← Chapters

အခန်း (၁၃၉၀-၁၃၉၂)

Vol. 93 Ch. 1390-1392

အခန်း (၁၃၉၀-၁၃၉၂)

Vol. 93 Ch. 1390-1392

အခန်း (၁၃၉၀) ပြိုင်ဘက်ကင်း အံ့ဖွယ်စွမ်းအား အပိုင်း(၂)

ဝုန်း

ယွဲ့ချီက မြေပြင်ပေါ်ရပ်နေရင်း တွင်းနက်ကြီးနှစ်ခု ချန်ထားခဲ့လေသည်။ သူ့ခန္ဓာကိုယ်က ထုံထိုင်းနေလေ၏။ သူက လုကျိုးကို ကြည့်ကာ သူ့ကိုယ်သူ တွေးမိသွားသည်။

သူက ဘာလို့ အဲ့လောက်အားကောင်းနေရတာလဲ။ သူ့မှာ မွေးဖွားဇယားချပ် ဘယ်လောက်ရှိနေတာလဲ…

ယွဲ့ချီက သူ့စိတ်ထဲမှ ထိုမေးခွန်းများကို စဉ်းစားမနေနိုင်တော့ပေ။ ထိုအစား သူက အလျင်အမြန် ထွက်ခွာသွား၏။

တစ်ချိန်တည်းဆိုသလို လုကျိုးက ထူးကဲသည့်စွမ်းအားမှ အထူးဆန်းဆုံး လှုပ်ရှားမှုကို ခံစားမိလိုက်သည်။ ထိုအရာက ယဲ့ကျန့်နှင့် ထုံပါစစ်ချန်တို့၏ တာအိုစွမ်းအားထက် ပိုမိုအားကောင်းနေလေ၏။ သူက အားလုံး နှေးကွေးသွားသလို ခံစားမိလိုက်သည်။

“အချိန်နှေးကွေးခြင်းလား”

လုကျိုးက သူ့ချီသွေးကြော ၈ခုထဲ အံ့ဖွယ်စွမ်းအားကို လှည့်ပတ်ကာ သက်ရောက်မှုကို ဖယ်ရှားလိုက်သည်။ အချိန်နှေးကွေးခြင်း၏ သက်ရောက်မှုအောက်တွင် သူ့တုံ့ပြန်မှု၊ အတွေးအမြင်၊ အမြင်နှင့် လှုပ်ရှားမှုတို့အားလုံကလည်း အနည်းငယ်ပင် နှေးကွေးသွားခဲ့၏။

ယွဲ့ချီက ပင်လယ်သားရဲကျောအထက်တွင် ပေါ်ထွက်လာပြီး ဗျပ်စောင်းကို ထပ်မံ တီးခတ်လိုက်သည်။ ဂီတသံစဉ်က အဖက်ဖက်သို့ ပျံ့နှံ့သွားလေ၏။ သူက ဗျပ်စောင်းမှ ကြိုးကို တီးခတ်လိုက်ရင်း ပြောလိုက်သည်။

“မင်းက ငါ ထင်ထားတာထက် ပိုပြီး အားကောင်းတာပဲ”

သံစဉ်က လေထဲ ဆက်လက်ပျံ့လွင့်နေစဉ် ခက်ထန်သားရဲများကလည်း ပိုမိုဒေါသထွက်လာလေသည်။

ထိုစဉ် လုကျိုးက ယွဲ့ချီ၏ ရှေ့တွင် မျက်စိတစ်မှိတ်အတွင်း ရုတ်တရက် ထွက်လာလေ၏။ သူက လက်ဝါးစည်းတံဆိပ်မြောက်များစွာကို ထုတ်လွှတ်လိုက်သည်။

ဘန်း ဘန်း ဘန်း

လက်ဝါးစည်းတံဆိပ်နှင့် အသံလှိုင်းများက ထိပ်တိုက်တွေ့ဆုံသွားလေ၏။

နှစ်ဦးသား၏ ပုံရိပ်က အပြင်းအထန် တိုက်ခိုက်နေသည့်အတွက် ဝေဝေဝါးဝါးသာ မြင်ရလေသည်။ သူတို့က ကောင်းကင်မှောင်မဲလာပြီး အပြိုအပျက်များ စုပုံလာသည်အထိ တိုက်ခိုက်ခဲ့ကြ၏။

“အစွန်အဖျားတွင်ရှိသည့် ပင်လယ်သားရဲများက ခေါင်းမပါသည့် ယင်ကောင်များသဖွယ် ရှေ့နောက် ပျံသန်းနေရင်း သူတို့၏ ပစ်မှတ်ကို မဖမ်းဆုပ်နိုင်ကြပေ။

……………………………………………….

အပြင်ဘက်မှ မြေကမ္ဘာတုန်လုမတတ် တိုက်ပွဲကြီးမှ တုန်ခါမှုကို မြေအောက်နန်းဆောင်အတွင်းမှ ရှင်းရှင်းလင်းလင်း ခံစားမိနေ၏။ ပေါက်ကွဲသံများ၊ အလောင်းများပြုတ်ကျသံများနှင့် သားရဲများ၏ အော်သံများက မြေအောက်နန်းဆောင်အတွင်း ပဲ့တင်ထွက်နေသည်။

ဟွမ်းရှစ်ကျဲနှင့် လီကျင်းယီတို့က အက်ကြောင်းများမှ ကောင်းကင်ယံတွင် နေရာယူထားသည့် စွမ်းအင်စည်းတံဆိပ်များစွာကို မြင်လိုက်ရသည်။ သူတို့က ယခု ထွက်မသွားနိုင်ပေ။ သူတို့၏ ကျင့်ကြံဆင့်ဖြင့် ဤကြမ်းတမ်းလှသည့်တိုက်ပွဲကို ပါဝင်ဆင်နွှဲပါက ပုရွက်ဆိတ်ဖြင့်ပင် ကွာခြားမည်မဟုတ်ပေ။

ထိုစဉ် နံရံပေါ်ရှိ အစီအရင်သင်္ကေတများက လင်းလက်လာ၏။

ဟွမ်းရှစ်ကျဲက စီးဝူယာ့နှင့် ကျန်းအိုက်ကျန့်တို့ကို ကြည့်ကာ ပြောလိုက်သည်။

“အစ်ကိုကျိက အပြင်ဘက်မှာ အားကောင်းတဲ့ ရန်သူနဲ့ တိုက်ခိုက်နေရတာ။ ငါတို့တွေ အခုလုပ်နိုင်တာက သူတို့ကို စောင့်ကြပ်ပေးဖို့ပဲ။ အမှားလုပ်လို့မရဘူး”

“ဟုတ်ကဲ့”

နှစ်ဦးသားက သေခြင်းရှင်ခြင်းကို တွေ့ကြုံခံစားဖူးသည့်အတွက် အကြောက်တရားကင်းမဲ့လှသည်။ သူတို့အစိုးရိမ်ဆုံးအရာက စီးဝူယာ့သည် သွေးလဲလှယ်ရေးနည်းစနစ်ကို အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ပါ့မလားဟူ၍သာ ဖြစ်၏။

တစ်ချိန်တည်းဆိုသလို သွေးစွမ်းအားက စီးဝူယာ့နှင့် ကျန်းအိုက်ကျန့်တို့ကို လွှမ်းခြုံထားပြီး သူတို့၏ ခန္ဓာကိုယ်တွင် စီးဆင်းနေလေသည်။ ခန္ဓာကိုယ်က ချွေးနှင့် သွေးများ ရွှဲနစ်နေလေ၏။

ဟွမ်းရှစ်ကျဲက စီးဝူယာ့၏ မျက်မှောင်ကြုတ်မှုနှင့် ဖြူဖျော့နေသည့် မျက်နှာကို မြင်သည့်အခါ ခေါင်းအသာယမ်းပြီး သက်ပြင်းချလိုက်သည်။

အပြင်မှ တိုက်ခိုက်သံများက ပိုမိုပြင်းထန်လာပြီး တစ်နာရီကျော်ခန့် ကြာမြင့်ခဲ့သည်။

ငြိမ်းချမ်းရေးတောင်က အပြင်းအထန် လှုပ်ခတ်လာပြီး လှိုင်းလုံးများမှ လွင့်စဉ်သွားရမည့် လှေငယ်သဖွယ် ဖြစ်နေလေသည်။

……………………………..

ကောင်းကင်ယံ၌

အသံလှိုင်းက နေရာအနှံ့ လွင့်ထွက်သွားလေသည်။

သူတို့က လုကျိုးက သူ့ကိုယ်ပိုင်ကျင့်ကြံဆင့်ကို မှီခိုထားပြီး အံ့ဖွယ်စွမ်းအားအနည်းငယ်ဖြင့် ယွဲ့ချီကို တိုက်ခိုက်နေရသည်။

ဝုန်း

နှစ်ဦးသားက ထိပ်တိုက်တွေ့ဆုံပြီး အလင်းစက်ကွင်းများက ဘယ်ဖက်နှင့် ညာဖက်တွင် အသီးသီးပေါ်ထွက်လာလေသည်။

ယွဲ့ချီက နောက်လွင့်စဉ်သွားစဉ် သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။ သူက လှောင်ပြောင်ကာ ပြောလိုက်၏။

“ဖြစ်ချင်တော့ ခင်ဗျားက တာအိုပေါ်မှာ နက်နက်နဲနဲ နားလည်ထားရုံပါပဲ။ ခင်ဗျားမှာ ဘာမှမွေးဖွားဇယားချပ်တွေ မရှိဘူး”

အချိန်အတော်ကြာတိုက်ခိုက်နေပြီးသည့်နောက်တွင် သူက လုကျိုး၏ ယုံကြည်ချက်နှင့် စွမ်းအား၏ ဇစ်မြစ်ကို အဖြေထုတ်နိုင်မည်ဖြစ်၏။ ပညာရှင်များတိုက်ခိုက်သည့်အခါ အချိန်အများစု၌ တစ်ဖက်သူ၏ စွမ်းအားကို နားလည်ဖို့ တစ်ကွက်လှည့်ရုံမျှသာ လိုအပ်လေသည်။ ယွဲ့ချီကမူ လုကျိုးနှင့် အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရသည့်အတွက် ဆိုထားဖွယ်မရှိတော့ပေ။

မဟာဆရာသခင်နှင့် သာမန်ဆရာသခင်များကြားမှ ကွာဟချက်က တာအိုကို နားလည်နိုင်စွမ်း ဖြစ်၏။ နှစ်ဦးလုံးက မဟာဆရာသခင်များဖြစ်သည့်အတွက် သူတို့ကို အနိုင်အရှုံး ဆုံးဖြတ်ပေးသည့်အရာက မွေးဖွားဇယားချပ် ဖြစ်ပေသည်။

ဝှစ်

ယွဲ့ချီ၏ အနက်ရောင် ကြယ်တာရာဒိုင်ခွက်က လေထဲ တောက်ပလာသည်။ သူ့ မွေးဖွားဇယားချပ်များကို မြင်သာထင်သာပြသလိုက်သည်။ မွေးဖွားဇယားချပ် ၂၄ ခုက ကြယ်တာရာဒိုင်ခွက်ပေါ်တွင် တောက်ပနေလေ၏။ တစ်ခုက အနည်းငယ်မှေးမှိန်နေပြီး ထည့်သွင်းထားသည်မှာ ကြာမြင့်သေးဟန်မပေါ်ပေ။

“ပြပွဲကတော့ စပြီ”

လုကျိုးက ကြယ်တာရာဒိုင်ခွက်ကို ကြည့်ရင်း သူ့ကိုယ်သူတွေးလိုက်သည်။

ယန်ကျင်းဟုန်က သူ အဲဒီလူကို မဟာဆရာသခင်တွေကြားမှ သူတော်စင်ဖြစ်လာမည့်သူလို့ မထူးဆန်းတော့ဘူး…

ထိုစဉ် အနက်ရောင်အလင်းတန်းက လုကျိုးဆီ ပျံသန်းရောက်ရှိလာသည်။ သူက ထိုအလင်းတန်းတွင် တာအိုစွမ်းအားကို ခံစားမိလိုက်၏။ သူက အမည်မဲ့ကို ဒိုင်းကာအသွင် ပြောင်းလဲပြီး ရှေ့တွင် တားဆီးလိုက်သည်။

ဘန်း

အလင်းတန်းက မြေပြန့်ပေါ် ကျရောက်လာသည်နှင့် ခပ်တိုးတိုး ဆူညံသံများထွက်ပေါ်လာသည်။ အလင်းတန်းမှ စွမ်းအားက ထင်ထားသည်ထက် ပိုမိုအားကောင်းနေလေ၏။ လုကျိုးနှင့် အမည်မဲ့တို့က အနည်းငယ် နောက်ဆုတ်လိုက်ရသည်။

လုကျိုးက သူ့အံ့ဖွယ်စွမ်းအားထုတ်သုံးမှုကို တိုးမြှင့်လိုက်သည့်အခါ အမည်မဲ့က ရွှေရောင်အလင်းဖြင့် တောက်ပလာသည်။ သူက အလင်းတန်းကို ဆက်လက်တားဆီးလိုက်၏။

“ဟမ်”

ယွဲ့ချီက မျက်လုံးမှိတ်ကာ ကြည့်လိုက်သည်။

နှစ်ဦးသားက အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေရင်း ပင်လယ်သားရဲများကလည်း ခုန်အုပ်လာကြသည်။

ထိုစဉ် ရှည်လျားကာ သေးသွယ်သည့် ပင်လယ်သားရဲက လျှပ်စီးလိုအသွင်ဖြင့် တိုက်ခိုက်လာလေ၏။ ထိုအရာက သိပ်မကြာသော်လည်း စွမ်းအားကမူ သားရဲဘုရင်နှင့် သားရဲဧကရာဇ်ကြားတွင် ရှိပေသည်။

“ငါက သားရဲသခင်ဆိုတာကိုလည်း မေ့မထားနဲ့ဦး။ နှုတ်ဆက်ပါတယ်” ယွဲ့ချီက ပြုံးကာ ပြောလိုက်သည်။

လုကျိုး၏ အမူအရာက မှောင်မည်းသွားပြီး အော်ပြောလိုက်သည်။

“ထွက်သွားစမ်း”

လုကျိုးက အသေရိုက်ချက်ကတ်ကို ချေမွှပစ်လိုက်၏။

ဝုန်း

ဗုဒ္ဓမဟာမိုးကြိုးလက်ဟန်သင်္ကေတက ထွက်ပေါ်လာကာ ထိုရှည်လျားကာ ပိန်ပါးသည့် ပင်လယ်သားရဲအပေါ် ကျရောက်လာသည်။

မင်းက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရဲတယ်လား။ မင်းက မျှတတာကို ဂရုမစိုက်မှတော့ ငါလည်း ချုပ်တည်းမနေတော့ဘူး…

ဝုန်း

ထိုပိန်ပါးကာ ရှည်လျားသည့် ပင်လယ်သားရဲကြီးက မဟာမိုးကြိုးလက်ဟန်သင်္ကေတကြောင့် မြေပြင်ပေါ် ရိုက်ချခံလိုက်ရသည်။ ထိုအရာ၏ အသားများက ပွင့်ဟနေပြီး အတွင်းအင်္ဂါများကလည်း ဝမ်းဗိုက်ရှိအပေါက်မှ ထွက်ပေါ်နေပြီး အသက်ဓာတ်နှလုံးသားကလည်း ထွက်ပေါ်လာသည်။

“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၂ထောင်ရရှိပါတယ်”

“ဗုဒ္ဓ စွမ်းအားလား။ ငါ ဂရုတစိုက် ပြုစုပျိုးထောင်ထားတဲ့ သားရဲတွေကို သတ်ရဲတယ်ပေါ့” ယွဲ့ချီက ဒေါသတကြီးအော်ပြောလိုက်သည်။ သူက ယခင်က တည်ငြိမ်မှုကို ဆုံးရှုံးသွားလေသည်။ သူက ကြယ်တာရာဒိုင်ခွက်ကို သိမ်းဆည်းပြီး အော်လိုက်သည်။ သူ့မျက်ဝန်းများက ပြာနေပြီး သူ့ခန္ဓာကိုယ်မှ အနက်ရောင်မြူခိုးများ ထွက်ပေါ်လာလေသည်။

“မင်းရဲ့ အသက်နဲ့ ပြန်ပြီးပေးဆပ်ရမယ်” ယွဲ့ချီက သူ့နတ်ဆိုးအမွေအနှစ်ကို ထပ်မံထုတ်သုံးလိုက်ပြန်သည်။ သူက ယခု အခိုက်အတန့်တွင် နတ်ဆိုးတစ်ကောင်နှင့် တူနေလေ၏။

ထိုအရာကို မြင်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသည့် ယန်ကျင်းဟုန်က အားပါးတရ ရယ်မောလိုက်သည်။

“မဟာဆရာသခင်ယွဲ့ကတော့ နောက်ဆုံးတော့ အလေးအနက် တိုက်လာပြီ။ မဟာလေဟာနယ်ရဲ့ စွမ်းအားက ဂုဏ်သိက္ခာကို ထာဝရတည်မြဲနေမှာ”

ယွဲ့ချီက ဥက္ကာပျံအလား ဆင်းသက်လာလေ၏။

လုကျိုးက လက်ကိုမြှောက်လိုက်သည်။ သူက ယွဲ့ချီကို တားဆီးတော့မည့်ဆဲဆဲတွင် အံ့ဖွယ်စွမ်းအား မကျန်ရှိတော့ကြောင်း တွေ့လိုက်ရသည်။

ထို့ကြောင့် သူက ဆင်းသက်လိုက်သည်။

ယွဲ့ချီက ဤသို့အခွင့်အရေးကောင်းကို မည်သို့လက်လွှတ်မည်နည်း။

“အေးခဲစေ”

ထို့နောက် ခပ်ဖျော့ဖျော့ အပြာရောင်စက်ကွင်းက ချက်ချင်းဆိုသလို ပြန်လည်ဆင်းသက်လာလေ၏။

နောက်တစ်ကြိမ်ဆိုသလို လုကျိုးက ရင်းနှီးကာ အားကောင်းသည့် အေးခဲရေးစွမ်းအားကို ခံစားမိလိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ် သူက သက်ရောက်မခံရပေ။ သူက သူ့ဆီ တိုးဝင်လာနေသည့် ယွဲ့ချီကို ကြည့်ပြီး လက်ဝှေ့ကာ ပြောလိုက်သည်။

“ထွက်သွားစမ်း”

လုကျိုးက မဟာမိုးကြိုးလက်ဟန်သင်္ကေတကို ထပ်မံ ထုတ်ဖော်လိုက်ပြန်သည်။

ဝုန်း

လက်ဝါးစည်းတံဆိပ်က ယွဲ့ချီအပေါ် ကျရောက်လာသည့်အခါ သူ့အပြုံးတို့က အေးခဲသွားလေ၏။ သူက ထိုလက်ဝါးစည်းတံဆိပ်သည် သူ တောင့်ခံနိုင်သည်ထက် ကျော်လွန်နေကြောင်း သိထားသည့်အခါ တုန်လှုပ်မှုတို့ဖြင့် အစားထိုးသွားလေသည်။

ဝုန်း

ယွဲ့ချီက လွင့်စဉ်သွားလေ၏။ သူက လေးကိုင်းသဏ္ဌာန်လွင့်စဉ်သွားပြီး မြေပြင်မှ ပြုတ်ကျလာသည်။

ယန်ကျင်းဟုန်က နှလုံးခုန်ရပ်လုမတတ် ခံစားလိုက်ရ၏။

ယန်ကျင်းဟုန်က ယွဲ့ချီသည် စောစောလေးကအထိ သက်တံလိုမျိုး ကြီးကျယ်ခမ်းနားနေသည့် ယွဲ့ချီက ယခုအခါ ဆိုးဆိုးရွားရွား ဖြစ်နေသည်ကို ကြည့်ပြီး မျက်လုံးအပြူးသားဖြစ်သွားမိသည်။

သားရဲဘုရင်၏ ထိန်းချုပ်မှုမရှိဘဲ ပင်လယ်သားရဲများက ခေါင်းမပါသည့် ယင်ကောင်များသဖွယ် အချင်းချင်း ဝင်တိုက်ကုန်ကြသည်။

လုကျိုးက ယွဲ့ချီဆီ တိုးလာလေ၏။ ထိုပစ္စည်းက သူ့မွေးဖွားဇယားချပ်ကို မဖျက်ဆီးနိုင်ခဲ့ပေ။ ယွဲ့ချီက ရုပ်သေးရုပ် သို့မဟုတ် တစ်စုံတစ်ခု ရှိနေမှန်း သိသာလှ၏။ ထိုအရာက သားရဲခန္ဓာလည်း ဖြစ်နေနိုင်သည်။

ယွဲ့ချီက သားရဲသခင်တစ်ယောက် ဖြစ်သည့်အတွက် နောက်တစ်ခုက ပိုမိုဖြစ်နိုင်ခြေ ရှိ၏။

ယွဲ့ချီက ပြန်လည်ထရပ်လာသည်။ သူ့မျက်ဝန်းများက နီရဲနေသည်။ သို့သော် သူက ထရပ်သည့်အခိုက်အတန့်တွင် လုကျိုးက နောက်ထပ်စည်းတံဆိပ်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူက လက်ဝါးစည်းတံဆိပ်အတွင်း လျှပ်စီးဟု ရေးသားထားသည့် သင်္ကေတကို ခံစားလိုက်ရသည်။ သူ့အလိုလိုသိစိတ်က ရှောင်ရှားဖို့ ပြောပြနေ၏။ သူကလည်း ရှောင်ရှားလိုက်သည်။ သို့သော်လည်း ထိုအရာက သူ့ကို ပစ်မှတ်ထားနေဟန်ပေါ်သည်။

ယွဲ့ချီက လွင့်စဉ်သွားပြီး မြေပြင်ပေါ် မီတာတစ်ရာခန့် ပြုတ်ကျသွားလေသည်။

ယန်ကျင်းဟုန် “…”

လုကျိုးက ယွဲ့ချီရှေ့ရောက်အောင် ဆက်လက်ရှေ့တိုးလာသည်။

“ငါက အားကုန် ထုတ်မသုံးရသေးဘူး။ မင်းက တောင့်မခံနိုင်တော့ဘူးလား”

“မင်း”

လုကျိုးက ခေါင်းယမ်းလိုက်သည်။

သူက မိုးကြိုးရိုက်ချက်ကတ်နှင့် ပတ်သက်ပြီးမကျေနပ်ပေ။

ယွဲ့ချီက အေးစက်စက်ပြောလိုက်သည်။ ထို့နောက် မြေပြင်ပေါ်လက်ဝါးတစ်ချက် ရိုက်ချကာ လေထဲ ပျောက်ကွယ်သွားလေ၏။

ထို့နောက် လုကျိုးက သူ့အပေါ်ကျရောက်လာသည့် ဖိအားကို ခံစားမိလိုက်သည်။

“မင်းက ငါ့ကို အောင်အောင်မြင်မြင် ဒေါသဆွပေးနိုင်ခဲ့တာပဲ” ယွဲ့ချီက ဒေါသတကြီးဖြင့် ထိုးနှက်ရင်း ပြောလိုက်သည်။

လုကျိုးက တိတ်တဆိတ်ဖြင့် သူ့ရနံ့စွမ်းအားကို အသက်သွင်းပြီး ခေါင်းအသာယမ်းလိုက်သည်။

“မင်းက တုံးအအနဲ့ အကြောက်တရား ကင်းမဲ့နေတာပဲ”

လျှပ်စီးချက်က ယွဲ့ချီအပေါ် ကျရောက်လာလေ၏။ ကိုယ်ပွားက ပျောက်ကွယ်သွားပြီး တကယ့်ခန္ဓာကိုယ်က ကျရောက်လာသည်။ ဤတစ်ကြိမ် သူက သွေးတစ်ပွက် အန်လိုက်ရပြီး ဒဏ်ရာအပြင်းအထန် ရရှိလိုက်သည်။

ယန်ကျင်းဟုန် “…”

ယန်ကျင်းဟုန်က သူ့ရှေ့တွင် ရှိသည့်သူက မဟာဆရာသခင်ယွဲ့ ဟုတ်ရဲ့လားဟု မျက်လုံးပွတ်ကာ ကြည့်လိုက်သည်။

...

အခန်း (၁၃၉၁) သူတော်စင်သတ်ဖြတ်သူ

လုချီသည် ယွဲ့ချီက ယခင်ကလုကျိုးကို လုပ်ခဲ့သည့်နည်းတူ ယွဲ့ချီကို ငုံ့ကြည့်လိုက်၏။ သူက မြေပြင်ပေါ်လဲနေပြီး သွေးအန်ကာ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားသည့် ယွဲ့ချီကို ကြည့်လိုက်၏။ စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြီးနောက် မေးလိုက်သည်။ “မင်းအခု အရှုံးပေးပြီလား”

ထိုမေးခွန်းသည် မဟာလေဟာနယ်မှလာပြီး လူတိုင်းအထက်တွင် အမိန့်ပေးနေကြဖြစ်သည့် ယွဲ့ချီအတွက် မဟာစော်ကားမှုကြီးတစ်ရပ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပေ။ သွေးများက စီးကျလာလျက် သူ တစ်ချက်ရယ်ကာ ပြောလိုက်သည်။ “ငါ့ရဲ့မွေးဖွားဇယားချပ်တွေ ဆုံးရှုံးမှာ မဟုတ်ဘူး”

“ဟမ်”

“သားရဲထိန်းကျောင်းသူတစ်ယောက်အနေနဲ့ ငါ့ရဲ့မွေးဖွားဇယားချပ်တွေကို တပေါင်းတည်းဖြစ်အောင် သန့်စင်ခဲ့ပြီးတာ ကြာပြီ။ သူတော်စင်တစ်ပါးဖြစ်လာဖို့ နှစ်ပေါင်းထောင်ချီကျင့်ကြံခဲ့တာ။ သူတော်စင်တစ်ပါး ဖြစ်လာဖို့ နာကျင်မှုတွေ ဝေဒနာတွေနှစ်ပေါင်းများစွာ သည်းခံခဲ့တယ်။ သူတော်စင်တစ်ပါး ဖြစ်လာဖို့ မဟာလေဟာနယ်ရဲ့ကောင်းကင်ကန်မှာ နှစ်ပေါင်းငါးရာ ကိုယ့်ကိုကိုယ် အကျဉ်းချထားခဲ့တာ။ အဲ့ဒီနှစ်ငါးရာမှာ ငါ ဘယ်လိုနေခဲ့လဲ မင်း သိလား”

လုကျိုးသည် ထိုစကားများကို ကြားသောအခါ ထျန်းဝူကို တွေးမိသွားလေ၏။ ထျန်းဝူသည် သူမ၏မွေးဖွားဇယားချပ်ကို ပေါင်းစည်းပြီး အံ့ဖွယ်ဝိညာဉ်ပုလဲဖွဲ့တည်ခဲ့၏။ သူတော်စင်တစ်ပါး ဖြစ်လာရန် လူသားတို့သည် သူတို့၏မွေးဖွားဇယားချပ်ကို ကာကွယ်ရန် ထိုသို့လည်း လုပ်နိုင်သည်လော။ သူတော်စင်တစ်ပါးဖြစ်ခြင်းက ရိုးရှင်းသည့် သာမန်ကျင့်ကြံသူတစ်ယောက်၏ လမ်းစဉ်ကို ပြန်လည်ရောက်သွားခြင်းကို ဆိုလိုသည်လော။

ယွဲ့ချီက ဆက်လက်ရယ်မောနေလေ၏။

လုကျိုးသည် ယွဲ့ချီ၏ရယ်မောသံကြောင့် ရွံ့ရှာလာမိ၏။ ၎င်း၏အသံသည် သူ၏နားထဲ ခပ်ပြင်းပြင်း ပွတ်တိုက်နေသလိုခံစားရစေသည်။

သူ မျက်မှောင်ကျုံ့လျက် မေးလိုက်သည်။ “မင်းကို ထပ်မေးမယ်။ မင်း အရှုံးပေးပြီလား”

ယွဲ့ချီက ထရပ်ရန် ရုန်းကန်လိုက်၏။ သူ အောင်မြင်သွားသည့်အချိန်တွင် ပြုံးလိုက်တော့သည်။

“မင်းရဲ့အကူအညီအတွက် ငါ‌ ကျေးဇူးတင်တယ်” “ဟမ်”

“ငါ သူတော်စင်တစ်ပါး ဖြစ်လာအောင် ကူညီပေးတဲ့မင်းကို ကျေးဇူးတင်တယ်” ယွဲ့ချီ၏ကိုယ်ထဲမှ အနက်ရောင်မြူတို့သည် မိုးကြိုးမုန်တိုင်းကာလအတွင်း ပင်လယ်ထဲရှိ လှုပ်ရှားမှုပမာ ပေါ်ထွက်လာတော့သည်။

ထိုအခိုက်အတန့်တွင် လုကျိုးက သူ့ရှေ့ရှိလူသည် အစစ်အမှန်ယွဲ့ချီ မဟုတ်ကြောင်း သဘောပေါက်သွား၏။ ဝှစ်

ပြင်းထန်သောဖိအားသည် လုကျိုးဆီတိုးဝင်လာ၏။

ဖုန်း

လုကျိုးသည် နောက်သို့မီတာတစ်ထောင်လွင့်သွား၏။ သူ၏ခန္ဓာကိုယ်က ထုံကျဉ်သွားကာ မြဲမြံစွာရပ်နိုင်ရန် ရုန်းကန်နေရသည်။

ယွဲ့ချီက သူတော်စင်တစ်ပါးလား။

ယခုအခေါက်တွင် လုကျိုးက သူတော့သွားပြီဟု ခံစားမိလိုက်သည်။ သူ့၌ အံ့ဖွယ်စွမ်းအား များများစားစား မကျန်တော့ဘဲ သူ၏မွေးဖွားဇယားချပ်အရေအတွက်ကလည်း သူ့ရန်သူထက် ပိုနည်းသည်။ သူတော်စင်အသစ်ကို မည်သို့ရင်ဆိုင်ရမည်နည်း။

ရန်ကျင်းဟုန်က ဒူးထောက်လျက်ပြောလိုက်သည်။

“သူတော်စင်တစ်ပါးဖြစ်လာတာ ဂုဏ်ပြုပါတယ် မဟာဆရာသခင်ယွဲ့ မဟုတ်ဘူး ကျွန်တော်ဆိုလိုတာ သူတော်စင်ယွဲ့”

ဘီး

အနက်ရောင်ကြယ်တာရာဒိုင်ခွက်ပေါ်လာလျက် ဝေဟင်ကိုလွှမ်းသွားတော့သည်။

အမှောင်ထုက ချက်ချင်းကျရောက်လာကာ ပင်လယ်သားရဲတို့သည် ရတက်မအေးဖြစ်ကုန်တော့သည်။ သူတို့သည် ဝေဟင်ထဲတွင် အရပ်မျက်နှာအနှံ့မှ ပျံသန်းလာ၏။

အနက်ရောင်အလင်းတန်းသည် လုကျိုးဆီသို့ တဟုန်ထိုးတိုးဝင်သွားသည်။

လုကျိုးက ဆက်တိုက်ရှောင်နေ၏။ သူ၏လှုပ်ရှားမှုက လျင်မြန်ဖျတ်လတ်သည်။

ထိုစဉ် အပေါ်မှအသံတစ်သံ ပေါ်ထွက်လာသည်။ “ငါ သူတော်စင်တစ်ပါးဖြစ်သွားပြီ။ မင်းကို သတ်ဖို့က တိရစ္ဆာန်တွေကို သတ်သလိုလွယ်တယ်”

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

လုကျိုးက သူတို့ကို ဆက်လက်တိမ်းရှောင်နေစဉ် ဝေဟင်မှအလင်းတန်းများ ဆက်တိုက်ကျဆင်းလာ၏။

ထိုစဉ်တွင် ရန်ကျင်းဟုန်က စိတ်အေးမှုကို ခံစားလိုက်ရသည်။ သူက နောက်သို့ဆုတ်နေစဉ် ကြမ်းတမ်းသည့်တိုက်ပွဲကြောင့် ထိခိုက်သွားမှာစိုးရိမ်၏။ သူက အချိန်မှန်ကိုစောင့်ကာ သတ်ဖြတ်ဖို့ပြင်ဆင်လိုက်၏။ ဤနည်းဖြင့် သူသည် မွေးဖွားဇယားချပ်ဆုံးရှုံးရမှုကြောင့် ဒေါသနှင့်အမုန်းတရားကို ဖယ်ရှားနိုင်မှာပဲဖြစ်သည်။

ထိုစဉ် အနက်ရောင်မြူများရစ်ဝဲနေလျက် ပင်လယ်သားရဲတို့သည် လုကျိုးဆီ ကမူးရှူးထိုး တက်လာကြသည်။

လုကျိုးက သူ၏ပထမဆုံးမွေးဖွားစမ်းသပ်မှုစမ်းရည်ဖြစ်သည့် မီးတောက်ရွှေကြာကို ရွတ်ဆိုလိုက်ပြီး ပင်လယ်သားရဲရာချီကို သတ်ဖြတ်ခဲ့သည်။ သို့သော် ပင်လယ်သားရဲတို့သည် ဘယ်တော့မှ အဆုံးသတ်မည့်ပုံမပေါ်။

ယွဲ့ချီက ပြောလာပြန်၏။ “မင်းက မဟာဆရာသခင်အများစုထက် ပိုသန်မာတယ်။ မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ငါ ကြည့်ချင်သေးတယ်”

အနက်ရောင်အလင်းတန်းက ဆက်လက်ကျဆင်းနေ၏။

ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း

မြေပြင်က တွင်းနက်များ လှိုင်းဂယက်ထနေ၏။

လုကျိုးသည် မြေပြင်ကိုဆောင့်နင်းလျက် ဝေဟင်ထဲတက်သွားသည်။ ခရမ်းရောင် တောက်ပသံကျောက်သည် ၎င်း၏စွမ်းရည်ကို ထုတ်လွင့်ကာ တစ်ကီလိုမီတာအတွင်းရှိ သားရဲများအားလုံးသည် မြေပြင်ပေါ်ပြုတ်မကျခင် ချက်ချင်းအေးခဲကုန်၏။

ယန်ကျင်းဟုန်သည် ခဲသွားသည့် စွမ်းအင်အပြင်သို့ ဆက်တိုက်လွင့်ထွက်လာ၏။ သူ ဆင်းသက်လာချိန်တွင် အသက်ပြင်းပြင်း ရှူပြီးနောက် ကောင်းကင်ကိုမော့ကြည့်ကာ ရေရွတ်ပြောလိုက်၏။ “သူက တကယ့် ဆရာသခင်တစ်ယောက်ပဲလား”

လုကျိုးသည် ခရမ်းရောင်တောက်ပသံကျောက်ကို ဖယ်ထုတ်လိုက်၏။ ဖိအားပိုမိုလေးလံလာတာကို ခံစားမိသည်။ သူ၏ဝှက်ဖဲကို အသုံးပြုခဲ့ပြီးဖြစ်သည်။ သူက ဘယ်ညာရှာဖွေလျက် အနံ့စွမ်းအားကို အသုံးပြုလိုက်သည်။ မကြာမီ၌ သူ့နောက်မှထူးဆန်းသောအနံ့ကို ရလိုက်ကာ ချာခနဲ လှည့်လိုက်တော့သည်။ အနက်ရောင်ကြယ်တာရာဒိုင်ခွက်က သူ့နား ကပ်လာပြီဖြစ်သည်။

“သေပေတော့”

အနက်ရောင်ကြယ်တာရာဒိုင်ခွက်က သူ့နားကပ်လာချိန်တွင် လုကျိုးသည် မွေးဖွားဇယားချပ် ၂၄ခုက တစ်ခုတည်းဆက်နွယ်သွားတာကိုတွေ့လိုက်ရသည်။ ထိုအကြောင်းအရင်းကြောင့် သူတော်စင်များသည် အဆင့်လျော့ကျခြင်းမရှိသည်လော။ သူသည် အတွေးများကို မစုစည်းနိုင်သေးခင် နောက်သို့လွင့်ထွက်သွားပြီဖြစ်သည်။ သူက အတိုက်အခိုက်ဒဏ်ပြင်းပိတ်ဆို့ကာကွယ်ကတ် တစ်ကတ်လျော့သွားတာ တွေ့လိုက်ရ၏။

လုကျိုးသည် မြဲမြံစွာရပ်ပြီးသည့်အချိန်တွင် ယွဲ့ချီက သူ့နောက်၌ တိတ်တဆိတ်ပေါ်လာ၏။ သူက ပြောလိုက်တော့သည်။ “မင်းရဲ့မွေးဖွားဇယားချပ် မဆုံးရှုံးသွားဘူးလား။ စိတ်ဝင်စားစရာပဲ ... စိတ်ဝင်စားစရာပဲ။ ငါတော့မင်းကို ပိုပိုပြီးစိတ်ဝင်စားလာပြီ”

ဘန်း

လုကျိုးသည် ခုခံရန်သူ၏ရွှေရောင်ဗုဒ္ဓခန္ဓာကို သုံးလိုက်၏။ သို့သော်ငြား ရွှေရောင်ဗုဒ္ဓခန္ဓာ၏ကျောက ချိုင့်သွားပြီဖြစ်သည်။ ၎င်းသည် သူတော်စင်တစ်ပါး၏ခွန်အားကို ခံနိုင်ရည်မရှိ။ နောက်သို့လွင့်သွားစဉ် သူ၏ သွေးနှင့်ချီတို့ကို ခံစားမိလိုက်သည်။ မဟာဆရာသခင်တစ်ပါးနဲ့ သူတော်စင်တစ်ပါးရဲ့ ကွာဟချက်က ဒီလောက်ကြီးလား။

အသေရိုက်ချက်ကတ် ၂၄ကတ်က သူ့ရဲ့ပေါင်းစည်းမွေးဖွားဇယားချပ် ၂၄ခုကို အနိုင်ယူနိုင်မှာလား။

“မင်းကို သူတော်စင်တစ်ပါးရဲ့စွမ်းအားပြမယ်”

အနက်ရောင်ကြယ်တာရာဒိုင်ခွက်သည် ဝေဟင်ထဲ၌ ဖူးပွင့်လာပြန်၏။

ဖုန်း

မွေးဖွားဇယားချပ်စွမ်းအားက ရှေ့တိုးပေါ်ထွက်လာသည်။

ထိုအခိုက်အတန့်တွင်‌ မြေပြင်ကပြိုလဲတော့မည့်အရိပ်အယောင်ပြနေ၏။

လုကျိုးသည် မြေအောက်နန်းတော်ဖက်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ်ပူပန်နေလေ၏။ သူတော်စင်တစ်ပါး၏စွမ်းအားသည် စီးဝူယာ့နှင့်ကျန်သည့်သူများ ခံနိုင်ရည်ရှိသည့်အရာမဟုတ်။

ဖုန်း

အနက်ရောင်အလင်းတန်းက မြေအောက်နန်းတော်ပေါ်ကျသွား၏။ ဤနည်းဖြင့် သွေးစွမ်းအင်တို့သည် မြေအောက်နန်းတော်မှ စိမ့်ထွက်လာသည်။

ယွဲ့ချီသည် သွေးစွမ်းအင်ကို လောဘတကြီးအနံ့ခံလိုက်ပြီးနောက် ပြောလိုက်တော့သည်။

“မီးဒေဝါရဲ့မျိုးဆက်လား။ မဟာလေဟာနယ်မျိုးစေ့ရဲ့အနံ့လား။ သူ မသေဖို့မျှော်လင့်တာပဲ”

ယွဲ့ချီသည် သူ၏ကြယ်တာရာဒိုင်ခွက်ကို တွန်းထုတ်လိုက်၏။ စီးဝူယာ့သေသွားလျှင် မဟာလေဟာနယ်မျိုးစေ့သည်လည်း ဖျက်ဆီးခံလိုက်ရမည်။

ယွဲ့ချီသည် အချိန်မဖြုန်းတော့ဘဲ မြေအောက်နန်းတော်ဆီသို့ ပျံသန်းသွားလေ၏။

ထိုစဉ် ...

“တင်း ... သင်၏တပည့်စီးဝူယာ့သည် ပညာသင်ပြီးမြောက်ရန်လိုအပ်ချက် ပြည့်စုံပါပြီ။ သူ့ကို ပညာသင်ကြားခွင့် ပြီးဆုံးမှုပြုလိုပါသလား”

အက်ကွဲကြောင်းများကြားထဲမှ စီးဝူယာ့၊ ဟွမ်ရှစ်ကျဲနှင့် လီကျင်းယီတို့ကို ယွဲ့ချီသည် မြေအောက်နန်းတော်ထဲတွင် တွေ့လိုက်ရ၏။ သူက ပြောလိုက်သည်။

“မီးဒေဝါ၏မျိုးဆက် ဒီကိုလာ” သူက လက်ကိုမြှောက်လိုက်ရာ မြေပြင်ပေါ်တွင် လဲနေသော စီးဝူယာ့က ဖြည်းဖြည်းချင်း တက်လာသည်။

စီးဝူယာ့က မျက်လုံးကို တင်းကြပ်စွာပိတ်ထားပြီး သူ၏ကိုယ်က သွေးများရွှဲနစ်နေ၏။ သူက အက်ကွဲကြောင်းများထဲကနေ ဝေဟင်ထဲတက်သွားတော့၏။

ယွဲ့ချီသည် လက်ဆန့်ထုတ်ပြီး စီးဝူယာ့၏ဝမ်းဗိုက်ကို လက်လှမ်းစဉ် သူ စိတ်လှုပ်ရှားမှုကို မထိန်းနိုင် ဖြစ်နေ၏။ သူ မဟာလေဟာနယ်မျိုး‌စေ့ကို ရတော့မည်။

ဘန်း

ယွဲ့ချီ၏လက်က စီးဝူယာ့၏ဝမ်းဗိုက်ကို ထိတော့မည့်အချိန်တွင် ပြင်းထန်သောဖိအားက သူ့ကိုပိတ်ဆို့လိုက်သည်။ ယွဲ့ချီက တအံ့တဩမော့ကြည့်လိုက်မိသည်။

လုကျိုးက မည်သည့်အချိန်မှသူ့ဘေးသို့ ရောက်နေမှန်းမသိ။

“ဟမ်”

“အဆုံးသတ်ဖို့အချိန်တန်ပြီ”

ယွဲ့ချီ၏ လက်ကို ကောင်းကင်စွမ်းအားဖြင့်ဆုပ်ကိုင်ထားသည့် လုကျိုး၏လက်ပဲဖြစ်သည်။

လုကျိုး၏လက်ကောက်ဝတ်နားတဝိုက် သူ၏ဆုပ်ကိုင်မှုကို တင်းကြပ်လိုက်စဉ် ယွဲ့ချီက စူးရှစွာအော်လျက် သူတော်စင်တစ်ပါး၏စွမ်းအားကို သုံးကာ လှစ်ကနဲပျောက်သွားတော့သည်။

လုကျိုးက လှုပ်ရှားမှုမရှိပေ။ သူက ရှင်းလင်းနေသောလေဟာနယ်ဆီ လှစ်ကနဲသွားကာ ယွဲ့ချီ ပြန်ပေါ်လာချိန်တွင် သူက လက်ဝါးစည်းတံဆိပ်ထုတ်သုံးလိုက်၏။

ဘန်း

ယွဲ့ချီက လွင့်ထွက်သွားပြီး သူ ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွား၏။ “သူကဘာလဲ။ သူတော်စင်တစ်ပါးလား”

ယွဲ့ချီသည် အဆင့်ချိုးဖြတ်တက်ပြီး သူတော်စင်တစ်ပါးဖြစ်လာကာစ ဖြစ်သောကြောင့် သူတော်စင်တစ်ပါး၏ စွမ်းအားကို များများစားစားမသိပေ။ သူ့အမြင်တွင် လုကျိုးက သူတော်စင်မဟုတ်လျှင် မည်ကဲ့သို့ဤမျှအစွမ်းထက်နိုင်မည်နည်း။

စီးဝူယာ့ ဝေဟင်မှပြုတ်ကျသွားစဉ် လုကျိုးက‌ ပြောလိုက်၏။ “စီးဝူယာ့ကို ဂရုစိုက်ထား”

လုကျိုးသည် နောက်ထပ်လက်ဝါးစည်းတံဆိပ်ဖြင့် ယွဲ့ချီဆီပျံသန်းသွားပြီး ယွဲ့ချီက ပျောက်ကွယ်သွားပြန်၏။

ရွှေရောင်ဗုဒ္ဓခန္ဓာတလျှောက် လုကျိုးသည် အနံ့စွမ်းအား၊ အမြင်စွမ်းအားနှင့် အဆုံးမဲ့ကောက်နုတ်ချက်စွမ်းအား၊ ဖုံးကွယ်ခြင်းစွမ်းအား၊ အတိတ်ဘဝစွမ်းအားနှင့် ကျန်သည့်ကောင်းကင်စွမ်းအားများကို ရွတ်ဆိုနေသည်။

ယခုအခိုက်အတန့်တွင် ဗုဒ္ဓကိုယ်တိုင် သေမျိုးလောကသို့သက်ဆင်းလာသည့်ပမာဖြစ်နေသည်။ သူတော်စင်စွမ်းအားသည် လုကျိုးကို ထိမိချိန်၌ ပျောက်ကွယ်သွား၏။ သူက လုံးဝထိခိုက်ဒဏ်ရာမရပေ။

ယွဲ့ချီက ကြောက်လန့်မှုကြောင့် ဖြူဖျော့နေ၏။ “နတ်ဆိုးအမွေအနှစ်သွားတော့”

အပြာရောင်လျှပ်စီးတို့သည် လုကျိုးနားကပ်လာစဉ် ၎င်းတို့သည်ရွှေရောင်ဗုဒ္ဓခန္ဓာမှ ရွှေရောင်အလင်းကိုရှောင်သွား၏။ ယင်းကို မြင်သောအခါ ယွဲ့ချီက အထိတ်တလန့်အော်လိုက်သည်။

“ဆိုးယုတ်သူတစ်ပါး”

လုကျိုးသည် ယွဲ့ချီရှေ့သို့ရောက်လာချိန်တွင် မျက်နှာသေဖြင့်ပြောလိုက်၏။ “ဒီလက်ဝါးစည်းတံဆိပ်ကို ယူလိုက်”

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

အံ့ဖွယ်စွမ်းအားပြည့်နေသည့် လက်ဝါးစည်းတံဆိပ်တစ်ရာသည် ယွဲ့ချီကိုယ်ပေါ်ကျသွားသည်။ သူ၏ခန္ဓာကိုယ်သည် နောက်သို့ကွေးသွားကာ မြေပြင်ပေါ်ပြုတ်ကျသွားလေ၏။ လုကျိုးသည် မရပ်တန့်ခဲ့ပေ။ သူသည် နောက်ထပ်လက်ဝါးစည်းတံဆိပ်တစ်ရာကိုသုံးကာ ၎င်းတို့သည် ယွဲ့ချီ၏ခန္ဓာကိုယ်ပေါ် တိတိကျကျ ထိမှန်သွား၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ယွဲ့ချီက သွေးအန်တော့သည်။ ကတ်နှစ်ကတ်ဖြင့် လုကျိုးကို မည်သူကများ တောင့်ခံနိုင်မည်နည်း။

...

အခန်း (၁၃၉၂) အသက်လဲလှယ်ခြင်း

ကောင်းကင်ယံထက် အနက်ရောင်ကြယ်တာရာဒိုင်ခွက် တောက်ပလာသည့်အခါ ယွဲ့ချီက လေဟာနယ်ထဲ ပျောက်ကွယ်သွားလေသည်။

လုကျိုးက ဘေးပတ်လည်ကို ကြည့်ကာ မီတာတစ်ထောင်အကွာတွင် ပြန်လည်ပေါ်ထွက်လာသည်။ သူက မဟာလေဟာနယ်ကို ဆုပ်ကိုင်လိုက်သလိုမျိုး ဖြစ်၏။

သိပ်မကြာခင် ယွဲ့ချီက သူ့လည်ပင်းကို ရုတ်တရက် အဆွဲခံလိုက်ရသလိုမျိုး ရုတ်ခြည်းပေါ်ထွက်လာသည်။

ရွှေရောင်နှင့် အပြာရောင်ရောယှက်နေသည့် ဗုဒ္ဓရွှေခန္ဓာက တောက်ပနေလေသည်။ ယွဲ့ချီက သူ့စိတ်နှလုံးသားထဲမှ အကြောက်တရားဖြင့် တုန်ယင်နေလေ၏။

သူက တောင်းဆိုလိုက်သည်။

“ကျုပ် အညံ့ခံပါတယ်။ အညံ့ခံပါတယ်”

ကျွတ်

လုကျိုးက လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး ယွဲ့ချီ၏ လည်ပင်းကို ချိုးပစ်လိုက်သည်။

ယွဲ့ချီ၏ စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီး ပြန်လည်ပျောက်ကွယ်သွားလေ၏။

သူက မသေသေးဘူးလား…

“မင်း ဘယ်လောက်တောင်ခံနိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့” လုကျိုးက ဧရာမလက်ဝါးစည်းတံဆိပ်ကို ယွဲ့ချီဆီ ပစ်ခတ်လိုက်သည်။

ယွဲ့ချီက သူ့စွမ်းအားအကုန် သုံးပြီး တိုက်ကွက်ကို ရှောင်ရှားလိုက်၏။ သူက ကိုယ်ပွားများကို ဖမ်းဆီးပြီး ဆက်လက် ရှောင်ရှားလိုက်သည်။

လုကျိုးကလည်း သူ့ဘဝများကို ဖော်ထုတ်လိုက်၏။ သူက ဤနေရာကို ကြိုသိသလိုမျိုး၊ ယွဲ့ချီ၏ စိတ်ကို ဖတ်နိုင်သလိုမျိုး သူ့နေရာ၌ ပေါ်ထွက်လာလေ့ရှိသည်။

ဘန်း ဘန်း ဘန်း

လက်ဝါးချက်များက ယွဲ့ချီ၏ စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ကို ရောက်လာခဲ့သည်။

ဝှစ်

နောက်ဆုံးတွင် ယွဲ့ချီ၏ ကြာပွင့်က လုကျိုးကြောင့် အတင်းအကြပ် ထုတ်ဖော်ခံလိုက်ရသည်။

လုကျိုးက ထိုအခိုက်အတန့်ကို အရယူကာ အမည်မဲ့ကို ဓားသဏ္ဌာန်အဖြစ် ထုတ်ဖော်လိုက်သည်။ လျှို့ဝှက်စွမ်းအား အကုန်လုံးကို ထုတ်သုံးပြီး အမည်မဲ့ထဲ ထည့်သွင်းကာ ယွဲ့ချီ၏ မွေးဖွားနန်းဆောင်ကို ရိုက်ချလိုက်သည်။ ထိုဓားချက်က မိုးမြေကိုပင် နှစ်ပိုင်းပိုင်းသွားစေနိုင်လောက်၏။

ဝုန်း

ယွဲ့ချီ၏ မွေးဖွားနန်းဆောင်က နှစ်ပိုင်း ပိုင်းသွားလေသည်။

ထိုဓားချက်မှ ကျန်ရှိနေသည့် စွမ်းအားကလည်း မြေကြီးထဲ လျှိုသဖွယ် ဖြစ်ပေါ်သွားသည်။

“အား” ယွဲ့ချီက နာကျင်စွာ အော်ညည်းလိုက်၏။

ကနဦးချီမုန်တိုင်းက စတင်ပေါ်ထွက်လာပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားကာ အဆုံးမဲ့ပင်လယ်ပြင်ကိုပင် ရိုက်ခတ်သွားစေသည်။

လုကျိုးက ဖျတ်ခနဲရောက်ရှိလာပြီး မြေအောက်နန်းဆောင် အပြင်ဘက်သို့ ရောက်ရှိလာလေသည်။ သူက အတိတ်ဘဝ၏ စွမ်းအားကိုပါ ထုတ်ဖော်လိုက်သည်။ ရွှေရောင်ဗုဒ္ဓခန္ဓာက မြေအောက်နန်းဆောင်ရှေ့တွင် ထိုင်နေလေသည်။ ထိုအရာက ပေနှစ်ထောင်မျှ ရှည်လျားပြီး ဝံ့ဝံ့စွားစွား တောက်ပနေလေ၏။ ထိုအရာက ကနဦးချီမုန်တိုင်းကို ကာကွယ်ပေးထားသည်။ တစ်ချိန်တည်းဆိုသလို စီးဝူယာ့၊ ဟွမ်းရှစ်ကျဲ၊ လီကျင်းယီနှင့် ကျန်းအိုက်ကျန့်တို့ကို မျက်နှာမူလျက် ကုစားရေးစွမ်းအားကို ထုတ်ဖော်ထားလေသည်။ မျက်စိတစ်မှိတ်အတွင်း လူလေးယောက်၏ ဒဏ်ရာများက အစအနမရှိ ပျောက်ကွယ်သွားလေသည်။ သိပ်မကြာခင် ကနဦးချီမုန်တိုင်းက ငြိမ်သက်သွားပြီး ရွှေရောင်ဗုဒ္ဓခန္ဓာကိုယ်ကလည်း ပျောက်ကွယ်သွားလေ၏။

သူက သူ ထုတ်ဖော်ထားသည့် ကောင်းကင်ကျမ်းစွမ်းအားများစွာကို ဖြတ်တောက်လိုက်ရသည်။

ငြိမ်းချမ်းရေးတောင်ဆီ တိတ်ဆိတ်မှုတို့ ပြန်လည်ရောက်ရှိလာလေ၏။

နေရာတစ်ခုလုံးက ဖရိုဖရဲဖြစ်နေပြီး ရေခဲ၊ အလောင်းများ၊ အပြိုအပျက်များက အပုံလိုက်ဖြစ်နေသည်။ မြေအောက်နန်းဆောင်ကလည်း ပြိုလဲလုနီးပါးဖြစ်နေလေ၏။

လုကျိုးက မြေပြင်ပေါ်လဲနေသည့် ယွဲ့ချီဆီ လျှောက်သွားလိုက်၏။ သူက ယွဲ့ချီ၏ ဘေးဖက်ကို ကြည့်ကာ အေးစက်စက်ငုံ့ကြည့်လိုက်သည်။

ထို့နောက် သူက မေးလိုက်၏။

“ကောင်းပြီလေ”

ယွဲ့ချီ၏ မျက်ဝန်းများက အသက်မဲ့လုမတတ် ဖြစ်နေသည်။ အကြောက်တရားက သူ့ယုံကြည်ချက်ကို ခြေမွပစ်ခဲ့၏။ သူ့ကြာပွင့် ဖျက်ဆီးခံလိုက်ရမှုက ယုံကြည်ချက် ပျက်စီးခဲ့သည်။ သူက တိုက်ခိုက်ရေး နည်းလမ်းအားလုံးကို ဆုံးရှုံးလိုက်ရ၏။ သူက နာနာကျင်ကျင်ဖြင့် နှစ်များစွာ ကျင့်ကြံခဲ့ရပြီး သူတော်စင်တစ်ယောက်ဖြစ်လာဖို့ နာကျင်မှုနှင့် အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရသည်။

သို့သော်လည်း ယခုတွင် အရာအားလုံးက အဆုံးသတ်သွားပြီဖြစ်၏။ သူက သူတော်စင်ဖြစ်လာသည်မှာ တစ်နာရီခန့်မျှသာ ရှိသေးလေသည်။ မဟာလေဟာနယ်မှ ကျင့်ကြံသူတစ်ဦးအတွက် ထိုအရာက အရှက်ကွဲမှုကြီး ဖြစ်၏။ နောက်ဆုံးတွင် သူက ပြောလိုက်သည်။

“ကျုပ် အညံ့ခံတယ်”

“အညံ့ခံဖို့ နောက်ကျသွားပြီ” လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။

ယွဲ့ချီက ဒေါသထွက်လွန်း၍ သွေးတစ်ပွက်အန်လိုက်မိသည်။

နောက်ကျသွားပြီလား။ အဲ့လိုဆိုရင် ငါက စောစောစီးစီး အညံ့ခံတယ်ဆိုရင် သူ ငါ့ကို လွှတ်ပေးမှာလား…

“မင်းဘာပဲလုပ်လုပ် ငါ့အမြင်မှာ သေလူနဲ့ မခြားဘူး”

ယွဲ့ချီက သူ့နှုတ်ခမ်းထောင့်မှ သွေးများ ပိုမိုစီးကျလာလေ၏။ သူက ရုန်းကန်ကာ ပြောလိုက်သည်။

“ငါက မဟာလေဟာနယ်ကပဲ။ မဟာလေဟာနယ်ရဲ့ သားရဲသခင်ပဲ။ အထွတ်အမြတ်ခန်းမကပဲ..”

ဘန်း

လုကျိုးက ခြေကို ဆောင့်ကန်လိုက်သည့်အခါ ယွဲ့ချီ၏ အသံက ရုတ်ခြည်း ရပ်တန့်သွားလေသည်။

“ဆူလိုက်တာ”

“တီ ပစ်မှတ် (အဆင့်နိမ့်သူတော်စင်)ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၅သောင်း ရရှိပါတယ်။ နယ်မြေအပိုဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် ၅၀၀၀ ရရှိပါတယ်”

လုကျိုးက ခြေထောက်မကာ ယွဲ့ချီ၏ အသက်မဲ့ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။

ဟွမ်းရှစ်ကျဲနှင့် လီကျင်းယီတို့ကလည်း မြေအောက်နန်းဆောင်အပြင်ဘက်တွင် ရပ်နေရင်း မြင်လိုက်ရသည့်အရာကြောင့် အံ့အားသင့်နေကြ၏။

လုကျိုးက ရွှေရောင်ထိုက်ရွှီကြေးမုံကို ထုတ်ဖော်ကာ ယွဲ့ချီ၏ အလင်းထိုးပြီး ခေါင်းညိတ်ကာ ပြန်လည်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက အမည်မဲ့ကို ဓားအသွင်ဖြင့် ထုတ်ဖော်ပြီး ယွဲ့ချီ၏ အလောင်းအား အကြိမ်အနည်းငယ် ထိုးစိုက်လိုက်လေသည်။ ထို့နောက် အလောင်းဘေးတွင် စလင်ဒါပစ္စည်း တစ်ခုကို မြင်လိုက်ရ၍ ကောက်ယူလိုက်သည်။

“တင်း သဲနာရီကို ရရှိပါပြီ”

ဟွမ်းရှစ်ကျဲ “…”

ဟွမ်းရှစ်ကျဲက စိတ်ထဲတွင် ညည်းတွားနေမိသည်။ သူ၏ ကျင့်ကြံဆင့် မြင့်တက်သွားမှုက လုကျိုး၏ သဘောထားကို ပြောင်းလဲသွားခြင်း ရှိသည်ကို ထင်ထားခဲ့မိသည်။ လုကျိုးက ယခင်မိစ္ဆာအိုကြီးကျိသာ ဖြစ်နေဆဲဖြစ်၏။

ယန်ကျင်းဟုန်ကလည်း ကြောက်လန့်နေလေသည်။ သူ့ခြေထောက်များက တုန်တုန်ယင်ယင်ဖြစ်နေပြီး မျက်လုံးအပြူးသား ဖြစ်နေလေ၏။ လုကျိုးက သူ့ရှေ့မှောက်ရောက်ရှိလာသည့်အခါ ယန်ကျင်းဟုန်က မြေပြင်ပေါ် လဲကျသွားလေသည်။

ဝှစ် ဝှစ် ဝှစ်

အဝေးတစ်နေရာမှ ကောင်းကင်ယံထဲ မော့ကြည့်လိုက်သည့်အချိန် ဤတစ်ကြိမ်၌ သူ့လူများ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ကောင်းကင်ယံ၌ ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ချင်နိုင်ဟယ်၊ ယန်ကျန်းလော့၊ လုလီ၊ ရှောင်ယွမ်အာ၊ ခရုလေးနှင့် တခြားသူများက မြေပြင်ကို လှမ်းကြည့်နေကြသည်။

မြေပြင်တစ်ခုလုံးက သွေးသံရဲနေပြီး အလောင်းတစ်ခုပင် အကောင်းအတိုင်း ရှိမနေပေ။

ရှောင်ယွမ်အာက ထိုမြင်ကွင်းကို သည်းမခံနိုင်တော့ဘဲ မျက်လုံးကို ဖုံးကာထားလိုက်တော့သည်။

ခရုလေးက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

“တာ့ရှစ်ရှိုး ကျွန်မတို့တွေ နောက်ကျသွားပြီထင်တယ်”

“နောက်ကျသွားတာ ထင်ရုံတင်မဟုတ်ဘူး။ တကယ်နောက်ကျသွားတာ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“ရှစ်စွင်းက ဟိုမှာ ရှိတယ်”

ယွီရှန်းရုန်က ပြောလိုက်သည်။

“မဟုတ်ဘူး။ ငါတို့တွေ အရမ်းကြီး နောက်မကျပါဘူး”

“ဘာပြောတာလဲ” ယွီကျန့်ဟိုင်က မေးလိုက်သည်။

ယွီရှန်းရုန်က ယန်ကျင်းဟုန်ဆီ စွမ်းအင်ဓားတစ်ချောင်းကို စီးနင်းလျက် ပျံသန်းလာလေသည်။

“ရှစ်စွင်း ကျွန်တော် သူ့ကို ဖြေရှင်းလိုက်မယ်”

ယန်ကျင်းဟုန်က စိတ်လွတ်သွားဟန်ပေါ်၏။ သူက အညံ့ခံမည့်အစား သေဖို့သာ လိုလားပေသည်။ သူက ထွက်ပြေးဖို့ ကြိုးစားလိုက်သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိသွားသည့်အခါ မည်သို့များ ထွက်ပြေးနိုင်မည်နည်း။

လုကျိုးက ခေါင်းအသာယမ်းပြီးသည့်နောက်တွင် ယန်ကျင်းဟုန်၏ ခန္ဓာကိုယ်ထဲ စွမ်းအင်ဓားများ ထိုးစိုက်သွားဖို့သာ ကြည့်နေလိုက်သည်။

အားလုံးဆင်းသက်လာပြီးသည့်နောက်တွင် လုကျိုးက ပင်လယ်သားရဲအလောင်းများကို ကြည့်ပြီးသည့်နောက်တွင် ခုံဝမ်အား အကြည့်တစ်ချက် ရသည်။

ခုံဝမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“ကျွန်တော် အခုချက်ချင်း လုပ်လိုက်ပါမယ်”

လုကျိုးက မြေအောက်နန်းဆောင်ဆီ သွားကာ ကျန်သူများကလည်း ဟွမ်းရှစ်ကျဲနှင့် လီကျင်းယီဆီ ဝိုင်းထားလိုက်ကြသည်။

“ကျွန်းသခင်ဟွမ်း ဘာဖြစ်သွားတာလဲ”

“ဒါက…” ဟွမ်းရှစ်ကျဲက လက်ဟန်အမူအရာဖြင့် ပြနေသည်။ သူက ရုတ်ခြည်းဆိုသလို ထိုကြီးကျယ်ခမ်းနားလှသည့် တိုက်ပွဲကို ဖော်ပြဖို့ရာ စကားလုံးရှာမတွေ့တော့သလို ခံစားလိုက်ရ၏။ သူ သိထားသည့်စကားလုံးများက သူ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုက်ရသည့်တိုက်ပွဲကို မပြောပြနိုင်ပေ။

“ပြောပါဦး။ ကျွန်မ သိချင်နေပြီ” ရှောင်ယွမ်အာက အလျင်စလို ပြောလိုက်သည်။

ဟွမ်းရှစ်ကျဲက ရှောင်ယွမ်အာအား လက်မထောင်ပြကာ ပြောလိုက်သည်။

“မင်းတို့ရဲ့ ရှစ်စွင်းက တကယ်ကို သောက်ရမ်း မိုက်တယ်”

“…”

ဒါပဲပြောတာလား…

အားလုံးက အချင်းချင်းကြည့်လိုက်ကြသည်။ သူတို့သိထားပြီးသားအရာကို မည်သူကများ ထပ်ပြီး ပြောဖို့ လိုမည်နည်း။

ဤတစ်ကြိမ် လီကျင်းယီက ရှေ့တိုးလာကာ ပြောလိုက်သည်။

“ကျိချန်းပေ့က ပေါ်လာပြီးတော့ အားကောင်းတဲ့ ရန်သူတစ်ဦးကို နှိမ်နင်းခဲ့တာ။ အရိုးရှင်းဆုံးပြောရရင် တိုက်ပွဲက ကျွန်မ နားလည်နိုင်စွမ်းထက် ကျော်နေတာ။ သေသေချာချာ ဖော်မပြနိုင်တာ တောင်းပန်ပါတယ်”

“နှမြောစရာပဲ”

……………………..

မြေအောက်နန်းဆောင်အတွင်း

လုကျိုးက သွေးကြောနှင့် ခန္ဓာကိုယ်မှ အပြောင်းအလဲများကို စစ်ဆေးကြည့်လိုက်သည်။ သူက ကျန်းအိုက်ကျန့်၏ လက်ကောက်ဝတ်ကို မဖြတ်ခင် မျက်မှောင်ကြုတ်လိုက်၏။

ဤတစ်ကြိမ် အားလုံးက ဝင်ရောက်လာကြသည်။

ဟွမ်းရှစ်ကျဲနှင့် လီကျင်းယီတို့ကလည်း သက်ပြင်းချကာ ခေါင်းငုံ့ထားလိုက်ကြ၏။

လုကျိုးက စီးဝူယာ့၏ သွေးကြောကို ထပ်မံ စစ်ဆေးကြည့်လိုက်သည်။ ခဏအကြာတွင် သူက ခေါင်းယမ်းကာ ပြောလိုက်၏။

“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ရှစ်စွင်း ချီရှစ်ရှိုးက တစ်ခုခုများဖြ စ်သွားလို့လား” ရှောင်ယွမ်အာက မေးလိုက်သည်။

လုကျိုးက လက်ကိုမြှောက်လိုက်၏။ သူ လက်မြှောက်လိုက်သည့်အခါ သိသာလှစွာ တုန်ယင်နေလေသည်။

All Chapters