အခန်း (၁၃၉၉-၁၄၀၁)
Vol. 94 Ch. 1399-1401
အခန်း (၁၃၉၉) ပြန်လည်ရှင်သန်ခြင်းစာလိပ်
ချန်ဖုက သူ့လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်လေ၏။ ရေတံခွန်သည် တစ်ခဏတာ ရပ်တန့်သွားပုံပေါ်ကာ ရေလုံးသည် ရေဓားအသွင်ပြောင်းလဲပေါ်ထွက်လာ၏။
ချန်ဖုက သူ၏လက်ကိုတွန်းထုတ်လိုက်သည်။
ဝှစ်
ရေတံခွန်က ပြောင်းပြန်စီးဆင်းပြီး ရေဆူးချွန်များဖွဲ့တည်ကာ ဘုံကိုးဘုံဆီတည့်တည့်မတ်မတ် ထိုးဖောက်လိုက်၏။ ပြီးနောက် ရေဓားက လေဟာနယ်ကိုခွင်းလျက် လုကျိုးဆီ ဦးတည်သွားသည်။
လုကျိုးသည် သူတော်စင်များအတွက် ထူးကဲသည့်စွမ်းအားကို ခံစားမိသည်။ ယင်းသည် ဆရာသခင်တစ်ပါးထက် သာလွန်တာအမှန်ပဲဖြစ်သည်။ မည်သို့ပင်ဆိုစေ မဟာသူတော်စင်တစ်ပါး၏ ဤအကွက်က မှတ်သားလောက်ဖွယ် မရှိ။ အခြေခံသာဖြစ်ပြီး တာအို၏စွမ်းအားကို မှီခိုနေခြင်းသာ ဖြစ်သည်။
လုကျိုးသည် အမြင်စွမ်းအားကို ရွတ်ဆိုပြီး ရေဓားကို တွေ့လိုက်ရသည်။ သူ၏ကောင်းကင်စွမ်းအားကြောင့် မဟုတ်လျှင် သူသည် ရေဓားကို မြင်ရမှာမဟုတ်ပေ။ သူက ရေဓားကိုရှောင်ရန် ဘေးသို့ရွေ့လိုက်စဉ် အရာအားလုံးနှေးကျသွားပုံပေါ်၏။
ရေဓားက လုကျိုးကို ဖြတ်ကျော်သွားစေပြီး သူ့ဆီပြန်ရောက်လာသည်။
“ရွှေကြာလား” ချန်ဖု၏အသံက ပေါ်ထွက်လာတော့သည်။
မျက်စိတစ်မှိတ်အတွင်း ချန်ဖုက လုကျိုးရှေ့၌ပေါ်လာကာ လုကျိုး၏ရင်ဘတ်ကို သူ့လက်ဖြင့် ဖိလိုက်သည်။
လုကျိုးက သူ့ကိုဝါးမျိုရန်ကြိုးစားနေသော ထူးဆန်းသောဖိအားတစ်ခုကိုခံစားမိကာ မျက်မှောင်ကျုံ့မိသွားသည်။ သူက အဆုံးမဲ့ချောက်နက်ထဲ ဆွဲချခံရတော့မည့်ပမာပင်။
ပြစ်ချက်မဲ့ကတ်
ဘီး
ရွှေရောင်ဗုဒ္ဓခန္ဓာက မကြီးမားပေ။ ၎င်းက လုကျိုး၏တကိုယ်လုံးကို လွှမ်းခြုံရန် လုံလောက်ရုံမျှသာ ရှိ၏။ တလက်လက် တောက်ပနေသော ရွှေရောင်ဗုဒ္ဓခန္ဓာက ဖိအားကို ဆက်တိုက် ဝါးမျိုနေ၏။
ထန်း ထန်း ထန်း
ထောက် ထောက် ထောက်
မနက်ခင်းဆည်းလည်းသံနှင့် ညနေခင်းဗုံသံတို့ပမာ အသံများပြန့်လွင့်လာပြီး ဆောင်းဦးနှင်းစက်တောင်တစ်ခုလုံးကို တုန်ယင်သွားစေ၏။
တောင်ခြေ၌ လာရောက်လည်ပတ်သည့်ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ခေါင်းထောင်လာကြ၏။ သူတို့က တောင်ထွတ်ကို ဇဝေဇဝါကြည့်မိသွားကြသည်။
ဘန်း ... ဟူသော မြည်သံကျယ်ကြီးတစ်ခုပေါ်ထွက်လာပြီး ဆောင်းဦးနှင်းစက်တောင်၏ အရံအတားက တုန်လှုပ်သွားတော့သည်။ ပြီးနောက် ၎င်းက ရုတ်တရက်ပြန့်ကျယ်လာကာ အရံအတားအပြင်ဖက်ရှိ ကျင့်ကြံသူများအားလုံးကို နောက်သို့လွင့်သွားစေ၏။
နာမည်ကျော်ကြားသည်ပုဂ္ဂိုလ်ဖြစ်စေ၊ အဓိကဂိုဏ်းကြီးမှ ပညာရှင်ဖြစ်စေ၊ အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်ဖြစ်စေ သူတို့အားလုံးခြွင်းချက်မရှိ လွင့်ထွက်သွားလေ၏။
ခဏအကြာတွင် အရံအတားက ကျုံ့သွားပြီး ပုံမှန်အတိုင်းပြန်ဖြစ်သွားလေသည်။
ကျင့်ကြံသူများဆင်းသက်လာပြီးနောက် သူတို့သည် ဆောင်းဦးနှင်းစက်တောင်ကို ကြောက်လန့်တကြား ကြည့်လိုက်ကာ အမြန်ပင် မြေပြင်ပေါ်ဝပ်တွားနေလိုက်၏။
“သူတော်စင်ရဲ့ အမျက်ဒေါသကို ဆွမိတဲ့အတွက် တောင်းပန်ပါတယ်”
“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ”
“သူတောင်စင်ကို နှောင့်ယှက်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး သက်ညှာပေးပါ”
သူတို့အားလုံးသည် အဆင့်အတန်း၊ အဆင့်ကိုလျစ်လျူရှုထားလျက် ဦးတိုက်ကန်တော့နေလေသည်။
ချန်ဖုသည် မျက်မှောင်ကျုံ့လျက် ဇဝေဇဝါဖြစ်သွား၏။ သူသည် လုကျိုး၏ရင်ဘတ်ကို လက်ဖြင့် ဖိရန် ကြိုးစားလိုက်သော်ငြား ရွှေရောင်ဗုဒ္ဓခန္ဓာကြောင့် တားမြစ်ခံလိုက်ရသည်။
“ဟမ်”
လုကျိုးက ချန်ဖုကို ကြည့်ပြီးတည်ငြိမ်စွာပြောလိုက်လေ၏။ “မဟာသူတော်စင် မင်းမှာတောင်တွေကို ရွေ့နိုင်ပြီး ပင်လယ်ကိုဖြည့်နိုင်တဲ့စွမ်းရည်ရှိတယ်”
ရေတံခွန်က ပြောင်းပြန်စီးဆင်းနေဆဲဖြစ်သည်။
ချန်ဖုသည် ကျန်သည့်သူများနှင့် လက်ရည်ယှဉ်သည့်အချိန်တွင် သူသည် ပြိုင်ဖက်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူနေကြဖြစ်၏။ လွန်လေပြီးသောအခါတွင် မဟာလေဟာနယ်မှ လူများမှအပ နယ်မြေကိုးခုမှ ကျင့်ကြံသူတို့သည် သူ့အတွက်ဘာမှမဟုတ်ခဲ့ပေ။ သူ့အမြင်တွင် သူဆီမှ တိုက်ကွက်တစ်ကွက်ကို ခံနိုင်ရည်ရှိသူမရှိပေ။ သူသည် လုကျိုး၏ ယုံကြည်ချက်ကို အာရုံခံမိသောကြောင့် ယနေ့တွင် သုံးကွက်ဆက်တိုက်သုံးရန် ဆုံးဖြတ်ခဲ့၏။ ထင်သည့်အတိုင်းပင် သူ ထိုသို့လုပ်တာ မှန်နေခဲ့သည်။
ပထမဆုံးအကွက် ရေဓားဖြစ်ပြီး ယင်းက လွဲချော်သွားသည်။ ဒုတိယအကွက်က လက်ဝါးရိုက်ချက် ဖြစ်ပြီး ထိရောက်မှုမရှိပေ။ တတိယအကွက်က ကြာရှည် စီစဉ်ထားခဲ့သည့်အရာဖြစ်သည့် ပေတစ်သောင်းမြင့်သည့် ရေတံခွန်ပဲဖြစ်သည်။
ဝှစ်
ထိုစဉ် ဆောင်းဦးနှင်းစက်တောင်ထိပ်ပေါ်ရှိ ရေအားလုံးသည် ချန်ဖုဆီစီးဆင်းသွားကာ ဝေဟင်ထဲ၌ လေဆင်နှာမောင်းပမာ လည်ပတ်နေသည့်ရေဓားများကို ချန်ဖုက ဖွဲ့တည်လိုက်သည်။ ပြီးနောက် ထိုစွမ်းအင်ဓားများက စတင်ပေါ်ပေါက်လာ၏။ ပြီးနောက် ရေဓားနှင့် စွမ်းအင်ဓားတို့သည် ရေခဲပန်းဆွဲများပမာ ကောင်းကင်ကနေ ကျဆင်းလာတော့သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
သူတို့သည် တောင်ထိပ်ပေါ်သို့ မုန်တိုင်းပမာ ရွာသွန်းကျလာ၏။
ဆန်းကြယ်သည်မှာ သူတို့သည် မျှော်နန်းပေါ်သို့မကျရောက်ခင် အငွေ့ပျံသွားတာပဲ ဖြစ်သည်။
ချန်ဖုက မရှောင်ခဲ့ပေ။ သူက တည်ငြိမ်စွာရပ်လျက် လုကျိုးကိုကြည့်နေ၏။ လုကျိုးက ဓားများသည် ချန်ဖုကိုဖြတ်ကျော်ပြီး လုကျိုး၏နားနှင့်နှာဖျားထိပ်တို့ကို ဖြတ်ကျော်သွားသည်။
ချန်ဖုသည် ကနဦးချီကို မသုံးခဲ့ပေ။ သူက လေထဲပျံဝဲလျက် သူ့ဆီရောက်လာသည့်ဓားတို့ကို ဘာမှမလုပ်ဘဲ ကြည့်နေလေ၏။
လုကျိုးလည်း ထိုအတိုင်းသာဖြစ်သည်။ သူက ရေဓားများကို ဘာမှဖြေရှင်းမည့်ပုံမပေါ်။
ထိုအကွက်သည် သူတို့၏သတ္တိနှင့်အမြင်ကို စမ်းသပ်ခြင်းပင်ဖြစ်သည်။ ယင်းသည် သူတို့၏ အစွန်းဆုံသော ထိန်းချုပ်မှုကို စမ်းသပ်ခြင်းလည်းဖြစ်သည်။ သူတို့နှစ်ယောက်လုံးက ထိခိုက်မှု မရှိခဲ့ပေ။ ထိုစဉ် ရေတံခွန်စီးဆင်းမှုကလည်း မှန်ကန်လာပြီး အရာအားလုံးပုံမှန်ပြန်ဖြစ်သွားတော့သည်။
ယန်းမူနှင့် ဟွားရင်တို့က ကြက်သေသေနေသောအမူအရာဖြင့် နှစ်ယောက်သားကိုကြည့်နေမိသည်။
ခဏအကြာတွင် ယန်းမူက ဦးညွတ်လျက်ပြောလိုက်လေ၏။ “သူတော်စင်ချန်ရဲ့ခွန်အားက ကောင်းကင်ကို တုန်လှုပ်နိုင်တယ်။ တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းပါရဲ့”
ယန်းမူသည် တိုက်ပွဲကိုနားမလည်သော်ငြား ချန်ဖုသည် အသာစီးရနေကာ ခွန်အားအသာစီး ရထားပြီး အနိုင်ရကြောင်း သေချာလေ၏။
ဟွားရင်ကလည်း ထိုသို့တွေးမိသည်။ သူက ဦးညွှတ်လျက် ပြောလိုက်သည်။ “ဆရာက အမြဲတမ်း သန်မာနေတာပဲ”
ချန်ဖုသည် သူတို့၏ မျက်နှာချိုသွေးမှုကို လျစ်လျူရှုထားပြီးနောက် မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။ “ခင်ဗျားက တကယ်မဟာဆရာသခင်ပဲလား”
လုကျိုးက လှစ်ကနဲပင် မျှော်နန်းရှိ ကျောက်ခုံနား၌ ပေါ်လာ၏။
ချန်ဖုကလည်း မူလနေရာသို့ ပြန်သွားလိုက်သည်။
လုကျိုးက စစ်တုရင်ခံကို ကြည့်ပြီးမေးလိုက်၏။ “ခင်ဗျား အမြင်မှာ ဘယ်သူနိုင်လဲ”
ယန်းမူနှင့်ဟွားရင် “...”
“ဒါက “ ချန်ဖုက တုံ့ဆိုင်းသွားလေ၏။ သူသည် သူတော်စင်တစ်ပါး ဖြစ်သောကြောင့် ရှက်ရလိမ့်မည်ဟု ထင်သွားခဲ့သည်။ သို့သော် သူသည် သူတော်စင်တစ်ပါးဖြစ်သောကြောင့် သူ့၌ ဤကဲ့သို့ သဘောထားကြီးမှုမျိုး မရှိဘဲ နေမည်နည်း။ ထို့ကြောင့် သူက ပြောလိုက်၏။ “ငါ ရှုံးတယ်”
“အမ်း” ယန်းမူက နောက်သို့ယိုင်သွားလေ၏။
ဟွားရင်ကလည်း သူ၏ဆရာကိုကြည့်ကာ မယုံနိင်ဖြစ်သွားပြီး မျက်လုံးပြူးကျယ်နေ၏။
“နယ်မြေကိုးခုထဲမှာ တိုက်ကွက်သုံးကွက်လုံးကို ရှောင်နိုင်တဲ့လူ မရှိဖူးဘူး။ မဟာလေဟာနယ်က လူတောင်မှ မင်းလောက်သေသေသပ်သပ်မရှောင်နိုင်ခဲ့ဘူး”
ချန်ဖုသည် လုကျိုးက သူ့ကို ကျေးဇူးတင်လိမ့်မည်ဟု ထင်ခဲ့သည်။ ဤနည်းဖြင့် လူတိုင်းက သူတို့ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်လိမ့်မည်။
ချန်ဖု၏ မျှော်မှန်းချက်နှင့် ဆန့်ကျင်ဖက်ပင်။ လုကျိုးက ပြောလိုက်၏။ “ဒါတွေက လှည့်ကွက်လေးတွေပဲ။ ကျုပ်ခွန်အားကို တကယ်ကို သုံးမယ်ဆို ခင်ဗျားကို ထိခိုက်စေမှာစိုးရတယ်” ယန်းမူက မျက်ဆံလှန်သွား၏။ ငါ သတိလစ်တော့မယ်။
ချန်ဖုက ရယ်မောလျက် အော်ရယ်သည့်အဖိုးအိုတစ်ယောက်ပမာ ကြည့်နေသည်။ သူ၏ရယ်သံက အတော်လေးခြွင်းချက်မရှိ ပျော်ရွှင်နေလေ၏။ သူက ဆင်ခြေမပေးသလို သူ ရှုံးနိမ့်သွားတာကိုလည်း ကာမပြောပေ။ ရှုံးတာက ရှုံးတာပဲဖြစ်သည်။
လုကျိုးက ပြောလိုက်၏။
“ပြန်လည်ရှင်သန်ခြင်းနည်းလမ်း”
ချန်ဖုက ခေါင်းညိတ်လိုက်၏။ သို့သော် သူ၏လေသံထဲတွင် နောင်တများ ပြည့်နေကာ ပြောလိုက်၏။
“ဒီလောကထဲမှာ သေသူကိုပြန်ရှင်သန်စေနိုင်တဲ့နည်းလမ်းတစ်ခု တကယ်ရှိတယ်။ ဒါက ကောင်းကင်ကို ဖီဆန်တဲ့ ကျင့်ကြံမှုပဲ။ လူသားတွေ မကျင့်ကြံနိုင်သလို ငါတောင်မကျင့်ကြံနိုင်ဘူး”
“ခင်ဗျားတောင် မလုပ်နိုင်ဘူးလား” လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။
“ကောင်းကင်ဘုံက တားမြစ်ထားတဲ့ဟာတွေပဲလေ။ ဒါတွေက ရဖို့မဖြစ်နိုင်သလောက်ပဲ။ ဥပမာ အချိန်ပြန်လှန်တာနဲ့ သေသူကို အသက်သွင်းတဲ့ဟာလိုမျိုး”
ချန်ဖုက ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းတုန်းက နေရာအနှံ့ ခရီးဆက်ခဲ့တယ်။ နယ်မြေကိုးခုမှာ ငါ့ရဲ့ခြေရာလက်ရာ ချန်ခဲ့တယ်။ ငါက သူတောင်းစားတစ်ယောက်၊ ဈေးသည်တစ်ယောက်၊ စစ်သည်တစ်ယောက်၊ သစ်ခုတ်သမား၊ အဆင့်မြင့်အရာရှိ”
“....”
ပညာရှင်တွေအားလုံးက ဒီလိုဟာမျိုးကိုပြောရတာ ဘာလို့သဘောကျတာလဲ။ ပျင်းဖို့ကောင်းလိုက်တာ။
နောက်ဆုံးတွင် ချန်ဖုက ပြောလိုက်၏။ “ငါ အနက်ရောင်ကြာနယ်မြေမှာရှိတုန်းက သေသူကို ပြန်ရှင်နိုင်စေတဲ့ဟာအကြောင်း ကြားခဲ့ဖူးတယ်။ အဲဒါက ပြန်လည်ရှင်သန်ခြင်းစာလိပ်လို့ခေါ်တယ်”
“ပြန်လည်ရှင်သန်ခြင်းစာလိပ်လား”
လုကျိုးက မေးလိုက်၏။
“ကောလာဟလတွေအရ သူက မိုးနဲ့မြေရဲ့အတားအဆီးကို ကျော်ဖြတ်နိုင်တယ်။ ကောင်းကင်ရဲ့ဆန္ဒကို ဖီဆန်ပြီး ထာဝရအသက် ချီးမြှင့်နိုင်တယ်။ စာလိပ်ကိုသုံးလိုက်တာနဲ့ ကောင်းကင်ရဲ့အမျက်ဒေါသကို ခံရမယ်” ချန်ဖုက ပြောလိုက်၏။ ပြီးနောက် သူက စကားပြောခဏရပ်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။ “မင်း ဂရုမစိုက်မိရင် ထာဝရငရဲထဲပိတ်မိသွားလိမ့်မယ်”
...
အခန်း (၁၄၀၀) ကျုပ်မျက်စိရှေ့အောက်
ချန်ဖု၏ အသံက ညင်သာမှုတို့ ပြန်လည်ရရှိလာကာ ဆက်ပြောလိုက်သည်။
“ဒီကမ္ဘာကြီးထဲမှာ တန်ကြေးမပေးဘဲ ရနိုင်တဲ့အရာဆိုတာ မရှိဘူး။ တကယ်လို့ ခင်ဗျား တစ်ခုခု လိုချင်တယ်ဆိုရင် တန်ကြေးကို ပေးရမှာပဲ။ သေလူတွေကို ပြန်ပြီးအသက်သွင်းဖို့ တန်ကြေးက အတော်လေးကို မြင့်မားတယ်။ ခင်ဗျားက စာလိပ်ကို ကြည့်ပြီးတော့ ဘယ်သူ့ကို အသက်သွင်းချင်တာလဲ”
လုကျိုးက သက်ပြင်းချကာ ပြောလိုက်သည်။
“ကျုပ်ရဲ့ မသိတတ်တဲ့ တပည့်က သေစေလောက်တဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တယ်လေ။ ဆရာက အဖေလိုပဲဆိုတော့ ဒီကိစ္စမှာ ဘေးဖယ်ရပ်နေလို့ ဘယ်ဖြစ်ပါ့မလဲ”
သူကိုယ်တိုင် ဆရာတစ်ယောက်ဖြစ်သည့် ချန်ဖုက ဟွားယင်ကို ကြည့်ကာ လုကျိုးကို စာနာမိသွားသည်။ သူက ဟွားယင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ကျုပ်တပည့်ဆယ်ယောက်က ကျော်ကြားတယ်လို့ အားလုံးက ပြောကြတယ်။ ဒါပေမဲ့ ကျုပ် သူတော်စင်တစ်ယောက်က ကြာကြာမနေနိုင်ဘူး။ ဒါပေမဲ့ တပည့်လိုမျိုး အမှားကျူးလွန်တယ်ဆိုရင် ကျုပ်ကတော့ ခင်ဗျားလိုမျိုး ပြန်လည်ရှင်သန်ခြင်းစာလိပ်ကို လိုက်ရှာပေးလောက်အောင် စိတ်သဘောထားကြီးမှာ မဟုတ်ဘူး”
ဟွားယင်က ဒူးထောက်ကာ သစ္စာရှိမှုကို ပြသလာသည်။
“ဆရာက အများကြီး စိတ်ပူပန်နေပါပြီ။ တကယ်လို့ ကျုပ်သေရင်တောင် ဆရာကို ပြန်လည်ရှင်သန်ခြင်းစာလိပ်ကို ရှာဖို့ မတောင်းဆိုပါဘူး”
ချန်ဖုက ဟွားယင်ကို ကြည့်လိုက်၏။
“ကောင်းပြီလေ။ ငါ မင်းကို အပြစ်တင်နေတာ မဟုတ်ဘူး။ ဘာလို့ မင်းက စိုးရိမ်နေတာလဲ”
ချန်ဖုက ပြောလိုက်သော်လည်း ဟွားယင်က စိတ်လှုပ်ရှားနေဆဲ ဖြစ်၏။
လုကျိုးက ဟွားယင်သည် သိပ်မဆိုးကြောင်း တွေးမိသွားသည်။ ပြောရလျှင် သူက ပါရမီရှိသည်ဟု မှတ်ယူနိုင်လေ၏။ အနေအထားအရ သူ့တပည့်များအနက် ထိုသူနှင့် ယှဉ်နိုင်သည့်သူက ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သာ ဖြစ်လိမ့်မည်။ အကြီးအကဲတစ်ဦးအနေဖြင့် သူက နှိုင်းယှဉ်ကြည့်ဖို့ရာ မရှောင်လွှဲနိုင်ပေ။
လုကျိုးက သူ့အတွေးများကို စုစည်းပြီး မေးလိုက်သည်။
“ပြန်လည်ရှင်သန်ခြင်း စာလိပ်ကို ဘယ်မှာရှာရမလဲ”
ချန်ဖုက ချက်ချင်း ပြန်မဖြေပေ။ ထိုအစား သူက လက်ကိုဝှေ့ယမ်းလိုက်၏။
ထို့နောက် တောအုပ်မှ ကောင်လေးတစ်ယောက်က အပြေးအလွှား ရောက်လာကာ စားပွဲပေါ်တွင် စစ်တုရင်ခုံနှင့် စစ်တုရင်နယ်ရုပ်ကို ထားရှိလိုက်သည်။
ချန်ဖုက စစ်တုရင် ကစားဖို့ စိတ်မဝင်စားတော့ပေ။ သူ့အမူအရာ လေးနက်နေပြီး မေးလိုက်သည်။
“ခင်ဗျားက ပြန်လည်ရှင်သန်ခြင်းစာလိပ်ကို ရှာချင်တယ်ဆိုတာ သေချာရဲ့လား”
လုကျိုးက တုံ့ဆိုင်းခြင်း မရှိဘဲ ခေါင်းညိတ်လိုက်သည်။
ချန်ဖုက သက်ပြင်းချကာ ပြောလိုက်၏။
“ပြန်လည်ရှင်သန်ခြင်းစာလိပ်က အားကောင်းတဲ့ ကျင့်ကြံသူဆီက ရလာတာ။ သူ့အပြုအမူက မှန်းဆလို့ မရဘူး။ အတားအဆီးတွေကို ချိုးဖောက်ဖို့ သူက ကောင်းကင်ကို ဆန့်ကျင်ပြီးတော့ ကျင့်ကြံရေးလမ်းစဉ်ကို လေ့လာခဲ့တယ်။ သူက တကယ်ကို ပြိုင်ဘက်ကင်းပဲ။ လွန်ခဲ့တဲ့နှစ်တစ်သိန်းခန့်က သူ့ရဲ့ စွမ်းအားတစ်ခုတည်းနဲ့ သူက တောင်တွေကို ရွေ့လျားပြီး ပင်လယ်တွေကို ဖြည့်ခဲ့တယ်။ ပြီးတော့ မျှခြေမညီမျှမှုကိုလည်း ဖယ်ထုတ်ခဲ့တယ်။ နှမြောစရာပဲ”
ချန်ဖုက စကားစဖြတ်လိုက်သည်။
သူက မျက်မှောင်ကြုတ်လိုက်၏။
“သူက ဘာက နှမြောဖို့ကောင်းတာလဲ”
“အဲဒီရှေးဟောင်သူတော်စင်ရဲ့ ကျင့်ကြံရေးနည်းလမ်းက တကယ်ကို ထူးကဲလွန်းလို့ လူတွေက သူ့ကို နတ်ဆိုးလို့ခေါ်ပြီးတော့ ဆိုးယုတ်သူလို့ သတ်မှတ်ကြတယ်လေ”
လုကျိုး “…”
လုကျိုးက သူ လတ်တလောလေးက ရရှိခဲ့သည့် သဲနာရီအကြောင်း အမှတ်ရသွားလေသည်။ အကယ်၍ သူသာ ယွဲ့ချီ၏ စကားများကို ယုံကြည်မည်ဆိုပါက အချိန်နာရီသည် နတ်ဆိုး၏ အမွေအနှစ် ဖြစ်ပေသည်။ ယွဲ့ချီ ပြောခဲ့သည့် ထိုဆိုးယုတ်သူက အတူတူလားဟု ထင်မှတ်မိ၏။
လုကျိုးက မေးလိုက်သည်။
“သူက ဘယ်ကို သွားခဲ့တာလဲ”
ချန်ဖုက ခေါင်းယမ်းကာ ပြောလိုက်သည်။
“မဟာလေဟာနယ်ထဲမှာ တားမြစ်ချက်တွေ အများကြီးပဲ။ စည်းမျဉ်းတွေအရ ဒီဟာကို ပြောတဲ့သူက ပျောက်ကွယ်သွားကြလိမ့်မယ်”
“တားမြစ်ချက်တွေတဲ့လား” လုကျိုးက ပျောက်ကွယ်သွားရမည့် အရေးကို ဂရုမစိုက်ပေ။
ချန်ဖုက ပြောလိုက်သည်။
“မိစ္ဆာနဲ့ သမာသမတ်မကျတဲ့ နည်းလမ်းတွေကို ကမ္ဘာက သည်းမခံနိုင်ဘူးဆိုတော့ တားမြစ်ချက်တစ်ခုပဲပေါ့”
လုကျိုးက ထပ်မေးလိုက်သည်။
“စာလိပ်က ဘယ်မှာလဲ”
“အနက်ရောင်ကြာနယ်မြေမှာ ရှာလို့ရတယ်” သူက ပြန်ဖြေလိုက်သည်။
လုကျိုးက ထရပ်ကာ ချန်ဖုအား စိုက်ကြည့်လိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူက မေးလိုက်၏။
“ကျုပ်နဲ့အတူ လိုက်လာဖို့ သူတော်စင်ချန်ကို ဖိတ်ကြားချင်ပါတယ်”
လုကျိုး၏ အသံ ကျရောက်လာသည်နှင့် ဟွားယင်က အလိုလိုခေါင်းမော့ကြည့်လာမိသည်။
ယန်းမူက မျက်လုံးအပြူးသား ဖြစ်နေလေ၏။
လေထုက တင်းကြပ်ကာ ထူးဆန်းလာလေသည်။ ဤသည်က မဖော်ပြနိုင်ဖွယ်ဖိနှိပ်မှုတစ်ခု ဖြစ်၏။
ချန်ဖုက ပြောလိုက်သည်။
“ကျုပ်က လောကီရေးရာကိစ္စတွေကို ဝင်ရောက်မစွက်ဖက်ပါဘူးလို့ မဟာလေဟာနယ်နဲ့ သဘောတူညီချက် ရှိတယ်။ ခင်ဗျားက မဟာလေဟာနယ်မြေကဆိုတော့ အဲဒီနေရာကနေ ခင်ဗျားကို ဖယ်ရှားပစ်သင့်တယ်။ ခင်ဗျားကို ဒီအကြောင်း မပြောခဲ့တာက ခင်ဗျားက ကျုပ်ရဲ့ တိုက်ကွက်သုံးခုကို ရှောင်ရှားနိုင်လို့ပဲ”
လုကျိုးက မေးလိုက်သည်။
“ကျုပ်နဲ့ ရန်သူလုပ်ဖို့ စီစဉ်နေတာလား”
ချန်ဖုက ရယ်မောလိုက်၏။
“အဲ့လိုဆိုရင်တော့ တာ့ဟန်ရဲ့ ဆရာသခင် ၆ယောက်က ရောက်တာ ကြာလောက်ရောပေါ့။ ကျုပ်တောင် လှုပ်ရှားဖို့ မလိုဘူး။ ခင်ဗျားက ဒီနေရာက လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”
လုကျိုးကလည်း အားပါးတရ ရယ်မောလိုက်သည်။
“မဟာသူတော်စင်ချန် ခင်ဗျားက ဒီနှစ်မြွှာကြာနယ်မြေမှာ ရှိနေတာ ကြာလှပြီဆိုတော့ အပြင်ဘက် အပြောင်းအလဲတွေကို နားမလည်ဘူးထင်တယ်။ တကယ်လို့ ဒီလိုဖြစ်လာခဲ့မယ်ဆိုရင် ကျုပ်ကလည်း သက်ညှာမှုကို ပြမှာ မဟုတ်ဘူး”
လုကျိုးက လက်နောက်ပစ်ပြီး ပြောလိုက်သည်။ သူ့ဟန်ပန်က ကြီးကျယ်ပြီး အရှိန်အဝါက လျှို့ဝှက်ဆန်းကြယ်နေသည်။
အစပိုင်းတွင် ချန်ဖုက လုကျိုးသည် မိုးမြေ၏ အတိုင်းအတာကို မသိသည့် မဟာလေဟာနယ်သခင်တစ်ယောက်ဟုသာ ထင်ထားခဲ့မိသည်။ လုကျိုးက သူ့ပျင်းရိသည့် ဘဝထဲတွင် ပျော်ရွှင်မှုတစ်ခု ကောင်းချီးပေးနိုင်လိမ့်မည်ဟု ထင်ထားခဲ့မိ၏။ သို့သော်လည်း တိုက်ကွက်သုံးကွက်အပြီးတွင် သူ့အမြင်က ပြောင်းလဲသွားပြီး လုကျိုးသည် အရည်အချင်းတစ်ချို့ရှိပြီး အနည်းငယ် မောက်မာနေသည်ဟု တွေးထားခဲ့မိသည်။ သို့သော်လည်း ယခုတွင် သူ့ကို လုကျိုးက မျက်ကန်းတစ်ယောက်လို မောက်မာနေကြောင်း တွေးမိသွားလေ၏။
သူက တကယ်ကို မျက်ကန်းတစ်ယောက်လို မောက်မာနေတာလား…
ချန်ဖုက လေ့လာလိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူက ပြောလိုက်၏။
“ရန်လိုနေဖို့ မလိုပါဘူး။ ခင်ဗျားက ဧည့်သည်ပဲလေ။ အဖန်ရည် တည်ခင်းလိုက်ကြ”
ချန်ဖု၏ စကားများက လုကျိုးအား ပျူငှာစွာ ဧည့်ခံနေပြီး လုကျိုး၏ စွမ်းရည်ကို အသိအမှတ်ပြုကြောင်း ပြသနေလေသည်။
ယန်းမူက သူ့သဘောကျရသည့် ချန်ဖုဆီမှ အကြည့်လွှဲကာ လုကျိုးကို ကြည့်လိုက်သည်။ သူက စိတ်ထဲတွင် သက်ပြင်းချလိုက်၏။
သူက တကယ်ကြီးလား။ တကယ်ကို သူတော်စင်တစ်ယောက်ကို စိန်ခေါ်နေတာလား…
ဟွားယင်ကလည်း စိတ်ထဲ၌ အံ့အားသင့်နေမိသည်။ သူ့ဆရာ၏ အပြုအမူက တကယ်ကို သိသာလှ၏။ တကယ်လို့ မဟာလေဟာနယ်မှ လူတစ်ယောက်ရောက်ရှိလာလျှင်ပင် သူတို့က အဖန်ရည်တစ်ခွက် ဧည့်ခံခံရမည် မဟုတ်ပေ။ ဆရာက တစ်ဖက်သူကို ဤသို့ဆက်ဆံခြင်းမှာ တစ်ဖက်သူက မရိုးရှင်းကြောင်း ပြသနေလေ၏။ သူက သူ့ဆရာ၏ ရှင်းပြချက်ကို ယုံကြည်သည့်အတွက် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
သိပ်မကြာခင် အဖန်ရည်ကို တည်ခင်းလာလေသည်။
“ကျေးဇူးပြုပြီး ထိုင်ပါဦး” ချန်ဖုက ပြောလိုက်သည်။ သူက ကျေးဇူးပြု၍ဟူသော စကားကို သုံးသည့်အခါ အမှန်တကယ် ထိုက်တန်လှ၏။
လုကျိုးက ထိုင်ကာ အားနာမနေတော့ပေ။ သူက ပြောပြီးသည့်နောက်တွင် သူ့လည်ပင်းက အနည်းငယ် ခြောက်သွေ့နေလေ၏။ အဖန်ရည်တစ်ငုံ သောက်သုံးပြီးသည့်နောက်တွင် ခါးသက်လှသည့် အဖန်ရည်တွင် ချိုမြိန်မှုကို ခံစားမိလိုက်သည်။ ထိုခါးသက်မှုက သူ့အရသာခံဖုလေးများအထိ ပျံ့နှံ့သွားလေ၏။ ချိုမြိန်မှုက ဝင်ရောက်လာသည်။
ချန်ဖုက ပြောလိုက်သည်။
“ဒါက မဟာလေဟာနယ်ထဲမှာ တရားမျှတရေး ချိန်ခွင်လို့ ခေါ်တဲ့ အထွတ်အမြတ် အမွေအနှစ် တစ်ခု ရှိတယ်။ တကယ်လို့ ကျုပ်သာ မူမမှန်တဲ့ လှုပ်ရှားမှုတစ်ခုရှိတယ်ဆိုရင် ချိန်ခွင်က သေချာပေါက် အာရုံခံမိလိမ့်မယ်”
“တရားမျှတရေးချိန်ခွင်တဲ့လား။ မျှခြေမညီမျှမှု အဲဒါက အာရုံခံနိုင်သေးတယ်လား” အနည်းငယ် အံ့အားသင့်စွာ မေးလိုက်သည်။
ချန်ဖုက သက်ပြင်းချကာ ပြောလိုက်၏။
“မဟာလေဟာနယ်ရဲ့ အပြုအမူတွေကို ပုံမှန်သဘောတရားနဲ့ အကဲဖြတ်လို့ မရဘူး။ တကယ်လို့ ကျုပ်ထွက်သွားချင်တယ်ဆိုရင် ကျုပ်တို့က ကျုပ်ကို ရှာနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျုပ်ထွက်သွားမယ်ဆိုရင် ဖရိုဖရဲဖြစ်မှုက တစ်ကမ္ဘာလုံးဆီ ကျရောက်လာလိမ့်မယ်”
လုကျိုးက တိတ်ဆိတ်သွားလေသည်။
ချန်ဖုက ပြောလိုက်၏။
“ခင်ဗျားကို သဲလွန်စတွေ ထပ်ပေးမယ်”
လုကျိုးက ထိုအရာကြောင့် ပို၍ရိုကျိုးလာသည်။
“ကျေးဇူးပြုပြီး ပြောပါ”
သူသာ လေးစားသမှုကို ပြသခံရပါက သူသည်လည်း ပြန်လည်ပေးဆပ်လိမ့်မည်။
လေးစားသမှုက အပြန်အလှန်ဖြစ်၏။
ချန်ဖုက ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်သုံးသောင်းခန့်က အနက်ရောင်ကြာနယ်မြေရဲ့ ဆရာသခင်တစ်ယောက်က ပြန်လည်အသက်သွင်းရေးစာလိပ်ကို ရရှိသွားတယ်။ အဲဒီကနေ စပြီး ရှာလို့ရတယ်”
လုကျိုးက အံ့အားသင့်သွားလေ၏။
“လုထျန်းထုံလား” ချန်ဖုက သက်ပြင်းချလိုက်၏။
“ဒီလောက်နှစ်တွေကြာသွားပြီဆိုတော့ သူ့နာမည်ကို မမှတ်မိတော့ဘူး။ သူ့မျိုးရိုးကတော့ လုထင်တယ်”
လုကျိုး “…”
နေရခက်လိုက်တာ…
အသက်သွင်းရေးစာလိပ်ကို ရှာဖွေဖို့ ဤမျှအားစိုက်ထုတ်ပြီးသည့်နောက်တွင် ထိုအရာက သက္ကတကျမ်းဖြစ်နေသည်ဟု လာပြောနေသည်လား။
ဤသည်က သူ့မျက်စိရှေ့အောက်တွင် တစ်ချိန်လုံး ရှိနေခဲ့သည်လား။
အရိုးသားဆုံးပြောရလျှင် သေလူကို အသက်ပြန်သွင်းဖို့ နည်းလမ်းကို ရှာဖို့အတွက် သူက ကြိုးတန်းအပေါ် လမ်းလျှောက်ခဲ့ရသည်။ ဤသည်က အန္တရာယ်များပြားလှ၏။ သူ့တွင် ကုသိုလ်ရမှတ်တစ်သန်း ရှိနေလျှင်ပင် သူရင်ဆိုင်ရသည့်သူက သူတော်စင်တစ်ယောက် ဖြစ်နေခြင်းသာ ဖြစ်၏။ အကယ်၍ သူသာ ကပ်သီးကပ်ဖဲ့နိုင်သည့် သူတော်စင်တစ်ယောက်နှင့် ဆုံတွေ့ခဲ့ပါက သူတို့သည် စတင်တိုက်ခိုက်နေလောက်လေပြီ။ သူတော်စင်နှင့် သူ့တွင် အသုံးအဆောင်ပစ္စည်းကတ်များစွာ ရှိနေလျှင် အမှန်တကယ် ရင်ဆိုင်နိုင်လိမ့်မည်။ သို့သော်လည်း တခြားသောဆရာသခင်များကိုလည်း ထည့်သွင်းစဉ်းစားရဦးမည် ဖြစ်၏။
ထိုစဉ် အစိမ်းဝတ်ကျင့်ကြံသူတစ်ဦး၏ အသံက အဝေးမှ ပျံ့လွင့်လာသည်။
“သူတော်စင်ကို တင်ပြပါတယ်။ ခုနစ်စင်ကြယ်ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ချိုးဝမ်ကျန့်က တွေ့ခွင့်တောင်းပါတယ်”
ချန်ဖုက မေးလိုက်သည်။
“သူက ပစ္စည်းယူလာတာလား”
“ချိုးဝမ်ကျန့်က သူနဲ့အတူ ပစ္စည်းယူလာပါတယ်လို့ ပြောပါတယ်။ သူက တိုက်ခိုက်ရေးမှာ စောင့်နေပါတယ်”
“သူ့ကို ဝင်ခိုင်းလိုက်”
“ဟုတ်ကဲ့”
ယန်းမူ “…”
ကမ္ဘာကြီးက တကယ်ကို ရန်သူတွေအတွက် သေးငယ်လှပေသည်။
လုကျိုးက စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။
“ခုနစ်စင်ကြယ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ယောက်က ခင်ဗျားလိုမျိုး သူတော်စင်မျိုးကို တွေ့ခွင့်ရှိလို့လား”
ထိုစဉ် ဟွားယင်က အရင်လက်ဦးမှုယူကာ ရှင်းပြလိုက်သည်။
“ချိုးဝမ်ကျန့်က ရှားပါးရတနာတစ်ခုကို ရထားတယ်လို့ ပြောကြတယ်။ အဲဒါက လူတစ်ယောက်ရဲ့ အမြင်ကို ကျယ်ပြန့်စေဖို့ အခွင့်ကောင်းပဲလေ”
“သူတော်စင်ရဲ့ အာရုံကိုတောင် ဖမ်းစားနိုင်တဲ့ ရတနာတဲ့လား” လုကျိုးက သိချင်မိသွားသည်။
ဟွားယင်က ပြုံးကာ ပြောလိုက်၏။
“အဲဒီပစ္စည်းကို ခရမ်းရောင်တောက်ပသံကျောက်လို့ ခေါ်တယ်။ အဲဒါက အမည်မသိကုန်းမြေရဲ့ အသူရာချောက်နက်ထဲက ဖျက်ဆီးခြင်းတိုင်လုံးကနေ ရောက်ရှိလာတာ”
...
အခန်း (၁၄၀၁) ခရမ်းရောင်တောက်ပသံကျောက် အတုလား၊ အစစ်လား
ခရမ်းရောင်တောက်ပသံကျောက်တဲ့လား။
လုကျိုးသည် ယဲ့ကျန်းဆီမှ သူရထားသည့် သူ၏ ခရမ်းရောင်တောက်ပသံကျောက်ကို တွေးမိသွားလေ၏။ အမည်က တူနေတာ တိုက်ဆိုင်လွန်းလှပေသည်။
သူသည် ကောင်းကင်ကျမ်းစာစာလိပ်ကို ရရှိပြီးချိန်မှစပြီး သူ ရလာသည့်ပစ္စည်းများက တိုက်ဆိုင်လွန်းသည်ဟု ခံစားမိသည်။ အပြာရောင်သလင်းများ၊ သင်္ချိုင်းမှရထားသည့် ထူးခြားသောဝတ်ရုံ၊ သဲနာရီ၊ သက္ကတကျမ်း။
အစောတုန်းက စစ်တုရင်ခုံနှင့် ပတ်သက်၍ ချန်ဖုပြောခဲ့တာကို တွေးမိပြီး သက်ရှိများက နယ်ရုပ်များသာ ဖြစ်သည်။ ထိုသို့ဆိုလျှင် မည်သူက နယ်ရုပ်များကို ထိန်းချုပ်ထားသနည်း။ မည်သူက ကြိုးဆွဲနေသနည်း။ သူသည်လည်း တစ်စုံတစ်ယောက်၏ နယ်ရုပ်ပေလော။ နယ်ရုပ်ဖြစ်ရခြင်း၏ ခံစားချက်က သိပ်မကောင်းပေ။ သူ အတွေးလွန်နေတာ ဖြစ်ကောင်းဖြစ်နိုင်၏။ သို့တည်းမဟုတ် သူ မသိချင်သေးတာလည်း ဖြစ်နိုင်လောက်သည်။
လုကျိုးက ပြောလိုက်၏။ “မဟာချောက်နက် ဖျက်ဆီးခြင်းတိုင်လုံးက ခရမ်းရောင် တောက်ပသံကျောက်လား”
ဟွားယင်က ရှင်းပြလိုက်သည်။
“မဟာအသူရာရဲ့ရှေးနာမည်က ယန့်တင်းလို့အမည်ရတယ်။ နာမည်သစ်တွေက ကောင်းကင်ကို အနိုင်ယူနိုင်တဲ့ လူတစ်ယောက်ရဲ့အဓိပ္ပာယ်လည်းဟုတ်တယ်။ အကြီးဆုံးပျက်ကပ်တိုင်လုံးက အမည်မသိကုန်းမြေရဲ့ ယန့်တင်းပဲ။ သူ့ရဲ့အတွင်းပိုင်းက အင်မတန် မှောင်မည်းနေပြီး ခရမ်းရောင်တောက်ပသံကျောက်က တိုင်လုံးအတွင်းကို လင်းစေတယ်။ သူ့ရဲ့ထူးခြားတဲ့ ဆောင်ရွက်ချက်အတွက်ကတော့ ကျုပ် သေချာမသိဘူး”
လုကျိုးက ခေါင်းညိတ်လိုက်လေ၏။
“ဘာမှမရှိဘူး။ ကျင့်ကြံမှုအရှိန် တိုးစေရုံပဲ”
လုကျိုးက လိမ်နေတာ မဟုတ်ပေ။ ခရမ်းရောင်တောက်ပသံကျောက်ကို အဆုံးမဲ့အဆင့်သို့ မြှင့်တင်ပြီးနောက် ၎င်းသည် ကျင့်ကြံမှုအရှိန်တိုးစေနိုင်သည့် စွမ်းအားရလာ၏။ သို့သော်၎င်းကို တကြိမ်သာ အသုံးပြုနိုင်ပြီး အားပြန်ဖြည့်ဖို့ လိုအပ်သည်။
ဟွားယင်က တလေးတစားပြောလိုက်လေ၏။
“ချန်းပေ့ နောက်နေတာပဲဖြစ်မယ်။ ကျင့်ကြံမှုအရှိန်တိုးလာခြင်းက အကောင်းဆုံးလုပ်ဆောင်မှုပဲလေ”
ထိုစဉ် မျှော်နန်းအပြင်ဖက်မှ ဝတ်ရုံစိမ်းကျင့်ကြံသူ၏အသံကပေါ်ထွက်လာသည်။
“သူတော်စင်ချန် ... ကျွန်တော် ချိုးဝမ်ကျန့်ကို ခေါ်လာပါပြီ”
“သူ့ကိုအပြင်မှာစောင့်ခိုင်းထားပြီး ပစ္စည်းသယ်လာခဲ့” ဟွားယင်က ပြောလိုက်လေ၏။
ယင်းသည် သံသယဖြစ်ဖွယ်မရှိ။ လူတစ်ယောက်သည် လုံလောက်အောင် မသန်မာပါက အပြင်ဖက်၌ ရပ်နေနိုင်သည်။
ဝတ်ရုံစိမ်းကျင့်ကြံသူသည် ပိုးထည်သေတ္တာကို ဂရုတစိုက်ကိုင်လာလျက် မျှော်နန်းထဲလျှောက်လာ၏။ ပြီးနောက် သူသည် ၎င်းကိုစားပွဲပေါ်တင်ကာ ဘေး၌ တလေးတစားရပ်နေသည်။
ချန်ဖုက လုကျိုးကို တစ်ချက်ကြည့်ပြီး မေးလိုက်လေ၏။ “ခင်ဗျားလည်း တစ်ချက်ကြည့်ချင်လား”
လုကျိုးက ခေါင်းညိတ်လိုက်သည်။ “တချက်ကြည့်ဖို့ ဒီအခွင့်အရေးယူမယ်။ ခရမ်းရောင်တောက်ပသံကျောက်က ဘာများထူးခြားနေလဲ ကြည့်ပါရစေ”
ချန်ဖုက ပြုံးလျက် အင်္ကျီလက်ကို ဝေ့ယမ်းလိုက်တော့သည်။
ကျွီ
ပိုးထည်သေတ္တာ၏ အဖုံးက ပွင့်သွားပြီး အလင်းဖျော့ဖျော့ဖြာထွက်နေသည့် သလင်းရောင်ဖန်လုံးလေးက ပေါ်ထွက်လာတော့သည်။
လုကျိုးသည် ဖန်လုံးမှ ထူးခြားသောစွမ်းအင်ကို ခံစားမိပြီး ၎င်း၏အလင်းက သူ၏စိတ်ကို လန်းဆန်းသွားစေ၏။
ဟွားယင်က ဦးစွာပြောလိုက်သည်။ သူက “သက်ဆိုင်ရာတိုင်လုံးကနေလာတဲ့အရာက ထင်တဲ့အတိုင်းပဲ”
ချန်ဖုက ခေါင်းအနည်းငယ်ညိတ်လျက် မေးလိုက်တော့သည်။ “ဖျက်ဆီးခြင်းတိုင်လုံးကနေ ပစ္စည်းတွေ ယူဖို့က အင်မတန်ခက်ခဲတယ်။ ဘယ်လိုယူလာတာလဲ”
ချန်ဖု၏ စကားများသည် အပြင်ဖက်တွင်ရပ်နေသော ချိုးဝမ်ကျန့်ကို တိုက်ရိုက် ရည်ရွယ်နေတာပဲဖြစ်သည်။
ချိုးဝမ်ကျန့်က ချန်ဖုမေးတာကိုကြားပြီး အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ သူသည် မျှော်နန်းထဲ မဝင်နိုင်သော်ငြား ချန်ဖုစိတ်ကောင်းဝင်နိုင်ကြောင်းပြောနိုင်လေ၏။ သူက ပြောလိုက်သည်။
“သူတော်စင်ကို မလိမ်ရဲပါဘူး။ ကျွန်တော့်ရဲ့အဖော်တွေနဲ့ အမည်မသိကုန်းမြေကိုသွားတဲ့အချိန် သားရဲဘုရင်တစ်ပါးကိုသတ်ပြီး ဒါကို ရလာတာပါ”
“သားရဲဘုရင်လား” ဟွားယင်က အံ့ဩသွားလေ၏။
ချန်ဖုက ပြောလိုက်သည်။ “အမည်မသိကုန်းမြေက ကသောင်းကနင်းဖြစ်နေတာ။ တစ်ခါတလေ သားရဲတွေကြား တိုက်ပွဲက လူသားတွေထပ်တောင် ပြင်းထန်သေးတယ်။ မဟာချောက်နက်ရဲ့ ဖျက်ဆီးခြင်းတိုင်လုံးမှာ ပြင်းထန်တဲ့တိုက်ပွဲတွေများပြီး ခရမ်းရောင်တောက်ပသံကျောက်က ပျောက်သွားတာကြာပြီ။ သာမန်ညောင်ည သားရဲတစ်ကောင်က ယူသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒါက ရေစက်ပါလို့ပဲ”
ချိုးဝမ်ကျန့်က ပြောလိုက်၏။ “ကျွန်တော်ကံကောင်းသွားတာပါ”
ချန်ဖုကပြောလိုက်၏။ “ခရမ်းရောင်တောက်ပသံကျောက်က တကယ်ရှားပါးတဲ့ရတနာပဲ။ ကံကောင်းမှုဆိုရင်တောင် မင်းနဲ့ထိုက်တန်တယ်။ ဟုတ်ပြီ မင်း အခု ပြန်ယူသွားလို့ရပြီ”
ချန်ဖုအသံကြားသည်နှင့် ချိုးဝမ်ကျန့်က အလျင်စလိုပြန်ပြောလိုက်၏။ “သူတော်စင်ချန် ဒီခရမ်းရောင်တောက်ပသံကျောက်ကို သူတော်စင်ဆီပေးဖို့လာတာပါ။ ဒီလိုတန်ဖိုးကြီးတဲ့ရတနာကို သိမ်းမထားရဲပါဘူး။ သူတော်စင်လက်ခံဖို့ မျှော်လင့်ပါတယ်”
“မပေးဘဲ မယူသင့်ဘူး။ ငါက တခြားသူရဲ့ပစ္စည်းကို ဘယ်လိုလုပ်ယူနိုင်ပါ့မလဲ” ချန်ဖုက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
ချိုးဝမ်ကျန့်က ပြောလိုက်သည်။ “ဒါက ကျွန်တော် လိုလိုလားလားပေးတာပါ။ သူတော်စင် လက်ခံဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်အပြန်ခရီးမှ ဓားပြတွေလုယက်တာမခံချင်ဘူး။ ဆိုးဆိုးရွားရွား မသေချင်ဘူး။ ခရမ်းရောင်တောက်ပသံကျောက်အတွက် ထိုက်တန်တဲ့သခင်တစ်ယောက် ရှာနိုင်တာက ကျွန်တော့်အတွက် လုံလောက်ပါပြီ။ ကျွန်တော့်အတွက် ဧရာမပြဿနာကြီးကိုလည်း ဖြေရှင်းဖို့ ကူညီပေးနိုင်ပါတယ်”
လက်ဆောင်ပေးဖို့ ဒီဆင်ခြေက တကယ်မျက်စိပွင့်စေတာပဲ။ လုကျိုးသည် သူ့ဖာသာသူ စဉ်းစားလိုက်၏။ သူသည် ကူးပြောင်းလာသူတစ်ယောက်ဖြစ်ပြီး မျက်မှောက်ခေတ်မှ လူတစ်ယောက် ဆိုသော်ငြား ဤကဏ္ဍတွင် ချိုးဝမ်ကျန့်ထက်နိမ့်နေ၏။ မျက်မှောက်ခေတ်ကာလ၌ လူတစ်ယောက်က တစ်စုံတစ်ယောက်ကို လာဘ်ထိုးရန် မရေတွက်နိုင်သော နည်းများစွာရှိသည်။ ချိုးဝမ်ကျန့် လာဘ်ထိုးရန် တစိုးလက်ဆောင်ပေးသည့်နည်းလမ်းက အလွန်လန်းဆန်းနေတာ ဝန်ခံရပေမည်။
ချိုးဝမ်ကျန့်က ဆက်တိုက်ကန်တော့နေလျက် ခရမ်းရောင်တောက်ပသံကျောက်ကို ဖယ်ရှားရန် မစောင့်နိုင်တော့သည့်ပမာ ဖြစ်နေသည်။ ခရမ်းရောင်တောက်ပသံကျောက်က ချိန်ကိုက်ဗုံးပမာ ဖြစ်နေလေ၏။
သို့သော်ငြား ချိုးဝမ်ကျန့်၏ ဆင်ခြေက အဓိပ္ပာယ်မရှိတာ မဟုတ်ပေ။ တကယ်ပင် သူသည် ခရမ်းရောင်တောက်ပသံကျောက်ကြောင့် ပြဿနာများခေါ်မိနိုင်၏။
ချန်ဖုက တိတ်တဆိတ်သာ နေလေသည်။
ထိုစဉ် ဟွားယင်က ချန်ဖုဘက် လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။ “ဆရာ ဒါကို လက်ခံလိုက်တာ ပိုကောင်းပါလိမ့်မယ်။ သူ့ဆီမှာထားထားတာက သေစေနိုင်တဲ့ ကပ်ဘေးတစ်ခုဖြစ်စေလိမ့်မယ်”
ချိုးဝမ်ကျန့်က အပျော်လွန်သွားပြီး ဆက်တိုက်ကန်တော့နေလေ၏။ “ကျေးဇူးပါ ပထမသခင်လေး”
ချန်ဖုက ခေါင်းညိတ်ပြီးပြောလိုက်သည်။ “ကောင်းပြီ။ ခရမ်းရောင်တောက်ပသံကျောက်ကို လက်ခံလိုက်မယ်။ ပြောရရင် ဒါက ရတနာပဲ။ မင်းရဲ့ရတနာကို အလကားမယူဘူး။ မင်း ဘာလိုချင်လဲပြောလိုက်”
ချိုးဝမ်ကျန့်က စိတ်လှုပ်သွားလေ၏။ သူ ဤအကွက်ကို စောင့်နေတာပဲဖြစ်သည်။ သူ သက်ပြင်းရှည်ကြီး ချပြီး ပြောလိုက်တော့သည်။
“ခုနစ်စင်ကြယ်ဓားဂိုဏ်းထဲမှာ လူတစ်ထောင်ရှိတယ်။ ဒီနှစ်တွေထဲ သူတို့က ကျွန်တော်နဲ့ ဒုက္ခခံခဲ့ရတယ်။ လတ်တလောမှာ နေဝင်ဂိုဏ်းနဲ့ကျွန်တော့်ဂိုဏ်းရဲ့ ပဋိပက္ခက ပြင်းထန်နေပြီး အခုထိ မဖြေရှင်းနိုင်သေးဘူး။ သူတော်စင်ချန် ရှေ့ထွက်ပေးဖို့ မျှော်လင့်တယ်။ ခုနစ်စင်ကြယ်ဓားဂိုဏ်းထဲက လူတစ်ထောင်အတွက် ကျေးဇူးပြုပြီးကျွန်တော်တို့ ရှင်သန်နိုင်အောင် ကူညီပေးပါ”
ချန်ဝမ်ကျန်း၏ စကားက သင့်တော်သော်ငြား သူတို့၏ဆိုလိုသောအဓိပ္ပာယ်က အလွန် ရှင်းလင်းနေသည်။ ချန်ဖု၏အဆင့်အတန်းဖြင့် သူက ဤကိစ္စများကို ဝင်စွက်ဖက်မှာမဟုတ်ပေ။ သူ ဝင်စွက်ဖက်ရန်ဆုံးဖြတ်လျှင်တောင် ကိုယ်တိုင်လှုပ်ရှားဖို့မလိုပေ။ တကယ်တော့ သူ ခေါင်းတချက်ငြိမ့်ရုံသာလိုအပ်၏။ ခေါင်းတစ်ချက်ငြိမ့်ရုံမျှဖြင့် နေဝင်ဂိုဏ်းက ပျောက်ကွယ်သွားပေမည်။
မျှော်နန်းထဲတွင် ထိုင်နေသည့် ယန်းမူ၏မျက်လုံးက ထိတ်လန့်မှုကြောင့် ပြူးကျယ်လာတော့သည်။ ဒီချန်ဝမ်ကျန့်က တကယ်အရှက်မရှိတာပဲ။ ချန်ဖူက ပြောလိုက်၏။ “ဂိုဏ်းတွေက ပဋိပက္ခကို ဖြေရှင်းဖို့ အချိန်မရှိဘူး။ ဟွားယင် တချက်သွားကြည့်လိုက်”
ဟွားယင်က ဦးညွှတ်လိုက်၏။ “နားလည်ပါပြီ”
ချိုးဝမ်ကျန့်က စိတ်အားထက်သန်စွာကန်တော့လိုက်သည်။ “ကျေးဇူးပါ သူတော်စင်ချန်။ ကျေးဇူးတင်ပါတယ် ပထမသခင်လေး”
ချိုးဝမ်ကျန့်က သွားတော့မည့်အချိန်တွင် မျှော်နန်းထဲမှ အသံတစ်သံပေါ်ထွက်လာ၏။
“နေဦး”
ချန်ဖုနှင့် ဟွားယင်က ထိတ်လန့်သွားတော့သည်။ သူတို့က လုကျိုးဖက် တညီတညွတ်တည်း လှည့်ကြည့်လိုက်တော့သည်။
လုကျိုးက ထရပ်လျက် ခရမ်းရောင်တောက်ပသံကျောက်ကို ညွှန်ပြလျက်ပြောလိုက်တော့သည်။ “သူက ခင်ဗျားကို လှည့်စားဖို့ ခရမ်းရောင်တောက်ပသံကျောက်အတုကို သုံးခဲ့တာ။ သူ့ကို အပြစ်မပေးသင့်ဘူးလား”
“အတုလား” ချန်ဖုက မျက်မှောင်ကျုံ့မိသွားသည်။
အပြင်ဖက်တွင် ရပ်နေသော ချိုးဝမ်ကျန့်က ထိတ်လန့်သွားပြီး ကြက်သီးထသွားလေ၏။ သူက မျှော်နန်းဖက် အလျင်စလိုသွားလိုက်သည်။ နီးလာချိန်တွင် သူ ရင်းနှီးနေသည့် ပုံရိပ်နှစ်ခုကို တွေ့လိုက်ရသည်။
ယန်းမူနှင့် ထိုဓားပညာရှင်ကျိုးထျန်း ... သူတို့နှစ်ယောက် မျှော်နန်းထဲ ရောက်နေရသည့် အကြောင်းအရင်းကို မသိပေ။ ထိုအစား သူက ယန်းမူကို လက်ညှိုးထိုးလျက် ပြောလိုက်၏။
“သူ... သူတော်စင်ချန် သူတို့က ကျွန်တော့်ကို စွပ်စွဲနေတာပါ”
ဟွားယင်က လှစ်ကနဲပင် ချိုးဝမ်ကျန့်ရှေ့၌ရောက်လာပြီး မျက်မှောင်ကျုံ့လျက် ပြောလိုက်၏။
“စွပ်စွဲတယ်တဲ့လား”
“သူက ယန်းမူပါ။ သူက နေဝင်ဂိုဏ်းရဲ့ဂိုဏ်းချုပ်။ နေဝင်ဂိုဏ်းနဲ့ ကျွန်တော်တို့ခုနစ်စင်ကြယ်ဓားဂိုဏ်းက နှစ်ပေါင်းများစွာတိုက်ခိုက်လာခဲ့တာ။ ဒီယန်းမူက ကျွန်တော်သေမှာကို မစောင့်နိုင်တော့ဘူး” ချိုးဝမ်ကျန့်က ယန်းမူကိုလက်ညှိုးထိုးလျက်ပြောလိုက်သည်။
ယန်းမူ “...”
စိတ်လှုပ်ရှားနေသည့် ယန်းမူသည် ချိုးဝမ်ကျန့်၏စကားကြောင့် ဒေါသထွက်သွားတော့သည်။
“ချိုးဝမ်ကျန့် မင်း အဓိပ္ပာယ်မရှိတာတွေပြောနေတာပဲ။ မင်းရဲ့ခုနစ်စင်ကြယ်ဓားဂိုဏ်းက နေဝင်ဂိုဏ်းအတွက် အမြဲတစေ ခက်ခဲအောင်လုပ်ပြီး ငါတို့ကို အမြတ်ထုတ်နေတာ။ မင်းက ဓားပြလိုပဲ။ မီးရှို့တယ်၊ လုယက်တယ်။ ငါတို့ဂိုဏ်းနားမှာ သတ်ဖြတ်တယ်။ သူတော်စင်ရှေ့မှာ ဘယ်လိုလုပ် လိမ်ရဲရတာလဲ”
ချန်ဖုနှင့်ဟွားယင်က တပြိုင်နက်တည်းမျက်မှောင်ကျုံ့မိသွားလေ၏။
သူတော်စင်တစ်ပါးအနေဖြင့် ချန်ဖုသည် ဤကိစ္စကို တကယ်စိတ်ဝင်စားမှုမရှိပေ။ သို့သော် ဤကိစ္စက သူ့ရှေ့၌ ဖြစ်ပွားလာလေရာ လုကျိုးရှေ့၌ မည်ကဲ့သို့ဘေးချိတ်ထားနိုင်မည်နည်း။ ချိုးဝမ်ကျန့်က ပြောလိုက်၏။ “နေဝင်ဂိုဏ်းက အရင်အဲ့လိုပြုမူခဲ့တာမဟုတ်ဘူးလား။ ပထမသခင်လေး ဒီကိစ္စကို ရှင်းရှင်းလင်းလင်း စစ်ဆေးပေးပါ။ ပြီးတော့ ခရမ်းရောင်ကျောက်က အတုလားအစစ်လားဆိုတာ သူတော်စင်မှသာ ဆုံးဖြတ်ပေးနိုင်တယ်။ ဆုံးဖြတ်ဖို့က ဘယ်အချိန်ကစပြီး မင်း လက်ထဲရောက်သွားတာလဲ”
“နှုတ်သီးကောင်း လျှာပါးတဲ့ကောင်ပဲ” လုကျိုးက လက်ဝေ့ယမ်းကာ လက်ဝါးစည်းတံဆိပ်ကို သုံးလိုက်၏။
ဘန်း
ချိုးဝမ်ကျန့်က နောက်သို့လွင့်ထွက်သွားပြီး သွေးတစ်ပွက်အန်လေ၏။ လူတိုင်းသည် လုကျိုးက သူတော်စင်တစ်ပါးရှေ့၌ လှုပ်ရှားရဲတာကိုမြင်ပြီး ထိတ်လန့်သွားတော့သည်။ ယင်းက မည်ကဲ့သို့သော သတ္တိမျိုးနည်း။
ယန်းမူ၏စိတ်က ဗလာကျင်းသွားစဉ် ချိုးဝမ်ကျန့်ကမူ ရုတ်တရက်တိုက်ခိုက်မှုကြောင့် မှင်တက်နေမိသဖြင့် နာကျင်မှုကို မေ့လျော့သွားသည်။