← Chapters

အခန်း (၁၃၈၇-၁၃၈၉)

Vol. 93 Ch. 1387-1389

အခန်း (၁၃၈၇-၁၃၈၉)

Vol. 93 Ch. 1387-1389

အခန်း (၁၃၈၇) ကျုပ် အသက်နဲ့ပြန်ပေးဆပ်ချင်တယ်

အသံလှိုင်းသည် ငြိမ်းချမ်းရေးတောင်တစ်ခုလုံးကို သိမ်းကြုံးဖြတ်တိုက်သွားပြီးဝေဟင်ထဲ ပဲ့တင်သံ ထပ်နေတော့သည်။

စီးဝူယာ့၊ ဟွမ်ရှစ်ကျဲ၊ လီကျင်းယီနှင့်ကျန်သည့်သူများ ထိတ်လန့်သွားလေ၏။ သူတို့အားလုံးသည် မြေအောက်နန်းတော်ဝင်ပေါက်ကို တပြိုင်နက်တည်းကြည့်လိုက်ကြသည်။

မကြာမီ၌ မီးခိုးရောင်ဝတ်ရုံဝတ်ထားသည့်လူတစ်ယောက်သည် အားလုံးရှေ့၌ ပေါ်လာတော့သည်။ သူ့၌ လွှမ်းမိုးနိုင်သောသွင်ပြင်နှင့် သူရဲကောင်းဆန်သောအရှိန်အဝါရှိသည်။ သူ၏ပုံစံက လူတိုင်းကို အထင်သေးနေသည့် မသေမျိုးပမာပင်။ မင်္ဂလာချီများရှိနေသည့် နတ်ခြင်္သေ့က သူ့ဘေး၌ ရပ်နေချိန် သိမ်မွေ့ပြီး ကျော့ရှင်းပုံပေါ်သည်။

လုကျိုးသည် တညလုံးအရှိန်ပြည့်ဖြင့်ခရီးနှင်လာခဲ့၏။ ကျန်သည့်သူများက အမှီမလိုက်နိုင်ဘဲ နောက်ကောက်ကျကျန်ရစ်ခဲ့သည်။

လုကျိုးသည် သူရောက်တာ စောလွန်းသည်လော၊ နောက်ကျလွန်းသည်လော အချိန်ကိုက်ပေလောမသိ။ အမြင်စွမ်းအားကနေ ကြောက်မက်ဖွယ်မြင်ကွင်းတချို့ကိုမြင်တွေ့ပြီးနောက် စောလိမ့်မည်ဟု ယူဆခဲ့သည်။ ယခုအချိန်တွင် သူသည် ဒဏ်ရာအလိမ်းလိမ်းရထားသည့် စီးဝူယာ့၊ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားသည့် ဟွမ်ရှစ်ကျဲ၊ မျက်ရည်များ ဝဲနေသည့် လီကျင်းယီကို တွေ့လိုက်ရသည်။

မြေပြင်က သွေးများစိုရွဲနေလျက် ရှုပ်ပွနေသည်။

လူငါးယောက်ခြောက်ယောက်က ကြမ်းတမ်းခက်ထန်သောအမူအရာဖြင့် ဘေးတွင်ရပ်နေပြီး အကြည့်က စူးရှနေသည်။

‌ခေါင်းဆောင်အဘိုးအိုကမူ အစတည်းက ဒေါသထွက်နေပြီးသားဖြစ်၏။ သူက လုကျိုးကို လက်ညှိုးထိုးကာ ပြောလိုက်တော့သည်။ “ခင်ဗျား ... ခင်ဗျား”

ဝှစ်

လက်ဝါးစည်းတံဆိပ်တစ်ခု ပျံထွက်လာသည်။ လုကျိုးသည် အသေရိုက်ချက်ကတ်ကို သုံးလိုက်၏။ လက်ဝါးစည်းတံဆိပ်က ရွှေရောင်အလင်းဖြင့် တောက်ပနေသည်။ ပြစ်ချက်အတွက် သင်္ကေတက လက်ဝါးစည်းတံဆိပ်အလယ်တွင် လင်းနေ၏။

ပြစ်ချက်ရှိ ပြီးပြည့်စုံခြင်း

လက်ဝါးစည်းတံဆိပ်သည် လေဟာနယ်ကိုဆုတ်ဖြဲသွားကာ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် အဘိုးအို၏ရှေ့၌ ပေါ်လာတော့သည်။

ဖုန်း

လက်ဝါးစည်းတံဆိပ် ကျယ်ပြန့်သွားပြီး တောင်ကဲ့သို့အဟုန်ဖြင့် အဘိုးအို၏ ကိုယ်ပေါ် ကျရောက်သွားသည်။ သူ့ကို နောက်သို့ လွင့်ထွက်သွားစေတော့သည်။ သူက တိုက်ခိုက်မှုကို ပိတ်ဆို့ရန် လက်မြှောက်လိုက်၏။ မျက်နှာထက်တွင် ကြမ်းတမ်းခက်ထန်သောအမူအရာရှိနေသော်ငြား မျက်လုံးထဲရှိ ထိတ်လန့်နေ‌သောအမူအရာကို မဖုံးကွယ်နိုင်ခဲ့ပေ။ ထိုလက်ဝါးစည်းတံဆိပ်က သူ့ကို စိတ်ပျက်အားငယ်မှုပင်လယ်ထဲ ဆွဲနစ်နိုင်ကြောင်းပြောခဲ့၏။ သေခြင်းတရားကိုယ်တိုင် ကျရောက်လာသလိုပင်။

“ဆရာသခင်ယန်”

ဖုန်း

မြေအောက်နန်းတော်က ပြင်းထန်စွာလှုပ်ခါသွား၏။

လူအိုကြီးက နံရံနှင့်တိုက်မိသွားကာ လူပုံသဏ္ဌာန်တွင်းတစ်ခု ပေါ်ပေါက်လာသည်။ သူ၏ ကာကွယ်ရေးစွမ်းအင်၊ ကြယ်တာရာဒိုင်ခွက်နှင့်လက်နက်တို့ကို အသုံးမပြုရသေးခင် သူ ရှုံးနိမ့်နေပြီးသားဖြစ်သည်။

မြေအောက်နန်းတော်က သုသာန်တစပြင်ကဲ့သို့တိတ်ဆိတ်သွားတော့သည်။

ကျန်ရှိသည့်ဝတ်ရုံဖြူငါးဦးက လုကျိုးကို ဒေါသတကြီးကြည့်ကာ သူတို့နှလုံးခုန်နှုန်းမြန်နေလေ၏။ သူတို့ရှေ့ရှိလူသည် သူတို့ခေါင်းဆောင်တောင်မလှုပ်ရှားရသေးခင် သူတို့ခေါင်းဆောင်ကို တစ်ချက်တည်းလွင့်သွားစေ၏။ သူ မည်မျှအစွမ်းထက်သနည်း။

လုကျိုးက လက်နောက်ပစ်ထားလျက် ကျင့်ကြံသူများကိုကြည့်ပြီးနောက် မေးလိုက်သည်။ “မင်းတို့ကို ထပ်မေးမယ်။ ငါ့တပည့်ကို ထိခိုက်အောင် ဘယ်သူလုပ်တာလဲ”

ဝတ်ရုံဖြူကျင့်ကြံသူများ၏အမူအရာက တင်းမာနေ၏။ သူတို့သည် ဘေးသို့ အလျင်စလို ဆုတ်ခွာကာ အဘိုးအို ထနိုင်အောင် ကူညီပေးလိုက်သည်။

အဘိုးအိုဆရာသခင်ယန်က ပြင်းထန်စွာချောင်းဆိုးပြီး သူ့ရှေ့ရှိလူကို ကြည့်လိုက်၏။ သူက နှစ်ပေါင်းများစွာကြာအောင် ကြိုးစားပမ်းစားကျင့်ကြံထားခဲ့သည့်ရုပ်သေး တစ်ချက်တည်းဖြင့် ဖျက်ဆီးခံလိုက်ရတာကို စဉ်းစားကြည့်မိ၏။ သူ ဘယ်သူလဲ။

သူ တံတွေးမျိုချကာ အတွေးကိုဖယ်ရှားလိုက်သည်။ သို့သော် သူ၏မောက်မာထောင်လွှားမှုက သူ၏အခဲမကြေမှုကို အပြည့်အဝဖိနှိပ်ထားခြင်းမှ ကာကွယ်ထားသည်။ သူက ပြောလိုက်၏။ “သူက သားရဲထိန်းကျောင်းသူ ယန်လျန်ရှန့်နဲ့ငြိမ်းချမ်းရေးနတ်ငှက်ကို သတ်ခဲ့တာ။ ဒါက ငြိမ်းချမ်းရေးငှက်မျိုးနွယ်ရဲ့ နယ်မြေပဲ။ လူကြီးမင်း မင်း ကျိုးကြောင်းမသင့်လွန်းရာကျဘူးလား”

လုကျိုးသည် အဘိုးအိုကို လျစ်လျူရှုထားလျက် စီးဝူယာနှင့် ၁၀မီတာအကွာဆီသွားလိုက်သည်။

စီးဝူယာ့က ဒူးထောက်ရန်ရုန်းကန်လိုက်၏။ သူကမျက်နှာသေဖြင့်ပြောလိုက်သည်။ “တပည့် အမှားကြီးလုပ်မိပြီ။ ကျန်းအိုက်ကျန့်ကို မတော်တဆဖြစ်စေခဲ့တယ်။ တပည့်ကို အပြစ်ပေးဖို့ ရှစ်စွင်းကို တောင်းဆိုပါတယ်”

လုကျိုး၏မျက်ခွံက တွန့်သွားသည်။ သူက ကျန်းအိုက်ကျန့်ကိုကြည့်ကာ အခြေအနေကို အာရုံခံလိုက်၏။

ကျန်းအိုက်ကျန့်၏ခန္ဓာကိုယ်အပူချိန်က နိမ့်နေပြီဖြစ်ကာ အသက်မရှူတော့ပေ။ သူ၏စွမ်းအားဗဟိုချက် ချီပင်လယ်က ပြိုကွဲပြီး အတွင်းကလီစာများလည်း ကွဲကြေနေ၏။ သူ့ကိုကယ်တင်ရန် နည်းလမ်း မရှိတော့ချေ။

လုကျိုးက အင်္ကျီလက်ကို ရုတ်တရက်ဝေ့ယမ်းလိုက်လေ၏။

ဘန်း

စီးဝူယာ့က လွင့်ထွက်သွားကာ နံရံနှင့်တိုက်မိသွားတော့သည်။ သူက ညည်းတွားသံတစ်ချက် ပေါ်လာပြီးနောက် သွေးတစ်ပွက်အန်တော့သည်။ သူ့ဆရာကို လုံးဝဒေါသမထွက်ပေ။ ထိုအစားသူအနည်းငယ် စိတ်လေးသွားလေ၏။ သူ၏ဆံပင်ကို သေသပ်အောင်လုပ်ကာ နှုတ်ခမ်းထောင့်ရှိသွေးကို သုတ်ပြီးနောက် လုကျိုးရှေ့၌ ဒူးထောက်ပြန်၏။ ပြီးနောက် သူက ပြောလိုက်တော့သည်။ “တပည့်ကို ပြင်းပြင်းထန်ထန်အပြစ်ပေးပါ”

ဆရာသခင်ယန်ကမူ သူ၏ဒေါသကိုဖိနှိပ်ထားလျက် ရယ်မောကာ ပြောလိုက်တော့သည်။ “မင်းက အမှန်အမှားခွဲခြားနိုင်သေးတဲ့ပုံပဲ။ နားလည်မှုလွဲတာပါပဲ။ ခင်ဗျား ဒီလူသုံးယောက်ကို အပြစ်ပေးသရွေ့ ကျုပ်တို့ဒီကိစ္စကို ဆွေးနွေးနိုင်မယ်” ပြောပြီးသည်နှင့်လုကျိုးသည် ချာကနဲလှည့်ကာ လျှပ်စီးပမာ အရှေ့သို့ထွက်သွားတော့သည်။ သူက ဆရာသခင်ယန်ကို ရိုက်နှက်လိုက်ချိန် အချိန်နှင့်လေဟာနယ်က အားနည်းသွားပုံပေါ်သည်။

ဖုန်း

လုကျိုးသည် ဆရာသခင်ယန်ဆီ တဟုန်ထိုးဝင်သွားစဉ် ပုံရိပ်ယောင်များ ကျန်ရစ်ခဲ့၏။

ဖုန်း

ဆရာသခင်ယန်သည် တာအိုစွမ်းအားမှ ဖိနှိပ်သည့်စွမ်းအားကို မြင်သောအခါ မျက်လုံးပြူးသွားတော့သည်။ တစ်ဖန် သူသည် နောက်ထပ်လူပုံသဏ္ဌာန်တွင်းဆီ လွင့်သွားတော့၏။ သူ သွေးတစ်ပွက်အန်တော့သည်။ ယခင်နည်းတူ သူ ပြန်မတိုက်နိုင်ခဲ့‌ပေ။ အပြည့်အ၀ ချေမှုန်းခံလိုက်ရ၏။ သူ ဒေါသထွက်နေသော်ငြား ပိုတောင်ထိတ်လန့်ပြီး စိတ်လှုပ်ရှားနေတော့သည်။

အစောတုန်းက တိုက်ခိုက်မှုဖိအားက...။

ဆရာသခင်ယန်က ခေါင်းမော့လိုက်၏။ မျက်လုံးများက ပြူးထွက်လုနီးပါးဖြစ်နေတော့သည်။ “မ မဟာ ဆရာသခင်”

ကျန်သည့်လူငါးယောက်က အသက်ပြင်းပြင်းရှူလျက် နောက်သို့ဆုတ်ခွာသွားသည်။ သူတို့က မဟာရန်သူတော်တစ်ယောက်ရင်ဆိုင်ရသည့်ပမာ လုကျိုးကို ကြည့်လိုက်လေ၏။

လုကျိုးက လူခြောက်ယောက်ကို အေးတိအေးစက်ကြည့်ကာ ပြောလိုက်သည်။ “မင်းတို့ငါ့ကိစ္စကို ဝင်စွက်ဖက်ပိုင်ခွင့် ရှိတယ်ထင်နေလား”

လူငါးယောက်သည် ချက်ချင်းပင် ဆရာသခင်ယန်ကို ဆွဲ‌ခေါ်သွားလျက် အသံတိုးတိုးဖြင့် ပြောလိုက်၏။

“သွားကြမယ်။ သွားကြမယ်”

သူတို့ရှေ့ရှိလူက စည်းမျဉးမရှိ။ စိတ်တိုင်းကျပြုမြူနေ၏။ သူ့ကိုရန်မစတာပိုကောင်းလိမ့်မည်။

“ရပ်လိုက်” လုကျိုးသည် လူခြောက်ယောက်နောက်ကျောကို ပြည့လိုက်၏။ “မ မဟာဆရာသခင် ဘာလိုချင်လို့လဲ”

“မင်းတို့သွားနိုင်ပြီလို့ ငါ ပြောလား” လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။

ယခုအချိန်တွင် လုကျိုးမည်မျှဒေါသထွက်နေမည်သူမှမသိပေ။

ထိုလူခြောက်ယောက်က တုန်ယင်ကာ ကျုံ့ဝင်သွားလျက် မလှုပ်ရှားရဲတော့ချေ။

လုကျိုး၏အမူအရာက လေးနက်တည်ကြည်နေပြီး သူ၏အကြည့်က နက်ရှိုင်းနေကာ သူ ပြန်လှည့်လာကာ စီးဝူယာ့ဖက်သို့မေးလိုက်သည်။ “မင်းရဲ့အမှားသိပြီလား”

“ကျွန်တော့်ကိုယ်ကျွန်တော် အထင်ကြီးလွန်းတာ ကျွန်တော့်အမှားပါ။ ခွင့်ပြုချက်မတောင်းဘဲ ငြိမ်းချမ်းရေးတောင်ကို လာမိတယ်”

“မင်း အဖြူရောင်မျှော်စင်မှာ ငြိမ်းချမ်းရေးငှက်ကို တွေ့ခဲ့တာ သူ့ရဲ့ခွန်အားကို ကောင်းကောင်းသိမှာပဲ။ အဲ့ဒီတုန်းက သူ မင်းကို ကူညီခဲ့တာကြောင့် ငြိမ်းချမ်းရေးတောင်ကို လာရဲတာလား” လုကျိုးက မေးလိုက်၏။

စီးဝူယာ့၏ အသံက တိုးသွားကာ ဝမ်းနည်းမှုအရိပ်အယောင်ရှိနေလေ၏။ “ဒီနှစ်တွေတလျှောက်လုံး တပည့်ထူးဆန်းတဲ့အိပ်မက်တွေ မက်ခဲ့တယ်။ ညဖက်တွေ ကောင်းကောင်းမအိပ်နိုင်ဘူး။ ကောင်းကောင်း မစားနိုင်ဘူး”

“ဟေ့ကောင် မင်းငါ့ကို ဒီလိုဆင်ခြေဆင်လက်တွေ ဘယ်လိုလုပ်ပေးရဲတာလဲ”

ဝှစ်

လက်ဝါးစည်းတံဆိပ် ပေါ်ထွက်လာလျက် စိးဝူယာ့က လွင့်ထွက်သွားပြန်သည်။

စီးဝူယာ့သည် နာကျင်မှုကို တောင့်ခံလျက် မခုခံသလိုစောဒကမတက်ခဲ့ပေ။ သူ့ရှစ်စွင်း မှန်တာ သိလေ၏။ သူ ဆင်ခြေကောင်းတစ်ခုပေးလျှင်တောင် အမှန်တရားနှင့်ရင်ဆိုင်တာတောင် ယင်းသည် ဘာမှမဟုတ်တော့ပေ။

စီးဝူယာ့သည် သူ၏ဆရာက သူ့ကိုဖုံးကွယ်ထားတာ ရှိမရှိမေးခဲ့၏။ သို့သော်ငြား သူ မသေချာသောကြောင့် တုံ့ဆိုင်းနေမိခဲ့သည်။ အဆုံးကျ သူ ဘာမှမပြောခဲ့ပေ။ ယခုအားလုံးက အသုံးမဝင်ဖြစ်သွားလေ၏။

စီးဝူယာ့က ဒူးထောက်လိုက်ပြန်သည်။

“ရှစ်စွင်း ကျွန်တော့်ကို ပြင်းပြင်းထန်ထန်အပြစ်ပေးဖို့ တောင်းဆိုပါတယ်”

“မင်း င့ါကို ခြိမ်း‌‌ခြောက်နေတာလား” လုကျိုးက ကနဦးချီကို သုံးလိုက်သည်။ ဓားတစ်ထောင်သည် တုန်ယင်နေလျက် တစ်ခုနှင့်တစ်ခု တိုက်မိသွားတော့သည်။

လုကျိုးက လက်မြှောက်ကာ စီးဝူယာ့ဆီနောက်ထပ်လက်ဝါးစည်းတံဆိပ်တစ်ခု ထုတ်သုံးလိုက်၏။

ဝှစ်

စီးဝူယာ့သည် ရှောင်လည်းမရှောင်သလို၊ မျက်လုံးလည်းမမှိတ်။ ထိုအစား သူက ခေါင်းမော့လိုက်သည်။

“အစ်ကိုကျိ”

“ကျိချန်းပေ့”

လက်ဝါးစည်းတံဆိပ်သည် စီးဝူယာ့နှင့် လက်မဝက်အကွာတွင် ရပ်သွားတော့သည်။

တလက်လက် တောက်ပနေသည့် ရွှေရောင်လက်ဝါးစည်းတံဆိပ်က ဆရာသခင်နှင့် ကျန်သည့်လူငါးယောက်ကို တုန်ယင်သွားစေသည်။ သူတို့ကြည့်နေတာ ဘယ်လိုပွဲမျိုးလဲ။ ဘာကြောင့် သူ ရုတ်တရက် ရပ်တန့်လိုက်တာလဲ။

ဟွမ်ရှစ်ကျဲက ချောင်းဟန့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။ “ဒါ သူ့အမှား မဟုတ်ပါဘူး။ ကျုပ်တပည့်က အမြဲတစေ သူရဲဘောကြောင်သူဆိုပေမဲ့ အဆုံးကျ သူ့ကိုယ်သူ သက်သေပြသွားတာ။ ကိစ္စတွေက ဖြစ်ပြီးနေပြီး ပိုဆိုးအောင်လုပ်ဖို့မလိုဘူး”

လုကျိုးသည် ဘာမှမပြောတော့ပေ။ စီးဝူယာ့က လုကျိုးကိုကြည့်လျက် ပြောလိုက်တော့သည်။ “ဖြစ်နိုင်ရင် ကျွန်တော့်အသက်နဲ့ပြန်ပေးဆပ်ချင်ပါတယ်”

“မင်းရဲ့အသက်နဲ့ ပေးဆပ်ဖို့လား” လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။

“ကျွန်တော့်မှာ သေသူကို ပြန်ရှင်လာအောင်လုပ်နိုင်တဲ့စွမ်းရည်ရှိတယ်”

...

အခန်း (၁၃၈၈) ကောင်းကင်ယံကို မော့ကြည့်ခြင်း

လုကျိုး၏ အံ့အားသင့်မှုက သူ့မျက်နှာအထက် မမြင်ရပေ။ သူက လက်နောက်ပစ်လျက် ရှေ့နောက်လျှောက်လှမ်းနေပြီး ပြောလိုက်သည်။

“သေလူတွေကို အသက်ပြန်သွင်းလို့မရဘူး။ ဒါက ရှေးခေတ်ကတည်းက ဖြစ်ပျက်ခဲ့တဲ့ကိစ္စပဲ။ မင်းက သေလူတွေကို အသက်ပြန်သွင်းနိုင်လောက်အောင် ဘယ်လိုစွမ်းရည်များ ရှိလို့လဲ”

စီးဝူယာ့က ပြောလိုက်သည်။

“ကျွန်တော် ဒီကိစ္စကို သိုင်းပညာခုံရုံးကလူတွေနဲ့ ဆွေးနွေးခဲ့ဖူးပါတယ်။ တကယ်ကို အသက်ပြန်သွင်းနိုင်တဲ့ နည်းလမ်း မရှိပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အသက်ကို ဆွဲဆန့်နိုင်မဲ့ နည်းလမ်းတော့ ရှိတယ်။ ကောင်းကင်ဘုံက သက်ရှိတွေအားလုံးကို ကွဲပြားတဲ့ စွမ်းရည်တွေ ပေးထားတာပဲလေ။ နမူနာအနေနဲ့ဆိုရင် ဝူချီမျိုးနွယ်ကို သေတာကနေ အသက်ပြန်သွင်းလို့ရတယ်။ မီးတောက်ဇာမဏီကလည်း ပြာကနေ အသက်ပြန်ရှင်လာနိုင်တယ်”

သူက ခေတ္တမျှ ရပ်တန့်ပြီးသည့်နောက်တွင် ဆက်ပြောလိုက်သည်။

“ကျွန်တော်က မီးဒေဝါရဲ့ မျိုးဆက်ဆိုတော့ ကျွန်တော် သူ့ကို ကယ်နိုင်လောက်တယ်”

“မီးဒေဝါလား”

မြေအောက်နန်းဆောင်နှင့် မီးဒေဝါ ထွက်ပေါ်လာသည့်မြင်ကွင်းက လုကျိုး၏ စိတ်ထဲ ပြန်လည်ပေါ်ထွက်လာသည်။

ဤနေရာသို့ လာစဉ်အတွင်း သူက အခြေအနေကို ဆက်လက် စောင့်ကြည့်ခဲ့၏။ သို့သော်လည်း သူ့အမြင်က နားလည်ဖို့ရာ မလုံလောက်ခဲ့ပေ။ ထို့အပြင် သူက အမြင်စွမ်းအားကို ဖြတ်တောက်ပစ်ရမည့်အချိန်လည်း ရှိသလို စီးဝူယာ့ သတိလွတ်သွားသည့် အချိန်မျိုးလည်း ရှိသည်။ ထို့ကြောင့် သူက အရေးကြီးသည့် သတင်းအချက်အလက်များစွာကို လစ်ဟာသွားခဲ့၏။

“ဘာ သူက မီးဒေဝါရဲ့ မျိုးဆက်လား” ဆရာသခင်ယန်က မျက်မှောင်ကြုတ်လိုက်သည်။

လုကျိုးက လှည့်ကာ လူ၆ယောက်ကို လှမ်းကြည့်လိုက်၏။

“မင်းတို့က ဘယ်သူလဲ”

ဆရာသခင်ယန်က သူ့ဒေါသကို ဖိနှိပ်ကာ ပြန်ဖြေလိုက်သည်။

“ကျုပ် ယန်ကျင်းဟုန်ပါ။ ဒီသေသွားတဲ့သူက ကျုပ်ညီလေးပါ။ ငြိမ်းချမ်းရေးငှက်ကို ကျုပ်ညီလေးက ပြုစုပျိုးထောင်ခဲ့တာ။ အတိတ်တုန်းက မီးဒေဝါလင်ကွမ်းက ငြိမ်းချမ်းရေးငှက်မျိုးနွယ်ကို သုတ်သင်ပစ်ခဲ့တယ်လေ”

ယန်ကျင်းဟုန်အနားတွင် ရှိနေသည့် ကျင့်ကြံသူတစ်ဦးက ဝင်ပြောလိုက်သည်။

“ကျုပ်တို့က မဟာလေဟာနယ်ကပဲ။ ငြိမ်းချမ်းရေးငှက်က ပျောက်ဆုံးသွားလို့ ဒီနေရာကို လာဖမ်းပြီး မဟာလေဟာနယ်ဆီ ပြန်ခေါ်သွားဖို့ ရောက်လာတာ”

လုကျိုးက မဟာလေဟာနယ်နှင့် ပတ်သက်ပြီး သဲလွန်စများ ရှာဖွေနေသော်လည်း ဒေါသထွက်နေသည်။ ထို့ကြောင့် သူက ပြောလိုက်၏။

“မင်းတို့တွေက ငြိမ်းချမ်းရေးငှက်ကို တိတ်တဆိတ် လွှတ်လိုက်ပြီးတော့ ဒီနေရာကို ပြဿနာလာရှာတာ မဟုတ်ဘူးလား”

ယန်ကျင်းဟုန်က အနည်းငယ် အံ့အားသင့်သွားလေ၏။

“တိတ်တဆိတ် စေလွှတ်လိုက်တယ်တဲ့လား။ ပိုပြီးခက်ခဲအောင်တဲ့လား”

လုကျိုးက ပြောလိုက်သည်။

“မင်းက မဟာလေဟာနယ်က လာတယ်ဆိုတော့ အားနည်းသူကို အနိုင်ကျင့်လို့ရတယ်လို့ ထင်နေမှာပေါ့။ အဲဒါက အမှန်မဟုတ်ဘူးလို့တော့ လာမပြောနဲ့”

“…”

ထိုအရာက အမှန်တရား ဖြစ်၏။ ယန်ကျင်းဟုန်က သူတို့၏ စွမ်းအားကို သတိရသွားသည့်အခါ မဆင်မခြင် ပြန်မဖြေရဲပေ။ ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူက ပြောလိုက်၏။

“ဒီလိုဆိုရင် ယန်လျန်ရှန့်နဲ့ ငြိမ်းချမ်းရေးငှက်တို့က သေသွားပြီလေ”

ယန်ကျင်းဟုန်ဆိုလိုသည်မှာ သူတို့နှစ်ဦး တွေ့ဆုံသွားပြီဖြစ်သည့်အတွက် ဘာများ ဆက်လုပ်ဖို့များ လိုမည်နည်း။ သူက ထိုကိစ္စကို ဆက်လက်မစုံစမ်းသည်မှာ ကိစ္စကောင်း ဖြစ်၏။

ယန်ကျင်းဟုန်က မဟာလေဟာနယ်ကို အသုံးချကာ အခြေအနေကို အခွင့်ကောင်းယူဖို့ စဉ်းစားထားသော်လည်း တစ်ဖက်သူက ရက်စက်စွာဖြင့် သူ့ကို နှုတ်ပိတ်ဖို့ သတ်ပစ်လာခဲ့လျှင် ဆိုးရွားသွားလိမ့်မည်။ ဤသို့သော အခြေအနေမျိုးက စောင့်ဆိုင်းနေဖို့က အကောင်းဆုံး ဖြစ်၏။

လုကျိုးက ကျန်းအိုက်ကျန့်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“အဲဒါဆိုရင် သူ့အသက်ကို ဘယ်သူပြန်ပြီး ပေးဆပ်မှာလဲ”

ယန်ကျင်းဟုန်က အနည်းငယ် မလုံမလဲဖြစ်သွားသည်။ လုကျိုးနှင့် စီးဝူယာ့တို့အပေါ် မူတည်၍ ဆရာတပည့်ဖြစ်ကြောင်း သိလိုက်ကြသည်။ မည်သို့ပင်ဆိုစေကာမူ သူက ပြောလိုက်၏။

“ခင်ဗျားရဲ့ တပည့်က သူ ပြန်ပေးဆပ်မယ်လို့ ပြောထားတယ်မဟုတ်ဘူးလား”

လုကျိုးက ခေါင်းယမ်းပြီး ပြောလိုက်သည်။

“မဟာလေဟာနယ်က မင်းတို့တွေကပဲ ပြန်ပြီးပေးဆပ်သင့်တယ်လို့ ထင်တယ်”

“ခင်ဗျား”

ယန်ကျင်းဟုန်နှင့် ကျင့်ကြံသူ ၅ဦးက နောက်ဆုတ်လိုက်ကြသည်။ ထို့နောက် သူက သူ့ရှေ့တွင် ရှိနေသည့်သူကို ဖျောင်းဖျဖို့ ကြိုးစားလိုက်၏။

“ကိစ္စကို ကောင်းကောင်းဆွေးနွေးရအောင်။ တကယ်လို့ ကျုပ်သာ မမှားရင် ခင်ဗျားက မဟာဆရာသခင်ပဲ ဖြစ်လိမ့်မယ်။ တကယ်လို့ မျှခြေမညီမျှမှုကြောင့်သာ မဟုတ်ဘူးဆိုရင် မျှခြေချိန်ခွင်က ခင်ဗျားရဲ့ တည်ရှိမှုကို အာရုံခံမိလောက်ပြီ။ မျှခြေမညီမျှမှု အဆုံးသတ်သွားတာနဲ့ အထွတ်အမြတ်ခန်းမက ခင်ဗျားကို မဟာလေဟာနယ်ဆီ ခေါ်ဖို့ လူတွေစေလွှတ်လိုက်မှာပဲ။ ခင်ဗျားရော ဘယ်လိုထင်လဲ”

“အကောင်းဆုံးထဲကသူတစ်ယောက် ဖြစ်ဖို့တဲ့လား”

လုကျိုးက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

ယန်ကျင်းဟုန်က ဆက်ပြောလိုက်၏။

“ကျင့်ကြံရေးလောကမှာ ဟိုးရှေးအချိန်ကတည်းက ကြီးနိုင်ငယ်ညှဉ်းသဘောတရား ရှိခဲ့တာပဲ။ အဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ဘယ်သောအခါမှ မမျှတခဲ့ဘူး။ ခင်ဗျားက မဟာဆရာသခင် တစ်ယောက်ဆိုတော့ နားလည်သင့်တယ်”

“ငါ့ကို လာပြီး သင်ပြနေတာလား” လုကျိုးက မေးလိုက်သည်။

“…”

ယန်ကျင်းဟုန်က နောက်ဆုတ်လိုက်၏။ သူက သူ့ရှေ့တွင်ရှိနေသည့်သူသည် ရင်ဆိုင်ဖို့ရာ အင်မတန် ခက်ခဲကြောင်း ခံစားမိလိုက်သည်။ သူ့ဦးနှောက်ကပင် အလုပ်မလုပ်တော့သလိုမျိုး ခံစားနေရ၏။ သူက ဘေးဖက်သို့ နောက်ဆုတ်လိုက်ပြီးသည့်နောက်တွင် ကျန်းအိုက်ကျန့်ကို ထိုးကာ ပြောလိုက်သည်။

“သေလူကို အသက်ပြန်သွင်းနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ရှိတယ်”

အကျိုးအကြောင်းသင့်သင့် ပြောနေသည်က အသုံးမဝင်ကြောင်း သိပြီးသည့်နောက်တွင် ယန်ကျင်းဟုန်က နည်းဗျူဟာကို ပြောင်းလဲလိုက်၏။

လုကျိုးက ပြောလိုက်၏။

“ပြောစမ်းပါဦး”

“သူက မီးဒေဝါရဲ့ မျိုးဆက်။ သူ့သွေးက အသက်ကို ဆက်နိုင်လောက်တယ်။ မီးဒေဝါဖြစ်တဲ့ လင်ကွမ်းက ဒီအရာမှာ နှစ်တစ်သိန်းကျော် စည်းပိတ်ခံထားရတာ။ သူ့ကို အသက်ပြန်ရှင်လာနိုင်မဲ့ နည်းလမ်းသုံးခုပဲ ရှိတယ်။ ပထမတစ်ခုက သူတို့အသက်တွေကို ဆက်နွယ်ဖို့” ယန်ကျင်းဟုန်က ကျန်းအိုက်ကျန်းတို့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“ဒုတိယနည်းနဲ့ဆိုရင် သူ့အသိစိတ်ပင်လယ်ကို ပိတ်ဆို့ပြီးတော့ အခွံအသစ်အဖြစ် ပြန်လည်မွေးဖွားလာစေဖို့။ အဲ့လိုနည်းလမ်းကို သုံးပြီးတော့ အသက်ရှင်တဲ့သူတစ်ယောက် ရှိတယ်။ သူ့ကို ကျန်းနန်လို့ ခေါ်တယ်။ တတိယတစ်ခုအနေနဲ့ကတော့ သူ့အတွက် ခန္ဓာကိုယ်အသစ်ကို သန့်စင်ပေးဖို့ပဲ”

စီးဝူယာ့က ပြောလိုက်သည်။

“ဘယ်တစ်ခုကမှ မကောင်းဘူး”

ပထမနည်းလမ်းကမူ သူတို့၏ အသက်များကို ဆက်နွယ်ခြင်းက မထိုက်တန်ပေ။ ဒုတိယနှင့် တတိယနည်းလမ်းအတွက်မူ ကျန်းအိုက်ကျန့်က ထိုသို့နည်းလမ်းများကို အသုံးပြုပြီးသွားပါက ကျန်းအိုက်ကျန့်ကို လူသားအဖြစ် မှတ်ယူ၍ရဦးမည်လား။

စီးဝူယာ့က အမူအရာကင်းမဲ့စွာဖြင့် ဆက်ပြောလိုက်သည်။

“နောက်ထပ် နည်းလမ်းတစ်ခုရှိသေးတယ်။ သွေးလဲလှယ်ရေးနဲ့ ပြန်လည်မွေးဖွားရေးနည်းလမ်းပဲ”

ဟွမ်းရှစ်ကျဲက တအံ့တဩရေရွတ်လိုက်သည်။

“သွေးလဲလှယ်ရေးလား”

“ကျုပ်သွေးကို သူ့ဆီပေးပြီးတော့ စည်းပိတ်ပြီးတော့ နေလရဲ့ အဆီအနှစ်နဲ့ အားဖြည့်ပေးရမယ်။ ပြီးတာနဲ့ သူ ပြန်လည်မွေးဖွားလာလိမ့်မယ်။ မီးဒေဝါကလည်း အဲ့လိုအရာနဲ့ ပတ်သက်လာတဲ့အခါ မီးဇာမဏီနဲ့အတူတူပဲ” စီးဝူယာ့က ပြောလိုက်သည်။

စီးဝူယာ့က မျက်လုံးများမှိတ်နေသည့် ကျန်းအိုက်ကျန့်ကို လှည့်ကြည့်လိုက်ပြီး လုကျိုးထံ ဦးညွှတ်ကာ ပြောလိုက်သည်။

“ရှစ်စွင်းရဲ့ ခွင့်ပြုချက်ကို တောင်းခံပါတယ်”

လုကျိုးက လှည့်လာသည်။ သူက ကျန်းအိုက်ကျန့်အပေါ် ကုသရေးစွမ်းရည်ကို ထုတ်သုံးဖို့ ကြိုးစားခဲ့သည်။ သူက ငြိမ်းချမ်းရေးတောင်ဆီ မလာခင် ဖုံးကွယ်ရေးကတ်ကိုပင် အသုံးပြုခဲ့သည်။

ကုသရေးစွမ်းရည်ကို ထုတ်သုံးလိုက်သည့်အခါ ကျန်းအိုက်ကျန့်က လှုပ်ရှားမှုကင်းမဲ့နေဆဲသာ ဖြစ်၏။

လုကျိုးက သူ့ကုစားရေးစွမ်းရည်သည် ပိုမိုအားကောင်းလာကြောင်း ထင်ထားခဲ့မိပြီး သေလူကိုပင် အသက်ပြန်သွင်းနိုင်လောက်သည်ဟု တွေးခဲ့သည်။ ကံဆိုးစွာဖြင့် ဤအခိုက်အတန့်၌ မဖြစ်နိုင်တော့ပေ။ ပို၍ကံဆိုးသည်က ကျန်းအိုက်ကျန့်သည် ယွီကျန့်ဟိုင် မဟုတ်သည့်အတွက် ဝူချီမျိုးနွယ်၏ စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားခြင်း မရှိပေ။ ကျန်းအိုက်ကျန့် သေဆုံးသွားသည်နှင့် သူက အမှန်တကယ်သာ သေဆုံးသွားလိမ့်မည်။

ခဏအကြာတွင် လုကျိုးက မေးလိုက်သည်။

“အခွင့်အရေးကရော ဘယ်လိုလဲ”

စီးဝူယာ့က ခေါင်းမော့ပြီးသည့်နောက်တွင် ပြန်လည်ခေါင်းငုံ့သွားသည်။ သူက ထိုအရာကို ကျယ်ကျယ် ပြန်မဖြေပေ။ ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူက ပြောလာခဲ့၏။

“အောင်မြင်နိုင်ခြေ ၉၀ရာခိုင်နှုန်းနဲ့အထက်ပါ”

လုကျိုးက ပြန်မဖြေခင် စီးဝူယာ့က ဆက်ပြောလိုက်သည်။

“ကျွန်တော် ငယ်ငယ်လေးကတည်းက ကျွန်တော်ဘာသာ ကျွန်တော် ပြုပြင်ခဲ့တာ။ ကျွန်တော် အောင်မြင်ပြီးတော့ ရှုံးနိမ့်မှုတွေလည်း ရှိခဲ့တယ်။ ကျွန်တော် ငယ်ငယ်တုန်းက ရှစ်စွင်းက ကျွန်တော်ကို ဂရုစိုက်ပေးခဲ့တယ်။ ကျွန်တော် အသက်ကြီးတဲ့အခါမှာ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့က ဂရုစိုက်ပေးခဲ့တယ်။ ကျွန်တော်က အမှား မလုပ်မိလောက်ဘူးလို့ အမြဲတမ်းထင်ထားခဲ့တာ။ ဒါပေမဲ့ အမှားတွေ အများကြီးလုပ်ခဲ့တယ်။ သေစေနိုင်လောက်တဲ့ အမှားအယွင်းတွေရောပေါ့။ ဒါပေမဲ့ ရှစ်စွင်း၊ တာ့ရှစ်ရှိုးနဲ့ အာ့ရှစ်ရှိုးတို့က ကျွန်တော်ရဲ့ အမှားတွေအတွက် အမြဲတမ်း ကာဆီးပေးခဲ့တယ်”

စီးဝူယာ့၏ အသံက ပိုမိုတိုးသွားလေသည်။

“အခု ကျွန်တော်က နောက်ထပ် အမှားတစ်ခုလုပ်မိခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ကျွန်တော့်အမှားအတွက် ကျွန်တော် တာဝန်ယူချင်တယ်။ ကျွန်တော် အမှားကို ပြန်ပြီး ပြင်ချင်တယ်”

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက ထိုစကားများကို နားလည်သော်လည်း တစ်ချိန်တည်းဆိုသလို နားမလည်လိုတော့ပေ။ သူက စီးဝူယာ့ကို အသိပြန်ကပ်စေဖို့ လက်ဝါးစည်းတံဆိပ်အနည်းငယ် ထုတ်လွှတ်လိုသည့် ခံစားချက်မျိုးပင် ပေါ်ထွက်လာလေ၏။

လုကျိုး၏ ကုသိုလ်အမှတ်များက အတော်လေး များပြားနေသော်လည်း ယခု ပျော်ရွှင်ရမည့် အခိုက်အတန့် မဟုတ်ပေ။ သူက သက်ပြင်းချလိုက်၏။ အဆုံးသတ်၌ စီးဝူယာ့က သူ့တပည့်သာ ဖြစ်ပေသည်။ သူက စီးဝူယာ့ထက် မည်သို့ရက်စက်နိုင်မည်နည်း။ ဤသည်က သူတပည့်များအပေါ် သူပင် မတတ်နိုင်သည့်အရာတချို့ရှိနေသည်။

လုကျိုးက သက်ပြင်းချပြီးသည့်နောက်တွင် လက်ဝှေ့ကာ စီးဝူယာ့ဆီမှ အကြည့်လွှဲလိုက်သည်။

စီးဝူယာ့က သူ့ရှစ်စွင်း၏ အဓိပ္ပာယ်ကို နားလည်လိုက်၏။ သူက လုကျိုးထံ ရိုကျိုးစွာဖြင့် သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်သည်။

ဟွမ်းရှစ်ကျဲက တစ်စုံတစ်ခုပြောလိုသော်လည်း ရပ်တန့်လိုက်၏။ သူက စီးဝူယာ့ကို တားလိုသော်လည်း အဆုံးသတ်၌ သူက ထိုသို့ မလုပ်နိုင်ခဲ့ပေ။

စီးဝူယာ့က ခေါင်းကိုမော့ကာ ပြောလိုက်သည်။

“ရှစ်စွင်း ကျွန်တော်အတွက် စောင့်ကြည့်ပေးထားပါ။ ကျန်းအိုက်ကျန့်က ကျင့်ကြံသူဆိုတော့ သူ့ခန္ဓာကိုယ်အပူချိန်က အဆင်ပြေနေသေးတယ်။ ချီသွေးကြော၈ခုလုံးကလည်း လှည့်ပတ်နေတုန်းပဲ။ ဒါတွေက ကြာကြာဖြစ်နေမယ်ဆိုရင် ပိုပြီး အန္တရာယ်များလာနိုင်တယ်”

လုကျိုးက စီးဝူယာ့ကို တစ်ချက်ကြည့်ပြီးသည့်နောက်တွင် ဘာမှမပြောပေ။ ထိုအစား သူက လက်နောက်ပစ်ကာ ယန်ကျင်းဟုန်နှင့် တခြားသူများကို ကြည့်လိုက်သည်။

စီးဝူယာ့က လှည့်ပြီး ကျန်းအိုက်ကျန်းကို အားနည်းသည့် စည်းတံဆိပ်ဖြင့် ရွှေ့လိုက်သည်။ ထို့နောက် သူက ကျန်းအိုက်ကျန့်၏ ကျောနောက်သွားလိုက်၏။ ထို့နောက် သူ့မျက်ဝန်းထဲမှ အနီရောင်အလင်းတစ်ခု ပေါ်ထွက်လာကာ လက်ကိုမြှောက်ပြီးသည့်နောက်တွင် သူ့လက်ဝါးကို ရွှေရောင်စွမ်းအင်စည်းတံဆိပ်ဖြင့် ထပ်ခွဲပို့လိုက်သည်။ ထို့နောက် သွေးစက်များက ဖြတ်ရာမှ စီးကျလာလေ၏။

ထိုသွေးစက်များက သွေးစွမ်းအားအဖြစ် ပြောင်းလဲသွားကာ ကျန်းအိုက်ကျန့်ကို လွှမ်းခြုံသွားလေသည်။

“တကယ်ကို အားကောင်းတဲ့ သွေးစွမ်းအားပဲ” ဟွမ်းရှစ်ကျဲက ရေရွတ်လိုက်၏။

သွေးစွမ်းအားက မြေအောက်နန်းဆောင်အတွင်း မြူခိုးများသဖွယ် ပျံ့နှံ့သွားလေသည်။ အပေါ်မှ ကျဆင်းလာသည့် အလင်းတန်းက ပိုမိုပင် လျှို့ဝှက်ဆန်းကြယ်ဖို့ကောင်းနေလေ၏။

မြေပြင်ပေါ် ကျရောက်လာသည့် သွေးစွမ်းအားက အနီရောင်သင်္ကေတစာလုံးတချို့ ပေါ်ထွက်လာသည်။ ကျန်းအိုက်ကျန့်ကို ဗဟိုပြုလျက် သူတို့က စက်ဝိုင်းသဏ္ဌာန် လှည့်ပတ်နေကြ၏။

စီးဝူယာ့က မျက်မှောင်ကြုတ်လိုက်၏။ ထိုစဉ် သူ့အနောက်ဖက်က မှိန်ဖျဖျ တောက်ပနေလေသည်။ တောင်ပံတစ်စုံက ရွှေရောင်အလင်းဖြင့် တောက်ပနေလေ၏။ သူ့စွမ်းအားများ လှည့်ပတ်လာသည့်အခါ သူ့စွမ်းရည်ဗဟိုချက်မှ အပြာရောင်အလင်းလုံး ထွက်ပေါ်လာသည်။

ယန်ကျင်းဟုန်က ရေရွတ်လိုက်သည်။

“မဟာလေဟာနယ်မျိုးစေ့လား။ တကယ်ကို မဟာလေဟာနယ်မျိုးစေ့ပဲ”

ယန်ကျင်းဟုန်က လက်ကိုဆုပ်လိုက်ပြီး သူ့လက်မပေါ်တွင်ရှိနေသည့် ကျောက်စိမ်းကို ချေမွှပစ်လိုက်သည်။

ထိုအရာက အလင်းပြောက်များအဖြစ် ပျောက်ကွယ်သွားလေ၏။

လုကျိုး၏ ပုံရိပ်က တစ်ပြိုင်နက်ပေါ်ထွက်လာကာ ဧရာမလက်ဝါးစည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။

ဘန်း

ယန်ကျင်းဟုန်က နောက်လွင့်ထွက်သွားပြီး သွေးတစ်ပွက် အန်လိုက်ရသည်။

တခြား၅ယောက်ကလည်း အလျင်အမြန် သွားကာ ယန်ကျင်းဟုန်ရှေ့တွင် လူသားတံတိုင်းအသွင် ရပ်လိုက်ကြသည်။

ယန်ကျင်းဟုန်က ရင်ဘတ်ကို ဆုပ်ကိုင်ပြီးသည့်နောက်တွင် ပြောလိုက်သည်။

“အားနည်းသူအပေါ် အနိုင်ကျင့်တာလား”

သူက လက်နောက်ပစ်ကာ မေးလိုက်သည်။

“မင်းက မဟာလေဟာနယ်မျိုးစေ့ကို တပ်မက်နေတာလား”

“မဟုတ်ပါဘူး”

“မင်း ရိုးသားတာ ကောင်းလိမ့်မယ်”

“ခင်ဗျား”

လုကျိုးက ခေါင်းငုံ့ပြီးသည့်နောက်တွင် မြေကြီးပေါ်မှ ကျောက်စိမ်းလက်စွပ်မှ အမှုန်များကို ကြည့်လိုက်သည်။ အကယ်၍ စုစည်းကူးသန်းပြောင်းရွှေ့ရေး ကျောက်စိမ်းအဆောင်ဖြစ်နေပါက သူတို့သည် လွတ်မြောက်သွားလောက်ပေသည်။ ယခု သူတို့က စီးဝူယာ့၏ မဟာလေဟာနယ်မျိုးစေ့အကြောင်း သိသွားပြီဖြစ်သည့်အတွက် ထွက်သွားခွင့် မပြုနိုင်ပေ။

ခဏအကြာတွင် လုကျိုးက မေးလိုက်၏။

“မဟာလေဟာနယ်က ဘယ်မှာလဲ”

ယန်ကျင်းဟုန်က အသက်ပြင်းပြင်းရှူပြီးသည့်နောက်တွင် ထရပ်လိုက်သည်။ သူ့အမူအရာက ထူးဆန်းနေပြီး အားပါးတရ ရယ်မောလိုက်သည်။

“ကမ္ဘာကြီးထဲမှာ လူအားလုံးက မဟာလေဟာနယ်ကို ကြောက်ကြတယ်။ မဟာလေဟာနယ်ကိုလည်း အလိုရှိကြတယ်။ မဟာလေဟာနယ်က လူတွေက ထွက်သွားချင်ပေမဲ့ အပြင်ဘက်လူတွေက အထဲဝင်လာချင်ကြတယ်”

“ဟမ်” လုကျိုးဆီမှ စကားတစ်ခွန်းက ခြိမ်းခြောက်နိုင်စွမ်း ရှိလှသည်။

“ကောင်းကင်ထဲမှာ” ယန်ကျင်းဟုန်က ပြောလိုက်သည်။

“ကောင်းကင်ထဲမှာလား” ကူးပြောင်းလာသူဖြစ်သည့် လုကျိုးက ကောင်းကင်ယံကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။

မဟာလေဟာနယ်က ဘယ်မှာလဲ…

သူတို့က ကောင်းကင်ထဲတွင် မဟာလေဟာနယ်၏ ပုံရိပ်ပင် မမြင်ရပေ။

ယန်ကျင်းဟုန်က ဆက်ပြောလိုက်သည်။

“သာမန်လေဟာနယ်က မဟာလေဟာနယ်ကို မမြင်နိုင်ဘူး။ မဟာလေဟာနယ်က တခြားသူတွေကို ရှာတွေ့နိုင်ပေမဲ့ တခြားသူတွေကတော့ မဟာလေဟာနယ်ကို ရှာမတွေ့နိုင်ဘူး။ တကယ်လို့ ကောင်းကင်ထဲမှာ ရှိတယ်လို့ ပြောတယ်ဆိုရင်တောင် ခင်ဗျားရှာတွေ့မှာ မဟုတ်ဘူး။ စကြဝဠာကြီးက ကျယ်ပြောပြီးတော့ အဆုံးအစကင်းမဲ့တယ်”

လုကျိုးက မေးလိုက်သည်။

“မဟာလေဟာနယ်က အမည်မသိကုန်းမြေကနေ ဘာလို့ ခွဲထွက်သွားတာလဲ”

ယန်ကျင်းဟုန်က အနည်းငယ် ကြောင်အမ်းသွားလေသည်။ သူ့ရှေ့တွင်ရှိနေသည့်သူက မဟာလေဟာနယ်သည် အမည်မသိကုန်းမြေမှ ထွက်လာမှန်း သိထားလိမ့်မည်ဟု ထင်မှတ်မထားမိပေ။ ခဏအကြာတွင် သူကပြောလိုက်၏။

“ကျုပ်လည်း သေချာမသိဘူး။ အဲဒါက ကုန်းမြေ ခွဲထွက်သွားတာက နှစ်ပေါင်းတစ်သိန်းရှိပြီလေ။ လင်ကွမ်းတောင် အိုနာသေကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘူးလေ”

လုကျိုးက ယန်ကျင်းဟုန်ကို မယုံပေ။

“မဟာလေဟာနယ်မှာ ပညာရှင်တွေအများကြီးရှိတယ်ဆို။ သူတို့ထဲကနေ နှစ်တစ်သိန်းကျော် နေနိုင်တယ်ဆိုတာ မရှိဘူးလား”

ယန်ကျင်းဟုန်က ထိုစကားဝိုင်းကို ပိုပြီးပြောလိုဟန်ပေါ်သည်။

“ဒါပေါ့။ ရှိတာပေါ့။ မဟာလေဟာနယ်ထဲမှာ အနည်းဆုံသူတော်စင် ၁၂ယောက် ရှိတယ်။ သူတို့တွေက တကယ်ကို ထူးကဲတယ်။ ဒါပေမဲ့ သူတို့တွေက မြောက်ပိုင်းစွန်းနဲ့ တောင်ပိုင်းစွန်းမှာ နေကြတာဆိုတော့ သူတို့နဲ့တွေ့ဖို့တော့ မလွယ်ဘူး။ ခင်ဗျား သိတဲ့အတိုင်း မဟာလေဟာနယ်က အမည်မသိကုန်းမြေကနေ အစပြုလာတာဆိုတော့ အမည်မသိကုန်းမြေထက်တောင် ပိုပြီးတော့ ကျယ်ပြောသေးတယ်”

လုကျိုးက အတွေးနက်သွားလေသည်။ ထိုအရာက အမည်မသိကုန်းမြေထက် ပိုမိုကြီးမားသည်ဆိုလျှင်ပင် အင်မတန် သိသာသင့်ပေသည်။ သို့သော်လည်း ယခုအချိန်တွင် နယ်မြေ၉ခုမှ မည်သူကမှ မဟာလေဟာနယ်ကို ရှာမတွေ့ကြသေးပေ။ မဟာလေဟာနယ်က အမည်မသိကုန်းမြေမှ အစပြုလာသည်ဆိုလျှင်ပင် အရမ်းအလှမ်းမဝေးသင့်ပေ။ အင်မတန် အားကောင်းသည့် အစီအရင်တချို့ဖြင့် ဖုံးကွယ်ထားသည်လား။

ထိုအရာကို တွေးပြီးသည့်နောက်တွင် အကျိုးသင့်၊ အကြောင်းသင့်ရှင်းပြချက်သာ ဖြစ်ကြောင်း တွေးမိသွားသည်။

လုကျိုးက ပြောလိုက်၏။

“မဟာလေဟာနယ်မျိုးစေ့ ဆယ်ခုက နှစ်သုံးသောင်းတိုင်းမှာ အရွယ်ရောက်လာတယ်။ နှစ်သုံးသောင်းစက်ဝန်း ဘယ်လောက်ဖြတ်ပြီးသွားတယ်ဆိုတာ ဘယ်သူက သိမှာတုန်း။ မဟာလေဟာနယ်မျိုးစေ့ရှိထားတဲ့သူတွေကလည်း မဟာလေဟာနယ်မှာ သေချာပေါက် အဆုံးသတ်သွားမှာပဲ။ ကျယ်ပြောလှတဲ့ မဟာလေဟာနယ်ထဲမှာ အထွတ်အထိပ်သက်ရှိတွေတောင် မရှိဘူးလား”

ယန်ကျင်းဟုန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ဒါပေါ့ ရှိတာပေါ့”

ယန်ကျင်းဟုန်က ထိုစကားများကို ပြောပြီးသည့်နောက်တွင် လုကျိုး၏ အမူအရာအပြောင်းအလဲကို အကဲဖြတ်လိုက်သည်။ သူတော်စင် ၁၂ယောက်နှင့် အထွတ်အထိပ် သက်ရှိတည်ရှိမှုအကြောင်း ကြားပြီးသည့်နောက်တွင် ထိုသူများက မကြောက်မလန့် နေနိုင်လိမ့်မည်ဟု မယုံကြည်ပေ။

လုကျိုးက အတွေးနက်သွားစဉ် ငြိမ်းချမ်းရေးတောင်က စတင်လှုပ်ခတ်လာသည်။

ယန်ကျင်းဟုန်က ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

“အဲ့လိုဖြစ်လာပြီ”

လုကျိုးက မေးလိုက်သည်။

“ဘာဖြစ်လာတာလဲ”

“ခင်ဗျား လာတုန်းက ငြိမ်းချမ်းရေးတောင်ကို မြင်ခဲ့မှာပေါ့။ အဲဒါက မဟာလေဟာနယ်ရဲ့ ထောင့်တစ်နေရာအဖြစ် မှတ်ယူလို့ရတယ်။ ပြီးတော့ ပျောက်ဆုံးကုန်းမြေလို့လည်း သိကြတယ်။ ငြိမ်းချမ်းရေးမျိုးနွယ်က ဒီနေရာကို ရှာဖွေတွေ့ရှိပြီးကတည်းက ဒီမျိုးနွယ်ကို ပြောင်းလဲခဲ့တာ။ ငြိမ်းချမ်းတောင်ကတောင် မျှခြေမညီမျှမှုကနေ မလွတ်မြောက်နိုင်ဘူး”

လုကျိုးက မိုးမြေကြားတွင် အရာအားလုံးကို ဆက်နွယ်ထားနိုင်သည့် မမြင်နိုင်ဖွယ်စွမ်းအားတစ်ခု ရှိနေသလိုမျိုး ခံစားခဲ့ရသည်။ နယ်မြေ ၉ခု၊ ငြိမ်းချမ်းရေးတောင်၊ မဟာလေဟာနယ် သူတို့အားလုံးက တစ်ခုတည်းသာဖြစ်၏။ အရာအားလုံးကို ထိန်းချုပ်နေသည့်စွမ်းအားက မည်သို့သောအရာ ဖြစ်မည်နည်း။

ဗွမ်း

လှိုင်းသံများက အဝေးမှထွက်ပေါ်လာပြီး ပင်လယ်သားရဲများ၏ အော်သံများလည်း လိုက်ပါလာသည်။

ပင်လယ်သားရဲများက ဤနေရာသို့ ရောက်ရှိလာကြ၏။

လုကျိုးက ပြောလိုက်သည်။

“ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားရဲတဲ့သူ အားလုံးကို ငါ မင်းတို့အသက်ကို ယူပစ်မယ်”

လုကျိုးက ဖျတ်ခနဲဖြင့် စီးဝူယာ့နှင့် ကျန်းအိုက်ကျန့်တို့ကို ကြည့်လိုက်သည်။ ထို့နောက် သူက ဆယ်မီတာကျယ်ပြန့်သည့် ရွှေကြာကို ထုတ်ဖော်ပြီး ဟွမ်းရှစ်ကျဲနှင့် လီကျင်းယီတို့ဆီ တွန်းပို့လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း ရွှေကြာပွင့်မှ အသက်ဓာတ်စွမ်းအားတို့အား သူတို့၏ ဒဏ်ရာများကို ကုစားလိုက်သည်။

ဟွမ်းရှစ်ကျဲက ဒဏ်ရာအပြင်းအထန် ရရှိထားသော်လည်း ရွှေကြာ၏ အသက်ဓာတ်စွမ်းအားဖြင့် သူသည် အလျင်အမြန် ပြန်လည်ကောင်းမွန်လာသည်။

လီကျင်းယီ၏ ပျက်စီးနေသော စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ကလည်း ပြန်လည်ကောင်းမွန်လာလေ၏။ သူမ၏ ချီပင်လယ်က ကောင်းမွန်ရုံသာမကဘဲ အသက်ဓာတ်စွမ်းအားတို့က ချီသွေးကြော ၈ခုအနက် စီးဝင်လာကာ ချီပင်လယ်ထဲ ပြည့်နှက်သွားလေသည်။ ဤသို့ဖြင့် သူမက အဆင့်တက်လှမ်းတော့မည် ဟူသော ခံစားချက်မျိုးရလာမိ၏။ ထို့နောက် သူမကို တင်ပျဉ်ခွေထိုင်ကာ စတင်ကျင့်ကြံလာသည်။

ထိုအရာကို မြင်ကာ ဟွမ်းရှစ်ကျဲက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“အစ်ကိုကျိ ကျေးဇူးပါ”

“ဘာမှမဟုတ်ပါဘူး” သူက ပြန်ဖြေလိုက်သည်။ ထို့နောက် သူက စီးဝူယာ့၏ သွေးလဲလှယ်ရေးနည်းစနစ် ပြီးမြောက်သည်အထိ စောင့်ဆိုင်းလိုက်သည်။ သူက မည်မျှကြာမြင့်မှန်းပင် မသိတော့ပေ။

သူ လုပ်ဖို့လိုအပ်သည်က ထိုနှစ်ဦးသားသည် ထိုဖြစ်စဉ်အတွင်း အနှောင့်အယှက်မခံရအောင်သာဖြစ်၏။

လုကျိုးက လက်နောက်ပစ်ကာ အဝင်ဝကို လှမ်းကြည့်လိုက်သည်။ သူက ဧရာမတောင်ကြီးသဖွယ်ဖြစ်ပြီး အန္တရာယ်အားလုံးကို ကာဆီးလိုက်၏။ သူ့ဝတ်ရုံက လေနှင့်အတူ မြောလွင့်နေပြီး သူ့အရှိန်အဝါကလည်း မိုးမြေနှင့် တစ်သားတည်းရှိနေလေသည်။

ယန်ကျင်းဟုန်နှင့် တခြားသူများက ရပ်နေကြပြီး မလှုပ်ရှားရဲပေ။ မဟာဆရာသခင်များက တာအိုစွမ်းအားနှင့် စည်းမျဉ်းတို့အပေါ် နားလည်နိုင်စွမ်းမြင့်မားသည့်အတွက် သူတို့က သူ့ပြိုင်ဘက်မဟုတ်ပေ။

ယန်ကျင်းဟုန်က မြေပြင်ပေါ်မှ ကျောက်စိမ်းအမှုန်များကို ကြည့်ပြီးသည့်နောက်တွင် ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ သူ့အကြည့်များက သတ်ဖြတ်ငွေ့ဖြင့် တောက်ပလာလေ၏။

……………………

တစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက်

ဝူး

ဦးချိုရှိသည့် ပင်လယ်သားရဲတစ်ကောင်က အားလုံးရှေ့မှောက်ပေါ်ထွက်လာသည်။

ထို့နောက် ပင်လယ်သားရဲနှင့် သားရဲပျံများကလည်း ကောင်းကင်အထက် ပေါ်ထွက်လာလေ၏။ သူတို့အားလုံးက ကောင်းကင်ယံကို လွှမ်းခြုံထားသည့် အာကာသယာဉ်များသဖွယ် ဖြစ်နေလေသည်။

ယန်ကျင်းဟုန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

“သူ ရောက်လာပြီ”

“မင်းက တပ်ကူ ခေါ်ထားတာလား” လုကျိုးက လှည့်ကာ မေးလိုက်သည်။ သူ့အကြည့်များက အေးစက်နေလေ၏။

ယန်ကျင်းဟုန်က လက်ပိုက်ပြီး သွေးတစ်ပွက် အန်ကာ အော်ပြောလိုက်သည်။

“မဟာကူးသန်းပြောင်းရွှေ့ရေး နည်းစနစ်”

သုံးယောက်လုံးက ဖျတ်ခနဲ ပျောက်ကွယ်သွားကာ မီတာတစ်ထောင်အကွာတွင် ပေါ်ထွက်လာသည်။

ယန်ကျင်းဟုန်က လုကျိုးနှင့် ထိပ်တိုက်ရင်မဆိုင်ရဲပေ။ သူက သင့်တော်သည့် အခိုက်အတန့်တွင် စောင့်ဆိုင်းနေခဲ့၏။

“ခင်ဗျား ဘာတတ်နိုင်သေးလဲ။ သူ စောစောလေးက ချေမွှလိုက်သည့် ကျောက်စိမ်းလက်စွပ်က အချက်ပြမှုပဲ။ ကံဆိုးတာက ခင်ဗျားက နောက်ကျမှ တွေ့သွားတာပဲ”

လုကျိုးက ခေါင်းမော့ပြီး ကောင်းကင်ယံမှ ပင်လယ်သားရဲမြောက်များစွာကို ကြည့်လိုက်သည်။ ပင်လယ်သားရဲများအထက်တွင် ထူးကဲသည့် ရထားလုံးပျံတစ်ခု ရှိနေလေ၏။

ထိုပင်လယ်သားရဲများ၏ ယေဘုယျစွမ်းအားက ဖန်းလိုင်ကျွန်းတွင် ရင်ဆိုင်ခဲ့ရသည့် သားရဲလှိုင်းထက် ပိုမိုကြီးမားပေသည်။

“မဟာလေဟာနယ်က ပင်လယ်သားရဲတွေကို ထိန်းချုပ်နိုင်တာလား” သူက မေးလိုက်သည်။

ယန်ကျင်းဟုန်က ပြန်ဖြေလိုက်၏။

“သူမက သားရဲသခင်ပဲ … အခုတင် မဟုတ်ဘူး။ ဟိုးနယ်မြေ၉ခုမှာဖြစ်ခဲ့တဲ့ ပင်လယ်သားရဲတွေရဲ့ တိုက်ခိုက်မှုကလည်း ဒီလူတွေရဲ့ လက်ချက်ပဲ။ အခက်အခဲအချိန်တွေက သူရဲကောင်းတွေကို မွေးထုတ်ပေးနိုင်တယ်လေ။ လူသားတွေအားလုံးက ငြိမ်းချမ်းနေတယ်ဆိုရင် ကျင့်ကြံသူတွေရဲ့ ကြီးထွားမှုရှိလာမှာမဟုတ်ဘူး”

“ဘာ” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ ယခင်အေးခဲသွားပြီဖြစ်သည့် ဒေါသက ပြန်လည် တောက်လောင်လာလေသည်။

“ကောင်းပြီလေ။ ဒီနေ့ ငါ စတင် သတ်ဖြတ်ရတာပေါ့” လုကျိုးက ခြေဆောင့်ကာ ပြောလိုက်သည်။ သူက လျှပ်တစ်ပြက် ရှေ့တိုးသွားသည့်အခါ အာကာပြင်နှင့် အချိန်က အေးခဲသွားလေသည်။

ယန်ကျင်းဟုန်က ထိုအရာကို မှန်းဆထားသော်လည်း မဟာဆရာသခင်တစ်ယောက်၏ စွမ်းအားကြောင့် အံ့အားသင့်သွားလေသည်။ သူ့လက်အောက်ငယ်သားများနှင့် ကောင်းကင်ယံတွင်ရှိသည့် ပင်လယ်သားရဲများက အေးခဲသွားလေ၏။ သူ့ခန္ဓာကိုယ်ကပင် အေးခဲသွားသည်။ သို့သော် သူ့စိတ်က သူက တာအိုစွမ်းအားကို လှုံ့ဆော်ဖို့ အကောင်းဆုံးကြိုးစားနေပြီး အေးခဲနေသည့် အနေအထားမှ ချိုးဖောက်ဖို့ ကြိုးစားနေသည်။ သို့သော် အလကား အသုံးမဝင်ခဲ့ပေ။ မဟာဆရာသခင်တစ်ယောက်၏ စွမ်းအားက သာမန်ဆရာသခင်များ ယှဉ်နိုင်သည့်အရာမျိုးမဟုတ်ပေ။

အသက်သုံးရှိုက်စာအတွင်း လုကျိုးက ယန်ကျင်းဟုန် ရှေ့မှောက် ပေါ်ထွက်လာလေ၏။ ထို့နောက် ယန်ကျင်းဟုန်၏ ခေါင်းအထက် ရိုက်ချလိုက်သည်။

မဖြစ်ဘူး…

ယန်ကျင်းဟုန်က စိတ်ထဲမှ အော်ဟစ်နေသည်။ သူ့ခန္ဓာကိုယ် အေးခဲနေဆဲသာ ဖြစ်၏။

ဝုန်း

ယန်ကျင်းဟုန်က သူ့ခေါင်းမှ သွေးများထွက်လာပြီး လွင့်စဉ်သွားလေသည်။

အချိန်နှင့် အာကာပြင်က ယခုအခိုက်အတန့်တွင် ပြန်လည်ပြေလျော့သွား၏။ တခြားသောတာအိုကလည်း အားကောင်းသည့်လှိုင်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိသွားကြသည်။ သူတို့အားလုံးက တစ်ယောက်ပြီးတစ်ယောက်ဆိုသလို သွေးတစ်ပွက်အန်လိုက်ရ၏။

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါတယ်။

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ရရှိပါတယ်”

“တင်း မွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ရရှိပါတယ်”

“တင်းမွေးဖွားဇယားချပ်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် ၅၀၀ရရှိပါတယ်”

ထိုစဉ် လုကျိုးက ကုသိုလ်ရမှတ်များကို ဂရုမစိုက်တော့ပေ။ သူက ယန်ကျင်းဟုန်ဆီ ထပ်မံပျံသန်းသွားပြီး သူ့လာရာလမ်းဆီ ရွှေရောင်ပုံရိပ်များကိုသာ ချန်ထားခဲ့လေသည်။

ယန်ကျင်းဟုန်က သူ့ကြယ်တာရာဒိုင်ခွက်ကို အလျင်အမြန် ထုတ်ဖော်လိုက်၏။ သူ့မွေးဖွားဇယားချပ်စွမ်းအားတို့က တောက်ပလာကာ လုကျိုးဆီ ပစ်ခတ်လာသည်။

ဘန်း ဘန်း ဘန်း

တိုက်ကွက်က ကျရောက်လာသော်လည်း ယန်ကျင်းဟုန်သည် ဆက်လက်ပျံသန်းနေဆဲသာဖြစ်၏။ သူ့ကိုယ်က ရေသဖွယ်ကြည်လင်နေသည်။

“ဒါက မဟာဆရာသခင်တစ်ယောက်ရဲ့ စွမ်းအားလား” ယန်ကျင်းဟုန်က တအံ့တဩရေရွတ်လိုက်သည်။

ဟွမ်းရှစ်ကျဲနှင့် လီကျင်းယီတို့ကလည်း ရုတ်ရုတ်သဲသဲဖြစ်မှုကြောင့် အာရုံဆွဲဆောင်ခံလိုက်ရသည်။

သူတို့က အဝင်ဝဆီ သွားကာ ကြည့်လိုက်သည့်အချိန် ရှေ့တွင်ရှိနေသည့် မြင်ကွင်းကြောင့် တုန်လှုပ်သွားကြ၏။

သူတို့က ဖန်းလိုင်ကျွန်းတွင် တစ်နှစ်ပတ်လုံးနေပြီး ၈ခုမြောက် ပွင့်ချပ်၊ ၉ခုမြောက်ပွင့်ချပ်နှင့် ၁၀ခုမြောက်ပွင့်ချပ်တို့ကို ထွက်စေဖို့ လေ့လာခဲ့ကြရသည်။ ထို့နောက်တွင် ဘုံတစ်ထောင်လေပွေအဆင့် ဖြစ်၏။ သို့သော် သူတို့က မျက်စိရှေ့တွင်ရှိနေသည့် တိုက်ပွဲကို မြင်လိုက်ရသည့်အခါ ကြောင်အမ်းသွားကြ၏။

“ကောင်းကင်ကြီးက ပြိုလဲလာတော့မလိုပဲ”

လုကျိုးက ရှုကျင်းဟုန်ရှေ့တွင်ရှိနေစဉ် အပြာရောင်လျှပ်စီးများဖြင့် တောက်ပနေသည့် အဖြူရောင်အလင်းလုံးများက ရုတ်ခြည်းဆိုသလို ရထားလုံးပျံမှ ထွက်ပေါ်လာလေ၏။

ထိုအလင်းတန်းပေါ်ထွက်လာပြီး ရိုက်လိုက်သည့်အခါ တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“နောက်ဆုတ်ကြ”

ဘန်း

လုကျိုးက ကြယ်တာရာဒိုင်ခွက်ကို သုံးပြီး တားဆီးလိုက်သည်။ ရင်းနှီးပြီးသားစွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ထဲ ဖြတ်သန်းသွားလေ၏။ သူက နောက်လွင့်စဉ်သွားပြီး မြေအောက်နန်းဆောင်ရှေ့ ရောက်ရှိသွားလေသည်။

အသံတစ်သံ အပေါ်ဘက်မှ ထွက်ပေါ်လာလေ၏။

“အေးခဲစေ”

နောက်ထပ်အလင်းတိုင်လုံးတစ်ခုက လျှပ်စစ်အလင်းကွေ့အဖြစ် ပြောင်းပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားလေသည်။

ဟွမ်းရှစ်ကျဲ၊ လီကျင်းယီ၊ ယန်ကျင်းဟုန်နှင့် သူ့လူများ၊ ပင်လယ်သားရဲနှင့် နတ်ခြင်္သေ့အပါအဝင် အေးခဲသွားကြသည်။ သူတို့က ယခုအခိုက်အတန့်တွင် ရုပ်ထုသဖွယ် ဖြစ်သွားကြလေ၏။

ဒါက သူတော်စင်လား…

လုကျိုးက စဉ်းစားလိုက်သည်။ သူက သူ့အံ့ဖွယ်စွမ်းအားကို ချက်ချင်းလှုံ့ဆော်လိုက်၏။

ဝှစ်

လုကျိုး၏ အသိစိတ်က ပိုမိုရှင်းလင်းလာကာ သူ့သွေးကြော ၈ခုကလည်း စတင်လည်ပတ်လာသည်။ သို့သော် မလှုပ်ရှားနိုင်သေးပေ။

နောက်တစ်ကြိမ်…

လုကျိုးက သူ့အံ့ဖွယ်စွမ်းအား၏ ထုတ်သုံးမှုကို မြှင့်တင်လိုက်သည်။

ထိုအရာက သူ့ချီသွေးကြော ၈ခုအတွင်း ပျံ့နှံ့သွားလေ၏။ သူ့လက်ချောင်းများက စတင်လှုပ်ခတ်လာသည်။

ထိုစဉ် ရထားလုံးပျံမှ ပျင်းရိသည့် အသံတစ်သံ ထွက်ပေါ်လာလေ၏။

“ဆရာသခင်ယန် ဘာဖြစ်တာလဲ။ မဟာလေဟာနယ်မျိုးစေ့က ပေါ်လာတာလား။ တခြားတစ်ခုလား”

ဝုန်း

ယန်ကျင်းဟုန်က လှုပ်ရှားနိုင်လာသည်။ သူက ပျော်ရွှင်စွာဖြင့် ရထားလုံးပျံဆီ သွားကာ ပြောလိုက်သည်။

“သူတော်စင်ယွဲ့ကို ဂါရဝပြုပါတယ်”

“ငါက သူတော်စင် မဟုတ်သေးဘူး။ မလိုလားအပ်တာတွေ ပြောမနေနဲ့။ ငါက ဆိုးယုတ်သူဆီကနေ အသုံးဝင်တဲ့ နတ်ဆိုးအမွေအနှစ်တစ်ခု ရထားရုံပဲ” ရထားလုံးပျံတွင် ရှိနေသည့်သူက ပြောလိုက်သည်။

“သူတော်စင်ဖြစ်လာဖို့က အချိန်တစ်ခုပဲ လိုတော့တယ်ဆိုတာ ဘယ်သူကများ မသိလို့လဲ” ယန်ကျင်းဟုန်က ဆက်လက်ပြောလိုက်သည်။

“ငါ မင်းပြောတာကို ကြိုက်တယ်။ မင်းရဲ့ စကားလုံးက နားထောင်လို့ကောင်းတယ်။ ဒါပေမဲ့ ငါ့လက်ထဲမှာ ရှိနေတဲ့ နတ်ဆိုးအမွေအနှစ်နဲ့ဆိုရင် ငါက သာမန်သူတော်စင်တွေကိုတောင် မကြောက်ဘူး” ထိုသူက ပြောလိုက်သည်။

“ရထားလုံးပျံတွင်ရှိနေသည်က ယွဲ့ချီ ဖြစ်၏။ သူက မဟာလေဟာနယ်ထဲ သားရဲသခင်များထဲမှ တစ်ယောက် ဖြစ်ပေသည်။

ယန်ကျင်းဟုန်က ကောင်းကင်က ပြောလိုက်သည်။

“ဟုတ်တာပေါ့။ အဲဒီသူကို ကြည့်လိုက်ပါဦး။ သူက ဆရာသခင်တစ်ယောက်ပဲ။ ဒါပေမဲ့ သူတော်စင်ယွဲ့ရဲ့ တိုက်ကွက်တစ်ခုနဲ့ သူက မလှုပ်ရှားနိုင်တော့ဘူး”

“မဟာဆရာသခင်လား”

“ဟုတ်ပါတယ်။ မဟုတ်ရင် ကျွန်တော် အဲဒီကျောက်စိမ်းလက်စွပ်ကို ချေမွှလိုက်မှာ မဟုတ်ဘူး”

ယန်ကျင်းဟုန်က ဒူးထောက်ကာ ပြောလိုက်သည်။

“မဟာဆရာသခင်ယွဲ့က ငြိမ်းချမ်းရေးမျိုးနွယ်အတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးတယ်။ သူက ငြိမ်းချမ်းရေးငှက်နဲ့ သားရဲသခင် ယန်လျန်ရှန့်ကို သတ်လိုက်တာ။ ယန်လျန်ရှန့်က မဟာဆရာသခင်ယွဲ့နောက်ကို အချိန်အကြာကြီး လိုက်ခဲ့တဲ့သူဆိုတော့ ကောင်းကောင်းသိမှာပါ”

ရထားလုံးပျံက တိတ်ဆိတ်သွားလေသည်။

ယန်ကျင်းဟုန်က ဆက်ပြောလိုက်လေ၏။

“ကျွန်တော်တို့တွေ လေဟာနယ်မျိုးစေ့ကိုလည်း ရှာဖွေတွေ့ရှိသွားတယ်”

“ဘာ”

နဂိုပျင်းရိရိအသံက အနည်းငယ်စိတ်လှုပ်ရှားလာဟန်ပေါ်သည်။

ယန်ကျင်းဟုန်က မြေအောက်နန်းဆောင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“အထဲမှာပါ”

ယွဲ့ချီက ပြောလိုက်သည်။

“အရမ်းကောင်းတယ်”

ယန်ကျင်းဟုန်က အသက်ရှင်ရေးစည်းမျဉ်းများကို ကျွမ်းကျင်စွာ အောင်မြင်ထားသူတစ်ဦး ဖြစ်၏။

“မဟာလေဟာနယ်မျိုးစေ့က အခု မဟာဆရာသခင်ယွဲ့ရဲ့ အပိုင်ပါပဲ”

ရထားလုံးပျံက ဆင်းသက်လာသည်။

ထိုစဉ် ယွဲ့ချီက ပြောလိုက်၏။

“မင်း သူ့ကို သတ်လို့ရတယ်။ အကျိုးဆက်တွေအားလုံးကို တာဝန်ယူတယ်”

“ကျေးဇူးပါ”

ယန်ကျင်းဟုန်၏ ဖျတ်ခနဲ ပေါ်ထွက်လာပြီးသည့်နောက်တွင် လုကျိုးရှေ့မှောက် ပေါ်ထွက်လာသည်။ သူ့အမူအရာက ခက်ထန်နေလေ၏။ သူ့နှလုံးသားထဲမှ ဒေါသနှင့် အမုန်းတရားတို့က သူ့မျက်နှာအထက် ပေါ်ထွက်နေသည်။ သူက အံကြိတ်ကာ ပြောလိုက်သည်။

“ခင်ဗျားက မဟာဆရာသခင် တစ်ယောက်ဖြစ်တော့ရော ဘာဖြစ်လဲ။ ဒါနဲ့ ရင်ဆိုင်ဖို့ ကြိုးစားတဲ့အခါမှာ ခင်ဗျားက သစ်ပင်ကို လှုပ်ခတ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်အပြင် မပိုဘူး။ ခင်ဗျားကို ဆယ်ဆပြန်ပြီး ပေးမယ်”

ယန်ကျင်းဟုန်က လက်ဝါးစည်းတံဆိပ်ကို လုကျိုးဆီ ထုတ်ဖော်လိုက်သည်။ ထိုအရာက လေဟာနယ်ကို အက်ကွဲသွားစေသလိုမျိုး ဖြစ်၏။

ဘန်း

လုကျိုးက မလှုပ်မယှက်ဖြင့်သာ ကျန်ရှိနေသည်။

ယန်ကျင်းဟုန်က မျက်မှောင်ကြုတ်လိုက်ပြီး နားမလည်နိုင်ဖြစ်သွားမိသည်။ သူက လက်ကို မြှောက်ကာ ခက်ထန်စွာ ရိုက်ချလိုက်သည်။

ဘန်း

လုကျိုးက ထိုက်တောင်တန်းလိုမျိုး မလှုပ်မယှက်တည်ငြိမ်နေဆဲသာဖြစ်၏။

ယန်ကျန်းလော့က ထိုအရာကို လက်ခံဖို့ ငြင်းဆန်နေသည်။ ထပ်မံရိုက်ခတ်တော့မည့်ဆဲဆဲတွင် လုကျိုးက ပြောလိုက်၏။

“မင်း ပြီးပြီလား”

“အာ”

“တကယ်လို့ မင်း ပြီးပြီဆိုရင်တော့ မင်း သေရမဲ့အချိန်ပဲ” လုကျိုး၏ လက်က မြွေလိုမျိုး ထွက်ပေါ်လာပြီး ယန်ကျင်းဟုန်၏ လက်ကို လှမ်းဆွဲလိုက်သည်။

ဂျွတ်

လုကျိုးက အံ့ဖွယ်စွမ်းအားဖြင့် ယန်ကျင်းဟုန်၏ လက်တစ်ဖက်ကို ဖြတ်တောက်လိုက်နိုင်သည်။

ယန်ကျင်းဟုန်က လွင့်စဉ်သွားပြီးသည့်နောက်တွင် လုကျိုးက လက်ကိုဝှေ့ပြီး လက်ဝါးစည်းတံဆိပ်များကို ယန်ကျင်းဟုန်ဆီ တစ်ခုပြီးတစ်ခု ပို့လွှတ်လိုက်သည်။

ဘန်း

ယန်ကျင်းဟုန်က ပြန်လည်တိုက်ခိုက်ဖို့ စွမ်းအားပင် မကျန်ရှိတော့ပေ။ သူက နောက်ဆုတ်နေလေ၏။

လုကျိုးက လက်ဝါးစည်းတံဆိပ်တစ်ရာကို ဆက်တိုက် ထုတ်လွှတ်ခဲ့ပြီး အားလုံးက ယန်ကျင်းဟုန်ဆီ တိုက်ရိုက်ကျရောက်လာလေ၏။ ပြောရမည်ဆိုလျှင် သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ဆီ ဖြစ်လေသည်။ နောက်ဆုံးတွင် သူက ရပ်တန့်လိုက်လေ၏။ ယန်ကျင်းဟုန်က သွေးများဖြင့် ရွှဲနစ်နေပြီး မီတာတစ်ထောင်လွင့်စဉ်သွားခဲ့သည်။

“တင်းမွေးဖွားဇယားချက်တစ်ခုကို ဖျက်ဆီးနိုင်ခဲ့တဲ့အတွက် ကုသိုလ်ရမှတ် တစ်ထောင်ရရှိပါတယ်”

တူညီလှသည့် သတိပေးချက် ၁၀ခုက လုကျိုး၏ နားထဲ ထွက်ပေါ်လာ၏။

လက်ဝါးစည်းတံဆိပ်ဆယ်ခုဖြင့် လုကျိုးက မွေးဖွားဇယားချပ် တစ်ခုကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ သူက ဆရာသခင်တစ်ယောက်ကို အဆင့် လျှော့ချလိုက်နိုင်သည်။

သူက လက်နောက်ပစ်လျက် မြေကြီးပေါ်တွင် ရပ်ရင်း ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။

...

အခန်း (၁၃၈၉) ပြိုင်ဖက်ကင်းအံ့ဖွယ်စွမ်းအား အပိုင်း ၁

အံ့ဖွယ်စွမ်းအားသည် အရေးကြီးသောအခိုက်အတန့်တွင် အရေးပါသည့်အခန်းကဏ္ဍ၌ ပါဝင်ခဲ့သည်။ အံ့ဖွယ်စွမ်းအားနှင့် ---လျှပ်စီးတို့ တိုက်မိသွားသည့်အချိန်တွင် လုကျိုးက လှုပ်ရှားနိုင်စွမ်းကို ထိန်းထားလေ၏။ သူ့၌ မွေးဖွားဇယားချပ် ၁၈ခုသာ ရှိသော်ငြား အံ့ဖွယ်စွမ်းအားနှင့် သူပိုင်ဆိုင်ထားသည့် ရတနာများ၊ သူ နားလည်သဘောပေါက်ထားသည့် မဟာနိယာမတို့နှင့် ပေါင်းလိုက်သည့်အချိန်တွင် ယန်ကျင်းဟုန်က သူနှင့်မည်ကဲ့သို့ ယှဉ်နိုင်တော့မည်နည်း။ သာမန်ဆရာသခင်တစ်ပါးက ဆိုရလျှင် သာမန်ဆရာသခင်တစ်ပါးမျှသာဖြစ်သည်။

ဖုန်း

လုကျိုးက မြေပြင်ကိုဆောင့်နင်းလျက် အရပ်မျက်နှာအနှံ့သို့ ဧရာမလှိုင်းသည် လှိုင်းဂယက်တစ်ခုပမာ ပြန့်နှံ့သွားတော့သည်။ ၎င်းသည် လီကျင်းရီနှင့်ဟွမ်ရှစ်ကျဲတို့အပေါ် ချုပ်နှောင်မှုတို့ကို ပိုင်းဖြတ်လိုက်သည်။ ပြီးနောက် လုကျိုးသည် ရထားလုံးပျံကို မော့ကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်လေ၏။ “ဆင်းလာခဲ့”

ဖျောက်

ရထားလုံးပျံထဲမှ တစ်စုံတစ်ယောက်လက်ဖျောက်တီးသံကိုကြားလိုက်ရသည်။

ဤနည်းဖြင့် ဝေဟင်ထဲရှိပင်လယ်သားရဲတို့သည် မြေအောက်နန်းတော်ဆီသို့ ကမူးရူးတိုး တိုးဝင်သွားကြသည်။

တစ်ဆက်တည်းတွင် လေထဲ၌ လက်ခုပ်သံ ပေါ်ထွက်လာလေ၏။

“သန့်စင်ခြင်းမဲ့သူတစ်ပါးရဲ့ နတ်ဆိုးအမွေအနှစ်အတားအဆီးကနေ လွတ်အောင်ရုန်းနိုင်တဲ့သူရှိမယ်လို့ မထင်ထားဘူး။ စိတ်ဝင်စားစရာပဲ။ ရှောင်လင်း မဟာဆရာသခင်ကိုဖိတ်ခဲ့” ယွဲ့ချီက ပျင်းရိပျင်းတွဲ ပြောလိုက်တော့သည်။

ပြီးနောက် ဝတ်ရုံဖြူဖြင့် နုနယ်ပုံပေါ်သည့် အမျိုးသမီးတစ်ဦးသည် ကုန်းပတ်ပေါ်က ပျံသန်းလာပြီး ဝေဟင်မှ ဆင်းသက်လာ၏။ သူမသည် ဒီမြို့လောကကနေ မသက်ဆိုင်သည့်ပမာ ကမ္ဘာခြားနေပုံပေါ်၏။ သူမ၏ ကျင့်ကြံဆင့်က မနိမ့်သော်ငြား မဟာလေဟာနယ်ထဲတွင် သူမက လက်ထောက်တစ်ယောက်မျှသာ ဖြစ်နေသည်လော။ မဟာလေဟာနယ်က မည်မျှသန်မာသနည်း။

ထိုအမျိုးသမီးဆင်းသက်လာပြီးနောက် သူမက လုကျိုးကို မော့ကြည့်ကာ ဖိတ်ခေါ်သည့်ဟန်ပြုလျက် ပြောလိုက်သည်။ “မောင်ငယ်လေး မဟာဆရာသခင်ယွဲ့က ရှင့်ကို ဖိတ်ခေါ်နေတယ်”

လုကျိုးသည် သူ့ကို သူမအမည်တပ်ခေါ်ဝေါ်ပုံကြောင့် မအံ့ဩသွားပေ။

ဆန့်ကျင်ဖက်အနေဖြင့် ဟွမ်ရှစ်ကျဲက အင်မတန် အနေခက်သွားတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်က အင်မတန်ဉာဏ်များသည့် မြေခွေးအိုကြီးတစ်ကောင် ဖြစ်ကြောင်း လူတိုင်း သိကြသည်။ သူ့ကိုမည်သူကများ မောင်ငယ်လေးဟု ခေါ်ဝေါ်ရဲမည်နည်း။

လုကျိုး၏ မျက်နှာထက်ရှိ တည်ငြိမ်သောအမူအရာကို မြင်သောအခါ အမျိုးသမီးက ဆက်ပြောလိုက်သည်။ “ရှင် မဟာလေဟာနယ်ကို သွားနိုင်မယ်ဆို ကျင့်ကြံမှုမှာ ရှေ့ဆက်တက်နိုင်‌လောက်တယ် မောင်ငယ်လေး။ ရှင့်ကို မဟာဆရာသခင်ယွဲ့ပေးတဲ့အခွင့်အရေးပဲ”

အမျိုးသမီး၏မျက်လုံးထဲတွင် ဖုံးကွယ်၍မရသော မောက်မာထောင်လွှားမှုနှင့် အထက်စီးဆန်သည့် အရိပ်အယောင်တို့ ပေါ်နေသည်။ သူမသည် တုပ၍မရသောသာလွန်မှုမျိုးဖြင့် မွေးဖွားလာတာဖြစ်ပြီး သူမ၏အပြုအမူတိုင်းက အထက်စီးဆန်နေ၏။

လုကျိုးက မျက်မှောင်ကျုံ့လျက် ညာလက်ကိုဆန့်ထုတ်ကာ မျောလွင့်နဂါး၏ ဧရာမလက်သည်းသဏ္ဌာန် လက်ဝါးစည်းတံဆိပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ ၎င်းက ရွှေရောင်အလင်းတန်း လှစ်ခနဲ ပေါ်လာပြီး အမျိုးသမီးဆီ တိုးဝင်သွားလေ၏။

ထိုအမျိုးသမီးသည် နောက်ဆုတ်သွားကာ ကြောက်လန့်မှုကြောင့် ချက်ချင်းဖြူဖျော့သွားတော့သည်။

“ဟမ်” ရထားလုံးပျံထဲမှ ယွဲ့ချီ၏အသံထွက်ပေါ်လာသည်။

လုကျိုး၏ လက်ဝါးစည်းတံဆိပ်သည် လျှပ်ပြက်သည့်ပမာ မြန်ဆန်စွာ လှုပ်ရှားလျက် အမျိုးသမီး၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ ၎င်းက သူမ၏ကာကွယ်ရေးစွမ်းအင်ကို ဖျက်ဆီးကာ အားကောင်းသည့် လက်ဝါးစည်းတံဆိပ်သည် သူမကို မြေပြင်ပေါ်မှ ဆွဲခွာလိုက်၏။ ပြီးနောက် လုကျိုးသည် ခြေတစ်ဖက် မြှောက်လိုက်တော့သည်။

ဘန်း

၎င်းက အမျိုးသမီး၏ဗိုက်ကို ထိသွား၏။ နတ်သမီးတစ်ပါးနှင့်တူသော အမျိုးသမီးသည် လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ် ဘန်းခနဲ ရိုက်မိသွားတော့သည်။

မြေအောက်နန်းတော်ရှေ့ရှိ အခြေအနေက ရုတ်ခြည်းတင်းမာလာ၏။

လုကျိုးသည် ယောက်ျားမိန်းမ မခွဲခြားတာသိသာ၏။ အားလုံးက သာတူညီမျှပဲ ဖြစ်သည်။ အမျိုးသမီးများအပေါ် စိတ်သ‌ဘောထား ပျော့ပြောင်းခြင်း၊ နူးညံ့သိမ်မွေ့ခြင်းဟူသည့်အရာမျိုးမရှိပေ။

အမျိုးသမီးက မြေပြင်ပေါ်တွင် လှဲနေလျက် ငြီးတွားနေမိ၏။ ပြင်းပြသောနာကျင်မှုနှင့် သူမခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်တို့သည် သူမ၏မောက်မာထောင်လွှားမှုနှင့် အထက်စီးဆန်မှုတို့ကို ဖြိုခွဲလိုက်သည်။ သူမက လုကျိုးကို ကြည့်မိချိန်တွင် မျက်လုံးထဲ စိုးရိမ်ပူပန်မှုနှင့် အကြောက်တရားတို့သာ ပြည့်နေလေ၏။

လုကျိုးက လက်နောက်ပစ်ထားလျက် ရပ်နေလေ၏။ “မင်း နားမလည်သေးဘူးလား”

“...”

ထိုအမျိုးသမီးက ကြက်သေသေနေလေ၏။ သူမသည် အစောတုန်းက သူ့ကို တကယ် အလေးမထားခဲ့ပေ။ သို့သော်ငြား အဖြစ်အပျက်ကို သူမ ပြန်တွေးမိသွားချိန်၌ သူမသည် သူ့ကို အစောတုန်းက သူ့ကို မောင်ငယ်လေးဟူ၍ အမည်တပ်ခေါ်ဝေါ်ခဲ့သည်ကို တွေးမိသောအခါ အနေခက်လာတော့သည်။

လုကျိုးက ခေါင်းအနည်းမော့ပြီးပြောလိုက်တော့သည်။ “ငါ ထပ်ပြောမယ် ဆင်းလာခဲ့”

ယခုအခေါက်တွင် အသံလှိုင်းတစ်ခုသည် ရထားလုံးပျံဆီ ပြန့်လွင့်သွားလေ၏။

ဝှစ်

ရထားလုံးပျံက ယမ်းခါနေ၏။

ယွဲ့ချီက သုန်မှုန်သောအသံဖြင့်ပြောလိုက်စဉ် လေထဲ၌ ဗျက်စောင်းသံပေါ်ထွက်လာလေ၏။ “ငါက တွေးတောပေးဖို့ ကြိုးစားပေမဲ့ မင်းက အရှက်မရှိလွန်းတာပဲ။ ငါ့ကို တိုက်ဖို့မထိုက်တန်ဘူး။ သူတို့ကို အရင်ဖြတ်ကျော်လိုက်”

ဗျပ်စောင်းမှသံစဉ်သည် မုန်တိုင်းအသွင် ရုတ်တရက်ပြောင်းလဲသွားလျက် ကြမ်းတမ်းခက်ထန်သားရဲများ၊ သားရဲပျံများနှင့် ပင်လယ်သားရဲများကို စိတ်ဆွပေးနေ၏။ သူတို့၏ခန္ဓာကိုယ်သည် အလင်းဖျော့ဖျော့တောက်ပနေလျက် အစွယ်များနှင့်လက်သည်းများက ဝေဟင်အောက်၌ တလက်လက်ဖြစ်နေလေ၏။

လုကျိုးက မြေပြင်ပေါ်နင်းလျက် ရထားလုံးပျံဆီ ပျံသန်းသွားကာ ပြောလိုက်သည်။ “မိုက်မဲလိုက်တာ”

လုကျိုး၏လက်ဝါး၌ အံ့ဖွယ်စွမ်းအားမြှုပ်နှံထားပြီး ရထားလုံးပျံဆီ ပျံသန်းသွားစဉ် စွမ်းအင်စည်းတံဆိပ်တစ်ခု ဖွဲ့တည်လိုက်၏။

ကြမ်းတမ်းခက်ထန်သားရဲတို့သည် သူတို့အသက်ကို အမှုမထားဘဲ လုကျိုးပေါ် ခုန်အုပ်လိုက်ကြသည်။

ဗျက်စောင်းမှသံစဉ်သည် ပိုမြန်ဆန်လာတော့သည်။ ဆူနာမီရေလှိုင်းပမာ အရှိန်အဟုန်ပြင်းပြင်းဖြင့် သတ်ဖြတ်လိုစိတ်ပါရှိနေ၏။

မကြာမီတွင် သံစဉ်က လေထဲ၌ အသံလှိုင်းဖြစ်ပေါ်လာစေသည်။ ဝေဟင်တစ်ခုလုံး အနက်ရောင်သံစဉ်လှိုင်းကြောင့် မည်းမှောင်သွားတော့သည်။

“အနက်ရောင်ကြာ ကျင့်ကြံသူလား”

ယင်းကို ကြည့်မိလျှင် မဟာလေဟာနယ်သည် လွတ်လပ်သောနေရာဖြစ်ပြီး ထိုနေရာတွင် အချိန်ကြာမြင့်စွာ နေထိုင်ခြင်းက မိမိကြာပွင့်၏အရောင် မည်သို့ပင်ဖြစ်စေကာမူ အရောင်စွဲ မဖြစ်စေနိုင်ပေ။

လုကျိုးခြေထောက်အောက်ရှိ ရွှေကြာဖူးပွင့်လာပြီး အရပ်မျက်နှာအနှံ့စည်းတံဆိပ်များ ပစ်ထုတ်လိုက်သည်။ ထိုအကွက်ကြောင့် ကြမ်းတမ်းခက်ထန်သားရဲတို့သည် နောက်သို့ လွင့်ထွက်သွားကုန်သည်။

ဝေဟင်၌ ရွှေရောင်နှင့်အနက်ရောင်စည်းတံဆိပ်တို့ ပြည့်နေ၏။ ရွှေရောင်စွမ်းအင်စည်းတံဆိပ်သည် ကြမ်းတမ်းသောမုန်တိုင်းပမာ လည်ထွက်သွားလျက် ကနဦးချီပေါက်ကွဲသွားတော့သည်။

ဖုန်း ဖုန်း ဖုန်း

သားရဲပျံ ရာချီ ပေါက်ကွဲသွားပြီး လက်ပြတ်များ၊ အသားစများ၊ သွေးစများက ရွာသွန်းကျလာ၏။

ဟွမ်ရှစ်ကျဲနှင့် လီကျင်းယီက နောက်ဆုတ်လိုက်သည်။ “ဒါက ...”

“ရှစ်စွင်း ပြောချင်တာကို တပည့်နားလည်တယ်။ ကျိချန်းပေ့က တပည့်တို့ နားလည်သဘောပေါက်နိုင်တာထက် ကျော်လွန်ခဲ့တာကြာပြီ”

လီကျင်းယီက ပြောပြီးနောက် မေးလိုက်တော့သည်။

“ရှစ်စွင်း သူ့ရဲ့လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်းမြင်နိုင်လား”

ဟွမ်ရှစ်ကျဲက ခေါင်းခါပြီးပြောလိုက်တော့သည်။ “ရှင်းရှင်းလင်းလင်း မမြင်ရဘူး”

“တပည့်လည်း သေချာမမြင်ရဘူး”

ဝေဟင်ထဲတွင်ဖြစ်သည်။

လုကျိုးသည် ကောင်းကင်ကျမ်းစာစွမ်းအားဖြင့်သားရဲပျံရာချီကို အနိုင်ယူပြီးနောက် ရထားလုံးပျံဖက် ပျံသန်းသွားတော့သည်။

“ရှောင်လင်း သူ့ကိုတား” ယွဲ့ချီ အထင်တသေးပြောလိုက်လေ၏။

“နားလည်ပါပြီ”

လုကျိုး၏ ခြေကန်ချက်ကြောင့် ဒဏ်ရာရသွားသည့် အမျိုးသမီးလက်ထောက်သည် ဝေဟင်ထဲပျံသန်းလာလျက် နောက်မှ တိုက်ခိုက်လေ၏။

တချိန်တည်းတွင် ရထားလုံးပျံက ဝေဟင်ထဲ မြင့်မြင့်ပျံသန်းနေစဉ် ယွဲ့ချီက လုကျိုးကိုပိတ်ဆို့ရန် အသံလှိုင်း ထပ်မံထုတ်သုံးလေ၏။

အသံလှိုင်း၏ သက်ရောက်မှုအောက်တွင် အမျိုးသမီးလက်ထောက်၏ကျင့်ကြံမှုက တိုးတက်လာပုံ ပေါ်၏။

လုကျိုးက လှည့်ကြည့်လာပြီး သူမမျက်လုံးထဲရှိ ဒေါသနှင့် အမုန်းတရားတို့ လောင်ကျွမ်းနေတာကို မြင်ပြီး သူက ပြောလိုက်သည်။ “ကြည့်ရတာ အစောတုန်းက ငါ တော်တော်လေး သက်ညှာခဲ့တဲ့ပုံပဲ”

“ဟမ်” အမျိုးသမီးလက်ထောက်က မှင်သက်သွားစဉ် လုကျိုးက ဓားအသွင်ဖြင့် အမည်မဲ့ကို ဆွဲထုတ်လျက် စွမ်းအင်ဓားသောင်းချီထုတ်သုံးလိုက်သည်။

ဝှစ် ဝှစ် ဝှစ်

စွမ်းအင်ဓားများ ပိုမိုပေါ်ထွက်လာပြီး မီတာတစ်ထောင်အကွာရှိ နေနှင့်ကောင်းကင်ကို ကာလိုက်၏။ ငြိမ်းချမ်းရေးတောင်ထိပ်ရှိ ဝေဟင်တစ်ခုလုံးနီးပါး အမည်မဲ့၏စွမ်းအင်ဓားများကြောင့် အလွှမ်းခံလိုက်ရသည်။

စွမ်းအင်ဓားတို့က ကူးလူးဆက်နွယ်နေလျက် နဂါးတစ်ကောင်ပမာ ပေါ်ထွက်လာကာ မျက်စိတစ်မှိတ်အတွင်း အမျိုးသမီးလက်ထောက်ကို ဆွဲချတော့သည်။

အမျိုးသမီးလက်ထောက်သည် သနားစဖွယ်အော်နေ၏။ သူမ ပြန်မတိုက်ခိုက်နိုင်ချေ။

ဘန်း

ခဏအကြာ၌ သူမ မြေပြင်ပေါ် ပြုတ်ကျသွား၏။

“တင်း ... မွေးဖွားဇယားချပ် ၁၅ခု ဖျက်ဆီးပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၇၅၀၀”

“တင်း ... ပစ်မှတ်ကို သတ်လိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၂၀၀၀။ နယ်မြေအပို ကုသိုလ်မှတ် ၅၀၀”

အသံလှိုင်းပေါက်ကွဲသွားတော့သည်။ ယွဲ့ချီက ဒေါသထွက်သွားလေ၏။ သူ၏လက်ချောင်း ဆယ်ချောင်းသည် ဗျက်စောင်းကို ရူးသွပ်စွာ တီးခတ်နေလျက် အသံလှိုင်းအဆပေါင်းများစွာတိုးလာတော့သည်။ လုကျိုးသည် ၎င်းကို ပိတ်ဆို့ရန်လက်ဝါးစည်းတံဆိပ်တစ်ခုသုံးလိုက်သော်ငြား ပြန်တွန်းခံလိုက်ရ၏။ ပြီးနောက် လက်ဝါးစည်းတံဆိပ်က ပြိုကွဲသွားတော့သည်။

ထိုစဉ် မြေပြင်ပေါ်ရှိ ကျင့်ကြံသူငါးယောက်က နီရဲသောမျက်လုံးများဖြင့် ကြည့်နေသည်။ သူတို့သည် နီရဲသောမျက်လုံးများဖြစ်နေလေသည်။ သူတို့သည် သံစဉ်၏ညှို့ယူမှုအောက်ရောက်သွားသယောင်ပင်။

ရက်စက်ကြမ်းကြုတ်သည့်အသံနည်းစနစ်

လူငါးယောက်သည် လုကျိုးအောက်မီတာတစ်ရာအောက်ရောက်သောအခါ သူတို့စအော်လေ၏။

“သူ့ကိုသတ်”

“သတ်ဟေ့”

လူငါးယောက်သည် သူတို့အသက်ကို အမှုမထားဘဲ တိုက်ခိုက်တော့သည်။

လုကျိုးက မျက်မှောင်ကျုံ့လိုက်လေ၏။ သူသည် အတိတ်ဘဝ၏စွမ်းအားကိုရွတ်ဆိုလျက် ဗုဒ္ဓ၏ရွှေရောင်ခန္ဓာကို ဖွဲ့တည်လိုက်သည်။

ဘီး

လူငါးယောက်သည် စိတ်ရိုင်းဝင်လာသောကြောင့် သူတို့ကြာပွင့်များကို ဆွဲထုတ်ပြီးဖောက်ခွဲတော့သည်။

ကနဦးချီများပေါ်ထွက်လာလျက် လေထဲတွင် စွမ်းအင်စည်းတံဆိပ်များတိုက်မိတော့သည်။

ပေါက်ကွဲမှုသည် ကြမ်းတမ်းခက်ထန်သားရဲများစွာကို သတ်ဖြတ်ခဲ့ပြီး မြေအောက်နန်းတော်ကို လှုပ်ခါအက်သွားစေသည်။

ဟွမ်ရှစ်ကျဲနှင့် လီကျင်းယီတို့က ကာကွယ်ရန် မြေအောက်နန်းတော်ထဲ အမြန်ဝင်လိုက်၏။

ဤနေရာသည် တစ်ချိန်တုန်းက မီးဒေဝါလင်ကွမ်းကို အကျဉ်းချရန် အသုံးပြုခဲ့တာမဟုတ်လျှင် အစောတုန်းက ပေါက်ကွဲမှုသည် ၎င်းကို ဖျက်ဆီးမိလောက်သည်။

ထိုစဉ် ဗျက်စောင်းမှသံစဉ်သည် ရုတ်ခြည်းရပ်တန့်သွားလေ၏။

ရထားလုံးပျံက ဝေဟင်ထဲ မြင့်မြင့်ပျံသန်းသွားသည်။

အချိန်မည်မျှကြာသွားသည်မသိ ကနဦးချီမုန်တိုင်းပျောက်ကွယ်သွားပြီး အမြင်အာရုံပုံမှန်အတိုင်းပြန်ဖြစ်လာချိန်တွင် ယွဲ့ချီက တစ်ဖက်လူ၏အသံကို ကြားလိုက်ရသည်။ “နတ်ခြင်္သေ့”

နတ်ခြင်္သေ့က အော်သံထွက်လာပြီးနောက် လုကျိုး၏ကိုယ်ပေါ် အဖြူရောင်အလင်းလုံးမှုတ်ထုတ်ပေးလိုက်ပြီး ၎င်း၏အံ့ဖွယ်စွမ်းအားကို အပြည့်အဝကို ပြန်လည်ဖြည့်တင်းပေးနေသည်။

လုကျိုး၏အမူအရာက တည်ငြိမ်နေသော်ငြား ရထားလုံးပျံဆီပျံသန်းသွားစဉ် သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖြာထွက်နေ၏။ “မင်းကို ဆင်းလာဖို့ပြောခဲ့တာ။ ဒီတော့ မင်း ဆင်းလာရမယ်”

လုကျိုးက လှစ်ကနဲပင် ရထားလုံးပျံပေါ်၌ပေါ်လာ၏။

ယွဲ့ချီသည် လုကျိုး၏တာအိုစွမ်းအားကြောင့် အံ့ဩသွားတော့သည်။ ထို့အပြင် လူငါးယောက်က တစ်ပြိုင်နက်တည်းပေါက်ကွဲခဲ့သော်ငြား တစ်ဖက်လူက အဆင်ပြေနေသေး၏။ ထိုစဉ် ဝေဟင်ထဲမှလက်ဝါးစည်းတံဆိပ် ကျလာသည်။

ဖုန်း

ရထားလုံးပျံက ပြိုကွဲသွားပြီး ပြုတ်ကျသွားတော့သည်။

All Chapters