အခန်း (၁၄၂၀-၁၄၂၂)
Vol. 95 Ch. 1420-1422
အခန်း (၁၄၂၀) ကျိမင်
ကျင့်ကြံသူက လေဝင်ဟင်အထက် ဝဲပျံနေရင်း တာ့ယန်၏ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူတို့သည် မည်မျှစိတ်လှုပ်ရှားနေပြီး သိချင်နေကြောင်း မြင်သည့်အခါ ကျေကျေနပ်နပ်ပြုံးလိုက်မိ၏။ သူက ကောင်းကင်သိုင်းပညာခုံရုံးထဲတွင် ခေါင်းဆောင်များစွာကို ဆွေးနွေးခဲ့ပြီး လေ့လာစဉ်အခါက ငြိမ်းချမ်းနေသည့်နေ့ရက်များကို ပြန်လည်အမှတ်ရသွားလေ၏။ ကျောင်းတော်မှ အရူးတစ်ယောက်အနေဖြင့် သူ ဟွမ်းယွိက အမျိုးအဆွေနှင့် မိတ်ဆွေဟူ၍မရှိဘဲ သူက ယခုအခိုက်အတန့်၌ အရေးကြီးသည့် တစ်စုံတစ်ခု ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ ထိုအခိုက်အတန့်၌ သူက အသက်ပြင်းပြင်းရှူကာ စိတ်ခံစားချက်များကို ဖုံးလွှမ်းလိုက်၏။
သူ့လက်ထဲတွင် စာရွက်တစ်ရွက်ကို ကိုင်ဆောင်ထားသည့် လီယွင်ကျန်းက မော့ကြည့်ကာ မေးလာသည်။
“ဒါက ကျုပ် ရှစ်စွင်း ချန်ထားတဲ့ဟာလား”
ဟွမ်ယွိက လီယွင်ကျန်းအား ကြည့်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်။ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်”
လီယွင်ကျန်းက လက်ကိုဝှေ့ကာ ပြောလိုက်သည်။
“ကျုပ်တို့တွေက ရွှေရောင်ကြာနယ်မြေမှာဆိုတော့ စည်းမျဉ်းတွေနဲ့ ဘာမှကန့်သတ်ခံထားဖို့ မလိုဘူး”
“ဟုတ်ကဲ့ပါ”
အားလုံးက ထိုစာရွက်များကို ကြည့်ရင်း အလုပ်ရှုပ်နေကြသည့်အတွက် ထူးထူးဆန်းဆန်းအရာကို သတိမထားမိကြပေ။
လီယွင်ကျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျုပ်ဆရာရဲ့ အကဲဖြတ်မှုကို ယုံကြည်တယ်။ ရွှေကြာနယ်မြေမှာရှိတဲ့ မိုးမြေရဲ့ အနှောင်အဖွဲ့တွေက ကြာပွင့်ဖြတ်တောက်ပြီးတော့ ကျိုးပြတ်သွားပြီး နောင်အနာဂတ်မှာ ရွှေကြာနယ်မြေက အားအကောင်းဆုံးဖြစ်လာလိမ့်မယ်”
ဟွမ်ယွိက ခေါင်းညိတ်လိုက်သည်။
“သတ္တမသခင်လေးကလည်း အဲ့လိုထင်ခဲ့တာပါ။ ဒါပေမဲ့ ရာနှုန်းပြည့်တော့ မသေချာခဲ့ဘူး။ သူက အတားအဆီးတွေရဲ့ လျှို့ဝှက်ချက်ကို သုံးနှစ်ကြာ ရှာဖွေတွေ့ရှိတာပါ”
“သူ ရှာတွေ့ခဲ့လား” လီယွင်ကျန်းက မေးလိုက်သည်။
ဟွမ်ယွိက ခေါင်းယမ်းလိုက်၏။
“အဲဒါက သတ္တမသခင်လေးရဲ့ အကြီးမားဆုံးနောင်တပါပဲ”
“လျှို့ဝှက်ချက် တွေ့တွေ့၊ မတွေ့တွေ့ ကိစ္စမရှိဘူး။ ဆရာက အတားအဆီးတွေကို ချိုးဖောက်ရမဲ့ နည်းလမ်းကို အတည်ပြုပြီးသွားပြီဆိုတော့ လုံလောက်တယ်” လီယွင်ကျန်းက ပြောလိုက်သည်။ သူက လက်နောက်ပစ်ကာ မိစ္ဆာဝေဟင်မျှော်နန်း၏ အကာအရံကို လှမ်းကြည့်လိုက်သည်။ သူ့ငယ်ရွယ်သည့် မျက်နှာအထက် ရင့်ကျက်မှုတို့ ပေါ်ထွက်လာကာ သူသည် နေ့ချင်းညချင်း အရွယ်ရောက်လာသကဲ့သို့ ဖြစ်နေသည်။ ခဏအကြာတွင် သူက ပြောလိုက်သည်။
“တာ့ထန်ကို ပြန်ကြစို့”
“ဟုတ်ကဲ့ပါ”
………………………….
မြူခိုးတောအုပ်
လုကျိုးက နတ်ခြင်္သေ့ကို စီးနင်းကာ ရှေ့ကနေ ဦးဆောင်ပျံသန်းသွားသည်။
တခြားသောသူများက သူ့နောက်မှ လိုက်ပါလာလေ၏။ ယဲ့ထျန်းရှင်းနှင့် ချန်းဟွမ်တို့က တွမ့်မူရှန်းနှင့် လုဝူတို့ရှေ့တွင် ရှိနေလေသည်။
လုဝူက မျက်လုံးဝှေ့ကာ ပြောလိုက်၏။
“သူတို့ရဲ့ အရှိန်က နှေးလွန်းတယ်”
ခရီးက ပျင်းဖို့ကောင်းသည့်အတွက် တွမ့်မူရှန်းက မေးလိုက်သည်။
“လုဝူ မင်းနဲ့ နတ်ခြင်္သေ့နဲ့ဆိုရင် ဘယ်သူက ပိုကောင်းလဲ”
လုဝူက ကောင်းချီးမင်္ဂလာချီများဖြင့် လွှမ်းခြုံထားသည့် နတ်ခြင်္သေ့ကို ကြည့်ကာ ပြောလိုက်သည်။
“အရွယ်ရောက်လာတယ်ဆိုရင်တော့ သူနဲ့ နှိုင်းယှဉ်ဖို့တော့ မျက်နှာပူမိလိမ့်မယ်။ ဒါပေမဲ့ အခုတော့ သူက ငါ့လောက် မကောင်းသေးဘူး”
“…”
ထိုစဉ် တန့်ခန်းကို စီးလာသည့် ကျူးဟုန်ကုန်းက ပျံသန်းလာလေသည်။
“ဟုတ်ပြီ။ ရှေ့ကို သွားပြီးတော့ ကြွားလုံးထုတ်လိုက်လေ။ ကြွားလုံးထုတ်လို့ အကျိုးဆက်တော့ မရှိပါဘူး”
လုဝူက အစွယ်များကို ဖြဲပြလိုက်၍ တန့်ခန်းက တုန်တုန်ယင်ယင်ဖြစ်သွားလေသည်။
ထို့နောက် လျှပ်တစ်ပြက်အတွင်း ပျံသန်းသွားပြီး ကျူးဟုန်ကုန်းကို နောက်ကျောမှ ခါချလုနီးပါး ဖြစ်သွားလေသည်။
“ဟေး အသုံးမဝင်တဲ့ဟာ။ ငါ့ရဲ့ ဂုဏ်သိက္ခာနဲ့ မာနကို မစဉ်းစားဘူးလား။ ဘာမှကြောက်နေဖို့ မလိုဘူး”
တန့်ခန်းက ကျူးဟုန်ကုန်းကို နောက်ထပ်တစ်ချက်ပင် ကြည့်မနေဘဲ ဆက်လက်ကာ ပျံသန်းသွားလေသည်။
အားလုံးက ထိုအရာကို မြင်သည့်အခါ ရယ်မောလိုက်ကြ၏။
တိမ်တိုက်ထဲ ဝင်ရောက်ပြီးသည့်နောက်တွင် လုကျိုးက ရပ်တန့်လိုက်သည်။ ထို့နောက် သူက ယွမ်လန်နှင့် တခြားသောဓားသမားများကို ကြည့်ကာ ပြောလိုက်သည်။
“ဓားသမား ၄၉ယောက်”
ယွမ်လန်က ရှေ့တိုးလာကာ ဦးညွှတ်ပြီး မေးလိုက်သည်။
“လုချန်းပေ့ အမိန့်ရှိပါ”
“မင်းက ဒီတစ်ခေါက် အရမ်းကို ကြိုးစားခဲ့တယ်။ အမည်မသိကုန်းမြေက အန္တရာယ် များလွန်းတယ်ဆိုတော့ အစိမ်းရောင်ကြာနယ်မြေဆီ အရင်ဆုံးပြန်သွားသင့်တယ်”
လုကျိုးက ပြောလိုက်သည်။
ယွမ်လန်က ခေါင်းယမ်းကာ ပြောလိုက်၏။
“လုချန်းပေ့ ကျွန်တော်တို့က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဖွဲ့ဝင်တွေမဟုတ်ဘူးဆိုပေမဲ့ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မိတ်ဆွေကောင်းတွေပါပဲ။ မိတ်ဆွေတွေအတွက်က ဘေးချင်းယှဉ်ပြီး တိုက်ခိုက်တာက မှန်ကန်တယ်မဟုတ်ဘူးလား”
ထို့နောက် ကျန်ရှိနေသည့် ဓားသမား ၄၈ယောက်က ပြိုင်တူပြောလိုက်ကြသည်။
“လုချန်းပေ့ ကျုပ်တို့ကို မငြင်းဆန်ပါနဲ့”
လုကျိုးက ဓားသမား ၄၉ဦးကို ကြည့်ကာ
“ဒါကတော့…”
ယွမ်လန်က ဖြတ်ပြောလိုက်သည်။
“သေခြင်းရှင်ခြင်းကို ကောင်းကင်ဘုံက ဆုံးဖြတ်ပေးတာပါ။ လုချန်းပေ့က တစ်စုံတစ်ခု ဖြစ်သွားမှာကို စိုးရိမ်နေတာ နားလည်ပါတယ်။ ကျွန်တော်တို့ဆီ တစ်ခုခုဖြစ်သွားတယ်ဆိုရင် ဆရာသခင်ချင်ဆီ ရှင်းမပြနိုင်မှာကိုလည်း ဆိုးနေတာ သိပါတယ်။ ဒါပေမဲ့ ဆရာသခင်ချင်က ကျွန်တော်တို့ကို လုချန်းပေ့ဆီ ကူညီပေးဖို့ မှာကြားထားတာ ကြာလှပါပြီ”
လုကျိုးက ယွမ်လန်သည် ထိုစကားများကို ပြောပြီးသည့်နောက်တွင်ပင် ငြင်းဆန်သည်မှာ အကျိုးအကြောင်းမသင့်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကောင်းပြီလေ။ မိစ္ဆာဝေဟင်မျှော်နန်းအတွက် အကျိုးကျေးဇူးရှိတယ်ဆိုရင် ဓားသမား၄၉ဦးကလည်း ဝေစုရလိမ့်မယ်”
ဝှစ်
ဤသို့ဖြင့် လုကျိုးက လက်ကိုဝှေ့ယမ်းလိုက်သည်။
နတ်ခြင်္သေ့က မြူခိုးတောအုပ်အတွင်း ဆက်လက်ပျံသန်းသွားလိုက်သည်။
ဓားသမား၄၉ဦးက စိတ်လှုပ်ရှားစွာဖြင့် လုကျိုးနောက်မှ လိုက်ပါသွားကြ၏။
သူတို့က ဆက်လက်ပျံသန်းနေရင်း လရောင်တောအုပ်ကို ဖြတ်သန်းသွားပြီးသည့်နောက်တွင် ချောက်နက်ထဲ ဝင်ရောက်သွားလေသည်။ ငါးရက်တာ ပျံသန်းလာပြီးသည့်နောက်တွင် သူတို့က အမည်မသိကုန်းမြေထဲ ပြန်လည်ရောက်ရှိသွားလေ၏။
……………………………….
မဟာလေဟာနယ်
ခန်းမတစ်ခုအတွင်း
အနက်ဝတ်ကျင့်ကြံသူက ရှေ့နောက်လျှောက်လှမ်းနေသည်။
နာရီဝက်ခန့်ကြာမြင့်ပြီးသည့်နောက်တွင် ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ဝင်ရောက်လာကာ ဦးညွှတ်ပြီး ပြောလိုက်သည်။
“ဆရာ ကျွန်တော် ဒီကိစ္စကို စုံစမ်းပြီးသွားပါပြီ။ ကျွန်တော်တို့ထဲက လူတစ်ယောက်က တာ့ယန်ရဲ့ အရှေ့ဖက် အဆုံးမဲ့ပင်လယ်ထဲမှာ သေသွားခဲ့ပါတယ်။ နယ်ခံကျင့်ကြံသူတွေနဲ့ ပြောကြည့်တာကတော့ အဲဒီမှာ ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေရှိခဲ့တယ်လို့ ပြောတယ်။ အဲဒါကလွဲပြီး သတ်ဖြတ်တဲ့သူက လုဝူဆိုတာကိုတော့ တွေ့ခဲ့ရပါတယ်။ အဲဒါက အနက်ရောင်ကြာနယ်မြေရဲ့ ဆရာသခင်တွမ့်မူရဲ့ စည်းကျော်သားရဲ ဖြစ်ခဲ့တာပါ”
“လုဝူလား” အနက်ရောင်ချပ်ဝတ်ကျင့်ကြံသူက မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက် သူ့အကြည့်က ထူးထူးဆန်းဆန်းအလင်းဖြင့် တောက်ပလာလေ၏။
“တွမ့်မူထျန်း နှစ်သုံးသောင်းတောင် ကုန်သွားပြီးပြီ။ မင်းရဲ့ စီးတော်သားရဲကို ဂရုမစိုက်တော့တာလား”
ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက မေးလိုက်သည်။
“ဆရာ တွမ့်မူထျန်းက သေသွားပြီမဟုတ်ဘူးလား”
“ဆရာသခင်တစ်ယောက်က ဘယ်လိုလုပ် အလွယ်တကူ သေနိုင်ပါ့မလဲ။ ပြီးတော့ သူ မဟာလေဟာနယ်ကို လာပြီးတဲ့နောက်မှာ သူ့မွေးဖွားဇယားချပ်တွေကို တိုးမြှင့်နိုင်ခဲ့သေးတယ်” အနက်ဝတ်ကျင့်ကြံသူက ပြောလိုက်သည်။
ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက အံ့အားသင့်သွားလေ၏။ ထို့နောက် သူက မေးလိုက်သည်။
“အဲ့လိုဆိုရင် ဆရာသခင်တွမ့်မူက လုဝူက တမင်…”
“သူ မဟုတ်ဘူး” အနက်ဝတ်ကျင့်ကြံသူက ပြောလိုက်သည်။
ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက စိတ်ရှုပ်ထွေးသွားလေ၏။
ထိုစဉ် အနက်ဝတ်ကျင့်ကြံသူက ပြုံးကာ ပြောလိုက်သည်။
“ထားလိုက်တော့။ ဒါက သေဆုံးမှုတစ်ခုပါပဲ”
ထိုစဉ် ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ပြောလိုက်သည်။
“မင်းက တော်ဝင်မိန်းမပျို အယောင်ဆောင်ပြီးတော့ ကိုယ်ပွားကိုတောင် ချန်ထားခဲ့သေးတယ်”
အနက်ဝတ်ကျင့်ကြံသူက ငွေရောင်ချပ်ဝတ်ကျင့်ကြံသူကို စိုက်ကြည့်လိုက်၍ ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ပြောလိုက်သည်။
“ဟမ်”
“ကျွန်တော် အမှားကို သိပါပြီ” ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက ဒူးထောက်ကာ အလျင်စလို ပြောလိုက်သည်။
“ထွက်သွားစမ်း”
ဤသို့ဖြင့် ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက အပြေးအလွှား ထွက်ခွာသွားလိုက်သည်။
အနက်ဝတ်ကျင့်ကြံသူက ခန်းမအပြင်ဘက်ကို လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။
“ကမ္ဘာကြီးက စစ်တုရင်ခုံပဲ။ သက်ရှိတွေအားလုံးက နယ်ရုပ်တွေ။ မင်းကလည်း နယ်ရုပ်တစ်ရုပ်ပဲ”
သူက လက်ကို ဖွင့်လိုက်သည့်အခါ အဖြူရောင်ပစ္စည်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအဖြူရောင်ပစ္စည်းက အနီရောင်အလင်းလုံးဖြင့် လွှမ်းခြုံထားလေ၏။ ထို့နောက် ထိုအရာက ကြယ်စင်များသဖွယ်တောက်ပလာလေသည်။
သိပ်မကြာခင် အနက်ဝတ်ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှ သွေးနီရောင်မြူခိုးများ ထွက်ပေါ်လာလေသည်။ ထိုအရာက သူ့မျက်စိရှေ့ စုစည်းသွားပြီး သူနှင့် အမြင့်တူသည့် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာလေ၏။ အချိန်ကြာလာသည်နှင့်အမျှ ထိုပုံရိပ်က လူသားတစ်ယောက်နှင့်ပင် မကွဲတော့ပေ။
ထိုအရာ၏ မျက်နှာပေါ်တွင်ရှိသည့် အမူအရာတို့က အေးစက်ကာ မောက်မာမှုဖြင့် ပြည့်နှက်နေလေ၏။
အနက်ဝတ်ကျင့်ကြံသူက သွေးအန်လိုက်ရပြီးသည့်နောက်တွင် ခြေလှမ်းသုံးလှမ်းနောက်ဆုတ်ကာ ပုံရိပ်ကို အပြီးသတ်လိုက်သည်။
“ငါ့ကျင့်ကြံဆင့် ၃၀ရာခိုင်နှုန်းနဲ့ အဆင့်မြင့် အထွတ်အမြတ် အမွေအနှစ်လည်း ရှိတယ်။ ဒီတန်ကြေးက အတော်လေးကို မြင့်မားတယ်…”
သူ့ကိုယ်သူ စိတ်ထိန်းညှိပြီးသည့်နောက်တွင် သူ့ရှေ့မှလူကို ကြည့်ကာ ပြောလိုက်သည်။
“သူ့ကို ရှာပြီးသတ်လိုက်”
“ဟုတ်ကဲ့”
“အရင်ကလို တုံးအအ လုပ်မနေနဲ့။ တစ်ခုခု ဖြစ်လာတယ်ဆိုရင် မင်းရဲ့ မှတ်ဉာဏ်တွေကို ကယ်ဖို့မမေ့နဲ့”
အနက်ဝတ်ကျင့်ကြံသူက သလင်းကျောက်ကို ထုတ်ပြီး ပြောလိုက်သည်။
ထိုသူက သလင်းကျောက်ကို ဖမ်းကာ ပြောလိုက်၏။
“နားလည်ပါပြီ”
ထို့နောက် သူက မေးလာသည်။
“ကျုပ်နာမည်က ဘယ်သူလဲ”
အနက်ဝတ်ကျင့်ကြံသူက ခေတ္တမျှ တွေးပြီးသည့်နောက်တွင် ပြောလိုက်သည်။
“ကျန်းသုံ့ရှန်း”
ဤသို့ဖြင့် ကျန်းသုံ့ရှန်းက ထိုးဖောက်လုမတတ်ဖြစ်သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
ထို့နောက် အနက်ဝတ်ကျင့်ကြံသူက အချိန်မဖြုန်းဘဲ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံလိုက်သည်။ အသက်ရှူနှုန်းကို ထိန်းညှိပြီး သူ့ချီသွေးကြောထဲမှ စွမ်းအားများကို လှည့်ပတ်ခြင်းဖြင့် သူ့ကျင့်ကြံဆင့်ကိုလည်း ထိန်းညှိလိုက်၏။
နောက်ဆုံး သူ ရပ်သွားပြီးသည့်နောက်တွင် ရေရွတ်လိုက်သည်။
“ရွှေကြာနယ်မြေမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ကိန်းအောင်းနေတာလဲ”
နယ်မြေ ၉ခုအနက် ရွှေကြာနယ်မြေက ထိပ်ဆုံးနှင့် နီးကပ်နေခြင်းမရှိပေ။ သူ့အစီအစဉ်က ရွှေကြာနယ်မြေကြား တစ်ခုပြီးတစ်ခု ပျက်သုဉ်းသွားသည်မှာ အံ့အားသင့်ဖို့ကောင်းလှသည်။
ထိုစဉ် သူ့လက်အောက်ငယ်သားတစ်ယောက်က ခန်းမအပြင်ဘက်တွင် ပေါ်ထွက်လာလေ၏။
“ဆရာ လူကြီးမင်းအိုးရန်က တွေ့ခွင့်တောင်းပါတယ်”
“သူက ဘယ်လိုလုပ်ဒီရောက်နေတာလဲ”
ရယ်မောသံတစ်သံ ထွက်ပေါ်လာပြီးသည့်နောက်တွင် အိုးရန်ကျီယွင်က တိုက်ရိုက်ဝင်ရောက်လာသည်။ သူက ပြောလိုက်၏။
“ကျုပ်က ဒီလာလို့ မရဘူးလား။ ကျန်းဝမ်ရွှီ ခင်ဗျား ဒီလို မျက်နှာပူဖို့ကောင်းတဲ့အရာတွေ လုပ်နေတုန်းလား”
“မင်းလည်း မင်းကိုယ်မင်း မေးသင့်တယ်” အနက်ဝတ်ကျင့်ကြံသူက ပြောလိုက်သည်။
“ခင်ဗျား ကြည့်ရတာ သိပ်မကောင်းဘူးပဲ။ ခင်ဗျားက အရင်ကလိုမျိုး အာဏာရှင်လုပ်ဖို့ နယ်မြေ ၉ခုဆီ သွားပြန်ပြီလား” အိုးရန်ကျီယွင်က ပြောလိုက်သည်။
“မင်းအတွက် ငါ့ကို ရန်လာစနေလည်း အလကားပဲ” အနက်ဝတ်ကျင့်ကြံသူက ပြောလိုက်၏။
“ငါက စည်းမျဉ်းတွေအတိုင်းလုပ်တယ်။ ဒါပေမဲ့ တချို့လူတွေအတွက်ကတော့ အတူတူတော့ မဟုတ်ဘူးပေါ့”
“ကောင်းပြီလေ။ အထွတ်အမြတ်ခန်းမက မသိဘူးဆိုလည်း ထားလိုက်ပါတော့”
နှစ်ဦးသားက စကားဆက်မပြောကြတော့ပေ။
ခဏအကြာတွင် အနက်ဝတ်ကျင့်ကြံသူက ပြောလိုက်၏။
“ဧည့်သည်ပြန်လွှတ်လိုက်”
အိုးရန်ကျီယွင်က စိတ်အခြေအနေကောင်းနေသည့်ဟန် ပေါ်သည်။
“ခင်ဗျားကို တစ်ခုခု ပြောဖို့ ရောက်လာတာ”
“လူကြီးမင်းအိုးရန် ကိုယ်တိုင်လာတွေ့ရတဲ့ ကိစ္စက ဘာများလဲ”ကျန့်ဝမ်ရွှီက သိချင်စွာ မေးလိုက်သည်။
“သူ ပြန်လာပြီ” အိုးရန်ကျီယွင်က ကျန့်ဝမ်ရွှီကို အပြုံးဖြင့်ကြည့်ကာ ပြောလိုက်သည်။
“ခင်ဗျားရဲ့ အမူအရာက ဘာဖြစ်နေတာလဲ”
“မင်းက ဘယ်သူ့ကို ပြောတာလဲ” ကျန့်ဝမ်ရွှီက မျက်မှောင်ကြုတ်လိုက်၏။
“ခန့်မှန်းကြည့်လေ”
“ဘယ်သူပဲဖြစ်ဖြစ် သူတို့က မဟာလေဟာနယ်စည်းမျဉ်းတွေကို မလိုက်နာဘူးဆိုရင် အဟန့်အတားတွေအဖြစ် သတ်မှတ်ခံရမှာပဲ။ ငါ့ကို ဒါ သုံးပြီး ခြိမ်းခြောက်နေစရာ မလိုဘူး။ ပြီးတော့ ဆယ်ခုမြောက် ခန်းမရဲ့ တော်ဝင်မြင့်မြတ်သခင်ရဲ့ စမ်းသပ်မှုကို ဘယ်သူကမှ မကျော်ဖြတ်နိုင်ဘူး”
ကျန့်ဝမ်ရွှီက ထရပ်ကာ ပြောလိုက်သည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး ပြောလိုက်၏။
“ဧည့်သည်ကို ပြန်ပို့လိုက်”
“ခင်ဗျားက ကြောက်နေတာပဲ” အိုးရန်ကျီယွင်က ရယ်မောလိုက်သည်။
“ဧည့်သည်ကို ပြန်ပို့လိုက်”
ငွေရောင်ချပ်ဝတ်ကျင့်ကြံသူက အလျင်စလို ဝင်ရောက်လာကာ အိုးရန်ကျီယွင်အား ဖိတ်ကြားသည့် အမူအရာမျိုး ပြုလုပ်လာသည်။
အိုးရန်ကျီယွင်က အားပါးတရ ရယ်မောပြီး အတော်လေး ပျော်ရွှင်နေဟန်ပေါ်၏။ သူက လက်နောက်ပစ်ကာ ခန်းမထဲမှ ထွက်ခွာသွားလေသည်။
ဘန်း
ကျန်းဝမ်ရွှီက ဘေးဖက်တွင် ရှိနေသည့် ကျောက်စိမ်းအဆင်တန်ဆာကို ခြေမွပစ်ကာ ပြောလိုက်သည်။
“ဘယ်သူကမှ ထာဝရအသက်မရှင်နိုင်ဘူး”
…………………………….
အမည်မသိကုန်းမြေ၌
ကောင်းကင်၌ အနက်ရောင်မြူခိုးများဖြင့် လွှမ်းခြုံနေလျက် ရှိသည်။ လေပြင်းများကလည်း ကောင်းကင်ယံ၌ တိုက်ခတ်နေသော်လည်း ကုန်းမြေမျက်နှာပြင်အထက် ရောက်ရှိလာသည့်အခါ သိသိသာသာ ငြိမ်ကျသွားလေသည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ လူများက ……..ကြပြီး ကျယ်ပြောလှသည့် ကုန်းမြေကြီးကို ကြည့်နေကြသည်။
တောင်နယ်နိမိတ်များနှင့် မြစ်များတို့က ပါရမီထူးကဲသည့် ပန်းချီပညာရှင်တစ်ယောက်မှ ရေးဆွဲထားသလိုမျိုး ဖြစ်နေ၏။
အကြီးအကဲလေးဦးက စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ သူတို့က ထိုသို့သောမြင်ကွင်းကို မမြင်တွေ့ခဲ့ဖူးပေ။ သူတို့က ကျယ်ပြောလှသည့်ကမ္ဘာကြီးထဲ လျှို့ဝှက်ဆန်းကြယ်သည့် ကိစ္စများစွာရှိလေ၏။ ရေတွင်းထဲမှ ဖားသူငယ်တစ်ဦးအနေဖြင့် ဤသို့သောမြင်ကွင်းမျိုးကို မည်သို့ မြင်တွေ့နိုင်မည်နည်း။
“သတ္တမ…”
မင်ရှစ်ယင်က ချောင်းအသာဟန့်ပြီး ကျူးဟုန်ကုန်းကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။
ကျူးဟုန်ကုန်းက အလျင်စလို ဖြတ်ပြောလိုက်၏။
“အား သောက်ရမ်းလှလိုက်တာ”
အားလုံး “…”
ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် အားလုံးက ရယ်မောလိုက်ကြသည်။ ပျော်ရွှင်စွာ နေတတ်သည့် ကျူးဟုန်ကုန်းရှိလျှင်ပင် အမည်မသိကုန်းမြေကပင် ပျင်းရိစရာမကောင်းတော့ပေ။
ခုံဝမ်က ပြုံးကာ ပြောလိုက်၏။
“သတ္တမသခင်လေး အမည်မသိကုန်းမြေက ကျယ်ပြောတယ်။ ခင်ဗျားကို မပြောနဲ့။ ဆရာသခင်တစ်ယောက်လိုလာတယ်ဆိုရင်တောင် အမည်မသိကုန်းမြေကို ရောက်ဖို့ ငါးနှစ်ထက် ကြာမြင့်လိမ့်မယ်။ ဒါက တကယ်ကို စွန့်စားလို့ကောင်းတယ်။ ဒီလိုမျိုး ကျယ်ပြောတဲ့နေရာနဲ့ အားကောင်းတဲ့ ခက်ထန်သားရဲတွေက အလွယ်တကူ ရှာဖွေတွေ့ရှိမှာ မဟုတ်ဘူး”
“အဲ့လောက်တောင် ကျယ်တာလား”
“ဟုတ်တယ်။ ကျုပ်တို့တွေ အများကြီးရှိပေမဲ့ အမည်မသိကုန်းမြေထဲမှာ ကျုပ်တို့တွေက ဖုန်မှုန့်တစ်မှုန့်လိုပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ကျုပ်တို့က ကျုပ်တို့လိုချင်တာတော့ သွားနိုင်တာပဲလေ” ခုံဝမ်က ပြောလိုက်သည်။
“ခုံဝမ် ပြောတာ မှန်တယ်။ တကယ်လို့ ကျုပ်လူတွေသာ နယ်မြေ၉ခုထဲမှာ နေနေမယ်ဆိုရင် ကျင့်ကြံသူအများကြီး ရှိနေလိမ့်မယ်။ မျက်စိနဲ့ နားတွေလည်း အများကြီးရှိနေလိမ့်မယ်။ မျှခြေထိန်းညှိသူဆီ ပြေးဝင်သွားမယ်ဆိုတာကို ဘယ်သူကများ သိမှာလဲ။ ပြီးတော့ ကိစ္စတွေက အမည်မသိကုန်းမြေမှာကျတော့ ကွဲပြားနေတာ။ တကယ်လို့ တစ်စုံတစ်ယောက်ကို မကြိုက်ဘူးဆိုရင် တိုက်ရိုက်သတ်ပစ်လို့ရတယ်” မင်ရှစ်ယင်က ပြောလိုက်သည်။
“အဲ့လောက်ရက်စက်ဖို့ လိုလို့လား” ကျူးဟုန်ကုန်းက မေးလိုက်သည်။
“ပါးရှစ်တိ ငါတို့က အမည်မသိကုန်းမြေမှာ ရောက်နေတယ်ဆိုတာကို မှတ်ထားသင့်တယ်။ မင်းရန်သူကို သက်ညှာလိုက်တာက မင်းကိုယ်မင်း ရက်စက်လိုက်တာနဲ့ အတူတူပဲ” မင်ရှစ်ယင်က ဉာဏ်ပညာကြီးသည့်သူကို ပြောလိုက်သည်။
အားလုံးက ခေါင်းညိတ်လိုက်ကြ၏။ ဤသည်က ကျင့်ကြံရေးလောက၏ အခြေခံသဘောတရား ဖြစ်ပေသည်။ လူသားများ၏ စိတ်နှလုံးသားက မှန်းဆရအခက်ခဲဆုံးဖြစ်၏။
ထိုစဉ် ယန်ကျန်းလော့က လှည့်ကာ မေးလိုက်၏။
“မျှော်နန်းသခင် ကျုပ်တို့ ဘယ်သွားမှာလဲ”
“ငါတို့က ယွီကျုန်းရဲ့ဖျက်ဆီးခြင်းတိုင်လုံးတစ်ခုကို ရှာတွေ့သွားပြီဆိုတော့ အခု ငါတို့နဲ့ အနီးဆုံးတိုင်လုံးက ဘယ်မှာလဲ” လုကျိုးက မေးလိုက်သည်။
ခုံဝမ်က စာရွက်တစ်ရွက်ကို ထုတ်ကာ လက်ချောင်းများကို သပ်ပြီး လှန်လှောကြည့်လိုက်သည်။
သူက ပြောလိုက်၏။
“ယွီကျုံးနဲ့ ဖုန်းရှောင်တို့နဲ့ နီးပါတယ်။ ဒါပေမဲ့ ဖုန်းရှောင်က အတွင်းဘက်ပိုင်းကို ပိုကျတယ်။ ကျုပ်တို့တွေ ကျိမင်ကို အရင်သွားသင့်တယ်လို့ ထင်တယ်”
“ကျိမင်လား”
“ဟုတ်တယ်။ ရှေးခေတ်အချိန်တုန်းကတော့ ချီဖန်းလျော့လို့ ခေါ်ခဲ့ကြတာ” ခုံဝမ်က ပြောလိုက်သည်။
ကျူးဟုန်ကုန်းက စိတ်အားထက်သန်စွာ ပြောလိုက်၏။
“လှုပ်ရှားလိုက်ကြရအောင်။ ဘာပဲဖြစ်ဖြစ် အနီးနားမှာပဲလေ”
“ဒါကတော့…” ခုံဝမ်က နေရခက်စွာ ပြောလိုက်သည်။
“အနီးနားမှာ ဆိုပေမဲ့ အဲဒီကိုရောက်ဖို့ နှစ်ဝက်ခန့်လောက်တော့ လိုလိမ့်မယ်။ သင်္ကေတလမ်းကြောင်း ဒါမှမဟုတ်ဘူးဆိုရင် စုဆောင်း ကူးသန်းပြောင်းရွှေ့ရေးအဆောင်မရှိသရွေ့ ချက်ချင်းရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
လုကျိုးက မဟာသူတော်စင်ချန်ဖု သုံးခဲ့သည့် ကျောက်စိမ်းအဆောင်အကြောင်း တွေးမိသွားလေ၏။ သူတို့၏ အလျင်က မြန်ဆန်လွန်းသည့်အတွက် ဖျက်ဆီးခြင်းတိုင်လုံးတချို့ကို သွားရောက်လည်ပတ်ခဲ့လေသည်။ ယခု သူက ထိုအရာကို တွေးမိသွားသည့်အခါ နှမြောဖို့ကောင်းလှ၏။
ယွီကျန့်ဟိုင်က ပြောလိုက်၏။
“ကောင်းပြီ။ အဲဒါက ကောင်းပါတယ်။ ကျုပ်တို့တွေ သွားရင်းနဲ့ အသက်ဓာတ်နှလုံးသားကို စုဆောင်းလို့ရတာပဲ”
လုကျိုးက ခေါင်းညိတ်လိုက်၏။
“သွားကြစို့”
ဤသို့ဖြင့် လုကျိုးက နတ်ခြင်္သေ့ကို စီးနင်းလျက် အမည်မသိကုန်းမြေထဲ ဝဲပျံကာ ကျိမင်ဆီ ဦးတည်လိုက်သည်။
………………………………………………
ဆယ်ရက်ခန့်ကြာမြင့်ပြီးသည့်နောက်
အမည်မသိကုန်းမြေ၏ ရွှံ့နွံတစ်ခုအတွင်း
ခုံဝမ်က နတ်ခြင်္သေ့ဘေးနားတွင် ရပ်နေရင်း ခေါင်းမော့ကာ အပေါ်ကို လက်ညှိုးထိုးလိုက်သည်။
“ဒီနေရာကို တိမ်တိုက်ထိပ်တန်းရွှံ့ကန်လို့ခေါ်တယ်။ နာမည်အတိုင်းပဲ။ ကျုပ်တို့ရှေ့မှာ ရှိနေတဲ့တောင်က တိမ်တိုက်တွေကနေ ထိုးထွင်းထွက်နေတာလေ။ အဲဒါက ခက်ထန်သားရဲတွေရှိနိုင်တယ်။ အားလုံး သတိကြီးကြီးထားကြပါ”
ကျန်သူများက ခေါင်းညိတ်လိုက်ကြ၏။
“ရှောင်ယွမ်အာက ခေါင်းပြူထွက်လာကာ မေးလိုက်သည်။
“ရှစ်စွင်း တပည့် အရှေ့ကနေသွားပြီး နေရာကို စူးစမ်းကြည့်လို့ရမလား”
ထိုအရာကို ကြားကာ ယွီရှန်းရုန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ကျိုးရှစ်မေ့က ဒီလိုကိစ္စတွေ လုပ်ဖို့ မလိုပါဘူး။ စိတ်အေးအေးနဲ့ စောင့်ကြည့်နေလိုက်”
အမည်မသိကုန်းမြေဆီ အချိန်အတော်ကြာ သွားလာပြီးသည့်နောက်တွင် ယွီရှန်းရုန်က သူ့ဓားက သံချေးတက်လာသလို ခံစားမိနေသည်။ အကယ်၍ သူ့ဓားကို တစ်ရက်ဆွဲမထုတ်ပါက သူသည် မသက်မသာခံစားမိလိမ့်မည်။ ဤသို့သောအရာမျိုးကို မည်သို့လက်လွှတ်ခံမည်နည်း။
“အိုး”
ဝှစ် ဝှစ် ဝှစ်
အားလုံးက ဆက်လက်ရှေ့တိုးလာကြ၏။ အချိန်ခဏအတွင်း မြင့်မားသည့်တောင်တန်းက သူတို့ရှေ့ပေါ်ထွက်လာလေသည်။
“အာ့ရှစ်တိ ငါလုပ်နိုင်တယ်”
ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားကို စီးနင်းလျက် ပျံသန်းသွားလေသည်။
ယွီရှန်းရုန် “…”
ယွီရှန်းရုန်က အမြဲတမ်း လူကြီးလူကောင်းတစ်ယောက်ဖြစ်ခဲ့၏။ သူက အကျိုးအကြောင်းမသင့်သည့် ယွီကျန့်ဟိုင်ကိုကြည့်ကာ ကူကယ်ရာမဲ့ရင်း သက်ပြင်းချလိုက်သည်။
ထိုစဉ် မင်ရှစ်ရင်က တအံ့တဩဖြင့် ရေရွတ်လိုက်သည်။
“တာ့ရှစ်ရှိုးက ဒုတိယမြောက်မွေးဖွားဇယားချပ်ကို အောင်မြင်သွားပြီပဲ။ တကယ်ကို အံ့ဩဖို့ကောင်းတယ်”
ယွီရှန်းရုန်က မင်ရှစ်ရင်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“မင်းကတော့ အံ့ဩဖို့သိပ်မကောင်းပါဘူး”
မင်ရှစ်ရင်က နောက်တစ်လှမ်းဆုတ်ကာ ပြောလိုက်သည်။
“ကျွန်တော် ပြောတာကို မေ့လိုက်ပါတော့။ ကျွန်တော် အခုကစပြီး တိတ်တိတ်နေတော့မယ်”
အားလုံးက ကြည့်ရုံသာကြည့်နေကြလေ၏။ တစ်ခါတစ်ရံတွင်လူများလွန်းခြင်းက ကိစ္စကောင်းတစ်ခုမဟုတ်ပေ။
ခဏအကြာတွင် ယွီကျန့်ဟိုင်က တိမ်တိုက်တောင်ခြေ၌ ရှိနေသည့် ခက်ထန်သားရဲတစ်ကောင်ကို တွေ့လိုက်သည်။ ထိုအရာက မဲနေပြီး ပေတစ်ထောင်ရှည်လျားလေ၏။
“ဒီသားရဲဘုရင်ကို မိုးခေါင်ခြင်းနတ်ဆိုးလို့ ခေါ်ကြတယ်။ သူက ရေကို ကြိုက်လွန်းလို့ မြစ်တွေ ချောင်းတွေကိုတောင် ခြောက်ကပ်ပစ်အောင် လုပ်လေ့ရှိတယ်လေ။ ဒီရွှံ့နွံက ခြောက်ကပ်သွားတာ မထူးဆန်းတော့ဘူး။ ဒါက မိုးခေါင်နတ်ဆိုးကြောင့်ပဲ”
တိုက်ခိုက်ဖို့ရာ စိတ်အားထက်သန်နေသည့် ယွီကျန့်ဟိုင်က နဂါးသွဲ့ကျောက်ဓားကို ဝှေ့ယမ်းလိုက်သည်။
ပေတစ်သောင်းရှည်လျားပြီး ပေတစ်ထောင်ကျယ်ပြောသည့် စွမ်းအင်ဓားမော့က မိုးခေါင်နတ်ဆိုးဆီ ကျရောက်လာလေ၏။ ထိုအရာက ကောင်းကင်ကိုပင် နှစ်ပိုင်း ပိုင်းပစ်နိုင်စွမ်းရှိနေဟန်ပေါ်သည်။
ဝုန်း
ဤသို့ဖြင့် မိုးခေါင်နတ်ဆိုးက နှစ်ပိုင်းပိုင်းခံလိုက်ရသည်။
“…”
“ဒါက တစ်ဖက်သတ် သတ်ဖြတ်လိုက်တာ မဟုတ်ဘူးလား” ယန်ကျန်းလော့က ပြောလိုက်သည်။
ယွီကျန့်ဟိုင်က လှည့်ကာ ပြောလိုက်၏။
“ခင်ဗျား နားမလည်ပါဘူး။ ဒါက ဓားမော့တွေရဲ့ ပုံစံပဲ။ လူတစ်ယောက်က ဓားမော့ကို ဝှေ့ယမ်းတဲ့အချိန်မှာ တိကျပြီး အားပြင်းဖို့လိုတယ်။ ဒီကိစ္စတွေနဲ့ ဆိုရင် ဓားမော့ရဲ့ အလားအလာအပြည့်ကို ထုတ်သုံးနိုင်လိမ့်မယ်”
“ဒါပေမဲ့ ဓားမော့ကို ကိုင်ဆောင်ဖို့က အခြေအနေအလိုက် ပြောင်းလဲရမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား”
“အဲဒါဆိုတော့ ကျုပ် ဓားမော့တိုက်ကွက်က မကြမ်းတမ်းဘူးလို့ ပြောနေတာလား” ယွီကျန့်ဟိုင်က မေးလိုက်သည်။
“အား ကြမ်းတမ်းပါတယ်။ အရမ်းကို ကြမ်းတမ်းပါတယ်”
…
အခန်း (၁၄၂၁) သူတို့သွားရာနေရာတိုင်း မြက်ဓားတောင်မပေါက်
သားရဲဘုရင် မိုးခေါင်နတ်ဆိုးကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည့် ယွီကျန့်ဟိုင်၏ ဓားမော့တိုက်ခိုက်မှုက မည်ကဲ့သို့မရက်စက်ဘဲ နေမည်နည်း။
ယွီကျန့်ဟိုင်က အလွန်ကျေနပ်သွားသည်။ လူတိုင်းကြည့်နေသည့် မျက်စိရှေ့မှောက်၌ သူသည် မိုးခေါင်နတ်ဆိုး၏ အသေကောင်မှ အသက်ဓာတ်နှလုံးသားကို ယူလိုက်သည်။ ဤအသေကောင်မှ အသက်ဓာတ်နှလုံးသားကို ထုတ်ယူသည့်ဖြစ်စဉ်က မြင်မကောင်းပေ။ ဤအခြေအနေနှင့် အသားမကျသေးသော ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းက ချက်ချင်းပင် အန်လေ၏။
ထိုစဉ် ယန်ကျန်းလော့က မေးလိုက်တော့သည်။ “အစ်ကိုခုံ မိုးခေါင်နတ်ဆိုးက ဖုတ်ကောင်ဘုရင်တွေထဲက တစ်ပါးလို့ တနေရာရာမှာဖတ်ဖူးတယ်။ ဘယ်လိုလုပ် ကြမ်းတမ်းခက်ထန်သားရဲဖြစ်လာတာလဲ”
ခုံဝမ်က ပြုံးပြီးပြောလိုက်၏။ “စာအုပ်မှားနေတာပဲဖြစ်ရမယ်”
“ဒါဆိုရင် ကျုပ်တို့တွေ ဖုတ်ကောင်အဖြစ် ပြောင်းသွားနိုင်ခြေက ဘာလဲ” ယန်ကျန်းလော့က မေးလိုက်လေ၏။
ခုံဝမ်က ပြန်ပြောလိုက်သည်။ “ဖြစ်နိုင်ချေက အတော်လေးမြင့်တယ်။ ဖျက်ဆီးခြင်းတိုင်လုံးနား စောင့်ကြပ်ဖို့အတွက် ဖုတ်ကောင်၁၀ကောင်ကို အထွတ်အထိပ်တည်ရှိသူက ထားခဲ့တာလို့ ကောလဟလထွက်ပေါ်လာတာ။ ယင်းကောက ဖုတ်ကောင်၁၀ပါးထဲက တစ်ပါးအနေနဲ့ ရယွီကို အစားထိုးထားတာ။ ဒါပေမဲ့ သူက တာ့ချင်ရဲ့ဂုဏ်ထူးဆောင်ဧကရာဇ်အုတ်ဂူမှာ ရှိနေတယ်။ ဆိုလိုတာက တစ်စုံတစ်ခုဖြစ်သွားတာပဲ။ ဖုတ်ကောင်ဘုရင်ကို အနိုင်ယူနိုင်တဲ့လူ များများစားစားမရှိဘူးလေ”
“ဒါဆိုရင် ယွီကျုံးမှာ ရှိနေတဲ့အချိန် ဖုတ်ကောင်ဘုရင်နဲ့မတွေ့ရင် တကယ်ကံကောင်းတာပဲပေါ့” ယန်ကျန်းလော့က ခေါင်းညိတ်ပြီးပြောလိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ယင်ကောက မျှော်နန်းသခင်နဲ့ ရင်ဆိုင်တဲ့အချိန် သတ္တိကြောင်တဲ့သူတစ်ယောက်ပဲ။ ဒါ့အပြင် ယွီကျုံးမှာ ငါတို့တွေ့ဖူးတဲ့ ထျန်းဝူနဲ့အရှင်ကျန်းနန်းက ဖုတ်ကောင်ဘုရင်နဲ့ယှဉ်ရင် ဖြေရှင်းရမလွယ်ဘူး” ခုံဝမ်က ပြောလိုက်၏။
လူတိုင်း ခေါင်းညိတ်လိုက်တော့သည်။
အကြီးအကဲလေးယောက်နှင့် အစောင့်အရှောက်များက လုကျိုးနောက် အမည်မသိကုန်းမြေဆီ မလိုက်ခဲ့သောကြောင့် သူတို့သည် လုကျိုး၏ဆောင်ရွက်ချက်များအကြောင်းကို စိတ်ထဲအံ့ဩနေမိသည်။ ထပ်မံနားဆင်နိုင်ရန် အခွင့်အရေးရဖို့ ဆုံးဖြတ်ထားလေ၏။
“ဖုတ်ကောင်ဘုရင်တချို့နဲ့မတွေ့သရွေ့ ပြဿနာရှိမှာမဟုတ်ဘူး” ခုံဝမ်က ပြောလိုက်၏။
“ပထမဆုံး ဖုတ်ကောင်ဘုရင်တချို့လား”
“ပထမဆုံး ဖုတ်ကောင်ဘုရင်တချို့က ရှေးခေတ်ကာလတည်းက အစစ်အမှန်နတ်ဘုရားတွေလို့ ပြောနိုင်တယ်။ မဟုတ်ရင် သူတို့က ဘယ်လိုလုပ် မသေမျိုးခန္ဓာရနိုင်ပါ့မလဲ။ ဥပမာအနေနဲ့ ယောင်ကျိလို့ အမည်ရတဲ့ ပိုးစာပင်မင်းသမီးလေးရှိတယ်။ သူက အရင်တုန်းက ဧကရာဇ်တစ်ပါးရဲ့သမီးဖြစ်ခဲ့ပြီး သေသွားပြီးတော့ ဖုတ်ကောင်ဘုရင်ဖြစ်သွားတာ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုတခါမှမတွေ့ဖူးဘူး။ ကြားဖူးတာကို ပြောပြရုံပဲ”
ထိုစကားပြောခန်းက ပိုအကျိုးကြောင်းမဲ့ပြီး ပိုရှုပ်ထွေးလာစဉ် လုကျိုးက ရှေ့ကိုကြည့်ပြီးပြောလိုက်၏။ “ဖုတ်ကောင်ဘုရင်မှာ သူတို့ကိုယ်ပိုင်စိတ်ဆန္ဒမရှိဘူး။ ဒါကြောင့် အများကြီး စိတ်ပူစရာမလိုဘူး”
“မျှော်နန်းသခင်က အမြော်အမြင်ရှိပါပေမယ်”
ထိုနေရာတွင် သူတို့အဖွဲ့က ဖုတ်ကောင်များကို သတ်ဖြတ်ပြီးနောက် ရှေ့ဆက်သွားလေ၏။
ထိုစဉ် ဖန်ကျုံးက ယွီကျန့်ဟိုင်ဘေးသို့အမြန်သွားကာ ပြောလိုက်တော့သည်။ “ပထမသခင်လေး ကျွန်တော့်ကို လုပ်ခွင့်ပေး။ လုပ်ခွင့်ပေး။ လုပ်စရာမလိုဘူး”
ထိုသို့ပြောပြီးနောက် ဖန်ကျုံးသည် ယွီကျန့်ဟိုင်ဆီမှ အသက်ဓာတ်နှလုံးသားကိုယူကာ သန့်ရှင်းရေးလုပ်ပြီးနောက် သိမ်းလိုက်၏။ ကျိုးကျစ်ဖုန်းသည် လက်မှိုင်ချထားလျက် တီးတိုးပြောလိုက်သည်။ “သောက်ကောင် ငါ့ကိုထပ်အနိုင်ယူပြန်ပြီ”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် ခရီးနှင်နေစဉ် ကြမ်းတမ်းခက်ထန်သားရဲများ ဆက်လက်သတ်ဖြတ်နေတော့သည်။ သူတို့တွေ့ကြုံခဲ့ရသည့် ကြမ်းတမ်းခက်ထန်သားရဲအားလုံး အသတ်ခံရပြီး သူတို့၏အသက်ဓာတ်နှလုံးသားများ ရိတ်သိမ်းခံခဲ့ရ၏။
လုကျိုးက လုံးဝလှုပ်ရှားခြင်းမရှိချေ။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်၏ခွန်အားသည် မွေးဖွားစမ်းသပ်ချက်နှစ်ခုကျင့်ကြံသူတို့ထက် သာလွန်ပြီးဖြစ်သည်။ ဆရာသခင်တစ်ပါး၊ လုဝူနှင့်ချန်ဝှမ်းတို့နှင့် ခွန်အားယှဉ်နိုင်စွမ်းရှိသည်။ ချင်နိုင်ဟယ်လည်း ရှိနေသည်။ သူတို့အနားတွင်ရှိနေချိန် သူတို့တွေ့ကြုံရသည့် သားရဲဧကရာဇ်များက အလွယ်တကူအနိုင်ယူခံပြီးဖြစ်သည်။
သူတို့သည် ငါးရက်အပြည့် ဤနှုန်းကိုဆက်လက်ထိန်းထားပြီးနောက် တောင်ခြေ၌ အနားယူရန် တိတ်ဆိတ်သော နေရာရှာလိုက်သည်။
ညအချိန်ရောက်လာသောအခါ လုကျိုးသည် မတည်မြဲခြင်းတိုင်လုံးကို မြေအောက်ထဲပို့ပြီးနောက် ပြောလိုက်၏။ “မတည်မြဲခြင်းတိုင်လုံးရဲ့အရှိန်ကို အဆတစ်ရာတိုးလိုက်မယ်။ မင်းတို့ရဲ့ကျင့်ကြံဆင့်မှု အဆတစ်ရာတိုးလာမယ်။ ဒါပေမဲ့ သက်တမ်းဆုံးရှုံးမှုကလည်း အဆတစ်ရာမြန်လာမယ်။ မသက်မသာဖြစ်လာရင် သက်ရောက်မှု ဧရိယာထဲက ထွက်သွားလို့ရတယ်။ တစ်ကီလိုမီတာ အကွာလောက်ပေါ့”
“နားလည်ပါပြီ”
လူတိုင်းက ဦးညွှတ်ပြီးသင့်တော်ရန် နေရာရှာလိုက်ကြ၏။ ထိုစဉ် လုကျိုးသည် သူ၏ ၁၉ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းရန် သားရဲဘုရင်၏နှလုံးသားကို ရွေးလိုက်သည်။ သူသည် မွေးဖွားဇယားချပ် ၁၈ခုကို အသက်သွင်းပြီး ဒုတိယမြောက်မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ပြီးပြီဖြစ်ကာ သူ၏ ၁၉ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းရန် ပိုသန်မာကြသောအသက်ဓာတ်နှလုံးသားကို သုံးနိုင်၏။
မတည်မြဲခြင်းတိုင်လုံးမှ အရှိန်အဆတစ်ရာဖြင့် မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ပြီး မွေးဖွားဇယားချပ်တစ်ခုကို အသက်သွင်းရာ၌ လွယ်ကူနေသောကြောင့် လုကျိုးသည် ၁၉ခုမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်မည်ဟု ထင်ခဲ့သည်။ ထို့ကြောင့် သူသည် အသက်ဓာနှလုံးသားကို မွေးဖွားနန်းဆောင်ထဲ ပြတ်ပြတ်သားသားထားလိုက်၏။
သူသည် ဖေ့၏အသက်ဓာတ်နှလုံးသားကို အသက်သွင်းရန် စဉ်းစားထားသည်။ ဖေ့သည် ကျွဲရိုင်းနှင့်ဆင်တူသည့် ကြမ်းတမ်းခက်ထန်သားရဲဖြစ်ပြီး ၎င်း၏ခုခံမှုက အံ့ဩဖွယ်ကောင်းသည်။ ၎င်းသည် သန်မာပြီးကိုယ်ထည်က ကြံ့ခိုင်၏။ မပျံသန်းနိုင်သည်မှအပ ၎င်း၏စွမ်းရည်က ဘက်စုံအသုံးဝင်သည်။ ထို့အပြင် သားရဲဘုရင်ဖြစ်သောကြောင့် လုကျိုးသည် ယင်းက ၁၉ခုမြောက်မွေးဖွားဇယားချပ်ကိုအသက်သွင်းရန် ၎င်း၏ အသက်ဓာတ်နှလုံးသားကို သုံးလျှင်ကောင်းမည်ဟု ထင်ခဲ့သည်။ ထင်သည့်အတိုင်းပင် ဖြစ်စဉ်က အလွန်ချောမွေ့နေ၏။ ၎င်းသည် ဒုတိယအဆင့်သို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
သူ့တပည့်များက ယခုအချိန်တွင် အသက်ဓာတ်နှလုံးသားမပြတ်လပ်သောကြောင့် သူသည် အသက်ဓာတ်နှလုံးသားကို ပြန်မသုံးဖို့ ဆုံးဖြတ်လိုက်သည်။
ထိုစဉ် လုကျိုးက တချက်ကြည့်ရန် သူ၏အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကိုထုတ်လိုက်၏။ သူ့ဖာသာသူ ရေရွတ်ပြောပြီးနောက် ဖယ်ထားလိုက်သည်။ “ဒါကို အဆင့်မြှင့်တင်ဖို့ အချိန်တချို့လိုသေးတယ်”
ပွင့်ချပ်တစ်လွှာ ဖူးပွင့်ရန် သက်တမ်းတစ်သောင်းလိုအပ်သည်။ မွေးဖွားစမ်းသပ်မှုသုံးခု ဖြတ်ကျော်ပြီးနောက် သူသည် သက်တမ်းများစွာရထားပြီးဖြစ်သော်ငြား ဘုံတစ်ထောင်လေပွေအဆင့်သို့ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ရောက်ရှိပြီးနောက် ၎င်း၏သက်တမ်းကုန်ဆုံးမှုအကြောင်း မသေချာတော့ပေ။ ထို့ကြောင့် သူသည် သတိထားရလိမ့်မည်။
အမည်မသိကုန်းမြေထဲရှိ တိမ်တိုက်တောင်ထွတ်ရွံ့ဂိုဏ်းတွင်ဖြစ်သည်။
လူများစွာက စုဝေးနေ၏။ သူက အရပ်မြင့်ပြီးသန်မာကာ အားလုံးသည် ထူးဆန်းသည့်သင်္ကေတထွင်းထုထားသည့် တောင်ဝှေးကိုကိုင်ဆောင်ထား၏။
ထိုလူများ၏ ခေါင်းဆောင်က ကျန်သည့်သူများထက် အရပ်ပိုမြင့်သည်။ သူက ခရမ်းဝတ်ရုံကို ဝတ်ဆင်ထားလျက် ရွှေရောင်သရဖူကို ဝတ်ဆင်ထားသည်။ မျက်လုံးထောင့်က ဆေးရောင်များ ခြယ်ထားပြီး သူ၏နှာခေါင်းပေါ်၌ ငွေရောင်နှာခေါင်းကွင်းကို ဝတ်ဆင်ထားသည်။
ခေါင်းဆောင်အပါအဝင် အားလုံးက တူညီသည့်အရာတစ်ခုရှိသည်။ သူတို့အားလုံး၏ ရင်ဘတ်၌ အပေါက်တစ်ခု ရှိနေတာပဲဖြစ်သည်။
သူတို့က ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စုများပဲဖြစ်၏။
ထိုစဉ် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စုက ရွံ့ကန်ဆီတွားသွားလာပြီး လေထဲ၌ အနံ့ခံနေ၏။ မကြာမီ၌ ရွံ့ကန်ထဲမှ ထွက်လာပြီး ခေါင်းဆောင်ဆီရောက်လာသည်။ ပြီးနောက် သူက ပြောလိုက်လေ၏။
“အဆင့်မြင့်ပုဂ္ဂိုလ် သူတို့ကို ရှာတွေ့ပါပြီ။ သူတို့အနံ့ရတယ်”
အဆင့်မြင့်ပုဂ္ဂိုလ်က လက်ထဲရှိကျိုင်းကို ဝှေ့ယမ်းပြီးနောက် ပြောလိုက်သည်။ “သူတို့နောက်လိုက်”
“ဒါ ဒါပေမဲ့ သူတို့က အင်မတန်အစွမ်းထက်တယ်”
“ငါတို့က အမည်မသိကုန်းမြေရဲ့ဘုရင်တွေပဲ။ နယ်ခြားသားတွေကို ဖယ်ရှားရမယ်” အဆင့်မြင့် ပုဂ္ဂိုလ်က ပြောလိုက်သည်။ ဤနည်းဖြင့် ကျန်သည့်ဟင်းလင်းပြင်မျိုးနွယ်စုဝင်များက တညီတညွတ်တည်း အော်လိုက်တော့သည်။ “နယ်ခြားသားတွေကို ဖယ်ရှားကြ”
အဆင့်မြင်ပုဂ္ဂိုလ်က ကျိုင်းကိုဝေ့ယမ်းလိုက်ပြီး မျိုးနွယ်စုဝင်များ၏လက်ထဲရှိ တောင်ဝှေးက သင်္ကေတက ချက်ချင်းလင်းလာ၏။
သင်္ကေတက ဆက်သွားပြီး မလွတ်မြောက်နိုင်သော ပိုက်ကွန်တစ်ခု ချက်ချင်းဖွဲ့တည်လိုက်သည်။
ဘီး
စွမ်းအင်ပဲ့တင်သံက မိုင်တစ်ရာအတွင်း အရပ်မျက်နှာအနှံ့ပြန့်နှံ့သွားတော့သည်။
ဤနည်းဖြင့် မိုင်တရာအတွင်းရှိ ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စုတို့သည် သူတို့၏အဆင့်မြင့်ပုဂ္ဂိုလ်ဆီမှ အချက်ပြမှုရလိုက်သည်။ သူတို့က ကောင်းကင်ကိုမော့ကြည့်ပြီးနောက် ဆူညံသံပြုလုပ်လိုက်၏။ ထိုမြည်သံသည် ပြင်းထန်လာစဉ် ဟင်းလင်းပြင်ရင်ဘတ်မျိုးနွယ်စုဝင်များက မှန်းဆမရသော အရှိန်ဖြင့် အရပ်မျက်နှာအနှံ့မှ စုဝေးလာသည်။
အာရုံမတက်ခင်တွင်ဖြစ်သည်။
မျက်လုံးမှိတ်လျက် ကျင့်ကြံနေသော လုကျိုးသည် တဟဲဟဲဆူညံသံနှင့် အရပ်မျက်နှာအနှံ့မှ အသံပဲ့တင်သံကို ကြားလိုက်ရသည်။
“ဟမ်” မျက်လုံးဖွင့်လိုက်သောအခါ သူသည် ၁၉ခုမြောက်မွေးဖွားဇယားချပ်ကို အောင်မြင်စွာ အသက်သွင်းပြီး ဖြစ်တာကို တွေ့လိုက်ရ၏။ သူ ယခုအချိန်၌ သူ့တကိုယ်လုံး၌ အားကောင်းသည့်စွမ်းအားတိုက်စားသွားတာကို ခံစားမိပြီး သူ့ကိုယ်ထဲရှိ ကြွယ်ဝသောအသက်စွမ်းအင်သည် သူ့ကိုပိုနုပျိုသွားသယောင် ခံစားမိသည်။
သူသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။
အမည်= လုကျိုး
မျိုးနွယ်စု= လူသား
ကုသိုလ်မှတ်= ၁၅၂၆၆၈၀
ကျန်ရှိသောသက်တမ်း = ၁၃၆၅၀၅၀၉ ရက် (၃၇၃၉၈၂)
အသုံးပစ္စည်းများ = အတိုက်အခိုက်ဒဏ်ပြင်းပိတ်ဆို့မှုကတ် ၁၁၈ကတ်၊ အလိုအလျောက်သုံး ရွှေရောင်ထိုက်ရွှီကြေးမုံ၊ စီစစ်ရေးကတ် ၂ကတ်
စီးတော်သားရဲ နတ်ခြင်္သေ့၊ ပိအန်း၊ ချုံချီ၊ တန့်ခန်း၊ တိကျန်း၊ ယင်ကျောက်၊ လုဝူ
လက်နက် အမည်မဲ့၊ ခရမ်းရောင်တောက်ပသံကျောက်၊ အဆုံးမဲ့အဆင့် ချုပ်နှောင်ရေးစည်းတံဆိပ်၊ လွှမ်းမိုးအဆင့် မတည်မြဲခြင်းတိုင်လုံး အဆုံးမဲ့အဆင့်
မဆိုးဘူးပဲ နောက်ထပ် သက်တမ်းတစ်သောင်းရလိုက်ပြီ။
လုကျိုးက သူ့ဖာသာသူတွေးလိုက်၏။ တိုးတက်မှုအရှိန်က မဆိုးပေ။ သူ၏တပည့်များနှင့် ကျန်သည့်သူများ ပိုသန်မာလာအောင် ကူညီပေးရမည့်အချိန်ပဲဖြစ်သည်။ သူက ဦးစွာတိုက်ခိုက်ချင်သည်ဆိုလျှင် သူနှင့်လူတိုင်း ပိုသန်မာလာမှရမည်။ လုကျိုးသည် အမြင်စွမ်းအားအတွက် မန္တာန်ကို ရွတ်ဆိုကာ သူ့တပည့်များကို လေ့လာလိုက်၏။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က တရားထိုင်လျက် ကျင့်ကြံပြီး ဖြည်းဖြည်းမှန်မှန်တိုးတက်နေ၏။ လုကျိုးသည် သူ၏အကြီးဆုံးတပည့်နှစ်ယောက်အတွက် အမြဲတမ်းစိတ်ချလက်ချဖြစ်နေမိသည်။
တတိယတပည့်က လုဝူကို စကားပြောနေလေ၏။
“လုဝူ ဆရာသခင်တွမ့်မူ ဘယ်လောက်အစွမ်းထက်ကြောင်း မင်း နေ့တိုင်းကြွားလုံးထုတ်နေတာ သူ တကယ်အစွမ်းထက်သလား” တွမ့်မူရှန်းက မေးလိုက်၏။ “ထက်တာပေါ့” လုဝူ၏မျက်နှာထက်တွင် အောက်မေ့မှုအမူအရာအပေါ်လာပြီးပြောလိုက်တော့၏။ “ဆရာသခင်တွေအားလုံးထဲမှာ သူ့ကိုအနိုင်ယူနိုင်တဲ့ တစ်ဦးတည်းသောလူက လုထျန်းထုံပဲ။ သူကလွဲရင် တခါမှမရှုံးဖူးဘူး။"
…
အခန်း (၁၄၂၂) အပြင်ဘက်ပိုင်း
အမည်မသိကုန်းမြေက ကျယ်ပြောလွန်းလှသည်။ တစ်ဖက်သူကို လိုက်မှီဖို့ရာ ခက်ခဲလှ၏။ ထို့ကြောင့် လေဟာနယ်ရင်ဘတ်မျိုးနွယ်၏ အဆင့်မြင့်သူတော်စင်၏ နည်းလမ်းက အကောင်းဆုံး ဖြစ်ပေသည်။ သူတို့က အမည်မသိကုန်းမြေနှင့် ရင်းနှီးနေသည့်အတွက် တစ်ဖက်သူသည် ဦးတည်ရာနှင့် စောင့်ဆိုင်းနေဖို့ရာသာ မျှော်လင့်နေမိကြ၏။ သို့သော်လည်း အမည်မသိကုန်းမြေ၌ အဖွဲ့ကြီးကြီးဖြင့် ခရီးသွားလာဖို့ မလွယ်ကူလှပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က ပထမဦးဆုံး ရောက်ရှိဖို့ ကျရှုံးခဲ့သည်ဆိုလျှင်ပင် သူတို့က ဘာမှဆုံးရှံးမည် မဟုတ်ပေ။
အဆင့်မြင့်သူတော်စင်၏ လမ်းညွှန်မှုအောက်တွင် လေဟာနယ်ရင်ဘတ်အဖွဲ့ဝင်များက သူတို့၏ ဦးတည်ရာကို ပြောင်းလဲကာ အတွင်းဘက်ပိုင်းကို ဖြတ်ပြီး ကျိမင်ဆီ ဦးတည်လိုက်ကြသည်။
…………………………
တခြားတစ်ဖက်တွင် မိစ္ဆာဝေဟင်မျှော်နန်းမှလူများက အလျင်လိုနေခြင်း မရှိပေ။ သူတို့က တိကျသည့်အချိန်တွင် ကျိမင်ကို ရောက်ဖို့ရာ မလိုပေ။ သူတို့၏ အဓိကရည်ရွယ်ချက်က ပိုမို အားကောင်းဖို့ရာဖြစ်ပြီး သူတို့က အန္တရာယ်နှင့်တွေ့ပြီး မဟာလေဟာနယ်နှင့် ရင်ဆိုင်ဖို့ အလျင်လိုနေခြင်း မရှိပေ။
…………………………………
ငါးရက်တာကြာမြင့်ပြီးသည့်နောက်
မိစ္ဆာဝေဟင်မျှော်နန်းမှလူများက တောင်ကြားအနီးတွင် အနားယူဖို့ ရပ်တန့်လိုက်ကြသည်။
ယခင်ငါးရက်အတွင်း ရိတ်သိမ်းပြီးသည့်နောက်တွင် ယန်ကျန်းလော့က လုကျိုးဆီ အလေးအနက်တင်ပြလိုက်သည်။
“မျှော်နန်းသခင် ကျုပ်တို့တွေ သားရဲဘုရင် အသက်ဓာတ်နှလုံးသားသုံးခု၊ အဆင့်မြင့်အသက်ဓာတ်နှလုံးသား ၁၅ခု၊ အလယ်အလတ်အဆင့် အသက်ဓာတ်နှလုံးသား ၅၈ ခုနဲ့ အဆင့်နိမ့်နှလုံးသား ၁၂၀ကို စုဆောင်းမိထားပါတယ်။ ပြီးတော့ မြေကမ္ဘာရတနာနဲ့ အံ့ဖွယ်ပစ္စည်းတွေလည်း ပမာဏတချို့ ပါပါသေးတယ်”
လုကျိုးက ခေါင်းညိတ်လိုက်သည်။ သူတို့၏ ရိတ်သိမ်းမှုက မဆိုးလှပေ။ ခဏအကြာတွင် သူက ပြောလိုက်၏။
“သားရဲဘုရင်တွေရဲ့ အသက်ဓာတ်နှလုံးသားက နည်းလွန်းနေတယ်”
အနီးနားတွင် ရပ်နေသည့် ခုံဝမ်က ပြောလိုက်သည်။
“ကျုပ်တို့က မြူခိုးတောအုပ်နဲ့ ဝေးကွာလာပြီးတော့ အမည်မသိကုန်းမြေရဲ့ အစွန်အဖျားကို ရောက်လာပြီဆိုတော့ ကျွန်တော်တို့တွေ တွေ့တဲ့ခက်ထန်သားရဲတွေက အဲ့လောက်အားမကောင်းတော့ဘူး။ အားကောင်းတဲ့ ခက်ထန်သားရဲတွေရဲ့ အသက်ဓာတ်နှလုံးသားကို လိုချင်တယ်ဆိုရင်တော့ အတွင်းဘက်ပိုင်းကို သွားရမယ်။ ဒါပေမဲ့ အဲဒါက အန္တရာယ်တော့များလွန်းတယ်”
လုကျိုးတစ်ယောက်တည်းသာ မဟုတ်ပေ။ မိစ္ဆာဝေဟင်မျှော်နန်းရှိ လူအားလုံးကလည်း သူနှင့်အတူ ရှိကြ၏။ လူများစွာဖြင့် အမှားအယွင်းဖြစ်နိုင်သည်က ရှောင်လွှဲ၍မရပေ။ အစွန်အဖျားနားတွင်ရှိနေသည်က ဘေးကင်းပေ၏။
“ဘယ်သူ ဒဏ်ရာရသွားသေးလဲ” လုကျိုးက မေးလိုက်သည်။
“အသေးအဖွဲလောက်ပါပဲ။ ဘာမှမပြင်းထန်ပါဘူး”
လုကျိုးက ခေါင်းညိတ်ကာ လက်နောက်ပစ်လျက် တောင်ကြားထဲ လျှောက်သွားလိုက်သည်။
သူက တောင်ကြားကို ကြည့်နေရင်း ဖော်ပြ၍မရနိုင်သည့် ခံစားချက်တစ်ခုကို ခံစားမိလိုက်၍ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“အမည်မသိကုန်းမြေထဲမှာ ဒီလိုထူးဆန်းတဲ့ တောင်ကြားရှိလား”
ခုံဝမ်က ပြောလိုက်သည်။
“အဲဒါက အရမ်းကိုရှားပါးတယ်။ တောင်ကြားမြို့က အပြင်ဘက်ပိုင်းမှာပဲ တွေ့နိုင်တာ။ ဒဏ္ဍာရီတွေအရတော့ ဒီတောင်ကြားက ကုန်းမြေကွဲသွားတဲ့ပုံစံလို့ ပြောရမယ်”
“ကုန်းမြေ ခွဲထွက်သွားတဲ့ပုံစံတဲ့လား” တစ်ယောက်က မေးလိုက်သည်။
“အစပိုင်းမှာ နယ်မြေ ၉ခုဆိုတာ မရှိဘဲနဲ့ အရာအားလုံးတစ်ခုတည်းပဲ။ ကုန်းမြေတွေ ကွဲထွက်သွားပြီးတဲ့နောက်မှာ နယ်မြေ၉ခု ဖြစ်တည်လာပြီးတော့ ယနေ့ခေတ်လိုမျိုး ဖြစ်လာတာပေါ့” ခုံဝမ်က ပြောလိုက်သည်။
လုကျိုးက မေးလိုက်၏။
“ဒီချောက်နက်ထဲမှာ ရေရောရှိလား”
“အဲဒါကတော့ ဘယ်သူမှ မသိကြပါဘူး” ခုံဝမ်က ပြန်ဖြေလိုက်သည်။
လုကျိုးက လက်ကိုဝှေ့ကာ သူ့လက်ထဲမှ ပစ္စည်းတချို့ကို ထုတ်ကာ ကျောက်စရစ်ခဲကို ထုတ်ကာ ပစ်ချလိုက်သည်။
ဝှစ်
အမည်မသိအချိန်တစ်ခုကြာမြင့်ပြီးသည့်နောက်တွင် ကျောက်စရစ်ခဲ ကျသွားသည့်အသံကို မကြားရသေးပေ။
“ဒီချောက်နက်က ကုန်းမြေကွဲထွက်သွားတာကို ဖြစ်စေတဲ့အကြောင်းအရင်းဆိုတော့ ဒီချောက်နက် ပေါ်ထွက်လာတာက နယ်မြေအသစ်တစ်ခုပေါ်လာမယ်လို့ ပြောချင်တာလား” လုကျိုးက မေးလိုက်သည်။
ခုံဝမ်က ကြောင်အမ်းသွားလေ၏။ သူက လုကျိုးသည် စီးဝူယာ့နှင့် တူလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ ခဏအကြာတွင် သူက ပြောလိုက်သည်။
“မျှော်နန်းသခင် ကျုပ်ရဲ့ မသိတတ်မှုအတွက် တောင်းပန်ပါတယ်။ ဒါကတော့ ကျုပ် နားလည်နိုင်စွမ်းထက် ကျော်လွန်နေတယ်”
“ကိစ္စမရှိပါဘူး။ လောင်ချီသာ ဒီမှာရှိတယ်ဆိုရင်…” လုကျိုးက စကားကိုဆုံးအောင် မပြောဘဲ ဖြတ်လိုက်သည်။ ထို့နောက် သူက ထွက်ခွာသွား၏။
…………………………………………………..
နေ့ခင်းဘက်၌
အမည်မသိကုန်းမြေက မှောင်မဲနေဆဲဖြစ်ကာ နေအလင်းရောင်ကို မမြင်ရပေ။
လုကျိုးက သက်ပြင်းချလိုက်၏။
“မဟာလေဟာနယ်က မြင့်မားပြီးတော့ ကမ္ဘာဆီကနေ အလင်းရောင်ကို တားဆီးထားတာ။ အဲဒါကြောင့် အမည်မသိကုန်းမြေမှာ တစ်နှစ်ပတ်လုံး အလင်းရောင် မရှိတာပဲ”
ခုံဝမ်က ရယ်မောကာ ပြောလိုက်သည်။
“ကျုပ်က ကျင့်ကြံဆင့် မမြင့်ပေမဲ့ ဒါနဲ့ ပတ်သက်ရင် ပြောစရာတချို့တော့ ရှိပါတယ်”
“ပြော”
“ရှေးဟောင်းသူတော်စင်တွေက ထာဝရအသက် ဒါမှမဟုတ် မသေမျိုးတွေဆိုတဲ့ အရာမျိုးဆိုတာ မရှိဘူးလို့ ပြောခဲ့တယ်။ မဟာလေဟာနယ်က မြင့်မားတယ်ဆိုပေမဲ့ လူတွေကတော့ လူသားတွေပဲလေ။ ကွဲပြားချက်က ကျုပ်တို့ရဲ့ သက်တမ်းက တိုတောင်းလို့ပဲ” ခုံဝမ်က ပြောလိုက်သည်။
လုလီက ထိုစကားဝိုင်းကို စိတ်ဝင်စားလာဟန်ပေါ်၏။
“စိတ်ဝင်စားစရာပဲ။ အဲဒါက ကျင့်ကြံသူတွေက သာမန်သူတွေကို မထိခိုက်တာနဲ့ အတူတူပဲ။ သာမန်လူတွေက ကုန်းမြေရဲ့ အုတ်မြစ်နဲ့ ဇစ်မြစ်ပဲလေ။ သူက ကျင့်ကြံရေးလောကက ပါရမီရှင်တွေရလာနိုင်တဲ့ နေရာပဲ။ အဲဒါကြောင့် မဟာလေဟာနယ်က မျှခြေကို ထိန်းဖို့ ခက်ခက်ခဲခဲ ကြိုးစားပြီးတဲ့ အကြောင်းအရင်း ဖြစ်လောက်တယ်”
“မဟာလေဟာနယ်က အမြဲတမ်းအဲ့လိုပဲ။ သူတို့က သူတို့ရဲ့ နေရာကို ခြိမ်းခြောက်မှုအားလုံးကို ရှင်းထုတ်ပြီးတော့ သူတို့က သူတို့ရဲ့ စွမ်းအားကြီးနေရာမှာပဲ ရောက်နေအောင် လုပ်နေကြတာ” ခုံဝမ်က ပြောလိုက်သည်။
“ကြည့်ရတာ ကျုပ်တို့တွေလည်း သူတို့နေရာမှာဆိုရင်တော့ အဲ့လိုလုပ်မိလောက်တယ်။ အခု ကျုပ်တို့တွေ အနေအထားဆိုရင်တော့ သူတို့လုပ်နေသလို လုပ်နေဖို့တော့ မလိုဘူးပေါ့” လုလီက ပြောလိုက်သည်။
ခုံဝမ်ကလည်း ကြောင်အမ်းသွားလေ၏။
ရှေးခေတ်အချိန်ကတည်းက တိုင်းပြည်များသည် ဆက်တိုက်ပြောင်းလဲလာပြီး အုပ်ချုပ်သူအသစ်များက ယခင်တိုင်းပြည်များ၏ တူညီသည့် အမှားကို ဆက်လက်ကျူးလွန်ကြလေ့ရှိသည်။ သမိုင်းကြောင်းက ထပ်ခါထပ်ခါ ဖြစ်ပျက်နေလေ့ရှိ၏။
အဆုံးသတ်၌ ခုံဝမ်က ရယ်မောလိုက်သည်။
“ကျုပ်သာ အဲဒီနေရာမှာ ရှိမယ်ဆိုရင်တော့ ကျုပ်က ကျုပ်မုန်းတဲ့သူအဖြစ် ပြောင်းလဲမသွားဖို့ မျှော်လင့်ရမှာပဲ”
လုကျိုးက ထိုစကားများကို ကြားကာ ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့အမြင်ကို ထုတ်မပြောခဲ့ပေ။
ထိုစဉ် ဟွားဝူတောက်က အဝေးမှ လျှောက်လှမ်းလာ၏။ သူက ဦးညွှတ်ကာ လှမ်းခေါ်လိုက်သည်။
“မျှော်နန်းသခင်”
“ဘာကိစ္စများလဲ”
“ကျုပ် အနီရောင်ကြာနယ်မြေမှာရှိတဲ့ တစ်နှစ်ပတ်လုံး လျှို့ဟယ်တာအိုစည်းတံဆိပ်ကို ခက်ခက်ခဲခဲကျင့်ကြံခဲ့ပြီးတော့ လေးထောင့်သေတ္တာရဲ့ အသုံးပြုမှုကိုလည်း ကျွမ်းကျင်ခဲ့ပြီ။ သူက ထိပ်ဆုံးဆီ မရောက်ဘူးဆိုပေမဲ့ အောင်မြင်မှုတချို့တော့ ရလာပါတယ်။ အဲဒါကြောင့်…”
ဟွားဝူတောက်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။
“အဲဒါကြောင့် မျှော်နန်းသခင်ဆီကနေလမ်းညွှန်ချက်ကို တောင်းခံချင်ပါတယ်”
ယခင်က ဟွားဝူတောက်သည် သူ့လိပ်ခွံနည်းစနစ်ကို နှစ်နှစ်ဆယ်ကြာ ကျင့်ကြံခဲ့ပြီး လုကျိုးကို စိန်ခေါ်ခဲ့လေသည်။
အချိန်က ဟွားဝူတောက်ကို ပြောင်းလဲစေခဲ့၏။ သူက လက်တွေ့လက်ခံလိုက်သည်မှာ ကြာမြင့်လှပြီဖြစ်၏။ ယခု သူက လုကျိုး၏ လမ်းညွှန်မှုအတွက် တောင်းခံနေလေသည်။
အားလုံးက ယခုအခိုက်အတန့်တွင် စိတ်ဝင်စားလာကြ၏။ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို ဟွားဝူတောက်ဝန်းကျင်တွင် စုဝေးလာကြသည်။
“အကြီးအကဲဟွား အဲဒါက ရိုက်နှက်မှုကို တောင်းဆိုနေတာနဲ့ အတူတူပဲမဟုတ်ဘူးလား။ ခင်ဗျားရဲ့ လိပ်ခွံနည်းစနစ်က အားကောင်းတယ်ဆိုပေမဲ့ မျှော်နန်းသခင်နဲ့ ရင်ဆိုင်တာက…” ဖန်းလီထန်းက အပြုံးဖြင့် ပြောလိုက်သည်။
“အကြီးအကဲဖန်း ကျုပ်က ဒါကို ဘယ်လိုလုပ် မသိဘဲနေမှာလဲ။ ဒါပေမဲ့ ဒုက္ခမရှိဘဲနဲ့ တိုးတက်မှုဆိုတာ မရှိနိုင်ဘူးလေ။ ပညာရှင်တစ်ယောက်ရဲ့ လမ်းညွှန်မှုမပါရင် ဒီတွင်းထဲမှာပဲ ထာဝရ ရှိနေရလိမ့်မယ်” ဟွားဝူတောက်က ပြောလိုက်သည်။
လန်းလော့က လက်နှစ်ဖက်ယှက်ကာ ပြောလိုက်၏။
“ခင်ဗျားက ရဲရဲတင်းတင်းနဲ့ ပညာရှင်တစ်ယောက်ကို စိန်ခေါ်နိုင်တာ ကောင်းတဲ့အရာပဲ”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ အများစုက လုကျိုးအား လမ်းညွှန်မှု သို့မဟုတ် လက်ရည်စမ်းမှုအတွက် မတောင်းဆိုရဲကြပေ။
လုကျိုးက ဟွားဝူတောက်ကို ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီလေ။ မျှတသွားအောင် ငါ့ရဲ့ ကျင့်ကြံဆင့်ကိုလည်း မွေးဖွားဇယားချပ် သုံးခုအထိ လျှော့ချပေးမယ်”
ဟွားဝူတောက်က ဦးညွှတ်ကာ ပြောလိုက်သည်။
“မျှော်နန်းသခင်ကို ကျေးဇူးတင်ပါတယ်”
ထို့နောက် ဟွားဝူတောက်က နောက်တစ်လှမ်းဆုတ်လိုက်သည်။
လုကျိုးက မလှုပ်ရှားပေ။
ဟွားဝူတောက်က ခြေတစ်လှမ်းတိုးကာ သူ့ပါကွားနှင့် လျှို့ဟယ်စည်းတံဆိပ်များကို ထုတ်ဖော်လိုက်သည်။ သင်္ကေတဆယ်ခုက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာကာ သူက လေးထောင့်သေတ္တာကိုပါ ထုတ်ယူလိုက်သည်။
“အိုး လေးထောင့်သေတ္တာက လွှမ်းမိုးအဆင့်ထိ အဆင့်မြင့်သွားပြီပဲ”
“ဒီနှစ်တွေကြာပြီးတဲ့နောက်မှာ ကောင်းကင်သိုင်းပညာကျောင်းတော်က ထုဆစ်တဲ့ ပစ္စည်းတွေအများကြီးကို စုဆောင်းခဲ့မိတယ်လေ။ အဲဒါဆိုတော့ ကျုပ်တို့ဆီမှာ ပါရမီထူးချွန်တဲ့ လက်နက်ပန်းပဲဆရာတွေလည်း ရှိတယ်။ အဲဒါကြောင့် လွှမ်းမိုးအဆင့်ထိ အဆင့်မြှင့်တင်နိုင်တာက ပုံမှန်ပါပဲ။ ပြီးတော့ ဒါက အစကတည်းက ဖျက်ဆီးအဆင့်မှာ ရှိနေပြီလေ” မုန့်ချန်းသုံက ပြောလိုက်သည်။
“အကြီးအကဲဟွားရဲ့ လျှို့ဟယ်တာအိုစည်းတံဆိပ်က ပြီးပြည့်စုံတဲ့ အနေအထားကို ရောက်နေပြီပဲ”
ရွှေရောင်သင်္ကေတဆယ်ခုက စက်ဝိုင်းအသွင် ပေါ်ထွက်လာပြီး လုကျိုးက လက်ဦးမှုယူကာ တိုက်ခိုက်လိုက်သည်။ သူက လက်ကိုဆန့်ထုတ်ကာ မဟာစည်းတံဆိပ်တော်ကို ထုတ်ဖော်လိုက်သည်။
အားလုံးက မဟာစည်းတံဆိပ်တော် ထွက်ပေါ်လာသည့်အခါ အသက်အောင့်ထားမိလိုက်ကြသည်။ သူတို့က လုကျိုးသည် လက်ဝါးချက်တစ်ခုဖြင့် လူများကို သတ်နေသည်ကို မြင်တွေ့ရသည်ကို နေသားကျနေသည့်အတွက် သူတို့၏ စိတ်နှလုံးသားများ တုန်ယင်လာပြီး နောက်ဆုတ်လိုက်ကြသည်။
ဟွားဝူတောက်ကလည်း အတော်လေး စိတ်လှုပ်ရှားနေလေ၏။ သို့သော်လည်း သူ့ကိုယ်သူ အားပေးကာ ရှေ့တိုးလာသည်။ သူက သူ့ကိုယ်သူ မားမားမတ်မတ်ရပ်ဖို့ ကိုယ်တိုင်ပြောနေရ၏။
ဝုန်း
အကြောက်ရွံ့ခြင်းမဲ့ မဟာစည်းတံဆိပ်တော်က လျှို့ဟယ်တာအိုစည်းတံဆိပ်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
စွမ်းအင်လှိုင်းများက အဖက်ဖက်သို့ ပျံ့နှံ့သွားလေ၏။
ဟွားဝူတောက်က ခြေနောက်သုံးလှမ်း ဆုတ်လိုက်ရကာ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းလိုက်ရသည်။
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။
“မင်းရဲ့ ခုခံမှုက အတော်လေးတိုးတက်လာတာပဲ။ မဆိုးဘူး”
“မျှော်နန်းသခင်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်” ဟွားဝူတောက်ကပြောပြီး ရှေ့တိုးလာကာ ခန္ဓာကိုယ်မှ စွမ်းအင်စည်းတံဆိပ်များ ထွက်ပေါ်လာသည်။
လုကျိုးက လက်ဝှေ့လိုက်ပြီး ဆယ်မီတာခန့် ပျံသန်းလိုက်သည်။
“စွန့်ပစ်ခံ ဉာဏ်ပညာ”
ရင်းနှီးပြီးသား ရွှေရောင်လက်ဝါးစည်းတံဆိပ်က အားလုံး၏ ရှေ့မှောက်ပေါ်ထွက်လာသည်။ စက္ကန့်ပိုင်းလေးအတွင်း ထိုအရာက ဟွားဝူတောက်၏ ရှေ့တွင် ပေါ်ထွက်လာ၏။ ရွှေရောင်သင်္ကေတဆယ်ခုက ချက်ချင်းဆိုသလို စုဝေးသွားကာ အားကောင်းသည့် ခုခံမှုအသွင် ပြောင်းလဲသွားသည်။
ဝုန်း
စွမ်းအင်လှိုင်းများက ထပ်မံပျံ့လွင့်သွားလေ၏။
အားလုံးက သူတို့၏ ကာကွယ်ရေးစွမ်းအားများကို ချက်ချင်း အသက်သွင်းလိုက်ကြသည်။ သူတို့က ဟွားဝူတောက်၏ ခြေထောက်တစ်ဝက်သည် မြေကြီးထဲ နစ်ဝင်သွားသည်ကို မြင်တွေ့လိုက်ရသည်။ လျှို့ဟယ်တာအိုစည်းတံဆိပ်က အနည်းငယ်တုန်ခါသွားသော်လည်း သူက အထိအခိုက်မရှိသေးပေ။
“အကြီးအကဲဟွား အံ့ဩဖို့ကောင်းတာပဲ။ ခင်ဗျားက မျှော်နန်းသခင်ရဲ့ လက်ဝါးစည်းတံဆိပ်ကိုတောင် တောင့်ခံနိုင်တယ်” မုန့်ချန်းသုံက လက်ခုပ်တီးကာ ပြောလိုက်သည်။
လုကျိုးက ဟွားဝူတောက်ကို ကြည့်ကာ ထပ်မံရိုက်နှက်လိုက်၏။
“မဟာမိုးကြိုးစက်ဝန်း လက်ဟန်သင်္ကေတ”
ရွှေရောင်လက်ဝါးစည်းတံဆိပ်က ယခင်ကထက်ပိုမို မြန်ဆန်လာသည်။
ဟွားဝူတောက်က လိုက်မှီနိုင်ရုံမျှဖြစ်ပြီး သူ့အနေဖြင့် လျှို့ဟယ်တာအိုစည်းတံဆိပ်ကို ထောက်ပံ့ပေးဖို့ နည်းလမ်းမှအပ ရွေးချယ်စရာမရှိပေ။
ဝှစ်
လျှို့ဟယ်တာအိုစည်းတံဆိပ်က ယခင်ထက် ကြီးမားလာသည်။
ဝုန်း
ဤတစ်ကြိမ် လျှို့ဟယ်တာအိုစည်းတံဆိပ်က ကြေမွသွားပြီး ဟွားဝူတောက်က နောက်ဆုတ်လိုက်ရသည်။
အားလုံး “…”
အားလုံးက အတွေးကိုယ်စီရှိနေကြပြီး အပြင်ဘက်ပိုင်း၌မူ ပြုံးနေကြလေသည်။
ကြည့်ရတာ မျှော်နန်းသခင်က ရှုံးနိမ့်မဲ့ပုံကို မခံနိုင်တဲ့ပုံပဲ။ ဒါက မွေးဖွားဇယားချပ်သုံးခု ကျင့်ကြံသူရဲ့ လက်ဝါးစည်းတံဆိပ်နဲ့တော့ မတူဘူး…
မျှော်နန်းသခင်က သူ့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းချင်နေတာပဲ။ အဲ့လိုဆိုရင်တော့ သူက ဟွားဝူတောက်ကို ပထမနှစ်ခွက်ကို တောင့်ခံနိုင်အောင် လုပ်ပေးတာနဲ့တင် အတော်လေး သဘောကောင်းလာပါပြီ…
မျှော်နန်းသခင်ဆိုတဲ့အတိုင်းပဲ သူက သူ့လက်ဝါးစည်းတံဆိပ်ရဲ့ စွမ်းအားကို တိတ်တဆိတ် တိုးမြှင့်လိုက်တာပဲဖြစ်ဖြစ် သူ့စွမ်းအားတိုးမြှင့်တယ်ဆိုရင်တောင် ဘယ်သူကမှ ပြောနိုင်ကြမှာ မဟုတ်ဘူး…
လုကျိုးက ဆင်းသက်လာသည့်အခါ သူက မေးလိုက်သည်။
“မင်းအမှား လုပ်လိုက်တာ သိလား”
ဟွားဝူတောက်က မတ်တတ်ရပ်ကာ သက်ပြင်းချလိုက်သည်။
“မျှော်နန်းသခင်ရဲ့ နောက်ဆုံးလက်ဝါးစည်းတံဆိပ်က ပထမလက်ဝါးစည်းတံဆိပ်လောက် အားမကောင်းပါဘူး။ ဒါပေမဲ့ လျှို့ဟယ်တာအိုစည်းတံဆိပ်ကို ခြေမွနိုင်ခဲ့တယ်။ အဲဒါမှ စည်းတံဆိပ်က သူ့ကန့်သတ်ချက်ကို ရောက်သွားတာကို ပြသနေတာပါပဲ။ ဘုံတစ်ထောင်လေပွေအဆင့်ကျရင် အဲဒါက ပိုပြီးတော့ အသုံးဝင်မှု နည်းပါးလာလိမ့်မယ်”
အားလုံး “…”
အားလုံးက အတွေးတူနေလေကြသည်။
အကြီးအကဲဟွားက ကပ်ဖားရပ်ဖားလုပ်တဲ့နေရာမှာ အတော်လေး အရည်အချင်းရှိတာပဲ…
လုကျိုးက ခေါင်းညိတ်လိုက်သည်။
“ဒုက္ခမိုင်တစ်ရာရှုခင်းအဆင့်မှာ လေးထောင့်သေတ္တာနဲ့ပေါင်းလိုက်ရင် မင်းရဲ့ တာအိုစည်းတံဆိပ်က လှည့်ကွက်တွေအားလုံးကို အမှန်တကယ် ပိတ်ဆို့နိုင်တယ်။ ဒါပေမဲ့ မင်းသာ ဘုံတစ်ထောင်လေပွေအဆင့်ကို ရောက်သွားတဲ့အခါကျရင် အသုံးဝင်မှု နည်းနည်းပဲ ရှိတော့တယ်”
ဟွားဝူတောက်က မျက်နှာပူမိသွားလေသည်။
“အရင်နှစ်နှစ်အတွင်းမှာ အဆင့်တက်လှမ်းဖို့ ရှာဖွေနေခဲ့တာပါ။ ဒီပြဿနာကို ရှာဖွေဖို့လည်း နည်းလမ်းကို ရှာဖွေနေခဲ့တာ။ ကံဆိုးတာက ဖြေရှင်းနည်းကို မတွေ့ရသေးဘူး”
လုကျိုးက လက်နောက်ပစ်ကာ ပြောလိုက်သည်။
“အစတုန်းက ကမ္ဘာကြီးမှာ လမ်းစဉ်ဆိုတာ မရှိဘူး။ လမ်းစဉ်ဆိုတာက လူတွေက ဖန်တီးခဲ့တာ”
ကျူးဟုန်ကုန်းက လက်ခုပ်တီးကာ ပြောလိုက်သည်။
“တကယ်ကို ကောင်းတဲ့ကဗျာပဲ”
အားလုံးက ကျူးဟုန်ကုန်းကို ချက်ချင်း လှည့်ကြည့်လိုက်ကြ၏။
ဒါက ကဗျာလား…
ကျူးဟုန်ကုန်းက ခေါင်းကုတ်ကာ ပြောလိုက်သည်။
“ဟား ဟား ဟား ရှစ်စွင်းရဲ့ စကားတွေက ဉာဏ်ပညာရဲ့ ရွှေရောင်ပုလဲလုံးလိုပဲလို့ ပြောချင်တာပါ။ သူတို့က နားထောင်တဲ့သူတွေကို ဉာဏ်အလင်းဖွင့်ပေးနိုင်တယ်လေ။ သူတို့က ဘဝရဲ့ အဓိပ္ပာယ်တွေကို ကိုင်ဆောင်ထားတယ်”
သူ့အသံက ပိုမိုတိုးသွားပြီး ဆက်ပြောလိုက်သည်။
“သူတို့က လူတွေကို နက်နက်နဲနဲ စဉ်းစားစေတယ်”
ဟွားဝူတောက်က ကြောင်အမ်းနေလေ၏။
“မျှော်နန်းသခင်က ဘာကိုပြောချင်တာလဲ”
လုကျိုးက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“မင်းက ဖန်တီးရမယ်။ ရွှေကြာနယ်မြေရဲ့ ကျင့်ကြံရေးနည်းလမ်းတွေက တခြားနယ်မြေတွေနဲ့ ကွဲပြားတယ်။ ကြာပွင့်ဖြတ်တောက်ထားတဲ့ တစ်ခုတည်းသော နယ်မြေပဲ။ မင်းအနေနဲ့ ယခင်လမ်းစဉ်ဟောင်းကို လိုက်နေစရာမလိုဘူး။ မင်းနဲ့ သင့်တော်မဲ့ လမ်းကြောင်းကို မဖော်ထုတ်ရသေးတာ တစ်ခုပဲ”
“ကျုပ်နဲ့ သင့်တော်မဲ့ လမ်းကြောင်းလား” ဟွားဝူတောက်က အတွေးနက်သွားလေသည်။
တခြားသူများကလည်း ခေါင်းညိတ်လိုက်ကြ၏။
လုကျိုးက ခေါင်းမော့ကာ ပြောလိုက်သည်။
“နမူနာအနေနဲ့ဆိုရင် အနီရောင်ကြာကျင့်ကြံသူတွေက သူတို့ရဲ့ ကြာကို ဓားအနေနဲ့ မသုံးနိုင်ပေမဲ့ ရွှေကြာကျင့်ကြံသူတွေကို လုပ်နိုင်တယ်လေ”
လုကျိုး၏ လက်အထက်အသေးစားရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ပေါ်ထွက်လာသည်။ ရွှေရောင်မီးတောက်များက ဝံ့စွားစွာ တောက်ပနေလေ၏။
ထို့နောက် လုကျိုးက လက်ကိုဝှေ့ကာ ရွှေကြာကို ထုတ်ဖော်လိုက်သည်။
ရွှေကြာက အနီးနားရှိ ကျောက်တုံးကြီးကို နှစ်ပိုင်းပိုင်းပစ်လိုက်လေသည်။
“လျှို့ဟယ်တာအိုစည်းတံဆိပ်ကလည်း အတူတူပဲ။ အရင်တည်ရှိပြီးသားနည်းလမ်းကို လိုက်နာနေစရာ မလိုဘူး။ ဒီနမူနာအတိုင်းလုပ်” လုကျိုးက ပြောကာ ရှေ့တစ်လှမ်းတိုးလာသည်။
လုကျိုးရှေ့တစ်လှမ်း တိုးလာသည်နှင့် သင်္ကေတဆယ်ခုက တစ်ခုပြီးတစ်ခုဆိုသလို ပေါ်ထွက်လာလေ၏။
ဟွားဝူတောက်က ဤသည်က အဆုံးသတ်ဖြစ်ကြောင်း တွေးလိုက်မိသည်။
သို့သော်လည်း လုကျိုးက ဆက်လက်ရှေ့တိုးလာကာ သင်္ကေတများက ဆက်လက်ပေါ်ထွက်လာပြီးသည့်နောက်တွင် ၁၂၄ခုအထိ ရောက်ပြီးမှ ရပ်တန့်သွားလေသည်။
ဟွားဝူတောက်က ကြောင်အမ်းသွားလေ၏။
မျှော်နန်းရှိလူများကလည်း ကြောင်အမ်းသွားကြသည်။
“သင်္ကေတစည်းတံဆိပ် ၂၄ ခုလား” ဟွားဝူတောက်က ရေရွတ်လိုက်၏။
ဖန်းလီထန်းက မျက်လုံးကိုပွတ်ကာ သင်္ကေတ ၂၄ခုရှိကြောင်း အတည်ပြုလိုက်သည်။
“ကျုပ်တို့တွေက ကန့်သတ်ချက်ကို ချိုးဖောက်ရမယ်ဆိုပေမဲ့ ၂၄ ခုကို တစ်ပြိုင်တည်း လုပ်နိုင်တာကတော့ လွန်ကဲသွားပြီ မဟုတ်ဘူးလား”
လုကျိုးက ခေါင်းယမ်းလိုက်သည်။
“ကန့်သတ်ချက်ကို ချိုးဖောက်တာနဲ့ ပတ်သက်ပြီး မှားယွင်းနေတာ။ ကန့်သတ်ချက်ဆိုတာ မရှိရင် ဘယ်လိုလုပ် ကန့်သတ်ချက်ကို ချိုးဖောက်မှာလဲ”
လုကျိုးက ဆက်လက် လျှောက်လှမ်းလာပြီး သူတို့၏ အစီအစဉ်အတိုင်း သင်္ကေတများက ဆက်လက်ပေါ်ထွက်လာသည်။ သူက အမြန်နှုန်းကို မြှင့်တင်လိုက်ပြီး သင်္ကေတများကလည်း သူ့ဝန်းကျင်ကို လှည့်ပတ်နေလေ၏။ လုကျိုးက ဟွားဝူတောက်ရှေ့မှောက် ရောက်ရှိလာသည့်အခါ ရွှေရောင်သင်္ကေတများက ရွှေရောင်စာလုံးအသွင် ပြောင်းလဲသွားလေသည်။
“ကန့်သတ်ချက်ဆိုတာ မရှိဘူး”
“…”
ရွှေကြာနယ်မြေက ကန့်သတ်ချက်များကို ချိုးဖောက်ပြီးသွားပြီဖြစ်၏။ ကျင့်ကြံသူများက သူတို့ကိုယ်သူတို့ ကန့်သတ်ချက်များ မရှိသင့်ပေ။
ဤသည်မှာ ရူးမိုက်ရာကျ၏။
လုကျိုးက လက်နောက်ပစ်လိုက်သည့်အချိန် သင်္ကေတများက ရွှေရောင်လိပ်ပြာများသဖွယ် အဖက်ဖက်သို့ လွင့်စင်သွားလေသည်။ သူတို့က ပျံသန်းသွားသည့်အချိန်၌ အပင်များ၊ ပန်းပွင့်များနှင့် သစ်ပင်များက ပြာအဖြစ် ဖြစ်သွားလေ၏။ သူ့ ပြီးပြည့်စုံသည့် ထိန်းချုပ်မှုအောက်တွင် ရွှေရောင်သင်္ကေတများက အားလုံး၏ အနား အထိအခိုက်မရှိ ပျံသန်းသွားလေသည်။
ရွှေရောင်သင်္ကေတများက ပျံသန်းသွားသည့်အခါ တိတ်ဆိတ်မှုက ပြန်လည်ရောက်ရှိလာသည်။
ဤသည်က လုကျိုးဆီမှ လမ်းညွှန်မှု အဆုံးသတ် ဖြစ်၏။
လုကျိုး၏ အမူအရာက တည်ငြိမ်နေပြီး ဟွားဝူတောက်ကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ သူက ဟွားဝူတောက်သည် သူ့စကားများကို နားလည်ကြောင်း ပြောနိုင်လေ၏။ လှုံ့ဆော်မှုနှင့် ဉာဏ်အလင်းပွင့်မှုတို့က ဟွားဝူတောက်၏ မျက်လုံးထဲ ပေါ်ထွက်လာသည်။ သူက လှည့်ထွက်မသွားခင် ပြောလိုက်သည်။
“အဲဒါက တိုက်ခိုက်နိုင်သလို ခုခံနိုင်တယ်။ ခုခံမှုနဲ့ တိုက်ခိုက်မှု နှစ်ခုလုံး အသုံးပြုလို့ရတယ်”
ခဏအကြာတွင် ဟွားဝူတောက်က အသိပြန်ကပ်လာပြီး အလျင်အမြန် ပြောလိုက်သည်။
“မျှော်နန်းသခင်ရဲ့ စကားကို နားထောင်လိုက်ရတာက ဆယ်နှစ်တာ လေ့လာတာထက် ပိုပြီးကောင်းပါတယ်။ အများကြီး သင်ယူခဲ့ရပါတယ်”
လုကျိုးက ရပ်တန့်လိုက်သည်။ သူက လှည့်ကာ အားလုံးကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
“မင်းတို့တွေ မေးစရာရှိရင် မေးလို့ရတယ်။ ငါ လမ်းညွှန်ပေးမယ်”
ဝှစ်
ကျူးဟုန်ကုန်းက ချက်ချင်းဆိုသလို ဒူးထောက်လိုက်သည်။ သူက တုန်လှုပ်နေဟန်ဖြင့် ယခုတွေးနေသည်ကို မည်သူကမှ မသိကြပေ။ ရုတ်ချည်းဆိုသလို သူက လှည့်ကာ အံကြိတ်ပြီး ပြောလိုက်သည်။
“ဘယ်သူက ငါ့ကို ကန်လိုက်တာလဲ”
လုကျိုးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“တစ်ယောက်ယောက်က ကန်လိုက်တာလား”
“မဟုတ်ပါဘူး။ ရှစ်စွင်းဆီကနေ လမ်းညွှန်မှု တောင်းခံချင်လို့ပါ” ကျူးဟုန်ကုန်းက ပြုံးကာ ပြောလိုက်သည်။
လုကျိုးက ကျူးဟုန်ကုန်းကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူက လက်နောက်ပစ်ကာ ကျူးဟုန်ကုန်းဆီ လျှောက်လှမ်းသွားလိုက်သည်။
“မင်းက ငါနဲ့ ဝေးနေတာ ကြာလှပြီ။ ခွန်အားကို စမ်းသပ်ဖို့ လိုတယ်။ ထ”
“ကျွန်တော်ရဲ့ ခွန်အားကို စမ်းဖို့ မလိုပါဘူး။ ကျွန်တော် ရှုံးနိမ့်ကြောင်း ဝန်ခံပါတယ်” ကျူးဟုန်ကုန်းက မလုံမလဲပြုံးကာ ပြောလိုက်သည်။
“ရှစ်စွင်း ကျွန်တော်ကို အဓိကအချက်လောက်ပဲ ထောက်ပြပေးရင် ရပါတယ်။ ကျွန်တော် အားလုံးကို မှတ်မိမယ်ဆိုတာကို ကတိပေးပါတယ်။ စိတ်မပူပါနဲ့။ ကျွန်တော် အဲဒီသော့ချက် … အဓိကအချက်တွေအတိုင်း ကျင့်ကြံပါမယ်”
လုကျိုးက ခေါင်းယမ်းလိုက်သည်။
“မင်းရဲ့ စွမ်းအားကို စမ်းသပ်ပြီးတဲ့နောက်မှာ အကြံပေးမှာပေါ့”
“အာ”
ကျူးဟုန်ကုန်းက ပါးစပ်အဟောင်းသား ဖြစ်သွားလေ၏။ သူက ဘေးပတ်လည်ကို ကြည့်ကာ ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ သူက တုံ့ဆိုင်းစွာဖြင့် သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်။
ဘန်း
ကျူးဟုန်ကုန်းက စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်သည်နှင့် လုကျိုးက လက်ကိုဆန့်ထုတ်လိုက်သည်။ ထို့နောက် တောင်တစ်လုံး ကျဆင်းလာပြီး မြေကြီးများက ခွဲထွက်သွားသလိုမျိုး ခံစားလိုက်ရလေ၏။
ကျူးဟုန်ကုန်းက လေထဲခုန်ကာ ပြောလိုက်သည်။
“ရှစ်စွင်း ကျွန်တော် အဆင်သင့်မဖြစ်သေးဘူး”
“မင်းရဲ့ ပြိုင်ဘက်ကို သတိလက်လွတ်ဖြစ်အောင် လုပ်ဖို့လိုတယ်” လုကျိုးက ပြောရင်း လက်ဝါးချက်ကို ဆက်လက်ထုတ်ဖော်လိုက်သည်။
ဘန်း ဘန်း ဘန်း
လက်ဝါးစည်းတံဆိပ် ၃ခုက ကျူးဟုန်ကုန်း၏ စိတ်ဝိညာဉ်သဏ္ဌာန်အပေါ် ဆက်တိုက်ကျဆင်းလာသည်။
ကျူးဟုန်ကုန်းက ထပ်မံလွင့်စဉ်မသွားခင် ရပ်ဖို့ အခွင့်အရေးပင် မရလိုက်ပေ။
“…”
ဒီတိုက်ကွက်ကို ဘယ်လိုခေါ်မှာလဲ။ အခြေအနေကို အခွင့်ကောင်းယူချင်လား…