဝင်လှသည်။

ထိုစဉ် စာရင်းမှတ်သူက လက်ကို ဝှေ့ယမ်းလိုက်၏။

ကျင့်ကြံသူများက ပြိုင်တူပြောလိုက်ကြသည်။

“လောင်ချန်းပေ့ကို ဂုဏ်ပြုပါတယ်။ လောင်ချန်းပေ့ နှစ်မျိုးဆက် ထောင်ချီကြာ တိုက်ပွဲတွေမှာ အနိုင်သရဖူကို ဆောင်းပြီး ရှုံးပွဲမဲ့ဖို့ မျှော်လင့်ပါတယ်”

“အဲဒါပဲ”

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက လက်ဝှေ့ကာ ပြောလိုက်၏။

“ထကြပါ”

အသံက ရုတ်ခြည်းဆိုသလို ရပ်တန့်သွားလေ၏။

လုကျိုးက ထိုသူများသည် သူ့၈ယောက်မြောက် တပည့်မှ ပူးကပ်ခံလိုက်ရသလိုမျိုး ထင်မိသွားသည်။

ကျယ်ကျင့်အန်းက ပြောလိုက်သည်။

“မင်းနဲ့ ထိုက်တန်ပါတယ်”

“ကျုပ်နဲ့ ထိုက်တန်တယ်တဲ့လား” လုကျိုးက ကျယ်ကျင့်အန်းကို ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျားက ဘယ်သူလဲ”

သူတို့က အချင်းချင်း မသိကြဘူးလား

ကျင့်ကြံသူများက ကြောင်အမ်းသွားကြ၏။ ထိုနှစ်ဦးသားက ရင်းရင်းနှီးနှီး ပြောနေရုံသာမကဘဲ သူတို့က ရွှေကြာနယ်မြေမှ ဖြစ်နေကြသည်။

ကျယ်ကျင့်အန်းက ပြောလိုက်သည်။

“အဲဒါက အရေးမကြီးပါဘူး။ ဒီနေ့ ငါ့ကို အံ့အားသင့်စေတဲ့အရာနှစ်ခု ရှိတယ်။ ပထမတစ်ခုက မင်းရဲ့ ရောက်ရှိလာမှု၊ ဒုတိယတစ်ခုကတော့ မင်းက တစ်ကြိမ်တည်းနဲ့ ဆရာသခင်ဖြစ်လာဖို့ အောင်မြင်သွားခဲ့တာပဲ”

လုကျိုးက ကျယ်ကျင့်အန်းကို ကြည့်ကာ သူ့ရှေ့မှ လူအိုကြီးသည် ဆရာယောင် သမားယောင် ဖြစ်ကြောင်း ခံစားမိလိုက်သည်။

ကျယ်ကျင့်အန်းက ဆက်ပြောလိုက်သည်။

“သဘောတူညီချက်အရ ကံစပ်တဲ့သူကို ပေးရမဲ့အရာ တစ်ခုရှိတယ်”

“…”

လုကျိုးက ကျယ်ကျင့်အန်းလက်ထဲမှ အိတ်ကို ကြည့်ရင်း ပြောလိုက်သည်။

“ခင်ဗျား ပြန်တွေးတာ ကောင်းလိမ့်မယ်။ ကျုပ်က လုထျန်းထုံ မဟုတ်ဘူး”

“မင်းက ကံစပ်တဲ့သူပေါ့။ ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ ငါ မင်းကို ပေးမယ်ဆိုမှတော့ ဘယ်လိုလုပ် စကားကို ပြန်သိမ်းလို့ရပါ့မလဲ” ကျယ်ကျင့်အန်းက ပြုံးကာ ပြောလိုက်သည်။ သူ့မျက်ဝန်းအထက် မလုံမလဲ အမူအရာမျိုးကို မြင်တွေ့နိုင်လေ၏။

ဒီအိတ်ထဲက ဘာရှိနေတာတုံး…။

လုကျိုးက လက်ဝှေ့လိုက်သည့်အချိန် အိတ်က သူ့လက်ထဲ ရောက်ရှိလာလေ၏။

ကျယ်ကျင့်အန်းက အလျင်အမြန် ပြောလိုက်သည်။

“မင်း ပြန်သွားတဲ့အခါမှ ဖွင့်တာ အကောင်းဆုံးပဲ”

ထို့နောက် သူက အသံကိုမြှင့်ကာ ပြောလိုက်သည်။

“အားလုံး…”

အားလုံး၏ အာရုံကို အောင်အောင်မြင်မြင် ဖမ်းစားပြီးသည့်နောက်တွင် ကျယ်ကျင့်အန်းက ကောင်းကင်အထက် မြင့်တက်သွားလေ၏။ ထို့နောက် သူ့လက်ဖဝါးမှ ရွှေရောင်အလင်းတန်း ကျဆင်းလာကာ ကြယ်တာရာဒိုင်ခွက်တစ်ခုက ကောင်းကင်ယံကို ဖုံးလွှမ်းသွားစေသည်။ ထို့နောက် မွေးဖွားဇယားချပ်၌ မျက်လုံးတစ်ခုပေါ်ထွက်လာကာ သက်ရှိအားလုံးကို ငုံ့ကြည့်လာသည်။ ထို့နောက် သူက ပြောလိုက်သည်။

“မင်းတို့တွေ အားလုံးရဲ့ အခက်အခဲကို မေ့ထားလိုက်တော့”

မွေးဖွားဇယားချပ်၏ စွမ်းအားက ချက်ချင်းဆိုသလို ကျဆင်းလာလေသည်။

မော့ကြည့်နေကြသည့်အားလုံးက ကောင်းကင်ယံတွင် မီးပန်းများသဖွယ် ပွင့်လန်းလာသည့် မွေးဖွားဇယားချပ်ကြောင့် ကြောင်အမ်းနေကြ၏။

လုကျိုးကလည်း အနည်းငယ် ကြောင်အမ်းသွားမိသည်။ သို့သော် အံ့ဖွယ်စွမ်းအားက သူ့ကို ပြန်လည်အသိပြန်ကပ်လာစေ၏။

အလင်းတန်း ပျောက်ကွယ်သွားသည့်အခါ ကျယ်ကျင့်အန်းကို မတွေ့ရတော့ပေ။ သူက ဤနေရာတွင် မရှိခဲ့ဖူးသလို ဖြစ်၏။

မြေပြင်ပေါ်တွင် ရှိနေသည့်အရာများမှ လွဲ၍ အမှိုက်များနှင့် အပြိုအပျက်များကို ရှင်းလင်းပြီးသွားလေပြီ။

ကျင့်ကြံသူများက အချိန်အတော်ကြာ ကြောင်အမ်းနေကြ၏။ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို သူတို့က ခေါင်းကိုကိုင်ပြီး ပြောလိုက်ကြသည်။

“ဘာဖြစ်သွားတာလဲ”

“ငါ ဘာတွေလုပ်နေတာလဲ”

“အား ငါက ဘာလို့ ဒူးထောက်နေတာတုန်း”

လူငယ်ကျင့်ကြံသူများက ထကာ သူတို့ဒူးမှ ဖုန်ကို ခါလိုက်ကြသည်။

“ငါက တစ်ခုခု ကြီးကြီးမားမား ဖြစ်သွားတယ်ဆိုတဲ့ ခံစားချက်မျိုး ဘာလို့ရနေလဲမသိဘူး။ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ဦး။ မင်းတစ်ခုခုကိုများ မှတ်မိလား”

“ငါ မှတ်မိတာက စွမ်းအားကြီး ပုဂ္ဂိုလ်က ဒီနေရာကို ဖြတ်သန်းသွားပြီးတော့ တောင်ထိပ်နှစ်ခုနဲ့ ကြိုးတန်းကို ထားခဲ့တာပဲသိတယ်”

“…”

သူက ကျင့်ကြံသူများသည် အရာဝတ္ထုကို မေ့လျော့သွားသည်ကို တွေ့သည့်အခါ အံ့အားသင့်သွားခဲ့၏။

လူတချို့က တစ်ဘဝတာ အမှတ်ရလိုသော်လည်း တချို့သူများကမူ မေ့လျော့လိုကြသည်။ မည်သို့ပင်ဆိုစေကာမူ မှတ်ဉာဏ်များက လူသားများအတွက် တန်ဖိုးအရှိဆုံးရတနာထဲမှ တစ်ခု ဖြစ်၏။

သူက မွေးဖွားဇယားချပ်ရဲ့ စွမ်းအားနဲ့ အားလုံးရဲ့ မှတ်ဉာဏ်ကို ဘယ်လိုဖျက်ဆီးပစ်ခဲ့တာလဲ…

သူက ယုံဟယ်၏ စိတ်ရှုပ်ထွေးစေသည့် စွမ်းအင်အကြောင်း ပြန်လည်အမှတ်ရသွားလေသည်။ တခြားနည်းဖြင့်ပြောရလျှင် ထိုအရာက ကျယ်ကျင့်အန်း၏ စွမ်းရည်နှင့် တူညီနေသည်။

လုကျိုးက လက်ကိုနောက်ပစ်ကာ ကြိုးတန်းကို ကြည့်လိုက်သည်။

ပြစ်ချက်ကင်းခန္ဓာက ဘာတုံး။ မျှခြေထိန်းညှိသူက ကမ္ဘာဆီမှာ ယုတ်ညံ့သူ၊ ဆိုးယုတ်သူ သက်ဆင်းလာမယ်လို့ပြောတာ ဘာအဓိပ္ပာယ်တုံး။ မျှခြေထိန်းညှိသူက နယ်မြေ ၉ခုရဲ့ ကိစ္စတွေကို ဘာလို့ ဝင်ရောက်စွက်ဖက်လာတာလဲ။

ကျယ်ကျင့်အန်းကရော ဘယ်ကရောက်လာတာလဲ။ မဟာလေဟာနယ်ကရော ဘယ်မှာလဲ။ ငါ သူ ထွက်မသွားခင် သူ့ကို ဖမ်းပြီး အဖြေရအောင်လုပ်ခဲ့သင့်တာ…

လုကျိုးက မေးခွန်းများစွာ ရှိနေသော်လည်း အဖြေမရှိပေ။ သူက ခေတ္တမျှစောင့်ဆိုင်းနေသော်လည်း မည်သူကမှ လာရောက်နှုတ်ဆက်ခြင်း မရှိပေ။ သူက အောက်ဆင်းသွားလိုက်၏။ သူ နာကျင်စွာ ပြုစုပျိုးထောင်ခဲ့ရသည့် ပရိသတ်များက ဤသို့ပျောက်ကွယ်သွားသည်။

……………………………………………..

လုကျိုးက ချင်မျိုးနွယ်၏ တောင်ဘက်လေ့ကျင့်ရေးခန်းမဆီ ပြန်ရောက်လာသည့်အခါ မူမမှန်စွာ တိတ်ဆိတ်နေလေ၏။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ရှောင်ကျိုးနှင့် ရှောင်ဝူတို့ကို သင်ကြားပေးနေဆဲ ဖြစ်သည်။ ရံဖန်ရံခါ သူတို့က သူတို့၏ ဓားမော့နှင့် ဓားများဖြင့် သရုပ်ပြနေလိမ့်မည်။

လုကျိုးက သူတို့သည် ယခင်ငါးနှစ်အတွင်း သိသိသာသာ တိုးတက်လာသည်ကို မြင်တွေ့လိုက်ရ၏။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က သူတို့ရှစ်စွင်း ရောက်လာသည်ကို သိသည့်အခါ အလျင်အမြန် ပျံသန်းကာ ရောက်ရှိလာလေသည်။ သူတို့က ဦးညွှတ်ကာ နှုတ်ဆက်လိုက်၏။

“ရှစ်စွင်း ဂါရဝပြုပါတယ်”

“ဆက်လုပ်” လုကျိုးက ပြောလိုက်သည်။

“ရှစ်စွင်း ကျွန်တော်ကို လမ်းညွှန်ချက် နည်းနည်းလောက် ပေးလို့ရမလား” ယွီကျန့်ဟိုင်က မေးလိုက်သည်။

ယွီကျန့်ဟိုင်က သူ့ဒုတိယမြောက် မွေးဖွားစမ်းသပ်ချက်နှင့် နီးကပ်လာပြီဖြစ်ကာ ရှစ်စွင်းဆီမှ လမ်းညွှန်ပြသမှု ရရှိမည်ဆိုပါက ပိုမိုစိတ်အေးသွားမိလိမ့်မည်။

အနှစ်ချုပ်အားဖြင့် လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။

“ကိုယ့်ဘာသာ ကိုယ်သင်”

ယွီကျန့်ဟိုင် “…”

ယွီရှန်းရုန် “…”

လုကျိုးက ထိုသို့ပြောပြီးသည့်နောက်တွင် ခန်းမထဲ ပျောက်ကွယ်သွားလေ၏။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က အချင်းချင်းကြည့်လိုက်ကြသည်။

ယွီကျန့်ဟိုင်က အလေးအနက်ပြောလိုက်၏။

“ရှစ်စွင်းက အသက်ကြီးနေပြီလေ။ ဆောင်းတွင်းလေက အေးစက်တော့ သူက စိတ်ဆိုးနေတာ ပုံမှန်ပါပဲ။ တပည့်တစ်ဦးအနေနဲ့ စိတ်ထဲ ထားလို့မဖြစ်ဘူး”

“တာ့ရှစ်ရှိုး ပြောတာ ဟုတ်တယ်” ယွီရှန်းရုန်က ပြောလိုက်သည်။

“ငါတို့တွေ ဆက်လုပ်ကြမလား”

“ကောင်းပြီလေ”

နှစ်ဦးသားက အဝေးတစ်နေရာဆီ ပျံသန်းသွားကြသည်။

…………………………………..

တစ်ချိန်တည်းဆိုသလို လုကျိုးက အိတ်ကို ထုတ်ယူလိုက်၏။ သူက ကျောဘက်တွင် ထူးထူးဆန်းဆန်း သင်္ကေတများကို ကြည့်နေရင်းဖြင့် သံသယဖြစ်စွာ ရေရွတ်လိုက်သည်။

“ဒါက ဘာပါနေတာလဲ”

...

အခန်း (၁၃၆၅) အတိတ်၏ရတနာ

သူက နောက်ကျောဖက်ကို ဖွင့်ပြီးနောက် ပြောင်းပြန်ကိုင်ထားလိုက်၏။

ထောက်

အနက်ရောင်လုံးလုံးဝိုင်းဝိုင်း အရာဝတ္ထုတစ်ခုက ပြုတ်ကျလာပြီး သူ့ခြေထောက်ဆီ လိမ့်လာ၏။

“ဒါ ဘယ်လိုရတနာမျိုးလဲ”

လုကျိုး၏ အာရုံခြောက်ပါးက ထူးကဲသာလွန်ပေ၏။ သူသည် အနက်ရောင်အရာဝတ္ထုဆီမှ ထူးဆန်းသည့် အငွေ့အသက် ရနေသည်။ သူ ကောက်ကြည့်လိုက်ပြီး ခဏတဖြုတ် လေ့လာလိုက်သော်ငြား ဘာမှန်း မဖော်ထုတ်နိုင်သေးပေ။ အနံ့က ထူးဆန်းရုံသာမက အနည်းငယ် နံနေပုံတောင်ပေါ်နေ၏။

ကျယ်ကျန့်အန်း၏ ကျင့်ကြံမှုက နက်နဲလှပေ၏။ ဤအရာသည် များစွာတန်ကြေးရှိသည့် ရှားပါးသော ရတနာတစ်ခု ဖြစ်ပုံပေါ်သည်။

လုကျိုးက ၎င်းကို မြေပြင်ပေါ် ပစ်ချလိုက်သည်။

ဒုန်း

ဘာမှဖြစ်မလာပေ။

သူ ၎င်းကိုကောက်ယူပြီး အနံ့ခံကြည့်လိုက်၏။ သူ မြည်းစမ်းကြည့်ချင်သော်ငြား အနံ့အသက်ကြောင့် မလုပ်နိုင်ပေ။ သူ ခဏတဖြုတ် စဉ်းစားလိုက်၏။ တစ်စုံတစ်ယောက်ကတော့ ယင်းကို သိလောက်ပေသည်။

“လောင်စစ်”

မင်ရှစ်ရင်သည် ရှစ်စွင်း၏အသံပို့ဆောင်မှုကို ကြားသည်နှင့် သူ့ရှစ်စွင်းကိုရှာရန် ချုံးချီကို စီးလာတော့သည်။ သူ ခန်းမထဲ ဝင်လာချိန်၌ တလေးတစားပြောလိုက်တော့၏။ “ရှစ်စွင်း အမိန့်ရှိပါ”

တောင်ဖက်လေ့ကျင့်ရေးခန်းမထဲတွင် မင်ရှစ်ရင်၏နေ့ရက်များက ငြီးငွေ့ဖွယ်ကောင်းလှပေ၏။ မလှုပ်မရှား နေနေမှုကြောင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် မှိုတက်တော့မည်ဟု ခံစားရသည်။ ငါးနှစ်ကြာအောင် သူက ကျင့်ကြံနေခဲ့ပြီး သူ၏ခွေးနှင့်သာလမ်းလျှောက်ထွက်ခဲ့သည်။

လုကျိုးက ထိုပစ္စည်းကို လှမ်းပစ်ပေးကာ မေးလိုက်သည်။ “ဒါဘာလဲသိလား”

မင်ရှစ်ရင်သည် အနက်ရောင်အရာဝတ္ထုကို ယူပြီးနောက် အနံ့ခံကြည့်လိုက်သည်။ ပြီးနောက် ရွံရှာသည့်အမူအရာ ထုတ်ပြလာကာ ပြောလိုက်သည်။ “အမ်း ဒါ နံလိုက်တာ။ အမ်း ကျွန်တော် အဲ့လိုရည်ရွယ်တာ မဟုတ်ဘူး။ ရှစ်စွင်း ပိုင်တဲ့ပစ္စည်းက ရတနာတစ်ပါးဖြစ်မှာပေါ့။ ဒီဟာက ၉၆ပါးရောဂါ ပျောက်တဲ့ဆေးဖြစ်လောက်တယ်မလား”

သူ့စကားအဓိပ္ပာယ်ကို ပြသရန်အတွက် မင်ရှစ်ရင်သည် ယင်းကို ဆုံးဖြတ်ချက်ပြတ်သားစွာ ပိုပြီးအရသာခံကြည့်လိုက်၏။ သူ ချက်ချင်းပင် တံတွေးထွေးလိုက်ကာ ချောင်းဆိုးတော့၏။ “ရှစ်စွင်း အရသာက တကယ့်ကို...”

“ပြော” လုကျိုးက တည်ငြိမ်စွာပြောလိုက်လေ၏။

“ဒီဟာက ရတနာနဲ့မတူပါဘူး ရှစ်စွင်း။ ဒါ ဘာလဲ ပြောပြပေးပါ။ ကျွန်တော့်မှာ မျက်စိရှိပေမဲ့ ကောင်းကောင်းသိမြင်နားလည်နိုင်တာ မဟုတ်ပါဘူး။ ဒါဘာမှန်း တကယ်မသိဘူး”

မင်ရှစ်ရင်က ပြောပြီး ထိပ်ကိုအနည်းငယ်ကုတ်ခြစ်လျက် သူ၏လက်ထဲတွင်ကိုင်ထားလိုက်သည်။

ဝုတ် ဝုတ် ဝုတ်

ချုံးချီက အနက်ရောင်အရာဝတ္ထုကိုကြည့်ပြီး ဟောင်ကာ အမြီးကိုဘယ်ညာရမ်းနေတော့သည်။

လုကျိုးက ချုံးချီကိုကြည့်ကာ မေးလိုက်လေ၏။ “ဒါ ဘာလဲသိလား”

ချုံးချီက ညည်းတွားလျက် နောက်တစ်လှမ်းဆုတ်လိုက်လေ၏။

မင်ရှစ်ရင်၏မျက်လုံးက လက်သွားတော့သည်။ ပြီးနောက် သူသည် ထိုအရာဝတ္ထုကို အိတ်ထဲ တိတ်တဆိတ်ထည့်ကာ ပြောလိုက်လေ၏။ “ချုံးချီက ဒါကို တုံ့ပြန်တယ်ဆိုတော့ ရတနာတစ်ပါး ဖြစ်ရမယ်။ နေ့မြင်ညပျောက်မြို့ပျက်ထဲမှာ ရှိတုန်းက ချုံးချီက ဒါမျိုး အနက်ရောင်တစ်ခုကို ရှာတွေ့ခဲ့တယ်။ အဲ့ဒါကိုစားပြီးတော့ သူ ပိုသန်မာလာတာ”

“အစားအစာလား” လုကျိုးက မျက်ခုံးတစ်ဖက်ပင့်မိသွား၏။

ယခု ထိုအရာကိုကြည့်မိချိန်၌ ထိုအနက်ရောင်အရာဝတ္ထုသည် မျိုချ၍ရသည့်အရာနှင့် ပိုတူနေ၏။ သို့သော် အနံ့က သည်းမခံနိုင်စရာပင်။

“ရှစ်စွင်း ဒါဘာမှန်းမသိဘူးလား” မင်ရှစ်ရင်က ထိုအရာဝတ္ထုကိုဇဝေဇဝါဖြင့် ကြည့်လိုက်လေ၏။

ဝုတ် ဝုတ် ဝုတ် ဝုတ်

ချုံးချီက ပိုတောင်ကျယ်လောင်စွာ ဟောင်လိုက်တော့သည်။

လုကျိုးသည် ချုံးချီထံပစ်ပေးကာ ပြောလိုက်တော့၏။ “ဒါ ပစ္စည်းကောင်းဆိုတော့ မင်း အရင်စမ်းကြည့်လိုက်”

ခွေးတောင် မစားချင်လာလျှင် သူ ၎င်းကို ဂရုတစိုက် စစ်ဆေးရမည်။ အနံ့က တကယ်ရွံရှာကောင်းလှပေ၏။ အာနိသင်က သူ့ကို မျိုချအောင် မလုံလောက်စေပါက သူ ချုံးချီအား ပေးလိုက်မည်။ ချုံးချီကို ဓာတ်ခွဲခန်းကြွက်အဖြစ် အသုံးပြုခြင်းကလည်း ပြဿနာမရှိပေ။

မထင်မှတ်ထားဘဲ ချုံးချီက အကြိမ်ရေအနည်းငယ် ဟောင်ပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားကာ ရွံရှာသည့်အမူအရာ ပြလာ၏။

“ဒါက” မင်ရှစ်ရင်က ဇဝေဇဝါဖြစ်သွားတော့သည်။

“ခရုလေးကို ခေါ်လိုက်”

“နားလည်ပါပြီ”

မင်ရှစ်ရင်က ထွက်သွားပြီးနောက် ခရုလေးကိုခေါ်ကာ သွက်သွက်လေးပြန်လာတော့သည်။

ခရုလေးက ဦးညွှတ်လျက် လုကျိုးကို နှုတ်ခွန်းဆက်စကားပြောကာ မေးလိုက်တော့သည်။ “ရှစ်စွင်း တပည့်ဘာလုပ်ပေးရမလဲ”

လုကျိုးက ချုံးချီကိုကြည့်လိုက်လေ၏။

ခရုလေးသည် ချက်ချင်းသဘောပေါက်သွားကာ ချုံးချီနှင့်ဆက်သွယ်လိုက်၏။ သူမ သားရဲဘာသာစကားကို ကျွမ်းကျင်သောကြောင့် သူမသည် အဓိကသော့ချက်ကို လျင်မြန်စွာ ဖမ်းမိလိုက်၏။

ဝုတ် ဝုတ် ဝုတ် ဝုတ်

ခရုလေးက မျက်နှာကိုကာကာ ကျယ်လောင်စွာရယ်မောလိုက်သည်။

မင်ရှစ်ရင်က သိချင်စိတ်ဖြင့်မေးလိုက်သည်။ “ရှစ်မေ့ ဒီအရူးချုံးချီ ဘာပြောလဲ”

ချုံးချီ “…”

ခရုလေးက ပြောလိုက်၏။ "ရှစ်စွင်း၊ ရှစ်ရှိုး ... ချုံးချီပြောတာတော့ ဒီဟာက ကြမ်းတမ်းခက်ထန်သားရဲရဲ့ မစင်ပါတဲ့”

မင်ရှစ်ရင် “...”

လုကျိုး “...”

လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။ ကျယ်ကျန့်အန်းအကြောင်း များများစားစားမသိထားသော်ငြား ကျယ်ကျင့်အန်း၏ကျင့်ကြံဆင့်က နက်နဲတာ သံသယဖြစ်ဖွယ်မရှိပေ။ ဆရာသခင်တစ်ပါး၏အဆင့်နှင့် အထက်တွင်ရှိသည့်လူက လှည့်စားရန်မစင်ကို အသုံးပြုမည်လော။

မင်ရှစ်ရင်က အော့အန်လျက် ခန်းမအပြင်ဖက်သို့ ထွက်ပြေးသွားတော့သည်။

လုကျိုးနှင့်ခရုလေး “...”

ယင်းက ရွံရှာစရာကောင်းသော်ငြား တစ်စုံတစ်ယောက်ကို ပျို့အန်စေသည်အထိလောက်တော့ မဟုတ်ပေ။

ခရုလေးက မင်ရှစ်ရင်ကို စစ်ဆေးရန်ထွက်သွားလိုက်၏။ “ရှစ်ရှိုး ဘာဖြစ်လို့လဲ”

“ဘာမှမဖြစ်ဘူး။ ငါ အဆင်ပြေတယ်”

“...”

မင်ရှစ်ရင်သည် သူ့အိတ်ကပ်ထဲရှိ အရာဝတ္ထုကို စစ်ဆေးမိချိန်၌ ရွံရှာလွန်းသောကြောင့် သူ၏အင်္ကျီကို ဆုတ်ဖြဲပစ်ချင်လာသည်။ သူက ကြက်သီးထလာကာ အန်ချင်စိတ်များဖြစ်လာ၏။

လုကျိုးက မင်ရှစ်ရင်ကို အာရုံမစိုက်ခဲ့ပေ။ ထိုအစား သူက မြေပြင်ပေါ်ရှိ အနက်ရောင်မစင်ကို ကြည့်နေတော့သည်။

ဒုန်း

ခွမ်း

သူ့ဘေးရှိ စားပွဲကို လက်ဝါးနှင့်ရိုက်ချကာ ကြုံးဝါးလိုက်၏။ "ရက်စက်လိုက်တာ ကျယ်ကျင့်အန်း။ ငါ မင်းကို ခွင့်မလွှတ်ဘူး”

တစ်ချိန်တည်းတွင် ချင်မျိုးနွယ်၏တောင်ဖက်လေ့ကျင့်ရေးခန်းမနှင့် မလှမ်းမကမ်းရှိ မြင့်မားသော ရှေးသစ်ပင်ပေါ်တွင်ဖြစ်သည်။

ကျယ်ကျင့်အန်းက တင်ပျဉ်ခွေချိတ်ထိုင်ထားလျက် ပင်စည်ကို မှီနေသည်။ ယခုအချိန်တွင် သူ၏အမူအရာ၌ ပျော်ရွှင်မှုနှင့်ကျေနပ်အားရမှုတို့ဖြစ်ပေါ်နေ၏။ သူ ရယ်မောလျက် ပြောလိုက်သည်။

"မင်းကို စနောက်ရုံပဲကို ဘာကြောင့် ဒီလောက်သဘောထားသေးရတာလဲ။ အထွတ်အထိပ် အခြေအနေကို ပြန်ရောက်တဲ့အချိန် ထပ်ပြီး ပျော်စရာရှိတော့မှာ မဟုတ်တော့ဘူး။ ဟမ် ... ဒါ မဟုတ်သေးဘူး။ သူ ငါ့နာမည်ကို ဘယ်လိုလုပ် မှတ်မိနေသေးတာလဲ”

ကျယ်ကျန့်အန်းက ရုတ်တရက် ကျောမတ်သွားတော့သည်။ “သွားပြီ”

ကျယ်ကျန့်အန်းက လှစ်ကနဲပင် အဝေးသို့ ပျံသန်းသွားလေ၏။

မင်ရှစ်ရင်နှင့် ခရုလေးသည် လုကျိုး ရုတ်တရက်ပေါက်ကွဲမှုကြောင့် ထိတ်လန့်သွားတော့သည်။ နှစ်ယောက်သားက ချက်ချင်းတိတ်သွားကာ အသံတစ်သံမှ မထွက်ရဲတော့ချေ။

လုကျိုးသည် ကြမ်းတမ်းခက်ထန်သားရဲ၏မစင်ကို ထည့်ထားသည့်အိတ်ကို ကြည့်မိသွား၏။ ပြောရလျှင် ယင်းက သာမန်အိတ်တစ်အိတ်သာ ဆိုပါက သူ အစောတုန်းက စားပွဲကို ရိုက်ချလိုက်တုန်းက ပျက်စီးသွားလောက်ပြီဖြစ်သည်။ သို့သော် အကောင်းပကတိဖြစ်နေရုံသာမက အိတ်ပေါ်ရှိ ပုံသဏ္ဌာန်ကွက်များ တောက်ပနေတော့သည်။

လုကျိုးက သဘောပေါက်သွားလေ၏။ “ဒီတော့ အိတ်က ရတနာကိုး ...”

ယင်းကို လက်ထဲကိုင်ထားစဉ် ၎င်းကပိုတောက်ပလာ၏။ မင်ရှစ်ရင်နှင့် ခရုလေးက ခန်းမထဲဝင်လာကာ အိတ်ကို စပ်စပ်စုစုကြည့်လိုက်ကြသည်။

ဝုတ် ဝုတ် ဝုတ် ဝုတ်

ချုံးချီက ပျော်ရွှင်စွာ ဟောင်နေ၏။

လုကျိုးက ၎င်းကိုဆုပ်ကိုင်လိုက်သောအခါ ပုံသဏ္ဌာန်အားလုံးက လင်းထိန်လာသည်။

“တင်း ... ကျယ်ပြန့်ကောင်းကင်အိတ်။ ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်ပြီး အဆင့်သတ်မှတ်ချက်မရှိ။ ၎င်း၏ဝင်ဆံ့မှုသည် မိမိ၏ကျင့်ကြံမှုပေါ် မူတည်၏”

မင်ရှစ်ရင်၏မျက်လုံးက လက်သွားတော့သည်။ ဒါ ရတနာပဲ။

လုကျိုးသည် သူ၏ကြည့်စိတ်တစ်မျှင်ကို အိတ်ထဲပို့လိုက်၏။ အကျယ်အဝန်းက ပေတစ်ရာခန့်ရှိကာ အမြင့်က မိုးနှင့်မြေကြား အကွာအဝေးခန့်ရှိ၏။

အမွေအနှစ်ရတနာတစ်ပါး ဖြစ်သော်ငြား လုကျိုးအတွက် သိပ်အသုံးမဝင်ပေ။ ဆိုရလျှင် သူ၏ရတနာများကို စနစ်ထဲတွင် သိုလှောင်နိုင်သောကြောင့်ဖြစ်သည်။ သို့သော် ယင်းသည် နောင်ကျ အသုံးဝင်လာလိမ့်မည်။ ဆိုရလျှင် သူ စနစ်ကိုများစွာ အားကိုး၍မရနိုင်။ လုံလောက်သော ဝိညာဉ်စွမ်းအင်များနှင့် လက်နက်များသည် ရှာတွေ့၍ မရနိုင်လောက်သည့် အနေအထားထိ ကျုံ့နိုင်၏။ သို့သော်ငြား သူ့၌ဝိညာဉ်စွမ်းအင်များစွာ ထည့်ပေးရန်လိုအပ်သည်။ ရတနာများစွာရှိ၏။ ထို့ကြောင့် ဤကျယ်ပြောအိတ်က နောင်ကျ အသုံးဝင်လာလိမ့်မည်။ ကျယ်ကျန့်အန်းသည် မဟာလေဟာနယ်မှ လာတာ ဖြစ်လောက်သည်။ သူသည် ဤအိတ်ကို ပို့ရန်အတွက် ဤနေရာသို့လာသည်လော။ တစ်စုံတစ်ခု မဟုတ်သေးဘူးလို့ ခံစားမိသည်။ သူ အိတ်ကိုသိမ်းတော့မည့်အချိန်တွင် ....

ချုံးချီက ဝုတ် ဝုတ် ဝုတ်

ချုံးချီက ဟောင်လိုက်ပြီး အနက်ရောင်မစင်လုံးဆီ ပြေးသွားကာ လက်ဖြင့်ပုတ်လိုက်၏။

ခွမ်း

အပေါ်ယံက ကွဲသွားပုံမှာ ကြက်ဥခွံပေါ် ဆားဖြူးလိုက်သလိုပင်။ ဥက ချောမွေ့ပြီးတောက်ပနေကာ မှင်ရောင်ရှိ၏။

“ဒါက” မင်ရှစ်ရင်က မှင်တက်သွားတော့၏။

ခရုလေးလည်း မှင်တက်သွားတော့သည်။

လုကျိုးက ကြမ်းပြင်ပေါ်ရှိ မစင်ကိုကြည့်ကာ ပြောလိုက်သည်။ "ငါ သိပြီ”

“ရှစ်စွင်းက ဘာကိုတွေ့တာလဲ။ ဒါ ဘာလဲ” မင်ရှစ်ရင်က ခေါင်းကိုကုတ်လိုက်လေ၏။

“မစင်က ဒီအရာဝတ္ထုရဲ့အရှိန်အဝါကို ပိတ်ထားပေးတာ။ အနံ့ခံအာရုံကောင်းတဲ့ ကျင့်ကြံသူတွေတောင် ဒါကို ရှာမတွေ့နိုင်ဘူး" လုကျိုးက ရှင်းပြလိုက်၏။ ပြီးနောက် သူသည် ကျယ်ကျင့်အန်းအကြောင်း တွေးမိကာ ပြောလိုက်တော့၏။ “မင်းရဲ့နည်းလမ်းက တကယ်ပြောင်မြောက်တာပဲ”

လုကျိုးက လက်ကိုဝေ့ယမ်းလိုက်ရာ အနက်ရောင်ဥနှင့်တူသည် အရာဝတ္ထုက သူ၏လက်ထဲ ရောက်လာ၏။ အေးစိမ့်မှုက သူ၏လက်ဆီပြန့်နှံ့သွားတော့သည်။ သူ မျက်မှောင်ကျုံ့မိသွားလေ၏။

“ပြန်အသုံးပြုလို့ရတဲ့ အသက်ဓာတ်နှလုံးသားလား”

All Chapters