← Chapters

အခန်း (၁၃၉၃-၁၃၉၅)

Vol. 93 Ch. 1393-1395

အခန်း (၁၃၉၃-၁၃၉၅)

Vol. 93 Ch. 1393-1395

အခန်း (၁၃၉၃) မွေးဖွားခြင်း၊ အိုမင်းရင့်ရော်ခြင်း၊ နာမကျန်းဖြစ်ခြင်း၊ သေဆုံးခြင်း

လုကျိုးက မတ်တတ်ရပ်လိုက်၏။ သူသည် ကုသရေးစွမ်းအားအတွက် မန္တာန်ကိုတိတ်တဆိတ် ရွတ်ဆိုလိုက်သည်။

ရွှေရောင်ကြာပွင့်နှစ်ပွင့်က လွင့်ထွက်လာ၏။ ၎င်းတို့သည် သေးငယ်သော်ငြား ကြွယ်ဝသည့်စွမ်းအင် ပါဝင်နေခြင်းကြောင့် လူတိုင်းအံ့ဩမှင်တက်သွားတော့သည်။ ၎င်းတို့က ဖြည်းဖြည်းခြင်း ဆင်းသက်လာပြီးနောက် စီးဝူယာ့နှင့် ကျန်းအိုက်ကျန့်၏ ကိုယ်ပေါ်အသီးသီး ရောက်သွားကာ ထူးကဲချီသွေကြောရှစ်ခုကို အားဖြည့်ပေးနေသည်။ လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ ပျောက်ကွယ်သွားတာကို ရှင်းရှင်းလင်းလင်းမြင်ရ၏။ သို့သော် သူတို့နှစ်ယောက် နိုးထလာမည့် လက္ခဏာမပြသေးပေ။

လုကျိုးက ၎င်းကိုလက်မခံသေးဘဲ လက်ကိုမြောက်လိုက်ပြန်၏။

နောက်ထပ်ရွှေကြာပွင့်နှစ်ခုက ထိုလူနှစ်ယောက်၏ကိုယ်ထဲသို့ တိုးဝင်သွားသော်ငြား လှုပ်ရှားမှု မရှိသေးပေ။

လုကျိုးသည် ကုသရေးစွမ်းအား ဒါဇင်ချီရွတ်ဆိုခဲ့သော်ငြား ရလဒ်က တူညီနေပြီးလှုပ်ရှားမှုမရှိပေ။

လူတိုင်းက ကြောက်ကြောက်လန့်လန့် စိုးရိမ်ပူပန်စွာ ကြည့်နေတော့သည်။ သူတို့အားလုံးက လုကျိုး၏ အစွမ်းထက်သော ကုသရေးစွမ်းအားကို သတိပြုမိကြ၏။ အသက်ရှူနေသ၍ ထိုလူကို ငရဲဂိတ်ဝမှ ဆွဲခေါ်နိုင်၏။ သို့သော်ကုသရေးစွမ်းအင်ကို ကြိမ်ဖန်များစွာ အသုံးပြုပြီးနောက် လှုပ်ရှားမှုမရှိသေးပေ။ အဖြစ်အပျက်ကို နားလည်သဘောပေါက်နေသည့် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ အမူအရာက ရုတ်ခြည်း ပြောင်းလဲသွားတော့သည်။

ယွီကျန့်ဟိုင်က သက်ရောက်မှု ပြင်းထန်ပုံပေါ်၏။ သူက မျက်မှောင်ကြုတ်ထားမိကာ မျက်လုံးများက တောက်လောင်နေသည်။ သူက ခံစားချက်များကို ဖိနှိပ်ထားရန် ခက်ခက်ခဲခဲကြိုးစားနေရ၏။ သူ့ဆရာ သက်ပြင်းချသံကို နောက်ဆုံးကြားလိုက်ရသည့်အချိန်တွင် သူ လွတ်ထွက်သွားတော့သည်။ သူက စီးဝူယာ့ဘေးသို့သွားကာ စီဝူယာ့၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။ သူ ၎င်းကို မယုံခဲ့ပေ။

သွေးခုန်နှုန်းမရှိ၊ ထူးကဲချီသွေးကြောရှစ်ခုသည် လည်ပတ်ခြင်း မရှိတော့။ စွမ်းအားဗဟိုချက်ချီပင်လယ်ကလည်း ငြိမ်သက်နေသည်။

“ထတော့”

ယွီကျန့်ဟိုင်က အော်လိုက်၏။

စီးဝူယာ့က လှုပ်ရှားမှု ကင်းမဲ့နေသေးသည်။

ယွီကျန့်ဟိုင်က အော်လိုက်ပြန်၏။

“ထတော့”

ယွီကျန့်ဟိုင်က စီးဝူယာ့ကို ဆွဲထူကာ လှုပ်ခါနေ၏။ လှုပ်ရှားမှုမရှိသေးပေ။

“တာ့ရှစ်ရှိုး”

ယွီရှန်းရုန်သည် ယွီကျန့်ဟိုင်ကို စိတ်တည်ငြိမ်စေရန် လှမ်းခေါ်လိုက်သည်။

ယွီကျန့်ဟိုင်က လှည့်မေးလာသည်။

“ဘယ်လိုလုပ်ဖြစ်သွားရတာလဲ”

မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်ဆယ်ယောက်ထဲတွင် စီးဝူယာ့က ယွီကျန့်ဟိုင်နှင့်အရင်းနှီးဆုံးဖြစ်သည်။ ယွီကျန့်ဟိုင်က ငရဲဂိုဏ်းကို ဦးစီးနေသေးစဉ် စီးဝူယာ့က သူ့ကိုအများဆုံးကူညီပေးခဲ့တာဖြစ်သည်။ ထို့စဉ်က ဂိုဏ်းထဲရှိညီနောင်များမှအပ စီးဝူယာ့ကို အယုံကြည်ဆုံးဖြစ်ခဲ့လေ၏။ သူ့ကိုပံ့ပိုးပေးခဲ့သူက စီးဝူယာ့ပင်ဖြစ်သည်။ ယခုအချိန်တွင် စီးဝူယာ့တစ်စုံတစ်ခုဖြစ်ပျက်သွားသည်ကို သူမည်ကဲ့သို့ လက်ခံနိုင်မည်နည်း။

ယွီရှန်းရုန်က ရှေ့တိုးကာ ယွီကျန့်ဟိုင်၏ ပခုံးပေါ်ကိုလက်တင်ပြီး ပြောလိုက်တော့သည်။

“တာ့ရှစ်ရှိုး စိတ်အေးအေးထား”

“ငါ ဘယ်လိုလုပ်စိတ်အေးအေးထားနိုင်မှာလဲ”

ယွီကျန့်ဟိုင်သည် ယွီရှန်းရုန်၏လက်ကို ရိုက်ထုတ်လိုက်ပြီးနောက် စီးဝူယာ့ဆီ ကနဦးချီ ပို့လိုက်တော့သည်။

လီကျင်းယီက သက်ပြင်းချကာ ရှင်းပြလိုက်လေ၏။

“သတ္တမသခင်လေးက မဟာလေဟာနယ်အကြောင်း သဲလွန်စရှာဖို့ ငြိမ်းချမ်းရေးတောင်ကို လာချင်ခဲ့တာ၊ ဒါပေမဲ့ ငြိမ်းချမ်းရေးငှက်နဲ့ ဒီနေရာမှာ ယန်လျန်ရှန်းကို တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး၊ လင်းကွမ်းကလည်း အသက်ဝင်လာပြီး ငြိမ်းချမ်းရေးငှက်ကို သူနဲ့အတူ ဆွဲခေါ်သွားတာ၊ ဒါက ငြိမ်ချမ်းရေးငှက်ရဲ့ အသက်ဓာတ်နှလုံးသား”

သူမက အသက်ဓာတ်နှလုံးသားကို ညွှန်ပြပြီးဆက်ပြောလိုက်သည်။

“ယန်လျန်ရှန်းက မီးဒေဝါတိုက်ခိုက်တာ ခံရပြီးတာတောင် အသက်ရှင်လောက်အောင်ထိ ထိန်းထားနိုင်လိမ့်မယ်လို့ ဘယ်သူမှမထင်ထားဘူး တာရှစ်ရှိုး၊ လူကြီးမင်ချီက သူ့ကိုသေတဲ့အထိ တိုက်ခိုက်ခဲ့တယ်”

ပြောနေစဉ် လီကျင်းယီ၏ မျက်လုံးထဲမှ မျက်ရည်များစီးကျလာတော့သည်။

ယွီကျန့်ဟိုင်က ဒေါသတကြီး ပြောလိုက်လေ၏။

“သိပ်ကောင်းတယ်၊ မဟာလေဟာနယ်ဟုတ်လား သူတို့က ဒါအတွက် ပေးဆပ်ရစေမယ် သူတို့ကိုသွားရှာမယ်”

“တာ့ရှစ်ရှိုး၊ မဟာလေဟာနယ်ကို ဘယ်နားမှာသွားရှာမှာလဲ၊ ဘယ်မှာမှန်းတောင် ကျွန်တော်တို့မသိဘူး။ ဒါ့အပြင် အဲဒီမှာတိမ်တိုက်တွေလောက်များတဲ့ ပညာရှင်တွေရှိနေတာ”

မင်ရှစ်ရင်က ပြောပြောဆိုဆိုပဲ ယွီကျန့်ဟိုင်ကို လှမ်းဆွဲလိုက်သည်။

ယွီကျန့်ဟိုင်က မင်ရှစ်ရင်ကို ပြန်တွန်းထုတ်ပြီးနောက် ပြောလိုက်၏။

“မင်းရဲ့လူတွေကို အထင်သေးပြီး ကျန်တဲ့လူတွေကို ဘာလို့အထင်ကြီးနေတာလဲ၊ မင်းက သူရဲဘောကြောင်တဲ့သူပဲ”

ယွီကျန့်ဟိုင်တွန်းထုတ်တာ ခံလိုက်ရပြီးနောက် မင်ရှစ်ရင်၏လက်တွေ ထုံကျင်သွားတော့သည်။ သူက ပြောလိုက်၏။

“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ ကျွန်တော်က သူရဲဘောကြောင်တဲ့သူတစ်ယောက်”

“အတိအကျပဲ မင်းက ဘာကောင်မှမဟုတ်၊ သူရဲဘောကြောင်တဲ့ကောင်ပဲ”

ယွီကျန့်ဟိုင်က ဒေါသတကြီးပြောလိုက်တော့သည်။

မင်ရှစ်ရင်သည် လက်ရှိအခြေအနေကြောင့် သက်ရောက်ခံရ၏။ သူအနေနဲ့ ကြာလေလေ ဒေါသထွက်လာလေဖြစ်သည်။ သူပြန်ပြောလိုက်သည်။

“ချီရှစ်တိကို ရှစ်ရှိုးတစ်ယောက်ပဲ ဂရုစိုက်တယ်ထင်နေလား၊ ကျွန်တော်က သူရဲဘောကြောင်တယ် ဟုတ်လား၊ ကျွန်တော်ဂရုမစိုက်ဘူးလို့ ရှစ်ရှိုးပြောနေတာလား”

“ရဲတင်းလွန်းတာ”

ယွီကျန့်ဟိုင်က လှစ်ခနဲ လက်ဝါးနှင့် ရိုက်ချလိုက်၏။

ဘန်း ဘန်း ဘန်း

နှစ်ယောက်သားက ပြင်းထန်စွာတိုက်ခိုက်တော့သည်။ သူတို့တကယ် လက်ရည်ယှဉ်နေ၏။

မင်ရှစ်ရင်၏ လှုပ်ရှားမှုများက သွက်လက်သည်။ သူက ယွီကျန့်ဟိုင်၏ ပြင်းထန်သော တိုက်ကွက်များကို အမြဲတစေ ရှောင်နိုင်ခဲ့၏။ တဖက်တွင်မူ ယွီကျန့်ဟိုင်က အတွေ့အကြုံရှိပြီး အရည်အချင်းရှိသည်။

နှစ်ယောက် ဒေါသထွက်နေသော်ငြား သူတို့ကိုယ်သူတို့ ကောင်းစွာထိန်းထားသေး၏။ မည်သို့ပင်ဆိုစေ စွမ်းအင်စည်းတံဆိပ်များ လေထဲတွင်ပြည့်လာပြီး ကျောက်တုံးကျောက်ခဲများကို အပေါ်မှ ပြုတ်ကျလာစေ၏။

“ရှစ်စွင်း”

ရှောင်ယွမ်အာသည် သူ့ရှစ်စွင်းကို အကူအညီတောင်းသည့်ပမာ စိုးရိမ်ပူပန်စွာခေါ်လိုက်တော့သည်။

လုကျိုးက လှစ်ခနဲပင် သူ၏ပထမတပည့်နှင့် စတုတ္ထတပည့်ကြားတွင် ပေါ်လာ၏။ ပြီးနောက် သူက ဘယ်ဘက်လက်နှင့် ညာလက်ကို မြှောက်လျက် မင်ရှစ်ရင်နှင့်ယွီကျန့်ဟိုင်တို့ကို အသီးသီး တွန်းထုတ်လိုက်သည်။

ဘန်း ဘန်း

နှစ်ယောက်သားသည် နောက်သို့လွင့်ထွက်သွားလေ၏။

“မိုက်မဲလိုက်တာ”

လုကျိုးက အော်ဟစ်လိုက်တော့သည်။

နှစ်ယောက်သားက ချက်ချင်းအေးခဲသွားလေသည်။

“ရှစ်စွင်း…ကျွန်တော်”

ယွီကျန့်ဟိုင်သည် တစ်စုံတစ်ခုပြောချင်သော်ငြား ပြီးအောင်မပြောနိုင်ခဲ့ပေ။

“ထွက်သွား”

လုကျိုးက လက်ဝှေ့ယမ်းလိုက်၏။

ယွီကျန့်ဟိုင်နှင့်မင်ရှစ်ရင်သည် သူတို့ရှစ်စွင်းကို ထရပ်ကာ ဦးညွှတ်ပြီး မြေအောက်နန်းတော်မှ ထွက်သွားတော့သည်။

လုကျိုးက ကျန်ရစ်နေသည့် လူများကိုကြည့်လိုက်၏။ ကျန်သည့်လူများကလည်း ခေါင်းငုံ့ကာ မြေအောက်နန်းတော်ထဲမှ ထွက်သွားတော့သည်။

နောက်ဆုံးတွင် လုကျိုးတစ်ယောက်ထဲသာ မြေအောက်နန်းတော်ထဲတွင် ကျန်ရစ်ခဲ့လေ၏။ တိတ်ဆိတ်မှုအတိ ကြီးစိုးနေ၏။ သူက ကျန်းအိုက်ကျန့်နှင့် စီးဝူယာ့ဘက် လှည့်ကြည့်လိုက်လေ၏။

သူ့လက်ကိုမြှောက်ပြီးနောက် လက်ကိုကြည့်ပြီး လက်ကိုချကာ သက်ပြင်းချလိုက်မိတော့သည်။

စီးဝူယာ့သည် သုံးကြိမ်သုံးခါတိုင်တိုင် ဦးတိုက်ပြီးနောက် သွေးဖလှယ်ခြင်းကို အသုံးပြုခဲ့တာကို ရုတ်တရုတ် မှတ်မိသွား၏။ သူခေါင်းခါမိသွားသည်။ စီးဝူယာ့သည် ဤလဲလှယ်ခြင်း၏ နောက်ဆက်တွဲကို သတိပြုမိခဲ့သည်မှာ သိသာသည်။ သူ့အသက်ဖြင့် ပေးဆပ်ရန် ပြင်ဆင်ထားတာပဲ ဖြစ်သည်။ စီးဝူယာ့က မည်ကဲ့သို့ ကိုးဆယ်ရာခိုင်နှုန်း ထူးခြားနေနိုင်မည်နည်း။ စီးဝူယာ့သည် သူ၏အမှားကို ထိုမျှအလွယ်တကူ တည့်မတ်နိုင်မည်နည်း။ အားလုံးက အလိမ်အညာသာဖြစ်သည်။

“ကောက်ကျစ်တဲ့တပည့်”

လုကျိုးသည့် သူ့တပည့်၏လုပ်ရပ်ကြောင့် မချင့်မရဲဖြစ်မိသည်။

သူ့၏အကြည့်သည် ကျန်းအိုက်ကျန့်ဆီရောက်သွားချိန်တွင် သက်ပြင်းချလိုက်မိပြန်သည်။

“ငါက ကတိမတည်တဲ့လူတွေကို အမုန်းဆုံးပဲ၊ မင်းကိုပြန်ခေါ်လာပေးမယ်လို့ မယ်တော်ကြီးဆီ ကတိပေးထားတာ၊ မင်းသေလို့မရဘူး”

သူသည် ကျန်းအိုက်ကျန့်နှင့်စီးဝူယာ့ကိုကြည့်မိလိုက်ပြန်၏။ ဓားသေတ္တာကို မြင်သောအခါ သူက ၎င်းကိုစွမ်းအင်စည်းတံဆိပ်သုံးလျက် ယူလိုက်သည်။ သူက သေတ္တာ၏တခြားတစ်ဖက်တွင် လျိုချန်းဟူသော စကားလုံးနှစ်လုံး ထွင်းထုထားတာကို တွေ့လိုက်ရသည်။

သူ ကျန်းအိုက်ကျန့်ကို ပထမဆုံးတွေ့သည့်အချိန်ကို တွေးမိသွားသည်။ ကျန်းအိုက်ကျန့်သည် အမည်မဲ့ကို တွေ့စဉ်က သူ၏ရွံရှာစက်ဆုပ်ဖွယ်သဘောထားနှင့် လောဘကြီးသော အမူအရာကို မှတ်မိနေသေး၏။ စာအုပ်တစ်အုပ်ကို အဖုံးဖြင့် ဆုံးဖြတ်၍မရပေ။

လုကျိုးသည် နဂါးတေးသံနှင့်တာ့ယန်၏ နာမည်ကျော်ဓားများစွာထက်သာသည့် ရတနာဓားများကို ဤနေရာတွင် တွေ့ခဲ့ရသည်။ ဤနေရာက ကျန်းအိုက်ကျန့်အတွက် ပြင်ဆင်ထားပုံပေါ်ပြီး ယင်းက သူအိပ်မက်မက်နေခဲ့သည့် နေရာပဲဖြစ်သည်။

လုကျိုးက ဓားသေတ္တာကို ညင်သာစွာဖိလိုက်၏။

ဘီးးးးး

ဓားသေတ္တာက တုန်လှုပ်လာပြီး မြည်ဟီးလာတော့သည်။

ဝှစ် ဝှစ် ဝှစ်

မြေအောက်နန်းတော်ရှိ ဓားအားလုံးသည် ဓားသေတ္တာဆီကို ပျံသန်းသွားလေ၏။ ၎င်းတို့က သေတ္တာအတွင် တစ်ခုပြီးတစ်ခု ဝင်သွားတော့သည်။

ဓားများကို ချစ်မြတ်နိုးသည့် လူတို့သည် ဓားများကို သူတို့အသက်ပမာ သဘောထား၏။ နောက်ထပ်အသာလေး ဖိကပ်မှုဖြင့် ဓားသေတ္တာသည် လှုပ်ရှားမှုရပ်တန့်သွားတော့သည်။

မြေအောက်နန်းတော် အပြင်ဘက်တွင် ဖြစ်သည်။

မင်ရှစ်ရင်က ယွီကျန့်ဟိုက်ဘက် ဦးညွှတ်လျက် ပြောလိုက်၏။

“ကျွန်တော်တောင်းပန်ပါတယ် တာ့ရှစ်ရှိုး၊ တာ့ရှစ်ရှိုးကို ရန်စဖို့မရည်ရွယ်ပါဘူး၊ ရှစ်ရှိုး ခွင့်လွတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

ယွီကျန့်ဟိုင်က သက်ပြင်းချကာ ရှေ့တိုးပြီး မင်ရှစ်ရင်၏ ပုခုံးကို ပုတ်လိုက်၏။ ပြီးနောက် သူက ပြောလိုက်တော့သည်။

“ငါက အရင်ရိုင်းမိခဲ့တာ၊ စိတ်ထဲမထားနဲ့”

မင်ရှစ်ရင်က ခေါင်းညိတ်လျက် ယွီကျန့်ဟိုင်ဘေးတွင် ရပ်လိုက်၏။ သူက အသက်ပြင်းပြင်းရှူကာ ဘာမှထပ်မပြောတော့ပေ။

အချိန်မည်မျှ ကုန်လွန်သွားသည်မသိ။

လုကျိုးသည် မြေအောက်နန်းတော်ထဲမှ ထွက်လာ၏။ လူတိုင်းသူ့ကို ဝိုင်းထားသည်။ သူတို့ဘာမှ မပြောရသေးခင် သူကပြောလိုက်၏။

“သူတို့ကို ခေါ်လာခဲ့”

“နားလည်ပါပြီ”

ရှောင်ယွမ်အာက မမေးဘဲ မနေနိုင်တော့ပေ။

“ရှစ်စွင်း သူတို့ ဘာဖြစ်တာလဲ”

လုကျိုးသည် ရှောင်ယွမ်အာကို တချက်ကြည့်လျက်ပြောလိုက်သည်။

“လူတွေက မွေဖွားတယ်၊ အိုမင်းတယ်၊ နာမကျန်းဖြစ်တယ်၊ သေဆုံးတယ်၊ ဘယ်သူမှ သံသရာကနေ မလွတ်မြောက်နိုင်ဘူး”

ရှောင်ယွမ်အာ မှင်တက်သွားလေ၏။

ယွီကျန့်ဟိုင်က မေးလိုက်သည်။

“ရှစ်စွင်း သူတို့ကိုယ်ထဲမှာ ဖိအားတစ်ခုရှိနေသေးတာ၊ မျှော်လင့်ချက်တကယ်မရှိတော့ဘူးလား”

လုကျိုးက ခေါင်းခါလိုက်၏။

ယင်းသည် အံ့ဖွယ်စွမ်းအားဖြစ်သည့် ဆရာသခင်တို့တောင် သူတို့ကို အသက်မဆက်ပေးနိုင်။

ထိုစဉ် ချင်နိုင်ဟယ်က ပြောလိုက်တော့သည်။

“ကျွန်တော် ပြောစရာတစ်ခုရှိတယ်၊ ပြောသင့်လားမသိဘူး”

“ပြော”

...

အခန်း (၁၃၉၄) မဟာသူတော်စင်

ချင်နိုင်ဟယ်က ပြောလိုက်သည်။

“အားကောင်းတဲ့ သူတော်စင်တွေဆီမှာ သေလူကို ပြန်လည်အသက်သွင်းနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ကြားဖူးတယ်။ မျှော်နန်းသခင် သူတော်စင်ဆီကနေ ဘာလို့ အကူအညီ တောင်းမကြည့်တာလဲ”

အားလုံးက ချင်နိုင်ဟယ်ကို ပြိုင်တူပြန်ကြည့်လိုက်ကြသည်။ ထိုအရာ၏ ခက်ခဲနှုန်းက ကောင်းကင်ဘုံ တက်လှမ်းခြင်းနှင့် မကွာခြားပေ။

လုကျိုးက ပြန်ပြောလိုက်၏။

“မင်းက မဟာလေဟာနယ်အကြောင်း ပြောနေတာလား”

ချင်နိုင်ဟယ်က ပြန်ဖြေလိုက်သည်။

“မဟာလေဟာနယ်ထဲက သူတော်စင်ရဲ့ အကူအညီကို တောင်းရင်တောင်း ဒါမှမဟုတ်ဘူးဆိုရင်တော့ နှစ်မြွှာကြာနယ်မြေက သူတော်စင်ချန်ရဲ့ အကူအညီကို တောင်းပေါ့”

လုကျိုးက ကောင်းကင်ကို မော့ကြည့်ကာ လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“မဟာလေဟာနယ်ကို ရှာတွေ့မယ်လို့ ထင်လား”

ချင်နိုင်ဟယ်က ခေါင်းယမ်းလိုက်သည်။ ပုံမှန်အားဖြင့် ရှာမတွေ့နိုင်ပေ။ မဟာလေဟာနယ်က မည်သည့်နေရာတွင်ရှိကြောင်း မည်သူကမှ မသိကြပေ။ သူက ပြောလိုက်၏။

“မဟာလေဟာနယ်ကသူတွေကတောင် မဟာလေဟာနယ်က ဘယ်မှာလဲဆိုတာကို ပြောမပြနိုင်ဘူးလေ။ ကျွန်တော်ဘိုးဘေး ပြောဖူးတာတော့ အဲဒီကလူတွေက သင်္ကေတလမ်းကြောင်းနဲ့ ကျောက်စိမ်းအဆောင်တွေအပေါ် မှီခိုပြီးတော့ မဟာလေဟာနယ်ကနေ အဝင်အထွက် လုပ်နိုင်တယ်တဲ့။ အဲဒီအရာတွေက နေရာအတိအကျကို ပြောမပြနိုင်ဘူး”

ယွီကျန့်ဟိုင်က မေးလိုက်သည်။

“နှစ်မြွှာကြာနယ်မြေက ဘယ်မှာလဲ”

“အဲဒါကို သိပ်တော့ မသိဘူး။ သူတို့က သူတို့ကိုယ်သူတို့ ပိုင်းခြားထားတာ။ သူတော်စင်ချန်က သူတို့ကို ဖိနှိပ်ပြီးတဲ့နောက်မှာ သူတို့က မဟာလေဟာနယ်နဲ့ ရှင်းရှင်းလင်းလင်းလုပ်ခဲ့ပြီးတော့ တခြားကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်ဖို့ သဘောတူခဲ့ကြတယ်။ ဒါပေမဲ့ အဲဒါက သိပ်မျှော်လင့်ချက်မရှိဘူး။ မျှော်နန်းသခင် ဆရာသခင်ချင်ကို ဒီကိစ္စအကြောင်း ပြောကြည့်ပါလား”

ချင်နိုင်ဟယ်က ပြောလိုက်သည်။ အရိုးသားဆုံးပြောရလျှင် သူက ယခင်သူဌေးဟောင်းကို နောက်ကျောဓားနှင့် ထိုးရသည့်အတွက် မပျော်ရွှင်သော်လည်း လက်ရှိအခြေအနေကမူ သူ့ကို ထိုသို့လုပ်ဖို့ ဖိအားပေးနေလေသည်။

လုကျိုးက မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ချင်ရန်ယွဲ့က သိတယ်လား”

ချင်နိုင်ဟယ်က တိတ်ဆိတ်သွားလေ၏။

လုကျိုးက ချင်နိုင်ဟယ်၏ အတွေးများကို နားလည်ကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ ချင်ရန်ယွဲ့က မင်းကို အပြစ်တင်မှာ မဟုတ်ဘူး။ မင်းအတွက် ကိစ္စတွေကို ခက်ခဲအောင် မလုပ်ဘူး။ အားလုံးပြန်သွားကြတော့။ ချင်နိုင်ဟယ် မင်း ငါနဲ့အတူ တောင်ဖက်လေ့ကျင့်ရေးခန်းမဆီ လိုက်ခဲ့”

“ဟုတ်ကဲ့”

……………………..

နှစ်ဝက်ခန့်ကြာမြင့်ပြီးသည့်နောက်

အဖြူရောင်နန်းဆောင်က တိတ်ဆိတ်ကာ ငြိမ်းအေးလှသည်။

အပြာဝတ်အမျိုးသမီး၏ အမူအရာက အတော်လေး ပျက်ယွင်းနေမိ၏။ သူမက ဦးညွှတ်ကာ ပြောလိုက်၏။

“ဆရာ ကျွန်မကို အပြစ်ပေးပါ”

လန်ရှီဟယ်က မျက်လုံးဖွင့်လာကာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ”

“ငြိမ်းချမ်းရေးငှက်နဲ့ သားရဲသခင် ယန်လျန်ရှန်းတို့က မဟာလေဟာနယ်ကနေ ထွက်ခွာသွားပြီး အခု တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်” အပြာဝတ်အမျိုးသမီးက ခေါင်းငုံ့ထားပြီး ပြောလိုက်သည်။ သူမ၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေလေ၏။

“ဘာဖြစ်ခဲ့တာလဲ” လန်ရှီဟယ်က ထပ်မံမေးလိုက်သည်။

“သူတို့ သေသွားပါပြီ” အပြာဝတ်အမျိုးသမီးက ပြောလိုက်သည်။

လန်ရှီဟယ်က ထရပ်လိုက်၏။ သူမက လျှပ်တစ်ပြက်အတွင်း အပြာဝတ်အမျိုးသမီးနှင့် မီတာဝက်ခန့် ကွာဝေးနေသည့်နေရာသို့ ရောက်ရှိလာလေသည်။

“ငြိမ်းချမ်းရေးငှက်က နတ်သားရဲပဲ။ သူ့ကို ဘယ်သူသတ်နိုင်မှာလဲ။ ကျောက်စိမ်းကြာနယ်မြေက ချန်ဖုလား”

အပြာဝတ်အမျိုးသမီးက ခေါင်းမမော့ရဲပဲ ဖြေလိုက်သည်။

“အဲဒါက ငြိမ်းချမ်းရေးတောင်ရဲ့ မြေအောက်နန်းဆောင်က လင်ကွမ်းပါ”

လန်ရှီဟယ်က တိတ်ဆိတ်သွားလေ၏။

အင်မတန် တိတ်ဆိတ်နေပြီးသည့်နောက်တွင် အပြာဝတ်အမျိုးသမီးက ပြောလိုက်သည်။

“ယန်လျန်ရှန်းရဲ့ အစ်ကို ယန်ကျင်းဟုန်နဲ့ ယွဲ့ချီတို့လည်း သေသွားပါပြီ”

“…”

လန်ရှီဟယ်က မျက်မှောင်ကြုတ်လိုက်သည်။

“ယွဲ့ချီက သူတော်စင်ဖြစ်လာဖို့ နီးကပ်နေပြီ။ ပြီးတော့ သူ့ဆီမှာ နတ်ဆိုးအမွေအနှစ်တစ်ခုတောင် ရှိထားသေးတယ်။ သူက ဘယ်လိုလုပ်…”

လန်ရှီဟယ်က စကားစဖြတ်လိုက်သည်။ ထိုအရာက လင်ကွမ်းရှေ့တွင် ဘာမှမဟုတ်တော့ပေ။

ထို့ကြောင့် သူမက မေးလိုက်သည်။

“လင်ကွမ်းကို စည်းပိတ်ထားတာလေ။ သူ့ကို ဘာလို့ လွှတ်ပေးလိုက်တာလဲ”

“အဲဒါတော့ ကျွန်မလည်း မသိပါဘူး။ အထွတ်အမြတ်ခန်းမက လူကြီးမင်းအိုးရန်ကို စုံစမ်းဖို့ စေလွှတ်ထားပါတယ်” အပြာဝတ်အမျိုးသမီးက ပြောလိုက်သည်။

“သွားပြီး စုံစမ်းချည်။ တကယ်လို့ ဘာမှအကြောင်းအရင်းကို မသိရဘူးဆိုရင် ငါနဲ့ ပြန်လာတွေ့ဖို့ မလိုဘူး” လန်ရှီဟယ်က ပြောလိုက်သည်။

“ဟုတ်ကဲ့” အပြာဝတ်အမျိုးသမီးက ထွက်ခွာသွားလေသည်။

………………………………

တစ်ရက်ခန့် ကြာမြင့်ပြီးသည့်နောက်

ကြီးကျယ်ခမ်းနားလှသည့် တောင်နှင့်တူသည့် အထွတ်အမြတ်ခန်းမထဲတွင်

ထိုခန်းမအလယ်တွင် ဧရာမကြယ်ပွင့်ကြီး တစ်ခု ရှိနေလေ၏။ ထိုအရာက မိုးမြေကြားတွင် ရှိသမျှအရာအားလုံးကို တိုင်းတာပေးလိုက်ပြီး ကမ္ဘာ၏ စွမ်းအားကို လမ်းညွှန်ပေးနိုင်ဟန်ပေါ်သည်။ ထိုအရာက ကောင်းကင်ကိုးဘုံကိုပင် အလင်းပေးနိုင်လောက်အောင်အထိ တောက်ပနေလေသည်။ ထိုအရာကို တရားမျှတရေး ချိန်ခွင်ဟု ခေါ်ဆိုလေသည်။

လက်ရှိချိန်ခွင်တစ်ဖက်က အနည်းငယ်အောက်ကျနေပြီး တစ်ဖက်က အနည်းငယ်မြင့်တက်နေသည်။ ထိုအရာက ဖြစ်သင့်သလိုမျိုး မျှခြေညီမျှမနေပေ။

ထိုစဉ် အထွတ်အမြတ်ခန်းမအပြင်ဘက်တွင် လူအိုကြီးတစ်ယောက်က စောင့်ဆိုင်းနေလေ၏။

ခဏအကြာတွင်အထဲမှ တည်ငြိမ်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။

“အိုးရန် မင်းဒီကိစ္စကို စုံစမ်းပြီးသွားပြီလား”

အိုးရန်ကျီယွင်က ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ကျုပ် သေချာစုံစမ်းပြီးသွားပါပြီ။ အစပိုင်းတုန်းက ယန်ကျင်းဟုန်နဲ့ ယန်လျန်းရှန်းတို့က ငြိမ်းချမ်းရေးကို ငြိမ်းချမ်းရေးတောင်ဆီ တိတ်တဆိတ် ခေါ်ဆောင်သွားခဲ့ကြတာပါ။ လင်ကွမ်းကို ထုတ်လွှတ်ပြီးတဲ့နောက်မှာ နှစ်ဖက်လုံးက ပျောက်ကွယ်သွားကြပါတယ်”

“ကြိုးစားပေးတာ ကျေးဇူးပဲ” အသံကတည်ငြိမ်နေဆဲသာ ဖြစ်၏။

………………………………….

“ဒါက ကျုပ် တာဝန်ပါပဲ”

“မျှခြေမညီမျှမှု အချိန်အတွင်းမှာ အထွတ်အမြတ်ဗိမာန်က လူတွေအားလုံးကို စောင့်ကြည့်ထား။ သူတို့တွေ ခွင့်ပြုချက်မရှိခင် မဟာလေဟာနယ်ကနေ ထွက်မသွားစေနဲ့။ ဒီစည်းမျဉ်းကို ချိုးဖောက်သူအားလုံးက မွေးဖွားဇယားချပ်အားလုံးကို ဖျက်ဆီးခံရပြီးတော့ အပြစ်ပေးခံရမယ်”

“အမိန့်ကို ချက်ချင်းကို ဖြန့်လိုက်ပါမယ်” အိုးရန်ကျီယွင်က ပြောပြီးသည့်နောက်တွင် ထွက်ခွာသွားလေ၏။

အိုးရန်ကျီယွင်က ထွက်ခွာသွားတော့မည့်ဆဲဆဲတွင် အနက်ဝတ်ကျင့်ကြံသူတစ်ဦးက မီတာငါးဆယ်အကွာတွင် ပေါ်ထွက်လာသည်။ သူက ပြုံးကာ ပြောလိုက်၏။

“လူကြီးမင်းအိုးရန် ခင်ဗျားရဲ့ ကြိုးစားမှုကိုတော့ တကယ်ကို လေးစားပါတယ်”

အိုးရန်ကျီယွင်က ထိုအနက်ဝတ်ကျင့်ကြံသူကို ကြည့်ကာ မေးလိုက်သည်။

“အထွတ်အမြတ်ခန်းမကို ဘာလာလုပ်တာလဲ”

“ဘာလဲ။ ခင်ဗျားက လာလို့ရပြီး ကျုပ်က လာလို့မရဘူးလား။ ဒါက အကျိုးအကြောင်းသင့်တယ်များ ထင်နေလား”

အိုးရန်ကျီယွင်က ထိုကျင့်ကြံသူကို လျစ်လျူရှုထားပြီး ထွက်သွားဖို့ ပြင်လိုက်သည်။

အနက်ဝတ်ကျင့်ကြံသူက လှမ်းပြီး ပြောလိုက်၏။

“ငြိမ်းချမ်းရေးတောင်က ကိစ္စက ခင်ဗျားပြောသလိုမျိုး မရိုးရှင်းဘူးမလား”

အိုးရန်ကျီယွင်က ရပ်တန့်ကာ နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။

“တကယ်လို့ ခင်ဗျားသံသယရှိတယ်ဆိုရင် သွားပြီး စုံစမ်းကြည့်ပေါ့။ ပြီးရင် ခင်ဗျားတွေးသမျှ အရာအားလုံးကို ခန်းမသခင်ဆီ တင်ပြလိုက်လေ”

“အဲ့လိုပြောချင်တာ မဟုတ်ပါဘူး။ လူကြီးမင်းအိုးရန်က နားလည်မှုလွဲနေပါပြီ။ သွားပါ ရပါတယ်” အနက်ဝတ်ကျင့်ကြံသူက ပြောလိုက်သည်။

အိုးရန်ကျီယွင် ထွက်ခွာသွားပြီးသည့်နောက်တွင် အနက်ဝတ်ကျင့်ကြံသူက သူ့မျက်နှာအထက် အပြုံးတစ်ပွင့်ရှိနေဆဲသာ ဖြစ်၏။

………………..

အစိမ်းရောင်ကြာနယ်မြေ

မျိုးနွယ်၏ တောင်ဖက်လေ့ကျင့်ရေးခန်းမထဲ

ချင်ရန်ယွဲ့က လုကျိုးနှင့် ချင်နိုင်ဟယ်ကို အံ့အားသင့်သွားကာ ကြည့်လိုက်သည်။

“အစ်ကိုလုက ချန်ဖုကို သွားပြီးရှာဖို့ စီစဉ်နေတာလား”

လုကျိုးက ပြောလိုက်သည်။

“ချန်ဖုကပဲ သေလူကို အသက်ပြန်သွင်းဖို့ သိမှာလေ။ ပြီးတော့ မဟာလေဟာနယ်အကြောင်း မေးခွန်းတွေလည်း ရှိသေးတယ်။ တကယ်လို့ ချန်ဖု ဘယ်မှာရှိနေတယ်ဆိုတာကို သိရင် ကျုပ်ကို မတားသင့်ဘူး”

ချင်ရန်ယွဲ့က ခေါင်းယမ်းကာ ပြောလိုက်သည်။

“ကျုပ်က အစ်ကိုလုကို ဘယ်လိုများ တားရမှာလဲ။ ဒါက ချန်ဖုက လောကီရေးရာတွေနဲ့ မပတ်သက်တော့ဘူး။ နှစ်မြွှာကြာနယ်မြေအတွက်ကတော့ ကမ္ဘာကြီး တကယ်ကို ပိုင်းခြားထားတာ။ အဲ့ကလူတွေက အပြင်လူတွေကို အတော်လေး ရန်လိုကြတယ်။ တကယ်လို့ ဒီလိုသာ ပြောမယ်ဆိုရင် အန္တရာယ်တော်တော်ရှိလိမ့်မယ်”

“ငါ ကြောက်နေတယ်ဆိုရင် မင်းဆီ သူ့နေရာအကြောင်း မေးနေမှာတောင် မဟုတ်ဘူး” သူက ပြောလိုက်သည်။

ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်၏။

“ကောင်းပြီလေ။ အစ်ကိုလု ဆုံးဖြတ်ထားပြီဆိုမှတော့ ပြောပြပါ့မယ်။ တကယ်လို့ အစိမ်းရောင်ကြာနယ်မြေရဲ့ အနောက်ဖက်ပိုင်းကို သွားမယ်ဆိုရင် ပျောက်ဆုံးကုန်းမြေဆီ ရောက်ရှိသွားပါလိမ့်မယ်။ အဲဒီနေရာမှာ နှစ်မြွှာကြာနယ်မြေဆီ ဦးတည်နေတဲ့ သင်္ကေတလမ်းကြောင်း ရှိပါတယ်”

လုကျိုးက ခေါင်းညိတ်လိုက်၏။

ချင်ရန်ယွဲ့က ထပ်ပြောလိုက်၏။

“သာမန်ကျင့်ကြံသူတွေက ပျောက်ဆုံးကုန်းမြေမှာ ခြေချလို့မရဘူး။ အဲဒီကပတ်ဝန်းကျင်က အမည်မသိကုန်းမြေကနဲ့ အတူတူပဲ။ အဲဒီကိုရောက်သွားရင် သေချာပေါက် ဂရုစိုက်ပါ။ ဒါပေမဲ့ အစ်ကိုလုရဲ့ ကျင့်ကြံဆင့်က နက်နဲတယ်ဆိုတော့ ပြဿနာ များများစားစားတော့ မရှိလောက်ပါဘူး။ ပျောက်ဆုံးကုန်းမြေက အတော်လေး ရှုပ်ထွေးပြီးတော့ နက်နဲတယ်။ လူသားတွေနဲ့ ခက်ထန်သားရဲတွေ နေထိုင်လို့မရဘူး။ ဒီလို ဘယ်လိုဖြစ်လာတယ်ဆိုတာကိုတော့ ကျုပ်လည်း မသိဘူး”

“ချန်ဖုက မဟာသူတော်စင်လား” လုကျိုးက ပြောလိုက်သည်။

ချင်ရန်ယွဲ့က ခေါင်းယမ်းလိုက်၏။

“သူက တကယ့်အစစ်အမှန် မဟာသူတော်စင်လို့ ပြောကြပေမဲ့ ကျုပ် သိပ်တော့ မသေချာဘူး။ သူနဲ့ တစ်ခါမှ မတွေ့ဖူးဘူးလေ။ သူ့ရဲ့ ဒဏ္ဍာရီလာဇာတ်ကြောင်းတွေကိုပဲ ကြားခဲ့ဖူးတာ။ သူ့သဘောထားအတွက်လည်း သိပ်ကြီး မသိသာဘူး”

“ကောင်းပြီ။ ငါ ရှာလိုက်မယ်” လုကျိုးက ထရပ်ပြီးသည့်နောက်တွင် လျှောက်လှမ်းသွားလေသည်။

ချင်ရန်ယွဲ့က လုကျိုး၏ ဆုံးဖြတ်ချက် ပြတ်သားမှုကြောင့် ကြောင်အမ်းသွားလေသည်။

ချင်နိုင်ဟယ်က ချင်ရန်ယွဲ့ကို ဦးညွှတ်ပြီးသည့်နောက်တွင် အနည်းငယ် နေရခက်နေမိသည်။

ချင်ရန်ယွဲ့က ချင်နိုင်ဟယ်ကို စိတ်ရှုပ်ထွေးစွာကြည့်ပြီး သက်ပြင်းချလိုက်သည်။

“ချင်နိုင်ဟယ်”

ချင်နိုင်ဟယ်က ဒူးတစ်ဖက် ထောက်လိုက်၏။

“ဆရာသခင်ချင် ကျွန်တော်…”

“ငါ နားလည်တယ်။ မင်းကို အပြစ်မတင်ဘူး။ အစ်ကိုလုနဲ့ ကောင်းကောင်းကျင့်ကြံ။ ချင်မျိုးနွယ်ရဲ့ တံခါးက မင်းအတွက် အမြဲတမ်း ဖွင့်ပေးထားမယ်” ချင်ရန်ယွဲ့က ပြောလိုက်သည်။

ချင်နိုင်ဟယ်က စိတ်လှုပ်ရှားသွားမိ၏။ သူက ချင်ရန်ယွဲ့ကို ဦးညွှတ်ပြီးသည့်နောက်တွင် တောင်ဖက်လေ့ကျင့်ရေးခန်းမမှ ထွက်ခွာလာခဲ့သည်။

………………………….

ယခင်သုံးရက်အတွင်း လုကျိုးက သူ့အံ့ဖွယ်စွမ်းအားများကို ပြန်လည်ဖြည့်စည်းပြီးသွားပြီ ဖြစ်၏။ ဤသို့ဖြင့် သူက နတ်ခြင်္သေ့ကို စီးနင်းကာ အနောက်ဖက်ပိုင်းတွင်ရှိသည့် ပျောက်ဆုံးကုန်းမြေဆီ ဦးတည်လိုက်သည်။

...

အခန်း (၁၃၉၅) မြက်ဓားများ

လုကျိုးသည် အစိမ်းရောင်ကြာနယ်မြေနှင့် သိပ်အသားမကျသေးပေ။ ဆိုရလျှင် သူသည် ရှန်းယန်မြို့နှင့်ကောင်းကင်ကြိုးတန်းကိုသာ ရောက်ခဲ့ဖူးသည်။ ထို့ကြောင့် သူသည် လမ်းပြပေးရန် ချင်နိုင်ဟယ်ကို လိုအပ်နေသေးသည်။ ခရီးစဉ်တွင် ချင်နိုင်ဟယ်သည် လုကျိုးနောက်မှ နီးကပ်စွာ လိုက်ပါလာ၏။

လုကျိုးသည် ချင်နိုင်ဟယ်ကို တစ်ချက်ကြည့်ကာ‌ မေးလိုက်တော့သည်။

“ချင်ရန်ယွဲ့က မင်းကို သင်ခန်းစာ ပေးသေးလား”

ချင်နိုင်ဟယ်က ခေါင်းခါပြီးပြောလိုက်တော့သည်။

“ဆရာသခင်ချင်က အတိတ်တုန်းကလေးစာဖွယ် ဆရာသခင်ချင်ဖြစ်နေတုန်းပါပဲ၊ သူစည်းကျော်တာ ဘာမှမပြောခဲ့ဘူး။ အတိတ်ကို ကျွန်တော်တို့မပြောင်းလဲနိုင်တာ နှမြောစရာပဲ”

လုကျိုးက ပြောလိုက်၏။

“ချင်မျိုးနွယ်ကို ပြန်သွားချင်လား”

ချင်နိုင်ဟယ်သည် ထိုမေးခွန်းကြောင့် မှင်တက်သွား၏။ သူ့အသိစိတ်ပြန်ကပ်လာချိန်တွင် အလျင်စလို ခေါင်းခါပြီးပြောလိုက်တော့သည်။

“မဟုတ်ဘူး၊ ကျွန်တော် မိစ္ဆာဝေဟင်မျှော်နန်းကို သစ္စာရှိတယ်၊ တခြားရည်ရွယ်ချက်မရှိဘူး”

လုကျိုးက ဘာမှပြန်မပြောတော့ပေ။ သူက နတ်ခြင်္သေ့၏ အရှိန်ကိုတင်လျက် ရှေ့ကိုပျံသန်းသွား၏။

သူတို့နှစ်ယောက်သားက တစ်ယောက်ကရှေ့၊ တစ်ယောက်ကနောက်။ တိမ်ပင်လယ်နှင့် မရေတွက်နိုင်သော တောင်တန်းများနှင့် မြစ်ချောင်းများကို ဖြတ်ကျော်သွား၏။ ပြီးနောက်သူတို့သည် လူသားမြို့များစွာကို ဖြတ်ကျော်သွားလေ၏။

အစိမ်းရောင်ကြာနယ်မြေကလည်း မျှခြေမညီမျှမှုကြောင့် သက်ရောက်ခံနေရသော်ငြား ရွှေကြာနယ်မြေနှင့်ယှဉ်လျှင် ပိုပြီးတည်ငြိမ်သည်။ အနက်ရောင်မျှော်စဉ်အဖွဲ့အစည်းနှင့် အဖြူရောင်မျှော်စဉ်အဖွဲ့အစည်းတို့သည် ကြမ်းတမ်းခက်ထန်သားရဲများကို ခုခံရန် တာ့ယန်၏ ခရိုင်ကိုးခုကို ကူညီပေးခြင်းကြောင့်သာမဟုတ်လျှင် ရွှေကြာနယ်မြေရှိလူသားများသည် သုတ်သင်ခံရပြီဖြစ်သည်။

လုကျိုးသည် မဟာလေဟာနယ်မှ သားရဲထိန်းကျောင်းသူတို့သည် ပင်လယ်သားရဲများ၏ တိုက်ခိုက်မှုကို ထိန်းချုပ်သည့်အကြောင်း ယွဲ့ချီ၏စကားများကို ပြန်တွေးမိသွား၏။ ငြိမ်းချမ်းရေးငှက်က လန်ရှီဟဲအပိုင်ဖြစ်နေ၏။

လန်ရှီဟဲသည် ထိုကဲ့သို့သော ကိစ္စကို အဘယ့်ကြောင့်လုပ်ရသနည်း။ လုကျိုး ယင်းကိုမဖော်ထုတ်နိုင်ပေ။

ယဲ့ထျန်းရှင်းသည် ယခုအချိန်တွင် အဖြူရောင်မျှော်စဉ်အဖွဲ့အစည်း၏ မျှော်စဉ်သခင်ဖြစ်နေလေပြီ။ လန်ရှီးဟဲသည် ထိုကဲ့သို့ရက်စက်သော လူတစ်ယောက်ဖြစ်နေခဲ့လျှင် ယဲ့ထျန်းရှင်းက ယခုအခါတွင် အန္တရာယ်ရှိနေပြီလို့ ဆိုလိုသည်မဟုတ်ပါလော။

စိတ်ထဲတွင် ထိုအတွေးဖြင့် သူသည် ယဲ့ထျန်းရှင်းကို လေ့လာရန် အမြင်စွမ်းအားကို အသက်သွင်းလိုက်လေ၏။

ထိုစဉ် ယဲ့ထျန်းရှင်းက လေ့ကျင့်ရေးခန်းမထဲတွင် ဖြစ်သည်။ သူသည် အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ အကြီးအကဲတစ်ယောက်ကို မော့ကြည့်ကာ မေးလိုက်တော့သည်။

“ရှင်ရထားတဲ့ သတင်းကို အတည်ပြုပြီးပြီလား”

“ပြုပြီးပါပြီ၊ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပထမသခင်လေးနဲ့ ဒုတိယသခင်လေးက အလောင်းကို ရွှေကြာနယ်မြေဆီ ပြန်သယ်လာပါတယ်”

“အလောင်းလား”

ယဲ့ထျန်းရှင်းက ထိုစကားများကို ကြားသောအခါ သူမ၏အမူအရာသည် အနည်းငယ် သဘာဝမကျဖြစ်သွားတော့သည်။

အကြီးအကဲသည် ချက်ချင်းပင် အမှန်ပြင်လိုက်သည်။

“ကျုပ် အဲလိုဆိုတာမဟုတ်ပါဘူး၊ ကျုပ်ဆိုလိုတာက သာမန်လူတစ်ယောက်ရဲ့အမြင်အရဆို ဘာမှမလုပ်နိုင်တော့ပါဘူး၊ ဒါပေမဲ့ မျှော်နန်းသခင်က အသက်ပြန်သွင်းဖို့ နည်းလမ်းကို ရှာနေတယ်လို့ ကြားပါတယ်”

ယဲ့ထျန်းရှင်းသည် အကြီးအကဲ၏ စကားလုံးရွေးချယ်မှုကြောင့် ဒေါသမထွက်ခဲ့ပေ။ ထိုအစားသူမက ထရပ်လျက် ခေါင်းခါကာ သက်ပြင်းချလျက်ပြောလိုက်တော့သည်။

“ကျွန်မ မနက်ဖြန် မိစ္ဆာဝေဟင်မျှော်နန်းကို သွားမယ်”

“နားလည်ပါပြီ”

လုကျိုးသည် ယဲ့ထျန်းရှင်း အချိန်အတိုင်းအတာတစ်ခုအထိ ဘေးကင်းလုံခြုံလောက်ကြောင်း သိပြီးနောက် အမြင်စွမ်းအားကို ဖြတ်တောက်လိုက်၏။ သို့သော်ငြား ပိုဘေးကင်းစေရန်အတွက် သူသည် ယဲ့ထျန်းရှင်းကို သတင်းပါးရန် အဆောင်တစ်ခုသုံးပြီးနောက် သူမကို မိစ္ဆာဝေဟင်မျှော်နန်းတွင် နေခိုင်းထားပြီး အချိန်အတိုင်းအတာ တစ်ခုအထိ အဖြူရောင်မျှော်စဉ်အဖွဲ့အစည်းသို့ မပြန်ခိုင်းထားပေ။

သုံးရက်ကြာ ပျံသန်းပြီးနောက် လုကျိုးနှင့် ချင်နိုင်ဟယ်တို့သည် အနောက်ဖက်အစွန်းသို့ ရောက်လာတော့သည်။ ထိုနေရာက လူသူကင်းမဲ့ပေ၏။

ချင်နိုင်ဟယ်က အနီးရှိတောင်ကို လက်ညှိုးထိုးပြပြီးနောက် ပြောလိုက်တော့သည်။

“ဒီတောင်ကို ပျောက်ဆုံးတောင်လို့ခေါ်တယ်၊ အတိတ်တုန်းက ဆရာသခင်ချင်နဲ့ ဆရာသခင်ယဲ့က တာအိုဆွေးနွေးပြီး လက်ရည်ယှဉ်ခဲ့ဖူးတယ်၊ ဒီနေရာက လူသားမျိုးနွယ်တွေနဲ့ ဝေးတာကြောင့် ဆရာသခင်တွေ လက်ရည်ယှဉ်ဖို့ နေရာကောင်းတစ်ခုပဲ”

“လက်ရည်ယှဉ်တာလား”

လုကျိုးသည် သူတို့လက်ရည်ယှဉ်သည်ဟု မထင်ပေ။

ချင်နိုင်ဟယ်က အိုးတိုအန်းတန်း ပြောလိုက်လေ၏။

“အဲလိုမျိုးပါပဲ၊ သူတို့က ယှဉ်ပြိုင်နေတာပါ။ ပြောရရင် နောက်ပိုင်းကျ ဒီနေရာက ပတ်ဝန်းကျင်အနေအထား ပိုဆိုးဝါးလာတဲ့အခါ သူတို့က ကြည်လင်ကောင်းကင်တောင်ကို ရွှေ့ခဲ့ကြတယ်”

သူက စကားပြောတာကို ရပ်ပြီးနောက် ဆက်ပြောလိုက်၏။

“ရွှေကြာနယ်မြေကို ရောက်တာမကြာသေးပါဘူး၊ ကျုပ် ရွေးရမယ်ဆိုရင် ရွှေကြာနယ်မြေရဲ့ ငြိမ်းချမ်းတိတ်ဆိတ်မှုကို ပိုလိုလားပါတယ်”

“ဘာလို့အဲလိုပြောတာလဲ”

လုကျိုးက မေးလိုက်၏။ ချင်နိုင်ဟယ်ဆီမှ ယင်းကိုမျှော်လင့်မထားမိပေ။ ပြောရလျှင် ချင်နိုင်ဟယ်သည် အစိမ်းရောင်ကြာနယ်မြေမှ ဖြစ်သည်။

ချင်နိုင်ဟယ်က ပြုံးလျက်ပြောလိုက်၏။

“ကျုပ်မှာ အိပ်မက်တစ်ခုရှိတယ်၊ အဲဒီအိပ်မက်ထဲမှာ ကျုပ်က လောကကြီးက အလွန်ကျယ်ဝန်းတယ်လို့ ရေတွင်းအောက်ခြေက ဖားကို ပြောခဲ့ဖူးတယ်၊ ရေတွင်းအောက်ထဲမှာ နေရင် ဘာမှမြင်တွေ့ရမှာ မဟုတ်ဘူးလို့ ပြောခဲ့တာ၊ ဒါကြောင့် ရေတွင်းထဲက ထွက်သွားရင် ပိုကောင်းလိမ့်မယ်၊ ဒီလိုဆိုရင် သူ့ရဲ့အမြင်အာရုံကို ဖြန့်ကျက်နိုင်ပြီး လောကကြီးကို မြင်နိုင်ပြီပေါ့၊ အဲဒီအခါ ဖားက ကျုပ်လိမ်နေတာလို့ ပြောတယ်၊ သူကရေတွင်းအောက်ခြေမှာ ဇိမ်ကျကျ၊ ပျော်ပျော်ရွှင်ရွှင် နေနေတာလို့ ပြောတယ်၊ ဘာကြောင့်များ ရေတွင်းထဲကထွက်သွားပြီး အမျိုးအမည်မသိတာကို ရင်ဆိုင်ရမှာတဲ့လဲ”

သူသက်ပြင်းချပြီး ဆက်ပြောလိုက်၏။

“အမည်မသိအရာတွေက စိတ်မသက်မသာဖြစ်မှုနဲ့ အကြောက်တရားတွေကို ဆောင်ယူလာခဲ့တာ၊ ကျုပ်ဖားကို ပြန်မငြင်းနိုင်ခဲ့ဘူး”

လုကျိုးက ပြောလိုက်၏။

“မင်းပြောတာ အဓိပ္ပာယ်ရှိတယ်၊ ဒါပေမဲ့ မင်းအမှားကြီးတစ်ခုလုပ်ခဲ့တာပဲ”

“ဘာများလဲ”

ချင်နိုင်ဟယ်က ခေါင်းကုတ်လျက်မေးလိုက်သည်။

“မင်းဖားကို မသတ်ခဲ့ဘူးလေ”

ဤနည်းဖြင့် လုကျိုးက နတ်ခြင်္သေ့၏ ကျောကိုအသာထိလိုက်သည်။

ချင်နိုင်ဟယ်က မှင်တက်သွားလေ၏။ သူသည် အချိန်အတိုင်းအတာတစ်ခုအထိ လုကျိုး၏ဆိုလိုရင်းကို သဘောမပေါက်ခဲ့ချေ။ ခဏအကြာ၌ သူသဘောပေါက်သွားလေ၏။ လုကျိုး၏ ကျောကိုကြည့်ပြီးနောက် သူ့ဘာသာသူ ရေရွတ်ပြောလိုက်သည်။

“မျှော်နန်းသခင်ပြောတာ အဓိပ္ပာယ်ရှိတယ်”

…….

ပျောက်ဆုံးတောအုပ်ထဲတွင်ဖြစ်သည်။

လုကျိုး၊ ချင်နိုင်ဟယ်နှင့်နတ်ခြင်္သေ့တို့က ခပ်နှိမ့်နှိမ့်ပျံသန်းနေလေ၏။ ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်နှင့် ပတ်ဝန်းကျင်အနေအထားက လုကျိုးက မျက်မှောင်ကြုတ်သွားစေ၏။

“ဒီနေရာမှာ တိုက်ပွဲကြီးဖြစ်သွားခဲ့တဲ့ပုံပဲ။ ဒါ့ကြောင့် ဒီမြေပျက်စီးနေတာ”

ချင်နိုင်ဟယ်က ပြောလိုက်သည်။

လုကျိုးက မြေပြင်ကိုကြည့်လိုက်သည်။

“ဒါဆို ပျက်စီးသွားတဲ့ မြေကဘယ်မှာလဲ”

“အဆုံးမဲ့ သမုဒ္ဒရာဆီ ရောက်သွားတာ ဖြစ်လောက်တယ်”

ချင်နိုင်ဟယ်က ပြန်ပြောလိုက်သည်။

ဤကိစ္စကို ဆက်ပြော၍အကျိုးမထူးပေ။ လုကျိုး၏ ပန်းတိုင်က သင်္ကေတလမ်းကြောင်းကို ရှာဖွေရန်ဖြစ်သည်။

နှစ်ယောက်သားက တောအုပ်အတွင်းဆက်လက်ပျံသန်းသွားလေ၏။

ထိုကာလတွင် သူတို့သည် ကြမ်းတမ်းခက်ထန်သားရဲတစ်ချို့နှင့်တွေ့ကြုံခဲ့သည်။ သို့သော် ချင်နိုင်ဟယ်က သူတို့ကို အလွယ်တကူဖြေရှင်းခဲ့လေ၏။ စိန်ခေါ်မှုမရှိပေ။ ဤခနတွင် ပျောက်ဆုံးသွားသော မြေတွေသည် အမည်မသိကုန်းမြေကဲ့သို့ မဟုတ်၊ ဤနေရာ၌ အားကောင်းသော ခက်ထန်ကြမ်းတမ်းသားရဲများများစားစား မရှိပေ။

“ရှေ့မှာရှိလောက်တယ်”

ချင်နိုင်ဟယ်က ရှေ့ကိုညွှန်ပြလျက်ပြောလိုက်သည်။

မကြာမီ၌သူတို့သည် ပျောက်ဆုံးသွားသော တောင်နားသို့‌ ရောက်လာ၏။ ချင်နိုင်ဟယ်သည် စွမ်းအင်ဓားကိုသုံးလျက် နွယ်ပင်များကို ပိုင်းဖြတ်လိုက်ရာ သင်္ကေတလမ်းကြောင်းပေါ်လာစေသည်။

လုကျိုးက ဇဝေဇဝါဖြင့်မေးလိုက်၏။

“သူတို့ဘာသာ သီးခြားနေဖို့ ဆုံးဖြတ်ပြီးပြီးဆိုရင် သင်္ကေတလမ်းကြောင်းရှိတာ ဘာအကျိုးရှိမှာလဲ”

ချင်နိုင်ဟယ်က ပြုံးပြီးပြောလိုက်သည်။

“လူတွေက စောစောထရတာ သဘောကျတယ်၊ သစ္စာရှိတယ်ပြောနေပေမဲ့ ဘေးအိမ်က ကောင်မလေးကို တိတ်တဆိတ်တွေးနေတတ်တယ်၊ အမျိုးသားတစ်ချို့လိုပေါ့”

လုကျိုးက ခေါင်းညိတ်လိုက်၏။

“ကြည့်ရတာ မင်းက မင်းကိုယ်မင်း တော်တော်နားလည်တဲ့ပုံပဲ”

ချင်နိုင်ဟယ် “….”

သစ်ရွက်ကြွေများနှင့် သင်္ကေတလမ်းကြောင်းမှ ဖုန်များကို ရှင်းလင်းရန် အချိန်တစ်ခဏယူလိုက်ရ၏။ ရှင်းလင်းပြီးချိန်တွင် လုကျိုးက ရှေ့သို့လျှောက်သွားကာ ပြောလိုက်သည်။

“မင်း ငါနဲ့လိုက်စရာမလိုဘူး”

“ဒါ သိပ်မသင့်တော်ဘူးမလား”

“မင်းငါနဲ့လိုက်ဖို့ သိပ်အဆင်ပြေမှာမဟုတ်ဘူး”

လုကျိုးက ပြောပြီးလက်ဝှေ့ယမ်းလိုက်သည်။

ချင်နိုင်ဟယ်က ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြီး ပြောလိုက်လေ၏။

“ကောင်းပါပြီ၊ ကျုပ်မျှော်နန်းသခင်ပြန်လာမှာကို စောင့်နေတယ်”

နတ်ခြင်္သေ့သည် သင်္ကေတလမ်းကြောင်းဆီ ဝင်သွားပြီးနောက် လုကျိုးသည် ၎င်းကို အသက်သွင်းလိုက်၏။ ဝေဟင်နန်းအလင်းတန်းပေါ်လာပြီး အလင်းတန်း ပျောက်ကွယ်သွားချိန်တွင် လုကျိုးနှင့် နတ်ခြင်္သေ့တို့ကို မတွေ့ရတော့ပေ။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ဖြစ်သည်။

သစ်ရွက်ပုံထဲကနေ ဝေဟင်ဆီ အလင်းတစ်ခု ထိုးထွက်လာလေ၏။

နတ်ခြင်္သေ့သည် ၎င်း၏ကိုယ်ပေါ်မှ သစ်ရွက်များကို ခါချပြီးအော်လိုက်သည်။

လုကျိုးက နတ်ခြင်္သေ့ကျောပေါ်တွင် ထိုင်နေလျက် ဝေဟင်ထဲပျံသန်းသွားကာ ပြောလိုက်လေ၏။

“ဒါက နှစ်မြွှာအစိမ်းရောင်ကြာနယ်မြေလား”

သူက တောအုပ်အထက်တွင် ပျံသန်းလျက် ပတ်ဝန်းကျင်ကိုလေ့လာပြီးပြောလိုက်သည်။

“နည်းနည်း မြန်မြန်”

နတ်ခြင်္သေ့သည် ဝေဟင်ထဲ ခပ်မြန်မြန်ပျံသန်းလိုက်၏။ သူတို့သည် မီတာတစ်ထောင်အမြင့်သို့ ရောက်သောအခါ လုကျိုးသည် အကန့်အသတ်မဲ့တောအုပ်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားလေ၏။ တုချန်ဖုကို မည်သို့ရှာရမည်နည်း။ အရပ်မျက်နှာအနံ့တောအုပ်က ရှိနေပြီး မေးစရာလူမရှိပေ။

“နတ်ခြင်္သေ့ ဘယ်နားကိုသွားချင်လဲ ရွေးလိုက်”

လုကျိုးက ပြောလိုက်၏။

နတ်ခြင်္သေ့က တစ်ချက်အော်လိုက်သည်။

“ကောင်းပြီ၊ မင်းရဲ့ခေါင်းက ဒီဘက်ညွှန်နေပြီဆိုရင် ဒီအတိုင်းသွားလိုက်တာပေါ့၊ မင်းမှားရင် ငါမင်းကိုခွင့်မလွှတ်ဘူး”

လုကျိုးက ပြောလိုက်၏။

နတ်ခြင်္သေ့ “….”

နတ်ခြင်္သေ့သည် ရှေ့သို့ ပျံသန်းသွားလျက် လုကျိုး၏ အမိန့်ကို နာခံသည်။ သားရဲအဆီအနှစ် နှစ်ခုစားသုံးပြီးနောက် ၎င်း၏အရှိန်သည် အဆပေါင်းများစွာတိုးလာသည်။ အားကုန်ထုတ်သုံး ပျံသန်းသည့် အချိန်တွင် သူ၏အရှိန်က လွတ်လပ်သူတစ်ယောက်ထက် မလျော့ပေ။ အရေးကြီးဆုံးက ၎င်းသည် ပျံသန်းရန် အသက်စွမ်းအင် မလိုအပ်တာပဲဖြစ်သည်။

လုကျိုးနဲ့နတ်ခြင်္သေ့သည် နောက်ထပ်နှစ်နာရီကြာပျံသန်းပြီးနောက် လုကျိုးသည် နောက်ဆုံးတွင် ရွာတစ်ရွာကို တွေ့သွားလေ၏။ သူက ခပ်နိမ့်နိမ့် ပျံသန်းလိုက်၏။ သူ လူတစ်ယောကို ရှာတွေ့သ၍ ထိုလူကို အရပ်မျက်နှာ သို့မဟုတ် တစ်စုံတစ်ခု မေးနိုင်မှာဖြစ်သည်။

ကြည့်ရာ ဝင်ပေါက်၌ မျက်လုံးမှိတ်လျက် သစ်ပင်ကိုမှီနေသည့် အဘိုးအိုတစ်ယောက်ရှိသည်။

လုကျိုးက လှစ်ခနဲ့ပင် ထိုအဘိုးအိုရှေ့၌ပေါ်လာပြီး လှမ်းခေါ်လိုက်သည်။

“အဘိုးကြီး”

ထိုအဘိုးအိုက မျက်လုံးဖွင့်လျက် အနည်းငယ်ခြောက်ခြားသွားလေ၏။ သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်တော့သည်။

“ကျင့်…ကျင့်ကြံသူလား”

“ခင်ဗျား ကြောက်စရာမရှိဘူး၊ ကျုပ်မှာမကောင်းတဲ့ ရည်ရွယ်ချက်မရှိဘူး၊ ချန်ဖု ဘယ်မှာလဲသိလား”

“ဟမ်…”

အဘိုးအို၏ မျက်နှာက ဖြူဖျော့သွားတော့သည်။

“ခင်ဗျားက သူတော်စင်ကို ဘယ်လိုလုပ်နာမည်တပ်‌ခေါ်နိုင်ရတာလဲ”

လုကျိုးက ချန်ဖုက နှစ်မြွှာကြာနယ်မြေထဲတွင် သူတော်စင်တစ်ပါးဖြစ်ကြောင်း မေ့လျော့သွားလေ၏။ ချန်ဖုသည် ဤနေရာ၌ ထင်ရှားသည့်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး လူတိုင်းလေးစားရသည့်သူဖြစ်သည်။ ထို့ကြောင့် သူက မေးလိုက်၏။

“အခုသူတော်စင် ဘယ်မှာလဲ”

“ကျုပ်…ကျုပ်မသိဘူး”

“….”

သူသည် ဤမေးခွန်းကို အချည်းနှီးမေးခဲ့ပုံလေ၏။ လုကျိုးက ထပ်မေးလိုက်ပြန်သည်။

“ဒီမှာ ကျင့်ကြံသူတွေရှိလား”

သာမန်လူများထက် ကျင့်ကြံသူများကို ပြောတာက ပိုကောင်း၏။ သာမန်လူများသည် ကျင့်ကြံခြင်းလောကအကြောင်း အနည်းအကျဉ်းသာ သိ၏။ ထို့အပြင် သူတို့၏ သက်တမ်းကတိုသဖြင့် သူတို့ရနိုင်သည့် သတင်းအချက်အလက်ကတောင် နောက်ကျနေလောက်ပြီဖြစ်သည်။

အဘိုးအိုသည် ရွာမြောက်ဘက်ခြမ်းရှိ‌တောင်ကို လက်ညှိုးထိုးပြလျက် ပြောလိုက်၏။

“အဲဒီမှာ တစ်ယောက်ရှိလောက်တယ်”

“ကျေးဇူးပါပဲ”

လုကျိုးက ထိုသို့ပြောပြီးနောက် လှစ်ခထွက်သွားကာ လေထဲပျောက်ကွယ်သွားလေ၏။ ထိုအချိန်တွင် အဘိုးက မျက်ဆန်လန်သွားပြီး လဲကျလျက် သတိလစ်သွားတော့သည်။

တောင်ခြေတွင် ဖြစ်သည်။

ကျင့်ကြံသူ နှစ်ယောက်က ဓားရေးလေ့ကျင့်နေ၏။

“ရှစ်ရှိုး ကျွန်တော်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ကို ချိုးဖြတ်တတ်တော့မှာ၊ သတိထားတာ ပိုကောင်းလိမ့်မယ်”

“ငါက နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်မှာ ပွင့်ချပ်သုံးခုရနေပြီ ရှစ်တိ၊ မင်းပိုကြိုးစားရမှာ”

သူတို့နှစ်ယောက်က လက်ရည်ယှဉ်နေစဉ် လေထဲတွင် စွမ်းအင်ဓားများဖြင့် ပြည့်နှက်နေလေ၏။

ကောင်းကင်ကနေ ငုံ့ကြည့်မိချိန်တွင် နှစ်မြွှာအစိမ်းရောင်ကြာနယ်မြေက အင်မတန်ကျယ်ဝန်း၏။ နယ်မြေအားလုံးထဲတွင် အကျယ်ဆုံးဖြစ်လောက်သည်။ ဤနည်းဖြင့် လုကျိုးသည် အချိန်တိုအတွင် ချန်ဖုကို ရှာဖို့လွယ်မှာ မဟုတ်မှန်းသိလိုက်သည်။

မဟာလေဟာနယ်သည် မဟာလေဟာနယ်မျိုးစေ့များကို မရှာနိုင်တာ အံ့ဩစရာမရှိ၊ သူ၏တပည့်များ ဖော်ထုတ်ခံရပြီး ပုန်းနေခဲ့ပါက မဟာလေဟာနယ်ရှိ သူတော်စင်ဆယ့်နှစ်ပါးလှုပ်ရှားလျှင်တောင် သူတို့ကို ရှာရန် ခက်ခဲပေလိမ့်မည်။

ဝှစ်

လုကျိုးသည် ကျင့်ကြံသူ နှစ်ယောက်အနားတွင် ပေါ်လာပြီး လှမ်းခေါ်လိုက်သည်။

“မောင်ရင်တို့”

ထိုလူနှစ်ယောက်၏ တုံ့ပြန်မှုသည် အစောပိုင်းက အဘိုးအိုနှင့်မခြားပေ။ သူတို့သည် လုကျိုး၏ ရုတ်တရုတ် ပေါ်ပေါက်လာမှုကြောင့် ထိတ်လန့်သွားတော့သည်။

လုကျိုးက သူတို့ကျင့်ကြံမှုကို အာရုံခံမိသည်။ သူတို့ကျင့်ကြံစဉ်ကြား ကြီးမားသည့်ကွာဟချက်ကြောင့် သူတို့၌မြင့်မြတ်သော အမွေအနှစ်မရှိလျှင် သူတို့အဖို့ သူမတွေ့အောင် ပုန်းကွယ်ဖို့ ခက်ခဲလိမ့်မည်။

“ခင်…ခင်ဗျားက ဘယ်သူလဲ”

အသက်ပိုကြီးသည့် ကျင့်ကြံသူက မေးလိုက်၏။

“သူတော်စင်ချန် ဘယ်မှာလဲ”

ထိုစကားကို ကြားသောအခါ ကျင့်ကြံသူက မေးလိုက်၏။

“ခင်ဗျားနောက်နေတာလား၊ ကျုပ်တို့လူတွေက သူတော်စင်ဘယ်မှာရှိမှန်း ဘယ်လိုလုပ်သိမှာလဲ”

“ဒါဆို သူပုံမှန်သွားနေကျ နေရာရော သိလား”

လုကျိုးက မေးလိုက်၏။

ကျင့်ကြံသူက ခေါင်းခါပြီးပြောလိုက်သည်။

“ကျုပ်တောင်းပန်ပါတယ်၊ ကျုပ် တကယ်မသိဘူး၊ ဒါပေမဲ့ အရှေ့ဘက်မြို့တော်က ဖုန်းအန်းဆီသွားရင်သွား၊ ဒါမှမဟုတ် အနောက်ဘက် မြို့တော်က လော့ယန်ဆီသွား၊ အဲဒီမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တွေရှိတယ် ဒါကြောင့် တစ်ခုနှစ်ခုတော့ ရှာတွေ့လောက်တယ်”

လုကျိုးက ခေါင်းညိတ်လိုက်၏။

“ကောင်းပြီ”

“ကျုပ်မေးလို့ ရမလား၊ ခင်ဗျားက သူတော်စင်ချန်ကို လေးစားတဲ့သူလား”

ကျင့်ကြံသူက မေးလိုက်၏။

“ဟမ်”

“သူတော်စင်ချန်ကို မြင်ချင်ကြတဲ့ လူတော်တော်များများရှိကြောင်း အစ်ကိုတစ်ယောက်ဆီက ကြားဖူးတယ်၊ ခင်ဗျားသူ့ကိုရှာတာ အချိန်ဖြုန်းနေတာပဲ”

လုကျိုးက ထိုစကားများကို စိတ်ထဲမထားပေ။ သူက အသက်ကြီးသည့်ကျင့်ကြံသူ၏ လက်ထဲက ဓားကိုကြည့်ကာ ပြောလိုက်သည်။

“ဓားအမျိုးအစား သုံးခုရှိတယ်၊ သာမန်လူရဲ့ဓား၊ အရှင်သခင်ရဲ့ဓား၊ ကောင်းကင်သားတော်ရဲ့ဓား၊ မင်းရဲ့ အခြေခံစွမ်းရည်က နည်းပါးလွန်းတယ်။ ပိုကြိုးစားဖို့လိုတယ်”

ပြီးနောက် လုကျိုးက ကျန်သည့်ကျင့်ကြံသူကို ပြောလိုက်၏။

“မင်းကတော့ မင်းရဲ့အခြေခံစွမ်းရည်က ကျော်ဖြတ်နိုင်ပြီ၊ မင်းက အဆင့်မြင့်ဓားစွမ်းအင်ကို စတင်ယူနိုင်ပြီ၊ ဒါပေမဲ့ မင်းရဲ့စိတ်နေသဘောထားကို ထိန်းဖို့လိုသေးတယ်၊ မင်းအားနည်းချက်က သိသာလွန်းတယ်။ ဒီတော့ မင်းရဲ့ပျော့ပြောင်းမှုက မလုံလောက်ဘူး”

နှစ်ယောက်သားက မှင်တက်သွားတော့သည်။

လုကျိုးက ဆက်ပြောလိုက်၏။

“စွမ်းအင်ဓားကို ထိန်းချုပ်တာ လေ့ကျင့်ပြီးစနိုင်တယ်၊ မင်းတို့တွေ တစ်ရက်ခြောက်နာရီကြာ လေ့ကျင့်နိုင်ရင် ခြောက်နှစ်အတွင်း ရလဒ်သေချာပေါက်တွေ့ရလိမ့်မယ်။ မင်းတို့နှစ်ယောက်လုံး ငါ့စကားကို မှတ်ထားဖို့မျှောလင့်တယ်၊ မှတ်ထားရင် မင်းတို့က မျိုးဆက်တစ်ဆက်ရဲ့ ပညာရှင်တွေ ဖြစ်လာမှာသေချာတယ်။ နှုတ်ဆက်ပါတယ်”

ဤနည်းဖြင့် လုကျိုးသည် ခြေစောင့်နင်းလျက် ဝေဟင်ထဲပျံသန်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေ၏။

နတ်ခြင်္သေ့သည် ဝေဟင်ထဲတွင် မြင့်မြင့်ပျံကာ သူ့ကိုစောင့်နေသည်။

ကျင့်ကြံသူနှစ်ယောက်က ဇဝေဇဝါဖြစ်ကာ ခေါင်းကြုတ်လိုက်၏။

“သူက ဘယ်သူလဲ၊ သူက အရေးပါပုံပေါက်အောင် ဘယ်လိုနေရမှန်းသိနေတာကိုး”

“ဒါပေမဲ့ သူ့စကားတွေက အဓိပ္ပာယ်ရှိတယ်”

“သူ့စကားတွေက မင်းကိုအကောင်းပြောတာကြောင့် အဲလိုထင်တာလေ၊ မင်းရဲ့အခြေခံစွမ်းရည်က ဘာဆိုက ငါဘယ်လိုလုပ်မသိပဲနေမှာလဲ”

ထိုစဉ် ဝတ်ရုံရှည်ဝတ်ထားသည့်အသက်ပိုကြီးသော ကျင့်ကြံသူသည် အဝေးကနေ ရောက်လာလျက် ကျင့်ကြံသူနှစ်ယောက်အနားတွင် ဆင်းသက်လိုက်၏။

“မင်းတို့နှစ်ယောက် ဘာလို့စကားများနေသေးတာလဲ”

“ရှစ်စွင်း အစောတုန်းက လူထူးလူဆန်းတစ်ယောက်ပေါ်လာတယ်။ သူက ကျွန်တော်တို့ကို တစ်ချို့တစ်လေထောက်ပြသွားပြီး သူ့အကြံပေးချက်အတိုင်းလိုက်နာရင် မျိုးဆက်တစ်ဆက်ရဲ့ ပညာရှင်တွေ ဖြစ်လာနိုင်တယ်လို့ပြောတယ်၊”

“ဟမ်”

ပြီးနောက် အသက်ပိုကြီးသော ကျင့်ကြံသူသည် လုကျိုး၏စကားများကို သူ၏ဆရာဆီပြောပြလိုက်၏။

သူ့တပည့်ပြောတာ နားထောင်ပြီး ထိုလူ၏မျက်လုံးများက အနည်းငယ်ပြူးကျယ်သွားကာ ထဆဲလိုက်သည်။

“လူထူးလူဆန်း၊ နောင်ကျ ဒီလိုလူကိုတွေ့ရင် မင်းတို့သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်နဲ့”

“နားလည်ပါပြီ”

လောကကြီးက ကျယ်ပြောလွန်းပေ၏။ လူသားများအဖို့ သူတို့အတွက် ဘာကောင်းမှန်း မသိသေးသူများက ရှိနေတတ်သေး၏။

ပွဲကောင်းတစ်ခုပြနိုင်ခဲ့ပြီဟုထင်နေသော လုကျိုးကပျော်ရွှင်စွာ ပျံသန်းလာသည်။

ခဏအကြာ၌ သူ့ကို တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်သည်။

“နတ်ခြင်္သေ့ အရှေ့ဘက်နဲ့ မြောက်ဘက်မြို့အတွက် အရပ်မျက်နှာမေးဖို့ မေ့သွားတဲ့ပုံပဲ”

နတ်ခြင်္သေ့ “…”

လုကျိုးက ပြန်လှည့်လာလေ၏။

ကျင့်ကြံသူနှစ်ယောက်က ဓားရေးလေ့ကျင့်နေသေးဆဲဖြစ်သည်။

လုကျိုးက ခုန်ဆင်းလာလျက် ခေါ်လိုက်ပြန်သည်။

“မောင်ရင်တို့”

သူတို့နှစ်ယောက်က အထိတ်တလန့်ခုန်လိုက်၏။ သူတို့က လုကျိုးကို မြင်သွားကာ မေးလိုက်သည်။

“ခင်…ခင်…ခင်ဗျား၊ ဒီ…ဒီကို ဘာလို့ရောက်လာပြန်တာလဲ”

“အရှေ့ဘက်မြို့တော် ဘယ်မှာလဲ”

လုကျိုးက မေးလိုက်၏။

“အရှေ့အရပ်မှာပေါ့”

ပိုကြီးသော ကျင့်ကြံသူက ဒေါသတကြီးအရှေ့အရပ်ကို ညွှန်ပြလိုက်သည်။ လုကျိုးက ခေါင်းညိတ်ပြီးနောက် ပြောလိုက်သည်။

“ငါ့ရဲ့ဓားလမ်းစဉ်အကြောင်း ပြောပြမယ်”

“မဟုတ်ဘူး မပြောနဲ့ မပြောနဲ့၊ ကျုပ်တို့ကို ကြုံရာကျပန်း ထောက်မပြပေးတာ အကောင်းဆုံးပဲ၊ ကျုပ်တို့ဆရာသိသွားရင် သေအောင်ရိုက်လိမ့်မယ်၊ ထွက်သွားတာ ပိုကောင်းလိမ့်မယ်”

လုကျိုး “….”

သူက ကူကယ်ရာမဲ့စွာ ခေါင်းခါပြီး သက်ပြင်းချလိုက်၏။

အသက်ပိုငယ်သော ကျင့်ကြံသူက ပြောလိုက်သည်။

“ချန်ပေ့၊ ချန်ပေ့ရဲ့အကွက်ကို ကျုပ်တို့ဆီပြပါလား”

ထိုစဉ်အသက်ကြီးသည့် ကျင့်ကြံသူက တောင်ဘေးကနေ ရောက်လာပြန်၏။

“ဓားကိုယူလိုက်”

ဝှစ် ဝှစ် ဝှစ်

ထိုလူ၏ ဓားနည်းစနစ်က အတော်လေးကြမ်းသည်။ သို့သော် လုကျိုးက လက်နောက်ပစ်လျက် ရပ်မြဲရပ်နေသည်။ သူက အချိန်ကိုက်ရှောင်လိုက်၏။ ကျင့်ကြံသူသည် အကြိမ်တစ်ရာကျော် တိုက်ခိုက်ခဲ့သော်ငြား သူ၏တိုက်ခိုက်မှုများက မထိခဲ့ပေ။ သူ ပျာယာခတ်လျက် လောလာ၏။

သူစွမ်းအင်ဓား ထုတ်ဖော်လျှင် ထုတ်ဖော်ခြင်း လုကျိုးသည် လျက်ပြက်သည့်ပမာ လှုပ်ရှားလျက် လူရွယ်၏ဓားကို လက်နှစ်ချောင်းဖြင့် ဖမ်းညှပ်ထားလိုက်ပြီး လက်ကောက်ဝတ်ကို တစ်ချက်လှည့်လိုက်၏။

ဂျွတ်

ဓားကျိုးသွားတော့သည်။

ပြီးနောက် လုကျိုးသည် လက်ကိုတွန်းထုတ်ကာ လက်ဝါးစည်းတံဆိပ်တစ်ခုသည် လူရွယ်ကျင့်ကြံသူ၏ ရင်ဘတ်ပေါ် ရောက်သွားတော့၏။

“ရှစ်စွင်း”

ကျင့်ကြံသူ နှစ်ဦးသည် ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားတော့သည်။

လုကျိုးသည် လူရွယ်ကျင့်ကြံသူ၏ နောက်ကျောကို တွန်းလျက် ရက်ရက်စက်စက် မတိုက်ခိုက်ခဲ့ပေ။ ပြီးနောက် သူလက်မြှောက်လိုက်သည်။

ဝှစ် ဝှစ် ဝှစ်

ထိုစဉ် မြက်ဓားသွားတိုင်းက ပျံသန်းလာလျက် ဓားများနဲ့ တူနေသည်။ သို့သော် စွမ်းအင်ဓားတစ်ခုကိုမှ မမြင်နိုင်ပေ။

မြက်ဓားတို့သည် အရပ်မျက်နှာအနှံ့ပျံသန်းသွားကာ ဝေဟင်ကို လွှမ်းသွားဟန်ပေါ်၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ပတ်ဝန်းကျင်ရှိ သစ်ပင်များအားလုံးတို့သည် မြက်ဓားများကြောင့် ထိုးဖောက်ခြင်းခံလိုက်ရသည်။

“လူအများစုက ငါသူတို့ကို ညွှန်ပြပေးဖို့ အိပ်မက်မက်နေကြတာ၊ ဒါပေမဲ့ မင်းတို့နှစ်ယောက်က ဒါကိုဘယ်လိုတန်ဖိုးထားရမယ်မှန်း မသိဘူးပဲ၊ တချို့က ကူညီလို့မရဘူး”

လုကျိုးသည် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားစဉ် သူ၏အသံက လေထဲပျံ့လွှင့်နေ၏။

သူတို့သုံးယောက်သည် အပေါက်များဖြင့် ပြည့်နေသည့် သစ်ပင်နှင့် မြက်ဓားကို ကြည့်မိသည့်အချိန်တွင် မြေပြင်ပေါ်တွင် ကြက်သေသေကာ ထိုင်နေမိတော့သည်။

...

All Chapters