← Chapters

အခန်း (၁၄၁၄-၁၄၁၆)

Vol. 95 Ch. 1414-1416

အခန်း (၁၄၁၄-၁၄၁၆)

Vol. 95 Ch. 1414-1416

အခန်း (၁၄၁၄) ကောင်းကင်ဘုံနှင့် ထိပ်တိုက်တွေ့ဆုံခြင်း

လန်ရှီဟယ်က ချက်ချင်း သဘောပေါက်သွားကာ မေးလိုက်သည်။

“မျှော်နန်းသခင်လုရဲ့ အဓိပ္ပာယ်က ငြိမ်းချမ်းရေးသားရဲက ရှင့်ရဲ့ တပည့်ကို သတ်လိုက်တယ်လို့ ပြောချင်တာလား”

လုကျိုးက လန်ရှီဟယ်အား မျက်တောင်မခတ်ဘဲ စိုက်ကြည့်လိုက်သည်။ လန်ရှီဟယ်က ထိုသို့သော ကိစ္စကြီးကြီးမားမားကို မည်သို့မသိဘဲ နေသနည်း။

လန်ရှီဟယ်က လုကျိုး၏ မျက်ဝန်းထဲ ရန်လိုမှုကို ရှင်းရှင်းလင်းလင်းမြင်၍ ပြောလိုက်သည်။

“ကျွန်မက ငြိမ်းချမ်းရေးငှက်ကို ထိန်းချုပ်ထားတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သားရဲသခင် ယန်လျန်ရှန်းကလဲ ထိန်းချုပ်နိုင်တယ်။ ငြိမ်းချမ်းရေးငှက်နဲ့ မီးနတ်ဘုရားလင်ကွမ်းတို့က ရန်သူဟောင်းတွေလေ။ သူတို့နှစ်ယောက်လုံးက ငြိမ်းချမ်းရေးတောင်ပေါ်မှာ ပျောက်ကွယ်သွားကြတယ်။ အဲဒါက ကျွန်မ သိထားတဲ့ အရာအားလုံးပဲ။ ရှင် ယုံချင်ယုံ၊ မယုံချင်နေ။ ရှင့်အပေါ်ပဲ မူတည်တယ်”

“မင်း တကယ် မသိဘူးလား” လုကျိုးက မေးလိုက်သည်။

လန်ရှီဟယ်ဘေးနားတွင် ရပ်နေသည့် အပြာဝတ်အမျိုးသမီးက ရုတ်တရက် ပြောလိုက်သည်။

“ကျွန်မသခင်ရဲ့ အဆင့်အတန်းနဲ့ ဒီကိစ္စမျိုးကို ရှင့်ကို ရှင်းပြနေစရာမလိုဘူး”

အပြာဝတ်အမျိုးသမီးက အတိတ်တုန်းကသူနှင့် အတူတူ မဟုတ်တော့ပေ။ ယခု သူမက သာလွန်မှု အငွေ့အသက်တို့ကို ထုတ်လွှတ်နေလေ၏။

လုကျိုးက တုံ့ဆိုင်းမနေဘဲ အံ့ဖွယ်စွမ်းအား သုံးပုံတစ်ပုံ ပေါင်းစည်းထားသည့် လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှတ်လိုက်သည်။ အံ့ဖွယ်စွမ်းအားက ဖိနှိပ်မှုနှင့် ခြိမ်းခြောက်မှုတို့ကို ဆောင်ကြဉ်းပေးလိုက်၏။

အပြာဝတ်အမျိုးသမီး၏ အမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ ဆယ်မီတာခန့် အလျင်စလို နောက်ဆုတ်လိုက်သည်။

သို့သော်လည်းလက်ဝါးစည်းတံဆိပ်က အာကာပြင်ကို ထိုးခွင်းသွားကာ အပြာဝတ်အမျိုးသမီးရှေ့ မျက်စိတစ်မှိတ်အတွင်း ပေါ်ထွက်လာလေသည်။

လန်ရှီဟယ်က တအံ့တဩ ရေရွတ်လိုက်၏။

“ဆရာသခင်လား”

ထို့နောက် လန်ရှီဟယ်က သူမ၏ နေမင်းကဲ့သို့ တောက်ပနေသည့် ညာဖက်လက်ကို မြှောက်ကာ လက်ဝါးစည်းတံဆိပ်ကို ပယ်ဖျောက်လိုက်သည်။

ချင်ရန်ယွဲ့နှင့် လုကျိုး “…”

ချင်ရန်ယွဲ့က ထိုမြင်ကွင်းကို မြင်သည့်အခါ သူ့ နှလုံးခုန်နှုန်းက ယခင်ကထက်ပင် ကျယ်လောင်လာလေ၏။ သူ့ရှေ့တွင် ရှိနေသည့် အမျိုးသမီးက အမှန်တကယ် အားကောင်းလှသည်။

လန်ရှီဟယ်က လက်ကိုအောက်ချလိုက်သည့်အခါ အလင်းရောင်က ပျောက်ကွယ်သွားလေသည်။ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားပြီးသည့်နောက်တွင် သူမက ပြောလိုက်၏။

“ရှင့်ကို အချိန်တိုအတွင်း ဆရာသခင်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထင်မထားမိဘူး”

လုကျိုးကလည်း အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။

“ခင်ဗျားကလည်း ပုံရိပ်ယောင်ထက်ပိုပြီး အားကောင်းနေတာပဲ”

လန်ရှီဟယ်၏ အမူအရာက လုကျိုးက ပုံရိပ်ယောင်အကြောင်း ပြောသည့်အခါ အနည်းငယ် မသာမယာဖြစ်သွားလေ၏။ သူမ၏ အစစ်အမှန်ကိုယ်ဖြစ်စေ သို့မဟုတ် ပုံရိပ်ယောင်ဖြစ်စေကာမူ သူမက လုကျိုး၏ တိုက်ကွက်သုံးခုကြောင့် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားရသည့်အချက်ကို ငြင်းဆန်နေ၍ မရပေ။ မဟာလေဟာနယ်၏ မြင့်မြတ်မိန်းမပျိုတစ်ယောက်အနေဖြင့် ဤကိစ္စက အမှန်တကယ် ရှက်ဖို့ ကောင်းလှသည်။ မျှခြေထိန်းညှိသူတစ်ယောက်အနေဖြင့် သူမက နယ်မြေ၉ခုမှ လူများကို မဖိနှိပ်နိုင်လျှင် လုပ်ရည်ကိုင်ရည်ရှိသည်ဟု မည်သို့များ ခေါ်ဆိုနိုင်ပါ့မည်နည်း။

လန်ရှီဟယ်က ပြောလာသည်။

“အရင်တုန်းက ကျွန်မက မှတ်ဉာဏ်တွေမပါပဲနဲ့ ပုံရိပ်ယောင်ကို ဖွဲ့ဖို့ အထွတ်အမြတ်အမွေအနှစ်တစ်ခုကို သုံးခဲ့ရတယ်။ ကျွန်မက ငြိမ်းချမ်းရေးအတွက် အဖြူရောင်မျှော်စင်အဖွဲ့အစည်းမှာပဲ နေခဲ့ရတယ်။ တကယ်လို့ ကျွန်မသာ ပုံရိပ်ယောင်နဲ့ မှတ်ဉာဏ်နည်းနည်းကို ချန်ထားခဲ့မယ်ဆိုရင် ရှင် ကျွန်မကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး”

လေထုက တင်းကြပ်လာကာ တိုက်ပွဲက အချိန်မရွေး ဖြစ်ပျက်တော့မလိုမျိုး ဖြစ်နေသည်။ ချင်ရန်ယွဲ့က လက်ဝှေ့ကာ ပြောလိုက်သည်။

“ဒီကိစ္စကို ထိပ်တိုက်ပြောလို့ရမလား”

ချင်ရန်ယွဲ့က လုကျိုးအား အဓိပ္ပာယ်ပါပါ မျက်လုံးမှိတ်ပြလိုက်သည်။

လုကျိုးက ချင်ရန်ယွဲ့ကို လျစ်လျူရှုကာ ပြောလိုက်သည်။

“အဲ့လိုဆိုလည်း တဲ့တိုးပဲ ပြောကြရအောင်”

“ပြောပါ” လန်ရှီဟယ်က ပြောလိုက်သည်။

“တစ်ယောက်ယောက်ကို သတ်ပြီးတဲ့နောက်မှာ သူတို့ရဲ့ အသက်နဲ့ ပြန်ပြီးပေးဆပ်သင့်တာပဲလေ” လုကျိုးက ပြောလိုက်သည်။

“ငြိမ်းချမ်းရေးငှက်၊ ယန်လျန်ရှန်း၊ ယွဲ့ချီနဲ့ ယန်ကျင်းဟုန်တို့ အားလုံးက ငြိမ်းချမ်းရေးတောင်ပေါ်မှာ သေဆုံးသွားတယ်။ မလုံလောက်သေးဘူးလား” လန်ရှီဟယ်က စိတ်ရှုပ်ထွေးသွားလေသည်။ အကယ်၍ သူမသာ လုကျိုးကို သိထားသည့်အချက်ကြောင့်သာ မဟုတ်လျှင် လုကျိုးက ဧရာမဖြစ်ရပ်ကြီးအပေါ် အပြစ်တင်ခံရသည့်သူဖြစ်သင့်လေ၏။

“သူတို့အားလုံးကို လင်ကွမ်းက သတ်လိုက်တာ။ ငါနဲ့ ဘာဆိုင်လို့လဲ” လုကျိုးက အမူအရာကင်းမဲ့စွာ ပြောလိုက်သည်။

“…”

လန်ရှီဟယ်က ဆွံ့အသွားလေ၏။

ချင်ရန်ယွဲ့က မဟာလေဟာနယ်မှ လူများသည် ဤမျှအကျိုးအကြောင်းသင့်လိမ့်မည်ဟု ထင်မှတ်မထားမိပေ။ သူက ထိုအရာကို မယုံကြည်နိုင်ဖြစ်နေမိ၏။ ခဏအကြာတွင် သူက ပြောလိုက်သည်။

“ခင်ဗျားက နောက်ကွယ်မှာရှိနေတယ်လို့တော့ မထင်ပါဘူး။ ခင်ဗျား လုပ်ရမှာက ဘယ်သူက တရားခံလဲဆိုတာ ပြောရုံပဲ”

“တရားခံက ယွဲ့ချီပဲ။ တခြားသူမရှိဘူး” လန်ရှီဟယ်က သက်ပြင်းချကာ ပြောလိုက်သည်။

“ကျွန်မလည်း ဒီလိုကိစ္စဖြစ်လာမယ်လို့ ထင်မထားမိဘူး။ ကျွန်မ စိတ်မကောင်းပါဘူး။ ဒီကိစ္စကို အထွတ်အမြတ်ခန်းမကနေ ဖုံးကွယ်ထားပါ့မယ်။ ရှင့်ရဲ့ ဆုံးရှုံးမှုအတွက်လည်း စိတ်မကောင်းပါဘူး”

လုကျိုးက တိတ်ဆိတ်သွားလေသည်။ အကယ်၍ တခြားတစ်ယောက်ရောက်လာမည်ဆိုပါက သူသည် စကားဆိုမနေဘဲ အသုံးအဆောင်ပစ္စည်းကတ်များစွာကို ပစ်လွှတ်မိလိမ့်မည်။

သူက လန်ရှီဟယ်နှင့် တွေ့ဆုံဖို့ ထင်မှတ်မထားမိပေ။ သူမနှင့် စကားပြောဆိုပြီးသည့်နောက်တွင် သူမက အဖြစ်အပျက်ကို မသိကြောင်း သိသာလှ၏။ ထို့အပြင် သူမ၏ စွမ်းအားအပေါ်မူတည်၍ လိမ်ညာနေဖို့ရာ မလိုအပ်ပေ။ ထို့အပြင် သူမက ယဲ့ထျန်းရှင်းနှင့် မိစ္ဆာဝေဟင်မျှော်နန်းကို တစ်ခါက ကူညီပေးခဲ့ဖူး၏။ ယခုအခါ မဟာလေဟာနယ်နှင့် ရန်သူလုပ်ဖို့ အချိန်မကျသေးပေ။

လုကျိုး စဉ်းစားနေသည်ကို မြင်သည့်အခါ လန်ရှီဟယ်က တဲ့တိုးသာပြောလိုက်သည်။

“နှုတ်ဆက်ပါတယ်” ထို့နောက် လန်ရှီဟယ်က ပျံသန်းသွားလေ၏။ နေမင်း၊ လမင်းနှင့် ကြယ်တာရာစက်ဝန်းတို့က ဝံ့ဝံ့စွားစွား တောက်ပလာကာ မျက်စိတစ်မှိတ်အတွင်း အားလုံးက မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ချင်ရန်ယွဲ့က သက်ပြင်းချကာ ပြောလိုက်၏။

“သူမက အရမ်းကို အားကောင်းတယ်”

“ဟုတ်တယ်” လုကျိုးက ပြောလိုက်သည်။

“ကံကောင်းတာက သူမက အမှားနဲ့ အမှန်ကို ခွဲခြားတတ်တာပဲ။ တကယ်လို့ ကျုပ်တို့သာ တိုက်မယ်ဆိုရင် တိုက်ပွဲအကျိုးဆက်က စိတ်ကူးကြည့်လို့ရမှာ မဟုတ်ဘူး” ချင်ရန်ယွဲ့က ပြောလိုက်သည်။

လုကျိုးက တိတ်ဆိတ်သွားလေ၏။ သူ ယခု ပြောသည့်အရာက ကြွားလုံးထုတ်သလို ဖြစ်နေသော်လည်းကိစ္စများက ပိုမိုနေရခက်လာစေသည်။ ခဏအကြာတွင် ပုံရိပ်ယောင်တစ်ခု ပျံသန်းလာလေ၏။

“ထွက်သွားပြီလား”

ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်”

“တော်သေးတယ်။ အဲဒီအမျိုးသမီးက မရိုးရှင်းဘူး။ သူမကို သွားပြီး ရန်မစမိစေနဲ့။ မင်းတို့နှစ်ယောက်လည်း အတော်လေးကို သတ္တိကောင်းတာပဲ။ ပုန်းဖို့တောင် စိတ်ထဲမထားကြဘူး။ တကယ်လို့ သူမသာ ဒေါသထွက်မယ်ဆိုရင် ငါကိုယ်တိုင်တောင် ထွက်မတိုက်ရဲဘူး” ကျယ်ကျင့်အန်းက ပြောလိုက်သည်။

“ခင်ဗျားကြည့်ရတာ သူမကို ကြောက်နေတဲ့ပုံပဲ”

“သူမကို ကြောက်တာ မဟုတ်ဘူး။ သူမ နောက်ကွယ်က သူတွေကို ကြောက်တာ။ အဲဒါမှ သူမက နောင်အနာဂတ်မှာ အထွတ်အထိပ်သက်ရှိ ဖြစ်လာဖို့ အလားအလာရှိတယ်။ သူမကို လျှော့တွက်လို့ မရဘူး” ကျယ်ကျင့်အန်းက ပြောလိုက်သည်။

“အထွတ်အထိပ်သက်ရှိလား” ချင်ရန်ယွဲ့က အံ့အားသင့်သွားလေ၏။

“သူမမှာ မဟာလေဟာနယ်မျိုးစေ့ ရှိတယ်လေ” ကျယ်ကျင့်အန်းက ပြောလေသည်။

“…”

ချင်ရန်ယွဲ့က တိတ်ဆိတ်သွားလေ၏။ ထိုအမျိုးသမီးက အမှန်တကယ် အားကောင်းသည့် နောက်ခံတစ်ခု ရှိနေသည်။

ကျယ်ကျင့်အန်းက ပြောလိုက်သည်။

“မဟာလေဟာနယ်မှာ ခန်းမဆယ်ခု ရှိတယ်။ ၈ခုမြောက်ခန်းမကို အလင်းရောင်ခန်းမလို့ ခေါ်တယ်။ အခုတော့ ရှီဟယ်ခန်းမလို့ နာမည်ပြောင်းထားတာ။ အဲဒါက နာမည်ပြောင်းထားတဲ့ တစ်ခုတည်းသော ခန်းမပဲ။ ပြောရမယ်ဆိုရင် သူမက မဟာလေဟာနယ်ရဲ့ တာအိုသူတော်စင် ၁၂ယောက်ထဲက တစ်ယောက်ပေါ့”

“သူမက တကယ်ကြီးကို တာအိုသူတော်စင်လား”

“ဆရာသခင်တစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာ မွေးဖွားဇယားချပ် အရေအတွက်က စွမ်းအားကို တိုင်းတာပေးတဲ့ အချက် မဟုတ်တော့ဘူး။ စည်းမျဉ်းအပေါ်မှာ ထိန်းချုပ်နိုင်စွမ်းနဲ့ စည်းမျဉ်းတွေအပေါ်မှာ နားလည်နိုင်စွမ်းက ဆုံးဖြတ်ပေးနိုင်တဲ့ အချက်တွေဖြစ်လာတယ်။ ဒါပေမဲ့ တစ်စုံတစ်ယောက်ရဲ့ နားလည်နိုင်စွမ်းက တစ်ဖက်သူနဲ့ ယှဉ်နိုင်မယ်ဆိုရင် ဆုံးဖြတ်ပေးမဲ့အချက်က မွေးဖွားဇယားချပ် အရေအတွက်ပေါ့။ လန်ရှီဟယ်က မွေးဖွားဇယားချပ် ၃၀နဲ့ သူတော်စင်တစ်ယောက်ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ နှစ်တစ်သောင်းကတည်းကလေ။ သူတော်စင်တစ်ယောက်က တာအိုကို မကျွမ်းကျင်သွားတာနဲ့ သူတို့ကို တာအိုသူတော်စင်လို့ ခေါ်တယ်။ သူတို့က မဟာတာအိုအပေါ်မှာ ကျွမ်းကျင်သွားတဲ့အခါမှာ သူတို့က မဟာတာအိုသူတော်စင်ဆိုပြီး သိလာကြလိမ့်မယ်”

လုကျိုး၏ အမူအရာက တူညီနေသော်လည်း သူက အံ့အားသင့်နေမိသည်။ သူက လန်ရှီဟယ်သည် ထိုမျှအားကောင်းလိမ့်မည်ဟု ထင်မှတ်မထားမိပေ။

ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်သလဲ…

ချင်ရန်ယွဲ့က လုကျိုးအနားရောက်လာကာ ပြောလိုက်သည်။

“တော်သေးတာပေါ့ အစ်ကိုလု ကျုပ်တို့တွေ ထိုက်တောင်တန်းကို သတိမထားမိဘဲ နေတော့မလို့။ မဟာလေဟာနယ်က တကယ်ကို အားကောင်းတာပဲ”

“…”

ကျယ်ကျင့်အန်းက ချောင်းအသာဟန့်ကာ ပြောလိုက်သည်။

“မင်းအနားမှာရပ်နေတဲ့သူကလည်း မဆိုးဘူးဆိုတာကို သတိပေးရမယ်။ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့”

ချင်ရန်ယွဲ့က ပြုံးကာ ပြောလိုက်သည်။

“ဒါပေါ့ အစ်ကိုလုကလည်း မဆိုးဘူး။ သိနေပြီးသားအချက်ကို ပြောနေဖို့ မလိုတော့ဘူးလေ”

“မဟုတ်ဘူး မဟုတ်ဘူး မင်း နားမလည်ဘူး” ကျယ်ကျင့်အန်းက ရှင်းပြဖို့ ရည်ရွယ်လိုက်သော်လည်း သူက ကိစ္စများသည် မည်မျှရှုပ်ထွေးကြောင်း အမှတ်ရမိသည့်အခါ ကူကယ်ရာမဲ့လျက် ပြောလိုက်သည်။

“ထားလိုက်ပါတော့။ ငါ မင်းကို ရှင်းပြရင်တောင် နားလည်မှာ မဟုတ်ဘူး”

ကျယ်ကျင့်အန်းက ကျောကို မတ်မတ်ထားကာ ပြောလိုက်သည်။

“ကောင်းကောင်းကျင့်ကြံ။ နှုတ်ဆက်ပါတယ်”

“ကျယ်ကျင့်အန်း” လုကျိုးက လှမ်းခေါ်လိုက်သည်။

“ဘာလဲ” ကျယ်ကျင့်အန်းက စိတ်ရှုပ်ထွေးသွားလေ၏။

“ဘာလို့ ကျုပ်ကို ကူညီတာလဲ”

ကျယ်ကျင့်အန်းက ခေါင်းကုတ်မိသော်လည်း အကြောင်းပြချက် ကောင်းကောင်းကို မစဉ်းစားနိုင်ပေ။

သူက အံကြိတ်ကာ ပြောလိုက်သည်။

“ကံကြမ္မာကြောင့်ပေါ့”

“…”

ထိုသို့ပြောပြီးသည့်နောက်တွင် ကျယ်ကျင့်အန်းက ပျောက်ကွယ်သွားလေသည်။

ချင်ရန်ယွဲ့က တလေးတစားဖြင့် ပြောလိုက်၏။

“အစ်ကိုလုက မိတ်ဆွေတွေ အများကြီးရှိတာပဲ။ သူတို့အားလုံးကလည်း တကယ်ကို ထူးချွန်ကြတယ်”

လုကျိုးက မတုံ့ပြန်ပေ။ ထိုအစား သူက လေထဲ ပျံသန်းသွားပြီးသည့်နောက်တွင် ဖျက်ဆီးခြင်းတိုင်လုံးဆီ ဦးတည်လိုက်သည်။

ချင်ရန်ယွဲ့၏ အမူအရာက ထပ်မံပြောင်းလဲသွားလေ၏

“နောက်တစ်ကြိမ်လား”

မည်သို့ပင်ဆိုစေကာမူ ချင်ရန်ယွဲ့က အံကြိတ်ကာ လုကျိုးနောက်မှ လိုက်ပါသွားလေသည်။ လန်ရှီဟယ်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ပြီးသည့်နောက်တွင် သူ၏ သူရဲကောင်းဆန်စိတ်နှင့် သွေးဆူလွယ်စိတ်တို့က ငြိမ်ကျသွားလေသည်။

နှစ်ဦးသား နဂါးနက်၏ အလောင်းကို ဖြတ်ကာ ပျံသန်းသွားပြီး အကြောက်တရားတောအုပ်ကို လှည့်ပတ်ကာ ဖျက်ဆီးခြင်းတိုင်လုံးအနား ရောက်ရှိသွားသည်။

ဤသည်က လုကျိုးအနေဖြင့် ယွီကျုံးထဲတွင် ဖျက်ဆီးခြင်းတိုင်လုံးနှင့် အနီးကပ် ဒုတိယအကြိမ် ဖြစ်၏။ ကွဲပြားချက်ကမူ ဤတစ်ကြိမ်၌ သူသည် မဟာဆရာသခင်တစ်ယောက်အဖြစ် ပြန်ရောက်လာခြင်းဖြစ်သည်။

...

အခန်း (၁၄၁၅) လောကကြီးထဲ ကသောင်းကနင်း

လုကျိုးသည် ယွီကျုံး၏ဖျက်ဆီးခြင်းတိုင်လုံးဆီ ရောက်လာခြင်းမှာ တောက်ပသံကျောက်အလင်းကို မြင်တွေ့ခဲ့သောကြောင့်ဖြစ်သည်။ တာ့ဟန်သို့ခရီးသည် ခရမ်းရောင်တောက်ပသံကျောက်များက ဖျက်ဆီးခြင်းတိုင်လုံးများအတွက် အလင်းပေးရန် ကိရိယာဖြစ်ပြီး သူတို့အလွန်ရှားပါးကြောင်း သူ့ကို နားလည်သဘောပေါက်သွားစေ၏။

ဖျက်ဆီးခြင်းတိုင်လုံး ၁၀လုံးရှိသောကြောင့် ခရမ်းရောင်တောက်ပသံကျောက် ၁၀ခု ရှိလောက်သည်။

လုကျိုးသည် သူ၏ခရမ်းရောင်တောက်ပသံကျောက်က အမည်မသိကုန်းမြေ၏နှလုံးသားတွင်ရှိသော ယန့်တင်းတွင်ရှိသည့် အကြီးမားဆုံးနှင့်အမြင့်မားဆုံးဖြစ်သည့် ဖျက်ဆီးခြင်းတိုင်လုံးမှ လာလေသလားဟု သံသယဝင်မိသည်။ ချိုးဝမ်ကျန်း ရခဲ့သည့် တောက်ပသံကျောက်ကလည်း အစစ်ဖြစ်လောက်ပြီး လုကျိုး၏ခရမ်းရောင်တောက်ပသံကျောက်လောက် မကောင်းရုံသာဖြစ်မည်။

ချင်ရန်ယွဲ့သည် မြူထဲတွင် မောက်မောက်မာမာရှိနေသည့် ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်လိုက်ပြီး ရေရွတ်ပြောလိုက်သည်။ “ဒီကို ဘယ်နှခေါက်ရောက်ရောက် ရင်သပ်ရှုမောဖွယ်ကောင်းနေတုန်းပဲ”

လုကျိုးက သက်ပြင်းချလျက်ပြောလိုက်သည်။ “တိုင်လုံးကို ဖန်တီးခဲ့တဲ့သူတွေက ပြိုင်ဖက်ကင်းပဲဖြစ်ရမယ်။ ပြောရရင် သူတို့တွေက လောကကိုဖိနှိပ်မဲ့မြေတစ်ခုလုံးကို ပံ့ပိုးထားတာ”

ချင်ရန်ယွဲ့သည် တစ်ချိန်တည်းတွင် လုကျိုး၏စကားကို နားလည်သလိုထင်ရသော်ငြား နားမလည်ပေ။ သူက မေးလိုက်၏။ “အစ်ကိုလု ဘာဆိုလိုတာလဲ”

လုကျိုးသည် အနက်ရောင်မြူများထိအောင် မြင့်မားလှသော ဖျက်ဆီးခြင်းတိုင်လုံးကို ညွှန်ပြလျက် ပြောလိုက်၏။ “ဒါ မင်းတွေးနေတာပဲလေ။ ဖျက်ဆီးခြင်းတိုင်လုံးတွေက မဟာလေဟာနယ်ကို ပံ့ပိုးပေးနေတာ”

ချင်ရန်ယွဲ့ “...”

ဆရာသခင်တစ်ပါးအနေဖြင့် ချင်ရန်ယွဲ့၏ဗဟုသုတ အတွေ့အကြုံများသည် တခြားလူများထက် သာလွန်ပေ၏။ သူသည် အဖြေရှာနိုင်ရန် ရှေးစာအုပ်များစွာ ဖတ်ရှုခဲ့ပြီး အမည်မသိကုန်းမြေရှိ မဟာလေဟာနယ်အကြောင်း သဲလွန်စများစွာကို မြင်တွေ့ခဲ့ဖူး၏။ သို့သော် ယင်းက ဤအတိုင်းသာဖြစ်သည်။ မဟာလေဟာနယ်က အမည်မသိကုန်းမြေထဲရှိ မည်သည့်နေရာတွင်ရှိကြောင်း မည်သူမှ အတိအကျမသိပေ။ မဟာလေဟာနယ်က အနှိုင်းမဲ့ကျင့်ကြံသူများစွာကို ဖိတ်ကြားခဲ့ပြီး အတိတ်တုန်းက ထွက်သွားခဲ့သည့် ကြီးမြတ်သော ဆရာသခင်များ၊ နယ်မြေကိုးခုမှ သူတော်စင်တို့တစ်ယောက်မှ ပြန်မလာခဲ့ပေ။

ရံဖန်ရံခါတွင် မဟာလေဟာနယ်မှသူတို့သည် တာဝန်ထမ်းဆောင်ရန်ထွက်လာခဲ့သော်ငြား သူတို့သည် နယ်မြေကိုးခုမှလူတို့နှင့် ပြောရမှာကို အထင်သေးပြီး‌မောက်မာထောင်လွှားတတ်ကြသည်။ တကယ်တော့ မဟာလေဟာနယ်မှ ကျင့်ကြံသူတချို့တောင် သူတို့က မဟာလေဟာနယ်ထဲ ဝင်ထွက်သွားလာရန် ပို့ဆောင်ရေးအဆောင်များနှင့် သင်္ကေတလမ်းကိုသာ အားကိုးရသောကြောင့် မဟာလေဟာနယ် မည်သည့်နေရာတွင်ရှိကြောင်း အတိအကျမသိပေ။

ထို့အပြင် အမည်မသိကုန်းမြေက တကယ်ကျယ်ပြောလှပေ၏။ အရာအားလုံးကို မြင်ကွင်းအပြည့်မြင်နိုင်ရန် ခက်ခဲသည်။

ခဏအကြာ၌ ချင်ရန်ယွဲ့က မေးလိုက်လေ၏။ “အစ်ကိုလု မဟာလေဟာနယ်က ဖျက်ဆီးခြင်းတိုင်လုံးတွေရဲ့ ထိပ်မှာတကယ်ရှိနေတယ်ဆိုရင် ဒါဆို အဲ့ဒီကို တကယ်ပျံသန်းသွားမှာတော့ မဟုတ်ဘူးမလား” ထို့အပြင် အမည်မသိကုန်းမြေက တကယ်ကျယ်ပြောပြီး အရာအားလုံးကို မြင်ကွင်းအပြည့်မြင်နိုင်ရန် ခက်ခဲလှပေ၏။

လုကျိုးသည် မီးခိုးခေါင်းတိုင်နှင့်ဆင်တူသည့် ဖျက်ဆီးခြင်းတိုင်လုံးကို မျက်တောင်မခတ်စိုက်ကြည့်ပြီး ပြောလိုက်၏။ “ဒါပေါ့ အဲ့ဒီကို ပျံသွားမှာပေါ့။ ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး”

ချင်ရန်ယွဲ့သည် ထိုစကားများကို ကြားသောအခါ စိတ်အေးသွားလေ၏။ လုကျိုးက ဖျက်ဆီးခြင်းတိုင်လုံးကို ညွှန်ပြပြီး ပြောလိုက်လေ၏။ “တချက်သွားကြည့်ကြရအောင်”

ချင်ရန်ယွဲ့က ချက်ချင်းပြောလိုက်သည်။ “မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ တစ်ခုခု သေချာပေါက်ဖြစ်လိမ့်မယ်။ မဟာလေဟာနယ်က ဖျက်ဆီးခြင်းတိုင်လုံးနဲ့ပတ်သက်ရင် စည်းကမ်းတင်းကြပ်တယ်။ ထျန်းဝူနဲ့ အရှင်ကျန်းနန်က ဒီမှာမရှိသလို နဂါးနှစ်ကောင်လည်း ...” လုကျိုးက ဖြတ်ပြောလိုက်သည်။ “ဟုတ်ပြီ မင်း ဒီမှာစောင့် ငါ သွားမယ်”

ဝှစ်

လုကျိုးသည် ဖျက်ဆီးခြင်းတိုင်လုံးတစ်လျှောက် ဝေဟင်ထဲပျံသန်းသွားလေ၏။ တိုင်လုံးကို လမ်းပြအဖြစ် မှတ်ယူသောကြောင့် သူက အနက်ရောင်မြူထဲတွင် လမ်းမပျောက်သွားပေ။ လုကျိုးသည် ၁၅မိနစ်ခန့် ပျံသန်းပြီးနောက် အသက်စွမ်းအင်တို့က စတင်လျော့ပါးလာပြီး သူ့ပေါ် ဖိအား ပိုကျရောက်လာတာကို ခံစားမိသည်။ ဆရာသခင်များက ဤအမှတ်ကိုကျော်လွန်ကာ ဆက်လက်ပျံသန်းနိုင်သေးသည်။ သို့သော် ကျင့်ကြံသူအများစုက ဤနေရာ၌ ရပ်လိမ့်မည်။

လုကျိုးသည် ဖျက်ဆီးခြင်းတိုင်လုံးကို သိချင်စိတ်ဖြင့် ကြည့်လိုက်မိ၏။ မဟာလေဟာနယ်က ဤမျှ မြင့်မားသော နေရာတွင်ရှိနေလျှင် ထိုနေရာရှိ ပတ်ဝန်းကျင်က ကောင်းနေမည်လော။

သူ ခေါင်းခါလိုက်မိသည်။ မည်သို့ပင်ဆိုစေ အားလုံးက သူအတည်မပြုနိုင်သေးခင် သူ၏မှန်းဆချက်များသာ ဖြစ်သည်။ သို့သော်ငြား လန်ရှီဟယ်၏ခွန်အားနှင့်အခင်းအကျင်းကိုကြည့်လျှင် မဟာလေဟာနယ်ထဲရှိ ပတ်ဝန်းကျင်က နယ်မြေကိုးခုထဲရှိ ပတ်ဝန်းကျင်ထက် ပိုကောင်းလောက်၏။ လုကျိုးက ဆက်လက်ပျံသန်းနေစဉ် နားထဲ လေအေးများဆက်လက်တိုက်ခတ်လာ၏။ ကံကောင်းသည်မှာ မဟာဆရာသခင်တစ်ပါး၏ ကာကွယ်ရေးစွမ်းအင်က လေကို ဖြိုခွင်းနိုင်စွမ်းရှိသည်။

ခဏအကြာ၌ သူသည် အသက်စွမ်းအင်တို့ ကုန်ခန်းလုနီးဖြစ်တာကို ခံစားမိသည်။ ခံစားရသည့်ဖိအားက ပိုပြင်းထန်လာ၏။ သူသည် ပတ်ဝန်းကျင်ရှိ စွမ်းအင်ကို မရွေ့နိုင်သောကြောင့် သူသည် စွမ်းအားဗဟိုချက် ချီပင်လယ်ထဲမှ စွမ်းအားကိုသာ အသုံးပြုနိုင်၏။

ဘယ်သူကများ ဒီဖျက်ဆီးခြင်းတိုင်လုံးကို ဖန်တီးနိုင်စွမ်းရှိတာလဲ။ လုကျိုးက အံ့ဩနေမိပြန်၏။ ဤမျှအမြင့်တွင် မဟာဆရာသခင်တစ်ပါးဖြစ်သည့်သူတောင် ဖိအားခံစားနေရသည်။

အချိန်မည်မျှကြာသွားသည်မသိ လုကျိုးက ရပ်တန့်မိသွားသည်။

“ဟင်းလင်းပြင်ဇုံလား”

ဤနေရာ၌ အတော်လေး တည်ငြိမ်နေသည်။ ဤနေရာ၌ မြူပါးသွားသောကြောင့် တောက်ပသံကျောက်က ပိုလင်းလာလေ၏။

လုကျိုးက မျက်မှောင်ကျုံ့မိသွားတော့သည်။ “မြင့်မြင့်ပျံတာက အင်မတန်အန္တရာယ်များမှာပဲ”

လုကျိုးသည် ပေပေါင်းတစ်သောင်းမက အချင်းရှိသည့် ဖျက်ဆီးခြင်းတိုင်လုံးကို မော့ကြည့်မိသွား၏။ ပြီးနောက် သူ၏လက်ကိုတွန်းထုတ်လိုက်သည်။

ဖုန်း

လက်ဝါးစည်းတံဆိပ်သည် ဖျက်ဆီးခြင်းတိုင်လုံးကို ထိမှန်သွားကာ လက်ဝါးရာတစ်ခု ချန်ရစ်ခဲ့သည်။ သို့သော် ခဏအတွင်း ထိုလက်ဝါးရာက ပျောက်ကွယ်သွားတော့သည်။ “မြင့်လေလေ ပိုမာကျောလာလေလေလား” လုကျိုးက စိတ်ထဲထိတ်လန့်သွားလေ၏။

ထိုစဉ် လုကျိုး၏စိတ်ထဲ၌ ကြောက်မက်ဖွယ်အတွေးတစ်ခုက ပေါ်လာ၏။ ဖျက်ဆီးခြင်းတိုင်လုံးသာ ဖျက်ဆီးခံလိုက်ရလျှင် မဟာလေဟာနယ်က ကမ္ဘာမြေပေါ် ပြန်ရောက်လာမည်လော။

သူ ဖတ်ဖူးသည့် ရှေးစာအုပ်တချို့တွင် အတိတ်တုန်းက ဘိုးဘေးတချို့သည် မဟာလေဟာနယ်ကမ္ဘာမြေသို့ ပြန်ရောက်လာအောင် ဆုတောင်းခဲ့ကြသည်။ လောကက ကသောင်းကနင်းဖြစ်နေချိန်တွင် ငြိမ်းချမ်းမှုနှင့် --- ကို ကိုယ်စားပြုသည့် မဟာလေဟာနယ်သည် ကုန်းမြေမှ ထွက်ခွာပြီး ဝေဟင်သို့တက်သွား၏။ ၎င်းသည် စွန့်ပစ်ခြင်းပေလော။ တစ်စုံတစ်ခုနောက်သို့ လိုက်ခြင်းပေလော။

လုကျိုးသည် လက်ဝါးစည်းတံဆိပ်တစ်ဒါဇင်ခန့် ဆက်လက်ရိုက်နှက်လိုက်၏။ အားလုံးက ဖျက်ဆီးခြင်းတိုင်လုံးကို ထိမှန်သွားပြီး ရလဒ်က ယခင်ကနှင့်တူနေသေး၏။ အမှတ်အသားများအားလုံး ခဏအကြာ၌ ခြေရာလက်ရာမကျန်ပျောက်ကွယ်သွားတော့သည်။

ဝှစ်

လုကျိုးသည် ဟင်းလင်းပြင်ဇုံအထက် မီတာတစ်ထောင်အထိ ပျံသန်းသွား၏။ ခဏအတွင်း၌ ပြင်းထန်သော ဖိအားက အရပ်မျက်နှာအနှံ့မှ သူ့ကိုတိုက်ခိုက်တော့သည်။

“သွားတော့”

ခရမ်းရောင်တောက်ပသံကျောက်သည် လတစ်စင်းပမာ ထွန်းလင်းတောက်ပနေ၏။ ၎င်းက မြူနှင့် တိမ်တိုက်ကို ဖြတ်ကာ အမှောင်ထုကို လွင့်ပြယ်သွားစေ၏။ ပြီးနောက် လုကျိုးသည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။

“ရွှေရောင်ဗုဒ္ဓခန္ဓာ”

ဘီး

ရွှေရောင်ဗုဒ္ဓခန္ဓာသည် လုကျိုးကို ဖိအားတောင့်ခံနိုင်အောင် ကူညီပေး၏။

လုကျိုးက လေထဲပျံဝဲနေစဉ် သူ၏ခရမ်းရောင်တောက်ပသံကျောက် ပြန်ရောက်လာမှာကို စောင့်နေ၏။

ထိုစဉ် ချင်ရန်ယွဲ့ကမူ ရှေ့လျှောက်နောက်လျှောက်ဖြင့် ရင်တမမဖြစ်နေလေ၏။ အချိန်အတော်ကြာပြီးနောက် လုကျိုးပြန်မရောက်လာသေးတာကို မြင်ကာ သူသည် မူမမှန်မှုများကို စစ်ဆေးရန် အနားတဝိုက်ပျံသန်းသွားခဲ့သည်။

အစွမ်းထက်သည့်ကြမ်းတမ်းခက်ထန်သားရဲများ ဖြတ်သွားချိန်တွင် သူ ပုန်းမှာပဲဖြစ်သည်။

မဟာလေဟာနယ်ထဲတွင်ဖြစ်သည်။ အထွတ်အမြတ်ခန်းမ‌ရှေ့တွင်ဖြစ်၏။

ကျင့်ကြံသူတစုက စုဝေးပြီး တိတ်တဆိတ်စောင့်နေကြသည်။

အချိန်မည်မျှကုန်လွန်သွားသည်မသိ ခန်းမထဲ၌ အသံတစ်သံပြန့်လွင့်လာသည်။

“လက်သည်းကိုးခုနဂါးနက် သတ်ခံရတဲ့ကိစ္စကို စစ်ဆေးပြီးပြီလား”

သူတော်တစ်ပါးက ဦးညွှတ်လျက်ပြောလိုက်၏။ “ယွီကျုံးနဲ့တာ့ဟန်ဆီ ရေခဲနဂါးနဲ့ကင်းလှည့်အဖွဲ့ကို လွှတ်ပြီးပါပြီ။ သူတို့ ပြန်မလာသေးဘူး”

“မြင့်မြတ်မိန်းမပျိုကကော”

“မြင့်မြတ်မိန်းမပျိုက ပြန်လာနေလောက်ပါပြီ”

ထိုစကားများ ပြောပြီးလျှင်ပြောပြီးချင်း လန်ရှီဟယ်နှင့်ဝတ်ရုံပြာအမျိုးသမီးလက်ထောက်တို့သည် ပေါ်လာလေ၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက သူမကို လေးစားအံ့ဩမှုတို့ ပြည့်နေသော အကြည့်ဖြင့် ကြည့်လိုက်ကာ သူမအတွက် လမ်းတစ်ခု ဖွင့်ပေးလိုက်သည်။

လန်ရှီဟယ်၏ ကြည်လင်နေသော မျက်လုံးနှင့်အမူအရာသည် ယခင်ကအတိုင်းပင် သူမက ခန်းမဖက်ကို ကြည့်ကာပြောလိုက်၏။ “လန်ရှီဟယ်က ခန်းမသခင်ကို နှုတ်ခွန်းဆက်ပါတယ်”

“ကျင့်ဝတ်တွေ ဘေးချိတ်ထား”

“နဂါးနက်နဲ့သက်ဆိုင်တဲ့ ကိစ္စတွေ စုံစမ်းစစ်ဆေးပြီးပါပြီ။ ဒါပေမဲ့ တကယ့်တရားခံကို ရှာမတွေ့သေးပါဘူး” လူတိုင်းက တစ်ချက်လှည့်ကြည့်လိုက်လေ၏။ မြင့်မြတ်မိန်းမပျိုတောင် ဤကိစ္စကို စုံစမ်းစစ်ဆေးရန် ယွီကျုံးသို့ သွားခဲ့သည့်တိုင် မည်သည်ကိုမှ ရှာမတွေ့ခဲ့ပေ။

ခန်းမသခင်သည် ရလဒ်မပေါ်ထွက်လာခြင်းကြောင့် ဒေါသထွက်ဟန်မတူ။ သူက ပြောလိုက်လေ၏။

“ဒါဆို ဆက်စစ်ဆေး”

ထိုစဉ် လန်ရှီဟယ်က ပြောလိုက်၏။ “ဒါပေမဲ့ ကျွန်မ နားမလည်တာတစ်ခုရှိတယ်”

“ပြော”

“ငြိမ်းချမ်းရေးငှက်က ကျွန်မ စကားကိုပဲနားထောင်သင့်တာ။ ဘာကြောင့် ယန်လျန်ချန်းနဲ့ ခိုးထွက်သွားရတာလဲ” လန်ရှီဟယ်က မေးလိုက်လေ၏။

ထိုစကားများကို ကြားသောအခါ ကျန်သည့်သူများက စိတ်ရှုပ်ထွေးသွားတော့သည်။ သူတို့က လန်ရှီဟယ်မည်သည်ကိုပြောရန် ကြိုးစားနေမှန်းမသိပေ။

“အိုးရန်လူကြီးမင်းက ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီးပြီ။ ငြိမ်းချမ်းရေးငှက်နဲ့ ယန်လျန်ချန်းက ယွဲ့ချီနဲ့ ပူးပေါင်းခဲ့ကြတာ။ သူတို့သုံးယောက်က သူတို့နဲ့ထိုက်တန်တဲ့ပြစ်ဒဏ်ရပြီး သူတို့အသက်နဲ့ပေးဆပ်ပြီး လင်းကွမ်းနဲ့အတူ သေပွဲဝင်ပြီးပြီ”

လန်ရှီဟယ်က မျက်မှောင်အနည်းငယ်ကျုံ့မိသွားလေ၏။ “ဒါဆိုရင် မျှော်နန်းသခင်လုရဲ့တပည့်က ငြိမ်းချမ်းရေးတောင်နားမှာ ဘယ်လိုလုပ်ပေါ်လာတာလဲ။ သူ့ကို ဘယ်သူမှလမ်းမပြပေးရင် အဲ့ဒီကို လာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီလိုတိုက်ဆိုင်မှု ရှိမှာမဟုတ်ဘူး”

ခဏအကြာ၌ လန်ရှီဟယ်က ထပ်ပြောလိုက်သည်။ “ငြိမ်းချမ်းရေးငှက်က အမြဲတမ်းကျွန်မ အမိန့်ကိုပဲနာခံတာ။ အကြောင်းမရှိဘဲ ထွက်သွားမှာမဟုတ်ဘူး”

“ဘာကိုဆိုလိုတာလဲ”

“တစ်ယောက်ယောက်က နောက်ကွယ်မှာအဖြစ်အပျက်တွေကို ထိန်းချုပ်နေတယ်။ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုပါတယ်” လန်ရှီဟယ်က ပြောလိုက်၏။

ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ “လူကြီးမင်းအိုးရန်ကို သံသယဝင်နေတာလား”

လန်ရှီဟယ်က ခေါင်းခါပြီးနောက် ကြည်လင်သည့်အသံဖြင့် ကျယ်လောင်စွာ ပြောလိုက်၏။

“မဟုတ်ဘူး။ လူကြီးမင်းအိုးရန် ရောက်လာတဲ့အချိန် ကောက်ချက်ချတာကို သဘောတူတယ်။ ဒါပေမဲ့ ဒီဖြစ်ရပ်နောက်ကွယ်မှာ ဘယ်သူက ဒီကိစ္စကို ထိန်းချုပ်နေလဲဆိုတာ စစ်ဆေးချင်တယ်။ တရားခံက အပြစ်မပေးလို့ မရဘူးလေ”

လူတိုင်းသည် ခဏတဖြုတ် မှင်တက်နေပြီးနောက် လန်ရှီဟယ်ပြောတာကို ထောက်ခံကြတော့သည်။

“မြင့်မြတ်မိန်းမပျိုပြောတာကို ထောက်ခံတယ်”

“ကျုပ်ကောပဲ”

“ကျုပ်လည်း ထောက်ခံတယ်”

အချိန်အတော်ကြာပြီးနောက် အထွတ်အမြတ်ခန်းမမှ အသံတစ်သံ ပေါ်ထွက်လာပြန်၏။

“ဒါဆိုရင် မြင့်မြတ်မိန်းမပျို ဆန္ဒရှိတဲ့အတိုင်းလုပ်မယ်”

“နားလည်ပါပြီ”

ထန်း

ထိုစဉ် နောက်ဖက်ရှိ အမှန်တရားချိန်ခွင်က မြည်ဟည်းလာပြီး အတက်အကျ ဖြစ်လာကာ မူလအနေအထား ပြန်လည်ရောက်ရှိသွား၏။

ကျင့်ကြံသူများက လှည့်ကြည့်လိုက်သည်။ သူတို့၏မျက်လုံးထဲ ထိတ်လန့်မှုများ ပြည့်နေ၏။ ရှေးခေတ်ကာလတည်းက စပြီး မျှခြေမညီမျှမှုက ပေါ်ပေါက်လာတတ်၏။ ဤရုတ်တရက် မြင့်တက်ပြီး ကျဆင်းလာမှုက လူတိုင်းကို အံ့ဩသွားစေသည်။

“ဘာဖြစ်နေတာလဲ”

“အမှန်တရားချိန်ခွင်က အစီအရင်တစ်ခုခုက မျှခြေကို နှောင့်ယှက်နေတာပဲဖြစ်မယ်”

ဝှစ်

ထိုစဉ် အနက်ရောင်အရိပ်က လူတိုင်းထက်တွင်ပေါ်လာလေ၏။

လူတိုင်း တိတ်ဆိတ်သွားတော့သည်။

အနက်ရောင်ပုံရိပ်က ပြုံးလျက်ပြောလိုက်သည်။ “ငါကိုယ်တိုင် တချက်သွားကြည့်ရအောင်လား”

အထွတ်အမြတ်ခန်းမက တိတ်ဆိတ်သွားတော့သည်။

အထွတ်အမြတ်ခန်းမထဲမှ အသံတစ်သံပေါ်ထွက်လာပြန်၏။

“လောင်ကျန်း ဒီကိစ္စကို သူတို့ဆီအပ်ထားလိုက်”

ဝတ်ရုံနက်ဖြင့်ပုံရိပ်က ပြောလိုက်သည်။ “ကောင်းပြီ။ လိုအပ်လာရင် ငါသွားမယ်”

ဤနည်းဖြင့် ခေါင်းစွပ်နက်ဖြင့်လူက ပျောက်ကွယ်သွားတော့သည်။

ဖုန်း

ဖျက်ဆီးခြင်းတိုင်လုံးမှ ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာတော့သည်။ ကမ္ဘာမြေပြင်တုန်လှုပ်သွားပြီး ဝေဟင်ထဲရှိ မြူများက ပြောင်းဆန်လာ၏။

ဖုန်း

ဖျက်ဆီးခြင်းတိုင်လုံးမှ ပေါက်ကွဲသံပေါ်ထွက်လာတော့သည်။ ကမ္ဘာမြေက တုန်လှုပ်သွားပြီး ဝေဟင်ထဲရှိ မြူများက ပြောင်းဆန်လာ၏။

ထိုစဉ် လေထဲပျံဝဲနေသေးသော လုကျိုးက သူ့ဆီသို့ တောက်ပသည့်တစ်စုံတစ်ခု တိုးဝင်လာတာကို တွေ့လိုက်ရသည်။ ၎င်းက ခရမ်းရောင်တောက်ပသံကျောက်ပဲဖြစ်သည်။

လုကျိုးက ပြုံးလျက် လက်ဆန့်ထုတ်လိုက်၏။ “လာခဲ့”

ကြယ်တံခွန်တစ်စင်းနှင့်တူသော ခရမ်းရောင်တောက်ပသံကျောက်သည် လေဟာနယ်ကို ခွင်းလျက် လုကျိုး၏လက်ထဲ ပြန်ရောက်သွားသည်။

ကောင်းကင်က ချက်ချင်းမှိန်သွားလေ၏။ ယခုအချိန်အတွင် ခရမ်းရောင်တောက်ပသံကျောက်၏ အပြောင်းအလဲကို အာရုံမခံနိုင်ပေ။ သူက မြူများကို ဖြတ်ကျော်လျက် ဖြည်းဖြည်းချင်း ဆင်းသက်လိုက်၏။

ချင်ရန်ယွဲ့က မိုးခြိမ်းသံတစ်သံကို ကြားလိုက်ရပြီး အလိုလို မော့ကြည့်မိသွား၏။ ခဏအကြာတွင် လုကျိုးက မသေမျိုးအရှင်တစ်ပါးပမာ မြူထဲမှ ပေါ်ထွက်လာတာကို တွေ့လိုက်ရသည်။ သူက လှမ်းခေါ်လိုက်၏။ “အစ်ကိုလု”

ယခု လုကျိုး၏အမြင်က တားဆီးခံထားရခြင်းမရှိတော့ဘဲ ဖိအားပျောက်ကွယ်သွားပြီဖြစ်ကာ သူက ရေထဲက ငါးတစ်ကောင်ပမာပင်။ သူသည် ကောင်းကင်စွမ်းအားနှင့် တာအိုစွမ်းအားကို လျင်မြန်စွာ အသုံးပြုပြီး မျက်စိတစ်မှိတ်အတွင်း ဖျက်ဆီးခြင်းတိုင်လုံး၏ အခြေဆီသို့ ဆင်းသက်လိုက်သည်။

ယွီကျုံးက ယခုအချိန်တွင် ပိန်းပိတ်အောင်မှောင်မည်းနေသည်။

“သွားကြမယ်” လုကျိုးက ပြောလိုက်၏။ “ဟုတ်ပြီ”

နှစ်ယောက်သားအချိန်ဖြုန်းမနေတော့ဘဲ သင်္ကေတလမ်းကြောင်းဆီ သွားလိုက်၏။

ဘီး

ခဏအတွင်းနှစ်ယောက်က မြင်ကွင်းမှ ပျောက်ကွယ်သွားပြန်သည်။

မိစ္ဆာဝေဟင်မျှော်နန်းထဲတွင်ဖြစ်သည်။ အရှေ့ဖက်မျှော်နန်းက တိတ်ဆိတ်နေ၏။ ယွီရှန်းရုန်က အရှေ့ဖက်မျှော်နန်းအပြင်ဖက်ရှိ ကျောက်တုံးကြီးပေါ်တွင် ရပ်နေလျက် သူ့ဆရာနေထိုင်ရာနေရာကို စိုက်ကြည့်နေမိ၏။ သူ သိချင်မိသည်။ သူ၏ဆရာအဘယ်ကြောင့် ပြန်မလာသေးသနည်း။

“ဒုတိယသခင်လေး ... ပထမသခင်လေး ပြန်လာပါပြီ” ဖန်ကျုံးက ပြောလိုက်၏။

“ဟုတ်ပြီ” ယွီရှန်းရုန်၏ အမူအရာက ခါတိုင်းလိုတည်ငြိမ်နေ၏။

ဖန်ကျုံးက မဝံ့မရဲပြောလိုက်သည်။ “ပထမသခင်‌လေးက စိတ်ကောင်းဝင်နေပုံပဲ”

ယွီရှန်းရုန်သည် တစ်စုံတစ်ခု ပြောချင်သော်ငြား ထိန်းချုပ်ထားလိုက်သည်။ သူက သက်ပြင်းသဲ့သဲ့ချပြီး အဝေးသို့ ပျံသန်းသွား၏။ ၁၀မိနစ်ခန့်ပျံသန်းပြီးနောက် သူ လှည့်လာကာ ပြောလိုက်‌တော့သည်။ “လောင်စစ်ရဲ့ သေဆုံးခြင်းက သူ့အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုပဲ။ အခုကစပြီး သူ့ရှေ့မှာ စီးဝူယာ့နာမည်ကို မပြောနဲ့”

“နားလည်ပါပြီ” ဖန်ကျုံးက ထိုသို့ပြောပြီး တောင်အနောက်သို့ ယွီရှန်းရုန် ပျံသန်းသွားတာကို ကြည့်နေသည်။ ခဏအတွင်း တောင်အနောက်ဖက်၌ စွမ်းအင်ဓားများ ပေါ်ထွက်လာတာကို တွေ့လိုက်ရ၏။ သူက ကူကယ်ရာမဲ့စွာ ပြောနေသည်။ “ဒုတိယသခင်လေးက တစ်ယောက်တည်း ဓားရေးလေ့ကျင့်နေပြန်ပြီ”

ထိုစဉ် ကျိုးကျစ်ဖုန်းက အဝေးကနေပျံသန်းလာလျက် သက်ပြင်းချကာ ပြောလိုက်သည်။ “သူ့ခံစားချက်ကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ”

ကျိုးကျစ်ဖုန်း ပြောပြီးသည်နှင့် ယွီကျန့်ဟိုင်က ဘေးတွင် ပေါ်လာသည်။ “ပထမသခင်လေး” ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက လှမ်းခေါ်လျက် တညီတညွတ်တည်း ဦးညွှတ်လိုက်သည်။

ယွီကျန့်ဟိုင်က ခေါင်းညိတ်ပြီးနောက် မေးလိုက်လေ၏။ “‌လောင်အာ့ ဘယ်မှာလဲ”

“ဓားရေးလေ့ကျင့်ဖို့ တောင်နောက်ကို သွားပါတယ်” ဖန်ကျုံးက ပြောလိုက်လေ၏။

ယွီကျန့်ဟိုင်က ပြောလိုက်လေ၏။ “လောင်ချီရဲ့ သေဆုံးခြင်းက သူ့အတွက် ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုပဲ။ အခုကစပြီး သူ့ရှေ့မှာ စီးဝူယာ့နာမည်ကို မပြောနဲ့”

“နားလည်ပါပြီ” နှစ်ယောက်သားက အမြန်ခေါင်းညိတ်လိုက်ကြသည်။

အဆုံးမဲ့သမုဒ္ဒရာ၏ အေးစက်မှောင်မည်းနေသော ရေထဲတွင်ဖြစ်သည်။

ပင်လယ်သားရဲများက ရံဖန်ရံခါကူးခပ်သွားလာနေ၏။ အနံ့ခံအာရုံကောင်းမွန်သည့် သူတို့သည် မွှေးပျံ့သော ရနံ့ကြောင့် ပင်လယ်အောက်ခြေ၌ စုဝေးနေကြပြီးဖြစ်သည်။ သူတို့က ကူးခပ်နေကြကာ ရနံ့ရင်းမြစ်ကို ရှာဖွေနေကြ၏။ နောက်ဆုံး၌ သူတို့ အလင်းဖျော့ဖျော့ကို တွေ့သောအခါ ထိုနေရာဆီ ချက်ချင်းသွားလိုက်ကြသည်။

သူတို့က ပင်လယ်အောက်ကိုအုပ်စိုးသည့် သူတို့ကို တားမြစ်မည့်လူသားများ မရှိကြပေ။ သူတို့က ပင်လယ်အောက်ခြေဆီသို့ တဟုန်ထိုးသွားလိုက်၏။ သူတို့သည် မွှေးရနံ့အရင်းမြစ်ဖြစ်သည့် တောက်ပနေသည့် အနက်ရောင်ခေါင်းတလားကို မြင်တွေ့သောအခါ စိတ်လွတ်သွားကြပြီး ရူးသွပ်စွာ တိုက်ခိုက်ကြ၏။

ဘန်း ဘန်း ဘန်း ဘန်း

အနက်ရောင်ခေါင်းတလားပေါ်ရှိ သင်္ကေတက စွမ်းအင်စည်းတံဆိပ်များ ထုတ်လွင့်ကာ ချဉ်းကပ်လာရဲသည့် ပိုအားနည်းသော ပင်လယ်သားရဲများကို သတ်ပစ်လိုက်သည်။ ပင်လယ်အောက်ခြေရှိ ရေထဲတွင် လတ်လတ်ဆတ်ဆတ်သွေးများ ချင်းချင်းနီနေလျက် ပိုအားနည်းသော ပင်လယ်သားရဲများ၏အသေကောင်များက ရေထဲမျောနေသည်။

ပင်လယ်အတွင်းထဲရှိ ကြောက်မက်ဖွယ်ကောင်းမှုသည် လူတိုင်းနားလည်သဘောပေါက်နိုင်စွမ်းထက် ကျော်လွန်နေတာဖြစ်ဟန်တူသည်။ ယွီကျန့်ဟိုင်က ခေါင်းတလားကို ချိတ်ပိတ်ပြီး အဆုံးမဲ့ပင်လယ်ထဲ ချလိုက်ချိန်တွင် ဤမျှများပြားသော ပင်လယ်သားရဲများရှိလိမ့်မည်ဟု မထင်ထားပေ။ အားနည်းသည့် ပင်လယ်သားရဲအကောင်ရေ သန်းချီရှိသည်။ လူသားများ၏ဝင်စွက်ဖက်မှု မရှိသောအခါ ပင်လယ်သားရဲများက ပိုတောင် ရက်စက်ကြမ်းကြုတ်လာ၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

သူတို့က ခေါင်းတလားကို ဆက်တိုက်ဝင်တိုက်လိုက်ရာ ရေအောက်၌ အသံများပေါ်ထွက်နေတော့သည်။

ဂျွတ်

သူတို့၏အဆက်မပြတ်အားထုတ်မှုအောက်၌ နောက်ဆုံး၌ ခေါင်းတလားပေါ်၌ အက်ရာတစ်ခုပေါ်လာ၏။ ယင်းကို မြင်သောအခါ ပင်လယ်သားရဲများက ပိုတောင်ရူးသွပ်လာကြသည်။ သူတို့မျက်စိရှေ့၌ အရသာရှိသော စားကောင်းသောက်ဖွယ်ကို မြင်နေရပြီးဖြစ်ကာ မွှေးရနံ့က ပိုပြင်းထန်လာပြီး အက်ကွဲကြောင်းထဲမှ ထွက်လာ၏။

မွှေးရနံ့သည် ပင်လယ်သားရဲများကို ဆင်ခြင်တုံတရားချက်ချင်း ဆုံးရှုံးသွားစေ၏။ သူတို့က ခေါင်းတလားကို ရူးသွပ်စွာ တိုက်ခိုက်ကြပြီး အစားအသောက်အတွက် တစ်ယောက်နှင့်တစ်ယောက် ရူးသွပ်စွာ တိုက်ခိုက်နေသည်။

ပင်လယ်အောက်ရှိရေက တူးခြစ်နေလျက် သွေးက ဆက်လက်စီးနေသည်။

ပင်လယ်သားရဲအသေကောင်များကလည်း မျောလွင့်နေပြီး ရေမျက်နှာပြင်ပေါ်တွင် ပေါ်လာ၏။

ရေအောက်တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေ၏။ ဤခမ်းနားသည့်မြင်ကွင်းကို မည်သူမှ မျက်မြင်မတွေ့ကြ‌ပေ။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ဂျွတ်

နောက်ထပ်အက်ကွဲကြောင်း ပေါ်လာ၏။ ထိုစဉ် ဧရာမပင်လယ်သားရဲပေါ်လာပြီး ခေါင်းတလားကို ဝင်တိုက်ကာ တချက်တည်းဖြင့် ပင်လယ်သားရဲတစ်သောင်းကို သတ်လိုက်သည်။

ဖုန်း

ပင်လယ်ရေဝေ့တက်လာပြီးနောက် လေထဲ၌ မြင့်မားသော သွေးလှိုင်းတစ်ခု ဖွဲ့တည်လိုက်တော့သည်။

...

အခန်း (၁၄၁၆) ကြီးထွားမှု

ပင်လယ်သားရဲများက အဖက်ဖက်သို့ ထွက်ပြေးကြလေသည်။ သူတို့၏ အရသာရှိသည့် အစားအစာအပေါ် လောဘက ဧရာမသားရဲပေါ်ထွက်လာမှုနှင့်အတူ လေထဲ ပျောက်ကွယ်သွားကြ၏။ သူတို့က ယခုအခါ သူတို့၏ အသက်အတွက် စိုးရိမ်နေကြရသည်။

ပင်လယ်သားရဲများက အဖက်ဖက်သို့ ပျံသန်းသွားသည်နှင့် သူတို့က သွေးရောင်စွန်းနေသည့် လှိုင်းလုံးကြီးများက ကမ်းအထိ လာရောက်ထိမှန်စေသည်။

ထိုစဉ် သတ္တိကောင်းသည့် ကျင့်ကြံသူက တစ်ချက်သွားကြည့်လိုက်၏။ နောက်ဆုံးတွင် သွေးသံရဲရဲ ပင်လယ်ရေကို မြင်လိုက်ရသည့်အခါ သူ့ခြေထောက်များက တုန်တုန်ယင်ယင် ဖြစ်လာလေသည်။ သူက ကမ္ဘာကြီး၏ အဆုံးသတ်သို့ ရောက်ရှိလာသည်ဟု တွေးကာ ဘာလုပ်ရမည်မှန်း မသိတော့ပေ။

“ဤသို့ဖြင့် ကောလာဟလများက စတင်ပျံ့နှံ့လာလေ၏။ လူတချို့ကမူ ပင်လယ်သားရဲဆီမှ တိုက်ခိုက်မှုကို ပြောကြားစဉ် တချို့ကမူ ကောင်းကင်ဘုံမှ ကမ္ဘာကြီးကို ရှင်းလင်းကာ လူသားမျိုးနွယ်ကို အပြစ်ပေးမည့် အရိပ်အမြွက်ဟုလည်း ဆိုကြပေသည်။

…………………………

တာ့ယန်၏ အရှေ့ဖက်

အဆုံးမဲ့ပင်လယ်၏ ကမ်းရိုးတန်းက အဆုံးမဲ့ ရှည်လျားပြီး သွေးနီရောင်ဖြင့် စွန်းထင်းလာသည်။ ပင်လယ်မျက်နှာပြင်အထက် ဧရာမပင်လယ်သားရဲကြီးက ခေါင်းတလားကို ကိုက်နေရင်း ပင်လယ်သားရဲများစွာဆီ ပြေးဝင်လာကာ ပင်လယ်မျက်နှာပြင်ကို ထက်ရှသည့်ဓားဖြင့် ပိုင်းခြားလိုက်သလိုမျိုး ဖြစ်နေသည်။

……………………………….

ရွှေနန်းဥယျာဉ်တောင်

ယွီကျန့်ဟိုင်က သူ့နဂါးသွဲ့ကျောက်ဓားမော့ကို ကိုင်ဆောင်ထားပြီး ဝှေ့ယမ်းကာ ပျင်းရိနေလေသည်။ သူက တူညီသည့် လှုပ်ရှားမှုမျိုးကို သူ့ခန္ဓာကိုယ်ထုံထိုင်းလာသည်အထိ ဆက်တိုက်ပြုလုပ်နေခဲ့၏။ ထိုအခါမှသာ သူက ရပ်တန့်လိုက်သည်။

ထိုစဉ် အမျိုးသမီးတပည့်တစ်ဦးက လျှောက်လှမ်းလာ၏။ သူမက ဦးညွှတ်ကာ ပြောလိုက်သည်။

“ပထမသခင်လေး အံ့ဖွယ်မျိုးနွယ်ကနေ သတင်းစကားပို့လိုက်ပါတယ်”

“သတင်းစကားလား”

“ဟုတ်ပါတယ်။ ငရဲဂိုဏ်းရဲ့ ယခင်ကာကွယ်သူ ဟွားချုံးယန်ဆီကပါ”

“ဖတ်ပြ”

သူ့မိတ်ဆွေဟောင်းဟု ပြောလိုက်သည့်အခါ ယွီကျန့်ဟိုင်၏ အမူအရာက နဂိုအတိုင်းသာ ရှိနေလေ၏။

“အဆုံးမဲ့ပင်လယ်ထဲမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်နေတယ်။ ပင်လယ်ရေက သွေးနီရောင် ပြောင်းလဲသွားတော့ ကျင့်ကြံသူတွေနဲ့ သာမန်သူတွေက ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်”

“ပင်လယ်ရေက အနီရောင်ပြောင်းသွားတာလား” ယွီကျန့်ဟိုင်က မျက်မှောင်ကြုတ်လိုက်သည်။

“ကောင်းပြီ။ ငါ တစ်ချက်သွားကြည့်လိုက်မယ်”

ယွီကျန့်ဟိုင်က မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်ကာ အဆုံးမဲ့ပင်လယ်ပြင်ဆီ ဦးတည်လိုက်သည်။ သူ့လက်ရှိကျင့်ကြံဆင့်ဖြင့် သူ့ထိပ်တန်းအမြန်နှုန်းက ကွေ့နျူထက်ကိုပင် ကျော်လွန်နေလေ၏။

နေ့တစ်ဝက်ခန့် ထိပ်တန်းအလျင်ဖြင့် ပျံသန်းလာပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က ပင်လယ်ဘေးသို့ ရောက်ရှိလာသည်။ ကျင့်ကြံသူများစွာက လေထဲဝဲပျံနေရင်း သွေးနီရောင်သန်းနေသည့် ရေကို ကြည့်နေသည်ကို ကြည့်လိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ”

“ဒီမှာ ပင်လယ်သားရဲတွေရဲ့ အလောင်းတွေအများကြီးပဲ။ ဒါမှမဟုတ်ဘူးဆိုရင် သူတို့အချင်းချင်း တိုက်ခိုက်ကြတာ ဖြစ်နိုင်တယ်။ ကောလာဟလတွေကြောင့် အရူးလုပ်မခံရစေနဲ့”

ထိုစဉ် ကျင့်ကြံသူတစ်ဦးက အဆုံးမဲ့ပင်လယ်မှ ပျံသန်းထွက်လာကာ ပြောလိုက်သည်။

“အဲဒီမှာ သားရဲဧကရာဇ် ရှိတယ်။ သူတို့က အားနည်းတဲ့ ပင်လယ်သားရဲတွေကို မောင်းထုတ်နေကြတာ။ ကြည့်ရတာ သူတို့တွေက အရှေ့ဖက်ဆီ ဦးတည်နေတဲ့ပုံပဲ”

ထိုစကားဝိုင်းကို နားထောင်ပြီးသည့်နောက်တွင် ယွီကျန့်ဟိုင်က တစ်စုံတစ်ခု လွဲချော်နေသလို ခံစားမိလာသည်။ သူက ပုံရိပ်ယောင်များကိုသာ ချန်ထားခဲ့ပြီး ပင်လယ်ပြင်ဆီ ထွက်ခွာသွား၏။

………………………….

ယွီကျန့်ဟိုင်က ခေါင်းတလား နစ်မြုပ်သွားသည့်နေရာကို ရောက်ရှိသွားသည့်အခါ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ပင်လယ်သားရဲများ၏ အလောင်းများက ရေမျက်နှာပြင်အထက် မြောလွင့်နေဆဲ ဖြစ်၏။ တချို့သော အလောင်းများကမူ လတ်ဆတ်နေသေးပြီး သွေးများ ထွက်ပေါ်နေဆဲဖြစ်သည်။

ယွီကျန့်ဟိုင်က ထိုအရာကို မြင်သည့်အခါ အမူအရာတောင့်တင်းသွားလေသည်။

သူ့နဖူးအထက် သွေးကြောထင်းထွက်လာကာ အော်ပြောလိုက်သည်။

“ချီရှစ်တိ”

ထို့နောက် သူက နဂါးသွဲ့ကျောက်ဓားကို ထုတ်ကာ ပေတစ်သောင်းရှည်လျားသည့် စွမ်းအင်ဓားမော့ကို ထုတ်ဖော်လိုက်သည်။ ထိုအရာက ကောင်းကင်ကိုပင် ထိုးခွဲလုမတတ် ဖြစ်နေပြီး ကောင်းကင်ဆီမှ ဆင်းသက်လာသည်။

ဝှစ်

ထိုအရာက နေရာတစ်ဝှမ်း ကျရောက်လာသည့်အခါ နှစ်ဖက်လုံး၌ ဧရာမလှိုင်းလုံးများ ဖြစ်ပေါ်လာစေသည်။ သို့သော် အဆုံးမဲ့ပင်လယ်ပြင်က နက်ရှိုင်းလွန်းလှ၏။ သူ့စွမ်းအင်ဓားမော့တစ်ခုတည်းဖြင့် ပင်လယ်ပြင်ကို ပိုင်းခြားထားမည်နည်း။

ပင်လယ်ပြင်က နဂိုအတိုင်း ပုံမှန်ပြန်ဖြစ်သွားလေသည်။

ယွီကျန့်ဟိုင်က သူ့ဓားမော့ဖြင့် ဆက်လက် ဝှေ့ယမ်းနေလေ၏။ ပင်လယ်မျက်နှာပြင်တွင်ရှိနေသည့် အလောင်းများက သူ့ကြောင့် ပိုင်းဖြတ်ခံလိုက်ရသည်။ သို့သော်လည်း မည်မျှပင် ပိုင်းဖြတ်စေကာမူ အသုံးမဝင်ပေ။ တစ်နာရီခန့် ကြာမြင့်ပြီးသည့်နောက်တွင် လက်လျှော့ရုံမှအပ ရွေးချယ်စရာမရှိပေ။ သူက ပင်လယ်မျက်နှာပြင်ကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်၏။ သူက ပင်လယ်သားရဲ မရှိလျှင်ပင် စီးဝူယာ့က ရေစီးကြောင်းဖြင့် မြောပါသွားနိုင်သည့်အချက်ကို လက်မခံနိုင်ပေ။

သူက အသက်ပြင်းပြင်းရှူရင်း ပင်လယ်ပြင်ကို ဆက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူက လှည့်ပြန်တော့မည့်ဆဲဆဲတွင် ငွေရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ဦးက သူ့အနီးတွင် ပေါ်ထွက်လာလေ၏။ သူက အံ့အားသင့်စွာ မေးလိုက်သည်။

“မင်းက ဘယ်သူလဲ”

“ထွက်သွားစမ်း” ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက အေးစက်စက် ပြောလာလေသည်။

ဆက်တိုက်ဆိုသလို အသံလှိုင်းက ယွီကျန့်ဟိုင်အား လွင့်စဉ်သွားစေ၏။

သူက သွေးတစ်ပွက်အန်လိုက်ရသည်။ ဤသို့ဖြင့် သူသည် ရှေ့တွင်ရှိသည့်သူက သူ့ထက်ကျင့်ကြံဆင့် ကျော်လွန်နေသည့်သူမှန်း မည်သို့ မသိဘဲနေမည်နည်း။

ယွီကျန့်ဟိုင်က လေထဲတွင် ဂျွမ်းထိုးရင်း ရေမျက်နှာပြင်အထက် မတ်တပ်ရပ်ကာ ခြေငြိမ်အောင် ထိန်းလိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ပြီးသည့်နောက်တွင် ပြောလိုက်၏။

“ကျုပ်က ခင်ဗျားကို မသိဘူး။ ဘာလို့လာပြီး တိုက်ခိုက်ရတာလဲ”

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူ၏ မျက်ဝန်းအထက် အံ့အားသင့်သည့်အရိပ်အယောင် ပေါ်ထွက်လာလေသည်။

“မင်း မသေဘူးလား”

ယွီကျန့်ဟိုင်က ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်သည်။ ကြည့်ရသည်မှာ ဤကိစ္စက မရိုးရှင်းလှပေ။ ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ရွှေကြာနယ်မြေမှ မဟုတ်ပေ။ သူက ထွက်ခွာသွားမည့် နည်းလမ်းကို စဉ်းစားရမည်ဖြစ်၏။ ခဏအကြာတွင် မေးလိုက်သည်။

“ခင်ဗျားက မဟာလေဟာနယ်ကလား”

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“နိမ့်ကျတဲ့ ပုရွက်ဆိတ်တွေကတောင် မဟာလေဟာနယ်ကို သိတယ်လား”

ထို့နောက် ငွေရောင်ချပ်ဝတ် ကျင့်ကြံသူက အနက်ရောင်လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှတ်လာလေသည်။

ဘန်း

စက္ကန့်ပိုင်းလေးအတွင်း ယွီကျန့်ဟိုင်က နောက်သို့ လွင့်စဉ်သွားသည်။

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ငွေရောင်မျက်နှာပြင်အထက် ရောက်ရှိလာကာ ပြောလိုက်သည်။

“မင်းက ငါ့ရဲ့ တိုက်ကွက်နှစ်ခုကို ခုခံနိုင်တယ်ဆိုတော့ စိတ်ဝင်စားစရာပဲ”

လူသားများက မြက်ထဲတွင် ပုန်းအောင်းနေသည့် ပုရွက်ဆိတ်များကို ဂရုမစိုက်သော်လည်း ပင့်ကူတစ်ကောင်အဖြစ် ကြီးထွားလာမည့် ပုရွက်ဆိတ်များကို လူသားများက သေချာပေါက် သတ်ပစ်လိမ့်မည်။

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ပင်လယ်မျက်နှာပြင်အထက် လျှောက်လှမ်းလာလေ၏။ သူ ယုံကြည်ချက်ရှိသည့်အပြုံးကာ သူ့သတ်ဖြတ်ငွေ့တို့ကို ပြသနေလေသည်။

“မျှခြေထိန်းညှိသူက ဒီရောက်နေပြီဆိုတော့ ဒီမှာ မရှိသင့်ဘူး”

ထို့နောက် ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ယွီကျန့်ဟိုင်ဆီ ပြေးဝင်လာသည်။ သူက ယွီကျန့်ဟိုင်ဆီ ရောက်ရှိလာသည့်အခါ လက်ကို ဆန့်ထုတ်လိုက်၏။

တစ်ချိန်တည်းဆိုသလို ယွီကျန့်ဟိုင်ကလည်း လက်ကို ဆန့်ထုတ်လိုက်လေသည်။

ဘန်း

ထိပ်တိုက်တွေ့ဆုံမှုက ဧရာမလှိုင်းလုံးကြီးများ ထွက်ပေါ်လာစေသည်။

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ယွီကျန့်ဟိုင်အား ချီးကျူးမှုဖြင့် ကြည့်လိုက်သည်။

“မင်းက အတော်လေးကို လုံ့လရှိတဲ့ ပုရွက်ဆိတ်ပဲ။ အစတုန်းကတော့ ပျင်းဖို့ကောင်းမယ်လို့ ထင်နေတာ။ အခုတော့ ထင်ထားသလိုတော့ ပျင်းဖို့မကောင်းဘူးလေ”

ထို့နောက် ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက လေထဲ ပျောက်ကွယ်သွားဟန်ဖြင့် ယွီကျန့်ဟိုင်ရှေ့တွင် ထပ်မံပေါ်ထွက်လာကာ လက်ထဲ ချလိုက်သည်။

ယွီကျန့်ဟိုင်က နောက်လွင့်စဉ်သွားပြီး စွမ်းအင်ဓားမော့ကို ထုတ်ဖော်လိုက်ရ၏။

ဘန်း

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက လက်ကိုမြှောက်ထားဆဲဖြစ်ကာ စွမ်းအင်ဓားမော့ဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ အနက်ရောင်ကြာပွင့်က သူ့ခြေထောက်အောက်တွင် ပွင့်လန်းလာပြီး သူက အော်ဟစ်လိုက်သည်။

ဝုန်း

ယွီကျန့်ဟိုင်က ထပ်မံ လွင့်စဉ်သွားပြန်သည်။

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“ဒါပေမဲ့ ငါ့အချိန်က ကန့်သတ်ချက်နဲ့ဆိုတော့ မင်းနဲ့ မကစားတော့ဘူး။ မင်းကို အဆုံးသတ်ပစ်မယ်”

အရိပ်တစ်ခုက ယွီကျန့်ဟိုင်အထက် ဖျတ်ခနဲ ပေါ်ထွက်လာလေသည်။ တစ်ချိန်တည်းဆိုသလို အနက်ရောင်ကြာပွင့်က သူ့ဆီ လည်ပတ်လာ၏။

ယွီကျန့်ဟိုင်က သူ့ပထမစမ်းသပ်ချက်စွမ်းရည်ကို အလျင်အမြန် ထုတ်ဖော်လိုက်ရသည်။ သူ့ခန္ဓာကိုယ်က လျှပ်တစ်ပြက် အနီရောင်ပြောင်းသွားပြီး စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပေါင်းစည်းသွားလေ၏။

အနက်ရောင်ကြာပွင့်က ယွီကျန့်ဟိုင်ကို ထိခတ်သွားသော်လည်း သူ့ရွှေရောင်ကြာပွင့်က သေးငယ်သွားပြီး သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ထဲ ပျောက်ကွယ်သွားလေသည်။

“အသက်ကယ်စွမ်းရည်လား”

ယွီကျန့်ဟိုင်က ပင်လယ်ထဲ နစ်မြောသွားလေသည်။

ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ရေအောက်မှ လှုပ်ရှားသူများကို ခံစားကြည့်လိုက်သည်။ သူက အသက်ဓာတ်ကို မခံစားမိသည့်အခါ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

“အရူးတွေကပဲ မွေးဖွားဇယားချပ်ကို သူတို့အသက်နဲ့ ကာကွယ်ကြတာ။ အသက်မရှိရင် မွေးဖွားဇယားချပ်တွေက ဘာများအသုံးဝင်လို့လဲ”

အသက်ရှင်သည့် အရိပ်အယောင်မရှိကြောင်း အတည်ပြုပြီးသည့်နောက်တွင် ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ထူးဆန်းသည့် ဖြစ်ရပ်များကို စတင်စုံစမ်းလိုက်သည်။ တစ်ချိန်တည်းဆိုသလို

ချင်မျိုးနွယ်၏ တောင်ဖက်လေ့ကျင့်ရေးခန်းမ

ချင်ရန်ယွဲ့က ရှေ့နောက်လျှောက်နေရင်း ရေရွတ်လိုက်သည်။

“ကောင်းကင်က ထိုးဖောက်ခံလိုက်ရပြီ”

“မဟာလေဟာနယ်ကသူတွေက မင်းကို သတိမထားမိပါဘူး။ ဘာတွေများ ကြောက်နေတာတုံး”

လုကျိုးက မေးလိုက်သည်။

မဟာလေဟာနယ်သည် အစိမ်းရောင်ကြာနယ်မြေတွင် ဆရာသခင်လေးယောက် ရှိကြောင်း သိထားကြသော်လည်း သူတို့က အသေးစိတ်ကို မသိကြပေ။

ချင်ရန်ယွဲ့က ပြန်ဖြေလိုက်၏။

“ဒါပေမဲ့ အဲဒီအမျိုးသမီးက အစ်ကိုလုကို သိတယ်လေ”

“ငါက သူတို့နဲ့တောင် မဖြေရှင်းရသေးတာ။ သူတို့က ငါ့ကို လာပြီးပြဿနာရှာရဲတယ်လား” လုကျိုးက ပြောလိုက်သည်။

ချင်ရန်ယွဲ့က ပြောလိုက်သည်။

“အခု မာနကို ဂရုစိုက်နေရမဲ့အချိန် မဟုတ်ဘူး။ ဒီလိုမျိုး အစ်ကိုလုကို မစိုးရိမ်ရဘူးဆိုရင် တခြားသူတွေကရော”

ထိုစကားကိုကြားကာ လုကျိုးက တိတ်ဆိတ်သွားလေ၏။ သူက သူ့အသက်ကို စိုးရိမ်စရာမလိုဘဲ မည်သူ့ကမှ သူ့ကို ဘာမှမလုပ်နိုင်သည်မှာ အမှန် ဖြစ်သည်။ သို့သော်လည်း သူ့တပည့်များအတွက်မူ …

သူက တပည့်တစ်ဦးကို ဆုံးရှုံးပြီးသားဖြစ်သည့်အတွက် တူညီသည့်အမှားမျိုးကို မည်သို့ ထပ်မံပြုလုပ်နိုင်မည်နည်း။

နောက်ဆုံးတွင် လုကျိုးက ပြောလိုက်သည်။

“မင်းပြောတာ မှန်တယ်”

ချင်ရန်ယွဲ့က ခေါင်းညိတ်လိုက်သည်။

“အစ်ကိုလုက သဘောတူလို့ တော်သေးတာပေါ့။ ဒါနဲ့ အစ်ကိုလုအတွက် ကျင့်ကြံဖို့ နေရာကောင်းတစ်ခု ရှိတယ်”

“မလိုတော့ဘူး။ ငါ့ဆီမှာ နေရာတစ်ခု ရှိတယ်” လုကျိုးက ထရပ်ကာ ပြောလိုက်သည်။

“ဘယ်နေရာမှာလဲ အစ်ကိုလု”

“အမည်မသိကုန်းမြေက ကျယ်ပြောတယ်လေ။ အဲဒီပတ်ဝန်းကျင်နဲ့ဆိုရင် အဲ့နေရာထက်ကောင်းတဲ့ ကျင့်ကြံရေးနေရာ မရှိဘူး”

All Chapters