အခန်း (၁၄၀၅-၁၄၀၇)
Vol. 94 Ch. 1405-1407
အခန်း (၁၄၀၅) မိုးနဲ့မြေကြား မျှခြေ
“ဒါက ဘာလဲဟ”
ယင်းသည် လုကျိုး၏ ပထမဆုံးအတွေးပဲဖြစ်သည်။
မြူက မည်းမှောင်မည်းနေသောကြောင့် မြူကနေ တောင်ပံကို ခွဲမြင်နိုင်ဖို့က အတော်လေး ခက်ခဲသည်။
တောင်ပံများက လုကျိုးကို ရိုက်မိတော့မည့်အချိန်တွင် ဝှစ်ကနဲ မြည်သံကျယ်ဖြင့် ၎င်းတို့က နောက်ထပ် ဘေးကပ်ရပ် ပျံသန်းသွားလေ၏။
တောင်ပံပေါ်ရှိ အမွေးအတောင်များကလည်း ငွေရောင်အလင်း တောက်ပနေတော့သည်။
အတွေးတစ်ချက်ဖြင့် လုကျိုးသည် ဒိုင်းအသွင်ဖြင့် အမည်မဲ့ကို ထုတ်ကာ သူ့ရှေ့၌ ကိုင်ထားလိုက်၏။
“ဘမ်း”
ရွှေရောင်စွမ်းအင်သည် အနက်ရောင်မြူထဲ ချက်ချင်း ပေါ်ထွက်လာလေ၏။
လုကျိုးသည် အနက်ရောင်တောင်ပံတစ်စုံကို ခဲသွားစေရန် မဟာဆရာသခင်တစ်ပါးအနေဖြင့် သူ၏ စွမ်းအားကို အသုံးပြုခဲ့၏။ ပြီးနောက် သူသည် ဝေဟင်ထဲ မြင့်မြင့်ပျံသန်းရန် အခွင့်အရေးကို အသုံးချလိုက်သည်။ သူ ပျံတာ မြင့်သည်ထက် မြင့်သွားသည့်အချိန်တွင် အသံစွမ်းအင် ပျောက်ကွယ်နေပြီး လေကတောင် အင်မတန် နည်းပါးနေလေ၏။ သူ ပင်လယ်အောက်ခြေတွင် ဆွဲချခံရသည့်ပမာ အရပ်မျက်နှာ အနှံ့မှ ဧရာမဖိအားက သူ့ကို ဖိချနေလေ၏။
ကံကောင်းသည်မှာ ဆရာသခင်တို့သည် အသက်ရှူရန် မလိုအပ်ပေ။ သူတို့ခွန်အားက ဖိအားကို ခံနိုင်ရည်ရှိဖို့လည်း လုံလောက်သည်။
လုကျိုးသည် ကြယ်ကြွေတစ်စင်းပမာ ဝေဟင်ထဲ အစီအစဥ်မရှိ ဆက်လက်ပျံသန်းနေပြီး သူ၏နောက်၌ ရွှေရောင်စွမ်းအင်အမျှင် ချန်ရစ်ခဲ့သည်။ သိပ်သည်းသော မြင်ကွင်းကြောင့် ထိုကဲ့သို့ ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို မည်သူမျှ မမြင်တွေ့နိုင်တာ နှမြောစရာ ကောင်းလှပေ၏။
“ဝှစ်”
ထိုစဥ် ထက်မြက်သော ဓားသွားကဲ့သို့ တောင်ပံတို့သည် ထူးဆန်းသော ရှုထောင့်ကနေ လုကျိုးဆီ ဦးတည်လာ၏။
လုကျိုး၏ အရှိန်က အင်မတန် မြန်ဆန်သည်။ သူသည် အမြန်ထွက်သွားရန် တာအိုစွမ်းအားကို အသုံးပြုချင်ခဲ့သော်ငြား အသက်စွမ်းအင် ပြတ်လတ်မှုနှင့် နည်းပါးသော လေထုသည် သူ့ကို အနည်းငယ်သက်ရောက်စေကာ သူ၏ တုံ့ပြန်မှုအရှိန်ကို လျော့ကျသွားစေ၏။
“အမည်မဲ့”
“ပီ”
အမည်မဲ့၏ ဒိုင်းက အရှင်လုကျိုးကို ချက်ချင်း ကာကွယ်ပေးလိုက်သည်။
“ဘမ်း”
လုကျိုးက နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။
“ဒီလောက်သန်မာတယ်တဲ့လား”
ထိုရိုက်ချက်ဖြင့် လုကျိုးသည် မြို့ထဲရှိ ကြမ်းတမ်းခက်ထန်သားရဲတို့၏ ခွန်အားကို နားလည်သဘောပေါက်မှု အသင့် ရရှိသွားသည်။
မီးဇာမဏီနှင့် သူ၏တိုက်ပွဲကို အခြေခံကြည့်လျှင် ဤကြမ်းတမ်းခက်ထန်သားရဲက မီးဇာမဏီထက်ပင် ပို၍သန်မာကြောင်း သူပြောနိုင်သည်။ သူသည် အမည်မဲ့နှင့်အတူ နောက်သို့ လွင့်ထွက်သွားခြင်းက သူထင်ထားသည်ထက် ကျော်လွန်နေ၏။ ယင်းက အနည်းငယ် များလွန်းသည်။ သူ ထွက်ပြေးရမည့်ပုံစံကို စဥ်းစားနေစဥ် သူ့နောက်ကျောမှ နောက်ထပ် အသံတစ်သံ ကြားလိုက်ရသည်။
နောက်ထပ် တောင်ပံက ရိုက်ခတ်လာတော့သည်။
လုကျိုးသည် သူ၏ အမြင်စွမ်းအားကို အားမကိုးခဲ့ပေ။ သူက ယခုဆို အခြားသော အာရုံကို အားကိုးနေတာပဲ ဖြစ်သည်။ သူ ချက်ချင်း လှစ်ခနဲ ပျံသန်းလိုက်၏။ သို့သော်ငြား ဖိအားကြောင့်ပင် အရှိန်အနည်းငယ် လျော့ကျသွားသည်။
ကြမ်းတမ်းခက်ထန်သားရဲက အတော်လေး အသိဉာဏ်ရှိတာ သိသာ၏။ ၎င်းသည် လုကျိုးဆီမှ ဤအကွက်ကို မျှော်လင့်ထားပြီးသား ဖြစ်ဟန်တူသည်။ ၎င်း၏ တောင်ပံကို လျှင်မြန်စွာ လှုပ်ရှားလျက် အထက်သို့ ပြန်ရိုက်ချလိုက်၏။
“ဘမ်း”
လုကျိုးသည် ကာကွယ်ရေးစွမ်းအင်ကို အမြန် အသက်သွင်းလိုက်သည်။ သူ၏ ကာကွယ်ရေးစွမ်းအင်က စက္ကန့်အနည်းငယ်သာ ခံပြီးနောက် ပြင်းထန်သော ဖိအားက သူ၏ကျောကို ထိမှန်သွားကာ ၎င်းစွမ်းအင်သည် ဖန်ကဲ့သို့ ကွဲထွက်သွားတော့၏။
လုကျိုးက ညည်းတွားလျက် သူ၏ သွေးနှင့်ချီတို့ ဗြောင်းဆန်ကုန်သည်။ သူသည် စွမ်းအားဗဟိုချက် ချီပင်လယ်ထဲမှ ပေါ်ထွက်လာသည့် စူးရှသော နာကျင်မှုကို ခံစားမိသည်။
ထိုစဥ် သူက တစ်နေရာမှ မွေးဖွားစမ်းသပ်မှု ဖြတ်ကျော်ရန် အသုံးချလိုက်၏။ သူ့စွမ်းအားဗဟိုချက် ချီပင်လယ်၏ အုတ်မြစ်ကြောင့် နာကျင်နေသော်ငြား သူသည် ကနဦးချီကို လျင်မြန်စွာ အသုံးချနိုင်ကာ တစ်ပတ်နှင့် တစ်ရက် လက်ဝါးစည်းတံဆိပ်တချို့ကို ထုတ်သုံးလိုက်သည်။
လက်ဝါးစည်းတံဆိပ်တို့သည် ညအမှောင်ယံထဲရှိ ကြယ်ပွင့်များပမာ တောက်ပနေပြီး ပြင်းထန်သော မုန်တိုင်း၏ဖိအား ပါဝင်နေ၏။ ၎င်းတို့သည် တောင်ပံပေါ် သေချာစွာ ဆင်းသက်သွားသည်။ သို့သော် သူတို့ တောင်ပံကို မထိခိုက်စေခဲ့ပေ။
“သိပ်ကောင်းတယ်။ တောင်ပံတစ်စုံက ငါ့အတွက် ဘာလုပ်ပေးနိုင်လဲ ကြည့်ကြတာပေါ့”
လုကျိုးက ဒေါသထွက်လာ၏။ အသေရိုက်ချက်ကတ်က သူ့လက်ထဲတွင် ပေါ်လာပြီး ၎င်းကို ပြတ်ပြတ်သားသား ချေမွလိုက်တော့သည်။ လေပွေငယ်တစ်ခုက လက်ဖဝါးထဲတွင် ပေါ်လာပြီး လက်ဝါးစည်းတံဆိပ် ပေါ်လာကာ ၎င်းသည် အဆ၁၀၀၀ အဆ၁၀၀၀၀ ပျံ့သွားလေ၏။ ရွှေရောင်အလင်းက မိုးနှင့်မြေစွမ်းအားဖြင့် တောင်ပံဆီသို့ ဦးတည်သွားစဥ် ရွှေရောင်သည် တလက်လက် တောက်ပနေတော့သည်။
“ဘုန်း”
လက်ဝါးစည်းတံဆိပ်သည် ရိုက်မိသွားချိန်တွင် အနက်ရောင်တောင်ပံပေါ် အဖြူရောင်အလင်း ထင်ဟပ်သွားစေပြီး အနက်ရောင်အလင်းကို ဖြိုခွဲလိုက်၏။
တစ်ဆက်တည်းပင် အနက်ရောင်တောင်ပံအောက်ဆီမှ စူးရှသော အသံတစ်သံ ပေါ်ထွက်လာသည်။ ထိုအော်သံသည် ဝေဟင်ထဲ ပဲ့တင်သံ ထပ်နေလေ၏။ အမည်မသိကုန်းမြေတစ်ခုလုံး၏ ဝမ်းနည်းပန်းနည်း အော်သံကို ကြားမည့်ပုံပေါ်သည်။
ကုန်းမြေပေါ်တွင်ရှိသော အနီးအနားရှိ ကြမ်းတမ်းခက်ထန်သားရဲတို့သည် ကြောက်လန့်တကြား ဖြစ်ကုန်လျက် သားရဲပျံတို့ကလည်း အမြန် ခပ်နိမ့်နိမ့် ပျံသန်းသွားကြသည်။
အသံလှိုင်းမှ လှိုင်းဂယက်သည်လည်း မြေပြင်ဆီ ရောက်သွားကာ မြင့်မားသော သစ်ပင်များကို တုန်သွားစေပြီး လှုပ်ခါသွားစေသည်။
အသေရိုက်ချက်ကတ်က အလွန်အစွမ်းထက်တာပဲ။
လုကျိုးသည် ကြမ်းတမ်းခက်ထန်သားရဲက အသက်ဓာတ်နှလုံးသား တစ်ခုထက်မကရှိသည့် နတ်သားရဲဆိုတာ သေချာသိသွားသည်။ နတ်သားရဲက နာကျင်စွာ ပျံသန်းသွားပြီး မြူထဲ၌ ပျောက်ကွယ်သွားလေ၏။
တစ်ဖက်အနက်ရောင်မြူထဲ နှစ်မြူက တက်လာသည်။ လုကျိုးသည် ဝေဟင်ကို ကြည့်လိုက်ရာ ဖိအားက ပိုမိုအားကောင်းလာလေ၏။
လုကျိုးသည် ပျံသန်းရမလားဟု စဥ်းစားနေစဥ် ပုံရိပ်တစ်ခုက လုကျိုးဘေးတွင် လှစ်ကနဲ ရောက်လာ၏။
“သွားကြမယ်”
ယင်းက ချန်ဟူပဲဖြစ်သည်။ သူက လုကျိုး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ရာ လုကျိုး၏ နားလည်သဘောပေါက်သော စွမ်းအားဖြင့် လေဟာနယ်ကိုခွင်းကာ လေပွေထဲ ဝင်သွားပြီး အမှောင်ထုကို ဖယ်ရှားလိုက်၏။
“ဝှစ်”
ချက်ချင်းပင် အနီးရှိ တောင်ပေါ် ရောက်သွားတော့သည်။
ချန်ဟူက သက်ပြင်းချပြီးနောက် မျက်လုံးအနည်းငယ် ပြူးကျယ်နေတော့သည်။
“အဲဒါက လက်သည်းကိုးခု နဂါးနက်ပဲ”
ချန်ဟူသည် အဝေးသို့ ဆုတ်ခွာသွားသည့် ပုံရိပ်ကို ကြည့်ပြီး ခေါင်းခါလိုက်မိသည်။
ယခု လုကျိုးသည် ဝေဟင်ထဲမှ မဟုတ်တော့သဖြင့် ဖိအားက မရှိတော့ပေ။ သူ၏ အသက်စွမ်းအင် ပြန်လည်ရရှိလာပြီး အသက်ရှူရ ပိုလွယ်ကူလာလေ၏။ အမည်မသိကုန်းမြေထဲတွင် ရှင်သန်နေထိုင်ဖို့က ခက်ခဲမှန်းသိသော်ငြား အနက်ရောင်မြူထဲရှိ အခြေအနေနှင့်ယှဥ်လျှင် အမည်မသိကုန်းမြေက သုခဘုံဖြစ်နေ၏။
“လက်သည်းကိုးခုနဂါးနက်လား”
“အဲ့တာက မဟာလေဟာနယ်က ပျိုးထောင်ထားတဲ့ အစွမ်းထက်တဲ့ ကြမ်းတမ်းခက်ထန်သားရဲလေ။ အင်မတန်အစွမ်းထက်တယ်။ ရှေးခေတ်ကာလကတည်းက ရှိခဲ့တာ။ ဒဏ္ဍာရီအဆိုအရ သူက မူလတုန်းက “
တီကောင်ပဲ။ တောင်ပံပေါက်လာပြီး နဂါးနက်အသွင် ပြောင်းလဲသွားတာ”
“နဂါးလား”
လုကျိုးသည် ကမ္ဘာမြေပြင်ပေါ်ရှိ သူသိထားသော နဂါးကို ပြန်တွေးမိသွားသည်။ သူ၏စိတ်ထဲတွင် တွေ့ဖူးသမျှ ပုံများနှင့် အရမ်းကို ကွဲပြားခြားနားနေလေသည်။ သူတွေ့ဖူးသည့် နဂါးဟူသည့်အရာက ကြည့်ကောင်းအောင် လုပ်ထားသည်နှင့် ပိုတူသည်။
“နဂါးနက်က အင်မတန် အစွမ်းထက်သည်။ သူ၏တာဝန်က မြေအောက်က လူသားတွေနဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေ မဟာလေဟာနယ်ထဲ ချဥ်းကပ်လာတာကို ကာကွယ်ဖို့ပဲ။ ခင်ဗျား အစောတုန်းက အန္တရာယ်ရှိခဲ့တာ”
ချန်ဖုက ပြောလိုက်သည်။
“သူ့မှာ အသက်ဓာတ်နှလုံးသား ဘယ်နှခုရှိလဲ”
လုကျိုးက မေးလိုက်သည်။
“၆ခုလောက်”
ချန်ဖုက ပြန်ပြောလိုက်သည်။ အသက်ဓာတ်နှလုံးသား၆ခုဖြင့် ၎င်းသည် အသက်ဓာတ်နှလုံးသားများစွာ ရှိသည်ဟု ဆိုလိုတာပဲဖြစ်သည်။
လုကျိုးသည် အသက်ဓာတ်နှလုံးသားများအကြောင်း တွေးမိပြီး နောင်တရစွာ ပြောလိုက်သည်။
“တကယ် အစွမ်းထက်တာပဲ”
ချန်ဖုက ပြောလိုက်သည်။
“မင်းက အဆင်အခြင်မဲ့လွန်းတယ်”
လုကျိုးသည် သူ၏လုပ်ရပ်က အနည်းငယ် အလျင်စလိုနိုင်နေမှန်းသိ၏။ သို့သော် သူ၏လုပ်ရပ်သည် သူ့၌ ကုသိုလ်ရမှတ်၁သန်းရှိထားပြီး အသေရိုက်ချက်ကတ် ၄ကတ် ရှိထားသည့်အချက်ပေါ် မူတည်နေတာ ဖြစ်သည်။ သူ၏စိတ်၌ နဂါးနက်အကြောင်း ပြည့်နေပြီး ရေရွတ်ပြောလိုက်သည်။
“ဖြစ်နိုင်ရင် အစောတုန်းက သူ့ကို သတ်ခဲ့သင့်တာ”
“ဘာ”
“ဘာမှမဟုတ်ပါဘူး”
လုကျိုးက ထပ်ပြောလိုက်သည်။ ယခုအချိန်တွင် သူ စကားကို ထပ်ပြောလိုက်မည်ဆိုပါက ကြွားလုံးထုတ်ရာရောက်သွားလိမ့်မည်။
ချန်ဖုက လုကျိုးကို ကြည့်လျက် ပြောလိုက်သည်။
“ကျုပ်ထင်တာမမှားရင် မင်းရဲ့ ကျင့်ကြံမှုကို ဖုံးကွယ်ထားတယ်မလား”
“ဆောင်းဦးနှင်းစက် တောင်ပေါ်မှာရှိတုန်းက မင်းရဲ့ကျင့်ကြံမှုကို အာရုံခံခဲ့တယ်။ ဖုံးကွယ်ထားလို့မရတဲ့ ကိစ္စတစ်ချို့ရှိတယ်။”
ချန်ဖုက ပြောလိုက်သည်။ လုကျိုးသည် သူ့ကို မည်သို့ ရှင်းပြရမည်မှန်း မသိတော့ပေ။ အဆုံးကျ သူသည် ရုပ်ဖျက်ကတ်၏ အာနိသင်ကိုဖယ်ရှားလိုက်ပြီး သူ၏ ပုံစံ အစစ်အမှန်ကို ထုတ်ပြလိုက်၏။
ချန်ဖုက မအံ့သြသွားပေ။ သူ၏သံသယကို ပိုမိုသေချာလာတော့သည်။ သက်ပြင်းရှည်ကြီးချပြီးနောက် ပြောလိုက်သည်။
“နှစ်ပေါင်းများစွာကြာပြီးမှ သင့်တော်တဲ့ကျင့်ကြံသူတစ်ယောက် ပေါ်လာတာ။ ဒီနှစ်တွေထဲ ပါရမီရှင် ကျင့်ကြံသူတွေအားလုံး မဟာလေဟာနယ်က ခေါ်သွားတယ်။
“မဟာလေဟာနယ်က ဘာလို့အဲ့လိုလုပ်တာလဲ”
“မျှခြေလို့ခေါ်တဲ့အရာကို ထိန်းသိမ်းဖို့ပေါ့။ ကျယ်ပြောလှတဲ့ စကြာဝဠာထဲမှာ အမြောအမြင်ရှိတဲ့ သူတော်စင်တွေက ထိန်းသိမ်းစောင့်ရှောက်ခြင်းတောအုပ်နှင့် ဥပဒေသ၊ လေဟာနယ်နိယာမ၊ အချိန်နိယာမနဲ့ ရယ်ချင်စရာကောင်းတဲ့ မျှခြေနိယာမတွေအကြောင်း ပြောခဲ့ကြတာ”
ချန်ဖုက ပြောလိုက်၏။
“မျှခြေနိယာမတဲ့လား”
လုကျိုးက ဇဝေဇဝါဖြစ်နေ၏။
“မဟာလေဟာနယ်က တရားမျှတမှုနှင့် မျှခြေစည်းမျဥ်းကို လိုက်နာတယ်။ သူတို့က အသေးငယ်ဆုံးလေးသော အတိမ်းအစောင်းကိုတောင် လက်မခံနိုင်ဘူးလေ။ နည်းနည်းလေး စောင်းသွားတာနဲ့ သူတို့က အဲ့ဒီ့မျှခြေမညီမျှမှုဖြစ်စေတာကို ဖယ်ရှားဖို့ လူလွှတ်တယ်။ တိမ်းစောင်းမှုက ပြင်းထန်တယ်ဆို သူတို့က လူသားတွေနဲ့ ခက်ထန်သားရဲတွေ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်တာကိုကြည့်ပြီး မျှခြေပြန်ရအောင် ကမ္ဘာလောကကြီးကို ရှင်းလင်းကြတယ်”
ချန်ဖုက ပြောလိုက်သည်။
လုကျိုးက ခေါင်းခါပြီး ပြောလိုက်တော့သည်။
“ဟာသပဲ”
ချန်ဖုက ပြောလိုက်သည်။
“ဒါတင်မဟုတ်သေးဘူး။ မဟာလေဟာနယ်က ကျန်တဲ့သူတွေထက် သာတယ်ဆိုပြီး သူ့ကိုယ်သူ ဂုဏ်ယူနေတာ။ မျှခြေထိန်းသိမ်းဖို့အတွက် နယ်မြေကိုးခုက အသက်အားလုံးကို မြက်လိုပဲ သဘောထားတယ်။ အခု မျှခြေမညီမျှမှုက ဆိုးရွားနေပြီဆိုတော့ သူတို့ အားလုံးကို မီးလောင်တိုက်သွင်းဖို့ အခွင့်အရေး ဆုပ်ကိုင်လောက်တယ်”
လုကျိုးသည် မျက်မှောင်ကြုတ်လျက် မေးကာ ဇဝေဇဝါ ဖြစ်သွားတော့သည်။
“ဒါဆို သူတို့ ခင်ဗျားကို ဘာလို့ လာမရှာတာလဲ”
ဆိုရလျှင် ချန်ဖုက မဟာသူတော်စင်တစ်ပါးဖြစ်၏။ မဟာလေဟာနယ်သည် သူ့ကို အကြီးမားဆုံး ပြောင်းလဲမှုအဖြစ် ရှုမြင်လောက်သည်။
...
အခန်း (၁၄၀၆) နောင်တ
ချန်ဖုက ပြောလိုက်သည်။
“ကျုပ်ပြောတဲ့အတိုင်း မဟာလေဟာနယ်က အားလုံးထက် သာလွန်နေတယ် ထင်နေတာ။ အဲဒီတစ်ခုတည်းကတင် ကျုပ်အတွက် သူတို့ကို လက်ခံဖို့ အခက်တွေ့စေတယ်။ အရင်တုန်းက သူတော်စင်တစ်ယောက် ဖြစ်လာဖို့ ကျုပ်က နယ်မြေကိုးခုလုံးကို သွားလာပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကို ရှာတွေ့ခဲ့တယ်လေ”
“အဲဒါ ဘာများလဲ”
“သူတို့က မျှခြေမညီမျှဘူး။ ဒါပေမဲ့ လူတွေရဲ့ ပျက်သုဉ်းမှုကိုတော့ ကြောက်ကြတယ်” ချန်ဖုက ပြောလိုက်သည်။
“မျှခြေမညီမျှမှုက ပျောက်ကွယ်သွားနိုင်ပေမဲ့ နယ်မြေတွေ မရှိတော့ဘူးဆိုရင် မျှခြေရှိမှာ မဟုတ်ဘူး”
သူက ပြောလိုက်သည်။
ချန်ဖုက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ဟုတ်တယ်။ အဲဒါကြောင့် ကျုပ်က နှစ်မြွှာကြာနယ်မြေထဲမှာ အနှောင့်အယှက်တွေကို ငြိမ်ဝပ်အောင် လုပ်ပြီး ငြိမ်းချမ်းမှုကို ဆောင်ကြဉ်းပြီးတဲ့နောက်မှာ ကျုပ်က သူတို့ကို နယ်နိမိတ်သတ်မှတ်ပြီးတော့ ကျုပ်ကို တစ်ယောက်ထဲ ချန်ထားခဲ့အောင် ဖိအားပေးခဲ့တာ”
“နယ်မြေ သတ်မှတ်ပြီးတော့လား”
“နယ်မြေ ၉ခုက အမည်မသိကုန်းမြေနဲ့ ဆက်နွယ်နေတာလေ။ သူတို့ဆက်နွယ်နေတဲ့နေရာတွေက နယ်စပ်တွေပေါ့။ အဆုံးသတ်မှာတော့ သူတို့က ကျုပ်နဲ့ သဘောတူလိုက်ကြတယ်။ ကျုပ်က ဒီမှာနေနိုင်ပေမဲ့ တခြားကို ထွက်သွားလို့မရဘူး”
“ဒါပေမဲ့ ခင်ဗျား အခုထွက်လာတယ်လေ” သူက ပြောလိုက်သည်။
“မျှခြေမညီမျှမှုက ဆိုးတော့ တရားမျှတရေးချိန်ခွင်ကလည်း အခု ဘက်စောင်းနေလောက်ပြီ။ စိုးရိမ်စရာ မလိုဘူး” ချန်ဖုက ပြောလိုက်သည်။
“အဲ့လိုဆိုရင် ခင်ဗျား အပြင်ထွက်ပြီး တစ်ခါတစ်လေ အဆင်ပြေပြေဖြစ်အောင် နေသင့်တယ်” လုကျိုးက ပြောလိုက်သည်။
“အဲဒီအတွက် မလိုပါဘူး” ချန်ဖုက ခေါင်းယမ်းလိုက်သည်။
လုကျိုးက မေးလိုက်သည်။
“ကျုပ် အရမ်းသိချင်တယ်။ ပြီးတော့ လွတ်လပ်သူတွေ၊ ဆရာသခင်တွေနဲ့ သူတော်စင်တွေက အတိတ်တုန်းက အများကြီး ရှိသင့်တယ်မလား။ ဘာလို့ သူတို့က ကောင်းကင်အထက် ကျော်လွန်နေတဲ့ ကမ္ဘာအကြောင်း ဘာလို့ သဲလွန်စ မချန်ထားခဲ့ရတာလဲ”
ချန်ဖုက ရယ်မောလိုက်၏။
“သူတို့ ချန်ထားခဲ့တာပေါ့။ ဒါပေမဲ့ ဘယ်သူကများ ယုံမှာလဲ။ ဒါပေမဲ့ အဲဒါက မသေချာမှုကို ဆောင်ကြဉ်းပေးလာတော့ လူတွေအတွက် သူတို့ကိုယ်သူတို့ ရှာတွေ့တာ အကောင်းဆုံးပဲလေ”
ဤသို့သော ခေါင်းစဉ်မျိုးက ရက်ရောသည့်သူက ရက်ရောမှုကို မြင်သလို ဉာဏ်ပညာရှိသည့်သူက ဉာဏ်ပညာကို မြင်တွေ့သလိုမျိုး ဖြစ်၏။
လုကျိုးက ချန်ဖု၏ စကားများကို ပြန်လည်အမှတ်ရသွားကာ မေးလိုက်သည်။
“အဲ့လိုဆိုရင် ဆက်နွယ်နေတဲ့ နေရာတွေက အကျဉ်းမြောင်းဆုံးပေါ့”
ချန်ဖုက ပြောလိုက်သည်။
“တကယ်လို့ ခင်ဗျား အချိန်ရရှိတယ်ဆိုရင် အဆုံးမဲ့ပင်လယ်ကို သွားကြည့်”
လုကျိုးက မေးခွန်းတစ်ခုကို စဉ်းစားမိကာ မေးလိုက်သည်။
“မြူခိုးတွေ ပျောက်ကွယ်သွားတဲ့အခါ အဆုံးမဲ့ပင်လယ်ကို သွားကြည့်။ တကယ်လို့ ခင်ဗျား နယ်မြေ၉ခုကို အဝေးကနေကြည့်မယ်ဆိုရင် တစ်စုံတစ်ခု ရှာဖွေတွေ့ရှိလိမ့်မယ်”
“အဲ့လိုဆိုတော့ နယ်မြေတစ်ခုတောင် ပျောက်ဆုံးသွားလို့ မရဘူးဆိုတဲ့ အဓိပ္ပာယ်ပေါ့။ မဟုတ်ဘူးဆိုရင် မျှခြေမညီမျှမှုက မျှခြေက ထာဝရဆုံးရှုံးသွားမှာပေါ့” လုကျိုးက တွက်ချက်မေးလိုက်သည်။
ချန်ဖုက ခေါင်းလှည့်ကာ ဘာမှမပြောတော့ပေ။ သူက သက်ပြင်းရှည်ကြီး ချလိုက်၏။
လုကျိုးက ယခုအတွက် ကပ်ဘေးတိုင်လုံးကို စူးစမ်းရှာဖွေဖို့ လိုအင်ဆန္ဒကို ပျောက်ဆုံးသွားခဲ့ရသည်။ မြူခိုးထဲတွင်ရှိသည့် ခက်ထန်သားရဲများက ယခုသူ ဖြေရှင်းနိုင်သည့်အရာမျိုး မဟုတ်ပေ။ သူက အသေရိုက်ချက်ကတ် လုံလုံလောက်လောက်ရှိသည့်အခါ ထပ်မံကြိုးစားကြည့်နိုင်၏။
ဤသို့ဖြင့် နှစ်ဦးသားက သူတို့လာခဲ့သည့် သင်္ကေတလမ်းကြောင်းထံ ပြန်လည်ရောက်ရှိလာသည်။
သင်္ကေတလမ်းကြောင်းထံ ရှေ့ချပြီးသည့်နောက်တွင် ချန်ဖုက ရုတ်တရက် ပြောလာခဲ့၏။
“ကျုပ်က ဒီအရာတွေ ပြောခဲ့တယ်ဆိုတာ ခင်ဗျားရဲ့ စွမ်းရည်အလားအလာကို လေးစားလို့ပဲ”
“ခင်ဗျားက ချီးကျူးလွန်းနေပါပြီ”
“အခုထိတောင် ခင်ဗျားက ကျင့်ကြံဆင့်ကို ဖုံးကွယ်ထားချင်တုန်းလား” ချန်ဖုက လုကျိုးအား သိနေသည်ဟူသော အပြုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။
လုကျိုး “…”
ငါ့ရဲ့ ဆရာသခင်ကျင့်ကြံဆင့်က မလုံလောက်သေးဘူးလား…
လုကျိုးက မည်သို့ရှင်းပြရမှန်း မသိသည့်အတွက် တိတ်ဆိတ်နေလိုက်သည်။
ချန်ဖုက လက်ဝှေ့ကာ ပြောလိုက်သည်။
“ထားလိုက်ပါတော့။ ကျုပ် နားလည်ပါတယ်”
ခင်ဗျားက ဘာတွေနားလည်နေတာတုန်း…
လုကျိုးက ရှင်းမပြနိုင်ခင် သင်္ကေတလမ်းကြောင်းက တောက်ပလာပြီး သူတို့က တာ့ဟန်သို့ ပြန်လည်ရောက်ရှိလာကြသည်။
………………………………………..
ဆောင်းဦးနှင်းစက်တောင်
ယန်းမူနှင့် ဟွားယင်တို့က ယခင်ခေါင်းစဉ်ကို ပြောဆိုနေကြဆဲ ဖြစ်၏။
“အဲဒီချန်းပေ့ရဲ့ ကျင့်ကြံဆင့်က အတော်လေးကို မြင့်မားလောက်တယ်။ ကျုပ်ဆရာကတောင် သူ့ကို လေးစားနေရတာ။ ကျုပ်ဆရာ ဒီလိုဖြစ်တာကို တစ်ခါမှ မမြင်ဖူးဘူး” ဟွားယင်က ပြောလိုက်သည်။
ယန်းမူက စိတ်ရှုပ်ထွေးစွာ မေးလိုက်၏။
“ပထမသခင်လေး သူတော်စင်က ဒေါသမထွက်ဘူးလား”
ဟွားယင်က ပြောလိုက်သည်။
“ခင်ဗျားတို့ နေဝင်ဂိုဏ်း အနိုင်ကျင့်ခံရတာ မထူးဆန်းတော့ဘူး။ ခုနှစ်စင်ကြယ်ဓားဂိုဏ်းက ခင်ဗျားခေါင်းပေါ် တက်စီးပြီး ဒီလိုပြုမူနေတာ။ တကယ်လို့ အဲဒီချန်းပေ့ကြောင့်သာ မဟုတ်ရင် ခင်ဗျား ကျုပ်နဲ့ဆိုရင် ပြောနိုင်မှာတောင် မဟုတ်ဘူး”
ယန်းမူက တိတ်ဆိတ်သွားလေသည်။ ဟွားယင်၏ ဆူပူမှုက ခံယူပြီးသည့်နောက်တွင် ဟွားယင်၏ စကားက မှန်ကန်ကြောင်း ခံစားမိလေ၏။ သူက လုကျိုးနှင့် အချိန်ကို ပြန်လည်တွေးတောမိသွားသည်။ သူ အလိုရှိသည့်အချိန်က တိုတောင်းသော်လည်း လုကျိုးက သူ့အား အမြောက်အများ ကူညီပေးခဲ့သည်။ အကယ်၍ သူတော်စင်တစ်ယောက်ကပင် လုကျိုးကို ရိုသေလေးစားနေရသည်ဆိုပါက သူ့လိုလူမျိုး လုကျိုး၏ အကူအညီကို လက်ခံထားရသည့်သူများက တခြားသူများကို နှိမ့်ချဖို့ မည်သို့များ အခွင့်အရေးရှိမည်နည်း။
ထိုစဉ် ဆောင်းဦးနှင်းစက်တောင်အပြင်ဘက်တွင် ပုံရိပ်နှစ်ခု ပေါ်ထွက်လာလေ၏။
ထိုသူနှစ်ဦး၏ တည်ရှိမှုကို ခံစားမိသည့် ဟွားယင်က ချက်ချင်းဆိုသလို ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
“ဆရာနဲ့ ချန်းပေ့ကို ဂါရဝပြုပါတယ်”
ယန်းမူကလည်း ဒူးထောက်ကာ ဝပ်တွားလိုက်သည်။
“သူတော်စင်ချန်ကို ဂါရဝပြုပါတယ်။ လောင်ချန်းပေ့ကိုလည်း ဂါရဝပြုပါတယ်”
ချန်ဖုက ယန်းမူကို လျစ်လျူရှုထားလေ၏။ သူက ယခင်ကထက်ပင် ပိုမိုရိုကျိုးနေလေသည်။
“ကျေးဇူးပြုပြီး”
လုကျိုးက မျှော်နန်းဆောင်အတွင်း ဝင်ရောက်လာသည်။
ယန်းမူ “…”
ယန်းမူက လုကျိုးကို တစ်ချက်ခိုးကြည့်ပြီးသည့်နောက်တွင် စိတ်ထဲတွင် တွေးလိုက်မိသည်။
ဒါက လုချန်းပေ့ရဲ့ တကယ့်သွင်ပြင်လား…
ထိုအရာကို ရှင်းလင်းပြီးသည့်နောက်တွင် လုကျိုးက ထိုင်ပြီးသည့်နောက်တွင် အဖန်ရည်ကို သောက်သုံးလိုက်၏။ သူက ခေတ္တမျှ အနားယူပြီးသည့်နောက်တွင် မတ်တတ်ရပ်ကာ ပြောလိုက်သည်။
“ဒီနေ့အတွက် အားလုံးကျေးဇူးပါပဲ။ သူက လူတွေကို အလွယ်တကူ ကျေးဇူးမတင်ဘူး။ ခင်ဗျားက ပထမဦးဆုံးပဲ”
ချန်ဖုက ပြောလိုက်သည်။
“အဲဒီအရာတွေ ပြောနေဖို့ မလိုပါဘူး။ ကျုပ် ချန်ဖုက ခင်ဗျားကို ဘယ်အချိန်ဖြစ်ဖြစ် ကြိုဆိုပါတယ်”
“ထပ်တွေ့ကြတာပေါ့”
“ထပ်တွေ့ကြမယ်”
ဤသို့ဖြင့် လုကျိုးက ဖျတ်ခနဲဖြင့် မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
ချန်ဖုက မျှော်နန်းဆောင်မှ ထွက်ခွာသွားခြင်း မရှိပေ။ ခေါင်းပေါ်က ကောင်းကင်ယံထဲ ကြည့်ပြီး ရေရွတ်လိုက်သည်။
“အသစ်တွေက အဟောင်းတွေကို အစားထိုးသွားတယ်။ မျိုးဆက်အသစ်တွေက အရင်ထက်ပိုပြီးတော့ ထူးချွန်နေတယ်။ သူက အရင်းအမြစ်စွမ်းအားကို ကိုင်ဆောင်ထားတယ်။ သူက ငါ အသက်ရှင်နေတုန်း မဟာလေဟာနယ်ကနေ ဒီကမ္ဘာဆီ ပြန်လာတာကို မြင်နိုင်ဖို့ မျှော်လင့်ပါတယ်”
ဟွားယင်နှင့် ယန်းမူ “…”
ချန်ဖုက ယန်းမူအား ကြည့်ကာ မေးလိုက်သည်။
“သူ့အတွက် မင်းက ဘာလဲ”
“ဒါက …”
အရာအားလုံးကို နဂိုကတည်းက နားလည်နေပြီဖြစ်သည့် ဟွားယင်က ဖြတ်ပြောလိုက်သည်။
“သူတို့က ပထမဦးဆုံးအကြိမ်တွေ့တဲ့ သူစိမ်းတစ်ယောက်ပါပဲ”
“ပထမဦးဆုံးအကြိမ်တွေ့တဲ့ သူစိမ်းတွေတဲ့လား” ချန်ဖုက စိတ်ပျက်သည့် အမူအရာမျိုး ပြလာလေသည်။
“ဒါက …”
“ငါက မင်းကို တောင်ထဲ ဝင်ခွင့်ပေးချင်တာ။ ထားလိုက်ပါတော့။ ဟွားယင် ဧည့်သည်ကို ပို့လိုက်တော့”
ဟွားယင် “အာ”
ဟွားယင်က ယန်းမူကို ကြည့်ကာ ချန်ဖုကို ပြောလိုက်သည်။
“သူ တောင်အောက် လိုက်ပို့လိုက်ပါဦးမယ်”
………………………………..
နှစ်ဦးသားက တောင်အောက်ရောက်သည့်အခါ ယန်းမူက စကားတချို့ကို ပြောချင်နေမိသည်။ သို့သော်လည်း ဟွားယင်က ကျောပေးကာ သူ့အား စကားမဆိုဘဲ အကာအရံအတွင်း ရှောင်ရှားသွားလေ၏။
ယန်းမူက လက်ဝှေ့လိုက်ပြီးသည့်နောက်တွင် သူ ပြောလိုသည့်စကားများကို ပြန်လည်မျိုသိပ်လိုက်သည်။ သူက လှည့်ကာ သက်ပြင်းချလိုက်၏။
“စောစောလေးက သူတော်စင်ကို ရန်စမိခဲ့ရင် ငါ ဘာလုပ်သင့်လဲ။ ချန်းပေ့ကို လိုက်ရှာရမယ်”
ယန်းမူက ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ မည်သူကမှ သတိမထားမိသည့်အခါ အလျင်အမြန် ထွက်ခွာသွားမိသည်။
………………………………………..
လုကျိုးက မမြန်လွန်း၊ မနှေးလွန်းသည့် အရှိန်ဖြင့် အနောက်ဖက်သို့ ပျံသန်းလာလေ၏။ သူက ပြန်လည်ဝင်စားခြင်းစာလိပ်ကို ရရှိပြီဖြစ်သည့်အတွက် အလျင်လိုနေခြင်း မရှိတော့ပေ။
သူ ပျံသန်းလာသဖြင့် အနက်ရောင်ကြာနယ်မြေ၏ ကိုးပါးပုံရိပ်ယောင်အစီအရင်မှ ရရှိခဲ့သည့် စာလိပ်အကြောင်း ပြန်လည်တွေးတောနေမိသည်။
ဝှစ်
အတွေးတစ်ချက်ဖြင့် သူက ထိုအရာကို ထုတ်ယူလိုက်၏။
အကြည့်တစ်ချက်ဖြင့် ထိုအရာသည် ဘာမှထူးကဲနေသည့်အရာဟူ၍ မရှိပေ။
“ဒါက သက္ကတကျမ်းထဲမှာ ဖုံးကွယ်ထားတဲ့ ပြန်လည်ဝင်စားခြင်းစာလိပ်လား” လုကျိုးက တိမ်တိုက်များကြားတွင် စဉ်းစားလိုက်သည်။
ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူက ကနဦးချီကို စုပ်ယူပြီး အသိစိတ်တစ်မျှင်ကို ထိုစာလိပ်အတွင်း ပို့ဆောင်လိုက်သည်။
“တာအိုက ဘာလဲ။ ဒါတွေအားလုံးက အဓိပ္ပာယ်မရှိဘူး…”
“…”
ရင်းနှီးသည့် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။
လုကျိုးက သူ့အသိစိတ်ဖြင့် စာလိပ်အတွင်း ရွေ့လျားလိုက်၏။ သူက ကမ္ဘာအသစ်အတွင်း ဝင်ရောက်လိုက်သလိုမျိုး ဖြစ်နေသည်။
မိုးသောက်ယံမရောက်ခင်နှင့်တူသည့် အမှောင်ထုရှိနေပြီး ကောင်းကင်စွမ်းအားက ကြယ်တာရာကောင်းကင်ထဲ ခပ်ဖျော့ဖျော့ တောက်ပနေသည်။
“နယ်မြေတစ်ခုရဲ့ ကြီးစိုးသူက တစ်ကမ္ဘာလုံးကို အုပ်စိုးနိုင်လိမ့်မယ်”
လုကျိုးက ရင်းနှီးပြီးသား အသံကို ထပ်မံ ကြားလိုက်ရသည်။
“လျှို့ဝှက်ဆန်းကြယ်စွမ်းအား၊ ပန်းချီကားချပ်၊ အပင်၊ သစ်ပင်၊ ပန်းပွင့်၊ တစ်ကမ္ဘာ၊”
“ရှင်သန်ခြင်းက သေဆုံးခြင်း၊ သေဆုံးခြင်းက ရှင်သန်ခြင်း”
လုကျိုး “…”
စာလိပ်ထဲတွင်ရှိနေသည့် ကမ္ဘာက ပျက်ယွင်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသည့် စုပ်ယူအားက လုကျိုး၏ အသိစိတ်ကို ပစ်မှတ်ထားလေသည်။ ထို့နောက် လုကျိုးက ဒေါသတကြီးအော်ဟစ်သံကို ကြားလိုက်ရ၏။
“နောင်တကို ဝန်ခံ။ အဲ့လိုဆိုရင် မင်းကို ကယ်တင်နိုင်တယ်”
နောက်ထပ် အသံတစ်သံက ပျံ့လွင့်လာလေသည်။
“တာအိုဆိုတာက ဘာလဲ။ မိစ္ဆာဆန္ဒက ဘာလဲ။ နောင်တက ဘာလဲ။ သောက်စကားတွေ”
ဝှစ်
လုကျိုးက စုပ်ယူအားသည် ပိုမိုပြင်းထန်လာကြောင်း ခံစားမိပြီးသည့်အခါ အသေးစိတ်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ သူ့အသိစိတ်ကို ပြန်လည်ရုတ်သိမ်းရသည့် ဖြစ်စဉ်က သူ့ကနဦးချီ၌ အဟန့်အတား ဖြစ်နေခဲ့၏။ အပြန်အလှန်အနေဖြင့် သူသည် ကောင်းကင်မှ ပြုတ်ကျလာလေသည်။ ပေတစ်ထောင်မှ ပြုတ်ကျလာပြီးသည့်နောက်တွင် သူက သူ့ကိုယ်သူ ပြန်လည်ထိန်းညှိလိုက်သည်။
“တကယ့်ကို အားကောင်းတဲ့ စွမ်းအားပဲ” လုကျိုးက ရေရွတ်ပြီးသည့်နောက်တွင် သူ့လက်ထဲမှ စာလိပ်ကို ကြည့်လိုက်သည်။
“ဒါက လုထျန်းထုံ ကမ္ဘာကြီးဆီ ပေးချင်တဲ့ လျှို့ဝှက်နည်းစနစ်လား”
သို့သော်လည်း လုကျိုးက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ထိုအတွေးကိုဖယ်ရှားလိုက်သည်။ ဤသည်က သူ ကြားသည်က လုထျန်းထုံ၏ အသံများသာ မကဘဲ ယခုကောက်ချက်ချဖို့ရာ အတော်လေး စောလွန်းလှ၏။
လုထျန်းထုံက အနက်ရောင်ကြာနယ်မြေကို လွန်ခဲ့သည့်နှစ်သုံးသောင်းခန့်က အုပ်စိုးခဲ့သည့် ဒဏ္ဍာရီလာတစ်ခုဖြစ်သည်။ သို့သော်လည်း သူက နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ရ၏။
သက္ကတကျမ်းမှ စာလိပ်သည် ကောင်းကင်ကျမ်းမှ စုပ်ယူခြင်း ခံလိုက်ရသော်လည်း ကျန်ရှိနေသည့်စွမ်းအားက အင်မတန် ထူးကဲနေဆဲသာဖြစ်၏။
လုကျိုးက ခေါင်းယမ်းလိုက်သည်။ ယခင်နှင့် တူညီစွာ သူက အဖြေမရသည့် မေးခွန်းများစွာ ရှိနေလေသည်။
“ထားလိုက်ပါတော့။ အခု ပြန်သွားရမယ်” လုကျိုးက သက္ကတကျမ်းကို သိမ်းဆည်းလိုက်၏။ သူက ထိုကိစ္စကို နောက်မှ စဉ်းစားလိုက်သည်။ ပြောရမည်ဆိုလျှင် ယခု စီးဝူယာ့က အရေးကြီးသည့် အခြေအနေသို့ ကျရောက်နေလေ၏။
လုကျိုးက ထွက်ခွာသွားတော့မည့်ဆဲဆဲတွင် တောင်ဖက်နှင့် မြောက်ဖက်တွင် ကျင့်ကြံသူမြောက်များစွာ ထွက်ပေါ်လာလေ၏။ ထို့နောက် လေထဲ အသံတစ်သံ ထွက်ပေါ်လာသည်။
“ကျေးဇူးပြုပြီး နေပါဦး”
...
အခန်း (၁၄၀၇) ကျေးဇူးမသိတတ်သော တပည့်များ
လုကျိုးသည် လူသစ်များကို လျစ်လျူရှုထားလိုက်သည်။
မင်း နေခိုင်းတာနဲ့ ငါက နေရမှာလား။
လုကျိုးသည် လှစ်ကနဲပင် ပေထောင်ချီအကွာ၌ပေါ်လာ၏။ သူ နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်ချိန်တွင် အရှေ့အရပ်နှင့် မြောက်အရပ်မှ ရောက်လာသည့်လူနှစ်ယောက်ကို တွေ့လိုက်ရသည်။ သူတို့က ဆရာသခင်များဖြစ်ဟန်တူသည်။
လုကျိုးက ခဏတဖြုတ်စောင့်လိုက်လေ၏။ သူတို့အနားကပ်လာချိန်တွင် ဝတ်ရုံစိမ်းဝတ်ထားတာကို တွေ့လိုက်ရ၏။ တောင်ဖက်ဝေဟင်ထဲရှိ လူလတ်ပိုင်းကျင့်ကြံသူက လုကျိုးဖက် လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။ “နှုတ်ခွန်းဆက်ပါတယ် လုချန်းပေ့”
ပြီးနောက် မြောက်အရပ်မှလာသည့် လူငယ်ကျင့်ကြံသူက လုကျိုးဖက်လက်သီးဆုပ်မိုးကာ ပြောလိုက်သည်။ “နှုတ်ခွန်းဆက်ပါတယ် လုချန်းပေ့”
လုကျိုးက သိချင်သွားလေ၏။ သူ့ရဲ့မျိုးရိုးက လုဆိုတာ သူတို့ ဘယ်လိုလုပ်သိတာလဲ။ သူက မေးလိုက်တော့သည်။ “မင်းတို့ငါ့ကို သိလား”
“ကျုပ်က သူတော်စင်ချန်ရဲ့ဒုတိယတပည့် လျန့်ယွီဖုန်း”
“ကျုပ်က သူတော်စင်ချန်ရဲ့စတုတ္ထတပည့် ယွင်ထုံရှောင်ပါ”
လုကျိုးသည် နောက်ဆုံး၌ သဘောပေါက်သွားလေ၏။ ချန်ဖု၏အစေခံများသည် သူ လာရောက်လည်ပတ်မည့်အကြောင်း သူတို့ကို အကြောင်းကြားထားတာပဲဖြစ်မည်။
လျန့်ယွီဖုန်းက အလျင်စလိုပြောလိုက်လေ၏။ “လုချန်းပေ့ကို တားဖို့မရည်ရွယ်ပါဘူး။ ကျုပ် ရှစ်စွင်းအပေါ် ကျေးဇူးတရားသိတတ်မှု ပြသချင်ပေမဲ့ ရှစ်စွင်းက အမြဲတမ်း တံခါးပိတ်ကျင့်ကြံနေတာ”
လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။ “မင်းရဲ့ဆရာကို ကျေးဇူးတရားဖော်ပြချင်တယ်ဆိုရင် သူ့ကို သွားရှာလေ။ ငါ့ကို ဘာလို့လာရှာတာလဲ”
လျန့်ယွီဖုန်းက ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။ “ကျုပ်ရဲ့ဆရာက ခေါင်းမာပြီး ကျုပ်တို့ကို မတွေ့ချင်ဘူး။ ဆရာကြီး ကျုပ်ဆရာရဲ့ကျန်းမာရေးဘယ်လိုလဲ”
လုကျိုးက ရင်ထဲထိတ်ခနဲ ဖြစ်သွားလေ၏။ ချန်ဖုရဲ့ ကျန်းမာရေးအခြေအနေကို မေးရုံပဲလား။ တခြားသူသာဆိုလျှင် ဤစကားများနောက်ကွယ်ရှိ သွယ်ဝိုက်ပြောဆိုမှုကို နားမလည်လောက်ပေ။ သို့သော် ချန်ဖုက အသက်ကုန်ဆုံးခါနီးပြီမှန်း သူ သိနေ၏။ အဆုံးကျ သူက ပြောလိုက်သည်။
“မင်းတို့ ငါပြောတာ နားမလည်ဘူးလား”
“ဟမ်”
“မင်းတို့ဆရာကို သွားရှာသင့်တယ်။ နှုတ်ဆက်ပါတယ်”
ဆိုရိုးစကားရှိသည့်အတိုင်း လူတစ်ယောက်၏စိတ်နှလုံးကို မျက်နှာပေါ်တွင်မြင်နိုင်၏။
ဤနှစ်ယောက်သားက တပည့်ကောင်းများဖြစ်ပုံမပေါ်။ ယှဉ်ကြည့်လျှင် လုကျိုးသည် သူ၏ အဌမတပည့်လိုလူမျိုးကို ပိုသဘောကျပေ၏။ ကျူးဟုန်ကုံးသည် လက်ကြောမတင်းပုံပေါ်သော်ငြား သူ့၌ စိတ်နှလုံးကောင်းရှိပြီး ဆရာတူတပည့်များကို ကောင်းကောင်းမွန်မွန်ဆက်ဆံသည်။ ကျူးဟုန်ကုန်း၏ အကျင့်စရိုက်က ကျင့်ကြံမှုထက်သာလွန်သည်။
ထိုစဉ် အဝေးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် မြောက်ပိုင်းနှင့်တောင်ပိုင်းဆီကနေ လျန့်ယွီဖုန်းနှင့် ယွင်ထုံရှောင်နောက်မှ ပေါ်လာ၏။ သူတို့က အယောက်တစ်သောင်းကျော်ရှိသည်။
လျန့်ယွီဖုန်းက လက်သီးဆုပ်မိုးလျက်ပြောလိုက်သည်။ “ချန်းပေ့ ဘာပဲဖြစ်ဖြစ်မေးရမယ်။ ရွေးချယ်ခွင့် ရှိမယ်ဆိုရင် ဒီကိုလာမှာမဟုတ်ဘူး”
လုကျိုးသည် လျန့်ယွီဖုန်း၏စကားကြောင့် အနည်းငယ်ဒေါသထွက်သွားတော့သည်။ ချန်ဖု၏ ညှိုးရော်နေသော တွေးမိပြီး သူ ကရုဏာသက်မိသွားလေ၏။ သူက ပြောလိုက်တော့သည်။
“ကျေးဇူးမသိတတ်တဲ့ တပည့်တွေ။ မင်းတို့ဆရာက မင်းတို့ကိုမတွေ့ချင်ဘူးဆိုရင် မင်းတို့အမှားလုပ်ထားတာပဲဖြစ်မယ်”
“ဒါက”
လုကျိုးက အကြောင်းအရာ ပြောင်းပြောလိုက်ပြီး မေးလိုက်၏။ “မင်းတို့နှစ်ယောက်လုံးက ချန်ဖုသေမှာကို စောင့်နေတာလား”
“...”
လျန့်ယွီဖုန်းနှင့် ယွင်ထုံရှောင်၏မျက်လုံးသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်သွား၏။
လျန့်ယွီဖုန်း၏ထိတ်လန့်မှုကို ဒေါသအစားထိုးဝင်ရောက်လာသောအခါ သူက ပြောလိုက်သည်။ “ချန်းပေ့ ကျုပ်တို့က လူကြီးမင်းကို ကျုပ်တို့ဆရာရဲ့ဧည့်သည်အနေနဲ့လေးစားတာ။ ခင်ဗျား ရိုင်းရိုင်းပျပျ ပြောလို့ရတယ်လို့ မဆိုလိုဘူး”
ယွင်ထုံရှောင်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်လေ၏။ “ဧည့်သည်က ဧည့်သည့်ပါပဲ။ ဒါပေမဲ့ တာ့ဟန်ရဲ့ စည်းမျဉ်းတွေအရ အပြင်လူတွေကို ခေါင်းဖြတ်သင့်တယ်။ ကျုပ်ဆရာကြောင့်သာမဟုတ်ရင် ခင်ဗျား ထွက်သွားနိုင်မှာမဟုတ်ဘူး”
လုကျိုးက ခေါင်းခါလျက် ရယ်မောလိုက်တော့သည်။ “ချန်ဖု ရုတ်တရက်ပြောင်းလဲသွားတာ အံ့ဩစရာမရှိဘူးပဲ”
နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ဇဝေဇဝါဖြစ်သွားလေ၏။
လုကျိုးက လေးနက်တည်ကြည်စွာ ပြောလိုက်တော့သည်။ “ကောင်းပြီ မင်းတို့ဆရာကိုယ်စား မင်းတို့ကို သင်ခန်းစာပေးမယ်”
လုကျိုးသည် ကောင်းကင်စွမ်းအား မြှုပ်နှံထားသည့်လက်ကိုမြှောက်လိုက်၏။ ပြီးနောက် တောင်တစ်တောင်ကဲ့သို့ လက်ဝါးစည်းတံဆိပ်ကို လျန့်ယွီဖုန်းဆီရိုက်ချလိုက်သည်။
“ပြစ်ချက်ရှိ ပြီးပြည့်စုံခြင်း”
လျန်ယွီဖုန်းက အလွန်ယုံကြည်ချက်ရှိ၏။ တွန်းလှန်ရန် လက်မြှောက်လိုက်၏။ သူ လက်ဝါးစည်းတံဆိပ် ထုတ်မသုံးနိုင်သေးခင် လုကျိုး၏ လက်ဝါးစည်းတံဆိပ်က လေဟာနယ်ကိုခွင်းလျက် မျက်စိတစ်မှိတ်အတွင်း သူ့ရှေ့၌ရောက်လာပြီဖြစ်သည်။
ဘန်း
လျန့်ယွီဖုန်းက နောက်သို့ လွင့်ထွက်သွားလေ၏။ ယွင်ထုံရှောင်က ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွားတော့သည်။ ပြီးနောက် သူက လှစ်ကနဲပင် ပုံရိပ်ယောင်များချန်ရစ်ခဲ့လေ၏။
ထိုစဉ် ကျင့်ကြံသူတစ်သောင်းက တညီတညွတ်တည်းလှုပ်ရှားတော့သည်။ သူတို့၏ဝတ်ရုံစိမ်းများက လွင့်နေပြီး တောက်ပနေလေ၏။
လုကျိုးသည် ဝေဟင်ထဲလှစ်ကနဲတက်သွားကာ လက်ဝါးကိုဖိချလိုက်သည်။ သူ၏ ကောင်းကင်စွမ်းအားကို အသုံးပြုပြီး တချိန်တည်းတွင် သဲနာရီကို အသုံးပြုလိုက်၏။
“အေးခဲစေ”
ကောင်းကင်စွမ်းအားတွင် မြှုပ်နှံထားသော အလင်းတန်းက သဲနာရီကနေ အရပ်မျက်နှာအနှံ့ ပေါ်ထွက်လာပြီး ကျင့်ကြံသူတစ်သောင်းကို ဖြတ်တိုက်သွားတော့၏။
သဲနာရီ၏အာနိသင်က အချိန်မည်မျှကြာမည်မှန်း သူ မသိသော်ငြား ၎င်းအလွန်အစွမ်းထက်ကြောင်း အာရုံခံမိသည်။ သူက မြန်ဆန်သောအရှိန်ဖြင့် ရှေ့သို့လှစ်ကနဲတက်သွားပြီး ဝေဝါးပြီး ပျောက်ကွယ်သွားသည်အထိ ပုံရိပ်ယောင်များ ချန်ရစ်ခဲ့၏။
သုံးစက္ကန့် မပြည့်မီ၌ လုကျိုးသည် အရပ်မျက်နှာအနှံ့သို့ လက်ဝါးစည်းတံဆိပ် တစ်သောင်း ထုတ်သုံးလိုက်သည်။
သဲနာရီမှ အာနိသင် လွင့်ပြယ်သွားသည့်အချိန်တွင် ...
ဖုန်း
ယွင်ထုံရှောင်အပါအဝင် ကျင့်ကြံသူတစ်သောင်းကျော်သည် နောက်သို့ တပြိုင်နက်တည်း လွင့်ထွက်သွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလာလေ၏။ ပိုအားနည်းသော ကျင့်ကြံဆင့်ရှိသူတို့သည် သွေးအန်ကုန်တော့သည်။ သူတို့သည် တိုက်ခိုက်မှုကို လုံးဝခံနိုင်ရည်မရှိချေ။ သဲနာရီကြောင့် တိုက်ခိုက်မှုသည် မည်သည့်နေရာမှမသိ ပေါ်ထွက်လာ၏။
မီတာတစ်ထောင်အကွာတွင်ဖြစ်သည်။
ယန်းမူက ထိုမြင်ကွင်းကို မြင်သောအခါ ကြက်သေသေသွားတော့၏။ သူ၏ ဒုတိယမြောက် မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ပြီးပြီဖြစ်သောကြောင့် ထိုမျှအကွာအဝေးကို မြင်တွေ့ဖို့က ပြဿနာမရှိပေ။
သူက ထိုပုံရိပ်ကို မြင်သောအခါ တအံ့တဩပေါ်လိုက်၏။ “လုချန်းပေ့လား”
ပြီးနောက် သူက ထိတ်လန့်စွာပြောလိုက်မိ၏။ “လျန့်ယွီဖုန်း၊ ယွင်ထုံရှောင်လား” ယန်းမူသည် လုကျိုးက ချန်ဖု၏ တပည့်ကြီးဟွားယင်ကို လျစ်လျူရှုထားပြီး ချန်ဖုဆီမှတိုက်ကွက်သုံးကွက်ကို ပြီးပြည့်စုံစွာ ရှောင်ရှားခဲ့ပုံကို တွေးမိသွား၏။ ယခုလျန့်ယွီဖုန်းနှင့် ယွင်ထုံရှောင်တို့က လုကျိုးဆီမှ တိုက်ကွက်တစ်ကွက်တောင် ခံနိုင်ရည်မရှိပေ။ ပြီးနောက် သူသည် ချန်ဖု၏သဘောထား ရုတ်တရက်ပြောင်းလဲသွားတာကို တွေးမိပြီး နောက်ဆုံး၌ သဘောပေါက်သွားလေ၏။
“ငါ သိသွားပြီ။ စာအုပ်တစ်အုပ်ကို အဖုံးနဲ့ တကယ်ဆုံးဖြတ်လို့မရဘူးပဲ”
ဖြန်း
ယန်းမူသည် ဒေါသတကြီးကျိန်ဆဲပြီး သူ့ကိုယ်သူရိုက်လိုက်၏။ “ယန်းမူ ပြောရရင် မင်းက နေဝင်ဂိုဏ်းရဲ့ဂိုဏ်းချုပ်ပဲလေ။ ဘာကြောင့် အမြင်မရှိရတာလဲ။ သူတော်စင်ကို တွေ့တာကြောင့် မင်းရဲ့ခေါင်းက နောက်ပြီးဘာကြောင့် ဒီလိုရူးရူးမိုက်မိုက်ပြုမူရတာလဲ။ ဒီလိုပုဂ္ဂိုလ်ကြီး မင်းရဲ့ဘေးမှာ ရှိနေတာတောင် မသိကျိုးကျွန်လုပ်ခဲ့တယ်။ ဘယ်လောက်တောင် တုံးအတာလဲ”
ယခုအချိန်တွင် ယန်းမူ၏ရင်ထဲ၌ လုကျိုး၏အဆင့်အတန်းက ချန်ဖုနှင့်တစ်တန်းတည်းရှိနေပြီဖြစ်သည်။
လုကျိုးသည် ဝေဟင်ကနေ လူတိုင်းကို ငုံ့ကြည့်လိုက်၏။
လျန့်ယွီဖုန်းနှင့် ယွင်ထုံရှောင်က အပေါ်ကိုမော့ကြည့်ကာ လုကျိုးကို ထိတ်လန့်စွာကြည့်နေမိ၏။ နှစ်ယောက်သားသည် လုကျိုးက မြင့်မြတ်သောအမွေအနှစ်ရှိသည့် မဟာဆရာသခင်တစ်ပါးဖြစ်ရမည်ဟု လျင်မြန်စွာ ကောက်ချက်ချလိုက်၏။ ဤပေါင်းစည်းမှုဖြင့် လုကျိုးသည် သူတော်စင်အဆင့်အောက်နှင့်ယှဉ်နိုင်မည်ဖြစ်သည်။
လုကျိုးက ပြောလိုက်သည်။ “ချန်ဖုက ဒီလောက်အချိန်အကြာကြီး ရှင်သန်နေထိုင်ခဲ့တာ မင်းတို့နှစ်ယောက် ဘာတွေးနေလဲ သူ တကယ်မသိဘူးထင်နေလား”
နှစ်ယောက်သားက ရှက်ရွံ့သွားလေ၏။
လုကျိုးက ဆက်ပြောလိုက်သည်။ “ချန်ဖုကို ထောက်ပြီးမင်းတို့အသက်ကို ချမ်းသာပေးမယ်။ အကြံတစ်ခုလည်းပေးလိုက်မယ်”
လျန့်ယွီဖုန်းနှင့် ယွင်ထုံရှောင်က ယခုဆို ပိုသိတတ်လာပြီဖြစ်သည်။ သူတို့က လုကျိုးဖက် လက်သီးဆုပ်မိုးလိုက်၏။
“ချန်း ချန်းပေ့ ကျေး ကျေးဇူးပြုပြီးပြောပါ”
“တစ်ယောက်ကို တစ်ယောက် စိတ်ရင်းမှန်နဲ့ ဆက်ဆံ” လုကျိုးက ပြောပြီးနောက် လက်ဝေ့ယမ်းလိုက်သည်။
ဤနည်းဖြင့် နတ်ခြင်္သေ့သည် ဝေးလံသော တိမ်တိုက်များဆီကနေ လုကျိုးဖက်သို့ ပျံသန်းလာ၏။ ၎င်းက လုကျိုးတက်ရန်ခေါင်းငုံ့ပေးလိုက်သည်။
နတ်ခြင်္သေ့ကို ယဉ်ပါးအောင်လုပ်နိုင်သည့်သူက မည်ကဲ့သို့ရိုးရှင်းမည်နည်း။
လုကျိုး ထွက်ခွာသွားတာကို လျန့်ယွီဖုန်းနှင့် ယွင်ထုံရှောင်က အထိတ်တလန့်ကြည့်နေမိ၏။
တစ်ချိန်တည်းတွင် အသိစိတ်ပြန်ကပ်လာသော ယန်းမူက တတ်စွမ်းသမျှအားကုန်ထုတ်သုံးပြီး လုကျိုးနောက် လိုက်သွားပြီး အော်ပြောလိုက်၏။ “လုချန်းပေ့ ကျွန်တော့ကို စောင့်ပါဦး”
အလိုလေး နောက်ကျလွန်းသွားပြီဖြစ်သည်။ လုကျိုးသည် တိမ်တိုက်များကြား ပျောက်ကွယ်သွားနှင့်ပြီ ဖြစ်သည်။
ထိုစဉ် လျန့်ယွီဖုန်းနှင့် ယွင်ထုံရှောင်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သက်ပြင်းချမိသွား၏။
“စိတ်ရင်းမှန်နဲ့ဆက်ဆံဖို့လား”