အခန်း (၁၄၀၂-၁၄၀၄)
Vol. 94 Ch. 1402-1404
အခန်း (၁၄၀၂) ဒါက ကံကြမ္မာပဲ
ချိုးဝမ်ကျန့်က စွမ်းအားအကုန် ဆုံးရှုံးသွားပြီး မြေပြင်ပေါ် ပြုတ်ကျလာသည်။ သူက ဤနေရာကို ဒေါသဖြေဖျောက်ဖို့ လာခဲ့သော်လည်း နောက်ထပ် ထိုးနှက်ချက် ခံထားရလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
ကျစ် ငါ့ဆီမှာမှ ဘာလို့ ဒီကိစ္စတွေ ဖြစ်နေရတာလဲ…
ချန်ဖု၏ အမူအရာက အတော်လေး ပျက်ယွင်းနေလေ၏။ သူက အိမ်ရှင်ဖြစ်ပြီး လုကျိုးက ဧည့်သည်မျှသာ ဖြစ်ကာ နယ်နိမိတ်ကို ကျူးကျော်ခဲ့သည်။ ဤသည်က လောကထုံးတမ်းအရ ဆန့်ကျင်နေလေ၏။
လုကျိုးက ချန်ဖုသည် မပျော်ရွှင်ကြောင်း သိထားသည့်အတွက် ထိုနည်းလမ်းကို တွေးထားခဲ့သည်။
“သူတော်စင်ချန် စိတ်မဆိုးပါနဲ့။ ခင်ဗျားက ဒီလိုမျိုး စက်ဆုပ်ဖို့ကောင်းတဲ့လူတစ်ယောက်ရဲ့ လှည့်ဖျားခံရတာ မြင်တော့ ခင်ဗျားကိုယ်စား အပြစ်ပေးလိုက်တာပါ။ ခင်ဗျားက အချိန်အတော်ကြာ မြင့်မားတဲ့အနေအထားမှာ ရှိနေတာဆိုတော့ ချီးကျူးစကားနဲ့ အားပေးအားမြောက်စကားတွေကို ကြားခဲ့ရတာ နေသားကျနေလောက်မှာ”
ထိုရှင်းပြချက်က တင်းကြပ်မှုကို ဖြေဖျောက်ဖို့ရာ လုံလောက်ပေသည်။
ချန်ဖု၏ မျက်မှောင်ကြုတ်မှုကလည်း ပြေလျော့သွားခဲ့၏။
လုကျိုးက ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကြည့်ပါဦး”
ထို့နောက် လုကျိုးက သူ့ခရမ်းရောင်တောက်ပသံကျောက်ကို ထုတ်ကာ သေတ္တာထဲ ထည့်လိုက်သည်။
ထိုအရာက ဝံ့ဝံ့စွားစွား တောက်ပနေလေ၏။ မျှော်နန်းဆောင်ထဲက တင်းကျပ်နေသည့် လေထုက ချက်ချင်းဆိုသလို လန်းဆန်းသွားကာ အေးစက်လာလေသည်။ ပတ်ဝန်းကျင်တွင်ရှိနေသည့် ကနဦးချီကလည်း ယခင်ကထက်ပိုမို ချောမွေ့စွာ စီးဆင်းလာဟန်ပေါ်၏။
အပြင်ဘက်တွင်ရှိသည့် အပူချိန်ကလည်း သိသိသာသာ လျော့ကျသွားလေသည်။ ရေတံခွန်၏ အမြန်နှုန်းကလည်း သက်ရောက်ခံလိုက်ရဟန်ပေါ်၏။
ချန်ဖုနှင့် ဟွားယင်တို့ကလည်း ခရမ်းရောင်တောက်ပသံကျောက်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။
လုကျိုး၏ ခရမ်းရောင်တောက်ပသံကျောက်က ချိုးဝမ်ကျန့် ယူဆောင်လာသည့်အရာနှင့် အတော်လေး ကွဲပြားနေသည်။ ထိုအရာက လုကျိုးဆီမှ များစွာ အဆင့်မြှင့်တင်ခံထားရသည် မဟုတ်ပါလော။ ထိုအရာ၏ အာနိသခင်၊ အလင်းရောင်နှင့် စွမ်းအားတို့က ပြိုင်ဘက်ကင်း ဖြစ်လာခဲ့သည်။
ယန်းမူ “…”
ချိုးဝမ်ကျန့်က ခေါင်းမော့ပြီး ကြည့်လိုက်ရသည်။ သူက ထိုအရာကို မြင်သည့်အခါ မျက်လုံးအပြူးသား ဖြစ်သွားလေ၏။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…
ချန်ဖုက လုကျိုး၏ ခရမ်းရောင်တောက်ပသံကျောက်ကို မြင်သည့်အခါ အံ့အားသင့်သည့်အရိပ်အယောင် ဖြတ်ပြေးသွားလေ၏။
လုကျိုးက သူ့ရတနာကို လျှို့ဝှက်ချက်တစ်ခုအနေဖြင့် အမြဲတမ်း ထိန်းသိမ်းထားခဲ့သော်လည်း ယနေ့တွင်မူ သူတို့ကို ပြသဖို့ လိုအပ်လာခဲ့သည်။ သူက ချန်ဖုက လုယူမည့်အကြောင်းကို စိုးရိမ်စရာ မလိုပေ။ မဟုတ်ပါက သူသည် ကုသိုလ်တစ်သန်း ပေးလျှင်ပင် ထုတ်ပြနေမည် မဟုတ်ပေ။ သူတို့၏ စကားဝိုင်းအပြီးတွင် ချန်ဖုက ထိုသို့ လူစားမျိုး မဟုတ်ကြောင်း ခံစားမိလိုက်၏။ မည်သို့ပင်ဆိုစေကာမူ အပေါ်ယံ ကြည့်၍ ဆုံးဖြတ်၍ မရပေ။ လူ့စိတ်နှလုံးသားက ခန့်မှန်းရအခက်ဆုံးအရာတစ်ခု ဖြစ်၏။
လုကျိုးက ပြောလိုက်သည်။
“ဒါက တကယ့်အစစ်အမှန် ခရမ်းရောင်တောက်ပသံကျောက်ပဲ”
ထို့နောက် လုကျိုးက ခရမ်းရောင်တောက်ပသံကျောက်ကို သိမ်းဆည်းလိုက်၏။
“ဒါက…” ချန်ဖုက ပြောလိုက်သည်။
“သူတော်စင်ချန်က ထပ်ပြီး ကြည့်ချင်သေးလို့လား” လုကျိုးက ပြောလိုက်သည်။
ချန်ဖုက ထိုအရာကို ထပ်မံကြည့်ချင်နေလေ၏။ သို့သော်လည်း ထိုပစ္စည်းက သူ့ဟာ မဟုတ်ပေ။ အကယ်၍ သူသာ ထပ်မံကြည့်ချင်ကြောင်း သိသာစွာ ပြုမူခဲ့ပါက သူတော်စင်တစ်ယောက်အနေဖြင့် သူ့အဆင့်အတန်းနှင့် မကိုက်ညီကြောင်း ခံစားနေမိသည်။ ထို့ကြောင့် သူက နက်နဲသည့် အမူအရာကို ပန်ဆင်ထားရင်း ပြောလိုက်သည်။
“အဲဒါက တကယ့်အစစ်အမှန် ခရမ်းရောင်တောက်ပသံကျောက်လား”
“ခင်ဗျားက သူတော်စင်ဆိုတော့ ပိုပြီး ကောင်းကောင်းသိမှာပါ” လုကျိုးက ဖြေလိုက်သည်။
“မဖြစ်နိုင်ဘူး။ ဒါ ဘယ်လိုမှမဖြစ်နိုင်ဘူး” ချိုးဝမ်ကျန့်က တွားသွားပြီး ခေါင်းယမ်းကာ ပြောလိုက်သည်။
“ကျုပ်က အမည်မသိကုန်းမြေကနေ ခရမ်းရောင်တောက်ပသံကျောက်ကို ရလာတာ။ ဒါက အတုမဖြစ်နိုင်ဘူး။ ကျုပ် ကျိန်ဆိုရဲတယ်။ ဒါက အစစ်အမှန်ပါ”
“အဲဒါဆိုတော့ ငါ့ရဲ့ ခရမ်းရောင်တောက်ပသံကျောက်က အတုလို့ ပြောနေတာလား” လုကျိုးက ချိုးဝမ်ကျန့်ကို ကြည့်ရင်း မေးလိုက်သည်။
ချိုးဝမ်ကျန့် “…”
ယန်းမူက ချိုးဝမ်ကျန့်သာ သူ့လှည့်ကွက်၌ အောင်မြင်သွားခဲ့လျှင် မည်သည့်ကိစ္စရပ်မျိုး ဖြစ်လာမည်ကို တွေးမိပြီးသည့်နောက်တွင် စိတ်သက်သာရာရသွားမိလေသည်။ သူက ချိုးဝမ်ကျန့်၏ ယခု ဆိုးဆိုးရွားရွား အခြေအနေကို ကြည့်ရင်း ပျော်ရွှင်လာမိ၏။
သူတော်စင်က မင်းကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရသေးတာပေါ့…
ချိုးဝမ်ကျန့်က တံတွေးမျိုချပြီးသည့်နောက်တွင် သတ္တိစုစည်းပြီး ပြောလိုက်သည်။
“အဲဒါက အတုဖြစ်ဖြစ် အစစ်ဖြစ်ဖြစ် အရွယ်အစားတောက်ပမှုနဲ့ မဆုံးဖြတ်သင့်ပါဘူး။ တကယ့်အစစ်အမှန်နဲ့ အတုကြားက ထိတ်လန့်တွေ့ဆုံမှုကပဲ အမှန်တရားကို ထုတ်ဖော်ပြသလိမ့်မယ်။ အတုက အစစ်ရဲ့ရှေ့မှာ တကယ့်အသွင်အပြင်ကို ထုတ်ဖော်ပြသနိုင်တယ်”
ချန်ဖုက စဉ်းစားလိုက်သည်။
“ထိပ်တိုက်တွေ့ဆုံမှုလား”
“ခရမ်းရောင်တောက်ပသံကျောက်ထဲမှ မိုးမြေဆီက ထူးကဲတဲ့ စွမ်းအားတွေ ရှိတယ်။ အဲဒါက အတုယောင်ဆောင်လို့ မရဘူး။ ကျွန်တော်တို့တွေ ထိပ်တိုက်တွေ့ဆုံတာနဲ့ သိပါလိမ့်မယ်” ချိုးဝမ်ကျန့်က ပြောလိုက်သည်။
ချန်ဖုက လုကျိုးကို ကြည့်လိုက်၏။ ထိုအရာက လုကျိုး၏ သဘောထားအပေါ် မူတည်နေလေသည်။ သူ့အမြင်တွင် ခရမ်းရောင်တောက်ပသံကျောက်နှစ်ခုလုံးက အစစ်အမှန် ဖြစ်၏။ အကယ်၍ အတုအယောင် ရှိသည်ဆိုပါကလည်း အတုအယောင်ကို ဖန်တီးထားသည့်သူက အတော်လေး အရည်အချင်း မြင့်မားပေလိမ့်မည်။ ရလဒ်ကို မဆုံးဖြတ်ခင် သူက သူ့အမြင်ကို မထုတ်ဖော်လိုပေ။
လုကျိုးက ပြန်လည်ချေပလိုက်၏။
“အဆိုးဆုံး မဖြစ်ပျက်သရွေ့ မင်းရဲ့ အမှားကို သတိထားမိမှာ မဟုတ်ဘူးပဲ”
ထို့နောက် လုကျိုးက သူ့ခရမ်းရောင်တောက်ပသံကျောက်ကို ထပ်မံထုတ်ဖော်ခဲ့သည်။ ထိုအရာကို မြင်ကွင်းအောက်တွင် ထားရှိပြီးသည့်နောက်တွင် ဟွားယင်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“မျှတသွားအောင် မင်း လုပ်လိုက်”
ချန်ဖုက ခေါင်းညိတ်လိုက်သည်။
ထိုအခိုက်အတန့်၌ ဟွားယင်က ရှေ့တိုးလာကာ အစိမ်းရောင်တောက်ပသံကျောက်နှစ်ခုလုံးကို ထုတ်ယူလိုက်သည်။
ဟွားယင်၏ ကျင့်ကြံဆင့်က အတော်လေး ကောင်းမွန်လှ၏။ သူက ဆရာသခင်တစ်ယောက် ဖြစ်သော်လည်း အစစ်နှင့် အတုကို မခွဲခြားနိုင်ပေ။ ခရမ်းရောင်တောက်ပ သံကျောက်နှစ်ခုက ထူးကဲသည့် စွမ်းအားများ ပါဝင်နေလေ၏။ ထိုစွမ်းအားက လူတစ်ယောက်၏ ကျင့်ကြံနှုန်းကို အထောက်အပံ့တစ်ခု ဖြစ်ပေသည်။ သူတို့က အမှန်တကယ် ရှားပါးရတနာများ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူက စမ်းသပ်ကြည့်သည်နှင့် မည်သည်က အစစ်အမှန်မှန်း သိလာလိမ့်မည်။
ဟွားယင်က လုကျိုး၏ ခရမ်းရောင်တောက်ပသံကျောက်ကို ဘယ်ဖက်လက်တွင် ကိုင်ဆောင်ထားပြီး ချိုးဝမ်ကျန့်၏ ခရမ်းရောင်တောက်ပသံကျောက်ကို ညာဖက်လက်တွင် ကိုင်ဆောင်လိုက်သည်။ ထို့နောက် သူတို့အချင်းချင်းကို အားအနည်းငယ်ဖြင့် ထိပ်တိုက်တွေ့ဆုံလိုက်၏။
ဘန်း
ထို့နောက် စွမ်းအင်လှိုင်းနှစ်ခုက ချက်ချင်းဆိုသလို ထိပ်တိုက် တွေ့ဆုံသွားလေသည်။ သူတို့က မျှော်နန်းဆောင်အတွင်း အချင်းချင်း လိမ်ယှက်ကာ ထိပ်တိုက်တွေ့ဆုံမှုမှ အသံများ ထွက်ပေါ်လာလေ၏။
ဘယ်ဖက်တွင် ရှိသည့် ခရမ်းရောင်တောက်ပသံကျောက်က မျက်စိစူးမတတ် တောက်ပလာကာ စွမ်းအင်က ဝဲကတော့ တစ်ခုအသွင် ဖြစ်လာသည်။
ထိုအရာက ညာဖက်တွင်ရှိသည့် စွမ်းအားကို ဝါးမျိုသွားပြီး ပေါင်းစည်းသွားလေ၏။ ထို့နောက် စွမ်းအင်ဝဲကတော့က ခရမ်းရောင်တောက်ပသံကျောက်ထဲ ပြန်လည်ရောက်ရှိသွားသည်။
ဤသို့ဖြင့် ညာဖက်လက်တွင်ရှိနေသည့် ခရမ်းရောင်တောက်ပသံကျောက်၏ အလင်းရောင်က ချက်ချင်းဆိုသလို မှေးမှိန်ကာ ပျောက်ကွယ်သွားတော့သည်။
ဟွားယင်၏ ညာဖက်လက်တွင်ရှိနေသည့် ခရမ်းရောင်တောက်ပသံကျောက်က အက်ကွဲသွားလေ၏။
အနှစ်ချုပ်အားဖြင့် ပြောရမည်ဆိုလျှင် ဟွားယင်၏ ဘယ်ဖက်လက်တွင် ရှိသည့် ခရမ်းရောင်တောက်ပသံကျောက်ကမူ ယခင်ကထက် ပိုမိုတောက်ပနေလေသည်။
ဤသို့ဖြင့် ဟွားယင်က ခရမ်းရောင်တောက်ပသံကျောက်ကို လုကျိုးထံ တလေးတစား ပြန်လည်ပေးအပ်လိုက်သည်။
ရလဒ်က ရှင်းလင်းလှ၏။
ချိုးဝမ်ကျန့်က ထိုအရာကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ သူ့ဘောင်းဘီခွကြား၌ စိုစွတ်ကြောင်းတစ်ခု ရှိနေလေ၏။
ချန်ဖုက လက်ကိုဝှေ့ကာ ပြောလိုက်သည်။
“သူ့ကို အပြင်ထုတ်လိုက်”
“ဟုတ်ကဲ့”
သို့သော်လည်း ဟွားယင်က အပြစ်ဒဏ်သည် နည်းပါးလွန်းကြောင်း ခံစားမိကာ ပြောလိုက်သည်။
“ဆရာ သူက အတုအယောင်နဲ့ လိမ်ညာဖို့ ကြိုးစားခဲ့တာ။ ဒါက အကြီးမားဆုံး အရိုအသေကင်းမဲ့မှုပဲ။ ဘယ်လိုလုပ် သူ့ကို ပစ်ချရုံနဲ့ ကျေနပ်လို့ရမှာလဲ”
“ဒီကိစ္စကို မင်းဆီပဲ အပ်ထားလိုက်မယ်” ချန်ဖုက ပြောလိုက်သည်။ သူက ထိုသို့သော အသေးအဖွဲကိစ္စမျိုးကို စိတ်ထဲ မထားပေ။ သူ့စိတ်အခြေအနေက အတုအယောင် ခရမ်းရောင်တောက်ပသံကျောက်ကြောင့် ဖျက်ဆီးခံလိုက်ရသည်။ ထိုအရာက သူသည် မျက်စိကောင်းကောင်း မရှိကြောင်း ပြသနေသည့်အတွက် သူ့ဂုဏ်သိက္ခာကို လျော့ကျစေသည်။
ဟွားယင်က ခေါင်းညိတ်လိုက်၏။ သူ့ပုံရိပ်က ဖျတ်ခနဲ ပေါ်ထွက်လာကာ ချိုးဝမ်ကျန့်အနား ရောက်ရှိလာသည်။ ထို့နောက် သူက ကြက်တစ်ကောင်ကို မ သလိုမျိုး ဆွဲခေါ်သွားလေသည်။
ချိုးဝမ်ကျန့်က သက်ညှာမှုအတွက် တောင့်ခံနေလေ၏။
“သူတော်စင်ကျန့် ကျေးဇူးပြုပြီး ကျွန်တော်ကို ခွင့်လွှတ်ပေးပါ။ ကျွန်တော် တကယ် အတုဆိုတာကို မသိခဲ့တာပါ။ သူတော်စင်ကို လိမ်ညာဖို့ မရည်ရွယ်ပါဘူး။ ကျွန်တော် တကယ်ကို အတုမှန်း မသိခဲ့ရတာပါ”
ချိုးဝမ်ကျန့်၏ အသံက ဖြည်းဖြည်းချင်း တိုးသွားပြီး ပျောက်ကွယ်သွားလေသည်။
လုကျိုးက ခရမ်းရောင်တောက်ပသံကျောက်ကို ဆုပ်ကိုင်ပြီး အပြောင်းအလဲလုပ်ဖို့ ခံစားလိုက်သည်။ ထိုအရာက အနည်းငယ် ပိုမိုအားကောင်းလာဟန်ပေါ်၏။ ထိုအရာကို သိမ်းဆည်းပြီးသည့်နောက်တွင် သူက မေးလိုက်သည်။
“ခင်ဗျားက သူတော်စင်လေ။ သူ့ကို သတ်မှာလား”
ချန်ဖုက ပြောလိုက်သည်။
“ဟွားယင်က သူ့ကန့်သတ်ချက်သူ သိပါတယ်”
လုကျိုးက ခေါင်းယမ်းကာ ပြောလိုက်သည်။
“တစ်ခါတစ်လေ လွန်လွန်ကျူးကျူး လုပ်တာကလည်း အဆင်ပြေပါတယ်”
ချန်ဖု “…”
ချန်ဖုက ထိုစကားများကို ကြားသည့်အခါ လုကျိုး၏ ပုံရိပ်ကို ပိုမိုအကဲဖြတ်မိသွားသည်။
ချန်ဖုက စောစောလေးက အဖြစ်အပျက်ကြောင့် မျက်နှာပူမိသလို ခံစားမိနေသည့်အတွက် သူ့သဘောထားကြီးမှုကို ပြသလိုလျှင်ပင် ဘာမှမပြောနိုင်ပေ။ အဆုံးသတ်၌မူ သူက မေးလိုက်၏။
“ဒီခရမ်းရောင်တောက်ပသံကျောက်က အရမ်းကို ရှားတယ်။ ခင်ဗျား ဘယ်လိုရခဲ့တာလဲ”
“ကျုပ်က အမည်မသိကုန်းမြေဆီ ရောက်ဖူးတယ်လေ” လုကျိုးက ပြန်ဖြေလိုက်သည်။
“ဒါက ကံကြမ္မာပဲ” ချန်ဖုက ခေါင်းညိတ်ရင်း ပြောလိုက်သည်။ ထို့နောက် သူက ယန်းမူအား လှည့်ကြည့်ကာ မေးလိုက်၏။
“ခင်ဗျားက နေဝင်ဂိုဏ်းက ဂိုဏ်းချုပ်လား”
ယန်းမူ “…”
ယန်းမူက သူ့ကိုယ်သူ စိတ်ငြိမ်အောင်ထိန်းပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်”
...
အခန်း (၁၄၀၃) မဟာလေဟာနယ်၏တည်နေရာ
ချန်ဖုက ခေါင်းညိတ်ပြီးပြောလိုက်လေ၏။ “နေဝင်ဂိုဏ်းက နေရာကောင်းတစ်ခုပဲ”
ယန်းမူသည် ချန်ဖု၏စကားကို များများစားစားမတွေးဘဲ ခေါင်းညိတ်ရုံသာညိတ်ပြီးပြောလိုက်၏။
“ဟုတ်ပါတယ် ဟုတ်ပါတယ်။ ဟုတ်ပါတယ် ... အချိန်ကျလာရင် ကျေးဇူးပြုပြီး လာ လာလည်ပါဦး။ ကျွန်တော် ကြိုဆိုပါ့မယ်”
ချန်ဖုက ပြန်မပြောခဲ့ဘဲ လုကျိုးကိုကြည့်ကာပြောလိုက်လေ၏။ “ကျုပ်က ဒီဟာကို တစ်ခါမှမယုံခဲ့ဘူး။ ခင်ဗျားက ခရမ်းရောင်တောက်ပသံကျောက်ကို ရနိုင်ခဲ့တာဆိုတော့ နည်းလမ်းတချို့ရှိရမယ်။ မင်းကို ဘယ်လိုခေါ်ရမလဲ”
ဆိုရလျှင် ယခုအချိန်အထိ ချန်ဖုသည် လုကျိုး၏အမည်ကို မသိပေ။
လုကျိုးက ပြန်ပြောလိုက်၏။ “ကျုပ်ရဲ့မျိုးရိုးက လု။ ကျုပ်က ရွှေကြာနယ်မြေ မိစ္ဆာဝေဟင်မျှော်နန်းက လာတာ”
ယန်းမူသည် တံတွေးမျိုချမိသွားသည်။ လုကျိုးအပေါ် သူ၏ထင်မြင်ချက်က အနည်းငယ် ပြောင်းသွားသည်။ ဆိုရလျှင် ရှေးယခင်ကာလတည်းက နှစ်မြွှာကြာနယ်မြေသည် လောကကြီးနှင့် ခွဲထွက်သားပြီးသား ဖြစ်သည်။ ဤစည်းမျဉ်းကို ချမှတ်ထားသူက ချန်ဖုကိုယ်တိုင်ဖြစ်ပြီး နှစ်ပေါင်းသောင်းချီ ကြာညောင်းခဲ့ပြီဖြစ်၏။ ဤစည်းမျဉ်းကြောင့် တာ့ဟန်၏ မဟာဆရာသခင်ခြောက်ပါးတောင် တားမြစ်ခံထားရသည်။
အရှေ့ဖက်မြို့တော်နှင့် အနောက်ဖက်မြို့တော်သည် မူလက အစိမ်းရောင်ကြာနယ်မြေနှစ်ခု၏ သက်ဆိုင်ရာမြို့တော်များ ဖြစ်ပြီး ကွဲမထွက်ခင်က နယ်မြေနှစ်ခု၏ဗဟို ဖြစ်ခဲ့၏။ မဟာစစ်ပွဲပြီးနောက် မြို့နှစ်မြို့လုံး သူတို့နှင့်ရှိနေခဲ့သည်။
အချိန်ကြာမြင့်စွာ သီးခြား နေထိုင်လာပြီးနောက် ယန်းမူသည် ရွှေကြာနယ်မြေမှ သူစိမ်းတစ်ယောက်အပေါ် အနည်းငယ် မလိုမုန်းတီးရှိတာ သဘာဝကျပေ၏။
ချန်ဖုက သက်ပြင်းချလျက် ပြောလိုက်တော့၏။ “အဆုံးကျ ဒီနေ့ရောက်လာသေးတာပဲ”
လုကျိုးက ပြောလိုက်တော့သည်။ “လူသားတွေက မလိုလားအပ်တဲ့အတွေးတွေ ရှိတတ်ကြတာပဲ။ သူတို့ရဲ့အချစ်နဲ့ သစ္စာရှိမှုကို ဝန်ခံပေမဲ့ ဘေးအိမ်က ကောင်မလေးအကြောင်း တိတ်တဆိတ် တွေးနေကြတဲ့ ယောက်ျားတွေလိုပဲလေ”
ယန်းမူ “...”
ယန်းမူသည် စကားပြောခန်းကို လုံးဝနားမလည်ပေ။ သူ့ဖာသာသူ စဉ်းစားလိုက်၏။ မေ့လိုက်တော့ ... လျစ်လျူရှုထားခြင်းကလည်း ပီတိပဲ။
လုကျိုးက ပြောလိုက်သည်။ “ဒီနေရာဆီ ဦးတည်နေတဲ့ သင်္ကေတလမ်းကြောင်းအကြောင်း ပြောနေတာ”
ချန်ဖုက လက်မခံတာမျိုးမရှိဘဲ ပြောလိုက်လေ၏။ “ဒီလောကက မူလတည်းက တသားတည်းပဲ။ ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ဖို့က ခက်ခဲတယ်”
လုကျိုးက ထောက်ခံကြောင်း ခေါင်းညိတ်လိုက်သည်။ သူ့အဖို့ သူတော်စင်တစ်ပါးရှာရန် အလွန်ခက်ခဲ၏။ ကိစ္စရပ်များ ပိုမိုသင်ယူနိုင်ရန် ဤကဲ့သို့အခွင့်အရေးကောင်းကို သူ လက်လွှတ်ခံမှာ မဟုတ်ပေ။ ထို့ကြောင့် သူက ပြောလိုက်သည်။ “ပြန်လည်ရှင်သန်ရေးအကြောင်း အကြံဉာဏ်တောင်းတာအပြင် နောက်ထပ်အကြံတစ်ခုတောင်းချင်ပါသေးတယ်”
ချန်ဖုသည် မျက်လုံးထောင့်ကနေ လုကျိုးကို ကြည့်လိုက်၏။ လုကျိုး၏မျက်နှာသေကို မြင်သောအခါ သူ့ဖာသာသူ စဉ်းစားလိုက်သည်။ ဒါက အကြံဉာဏ်တောင်းတဲ့အချိန်မှာ ရှိရမဲ့ သဘောထားလား။
လုကျိုးက ဆက်ပြောလေ၏။ “ကျုပ် သိချင်နေတာတစ်ခုရှိတယ်။ လူတွေက မဟာလေဟာနယ်ကို ဒီလောက် ကြောက်ရွံ့နေတာ။ မဟာလေဟာနယ်က အမည်မသိကုန်းမြေမှာရှိတယ်လို့ လူတိုင်း ပြောကြတယ်။ ဒါပေမဲ့ ဒီလောက်ကြာတာတောင် မဟာလေဟာနယ်ကို ဘယ်သူမှ ရှာမတွေ့သေးဘူး။ မဟာလေဟာနယ်က ဘယ်နေရာမှာများလဲ”
လုကျိုးသည် ဤမေးခွန်းကို ကြိမ်ဖန်များစွာမေးခဲ့ဖူး၏။ သူ မေးလေလေ အဖြေများက အားကိုးမရ။ ပိုပြီး ပရမ်းပတာဖြစ်လာလေပေ။
ချန်ဖုက တစ်ဖက်လှည့်ကာ ပြောလိုက်သည်။ “ကောင်းကင်ထဲမှာ”
ယင်းသည် လုကျိုး ယခင်က ရခဲ့သည့်အဖြေနှင့်တူပေ၏။
“ကောင်းကင်ထဲမှာလား” လုကျိုးက မျက်ခုံးတစ်ဖက်ပင့်မိသွားတော့သည်။
ယန်းမူသည် အလိုလိုပင်ခေါင်းမော့ကြည့်လိုက်ရာ ကြည်လင်နေသောကောင်းကင်နှင့် သားရဲပျံတချို့ကို တွေ့လိုက်ရ၏။ ၎င်းတို့ထဲမှတစ်ကောင်သည် ပေတစ်ရာခန့်ရှိသည့်တောင်ပံကိုဖြန့်ကျက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း အဝေးသို့ ပျံသန်းသွားလေ၏။
ချန်ဖုက သက်ပြင်းချလိုက်တော့သည်။ “နယ်မြေကိုးခုထဲမှာ အဖြေသိပြီးသားသူတွေက ကောင်းကင်ဘုံကို ပြန်သွားကြတာကြာပြီ။ ဒီအကြောင်း မင်း မသိတာ အံ့ဩစရာမဟုတ်ဘူး”
လုကျိုးသည် ချန်ဖု၏အဖြေက ယုံကြည်အားထားရပုံပေါ်သည်ဟု တွေးမိသွားသောကြောင့် မေးလိုက်လေ၏။ “အဲဒါကို ဘယ်လိုရှာရမလဲ” ချန်ဖုက လုကျိုးကို ထူးထူးဆန်းဆန်း ကြည့်ပြီးမေးလိုက်တော့သည်။ “ဘာကြောင့် မဟာလေဟာနယ်ကို ရှာနေရတာလဲ”
လုကျိုးသည် ချန်ဖုကို ချက်ချင်းမဖြေပေ။ ဝေဝါးဝါးခံစားချက်တစ်ခု ရမိ၏။ ကံကြမ္မာအတိုင်း သွားနေရသလိုပင်။ မမြင်ရသောဖိအားက သူ့ကို ထိုဖက်ခြမ်းဆီ ညွှန်ပြနေသယောင်ယောင်။
မိုးနှင့်မြေအတားအဆီး၊ အထွတ်အထိပ်တည်ရှိမှုများ၊ အမည်မသိအင်အားစုများအတွက် ကျားစေ့များဖြစ်ရခြင်း လုကျိုးသည် ထိုဆန်းကျယ်မှုများကို ရှာဖွေတွေ့ရှိရန် လမ်းညွှန်ခံရသလို ခံစားရ၏။
နောက်ဆုံး၌ လုကျိုးက ပြောလိုက်တော့သည်။ “မျှခြေမညီမျှမှုက ပိုဆိုးလာပြီ။ နယ်မြေတစ်ခုက ပြိုကွဲတော့မှာ။ ကျင့်ကြံခြင်းလောကက ပြဿနာတက်နေတာကြာပြီ။ မဟာလေဟာနယ်က လူတွေကို အုပ်ချုပ်ရတာ သဘောကျတယ်။ ဒီတော့ သူတို့ဘာလို့ ဘာမှမလုပ်ရတာလဲ”
ချန်ဖုက မျက်မှောင်ကျုံ့မိသွားလေ၏။ “ပြင်ပလောကက မျှခြေမညီမျှမှုက ဒီလောက်ဆိုးလား”
“ခင်ဗျား နှစ်မြွှာကြာနယ်မြေမှာ ရှိနေခဲ့တာကြာပြီ” လုကျိုးက ပြောလိုက်သည်။ ချန်ဖုက နောက်ကောက်ကျ ကျန်ခဲ့ပြီး ပြင်ပလောကသည် ပြောင်းပြန်ဖြစ်နေပြီဟု သွယ်ဝိုက် ပြောလိုက်တာပဲ ဖြစ်သည်။
ချန်ဖုက သက်ပြင်းချလိုက်သည်။ “မင်းမှာ စိတ်ရှိပေမဲ့ အင်အားမရှိဘူး။ လောကကြီးကို ကယ်တင်ဖို့ ပြင်ဆင်နေတာလား”
“ကျုပ် ဒီလောက် မကြင်နာတတ်ဘူး။ ကျုပ်ကိုကျုပ် ကယ်တင်ချင်ရုံလောက်ပဲ” လုကျိုးက ပြောလိုက်၏။
ချန်ဖုက ခေါင်းညိတ်လိုက်သည်။ သူက မှတ်ဉာဏ်များထဲ နစ်မျောနေပုံပေါ်ကာ ပြောလိုက်တော့သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းတုန်းက ကုန်းမြေကွဲထွက်သွားတယ်။ အဲ့ဒီတုန်းက မျှခြေမညီမျှမှု အင်မတန်ဆိုးရွားခဲ့တာ။ မရေမတွက်နိုင်တဲ့လူတွေ အသတ်ခံရပြီး ဒဏ်ရာရခဲ့တယ်။ သက်ရှိတွေအားလုံးက သေရေးရှင်ရေးဖြတ်ကျော်ခဲ့ရတယ်။ သူတော်စင်အများစုက လောကကိုကယ်တင်ဖို့ ကြိုးစားခဲ့ပေမဲ့ သူတို့လည်း ဆိုးဆိုးရွားရွားသေသွားတာ။ ကောင်းကင်ကို ဖိဆန်ရင် ကိုယ့်ဒုက္ခက အဆုံးမဲ့ပဲ”
“မင်းက မဟာလေဟာနယ်ကို အထင်ကြီးလွန်းနေတာပဲ” လုကျိုးက ပြောပြီးခေါင်းခါလိုက်၏။
ချန်ဖုသည် လုကျိုးကို စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်၏။ လုကျိုးကို ထိုကဲ့သို့သော အကြည့်မျိုးဖြင့် ကြည့်မိတာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ လုကျိုး မောက်မာထောင်လွှားစွာ ပြုမူနိုင်ရန်နှင့် မဟာလေဟာနယ်ကို အမှုမထားသည့် သူ၏ ယုံကြည်ချက်ရှိမှုသည် မည်သည့်နေရာမှလာလဲဟု သိချင်သွား၏။ နောက်ဆုံး၌ သူက မေးလိုက်သည်။ “ခင်ဗျား မဟာလေဟာနယ်ကို ရှာဖို့ဆုံးဖြတ်ထားတာလား”
“အမှန်ပဲ”
“ကောင်းပြီ။ ကျုပ်ကို ဖျောင်းဖျနိုင်ရန် သိတာပြောပြမယ်” ချန်ဖုက လေသံအတက်အကျမရှိ ပြောလိုက်၏။
လုကျိုးက အလျင်မလိုပေ။ သူက အဖန်ရည်ခွက်ကို ကိုင်ကာ တစ်ငုံသောက်ပြီး ရနံ့ကိုမွှေးရှူလိုက်သည်။ သူက ကြည်လင်နေသော ကောင်းကင်နှင့်ရေတံခွန်ကို ကြည့်လိုက်သည်။ ဆောင်းဦးနှင်းစက်တောင်ပေါ်ရှိ ရှုခင်းက တကယ်မျက်စိပသာဒ ဖြစ်စေ၏။
ဟမ် ...
ထိုစဉ် လုကျိုးသည် ထူးကဲသော စွမ်းအင်အတက်အကျတစ်ခုကို ရုတ်တရက်ခံစားမိသွားသည်။ ယင်းက သူတော်စင်တစ်ပါး၏ တာအိုစွမ်းအားပဲ ဖြစ်သည်။ သူ၏အလိုလိုသိစိတ်အရ ချန်ဖုသည် သူ၏ ခွန်အားနှင့် ကျင့်ကြံဆင့်ကို အာရုံခံနေကြောင်း ပြောနိုင်၏။ သူက အဖန်ရည်ခွက်ကို သာသာလေး ချလိုက်ပြီး ပုန်းကွယ်ခြင်းစွမ်းအားအတွက် မန္တာန်ကိုတိတ်တဆိတ်ရွတ်ဆိုလိုက်သည်။
ကောင်းကင်အတတ်ပညာတွင် မိမိ၏ စစ်မှန်သော ခန္တာနှင့်ဉာဏ်ပညာဖြင့်ဆို ကျယ်ပြောလှသည့် စွမ်းအားကို မိမိက ဖော်ထုတ်နိုင်၏။ တိမ်တိုက်များဖြင့် မိမိ၏အမည်ကို ဖုံးကွယ်ကာ အမျိုးမျိုးသော ပညာရပ်များ ရှာဖွေတွေ့ရှိ မခံရနိုင်အောင် ဖုံးကွယ်ထားနိုင်၏။
ထိုအခိုက်အတန့်တွင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။
ယန်းမူသည် ပါးစပ်အဟောင်းသား ဖြစ်နေကာ သူ၏မျက်လုံးများက ကြောင်အနေသည်။ သူက သက်ရှိရုပ်တုတစ်ခုနှင့် တူနေပေ၏။ အနားတွင်ရပ်နေသော ဝတ်ရုံစိမ်းကျင့်ကြံသူတို့ကလည်း လှုပ်ရှားမှု ကင်းမဲ့နေ၏။ နေရောင်ဖြာကျနေသည့် ရေတံခွန်က ရပ်တန့်သွားသည်။ သူတော်စင်တစ်ပါး၏ ရပ်တန့်ခြင်းစွမ်းအားက တကယ်အစွမ်းထက်လှပေသည်။
ပြီးနောက် လုကျိုးသည် အဆုံးမဲ့ကောက်နုတ်ချက်စွမ်းအားအတွက် မန္တာန်ကိုရွတ်ဆိုလိုက်၏။
အဆုံးမဲ့ကောက်နုတ်ချက်ဖြင့် ဖြစ်နိုင်မဖြစ်နိုင်ကို သိနိုင်ပြီး မြင်မမြင်သိနိုင်လေ၏။ သဘာဝနိယာမထဲရှိ ပြောင်းလဲမှုအားလုံးကို သိရှိနိုင်သည်။
ကောင်းကင်ကျမ်းစာ စွမ်းအားနှစ်မျိုးဖြင့် လုကျိုး၏စိတ်ထဲ၌ ရှုခင်းနှစ်မျိုး၏ပုံရိပ်နှစ်ခုက ရုပ်ရှင်ပြကွက်ကဲ့သို့ ပေါ်လာသည်။ ရထားလုံးပျံများ၊ ကြမ်းတမ်းခက်ထန်သားရဲများ၊ သန်မာသောကျင့်ကြံသူများ၊ အားနည်းသောကျင့်ကြံသူများ၊ သာမန်အရပ်သားများ၊ သွေးများ၊ ခြေပြတ်လက်ပြတ်များ၊ အလောင်းများနှင့် အော်သံများ၊ သေခြင်းတရားက နေရာအနှံ့ဖြစ်နေသည်။
လုကျိုးက အနည်းငယ် ထိတ်လန့်သွားလေ၏။ သူသည် ကောက်နုတ်ချက်စွမ်းအားကို ဆက်တိုက်အသုံးပြုနေသည်။
သေခြင်းတရား ... သေခြင်းတရား ... သေခြင်းတရား။ အားလုံးသေခြင်းတရားတွေ
လုကျိုးသည် ရှုခင်းများ ရပ်တန့်သွားသည်အထိ မရပ်တန့်ခဲ့ပေ။
“ချန်းပေ့” ယန်းမူသည် လုကျိုးဝတ်ရုံအစွန်းကို အသာလေးထိလိုက်ရာ လုကျိုးကို အတွေးများဆီမှ ပြန်ဆွဲခေါ်လိုက်၏။
ဟမ်
လုကျိုးက ယန်းမူကို ကြည့်လိုက်၏။
ယန်းမူက ချန်ဖုကို ကြည့်လိုက်သည်။ “သူတော်စင်က ...”
လုကျိုး လှည့်ကြည့်လိုက်ချိန်တွင် ချန်ဖုက လှုပ်ရှားမှုမရှိတာတွေ့လိုက်ရ၏။ သို့သော် ခဏအတွင်းတွင် ချန်ဖုမော့ကြည့်ပြီးမေးလိုက်၏။ “ဘာပြောမလဲစဉ်းစားပြီးပြီလား”
လုကျိုးက ထရပ်ပြီးပြောလိုက်၏။ “ပြောင်းလဲရမယ်”
“ပြောင်းလဲရမှာလား” ချန်ဖုက ဇဝေဇဝါဖြစ်သွားလေ၏။
လုကျိုးက ပြောလိုက်သည်။ “မသေခင် ပြောင်းလဲသင့်တယ်”
အဆုံးမဲ့ကောက်နုတ်ချက်စွမ်းအားဖြင့် လုကျိုးသည် ချန်ဖု သေတော့မည်ဟုကောက်ချက်ချမိ၏။ လုကျိုးက ယန်းမူဖက် လှည့်မေးလိုက်သည်။ လူများစွာ ကိုးကွယ်ရိုကျိုးခံထားရသည့် သူတော်စင်တစ်ပါး ဖြစ်သည့် ချန်ဖုက ဤရလဒ်ကို လက်ခံလိမ့်မည်ဟု မထင်ပေ။
ယန်းမူ “..”
တကယ်တော့ သူတော်စင်တစ်ပါး မည်မျှအသက်ရှည်နိုင်ကြောင်း သိသည့်သူများများစားစားမရှိ။ ဆရာသခင်တစ်ပါးသည် နှစ်ပေါင်းသုံးသောင်းကြာရှင်သန်နိုင်ပြီး သူတော်စင်တစ်ပါးက နှစ်ပေါင်းတစ်သိန်းကြာ ရှင်သန်နိုင်လိမ့်မည်ဟု လူတို့တွက်ချက်၏။ ယင်းက တွက်ချက်မှုတစ်ရပ်သာ ဖြစ်သည်။ ကျင့်ကြံသူအများစုက သူတို့၏တွက်ချက်မှုကို သက်သေပြရန် ထိုမျှမရှင်သန်ခဲ့ပေ။ ထိုသူတော်စင်တို့သည်လည်း သူတို့မည်မျှ ရှင်သန်ကြောင်း သာမန်လူတို့ကိုပြောရန် အချိန်မရှိ။ ထို့အပြင် ယင်းက ပြောဖို့ကောင်းသည့် အကြောင်းအရာလည်းမဟုတ်။ မည်သို့ပင်ဆိုစေကာမူ ယင်းက မင်္ဂလာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လူတိုင်းက သေခြင်းရှင်ခြင်းကို ရင်ဆိုင်ရမှာဖြစ်သည်။
ယန်းမူသည် လုကျိုးကို အထိတ်တလန့် ကြည့်လိုက်မိသည်။ အစောတုန်းက လုကျိုးသည် ချဲ့ကားသည့်အရာများစွာ ပြောခဲ့သော်ငြား လုကျိုးသည် ထိုကဲ့သို့အရာမျိုး ချန်ဖုကို တကယ် ပြောလိမ့်မည်ဟု မထင်ထားပေ။ ဤစကားများသည် ရန်စမှုဟူ၍ သတ်မှတ်နိုင်သည်။ ဤနည်းဖြင့် သူ့ရင်ထဲရှိ လုကျိုးပုံရိပ်က လျော့ကျသွားပြန်ကာ မူလအနေအထားပြန်ရောက်သွား၏။
ချန်ဖုက ပြောလိုက်သည်။ “ဟုတ်ပြီ”
ယန်းမူ “...”
ချန်ဖုသည် ရုတ်တရက် လှစ်ခနဲ ပျံသန်းသွားကာ မျှော်နန်းအပြင်ဖက်၌ပေါ်လာသည်။ “ဟွားယင်”
ချန်ဖု၏ အသံက မကျယ်သော်ငြား ၎င်းသည် ခပ်လှမ်းလှမ်းအထိရောက်နိုင်၏။ မကြာမီ၌ ဟွားယင်သည် မျှော်နန်းနားတွင်ပေါ်လာသည်။ သူက ဦးညွှတ်လျက်မေးလိုက်သည်။ “ဆရာ အမိန့်ရှိပါ”
“ငါ ခဏလောက်အပြင်သွားဦးမယ်။ ငါ့နောက် ဘယ်သူမှလိုက်ခွင့်မရှိဘူး”
“နားလည်ပါပြီ”
ချန်ဖုက လှစ်ကနဲပင် ဝေဟင်ထဲရောက်သွားကာ အရံအတားကို ချန်ရစ်ခဲ့လေ၏။
ယန်းမူ၌ လေးစားကြည်ညိုမှုများ ပြည့်နေတော့သည်။ သူတော်စင်တစ်ပါးက တကယ်သူတော်စင်ပဲ။ မဟာဆရာသခင်ကတောင် သူတော်စင်တစ်ပါးရှေ့၌ ခေါင်းငုံ့ထားရပေ၏။ သူက လုကျိုးဖက် လှည့်ကြည့်မိချိန်တွင် လုကျိုးပျောက်သွားတာကို တွေ့လိုက်ရသည်။ သူ မော့ကြည့်မိသောအခါ လုကျိုးက ချန်ဖုဘေး၌ ရပ်နေတာတွေ့လိုက်ရ၏။
နှစ်ယောက်သားက တပြိုင်နက်တည်းပျောက်သွားကာ တစ်ချိန်တည်းတွင် မီတာထောင်ချီအကွာ၌ ပေါ်လာ၏။ နောက်ထပ် လျှပ်တစ်ပြက်အချိန်တွင် သူတို့မြင်ကွင်းထဲမှ ပျောက်သွားလေ၏။
ယန်းမူက ရင်ထဲထိတ်ခနဲ ဖြစ်သွားတော့သည်။
ဟွားယင်က ယန်းမူဘေးသို့လျှောက်သွားကာ မေးလိုက်လေ၏။ “သူက မင်းအတွက်ဘာလဲ”
“ဒါက ကျုပ် သူနဲ့တွေ့တဲ့ပထမဆုံးအကြိမ်ပါ” ယန်းမူက အမှန်အတိုင်းဖြေလိုက်တော့သည်။
“ငါ ယုံမယ်ထင်နေလား”
“အမှန်အတိုင်းပြောနေတာပါ။ ဒီနေ့ ကျုပ် သူနဲ့တွေ့တာ ပထမဆုံးအကြိမ်”
“ရိုးရိုးသားသားဖြေရင် အကောင်းဆုံးပဲ။ ခုနစ်စင်ကြယ်ဓားဂိုဏ်းကို ဖြေရှင်းပေးထားတယ်။ ဒါ ဘာကို ဆိုလိုတာလဲ သိတယ်ဟုတ်” ဟွားယင်က ပြောလိုက်၏။
ယန်းမူက ကြောက်လန့်နေတော့သည်။ “ကျုပ် အမှန်အတိုင်းပြောနေတာ။ ကောင်းကင်ဘုံကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်”
ဟွားယင်က ဝေဟင်ထဲမော့ကြည့်ပြီး ရေရွတ်ပြောလိုက်လေ၏။ “သူတော်စင်တစ်ပါးကို ယှဉ်နိုင်တာ သူ့ရဲ့ကျင့်ကြံဆင့်က မြင့်တာပဲဖြစ်ရမယ်”
“ကျုပ် ကျုပ် ကျုပ်လည်းမထင်ထားပါဘူး”
“ဒီလိုပညာရှင်တစ်ယောက် ခင်ဗျားဘေးမှာ ရှိနေချိန် ခုနစ်စင်ကြယ်ဓားဂိုဏ်းလိုမျိုးအမှိုက်ကို ဘယ်လိုလုပ် ရှုံးရတာလဲ” ဟွားယင်က ထိုသို့ပြောပြီး ခေါင်းခါလိုက်သည်။ “...” ယန်းမူကလည်း စကားပြောရမှာ ရှက်ရွံ့နေ၏။
တစ်ချိန်တည်းတွင် လုကျိုးက ချန်ဖုနောက်လိုက်သွားပြီး လူသူကင်းမဲ့သောနေရာတွင်ပေါ်လာ၏။
ချန်ဖုက ရပ်တန့်လျက် အောက်ကိုညွှန်ပြလိုက်သည်။ “ဒါက အမည်မသိကုန်းမြေဆီ ဦးတည်နေတဲ့သင်္ကေတလမ်းကြောင်းပဲ”
လုကျိုးက ချန်ဖုနောက်လိုက်ကာ သင်္ကေတလမ်းကြောင်းထဲ ဆင်းသက်လိုက်သည်။ ပြီးနောက် သူက မေးလိုက်၏။ “ခင်ဗျား ဘာလုပ်မလို့လဲ”
“မကြာခင်ရှာတွေ့မှာ” ချန်ဖုက ပြောလိုက်သည်။
ချန်ဖုက သင်္ကေလမ်းကြောင်းကို အသက်သွင်းလိုက်ချိန်တွင် ၎င်းက လင်းလာလေ၏။ မျက်စိတစ်မှိတ်အတွင်း နှစ်ယောက်သားပျောက်ကွယ်သွားတော့သည်။ ၁၅မိနစ်ခန့်ကြာပြီးနောက် နှစ်ယောက်သားက မှောင်မည်းနေသော အမည်မသိကုန်းမြေသို့ ရောက်သွား၏။
အမည်မသိကုန်းမြေထဲရှိ ကနဦးချီက ပရမ်းပတာဖြစ်နေသေးဆဲပေ။ ဝေဟင်ထဲရှိမြူတို့က အသက်ဝင်နေသည့်ပမာ တလိမ့်လိမ့်တက်နေ၏။ ကြမ်းတမ်းခက်ထန်သားရဲတို့၏ မာန်ဖီသံများက ပြည့်နေသည်။
ချန်ဖုသည် သင်္ကေလမ်းကြောင်းအပြင်သို့ ချက်ချင်းမထွက်သွားပေ။ ထိုအစား သူက အသက်ပြင်းပြင်းရှူကာ မျက်လုံးမှိတ်ထားလျက် အမည်မသိကုန်းမြေ၏ရင်းနှီးနေသော ရနံ့ကို ရှူရှိုက်လိုက်သည်။ သူ့အိမ်သို့ပြန်လာရသလိုပင်။ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင် ကျေနပ်အားရနေပြီး ပတ်ဝန်းကျင်ကို လေ့လာလိုက်၏။ ပြီးနောက် သူက သက်ပြင်းချကာ ရေရွတ်ပြောလိုက်တော့သည်။
“အားလုံးပြောင်းလဲသွားပြီ”
ချန်ဖုသည် သင်္ကေတလမ်းကြောင်းအပြင်ဖက်သို့ လျှောက်သွားစဉ် အလင်းလုံးငါးခုသည် အရပ်မျက်နှာအနှံ့မှ ပေါ်ထွက်လာလေ၏။ သူ လက်ဝေ့ယမ်းပြလျက် ၎င်းတို့ကို ထိန်းထားလိုက်သည်။
လုကျိုးက ထူးဆန်းနေသောကြောင့် မေးလိုက်တော့သည်။ “ဒါ ဘာတွေလဲ”
“စုပေါင်းပို့ဆောင်ရေးကျောက်စိမ်းအဆောင်”
ချန်ဖုသည် လုကျိုး၏ဘယ်လက်ကို သူ့ညာလက်ဖြင့်လှမ်းဆွဲလျက် ပြောလိုက်၏။ “သွားကြမယ်”
ထိုသို့ပြောပြီး ကျောက်စိမ်းအဆောင်တစ်ခုကို ခြေမွလိုက်သည်။ လုကျိုးသည် သင်္ကေတလမ်းကြောင်းတွင် ရှိစဉ်က ကဲ့သို့ လေဟာနယ်ယိုယွင်းမှုကို ချက်ချင်း ခံစားလိုက်ရသည်။ သို့သော် ကွဲပြားခြားနားနေတာရှိပေ၏။ အရာအားလုံး ပုံမှန်ပြန်ဖြစ်လာချိန်တွင် လုကျိုးက သူတို့လေထဲ ပျံဝဲနေတာ တွေ့လိုက်ရသည်။ သူသည် တိမ်တိုက်များထဲထိ အောင်မြင့်မားလှသည့် ဧရာမထောက်တိုင်တစ်ခုကို တွေ့လိုက်ရသည်။ မြူများကြားကနေ မြင်နေရ၏။
ကြမ်းတမ်းခက်ထန်သားရဲတစ်ထောင်ကျော်က မြေပြင်ကို အလုအယက်ဖြတ်နေကြပြီး နယ်မြေအတွက် တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်နေတာကို တွေ့လိုက်ရသည်။
“ဒီနေရာကို ချီဖန်လော့လို့ ခေါ်ခဲ့တယ်။ အခုဆို ကျိမင်လို့သိကြတာ။ ချီဖန်လော့က ဖျက်ဆီးခြင်းတိုင်လုံးက လောကရဲ့ ဒီအစိတ်အပိုင်းကို ပံ့ပိုးပေးတာ မင်း မြင်လား” ချန်ဖုက အသံတိုးတိုးဖြင့် မေးလိုက်၏။
လုကျိုးသည် ထိုစဉ်ဖျက်ဆီးခြင်းတိုင်လုံး၏ခမ်းနားထည်ဝါမှုထဲ နစ်မျောနေသည်။
ချန်ဖုသည် နောက်ထပ်ကျောက်စိမ်းအဆောင်ကို ခြေမွလိုက်၏။ ယခင်နည်းတူ သူတို့နှစ်ယောက်ကို အလင်းလွှမ်းခြုံထားပြီး လေဟာနယ် ယိုယွင်းသွားလေ၏။
ယခုအခေါက်တွင် နှစ်ယောက်သားက မြူများလွှမ်းခြုံနေသည့် တောင်ထိပ်ပေါ်တွင် ပေါ်လာ၏။ သူတို့တောင်အောက်ငုံ့ကြည့်မိသောအခါ မြစ်များနှင့်တောအုပ်များကို တွေ့ရသည်။ ယခင်နည်းတူ လုကျိုးသည် တိမ်တိုက်များထိအောင် မြင့်မားနေသည့်ဖျက်ဆီးခြင်းတိုင်လုံးကို တွေ့လိုက်ရသည်။
ဤနေရာရှိ ကြမ်းတမ်းခက်ထန်သားရဲက ယခင်နှင့်ယှဉ်လျှင် ပိုနည်းသွားသည်။
“ဒီနေရာကို ရှစ်တိလို့ ခေါ်တယ်။ အခုတော့ ဖင်းတန်းလို့ခေါ်တယ်။ ဒီနေရာက ဖျက်ဆီးခြင်းတိုင်လုံးက လက်ရှိမျိုးဆက်ကို ပံ့ပိုးပေးတယ်။ ဘယ်လိုထင်လဲ” ချန်ဖုက မေးလိုက်၏။
လုကျိုးက ခေါင်းညိတ်လိုက်၏။ အဆုံးမဲ့မြူနှင်းများမြင့်မားလှသည့် တောင်တန်းများနှ့င့်မြစ်ကိုကြည့်ပြီး လူသားများ သေးငယ်ပုံအကြောင်းသက်ပြင်းချလိုက်မိ၏။
ချန်ဖုသည် ကျောက်စိမ်းအဆောင်ကို ထပ်မံခြွေမွလိုက်ပြန်သည်။
သူတို့ဝေဟင်ထဲပေါ်လာလျှင် ပေါ်လာခြင်း ချန်ဖုက ပြောလိုက်၏။ “ဒါက ဖော့ရှောင်း၊ အရင်တုန်းက ရှန်းယန်လို့ ခေါ်ခဲ့တယ်။ ဒီနေရာက ဖျက်ဆီးခြင်းတိုင်လုံးက လောကရဲ့ဒီအစိတ်အပိုင်းကို ပံ့ပိုးပေးတယ်”
လုကျိုးက မေးလိုက်၏။
“ဖျက်ဆီးခြင်းတိုင်လုံးတွေက လောကကိုပံ့ပိုးပေးထားတယ်လို့ ပြောဖို့ ကြိုးစားနေတာလား”
“သူတို့က အရာအားလုံးရဲ့မူလပဲ” ချန်ဖုက ပြောလိုက်တော့သည်။
“...”
ချန်ဖုသည် နောက်ထပ်ကျောက်စိမ်းအဆောင်တစ်ခုကို ခြေမွလိုက်ပြီး သူတို့ကို နောက်ထပ်နေရာဆီ ခေါ်သွား၏။
ယခုအခေါက်တွင် လုကျိုးသည် ကြပ်တီးမြေပေါ်ရောက်နေတာတွေ့လိုက်ရ၏။ သစ်ပင်များ ညှိုးခြောက်နေကာ အသက်စွမ်းအင်က နည်းပါး၏။ နေရတာတောင့်တင်းပြီး စိတ်မသက်မသာ ဖြစ်စေသည်။
“ဒီနေရာကို ကျစ်ရွှီလို့ခေါ်တယ်။ ယခုဆို ရွှီရှီလို့ ခေါ်တယ်” ချန်ဖုက ပြောလိုက်၏။
“ရှေးနာမည်တွေ ဘာလို့ဆက်မသုံးတော့တာလဲ” လုကျိုးက မေးလိုက်၏။
ချန်ဖုက ပြောလိုက်သည်။ “မဟာလေဟာနယ်ရဲ့နာမည်တွေ ဖြစ်နေတာကြောင့်ပဲ”
“...”
“ကုန်းမြေမခွဲထုတ်ခင် ဖျက်ဆီးခြင်းတိုင်လုံး ၁၀လုံးရဲ့တည်နေရာက မဟာလေဟာနယ်ပဲ” လုကျိုးသည် ဤအဖြေကြောင့် အံ့ဩသွားလေ၏။
ချန်ဖုသည် မစောင့်တော့ဘဲ လုကျိုးကို နောက်တစ်နေရာဆီခေါ်သွား၏။
လုကျိုးသည် ဤနေရာနှင့် ရင်းနှီးနေသည်။ အရှင်ကျန်းနန်နေထိုင်ရာ အကြောက်တရားတောအုပ် ဖြစ်၏။ သူက အရင်ဆုံးပြောလိုက်၏။ “ဒီနေရာကို မဟာပြုန်းတီးမြေလို့ ခေါ်တယ်။ အခုဆို ယွီကျုံးလို့ သိတယ်”
ချန်ဖုက သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။ “အရင်တုန်းက ဒီနေရာကိုရောက်ဖူးတာလား”
လုကျိုးက ခေါင်းညိတ်လိုက်၏။
ချန်ဖုက ပြောလိုက်သည်။ “ကျုပ် ကျောက်စိမ်းအဆောင်ငါးခုလုံး သုံးလိုက်ပြီ။ ခင်ဗျား နောက်ထပ်ပျက်စီးခြင်းတိုင်လုံးငါးခုကို မြင်ချင်သေးလား”
ချန်ဖုသည် ပျံသန်းနေရတာ သက်သောင့်သက်သာဖြစ်သည်ဟု မထင်။
ကံကောင်းထောက်မစွာဖြင့် လုကျိုးက ခေါင်းခါပြီး ပြောလိုက်၏။ “မလိုတော့ဘူး”
“ကျန်ရှိတဲ့တိုင်လုံးငါးခု တည်နေရာရဲ့ရှေးနာမည်တွေက သွင့်ကျန်း၊ ရှဲ့ချား၊ ဟွမ်တန့်၊ ကျော့အယ်နဲ့ အမည်မသိကုန်းမြေရဲ့နှလုံးသားကိုတော့ တာ့ယွမ်ရှန်းလို့ခေါ်တယ်။ တာ့ယွမ်ရှန်းက အင်မတန် ကျယ်ပြောပြီး ကျုပ်တောင်အဲ့ဒီကို အဆင်အခြင်မဲ့ မသွားရဲဘူး” ချန်ဖုက ပြောလိုက်၏။ လုကျိုးက မေးလိုက်၏။ “ဒီနေရာတွေက မဟာလေဟာနယ်ဖြစ်ခဲ့ဖူးတော့ အခုမဟာလေဟာနယ်က ဘယ်မှာလဲ”
ချန်ဖုက တုံ့ဆိုင်းနေ၏။ စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီးနောက် သူက ပြောလိုက်သည်။
“မော့ကြည့်လိုက်”
“...”
တောင်ပံ ဖြန့်ကျက်လိုက်ချိန်တွင် ပေတစ်သောင်းခန့်ရှိသည့် အစွမ်းထက်သည့် ကြမ်းတမ်းခက်ထန်သားရဲတို့သည် သိပ်သည်းသောမြူကို ဖြတ်ကျော်နေကြ၏။
အမည်မသိကုန်းမြေရှိ မြူအောက်၌ အတော်လေးဘေးကင်းကြောင်း လူသားကျင့်ကြံသူများ မကြာခဏပြောလေ့ရှိသည်။ မြူနောက်က အန္တရာယ်အများဆုံး ဖြစ်၏။ ကြမ်းတမ်းခက်ထန်သားရဲများက မြူနောက်တွင် ပုန်းနေသောကြောင့် မဟုတ်ဘဲ မြူနောက်၌ မဟာလေဟာနယ် ရှိနေသောကြောင့်ဖြစ်သည်။
...
အခန်း (၁၄၀၄) မိုးနဲ့မြေ
ဤသည်က လုကျိုးအနေဖြင့် အမည်မသိကုန်းမြေကို လာရသည့် ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ သူက ဤနေရာကို အကြမ်းဖျင်း နားလည်ထားလေ၏။ ပတ်ဝန်းကျင်က ကြမ်းတမ်းပြီး ဤနေရာရှိ စွမ်းအင်များက ဖရိုဖရဲ ဖြစ်နေသည်။ ထို့အပြင် ခက်ထန်သားရဲများစွာရှိပြီး မျိုးနွယ်များစွာလည်း ရှိပေသည်။ နေထိုင်ရသည့် ပတ်ဝန်းကျင်အခြေအနေက လူသားများအတွက် ဆိုးရွားလှ၏။ သို့သော်လည်း သားရဲများက ဤနေရာ၌မူ ကျင်လည်ကျက်စားကြသည်။ တစ်နှစ်ပတ်လုံး နေရောင်ဟူ၍ မရှိဘဲ အေးစက်နေလေ၏။ သာမန်လူများက ဤနေရာတွင် အသက်မရှင်နိုင်ကြစဉ် ကျင့်ကြံသူများကမူ ရေခဲပေါ် လမ်းလျှောက်နေရသည်။
ထိုစဉ်လုကျိုးက မဟာလေဟာနယ်သည် အမည်မသိကုန်းမြေ၏ ဗဟိုချက်၌ ရှိနေသည်ဟု ယုံကြည်ထားလေ၏။ ထိုအရာကို ရှေးဟောင်းအစီအရင်တစ်ခုမှ ဖုံးကွယ်ထားခြင်း ဖြစ်လိမ့်မည်။ မဟာလေဟာနယ်က ကောင်းကင်ယံတွင် ရှိနေလိမ့်မည်ဟု ထင်မှတ်မထားပေ။
လုကျိုးက သက်ပြင်းချလိုက်၏။
“အဲဒါက တကယ်ကို ကောင်းကင်ထဲမှာပဲ”
ချန်ဖုက ပြောလိုက်သည်။
“အဲဒါကြောင့် ခင်ဗျားကို ကပ်ဘေးတိုင်လုံးကို မြင်ရအောင် ခေါ်လာတာပေါ့။ တိုင်လုံးတွေက ကုန်းမြေကို ထောက်ပံ့ပေးဖို့ မဟုတ်ဘူး။ တကယ်တမ်း မဟာလေဟာနယ်ကို ထောက်ပံ့ပေးထားတာ”
ချန်ဖု၏ စကားများက အံ့အားသင့်ဖို့ကောင်းလှ၏။
လုကျိုးက တိုင်လုံးအတွင်း ပထမဦးဆုံးအကြိမ် ဝင်ရောက်စဉ်အခါက ထိုအရာက ထိပ်ဆုံးရှိနိုင်မလား ရှိနေမည်ဆိုလျှင်ပင် မည်သည့်နေရာကို ဦးတည်နေမလဲဟု စဉ်းစားခဲ့ပြီး အဖြေက ယခုတွင် ရှင်းလင်းသွားလေ၏။
မျှခြေမညီမျှမှုကြောင့် မြူခိုးများက ယခင်ကထက် ပိုမိုသိပ်သည်းနေလေ၏။
လုကျိုးက မေးလိုက်သည်။
“မဟာလေဟာနယ်ကလူတွေက ခင်ဗျားကို လာရှာကြသေးလား”
ချန်ဖုက လက်နောက်ပစ်လျက် ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မဟာလေဟာနယ်က သံတမန်တစ်ဦးက ကျုပ်ကို မဟာလေဟာနယ်ဆီ ခေါ်ချင်ခဲ့တာလေ။ ဒါပေမဲ့ ကျုပ် ထွက်သွားရင် တာ့ဟန်က ဘယ်လိုဖြစ်သွားမှာလဲ။ တာ့ဟန်ရဲ့ ငြိမ်းချမ်းမှုက အလွယ်တကူ ရောက်လာတာ မဟုတ်ဘူး။ တကယ်လို့ ကျုပ်ထွက်သွားခဲ့မယ်ဆိုရင် ဖရိုဖရဲဖြစ်လာပြီးတော့ သွေးချောင်း စီးသွားလိမ့်မယ်”
လုကျိုးက ပြောလိုက်သည်။
“ခင်ဗျား ကိုယ့်ကိုယ်ကို အထင်မကြီးသင့်ဘူး။ ကမ္ဘာကြီးထဲမှာ ခင်ဗျားလက်မလွှတ်နိုင်တဲ့အရာ မရှိသင့်ဘူး။ တကယ်လို့ ခင်ဗျား ထွက်ခွာသွားရင် တာ့ဟန်ရဲ့ အခြေအနေက တကယ်ကို ပြောင်းလဲသွားလိမ့်မယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးက တခြားပုံစံနဲ့ ရောက်ရှိလာမှာပဲ။ ခင်ဗျားက အပြောင်းအလဲတွေကို မလိုချင် ရုံပါပဲ”
ဤသည်က လုကျိုးသည် ကောက်ချက်ချမှု စွမ်းအားကို အသုံးပြုပြီးသည့်နောက်တွင် ရရှိလာသည့် ကောက်ချက်ချမှုဖြစ်၏။
ချန်ဖုက လုကျိုး၏ စကားများကို မငြင်းဆန်ပေ။ သူက ထိုသို့လုပ်ဖို့ရာ စွမ်းအားမရှိပေ။ ထို့အပြင် လုကျိုး ပြောစကားက မှန်ကန်နေလေ၏။ သူက အပြောင်းအလဲကို သဘောမကျပေ။ သူက သူ့ကိုယ်သူ ဘယ်သောအခါမှ ပြန်လည်မသုံးသပ်သည်မျိုး မဟုတ်ပေ။
သူက ဆက်ပြောလိုက်၏။
“ပြီးတော့ ခင်ဗျားဆီမှာ တပည့်ဆယ်ဦးလည်း ရှိသေးတယ်လေ”
ချန်ဖုက ရယ်မောပြီး မေးလိုက်သည်။
“ခင်ဗျားလည်း ခင်ဗျားတပည့်တွေ ရှိတယ်လို့ ပြောခဲ့တယ်လေ။ သူတို့ရဲ့ အကြွင်းမဲ့သစ္စာရှိမှုကို အာမခံနိုင်လို့လား”
ချန်ဖုက လုကျိုးထံ တူညီသည့် မေးခွန်းကို မေးလာသည်။
လုကျိုးက ထိုမေးခွန်းကို ကြားသည့်အခါ စိတ်သက်သာရာရသွားလေ၏။ ပြောရမည်ဆိုလျှင် သူက သူ့တပည့်များ၏ သစ္စာဖောက်မှုကို တွေ့ကြုံခဲ့ဖူးပြီးသား ဖြစ်သည်။
သူက ပြန်ဖြေလိုက်သည်။
“မဟုတ်ဘူး”
“ခင်ဗျားက တကယ်ကို ပွင့်လင်းတာပဲ။ ကျုပ်လည်း သဘောတူတယ်။ သူတို့က ကျုပ်ရဲ့ စွမ်းအားကို ကြောက်နေရုံပဲ” ချန်ဖုက ပြောလိုက်သည်။
ထိုစကားများက လုကျိုးအား သူ ကူးပြောင်းလာစဉ်အခါက ကျိထျန်းတောက်ကို ပြန်လည်အမှတ်ရသွားစေသည်။ ထိုအရာက ချန်ဖုအတွက်လည်း အတူတူသာ ဖြစ်နေဟန်ပေါ်သည်။
သေချာသည့်အနေအထားမှ ကြည့်မည်ဆိုလျှင် ခွန်အားနှင့် အကြောက်တရားတို့က လူများကို အမှန်တကယ် ထိန်းချုပ်နိုင်သော်လည်း လွန်လွန်ကျူးကျူး လုပ်ခြင်းက သက်ရောက်မှုကို နှောင့်နှေးသွားစေနိုင်သည်။
အကြောက်တရားနှင့် ဖိအား ပျောက်ဆုံးသွားသည်နှင့် တန်ပြန်သက်ရောက်မှုက စတင်လာလိမ့်မည်။
ကျိထျန်းတောက်နှင့် ယှဉ်လိုက်ပါက ချန်ဖုက ပိုမိုကံကောင်းလေ၏။ သူက သူ့ကို မည်သူကိုမှ မလှုပ်ခတ်နိုင်လောက်အောင် ထိပ်ဆုံးနေရာတွင် ရပ်တည်ခဲ့သည်။ သို့သော် ယခုတွင်မူ သူက ကျိထျန်းတောက် ကြုံတွေ့ဖူးသလိုမျိုး တူညီသည့် ပြဿနာကို ရင်ဆိုင်နေရ၏။
သမိုင်းကြောင်းက ထပ်မံ ပြန်လည်ဖြစ်တည်လာသည်။
လုကျိုးက ချန်ဖုကို ကြည့်ကာ မေးလိုက်သည်။
“ခင်ဗျား ဘာလုပ်ဖို့ စီစဉ်ထားလဲ”
ရောက်လာသင့်သည့်အရာက ဖြည်းဖြည်းချင်း ရောက်လာမည်သာ ဖြစ်၏။
ချန်ဖုက ရယ်မောကာ ပြောလိုက်သည်။
“ကြည့်ရတာ ခင်ဗျား မှန်နေတဲ့ပုံပဲ။ အခုက အပြောင်းအလဲအတွက် အချိန်ကျပြီ”
လုကျိုးက ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူ့ချန်ဖုနှင့် တွေ့ဆုံကတည်းက ချန်ဖုသည် ရန်သူလား၊ မိတ်ဆွေလား မဆုံးဖြတ်နိုင်ခဲ့ပေ။ လူသားများ၏ စိတ်နှလုံးသားက မှန်းဆ၍မရနိုင်ပေ။
ချန်ဖု၏ သူတော်စင်အဆင့်အတန်းဖြင့် လုကျိုးက ချန်ဖုကို မြင်တွေ့နိုင်ခြင်း မဖြစ်နိုင်သလို တိုက်ခိုက်ခြင်းလည်း မဖြစ်နိုင်ပေ။ ထို့အပြင် ခရီးလမ်းတစ်လျှောက် အတားအဆီးများစွာ ရှိခဲ့လေ၏။ ကံကောင်းစွာဖြင့် အရာအားလုံးက အဆုံးသတ်၌ အဆင်ပြေချောမွေ့နေခဲ့သည်။
ထိုအကြည့်နှင့်တင် ချန်ဖုက သူ ထင်ထားသလိုမျိုး အေးစက်ကာ ချဉ်းကပ်ရ ခက်ခဲသည့်သူ မဟုတ်ကြောင်း ထင်လိုက်ရသည်။
အားလုံးက ဆိုးရွားသည့် ဉာဉ်တစ်ခု ရှိတတ်ကြသည်။ သူတို့က အလကားပေးသည့်အရာကို မကြိုက်ကြသော်လည်း အားစိုက်ထုတ်မှုဖြင့် ရယူသည့်အရာများကိုမူ သဘောကျကြလေသည်။ ထိုအရာက အမျိုးသမီးများနောက် လိုက်လံပိုးပန်းခြင်းနှင့် တူညီလေ၏။
သဘောကောင်းသည့်အမျိုးသားက သူတို့လိုချင်သည့် အမျိုးသမီးကို ရလေ့မရှိဘဲ လူဆိုးကမူ အမျိုးသမီးများ ပြတ်လပ်နေခြင်း မရှိပေ။
လုကျိုးက သက်ပြင်းချကာ ပြောလိုက်၏။
“ခင်ဗျားလိုမျိုးပဲ။ ကျုပ်ရဲ့ တပည့်ဆယ်ဦးလုံးကလည်း အတော်လေး ထူးချွန်ကြတယ်။ အဲဒီအချိန်တုန်းက ကျုပ်ရဲ့ အင်အားကြောင့် သူတို့က ကျုပ်ဆီမှာ အညံ့ခံခဲ့တာပေါ့။ ပြီးတော့ ကျုပ်သက်တမ်း ဆုံးခါနီးအထိ စောင့်ဆိုင်းခဲ့ကြတယ်လေ။ တချို့ကတော့ ကျုပ်ရဲ့ လက်နက်တွေ၊ ကျင့်ကြံရေးနည်းလမ်းတွေနဲ့ ရတနာတွေကို တပ်မက်ကြတယ်။ အဲဒီအချိန်တုန်းက ကျင့်ကြံရေးလောကတစ်ခုလုံးက ပူးပေါင်းခဲ့ပြီး ကျုပ်ကို ရင်ဆိုင်ခဲ့ကြသေးတယ်”
ထိုစကားများက ပုံမှန်အတိုင်းပြောနေသော်လည်း ချန်ဖုကမူ စာနာလေသည်။ ဆရာတစ်ယောက်ကသာ သူ သင်ကြားပေးခဲ့ရသည့် သူ့တပည့်များက သူ့ကို သစ္စာဖောက်ခဲ့သည့်အကြောင်းကို ခံစားကြည့်၍ ရပေသည်။
သမာသမတ်လမ်းစဉ် ဖြစ်စေ သို့မဟုတ် သမာသမတ်မဟုတ်သည်ဖြစ်စေ ဆရာကို သတ်ဖြတ်ခြင်းက အမှန်တကယ် ကြက်သီးထဖို့ ကောင်းလှ၏။
ချန်ဖုက သိချင်စွာ မေးလိုက်သည်။
“အဲဒီနောက်ပိုင်း ဘယ်လိုဖြစ်သွားလဲ”
“ကျုပ်က ကံကောင်းစွာနဲ့ အဆင့်တက်ပြီးတော့ တာ့ယန်မှာ ပထမဦးဆုံးပွင့်ချပ် ၉လွှာရှိတဲ့သူ ဖြစ်လာခဲ့တယ်လေ။ ကျုပ်က ဆယ်ခုမြောက် ပွင့်ချပ်ကို ပထမဦးဆုံး ထွက်လာပြီးတော့ ဘုံတစ်ထောင်လေပွေအဆင့်ကို ဝင်ပြီး မဟာဆရာသခင် တစ်ယောက်ဖြစ်လာခဲ့တယ်” လုကျိုးက ပြန်ဖြေလိုက်သည်။
“အဲ့လိုဆိုတော့ ခင်ဗျားကို သစ္စာဖောက်ခဲ့တဲ့ တပည့်တွေကို အပြစ်ဒဏ်ပေးခဲ့လား” ချန်ဖုက လုကျိုး၏ ကြီးကျယ်ခမ်းနားသည့် အတိတ်ကို ဂရုမစိုက်ပေ။
လုကျိုးက ခေါင်းယမ်းကာ ပြောလိုက်သည်။
“ဆရာတွေက ဗဟုသုတတွေကို မျှဝေပေးပြီးတော့ စိတ်ရှုပ်ထွေးမှုတွေကို ဖယ်ရှားသင့်တယ်လေ။ တစ်ရက်တာ ဆရာက တစ်သက်တာ ဖခင်နဲ့ အတူတူပဲလေ။ ကျားတစ်ကောင်ကတောင် သူတို့ရဲ့ ကလေးကို ပြန်မစားဘူးမလား။ လူဆိုရင် ပြောဖို့တောင် မလိုတော့ဘူး။ အဲဒီအဖြစ်အပျက် ပြီးကတည်းက ဒီလိုကိစ္စ ဘာလို့ဖြစ်ခဲ့လဲဆိုတာ မကြာခဏ ပြန်ပြီးသုံးသပ်ဖြစ်ခဲ့တယ်”
“ဘာကြောင့်လဲ”
“ခွန်အားသုံးတာက လူတွေကို အညံ့ခံလာအောင် လုပ်တယ်ဆိုတာ မှန်ပေမဲ့ လူသားတွေရဲ့ နှလုံးသားကိုတော့ အနိုင်မယူနိုင်ဘူး” သူတို့က ပြောလိုက်သည်။
ချန်ဖုက မြူခိုးများကို ကြည့်နေရင်း တိတ်ဆိတ်သွားလေ၏။ ခဏအကြာတွင် သူက မေးလိုက်သည်။
“သူတို့နဲ့ ဆက်ဆံရေးရော အခု ဘယ်လိုလဲ”
“ခင်ဗျား သူတို့ကို မေးကြည့်လေ” လုကျိုးက ပြန်ဖြေလိုက်သည်။
ချန်ဖုက ထိုအဖြေကို မျှော်လင့်မထားခဲ့မိပေ။ လုကျိုးက သူ့တပည့်များအကြောင်း ဂရုစိုက်မှန်း ပြောနိုင်လေ၏။ ပြန်လည်အသက်သွင်းရေးစာလိပ်ကို လိုက်ရှာရင်းဖြစ်စေ သို့မဟုတ် အပြုအမူများဖြစ်စေ လုကျိုး၏ ဂရုစိုက်မှုကို ပြသနေလေသည်။ ထိုသို့ဖြင့် လုကျိုးက အတိတ်အကြောင်းကို ပြန်လည်ပြောစဉ်အခါက သူ့တပည့်များကို အပြစ်တင်ခြင်း မရှိပေ။ ထိုအစား လုကျိုးက သူ့ကိုယ်သူ ပြန်လည်သုံးသပ်ခဲ့၏။
သင်ကြားမရနိုင်သည့် တပည့်ဟူ၍ မရှိဘဲ ဆရာကသာ သူတို့၏ တပည့်များကို လက်လျှော့လိုက်ခြင်းသာ ဖြစ်၏။
ချန်ဖုက သက်ပြင်းချလိုက်သည်။ အချိန်များစွာ မကျန်တော့သည့်အတွက် ကံဆိုးလှ၏။ သူက အာရုံထွေပြားနေသည့် အတွေးများကို ဖယ်ရှားပြီးသည့်နောက်တွင် ပြောလိုက်သည်။
“တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ဆောင်းဦးနှင်းစက်တောင်ဆီ သူတို့ကို ခေါ်ခဲ့လေ။ ကျုပ်တပည့်တွေနဲ့ သူတို့တာအိုအကြောင်း ဆွေးနွေးလို့ရတာပေါ့”
လုကျိုး “…”
“သူတို့တွေလည်း သူတို့ရဲ့ ဟာကွက်တွေကို မြင်နိုင်အောင် သင်ယူနိုင်တာ ကောင်းတယ်။ ပြီးတော့ ခင်ဗျား သင်ကြားပေးတဲ့ တပည့်တွေအကြောင်းလည်း သိချင်နေမိတယ်” ချန်ဖုက ပြောလိုက်သည်။
“…”
လုကျိုးက ပြန်ပြောလိုက်သည်။
“ကျုပ် ပြန်လည်ဝင်စားခြင်းစာလိပ်ကို ပြန်တွေ့တဲ့အထိ စောင့်ပါဦး”
ချန်ဖုက ခေါင်းညိတ်လိုက်၏။
“ကောင်းပါပြီ”
လုကျိုးက မြူခိုးကို လက်ညှိုးထိုးပြီး မေးလိုက်သည်။
“ခင်ဗျားပြောတော့ မဟာလေဟာနယ်က ကောင်းကင်ထဲမှာဆို”
ချန်ဖုက ခေါင်းညိတ်လိုက်သည်။
လုကျိုးက အလေးအနက် ပြောလိုက်၏။
“အဲ့လိုဆိုရင် ကျုပ်က တစ်ချက်ကြည့်ဖို့ ကောင်းကင်ဆီ ကိုယ်တိုင် တက်လှမ်းရမှာပေါ့”
လုကျိုး၏ စကားသံဆုံးလာသည်နှင့် သူက ချန်ဖုကို အံ့အားသင့်သွားစေမည့် အရာတစ်ခုကို လုပ်လာခဲ့သည်။ သူက ပစ်လွှတ်လိုက်သည့် မြားသဖွယ်မြူခိုးအတွင်း ပျံသန်းသွားလေ၏။
ချန်ဖုက အော်ပြောလိုက်သည်။
“ရပ်လိုက်”
လုကျိုးက သူ့ကို လျစ်လျူရှုထားပြီး မြူခိုးများကြား ပျံသန်းသွားလေသည်။
အနက်ရောင်မြူခိုးများက သူ့မြင်ကွင်းကို ဝေဝါးစေကာ ပတ်ဝန်းကျင်ကို ကောင်းကောင်းမမြင်ရစေပေ။ သူက အမြင်စွမ်းအားနဲ့ ရနံ့စွမ်းအားတို့တွက် မန္တန်ကို ရွတ်ဖတ်ပြီးသည့်နောက်တွင် မြူခိုးအကြား ဆက်လက်ပျံသန်းလိုက်သည်။ သူက ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်၏။ သူက အဆုံးမဲ့မဟူရာပင်လယ်ထဲ ကျရောက်သွားသလို ဖြစ်နေလေသည်။ အမြင်စွမ်းအားဖြင့်ပင် သူ့အမြင်က နည်းနည်းလေးသာ ရှင်းလင်းနေ၏။
လုကျိုးက မဟာနည်းစနစ်များကို ဆက်လက် ထုတ်သုံးရင်း လှုပ်ရှားနေသည်။
သူက အဖြူရောင်မျှော်စင်အဖွဲ့အစည်း၏ နဉ်ဝမ်ချင်းကို ရုတ်ချည်း အမှတ်ရသွားလေသည်။ ဤသို့သော ပတ်ဝန်းကျင်မျိုး၌ အမြင်ကို မည်သို့အသုံးပြုမည်နည်း။ တစ်ခါတစ်ရံတွင် တခြားသော အာရုံခံစားမှုများက မျက်စိထက်ပိုမို အသုံးဝင်တတ်သည်။ ဤသို့ဖြင့် သူက အမြင်စွမ်းအားကို ဖြတ်တောက်ပြီး ဆက်လက် ပျံသန်းလိုက်သည်။
လုကျိုးက မည်မျှကြာကြာ ခပ်မြင့်မြင့်ပျံသန်းနေမှန်း မသိတော့ပေ။ သူက အသက်ဓာတ်စွမ်းအား ဖြည်းဖြည်းချင်း နည်းပါးလာသည်ကို ခံစားမိသည့်အခါ နှေးကွေးသွားလေ၏။ ထိုအခိုက်အတန့်၌ သူက ချန်ဖု၏ စကားများကို သံသယဖြစ်လာမိသည်။ မဟာလေဟာနယ် ပုန်းအောင်းနေသည့် နေရာက မည်မျှပင် မြင့်မားနေသနည်း။
ထိုအရာက ကောင်းကင်ထက်ပင် ပိုမိုမြင့်မားနေသလား။
ဝှစ်
ရုတ်ချည်းဆိုသလို လုကျိုးက လေတိုက်ခတ်မှုကို ကြားလိုက်ရသည်။ ထိုသူက ဧရာမကြီးနှင့်တူသည့် အနက်ရောင်သက်ရှိကို မြင်လိုက်ရပြီးသည့်နောက်တွင် တောင်ပံတစ်စုံကို မြင်လိုက်ရသည်။ ထို့နောက် ကောင်းကင်ယံထဲ စူးစူးရှရှ အော်သံတစ်ခု ထုတ်လွှတ်လာလေ၏။