← Chapters

အခန်း (၁၃၆၆-၁၃၆၈)

Vol. 92 Ch. 1366-1368

အခန်း (၁၃၆၆-၁၃၆၈)

Vol. 92 Ch. 1366-1368

အခန်း (၁၃၆၆) ရှေးဟောင်းနတ်သားရဲ၏ အသက်ဓာတ်နှလုံးသား

“ဒါက အသက်ဓာတ် နှလုံးသားလား” မင်ရှစ်ရင်က အနီးကပ်ကြည့်ပြီး အသက်ဓာတ်နှလုံးသားကို လောဘတကြီး ကြည့်လိုက်သည်။

“အာ့... ရှစ်စွင်း”

“ဟမ်”

လုကျိုး၏ ဟမ်ဟူသော အသံက အဆုံးသတ်၌ အနည်းငယ် ရှည်လျားနေပြီး စိန်ခေါ်မှုတို့ ပါဝင်နေသည်။ ထိုအရာက စကားတစ်လုံးမျှသာ ဖြစ်သော်လည်း

“မင်း သတ္တိရှိရင် ပြောလိုက်လေ”ဟူသော အဓိပ္ပာယ် ပါဝင်နေသည်။

မင်ရှစ်ရင်က လေးလေးစားစားအမူအရာဖြင့် နောက်တစ်လှမ်းဆုတ်လိုက်၏။

“ဘာမှမဟုတ်ပါဘူး။ ကျွန်တော် အခု သွားအိပ်လိုက်ပါဦးမယ်။ အဲလေ ကျွန်တော်သွားပြီး ကျင့်ကြံလိုက်ပါဦးမယ်”

ထို့နောက် မင်ရှစ်ရင်က ခရုလေးကို လက်ဝှေ့ပြလိုက်သည်။

ခရုလေးက ဦးညွှတ်ပြီးသည့်နောက်တွင် မင်ရှစ်ရင်နောက်မှ လိုက်ပါသွားလေ၏။ သူမက မင်ရှစ်ရင်သည် အနည်းငယ် ထူးဆန်းတာ ခံစားမိ၍ အပြင်ဘက်သို့ ရောက်သည့်အခါ သူမက မေးလိုက်သည်။

“စစ်ရှစ်ရှိုး ခန္ဓာကိုယ်မှာ ပိုးကောင်တွေ ရှိနေလို့လား”

“ဟမ် ပိုးကောင်တွေလား”

“မဟုတ်ရင် ဘာလို့ ကိုယ့်ကိုယ်ကိုယ် ကုတ်နေမှာလဲ” ခရုလေးက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

မင်ရှစ်ရင်က ထပ်မံ ကုတ်လိုက်ပြန်သည်။ သူက နောက်ကို မကြည့်ဘဲ ကုတ်နေခြင်း ဖြစ်၏။

ဝုတ် ဝုတ် ဝုတ်

ချုံးချီက မင်ရှစ်ရင်နောက် လိုက်ပါလာသည်။

မျက်စိတစ်မှိတ်အတွင်း လူနှင့် ခွေးတို့က အဝေးတစ်နေရာဆီ ပျောက်ကွယ်သွားကာ ခရုလေးကိုသာ ချန်ထားခဲ့သည်။

ဒါက ခက်ထန်သားရဲတွေဆီက မစင်လောက်ပဲ မဟုတ်ဘူးလား။ အဲ့လောက်ကြီး ရွံဖို့မကောင်းဘူး မဟုတ်ဘူးလား..

…………………………………………..

တောင်ဘက်လေ့ကျင့်ရေးခန်းမအတွင်း

လုကျိုးက သူ့ရှေ့တွင်ရှိနေသည့် အသက်ဓာတ်နှလုံးသားကို လေ့လာကြည့်လိုက်သည်။ သူက ဤအသက်ဓာတ်နှလုံးသားသည် မည်သည့်သားရဲမှ ဖြစ်ကြောင်း မသိပေ။ သို့သော် အသက်ဓာတ်နှလုံးသားထဲတွင် ပါဝင်နေသည့် လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲသည့် စွမ်းအားတစ်ခုကို ခံစားမိ၏။ ထိုအရာက ပင်လယ်ကြီးလောက် ကျယ်ပြန့်ကာ နက်ရှိုင်းပြီး သားရဲဧကရာဇ်၏ အသက်ဓာတ်နှလုံးသားနှင့်ပင် တိုင်းတာ၍ မရနိုင်လောက်အောင် ကျော်လွန်နေသည်။

“နတ်သားရဲလား”

လုကျိုးက ဆက်လက် လေ့လာနေသည်။ သူက အဆင့်ကို မဆုံးဖြတ်နိုင်သေးပေ။

“စမ်းကြည့်ရအောင်”

လုကျိုးက လက်ကို ဆုပ်လိုက်ပြီး ကနဦးချီကို လှုပ်ရှားလိုက်သည်။ ထိုအရာက ချီသွေးကြော ၈ခုအနှံ့ စီးဆင်းသွားပြီးသည့်နောက်တွင် သူ့လက်ဝါးမှ ထွက်ပေါ်လာပြီး အသက်ဓာတ်နှလုံးသားထဲ ဝင်ရောက်သွားခဲ့သည်။

ဝှစ်

ထို့နောက် လုကျိုး၏ စိတ်ထဲ မှုန်ဝါးဝါးမြင်ကွင်းများ ပေါ်ထွက်လာလေ၏။

သူက ကောင်းကင်၌ ကြယ်တာရာဒိုင်ခွက်များနှင့် စိတ်ဝိညာဉ်သဏ္ဌာန်များသည် ထိပ်တိုက် တွေ့ဆုံနေသည်ကို မြင်တွေ့လိုက်ရသည်။ သွေးမိုးများက ရွာနေပြီး ပင်လယ်ကြီးက နှစ်ပိုင်းကွဲသွားကာ ကမ္ဘာကြီးက ပြိုလဲသွား၏။

လုကျိုးက ကနဦးချီကို ချက်ချင်းဆိုသလို ရုတ်သိမ်းလိုက်သည်။ အသက်ဓာတ်နှလုံးသားက လက်ထဲမှ ပြုတ်ကျသွားပြီး မြေကြီးပေါ် အကြိမ်အနည်းငယ် လိမ့်သွားလေ၏။

လုကျိုးက ထိုထူးထူးဆန်းဆန်း ခံစားချက်ကြောင့် သက်ရောက်ခံလိုက်ရဟန်ပေါ်သည်။

ဒါက အရင်ပိုင်ရှင်ရဲ့ စိတ်ခံစားချက်လား

လုကျိုးက အနည်းငယ် အံ့အားသင့်သွားမိ၏။ သူက အသက်ဓာတ်နှလုံးသား၏ ယခင်ပိုင်ရှင်သည် ဤမျှနက်နဲလှသည့် ထင်မြင်ချက်မျိုးကို အသက်ဓာတ်နှလုံးသားထဲ ချန်ထားခဲ့လိမ့်မည်ဟု ထင်မှတ်မထားပေ။ ဆိုလိုသည်မှာ ထိုအသက်ဓာတ်နှလုံးသားကို အသုံးပြုဖို့ မလွယ်ကူလှပေ။

လုကျိုးက အသက်ပြင်းပြင်းရှူကာ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ ထို့နောက် သူက လက်ကိုဝှေ့ယမ်းပြီး အသက်ဓာတ်နှလုံးသားကို ယူလိုက်၏။

“နောက်တစ်ကြိမ်”

လုကျိုးက လက်ကို ဆုပ်ထားပြီး ကနဦးချီကို ထပ်မံထည့်သွင်းလိုက်သည်။

ယခင်ကဲ့သို့ သွေးသံရဲရဲ မြင်ကွင်းများက ပေါ်ထွက်လာလေ၏။ အလောင်းများက နေရာအနှံ့ ပြန့်ကျဲနေကာ ကျင့်ကြံသူများက တစ်ယောက်နှင့်တစ်ယောက် သတ်ဖြတ်နေကြသည်။

တစ်ချိန်တည်းဆိုသလို သူက ဧရာမလက်ကြီးသည် သူ့မွေးဖွားဇယားချပ်ကို တူးနေသလိုမျိုး နာကျင်မှုကိုခံစားမိလိုက်၏။

လုကျိုးက လက်ကိုပြန်ဖြည်လိုက်ပြီး အံ့ဖွယ်စွမ်းအားကို အသုံးပြုပြီး သူ အသက်ဓာတ်နှလုံးသား၏ ယခင်ပိုင်ရှင်နှင့် နာကျင်မှုမှ စိတ်ခံစားချက်များကို ဖယ်ရှားလိုက်သည်။

လုကျိုးက အသက်ပြင်းပြင်းရှူကာ အသက်ဓာတ်နှလုံးသားကို အံ့အားသင့်စွာ ကြည့်လိုက်၏။

“ဘယ်သူ့ရဲ့ အသက်ဓာတ်နှလုံးသားမလို့ အဲ့လောက်တောင် အားကောင်းနေတာလဲ”

“တင်း … သူတော်စင်သတ်ဖြတ်သူ ကုံချန်ရဲ့ အသက်ဓာတ်နှလုံးသား။ စွမ်းရည် - မသိရသေး”

“…”

ကုံချန်လား…

လုကျိုးက အသက်ဓာတ်နှလုံးသားကို တငေးတမောကြည့်လိုက်သည်။

ထိုစဉ် ဓားသမား၄၉ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် ယွမ်လန်က အဝင်ဝ၌ ရောက်ရှိလာလေ၏။ သူက စကားပြောလိုက်သည်။

“လောင်ချန်းပေ့ ဆရာသခင်ချင်က တွေ့ဆုံပွဲအတွက် လေ့ကျင့်ရေးခန်းမကို ဖိတ်ကြားလိုက်ပါတယ်။ ဒါပေမဲ့ အလုပ်များနေတယ်ဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဆရာသခင်ချင်ဆီ အကြောင်းကြားပေးပါမယ်”

ယွမ်လန်က လုကျိုးကို ဖိတ်ကြားဖို့အတွက် လေ့ကျင့်ရေးခန်းမဆီ မကြာခဏ လာရောက်လေ့ရှိသည်။ သို့သော်လည်း အချိန်အများစု၌ သူက လျစ်လျူရှုခံရလေ့ရှိ၏။ သူက ငြင်းဆန်မှုများကို တောင့်ခံနိုင်သည့် သံမဏိနှလုံးသားကို လေ့ကျင့်ထားသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်၏။ အကယ်၍ သူသာ ငြင်းဆန်ခံရလျှင်ပင် ချင်ရန်ယွဲ့ဆီ အကြောင်းကြားရုံမျှသာ ဖြစ်၏။

“ကောင်းပြီလေ” လုကျိုးက ပြန်ဖြေလိုက်သည်။

ယွမ်လန်က မျှော်လင့်မထားသည့် ပြန်ဖြေမှုကြောင့် အနည်းငယ် အံ့အားသင့်သွားလေသည်။ ထို့နောက် သူက အလျင်အမြန်ပြောလိုက်သည်။

“လုချန်းပေ့ ကျေးဇူးတင်ပါတယ်။ ကျွန်တော် ရှေ့ကနေ လမ်းပြပါ့မယ်”

လုကျိုးက အသက်ဓာတ်နှလုံးသားကို သိမ်းဆည်းပြီးသည့်နောက်တွင် အဝင်ဝ၌ ရောက်ရှိလာသည်။

ထိုအချိန်၌ သူ့ထံ အတွေးတစ်ခုပေါ်ထွက်လာသည်။ ကျယ်ကျင့်အန်းက ခက်ထန်သားရဲ၏ အညစ်အကြေးဖုံးလွှမ်းနေသည့် အသက်ဓာတ်နှလုံးသား၏ အရှိန်အဝါကို ခက်ထန်သားရဲ၏ မစင်ဖြင့် ဖုံးလွှမ်းထားခဲ့ရသည်။

သူကရော ကျယ်ကျင့်အန်းရဲ့ နမူနာအတိုင်း လိုက်ပြီးတော့ ခက်ထန်သားရဲမစင်နဲ့ အသက်ဓာတ်နှလုံးသားကို ဖုံးကွယ်လိုက်ရမှာလား…

ရတနာများက ပြဿနာများကို ဆွဲဆောင်မိနိုင်သည်။ ကျွမ်းကျင်ပညာရှင်များကသာ ထိုသို့သော ရတနာများကို တပ်မက်ကြလေ့ရှိသည်။

သို့သော်လည်း သူက မစင်အကြောင်း တွေးမိသည့်အခါ ခေါင်းအသာယမ်းလိုက်သည်။

ထားလိုက်ပါတော့။ မဟာလေဟာနယ်မျိုးစေ့အကြောင်း ပေါက်ကြားသွားမှာကိုတောင် မကြောက်တာ။ ဒါက မဟာလေဟာနယ်မျိုးစေ့နဲ့တော့ မယှဉ်နိုင်သေးပါဘူး..

“ရှေ့ကနေ လမ်းပြ”

“ဟုတ်ကဲ့”

နှစ်ဦးသားက မြောက်ဖက်လေ့ကျင့်ရေးခန်းမဆီ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာလေသည်။

လုကျိုးက ရောက်ရှိလာသည့်အခါ ချင်ရန်ယွဲ့က သူ့အား အပြုံးတစ်ပွင့်ဖြင့် နှုတ်ဆက်လာလေ၏။

“အစ်ကိုလု ကိုယ်တိုင်လာပြီး မဖိတ်ရတာ အားနာပါတယ်”

လုကျိုးက မည်မျှအသက်ဝင်နေသည်ကို မေးသည့်အခါ သူက မေးလိုက်သည်။

“ဒီလိုမျိုး အခမ်းအနားနဲ့ ထိုက်တန်ရအောင် ဘာကိစ္စများ ရှိလို့တုံး”

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“အစိမ်းရောင်ကြာနယ်မြေမှာ နောက်ထပ်ဆရာသခင် တစ်ယောက် ရှိလာပြီလေ”

“အိုး”

“တစ်ယောက်က ကောင်းကင်ကြိုးတန်းနားမှာ ဆရာသခင်အသစ် တစ်ယောက် မွေးဖွားလာတဲ့ အရိပ်အယောင်ကို မြင်လိုက်ရတယ်တဲ့” ချင်ရန်ယွဲ့က ပြောလိုက်သည်။

လုကျိုးက “…”

ချင်ရန်ယွဲ့က အားပါးတရ ရယ်မောလိုက်၏။ သူက ဆရာသခင်စစ်ဆေးမှုကို အောင်မြင်သွားသည့်အချိန်ကထက်ပင် အဆတစ်ရာ ပိုမိုပျော်ရွှင်နေမိသည်။

“ဆရာသခင်က မဟာဆရာသခင်တစ်ယောက်လို့ ကြားတယ်။ တကယ်လို့သာ မဟာဆရာသခင် တစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ တကယ်ကို ကောင်းတာပဲ။ မျှခြေမညီမျှမှုက ဘယ်လောက်ပဲ ပြင်းထန်ပြင်းထန် အစိမ်းရောင်ကြာနယ်မြေရဲ့ အန္တရာယ်ဘေးကင်းမှုက ခြိမ်းခြောက်မခံရတော့ဘူး။ ဒီလိုမျိုး သတင်းကောင်းမျိုးကို အကုန်လုံးနဲ့ မျှဝေသင့်တာပေါ့”

လုကျိုးက မနေနိုင်ဘဲ သူ့ကိုယ်သူ ရှင်းပြမနေတော့ပေ။ သူက လေ့ကျင့်ရေးခန်းမအတွင်း ဝင်ရောက်လိုက်ပြီးသည့်နောက်တွင် ကြုံရာကျပန်းနေရာတစ်ခုကို ထိုင်လိုက်သည်။

ချင်ရန်ယွဲ့က သူနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်၏။ ထို့နောက် အပြုံးဖြင့် ပြောလိုက်သည်။

“လွတ်လပ်သူ ၈ယောက်ကိုလည်း ဒီနေရာမှာ ဖိတ်ကြားထားသေးတယ်။ ဒါပေမဲ့ အားလုံးကတော့ မတက်ရောက်နိုင်ဘူးပေါ့”

“လွတ်လပ်သူ ၈ယောက်လား”

“သူတို့က အစိမ်းရောင်ကြာနယ်မြေရဲ့ အင်အားစု၈ခုကို ကိုယ်စားပြုတယ်လေ။ သူတို့က ဆရာသခင်အသစ် တစ်ယောက် မွေးဖွားလာတာကို ကြားလို့ သူ့ကို ဖိတ်ကြားနိုင်ဖို့ ကျုပ်အကူအညီကို လိုချင်နေကြတာ” ချင်ရန်ယွဲ့က ရှင်းပြလိုက်သည်။

“အဲဒါဆိုတော့ သူ့ကို ဖိတ်ကြားစေချင်တာ”

ချင်ရန်ယွဲ့က လုကျိုး၏ လေသံနှင့် ပတ်သက်ပြီး တစ်စုံတစ်ခု ထူးဆန်းနေသည်ကို ခံစားမိလိုက်သည်။

“မဟုတ်ပါဘူး။ အစ်ကိုလုကို အဲဒါမတောင်းဆိုရဲပါဘူး”

လုကျိုးက စားပွဲပေါ်မှ သေရည်ခရားကို ကြည့်ပြီး ကောင်းကင်ကြိုးတန်းပေါ်မှ အချိန်ကို ပြန်လည်တွေးတောမိသွားသည်။ သူက ချီသွေးကြော ၈ခုထဲမှ ခံစားချက်သည် ဆရာသခင်တစ်ယောက် မဖြစ်ခင်နှင့် ဖြစ်လာပြီးသည့် ခံစားချက်ကို မျက်ဝါးထင်ထင် အမှတ်ရနေဆဲ ဖြစ်၏။

လုကျိုးက သူ့ကိုယ်သူ သေရည်တစ်ခွက် လောင်းထည့်ကာ တစ်ငုံထဲဖြင့် သောက်သုံးလိုက်သည်။

သေရည်ရနံ့က သူ့အရသာအာရုံခံ အဖုလေးများအပေါ် အရည်ပျော်သွားပြီး နွေးထွေးမှုတို့က သူ့နှလုံးသားထဲ စီးဆင်းသွားလေသည်။ ဤသည်က အချိန်အတော်ကြာ မခံစားခဲ့ဖူးသည့် ခံစားချက်မျိုးဖြစ်ကာ သူ့ကို ပြန်လည် လွမ်းဆွတ်မိစေသည်။

ခဏအကြာတွင် လုကျိုးက မေးလိုက်သည်။

“ကုံချန်ကို သိလား”

“ကုံချန်လား” ချင်ရန်ယွဲ့က မေးလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

“အဲဒါက ရှေးဟောင်းနတ်သားရဲထဲက တစ်ကောင်ပဲ။ မဟာလေဟာနယ် မပျောက်ကွယ်သွားခင် လူသားတွေနဲ့ နတ်သားရဲတွေက အတူတူနေထိုင်ခဲ့ကြတာ။ ဖရိုဖရဲခေတ်ကာလ ဖြစ်ပေါ်လာပြီးတဲ့နောက်မှာ ကမ္ဘာကြီးက ဖရိုဖရဲဖြစ်သွားပြီးတော့ လူသားတွေနဲ့ ခက်ထန်သားရဲတွေက ဖြည်းဖြည်းချင်း ကွဲထွက်သွားတယ်။

အဲဒီနောက် လူသားတွေကြားမှာ စစ်ပွဲဖြစ်လာပြီးတော့ ကုန်းမြေတွေ ခွဲထုတ်သွားတယ်။ လူသားတွေနဲ့ တူညီတာက ခက်ထန်သားရဲတွေကလည်း စစ်ပွဲဖြစ်ပြီးတော့ သူတို့ကိုယ်သူတို့ ခွဲထုတ်လိုက်ကြတာ။ ယေဘုယျအနေနဲ့ ပြောရမယ်ဆိုရင်တော့ ခက်ထန်သားရဲတွေက မဟာလေဟာနယ် ပျောက်ကွယ်သွားမှု မတိုင်ခင်က ခက်ထန်သားရဲတွေကို ရှေးဟောင်းနတ်သားရဲတွေလို့ သိကြတယ်။ ဒါပေမဲ့ သူတို့တွေက ဖြည်းဖြည်းချင်း မျိုးတုံးသွားတာ။ ပိုပြီးရှားပါးလာတယ်။

သူတို့တွေရဲ့ အသက်ဓာတ်နှလုံးသားကလည်း လူသားတွေအများစုက ယူပြီးသွားကြပြီ။ အားကောင်းတဲ့ ရှေးဟောင်းနတ်သားရဲတွေပဲ ကျန်တော့တာ။ ဒါပေမဲ့ သူတို့ရဲ့ တည်နေရာကို မသိရဘူး။ သူတို့ရဲ့ အသက်ဓာတ်နှလုံးသားကလည်း ရှေးဟောင်းမဟာလေဟာနယ် အသက်ဓာတ်နှလုံးသားအဖြစ် သိကြတာ။ ကုံချန်အတွက်ကတော့ မျိုးတုန်းသွားလောက်ပြီထင်တယ်”

...

အခန်း (၁၃၆၇) မဟာဆရာသခင်က ကျုပ်ရဲ့နိမ့်ကျတဲ့အိမ်မှာ ဧည့်သည်အဖြစ်ရှိနေ

လုကျိုးက ခေါင်းညိတ်လျက် ပြောလိုက်သည်။ "ရှေးလူသားတွေ ရှိခဲ့တယ်ဆိုတော့ ရှေးဟောင်းကြမ်းတမ်းခက်ထန်သားရဲတွေ ရှိမှာပဲ။ အမည်မသိမြေရဲ့ ဗဟိုချက်ဒေသကလွဲရင် တခြားဘယ်နေရာဆီ အဲ့ဒီကြမ်းတမ်းခက်ထန်သားရဲတွေ သွားနိုင်သေးလဲ”

ချင်ရန်ယွဲ့က ရယ်မောလျက် ပြောလိုက်လေ၏။ “အစ်ကိုလုက ဒီကိစ္စကို စိတ်ဝင်စားလိမ့်မယ်လို့ မထင်ထားဘူး။ မဟာလေဟာနယ်ပျောက်ကွယ်သွားပြီးတော့ အမည်မသိကုန်းမြေကို ဗဟိုပြုပြီး အဆုံးမဲ့သမုဒ္ဒရာက ဝန်းရံထားတယ်။ သမုဒ္ဒရာထဲ တကွဲတပြားဆီ ဖြစ်နေတဲ့ ကျွန်းတွေရှိတယ်။ ဉာဏ်ရည်မြင့်ပြီး အစွမ်းထက်တဲ့ ကြမ်းတမ်းခက်ထန်သားရဲတချို့က ကုန်းမြေကွဲထွက်မှုရဲ့ကပ်ဘေးကို ရှောင်ရှားဖို့ ရွေ့ပြောင်းခဲ့ကြတယ်”

“ပင်လယ်သားရဲတွေကကော” လုကျိုး မေးလိုက်၏။

“ပင်လယ်သားရဲတွေက ပိုသန်မာပြီး ပိုရန်လိုတယ်။ ကြောက်စရာအကောင်းဆုံးက သူတို့တွေက မိုးနဲ့မြေရဲ့အတားအဆီးတွေကို အနည်းငယ်ပဲထိန်းချုပ်ခံထားရသလိုပဲ။ ဒါ့အပြင် သူတို့က အသက်လည်းရှည်ကြတယ်။ ဒါပေမဲ့ မိုးနဲ့မြေကြား ဟန်ချက်တစ်ခုရှိတယ်။ ပင်လယ်သားရဲတွေက ကမ်းစပ်ကို အလွယ်တကူ မလာဘူး။ သူတို့အဖို့ ကုန်းမြေက သေးပြီး မထင်မရှားဖြစ်လွန်းတယ်”

ချင်ရန်ယွဲ့က ပြန်ပြောပြလိုက်၏။

“မဟာလေဟာနယ်ကသေးတာလား” လုကျိုးသည် ဆင်ခြင်တုံတရားရှိရှိမေးလိုက်တော့သည်။

“အမ်း ... ဒါက” ချင်ရန်ယွဲ့က အနေခက်စွာပြုံးလျက်ပြောလိုက်တော့သည်။ “မဟာလေဟာနယ်ပေါ် ကျုပ်ရဲ့သိမြင်နားလည်မှုက နည်းပါးပါတယ်။ အစ်ကိုလုမေးခွန်းကို မဖြေနိုင်ပါဘူး”

ထိုသို့ပြောပြီးနောက် ချင်ရန်ယွဲ့က သက်ပြင်းချလိုက်လေ၏။

“တစ်ခါတလေကျ ကျုပ်စဉ်းစားမိတယ်။ မဟာလေဟာနယ်က လူတွေ လာခေါ်သွားရင်ကောင်းမှာပဲ။ လူတွေက မဟာလေဟာနယ်ကို နည်းမျိုးစုံနဲ့တမ်းတနေကြတာ။ သေမှာက မလွဲမသွေပဲ။ သေဖို့ ထိုင်စောင့်နေမဲ့အစား ကျုပ် မသေခင် မဟာလေဟာနယ်ဆီ တစ်ခေါက်သွားကြည့်လိုက်တာ ပိုမကောင်းဘူးလား”

“မင်း မကြာခင်သေတော့မှာလား” လုကျိုးက စဉ်းစားလျက် မေးလိုက်ပြန်သည်။

ချင်ရန်ယွဲ့ “...”

လုကျိုးက ပြောလိုက်၏။ “ကျုပ် စကားမှာ မကောင်းတဲ့ရည်ရွယ်ချက် မရှိဘူး။ ဆရာသခင်တွေက နှစ်ပေါင်းသုံးသောင်း နေနိုင်တယ်။ ခင်ဗျားက ဖျတ်လတ်တက်ကြွမှုတွေ ပြည့်နေပြီး ဘဝအဆုံးသတ် ရောက်တော့မဲ့လူနဲ့ မတူဘူးလေ”

“အစ်ကိုလုရဲ့ စကားကြောင့် ရင်ထဲထိမိပါရဲ့” ချင်ရန်ယွဲ့က ပြောလိုက်သည်။

“...”

“လူငယ်တွေက အမြဲတစေသွက်လက်ရွှင်မြူးအမူအရာနဲ့ ဝမ်းနည်းတဲ့အကြည့်တွေနဲ့ ကောင်းကင်ကို စိုက်ကြည့်နေရတာ သဘောကျတယ်။ ဒါ နားမလည်နိုင်စရာပဲ။ သက်ပြင်းချဖို့အချိန် ရှိရင် ဘာလို့များ ကျင့်ကြံမနေနိုင်ရတာလဲ။ ဘဝက မြန်ဆန်လွန်းတာ ဘာကြောင့်များ တမင်တကာ ပူဆွေးနေတော့မှာလဲ”

ခဏအကြာ၌ လုကျိုးက မေးလိုက်၏။ “ရှေးဟောင်းကြမ်းတမ်းခက်ထန်သားရဲတွေရဲ့ အသက်ဓာတ်နှလုံးသားက အမှန်သာဆိုရင် ဒီနေ့လူသားတွေအဖို့ အဲဒါကိုယူဖို့ နည်းလမ်း မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလား”

ချင်ရန်ယွဲ့က ခေါင်းညိတ်ပြီးနောက် ခေါင်းခါလိုက်ပြန်သည်။ ခဏအကြာတွင် သူက ပြောလိုက်လေ၏။

“ရှေးအသက်ဓာတ်နှလုံးသားတွေက နတ်သားရဲတွေထက် ကြောက်ဖို့ကောင်းတယ်။ နယ်မြေကိုးခုထဲက ဘယ်ကျင့်ကြံသူကမှ အသုံးချဖို့အတွက် သူတို့ကိုအောင်နိုင်အောင် မလုပ်နိုင်သေးဘူး။ ရနိုင်တဲ့လူတစ်ယောက် ရှိခဲ့မယ်ဆိုရင်တောင် ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ရှေးသူတော်စင်တွေ ပြန်ပေါ်လာမှပဲ ရနိုင်မှာ။ မဟာလေဟာနယ်က လူတွေက ရှေးသူတော်စင်ကို သတ်ပြီး သူ/သူမရဲ့ ရှေးဟောင်းအသက်ဓာတ်နှလုံးသားကို ယူနိုင်တယ်။ ဒါမှမဟုတ် ကံကောင်းရင် ကျင့်ကြံဆင့်နိမ့်ပေမဲ့ သူ့ရဲ့အကြည့်တွေကို ရှေးဟောင်းအသက်ဓာတ်နှလုံးသား ပေးအပ်တတ်တဲ့ မော့ရှန်းလိုလူမျိုး တွေ့နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီလူတွေပေါ်လာမယ်ဆိုရင်တောင် အဲ့ဒါတွေကို ရဖို့ မဖြစ်နိုင်သလောက်ပဲ။ ပြောရရင် သူတို့မပူးပေါင်းသရွေ့ သူတို့ရဲ့မွေးဖွားနန်းဆောင်တွေကနေ သူတို့ရဲ့အသက်ဓာတ်နှလုံးသား ခိုးယူဖို့ဆိုတာမဖြစ်နိုင်သလောက်ပဲလေ”

အမှန်ပင် ပုံမှန်အခြေအနေအောက်တွင် မည်သူကများ သူတို့၏ မွေးဖွားနန်းဆောင်ကို ဖွဲ့တည်ထားပြီး တစ်စုံတစ်ယောက်က သူတို့အသက်ဓာတ်နှလုံးသားကို လုယူနေစဉ် သူတို့မွေးဖွားနန်းဆောင်ကို ဖွဲ့တည်ထားပြီး ရပ်ကြည့်နေမည်နည်း။

“အသက်ဓာတ်နှလုံးသားတစ်ခု တူးထုတ်တာက ကျင့်ကြံသူတစ်ယောက်ကို သတ်လိုက်တာပဲ။ ဒါ့အပြင် ကျင့်ကြံသူက သူ့ကိုယ်သူဖျက်ဆီးနိုင်ခြေလည်း ရှိတယ်”

“ရှေးဟောင်းနတ်သားရဲရဲ့အသက်ဓာတ်နှလုံးသားက ဒီလောက်ရှားပါးပြီး တန်ဖိုးရှိလှတာ” လုကျိုးက ရေရွတ်ပြောလိုက်၏။

ကျယ်ကျင့်အန်းက ဒီလိုရှားပါးတဲ့ရတနာတစ်ခုကို ငါ့ဆီ တကယ်ပေးဖို့ ဆန္ဒရှိတယ်ပေါ့။

ချင်ရန်ယွဲ့က မေးလိုက်၏။ “အစ်ကိုလု ဒီအကြောင်း ဘာလို့ ရုတ်တရက်မေးတာလဲ။ အဲဒါတွေကို ရှာဖို့ အမည်မသိကုန်းမြေဆီ သွားမယ်လို့ မပြောနဲ့နော်။ ဒီလိုသာဆိုရင် ဗဟိုချက်ဒေသကို သွားမှရမှာ”

လုကျိုးက ခေါင်းခါလိုက်၏။ “အခုတော့ အမည်မသိကုန်းမြေထဲ သွားဖို့ အစီအစဉ် မရှိသေးဘူး”

လုကျိုးသည် ဆရာသခင်တစ်ပါးဖြစ်လာသော်ငြား သူသည် သူ၏စွမ်းအားအသစ်နှင့် အသားကျရန် အချိန်လိုအပ်သည်။ သူ အမည်မသိကုန်းမြေကို ထပ်သွားရမည်ဆိုသော်ငြား ယခုအချိန်တော့ မဟုတ်သေးပေ။

ထိုစဉ် ယွမ်လန်က ဦးညွှတ်လျက် လျှောက်တင်လိုက်၏။ “အားလုံးရောက်လာပါပြီ”

“သူတို့ကို ဝင်ခိုင်းလိုက်”

“နားလည်ပါပြီ”

ခန်းမအပြင်ဖက်တွင် ဖြစ်သည်။ အရပ်မျက်နှာအနှံ့မှ ရထားလုံးပျံများသည် မြောက်ဘက် လေ့ကျင့်ရေးခန်းမ အပြင်ဖက်၌ ဆင်းသက်လာ၏။ ရထားလုံးပျံတိုင်းကို ကျင့်ကြံသူရာချီ စောင့်ကြပ်နေပြီး ပညာရှင်များနှင့် ချောမောခန့်ညားသည့် လူငယ်များ၊ မိန်းမပျိုလေးများလည်း ရှိ၏။

“ဆရာသခင်ဖန် ရောက်လာပါပြီ”

ကုန်းမြေကို ပထဆုံးဆင်းသက်လာသည့် ရထားလုံးပျံကမူ ဆရာသခင်လေးဦးထဲမှတစ်ဦး ယခုနှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ဖန်ကျုံးဖြစ်သည်။

လုကျိုးသည် ကြေညာသံကို ကြားသောအခါ မျက်မှောင်ကျုံ့မိသွားသည်။

“သူ လာရလောက်အောင် အရှက်မရှိဘူးလား”

“ပြောရရင် သူက ဆရာသခင်တစ်ပါးပဲလေ။ သူက လွတ်လပ်သူ ဖန်ဟိုင်ချန်းနဲ့လာတာ” ချင်ရန်ယွဲ့က ပြောပြီး ထပ်ပြောလိုက်၏။ "သူ ရှိနေတာ မကျေနပ်ဘူးဆိုရင် သူ့ကို အပြင်မှာနေဖို့ ပြောလိုက်မယ်”

ချင်ရန်ယွဲ့သည် တစ်စုံတစ်ယောက်ကို လှမ်းခေါ်တော့မည့်အချိန်တွင် လုကျိုးက ပြောလိုက်လေ၏။

“မလိုဘူး”

လုကျိုးသည် ယခုဆို ဆရာသခင်တစ်ပါး ဖြစ်နေလေပြီ။ ယခုအချိန်တွင် သူ၏ကျင့်ကြံဆင့်ဖြင့် ဖန်ကျုံးက သူ့ကို မခြိမ်းခြောက်နိုင်တော့ချေ။

“ပုံရိပ်ယောင်အဖွဲ့အစည်းရဲ့ ဒုခေါင်းဆောင် ကုနင် ရောက်လာပါပြီ”

“လေဆင်နှာမောင်းတောင်ကြားရဲ့ တောင်ကြားသခင် ရောက်လာပါပြီ”

“...”

မရင်းနှီးသည့် နာမည်တစ်ခုပြီးတစ်ခု လုကျိုး၏နားထဲရောက်လာသည်။

လုကျိုးက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။

“ထောပါမျိုးနွယ်နဲ့ ယဲ့မျိုးနွယ်က လူတွေ တစ်ယောက်မှမလာဘူးလား”

ချင်ရန်ယွဲ့က ပြောလိုက်၏။ "လွတ်လပ်သူရှစ်ယောက်မှာ ဒီနေ့ငါးယောက်ပဲ တက်ရောက်တာ။ ထောပါ့စစ်ချန်းတို့ သေသွားပြီးတော့ သူတို့မျိုးနွယ်က လွတ်လပ်သူတွေ တက်ရောက်မှာ မဟုတ်ဘူး။ ကျုပ်ရဲ့ချင်မျိုးနွယ်က လွတ်လပ်သူလည်း တက်ရောက်မှာ မဟုတ်ဘူး”

လုကျိုးက ခေါင်းညိတ်ပြီး ချင်ရန်ယွဲ့၏ နောက်ဆုံးစကားကို လျစ်လျူရှုလိုက်သည်။

ချင်နိုင်ဟယ်က မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ခဲ့ရသည့်အကြောင်းအရင်းကို ချင်ရန်ယွဲ့က လူတိုင်းထက် ပိုသိသည်။

သူတို့နှစ်ယောက်ပြောနေစဉ် ကျင့်ကြံသူများစွာက ခန်းမထဲဝင်လာလျက် ရယ်ရယ်မောမော စကားပြောနေကြလေ၏။ သို့သော် သူတို့ခန်းမထဲ ဝင်လျှင်ဝင်ချင်း သူတို့ တိတ်ဆိတ်မှုကို ခံစားလိုက်ရသည်။

“နှုတ်ခွန်းဆက်ပါတယ် ဆရာသခင်ချင်”

လူတိုင်း ဦးညွှတ်လိုက်သည်။

ချင်ရန်ယွဲ့က မျက်မှောင်ကျုံ့မိသွားတော့သည်။ ဦးညွှတ်တာက တကယ်ပြဿနာများတာပဲ။ ငါနဲ့မျက်နှာချင်းဆိုင်မှာ ဒီလိုပုဂ္ဂိုလ်ကြီးရှိနေတာ သူတို့ဘယ်လိုလုပ် ငါ့တစ်ယောက်တည်းကိုပဲ နှုတ်ဆက်နိုင်ရတာလဲ။

ချင်ရန်ယွဲ့က သူတို့ကိုတည့်မတ်ပေးတော့မည့်အချိန်တွင် ဖန်ကျုံးက လူအုပ်ကြီး၏နောက်မှ ဝင်လာ၏။

“နှုတ်ခွန်းဆက်ပါတယ် ဆရာသခင်ဖန်”

လူတိုင်း ဦးညွှတ်လိုက်ပြန်၏။

ဖန်ကျုံးက လူအုပ်ကြီးရှေ့ လျှောက်သွားပြီးနောက် တလေးတစားပြောလိုက်၏။ "မတွေ့ရတာကြာပါပြီ မျှော်နန်းသခင်လု”

လုကျိုးသည် ဖန်ကျုံးကို တစ်ချက်သာကြည့်ပြီး လျစ်လျူရှုလိုက်သည်။

လူတိုင်း “...”

လက်ရှိ ရှိနေသည့်လူတိုင်းက အဆင့်အတန်းတစ်ခုကို ကိုယ်စားပြုနေသည့်လူများ ဖြစ်သည်။ သူတို့သည် ချင်ရန်ယွဲ့နှင့် ဘေးချင်းယှဉ်ရှိနေသည့်လူက သာမန်မဟုတ်မှန်း သိနေ၏။ သို့သော် ချင်ရန်ယွဲ့က ညွှန်ကြားမှုမပြုခဲ့လျှင် သူတို့အဖို့ သူ့ကိုအလျင်စလိုဦးညွှတ်တာက အူကြောင်ကြောင် နိုင်နေလိမ့်မည်။

ချင်ရန်ယွဲ့က ပြုံးလျက် ပြောလိုက်သည်။ "ဒါက ကျုပ်ရဲ့မိတ်ဆွေ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်လု”

လေဆင်နှာမောင်းတောင်ကြား၏ တောင်ကြားသခင် ရှန်းယန်၏မျက်လုံးများက ချင်ချင်း ဝင်းပသွားတော့သည်။ သူက ရှေ့တစ်လှမ်းတိုးလျက် ပြောလိုက်သည်။

"မျှော်နန်းသခင်လုရဲ့ကြီးမြတ်တဲ့နာမည်ကို ကျုပ် အများကြီးကြားဖူးပါတယ်”

အမည်မသိကုန်းမြေထဲတွင် မီးဇာမဏီနှင့် လုကျိုး၏တိုက်ပွဲက အစိမ်းရောင်ကြာနယ်မြေကို တုန်လှုပ်သွားစေခဲ့သည်။ ထိုတိုက်ပွဲကြောင့် လူများစွာသည် လုကျိုး၏နာမည်ကို ကြားဖူးသော်ငြား သူ့ကို မည်သူမှ မတွေ့ဖူးချေ။

“ဖြစ်ချင်တော့ မျှော်နန်းသခင်လုကို ဒီမှာတွေ့ခွင့်ရတာ ဂုဏ်ယူစရာပါပဲ”

လူတိုင်းက ရှေ့တိုးလျက် တစ်ယောက်ပြီးတစ်ယောက်ဦးညွှတ်တော့သည်။

ဦးညွှတ်တာ ရပ်တန့်တော့မည် မဟုတ်မှန်းကို မြင်သောအခါ လုကျိုးက လက်ဝေ့ယမ်းပြလျက် ပြောလိုက်၏။ "ထုံးတမ်းစဉ်လာတွေ ဖယ်လိုက်”

“ကျေးဇူးပါ မျှော်နန်းသခင်လု”

ပြီးနောက် ချင်ရန်ယွဲ့က ပြောလိုက်၏။ "ကျေးဇူးပြုပြီး ထိုင်ကြပါ”

လူတိုင်းထိုင်ပြီးနောက် ချင်ရန်ယွဲ့က ပြောလိုက်သည်။ "ကျုပ်တို့ဒီနေ့ အားလုံး စုဝေးရတဲ့အကြောင်းအရင်းကို ခင်ဗျားတို့အားလုံး သိပြီးသားဖြစ်မှာပါ”

ဖန်ကျုံးက ပြောလိုက်၏။ “အတိတ်တုန်းက ကျုပ်တို့က ဒီအရာတွေကို ဆရာသခင်ထောပါ့ရဲ့ လေ့ကျင့်ရေးခန်းမ မဟုတ်ရင် ဆရာသခင်ယဲ့ကျန်းရဲ့ ယန်နန်ကောင်းချီးမြေမှာ ကျင်းပကြတာ။ ဒီနှစ်က ခင်ဗျားအလှည့် ရောက်သွားပြီ”

ဖန်ကျုံး၏မကျေမချမ်းဖြစ်မှုကို အာရုံခံမိသော ချင်ရန်ယွဲ့က ပြောလိုက်၏။

"ဒါဆို အခု ဆရာသခင်ဖန်ရဲ့ လေ့ကျင့်ရေးခန်းမဆီ ပြောင်းလိုက်မလား”

“မဟုတ်ဘူး မဟုတ်ဘူး၊ မဟုတ်ဘူး။ ဘာတွေပြောနေတာလဲ။ ကျုပ်က အစ်ကိုချင်အတွက် ဝမ်းသာပါတယ်” ဖန်ကျုံးက ပြောလိုက်၏။

“အချိန်က ပြောင်းလဲသွားပြီ။ အတိတ်တုန်းက ဆရာသခင်အားလုံး ရှိနေတဲ့အချိန် လောကကြီးက ငြိမ်းချမ်းတယ်။ မျှခြေ မညီမျှမှု ပိုဆိုးလာတဲ့အချိန် ငါတို့ရဲ့ ကုန်းမြေပေါ်ကို ကြမ်းတမ်းခက်ထန်သားရဲတွေ ကျူးကျော်မှုအန္တရာယ်နဲ့ လူသားမျိုးနွယ်ကို သတ်ဖြတ်မှုက ရှိနေတယ်။ ငါတာဝန်ယူထားရတာက အခု ပိုကြီးလာပြီ။ လောကကြီးရဲ့အကျိုးကြောင့်သာမဟုတ်ရင် အခု ဒီကိစ္စကို ခေါင်းထဲ ထည့်နေမှာလဲ” ချင်ရန်ယွဲ့က ပြောလိုက်၏။ ဖန်ကျုံးသည် ထိုစကားများကြောင့် ဆွံ့အသွားသည်။ ပြီးနောက် သူ့ဘေးတွင် ထိုင်နေသော လုကျိုးကို ခိုးကြောင်ခိုးဝှက်ကြည့်လိုက်သည်။

ထိုစဉ် လေဆင်နှာမောင်းတောင်ကြား၏ တောင်ကြားသခင်က အခြေအနေများ ချောမွေ့သွားအောင် လုပ်ဖို့ကြိုးစားခဲ့သည်။ သူက “လောကကြီးရဲ့အကျိုးအတွက် ဆရာသခင်နှစ်ပါးလုံး ဒီမှာရောက်နေတာပါ။ နေရာက အရေးမကြီးပါဘူး။ ကျင်းပရတာ ရည်ရွယ်ချက်ရှိတယ်။ ဆရာသခင်ချင်က လူတိုင်းကို ဖိတ်ရတဲ့အကြောင်းအရင်း ကျုပ် သိရပြီးပါပြီ။ မဟာဆရာသခင်တစ်ပါးက ကောင်းကင်ကြိုးတန်းမှာ ပေါ်လာတယ်လို့ကြားမိတယ်။ အမှန်ပဲလား”

လူတိုင်းသည် ချင်ရန်ယွဲ့ဖက် ချက်ချင်းလှည့်ကြည့်လိုက်၏။

ချင်ရန်ယွဲ့၏ ချင်မျိုးနွယ်နှင့်က ကောင်းကင်ကြိုးတန်းနှင့် အနီးဆုံး ဖြစ်နေသောကြောင့် သူက သတင်းအတိကျဆုံး ရလောက်သည်။

ပျံလွှားတောင်ထွတ်ရှိ ကျင့်ကြံသူများ၏မှတ်ဉာဏ်များကို ကျယ်ကျင့်အန်းက ဖျက်ထားပြီး ဖြစ်သော်ငြား ရုတ်ရုတ်သဲသဲဖြစ်ရပ်က ကြီးမားလွန်းသဖြင့် ပတ်ဝန်းကျင်ဧရိယာရှိ ကျင့်ကြံသူများစွာကို အာရုံစိုက်မိသည်အထိ ကြီးမားခဲ့သည်။ ချင်ရန်ယွဲ့သည် သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။

ချင်ရန်ယွဲ့က ပြုံးလျက်ပြောလိုက်သည်။ "ဒါပေါ့။ အဲ့ဒီနေ့တုန်းက ကျုပ် လေ့ကျင့်ရေးခန်းမထဲမှာ တရားထိုင်နေတုန်း ပျံလွှားတောင်ထွတ်ဆီကနေ ကြောက်ဖို့ကောင်းတဲ့စွမ်းအင်လှိုင်းတစ်ခုကို ရုတ်တရက်ခံစားမိလိုက်တယ်။ ကျုပ် ထွက်သွားပြီး အဝေးကနေလေ့လာလိုက်တာ ဧရာမ မုန်တိုင်းတစ်ခု တွေ့လိုက်ရပြီးပျံလွှားတောင်ထွတ်ရဲ့ ပေတစ်သောင်းအတွင်းက နေရာတစ်ခုလုံးကို ပြားဝပ်သွားစေတာ တွေ့လိုက်ရတယ်။ မယုံရင် ကိုယ်တိုင်သွားအတည်ပြုကြည့်လို့ရတယ်။ ဆရာသခင်တစ်ပါးပေါ်လာရုံတင် မကဘူး မဟာဆရာသခင်တစ်ပါးလည်းဖြစ်နေတယ်”

လူတိုင်းထိတ်လန့်သွားလေ၏။

ချင်ရန်ယွဲ့က ဆက်ပြောလိုက်သည်။ "အရေးကြီးဆုံးပြောရရင် မဟာဆရာသခင်က ကျုပ်ရဲ့နိမ့်ကျတဲ့နေရာမှာ ဧည့်သည်ဖြစ်နေတာ”

“...”

လေဆင်နှာမောင်းတောင်ကြား၏ ရှန်းယန်၊ ပုံရိပ်ယောင်အဖွဲ့အစည်း၏ ကုနင်၊ ဖန်ကျုံးနှင့် ကျန်သည့်သူများ ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ဖန်ကျုံးက ပိုတောင်ထိတ်လန့်သွား၏။ ချင်ရန်ယွဲ့က ဤနေရာသို့လူတိုင်းကို ခေါ်လိုက်တာ အံဩစရာမရှိပေ။

ရှန်းယန်က ထပ်မေးလိုက်ပြန်သည်။ “ဆရာသခင်က ခင် ခင်ဗျားရဲ့လေ့ကျင့်ရေးခန်းမမှာ ဧည့်သည်ဖြစ်နေတာလား”

“ဟုတ်တယ်” ချင်ရန်ယွဲ့က ယုံကြည်ချက်ရှိ‌ရှိပြောလိုက်၏။

လုကျိုးက ဇဝေဇဝါဖြစ်သွားသည်။ သူ့ဖာသာသူ တွေးလိုက်၏။ “ချင်ရန်ယွဲ့က ငါမှန်း ဘယ်လိုလုပ်သိသွားတာလဲ။ ငါ ထွက်လာတဲ့အချိန် ငါ့နောက်ဘယ်သူမှမလိုက်ကြောင်း အတည်ပြုဖို့ ကောင်းကင်ကျမ်းစာစွမ်းအားကိုတောင် သုံးခဲ့တာ”

ရှန်းယန်က အလျင်စလိုပြောလိုက်၏။ “မဟာဆရာသခင်နဲ့တွေ့ခွင့်ရတာ ဂုဏ်ယူစရာပါပဲ”

ကျန်သည့်သူများက ခေါင်းညိတ်လိုက်၏။

ချင်ရန်ယွဲ့က ထပ်ပြောလိုက်သည်။ "မဟာဆရာသခင်က သူ့ရဲ့မွေးဖွားစမ်းသပ်ချက်ကို ဖြတ်ကျော်ကာစပဲရှိသေးတာ။ သူ့ရဲ့အတွေ့အကြုံချို့တဲ့မှုကြောင့် ကျုပ် သူ့ကို ဖိတ်ကြားတဲ့အချိန် နေမကောင်းဘူးလို့ပြောခဲ့တယ်။ သူ အဆက်မပြတ်အန်နေတာ။ သူ ခဏနေရင်လာတွေ့လိမ့်မယ်”

လုကျိုးက စိတ်ထဲအံ့ဩသွားလေ၏။ သူ ငါ့အကြောင်း ပြောနေတာမဟုတ်ဘူး။ တခြားတစ်ယောက်လား။ ဘယ်သူက ငါ့အယောင်ဆောင်ရဲတာလဲ။

လုကျိုးသည် အယောင်ဆောင်သူများကို အတော်လေးငြီးငွေ့နေပြီဖြစ်၏။

ရှန်းယန်က စိတ်ရှုပ်ထွေးနေတာ သိသာ၏။ “မဟာဆရာသခင်တစ်ပါးကတောင် နေမကောင်းဖြစ်နိုင်တယ်တဲ့လား”

“ဒါပေါ့” ကုနင်က ရှန်ယန်ကို ပြောလိုက်၏။

“အာ ဟုတ်သားပဲ။ ဒါပေါ့။ သူ့ကိုတွေ့ဖို့ သူနေကောင်းတဲ့အချိန်ထိ စောင့်ရမှာပေါ့” ရှန်ယန်က အလျင်စလို ပြောလိုက်သည်။ ယင်းက ဆင်ခြေတစ်ခုမှန်း သိနေရင်တောင် အစစ်အမှန်သဖွယ် ပြုမူရဦးမည်။

လုကျိုးက စဉ်းစားဆင်ခြင်လျက် မေးလိုက်၏။ “ချင်ရန်ယွဲ့ ပျံလွှားတောင်ထွတ်က မဟာဆရာသခင်ကို သိတာလား”

စိတ်လှုပ်ရှားနေမှုကြောင့် ချင်ရန်ယွဲ့သည် လုကျိုးအကြောင်း မေ့လုနီးပါးဖြစ်သွားသည်။ သူသည် စိတ်လှုပ်ရှားမှုကို ထိန်းထားလျက် ပြောလိုက်၏။ “အစ်ကိုလု အဲ့ဒီနေ့တုန်းက ခင်ဗျား တောင်ဖက်လေ့ကျင့်ရေးခန်းမမှာ ရှိနေရင် ခင်ဗျား ကျုပ်ထက်တောင်ပျော်နေမှာသေချာတယ်။ ဂုဏ်ပြုပါတယ် အစ်ကိုလု။ ဂုဏ်ပြုပါတယ်”

“...”

ချင်ရန်ယွဲ့၏ ဂုဏ်ပြုစကားသည် လုကျိုးနှင့် ဤနေရာရှိလူတိုင်းကို မှင်တက်သွားစေ၏။ သူ ဘယ်သူ့အကြောင်း ပြောနေတာလဲ။

ထိုစဉ် လေ့ကျင့်ရေးခန်းမအပြင်ဖက်မှ အသံတစ်သံပေါ်ထွက်လာတော့သည်။

“ကျုပ် ရောက်လာပြီ ဆရာသခင်ချင်။ ခင်ဗျား အစားကောင်းအသောက်ကောင်းနဲ့ သေရည်ကောင်းမပြင်ဆင်ထားရင် ကျုပ် စိတ်ပျက်မှာနော်”

လူတိုင်းက အသံလာရာဖက်ကို ကြည့်လိုက်၏။ မကြာမီ၌ မင်ရှစ်ရင်သည် ချုံးချီနှင့်အတူ ခန်းမထဲ ရောက်လာတော့သည်။

လုကျိုးက မျက်မှောင်ကျုံ့မိသွားပြီး

ချင်ရန်ယွဲ့က ဦးညွှတ်ကာ ပြောလိုက်လေ၏။ “ဂုဏ်ယူရတဲ့ တူတော် ... အား မဟုတ်ဘူး။ ကျုပ် ဆိုလိုတာ နှုတ်ခွန်းဆက်ပါတယ် ဆရာသခင်”

ကျန်သည့်သူများက ထိတ်လန့်ပြီးမယုံနိုင်ဖွယ်ဖြစ်သွား၏။ သူတို့သည် ဤမျှငယ်ရွယ်သော ဆရာသခင်တစ်ပါးကို တွေ့တာပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် ချင်ရန်ယွဲ့က ဆရာသခင်ကို ဦးအောင်နှုတ်ဆက်လိုက်သောကြောင့် မှားစရာအကြောင်းမရှိပေ။ ဤနည်းဖြင့် လူတိုင်း တစ်ယောက်ပြီးတစ်ယောက်ရှေ့တက်လာကြသည်။

“နှုတ်ခွန်းဆက်ပါတယ် မဟာဆရာသခင်”

မင်ရှစ်ရင် “....”

မင်ရှစ်ရင် ဇဝေဇဝါဖြင့် ခေါင်းကုတ်လိုက်ကာ ပြောလိုက်၏။ “ဆရာသခင်ချင် ဒီဟာသက ရယ်စရာမကောင်းဘူးနော်”

ချင်ရန်ယွဲ့က မင်ရှစ်ရင်ကို ပြုံးပြပြီးပြောလိုက်၏။ “မနှိမ့်ချပါနဲ့။ မဟာဆရာသခင်တစ်ပါးအနေနဲ့ မင်းရဲ့အဆင့်အတန်းက ကျုပ်ထက်ပိုမြင့်တယ်။ အစ်ကိုလုကတောင် ...”

ချင်ရန်ယွဲ့သည် သူ့နှုတ်မှထွက်လာမည့်စကားများကိုရပ်တန့်အောင် သူ့ကိုယ်သူ ဖိအားပေးလိုက်ပြီး သူ၏နှုတ်ချော်မှုကို ဖာထေးရန် ချောင်းဟန့်လိုက်၏။

ထောက်

မင်ရှစ်ရင်က ဒူးထောက်လျက် ချက်ချင်းပင် ကန်တော့လိုက်၏။ “နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”

“...”

လူတိုင်းက မယုံနိုင်ဖြစ်သွားလေ၏။ မဟာဆရာသခင်တစ်ပါးက မျှော်နန်းသခင်လုနဲ့ တပည့်တဲ့လား။

ဖန်ကျုံးက မယုံနိုင်ဖြစ်နေလေ၏။ ယင်းက မဖြစ်နိုင်တာမဟုတ်ပေ။ သို့သော် ဆရာထက် သာလွန်သည့်တပည့်အကြောင်း မကြားဖူးသလောက်ရှိသည်။ ဆရာက တပည့်တစ်ဦးကို မထိန်းချုပ်ထားလျှင်ပင် အဆင်ပြေနေပြီဖြစ်၏။ တပည့်တစ်ယောက်က ဆရာထက် မည်သို့သာလွန်နိုင်မည်နည်း။

ထိုစဉ် မင်ရှစ်ရင်က အလျင်စလိုရှင်းပြလိုက်၏။ “ရှစ်စွင်း ဆရာသခင်ချင်ဖက်က နားလည်မှုလွဲတာနော်။ ကျွန်တော်က ဘာမဟာဆရာသခင်မှမဟုတ်ဘူး”

လုကျိုးက ခေါင်းညိတ်လိုက်လေ၏။ သူသည် သူ၏စတုတ္ထမြောက်တပည့်သည် ဆရာသခင်တစ်ပါးအနေဖြင့် အယောင်ဆောင်မှာ မဟုတ်လေရာ မဟာဆရာသခင်တစ်ပါးဆို ပြောရန် မလိုအပ်တော့ပေ။ ချင်ရန်ယွဲ့က အခြေအနေကိုနားလည်မှုလွဲတာ သိသာနေ၏။ ထို့ကြောင့် သူကပြောလိုက်သည်။ “လောင်စစ်ရဲ့ပါရမီက မဆိုးလှပေမဲ့ သူ ဆရာသခင်တစ်ပါးဖြစ်ဖို့ သွားစရာခရီးရှည်ကြီးရှိသေးတယ်”

ထိုစဉ် ဖန်ကျုံးက ချီပုလဲကိုထုတ်လာ၏။ သူ ထုတ်လာလျှင်ထုတ်လာခြင်း ၎င်းက ခန်းမတစ်ခုလုံး လင်းထိန်သွားစေပြီး ၎င်း၏တောက်ပမှုသည် မဟာဆရာသခင်တစ်ပါးဖြစ်ကြောင်း ရည်ညွှန်းပြသနေ၏။

ယင်းကိုမြင်သောအခါ ဖန်ကျုံး၏မျက်လုံးက ပြူးကျယ်သွားတော့သည်။ “သူက တကယ်ဆရာသခင်တစ်ပါးပဲ”

ချီပုလဲကို မည်သူမှ သံသယမဝင်ကြချေ။

ခန်းမထဲတိတ်ဆိတ်မှုက ကြီးစိုးသွားလေ၏။

“...”

မင်ရှစ်ရင်က လှည့်နေကာ ပြာယာခတ်နေ၏။ ပြီးနောက် သူက လှည့်မေးလိုက်လေ၏။

“ကျုပ် ဘယ်တုန်းက ဆရာသခင်ဖြစ်သွားတာလဲ”

“နှုတ်ခွန်းဆက်ပါတယ် ဆရာသခင်”

လူတိုင်းက ထရပ်လျက်ဦးညွှတ်လိုက်သည်။ သူတို့ စိတ်လှုပ်ရှားမှုဖြင့် လေးစားမှုတို့နှင့်ပြည့်နေ၏။ မင်ရှစ်ရင်သည် အားကုန်းထုတ်သုံးငြင်းလျှင်တောင် မည်သူမှ သူ့ကိုယုံကြတော့မှာမဟုတ်ပေ။

ချင်ရန်ယွဲ့သည် မင်ရှစ်ရင်ကို လေးစားစွာကြည့်လိုက်၏။

ချင်ရန်ယွဲ့က ဦးညွှတ်တော့မည့်အချိန်တွင် မင်ရှစ်ရင်က လက်မြှောက်လိုက်ကာ ချီပုလဲကို သူ၏လက်ထဲ ယူလိုက်၏။ ပြီးနောက် သူက လက်သီးကျစ်ကျစ်ဆုပ်ကာ ၎င်းသည် အမှုန်ဖြစ်သွားတော့သည်။ ၎င်းကို သန့်ရှင်းအောင်ခါချပြီးနောက် ပြောလိုက်သည်။ “ဘာအဓိပ္ပာယ်မရှိတာလဲ။ ဒါ မတိကျတာပဲ”

လူတိုင်းသည် ဆရာသခင်အသစ်က အလွန်တမူထူးကဲသည်ဟု ထင်နေကြသော်ငြား သူက အနှိမ့်ချဆုံးနေနေလေ၏။

ပြီးနောက် မင်ရှစ်ရင်သည် သူ့ရှစ်စွင်းကို အပြစ်မကင်းကြည့်လိုက်ပြီး ပြောလိုက်၏။ “ရှစ်စွင်း ဘာတွေဖြစ်နေမှန်း ကျွန်တော် ကျွန်တော် တကယ်မသိဘူး”

လုကျိုးကပြောလိုက်သည်။ “ထရပ်ပြီးပြောလှည့်”

ချင်ရန်ယွဲ့က ပြုံးကာ ဘာမှမပြောတော့ပေ။ စိတ်ထဲတွင်မူ လုကျိုး၏သဘောထားက အတော်လေးမသင့်တော်ဟု တွေးလိုက်မိသည်။ ချင်မျိုးနွယ်ဝင်တစ်ယောက်သာ မဟာဆရာသခင်တစ်ပါးဖြစ်လာခဲ့လျှင် သူက ထိုတပည့်ကို ကိုးကွယ်ဖို့ စိတ်အားထက်သန်နေမှာပဲဖြစ်၏။ မျိုးနွယ်စုရှိ သူ၏နေရာကို ပေးဖို့ကမဖြစ်နိုင်တာမဟုတ်ပေ။

ဝုတ် ဝုတ် ဝုတ်

ချုံးချီက ဟောင်လိုက်တော့သည်။

တစ်ချိန်တည်းတွင် အရှေ့တောင်ဖက်ဆီမှ ရုတ်ရုတ်သဲသဲအသံ ပေါ်ထွက်လာသည်။

ပြီးနောက် ယွမ်လန်က ပြေးဝင်လာကာ ပြောလိုက်တော့သည်။ “ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင် ဒီလမ်းကို ဦးတည်လာနေတယ်”

“ဆရာသခင်ချင်ရဲ့ လေ့ကျင့်ရေးခန်းမထဲကို ရောက်လာတာ ဘယ်လောက်တောင် သတ္တိရှိလိုက်သလဲ”

မည်သူမှ စိတ်မပူကြပေ။ အစိမ်းရောင်ကြာနယ်မြေထဲရှိ အကျော်အမော်များအားလုံးနီးပါး ဤနေရာတွင် ရှိနေ၏။

ချင်ရန်ယွဲ့က ပြောလိုက်သည်။ "ကျုပ် တစ်ချက်သွားကြည့်ဦးမယ်”

မျက်စိတစ်မှိတ်အတွင်း ချင်ရန်ယွဲ့က ဝေဟင်ထဲပေါ်လာသည်။ သူ အရှေ့တောင်ဘက်ဆီ ကြည့်လိုက်မိချိန်တွင် သူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားလေ၏။

“နတ်သားရဲမီးဇာမဏီလား”

မီးဇာဏီက အော်လျက် အော်သံသည် ဝေဟင်ကို ထိုးဖောက်သွား၏။ မီးတောက်များ ပေါ်ထွက်လာကာ လောင်ကျွမ်းတော့သည်။

အပြင်ဖက်၌ ရထားလုံးပျံကို စောင့်ကြပ်နေသော ကျင့်ကြံသူများက ကြောက်လန့်မှုကြောင့် ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။ သူတို့က ရထားလုံးပျံများကို အမြန်ဆွဲသွားလျက် ဆန့်ကျင်ဖက်ဆီ ပြေးသွား၏။

မကြာမီတွင် မီးဇာမဏီက မြောက်ဖက်လေ့ကျင့်ရေးခန်းမသို့ ရောက်လာသည်။

ပြင်းထန်သည့်အပူလှိုင်းက ချက်ချင်းပျံ့နှံ့သွား၏။

ချင်ရန်ယွဲ့က ခန်းမထဲပြန်ဝင်လာကာ ပြောလိုက်တော့သည်။ “ဒါ နတ်သားရဲမီးဇာမဏီပဲ။ မဟာဆရာသခင် ကျေးဇူးပြုပြီး လှုပ်ရှားပါဦး။ အစိမ်းရောင်ကြာနယ်မြေထဲ သောင်းကျန်းခွင့် ပေးလို့မရဘူး”

မင်ရှစ်ရင် “...”

လူတိုင်းသည် အလျင်စလိုဖြင့် ကောင်းကင်ကို အထိတ်တလန့်ဖြင့် မော့ကြည့်လိုက်ကြသည်။

“တကယ်မီးဇာမဏီပဲ”

“တကယ်ကြီး မီးဇာမဏီဟ”

“ထူးဆန်းလိုက်တာ ဒီကိုဘာလို့ရောက်လာတာလဲ”

လူတိုင်းထိတ်လန့်ပြီး စိတ်ရှုပ်ထွေးနေလေ၏။

လုကျိုးက စဉ်းစားလိုက်သည်။

အရင်တုန်းက အမည်မသိကုန်းမြေထဲ မျှခြေထိန်းသိမ်းသူကြောင့် ကြောက်လန့်ပြီးသူ့ရဲ့ဥကို ထားခဲ့ပြီး ထွက်ပြေးသွားတာ။ သူ့ကလေးကို လာရှာတာများလား။

လုကျိုးသည် ယင်းက ဖြစ်နိုင်ချေအရှိဆုံးဟု တွေးမိသွားသည်။

ထိုစဉ် ဖန်ကျုံး၏အမူအရာက သုန်မှုန်နေလျက် မင်ရှစ်ရင်၊ လုကျိုးနှင့် ချင်ရန်ယွဲ့ဖက် လက်သီးဆုပ်မိုးလျက် ပြောလိုက်တော့သည်။ “ကျုပ်တို့လေးယောက်အတူပူးပေါင်းမယ်ဆိုရင် သူ့ကိုမသတ်နိုင်ရင်တောင် မောင်းထုတ်နိုင်မှာပဲ”

“အစ်ကိုလုက မီးဇာမဏီနဲ့တိုက်ခိုက်ဖူးတဲ့အတွေ့အကြုံရှိတယ်။ အားလုံးပဲ သိပ်စိတ်မပူကြပါနဲ့”

“အခုချိန်မှာ မျှော်နန်းသခင်လုနဲ့ မဟာဆရာသခင်ပေါ် မူတည်သွားပြီ”

နတ်သားရဲများသည် သူတော်စင်များနီးပါးသန်မာလေ၏။ သူတို့အားလုံးပူးပေါင်းမည်ဆိုလျှင်တောင် မီးဇာမဏီကို အနိုင်ယူရန်မလွယ်ကူသေးပေ။ ၎င်းကိုမောင်းထုတ်ရန်အတွက် လေ့ကျင့်ရေးခန်းမ၏ တာအိုသင်္ကေတကိုသာ သူတို့သုံးနိုင်သည်။

မင်ရှစ်ရင်က ထိန်းချုပ်မထားတော့ဘဲ ပြောလိုက်၏။ “ရှစ်စွင်း တပည့်အရင်သွားမယ်။ သူ့ကိုမဖြေရှင်းနိုင်ဘူး”

မဟာဆရာသခင်တစ်ပါးတောင် ထွက်ပြေးနေပြီလား။

လူတိုင်းကြောက်လန့်သွားတော့သည်။ မီးဇာမဏီကိုမြင်တွေ့ပြီးနောက် မဟာဆရာသခင်တစ်ပါးတောင် ထွက်ပြေးနေလေ၏။ ထိုသို့ဆိုလျှင် ယင်းက သူတို့အတွက် မည်သည်ကို ဆိုလိုသနည်း။

ဝှစ်

မီးဇာမဏီကို ဝေဟင်ကိုတစ်ပတ်ပတ်လိုက်ကာ တောင်ပံများ တဖျတ်ဖျတ်ခတ်လိုက်သည်။ နေရာတစ်ခုလုံးအပူလှိုင်းများချက်ချင်း ပြန့်နှံ့လာလေ၏။

...

အခန်း (၁၃၆၈) ကြည်ညိုလေးစားခြင်း

ကျစ်ကျစ်တောက်ပူနေသည့် အပူလှိုင်းက တောင်ပိုင်းနှင့် မြောက်ပိုင်းလေ့ကျင့်ရေးခန်းမများအနှံ့ ပျံ့နှံ့လာသည်။ ချင်မျိုးနွယ်မှ တပည့်ထောင်ချီကလည်း အလျင်စလို နောက်ဆုတ်လိုက်ကြ၏။

ထိုစဉ် ဓားသမား ၄၉ဦးက တိုက်ပွဲအတွက် အသင့်ပြင်ထားလိုက်ကြသည်။

အကယ်၍ မီးတောက်ဇာမဏီလိုမျိုး နတ်သားရဲသာ ရောက်ရှိလာပါက အကုန်လုံး အဆုံးသတ်သွားလိမ့်မည်။

ဓားသမား ၄၉ဦးက မီးတောက်ဇာမဏီသည် ၇စင်ကြယ်အလံကိုင်ဆောင်သူ ၃၆ယောက်အား တစ်ခါတည်းဖြင့် ဒဏ်ရာပေးခဲ့သည့် မြင်ကွင်းကို ကိုယ်တိုင်တွေ့ဆုံခဲ့ဖူးသည်။ သူတို့က ထိုသူများထက် ပိုမိုအားကောင်းသည်ဟု မထင်ပေ။

မီးတောက်ဇာမဏီက တာအိုသင်္ကေတများဆီ မီးတောက်များ ပစ်လွှတ်လာလေ၏။

ထိုသင်္ကေတများက ချက်ချင်းဆိုသလို တောက်ပလာသည်။

“ဒီနတ်သားရဲက အရမ်းကို အားကောင်းလွန်းတယ်။ သင်္ကေတအပေါ်က အကာအရံက ဟာသတစ်ခုပဲ”

ဖန်ကျုံးက ပြောလိုက်သည်။

ချင်ရန်ယွဲ့က တာအိုသင်္ကေတများ၏ အကာအရံသည် မီးတောက်ဇာမဏီကို မခုခံနိုင်ကြောင်း သိလိုက်၏။ သို့သော်လည်း သူက ဖန်ကျုံး၏ စကားကို ကြားသည့်အခါ စိတ်မကျေမနပ်ဖြစ်မိသည်။ ထို့ကြောင့် သူက အေးစက်စက် ပြောလိုက်၏။

“အဲဒါက ဟာသတစ်ခု မဟုတ်ဘူးဆိုတော့ ငါ့အတွက် တားဆီးပေးနိုင်မလား”

ဖန်ကျုံးက ဆွံ့အသွားလေသည်။

သူတို့နှစ်ယောက်လုံးက ဆရာသခင်ဖြစ်သော်လည်း ဖန်ကျုံးက ချင်ရန်ယွဲ့ထက် အနည်းငယ် အားနည်းလေသည်။ အတိအကျပြောရမည်ဆိုလျှင် ဖန်ကျုံးက ဆရာသခင်လေးဦးအနက် အားအနည်းဆုံး ဖြစ်၏။ ဤသည်က သူ့သတိကြီးကြီးထားလွန်းသည့် အကျင့်စရိုက်ကြောင့်ပင် ဖြစ်လေသည်။ ထို့အပြင် သူ့အကျင့်စရိုက်ဖြင့် သူသည် စစ်မှန်သည့် သူငယ်ချင်းများ မရှိဖို့ ကံကြမ္မာဖန်လာခဲ့၏။ သူက မျှခြေထိန်းဖို့ရာ ဆက်ဆံရေးများကို ထိန်းသိမ်းဖို့ အမြဲတမ်းကြိုးစားနေခြင်း မရှိပေ။

ပြောရမည်ဆိုလျှင် သူက သူ့ကိုယ်သူသာ ဂရုစိုက်ပြီး ကမ္ဘာကြီးကို လျစ်လျူရှုထားသည့်သူဟု ဆိုရပေမည်။

ကောင်းကင်က နီရဲနေလေ၏။

တာအိုသင်္ကေတများ၏ အကာအရံက အပူရှိန်ကြောင့် ပျက်စီးလုနီးပါးဖြစ်လေသည်။

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“ငါ့နောက်လိုက်ခဲ့”

ဓားသမား ၄၉ဦးက ပြိုင်တူပြောလိုက်ကြသည်။

“ဟုတ်ကဲ့”

ဝှစ် ဝှစ် ဝှစ်

ချင်ရန်ယွဲ့နှင့် ဓားသမား၄၉ဦးတို့က ကောင်းကင်အထက် ချက်ချင်း ပျံသန်းသွားကြ၏။ ဓားသမား၄၉ဦးက အစီအရင် ၇နေရာကို ချက်ချင်း ပေါင်းစည်းလိုက်ကြသည်။

တခြားသူများက ဆက်လက် စောင့်ကြည့်နေကြ၏။ မည်သူကမှ အလျင်စလို ရှေ့မတိုးရဲကြပေ။ သူတို့က နတ်သားရဲသည် မည်မျှကြောက်ဖို့ကောင်းကြောင်း သေချာသိထားကြ၏။ သူတို့နှင့် ဓားသမား ၄၉ဦးတို့က အားကောင်းလျှင်ပင် သူတို့က မီးတောက်ဇာမဏီဆီမှ မီးတောက်များကို တောင့်ခံနိုင်မည်မဟုတ်ပေ။ အကယ်၍ သူတို့သာ အလိုလိုရှေ့တိုးသွားပါက ပြာအဖြစ် လောင်ကျွမ်းသွားလိမ့်မည်။

ဖန်ကျုံးက မင်ရှစ်ရင်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းက လှုပ်ရှားပြီးတော့ ချင်မျိုးနွယ်ရဲ့ နေရာကို ကာကွယ်ပေးဖို့ မျှော်လင့်တယ်”

အားလုံးက ဖန်ကျုံး၏ စကားကို ထပ်ပြောလိုက်ကြသည်။

မင်ရှစ်ရင် “…”

ကျုပ်က မဟာဆရာသခင်တစ်ယောက်မှ မဟုတ်တာ။ ခင်ဗျားတို့အားလုံး ပျံသန်းသွားရင်တောင် ခင်ဗျားက မီးပုံရဲ့ တစ်ဝက်လောက်ကို ခုခံနိုင်ဦးမယ်။ ကျုပ် သွားမယ်ဆိုရင် ကျုပ်က ပြာဖြစ်သွားမှာပေါ့။ ကျုပ်ကို သေတဲ့အထိ ရိုက်နှက်ရင်တောင် လှုပ်ရှားမှာမဟုတ်ဘူး …

မီးတောက်ဇာမဏီက ချင်ရန်ယွဲ့နှင့် ဓားသမား၄၉ဦးတို့ ကောင်းကင်အနှံ့ ပျံသန်းသွားသည်ကို မြင်သည့်အခါ အော်ဟစ်လိုက်သည်။ ထိုအရာက နားကွဲလုမတတ် အော်သံကြီးဖြစ်ပြီး မိုးမြေကြားပျံ့နှံ့သွားလေ၏။ သို့သော်လည်း ထိုသူက မတိုက်ခိုက်ခဲ့ပေ။

ချင်ရန်ယွဲ့က မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“ဒါက မင်း ရှိသင့်တဲ့နေရာ မဟုတ်ဘူး”

မီးတောက်ဇာမဏီက တောင်ပံကို ခတ်ကာ ကောင်းကင်ကို အနီရောင်စွန်းသွားစေသည့် မီးတောက်များကို ခတ်လွှတ်လိုက်သည်။

…………………………………………………………………………………

ထိုစဉ် ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ရှောင်ယွမ်အာနှင့် ခရုလေးတို့က တောင်ဘက်လေ့ကျင့်ရေးခန်းမ ဝေဟင်အထက် ပျံဝဲနေရင်း မီးတောက်ဇာမဏီချီကို ကြည့်လိုက်သည်။

“မီးတောက်ဇာမဏီ အားလုံးပဲ သတိကြီးကြီးထားကြ” ယွီကျန့်ဟိုင်က သတိပေးလိုက်သည်။

တောင်ဘက်လေ့ကျင့်ရေးခန်းမက အလှမ်းဝေးသည့်အတွက် သူတို့က အချိန်တစ်ခုကြာ ဘေးကင်းနေလိမ့်မည်။

…………………………………………………………….

မီးတောက်ဇာမဏီက မြောက်ဖက်လေ့ကျင့်ခန်းမမှ လူအားလုံးကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက တောင်ပံခတ်ကာ နှုတ်သီးကို ဟလိုက်၏။

ထိုအရာကို မြင်သည့်အခါ ချင်ရန်ယွဲ့၏ အမူအရာက ပြောင်းလဲသွားလေသည်။

“နောက်ဆုတ်ကြ”

ဓားသမား ၄၉ဦးတို့က အလျင်အမြန် ပျံသန်းသွားလိုက်ကြသည်။

ကံကောင်းစွာဖြင့် ဤသည်က ချင်ရန်ယွဲ့၏ ကိုယ်ပိုင်လေ့ကျင့်ရေးခန်းမ ဖြစ်သည့်အတွက် ချင်မျိုးနွယ်တပည့် များများစားစား ရှိမနေပေ။

မြေကြီးပေါ်၌ အစိမ်းရောင်ကြာနယ်မြေရှိ အင်အားစုကြီးများမှ အကောင်ကြီးကြီးများက ကြည့်လေသည်။

ဝှစ် ဝှစ် ဝှစ်

မီးဘောလုံးများက တာအိုသင်္ကေတများဖြင့် ပြုလုပ်ထားသည့် အကာအရံဆီ ရောက်ရှိလာသည်။

အကာအရံက ခေတ္တမျှသာ ကြာရှည်ခံပြီးသည့်နောက်တွင် ဖန်စလိုမျိုး ကြေမွသွားလေ၏။ သူတို့က ကြယ်တာရာအလင်းပြောက်များအဖြစ် ပျောက်ကွယ်သွားကာ ကောင်းကင်ထဲ လွင့်မြောသွားသည်။

ဤသို့ဖြင့် မြောက်ဘက်လေ့ကျင့်ရေးခန်းမက ချက်ချင်းဆိုသလို မီးပင်လယ်ဖြင့် ဝိုင်းခံလိုက်ရသည်။

“ကျစ် ဒီဟာက အဲ့လောက်တောင် အားကောင်းတာလား” မင်ရှစ်ရင်က ပြောလိုက်သည်။ ဤသည်က သူ့ဒုတိယအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်သော်လည်း သူက သေချာနေဆဲသာ ဖြစ်၏။

လုကျိုး၊ ဖန်ကျုံးနှင့် တခြားသော လွတ်လပ်သူများကလည်း အံ့အားသင့်နေကြသည်။

ဝှစ်

ချင်ရန်ယွဲ့က သူ့ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်လိုက်၏။ သူက ထိုအရာကို သူ့ရှေ့တွင်ထားကာ မွေးဖွားဇယားချပ် စွမ်းအား အားလုံးကို ထုတ်သုံးပြီး အော်ပြောလိုက်သည်။

“မင်းက ငါ့လေ့ကျင့်ရေးခန်းမကို ဖျက်ဆီးရဲတယ်လား”

ဘန်း ဘန်း ဘန်း

မွေးဖွားဇယားချပ်၏ စွမ်းအားက မီးတောက်ဇာမဏီအပေါ် ကျရောက်လာလေသည်။ ထိုအရာက ရှောင်ရှားခြင်း မရှိပေ။ ထိုအစား တောင်ပံကို ရုတ်သိမ်းကာ တောင်ပံဖြင့် ကာလိုက်သည်။ တောင်ပံကို ပြန်ဖြန့်လိုက်သည့်အခါ အထိအခိုက်မရှိ ဖြစ်နေဆဲသာ ဖြစ်၏။

“…”

အရမ်းကို အားကောင်းလွန်းတယ်…

ချင်ရန်ယွဲ့က ယဲ့ကျန်းနှင့် အလံကိုင်ဆောင်သူ ၃၆ယောက်သည် မီးပင်လယ်ထဲတွင် ရုန်းကန်စဉ်အခါက မည်သို့ဆိုးဆိုးရွားရွား ကြုံတွေ့သွားကြောင်း ရုတ်ချည်း အမှတ်ရသွားလေ၏။ သူနှင့် ဓားသမား၄၉ဦးတို့ကလည်း သူတို့ထက် အားကောင်းနေခြင်း မရှိပေ။ ထို့အပြင် ထိုအရာက ပြာပုံမှ နိုးထလာသည်မှာ နှစ်များစွာ ကြာမြင့်သွားပြီဖြစ်သည့်အတွက် ပိုမိုအရွယ်ရောက်ကာ အားကောင်းလာခဲ့သည်။ သူက မည်သို့ဖြေရှင်းရမလဲဟု စဉ်းစားနေရင်း ရုတ်တရက် လှမ်းခေါ်လိုက်၏။

“အစ်ကိုလု”

ဤတစ်ကြိမ် ချင်ရန်ယွဲ့က လုကျိုးဆီမှသာ အကူအညီ တောင်းခံနိုင်သည်။

လေ့ကျင့်ရေးခန်းမထဲ ရပ်နေသည့်ချင်ရန်ယွဲ့က လုကျိုးအား ကြည့်ကာ မေးလိုက်သည်။

“အိုး အခုတော့ ငါ့ကို အမှတ်ရပြီလား”

ချင်ရန်ယွဲ့၏ မျက်နှာအထက် မလုံမလဲအမူအရာမျိုး ပေါ်ထွက်လာသည်။ မင်ရှစ်ရင်ကို ကြည့်ကာတွေးလိုက်၏။ ငါးနှစ်အတွင်း သူက မင်ရှစ်ရင်နှင့် များစွာ ဆက်ဆံခဲ့သည်။ ထို့ကြောင့် မင်ရှစ်ရင်ကို ကောင်းကောင်းနားလည်ထားလေ၏။ မင်ရှစ်ရင်က သူရဲဘောကြောင်မှုအတွက် နာမည်ကျော်ကြားလေသည်။

သူက မင်ရှစ်ရင်သည် မုန့်မျိုးနွယ်မှဖြစ်ကြောင်း အမှတ်ရသွားသည့်အခါ ဤသို့ ဖြစ်သင့်ကြောင်း တွေးလိုက်မိသည်။ ထို့အပြင် သူက မင်ရှစ်ရင်သည် မဟာဆရာသခင်တစ်ယောက်ဟု ရာနှုန်းပြည့် မသေချာပေ။ ဤငါးနှစ်အတွင်း တိုးတက်လာဖို့က မဖြစ်နိုင်လုနီးပါးဖြစ်သော်လည်း ကြိုးတန်းပေါ်ရှိ ပုံရိပ်ကမူ အစစ်အမှန်သာ ဖြစ်ပေသည်။ ထို့ကြောင့် သူသည် မင်ရှစ်ရင်၏ တိုးတက်မှုများသည် မဟာလေဟာနယ်မျိုးစေ့ကြောင့်သာ ဖြစ်ကြောင်း ကောက်ချက်ချလိုက်၏။

နောက်ဆုံးတွင် ချင်ရန်ယွဲ့က ပြောလိုက်သည်။

“အစ်ကိုလု ဒါကို ဖြေရှင်းနိုင်လောက်တယ်”

အားလုံးက ပြိုင်တူနောက်ဆုတ်လိုက်ပြီး ဧရာမမီးတောက်ဇာမဏီကို ကြည့်လိုက်သည်။

လုကျိုးက မီးတောက်ဇာမဏီရှေ့ မီတာတစ်ရာသို့ ရောက်ရှိလာသည်။ လက်နောက်ပစ်ကာ ပြောလိုက်သည်။

“သားရဲ”

မီးတောက်ဇာမဏီက ဆူဆူညံညံအသံများ ပြုလုပ်လာပြီးသည့်နောက်တွင် နှုတ်သီးကို ဟကာ ပြောဆိုလာသည်။

သို့သော်လည်း သူပြောနေသည့်အရာကို မည်သူကမှ နားမလည်ကြပေ။

လုကျိုးက မီးတောက်ဇာမဏီသည် တိုက်ခိုက်သည့် ရည်ရွယ်ချက် မရှိကြောင်း မြင်သည့်အခါ ကူးပြောင်းမှုပို့ဆောင်ပြီး ပြောလိုက်သည်။

“ဒီနေရာကို မီးတောက်ဇာမဏီငယ်လေးကို လာရှာတာလား”

သူက မီးတောက်ဇာမဏီငယ်လေး၏ တည်ရှိမှုကို မည်သူ့ကိုမှ မသိစေလိုသည့်အတွက် အသံကူးပြောင်းမှု အသုံးပြုလိုက်ခြင်း ဖြစ်၏။

မီးတောက်ဇာမဏီက ခေါင်းကို အပေါ်အောက် ရွေ့လျားကာ ခေါင်းညိတ်ပြသလိုမျိုး လုပ်လိုက်သည်။

သူတို့က အသံကူးပြောင်းမှုမျိုး ဆက်လက် ပို့ဆောင်ကာ ပြောလိုက်သည်။

“မင်းက ငါ့ဆီမှာ ယာယီ အပ်နှံခဲ့တာဆိုတော့ မင်းကို သေချာပေါက် ပြန်ပေးမှာပေါ့။ ဒါပေမဲ့ ပြန်မပေးနိုင်ခင် မင်း တစ်ခုခု ဖော်ပြသင့်တယ်လို့ မထင်ဘူးလား”

မီးတောက်ဇာမဏီက ခေါင်းကို ဘယ်ညာယမ်းပြီး စိတ်ရှုပ်ထွေးဟန်ပေါ်သည်။ ထိုအရာက လူသားများ၏ ကျင့်ဝတ်ကို နားမလည်ပေ။ ထိုအရာက သူ့ရှေ့တွင်ရှိသည့် လူသား လိုချင်သည့်အရာကို နားလည်လေ၏။ ကလေး ပြန်ရပြီးသည့်နောက်တွင် ထိုအရာက ကိစ္စမရှိပေ။

ထိုအရာက ခေါင်းငုံ့ထားပြီးသည့်နောက်တွင် လုကျိုး၏ လက်မြောက်ထားသော လက်ကို မြင်လိုက်ရသည့်အခါ ဒေါသထွက်လာမိသည်။

လူသားများက တကယ်ကို စက်ဆုပ်ဖို့ကောင်းသည့် သက်ရှိများသာ ဖြစ်သည်ဟု တွေးထင်နေမိသည်။ စွမ်းအားကြီးသည် နတ်သားရဲ မီးတောက်ဇာမဏီရှေ့ မည်သို့ထိန်းထိန်းသိမ်းသိမ်းနေရမည်ကို မသိသည့်အတွက် မီးဖြင့် လောင်ကျွမ်းပစ်ရမည်ဟု တွေးလိုက်သည်။

ဤသို့ဖြင့် မီးတောက်ဇာမဏီက မီးဘောလုံးများ ပစ်ခတ်လာသည်။

ချင်ရန်ယွဲ့နှင့် ဖန်ကျုံးတို့က သူတို့၏ ကြယ်တာရာဒိုင်ခွက်များကို ထုတ်ဖော်ကာ မီတာတစ်ထောင် နောက်ဆုတ်လိုက်ကြသည်။

လုကျိုးက မီးတောက်ဇာမဏီသည် ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်မထားပေ။ လူသားများ၏ ဦးနှောက်က သားရဲများဖြင့် အလုပ်လုပ်ပုံ တူညီကြဟန်ပေါ်၏။ သူက ကြယ်တာရာဒိုင်ခွက်ကို ထုတ်ဖော်ကာ ကာကွယ်လိုက်ရသည်။

မီးတောက်က လုကျိုး၏ ကြယ်တာရာဒိုင်ခွက်ကို ကျဆင်းလာသည့်အခါ အသံများ ထွက်ပေါ်လာလေ၏။ မီးတောက်က သူ့ကြယ်တာရာဒိုင်ခွက်ပေါ် ကျရောက်သည်နှင့် သူသည် အပူဒဏ်ကို ခံစားမိလိုက်သည်။ ကြယ်တာရာဒိုင်ခွက်က အရည်ပျော်သွားသလိုမျိုး ဖြစ်၏။ သူက ဤရှာဖွေတွေ့ရှိမှုကြောင့် အံ့အားသင့်သွားလေသည်။ သူက ယခုအခါ ဆရာသခင်တစ်ယောက် ဖြစ်နေလေပြီ။ သူ့အသက်ဓာတ်နှလုံးသားတစ်ခုက မီးတောက်ခုခံရေး စွမ်းအား ပါရှိ၏။ ထိုအရာက မီးတောက်ဇာမဏီ၏ မီးတောက်များကို ခုခံဖို့ လုံလောက်သေးဟန်မပေါ်ပေ။

ဝုန်း

လုကျိုး၏ ကြယ်တာရာဒိုင်ခွက်က စတင်ချိုင့်ဝင်လာသည်။ သူက လက်ကိုဆန့်ထုတ်ကာ ရှေ့တိုးလိုက်ပြီး အံ့ဖွယ်စွမ်းအားကို ထည့်သွင်းလိုက်၏။ ထို့နောက် ရွှေရောင်အလင်းတန်းက အပြာရောင် အစက်အပြောက်များနှင့်အတူ တောက်ပလာလေသည်။

ကြယ်တာရာဒိုင်ခွက်က ပြန်လည်ကောင်းမွန်သွားပြီး မီးတောက်များကို အောင်အောင်မြင်မြင် တားဆီးလိုက်သည်။

လုကျိုးက မီးတောက်များကို တားဆီးနိုင်ရုံမျှသာဖြစ်ပြီး မတိုက်ခိုက်နိုင်ပေ။

ကြယ်တာရာဒိုင်ခွက်က မီးတောက်များကို အောင်အောင်မြင်မြင် တားဆီးနိုင်လိုက်ပြီ ဖြစ်၏။

ထိုစဉ် မီးတောက်ဇာမဏီက ရုတ်ချည်းဆိုသလို တောင်ပံကို ဖြန့်လိုက်သည်။

ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူကာ လုကျိုးက ကြယ်တာရာဒိုင်ခွက်ကို တွန်းပို့နေသည်။ သူ ကြိုးတန်းပေါ် နားလည်ထားသည့် တာအိုစွမ်းအားကို အသုံးပြုထားသည်။ တစ်ချိန်တည်းဆိုသလို သူက ဟယ်လော့ယွိ၏ စွမ်းရည်ကိုပါ အသုံးပြုလိုက်၏။

ထို့နောက် လေထဲ ပုံရိပ်ဆယ်ခု ချက်ချင်းထွက်ပေါ်လာသည်။ အားလုံးက လေဟာနယ် တွန့်လိမ်သွားသည်ကို မြင်တွေ့လိုက်ရသည်။

သူတို့က ကြည့်လိုက်သည့်အခါ လုကျိုးက မီးတောက်ဇာမဏီအထက် ဝေ့ဝဲနေသည်ကို မြင်လိုက်ရ၏။ ထို့နောက် သူက လက်ဝါးချက်ကို ထုတ်လွှတ်လိုက်သည်။

“ပြစ်ချက်ရှိ ပြီးပြည့်စုံခြင်း”

All Chapters