အခန်း (၁၃၇၈-၁၃၈၀)
Vol. 92 Ch. 1378-1380
အခန်း (၁၃၇၈) ဖန်းလိုင်ကျွန်းဆီ ကပ်ဘေးကျရောက်လာခြင်း ငြိမ်းချမ်းရေးတောင်၏ အတိတ်
လုကျိုးက လေစိတ်ဝိညာဉ် လေးကိုင်းကို ပေးဖို့ရာ ဘာမှတန်ဖိုးရှိသည့်အရာ မကျန်ရှိတော့ပေ။ သူ့ပစ္စည်းအများစုက ပြန်လည်တည်ဆောက်နေဆဲဖြစ်သည့်အတွက် ကျန်ရှိနေသည့် အရာများက သူ မကြာခဏ အသုံးပြုလေ့ရှိသည့် အဆင့်မြင့်ရတနာများသာ ဖြစ်လေသည်။
လက်နက် - အမည်မဲ့၊ ခရမ်းရောင် တောက်ပသံကျောက် (အဆုံးမဲ့အဆင့်)၊ ချုပ်နှောင်ရေးစည်းတံဆိပ် (ပေါင်းစည်းရေးအဆင့်)၊ မတည်မြဲခြင်းတိုင်လုံး (အဆုံးမဲ့အဆင့်)
လုကျိုးက လူများစွာ၏ တောက်လောင်နေသည့် အကြည့်ကို ခံစားမိလေသည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းအတွက် လက်နက်များကို ဆက်လက် စုဆောင်းသင့်သည်ဟု တွေးလိုက်မိ၏။ သူက သူတို့ကို အသုံးမပြုနိုင်လျှင်ပင် မိစ္ဆာဝေဟင်မျှော်နန်း၏ ယေဘုယျစွမ်းအားကို တိုးမြှင့်ဖို့ သူတို့ကို အသုံးပြုခြင်းက ကိစ္စဆိုးတစ်ခု မဟုတ်ပေ။
“ရှစ်စွင်း ကျွန်တော်တို့တွေ အခု သွားကြတော့မလား” ယွီကျန့်ဟိုင်က မေးလာခဲ့သည်။
လုကျိုးက ခေါင်းယမ်း၏။
“ခဏစောင့်ရအောင်”
လုကျိုးက စီးဝူယာ့၏ အခြေအနေကို အရင်ဆုံး အတည်ပြုဖို့ လိုအပ်နေသေးသည်။
ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်၏။
“အခု ကျွန်တော် ရွှေကြာနယ်မြေဆီ ပြန်ရောက်တော့ ငရဲဂိုဏ်းက ညီအစ်ကိုတွေကို လွမ်းလာပြီ”
ယွီကျန့်ဟိုင်က ကောင်းကင်ကျုံးမှတဆင့် အနီရောင်ကြာနယ်မြေဆီ ရောက်ရှိလာကတည်းက ငရဲဂိုဏ်းမှ လူများကို မမြင်ရတော့ပေ။ သူတို့က သေခြင်းရှင်ခြင်းကို အတူတကွဖြတ်ကျော်ခဲ့သည့် ညီအစ်ကိုများဖြစ်သည့်အတွက် ရွှေကြာနယ်မြေသို့ ပြန်ရောက်လာသည့်အခါ မည်သို့မတွေ့ဘဲ နေနိုင်မည်နည်း။
ယွီကျန့်ဟိုင်၏ စကားအဆုံးကိုပင် မစောင့်ဘဲ လုကျိုးက လက်ဝှေ့ကာ ဖြတ်ပြောလိုက်သည်။
“ကောင်းပြီလေ သွား … စောစောစီးစီး ပြန်လာခဲ့”
“ဟုတ်ကဲ့ပါ ရှစ်စွင်း” ယွီကျန့်ဟိုင်က လှည့်ကာ ပင်မခန်းမဆောင်မှ ထွက်ခွာသွားလေသည်။
တိုက်တိုက်ဆိုင်ဆိုင် ယွီကျန့်ဟိုင်က ပင်မခန်းမဆောင်မှ ထွက်လာပြီး ချင်နိုင်ဟယ်နှင့် တွေ့ဆုံလေသည်။
နှစ်ဦးသားက အချင်းချင်း ခေါင်းညိတ်ပြီးသည့်နောက်တွင် ထွက်ခွာသွားကြ၏။
ပင်မအခန်းအတွင်း ဝင်ရောက်လာပြီးသည့်နောက်တွင် ချင်နိုင်ဟယ်က သူ့အား နှုတ်ဆက်လိုက်သည်။
“မျှော်နန်းသခင်ကို ဂါရဝပြုပါတယ်”
လုကျိုးက ပြောလိုက်သည်။
“မင်းက အချိန်ကိုက်ရောက်လာတာပဲ။ ငါက ချင်ရန်ယွဲ့နဲ့ ပြောပြီးသွားပြီ။ သူက မင်းရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှငြင်းဆန်စရာ မရှိဘူး”
“မျှော်နန်းသခင်လုကို ကျေးဇူးတင်ပါတယ်” ချင်နိုင်ဟယ်က ဒူးထောက်ကာ ပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“မင်းက လွတ်လပ်သူပဲ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဆရာသခင် တစ်ယောက်ဖြစ်ဖို့ အနီးကပ်ဆုံး ကျင့်ကြံသူပဲ။ ငါက မင်းရဲ့ ပါရမီကို ခပ်မြင့်မြင့် တွေးထားတယ်။ ဒါကြောင့် မင်းကို အဆင့်တက်လှမ်းဖို့ ကူညီပေးနိုင်တဲ့ ဒီသလင်းကျောက်ကို ပေးမယ်”
လုကျိုးက လက်ကို ဝှေ့ယမ်းလိုက်သည်။ လုကျိုး ယွီကျုံးတွင် ဖျက်ဆီးခြင်းတိုင်လုံးအနီးမှ ရရှိလာသည့် အပြာရောင်သလင်းကျောက်က ပျံသန်းကာ ရောက်ရှိလာ၏။
“…”
အားလုံးက ထိုအရာကို မြင်သည့်အခါ သွားရည်ကျနေကြ၏။
အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ ကျင့်ကြံသူများကလည်း အားကျနေကြသည်။ ယခုအခါ တောင်းဆိုမှု ပြုလုပ်လာခဲ့လျှင် နောက်ကျလွန်းသွားခဲ့ပြီလားဟု စဉ်းစားနေမိ၏။
ချင်နိုင်ဟယ်က အပြာရောင်သလင်းကျောက်ကို ဖမ်းဆုပ်ပြီးသည့်နောက်တွင် အံ့အားသင့်သွားမိ၏။ သူက ထိုသလင်းကျောက်၏ တန်ဖိုးကို ကောင်းကောင်းသိထားလေသည်။ လူများစွာက ထိုအရာကို ရဖို့အတွက် အမည်မသိကုန်းမြေကို သွားကာ သူတို့၏ အသက်ကို စွန့်စားဖို့ရာတွင် လိုလားကြလိမ့်မည်။ ထိုအရာက မဟာလေဟာနယ်မျိုးစေ့နှင့် မယှဉ်နိုင်သော်လည်း မဟာလေဟာနယ်မျိုးစေ့နှင့် အနီးကပ်ဆုံးအရာ ဖြစ်၏။
လုကျိုးက ထိပ်တန်းတပည့်ဆယ်ယောက် ရှိထားပြီး မည်သည့် ကံကြမ္မာရှိစေကာမူ ဤသို့ အဖိုးတန်အရာမျိုးက သူလက်ခံရရှိဖို့ သူ့အလှည့် ကျရောက်လာလိမ့်မည်ဟု ထင်မှတ်မထားမိပေ။ ထို့အပြင် သူက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ရောက်ကာစ ဖြစ်၏။
ဒါက စမ်းသပ်ချက် တစ်ခုလား…
ထို့ကြောင့် ချင်နိုင်ဟယ်က ပြောလိုက်သည်။
“မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီလိုအဖိုးတန်အရာမျိုးကို လက်မခံနိုင်ပါဘူး။ တပည့်ဆယ်ယောက်လုံးက ပါရမီထူးကဲပြီးတော့ ကျွန်တော်ထက် ပိုပြီးတော့ လိုပါလိမ့်မယ်။ မျှော်နန်းသခင်က သူတို့ကို ပေးဖို့ပဲ မျှော်လင့်ပါတယ်”
လုကျိုးက ခေါင်းယမ်းလိုက်သည်။
“မင်းကို ပေးတာဆိုတော့ မင်း သိမ်းထားသင့်တယ်”
“ဒါပေမဲ့ တပည့်ဆယ်ယောက်က …” ချင်နိုင်ဟယ်က ခေါင်းရှုပ်သွားလေ၏။
မင်ရှစ်ရင်က ဖြတ်ပြောလိုက်၏။
“ဒါနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်စရာ မလိုဘူး။ ရှစ်စွင်းက မင်းကို ပေးမှတော့ မင်း လက်ခံထားသင့်တယ်။ ပြီးတော့ မင်း လိုချင်တယ်ဆိုရင် ငြင်းဆန်မနေသင့်ဘူး”
ဒီပစ္စည်းက ငါတို့အတွက် အသုံးမဝင်ဘူးဆိုတာကို ပြောလို့မရဘူးလေ…
ခုံဝမ်က မင်ရှစ်ရင်တွင် မဟာလေဟာနယ်မျိုးစေ့ရှိကြောင်း သိထားသည့်အတွက် ပြောလိုက်သည်။
“အစ်ကိုချင် တကယ်လို့ မလိုချင်ဘူးဆိုရင် ကျုပ်ကို ပေးလို့ရတယ်”
ချင်နိုင်ဟယ် “…”
လုကျိုးက ပြောလိုက်သည်။
“အပြာရောင်သလင်းကျောက်က မင်း အပိုင်ဖြစ်သွားပြီ။ ဘယ်သူ့ကိုပဲပေးပေး မင်းအပေါ်ပဲ မူတည်တယ်”
ဤသို့ဖြင့် ချင်နိုင်ဟယ်က အပြာရောင်သလင်းကျောက်ကို သူ့အိတ်ထဲ မြန်မြန်သိမ်းဆည်းကာ ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်သည်။ ထို့နောက် ဘေးဆုတ်လိုက်၏။ အပြုအမူများက မထင်မှတ်ထားလောက်အောင် မြန်ဆန်ပြီး ချောမွေ့လှသည်။ ထို့နောက် သူက ခုံဝမ်ကို ကြည့်ကာ သူ့ကိုယ်သူ တွေးလိုက်၏။
ဒါ မင်းကို ပေးဖို့တော့ မဖြစ်နိုင်ဘူး…
ခုံဝမ်က နှမြောတသဖြင့် ခေါင်းအသာယမ်းလိုက်သည်။
အနက်ရောင်မျှော်စင်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှ ကျင့်ကြံသူများကလည်း စကားပြောလိုကြသော်လည်း တုံ့ဆိုင်းနေကြလေ၏။ သူတို့က ယခု ဘာမှမပြောရဲကြပေ။ လုကျိုးက အပြာရောင်သလင်းကျောက်များ ရှိနေလျှင်ပင် သူတို့က မည်သို့ တောင်းဆိုရဲမည်နည်း။
“အားလုံး ထွက်သွားလို့ရပြီ” လုကျိုးက လက်ဝှေ့ကာ ပြောလိုက်သည်။
တခြားသော ကျင့်ကြံသူများက အပြင်ဘက်ခန်းမမှ ထွက်ခွာသွားပြီးသည့်နောက်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသာ ကျန်ရှိလေသည်။
လုကျိုးက လက်ဝှေ့ပြီးသည့်နောက်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကိုလည်း နှင်ထုတ်လိုက်သည်။
အားလုံးထွက်ခွာသွားပြီးသည့်နောက်တွင် လုကျိုးက အမြင်စွမ်းအားကို ထုတ်ဖော်ကာ သူ့တပည့်ကို စောင့်ကြည့်လိုက်၏။
တွမ့်မူရှန်းနှင့် လုဝူတို့က မြူခိုးတောအုပ်ကို စောင့်ကြပ်နေကြသည်။ ထိုအနီးသို့ ချဉ်းကပ်လာသည့် ကျင့်ကြံသူအားလုံးကို လုဝူက မောင်းထုတ်လိုက်လေ၏။
လုဝူက အတော်လေး ဉာဏ်ကောင်းလှသည်။ ထိုအရာက မြူခိုးတောအုပ်ဆီ ဝေ့ပတ်နေပြီး သိချင်စိတ်များပြားသည့် ကျင့်ကြံသူများကို ရှာဖွေကာ ခြောက်လှန့်လေ့ရှိသည်။
လုကျိုးက ခေါင်းညိတ်လိုက်၏။ သူက တွမ့်မူရှန်းနှင့် လုဝူတို့ကို စိတ်အေးသွားမိသည်။
ထို့နောက် သူက ယဲ့ထျန်းရှင်းကို ကြည့်လိုက်သည်။
ယဲ့ထျန်းရှင်းက အဖြူရောင်မျှော်စင်အဖွဲ့အစည်းတွင် ကျင့်ကြံနေဆဲသာဖြစ်၏။ ဤနှစ်များစွာတိုင် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အသက်ဓာတ်နှလုံးသားများစွာကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ သူမအတွက် ကျင့်ကြံဆင့်ကို တိုးမြှင့်ဖို့ရာ လုံလောက်လှ၏။ လန်ရှီဟယ်ကြောင့် အဖြူရောင်မျှော်စင်အဖွဲ့အစည်းက အတော်လေးကို တည်ငြိမ်လှသည်။
လုကျိုးက လန်ရှီဟယ်သည် ယဲ့ထျန်းရှင်းနှင့် အဖြူရောင်မျှော်စင် အဖွဲ့အစည်းကို စောင့်ကြည့်နေတာလားဟု စဉ်းစားမိသွား၏။ ယခင်ဖြစ်ရပ်အပေါ် မူတည်၍ ထိုသို့ဖြစ်နိုင်ခြေ များပြားပေသည်။
ထို့နောက် လုကျိုးက သူ့ ရှစ်ယောက်မြောက်တပည့်ကို စောင့်ကြည့်လိုက်သည်။
အဝါရောင်ကြာနယ်မြေရှိ သင်္ကေတလမ်းကြောင်းက ပြီးဆုံးသွားသည်မှာ ကြာမြင့်လှပြီဖြစ်၏။ ကျူးဟုန်ကုန်းကလည်း လွန်ခဲ့သည့်လပိုင်းမှ ဒဏ်ရာများက ပြန်လည်ကောင်းမွန်လာလေပြီ။ လက်ရှိ သူက လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်နှင့် များပြားသော အရင်းအမြစ်များကို သိမ်းပိုက်ဖို့ အချိန်ကုန်ဆုံးနေလေ့ ရှိသည်။
သူက အချိန်တစ်ခုအထိ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်လေးများကို မလိုအပ်သေးသောကြောင့် အလျင်လိုနေခြင်း မရှိပေ။
နောက်ဆုံးတွင် လုကျိုးက စီးဝူယာ့ကို လေ့လာလိုက်သည်။
အဆုံးမဲ့ပင်လယ်အထက်
မြူခိုးများက ကောင်းကင်ယံ ဝေ့ဝဲနေပြီး လှိုင်းသံများက အောက်မှ ထွက်ပေါ်နေသည်။
“တစ်ခုခု လွဲမှားနေသလို ခံစားချက် ရတယ်။ ဘာလို့ နောက်မဆုတ်ရတာလဲ” ကျန်းအိုက်ကျန့်က မေးလိုက်သည်။
စီးဝူယာ့က အပြုံးဖြင့် မေးလိုက်၏။
“ဓားတွေ မလိုချင်တော့ဘူးလား”
“တော်လိုက်တော့။ မင်းက အတော်လေးကို ကပ်စီးနည်းတာပဲ” ကျန်းအိုက်ကျန့်က ညည်းတွားလိုက်သည်။
လီကျင်းယီက ကုန်းပတ်ပေါ် ရပ်ရင်း ပင်လယ်ကို ငုံ့ကြည့်လိုက်သည်။ ကောင်းကင်လွန်းက နိမ့်နိမ့်လေး ပျံသန်းနေသည့်အတွက် သူမ၏ မြင်ကွင်းက အတော်လေး ရှင်းလင်းနေလေ၏။ ခဏအကြာတွင် သူမက ပြောလိုက်၏။
“အစ်ကိုကြီး ပင်လယ်သားရဲတွေအကုန်လုံးက ဖန်းလိုင်ကျွန်းဆီ ဦးတည်နေသလိုမျိုးပဲ”
ထိုစကားကို ကြားကာ ဟွမ်းရှစ်ကျဲနှင့် ကျန်းအိုက်ကျန့်တို့ကလည်း လာကြည့်လိုက်ကြသည်။
ပင်လယ်ထဲတွင် ပင်လယ်သားရဲမြောက်များစွာက ဖန်းလိုင်ကျွန်းနေရာဆီ ကူးခတ်နေကြလေ၏။
ဟွမ်းရှစ်ကျဲက မျက်မှောင်ကြုတ်လိုက်သည်။
“ဖန်းလိုင် မရှိတော့ရင် ကိစ္စမရှိဘူးဆိုပေမဲ့ အနီးနားမှာရှိတဲ့ လူတွေကတော့ ဒုက္ခတွေ့နိုင်တယ်။ အားလုံးကို ရှောင်ဖို့ သတင်းစကားပို့လိုက်”
“ဟုတ်ကဲ့” လီကျင်းယီက အချိန်ဖြုန်းမနေဘဲ သတင်းစကား ပို့ဆောင်လိုက်သည်။
“ရှေ့မှာ”
ဝှစ်
ပင်လယ်သားရဲက လေထဲ ခုန်တက်လာလေ၏။
“ဖြည်းဖြည်း” ကျန်းအိုက်ကျန့်က စိုးရိမ်တကြီး အော်ပြောလိုက်သည်။
စီးဝူယာ့က ဝှီးခနဲ ကွေ့ကာ ထိန်းလိုက်သည်။
ကောင်းကင်လွန်းက ၉၀ဒီဂရီ လှည့်သွားပြီး ပင်လယ်သားရဲကို ရှောင်ရှားလိုက်လေ၏။
ကျန်းအိုက်ကျန်းက ပင်လယ်သားရဲကို လှည့်ကြည့်ရင်း နားမလည်နိုင်ဖြစ်နေမိသည်။
“ဒါ ဘာကြီးလဲ”
အားလုံးက လှည့်ကြည့်လိုက်ကြသည်။
လှိုင်းလုံးများက ကောင်းကင်ယံအထက် မြင့်တက်လာပြီး ရေမြားများက ကောင်းကင်လွန်းဆီ ပစ်ခတ်လာလေသည်။
စီးဝူယာ့က လက်ကို ဆန့်ထုတ်ကာ ကောင်းကင်လွန်း၏ အရှိန်ကို မြှင့်တင်လိုက်လေ၏။
“ကောင်းကင်လွန်းက အဆင့်မြှင့်တင်ထားပြီးတော့ အကြိမ်များစွာ စမ်းသပ်ပြီးသွားပြီ။ ကျုပ်ကို ယုံလိုက်”
ကနဦးချီက ကောင်းကင်လွန်းကို ရစ်ပတ်သွားပြီးသည့်နောက်တွင် ဘဲဥပုံသဏ္ဌာန် ရွှေရောင်အကာအရံတစ်ခု ဖွဲ့စည်းလာသည်။ ထိုအရာ၏ အရှိန်က အဆရာချီ တိုးပွားလာလေ၏။
ဝှစ်
ကောင်းကင်လွန်းက ကောင်းကင်ယံကို ထိုးခွင်းပြီး ပေသိန်းဂဏန်းလောက်ကို ခဏအတွင်း ရောက်ရှိသွားလေသည်။
ဝှစ်
ခဏအကြာတွင် ကောင်းကင်လွန်းက ရပ်တန့်သွားလေ၏
စီးဝူယာ့က အသက်ပြင်းပြင်းရှူလိုက်သည်။ အရှိန်က မြန်ဆန်လွန်းသော်လည်း ကနဦးချီ သုံးစွဲမှုက မြောက်များလှ၏။
သူတို့က အဝေးတစ်နေရာဆီ ပြန်လည်လှည့်ကြည့်လိုက်သည့်အခါ လှိုင်းလုံးများကို ကောင်းကင်အထက် မြင့်တက်လာစေသည့် ဧရာမအကောင်ကြီးကို မြင်လိုက်ရသည်။
ထိုအရာက အမဲရောင်ဖြစ်ပြီး ကောင်းကင်ထဲတွင် မားမားမတ်မတ် ရပ်နေဟန်ပေါ်သည်။
“တကယ်ကို ကြီးတာပဲ” ကျန်းအိုက်ကျန့်က ရေရွတ်လိုက်သည်။ သူက သူ့ခြေထောက်များပင် အားနည်းလာသလို ခံစားလိုက်ရသည်။
“သွားကြစို့” ဟွမ်းရှစ်ကျဲက စီးဝူယာ့ဘေးနား ရောက်ရှိလာကာ ကောင်းကင်လွန်းထဲ ကနဦးချီကို ထည့်သွင်းပြီး အရှိန်ကို မြှင့်တင်လိုက်သည်။
ကောင်းကင်လွန်းက ပင်လယ်အလယ်တွင် မုန်တိုင်းမိနေသည့် ရွှေရောင်သင်္ဘောငယ်လေးအလား ဖြစ်နေသည်။
လူလေးယောက်က အလှည့်ကျဖြင့် နေ့တစ်ဝက်ကြာ ပျံသန်းခိုင်းပြီးနောက်မှာမှ ထိုဧရာမသတ္တဝါကြီးကို အောင်အောင်မြင်မြင် ဖယ်ရှားနိုင်ခဲ့သည်။
………………………………………………………………………………..
နှစ်ရက်ကြာမြင့်ပြီးသည့်နောက်
ကောင်းကင်လွန်းက သိပ်သည်းလှသည့် မြူခိုးနှင့် မုန်တိုင်းကြားမှ ထွက်ပေါ်လာလေ၏။
လူလေးယောက်က ထိုကပ်ဘေးမှ အသက်ရှင်သန်ပြီးသည့်နောက်တွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
“ငါ ပင်လယ်သားရဲရဲ့ ဗိုက်ထဲ ရောက်တော့မလို့။ ငါ့ရဲ့ တန်ဖိုးကို ပြန်ပြီး ချင့်ချိန်ဖို့ လိုပြီ” ကျန်းအိုက်ကျန့်က ခေါင်းအသာယမ်းပြီး ပြောလိုက်သည်။
စီးဝူယာ့က တည်ငြိမ်စွာ ပြောလိုက်၏။
“မင်း တကယ်လို့ မလိုချင်ဘူးဆိုရင်လည်း ထားလိုက်တော့။ ငါ သိမ်းထားလိုက်မယ်”
ကျန်းအိုက်ကျန့်က ထိုစကားများကို ကြားသည့်အခါ မကျေမနပ် ဖြစ်လာမိ၏။ သူက ကပ်ဘေးကို ဖြတ်ကျော်နိုင်ကာစ ဖြစ်ကာ ဓားများကို လက်လွှတ်လိုက်မည်ဆိုလျှင် အရာအားလုံး အလကား ဖြစ်မသွားပေဘူးလား။
သူက အလျင်အမြန် ပြောလိုက်သည်။
“အဲ့လိုလုပ်လို့ မရဘူး။ ငါတို့ သဘောတူညီချက် ရှိတယ်လေ”
ကျန်းအိုက်ကျန်း၏ အသံ ထွက်ပေါ်လာသည်နှင့် လီကျင်းယီက ရှေ့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“အစ်ကိုကြီး ဟိုကိုကြည့်ဦး”
အားလုံးက လီကျင်းယီ လက်ညှိုးထိုးရာ လှည့်ကြည့်လိုက်ကြသည်။
ပင်လယ်ပြင်မှ မြင့်တက်လာသည့် တောင်တန်းကြီးတစ်ခု ရှိနေဟန်ပေါ်၏။ ထိုအရာက စိမ်းစိုလွန်းလှသည့်အတွက် တောင်ပေါ်တွင် နွေဦးအခါသမယ ရောက်နေဟန်ပေါ်သည်။ အဝေးမှကြည့်လျှင် စိမ်းစိုလှသည့် သစ်ရွက်များက ပင်လယ်ထံ မျောလွင့်နေသလိုမျိုး ဖြစ်၏။
“ငါတို့တွေ ငြိမ်းချမ်းရေးတောင်ကို ရောက်ပြီ” စီးဝူယာ့က ပြောလိုက်သည်။
“ဒါက ငြိမ်းချမ်းရေးတောင်လား။ လာနောက်နေတာလား” ကျန်းအိုက်ကျန့်က မေးလိုက်၏။
စီးဝူယာ့က ပြောလိုက်သည်။
“မနောက်ပါဘူး”
“မင်းက ဒီကို ရောက်ဖူးလို့လား” ဟွမ်းရှစ်ကျဲက သိချင်စွာ မေးလိုက်သည်။
“ကျွန်တော် အိပ်မက်ထဲမှာ မြင်ဖူးတယ်” စီးဝူယာ့က ပြန်ဖြေလိုက်သည်။
“…”
အားလုံးက ထိုဟာသသည် မရယ်ရကြောင်း တွေးလိုက်မိ၏။
စီးဝူယာ့က ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့တွေ ယုံတာ မယုံတာ မသိဘူး။ ကျုပ်က ဒီအကြောင်းကို အများကြီး အိပ်မက်မက်ဖူးတယ်။ အဲဒါကြောင့် ပုံရိပ်တွေက စိတ်ထဲမှာ အချိန်အကြာကြီး ရှိနေခဲ့တာ။ တစ်ခါတစ်လေ သုခဘုံနဲ့ တူညီပြီးတော့ တစ်ခါတစ်လေ နတ်ဆိုးတွေ ပေါများတဲ့ နေရာလိုမျိုးပဲ”
ကျန်းအိုက်ကျန့်က ပခုံးတွန့်ကာ ပြောလိုက်သည်။
“ဒါက သုခဘုံနဲ့ တူတာကိုတော့ သဘောတူပါတယ်။ ဒါပေမဲ့ နတ်ဆိုးတွေ ပေါက်ဖွားတဲ့ နေရာကိုတော့ မမြင်မိပါဘူး”
“အဲဒါက ညကျမှ ဖြစ်လာမယ် ထင်တယ်”
“…”
ထိုစကားများက လူသုံးဦး၏ ဆံပင်များအား ထောင်မတ်သွားစေသည်။
ထိုစဉ် ဟွမ်းရှစ်ကျဲက အဆောင်မှ လှုပ်ရှားမှုကို အာရုံခံစားမိခဲ့ပြီး အသက်သွင်းလိုက်သည်။
ထို့နောက် စိုးရိမ်တကြီး တပည့်တစ်ဦး၏ အသံက ထွက်ပေါ်လာလေ၏။
“ကျွန်းသခင် ကိစ္စတွေက အတော်ကို ဆိုးရွားနေပြီ။ သားရဲတွေက ဖန်းလိုင်ကျွန်းကို တိုက်ခိုက်လာတယ်။ ကျွန်တော်တို့တွေ မလွတ်မြောက်နိုင်တော့ဘူး”
ဟွမ်းရှစ်ကျဲက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ကောင်းကင်လွန်းတွေက ဘယ်မှာလဲ”
“ကောင်းကင်လွန်းတွေက အသုံးမဝင်တော့ဘူး။ ပင်လယ်မျက်နှာပြင်က အတော်လေးကို မြန်မြန်ဆန်ဆန် မြင့်တက်လာတာ”
ပုံရိပ်ယောင်ထဲတွင် ရေမျက်နှာပြင်အထက် အလျင်အမြန် မြင့်တက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ကျွန်းလေးကျွန်း၏ တစ်ဝက်လောက်က နစ်မြုပ်နေပြီဖြစ်၏။
စီးဝူယာ့က ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။
“ပြန်သွားမယ်”
“ပြန်သွားမှာလား”
သူတို့က ဤမျှအခက်အခဲမြောက်များစွာကို ဖြတ်ကျော်ပြီး ရောက်ရှိလာကာစဖြစ်ကာ ဤသို့ ပြန်သွားမည်လား။
“နောက်ပိုင်းမှ ငြိမ်းချမ်းရေးတောင်ကို လာရင်လည်း ကိစ္စမရှိပါဘူး။ အရင်ဆုံး ဖန်းလိုင်ကျွန်းရဲ့ အန္တရာယ်ကို အရင်ဆုံးဖြေရှင်းရအောင်။ နောက်ကိစ္စကို နောက်မှပြောကြမယ်” စီးဝူယာ့က ပြောလိုက်သည်။
ဟွမ်းရှစ်ကျဲက ခေါင်းညိတ်လိုက်၏။
စီးဝူယာ့က ကောင်းကင်လွန်းကို လှည့်တော့မည့်ဆဲဆဲတွင် သူ့ခါးမှ အဆောင်က အသက်ဝင်လာလေသည်။
အဆောင်ကို အသက်သွင်းပြီးသည့်နောက်တွင် သူက သတင်းစကားကို ဖတ်ရှုလိုက်၏။
“ဖန်းလိုင်ကျွန်းက အခု အဆင်ပြေသွားပြီ”
“ဘယ်လိုလဲ” ဟွမ်းရှစ်ကျဲက သတင်းစကားကို လာကြည့်ရင်း မေးလိုက်သည်။ ထို့နောက် သူက ပျော်ရွှင်စွာ ရေရွတ်လိုက်၏။
“အစ်ကိုကျိ ပြန်လာပြီလား။ တကယ်ကို ကောင်းတယ်။ အစ်ကိုကျိရဲ့ အကူအညီနဲ့ဆိုရင် အားလုံး အဆင်ပြေသွားလိမ့်မယ်”
ထို့နောက် ဟွမ်းရှစ်ကျဲက ဖန်းလိုင်ကျွန်းမှ တပည့်များထံ သတင်းစကားပို့ဆောင်ပြီး မိစ္ဆာဝေဟင်မျှော်နန်းမှ အကူရောက်သည်အထိ တောင့်ခံထားဖို့ ပြောလိုက်သည်။
ဤသို့ဖြင့် သူတို့က စိတ်အေးလက်အေးဖြင့် ငြိမ်းချမ်းရေးတောင်ဆီ ဆက်လက်ပျံသန်းသွားလိုက်သည်။
ကျန်းအိုက်ကျန့်က မေးကို ပွတ်ကာ ရေရွတ်လိုက်၏။
“ပင်လယ်သားရဲတွေ ဘာလို့ဒီလောက် ရုတ်တရက်ကြီး များပြားလာပါလိမ့်”
“မျှခြေမညီမျှမှုက ပိုပြီးတော့ ဆိုးရွားလာပြီလေ” စီးဝူယာ့က ငြိမ်းချမ်းရေးတောင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်။
“အဲ့လိုဆိုရင် မျှခြေမညီမျှမှုက ငြိမ်းချမ်းရေးတောင်ကို သက်ရောက်မှု မရှိသလို ဘာလို့ ဖြစ်နေရတာလဲ” ကျန်းအိုက်ကျန့်က တည်ငြိမ်နေသည့် ပင်လယ်ပြင်နှင့် တောက်ပသည့် နေရောင်ကို လက်ညှိုးထိုးရင်း ပြောလိုက်သည်။ ထိုနေရာက အင်မတန် ငြိမ်းချမ်းလှ၏။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက ကျင့်ကြံသူများသည် ဤနေရာသို့ ရွှေ့ပြောင်းခဲ့လျှင် သက်သောင့်သက်သာ ဖြစ်မည် မဟုတ်ပါလော။
စီးဝူယာ့က ခေါင်းယမ်းလိုက်သည်။
“ကောက်ချက်ချဖို့အတွက်ကတော့ စောလွန်းသေးတယ်။ အရင်ဆုံးသွားကြည့်ရအောင်”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
ကောင်းကင်လွန်းကို အရှိန်မြှင့်တင်ကာ ငြိမ်းချမ်းရေးတောင်ဆီ ပျံသန်းသွားလိုက်ကြ၏။
……………………………..
ဖန်းလိုင်ကျွန်း…
ပင်လယ်ရေမျက်နှာပြင်က ဆက်လက်မြင့်တက်လာသည်။
ကျွန်းလေးကျွန်းက တစ်ဝက် နစ်မြုပ်သွားပြီဖြစ်ပြီး ကျင့်ကြံသူများက အမြင့်ဆုံးဆီ နောက်ဆုတ်ထားရလေသည်။
ပင်လယ်သားရဲများကလည်း ပင်လယ်ထဲမှ တစ်ကြိမ်ပြီးတစ်ကြိမ် ထွက်လာလေသည်။ ကျင့်ကြံသူများက ပျံသန်းဖို့ ကြိုးစားသူများက သူတို့ပါ အစားခံရနိုင်ခြေ ရှိ၏။
“အမျိုးသမီးဟွမ် ကျွန်တော်တို့တွေ ရေးပြီးသွားပြီ။ လူသုံးယောက် သေသွားတယ်” တပည့်တစ်ဦးက ရှေ့တိုးလာကာ ပြောလိုက်သည်။
နောက်ထပ်တပည့်တစ်ဦးကလည်း ရှေ့တိုးလာကာ ပြောလိုက်၏။
“ကျွန်တော်တို့တွေ ကျွန်းသခင်ကို ပြောပြီးသွားပါပြီ။ မိစ္ဆာဝေဟင်မျှော်နန်းက အခုရောက်မလာခင်အထိ တောင့်ခံထားဖို့ ပြောလိုက်ပါတယ်။ မိစ္ဆာဝေဟင်မျှော်နန်းကျိ ပြန်ရောက်လာတယ်လို့ ပြောပါတယ်”
“မျှော်နန်းသခင်ကျိလား”
အားလုံးက အံ့အားသင့်သွားကြ၏။
အမျိုးသမီးဟွမ်က သက်ပြင်းချလိုက်သည်။
“ကျွန်းသခင် ဒီမှာ မရှိတာကလည်း ကောင်းပါတယ်လေ။ အခု ငါတို့က လူ အများကြီးရှိတယ်ဆိုတော့ ကောင်းတယ်။ ဘယ်လောက်လွတ်မြောက်နိုင်မလဲ”
“အမျိုးသမီးဟွမ် ကျွန်တော်တို့တွေ တပည့် ၃၅၀၀ကျော်ရှိတယ်။ ၁၅၀၀ ကျော် ထွက်ခွာသွားပြီဆိုတော့ ၂၀၀၀ကျော်ပဲ ကျန်တော့တယ်” တပည့်တစ်ဦးက ပြန်ဖြေလိုက်သည်။
အမျိုးသမီးဟွမ်က ခေါင်းညိတ်လိုက်၏။
“အမိန့်ကို ပြောလိုက်။ ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပြုဘူး။ ဒီသားရဲတွေကို ခုခံဖို့ အကောင်းဆုံးကြိုးစားကြ”
“ဟုတ်ကဲ့”
ဝှစ်
ပေတစ်ထောင်ရှည်လျားသည့် ပင်လယ်သားရဲကြီးက ရုတ်ချည်းဆိုသလို ပင်လယ်မျက်နှာပြင်မှ ခုန်ထွက်လာပြီး ကောင်းကင်ယံ၌ မြင့်တက်လာသည်။
ဝှစ် ဝှစ် ဝှစ်
စိတ်ဝိညာဉ်သဏ္ဌာန်မြောက်များစွာက ကျွန်းအထက် ပေါ်ထွက်လာလေသည်။
ဘန်း ဘန်း ဘန်း
ရေစက်များက မြားများသဖွယ် ကျဆင်းလာပြီး စိတ်ဝိညာဉ်သဏ္ဌာန်များအပေါ် ကျရောက်လာလေသည်။
ကျင့်ကြံသူများက နောက်ဆုတ်လိုက်ကြပြီး ပင်လယ်သားရဲကလည်း ရေထဲ ပြန်လည်ပြုတ်ကျသွားသည်။
“ဒါက ကျားငမန်းပဲ”
“သတိထားကြ”
“ကျားငမန်းက အနည်းဆုံး မွေးဖွားဇယားချပ် ငါးခု ရှိထားတဲ့ ကျင့်ကြံသူတွေ အနိုင်ပိုင်းနိုင်တဲ့ သားရဲဘုရင်ပဲ။ ကျုပ်တို့တွေ ဘယ်လိုလုပ် သတ်မှာလဲ”
အားလုံးက ထိတ်လန့်နေကြသည်။ တချို့က မခုခံနိုင်တော့ဘဲ စတင်တုန်ယင်လာကြ၏။
“ထိတ်ထိတ်ပျာပျာမဖြစ်နဲ့။ ငါတို့တွေ တောင့်ခံထားနိုင်သရွေ့ အဆင်ပြေလိမ့်မယ်” တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
ကျင့်ကြံသူများက ယခုဖန်းလိုင်၏ ပင်မကျွန်းကို ရောက်ရှိနေကြပြီ ဖြစ်၏။ ထိုအရာက လုကျိုး လက်တစ်ဖက်တည်းဖြင့် မြှင့်တင်ခဲ့သည့် ကျွန်းလည်း ဖြစ်ပေသည်။
ဖန်းလိုင်က သူတို့၏ အမှားများ သင်ယူထားပြီးသား ဖြစ်၏။ ထို မတော်တဆဖြစ်ရပ်အပြီးတွင် သူတို့က အစီအရင်များကို အားဖြည့်ထားခဲ့သည်။
ဘန်း ဘန်း ဘန်း
ပင်လယ်သားရဲများက အစီအရင်မှ အကာအရံဆီ ဆက်တိုက် တိုက်ခိုက်လာလေသည်။
အားလုံးက စတင် နောက်ဆုတ်လိုက်ကြ၏။
“အကာအရံက တောင့်ခံထားနိုင်ဖို့ပဲ မျှော်လင့်ရမှာပေါ့”
ဝှစ်
ထိုစဉ် ဧရာမ ရေလှိုင်းသံထွက်ပေါ်လာပြီးသည့်နောက်တွင် အားလုံးက တုန်တုန်ယင်ယင်ဖြစ်သွားကြ၏။
ထို့နောက် အနီရောင်ပင်လယ်ငါးပြား ၇ကောင်က ကျွန်းဆီ ခုန်ထွက်လာသည်။
“အနီရောင်ပင်လယ်ငါးပြားလား။ တိုက်ကြ”
ကျင့်ကြံသူများက သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ကာ အပြေးအလွှားသွားလိုက်ကြသည်။
ပင်လယ်ငါးပြားက လေထဲ၌ ကြာကြာတိုက်ခိုက်နိုင်သည့် ပင်လယ်သားရဲမျိုး ဖြစ်၏။ သူတို့က သားရဲဘုရင်လောက် အားကောင်းခြင်းမရှိသော်လည်း အရေတွက်က များပြားပေသည်။
သိပ်မကြာခင် အနီရောင်ငါးပြားများက ရာချီ ဖြစ်လာပြီး ခုန်ထွက်လာကြသည်။ ထိုအရာက ပျားအုံနှင့်ပင် တူနေလေ၏။
ဖန်းလိုင်ကျွန်းဆီ ဖရိုဖရဲက ဆက်တိုက်ဆိုသလို ကျဆင်းလာလေ၏။
အမျိုးသမီးဟွမ်က အော်ပြောလိုက်သည်။
“အစီအရင်ထဲ ဝင်ကြ”
“ဟုတ်ကဲ့”
အမျိုးသမီးတပည့် ၂၀က ထီးနှင့်တူသည့် လက်နက်များကို ထုတ်ဖော်ကာ အစီအရင်ကို လေထဲ ခင်းကျင်းလိုက်ကြသည်။
အမျိုးသမီးဟွမ်က ဦးဆောင်ပြီး သူမ၏ ထီးမှ စွမ်းအင်စည်းတံဆိပ်များကို ထုတ်လွှတ်လာလေ၏။
အမည်မသိတပည့်အယောက် ၂၀ကလည်း အတူတကွ တွဲလုပ်ကာ ရွှေရောင်နှင်းပွင့်နှင့် တူသည့် စွမ်းအင်စည်းတံဆိပ်များက လေထဲ ပျံ့လွင့်လာသည်။
ဘန်း ဘန်း ဘန်း
ပင်လယ်သားရဲငယ်များက ထိုစွမ်းအင်စည်းတံဆိပ်မှ ထိုးဖောက်ခံလိုက်ရ၏။
ကြီးမားသည့် ပင်လယ်သားရဲများကမူ ပင်လယ်ထဲ ပြန်လည်ပြုတ်ကျသွားကြသည်။
“အဲဒါက အလုပ်ဖြစ်တယ်လား”
ထိုစဉ် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
“အဲဒါက ဘာကြီးလဲ”
အားလုံးက ငုံ့ကြည့်လိုက်စဉ် ပင်လယ်ရေမျက်နှာပြင်အောက်တွင် ဧရာမအရိပ်ကြီးကို မြင်လိုက်ကြရသည်။ ထိုအရာက ကျားငမန်းထက်ပင် ပိုမိုကြီးမားပြီး ဖန်းလိုင်ကျွန်းတစ်ခုလုံးထက်ပင် ပိုမိုကြီးမားနေဟန်ပေါ်သည်။
အမျိုးသမီးဟွမ်က လက်သီးဆုပ်ထားပြီး ပြောလိုက်သည်။
“အားလုံးနားထောင်ကြ။ ဒီကျွန်းကို စွန့်ပယ်ပြီး ငါနဲ့ထွက်သွားဖို့ အသင့်ပြင်ထားကြ”
“ဟုတ်ကဲ့”
...
အခန်း (၁၃၇၉) သမိုင်းကြောင်းထဲတွင် အသန်မာဆုံးစစ်ကူ
ပင်လယ်ရေမျက်နှာပြင်ပေါ် ပူစီပေါင်းများပေါ်ထွက်လာပြီး လှိုင်းလုံးများ ပိုအားကောင်းလာလေ၏။ ပင်လယ်ရေမျက်နှာပြင်အောက်ရှိအရိပ်က ပိုကြည်ကြည်လင်လင်မြင်နေရပြီဖြစ်သည်။
လူသားများသည် အမျိုးအမည်မသိ အမှောင်သတ္တဝါများကို အလိုလို ကြောက်ရွံ့တတ်သည်။ နက်ရှိုင်းသော သမုဒ္ဒရာကို ကြောက်ရွံ့နေသည့်သူတို့က တောင့်တင်းနေပြီဖြစ်၏။
သခင်မဟွမ်က ယခုဆို ပန်းလှိုင်ဂိုဏ်း၏ကျောထောက်နောက်ခံဖြစ်သည်။ သူမ၏အမျှော်အမြင်ဖြင့် သူမက ယခုအချိန်တွင် ပြိုကွဲနိုင်မှန်းသိနေသည်။ ထို့ကြောင့် သူမရင်ထဲရှိ ခံစားချက်ကို ဖိနှိပ်ပြီးပြောလိုက်၏။ "သားရဲဧကရာဇ်တစ်ပါးသာဆို ဒုက္ခပဲ”
လက်ရှိရွှေကြာနယ်မြေသည် ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ သူတို့က ယခုဆို ကျင့်ကြံမှု အကန့်အသတ်၊ မွေးဖွားဇယားချပ်၊ မွေးဖွားစမ်းသပ်မှုနှင့် ကြမ်းတန်းခက်ထန်သားရဲများကို သတိပြုမိသွားပြီဖြစ်သည်။
ဖန်းလိုင်ဂိုဏ်းတပည့်များ၏ အမူအရာက ယခုဆိုအနည်းငယ်သုန်မှုန်သွားတော့သည်။
“သားရဲဧကရာဇ်"
သားရဲဧကရာဇ်မဆိုထားနှင့် သားရဲဘုရင်ဆိုလျှင်တောင် မဖြေရှင်းနိုင်ပေ။
“ကျိချန်းပေ့ ရောက်မလာရင် မိစ္ဆာဝေဟင်မျှော်နန်းရဲ့လွတ်လပ်သူ ချင်လူကြီးမင်းရှိပါသေးတယ်”
ချင်နိုင်ဟယ်သည် လုကျိုးနှင့်မယှဉ်နိုင်သော်ငြား သူသည် ဘုံတစ်ထောင်လေပွေအဆင့်သို့ မဝင်ရောက်သေးသည့် သူတို့ထက်သာနေ၏။
လုကျိုးအကြောင်း ပြောမိချိန်တွင် သူတို့က အနောက်ဖက်သို့ လှည့်ကြည့်မိကြသည်။ ကောင်းကင်က လေထဲသို့ ပင်လယ်သားရဲများခုန်တက်မှုကြောင့် ရှင်းလင်းနေတော့သည်။
ပင်လယ်သားရဲများသည် ပင်လယ်ထဲမှ ဆက်တိုက်ခုန်တက်လျက် ကျွန်းပေါ်တက်ရန် ကြိုးစားနေကြသည်။ ကျွန်း၏အမြင့်ကြောင့် သူတို့သည်ကျွန်းနံရံနှင့်တိုက်မိပြီး ဆူညံသံများ ပေါ်ထွက်လာကာ ကျွန်းကိုတုန်သွားစေ၏။
ကျောက်စကျောက်နများက တလိမ့်လိမ့်ကျဆင်းလာလျက် ပင်လယ်ထဲကျဆင်းသွားကြသည်။
ဖန်းလိုင်ဂိုဏ်းသား ၂၀၀၀ဝန်းကျင်ခန့်က ကျွန်းမျောပေါ်တွင် အတူတကွရှိနေကြပြီး လှုပ်ရှားရမှာ ကြောက်ရွံ့နေလေ၏။
ဖုန်း ဖုန်း ဖုန်း
ထိုစဉ် သူတို့က လမ်းညွှန်မှုတချို့ရရှိသည့်မပမာ ပင်လယ်သားရဲများသည် ကျွန်းမျောကို ဝင်တိုက်ကြတော့၏။ သူတို့က ရေထဲက ဘွားခနဲ ထွက်လာလျက် ပိုမြင့်မားသည့် ကြိမ်နှုန်းဖြင့် ကျွန်းများဆီ ကမူးရှူးတိုးတက်လာကြသည်။ သူတို့က စိတ်လွတ်နေသည့်ပမာ ကျွန်းနှင့်တိုက်မိခြင်းကြောင့် နာကျင်မှုကို ဂရုမစိုက်တော့ပုံရသည်။ ဤနည်းဖြင့် ကျွန်းပေါ်၌ အက်ကွဲရာများ စထင်လာတော့သည်။
လူတိုင်းဆုတ်ခွာသွားပြန်၏။ သူတို့က .... တံတွေးမြိုချနေမိသည်။ သူတို့အင်မတန်စိုးရိမ်ပူပန်နေ၏။
ကျွတ်
ကျွန်း၏အဆုံး၌ ဧရာမအက်ကွဲကြောင်းသည် ယခုအချိန်တွင် သူတို့ခြေထောက်အောက်ဆီသို့ ရောက်လာ၏။
ကြောက်ရွံ့နေသည့် ကျင့်ကြံသူတချို့ကမူ ချက်ချင်းပျံထွက်သွားသည်။ သူတို့ကျွန်းပြင်သို့ ပျံထွက်ပြေးသည်နှင့် များစွာသောပင်လယ်သားရဲများက ခုန်အုပ်လာလျက် သူတို့ကို ဝါးမြိုလိုက်သည်။ ပင်လယ်သားရဲများ၏ပါးစပ်က ပိတ်လိုက်ချိန်တွင် သွေးများနေရာအနှံ့လွင့်စဉ်သွားတော့သည်။ “...”
ပင်လယ်သားရဲတို့သည် အင်မတန်အရည်ရွှမ်းသော ဖက်ထုပ်ကို ကိုက်ဝါးနေသည့်ပမာပင် အနီးကပ်နေသည့်သူတို့က သွေးများစင်ကုန်လေ၏။
အခြေအနေ၏လေးနက်မှုကို သဘောပေါက်ပြီး တစ်စုံတစ်ယောက်က ပြောလိုက်တော့သည်။
“သခင်မဟွမ် ကျွန်တော်တို့ ဒီအတိုင်းဆက်လုပ်နေလို့မရတော့ဘူး။ အခြေအနေက ထိန်းချုပ်နိုင်သေးတုန်း ကျွန်တော်တို့သွားသင့်ပြီ”
“ထောက်ခံတယ်”
“ကျွန်တော်လည်း ထောက်ခံတယ်။ ဘာကြောက်စရာရှိမှာလဲ”
သတ္တိရှိသည့်တပည့်များစွာက တစ်ယောက်ပြီးတစ်ယောက်ရပ်နေပြီး လက်မြှောက်လာကြသည်။
ယင်းကို မြင်ပြီး သခင်မဟွမ်က ခေါင်းညိတ်လိုက်၏။ “ဟုတ်ပြီ။ ဒါဆို ငါဦးဆောင်မယ် အဆင်သင့်ပြင်ထား”
လူ ၂၀၀၀က သခင်မဟွမ်၏အမိန့်ကို စောင့်နေကြ၏။
ပင်လယ်ထဲတွင် ဧရာမအရိပ်ကရွေ့လျားနေသည်။
ဖုန်း
ထန်း
ကျွန်းမျောကို ထိန်းချုပ်ထားသည့် ချိန်းကြိုးလေးခုက ကျယ်လောင်စွာ ထိခတ်သွားလေ၏။
“သွားတော့” သခင်မဟွမ်က ဆုံးဖြတ်ချက်ပြတ်သားစွာအော်လိုက်၏။ သူမက ဦးဆောင်လျက် တပည့်၂၀၀၀က သူမနောက်မှ နီးကပ်စွာလိုက်ပါလာသည်။
ဝှစ် ဝှစ် ဝှစ် ဝှစ် ဝှစ်
သူတို့တညီတညွတ်တည်း ပျံထွက်လာ၏။
ထီးအလက်၂၀ကိုင်ဆောင်ထားသည့်သူတို့သည် စွမ်းအင်စည်းတံဆိပ်ကို ဆွဲထုတ်ကာ လူတိုင်းရှေ့တွင် လမ်းကြောင်းတစ်ခုဖွင့်လှစ်လိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
သခင်မဟွမ်သည် ဘယ်ကြည့်ညာကြည့် ကြည့်လိုက်၏။ ဤမျှများပြားသောလူတို့ဖြင့် သူတို့သည် အမှားလုပ်မိနိုင်သည်။
တပည့်တချို့က စိတ်လှုပ်ရှားပြီး သူတို့ကနဦးချီလှည့်ပတ်မှုက ချောမွေ့မှုမရှိ၊ ရလဒ်အနေဖြင့် သူတို့အရှိန်က သိသိသာသာနှေးကျသွားတော့သည်။
ဤနည်းဖြင့် ကျန်သည့်သူတို့ကလည်း ပင်လယ်သားရဲများအစားခံနေရတာကိုပဲ ကူကယ်ရာမဲ့စွာကြည့်နေရ၏။ သူတို့က အခြားသူများကို အချိန်မှီကယ်တင်လိုက်နိုင်ရုံသာရှိ၏။
လေထဲ၌ သွေးများလွင့်စဉ်နေပြီး လူတိုင်းရင်ထဲရှိ အကြောက်တရားကို ပိုဆိုးစေကာ သူတို့ကို အရှိန်တင်ပေးသည်။
“မရပ်ကြနဲ့ ဆက်သွား” သခင်မဟွမ်က အသံလှိုင်းထုတ်လွင့်လျက် ပြောလိုက်၏။
ကံဆိုးသည်ဆိုသော်ငြား ဤအခြေအနေ၌သေကြေမှုက မရှောင်လွဲနိုင်ပေ။
လူ ၂၀၀၀က စတုရန်းအခင်းအကျင်းတခုဖွဲ့တည်လျက် မီတာ တစ်ထောင်အကွာသို့ ပျံသန်းသွားကြသည်။
ကျွတ်
ကျွန်းမျောသည် ပင်လယ်မှ အော်သံထွက်ပေါ်လာစဉ် အက်ကွဲကြောင်းပွင့်လာလျက် ထိုအသံက ငရဲမှပေါ်ထွက်လာသလိုပင်။ လှိုင်းများက ဝေဟင်ထဲအထိ မြင့်တက်လာပြီး တိမ်တိုက်များကို မိုးသွားသည်။ တစ်ချိန်တည်းတွင် ရေတိုင်တစ်ခုက ဝေဟင်ထဲရောက်လာ၏။
လူတိုင်းက အလိုလိုကြည့်မိသွားသည်။ သူတို့က ဧရာမပင်လယ်သားရဲတစ်ကောင်၏ ကျောကိုတွေ့လိုက်ရသည်။ ၎င်း၏ကျောပေါ်ရှိအပေါက်က ဝေဟင်ထဲရှိရေတိုင်ကို ပန်းထုတ်နေတာဖြစ်သည်။ သူတို့က ထိုမြင်ကွင်းကြောင့် ကြောက်လန့်ပြီးတုန်ယင်သွားကြသည်။
များပြားသည့်ပင်လယ်သားရဲများ စတင်ခုန်တက်လာတော့သည်။
“သူတို့ကိုထိန်းထား”
ကျင့်ကြံသူများ၌ ကြယ်တာရာဒိုင်ခွက်မရှိပေ။ ထို့ကြောင့် သူတို့သည် သူတို့၏ကြာပွင့်ကိုသာသုံးနိုင်ပြီး သူတို့ရှေ့၌ မျဉ်းတစ်ကြောင်းဖွဲ့တည်လိုက်ကြ၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ပင်လယ်သားရဲတို့သည် ကြာပွင့်နှင့်တိုက်မိသွားကြသည်။ ဖန်းလိုင်ဂိုဏ်းသားများက သက်ရောက်မှုမှ နာကျင်မှုကို တောင့်ခံရပြီး သူတို့ကြာပွင့်ကို ဆက်လက်ထိန်းထား၏။
တစ်စုံတစ်ယောက်က နောက်ဆုံး၌ အော်ပြောလိုက်သည်။ "သူတို့ကိုပိတ်ဆို့ဖို့ ငါတို့ရဲ့ကြာပွင့်ကို သုံးမယ်ဆို ငါတို့သေမှာပဲ”
“မသုံးရင်လည်း သေမှာပဲ” တစ်စုံတစ်ယောက်က သူတို့ကို ပြန်အော်ပြောလိုက်၏။
မည်သို့ပင်ဆိုစေ ပင်လယ်သားရဲများ၏တိုက်ခိုက်မှုကို ခုခံကာကွယ်ရန်အတွက် သူတို့ စည်းလုံးညီညွှတ်ရမည်မှန်း သိကြသည်။ ရွှေရောင်အခင်းအကျင်းက ဝေဟင်ထဲတွင်ရှိနေပြီး သခင်မဟွမ်က ဦးဆောင်လျက် သူတို့ရှေ့ရှိ ပင်လယ်သားရဲနံရံကိုဆက်လက်ဖြိုခွဲကာ တာ့ယန်ဆီသို့ဦးတည်နေ၏။ သူတို့ရှင်သန်လိုစိတ်ကာ ပင်လယ်သားရဲလှိုင်းက အနိုင်ယူနိုင်အောင် ကူညီပေးသည်။
“ဒီပင်လယ်သားရဲတွေက ငါတို့နောက်လိုက်နေတယ်”
“အားမလျော့ကြနဲ့ ဆက်သွားကြ”
ဖန်လိုင်ဂိုဏ်းသားများက တတ်စွမ်းသမျှပျံသန်းသွားကြ၏။
ဖုန်း
ပြိုကွဲသွားသည့်ကျွန်းမျောသည် ပင်လယ်သားရဲများ၏တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ဘဲ ပင်လယ်ထဲ ပြုတ်ကျလာကာ ဧရာမလှိုင်းများထလာတော့သည်။ ဧရာမလှိုင်းလုံးများ၏ဒဏ်ကို မခံနိုင်တော့ပေ။
သခင်မဟွမ်က တချက်ကြည့်လိုက်ပြီး လှုပ်ရှားမှုမရပ်တန့်ခဲ့ပေ။ သူမ အမူအရာက ဆုံးဖြတ်ချက် ပြတ်သားမှုအပြည့် ဖြစ်နေသော်ငြား မျက်လုံးထဲတွင် မျက်ရည်များလဲ့နေလေ၏။
“သခင်မဟွမ်”
“ငါ အဆင်ပြေတယ် ဆက်သွားမယ်” သခင်မဟွမ်သည် သူမ၏စိတ်ခံစားချက်များကို ဖိနှိပ်လျက် အဖွဲ့ကိုရှေ့သို့ဆက်လက်ဦးဆောင်သွားသည်။
ထိုစဉ် တပည့်တစ်ယောက်က ညာဘက်ခြမ်းရှိပင်လယ်ပေါ်သို့ သွားလာနေသည့် တစ်စုံတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ “ကျား ငမန်းက အဲ့ဒီမှာ”
ထိုစဉ် ကျားငမန်းသည် ပင်လယ်ထဲမှ ခုန်ထွက်လာပြီး သူတို့ရှေ့သို့ရောက်လာ၏။ အားလုံးက ၎င်းကိုခုခံရန် သူတို့ကြာပွင့်ကိုမြှင့်တင်လိုက်ကြသည်။
ဖုန်း
လေထဲတွင် နာကျင်စွာ အော်သံများ တစ်ခုပြီးတစ်ခု ပြန့်လွင့်လာ၏။ ကျားငမန်းသည် ကျင့်ကြံသူများကို ကိုက်ဖြတ်သွား၏။ ကြာပွင့်များရာချီ ချက်ချင်းပင် မှေးမှိန်သွားလေ၏။
တစ်ဖက်တွင်မူ တပည့်ပေါင်းရာချီက လေထဲလွင့်ထွက်သွား၏။ တစ်ယောက်ပြီးတစ်ယောက်က ပင်လယ်ထဲပြုတ်ကျကာ ပင်လယ်သားရဲတို့၏အစာဖြစ်သွားတော့သည်။
ထိုခဏအတွင်း ပင်လယ်ရေက သွေးနီရောင်ဖြစ်သွားတော့၏။
“မဟုတ်ဘူး”
သူတို့၏ရဲဘော်ရဲဖက် သေဆုံးတာကို မည်သူက စိတ်မထိခိုက်ဘဲ ခံနိုင်မည်နည်း။
“စိတ်ထိန်းထား” တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။
“အစီအရင်ထဲပြန်သွား ... မြန်မြန် ရှောင်ကျန့် ဘာရပ်လုပ်နေတာလဲ” အသက်ပိုကြီးသည့်တပည့်က ရူးကြောင်ကြောင် ကြောက်လန့်နေသေးသည့် တပည့်ကိုအော်ပြောလိုက်၏။
တပည့်ငယ်လေး ရှောင်ကျန့်ကရယ်မောလိုက်သည်။ သူ့မျက်နှာပေါ်ရှိ သွေးကိုသုတ်ကာ အောက်ရှိခုန်တက်နေသည့်ပင်လယ်သားရဲကို ကြည့်လိုက်၏။ ပြီးနောက် ရယ်မောလိုက်ပြန်သည်။
“ရှောင်ကျန့်”
ဝှစ်
ပင်လယ်သားရဲသည် ပင်လယ်ထဲမှတက်လာလျက် ရှောင်ကျန့်ကို ရက်စက်စွာကိုက်ဖြတ်လိုက်သည်။
တပည့်ကြီး၏မျက်လုံးက ချက်ချင်းနီရဲသွားတော့သည်။ သူက ပင်လယ်သားရဲကို ရူးသွပ်စွာတိုက်ခိုက်နေ၏။ “ငါ မင်းနဲ့သေတဲ့အထိ တိုက်ခိုက်မယ်”
သူသည် လက်နှစ်ဖက်ဖြင့်ဓားမော့ကို ကိုင်ထားလျက် ပင်လယ်သားရဲကို ခုတ်ပိုင်းနေသည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ပင်လယ်သားရဲက နာကျင်စွာအော်လိုက်ပြီး ၎င်း၏အမြီးကိုရမ်းလိုက်ရာ တပည့်ကြီး၏ ရင်ဘတ်ကို ရိုက်မိသွားသည်။ တချိန်တည်းတွင် ရှောင်ကျန့်က ပင်လယ်သားရဲ၏ပါးစပ်ထဲမှ လွင့်စဉ်ကျလျက် သမုဒ္ဒရာထဲကျသွားသည်။
ယင်းကိုမြင်သောအခါ သခင်မဟွမ်သည် ဆုံးဖြတ်ချက်ပြတ်သားစွာပြောလိုက်၏။ “သွားမယ်”
အဆင်အခြင်မဲ့ခြင်းက လူပိုများစွာ အသတ်ခံခြင်းသာရှိလိမ့်မည်။ ယခုအချိန်တွင် သူမစိတ်တည်ငြိမ်ပြီး ဆင်ခြင်တုံတရားရှိရမည်။ သူမက လက်လျော့ကာ ရှေ့ဆက်သွားရန် ရွေးချယ်လိုက်၏။
ကျန်ရှိသည့် တပည့် ၁၀၀၀ခန့်က နီရဲနေသည့် ပင်လယ်ရေကိုမှင်တက်စွာကြည့်နေမိ၏။ သူတို့ ဘာလုပ်ရမည်မှန်း မသိတော့ပေ။
“သူတို့ကိုမထားခဲ့နိုင်ဘူး”
“ငါကောပဲ”
ကျင့်ကြံသူတချို့က ဆင်းသွားသည်။
သခင်မဟွမ်က သက်ပြင်းချလျက် လက်ဝေ့ယမ်းလိုက်သည်။ သူမသည် ပတ်ဝန်းကျင်ရှိ ပင်လယ်သားရဲများအားလုံးကို လှဲကျင်းရန် ဖန်းလိုင်၏အစိမ်းရောင်ငှက်ကို သုံးခဲ့၏။ တပည့်တစ်ထောင်သည် ပင်လယ်သားရဲကို ရှောင်ရှားခဲ့လေ၏။ ဝေဟင်ထဲ ဖရိုဖရဲဖြစ်နေတော့သည်။
သခင်မဟွမ်နှင့်သူမ၏အနီးကပ်တပည့်များသည် ဒဏ်ရာရနေသော တပည့်များကို ကယ်တင်ရန် ခွန်အားကုန်သုံးခဲ့၏။ ကံကောင်းသည်မှာ သူတို့အောင်မြင်ခဲ့သည်။
“သွားကြမယ်”
“ဟုတ်ပြီ”
စတုရန်းအခင်းအကျင်းက ရှေ့သို့ထပ်ထွက်တော့မည့်အချိန်တွင် ကျားငမန်းက မည်သူမှသတိမပြုမိဘဲ ဘယ်ဖက်ကနေခုန်တက်လာပြီး ယင်းက နောက်ကျလွန်းသွားပြီဖြစ်သည်။ ၎င်း၏သွေးသံရဲရဲပါးစပ်က လူတစ်ထောင်ဆန့်ပေ၏။ ထိုအခိုက်အတန့်တွင် သွားကြားထဲ၌ထွက်နေသည့်ပေါင်နှစ်ချောင်းကို မြင်ရသည်။
“သခင်မ”
သခင်မဟွမ်က လှည့်ကြည့်လိုက်ချိန်တွင် ပေတစ်ထောင်နီးပါးရှိသည့် ကျားငမန်းကိုတွေ့လိုက်ရသည်။ ယခုအခေါက်တွင် သူ၏ပစ်မှတ်က သူမနှင့်ထိခိုက်ခံထားရသည့်ကျင့်ကြံသူ အယောက်နှစ်ဆယ် ဖြစ်သည်။
ကျားငမန်း၏သွေးသံရဲရဲက လူသားများကို မြင်သောအခါ သူတို့ကြက်သေသေနေမိသည်။
“ပြီးသွားပြီ”
အားကောင်းသော ကြမ်းတမ်းခက်ထန်သားရဲများနှင့်ရင်ဆိုင်ရချိန်တွင် လူသားများက သေးနုပ်လွန်းပေ၏။ သူတို့လွတ်မြောက်ရန်အကောင်းဆုံးကြိုးစားခဲ့သော်ငြား ကြမ်းတမ်းခက်ထန် သားရဲတို့အမြင်တွင် သူတို့ကြိုးစားမှုကပြက်လုံးတစ်ခုသာ ဖြစ်နေ၏။ ရက်စက်သော ကံကြမ္မာပဲ ဖြစ်သည်။ သခင်မဟွမ်သည် ရှောင်ရန်မကြိုးစားခဲ့ပေ။ သူမတပည့်များကလည်း ထိုနည်းအတိုင်းသာ။ သူတို့နောက်ဆုတ်လျှင် ညာဖက်ခြမ်းရှိ တပည့်ရာချီ ထိခိုက်လိမ့်မည်။ ထိုစဉ် သခင်မဟွမ်က အော်ပြောလိုက်သည်။
“အားလုံးဆက်သွားကြ”
ယင်းသည် သူမ၏နောက်ဆုံးစကားပဲဖြစ်သည်။ သူမ ရှင်သန်ရန် မျှော်လင့်ချက်ကို ကျန်သည့်သူများပေါ် ပုံထားလိုက်၏။
ထိုကဲ့သို့ သေရေရှင်ရေးအခိုက်အတန့်တွင် ...
ဘန်း
ဝေဟင်ကနေ ရွှေရောင်မြှားတစ်စင်းက ဖြိုခွဲလျက် ကျားငမန်း၏ခေါင်းကို ထိုးဖောက်သွားသည်။ ဧရာမဖိအားက ၎င်းကို ပင်လယ်ထဲဆွဲချလိုက်၏။
ဘန်း
လူတိုင်း မှင်တက်သွားတော့သည်။ သူတို့က မြှားလာရာဖက်ကို ကြည့်လိုက်ချိန်တွင် လူတချို့ကို ဦးဆောင်လာသည့် လုကျိုးကို တွေ့လိုက်ရသည်။ လေးအသွင်ဖြင့်အမည်မဲ့က သူ့လက်ထဲ ပျောက်သွားလေ၏။
လုကျိုးက တည်ငြိမ်စွာမေးလိုက်သည်။ “သခင်မဟွမ် အဆင်ပြေလား”
ဤအသံသည် သူတို့ဘဝတွင်ကြားဖူးသမျှအသံတွင် အသာယာဆုံးအသံဖြစ်လောက်သည်။ သူတို့က ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်သက်သာမှုလွှမ်းနေသောကြောင့် ခဏတဖြုတ်မတုန့်ပြန်နိုင်ခဲ့ပေ။
သူတို့ကယ်တင်ခံရပြီ။ နောက်ဆုံးတော့ စစ်ကူရောက်လာပြီ။
သခင်မဟွမ်က ယိုင်သွားချိန် တပည့်နှစ်ယောက်က သူမကို အမြန်ကူတွဲပေးလိုက်၏။ သူမဘဝအဆုံးသတ်ခါနီး ရောက်နေပြီးဖြစ်ကာ လုကျိုးကို မြင်လိုက်ရချိန်တွင် စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ သူမ စိတ်အားထက်သန်စွာပြောလိုက်သည်။ “ကျိချန်းပေ့ နောက်ဆုံးတော့ ရောက်လာပြီ”
လုကျိုးက ခေါင်းညိတ်လိုက်သည်။ ပြီးနောက် သူ လက်ဝေ့ယမ်းလျက် ပြောလိုက်သည်။ "ဒါတွေကို ရှင်းလင်းလိုက်”
“နားလည်ပါပြီ”
ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ယန်ကျန်းလော့၊ လုလီ၊ မင်ရှင်ရင်နှင့် ချင်နိုင်ဟယ်တို့သည် သူတို့ စိတ်ဝိညာဉ်သဏ္ဌာန်များကို ဖွဲ့တည်လျက် တစ်ယောက်ပြီးတစ်ယောက်ဆင်းလာသည်။
ဖန်းလိုင်ဂိုဏ်းသားများက တောင့်တင်းနေလေ၏။ ယင်းသည် သမိုင်းကြောင်းထဲတွင် အသန်မာဆုံးစစ်ကူအဖွဲ့ဖြစ်လိမ့်မည်။ ယင်းက မိစ္ဆာဝေဟင်မျှော်နန်း၏ ခွန်အားပေလော။
ပြောရန်မလို ပင်လယ်သားရဲငယ်တို့သည် တချက်တောင် ခံနိုင်ရည်မရှိကြပေ။
ဖန်းလိုင်ဂိုဏ်းသားများက စိတ်မကောင်းမဖြစ်သလို ရက်စက်သည်ဟုလည်း မခံစားရပေ။ မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့ ပင်လယ်သားရဲများကို သတ်ဖြတ်တာကိုကြည့်နေစဉ် ဖန်းလိုင်ဂိုဏ်းသားများက မနားသလို ရက်စက်သည်ဟုလည်း မခံစားရပေ။ ထိုအစား သူတို့စိတ်လေးသွားလေ၏။ သူတို့က လက်သီးကျစ်ကျစ်ဆုပ်ကာ မိစ္ဆာဝေဟင်မျှော်နန်း၏ ဆောင်ရွက်ချက်ကို ကြည့်နေမိသည်။
ထိုစဉ် လုကျိုးက သခင်မဟွမ်ရှေ့လှစ်ကနဲရောက်သွားသည်။ သူမ၏ဖြူဖျော့နေသော မျက်နှာကို မြင်သောအခါ သူ၏ကုသရေးစွမ်းအင်ကို သူမအပေါ်ရွတ်ဆိုပေးလိုက်သည်။
သခင်မဟွမ်က ဒူးထောက်လျက်ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်။ ဖန်းလိုင်ကျွန်းက ကျိချန်းပေ့ကို တစ်သက်လုံးအမှတ်ရနေမှာပါ”
လုကျိုးက ပြောလိုက်၏။ "ဒါ ဘာမှမဟုတ်ပါဘူး။ ဖန်းလိုင်ကျွန်းကော ဘယ်လိုလဲ။"
တပည့်တစ်ဦးက ဖန်းလိုင်၏ကျွန်းငါးကျွန်းတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောလိုက်သည်။
လုကျိုးက ခေါင်းညိတ်လိုက်၏။ ထိုစဉ် သခင်မဟွမ်က လုကျိုးကို သတိပေးလိုက်သည်။
“သားရဲဧကရာဇ်တစ်ပါး ရှိလောက်တယ်။ ဂရုစိုက်တာ အကောင်းဆုံးပဲ ကျိချန်းပေ့”
လုကျိုးက ငုံ့ကြည့်လိုက်ချိန်တွင် ပင်လယ်ရေမျက်နှာပြင်အောက်တွင် ဖန်းလိုင်ကျွန်းဆီသို့ ဖြည်းဖြည်းချင်းရွေ့လာနေသည့် ဧရာမအရိပ်တစ်ခုတွေ့လိုက်ရ၏။
၎င်းသည် အဆုံးမဲ့သမုဒ္ဒရာကိုဖြတ်ကျော်စဉ်က သူ ပထမဆုံးတွေ့ခဲ့သည့် အစောင့်အရှောက်ခွန်း မဟုတ်ပေ။ ယင်းသည် ဧရာမဝေလငါးနှင့်တူသည် ကြမ်းတမ်းခက်ထန်သားရဲတစ်ကောင်ပဲဖြစ်သည်။ ဝေလငါးကဲ့သို့ ကြမ်းတမ်းခက်ထန်သားရဲသည် မော့မင်ရှစ်ဆီမှ သူ ရယူထားသည့် အသက်ဓာတ်နှလုံးသားပိုင်ရှင်စန္ဒဝေလထက်တောင် ပိုကြီးမား၏။ ဝေလငါးကဲ့သို့ ကြမ်းတမ်းခက်ထန်သားရဲသည် သားရဲဧကရာဇ်တစ်ကောင်ဖြစ်လောက်သည်။
သားရဲဧကရာဇ်တို့၏စွမ်းရည်က အစွမ်းထက်ပေ၏။ ဝေလကဲ့သို့ ကြမ်းတမ်းခက်ထန်သားရဲက သားရဲဧကရာဇ် ဖြစ်နေလျှင် မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့ ဤအတိုင်းထွက်လာတာ အန္တရာယ်များလိမ့်မည်။
လုကျိုးက လှမ်းခေါ်လိုက်၏။ “ရပ်တော့ နောက်ပြန်ဆုတ်”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် စိတ်ရှုပ်ထွေးသွား၏။ မည်သို့ပင်ဆိုစေ သူတို့က သူ့ကိုအမေးမထုတ်ကြဘဲ သူ့ဖက်ခြမ်းသို့ပြန်လာတော့သည်။
ဖန်းလိုင်ဂိုဏ်းသားများကလည်း စိတ်ရှုပ်ထွေးနေလေ၏။ သူတို့သည် လုကျိုး ဘာလုပ်မှန်း နားမလည်ကြပေ။
လုကျိုးက လူတိုင်းရှေ့တွင်ရပ်လျက် ပင်လယ်ကိုကြည့်လိုက်သည်။ သူသည် ဝေလကဲ့သို့ ကြမ်းတမ်းခက်ထန်သားရဲကို လေ့လာလိုက်၏။
“ကျိချန်းပေ့ ဂရုစိုက်” ထိုစဉ် သခင်မဟွမ်က သတိပေးလိုက်၏။
ဒါဇင်ချီသော ပင်လယ်သားရဲတို့သည် ဘေးတစ်ဖက်တစ်ချက်ဆီမှ ခုန်တက်လျက် လုကျိုးကို တပြိုင်နက်တည်း ခုန်အုပ်လိုက်သည်။
ယင်းကို မြင်သောအခါ ဖန်းလိုင်ဂိုဏ်းသားများက စိုးရိမ်ပူပန်သွား၏။
ဆန့်ကျင်ဖက်အနေဖြင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် တည်ငြိမ်နေကြသည်။
လုကျိုးက မလှုပ်ရှားခဲ့ပေ။ ပင်လယ်သားရဲများက သူနှင့်မီတာအနည်းအကျဉ်းသားကွာဟသေးချိန် သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က ရုတ်တရက်ပေါ်လာပြီးနောက် လျင်မြန်စွာပျောက်ကွယ်သွား၏။ ယင်းက ခဏအတွက်သာ ဖြစ်သည်။
ဖုန်း
လုကျိုး၏ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုတည်းက သူ့ကိုခုန်အုပ်နေသည့် ပင်လယ်သားရဲအားလုံးကို သတ်ဖြတ်လိုက်၏။
“…”
အစွမ်းထက်တဲ့လူသားတွေမှာ ဒီလိုစွမ်းအားမျိုးရှိတယ်လား။
လုကျိုးသည် ပင်လယ်ရေမျက်နှာပြင်ပေါ် အေးအေးလူလူဆင်းသက်လိုက်၏။ သို့သော်ငြား သွေးများလွှမ်းနေသည့် သူ့ဝတ်ရုံက စွန်းထင်းခြင်းမရှိပေ။
“တိရိစ္ဆာန်ကောင် မင်း ဘာလို့ထွက်လာပြီး မသေသေးတာလဲ”
ဝူး
ပင်လယ်ထဲမှ နက်ရှိုင်းစွာအော်သံသည် မိုင်တစ်ရာအကွာထိ ပြန့်နှံ့လာသည်။
ရေများ ဝေဟင်ထဲ လွင့်စဉ်လာကာ ပင်လယ်သားရဲငယ်များပြုတ်ကျလာ၏။
လုကျိုးသည် ဖရိုဖရဲများကြားထဲတွင် ပင်လယ်ရေမျက်နှာပြင်တွင် ရပ်နေသည့်အထီးကျန်သော လူတစ်ယောက်နှင့်တူသည်။ မည်သို့ပင်ဆိုစေ ဖန်းလိုင်ဂိုဏ်းသားများ၏အမြင်တွင် သူက သူရဲကောင်းဆန်ကာ ရဲစွမ်းသတ္တိရှိသည်။ သူတို့အားလုံးသည် ပင်လယ်ရေမျက်နှာပြင်၌ မည်မျှအန္တရာယ်များကြောင်း သိကြသည်။
“ကျိချန်းပေ့ ဘာလုပ်နေတာလဲ” တစ်စုံတစ်ယောက်က မေးလိုက်၏။
ယန်ကျန်းလော့က ပြန်ပြောလိုက်သည်။ "အကောင်တွေကို ဖြေရှင်းဖို့အရင်ဆုံး သူတို့ခေါင်းဆောင်ကို ဖြေရှင်းရမှာ။ ကြည့်ထား။"
လူတိုင်းသည် ထိုစကားများကို နားလည်သဘောပေါက်သွားသည်။
လုကျိုးသည် သူ၏ကာကွယ်ရေးစွမ်းအင်ကိုတောင်မဖွင့်ဘဲ ရေများကို လွတ်လွတ်လပ်လပ် လွင့်စဉ်သွားစေသည်။ သို့သော် သူ၏ထူးခြားသောဝတ်ရုံကြောင့် ပင်လယ်ရေသည် အလိုအလျောက် ဖယ်ရှားခြင်း ခံလိုက်ရသည်။ လုကျိုးသည် ပင်လယ်ရေမျက်နှာပြင်ပေါ် တစ်လှမ်းပြီး တစ်လှမ်း လျှောက်လှမ်းလာ၏။ သူ့ခြေထောက်အောက်ရှိ ရွှေရောင်အလင်းစက်လုံးက အပေါ်မြင့်တက်လာလျက် ပင်လယ်မျက်နှာပြင်အောက်ရှိအရိပ်ဆီ ဦးတည်သွားသည်။ ထိုစဉ် သားရဲဘုရင်လေးကောင်က အရပ်မျက်နှာအနှံ့မှ တပြိုင်နက်တည်း ခုန်တက်လာ၏။
ပင်လယ်လှိုင်းက ကြောက်မက်ဖွယ်ကောင်းစွာ ဝေဟင်ထဲမြင့်တက်လာပြီး ဝေဟင်နှင့်လုကျိုးကို လွှမ်းသွားသည်။
ယွီကျန့်ဟိုင်က လှမ်းအော်လိုက်သည်။ “ဝေဟင်ထဲ မြင့်မြင့်ပျံ”
လူတိုင်းက ပျံသန်းလိုက်ကြသည်။ “ဖန်းလိုင်က ငါတို့မိတ်ဆွေတွေကို ကာကွယ်” ယွီကျန့်ဟိုင်က ထပ်ပြောလိုက်၏။
“ဟုတ်ပြီ” မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် အားနည်းသောဖန်းလိုင်ဂိုဏ်းသားများကို ကာကွယ်ရန် လူသားနံရံတစ်ခု ဖွဲ့တည်လိုက်သည်။
ဖန်းလိုင်ဂိုဏ်းသားများက သူတို့လက်ကိုကျစ်ကျစ်ဆုပ်ထားလျက် သူတို့မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။ ထိုစဉ်
ဝှစ်
လုကျိုးက ဗဟိုပြုလျက် ပင်လယ်ရေတို့စတင်ခဲလာပြီး ရေခဲက အရပ်မျက်နှာအနှံ့ လွင့်စဉ်သွား၏။ ၁၀မီတာ၊ ၂၀မီတာ၊ မီတာ ၁၀၀၊ မီတာ၂၀၀၊ မီတာ ၁၀၀၀၊ မီတာ ၅၀၀၀
ပင်လယ်ရေဆက်ခဲနေ၏။
လုကျိုးက ရေခဲပေါ်လျှောက်ကာ သားရဲဘုရင်လေးကောင်သာ ကျန်ရစ်တော့သည်။ သူ ရှေ့သို့သွားစဉ် ရေခဲက သူ့ဆီ ပြန့်နှံ့လာ၏။
ထိုစဉ် ကျွတ်
ခဲနေသည့် သားရဲဘုရင်တို့သည် ရုတ်တရက်အစိတ်အစိတ်အမွှာမွှာကွဲထွက်သွားပြီး ပင်လယ်ရေ၏ မျက်နှာပြင်ပေါ် ကျသွား၏။ ဤအတိုင်းပင် အားလုံးသေသွားတော့သည်။
“…”
...
အခန်း (၁၃၈၀) မဟာဆရာသခင်ဆိုတာ ဘာလဲ
အားလုံးက ချင်နိုင်ဟယ်သည် မိစ္ဆာဝေဟင်မျှော်နန်းမှ လွတ်လပ်သူဖြစ်ပြီး မွေးဖွားဇယားချပ် ၁၆ခု ရှိကြောင်း ကြားထားကြသည်။ သူတို့က သားရဲဧကရာဇ်ဖြစ်သည့် လုဝူသည် သူ့ရှိ ရေခဲစည်းပိတ်ရေးစွမ်းရည်ကို အသုံးပြုပြီး အစိမ်းရောင်ကြာနယ်မြေမှ ကျူးကျော်သူများကို တားဆီးခဲ့သည့် ဒဏ္ဍာရီဇာတ်ကြောင်းကိုပင် ကြားခဲ့ရ၏။ သို့သော်လည်း သူတို့က ထိုကိစ္စများကို ကြားဖူးရုံမျှသာ ဖြစ်ပြီး တစ်ခါမှ မကြုံဖူးကြပေ။
ဖန်းလိုင်ကျွန်းတွင် ရှိနေသည့် လူအားလုံးက မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်သည် အင်မတန် အားကောင်းကြောင်း သိထားကြ၏။ သူတို့က အားကောင်းလွန်းသည့်အတွက် သူတို့က မော့ကြည့်ရုံသာ တတ်နိုင်လေသည်။ သူက လက်တစ်ဖက်တည်းဖြင့် ကျွန်းကို ပင့်တင်ခဲ့သည့် အချက်ကပင် ဖန်းလိုင်ဂိုဏ်း၌ ဒဏ္ဍာရီလာ ဖြစ်လာခဲ့သည်။
ရွှေကြာနယ်မြေ၌ အပြောင်းအလဲများကြောင့် သူတို့၏ အမြင်ကျယ်လာခဲ့သည်။ တာ့ယန်၏ နတ်ဘုရားဟု သိသည့်သူက အင်မတန် အားကောင်းကြောင်း သိထားကြသော်လည်း ယနေ့သူ့စွမ်းအားကို သရုပ်ပြခြင်းက အားလုံး၏ လောကအမြင်ကို အသစ်ဖြစ်စေခဲ့သည်။ သူ့စွမ်းအားက သူတို့စိတ်ကူးထားတာထက်ပင် ကျော်လွန်နေလေ၏။
သားရဲဘုရင် လေးကောင်က အလွယ်တကူ တောင့်ခဲသွားကာ မျက်စိတစ်မှိတ်အတွင်း အစိတ်စိတ်အမြွာမြွာ ကြေမွသွားလေသည်။ သူတို့၏ အသက်ဓာတ်နှလုံးသားများက ရေခဲအပေါ် ကျလာသည့်အခါ ကျင့်ကြံသူများက မနေနိုင်ဘဲ လောင်မြိုက်နေသည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ သို့သော် မည်သူကမှ သွားမယူရဲကြပေ။ သူတို့၏ အသက်က ထိုအသက်ဓာတ်နှလုံးသားများထက် ပိုပြီး တန်ဖိုးတန်လေ၏။
လုကျိုးက သူ သတ်လိုက်သည့် သားရဲဘုရင်များကိုပင် လှည့်မကြည့်ပေ။ သူက အေးအေးလူလူ အမူအရာဖြင့် အေးခဲနေသည့် ပင်လယ်ရေမျက်နှာပြင်အထက် ဆက်လက် လျှောက်လှမ်းသွားသည်။ စိတ်ထဲ၌မူ သူက သားရဲဘုရင် တစ်ကောင်ချင်းစီအတွက် ကုသိုလ်ရမှတ်တစ်ထောင်စီသာ ရရှိသည့်အတွက် အတော်လေး စိတ်ပျက်နေမိ၏။ သို့သော်လည်း ဤသည်က သူ့မှန်းဆချက်အတွင်း ရှိလေသည်။ မဟာဆရာသခင် တစ်ယောက် ဖြစ်လာပြီးသည့်နောက်တွင် ဆုလာဘ်များ၌ အပြောင်းအလဲ မရှိသေးပေ။
ရေခဲက သလင်းကျောက်လိုမျိုး ကြည်လင်နေလေ၏။ ရေခဲမှတဆင့် ပင်လယ်မျက်နှာပြင်အောက် အရိပ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
အရိပ်က ရှေ့နောက်ကူးခတ်နေပြီး သူ ဘာလုပ်နေမှန်း မည်သူကမှ မသိကြပေ။
လုကျိုး လှမ်းလာသည့် ခြေလှမ်းဆယ်လှမ်း၌ ထိုအရာက ရှေ့တိုးနောက်ဆုတ် လုပ်နေလေ၏။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကလည်း လုကျိုးနောက်မှ လိုက်ပါလာကြသည်။
ဖန်းလိုင်ကျွန်းမှ လူများကမူ အနည်းငယ် ထိတ်လန့်နေကြ၏။
ထိုအရာကို မြင်ကာ ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့။ မိစ္ဆာဝေဟင်မျှော်နန်းက ရောက်လာပြီဆိုတော့ မင်းတို့ ဘေးကင်းပါပြီ”
ဖန်းလိုင်ကျွန်း၏ တပည့်များက ယွီကျန့်ဟိုင်၏ စကားကို ကြားပြီးသည့်နောက်တွင် စိတ်အေးသွားကြလေ၏။ တကယ်တော့ သူတို့က လုကျိုး၏ ထိုဧရာမသားရဲကြီးကို မည်သို့သတ်မလဲ မြင်တွေ့လိုကြသည်။
အရိပ်က ခုန်တက်လာမည့် အရိပ်အယောင်မရှိသေးသည့်အတွက် လုကျိုးက ဆက်လက် လျှောက်လှမ်းသွား၏။
အားလုံးက စိတ်ရှုပ်ထွေးစွာ ကြည့်နေစဉ် လုကျိုးက ရုတ်ချည်း ရပ်တန့်လိုက်လေသည်။
ဝုန်း
ရေခဲအောက်မှ ဆူဆူညံညံအသံများ ထွက်ပေါ်လာလေ၏။ သို့သော်လည်း ရေခဲမျက်နှာပြင်အထက် အန္တိမသဟဇာတများ ပေါ်ထွက်လာဖို့ သိပ်မကြာလိုက်ပေ။
ထို့နောက် လုကျိုးနှင့် မီတာတစ်ရာအကွာတွင် ပေသုံးဆယ်ရှည်လျားသည့် ရေယပ်တောင်က ရေမျက်နှာပြင်ကို ထိုးဖောက်ပြီး လုကျိုးဆီ အံ့မခန်းအရှိန်ဖြင့် ပျံသန်းလာသည်။
လုကျိုးက ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး ထိုပေ၃၀ရှည်လျားသည့် ရေယပ်တောင်က သူ့အား ဆံချည်တစ်မျှင်စာအကွာမှ ဖြတ်သန်းသွားလေသည်။ ထိုရေယပ်တောင်ကို အလွယ်တကူ ရှောင်ရှားပြီးသည့်နောက်တွင် သူက လက်ကို အောက်ဘက် ဆန့်ထုတ်လိုက်၏။
ရွှေရောင်လက်ဝါးစည်းတံဆိပ်က ပင်လယ်ထဲ ကျဆင်းလာပြီး ရေခဲပြင်၌ အပေါက်ကြီး ချန်ထားခဲ့သည်။ အနက်ရောင်ပင်လယ်ပြင်၌ အလင်းပေးနေသည့် မီးလုံးသဖွယ် ဖြစ်နေလေ၏။
………..
ပင်လယ်ထဲမှ အော်သံထွက်ပေါ်လာသည်။
လူများ ဘေးကင်းဖို့ရာအတွက် ယွီကျန့်ဟိုင်က ပြောလိုက်၏။
“ကောင်းကင်အထက် ခပ်မြင့်မြင့် ပျံသန်းကြ”
“တာ့ရှစ်ရှိုး သူတို့က အဲ့လောက်ခပ်မြင့်မြင့် ပျံသန်းလို့မရဘူး” ရှောင်ယွမ်အာက ဖန်းလိုင်ဂိုဏ်းမှ တပည့်များကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ သူမက နတ်ခြင်္သေ့ကို စီးနေသည့်အတွက် ဘာမှမလိုအပ်ပေ။
ယွီကျန့်ဟိုင် ဖန်းလိုင်ဂိုဏ်းမှ တပည့်များကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူ့ခြေထောက်အောက် ရွှေရောင်ကြာပွင့်တစ်ခု ပွင့်ထွက်လာကာ အရွယ်အစား ကြီးမားလှပြီး အားလုံးကို သယ်ဆောင်ပြီး လေထဲ ဖြည်းဖြည်းချင်း ပျံသန်းသွားလိုက်သည်။
တပည့်များက ယွီကျန့်ဟိုင်၏ မွေးဖွားဇယားချပ်ကို ကြည့်နေရင်း အမှန်တကယ် အံ့အားသင့်ကာ စိတ်လှုပ်ရှားနေကြ၏။
သာမန်အခြေအနေအောက်တွင် ကျင့်ကြံသူများက သူတို့၏ မွေးဖွားနန်းဆောင်ကို အလွယ်တကူ ထုတ်ဖော်ပြသခြင်း မရှိပေ။ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူများကို သတ်ပစ်ဖို့ အမြန်ဆန်ဆုံးနည်းလမ်းက သူတို့၏ မွေးဖွားနန်းဆောင်ကို ဖျက်ဆီးပစ်ခြင်း ဖြစ်၏။
တကယ်တော့ ယွီကျန့်ဟိုင်က အကြောင်းအရင်းနှစ်ခုကြောင့် များများစားစား မတွေးဘဲ သူ့ကြာပွင့်ကို ထုတ်ဖော်လာခြင်း ဖြစ်၏။ သူက လက်ရှိတွင် ရှိသည့်သူများအပေါ် ယုံကြည်မှု ရှိ၏။ ဒုတိယတစ်ခုကမူ သူ၏ အကြောက်တရားကင်းမဲ့မှုနှင့် ယုံကြည်ချက်ကြောင့် ဖြစ်ပေသည်။ သူက သူ့ယုံကြည်မှုက စိတ်လှုပ်ရှားဖို့ကောင်းပြီး သူ့အကြောက်တရားကင်းမဲ့က လေးစားဖို့ကောင်းလှသည်။
ရွှေရောင်ကြာပွင့်က အားလုံးကို ခပ်မြင့်မြင့်အနေအထားသို့ ခေါ်ဆောင်သွားပြီးသည့်နောက်တွင် သူတို့က ငုံ့ကြည့်လိုက်ကြသည့်အခါ လုကျိုးက ပုရွက်ဆိတ်လောက် သေးငယ်သွားလေသည်။
သေချာသည့် အနေအထားတစ်ခုသို့ ရောက်ရှိသွားပြီးသည့်နောက်တွင် ကြာပွင့်က ရပ်တန့်သွားလေ၏။
ဝုန်း
လုကျိုး၏ လက်ဝါးစည်းတံဆိပ်က ပင်လယ်ထဲမှ ဧရာမသားရဲကြီးကို ဒေါသထွက်စေဟန်ပေါ်သည်။
ခပ်မြင့်မြင့်နေရာမှကြည့်လျှင် သားရဲကြီးက အင်မတန် ကြီးမားနေဆဲသာ ဖြစ်၏။
အမျိုးသမီးဟွမ်က ငုံ့ကြည့်ကာ မေးလိုက်သည်။
“ကျိချန်းပေ့က ကိုင်တွယ်နိုင်ပါ့မလား”
ချင်နိုင်ဟယ်က ပြောလိုက်သည်။
“တကယ်လို့ မျှော်နန်းသခင်က လုပ်နိုင်မှာ မဟုတ်ဘူးဆိုရင် ဘယ်သူကမှ လုပ်နိုင်မှာ မဟုတ်ဘူး”
ချင်နိုင်ဟယ်၏ စကားများက ယုံကြည်ချက်ဖြင့် ပြည့်နှက်နေပြီး ဖန်းလိုင်ဂိုဏ်းမှ တပည့်များ၏ ယုံကြည်မှုကို မြှင့်တင်ပေးလိုက်သည်။
အမျိုးသမီးဟွမ်က ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကျိချန်းပေ့ရဲ့ ကျင့်ကြံဆင့်က ဒီလိုထူးကဲတဲ့ အနေအထားအဆင့်ထိ ရောက်ရှိသွားပြီကိုး”
ချင်နိုင်ဟယ်က ပြောလိုက်သည်။
“ဆရာသခင်တွေက နယ်ပယ်တစ်ခုလုံးကိုတောင် ခြေမွှပစ်နိုင်တယ်လေ။ မဟာဆရာသခင်ဆိုရင် ပြောဖို့တောင် မလိုတော့ဘူး”
“မဟာဆရာသခင်လား”
ဖန်းလိုင်ဂိုဏ်းမှ တပည့်များကလည်း အံ့အားသင့်သွားကြ၏။
ချင်နိုင်ဟယ်က မေးလိုက်သည်။
“ဒါနဲ့ မျှော်နန်းသခင်လုကို ဘာလို့ ကျိချန်းပေ့လို့ ခေါ်နေတာလဲ”
ချင်နိုင်ဟယ်က လုကျိုးအား ကျိချန်းပေ့ဟု ဆက်တိုက် ခေါ်ဆိုသည့်သူများကို ဆက်တိုက် ပြောဆိုနေရင်း စိတ်ရှုပ်ထွေးလာမိသည်။
ယွီကျန့်ဟိုင်က ရှင်းပြလိုက်သည်။
“ရွှေကြာနယ်မြေက အားနည်းတယ်လေ။ အဲဒါကြောင့် မိစ္ဆာဝေဟင်မျှော်နန်းက အနီရောင်ကြာနယ်မြေ ရောက်တုန်း မလိုလားအပ်တဲ့ အာရုံစူးစိုက်မှုတွေကို ရှောင်ရှားဖို့ ရှစ်စွင်းက မျိုးရိုးကို လုအဖြစ် ပြောင်းလဲခဲ့တာ”
“အော် ကျုပ်သိပြီ” ချင်နိုင်ဟယ်က ခေါင်းညိတ်လိုက်သည်။ လုကျိုး၏ တကယ့်မျိုးရိုးက ကျိ ဖြစ်ကြောင်း တွေးလိုက်သည်။
တခြားတစ်ဖက်တွင် လုလီက ခေါင်းအသာယမ်းလိုက်၏။ သို့သော် သူက လုမျိုးနွယ်၏ ဘိုးဘေးဇစ်မြစ်အကြောင်း သိလေသည်။
သူ့အနေနှင့် လုကျိုး၏ ဇာစ်မြစ်ဖုံးကွယ်ရေး နည်းလမ်းသည် အင်မတန် ပြောင်မြောက်ကြောင်း တွေးမိသွားလေ၏။ ယခု အားလုံးက သူ့မျိုးရိုးသည် ကျိ ဖြစ်ကြောင်း တွေးမိနေကြသည်။ ဂျင်းက သက်တမ်းရင့်လာလေလေ ပိုမိုစပ်လာလေလေဟူသော စကားရှိသည် မဟုတ်ပါလော။
သူသည်လည်း အသက်ကြီးသွားသည်နှင့် ဉာဏ်ပညာပိုမိုကြီးမားလာလေလေ ဖြစ်၏။ လုကျိုးက ဘေးပတ်လည်ကို ကြည့်လိုက်သည်။
ဝုန်း
ရေခဲပေါ်၌ အက်ကြောင်းများ စတင်ပေါ်ထွက်လာသည်။
လုကျိုးက သားရဲဘုရင်များ၏ အကြွင်းအကျန်များကို ကြည့်လိုက်သည်။ သူက လက်ဝှေ့ပြီးသည့်နောက်တွင် စွမ်းအင်ဓားများစွာ ထုတ်ဖော်ပြီး ကျန်ရှိနေသည့် အရာများကို အပိုင်းပိုင်းအစစ ခုတ်ချလိုက်သည်။ ထို့နောက် သူတို့၏ အသက်ဓာတ်နှလုံးသားက လေထဲ ပျံသန်းလာလေ၏။
“သူတို့ကို ကောင်းကောင်း သိမ်းထား”
“ဟုတ်ကဲ့ ရှစ်စွင်း”
အားလုံးက အသက်ဓာတ်နှလုံးသားကို မြင်သည့်အခါ သွားရည်ကျလာကြ၏။ ထိုအရာအပြင် သူတို့က ဆရာသခင်များအတွက် အသက်ဓာတ်နှလုံးသားကို သိမ်းပိုက်ဖို့က အင်မတန် လွယ်ကူလှကြောင်း တွေးမိသွားသည်။
ဝုန်း
ထိုစဉ် ဧရာမအရစ်ကြီးက ရေခဲပြင်ကို ထပ်မံ ဝင်တိုက်လာပြီး ရေခဲပြင်ကို ချိုးဖောက်လိုက်သည်။
လုကျိုးက ခြေဖျား အသာထောက်ပြီး လေထဲကို ပျံလွှားသဖွယ် ပေါ့ပါးစွာ ပျံသန်းလိုက်သည်။
ထို့နောက် ဧရာမသားရဲကြီးက ကောင်းကင်အထက် မြင့်တက်လာလေ၏။
အားလုံးက တအံ့တဩ ရေရွတ်လိုက်ကြသည်။ ခဏအကြာတွင် သူတို့က ပင်လယ်၏ စွမ်းပကားကို လေးစားသွားကြ၏။ အကယ်၍ သူတို့သာ စောစောလေးက ဒီလောက်ထိ မြင့်တက်မလာပါက သူတို့သည် ဒုက္ခရောက်သွားနိုင်သည်။
သူက လေထဲ ဝေ့ပျံနေရင်း အပြာရင့်ရင့် ကြေးခွံရှိသည့် ပင်လယ်သားရဲနှစ်ကောင်ကလည်း ခုန်ထွက်လာသည်။
ထိုပင်လယ်သားရဲများက သန္ဓေပြောင်း ငါးရှဉ့်နှင့် တူလေ၏။
“ဒါက ငါးရှဉ့်ဘုရင်တွေပဲ” ခုံဟွမ်က ပြောလိုက်သည်။
သန္ဓေပြောင်းငါးရှဉ့်များက လျှပ်စစ်ဓာတ်ကို ထုတ်လုပ်နိုင်ရုံသာမကဘဲ သူတို့က ထက်ရှသည့် သွားနှင့် အချွန်အတက်များကို ပိုင်ဆိုင်ထားလေသည်။ သူတို့က အစွယ်ကို ဖြဲကာ လုကျိုးဆီ ခုန်အုပ်လာလေ၏။
လုကျိုးက မျက်မှောင်အသာကြုတ်ပြီး လက်ကို ဆန့်ထုတ်လိုက်သည်။
“ပြစ်ချက်ရှိ ပြီးပြည့်စုံခြင်း”
လက်ဝါးစည်းတံဆိပ်နှစ်ခုက ရုတ်ချည်းဆိုသလို ထွက်ပေါ်လာကာ ငါးရှဉ့်ဘုရင် နှစ်ကောင်ကို ဝင်တိုးသွားလေ၏။
ဝုန်း
သွေးနှင့် အသားတို့က တစ်စစီ ကြေမွသွားလေသည်။
“တီ ငါးရှဉ့်ဘုရင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ်တစ်ထောင် ရရှိပါတယ်”
“တီ ငါးရှဉ့်ဘုရင်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ်တစ်ထောင် ရရှိပါတယ်”
လုကျိုးက လက်ကို ဝှေ့ယမ်းလိုက်သည့်အချိန် အသက်ဓာတ်နှလုံးသားတစ်ခုက ကောင်းကင်အထက် ပျံသန်းသွားလေသည်။
အားလုံးက ကြောင်အမ်းသွားကြ၏။ ပြောရမည်ဆိုလျှင် မဟာဆရာသခင်တစ်ယောက်ရှေ့တွင် သားရဲဘုရင်ကပင် သာမန်ခက်ထန်သားရဲနှင့် မကွဲပြားပေ။
ဝှစ်
လှိုင်းလုံးများက ကောင်းကင်အထက် ဆက်လက်မြင့်တက်လာပြီး ဧရာမသားရဲကြီးက ကောင်းကင်အထက် ပင်လယ်ထဲ မြင့်တက်လာသည်။
ယွီကျန့်ဟိုင်က ခပ်မြင့်မြင့် ပျံသန်းလိုက်၏။
လုကျိုးက နောက်မဆုတ်ပေ။ ထိုအစား သူက ရှေ့တိုးလိုက်သည်။ သူက အောက်ကိုငုံ့ကာ ပြောလိုက်၏။
“သားရဲ ဒီနေ့ မင်းအသက်ကို ယူမယ်”
လုကျိုးက အံ့ဖွယ်စွမ်းအားဖြင့် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။ အံ့ဖွယ်စွမ်းအားက သူ့ဝတ်ရုံအထက် လျှပ်စီးများသဖွယ် တောက်ပလာလေ၏။
ဝူး
ဝေလငါးနှင့်တူသည့် သားရဲကြီးက အန္တရာယ်ကို ခံစားမိသည့်အလား အမြီးကို ကြမ်းတမ်းစွာ ယမ်းလာလေသည်။
ဝုန်း
လှိုင်းလုံးများက စတင်၍ ပိုမိုမြင့်မားလာ၏။
ဘန်း ဘန်း ဘန်း
စွမ်းအင်ဓားများနှင့် ယှဉ်နိုင်သည့် ရေစက်များက လှိုင်းလုံးများထွက်ပေါ်လာကာ ယွီကျန့်ဟိုင်၏ ကြာပွင့်အောက်ခြေဆီ ကျရောက်လာသည်။
ဝှစ်
ယွီရှန်းရုန်က ပျံသန်းပြီး အသက်ရှည်ဓားကို ထုတ်ဖော်လိုက်၏။ စွမ်းအင်ဓား ၈သန်းနီးပါးက ပေါ်ထွက်လာကာ စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်လာသည်။ ထို့နောက် အားလုံးရှေ့တွင် လည်ပတ်လာပြီး လှိုင်းလုံးများကို တားဆီးထားသည်။
ဖန်းလိုင်ဂိုဏ်းများ တပည့်များ “…”
မိစ္ဆာဝေဟင်မျှော်နန်းက အမှန်တကယ် အားအကောင်းဆုံး တပ်ကူဖြစ်၏။ တိုက်ပွဲက စတင်ကာစမျှဖြစ်သော်လည်း သူတို့က လွှမ်းမိုးထားနိုင်ခဲ့သည်။
ဝေလငါးနှင့်တူသည့် သားရဲကြီးက အမြီးကို ယမ်းခါရင်း နေရာ ထိန်းညှိလိုက်သည်။
ဝှစ်
ရေတိုင်လုံးက ဝေလငါးသားရဲ၏ ခေါင်းအထက်မှ လုကျိုးဆီ ထွက်ပေါ်လာလေ၏။
သူက မရှောင်ရှားခဲ့ပေ။ ထိုအစား သူက လက်ဝါးစည်းတံဆိပ်ကို ထုတ်ဖော်ပြီး ရေတိုင်လုံးကို တားဆီးလိုက်သည်။
ဘန်း
ရေတိုင်လုံးက လက်ဝါးစည်းတံဆိပ်အပေါ် အထိအခိုက်မရှိ ကျရောက်လာလေ၏။
လုကျိုးက လက်ဝါးချက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးစည်းတံဆိပ်၏ အရွယ်အစားအား အဆများစွာ တိုးချဲ့လိုက်သည်။
ဝှစ်
လုကျိုးက ပင်လယ်ထဲ ဆက်လက် တွန်းပို့လိုက်၏။ အမှောင်ထုနှင့် အေးစက်နေသည့် ပင်လယ်ရေက အဖက်ဖက်မှ သူ့အာရုံခံမှုအား အနှောင့်အယှက် ပေးနေသည်။ ငရဲဝံပုလွဘုရင်၏ ညအမြင်ကြောင့် ပင်လယ်ပြင်၏ အမှောင်ထုက သူ့အား အဟန့်အတား မဖြစ်စေပေ။ အချိန်အတော်ကြာ ဆင်းသက်ပြီးသည့်နောက်တွင် သူက မှောင်မဲနေသည့် ဝေလငါးနှင့် တူသော ခက်ထန်သားရဲကို မြင်လိုက်ရသည်။
“သေလိုက်တော့”
အံ့ဖွယ်စွမ်းအား ထည့်သွင်းထားသည့် လက်ဝါးစည်းတံဆိပ်က ဝေလငါးနှင့်တူသည့် သားရဲထံ ကျရောက်လာသည်။
ဝူး
မိုးခြိမ်းလုမတတ် အော်သံကြီး ထွက်ပေါ်လာကာ ပင်လယ်ပြင်ကို လှုပ်ခတ်သွားနေပြီး ဆူနာမီ ဖြစ်ပေါ်လာစေသည်။ ပင်လယ်နှင့် ကုန်းမြေက တစ်ပြိုင်နက် လှုပ်ခတ်သွားလေ၏။
ထိုဖရိုဖရဲဆန်မှုက လုကျိုးအပေါ် သက်ရောက်မှု မရှိပေ။ သူက ပင်လယ်အထက် မြောလွင့်နေရင်း ဧရာမသားရဲကြီးကို ကြည့်လိုက်သည်။ သူ့လက်ရှိကျင့်ကြံဆင့်ဖြင့် သူက အအေးဓာတ်ကို ခံနိုင်ရည်ရှိပြီး အသက်ရှူဖို့ရာ မလိုအပ်ပေ။
ပင်လယ်ရေက ဆက်တိုက်ရုန်းရင်းဆန်ခတ် ထွက်ပေါ်နေပြီး လှိုင်းထနေလေသည်။
လုကျိုးက ဝေလငါးနှင့် တူသော ခက်ထန်သားရဲကြီးက ပင်လယ်ရေမျက်နှာပြင်အောက် အနက်ပိုင်းထဲ ဆင်းသက်သွားသည်ကို မြင်သည့်အခါ အမြင်စွမ်းအားနှင့် အကြားစွမ်းအားကို ထုတ်ဖော်လိုက်သည်။
ထို့နောက် သူက ဝေလငါးနှင့် တူသည့် ခက်ထန်သားရဲကို သေချာမြင်လိုက်ရသည်။ သူက ဤနေရာရှိ ခက်ထန်သားရဲများကို ကမ္ဘာအနှံ့မှ သာမန်ယေဘုယျအခြေအနေဖြင့် အကဲဖြတ်၍ မရနိုင်ကြောင်း တွေးထားလေ၏။
ဝေလငါးနှင့်တူသည့် ခက်ထန်သားရဲက ပေတစ်သောင်းကျော် ကြီးမားပေသည်။
ထိုအရာအပြင် သူက ဝေလငါးနှင့်တူသည့် ခက်ထန်သားရဲအနားတွင် ကူးခတ်နေသော သားရဲဘုရင်များစွာကို မြင်တွေ့လိုက်ရသည်။ ထို့အပြင် ထိုအရာဆီ ပြေးလွှားလာနေသည့် သားရဲဘုရင်များစွာပင် ရှိနေသေး၏။
ပင်လယ်သားရဲများက ပင်လယ်တွင် ရှိသမျှ အရာအားလုံးကို အုပ်စိုးထားလေ၏။ သူတို့က ပင်လယ်နှင့် လူသားများကို မြင်သည့်အခါ အကြည့်များ တောက်ပလာပြီး ကမ္ဘာပေါ်တွင် အရသာအရှိဆုံး အစားအစာကို မြင်လိုက်ရသလိုမျိုး ရူးသွပ်သွားကြသည်။
သားရဲဧကရာဇ်နှင့် သားရဲဘုရင်၏ လွှမ်းမိုးမှုအောက်တွင် ပင်လယ်သားရဲများစွာက ကူးခတ်လာကြသည်။
သူက ဝေလငါးနှင့်တူသည့် ခက်ထန်သားရဲကို ကြည့်နေရင်း တွေးလိုက်သည်။
အခု ထွက်သွားဖို့တော့ နောက်ကျသွားပြီ…
လုကျိုးက လျှပ်စီးအလား ရွေ့လျားကာ ပင်လယ်ထဲ ငုံ့ဆင်းသွားသည်။
ဝေလငါးနှင့် တူသော ခက်ထန်သားရဲက ထိုအရာကို မြင်သည့်အခါ ဒေါသထွက်လာမိသည်။
ထိုအရာက လုကျိုးသည်လည်း ပင်လယ်အောက်တွင် ရှိကြောင်း အာရုံခံမိဟန်ပေါ်သည်။
ပင်လယ်သားရဲများက အဖက်ဖက်မှ ဆက်လက် ကူးခတ်နေကြ၏။
လုကျိုးက ဝေလငါးနှင့်တူသော ခက်ထန်သားရဲ၏ ခန္ဓာကိုယ်ဆီ စည်းတံဆိပ်မြောက်များစွာကို ထုတ်လွှတ်လိုက်သည်။
ဘန်း ဘန်း ဘန်း
ထိပ်တိုက်တွေ့ဆုံသံများက ပင်လယ်ထဲမှ ဖြစ်နေသော်လည်း ထိပ်တိုက်တွေ့ဆုံသံများက မိုးခြိမ်းလုမတတ် ထွက်ပေါ်လာသည်။
လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လာ၏။
ပင်လယ်ထဲမှ ဧရာမရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခုက ကောင်းကင်ယံအထိ ထွက်ပေါ်လာသည်။
ပင်လယ်သားရဲများက ထိုရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကြောင့် လွင့်စဉ်သွားကြ၏။
ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ပင်လယ်မှ ထွက်ပေါ်လာသည့်အခါ အောက်ခြေတွင်ရှိသည့် ကြာပွင့်က ကြမ်းတမ်းစွာ စတင်လည်ပတ်လာပြီး ကံကြမ္မာမီးတောက် ထုတ်လွှတ်လာသည်။ ထို့နောက် မီးတောက်ကြာပွင့်များက ရှေ့နောက်ပြေးလွှားနေ၏။
ဤသည်က မီးတောက်ရွှေကြာ ဖြစ်ပေသည်။ လုကျိုး၏ ပထမမွေးဖွားစမ်းသပ်ချက် စွမ်းရည်လည်း ဖြစ်၏။
မီးတောက်ကြာပွင့်က ပင်လယ်သားရဲများ၏ အသက်ကို အလျင်အမြန် ဇိဝိန်ခြွေနေသည်။ သေငယ်းသည့် ပင်လယ်သားရဲများဖြစ်စေ၊ သာမန်ပင်လယ်သားရဲများဖြစ်စေ သို့မဟုတ် သားရဲဘုရင်များဖြစ်စေ သူတို့က ကြာပွင့်ကြောင့် လောင်ကျွမ်းသွားရသည်။
ပင်လယ်က ယခုအခိုက်အတန့်တွင် မီးပင်လယ် ဖြစ်သွားလေ၏။
ထိုစဉ် သူ့စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ရှေ့နောက်ပျံသန်းပြီး မျက်စိတစ်မှိတ်အတွင်း မီတာထောင်ချီကို ထွက်လာသည်။
“ထွက်ပြေးဖို့ နောက်ကျသွားပြီ”
ယွီကျန့်ဟိုင်က အားတက်သရော အော်ပြောလိုက်သည်။
“ရှစ်စွင်း လုပ်ထား”
ထိုအခါ ခုံဝမ်က အောက်ကို လက်ညှိုထိုးကာ ပြန်ပြောလိုက်၏။
“ကြည့်လိုက်ဦး အသက်ဓာတ်နှလုံးသားတွေ”
ပင်လယ်သားရဲများ၏ အလောင်းများကြားတွင် အသက်ဓာတ်နှလုံးသားများစွာ ရှိနေလေ၏။
“မစိုးရိမ်နဲ့။ နောက်ပိုင်းကျရင် အရည်အချင်းပြဖို့ အခွင့်အရေး ရလာလိမ့်မယ်” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ကောင်းပါပြီ” ခုံဝမ်က ပြောလိုက်၏။
ထိုစဉ် ယွီရှန်းရုန်က သူ့စွမ်းအင်ဓားများကို ရုတ်သိမ်းပြီး ရှေ့တိုးလိုက်သည်။ အကယ်၍ သူသာ ဤပြပွဲကို လွတ်သွားပါက နှမြောဖို့ကောင်းလှပေမည်။
ဝေလငါးနှင့်တူသည့် ခက်ထန်သားရဲက အင်မတန် ကြီးမားလွန်းပြီး သူတို့ကို ခါထုတ်ဖို့ မလုံလောက်ပေ။
လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်များကို ထုတ်ဖော်ထားရင်း လက်ဝါးစည်းတံဆိပ်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်နေလေ၏။
ဝေလငါးနှင့်တူသော သားရဲက မည်သို့ပင်လုပ်စေကာမူ လုကျိုး၏ လက်မှ မလွတ်မြောက်နိုင်ပေ။
“သူက ကြောက်နေပြီ”
“သူက တကယ် ကြောက်နေတာလား”
အားလုံးက ထိုအရာကို မြင်သည့်အခါ စိတ်သက်သာရာရသွားကြလေသည်။
လုကျိုးက ဝေလငါးနှင့်တူသော ခန္ဓာသားရဲနောက်မှ ကြိုးစားပမ်းစား လိုက်ဖမ်းနေလေ၏။ သူက မိုင်တစ်ရာခန့်မျှ လိုက်ဖမ်းခဲ့ရပြီး ယခု ကျယ်ပြောလှသည့် ပင်လယ်ပြင်ထဲ ရောက်ရှိလာလေ၏။
ထိုစဉ် ချင်နိုင်ဟယ်က လုကျိုးထံ အသံပို့ဆောင်ကာ ပြောလိုက်သည်။
“မျှော်နန်းသခင် သတိထားဦး။ သူက ပင်လယ်နက်ထဲမှာ နေတာ ဖြစ်နိုင်တယ်။ ပင်လယ်နက်ထဲမှာဆိုရင် အားကောင်းတဲ့ သားရဲတွေအများကြီး ရှိတယ်”
“ကောင်းပြီ။ ငါ ဘယ်လိုလုပ်ရမလဲဆိုတာကို သိပါတယ်”
တခြားသူများက လုကျိုးနောက်မှ လိုက်ပါလာစဉ် အကွာအဝေးကို ထိန်းထားဖို့ ကြိုးစားနေကြသည်။ အဝေးမှကြည့်လျှင် ရွှေရောင်ရုပ်ထုကြီးက ပင်လယ်ပြင်ကို ခွဲထွက်နေသလိုမျိုး ဖြစ်နေလေ၏။
နောက်ထပ် ဧရာမလှိုင်းလုံးကြီးက ကောင်းကင်အထက် မြင့်တက်လာသည်။
ဝေလငါးနှင့် ခက်ထန်သားရဲကြီးက လုကျိုး၏ အဆုံးမဲ့တိုက်ခိုက်မှုကို သည်းမခံနိုင်တော့ပေ။ ထိုအရာက လှည့်ကာ လှိုင်းလုံးများကို ဖန်တီးပြီး ပင်လယ်ပြင်ထဲမှ ခုန်ထွက်လာလေ၏။
ဖန်းလိုင်ဂိုဏ်းမှ တပည့်များအတွက်မူ ထိုအရာက သူတို့အတွက် သားရဲဧကရာဇ်ကို မြင်တွေ့ဖူးသည့် ပထမဦးဆုံးအကြိမ် ဖြစ်ပေသည်။
ခန္ဓာကိုယ်က ကောင်းကင်ကို ဖုံးလွှမ်းလောက်အောင် ကြီးမားပြီး ရေများက ရေမြားအဖြစ် ပြောင်းလဲသွားကာ မိစ္ဆာဝေဟင်မျှော်နန်းနှင့် ဖန်းလိုင်ဂိုဏ်းမှ တပည့်များနှင့် ကျရောက်လာလေ၏။
ယွီကျန့်ဟိုင်က တခြားသူများနှင့်အတူ အလျင်အမြန် နောက်ဆုတ်လိုက်သည်။
လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းပြီး ကောင်းကင်အထက် ခပ်မြင့်မြင့် ပျံသန်းလိုက်ပြီး ဝေလငါးနှင့်တူသည့် ခက်ထန်သားရဲနှင့် ထိပ်တိုက်တွေ့ဆုံလိုက်သည်။
ဧရာမကြယ်တာရာဒိုင်ခွက်ကြီးက ကောင်းကင်အထက် ပေါ်ထွက်လာလေ၏။ မွေးဖွားဇယားချပ်အားလုံးက တစ်ပြိုင်နက် တောက်ပကာ ပြိုင်ဘက်ကင်း တောက်ပမှုဖြင့် ပေါက်ကွဲထွက်သွားသည်။ မွေးဖွားဇယားချပ်၏ စွမ်းအားက တစ်ပြိုင်နက် ထွက်ပေါ်လာလေ၏။
ဝုန်း
အလင်းတိုင်လုံးက ဝေလငါးနှင့်တူသော ခက်ထန်သားရဲဆီ ကျရောက်လာသည့်အခါ တုန်လှုပ်ဖွယ် သွေးသံရဲရဲအပေါက်ကြီး ချန်ထားခဲ့သည်။
တစ်ချိန်တည်းဆိုသလို လုကျိုး၏ ကြယ်တာရာဒိုင်ခွက်က ရေမြားများကို အောင်အောင်မြင်မြင် တားဆီးလိုက်နိုင်၏။
သူ့လှုပ်ရှားမှုတိုင်
းက ချောမောပြေပြစ်လှသည်။
လုကျိုးက အားလုံး၏ အမြင်တွင် ရူးသွပ်ဟန်ပေါ်စေသည့် တစ်စုံတစ်ခုကို ပြုလုပ်လိုက်သည်။ သူက ကြယ်တာရာဒိုင်ခွက်ကို သိမ်းဆည်းလိုက်လေ၏။ ထို့နောက် သူက ထိုဧရာမဝေလငါးနှင့်တူသည့် ခက်ထန်သားရဲ၏ ခေါင်းအထက် ပေါ်ထွက်လာသည်။
“အမည်မဲ့”
လုကျိုးက အမည်မဲ့ထဲ သူ့အံ့ဖွယ်စွမ်းအားကို ထည့်သွင်းပြီး ဓားကို ပြောင်းလဲလိုက်သည်။
ဤသို့ဖြင့် စွမ်းအင်ဓားများက ရှေ့နောက်ပျံသန်းနေပြီး ဝေလငါးနှင့် တူသည့် ခက်ထန်သားရဲကို ထိုးဖောက်သွားကြလေသည်။
“စိတ်ဝိညာဉ်သဏ္ဌာန်”
မြင့်မားလှသည့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန် ပေါ်ထွက်လာသည့်အခါ ထိုအရာက လက်ထဲတွင် စွမ်းအင်ဓားကို ကိုင်ဆောင်ထားပြီး ရှေ့တိုးလာသည်။ ထိုအရာက ဝေလငါး၏ ခန္ဓာကိုယ်ကို အောင်အောင်မြင်မြင် ထိုးခွင်းလိုက်နိုင်သည်။
……………………………………
မဟာဆရာသခင်တစ်ယောက်ဆိုတာက ဘာလဲ…
သူ့အံ့ဖွယ်စွမ်းအား၊ တာအိုစွမ်းအားနှင့် မိုးမြေတို့၏ စွမ်းအားဖြင့် သူသည် ကောင်းကင်ကို သွေဖည်ပြီး သားရဲများကို အပိုင်းပိုင်းအစစ ခြေမွှပစ်နိုင်သည်။