← Chapters

အခန်း (၁၃၇၂-၁၃၇၄)

Vol. 92 Ch. 1372-1374

အခန်း (၁၃၇၂-၁၃၇၄)

Vol. 92 Ch. 1372-1374

အခန်း (၁၃၇၂) မဟာဆရာသခင် ကျေးဇူးပါ

မီးတောက်ဇာမဏီက လုကျိုးကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ထိုအားနည်းဟန်ထင်ရသည့် လူအိုကြီးက သူ့တောင်ပံတစ်ချက်ခတ်ရုံမျှဖြင့် လဲကျသွားနိုင်ဟန်ပေါ်သည်။ သို့သော်လည်း ဤသို့ကြောက်မက်ဖွယ်စွမ်းအားမျိုး ထွက်ပေါ်လာလိမ့်မည်ဟု မည်သူကများ သိမည်နည်း။ အထူးသဖြင့် တိုက်ပွဲအဆုံးသတ်ခါနီးတွင် မဟာလေဟာနယ်မှ လူတစ်ယောက်နှင့် ရင်ဆိုင်နေရသလိုမျိုး တွေးမိလာခဲ့သည်။

မှန်ပေသည်။

မီးတောက်ဇာမဏီက ထိုလူအိုကြီးသည် မဟာလေဟာနယ်မှလားဟု စဉ်းစားနေမိ၏။ အကယ်၍ ဤသို့သာ ဆိုပါက ကလေးငယ်ကို ထိုသူများနှင့် ထားခဲ့ခြင်းက ကျားခံတွင်းဝအတွင်း သိုးတစ်ကောင်ကို ပို့လိုက်ခြင်းနှင့် အတူတူသာ ဖြစ်နေလိမ့်မည်။

ဤသို့ဖြင့် မီးတောက်ဇာမဏီက ဆူဆူညံညံအသံများ ထပ်မံပြုလုပ်လာသည်။

ခရုလေးက အသံကူးပြောင်းကာ ပြောလိုက်သည်။

“ရှစ်စွင်း … သူက ရှစ်စွင်းကို မဟာလေဟာနယ်ကလို့ ပြောနေတယ်”

“ဟမ်”

“မဟာလေဟာနယ်က မဟုတ်ဘူးဆိုတာကို သက်သေမပြနိုင်မချင်း တောင်းဆိုချက်ကို သဘောမတူဘူးတဲ့ ” ခရုလေးက ရှင်းပြလိုက်သည်။

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

“ငါ့ကို ဘာ သက်သေပြစေချင်တာလဲ”

မီးတောက်ဇာမဏီက နောက်ထပ်ဆူဆူညံညံအသံများ ထပ်မံပြုလုပ်လာသည်။

ခရုလေးက ပြောလိုက်၏။

“သူ့ရဲ့တိုက်ကွက်ကို ခုခံနိုင်ရမယ်လို့ ပြောပါတယ်”

“…”

ရှောင်ယွမ်အာက ထိုစကားများကို ကြားကာ ဒေါသထွက်လာမိသည်။ သူမက ခါးထောက်ကာ ပြောလိုက်သည်။

“နင်က တကယ်ကို ရယ်ရတဲ့ သားရဲပဲ။ ငါ့ရှစ်စွင်းက နင့်ကို အနိုင်ပိုင်းပြီးတော့ နှိမ်နင်းထားတာ။ သူ နင့်ကို မသတ်တာကိုက ကောင်းလှပြီ။ သူ့ကို တိုက်ဖို့ ပြောရဲသေးတယ်လား။ ခရုလေး ငါ့စကားတွေကို ဘာသာပြန်ပြလိုက်။ ကျယ်ကျယ်နဲ့ စွမ်းအားကြီးကြီး ပုံစံမျိုးပြော”

“အိုး” ခရုလေးက စကားတစ်လုံးချင်းစီကို သေချာ ဘာသာပြန်ပြလိုက်သည်။

တကယ်တော့ ဘာသာပြန်စရာမလိုဘဲ မီးတောက်ဇာမဏီက ရှောင်ယွမ်အာ ပြောသည့် အရာများကို နားလည်ထား၏။ ထိုအရာက ခေါင်းယမ်းလိုက်သည်။

ရှောင်ယွမ်အာက ပြောလိုက်သည်။

“ နင် အကျိုးအကြောင်းသင့်သင့် ပြောသင့်တယ်။ ဒီမှာ လာပြီး မောက်မာမနေနဲ့။ မင်း ဘာမှလုပ်စရာ မရှိဘူးဆိုရင် ကိုယ့်ကိုယ်ကို လာပြီးအရှက်ခွဲမနေနဲ့”

ထို့နောက် သူမက လုကျိုးဘက်ကို လှည့်ကာ မေးလိုက်သည်။

“ရှစ်စွင်း တပည့်မှန်တယ်မလား”

လုကျိုး “…”

တကယ်တော့ သူက တခြားသူများကို သူ့အား တိုက်ခိုက်စေဖို့ ရည်ရွယ်ချက် မရှိပေ။

မီးတောက်ဇာမဏီကို ကြည့်ကာ ပြောလိုက်သည်။

“ငါ့မှာ မင်းအတွက် အချိန်မရှိဘူး။ ငါတို့တွေ ဘာလို့ ဒီလိုမလုပ်လဲ။ မင်းက ငါ့လက်ဝါးကို ခုခံနိုင်တယ်ဆိုရင် ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ် ဘယ်လိုလဲ”

မီးတောက်ဇာမဏီက ခေါင်းကို ချက်ချင်း ယမ်းလိုက်သည်။ သူက စောစောလေးက မြင်ကွင်းကို ပြန်လည်အမှတ်ရသွားသည့်အခါ အကြောက်တရားက ရှိနေဆဲသာဖြစ်၏။ ကံကောင်းစွာဖြင့် သူ့ရှေ့တွင်ရှိသည့် လူအိုကြီးက မသေမျိုးနတ်ငှက်ကို သတ်ဖို့ နည်းလမ်းကို မကျွမ်းကျင်သေးပေ။ မည်သို့ပင်ဆိုစေကာမူ သူက နာကျင်မှုကို မခံစားလိုပေ။

ထိုအချိန်၌ မီးတောက်ဇာမဏီငယ်လေးက ကျီကျီကျာကျာ အော်မြည်လာသည်။ ထိုအရာက တောင်ပံကို ခတ်ကာ သူ့ခပ်ဝဝခန္ဓာကိုယ်ဖြင့် ပျံသန်းလိုက်သည်။

မီးတောက်ဇာမဏီငယ်က နောက်တစ်လှမ်း ဆုတ်ကာ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်သည်။ ဤအမူအရာက အတော်လေး စိတ်ဝင်စားဖို့ ကောင်းလေ၏။ ပြောရမည်ဆိုလျှင် ထိုအရာက ပျော်နေဟန်ပေါ်၏။

“ကောင်းပြီလေ။ မင်း နိုင်တယ်။ ငါ သဘောတူတယ်”

ထို့နောက် မီးတောက်ဇာမဏီငယ်လေးက ရှောင်ယွမ်အာ၏ ပခုံးဆီ ပြန်လည်ရောက်ရှိလာပြီး သူ့ကိုယ်သူ ကျေနပ်နေဟန်ပေါ်၏။ ထိုအရာက တောင်ပံကို ရုပ်သိမ်းပြီးသည့်နောက်တွင် ခေါင်းကို ဂုဏ်ယူစွာ မော့လိုက်ပြီး မဟာလေဟာနယ်စွမ်းအားကို ခံစားနေလေ၏။ နတ်သားရဲ၏ မျိုးဆက်ကသာ မဟာလေဟာနယ်မျိုးစေ့မှ စွမ်းအားကို သဘောကျဖို့ အရည်အချင်း ထိုက်တန်ပေသည်။

မီးတောက်ဇာမဏီငယ်လေးက ကောင်းကောင်း လုပ်နေပြီး မဟာလေဟာနယ်စွမ်းအားမှ အားဖြည့်မှု ရှိနေသည်ကို မြင်ပြီးသည့်နောက်တွင် မီးတောက်ဇာမဏီက ထိုငှက်ပေါက်စသည် သိသိသာသာ တိုးတက်လာမည် ဖြစ်ကြောင်း သိလိုက်၏။ ထိုသူက မဟာလေဟာနယ်မှ ဖြစ်နေခဲ့လျှင် မီးတောက်ဇာမဏီငယ်လေးက အန္တရာယ်ကြား ကျရောက်သွားနိုင်သည်။ ထိုအရာက လုကျိုးကို ထပ်မံကြည့်လိုက်၏။ အကယ်၍ လုကျိုးက မဟာလေဟာနယ်မှ မဟုတ်ကြောင်း အတည်ပြုနိုင်လျှင် လုကျိုးကို အသက်ဓာတ်နှလုံးသား ငှားယူခြင်းက ထိုက်တန်ပေသည်။

တစ်ချိန်တည်းဆိုသလို အားလုံးက စိတ်ရှုပ်ထွေးစွာ ကြည့်နေကြ၏။

ခဏအကြာတွင် မီးတောက်ဇာမဏီက ခေါင်းကို မော့ကာ သူနှင့် လုကျိုးကြားမှ အကွာအဝေးကို နီးကပ်စေလိုက်သည်။ ထို့နောက် အနီရောင်မီးတောက် ကြာပွင့်တစ်ခုက လုကျိုးဆီ ပျံသန်းလာလေ၏။

လုကျိုးက အံ့အားသင့်သွားလေသည်။ သူက ထိုအရာမှ ရန်လိုမှုမျိုးကို မခံစားမိပေ။ ထိုအရာက ရောက်ရှိလာသည့်အခါ ညင်သာကာ နွေးထွေးလေ၏။

ထို့နောက် မီးတောက်များက မီးတောင်သဖွယ် ပြောင်းလဲသွားပြီး မီးတောက်က အပြာရောင်ပြောင်းလဲသွားခဲ့သည်။

ဝှစ်

မီးတောက်ဇာမဏီက တောင်ပံကို ခတ်ပြီး စူးစူးရှရှ အော်ဟစ်လိုက်သည်။ ထိုအရာ၏ မျက်ဆံမှ ပြုတ်ကျလာတော့သလိုမျိုး ဖြစ်နေလေ၏။

လူသားများနှင့် သားရဲများက ကွဲပြားသည့် အတွေးအခေါ်ရှိသော်လည်း သူတို့အားလုံးက အကြောက်တရားနှင့် ပျော်ရွှင်မှုကဲ့သို့ တူညီသည့် ခံစားချက်မျိုးကိုတော့ ခံစားနိုင်ကြသည်။

အားလုံးက မီးတောက်ဇာမဏီ၏ မျက်ဝန်းမှ အကြောက်တရားကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

ခြေလှမ်းအနည်းငယ် နောက်ဆုတ်ပြီးသည့်နောက်တွင် မီးတောက်ဇာမဏီက ခေါင်းငုံ့ပြီး မြင့်မြတ်သည့် မီးတောက်ဇာမဏီ၏ မာန်မာနတို့ကို သိမ်းဆည်းလိုက်ဟန်ပေါ်သည်။ ယခုအခိုက်အတန့်တွင် အတော်လေးကို ရိုကျိုးနေလေ၏။ ထို့နောက် ထိုအရာက အသံတိုးတိုးလေး ပြုလုပ်လာသည်။

“…”

ထိုအရာကို မြင်ကာ မီးတောက်ဇာမဏီငယ်လေးက ကြောင်အမ်းအမ်း ဖြစ်လေ၏။ ထိုအရာကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။

ရှောင်ယွမ်အာနှင့် ခရုလေးတို့က မီးတောက်ဇာမဏီ၏ သဘောထားအပြောင်းအလဲကို မျှော်လင့်မထားကြပေ။

လုကျိုးက မီးတောက်ဇာမဏီကို လက်ညှိုးထိုးကာ မေးလိုက်သည်။

“ခရုလေး သူက ဘာပြောနေတာလဲ”

ခရုလေးက ခေါင်းကုတ်ကာ ပြောလိုက်သည်။

“အော် သူက ရှင်လား။ ရှစ်စွင်း သူ့ကြည့်ရတာ ရှစ်စွင်းနဲ့ ဟိုးကတည်းက သိခဲ့တဲ့ပုံပဲ”

လုကျိုးက သက်ညှာခြင်းကင်းမဲ့စွာ ပြောလိုက်၏။

“ငါကတော့ သူ့ကို မသိဘူး”

မီးတောက်ဇာမဏီ “…”

မောက်မာမှုတို့ကို ဆုံးရှုံးသွားသည့် မီးတောက်ဇာမဏီက အသံများ ပြုလုပ်လာလေသည်။ ခရုလေးက ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ်။ သဘောတူတာ ကောင်းတယ်။ စိတ်မပူနဲ့ ငါ့ရှစ်စွင်းက ကတိတည်တဲ့သူ။ ငါ့ရှစ်စွင်းက စကားပြန်ရုပ်သိမ်းတဲ့သူတွေကို အမုန်းဆုံးပဲ”

မီးတောက်ဇာမဏီ “…”

ဆိုလိုသည်က သူနားလည်သည်ဟူ၍ ဖြစ်၏။

မီးတောက်ဇာမဏီက ခန္ဓာကိုယ်ကို ယမ်းခါရင်း ငှက်မွေးတစ်ခုကို ထုတ်ကာ လုကျိုးဆီ ပေးလိုက်သည်။

လုကျိုးက ငှက်မွေးကို ကြည့်ရင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားလေ၏။

ခရုလေးက ပြောလိုက်သည်။

“ရှစ်စွင်း ဒီငှက်မွေးကို မီးရှို့လိုက်တယ်ဆိုရင် သူက ရှစ်စွင်းကို အာရုံခံမိပြီး ချက်ချင်း ရောက်လာနိုင်တယ်”

လုကျိုးက ခေါင်းညိတ်ပြီးသည့်နောက်တွင် ကျယ်ပြောကောင်းကင်အိတ်ထဲ သိမ်းဆည်းလိုက်သည်။

ထို့နောက် မီးတောက်ဇာမဏီက တောင်ပံကို ဖြည်းဖြည်းချင်း ခတ်လိုက်၏။ တစ်ချိန်တည်းဆိုသလို ထိုအရာက မီးတောက်ဇာမဏီကို ကြည့်ကာ သူ့ကလေးနှင့် ခွဲခွာဖို့ အနည်းငယ် ဝန်လေးနေသည်။

မီးတောက်ဇာမဏီငယ်လေးက မသိတတ်သည့် ကလေးသဖွယ် ပျော်ပျော်ရွှင်ရွှင် ကျီကျီကျာကျာ အော်မြည်နေသည်။

“မင်း သွားလို့ရပြီ” လုကျိုးက ဝှေ့ယမ်းလိုက်၏။

မီးတောက်ဇာမဏီက တောင်ပံကို ခတ်ကာ အော်မြည်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း ထိုအရာက ကောင်းကင်အထက် ပျံသန်းကာ မြင်ကွင်းမှ ထွက်သွားလေ၏။

……………………………………….

ထိုစဉ် ချင်ရန်ယွဲ့နှင့် တခြားသူများက စိတ်ရှုပ်ထွေးနေကြသည်။ သူတို့က လုကျိုးပြောသည့်အရာကို မကြားကြသော်လည်း အရာအားလုံးကို မြင်တွေ့ခဲ့ကြရသည်။

အားလုံးက အဝေးမှ ပြေးလာကြ၏။

ဓားသမား ၄၉ဦးထဲမှ ယွမ်လန်က အော်ပြောလိုက်သည်။

“မီးကို အရင်ငြှိမ်းကြ”

ကုနန်၊ ရှန်းရန်နဲ့ ဖန်ကျုံးတို့က သူတို့လူများကို ကူညီဖို့ အမိန့်ပေးလိုက်ကြသည်။

“မင်း ဘာတွေကို စောင့်နေတာလဲ။ မြန်မြန်ငြှိမ်းလိုက်ကြ”

လွတ်လပ်သူများမှ ခေါ်ဆောင်လာသည့် လူရာချီ ရှိလေသည်။ ထို့ကြောင့် သူတို့၏ မီးငြှိမ်းသတ်သည့် အမြန်နှုန်းက မဆိုးလှပေ။ ကျင့်ကြံသူများကလည်း ရှေ့နောက် ပျံသန်းရင်း အဖက်ဖက်မှ ရေများကို သယ်ဆောင်ကာ မီးငြှိမ်းနေကြသည်။

သိပ်မကြာခင် မီးက ငြိမ်းသွားလေ၏။

မြောက်ဖက်လေ့ကျင့်ရေးခန်းမက မဲတူးနေပြီး အပြိုအပျက်များမှ မီးခိုးငွေ့များ ထွက်ပေါ်နေသည်။

ကံဆိုးစွာဖြင့် တောင်ဖက်လေ့ကျင့်ရေးခန်းမနှင့် တခြားနေရာများက ဘေးကင်းနေ၏။ မြောက်ဖက် လေ့ကျင့်ရေးခန်းမကို ပြန်လည်တည်ဆောက်နိုင်သည်။

မီးငြှိမ်းသတ်ပြီးသည့်နောက်တွင် အားလုံးက ကျေးဇူးတင်လိုက်ကြ၏။

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“ကံကောင်းတာက အစ်ကိုလု ရှိနေလို့ပေါ့။ မဟုတ်ရင် မြောက်ဖက်လေ့ကျင့်ရေးခန်းမနဲ့ တောင်ဖက်လေ့ကျင့်ရေးခန်းမတို့က ပျောက်ဆုံးသွားလောက်ပြီ”

ဖန်ကျုံးကလည်း ဝင်ပြောလိုက်သည်။

“မဟာဆရာသခင်ကတော့ တကယ်ကို အံ့ဖွယ်ပါပဲ။ နတ်သားရဲကတောင် နောက်ဆုတ်သွားရတယ်။ တကယ်ကို လေးစားပါတယ်။ ဆရာသခင်ချင် မဟာဆရာသခင်လုကို ကျေးဇူးတင်ရမယ်”

ချင်ရန်ယွဲ့က မျက်လုံးဝှေ့လိုက်သည်။

ဒါက သေချာပေါက်ပဲပေါ့။ မင်း ငါ့ကို သတိပေးနေဖို့ မလိုပါဘူး…

လုကျိုးက လက်ကို ဝှေ့ယမ်းလိုက်သည်။

“ဒါက အသေးအမွှားလေးပါပဲ။ ဒီလို အသေးအဖွဲမျိုးကို ပြောနေဖို့ မလိုပါဘူး”

ချင်ရန်ယွဲ့က ထိုစကားများကို ကြားသည့်အခါ ပိုမိုစိတ်လှုပ်ရှားလာမိ၏။

“အစ်ကိုလု ကျုပ်တို့ရဲ့ချင်မျိုးနွယ်က အစ်ကိုလုရဲ့ ကြင်နာမှုကို အမြဲတမ်းအမှတ်ရနေမှာပါ”

ချင်မျိုးနွယ်မှ လူငယ်ကျင့်ကြံသူလေးများကလည်း မူလက ချင်မော့ရှန်း၏ သေဆုံးမှုနှင့် ပတ်သက်ပြီး မကျေနပ်ခဲ့ကြပေ။ သို့သော်လည်း ချင်ရန်ယွဲ့ကြောင့် မည်သူကမှ မကျေနပ်မှုကို ထုတ်ဖော်မပြသရဲပေ။ သို့သော်လည်း လုကျိုး၏ လုပ်ဆောင်ချက်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ပြီးသည့်နောက်တွင် အားလုံးက စိတ်အေးသွားကြ၏။

တပည့်သုံးထောင်ကျော်က တစ်ပြိုင်နက် ဦးညွှတ်လိုက်ကြသည်။

“မဟာဆရာသခင်ကို ကျေးဇူးတင်ပါတယ်”

“တင်း လူ၃၁၀၀ ရဲ့ ကိုးကွယ်ယုံကြည်မှုကို ရုတ်တရက် ရရှိပါတယ်။ ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၃၁၀၀ ရရှိပါတယ်”

...

အခန်း (၁၃၇၃) ဗဟိုချက်ဒေသ

ကုသိုလ်မှတ်များသည် များပြားသည်မဟုတ်သော်ငြား ကုသိုလ်မှတ်များ ဖြစ်နေသေး၏။

လုကျိုးက လက်ဝေ့ယမ်းလျက် ဤကိစ္စက ပြောပလောက်ရန်မတန်ကြောင်း ညွှန်ကြားသည့်ပမာ အမူအရာက အပြောင်းအလဲမရှိပေ။

မဟာဆရာသခင်တစ်ပါး ဤမျှနှိမ့်ချတတ်တာ မထင်မှတ်ထားသည့်အရာပဲဖြစ်သည်။ ယခင်က ချင်ရန်ယွဲ့သည် သူ့ကို ကြိမ်ဖန်များစွာ ဖိတ်ကြားခဲ့သော်ငြား ငြင်းဆန်ခဲ့လေ၏။ ထို့ကြောင့် လုကျိုးသည် အတော်လေး အေးစက်ပြီး အဖတ်မလုပ်တတ်သူဟု ထင်ခဲ့တာဖြစ်သည်။ ယခုကြည့်မိချိန်၌ သူ အထင်လွဲနေပုံပေါ်၏။

လူတိုင်း၌ လေးစားမှု ပိုတောင်များသွားလေ၏။

ထိုစဉ် ချင်ရန်ယွဲ့က မေးကာ ဇဝေဇဝါဖြစ်သွားတော့သည်။ “ကျုပ် စိတ်ရှုပ်ထွေးနေတာ မီးဇာမဏီက ဒီကို ဘာကြောင့်လာတာလဲ။ ဒါ့အပြင် အစောတုန်းက အစ်ကိုလုအပေါ် မီးဇာမဏီရဲ့သဘောထားကို တွေ့ခဲ့တယ်။ မီးဇာမဏီက သူတို့ရဲ့မြင့်မြတ်မှုအတွက် ဂုဏ်ယူဝင့်ကြွားတာ။ ဘာကြောင့် အလွယ်တကူထွက်သွားတာလဲ”

လုကျိုး၏ အကွက်က ထိတ်လန့်ဖွယ်ကောင်းတာ မှန်ပေ၏။ သို့သော်ငြား သေသည်အထိတိုက်ခိုက်မည်ဆိုလျှင် မဟာဆရာသခင်တစ်ပါးအတွက်တောင် ၎င်းကို ဖြေရှင်းဖို့မလွယ်ကူ။ နတ်သားရဲများသည် သူတော်စင်များနှင့် ဆင်တူပေ၏။

လုကျိုး ဘာမှမပြောသေးခင် ရှောင်ယွမ်အာက ဦးဆောင်လျက်ပြောလိုက်သည်။ "ကျွန်မရဲ့ရှစ်စွင်းကို ကြောက်သွားတာကြောင့်လေ”

ပြီးနောက် ရှောင်ယွမ်အာသည် ပခုံးပေါ်ရှိ မီးဇာမဏီလေးကိုပုတ်လိုက်၏။

တကယ်တော့ လူတိုင်းအကြည့်သည် မီးဇာမဏီငယ်လေးကြောင့် ဆွဲငင်ခံလိုက်ရတာကြာပြီဖြစ်သည်။ ချင်ရန်ယွဲ့က ရုတ်တရက်ပြောလိုက်သည်။ "ငါသိပြီ။ အဲ့ဒီ မီးဇာမဏီက ဒီ မီးဇာမဏီငယ်လေးကို လာရှာတာပဲဖြစ်ရမယ် ဟုတ်တယ်မလား”

“...”

တနည်းအားဖြင့် ဤကပ်ဘေးကို မဟာဆရာသခင်က ဆောင်ယူလာတာဖြစ်သည်။

ဖန်ကျုံးက မျက်မှောင်ကျုံ့မိသွားကာ လေးနက်သောအသံဖြင့်ပြောလိုက်သည်။ "စကားကိုကြည့်ပြော။ ငါ့ရဲ့အမြင်မှာ မဟာဆရာသခင်က မီးဇာမဏီငယ်လေးကို အောင်နိုင်ခဲ့တာပဲဖြစ်မယ်။ ဒါကြောင့် မီးဇာမဏီကြီးက အညံ့ခံပြီးထွက်သွားတာ”

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်” ရှန်းယန်က အလျင်စလိုပြောလိုက်သည်။

ချင်ရန်ယွဲ့က ဂရုမစိုက်ပေ။ လုကျိုးက ဤကပ်ဘေးကိုဆောင်ယူလာလျှင်တောင် ဖြေရှင်းနှင့်ပြီးပြီ ဖြစ်သည်။ အရေးကြီးဆုံးက သူသည် လျော်ကြေးအနေဖြင့် မီးဇာမဏီ၏စစ်မှန်သော သွေးတစ်စက်ကို ရလိုက်တာပဲဖြစ်သည်။

လူတိုင်းက မဟာဆရာသခင်ကို မျက်နှာချိုသွေးနေကြစဉ် သူတို့ရင်ထဲ၌ ချဉ်တူးမှုကို အနည်းငယ် ခံစားလိုက်ရ၏။

ထိုစဉ် ချင်ရန်ယွဲ့က ပြောလိုက်၏။ "ကျုပ်မှာ အစ်ကိုလုနဲ့ နက်ရှိုင်းတဲ့ခင်မင်မှုရှိတယ်။ မြောက်bက်လေ့ကျင့်ရေးခန်းမအပြင် အစ်ကိုလုကို တောင်ဖက်လေ့ကျင့်ရေးခန်းမပါ ပေးထားတာ ကျုပ်အတွက် ပြဿနာမှ မဟုတ်တာ”

“ရက်ရောလိုက်တာ”

ဤအဆင့်မျက်နှာချိုသွေးမှုဖြင့် သူတို့သည် ချင်ရန်ယွဲ့ကို မယှဉ်နိုင်ဟု ကျန်သည့်သူများ တွေးမိသွားသည်။

ရုတ်တရက် ဖန်ကျုံးက ပြောလိုက်၏။ “ဆရာသခင်ချင်က စစ်မှန်တဲ့သွေးကို ရသွားတာ တကယ်အားကျစရာပါပဲ”

စိတ်ထဲတွင်မူ ဖန်ကျုံးက သူ့ဖာသာသူ စဉ်းစားလိုက်၏။ မဟာဆရာသခင်ဆီကနေ ဒီလောက်တန်ဖိုးရှိတဲ့ရတနာကို ဘယ်လိုလုပ် လုယူရဲတာလဲ။

လုကျိုးက ပြောလိုက်၏။ "ဒါ မီးဇာမဏီ သူ့ကိုပေးတဲ့ဟာပဲ။ သူ့ဆီက ယူမှာမဟုတ်ဘူး”

ဖန်ကျုံးက ခေါင်းညိတ်လိုက်သည်။ “မီးဇာမဏီလေးနဲ့ဆို စစ်မှန်တဲ့သွေးပြတ်လပ်မှာ မဟုတ်ဘူး”

ကျီ ကျီ ကျီ

ဝှစ် ဝှစ် ဝှစ်

မီးဇာမဏီလေးက လေထဲပျံသန်းသွား၏။ ဝှစ်ကနဲ မြည်သံတစ်ချက်ဖြင့် ၎င်းသည် ဖန်ကျုံးဆီ မီးလုံးမှုတ်ထုတ်လိုက်တော့သည်။

ဖန်ကျုံးကမူ အပြင်ပန်းတွင် တည်ငြိမ်နေသော်ငြား စိတ်ထဲတွင် ကြောက်လန့်နေပြီးဖြစ်သည်။ သူက အလျင်စလိုနောက်ဆုတ်လျက် သူ့ရှေ့၌ ကြယ်တာရာဒိုင်ခွက်ကို ဖွဲ့တည်လိုက်သည်။

လူတိုင်းသည် မီးဇာမဏီငယ်လေး၏ အပြောင်းအလဲမြန်သော သဘောထားကြောင့် ကြက်သေသေသွားလေ၏။ ဤအတိုင်း မီးကိုမှုတ်ထုတ်လိုက်သည်။

ချင်ရန်ယွဲ့က ပြောလိုက်လေ၏။ “ဒီလိုအမှားလုပ်မိမယ်လို့ မထင်ထားဘူး။ ဒီကြက်ဆင်နဲ့တူတဲ့ ငှက်က နတ်သားရဲအကောင်ပေါက်လေး ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး”

ချင်ရန်ယွဲ့ပြောပြီးသည်နှင့် မီးဇာမဏီလေးသည် ချင်ရန်ယွဲ့ကို ရုတ်တရက် စိန်းစိန်းဝါးဝါးကြည့်လိုက်၏။

ချင်ရန်ယွဲ့ “...”

ဝှစ်

မီးဇာမဏီလေးသည် မီးမမှုတ်ထုတ်ခဲ့သော်ငြား စတင်ဆင်းသက်လာပြီဖြစ်၏။

ရှောင်ယွမ်အာက ၎င်းကိုလှမ်းဆွဲကာ ပြောလိုက်တော့သည်။ “မင်း ကြွားလုံးထုတ်ဖို့ ကြိုးစားနေပြန်ပြီ”

ချင်ရန်ယွဲ့က စိတ်အေးသွားပြီး ကပ်သီးလေးလွတ်သွားကြောင်း တွေးမိလိုက်သည်။ ပြီးနောက် သူက ပြုံးပြီး ပြောလိုက်၏။ "နောက်နေရုံပါပဲ။ စိတ်ထဲမထားပါနဲ့”

လုကျိုးက အချိန်ကို တွေးလိုက်မိပြီး ပြောလိုက်တော့သည်။ “မြောက်ဖက်ခန်းမလေ့ကျင့်ရေးခန်းမ ဖျက်ဆီးခံလိုက်ရပြီဆိုတော့ တောင်ဖက်လေ့ကျင့်ရေးခန်းမကို သွားလိုက်ရအောင်”

ထိုစကားကို ကြားသောအခါ လူတိုင်း အပျော်လွန်သွားကြသည်။ အငယ်များကမူ အဖိတ်မခံရပေ။

ဆရာသခင်များနှင့် လွတ်လပ်သူတို့သည် လုကျိုးနောက်လိုက်ပြီး တောင်ဖက်လေ့ကျင့်ရေးခန်းမဆီ သွားလိုက်လေ၏။

တောင်ဖက်လေ့ကျင့်ရေးခန်းမထဲတွင်ဖြစ်သည်။

လုကျိုးက ပြောလိုက်၏။ “ကျုပ် မေးစရာတစ်ခုရှိတယ်။ ခင်ဗျားတို့အားလုံးဆီက အဖြေရဖို့ မျှော်လင့်တယ်”

“မဟာဆရာသခင်လု ကျေးဇူးပြုပြီး လွတ်လွတ်လပ်လပ် မေးပါ။ ကျုပ် အကောင်းဆုံး ဖြေပေးပါ့မယ်”

ရှန်းယန်က ပြောလိုက်၏။

“လွတ်လပ်သူတွေက နယ်မြေကိုးခုကို လွတ်လွတ်လပ်လပ်သွားလာနိုင်တယ်။ ကနေ့အချိန်ထိ လူအများစုက မဟာလေဟာနယ်နေရာကို သိချင်ကြတယ်။ နယ်မြေကိုးခုထဲမှာ မဟာလေဟာနယ်ရဲ့ အရိပ်အယောင် တွေ့ကြလား”

လူတိုင်းခေါင်းခါလိုက်လေ၏။

ချင်ရန်ယွဲ့က သက်ပြင်းချကာပြောလိုက်သည်။ "မဟာလေဟာနယ်ရဲ့ နေရာက ဆန်းကြယ်မှုတစ်ရပ်ပဲ။ ပုံရိပ်ယောင်အစီအရင်နဲ့ ဖုံးထားတာ ဖြစ်လောက်တယ်။ ပညာရှင်တွေက မဟာလေဟာနယ်ထဲ တိမ်တိုက်တွေလောက် ကြွယ်ဝတယ်။ ဒါ့အပြင် နယ်မြေကိုးခုထဲမှာ ဟန်ချက်ကို ထိန်းထားဖို့ဆို နေရာငယ်လေးဖြစ်လို့ မရဘူး”

ရှန်းယန်က ခေါင်းညိတ်လိုက်၏။ “ကျုပ် ထောက်ခံတယ်။ နယ်မြေကိုးခုက ကျင့်ကြံသူတွေက အမည်မသိကုန်းမြေကို သွားကြပေမဲ့ ဗဟိုချက်ဒေသကို ရောက်တဲ့သူ များများစားစားမရှိဘူး။ ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေနဲ့ ခရမ်းရောင်ကြာနယ်မြေတို့လို နေရာမျိုးတွေ သွားဖူးပေမဲ့ မဟာလေဟာနယ်ရဲ့တည်နေရာအကြောင်း မကြားဖူးဘူး”

လူတိုင်းက ခေါင်းခါလိုက်ကြသည်။

ချင်ရန်ယွဲ့က သက်ပြင်းချလိုက်လေ၏။ "မဟာလေဟာနယ်ရဲ့ တည်နေရာက ဆန်းကြယ်မှုတယ်။ ပုံရိပ်ယောင်အစီအရင်နဲ့ ဖုံးကွယ်ထားတာတောင် ဖြစ်လောက်တယ်။ ပညာရှင်တွေက မဟာလေဟာနယ်ထဲ တိမ်တိုက်တွေလောက် များပြားနေတာ။ ဒါ့အပြင် နယ်မြေကိုးခုရဲ့ ဟန်ချက်ကို ထိန်းဖို့အတွက် နေရာငယ်လေး ဖြစ်လို့ မရဘူး”

ရှန်းယန်က ခေါင်းညိတ်လိုက်၏။ “ထောက်ခံတယ်။ နယ်မြေကိုးခုက ကျင့်ကြံသူတော်တော်များများ အမည်မသိကုန်းမြေကို သွားကြပေမဲ့ အချက်အခြာဒေသအထိ မရောက်ခဲ့ကြဘူး။ ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေနဲ့ ခရမ်းရောင်ကြာနယ်မြေတို့လို နေရာမျိုးတွေပဲ ရောက်ဖူးတယ်။ မဟာလေဟာနယ်ရဲ့ တည်နေရာအကြောင်း မသိဘူး”

“အနက်ရောင်ကြာနယ်မြေနဲ့ အဖြူရောင်ကြာနယ်မြေထဲမှာလည်း ဘာမှမကြားခဲ့ဘူး။ အနက်ရောင်မျှော်စင်အဖွဲ့အစည်းနဲ့ အဖြူရောင်မျှော်စင်အဖွဲ့အစည်းက မဟာလေဟာနယ် စူးစမ်းလေ့လာရေးတွေကို သွားခဲ့ပြီး ဆုံးရှုံးမှု ပြင်းထန်ခဲ့တယ်လို့ ကြားမိတယ်။ သူတို့ရောက်ခဲ့တဲ့ အဝေးဆုံးအကွာအဝေးက ဖျက်ဆီးခြင်းတိုင်လုံးတွေထဲက တစ်ခုဆီပဲရောက်ပြီး အဲ့ဒီမှာ မြေဆီပဲရခဲ့တာ။ ဒါတောင်မှ ပါဝင်သူအများစု သေသွားခဲ့တယ်” ကုနင်က ပြောပြ၏။

အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းတွင် အသန်မာဆုံးက မွေးဖွားဇယားချပ် ၁၂ခုသာရှိ၏။ သူတို့ထဲမှ တချို့သည် ဖျက်ဆီးခြင်းတိုင်လုံးဆီသွားပြီး ရှင်သန်နိုင်ခဲ့သည်က အတော်လေး ကောင်းလှပြီဖြစ်သည်။

ထိုစဉ် ဖန်ကျုံးက ပြောလိုက်သည်။ "မဟာလေဟာနယ်က အမည်မသိမြေထဲမှာ မဟုတ်လောက်ဘူး”

လုကျိုးသည် ဖန်ကျုံးကို ကြည့်လိုက်၏။ ဖန်ကျုံးအပေါ် အမြင်ကောင်း မရှိသော်ငြား ဆရာသခင်တစ်ပါးအနေဖြင့် ဖန်ကျုံးက ဗဟုသုတကြွယ်ဝနေသေးတာ ငြင်းဆန်ဖွယ်မရှိပေ။ ထို့ကြောင့် သူက မေးလိုက်၏။ “ဘာလို့အဲ့လိုပြောတာလဲ”

ဖန်ကျုံးကပြောလိုက်သည်။ "အမှန်အတိုင်းပြောရရင် ကျုပ် အမည်မသိကုန်းမြေကို ဖြတ်ကျော်သွားဖူးတယ်။ အဲဒါက သက်တမ်း၁၃နှစ်နဲ့ ၈လကို ယူသွားတာ”

“...”

လေ့ကျင့်ရေးခန်းမသည် သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားတော့သည်။

လူပေါင်းများစွာသည် အမည်မသိကုန်းမြေကို ဖြတ်ကျော်ရန် ကြိုးစားခဲ့ကြသော်ငြား သူတို့လမ်းတဝက်၌ လက်လျော့ခဲ့ကြသည်။ တချို့သည် ဗဟိုချက်ကို ရှောင်ရန် ကွေ့ပတ်သွားတတ်၏။ သို့သော်ငြား အမည်မသိကုန်းမြေကို အမှန်တကယ် နားလည်သဘောပေါက်ရန် ဗဟိုချက်ဒေသကို ဖြတ်ကျော်သွားရမည်။

ဖန်ကျုံး၏စကားက လူတိုင်းကို ထိတ်လန့်သွားစေ၏။

လုကျိုးက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။ “ဒီတော့ မင်းက ဗဟိုချက်ဒေသကို သွားခဲ့ဖူးတယ်ပေါ့”

ဖန်ကျုံးက ခေါင်းညိတ်လိုက်လေ၏။ သူ၏မျက်လုံးထဲတွင် ကံကြမ္မာအပြောင်းအလဲနှင့် ကူကယ်ရာမဲ့မှုအရိပ်အယောင်တို့ရှိနေကာ မေးလိုက်တော့၏။ “တကယ်ပဲ ကျုပ် ဗဟိုချက်ဒေသကို ရောက်ဖူးတယ်။ ဖျက်ဆီးခြင်းတိုင်လုံး ၁၀ခုလုံးကို ရောက်ဖူးတယ်။ ပြင်ပဒေသမှာ သုံးခု၊ အလယ်ဒေသမှာ သုံးခု၊ ဗဟိုဒေသမှာသုံးခုနဲ့ အမည်မသိကုန်းမြေနှလုံးသားထဲမှာ တစ်ခု”

ဖန်ကျုံး၏အမူအရာက အနည်းငယ်ပြောင်းလဲသွားကာ သက်ပြင်းချလိုက်လေ၏။

“အမည်မသိကုန်းမြေနှလုံးသားထဲက ဖျက်ဆီးခြင်းတိုင်လုံးလောက် ထူတဲ့တိုင်လုံးကို တစ်ခါမှ မတွေ့ဖူးဘူး။ တခြားဖျက်ဆီးခြင်းတိုင်လုံးတွေထက် အဆတစ်သောင်း ပိုမြင့်တယ်။ ကျုပ် အဲ့ရှေ့နား ကပ်ဖို့ကြိုးစားတဲ့အချိန် လေပြင်းတွေကျလာပြီး နှင်ထုတ်ခံလိုက်ရတယ်။ ပြီးတော့ နတ်သားရဲတွေ တော်တော်များများပေါ်လာတာ။ ဒါကြောင့် ကျုပ်လည်း ကပ်ဘေးကိုရှောင်ဖို့ သေချင်ယောင်ဆောင်ခဲ့ရတယ်”

“ဆရာသခင်တစ်ပါးဖြစ်တဲ့မင်းက သေချင်ယောင်ဆောင်ခဲ့ရတယ်တဲ့လား။ အမြင်အာရုံစူးရှပြီး အနံ့ခံအာရုံကောင်းတဲ့ နတ်သားရဲတွေကို အရူးလုပ်ဖို့လွယ်မှာ မဟုတ်ဘူး” ချင်ရန်ယွဲ့က ပြုံးလျက်ပြောလိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် ဒါ အရေးမကြီးဘူး။ ဒါကို အရေးစိုက်ဖို့မလိုဘူး” ဖန်ကျုံးသည် ထိုအကြောင်းအရာကို ရှောင်ရှားချင်တာ သိသာ၏။

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ ကျုပ် ဂရုစိုက်တယ်။ နောင်ကျ ကျုပ်သွားဖြစ်မလား မသိဘူးလေ။ မင်းရဲ့အတွေ့အကြုံကို သင်ယူထားတာ အကောင်းဆုံးပဲ” ချင်ရန်ယွဲ့က နှိမ့်ချစွာပြောလိုက်၏။

“...”

ဖန်ကျုံးသည် ချင်ရန်ယွဲ့ကို ရင်ထဲ ကျိန်ဆဲနေလေ၏။

လုကျိုးက စိတ်ရှုပ်ထွေးသွားကာ မေးလိုက်တော့သည်။ “ဖျက်ဆီးခြင်းတိုင်လုံးက ဘာလို့ တခြားဟာတွေနဲ့ ကွာခြားနေတာလဲ”

ဖန်ကျုံးက ပြောလိုက်သည်။ "တကယ်ထူးဆန်းတယ်။ ဒါကို မဟုတ်သေးဘူး။ အမည်မသိကုန်းမြေသာ ဒီလောက်မှောင်မည်းမနေရင် အစိမ်းရောင်ကြာနယ်မြေထဲက တိုင်လုံးက အစိမ်းရောင်ဖြစ်နေပြီး ရွှေကြာနယ်မြေထဲက ဖျက်ဆီးခြင်းတိုင်လုံးက အဝါရောင်ဖြစ်နေတာ တွေ့ရလိမ့်မယ်”

“ဒီလောက် ထူးဆန်းတယ်လား” မင်ရှင်ရင်က မျက်ခုံးပင့်လိုက်၏။

ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့မိသွားသည်။ "လောင်စစ် မင်းစကားမပြောရင် ဘယ်သူမှ မင်း အ နေတယ်ဆိုပြီး ပြောမှာမဟုတ်ဘူး”

“တာ့ရှစ်ရှိုး ပြောတာမှန်တယ်။ အားလုံးပဲ ကျေးဇူးပြုပြီး ဆက်ပြောပါ” မင်ရှစ်ရင်က ထိုသို့ပြောပြီးနောက် ယွီကျန့်ဟိုင်နောက်၌ နာခံစွာရပ်နေပြီး ယွီကျန့်ဟိုင်၏ပခုံးကို နှိပ်ပေးနေသည်။

ချင်ရန်ယွဲ့ “...”

ချင်ရန်ယွဲ့သည် မိစ္ဆာဝေဟင်မျှော်နန်းကို တကယ်နားမလည်ပေ။ သူတို့သည် အထွတ်အထိပ် တည်ရှိမှုလောင်းလျာကို အဘယ်ကြောင့်များ ဤသို့ဆက်ဆံနိုင်ရသနည်း။

လုကျိုးက ဆက်ပြောလိုက်သည်။ "ဆက်ပြောပါ”

...

အခန်း (၁၃၇၄) လူအိုကြီး အိုးရန်

ဖန်ကျုံးက လုကျိုး၏ အာရုံစိုက်မှုက သူ့အပေါ်တွင်ရှိနေကြောင်း မြင်သည့်အခါ ဤသည်က ပဋိပက္ခကို ဖြေရှင်းဖို့ အကောင်းဆုံးအခွင့်အရေး ဖြစ်ကြောင်း တွေးလိုက်လေသည်။

သူက ပြောလိုက်၏။

“စာပေ ရတနာလေးပါးကို ယူခဲ့ပါဦး”

ချင်ရန်ယွဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။

ချင်မျိုးနွယ် တပည့်တစ်ဦးက စုတ်တံ၊ မင်အိုး၊ စာရွက်နှင့် မင်တုံးတို့ကို ခန်းမအတွင်း ယူဆောင်လာပြီး ခင်းကျင်းပေးလိုက်သည်။

ဖန်ကျုံးက စုတ်တံကို ကောက်ကာ အလေးအနက် ပြောလိုက်၏။

“အမည်မသိကုန်းမြေက သဲနာရီလို ပုံလိုမျိုးပဲ။ အဲဒါက ၁၂ နာရီပုံစံအတိုင်း ရှိနေတာ”

ချင်ရန်ယွဲ့က သဘောမတူစွာ ပြောလိုက်သည်။

“မင်းက အရင်အဟောင်းကြီးပဲ ပြောနေတာပဲ။ အသစ် မရှိဘူးလား”

ဖန်ကျုံးက ချင်ရန်ယွဲ့ကို လျစ်လျူရှုထားပြီး ဆက်ပြောလိုက်သည်။

“အမည်မသိကုန်းမြေရဲ့ ဗဟိုချက်ကို ရန်တင်းလို့ ခေါ်တယ်။ ဆိုလိုတာက လူသားတွေက သူတို့ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဖျက်ဆီးခြင်းတိုင်လုံးရှိတဲ့ နေရာပဲ”

ဖန်ကျုံးက ရပ်လိုက်ပြီး လုကျိုးကို ကြည့်ကာ ပြောလိုက်သည်။

“ဗဟိုချက်နယ်မြေက ဘယ်လောက်ကျယ်လဲဆိုတာကို မသိဘူး။ အစိမ်းရောင်ကြာနယ်မြေကနေ သွားတုန်းက အပြင်ဘက်ပိုင်းကို ရောက်ဖို့ နှစ်နှစ် အချိန်ယူခဲ့ရတယ်။ အဲဒီနောက် အလယ်ပိုင်းကို ဖြတ်ဖို့ နောက်ထပ်တစ်နှစ် အချိန်ယူခဲ့ရတယ်။ ကြည့်ရတာက မျှခြေညီမျှမှုကြောင့် အဲဒီနေရာက သားရဲဘုရင်တွေကြောင့် မျှခြေညီမျှမှုကြောင့် တစ်ခုခု ပတ်သက်နေမယ်လို့ ထင်တယ်။

အဲဒီနောက် ကျုပ်အတွက် ဗဟိုချက်နယ်မြေကိုရောက်ဖို့ သုံးနှစ် အချိန်ယူခဲ့ရတယ်။ ဖျက်ဆီးခြင်းတိုင်လုံးဝန်းကျင်မှာ တောင်တွေပဲ ရှိနေတာ။ အပြင်ဘက်ပိုင်းနယ်မြေထက် သစ်ပင်တွေက ဆယ်ဆ၊ အဆတစ်ရာ ပိုပြီးတော့ မြင့်မားတယ်။

ကျုပ် အဲဒီမှာ ရှေးဟောင်းနတ်သားရဲ တစ်ကောင်ကိုတောင် တွေ့ခဲ့သေးတယ်။ ကျုပ် အသက်ရှင်ဖို့အတွက် သားရဲမစင်ထဲ ပုန်းအောင်းရုံကလွဲပြီး မတတ်နိုင်ခဲ့ဘူး။

အဲဒီအချိန်တုန်းက အားကောင်းတဲ့ ခက်ထန်သားရဲတွေနဲ့ ရှေးဟောင်းနတ်သားရဲတွေက အချင်းချင်းဆက်သွယ်ပြီးတော့ တိုက်ခိုက်နေတာကိုလည်း ကြားလိုက်ရတယ်။ နှမြောစရာကောင်းတာက ကျုပ်က သားရဲဘာသာစကားကို နားမလည်ဘူးလေ။ နောက်ဆုံးမှာတော့ သားရဲတွေက ထွက်ခွာသွားပြီးတော့ ရှင်းလင်းသွားတဲ့အချိန်ကျမှ ကျုပ်က အမည်မသိကုန်းမြေကနေ အစိမ်းရောင်ကြာနယ်မြေဆီ သင်္ကေတလမ်းကြောင်းကတဆင့် ပြန်လာခဲ့တာ”

“…”

ချင်ရန်ယွဲ့က ဖန်ကျုံးအား ဟာသလုပ်လိုသော်လည်း ဖန်ကျုံး၏ မျက်နှာအထက် လေးနက်သော အမူအရာကို မြင်သည့်အခါ ထိုအတွေးကို ဖယ်ရှားလိုက်သည်။

ဆရာသခင်များကလည်း လူသားများ ဖြစ်၏။ ရှေးဟောင်းနတ်သားရဲများနှင့် ရင်ဆိုင်ရသည့်အခါ ခက်ထန်သားရဲ၏ မစင်အတွင်း ပုန်းအောင်းနေသည်က အရှက်ရစရာ မဟုတ်ပေ။ အကယ်၍ ချင်ရန်ယွဲ့သာ ဖန်ကျုံးနေရာတွင် ရှိပါက သူသည်လည်း ဖန်ကျုံးလိုမျိုး အလျင်အမြန် ပြုမူနိုင်ခဲ့မည်လားဆိုတာ မည်သူကများ သိမည်နည်း။

“အမည်မသိကုန်းမြေမှာ ရှေးဟောင်းနတ်သားရဲတွေ ရှိနေသေးတာလား” လုကျိုးက မေးလိုက်သည်။

ကုန်းမြေများက ကွဲထွက်သွားပြီးသည့်နောက်တွင် ရှေးဟောင်းနတ်သားရဲတချို့က သေသွားခဲ့ပြီး တချို့က လွတ်မြောက်သွားကြသည်။ အသက်ရှင်နေသည့်အရာများက မဟာလေဟာနယ်တွင် ရှိသင့်၏။

“ဟုတ်တယ်။ အဲဒီရှေးကျတဲ့ နတ်သားရဲတွေအပြင် သာမန်နတ်သားရဲတွေထက် ပိုပြီးဉာဏ်ကောင်းတဲ့ နတ်သားရဲတွေလည်း ရှိတယ်။ သူတို့ကိုကျတော့ ရှေးဟောင်းနတ်သားရဲလို့ ခေါ်တယ်။ နတ်သားရဲတွေကို ခွဲခြားထားတဲ့အရာက မဟာလေဟာနယ်ပျောက်ကွယ်မသွားခင် ချန်ထားခဲ့တဲ့ နတ်သားရဲတွေကို ခွဲခြားထားတဲ့အရာပဲ” ဖန်ကျုံးက ပြောလိုက်သည်။

“ဒါက အစ်ကိုလုကို ပြောပြချင်တဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ”

ဖန်ကျုံးက လုကျိုးအား မဟာဆရာသခင်မှ အစ်ကိုလုအဖြစ် ပြောင်းလဲလိုက်သည်။

လုကျိုးက မျက်လုံးထောင့်မှ ချင်ရန်ယွဲ့ကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။

“ဖန်မျိုးနွယ်ရဲ့ လွတ်လပ်သူတွေက အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှာ ငြိမ်းချမ်းရေးငှက်ကို မြင်ခဲ့ရတယ်တဲ့”

လုကျိုးကသာ ထိုစကားများကို ကြားနိုင်လေသည်။ သူက ဖန်ကျုံးကို အံ့အားသင့်စွာ ကြည့်လိုက်၏။ သူက ထိုနေ့ရက်တွင် သူ့အမြင်စွမ်းအားမှတဆင့် ငြိမ်းချမ်းရေးသားရဲကို တွေ့ခဲ့ရခြင်း ဖြစ်၏။ ဖန်မျိုးနွယ်မှ လွတ်လပ်သူကလည်း အဖြူရောင်ကြာနယ်မြေတွင် ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

“ဘယ်တုန်းကလဲ” လုကျိုးက မေးလိုက်သည်။

ဖန်ကျုံးက ပြောလိုက်၏။

“ချင်နိုက်ဟယ် ဒုက္ခရောက်နေတုန်းကပါ”

ချင်ရန်ယွဲ့ “…”

လုကျိုးက ခေါင်းညိတ်လိုက်၏။

အချိန်ကတော့ ကိုက်တယ်…

ဖန်ကျုံးက ထပ်ပြောလိုက်သည်။

“ငြိမ်းချမ်းရေးငှက်က ရှေးဟောင်းနတ်သားရဲလိုမျိုး မခက်ထန်ပေမဲ့ မဟာလေဟာနယ်က ရှေးဟောင်းနတ်သားရဲရဲ့ မျိုးဆက်တစ်ခုပဲ။ အဲဒီငှက်က အရွယ်ရောက်လာကာစပဲ ရှိသေးတယ်။ လွတ်လပ်သူရဲ့ စကားအရဆိုရင်တော့ နတ်သားရဲ ဖြစ်လာသင့်တယ်တဲ့။ သူ့ပေါ်ထွက်လာမှုက အတော်လေးကို စိတ်ဝင်စားဖို့ ကောင်းတယ်”

“…”

လုကျိုးက မဟာလေဟာနယ်မှ လန်ရှီဟယ်အကြောင်း စဉ်းစားမိသွား၏။

မဟာလေဟာနယ်က ဘယ်နေရာမှာလဲ…

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“မင်းက အများကြီးပြောနေတာပဲ။ မင်းက အခုထိ ဘယ်ဟာက ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို မပြောသေးဘူး။ အမည်မသိကုန်းမြေကို ဖြတ်ကျော်ခဲ့တာ အံ့မခန်း လေးစားဖို့ကောင်းတယ်ဆိုပေမဲ့ မင်းက မဟာလေဟာနယ်ကို ရှာမတွေ့သေးဘူးပဲ”

အားလုံးက သက်ပြင်းချလိုက်ကြသည်။

ဖန်ကျုံးက ခေါင်းယမ်းကာ ပြောလိုက်၏။

“မျှခြေထိန်းညှိသူတွေက မျှခြေကို ထိန်းသိမ်းထားတာ။ မဟာလေဟာနယ်က အနီရောင်မျဉ်းမှာ ရှိပြီးတော့ မဟာဆရာသခင်တွေ ဖြတ်မသွားနိုင်အောင် တားဆီးထားတယ်။ မဟာဆရာသခင်တွေကို အာရုံခံနိုင်တဲ့ဟာတစ်ခုခု ရှိတဲ့ပုံပဲ။ ကျုပ် မဟာလေဟာနယ်ကို မဖြတ်ခင် မွေးဖွားဇယားချပ်တစ်ခုကို အတင်းအကြပ် စည်းပိတ်ခဲ့တယ်”

“…”

ချင်ရန်ယွဲ့က ဖန်ကျုံးကို ကြည့်ကာ လက်မ ထောင်ပြလိုက်သည်။

သူက သူ့ကိုယ်သူ တကယ်ကို ရက်စက်တာပဲ…

ဖန်ကျုံးက ဂုဏ်ယူစွာ ပြောလိုက်သည်။

“ကျုပ်က မဟာလေဟာနယ်ကို ရှာမတွေ့ပေမဲ့ မဟာလေဟာနယ်ထဲက အမည်မသိကုန်းမြေထဲမှာ ရှိတယ်ဆိုတာကတော့ သေချာတယ်”

“မင်းက ဘယ်လိုလုပ် သေချာနေတာလဲ” လုကျိုးက မေးလိုက်သည်။ သူကိုယ်တိုင်ပင် ထိုကိစ္စကို မသေချာပေ။

ဖန်ကျုံးက ပြန်ဖြေလိုက်၏။

“ကျုပ်က သားရဲဘာသာစကားကို နားမလည်ဘူးဆိုပေမဲ့ လူသားဘာသာစကားကို နားလည်တယ်လေ။ ခက်ထန်သားရဲတွေက လူသားဘာသာစကားကို ပြောတာ။ သူတို့ထဲက တစ်ယောက်က မဟာလေဟာနယ်က ထွက်မသွားဘူးတဲ့။ ပြန်လာတဲ့အချိန်ကျရင် ငြိမ်းချမ်းသွားလိမ့်မယ်လို့ ပြောတာ ကြားခဲ့ရတယ်”

လေ့ကျင့်ရေးခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားလေသည်။

ခေတ္တမျှ ရပ်ဆိုင်းပြီးသည့်နောက်တွင် ဖန်ကျုံးက ထပ်ပြောလိုက်၏။

“မဟာလေဟာနယ်က အမည်မသိကုန်းမြေမှာပဲ ရှိခဲ့တာ။ အဲဒါက ကျုပ်ကိုယ်တိုင် ကြားခဲ့တဲ့စကားတွေပဲ”

ချင်ရန်ယွဲ့က ဖန်ကျုံးအား ပျောက်ကွယ်သွားသည်အထိ ရိုက်နှက်လိုမိသည်။ အကယ်၍ ဆရာသခင်တစ်ယောက်အနေဖြင့် ဇစ်မြစ်ကိုသာ သိမထားခဲ့လျှင် ထိုသို့လုပ်မိလောက်၏။

လုကျိုးက လွတ်လပ်သူများကို ဤနေရာတွင် ဖိတ်ကြားခဲ့သည်မှာ နယ်မြေအမျိုးမျိုးသို့ သွားပြီး အများစုကို မြင်တွေ့ခဲ့ဖူး၍ ဖြစ်၏။ ဖန်ကျုံးက ဤသို့စိတ်ဝင်စားဖို့ကောင်းသည့် အတွေ့အကြုံမျိုး ရှိနေမည့်သူ ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားမိပေ။

ဖန်ကျုံးက ပြောလိုက်သည်။

“အစ်ကိုလု တကယ်လို့ မဟာလေဟာနယ်ကို ရှာချင်တယ်ဆိုရင် နည်းလမ်းနှစ်ခု ရှိတယ်။ ပထမတစ်ခုက အမည်မသိကုန်းမြေရဲ့ ဗဟိုချက်ကို သွားရမယ်။ အဲဒီမှာ သဲလွန်စတချို့ကို ရလာနိုင်တယ်ဆိုပေမဲ့ မဟာဆရာသခင်တစ်ယောက်ရဲ့ စွမ်းအားနဲ့တောင် အန္တရာယ်များနေတုန်းပဲ။ ဒုတိယအနေနဲ့ဆိုရင် သူတော်စင်ချန်ဆီ သွားပြီး တွေ့ဆုံနိုင်တယ်။ သူတော်စင်ချန်က နယ်မြေ ၉ခုကို ရောက်ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။ သူက ကျုပ်တို့သိတာထက် ပိုပြီးသိနိုင်တယ်”

အားလုံးက ခေါင်းညိတ်လိုက်ကြသည်။

ယွီကျန့်ဟိုင်က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။

“ရှစ်စွင်း ဆရာသခင်ဖန်ပြောတာ အကျိုးအကြောင်းသင့်တယ်လို့ ထင်တယ်။ ပြောကြတယ်မလား။ ကြိုတင်ပြင်ဆင်ထားတာ မမှားယွင်းဘူးတဲ့”

တပည့်များကလည်း လှုပ်ရှားဖို့ စိတ်အားထက်သန်နေကြသည်။ သူတို့၏ ရှစ်စွင်းက မဟာဆရာသခင်တစ်ယောက် ဖြစ်နေသော်လည်း သူတို့ကမူ ပထမနှင့် ဒုတိယမြောက် မွေးဖွားစမ်းသပ်ချက်တို့ကို ရုန်းကန်နေရဆဲ ဖြစ်၏။

ချင်ရန်ယွဲ့က လုကျိုးသည် အတွေးနက်နေသည်ကို မြင်သည့်အခါ ပြောလိုက်သည်။

“ကျုပ်ဆီမှာ စုစည်း ကူးသန်းပြောင်းရွှေ့ရေးအဆောင်ရှိတယ်။ အဲဒါက ရွှေကြာနယ်မြေဆီ အချိန်မရွေးပြန်သွားနိုင်အောင် ကူညီပေးနိုင်တယ်”

လုကျိုးက ခေါင်းညိတ်ပြီး သူ့ကျယ်ပြောကောင်းကင်အိတ်ထဲ သိမ်းဆည်းလိုက်သည်။

ထို့နောက် ချင်ရန်ယွဲ့က ထရပ်ကာ ပြောလိုက်၏။

“အဲ့လိုဆိုရင် အစ်ကိုလုကို မနှောင့်ယှက်တော့ပါဘူး။ ကျုပ် သွားလိုက်ပါဦးမယ်”

ပုံမှန်အားဖြင့် တောင်ဖက်လေ့ကျင့်ရေးခန်းမတွင် မည်သူကမှ ကြာကြာနေရဲမည် မဟုတ်ပေ။ သူတို့က တစ်ယောက်ပြီး တစ်ယောက်ဆိုသလို ထွက်ခွာသွားကြ၏။

လုကျိုး၏ တပည့်များက ထွက်မသွားခင် လုကျိုးက လှမ်းခေါ်လိုက်သည်။

“လောင်စစ်နဲ့ ယွမ်အာ မင်းတို့နှစ်ယောက် နေခဲ့ဦး”

မင်ရှစ်ရင်နှင့် ရှောင်ယွမ်အာတို့က ဦးညွှတ်ကာ နေခဲ့လိုက်သည်။

အားလုံးထွက်ခွာသွားပြီးသည့်နောက်တွင် လုကျိုးက လေးလေးနက်နက် ပြောလာသည်။

“လောင်စစ် မင်းက မဟာလေဟာနယ်ကို ပိုင်ဆိုင်တဲ့ သတင်းက အတော်လေးကို ပျံ့နှံ့နေပြီ။ လူတော်တော်များများကလည်း သိထားကြတယ်။ မင်းက ရှစ်စွင်းရဲ့ ထောက်ပံ့မှု ရှိတယ်ဆိုပြီး မဆင်မခြင်ပြုမူမယ်လို့တော့ မတွေးနဲ့”

ဝုန်း

မင်ရှစ်ရင်က ချက်ချင်း ဒူးထောက်ကာ ပြောလိုက်သည်။

“ရှစ်စွင်း ကျွန်တော် နားလည်ပါတယ်”

ကမ္ဘာကြီးက ကျယ်ပြောလှပြီး လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေလေ၏။ အမြဲတမ်း ကိုယ့်ထက်သာလွန်သည့်သူဟု ရှိနေနိုင်၏။

“ယွမ်အာ ဇာမဏီငယ်လေးအကြောင်း ပေါက်ကြားသွားပြီ။ ဇာမဏီရဲ့ မျိုးဆက်ဖြစ်ပြီးတော့ အစစ်အမှန်သွေးလည်း ရှိတယ်။ တခြားသူတွေက လိုချင်တပ်မက်လာတာက ရှောင်လွှဲလို့ မရဘူး”

ရှောင်ယွမ်အာက သဘောပေါက်သွားပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်သည်။

“တပည့် သူ့ကို အတူတူမခေါ်ခဲ့သင့်ဘူး”

“ကောင်းပြီ သတိထားပေါ့။ မင်းတို့နှစ်ယောက်လုံး ထွက်သွားလို့ ရပြီ” လုကျိုးက ပြောလိုက်သည်။ တစ်ခါတစ်ရံတွင် ကမ္ဘာကြီးက ကျယ်ပြောလွန်းသော်လည်း နေရမည့်နေရာဟူ၍ မရှိပေ။

သူ့တပည့်များက ထွက်သွားပြီးသည့်နောက်တွင် သူက ကောင်းကင်ကျမ်း ဆက်လက်ကျင့်ကြံလိုက်သည်။

……………………………………..

ညနေပိုင်းသို့ နီးကပ်လာသည့်အခါ သူက အတက်အကျလှိုင်းတစ်ခုကို ခံစားမိလိုက်၏။ ထိုအရာက သူ့အနေဖြင့် တစ်စုံတစ်ခု လွဲမှားနေသလို ခံစားမိစေ၏။

အကယ်၍ ချင်ရန်ယွဲ့ ဒါမှမဟုတ် ဖန်ကျုံးဆိုရင် သူတို့က ဒီလိုလုပ်မှာ မဟုတ်ဘူး…

သူတို့က တခြားသူများကိုမူ ထည့်သွင်းစဉ်းစားဖို့ရာ မလိုပေ။ သူတို့က ထိုသို့လုပ်နိုင်ခြင်းပင် မရှိပေ။

လုကျိုးက ဖျတ်ခနဲဖြင့် တောင်ဖက်လေ့ကျင့်ရေးခန်းမအပြင်ဘက် ပေါ်ထွက်လာသည်။ သူက အလျင်စလို ထွက်လာခြင်းမဟုတ်ပေ။ တစ်ဖက်သူက သူ့အား ထောင်ချောက်ထဲ မျှားခေါ်ဖို့ ကြိုးစားနေခြင်း ဖြစ်နိုင်၏။ ထို့ကြောင့် သူက အကြားစွမ်းအားနှင့် ရနံ့စွမ်းအားကို မီတာတစ်သောင်းဖုံးလွှမ်းသည်အထိ ဖြန့်ကျက်လိုက်သည်။

ထင်ထားသည့်အတိုင်း သူက မြောက်ဖက်လေ့ကျင့်ရေးခန်းမ၏ အပြိုအပျက်တွင် တည်ရှိမှုနှစ်ခုကို ခံစားမိခဲ့၏။ ထိုပုံရိပ်နှစ်ခုက တည်ရှိနေပြီး သူတို့၏ အရှိန်အဝါများကိုမူ ဖုံးကွယ်ထားလေသည်။

တောင်ဖက်လေ့ကျင့်ရေးခန်းမ၏ အရှေ့ဘက်တွင် ဝဲပျံနေသည့် နောက်ထပ် ပုံရိပ်တစ်ခု ရှိနေသည်။ ထိုသူကမူ အရှိန်အဝါကို ဖုံးကွယ်ထားခြင်း မရှိပေ။

လုကျိုးက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် အရှေ့ဖက်သို့ ပျံသန်းသွားပြီး ထိုသူနှင့် မီတာတစ်ရာအကွာတွင် ပေါ်ထွက်လာသည်။

လေထဲတွင် ဝဲပျံနေသည့် လူအိုကြီးက လုကျိုးကို ကျောပေးရပ်နေလေ၏။ သူ့အရှိန်အဝါက ရေလို စီးဆင်းနေသည်။ သူက တိတ်ဆိတ်မှုကို အရင်ဦးစွာ ချိုးဖောက်လိုက်သည်။

“မင်း ရောက်လာပြီပဲ”

လုကျိုးက မေးလိုက်သည်။

“ခင်ဗျားက ဘယ်သူလဲ”

“မင်းက ငါ့တည်ရှိမှုကို ခံစားမိတော့ အနည်းဆုံး ဆရာသခင်ပဲ ဖြစ်ရမယ်” လူအိုကြီးက ပြောလိုက်သည်။

“ငါ့မျိုးရိုးက အိုးရန်”

“အိုးရန်လား”

လုကျိုးက ထိုသို့သောသူမျိုးကို အစိမ်းရောင်ကြာနယ်မြေ၌ မကြားခဲ့ဖူး၍ မေးလိုက်သည်။

“ကျုပ်ကို ဘာလို့ရှာနေတာလဲ”

All Chapters