အခန်း (၁၄၂၃-၁၄၂၅)
Vol. 95 Ch. 1423-1425
အခန်း (၁၄၂၃) ပိုးစာမင်းသမီးလေး အပိုင်း(၁)
ကျူးဟုန်ကုန်းက တအံ့တသြ ပြောလိုက်လေ၏။
“ရှစ်စွင်းက ခွန်အား ဆယ်ရာခိုင်နှုန်းပဲ သုံးထားပေမဲ့ ကျွန်တော် ကူကယ်ရာမဲ့နေပြီ။ အားကုန်ထုတ်သုံးမယ်ဆိုရင် ကျွန်တော် ပြာဖြစ်သွားလောက်တယ်“
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများ “…“
မင်ရှစ်ရင်သည် ထိုစကားကိုကြားသောအခါ ခေါင်းကုပ်မိသွားသည်။
လုကျိုးက မျက်မှောင်အနည်းငယ်ကြုတ်လျက် ပြောလိုက်လေ၏။
“ဒါက အမည်မသိဂူကြီး။ အန္တရာယ်တွေ နေရာအနှံ့ရှိနေတာ။ အချိန်က တန်ဖိုးရှိတယ်။ ငါမင်းကို သင်ပြဖို့ ကြိုးစားနေတဲ့အချိန် မင်းဘာလုပ်နေတာလဲ“
ကျူးဟုန်ကုန်းသည် သူ့၏ရှစ်စွင်း အလေးအနက်ပြောနေကြောင်း သတိထားမိသည်နှင့် ဒူးထောက်လိုက်တော့သည်။
“တပည့်တောင်းပန်ပါတယ်။“
“အစတုန်းက ဘာအမှားလုပ်ခဲ့မိလဲ သိလား။“
လုကျိုးက မေးလိုက်သည်။
ကျူးဟုန်ကုန်းက ခေါင်းခါလိုက်လေ၏။
လုကျိုးက ပြောလိုက်သည်။
“မင်း လောင်အာ့ဆီကနေ သင်ယူသင့်တယ်။ ယုံကြည်ချက်က အင်မတန် အရေးကြီးတယ်။ ငါ့ခွန်အား ဆယ်ရာခိုင်နှုန်းပဲ သုံးခဲ့ပေမဲ့ မင်းက ကြောက်လန့်ပြီး ချက်ချင်းလက်လျှော့ခဲ့တာ။ သန်မာတဲ့ရန်သူတွေနဲ့ ထိပ်တိုက်တွေ့ရမယ်ဆိုရင် မင်းချက်ချင်းရှုံးသွားမှာ မဟုတ်ဘူးလား“
ကျူးဟုန်ကုန်းက ခေါင်းညိတ်လိုက်၏။
“ရှစ်စွင်းပြောတာ မှန်ပါတယ်“
လုကျိုးက ဆက်ပြောလိုက်၏။
“သန်မာတဲ့ရန်သူနဲ့ ရင်ဆိုင်ရရင် ယုံကြည်ချက်နဲ့ အကဲဖြတ်၊ အထူးသဖြင့် အကဲဖြတ်မှုက အရေးကြီးတယ်။ မင်းရဲ့ကျင့်ကြံမှုက အားမနည်းပေမဲ့ ယုံကြည်ချက်ကင်းမဲ့နေတာကြောင့် ခွန်အားတစ်ဝက်ကိုပဲ သုံးနိုင်တာ။ နောင်ကျ မင်းရဲ့လုပ်ရပ်ကို ပြန်သုံးသပ်ရမယ်“
“ဟုတ်ကဲ့“
ကျူးဟုန်ကုန်းသည် ပွင့်ချပ် ဆယ့်တစ်ခု ပွင့်ပြီးသည့်သူ ဖြစ်သည်။ သူက အဝါရောင်ကြာနယ်မြေ၌ ကျင့်ကြံခြင်း အရင်းအမြစ်များစွာလည်း ရထားသည်။ ထို့ကြောင့် သူ၏ဆယ့်နှစ်ခုမြောက် ပွင့်ချပ်ပွင့်ရန် အချိန်အတိုင်းအတာတစ်ခုပဲ လိုသည်။
“ဟုတ်ပြီ ဘေးဖယ်“
လုကျိုးက ပြောလိုက်၏။
ကျူးဟုန်ကုန်းက ဘေးသို့ဆုတ်သွားပြီးနောက် လုကျိုးသည် လူအုပ်ကြီးကို ကြည့်လျက် မေးလိုက်ပြန်သည်။
“ဘယ်သူရှိသေးလဲ“
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။
တကယ်တော့ ယင်းသည် ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်၏။ ဤလောကထဲတွင် မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်ထံမှ လမ်းညွှန်မှုကို မည်သူက အလွယ်တကူ ရနိုင်မည်နည်း။ သူ့၏တပည့်များတောင် လူများကြားထဲရှိ နဂါးများနှင့် ဖီးနစ်များပမာ ဖြစ်နေသည်။ သူ၏ သင်ပြပေးသော နည်းလမ်းက အနည်းငယ်နာကျင်စရာ ကောင်းနေရုံသာ ရှိသည်။
ထိုစဉ် ဝေဟင်ထဲမှ ဆူညံသံ၊ ထူးဆန်းသော ဆူညံသံတစ်သံ ပေါ်ထွက်လာ၏။
လူတိုင်းက ချက်ချင်းမော့ကြည့်လိုက်သည်။
“မျှော်နန်းသခင် အဲဒီမှာ“
ခုံဝမ်က နောက်ကို ညွှန်ပြလိုက်၏။
လူတိုင်းက ခုံဝမ်ညွှန်ပြရာဘက်ကို လှည့်ကြည့်မိသည့်အချိန်၌ သူတို့သည် အနက်ရောင်မြူအုံ၌ ပျံသန်းနေသော လူ့အရွယ်အစားခန့်ရှိသည့် ဧရာမအဖြူရောင် ကြိုးကြာများကို တွေ့လိုက်ရသည်။ အကောင်ရေတစ်သောင်းခန့်ရှိပြီး သူတို့ပျံသန်းလာသည့်အချိန်၌ ဝေဟင်ထဲတွင် လှုပ်ရှားနေသော အဖြူရောင်တိမ်တိုက်များပမာ ဖြစ်နေ၏။ ၎င်းက ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်သည်။
အင်အားကြီးသည့် သားရဲပျံတို့သည် ကြိုးကြာဖြူကို ရှောင်တိမ်းသွားကြပြီး မရှောင်နိုင်သည့်သူများကမူ အမြန် ခပ်နိမ့်နိမ့် ဆင်းသက်ကြလေ၏။
မရေမတွက်နိုင်သော ကြိုးကြာဖြူတို့သည် ခပ်နိမ့်နိမ့် ပျံသန်းလျက် မိစ္ဆာဝေဟင်မျှော်နန်း၏ လူများနှင့် မီတာတစ်ရာအကွာထိ ရောက်လာ၏။
“လှလိုက်တာ“
ရှောင်ယွမ်အာက စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်လက်ဝါးတီးလျက် ပြောလိုက်သည်။
ခုံဝမ်က ရှောင်ယွမ်အာကို အမြန်တိုးတိုးနေရန် ပြောလိုက်၏။
“မမလေးရဲ့ သူတို့က လှလေလေ ပိုရက်စက်လေပဲ“
“ဘာလို့လဲ“
“အဲဒီကြိုးကြာဖြူတွေရဲ့ နေထိုင်ကျက်စားရာနေရာက ပိုးစာပင်ပဲ။ အနီရောင်ဧကရာဇ်ရဲ့ ဒုတိယသမီးတော်က ထူးဆန်းတဲ့နည်းလမ်းတချို့ကို သင်ယူပြီး ကြိုးကြာဖြူအဖြစ် ပြောင်းလဲသွားခဲ့တယ်လို့ ပြောတယ်။ ပြီးတော့ သူက တောင်ဘက်ပင်လယ်နားက ပိုးစာပင်မှာ အသိုက်တစ်ခု လုပ်ခဲ့တယ်။ အနီရောင်ဧကရာဇ်က သူ့သမီးရဲ့ အဲလိုအခြေအနေကို မြင်တော့ အင်မတန်ဝမ်းနည်းသွားပြီး သူ့ကို သစ်ပင်ပေါ်က ဆင်းလာခိုင်းတာ။ သူက ငြင်းခဲ့တယ်လေ။ သူ့ကို ဖိအားပေးဖို့အတွက် အနီရောင်ဧကရာဇ်က ပိုးစာပင်ကို မီးရှို့ပြီး သူ့ကို မီးလောင်စေခဲ့တာ။ အဲဒီသစ်ပင်ကြီးနာမည်က နောက်ပိုင်း ပိုးစာမင်းသမီးပင် ဖြစ်သွားတယ်။ နောက်ပိုင်းကျ သူက ဖုတ်ကောင်ဘုရင်တွေထဲက တစ်ပါး ဖြစ်လာပြီး တတိယအဆင့်တောင် ရထားတာ“
ခုံဝမ်က သက်ပြင်းချလျက် ပြောလိုက်၏။
အစ၌ ရှောင်ယွမ်အာသည် ခုံဝမ်ပြောတာကို နားထောင်ပြီး သိချင်စိတ်များပြည့်နေသေး၏။ သို့သော်ငြား ဖုတ်ကောင်ဘုရင်များအကြောင်း ပြောတာကိုကြားသောအခါ သူမှာ ချက်ချင်းကြုတ်သွားတော့သည်။
ခရုလေးက ပြောလိုက်တော့သည်။
“အနီရောင်ဧကရာဇ်က ရက်စက်လိုက်တာ။ သူ့သမီးကိုတောင် မီးလောင်ပြီး သေစေခဲ့တယ်“
“အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်လို့မရဘူး။ အရာရာအတွက် အကြောင်းပြချက်ရှိမှာပဲ။ ကျုပ်တို့မသိရုံပဲ“
ခုံဝမ်က ပြောလိုက်၏။
လူတိုင်းက သက်ပြင်းချလိုက်ကြသည်။
ဝှစ်။
ထိုစဉ် ပိုကြီးသည့် ကြိုးကြာဖြူများထဲမှ တစ်ကောင်က ဆင်းသက်လာသည်။
ခုံဝမ်က ထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွားပြီး ပြောလိုက်တော့သည်။
“မျှော်နန်းသခင် ကျွန်တော်တို့ မြန်မြန်ပုန်းမှရမယ်“
“ကျုပ်တို့ ဘာလို့ပုန်းရမှာလဲ“ ယွီကျန့်ဟိုင်က မေးလိုက်လေ၏။
“ရှင်းပြဖို့ အချိန်မရှိဘူး။ မျှော်နန်းသခင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ယုံပါ“
ခုံဝမ်က ပြောပြီး ကြောက်လန့်မှုကြောင့် မျက်လုံးပြူးကျယ်နေတော့သည်။
လုကျိုးသည် ဝေဟင်မှဆင်းသက်လာသော ကြိုးကြာဖြူကို ကြည့်ပြီး လက်ပိုက်လိုက်သည်။ ၎င်းက တခြားသူများနှင့်မတူဘဲ ၎င်း၏ကိုယ်ထဲသည့် ထူးဆန်းသောစွမ်းအင်နှင့် နစ်နေလျက် ဝေဟင်ထဲ ပျံ့နေ၏။
“အေးဆေးနေကြစမ်း“
လုကျိုးက လက်မြှောက်လျက် လေးနက်သောအသံဖြင့် ပြောလိုက်သည်။
သဲနာရီက ပျံထွက်လာလျက် မြေပြင်ပေါ် ဆင်းသက်သွားသည်။
ကောင်းကင်စွမ်းအား ရောထွေးနေသည့် လျှပ်စီးများသည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းကို ချက်ချင်းအေးခဲသွားစေ၏။ ပြီးနောက် သူသည် ဖုံးကွယ်ခြင်းစွမ်းအားအတွက် မန္တန်ကို ရွတ်ဆိုလိုက်သည်။
ကောင်းကင်ပညာရပ်တွင် မိမိ၏ခန္ဓာဉာဏ်ရည်ဖြင့် မိမိ၏ကျယ်ပြောလှသော ခွန်အားကို ဖုံးကွယ်နိုင်၏။
လုကျိုး၏ ခန္ဓာကိုယ်ထဲမှ ရေကဲ့သို့ စွမ်းအင်လှိုင်းက ပေါ်ထွက်လာပြီး လူတိုင်းကို ညင်သာစွာ လွှမ်းခြုံသွားလေ၏။
ကြိုးကြာဖြူက လေထဲ ဆယ်မီတာခန့် ရောက်သောအခါ ၎င်းက ခေါင်းငုံ့ကြည့်ပြီးနောက် တစ်ဖန်ပြန်သန်းသွားပြန်ကာ ကျန်သည့် ကြိုးကြာဖြူများနှင့် ပေါင်းလျက် မြောက်ဘက်ခြမ်းသို့ ဆက်လက်ပျံသန်းသွားသည်။
လုကျိုးက မော့ကြည့်မိသောအခါ ပေတစ်ရာခန့် ရှည်သည့် ကြိုးကြာဖြူက အစွန်နားတွင် ပျံသန်းနေတာကို တွေ့လိုက်ရသည်။ ကြိုးကြာဖြူ၏ ကျောပေါ်တွင် အဝါဖျော့ရောင် ဝတ်စုံကို ဝတ်ထားသည့် မိန်းမပျိုလေးတစ်ယောက် ထိုင်နေလေ၏။ သူမ မျက်လုံးက တောက်ပနေကာ မျက်နှာသွင်ပြင်က မျက်စိပသာဒဖြစ်ဖွယ်ရှိသည်။ သူမ ဆံပင်ကို ချည်နှောင်ထားပြီး တလက်လက်တောက်ပနေသော ဆံထိုးက သူမ၏ ခေါင်းပေါ်တွင် ရှိနေလေ၏။
“ပိုးစာပင် မင်းသမီးလား” လုကျိုးက မျက်မှောင်ကြုံ့မိသွားလေ၏။ သူ့ရှေ့ရှိ လူက ပိုးစာမင်းသမီး ဟုတ်မဟုတ် သေချာမသိပေ။ သို့သော် သူမ၏ သွင်ပြင်နှင့် လှုပ်ရှားမှုအရ သူမသည် ဖုတ်ကောင်တစ်ကောင်နှင့် မတူ။ သူမ အသားအရည်က သာမန်လူများထက် အနည်းငယ် ပိုဖြူနေတာတော့ အမှန်ပင်ဖြစ်သည်။ သို့သော် ထိုမှအပ သူမသည် ပုံမှန်အတိုင်း ဖြစ်နေ၏။ သူမက တကယ်ပဲ ဖုတ်ကောင်ပေရဲ့လား။
လုကျိုးသည် သဲနာရီကို တစ်ချက်ကြည့်လိုက်လေ၏။
အပြာရောင်သဲတို့သည် အစွန်းတစ်ဖက်မှ ကျန်တစ်ဖက်သို့ လျင်မြန်စွာ စီးသွားကြသည်။ သဲများအားလုံး အောက်ခြေသို့ ရောက်သွားသည့်အချိန်၌ အာနိသင်က ပျောက်ကွယ်သွားလိမ့်မည်။
လုကျိုးသည် သူ၏ လက်ကို ဝှေ့ယမ်းလျက် သဲများ လျင်မြန်စွာ ကျဆင်းခြင်းကို တားရန် ကောင်းကင်စွမ်းအားကို အသုံးပြုနေသည်။ ဤနည်းဖြင့် အေးခဲခြင်းအာနိသင်က ပိုကြာရှည် တောင့်ခံနိုင်လိမ့်မည်။ သို့သော်ငြား သူပေးဆပ်ရမည့် တန်ကြေးက ကောင်းကင်စွမ်းအား ပမာဏ အမြောက်အများ ဖြစ်သည်။
ရုတ်တရက် ကြိုးကြာဖြူက လယ်တောအပေါ်၌ ရပ်တန့်သွားပြီးနောက် တောင်ပံကို ဖြန့်လိုက်သည်။
ဝှစ်
ရုတ်တရက် ဖြန့်လိုက်သည့်အချိန်တွင် ၎င်း၏တောင်ပံများက ပေအနည်းငယ် ရှည်ပေသည်။ ဖြူစွတ်နေသော တောင်ပံတို့က ကောင်းကင်ကို ချက်ချင်း လွှမ်းသွားလေ၏။ တစ်ကြိမ်တည်းတွင် ကြိုးကြာဖြူ၏ နှုတ်သီးက ဝေ့ဟင်မှ ဖြစ်ဖြစ်ခြင်း ကျလာသည်။
လုကျိုးသည် သဲနာရီ၏ အာနိသင် ကုန်ဆုံးတော့မည်မှန်း ခံစားမိ၏။ နောက်ထပ် ငါးစက္ကန့် ခြောက်စက္ကန့်သာ တောင့်ခံနိုင်လိမ့်မည်။
ထိုစဉ် သူက လက်ဖဝါးကို အမြန်မြှောက်လျက် အသေသတ်ရိုက်ချက်ကတ်ကို ထုတ်လိုက်သည်။ လိုအပ်လာခဲ့လျှင် နောက်တစ်ကတ် ထပ်ထည့်မည်။ သူမ တိုက်ခိုက်ရဲပါက သူမကို သတ်ဖြတ်ရန် တုံ့ဆိုင်းနေမည်မဟုတ်ချေ။
ယခုအချိန်၌ သူ့ဘက်ခြမ်းတွင် လူများစွာ ရှိနေခြင်း၏ အားနည်းချက်က အလွန်သိသာနေပြီဖြစ်သည်။ သူတစ်ယောက်တည်း ဆိုပါက ဤသို့လုပ်ရန် မလိုအပ်ချေ။
ထိုစဉ် မိန်းကလေးက အောက်သို့ ဆင်းသက်လာစဉ် သူမ၏ ခါးဝတ်ရှည်က လေထဲ တလွင့်လွင့် ဖြစ်နေတော့သည်။
…
အခန်း (၁၄၂၄) ပိုးစာမင်းသမီးလေး အပိုင်း(၂)
ပိုးစာမင်းသမီးလေး၏ ဝတ်ရုံအဖျားက အရမ်းကို ရှည်လျားလှသည်။ ထိုအရာက တောက်ပနေပြီး တလူလူလွင့်နေလေ၏။ သူမက ကျောက်ရုပ်တစ်ခုလိုမျိုး တိတ်ဆိတ်နေကာ ဆင်းသက်လာသည်။
ဤတစ်ကြိမ် လုကျိုးက အချိန်သည် ယခင်ကထက် စီးဆင်းမှုမြန်ဆန်လာကြောင်း ခံစားမိလိုက်၏။ သုံးစက္ကန့်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားကာ နောက်ဆုံးသော အပြာရောင်သဲက အောက်ခြေကို ရောက်တော့မည် ဖြစ်၏။
ပိုးစာမင်းသမီးလေးက ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ နှာခေါင်းအသာရှုံ့လိုက်သည်။
ဝှစ်
ထိုစဉ် သူမက အဖြူရောင်ကြိုးကြာ၏ ကျောဖက်ခုန်တက်သွားပြီး အေးစက်စက်ပြောလိုက်သည်။
“သွားကြစို့”
ဝှစ်
မျက်စိတစ်မှိတ်အတွင်း အဖြူရောင်ကြိုးကြာနှင့် ပိုးစာပင်မင်းသမီးလေးတို့က အဝေးတစ်နေရာဆီ ပျံသန်းသွားလေသည်။
“…”
ဤသည်က ၈ စက္ကန့်မျှသာ ရှိသော်လည်း အချိန်က တစ်ချိန်တည်းဆိုသလို အလျင်အမြန် စီးဆင်းသလို နှေးကွေးစွာ စီးဆင်းနေသည်။
ဝှစ်
အချိန်သဲနာရီက နဂိုအနေအထားသို့ ပြန်လည်ရောက်ရှိသွား၏။ လုကျိုးက ဖုံးကွယ်ရေးစွမ်းအားကို ဖြတ်တောက်လိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများအတွက် သူတို့က ဝေဒနာကြီးသည့် အချိန်ကို မတွေ့ကြုံခဲ့ကြပေ။ သူတို့က ကောင်းကင်ယံတွင်ရှိနေသည့် အနက်ရောင်မြူခိုးကိုသာ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ အဖြူရောင်ကြိုးကြာအားလုံးက ပျောက်ကွယ်သွားလေသည်။
“အဖြူရောင်ကြိုးကြာတွေက ဘယ်ရောက်သွားတာလဲ” ကျူးဟုန်ကုန်းက သိချင်စွာ မေးလိုက်သည်။
ခုံဝမ်ကလည်း နားမလည်နိုင်ဖြစ်နေမိ၏။
“ဟမ် တကယ်ထူးဆန်းလိုက်တာ။ ဘယ်လိုလုပ် သူတို့က ပျောက်ကွယ်သွားတာလဲ”
သဲနာရီကို သိမ်းဆည်းပြီးသည့်နောက်တွင် လုကျိုးက သူ့နဂိုအနေအထားဆီ ပြန်လည်ရောက်ရှိလာပြီး ခရမ်းရောင်တောက်ပသံကျောက်ကို အသုံးပြု၍ သူ့အံ့ဖွယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းလိုက်သည်။
ခုံဝမ်က ပြောလိုက်၏။
“အဲဒါက ပိုးစာပင်မင်းသမီးရဲ့ အခြွေအရံတွေလေ အဓိပ္ပာယ်တော့မရှိဘူး။ တကယ်ကို မရှိဘူး”
ကျူးဟုန်ကုန်းက မျက်လုံးဝှေ့ကာ ပြောလိုက်သည်။
“ကျုပ် ခင်ဗျားကို အထင်ကြီးမိသွားတာပဲ”
“ကျုပ် မှားသွားတာထင်တယ်” ခုံဝမ်က ပြောလိုက်သည်။
လုကျိုးတစ်ယောက်တည်းကသာ ခုံဝမ်က မမှားကြောင်း သိလေ၏။ သူက မြောက်ဖက်ပိုင်းကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်သည်။
“အန္တရာယ်ကို ရှောင်ရှားတာက ကိစ္စဆိုးတစ်ခုတော့ မဟုတ်ပါဘူး”
ထို ၈စက္ကန့်က လုကျိုး၏ ကန့်သတ်ချက်ဖြစ်ကြောင်း မည်သူကမှ မသိကြပေ။ ချန်ဖုကပင် ထို၈စက္ကန့်အတွက် အေးခဲနေသည့် သက်ရောက်မှုကို အလွယ်တကူ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ လုကျိုးက အထွတ်အမြတ် အမွေအနှစ်သဲနာရီကို အသုံးပြုပြီးသည့်နောက်တွင် လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်၏။
လုကျိုးက သက်ပြင်းချလိုက်သည်။ အချိန်ကို ထိန်းချုပ်ဖို့ အမှန်တကယ် ခက်ခဲ၏။ အကယ်၍ ကမ္ဘာကြီးတွင် အချိန်ကို ပြောင်းပြန်ပြောင်းလဲနိုင်သည့်သူ ရှိနေမည်လားဟု စဉ်းစားမိသည်။
ထိုစဉ် ကျူးဟုန်ကုန်းက မေးလာသည်။
“ကျွန်တော် ထင်ယောင်ထင်မှားဖြစ်နေတာလား”
“မဟုတ်ဘူး။ ရှစ်စွင်းက သူတို့ကို ရိုက်နှက်လိုက်တာ ဖြစ်နိုင်တယ်” ယွီကျန့်ဟိုင်က ကျူးဟုန်ကုန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။
“…”
ထို့နောက် ယွီကျန့်ဟိုင်က လှည့်လာကာ ပြောလိုက်သည်။
“ကောင်းပြီလေ။ ဒီမှာနားပြီး ကျင့်ကြံကြ။ မင်းတို့ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ အချိန်ပဲ။ ငါတို့ဆီမှာ အသက်ဓာတ်နှလုံးသားအများကြီးရှိတယ်။ ဘယ်လိုလုပ် လေပေါနေမှာလဲ”
ယွီကျန့်ဟိုင်က မိစ္ဆာဝေဟင်မျှော်နန်း၏ ပထမတပည့်ကြီးဟူသော ရာထူးဖြင့် မည်သူကမှ မဆွေနွေးရဲကြတော့ပေ။ မည်သူကမှ သူတို့နေရာကို ပြန်သွားကာ အဆင့်တက်လှမ်းဖို့ ကျင့်ကြံလိုက်ကြသည်။
ထိုစဉ်အချိန်အတွင်း မိစ္ဆာဝေဟင်မျှော်နန်းအဖွဲ့သားများက မတည်မြဲခြင်းတိုင်လုံး၏ သက်ရောက်မှုကြောင့် ကျင့်ကြံဆင့် သိသိသာသာ တိုးတက်လာလေသည်။
ထိုစဉ် ချင်နိုင်ဟယ်က လုကျိုးဘေးနား ရောက်လာကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။
“မျှော်နန်းသခင် တစ်ခုခုတော့ လွဲနေသလို ခံစားမိနေတယ်။”
လုကျိုးက ချင်နိုင်ဟယ်ကိုကြည့်ကာ မေးလိုက်သည်။
“မင်း ခံစားမိတာလား”
ချင်နိုင်ဟယ်က ခေါင်းညိတ်လိုက်၏။
“ကြည့်ရတာ တကယ်ကို လွဲသွားသလိုပဲ”
သဲနာရီကြောင့် အချိန်ရပ်တန့်ခံလိုက်ရသည့်အချိန် တာအိုစွမ်းအားကို နားလည်ထားသည့်သူများကသာ ခံစားမိလိမ့်မည်။ နမူနာအနေဖြင့် သဲနာရီသည် အချိန်ကို ၈စက္ကန့်မျှ အေးခဲစေခဲ့၏။ တာအိုစွမ်းအားကို နားလည်ထားသည့် သာမန်တာအိုဆရာသခင်များက စက္ကန့်ပိုင်းမျှ ခံစားမိလိမ့်မည်။ ဆိုလိုသည်မှာ သူတို့က ၈စက္ကန့်အစား ၇စက္ကန့်အေးခဲနေလိမ့်မည်။
တခြားနည်းဖြင့် ပြောရလျှင် ချင်နိုင်ဟယ်က တာအိုစွမ်းအားကို စတင်နားလည်နေပြီဖြစ်၏။
လုကျိုးက မေးလိုက်သည်။
“မင်းက မင်းရဲ့၁၈ ခုမြောက် ဇယားချပ်ကို အသက်သွင်းပြီလား”
ချင်နိုင်ဟယ်က ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ် မဟာလေဟာနယ်စွမ်းအားရှိတဲ့ အပြာရောင်သလင်းကျောက်ကြောင့်ပါ။ ၁၈ခုမြောက် မွေးဖွားဇယားချပ်အသက်သွင်းတာက အတော်လေးကို ချောမွေ့ခဲ့တယ်။ ပြီးတော့ မွေဖွားနန်းဆောင်ထဲမှာ နောက်ထပ် နေရာတစ်ခုကိုပါ ဖွင့်နိုင်ခဲ့တယ်”
လုကျိုးက ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကောင်းတယ်။ မိစ္ဆာဝေဟင်မျှော်နန်းက နောက်ထပ်ဆရာသခင်တစ်ယောက် ရှိလာတော့မယ်”
လုကျိုး၏ အသံက မကျယ်သော်လည်း အားလုံးက ကြားလိုက်ရသည်။ သူတို့က ချင်နိုင်ဟယ်အား အံ့အားသင့်စွာ ကြည့်လိုက်ကြ၏။
“ဆရာသခင်လား”
ခုံဝမ်က ရှေ့တိုးလာကာ ပြောလိုက်သည်။
“အစ်ကိုချင် ဂုဏ်ပြုပါတယ်”
တခြားသောသူများကလည်း ချင်နိုင်ဟယ်ကို ဂုဏ်ပြုကာ ပြောလာကြသည်။
အားလုံးက ဆရာသခင်ဖြစ်လာဖို့ရာ မလွယ်ကူကြောင်း သိထား၏။ အစိမ်းရောင်ကြာနယ်မြေကို နမူနာအနေဖြင့် ကြည့်ရင်း ဤမျှကြာရှည်ပြီးသည့်နောက်တွင် ဆရာသခင်လေးယောက်သာ ရှိခဲ့လေသည်။ အခက်အခဲရှိနေသည့်အချိန် သူတို့လေးယောက်က ရှေ့ထွက်လာရမည်ဖြစ်၏။ ယခု ထုံပါစစ်ချန်နှင့် ယဲ့ကျန့်တို့က ပျောက်ကွယ်သွားပြီဖြစ်ကာ ချင်နိုင်ဟယ်သာ ကျန်ရှိတော့သည်။ ဤသည်က ကောင်းကင်ဘုံ၏ ဆန္ဒဖြစ်၏။
“ဂုဏ်ပြုစကားတွေအတွက် ကျေးဇူးပါ။ ဒီအဆင့်ထိ ရောက်နိုင်တာ မျှော်နန်းသခင်ရဲ့ ဂရုစိုက်မှုကြောင့်ပါပဲ။ တကယ်လို့ နောင်အနာဂတ်မှာ အကူအညီလိုတယ်ဆိုရင် တောင်းဆိုဖို့ တုံ့ဆိုင်းမနေပါနဲ့” ချင်နိုင်ဟယ်က ပြုံးကာ ပြောလိုက်သည်။
“ခင်ဗျားက နည်းနည်းလေးတောင် မာနမကြီးဘူးပေါ့” မင်ရှစ်ယင်က ချင်နိုင်ဟယ်ဘေးနား ပျံသန်းလာကာ ပြောလိုက်သည်။
“စတုတ္ထသခင်လေး လာနောက်မနေပါနဲ့။ ကျုပ်က ဒီလိုမျိုး မဟုတ်ပါဘူး” ချင်နိုင်ဟယ်က ပြောလိုက်သည်။
အားလုံးက ခေါင်းညိတ်လိုက်ကြ၏။ မိစ္ဆာဝေဟင်မျှော်နန်းတွင် ဆရာသခင်အသစ်တစ်ယောက် ရောက်လာမှုဖြင့် သူတို့သည် ကြိုးစားဖို့ ပိုမိုစိတ်အားထက်သန်လာကြသည်။ ဤသို့ဖြင့် သူတို့က တုံ့ဆိုင်းမနေဘဲ ကျင့်ကြံဖို့ရာ အလျင်အမြန်ပြန်သွားကြ၏။
…………………….
နောက်တစ်ရက် မနက်ခင်း၌
လုကျိုးက အံ့ဖွယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းပြီးသည့်နောက်တွင် တခြားသူများကို ဦးဆောင်လျက် ကျိမင်ဆီ ဦးတည်လိုက်သည်။ ခရီးက အတော်လေး ချောမွေ့နေ၏။
နတ်သားရဲများအပြင် ခက်ထန်သားရဲများကလွဲ၍ တခြားသော ခက်ထန်သားရဲများက မိစ္ဆာဝေဟင်မျှော်နန်းအတွက် ပြိုင်ဖက်မဟုတ်တော့ပေ။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်ကဲ့သို့ အမြောက်အများဖျက်ဆီးနိုင်သည့် လက်နက်များဖြင့် အချိန်တွင် သူတို့က ခက်ထန်သားရဲများကို ရှင်းထုတ်ပစ်လေ့ရှိသည်။
ပိုမိုအားကောင်းသည့် ခက်ထန်သားရဲများကိုမူ ချင်နိုင်ဟယ်က ဖြေရှင်းလေ့ရှိ၏။
ပို၍အရေးကြီးသည်က သူတို့တွင် မဟာဆရာသခင်ဖြစ်သည့် လုကျိုး ရှိနေလေသည်။
ဤသို့ဖြင့် မိစ္ဆာဝေဟင်မျှော်နန်းမှ အဖွဲ့သားများက တစ်ရက် တစ်ရက် ပျင်းရိစွာဖြင့် ဖြတ်သန်းနေရလေ၏။
သူတို့ခရီးသွားလာရင်းဖြင့် ခက်ထန်သားရဲများစွာကို သတ်ဖြတ်ခဲ့ပြီး အသက်ဓာတ်နှလုံးသားများကို စုဆောင်းကာ သူတို့တွေ့ခဲ့သည့် ကျင့်ကြံရေးရတနာများကို ရယူခဲ့သည်။ သူတို့က အနားယူဖို့ ရပ်တန့်သည့်အချိန် သူတို့က လုကျိုး၏ ဒိုင်မေးရှင်းတိုင်လုံး၏ သက်ရောက်မှုအောက်တွင် အားစိုက်ထုတ်ကာ ကျင့်ကြံကြ၏။
……………………………………….
မျက်စိတစ်မှိတ်အတွင်း ဤနည်းဖြင့် နှစ်လတာ ကုန်ဆုံးသွားလေသည်။
သူတို့က ကျိမင်နှင့် အရမ်းအလှမ်းမကွာတော့ပေ။ ယန်ကျန်းလော့က သူတို့၏ ရိတ်သိမ်းမှုအကြောင်း တင်ပြနေ၏။
“ယခင်နှစ်လအတွင်းမှာ ကျုပ်တို့တွေ သားရဲဘုရင် အသက်ဓာတ်နှလုံးသား ၂၅ခု၊ အဆင့်မြင့် အသက်ဓာတ်နှလုံးသား ၆၅ခု၊ အလယ်အလတ်အဆင့် အသက်ဓာတ်နှလုံးသား ၁၅၆ခုနှင့် လျှို့ဝှက်ဆန်းကြယ်ကျောက်တုံးငယ် ၃ခု၊ လျှို့ဝှက်ဆန်းကြယ်အသက်ဓာတ်မြက် ၅ခုတို့ ရခဲ့ပါတယ်”
ယန်ကျန်းလော့က အဆင့်နိမ့်အသက်ဓာတ်နှလုံးသားများအကြောင်း မတင်ပြခဲ့ပေ။ မိစ္ဆာဝေဟင်မျှော်နန်း၏ လက်ရှိစွမ်းအားဖြင့် အားလုံးက အဆင့်နိမ့်အသက်ဓာတ်နှလုံးသားများကို အလွယ်တကူ ရှာဖွေနိုင်ကြ၏။
လုကျိုးက ခေါင်းညိတ်လိုက်သည်။
“သူတို့ကို လိုအပ်တဲ့သူတွေအတိုင်း ဖြန့်ဝေပေးလိုက်”
ယခင်နှစ်လအတွင်း မိစ္ဆာဝေဟင်မျှော်နန်းရှိ လူများ၏ ကျင့်ကြံမှုက အနည်းငယ်တိုးတက်လာလေသည်။ သူတို့က ဤလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေပြီး မတည်မြဲခြင်းတိုင်လုံးဆီ ဦးတည်နေသည့်အတွက် သူတို့၏ ကျင့်ကြံဆင့်က ဆက်လက်တိုးတက်နေဆဲဖြစ်၏။
“ဟုတ်ကဲ့ပါ”
ယခင်နှစ်လအတွင်း လုကျိုးက သူ၏ ၂၀ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းဖို့အတွက် သားရဲဘုရင်၏ အသက်ဓာတ်နှလုံးသားကို အသုံးပြုခဲ့သည်။ ထိုဖြစ်စဉ်က အတော်လေးချောမွေ့လှ၏။ မတည်မြဲခြင်းတိုင်လုံးဖြင့် ခက်ခဲမှုက သိပ်မမြင့်လှပေ။
ထိုသူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ ၈ခုမြောက်ပွင့်ချပ်ကို ပြန်လည်တွေးမိသွားလေသည်။
အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ရဲ့ ကန့်သတ်ချက်က ပွင့်ချပ်၈ခုလား…
ဒါမှမဟုတ် ရွှေကြာနယ်မြေရဲ့ ပွင့်ချပ်၈လွှာကန့်သတ်ချက်ကြောင့် ဖြစ်နေတာလား…
သူ့အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ကန့်သတ်ခံရမည်ဟု မတွေးတောဘဲ မနေနိုင်တော့ပေ။
ခုံဝမ်နှင့် သူ့ညီအစ်ကိုများက အဝေးမှ ပျံသန်းလာပြီး လုကျိုးရှေ့မှောက် ရောက်ရှိလာကြသည်။
ခုံဝမ်က ပြောလိုက်၏။
“မျှော်နန်းသခင် ဖျက်ဆီးခြင်းတိုင်လုံးက မြောက်ဖက်မိုင်သုံးဆယ်အကွာမှာပါ။ ကျွန်တော် ရေးဆွဲထားတဲ့ မြေပုံကြမ်းပါ”
ထို့နောက် ခုံဝမ်က မြေကြီးပေါ် မြေပုံကို ဖြန့်ခင်းလိုက်လေသည်။
အားလုံးက စုဝေးလာကြ၏။
ကြည့်ရှုပြီးသည့်နောက်တွင် ယန်ကျန်းလော့က မေးလိုက်၏။
“ဒါက စက်ဝိုင်းသဏ္ဌာန်ရေကန်လား”
“ဖျက်ဆီးခြင်းတိုင်လုံးအနားမှာ အဲ့လိုရေကန်တွေအများကြီးရှိတယ်။ တချို့ကကြီးပြီး တချို့ကသေးတယ်။ ဒါပေမဲ့ ဒီစက်ဝိုင်းသဏ္ဌာန်ရေကန်က အတော်လေး ထူးကဲတယ်။ အဲဒါက ပေသုံးထောင်နေရာယူထားပြီးတော့ ရေကန်ရဲ့ အလယ်မှာ ပိုးစာပင်သစ်ပင်ကြီးရှိတယ်။ အဲဒါက ပိုးစာပင်မင်းသမီးနေတဲ့နေရာ ဖြစ်နိုင်တယ်။ အဲဒါကြောင့် ဒီရေကန်ကို ရှောင်ရှားသွားဖို့ အကြံပြုချင်တယ်”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
လုကျိုးက ပိုးစာပင်မင်းသမီးနှင့် ကြိုးကြာဖြူအကြောင်း အမှတ်ရသွားသည့်အခါ မေးလိုက်သည်။
“ပိုးစာပင်မင်းသမီးက လူသားလား ဖုတ်ကောင်လား”
“ရှေးဟောင်းစာအုပ်တွေနဲ့ တဆင့်စကားတွေအရတော့ သူမက ဖုတ်ကောင်တဲ့။ ဒါပေမဲ့ တော်တော်များများက သူမကို မမြင်ဖူးကြဘူး”
ခုံဝမ်က ပြောလိုက်သည်။
ထိုစဉ် ရှောင်ယွမ်အာက အသံတိုးတိုးဖြင့် ပြောလိုက်၏။
“ရှစ်စွင်း တပည့်တို့တွေ ရှောင်ရှားသွားသင့်တယ်လို့ ထင်တယ်”
လုကျိုးက ရှောင်ယွမ်အာကို ကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီ။ အဲဒါဆိုလည်း ကွေ့သွားကြတာပေါ့လေ”
ဤသို့ဖြင့် လုကျိုးက နတ်ခြင်္သေ့အပေါ် တက်ကာ မြောက်ဖက်ဆီ ပျံသန်းလိုက်သည်။
တခြားသူများကလည်း သူတို့၏ စီးတော်သားရဲများအပေါ်တက်ကာ လိုက်ပါသွားကြ၏။ သူတို့၏ စွမ်းအားနှင့် စီးတော်သားရဲများဖြင့် မိုင်သုံးဆယ်အကွာအဝေးက သိပ်မကြာလှပေ။
……………………………………………………….
ချောက်နက်အပေါ်
လုကျိုးက နတ်ခြင်္သေ့၏ ကျောပေါ်ထိုင်နေရင်း မြူခိုးများကြား ထိုးထောင်ထွက်နေသည့် ဖျက်ဆီးခြင်းတိုင်လုံးကို လှမ်းကြည့်လိုက်သည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က လုကျိုးဘေးနား ရောက်ရှိလာသည့် တိုင်လုံးကို ကြည့်လိုက်ကြ၏။
“နောက်ဆုံးတော့ ကျိမင်ဆီ ရောက်လာပြီ” ခုံဝမ်က ပြောလိုက်သည်။
“ကျိမင်က မိုးသောက်ယံကို ကိုယ်စားပြုတာဆိုတော့ ဒီနေရာမှာပိုပြီး လင်းလာတယ်။ အဲဒါက နေရောင်နဲ့ အနီးကပ်ဆုံးနေရာလေ”
“စက်ဝိုင်းသဏ္ဌာန်ရေကန်ကရော ဘယ်မှာလဲ”
“ကျုပ်တို့တွေ ရေကန်ကို သွားရှာခဲ့တော့ အနောက်ဖက်မိုင်သုံးဆယ်အကွာမှာ” ခုံဝမ်က ပြောလိုက်သည်။
“မိုင်သုံးဆယ်လား” လုကျိုးက ရေကန်သည် အတော်လေးနီးကပ်ကြောင်း ခံစားမိလိုက်၏။ ထိုမိန်းကလေး၏ ကျင့်ကြံဆင့်က သိပ်မနိမ့်လှပေ။ သူတို့ကြားတွင် မိုင်သုံးဆယ်အကွာအဝေးမျှဖြင့် တိုက်ပွဲတစ်ခုဖြစ်လာပါက သူတို့၏ အာရုံကို သေချာပေါက်ဖမ်းစားနိုင်လိမ့်မည်။
သူက နားမလည်နိုင်ပေ။ သူတို့၏ သွင်ပြင်နှင့် လှုပ်ရှားမှုတို့က ဖုတ်ကောင်တစ်ယောက်နှင့် မတူပေ။ ထို့အပြင် သူမက သူမ၏ ကိုယ်ပိုင်အလိုဆန္ဒရှိနေဟန်ပေါ်နေသည်မှာ သိသာလှ၏။ အကယ်၍ သူမသာ ဖုတ်ကောင်ဖြစ်ပါက အသေရိုက်ချက်ကတ်ဖြင့် ဖိနှိပ်ထားဖို့ လွယ်ကူလှသည်။
ခဏအကြာတွင် လုကျိုးက ပြောလိုက်သည်။
“ရှေ့က လမ်းပြ”
ခုံဝမ်က ခေါင်းညိတ်ပြီး သူနှင့်သူ့လူများက ပြိုင်တူ ပျံသန်းလိုက်ကြသည်။ ခုံဝမ်နှင့် သူ့ညီအစ်ကိုများက မိစ္ဆာဝေဟင်မျှော်နန်းဆီ ဝင်ရောက်လာကတည်းက အကောင်းဆုံးကြိုးစားခဲ့ကြသည်။ ထို့အပြင် သူတို့က သူတို့ကို မည်သည့်တာဝန်ပေးစေကာမူ ညည်းတွားလေ့မရှိပေ။ မိစ္ဆာဝေဟင်မျှော်နန်းတွင် ရှိနေသည့်လူအားလုံးက ထိုအရာကို အသိအမှတ်ပြုလေ့ရှိ၏။ ဤသည်က သူတို့သည် အစိမ်းရောင်ကြာနယ်မြေ၏ ကျင့်ကြံသူများဖြစ်သည့်အခါ စိတ်ကူးကြည့်၍ မရနိုင်သည့် အရာတစ်ခုဖြစ်ပေသည်။ သူတို့က အလုပ်လုပ်ကြသည့်အခါ အကျိုးအမြတ်တစ်ခုမှ လှုံ့ဆော်ပေးမှု ခံရခြင်းမဟုတ်ပေ။
ခုံဝမ်က နောက်ယောင်ခံစည်းတံဆိပ်များစွာကို ထုတ်လွှတ်လိုက်လေ၏။
ထိုစဉ် သူက ဘေးနားရောက်ရှိလာကာ အဝေးတစ်နေရာတွင်ရှိနေသည့် ရှေးဟောင်းသစ်ပင်ကြီးကို လှမ်းကြည့်လိုက်သည်။
“ဟွားဝူတောက်၊ ဟွားယွဲ့ရှင်း”
“အမိန့်ရှိပါ”
“မင်းတို့နှစ်ယောက်လုံး ခပ်မြင့်မြင့် ပျံသန်းထား။ တကယ်လို့ ဒီခက်ထန်သားရဲတွေဆီမှာ ထူးထူးဆန်းဆန်းအပြုအမူရှိတယ်ဆိုရင် သူတို့ကို သတ်ပစ်လိုက်။ မင်းတို့တွေရဲ့ အသက်ရှင်မှုက အရေးကြီးတယ်ဆိုတာကို မှတ်ထား”
“ဟုတ်ကဲ့ပါ”
နှစ်ဦးသားက ပြီးပြည့်စုံစွာ ပူးပေါင်းဆောင်ရွက်ကြလေသည်။ တစ်ယောက်က တိုက်ခိုက်မှုကို အာရုံစိုက်ထားစဉ် တစ်ယောက်က ခုခံမှုကို အာရုံစိုက်ထားလိုက်၏။ ထို့ကြောင့် လုကျိုးတို့သည် ပြဿနာကြီးကြီးမားမား တွေ့လိမ့်မည်ဟု မထင်ပေ။
“ကျောက်ဟုန်ဖု”
“ဟုတ်ကဲ့”ကျောက်ဟုန်ဖုက ရှေ့တိုးလာကာ ပြန်ဖြေလိုက်သည်။
“ဒီလျှို့ဝှက်နေရာမှာ သင်္ကေတလမ်းကြောင်းတစ်ခု ဆောက်လိုက်။ မင်း သုံးရက်အတွင်း ပြီးတယ်မလား” လုကျိုးက မေးလိုက်သည်။
ကျောက်ဟုန်ဖုက ပြုံးကာ ပြောလိုက်၏။
“နှစ်ရက်အတွင်းပြီးပါတယ်။ ဒါပေမဲ့ ကြီးမားတယ်ဆိုရင်တော့ တစ်လလောက် လိုလိမ့်မယ်”
“အသေးနဲ့တင် ရတယ်”
“ဟုတ်ကဲ့ပါ”
လုကျိုးက ခေါင်းညိတ်လိုက်ပြီးသည့်နောက်တွင် ပြောလိုက်သည်။
“ဘယ်သံတမန်နဲ့ ညာသံတမန်၊ အစောင့်အရှောက်သုံးယောက်နှင့် အကြီးအကဲလေးဦးတို့က ကျောက်ဟုန်ဖုကို ကာကွယ်ပေးရမယ်”
“ဟုတ်ကဲ့ပါ”
လုကျိုးက တစ်ခုပြီးတစ်ခု ဆက်လက်ညွှန်ကြားနေလေ၏။
“ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နဲ့ ချင်နိုင်ဟယ်တို့ သုံးယောက်က ကျင့်ကြံဆင့် အမြင့်ဆုံးရှိတာဆိုတော့ မင်းတို့တွေက အချိန်တစ်ခုကြာ လွတ်လပ်သူအဖြစ် ပြုမူရလိမ့်မယ်”
သုံးယောက်သားက ခေါင်းညိတ်လိုက်ကြသည်။
သူက ကျန်ရှိနေသည့်သူများကိုကြည့်ကာ ပြောလိုက်သည်။
“ကျန်တဲ့သူတွေက လုဝူနဲ့ ချန်းဟွမ်တို့နဲ့အတူနေပြီးတော့ ငါ့ရဲ့အမိန့်ကိုစောင့်ကြ”
“ဟုတ်ကဲ့ပါ”
လုဝူနှင့် ချန်းဟွမ်တို့ ရှိနေသည့်အတွက် ဤအဖွဲ့က ဘေးအကင်းဆုံးဖြစ်ပေသည်။
လုကျိုးက နတ်ခြင်္သေ့၏ ကျောပေါ်ခုန်တက်ကာ ပျံသန်းသွားလေ၏။
“သွားပြီး စစ်ဆေးကြည့်လိုက်ဦးမယ်”
ဝှစ်
လုကျိုးနှင့် နတ်ခြင်္သေ့တို့က မျက်စိတစ်မှိတ်အတွင်း မိုးကုတ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားလေသည်။
အားလုံးက မျက်လုံးပွတ်ကာ ကြည့်လိုက်ကြ၏။
ကျူးဟုန်ကုန်းက စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
“နတ်ခြင်္သေ့က ဘယ်အချိန်တုန်းက အဲ့လောက်မြန်သွားတာလဲ”
“ဒါက အတော်လေးကို မြန်တယ်”
ကျူးဟုန်ကုန်းက တန့်ခန်း၏ နားကို ဆွဲကာ ပြောလိုက်သည်။
“မင်းက ဘာလို့ မမြန်ရတာလဲ”
တန့်ခန်းက သေချင်ယောင်ဆောင်ကာ မြေပြင်ပေါ် မှောက်နေလေသည်။
ယွီကျန့်ဟိုင်က ပီအန်းကို ပုတ်ကာ ပြောလိုက်သည်။
“ပီအန်းက အရှိန်မှာ ကျွမ်းကျင်တာမဟုတ်ဘူး”
ယွီရှန်းရုန်ကလည်း ထပ်ပြောလိုက်သည်။
“ကျိလျန်အတွက်လည်း အတူတူပဲ”
ရှောင်ယွမ်အာက ဘေးပတ်ဝန်းကျင်ကိုကြည့်ကာ ပြောလိုက်သည်။
“ညီမရဲ့ မီးတောက်ဇာမဏီငယ်လေးက မပျံသန်းနိုင်သေးဘူးဆိုတော့ တခြားလူအိုကြီးတွေနဲ့ မကွာဘူးလေ…”
လုဝူ၊ ချန်းဟွမ်၊ ယင်ကျောက်နှင့် တိကျန်းတို့က ရှောင်ယွမ်အာကို လှည့်ကြည့်လာကြသည်။
ဘိုးဘေးလေး နတ်သားရဲကို ထုတ်လာတာ ဘာအဓိပ္ပာယ်တုံး။
တိကျန်းက နှစ်ခါအော်မြည်လိုက်သည်။ ခဏအကြာတွင် ပြောရလျှင် အရှိန်နှုန်းအားဖြင့် ထိုအရာက ဒုတိယနေရာလိုက်သည်ဟုပြောလျှင် မည်သူကမှ ပထမနေရာကို ယူရဲမည်မဟုတ်ပေ။
တခြားတစ်ဖက်တွင် ယင်ကျောက်က ဖျက်ဆီးခြင်းတိုင်လုံးကို မသက်မသာကြည့်နေ၏။
ယင်ကျောက်နှင့်အတူ ခရီးသွားလာခဲ့သည့် ကျောင်းယွဲ့က မသက်မသာမှုကို ခံစားမိလေသည်။ ထို့ကြောင့် သူမက မေးလိုက်၏။
“ရှောင်ရှစ်မေ့ သူက ဘာဖြစ်နေတာလဲ”
ယင်ကျောက်က ခေါင်းကိုမော့ကာ ထူးထူးဆန်းဆန်း အသံတစ်သံ ပြုလုပ်လာလေသည်။
ထို့နောက် ခရုလေးက ပြောလိုက်၏။
“ယင်ကျောက်က အမည်မသိကုန်းမြေရဲ့ ပင်မနေရာက ရောက်လာတာလေ။ အပြင်ဘက်ပိုင်းဆိုပေမဲ့လည်း သူက ဒီနေရာက ဖိအားနဲ့ အန္တရာယ်က ပင်မနေရာနဲ့ အတော်လေး ဆင်တူတယ်လို့ ပြောတယ်။ မသက်မသာဖြစ်နေတာ”
“မစိုးရိမ်ပါနဲ့။ မျှော်နန်းသခင် အရာအားလုံးအဆင်ပြေသွားမှာပါ”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။
………………………………………
တစ်ချိန်တည်းဆိုသလို
လုကျိုးနှင့် နတ်ခြင်္သေ့တို့က တောအုပ်ကို ဖြတ်သန်းလာလေ၏။ အစီအရင်ထောင်ချောက်များကို ရှောင်ရှားဖို့ရာအတွက် သူက ရွှေရောင်ထိုက်ရွှီကြေးမုံကိုထုတ်ကာ ရှေ့ကို ထိုးလိုက်သည်။
“နတ်ခြင်္သေ့ နည်းနည်းမြင့်ပြီး ပျံလိုက်ဦး”
နတ်ခြင်္သေ့က ချက်ချင်းအမိန့်နာခံလိုက်သည်။
သူတို့က မီတာတစ်ရာလောက်ရှိလာသည့်အချိန် ရွှေရောင်ထိုက်ရွှီကြေးမုံ၏ နယ်နိမိတ်က ပိုမိုကြီးမားလာ၏။ ထိုအရာက အလင်းဟပ်သည့် အရာအားလုံး၏ တကယ့်သွင်ပြင်ကို ထုတ်ဖော်ပြသလာသည်။
တစ်ခုပြီးတစ်ခုဆိုသလို ထောင်ချောက်များက ထွက်ပေါ်လာလေ၏။
“ထင်ထားတဲ့အတိုင်း ထောင်ချောက်တွေအများကြီးရှိနေတာပဲ”
လုကျိုးနှင့် နတ်ခြင်္သေ့တို့က ထောင်ချောက်များကို ရှောင်ရှားခဲ့သည်။
“ရပ်လိုက်”
လုကျိုးက အစီအရင်များကို ထပ်မံလေ့လာကြည့်လိုက်သည်။ အကယ်၍ မဟာလေဟာနယ်မှလူများ သို့မဟုတ် သူတော်စင်များ ချန်ထားခဲ့သည်ဆိုပါက သူတို့သည် အသစ်မဖြစ်သင့်ပေ။
“တခြားသူတွေရှိနေတာလား”
လုကျိုးက နတ်ခြင်္သေ့ကို ခပ်နိမ့်နိမ့် ပျံသန်းခိုင်းလိုက်သည်။
ဖျက်ဆီးခြင်းတိုင်လုံးက သိပ်မဝေးလှပေ။ အနက်ရောင်မြူခိုးများက တိုင်လုံးကို ရောင်ပြန်ဟပ်နေပြီး လှိုင်းလုံးများသဖွယ်ဖြစ်နေလေသည်။
ပတ်ဝန်းကျင်က လုံးဝတိတ်ဆိတ်နေလေ၏။
လုကျိုးက ရနံ့စွမ်းအား မန္တန်ကို ရွတ်ဖတ်လိုက်သည်။ သိပ်မကြာခင် သူက မျက်မှောင်ကြုတ်လိုက်သည်။
“လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်တွေလား”
သူက သူ နေ့မြင်ညပျောက်မြို့ပျက်၌ ရရှိခဲ့သည့် ညှီစို့စို့အနံ့ကို ခံစားမိလိုက်သည်။
“မီတာ ငါးရာအကွာမှာပဲ” လုကျိုးက ပြောလိုက်သည်။
နတ်ခြင်္သေ့က ချက်ချင်းနားလည်လိုက်၏။ ထိုအရာက မီတာငါးရာအကွာဆီ ဦးတည်လိုက်သည်။
လုကျိုးက ကောင်းကင်ယံမှ ငုံ့ကြည့်လိုက်သည့်အခါ လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်အုပ်စုသည် သစ်ရွက်ခြောက်များသဖွယ် မြေကြီးအပေါ် တိတ်တဆိတ် လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။ လူတချို့က အဝတ်အစားများ ဝတ်ဆင်ထားပြီး လူတချို့က မဲမှောင်ကာ ကတုံးများ ဖြစ်ကြသည်။
လုကျိုးက တွေးလိုက်မိသည်။
လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်တွေက ဘယ်လိုလုပ် ဒီရောက်နေတာလဲ…
လုကျိုးက ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်၏။
“သူတို့ဆီသွား”
လုကျိုးက လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များကို သတိမပေးလိုဘဲ ဖျက်ဆီးခြင်းတိုင်လုံးတွင် ရှိနေသည့်အခြေအနေကို အကဲခတ်ဖို့ ဆုံးဖြတ်လိုက်သည်။
နတ်ခြင်္သေ့က ကွေ့ပတ်ကာ လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များကို ကွေ့ပတ်လျက် ပျံသန်းလေသည်။
ဖျက်ဆီးခြင်းတိုင်လုံးဆီ ရောက်ရှိဖို့ သိပ်မကြာမြင့်လိုက်ပေ။ ကျိမင်တွင်ရှိသည့် ဖျက်ဆီးခြင်းတိုင်လုံးက ယွီကျုန်းတွင်ရှိသည့်အရာနှင့် အတူတူသာဖြစ်၏။
လုကျိုးက အနီးနားတွင်ရှိသည့် ခက်ထန်သားရဲတချို့ကို မြင်လိုက်ရသည်။
ဒီနေရာကို စောင့်ကြပ်နေတဲ့ သားရဲဧကရာဇ်တော့ ရှိလောက်တယ်…
လုကျိုးက ဖျက်ဆီးခြင်းတိုင်လုံးထဲ ဝင်ရောက်ဖို့ အလျင်လိုနေခြင်းမရှိပေ။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အစီအစဉ်ချမှတ်လိုက်၏။ သိပ်မကြာခင် သူက စက်ဝိုင်းသဏ္ဌာန်ရေကန်ကို မြင်လိုက်ရသည်။ စက်ဝိုင်းသဏ္ဌာန်ရေကန်က ပေသုံးထောင်နေရာယူထားပြီး သိပ်မကြီးမားလှပေ။ တကယ်တော့ အမည်မသိကုန်းမြေသည် အတော်လေး သေးငယ်သည်ဟုပင် မှတ်ယူနိုင်လေ၏။ ရေကန်အလယ်တွင် ပွင့်လန်းနေသည့် ပိုးစာပင်ကြီးကို မြင်တွေ့နိုင်လေသည်။ ရွှေရောင်အစက်အပြောက်များက တဖျတ်ဖျတ်တောက်ပနေပြီး ရေကန်တွင် အရိပ်ထင်နေလေ၏။ မြင်ကွင်းက မှုန်မှိုင်းနေသည့်မြူခိုးကို ပြီးပြည့်စုံသွားစေသည်။ ထိုအရာက အမှောင်ယံနတ်သမီးပုံပြင်မှ မြင်ကွင်းသဖွယ်ဖြစ်၏။
“ပိုးစာပင်မင်းသမီး” လုကျိုးက တီးတိုးရေရွတ်လိုက်သည်။
…
အခန်း (၁၄၂၅) ငါက အစောင့်အရှောက်တစ်ယောက်မဟုတ်ဘူး
မိုင် ၃၀ သည် ကျင့်ကြံသူများအဖို့ ဘာမှမဟုတ်ချေ။ အထူးသဖြင့် ဘုံတစ်ထောင်လေပွေအဆင့်တွင် ရှိသူများ ဖြစ်၏။ တစ်ခုနှင့်တစ်ခုပူးကပ်နေခြင်းနှင့်မခြားပေ။
လုကျိုးသည် ပိုးစာမင်းသမီးကို ထပ်တွေ့ချိန်၌ မြင်ကွင်းကို တွေးမိသွားလေ၏။ သူမက ဖုတ်ကောင်ဘုရင် ၁၀ပါးထဲမှ တစ်ပါးဆိုတာ မှန်းဆရန်ခက်ခဲလှသည်။ သူမထံမှ ရနံ့စွမ်းအားဖြင့် ဖုတ်ကောင်အငွေ့အသက်ကိုတောင် မရခဲ့ပေ။ ဖုတ်ကောင်တွေကြားမှာ ဒီလောက်ကြီးမားတဲ့ ကွာဟချက်တွေ ရှိလား။ ပိုးစာမင်းသမီးနှင့် ယင်းကော်က လုံးဝမတူညီပေ။
လက်စွပ်သဏ္ဌာန်ရေအိုင်၌ ပုံမှန်မဟုတ် တိတ်ဆိတ်နေသည်။
ကြိုးကြာဖြူတို့သည် ဝေဟင်ထဲတွင် ပျံဝဲနေကြပြီး ဧရာမပိုးစာပင် မျက်နှာပြင်ထက်၌ ပျံဝဲနေကြ၏။ သူတို့က တကွဲတပြား ဖြစ်နေပုံပေါ်သော်ငြား တကယ်တော့ သေချာကြည့်မည်ဆိုလျှင် သူတို့က မယုံနိုင်စရာကောင်းလောက်အောင် စနစ်ကျမှန်း တွေ့လိမ့်မည်။
လက်စွပ်သဏ္ဌာန်ရေအိုင်က သိပ်မကြီးပေ။ သတိပြုမိလောက်ဖွယ်မရှိ။ ယှဉ်ကြည့်လျှင် လှပသည့်ရှေးဟောင်း ဧရာမပိုးစာပင်ကသာလျှင် မျက်စိဖမ်းစားနိုင်စွမ်းရှိသည့် အမည်မသိကုန်းမြေထဲမှ နေရာနှင့် မတူချေ။
လုကျိုး၏ ပြင်းထန်သောစပ်စုလိုစိတ်ကြောင့် သူသည် အကြားစွမ်းအားနှင့် ရနံ့စွမ်းအားကို အသုံးပြုလိုက်၏။ ထိုစွမ်းအင်နှစ်မျိုးပေါင်းမှုဖြင့် သူသည် အတော်အတန် ဖြန့်ကျက်နိုင်လိမ့်မည်။
မီတာ ၁၀၀၀ အတွင်းရှိ လေနှင့် မြက်တို့က သူ၏နားလည်မှုအတွင်း ရှိနေသည်။
“သူ ဘယ်မှာလဲ” လုကျိုးက ဇဝေဇဝါဖြစ်နေ၏။
ပိုးစာပင်မှ ဖျော့တော့တော့မွှေးရနံ့သည် ပိုးစာမင်းသမီးနှင့် ဆင်တူ၏။
လုကျိုးသည် သူမကို ဆက်လက်ရှာဖွေနေပြီး တတ်နိုင်သမျှမြန်မြန်ရှာတွေ့ဖို့ မျှော်လင့်နေ၏။ သူ ဘာမှရှာမတွေ့ခဲ့ချေ။ ပိုးစာပင်ပတ်ဝန်းကျင်၌ ထူးဆန်းသော လှုပ်ရှားမှုမရှိသလို အနံ့အသက်လည်း မရှိပေ။
ဘယ်သူမှ မရှိဘူးလား။ သူ တကယ်ဒီမှာမဟုတ်ဘူးလား။ လုကျိုးက စိတ်ရှုပ်ထွေးသွားတော့သည်။ ထိုစဉ်က ပိုးစာမင်းသမီး၏ အပြုအမူကို ပြန်တွေးမိသောအခါ သူမသည် တစ်စုံတခုကို တက်ရောက်ရန် ရည်ရွယ်နေပုံပေါ်၏။
လုကျိုးသည် ဖျက်ဆီးခြင်းတိုင်လုံးဆီ ပြန်လှည့်မကြည့်ခင် အကြားစွမ်းအားနှင့် အမြင်စွမ်းအားကို ဖြတ်တောက်လိုက်သည်။ ထိုအခိုက်အတန့်၌
ပုံရိပ်တစ်ခုက ရေမျက်နှာပြင်ကို ကျော်ဖြတ်လာပြီး လှိုင်းများကို ဝေဟင်ထိအောင် ရောက်လာစေ၏။ လုကျိုးက လှည့်ကြည့်လိုက်ချိန်တွင် ပိုးစာမင်းသမီး၏ သွယ်လျသော သွင်ပြင်ကို တွေ့လိုက်ရသည်။
ဝှစ်
သူမ၏ဂါဝန်ရှည် ဖျော့တော့တော့အဝါရောင်နှင့် အဖြူရောင်တို့သည် တောက်ပသော လတစ်စင်းပမာ ဖြစ်နေ၏။ သူမ၏ဂါဝန်က ဝေ့ဝဲနေလျက် ချက်ချင်းပင် ငှက်မွေးများအဖြစ်သို့ ပြောင်းလဲသွားသည်။
“...” သူမက ၎င်းတို့ကို စုစည်းလိုက်ချိန်တွင် ငှက်မွေးများပျောက်သွားပြီး လေထဲ၌ ဂါဝန်တစ်ထည် ဖွဲ့တည်လိုက်၏။
ကန်ရေက သိသိသာသာလျော့ကျသွားသည်။ လုကျိုးက သူ့ဘာသာသူစဉ်းစားပြီး မျက်မှောင်ကျုံ့မိသွား၏။ သူက ဖုတ်ကောင်မဟုတ်ရင်တောင် လူ မဟုတ်ဘူး။
စနစ်က သူမ၏အချက်အလက်မဖော်ပြထားသည်ကို သဘောပေါက်သွားချိန်၌ သူ မျက်မှောင်ပိုကျုံ့မိသွားတော့သည်။
ခဏအကြာတွင် သူက အနက်ရောင်မြူကို မော့ကြည့်လိုက်၏။ ထွက်ခွာရန်အချိန်တန်လေပြီ။ ဤနေရာ၌ ပိုးစာမင်းသမီးရှိကြောင်း သူ အတည်ပြုပြီးဖြစ်သောကြောင့် ဖျက်ဆီးခြင်းတိုင်လုံးမှ အတည်ပြုမှုကို ရအောင်ယူရန်နှင့် မဟာလေဟာနယ်မျိုးစေ့ကို အသက်သွင်းရန် သူ့တပည့်များကို ဤနေရာသို့ ခေါ်လာဖို့ နည်းလမ်းတစ်ခု စဉ်းစားရတော့မည်။
သူ ထွက်သွားတော့မည့်အချိန်တွင် ပိုးစာပင်မှ ပြုံးလဲ့လဲ့အရိပ်အယောင်ပါနေသော အသံတစ်သံထွက်ပေါ်လာ၏။ ထိုအသံသည် တည်ငြိမ်သော်ငြား ရွှင်ပြမှုအရိပ်အယောင်ပါဝင်နေသည်။
“ဒီကို ရောက်နေပြီဆိုတော့ လာပြီး စကားပြောပါလား”
“...”
လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။ အဆုံးကျ သူ ဖော်ထုတ်ခံလိုက်ရသည်။ တကယ်ပင် သူမကျင့်ကြံဆင့်က မရိုးရှင်းချေ။
ထိုကဲ့သို့ အခြေအနေအောက်တွင် သူသည် ဖုံးကွယ်ခြင်းစွမ်းအားကို အသုံးပြုမှာမဟုတ်။ ဆိုရလျှင် သူ၏တပည့်များနှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် အနားတွင်မရှိပေ။ သူ တိုက်ခိုက်လျှင်တောင် သူတို့ကို အမဲလိုက်မှာကို စိုးရိမ်ပူပန်စရာမလိုအပ်ချေ။
လုကျိုးက လှည့်လာလျက် ပိုးစာပင်ကို ကြည့်လိုက်၏။
ပိုးစာပင်မင်းသမီးလေးသည် သစ်ကိုင်းပေါ်တွင် ကျော့ရှင်းစွာထိုင်နေလျက် လုကျိုးကို အပြုံးတစ်ပွင့်ဖြင့် ကြည့်နေသည်။ သူမ၏ခြေထောက်နှစ်ဖက်ကို အသာလွှဲယမ်းလျက် သစ်ပင်ပေါ်မှ ပန်းများကို ရံဖန်ရံခါ ခူးနေ၏။
လုကျိုးက နတ်ခြင်္သေ့ပေါ် ခုန်တက်ပြီးနောက် လက်စွပ်သဏ္ဌာန်ရေအိုင်ဆီ ပျံသန်းသွားပြီး မီတာ ၁၀၀ ခန့်အကွာ၌ ရပ်တန့်လိုက်၏။ ပြီးနောက် သူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “ပိုးစာမင်းသမီးလား”
ပိုးစာမင်းသမီးက မေးလိုက်၏။ “ရှင်က တောင်ကြားနားမှာ ပုန်းနေတဲ့သူလား”
“ဟမ်”
“ကြိုးကြာဖြူတွေထဲက တစ်ကောင်က လူသားတွေရဲ့အနံ့ရပေမဲ့ ဘယ်သူမှ ရှာမတွေ့ခဲ့ဘူးလေ။ ရှင်က အတော်အစွမ်းထက်တာပဲ” ပိုးစာမင်းသမီးက ပြောလေ၏။ ဒါက ဖုတ်ကောင်တစ်ကောင် ပြုမူသင့်တဲ့ပုံစံလား။
လုကျိုးသည် သူမထံမှ မည်သည့်ရန်လိုမှုကိုမှ မခံစားခဲ့ရသော်ငြား သတိမလျှော့ချခဲ့ချေ။ လူတစ်ယောက်သည် အန္တရာယ်မပေးနိုင်သည့်ပုံပေါ်လေလေ ကြောက်မက်ဖွယ်ကောင်းသည့် တစ်စုံတစ်ခုကို ဖုံးကွယ်ထားနိုင်ချေ ပိုများလေဖြစ်သည်။
လုကျိုးက မေးလိုက်လေ၏။ “ငါ့ကို ရှာတွေ့တာ ကြာပြီလား”
“အင်း” ပိုးစာမင်းသမီးက ပြုံးလျက်ပြောလိုက်သည်။ “ပြန်ဖို့အလျင်လိုနေတာကြောင့် မနှောင့်ယှက်တော့တာ။ ရှင့်ရဲ့အဖော်တွေ ဘယ်မှာလဲ”
လုကျိုးက ဇဝေဇဝါဖြစ်သွားကာ မေးလိုက်တော့သည်။ “ဘာလို့လဲ”
ပိုးစာမင်းသမီးက သက်ပြင်းချပြီး ပြောလိုက်၏။ “ကျွန်မ ပျင်းပြီး အထီးကျန်နေတာ။ သက်ရှိလူသားတစ်ယောက်ကို မတွေ့ရတာ တော်တော် တော်တော်ကြီးကို ကြာသွားပြီ”
ထိုစကားများက လူတိုင်းကို ကျောစိမ့်သွားစေ၏။
“မင်းက အနီရောင်ဘုရင်ရဲ့သမီးဆိုတာ အမှန်ပဲလား” လုကျိုးက မေးလိုက်တော့သည်။
လုကျိုး ပြောလိုက်ပြီးသည်နှင့် သူမ၏အပြုံးက ချက်ချင်းပျောက်ကွယ်သွားတော့သည်။ ပြီးနောက် သူမက သစ်ကိုင်းပေါ်ထရပ်လိုက်၏။ သစ်ကိုင်းက အလွန်ပါးသော်ငြား သူမ၏အလေးချိန်ကို ခံနိုင်ရည်ရှိတာ ထူးဆန်းလှပေသည်။ ခဏအကြာ၌ သူမ ထပ်ပြုံးလျက် ပြောလိုက်သည်။
“ဒီအကြောင်းအရာကို ကျွန်မ မုန်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရှင့်ရဲ့နာမည်က ဘာလဲ”
“ကျုပ်ရဲ့မျိုးရိုးနာမည်က လု” လုကျိုးက ပြောလိုက်သည်။
“ဪ” ပိုးစာမင်းသမီးက ထပ်မေးလိုက်လေသည်။ “ဒီကို ဘာလို့ရောက်နေတာလဲ” သူမက ဪ ဟု ပြောလိုက်သည့်အချိန်တွင် ယင်းက လုကျိုးအား ရှောင်ယွမ်အာကို အမှတ်ရသွားစေသည်။
သူက အမှန်အတိုင်းဖြေလိုက်၏။ “ဖျက်ဆီးခြင်းတိုင်လုံး”
ပိုးစာမင်းသမီးသည် ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်ပြီးပြောလိုက်တော့သည်။ “လူသားတစ်ယောက် ဒီနေရာကို မလာတာ တော်တော်ကြာသွားခဲ့ပြီ။ ဖျက်ဆီးခြင်းတိုင်လုံးကို ဘာလို့လာတာလဲ”
သူမက သူ့ကိုစစ်မေးနေခြင်းနှင့်တူ၏။ ထို့ကြောင့် သူက ဂရုတစိုက် မေးလိုက်တော့သည်။ “မင်းက ဖျက်ဆီးခြင်းတိုင်လုံးရဲ့အစောင့်အရှောက်လား”
“ဖျက်ဆီးခြင်းတိုင်လုံးကို ကျွန်မ တစ်ခါမှ ဂရုမစိုက်ဖူးဘူး။ လူသားတွေက ဘာကြောင့်များ ကောလာဟလတွေဖန်တီးပြီး သတင်းဖြန့်ရတာ နှစ်သက်တာလဲ”
“မင်း ဂရုမစိုက်ဘူးပေါ့” လုကျိုးက မေးလိုက်၏။
“ကျွန်မက တိုင်လုံးရဲ့အစောင့်အရှောက်တစ်ယောက် ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး”
ပိုးစာမင်းသမီးက ပြောလိုက်သည်။
“မင်းက တိုင်လုံးရဲ့အစောင့်အရှောက် မဟုတ်ရင် ဒီမှာ ဘာလို့ရှိနေတာလဲ” လုကျိုးက မေးလိုက်တော့သည်။
ပိုးစာမင်းသမီး၏ မျက်နှာထက်တွင် အရိပ်အယောင်တစ်ခု ပေါ်လာတော့သည်။ “ဒီနေရာကနေ ကျွန်မ ထွက်မသွားနိုင်ဘူး။ အမည်မသိကုန်းမြေကို မခွာနိုင်ဘူး။ ကျွန်မ အိုမင်းသွားမှာကို တကယ်ကြောက်တယ်။ တစ်နေ့ကျရင် ကျွန်မ အဖွားအိုတစ်ယောက်ဖြစ်လာမှာကို စိုးတယ်”
သူမ ပြောပြီးသည်နှင့် ကျောက်စိမ်းကဲ့သို့ပါးပြင်ကို ထိရန် လက်မြှောက်လိုက်တော့သည်။
“...”
“ထားလိုက်တော့ မင်းလည်း မင်းလမ်းမင်းသွားသင့်ပြီ။ ငါ သွားတော့မယ်” လုကျိုးက ပြောပြီး ထွက်သွားရန် ပြင်လိုက်သည့်အချိန်တွင်
ဝှစ်
ကန်ထဲရှိရေတို့က ဝေ့တက်လာလျက် လုကျိုး၏လမ်းကြောင်းကို ပိတ်ဆို့မည့်ရေခဲတိုင်များအဖြစ် ပြောင်းလဲသွားသည်။
“...”
လုကျိုးက မျက်မှောင်ကျုံ့မိသွားသည်။
ပိုးစာမင်းသမီးသည် ဖျတ်လတ်သောလှုပ်ရှားမှုမျိုးဖြင့် လေထဲသို့ခုန်တက်လိုက်သည်။ ပြီးနောက် သူမက မေးလိုက်တော့သည်။ “ရှင် ထာဝရရှင်သန်ချင်လား”
လုကျိုးက ဇဝေဇဝါဖြင့် မေးလိုက်တော့သည်။ “ဘာကိုဆိုလိုချင်တာလဲ”
“အင်း ရှင်က လူကောင်းတစ်ယောက်လို့ထင်တယ်။ ဒီမှာနေပြီး ဒီရေကန်ရဲ့သခင်လုပ်ပါလား”
“...”
“လူသားတစ်ယောက်အနားမှာ ရှိနေရင် စကားပြောစရာရှိပြီး နောင်လာမည့်နေ့ရက်တွေက ပျင်းစရာကောင်းမှာ မဟုတ်တော့ဘူး” ပိုးစာမင်းသမီးက ပြောလိုက်လေ၏။ ပြီးနောက် သူမ လေထဲမြင့်မြင့်ပျံသန်းလျက် ဆက်ပြောလိုက်သည်။ “ရှင် စဉ်းစားကြည့်ပါလား”
လုကျိုးသည် ရေခဲတိုင်များကို တချက်ကြည့်ပြီးပြောလိုက်တော့သည်။ “စဉ်းစားကြည့်ဖို့မလိုဘူး။ ငါ စိတ်မဝင်စားဘူး”
“စိတ်မဝင်စားဘူးလား” လုကျိုး၏စကားကို ကြားသောအခါ ပိုးစာမင်းသမီး၏မျက်နှာထက်တွင် စိတ်ပျက်မှုအရိပ်အယောင်ပေါ်လာလေ၏။ သူမက အေးခဲသွားသည့်ပမာ အချိန်အတော်ကြာ မလှုပ်ရှားခဲ့ပေ။
“ကျုပ် အရေးကြီးကိစ္စတွေ လုပ်စရာရှိသေးတယ်။ ဒါ့အပြင် တသက်လုံးရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး” လုကျိုးက ပြောလိုက်၏။
“ဘယ်သူပြောလဲ” ပိုးစာမင်းသမီးက ခေါင်းခါလိုက်၏။ “ကျွန်မ တတ်နိုင်တယ်”
“မင်းလား”
“ဟုတ်တယ် ကျွန်မ”
“မိုးနဲ့မြေက ထာဝရ၊ အချိန်က အကန့်အသတ်မဲ့တယ်။ မင်း ဘယ်လိုလုပ် ထာဝရအသက်ရှင်နိုင်မှာလဲ”
လုကျိုးက မေးလိုက်၏။
ပိုးစာမင်းသမီးက လက်ဝေ့ယမ်းလိုက်သည်။ သူမ ဝတ်ရုံအနားသတ်က ရေကန်ထဲ ဖြည်းဖြည်းချင်း ကျသွား၏။ သူမက ပြောလိုက်တော့သည်။ “ဒါပေမဲ့ ကျွန်မ ဒီမှာနေလာတာ နှစ်ပေါင်း တစ်သိန်းရှိသွားပြီ။ နှစ်ပေါင်းတစ်သိန်း ဒါက ထာဝရရှင်သန်တာပဲ မဟုတ်ဘူးလား”
လုကျိုးသည် ပိုးစာမင်းသမီးကို ကြည့်လိုက်၏။ သူက ကလေးမလေးတစ်ယောက်ကို စကားပြောနေရသလိုခံစားရသည်။ ပြီးနောက် သူက ပြောလိုက်လေ၏။ “မင်း မေးခွန်းတချို့ဖြေနိုင်ရင် ထာဝရရှင်သန်ဖို့ ဖြစ်နိုင်တယ်ဆိုတာ ဝန်ခံတယ်”
“ဒါဆို မေး”
“ကမ္ဘာလောကကြီး တည်ရှိလာတာ ဘယ်လောက်ကြာပြီလဲ” လုကျိုးက မေးလိုက်၏။
“ဒါက” ပိုးစာမင်းသမီးက ခေါင်းခါလျက် သူမ မသိကြောင်းရည်ညွှန်း ပြောဆိုနေသည်။
“ဟုတ်ပြီ ဒါဆိုရင် ကောင်းကင်က ဘယ်လောက်မြင့်လဲ”
“...” ပိုးစာမင်းသမီးက ခေါင်းခါလိုက်ပြန်သည်။
“ကုန်းမြေက ဘယ်လောက်နက်ရှိုင်းလဲ”
“...”
ပိုးစာမင်းသမီးသည် မေးခွန်းသုံးခုကြောင့် ဆွံ့အသွားတော့သည်။ သူမ ကူကယ်ရာမဲ့စွာ ခေါင်းခါရန်သာ တတ်နိုင်၏။
လုကျိုးက ပြောလိုက်သည်။ “မင်း ဒီမှာ ရှိနေတာ နှစ်ပေါင်း တစ်သိန်းကြာသွားပြီ။ နှစ်ပေါင်း နှစ်သိန်း၊ သုံးသိန်း ဒါမှမဟုတ် လေးသိန်းကြာပြီးရင် ရှင်နေနိုင်ဦးမှာသေချာလား”
ပိုးစာမင်းသမီးက ဆွံ့အသွားလေ၏။ သူမ စိတ်အခြေအနေက ဆိုးရွားသွားတော့သည်။ သူမ စိတ်အခြေအနေအတိုင်းပင် ကန်ရေတို့က တလိမ့်လိမ့်တက်လာပြီး လုကျိုး၏လမ်းကြောင်းကို ပိတ်ဆို့ထားသည့် ရေခဲတိုင်များက ပြိုကွဲသွား၏။
လုကျိုးသည် မေးခွန်းထပ်မမေးတော့ဘဲ နတ်ခြင်္သေ့ကို ပုတ်လိုက်လေ၏။ နတ်ခြင်္သေ့သည် လုကျိုးကို နားလည်ပြီး အပြန်လမ်းဆီသို့သွားရန် ပြင်ဆင်လိုက်သည်။
လုကျိုးက သူ့ဖာသာသူစဉ်းစားလိုက်သည်။ သူက လိမ်ရလွယ်တဲ့ ကလေးတစ်ယောက်ပဲ။ ဒါကို ကြည့်ရင် အသက်အရွယ်နဲ့ဉာဏ်ရည်က တိုက်ရိုက်အချိုးမကျတာ သိသာတယ်။
“ခဏလေး နေပါဦး” ပိုးစာမင်းသမီးက လှမ်းခေါ်လိုက်၏။
“မရပ်နဲ့” လုကျိုးသည် နတ်ခြင်္သေ့ကို အသံတိုးတိုးဖြင့်ပြောလိုက်၏။
နတ်ခြင်္သေ့က အရှိန်တင်လိုက်တော့သည်။
ပိုးစာမင်းသမီးက ပျံသန်းလာလျက် ချက်ချင်းပင် သူမဂါဝန်က တောင်ပံတစ်စုံအဖြစ် ပြောင်းလဲသွားတော့သည်။ သူမပျော်ရွှင်စွာ ပြောလိုက်လေ၏။ “ကျွန်မ သိသွားပြီ။ ကျွန်မ ထာဝရရှင်သန်တဲ့ကိစ္စကို အတည်ပြုဖို့အတွက် ဒီမှာ ကျွန်မနဲ့နေလို့ရတယ်”
“...”
ဝှစ်
လုကျိုးသည် နတ်ခြင်္သေ့ကို အရှိန်တင်ခိုင်းလိုက်၏။ သူက ရေကန်အကျယ်အဝန်းမှ ထွက်သွားတော့မည့်အချိန်၌
ဝှစ် ဝှစ် ဝှစ်
ရေခဲစူးချွန်များက ကောင်းကင်ထဲမြှောက်တက်လာသည်။ လုကျိုးက နတ်ခြင်္သေ့ကျောပေါ်မှ ခုန်တက်ကာ ဝေဟင်ထဲပျံသန်းလိုက်သည်။ ပိုးစာမင်းသမီးက မျက်စိတစ်မှိတ်အတွင်း လုကျိုးရှေ့သို့ရောက်လာ၏။ မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဖြင့် လုကျိုးကို လှမ်းဖက်လိုက်သည်။
လုကျိုးက လက်တစ်ဖက်ကို တွန်းထုတ်လိုက်လေ၏။
ဘန်း ဘန်း
ကောင်းကင်တမျှကြီးမားသော လက်ဝါးစည်းတံဆိပ်ပေါ်ထွက်လာပြီး ရေခဲစူးချွန်များကို ခွဲထုတ်လိုက်ကာ ပိုးစာမင်းသမီး၏ သေးငယ်ဖြူဖျော့သောလက်များနှင့် တိုက်မိသွား၏။ သူမက နောက်သို့မီတာ ၁၀၀ခန့် ချက်ချင်းလွင့်ထွက်သွားသည်။
လုကျိုးသည် သူမထံမှ သတ်ဖြတ်လိုစိတ်နှင့်ရန်လိုမှုကိုမခံစားရသောကြောင့် သူမကို အထူးတဆန်းကြည့်ကာ မေးလိုက်တော့သည်။ “မင်း ဘာလုပ်တာလဲ”
ပိုးစာမင်းသမီးက အနည်းငယ်မကျေမချမ်းဖြစ်သွားလျက် အခဲမကြေစွာဖြင့် ပြောလိုက်၏။ “ရှင်က ကြမ်းတမ်းလွန်းတယ်”
“မင်း အကြံပြုချက်ကို စိတ်မဝင်စားဘူးလို့ ပြောပြီးပြီလေ” လုကျိုးက ပြောလိုက်သည်။
“စိတ်ဝင်စားတာ ပျိုးထောင်လို့ရတယ်” ပိုးစာမင်းသမီးက ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်၏။
လုကျိုးက ယခုဆိုနားလည်သွားပြီဖြစ်သည်။ သူ့ရှေ့ရှိ မိန်းကလေးက အန္တရာယ်မပေးတတ် သနားစဖွယ်ကောင်းပုံပေါ်သော်ငြား တကယ်တော့ မှန်းဆရခက်ခဲပြီး စွဲလန်းမှုလွန်ကဲနေသော လူတစ်ယောက်ဖြစ်၏။
“မင်း တခြားသူတွေကို မင်းဆီလာစေချင်ရင် တခြားသူတွေဆီ သွားရမှာ” လုကျိုးက ပေါ့ပေါ့ပါးပါးပြောလိုက်၏။ “ငါ့ကို ထပ်ကပ်တွယ်ရဲရင် ငါ သက်ညှာမှုမရှိဘူးဆိုပြီး အပြစ်မတင်နဲ့”
“အား ဟုတ်ပြီလေ” ပိုးစာမင်းသမီး၏စိတ်ပျက်မှုက ပေါ်ထွက်လာသည်။ တကိုယ်လုံးက အသက်ကင်းမဲ့သွားသလိုပင်။ သို့သော် ရုတ်တရက် သူမက ခေါင်းမော့လိုက်ကာ အသက်ပြန်ဝင်လာသည့်ပမာဖြင့် မေးလိုက်တော့သည်။ “ဖျက်ဆီးခြင်းတိုင်လုံးကို တကယ်သွားချင်တာလား”
“ဟုတ်တယ် ငါ့ကို တားမလိုလား”
ပိုးစာမင်းသမီးက ခေါင်းခါပြီး ပြောလိုက်တော့သည်။ “အဲ့လိုလုပ်ဖို့ စိတ်မဝင်စားဘူး”
“ဒါကောင်းတယ်” လုကျိုးက နတ်ခြင်္သေ့ကျောပေါ်ခုန်တက်လိုက်၏။ သူ လှည့်လာချိန်တွင် ပိုးစာမင်းသမီးက နာကျင်နေသည့်ပမာ လက်နှစ်ဖက်ကို ပွတ်နေတာတွေ့လိုက်ရ၏။ ပြီးနောက် သူမက ပြောလိုက်တော့သည်။
“ကောင်းပြီ။ ရှင် သွားလို့ရတယ်။ ဒါပေမဲ့ ပြောပြလိုက်မယ်။ အရင်တုန်းက ဖျက်ဆီးခြင်းတိုင်လုံးနားသွားတဲ့ ဘယ်လူသားမှ အဆုံးသတ်ကောင်းတာ မရှိခဲ့ဘူး။ နောက်ပိုင်း ကျွန်မကို အကူအညီတောင်းရင် ရှင့်ကို ဂရုစိုက်မှာ မဟုတ်ဘူး”
လုကျိုးသည် သူမ ဝင်မရှုပ်သည့်အတွက် ပိုတောင် ပျော်ရွှင်မိ၏။ သူက နတ်ခြင်္သေ့ကို ပျံသွားခိုင်းလိုက်သည်။
လုကျိုးသည် ကျန်သည့်သူများဆီ ပြန်ရောက်သည့်အခါ နတ်ခြင်္သေ့၏ကျောပေါ်မှ ခုန်ဆင်းလိုက်၏။
ခုံဝမ်က ပြေးလာကာ မေးလိုက်တော့သည်။ “ဘယ်လိုလဲ မျှော်နန်းသခင်”
လုကျိုးက လက်နောက်ပစ်ထားလျက် ပြောလိုက်၏။ “နည်းနည်းဒုက္ခများတယ်”
“...”
“ဖျက်ဆီးခြင်းတိုင်လုံးနဲ့ မလှမ်းမကမ်းမှာ လေဟာနယ်ရင်ဘတ်မျိုးနွယ်တွေ တော်တော်များများ ရှိတယ်။ သူတို့ လက်စားလာချေမှာစိုးတယ်။ ဒီအကြောင်း လူတိုင်းကို အသိပေးထားလိုက်။ နောက်ရက်အစီအစဉ်တစ်ခု စမယ်”
“နားလည်ပါပြီ”
သုံးရက်ကြာပြီးနောက် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းစုစည်းကြလေ၏။
ကျောင်းဟုန်ဖုက ရှေ့တိုးလာလျက် ပြောလိုက်သည်။ “မျှော်နန်းသခင် သင်္ကေတလမ်းကြောင်း တည်ဆောက်ပြီးပါပြီ။ ဒါပေမဲ့ အလွန်ဆုံး လူသုံးယောက်ပဲ ပို့ပေးနိုင်တယ်”
သင်္ကေတလမ်းကြောင်း တည်ဆောက်ပြီးနောက် ၎င်းကိုဖုံးကွယ်ထားရသည်။ နောင်အတွက် ကြိုတင်ပြင်ဆင်ထားတာ ဖြစ်သည်။ “သိပ်ကောင်းတယ်” လုကျိုးသည် ကျောင်းဟုန်ဖုကို ထိုသို့ပြောပြီးနောက် ကျန်သည့်သူများဖက်လှည့်ပြောလိုက်၏။ “ငါ့နောက်လိုက်ခဲ့”
ဤနည်းဖြင့် မိစ္ဆာဝေဟင်မျှော်နန်းမှလူတို့သည် တခမ်းတနားချီတက်သွားလေ၏။ သူတို့က လေဟာနယ်ရင်ဘတ်မျိုးနွယ်တို့ ပုန်းခိုရာနေရာသို့ရောက်သောအခါ လုကျိုးသည် လက်တစ်ဖက်မြှောက်လျက် ပြောလိုက်သည်။ “ရှေ့မှာ သူတို့တွေများတယ်။ ယွီကျန့်ဟိုင်၊ ယွီရှန်းရုန် မင်းတို့နှစ်ယောက် နှစ်ဖက်ကနေတိုက်ခိုက်။ သူတို့ကို ရှင်းလင်းလိုက်”
“နားလည်ပါပြီ”
“ဟွားယွဲ့ရှင်း ဘယ်ဖက်က ဝေဟင်ထဲမှာ သူတို့နဲ့ပူးပေါင်းလိုက်”
“နားလည်ပါပြီ” ဟွားယွဲ့ရှင်းသည် လေဝိညာဉ်လေးကို ကိုင်ထားပြီး ဘယ်ဖက်ထိပ်သို့ ပျံသန်းသွား၏။
ပြီးနောက် လုကျိုးသည် ကျန်သည့်သူများကို ရှေ့သို့ဦးဆောင်သွားသည်။ သူတို့ အရှည်မီတာ ၁၀၀၀ခန့်ရောက်သောအခါ လေဟာနယ်ရင်ဘတ်မျိုးနွယ်တော်တော်များများကို တွေ့လိုက်ရ၏။ သူတို့ထင်ထားသည်ထက် အရေအတွက်ပိုများသည်။
ထိုစဉ် ဝတ်ရုံရှည်ကိုဝတ်ထားသည့်အမြင့်ဆုံး ဘုန်းတော်ကြီးက ကျိုင်းကိုကိုင်ထားလျက် စစ်မြင်းတစ်ထောင်အဟုန်ဖြင့် ပျံသန်းလာ၏။ သူ၏အရေပြားက သစ်ခေါက်ပမာပင်။ သူ၏မျက်လုံးမှအပ သူသည် လူသားတစ်ယောက်နှင့်မတူ။ ထိုစဉ် သူက ပြောလိုက်၏။ “မင်းကို စောင့်နေတာ ကြာလှပြီ”
“ကျုပ်ကို စောင့်နေတာလား” လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။
အဆင့်မြင့်ဘုန်းတော်ကြီး၏မျက်လုံးသည် သတ်ဖြတ်လိုစိတ်များလင်းလက်နေလျက် ပြောလိုက်သည်။
“တုံးအပြီး ရုပ်ဆိုးတဲ့လူသား။ နေ့မြင်ညပျောက်မြို့မှာ ဖြစ်ခဲ့တာ မင်းရဲ့လုပ်ရပ်ဟုတ်တယ်မလား”
“အဟုတ်ပဲ” လုကျိုးက ရိုးသားစွာပြောလိုက်၏။
အဆင့်မြင့်ဘုန်းတော်ကြီးက ခေါင်းညိတ်လိုက်သည်။ “မင်းရဲ့အမှားကို ဝန်ခံရဲတယ်။ သူတို့ကို သတ်”
“သူတို့ကိုသတ်”
ကျန်သည့်လေဟာနယ်ရင်ဘတ်မျိုးနွယ်စုများက အော်ပြောတော့သည်။
လေဟာနယ်ရင်ဘတ်မျိုးနွယ်စုဝင်တစ်ယောက်က ခုန်ဝင်လာလျက်အော်လိုက်၏။ “ကောင်းကင်ဘုံက ဒီလိုရုပ်ဆိုးတဲ့သတ္တဝါတွေကို ဘာလို့ဖန်တီးထားလဲမသိဘူး။ ကြည့်လေ သူတို့ရင်ဘတ်က အပေါက်မပါဘူး။ အရပ်ဒီလောက်ပုတာ။ ငါ့ရဲ့ဘိုးဘေးတွေကို စော်ကားနေတာပဲ”ငါ့ရဲ့အလှခံစားမှုကို စော်ကားနေတာပဲ”
“...”
ထိုစကားများသည် လုကျိုးနှင့်ကျန်သည့်သူများကို ဆွံ့အသွားစေ၏။ တကယ့်ကိုပင် မတူညီသောမျိုးစိတ်အဖို့ တူညီသည့်အမြင်ရှိဖို့ ခက်ခဲလှသည်။
ထိုစဉ် လုဝူက မြေပြင်ကို ဆောင့်နင်းလျက် လေထဲခုန်တက်လိုက်သည်။ သူ၏မျက်လုံး၌အေးစက်မှုများ ပြည့်နေလျက် အစွယ်ထုတ်ကာ ပြောလိုက်လေ၏။ “သေးသိမ်တဲ့ပိုးမွှားနဲ့ပုရွက်ဆိတ်တွေ ငါ့အမျက်ဒေါသကို ရင်ဆိုင်လော့”
ဖုန်း
လုဝူဆင်းသက်လာသည်နှင့် လေဟာနယ်ရင်ဘတ်မျိုးနွယ်စုထောင်ချီက ရိုက်ခတ်မှုလှိုင်းကြောင့် လွင့်ထွက်သွား၏။ သူတို့ခန္ဓာကိုယ်များ ပြိုလဲခြင်းခံလိုက်ရကာ မီတာ၁၀၀၀ အတွင်း အရာအားလုံးပြားပြားဝပ်သွားသည်။
အဆင့်မြင့်ဘုန်းတော်ကြီးက ဝေဟင်ထဲပျံသန်းလိုက်၏။ ထိုစဉ် သူ့လက်ထဲရှိကျိုင်းက စတင်တောက်ပလာ၏။ မကြာမီ၌ အလင်းတန်းက လွင့်ထွက်သွားသည့် လေဟာနယ်ရင်ဘတ်မျိုးနွယ်စုတို့၏ ရင်ဘတ်ထဲရှိ အပေါက်ကို ဦးတည်သွားတော့သည်။ ၎င်းသည် အပ်ပေါက်တွင် အပ်ချည်ထိုးနေခြင်းနှင့်တူ၏။ လက်ကောက်ဝတ်တချက်ဝေ့ယမ်းခြင်းဖြင့် လေဟာနယ်ရင်ဘတ်မျိုးနွယ်စုဝင် ၁၀၀၀ကို ပြန်ဆွဲခေါ်လိုက်တော့သည်။