အခန်း (၁၄၂၆-၁၄၂၈)
Vol. 96 Ch. 1426-1428
အခန်း (၁၄၂၆) အဆင့်မြင့်သူတော်စင်၏ အစီအရင်
အဆင့်မြင့်သူတော်စင်၏ ဝတ်ရုံရှည်က အစိမ်းရောင်ခပ်ဖျော့ဖျော့အလင်းဖြင့် တောက်ပနေသည်။ သူက လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်အဖွဲ့ကို ဆွဲယူပြီးသည့်နောက်တွင် သူတို့ကို ဘေးဖယ်ထားလိုက်၏။
အလင်းတန်းပျောက်ကွယ်သွားပြီးသည့်နောက်တွင် လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များက လေထဲ ဝဲပျံနေရင်း သူတို့ရင်ဘတ်မှ အပေါက်များက စတင်တောက်ပလာသည်။
လုဝူက သူတို့ကို တိုက်ခိုက်ဖို့ အခွင့်အရေးမပေးပေ။ ထိုအရာက ပါးစပ်ကိုဟကာ အဖြူရောင်မြူခိုးကို ရှူသွင်းလိုက်သည်။
ဝုန်း
ရေခဲစည်းတံဆိပ်
ကျောချမ်းလုဖွယ် အေးစက်မှုစွမ်းအားတို့ ပျံ့နှံ့လာပြီးသည့်နောက်တွင် မြေကြီးပေါ်တွင် လဲလျက်ရှိနေသည့် လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များကို အေးခဲသွားစေပြီး သူတို့ကို ရေခဲရုပ်ထုအဖြစ် ပြောင်းလဲသွားစေသည်။
အံ့ဩဖို့ကောင်းလှစွာဖြင့် အဆင့်မြင့်သူတော်စင်က မကြောက်ရုံသာမကဘဲ သူတော်စင်က နောက်ဆုတ်လိုက်သည်။
“သားရဲဧကရာဇ်ကများ ဒီလောက်မောက်မာရဲတယ်လား”
“သူက သားရဲဧကရာဇ်ကို အထင်သေးရအောင် ဘယ်ကများ သတ္တိတွေရလာတာလဲ” ယန်ကျန်းလော့က ဆွံ့အနေမိသည်။
“ပြိုင်ဘက်ကို လျှော့မတွက်နဲ့။ သူက လုဝူအကြောင်း သိကြတယ်။ လုဝူ သတိထားဦး” တွမ့်မူရှန်းက အော်ပြောလိုက်သည်။
ဝေါင်း
လုဝူက သူ့ခြေကိုဆောင့်ကာ ရေခဲရုပ်ထုများကို ခြေမွပစ်လိုက်သည်။
သို့သော် လုကျိုးက မည်သည့်ကုသိုလ်ရမှတ်မှ လက်ခံမရှိခဲ့ပေ။ မဟာဆရာသခင်တစ်ယောက်ဖြစ်လာပြီးသည့်နောက်တွင် ကုသိုလ်ရမှတ်များ ရဖို့ ပိုမိုခက်ခဲလာလေ၏။ သူက အဆင့်နိမ့်ပစ်မှတ်များမှ အမှတ်များကို မရနိုင်တော့ပေ။
လုဝူ၏ ရေခဲစည်းတံဆိပ်က လေဟာနယ်မျိုးနွယ်ဝင်ထောင်ချီကို ရှင်းထုတ်ပစ်လိုက်သည်။
ထိုစဉ် အဆင့်မြင့်သူတော်စင်က သူ့တောင်ဝှေးကို လေထဲ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် အလင်းတန်းက ထွက်ပေါ်လာလေ၏။ ထိုအခိုက်အတန့် ပေတစ်သောင်းမျှ ကျယ်ပြန့်လာလေသည်။
တောင်ပေါ်မှ အော်သံများနှင့် ဆူဆူညံညံအသံများ ထွက်ပေါ်လာပြီး ကောင်းကင်နှင့် ကုန်းမြေကို လှုပ်ခတ်သွားစေသည်။ ဆက်တိုက်ဆိုသလို လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များစွာက တောင်နှင့် တောအုပ်မှ ပြေးထွက်လာကြလေသည်။ တစ်ချိန်တည်းဆိုသလို လေဟာနယ်မျိုးနွယ်ဝင်များက လေထဲတွင်ရှိနေသည့် လေဟာနယ်အဖွဲ့ဝင်များက နေရာယူကာ လေထဲမှ ထွက်ပေါက်အားလုံးကို ပိတ်ဆို့လိုက်ကြသည်။
“အမလေး အဲ့လောက်တောင်များတယ်လား” ကျူးဟုန်ကုန်းက ရေရွတ်လိုက်သည်။
ဤမျှများနေသည့်အတွက် လူများစွာက ထိတ်လန့်သွားကြလိမ့်မည်။
ထိုစဉ် အဆင့်မြင့်သူတော်စင်က အဝေးတစ်နေရာကို လှမ်းကြည့်ရင်း ပြောလိုက်သည်။
“ခင်ဗျားကို ဘာလို့သတ်ချင်တာလဲဆိုတာ သိလား”
“ဘာလို့လဲ” လုကျိုးက မေးလိုက်သည်။
“ကျုပ်မိသားစု လေဟာနယ်ရင်ဘတ်မျိုးနွယ်က မတည်မြဲခြင်းတိုင်လုံးရဲ့ နယ်နိမိတ်ထဲမှာ နှစ်တစ်ထောင်ကျော်နေထိုင်ခဲ့တာ။ လူများစွာက တိုင်လုံးကိုကြီးထွားဖို့ အသက်တွေကို စတေးခဲ့ရတယ်။ ဒါပေမဲ့ ခင်ဗျားက ယူသွားတယ်” အစစ်အမှန်သူတော်စင်က ပြောလိုက်သည်။
လုကျိုးက သဘောမတူစွာ ပြောလိုက်၏။
“မတည်မြဲခြင်းတိုင်လုံးက ခင်ဗျားတို့ မျိုးနွယ်အပိုင် ဘယ်တုန်းကများ ဖြစ်သွားတာလဲ။ အသက်တွေကို တိုင်လုံးဆီ စတေးတာက ခင်ဗျားတို့ရဲ့ ကိစ္စလေ။ သူတို့က ယူနိုင်မှတော့ ဒါ ကျုပ်အပိုင်ပဲ”
“ခင်ဗျား ပြောတာလဲဟုတ်တာပဲ။ ဒါပေမဲ့ ကျုပ်နှလုံးသားထဲမှာ ဒေါသမီးတောက်က တောက်လောင်နေတုန်းပဲ။ ဒီလိုမီးတောက်မျိုးက ခင်ဗျားရဲ့ သေဆုံးမှုထဲမှာ ငြှိမ်းသတ်လို့ရမှာ” အဆင့်မြင့်သူတော်စင်က ပြောလိုက်သည်။
လုကျိုးက ခေါင်းယမ်းကာ လှမ်းခေါ်လိုက်၏။
“လုဝူ”
လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များစွာ ရှိနေသော်လည်း လုကျိုးအတွက် လှုပ်ရှားဖို့ရာ မလိုအပ်ပေ။
ဝုန်း
လုကျိုးက လေထဲခုန်ကာ အမြီးကို ဝှေ့ယမ်းလိုက်သည်။
အဆင့်မြင့်သူတော်စင်က သူ့မျိုးနွယ်ဝင်များ လုဝူကြောင့် သတ်ဖြတ်ခံနေရသည်ကို ကြည့်နေရင်း ဂရုစိုက်ဟန်မပေါ်ပေ။
လုကျိုးက ငုံ့ကြည့်လိုက်သည့်အခါ ကြက်သီးထသွားသလို ခံစားမိလိုက်၏။ လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များက မြေကြီးပေါ် ကျရောက်သွားသည့်အခါ ပိုမိုသေးငယ်သည့် လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များ ဖြစ်တည်လာသည်။
“ကျစ် သူတို့က တကယ်ကို ထူးဆန်းတယ်” သူ့အရည်အချင်းကို ပြသဖို့ အခွင့်ကောင်းကို စောင့်နေသည့် မင်ရှစ်ရင်က ရုတ်ချည်းဆိုသလို ဦးတည်ရာပြောင်းလဲကာ လုကျိုးနောက်ပေါ်ထွက်လာသည်။
“အဆင့်မြင့်သူတော်စင်က သူတို့ကို ကျိန်စာတိုက်ထားတာ။ တကယ်ကို ရက်စက်တဲ့ ကျိန်စာပဲ” ခုံဝမ်က ပြောလိုက်သည်။
နောက်တွင် ရပ်နေသည့် မုန့်ချန်းသုန်က ပြောလိုက်၏။
“သတ္တမသခင်လေးနဲ့ ကျုပ်နဲ့က ဒီကျိန်စာမျိုးကို ကြုံဖူးတယ်။ ငါက တကယ်ကို ရက်စက်တဲ့ ကျိန်စာပဲ။ သူတို့ကို ဒီလိုသတ်လို့မရဘူး။ သူတို့ရဲ့ အရေအတွက်က တိုးပွားလာလိမ့်မယ်”
“လုဝူ ရပ်လိုက်”
လုဝူက လူအုပ်နား ရောက်လာကာ ချက်ချင်းထိုင်လိုက်သည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ဘယ်နှင့်ညာ နေရာယူပြီး လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များကို တိုက်ခိုက်နေကြသည်။
အဆင့်မြင့်သူတော်စင်က မထူးမခြားနားသာ ဆက်လက်ကြည့်ရှုနေ၏။
သူတို့က ပိုမိုသတ်လေလေ လေဟာနယ်မျိုးနွယ်အဖွဲ့သားတော်တော်များများက ပိုမိုတိုးပွားလာလေလေဖြစ်၏။
“ဒါက တကယ်ကို ရွံစရာပဲ” မင်ရှစ်ရင်က ကျိန်ဆဲလိုက်သည်။
“စတုတ္ထသခင်လေး ပြောတာမှန်တယ်။ ဒါက တကယ်ကို ရွံရှာစရာပဲ” ဖန်ကျုံက ဝင်ပြောလိုက်၏။
“ကောင်းကင်ယံ၌ ဟွားယဲ့ရှင်းက လေးကြိုးကို ဆွဲလိုက်သည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း သူမက မြားရာချီကို ထုတ်လွှတ်ကာ လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များ၏ ချိုင်းအောက်နေရာကို အတိအကျထိမှန်သွားလေသည်။
“မဟာအမှောင်ကောင်းကင်ဘုံ…..”
ကျောက်စိမ်းနဂါးသွဲ့ကျောက်ဓားက စွမ်းအင်ဓားမော့နှင့်အတူ လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များကို ခြေမွပစ်နေသည်။
ယွီကျန့်ဟိုင်က ပိုမိုသေးငယ်သည့် လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်၏။
“ဒုက္ခများလိုက်တာ”
“စိတ်ဝင်စားစရာပဲ” ယွီရှန်းရုန်က ပြောလိုက်သည်။
“မည်သို့ပင်ဆိုစေကာမူ နှစ်ဦးသားက လုကျိုးအနေဖြင့် သူတို့ကို ရပ်တန့်နေဖို့မလိုပေ။ သူတို့၏ ရိုက်နှက်ချက်က တိကျလှ၏။ သူတို့က ဓားများကို သိမ်းဆည်းကာ နောက်ဆုတ်လိုက်ကြသည်။
ဖန်ကျုံးက လှည့်ကာ မေးလိုက်၏။
“ဒီကျိန်စာကို ဖြေရှင်းဖို့ နည်းလမ်းရှိလား”
မုန့်ရှန်းသုန်က ခေါင်းယမ်းလိုက်သည်။
“မရှိဘူး။ ကျုပ်တို့တွေက ကျိန်စာကို အပေါ်ယံပဲ နားလည်သေးတာ”
လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်ပမာဏက ဆက်လက်တိုးပွားလာသည်။
ထိုစဉ် အဆင့်မြင့်သူတော်စင်များ ထပ်မံတိုးမြင့်လာ၏။
“မသိတတ်တဲ့ ရုပ်ဆိုးဆိုး လူသားတွေ။ ဘာကျိန်စာလဲ။ ဒါက ငါ့မျိုးနွယ်ဝင်တွေ မြင့်မြတ်တဲ့နည်းစနစ်ပဲ။ ဒါက ကောင်းချီးပဲ”
“ကောင်းချီးတဲ့လား။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က အဖွင့်ခံရပြီးတော့ ပွားလာတာလေ။ အဲဒါမျိုးကို ကောင်းချီးလို့ခေါ်တာလား” မင်ရှစ်ရင်က ပြောလိုက်သည်။
“နာကျင်မှုနဲ့ သေဆုံးမှုမရှိဘဲ ခွန်အားပဲရှိတယ်။ အဲဒါက ကောင်းချီး မဟုတ်ဘဲ ဘယ်လိုလုပ်နေမှာလဲ” အဆင့်မြင့်သူတော်စင်က ပြန်ပြောလိုက်သည်။
“အိုး အကြီးဆုံးက အဖေလို့ထားလိုက် … သူတို့က အသေးတွေအဖြစ် ကွဲထွက်သွားတော့ ကလေးတွေပေါ့။ ပြောပါဦး။ သူတို့ရဲ့ အမေက ဘယ်မှာလဲ” မင်ရှစ်ရင်က လှောင်ပြောင်ကာ ပြောလိုက်သည်။ သူက အဖြေကို မစောင့်ဘဲ ဆက်လက်ပြောလိုက်သည်။
“ခဏလေးနေပါဦး။ လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်တွေက မိဘမရှိဘူးဆိုတာ မပြောနဲ့နော်။ အဲ့လိုမျိုး ဖန်တီးတာမျိုးလား။ အား ရွံစရာကြီး။ ဘိုးဘေးတွေတဲ့လား။ တကယ်လို့ မရှိဘူးဆိုရင်တော့ ကျိန်စာကို ကောင်းချီးလိုမျိုး ဆက်ဆံရင်း သေသွားတဲ့အခါမှာ သူတို့ကို ရင်ဆိုင်ရဖို့ မျက်နှာပူမိမှာပဲ။ တကယ်လို့ မဟုတ်ဘူးဆိုရင်တော့ တကယ်ကို သနားဖို့ကောင်းတယ်။ ခင်ဗျားတို့တွေက တိရစ္ဆာန်တွေထက်တောင် ဆိုးရွားသေးတယ်”
အဆင့်မြင့်သူတော်စင်က မင်ရှစ်ရင်၏ စကားကြောင့် ဒေါသထွက်သွားလေ၏။ သူက တောင်ဝှေးကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
“အရှင်လတ်လတ် အရေခွံခွာပစ်မယ်”
တောင်ဝှေးက လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များကို ဆက်နွယ်ထားသည့် အလင်းတန်းကို ထပ်မံထုတ်လွှတ်လာသည်။ လေဟာနယ်မျိုးနွယ်ဝင်များဖြင့် ပြည့်နှက်နေသည့် ကောင်းကင်ယံက သူတို့၏ အသက်ကို ဂရုမစိုက်ဘဲ ရှေ့တိုးလာကြသည်။
“နောက်ဆုတ်ကြ” လုကျိုးက ပြောလိုက်သည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က ဘေးနားတွင်ရပ်ကာ စွမ်းအင်စည်းတံဆိပ်ကို သုံးပြီး လေဟာနယ်မျိုးနွယ်ဝင်များကို တားဆီးထားကြသည်။ သို့သော်လည်း သူတို့က တချို့တစ်ဝက်ကို သတ်ရုံမှအပ ရွေးချယ်စရာမရှိပေ။ အနည်းဆုံးတော့ သူတို့က လေဟာနယ်မျိုးနွယ်ဝင်များကို အဆတိုးပွားလာရန် အချိန်ကို အသုံးပြုကာ နောက်ဆုတ်နိုင်လေသည်။
လုကျိုးက လက်ကိုဆန့်ထုတ်လိုက်၏။
ဝုန်း
တောင်တန်းနှင့်တူသည့် လက်ဝါးချက်က ကျဆင်းလာကာ မျိုးနွယ်ဝင်အမြောက်အများကို လွင့်စင်သွားစေသည်။ သို့သော် သူတို့က မြေကြီးပေါ် ထိတွေ့သည်နှင့် အပိုင်းဖြစ်သွားကာ လေဟာနယ်မျိုးနွယ်ဝင်အသစ်များ ဖြစ်တည်လာသည်။
လုကျိုးက သူတို့ကို ဘယ်လိုဖြေရှင်းရမလဲတွေးရင်း မျက်မှောင်ကြုတ်လိုက်သည်။
အဆင့်မြင့်သူတော်စင်က ရန်လိုစွာ ပြောလိုက်သည်။
“ဒီနေ့ ကျိမင်မှာ ဖျက်ဆီးခြင်းတိုင်လုံးရဲ့ ရှေ့မှာ သေရလိမ့်မယ်။ သူတို့ကို သတ်ကြ”
အဆင့်မြင့်သူတော်စင်၏ ထိန်းချုပ်မှုအောက်တွင် လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များက ရှေ့တိုးလာကြသည်။
“ဘာလုပ်ရမလဲ။ ရှစ်စွင်း ကျွန်တော် ဘာလုပ်ရမလဲ” ကျူးဟုန်ကုန်းက ထိတ်ထိတ်ပျာပျာဖြင့် ပြောလာလေ၏။
“စိတ်ငြိမ်ငြိမ်ထားစမ်း” မင်ရှစ်ရင်က ချုံရှီကို စီးနင်းပြီး ကျူးဟုန်ကုန်းထံ ပြန်သွားလိုက်သည်။
“ရှစ်စွင်းရဲ့ စကားတွေကို မေ့နေပြီလား။ မင်းက ယုံကြည်ချက်ကင်းမဲ့လွန်းတယ်”
ကျူးဟုန်ကုန်းက ဝမ်းနည်းစွာ ပြောလိုက်သည်။
“ကျွန်တော်က အဲ့လိုမဟုတ်ပါဘူး။ ပထမဦးဆုံးအကြိမ် ကျွန်တော်တို့တွေ အနီရောင်ကြာနယ်မြေကို သွားတုန်းက အားလုံးအတွက် အချိန်ဆွဲဖို့ ကောင်းကင်အလွန်ကနေ ရဲရဲဝံ့ဝံ့ ရှေ့ထွက်ခဲ့တာလေ။ ဒါပေမဲ့ ဒါကြီးက ကြောက်ဖို့ကောင်းလွန်းတယ်”
မင်ရှစ်ရင်က ပြောလိုက်သည်။
“ငကြောက်”
“စစ်ရှစ်ရှိုးက မကြောက်ဘူးလား။ ဒါမှမဟုတ် ဝှက်ဖဲတချို့ရှိနေတာလား” ကျူးဟုန်ကုန်းက အသံတိုးတိုးဖြင့် မေးလာသည်။
“ဝှက်ဖဲတဲ့လား” မင်ရှစ်ရင်က ကျူးဟုန်ကုန်းကို ကြည့်လိုက်၏။
ထိုစဉ် ခန္ဓာကိုယ်က သွေးနီရောင်ဖြစ်နေသည့် လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်ဆီက စွမ်းအင်စည်းတံဆိပ်ကို ဖြတ်ကျော်ပြီး သူတို့ဆီ ခုန်အုပ်လာသည်။
မင်ရှစ်ရင်က မျက်လုံးအပြူးသားဖြစ်သွားလေ၏။
“ရှောင်လိုက်”
ဝှစ်
မင်ရှစ်ရင်နှင့် ချုံးရှီက ဥက္ကာပျံသဖွယ် တောအုပ်ထဲ ပြေးဝင်ကာ တခြားသူများကို ချန်ထားသည်။
အားလုံး “…”
သူတို့က ဆွံ့အသွားကြလေ၏။
အတက်အကျတွင် အကြိုးစားဆုံးသူက ချင်နိုက်ဟယ်သာ ဖြစ်၏။ သူက ဆရာသခင်ဖြစ်လာဖို့ အနီးကပ်ဆုံးသူဖြစ်ပေသည်။ သူ့စွမ်းအင်စည်းတံဆိပ်များက လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များကို တားဆီးပြီး အားလုံးကို ကာကွယ်ပေးထားလေ၏။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ရန်သူ၏ တိုက်ကွက်က ပိုမိုပြင်းထန်လာကာ ရပ်တန့်သွားခြင်း မရှိသည့်အတွက် သူ့အနေဖြင့် ဖိအားဖြစ်လာသည်။
“မျှော်နန်းသခင်”
လုကျိုးက ဖိအားဖြစ်နေသည့် ချင်နိုက်ဟယ်ကို လှမ်းကြည့်လိုက်သည်။ သူက ခြေဖျားတစ်ချောင်းထောက်ကာ ပျံသန်းလာလေ၏။ သူက လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်များကို မသတ်နိုင်သည့်အတွက် သူတို့၏ ခေါင်းဆောင်ကို ဖမ်းဆီးရလိမ့်မည်။
ဝှစ်
“မင်းတို့က ငါ့ရှေ့မှာ ဒီလိုပြုမူရဲတယ်”
အားလုံးက လုကျိုး ထွက်လာသည့်အခါ အသက်အောင့်ထားလိုက်ကြသည်။ သူတို့က လုကျိုးသည် ဤပြဿနာကို မည်သို့ဖြေရှင်းမလဲ သိချင်နေကြ၏။
အဆင့်မြင့်သူတော်စင်က တောင်ဝှေးကို ဝှေ့ယမ်းလိုက်သည့်အချိန် သူ့ရှေ့တွင် ကာပေးထားမည့် လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်တစ်ထောင်ကျော် ပေါ်ထွက်လာသည်။
လုကျိုးက လက်ကိုဆန့်ထုတ်လိုက်ပြီး ရေပြင်ညီအတိုင်း ပျံသန်းလာလေ၏။
ဝုန်း
ကောင်းကင်နှင့် ကုန်းမြေကို ထက်ပိုင်းပိုင်းပစ်နိုင်သည့် ခွန်အားဖြင့် လုကျိုးသည် လေဟာနယ်မျိုးနွယ်ဝင်များက ခြေမွပြီး အဆင့်မြင့်သူတော်စင်သည် ဆက်လက်ပျံသန်းလာသည်။
အဆင့်မြင့်သူတော်စင်က ပြောလိုက်၏။
“ဒါကို အစကတည်းက ထင်ထားပြီးသားပဲ။ မင်းတို့လူသားတွေက ငါတို့ထက် နိမ့်ကျတယ်။ ကောင်စုတ်တွေ သေဖို့သာ ပြင်လိုက်တော့”
ထို့နောက် အဆင့်မြင့်သူတော်စင်က လက်ကိုဖြန့်လိုက်သည်။
ဝှစ်
လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်တစ်သောင်းနီးပါးက အဌဂံအစီအရင်တစ်ခု ဖွဲ့စည်းလာကာ သူတို့၏ ရင်ဘတ်မျိုးနွယ်က လုကျိုးဆီ ညွှန်ပြနေသည်။ ထို့နောက် အလင်းတန်းက သူတို့ဆီ ဦးတည်လာလေ၏။ လုကျိုး၏ ခြေထောက်အောက်တွင် ကြာပွင့် ပွင့်လန်းလာလေသည်။ ကြာပွင့်၏ အောက်ခြေက အလင်းတန်းကို အလွယ်တကူ ပိတ်ဆို့နိုင်လိုက်၏။
“ဖြစ်ချင်တော့ ခင်ဗျားက ဆရာသခင်ကိုး။ ဒီလောက်ကြီး အမည်မသိကုန်းမြေထဲမှာ မောက်မောက်မာမာ ပြုမူနေတာ မထူးဆန်းတော့ပါဘူး” အဆင့်မြင့်သူတော်စင်က ပြောရင်း အရှိန်နှုန်းအမြင့်ဖြင့် မီတာတစ်ထောင် နောက်ဆုတ်လိုက်သည်။
လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်များကလည်း လေထဲတွင် ခုန်အုပ်ကာ သူတို့ကို တားဆီးဖို့ ကြိုးစားလိုက်ကြသည်။
လုကျိုးက တားဆီးမှုများကြောင့် နှေးကွေးသွားလေ၏။
“မီးတောက်ရွှေကြာ”
မီးတောက်ရွှေကြာက လုကျိုး၏ ခြေထောက်အောက် ရွှေကြာက ပွင့်လန်းလာပြီး လေမုန်တိုင်းသဖွယ် အဖက်ဖက်သို့ ပျံ့နှံ့သွားလေသည်။ စက္ကန့်ပိုင်းအတွင်း မီတာတစ်ထောင်ပတ်ဝန်းကျင်က မီးပင်လယ် ဖြစ်သွားလေ၏။
“ရှစ်စွင်းက ဘယ်တုန်းက အဲ့လောက် အားကောင်းလာတာလဲ” ကျူးဟုန်ကုန်းက တံတွေးမျိုချလိုက်သည်။
“ရှစ်စွင်းက အမြဲတမ်း အားကောင်းခဲ့တာ။ ပါးရှစ်ရှိုးက အဝါရောင်ကြာနယ်မြေမှာ ရှိတုန်း ခေါင်းထိထားတာလား” ရှောင်ယွမ်အာက မေးလိုက်သည်။
မီးပင်လယ်က လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များကို ဆက်လက်လောင်ကျွမ်းစေ၏။ လေဟာနယ်မျိုးနွယ်ဝင်များကို လက်သီးဆုပ်စာ အရွယ်အစားထိရောက်အောင် လောင်ကျွမ်းစေသည်။ သိပ်မကြာခင် စူးစူးရှရှအော်သံများက လေထဲပျံသန်းလာလေ၏။
“အဲဒါက သက်ရောက်မှုရှိတယ်။ ကံမီးတောက်က အလုပ်ဖြစ်တယ်” မုန့်ချန်းသုန်က ဆတူပွားခြင်းမှ ရပ်တန့်သွားသည့် လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်ကို မီးကျွမ်းနေသည့် အသေးစား လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်ကို ကြည့်ကာ စိတ်လှုပ်ရှားရင်း ရေရွတ်လိုက်သည်။ သူက အနည်းငယ်တည်ငြိမ်သွားသည့်အခါ ပြောလိုက်၏။
“ကံမီးတောက်ဆိုတဲ့အတိုင်းပဲ။ တာအိုသင်္ကေတတွေကို နားလည်ရင် တကယ်ကို အကျိုးရှိမှာ။ သတ္တမသခင်လေးက ကျိန်စာတွေဆိုတာ သင်္ကေတတာအို အမျိုးအစားလို့ ပြောဖူးတယ်။ အဲဒါကြောင့် ကျိန်စာတွေကို ချိုးဖောက်ဖို့ နည်းလမ်းဆိုတာ အမြဲတမ်းရှိတယ်”
လုလီက ခေါင်းညိတ်လိုက်သည်။
“သတ္တမသခင်လေးက တကယ်ကို ဗဟုသုတကြွယ်ဝတယ်။ ဒီနည်းနဲ့ဆိုရင် ကျိန်စာတွေက ကျုပ်တို့ရဲ့ မွေးဖွားဇယားချပ်တွေလိုမျိုးပေါ့။ သူတို့ကို နောက်ဆုံးမသတ်နိုင်ခင် များများ သတ်ဖို့ပဲ လိုတယ်။ အားလုံး အာရုံစိုက်ကြ။ သူတို့က မသေခင် ၅ကြိမ်၊ ၆ကြိမ်ပဲ အနည်းဆုံး ပွားထွက်နိုင်လိမ့်မယ်။ အကြီးဆုံးက ပွားထွက်နိုင်ဖို့ အများဆုံးပဲ။ ဒါပေမဲ့ ကန့်သတ်ချက်ဆိုတာ ရှိတယ်”
ဤသို့ဖြင့် အားလုံး၏ နှလုံးသားထဲ မျှော်လင့်ချက်တို့ ကိန်းအောင်းလာလေသည်။
ယွီကျန့်ဟိုင်က မြေကြီးပေါ် ခြေဆောင့်ကာ ရွှေရောင်ကံမီးတောက်ကို ထုတ်ဖော်လိုက်သည်။
ယွီရှန်းရုန်ကလည်း ကံမီးတောက်ကို ထုတ်ဖော်လိုက်၏။
မိစ္ဆာဝေဟင်မျှော်နန်းတွင်ရှိနေသည့် တပည့်အများစုက ကံမီးတောက်ရှိသည့်အတွက် ဖျက်ဆီးခြင်းတိုင်လုံးက မီးပင်လယ်ဖြစ်သွားဖို့ သိပ်မကြာလိုက်ပေ။
လုဝူက နောက်တွင် ဆက်လက်ထိုင်နေလေ၏။ သူက မီးမထုတ်နိုင်သည့်အတွက် အကူအညီ မဖြစ်ပေ။
တွမ့်မူရှန်းက ဘေးတွင်ရပ်ကာ ကြည့်နေလေသည်။
သူတို့က သူ့တပည့်များသည် သူ့မီးတောက်ရွှေကြာဖြင့် ဉာဏ်အလင်းပွင့်ပြီးသည့်နောက်တွင် ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်ကို မြင်လိုက်ရသည်။ သူက စိတ်သက်သာရာရပြီးသည့်နောက်တွင် အဆင့်မြင့်သူတော်စင်နှင့် ဆက်လက် ပျံသန်းလိုက်၏။
အဆင့်မြင့်သူတော်စင်က ဆက်လက် နောက်ဆုတ်နေသည်။ သူက ကြောက်ရွံ့ခြင်းမရှိသလို မျိုးနွယ်ဝင်များ မီးလောင်ခံရသည်ကိုလည်း ဝမ်းနည်းခြင်းမရှိပေ။ အနှစ်ချုပ်အားဖြင့် သူ့အကြည့်များက တောက်ပနေလေ၏။ သူက အင်မတန်စိတ်လှုပ်ရှားနေဟန်ပေါ်သည်။ ထို့နောက် သူက မီးပင်လယ်ကိုကြည့်နေရင်း စိတ်လွတ်သွားဟန်ဖြင့် အားပါးတရ ရယ်မောလိုက်သည်။
လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။
“အေးခဲစေ”
သဲနာရီက ထွက်ပေါ်လာသည်။
အပြာရောင်လျှပ်စီးအလင်းကွေးများကလည်း ထွက်ပေါ်လာကာ မီတာတစ်ထောင်ထိ ဖြန့်ကျက်လိုက်သည်။
အားလုံးက တိတ်ဆိတ်သွားလေသည်။ ထိုစဉ် လုကျိုးက အဆင့်မြင့်သူတော်စင်ရှေ့ ပေါ်ထွက်လာလေ၏။ သူက အံ့ဖွယ်တောင်လိုမျိုး ဆွဲယူလိုက်သည်။
အချိန်က ပြန်လည်စီးဆင်းလာသည့်အခါ
ဝုန်း
အဆင့်မြင့်သူတော်စင်က တုန်လှုပ်စွာ မျက်လုံးအပြူးသားဖြစ်သွားပြီး ဒေါသတကြီးဖြင့် ရေရွတ်လိုက်သည်။
“မဖြစ်နိုင်ဘူး”
ထို့နောက် အဆင့်မြင့်သူတော်စင်က သွေးတစ်ပွက်အန်လိုက်ရသည်။ လုကျိုး၏ ကာကွယ်ရေးစွမ်းအားက သွေးများ သူ့အပေါ် ရောက်ခြင်းမှ တားဆီးထားလေ၏။
အဆင့်မြင့်သူတော်စင်က ဆက်လက်ပျံသန်းလိုက်သည်။ သူ့အကြည့်များက တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေလေ၏။
လုကျိုးက သဲနာရီကို ထပ်မံထုတ်ဖော်ကာ အခြေအနေကို လေ့လာလိုက်သည်။ ရေစီးကြောင်းက သူတို့ဘက် မျက်နှာသာပေးနေပြီဖြစ်၏။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ ကံမီးတောက်က လေဟာနယ်မျိုးနွယ်ဝင်များကို လောင်ကျွမ်းကာ သူတို့ကို နောက်ဆုတ်ဖို့ ဖိအားပေးလာသည်။
အဆင့်မြင့်သူတော်စင်က တောင်ဝှေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။
သူ့ရင်ဘတ်မှ အပေါက်မှ သွေးများစီးကျလာပြီး သွေးများက လေထဲတွင် သွေးနီရောင်လိပ်ပြာများသဖွယ် ဖြစ်လာလေသည်။ သူတို့က တောင်ဝှေးကို ဝှေ့ပတ်နေပြီးသည့်နောက်တွင် ပျံသန်းလာ၏။
ဆက်တိုက်ဆိုသလို အဆင့်မြင့်သူတော်စင်က တောင်ဝှေးကို ဆက်လက်ဝှေ့ယမ်းလိုက်သည်။
ဘန်း
တောင်ဝှေးက မြေကြီးကို ထိုးဖောက်သွားလေ၏။
အစကတည်းက လုကျိုးသည် လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်သည် အတော်လေးထူးဆန်းကြောင်း ခံစားမိနေသည်။ သူတို့က အမည်မသိကုန်းမြေပေါ်၌ အသက်ရှင်လာသည်မှာ ကြာမြင့်ဖြစ်ကာ ပိုမိုအားကောင်းသင့်ပေသည်။ သူတို့က နည်းလမ်းမရှိဘဲ မနေပေ။
လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို ထုတ်ဖော်လိုက်သည်။
မတည်မြဲခြင်းတိုင်လုံးက တောက်ပလာလေ၏။
“ခင်ဗျားက မတည်မြဲခြင်းတိုင်လုံးကို လိုလို့လား”
အဆင့်မြင့်သူတော်စင်က အမူအရာခက်ထန်လာကာ အော်ပြောလိုက်သည်။
“မတည်မြဲခြင်းတိုင်လုံးကို ပေး”
လုကျိုးက လေသံအတက်အကျမရှိ ပြောလိုက်သည်။
“ခင်ဗျား လုယူနိုင်တဲ့ စွမ်းရည်ရှိတဲ့အပေါ်မှာ မူတည်တယ်”
ထို့နောက် လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို မြေကြီးပေါ်ပစ်ချလိုက်သည်။ ထိုအရာက ဆက်လက်ကြီးမားကာ လှည့်ပတ်လာလေ၏။ စွမ်းအားနှင့် အသက်ဓာတ်တို့က စတင်စုဝေးလာသည်။
အဆင့်မြင့်သူတော်စင်က မျက်နှာဖြူဖျော့လာကာ အော်ပြောလိုက်သည်။
“အစီအရင်ဖွဲ့ကြ”
ဝုန်း
သွေးလိပ်ပြာများက တောင်ဝှေးအနီးတွင် ဝဲပျံနေရင်း ရုတ်ချည်းဆိုသလို လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များဆီ ပျံသန်းသွားကာ သူတို့၏ ခန္ဓာကိုယ်၌ အနီရောင်မျဉ်းတန်းသာ ချန်ထားခဲ့လေသည်။ တစ်ချိန်တည်းဆိုသလို လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်အများစုက အဝေးတစ်နေရာမှ ပြေးလာကြလေ၏။ သူတို့အရေအတွက်က အမြောက်အများ ဖြစ်ပေသည်။ ဤသို့ဖြင့် ခန္ဓာကိုယ်မှ အနီရောင်အလင်းတန်းက တစ်ခုနှင့် တစ်ခု ဆက်နွယ်သွားလေသည်။
…
အခန်း (၁၄၂၇) ဓားပျံနည်းစနစ် အရပ်မျက်နှာအနှံ့ထဲတွင် လူသူကင်းမဲ့သော မြေပြင်ကို သိမ်းကြုံးဖြတ်တိုက်သွားခြင်း
အနီရောင်မျဉ်းများဆက်သွားသည့်အခါ လူတိုင်းသည် ကောင်းကင်ကို တအံ့တဩ မော့ကြည့်မိလေ၏။
မုန့်ချန်းသုံသည် သူ၏အိတ်ထဲမှ အစီအရင်အလံကို အမြန်ဆွဲထုတ်ပြီး ၎င်းတို့အား ရှန်ရှီနှင့် လီရှောင်မော့အား ပေးပြီးပြောလိုက်၏။ “အစီအရင် အမြန်တည်ဆောက်လိုက်”
“ဒါဘာတွေလဲ” ယန်ကျန်းလော့က မျက်မှောင်ကျုံ့လျက်မေးလိုက်သည်။
မုန့်ချန်းသုံသည် အစီအရင်အလံကို လှမ်းပေးလိုက်ရင်းပြောလိုက်၏။ “ဖန်ကျုံး၊ ကျိုးကျစ်ဖုန်း အဲ့ဒီမှာ ရပ်မနေနဲ့။ မြန်မြန်”
နှစ်ယောက်သားက အသိစိတ်ကပ်လာပြီး အစီအရင်အလံများကို ကြည့်လိုက်၏။
မုန့်ချန်းသုံက ပြောလိုက်သည်။ “အဆင့်မြင့်သူတော်စဉ် ရွတ်ဆိုနေတဲ့အစီအရင်က သွေးသူတော်စင် ချိပ်ပိတ်ခြင်းအစီအရင်လို့ ခေါ်တယ်။ သူ့ရဲ့အဆီအနှစ်က ကပ်ပါးနည်းစနစ်တွေနဲ့ ဆင်တူပြီး သွေးစတေးခြင်း နည်းစနစ်ပဲ။ ဒါ့အပြင် အဲ့ဒီအစီအရင်ကို ကျင့်ကြံခြင်းလောကက ရွံရှာစက်ဆုပ်တယ်။ သူက သူ့မျိုးနွယ်စုတွေရဲ့ အသက်ကို ဂရုမစိုက်တာ အံ့ဩစရာမရှိဘူးပဲ”
လူတိုင်းသည် သွေးသူတော်စင်ချိပ်ပိတ်ခြင်းအစီအရင်အကြောင်း သိလိုက်ရချိန်၌ မျက်မှောင်ကျုံ့မိသွားကာ ပြဿနာရပ်၏လေးနက်မှုကို သဘောပေါက်မိသွားသည်။ ပြီးနောက် သူတို့သည် မုန့်ချန်းသုံနောက် အမြန်လိုက်ကာ အစီအရင်ကို ရွတ်ဆိုလိုက်၏။
သွေးသူတော်စင်ချိပ်ပိတ်ခြင်းအစီအရင်သည် သွေးဖြင့် ပြုလုပ်ထားသည့် အမှောင်အစီအရင်တစ်ခု ဖြစ်သည်။ ဆရာသခင်အဆင့်တွင် ရှိသည့်သူသာလျှင် ထိုအဆင့်ကိုထိန်းချုပ်နိုင်၏။
“သွေးသူတော်စင် ချိပ်ပိတ်ခြင်းအစီအရင်ဆိုတာ သွေးနဲ့ပြုလုပ်ထားတဲ့ အမှောင်အစီအရင်တစ်ခုပဲ။ ဆရာသခင်အဆင့်မှာရှိတဲ့လူပဲ ဒီအစီအရင်ကို ထိန်းချုပ်နိုင်တာ” မုန့်ချန်းသုံက ပြောလိုက်၏။ ပြီးနောက် သူ့ရှေ့ကို လက်ညှိုးထိုးပြကာ ပြောလိုက်တော့သည်။ “အစီအရင်ရှေ့မှာရပ်ကြ”
“ကောင်းပြီ”
လူတိုင်းသည် အရပ်မျက်နှာအနှံ့ လျင်မြန်စွာ ပျံသန်းသွားလေ၏။ သူတို့အားလုံးသည် တိုက်ပွဲ၏ မသေချာမရေရာမှုကြောင့် ပြင်းထန်သောဖိအားကို ခံစားလိုက်ရသည်။
“သွေးသူတော်စင်ချိပ်ပိတ်ခြင်းအစီအရင်ရဲ့ အကျိုးသက်ရောက်မှုက ဘာလဲ” ယန်ကျန်းလော့က မေးလိုက်လေ၏။
“ကောင်းပြီ”
လူတိုင်းသည် အရပ်မျက်နှာအနှံ့လျင်မြန်စွာ ပျံသန်းသွားကြလေ၏။ သူတို့အားလုံးသည် တိုက်ပွဲ၏ မသေချာမရေရာမှုကြောင့် အင်မတန်ပြင်းထန်သောဖိအားကို ခံစားနေရသည်။
“သွေးသူတော်စင်ချိပ်ပိတ်ခြင်းအစီအရင်ရဲ့ သက်ရောက်မှုက ဘာလဲ” ယန်ကျန်းလော့က မေးလိုက်လေ၏။
“အစီအရင်ထဲ ချိပ်ပိတ်ခံလိုက်ရတာနဲ့ ငါတို့ရဲ့အသိစိတ် ဆုံးရှုံးသွားပြီး တစ်ဖက်လူထိန်းချုပ်တာ ခံလိုက်ရမှာ။ ငါတို့တွေ ဖုတ်ကောင်တွေနဲ့ မခြားတော့ဘူး”
ထောက်
ကျူးဟုန်ကုန်းက မြေပြင်ပေါ် ပြုတ်ကျသွားလေ၏။ “ဒီလောက် ကြောက်ဖို့ကောင်းတယ်တဲ့လား”
“ပါရှစ်ရှိုး ရှစ်ရှိုးက တကယ်သတ္တိနည်းတာပဲ” ရှောင်ယွမ်အာက ပြောလိုက်တော့၏။ ပြီးနောက် သူက ခရုလေးဖက်လှည့်ကာ အသံသေးသေးလေးဖြင့် ပြောလိုက်သည်။ “ရှစ်မေ့ အစောင့်အရှောက်မုန့်ရဲ့ စကားတွေက ကြောက်ဖို့ကောင်းလိုက်တာ”
လူတိုင်း “...”
ဘိုးဘေးလေးရယ် စံသတ်မှတ်ချက်နှစ်မျိုးက ဘာလို့လဲ။
ရှောင်ယွမ်အာနှင့်ခရုလေးသည် လူအုပ်ကြီးနားရပ်နေစဉ် ရုတ်တရက် လေဟာနယ်ရင်ဘတ်မျိုးနွယ်စုများက သူတို့အပေါ်ခုန်အုပ်လာ၏။
ခရုလေးက အော်လိုက်သည်။ “သတိထား”
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ရှောင်ယွမ်အာသည် ပုံရိပ်ယောင်များစွာချန်ရစ်ခဲ့ကာ ခုန်ထွက်လျက် လေဟာနယ်ရင်ဘတ်မျိုးနွယ်စုဝင်များကို ကန်ထုတ်လိုက်သည်။ သူမဆင်းသက်လာစဉ်၌ တအံ့တဩပြောလိုက်၏။ “သူတို့က သိပ်ကြောက်ဖို့ မကောင်းပါဘူး”
“အမ်း သူတို့က သိပ်ကြောက်ဖို့မကောင်းပါဘူး”
မုန့်ချန်းသုံက လှမ်းခေါ်လိုက်သည်။ “နဝမသခင်မလေး၊ ဒဿမသခင်မလေး ဒီကိုလာ”
“ဟုတ်”
သူတို့နှစ်ယောက်က အလယ်တွင်ရပ်နေလျက် ကျန်သည့်သူများက ဝန်းရံပေးထားသည်။ သွေးမျှင်များဆက်နွယ်ထားသည်က တဖြည်းဖြည်းချင်း ကွန်ယက်သဖွယ်လျင်မြန်စွာ ပြန့်လာလေ၏။
မုန့်ချန်းသုံသည် မြေပြင်ပေါ်လက်ဝါးဖြင့်ရိုက်ချလိုက်ပြီး အစီအရင်က လင်းလက်လာ၏။
ထက်မြေ့နေသောအစွန်းများဖြင့် ရွှေရောင်ဧရိယာက ချက်ချင်းပေါ်လာလေ၏။ ရွှေရောင်နယ်နိမိတ်က ချက်ချင်းပေါ်လာသည်။ မုန့်ချန်းသုံက အပျော်လွန်သွားပြီး ပြောလိုက်သည်။
“အားလုံးပဲ အစီအရင်ထဲ ဝင်ကြ”
ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် ကျန်သည့်သူများသည်လည်း သွေးများ၏ထူးဆန်းမှုကို ခံစားမိသောကြောင့် အမြန်ပြန်လာသည်။ သူတို့က ရွှေရောင်နယ်နိမိတ်ထဲ ဝင်လိုက်ချိန်တွင် သွေးမျှင်များက ချက်ချင်းတွန်းကန်ခံရသည်။
ဟွားယွဲ့ရှင်းနှင့် ဟွားဝူတောက်ကလည်း ရွှေရောင်နယ်နိမိတ်ထဲသို့ ဝင်လိုက်ကြသည်။
ဝှစ် ဝှစ် ဝှစ်
“လုဝူနဲ့ ချန်ဟွမ်းကကော”
စီးတော်သားရဲနှစ်ကောင်သည် ရွှေရောင်နယ်နိမိတ်ထဲ ဝင်ဆန့်ဖို့ အကောင်ကြီးလွန်းနေပြီး သူတို့အဖို့ သွေးမျှင်များကို ရှောင်ဖို့ ပိုတောင်ခက်ခဲလိမ့်မည်။
လုဝူ၏ကျောပေါ်တွင် ရပ်နေသည့် တွမ့်မူရှန်းက နယ်ရှင်လှံကိုကိုင်ထားလျက် ကျန်လက်တစ်ဖက်ကို ကျစ်ကျစ်ဆုပ်ကာ ပြောလိုက်သည်။
“သွေးသူတော်စင်ချိပ်ပိတ်ခြင်းအစီအရင်က ဘာလဲ။ ငါ ဘာမှမခံစားမိဘူး”
တွမ့်မူရှန်း၏လက်ကောက်ဝတ်မှ ခရမ်းရောင်နဂါးများ ပျံထွက်လာပြီး သူ၏မျက်လုံးက ခရမ်းရောင်အလင်းတန်း ပေါ်လာလေ၏။
“ယိုယွင်းတိုက်စားခြင်းစွမ်းအင်” မုန့်ချန်းသုံက ပြောလိုက်သည်။ “တတိယသခင်လေးက သွေးသူတော်စင်ချိပ်ပိတ်ခြင်းအစီအရင် ချိပ်ပိတ်ခြင်းမခံရတာ အံ့ဩစရာမရှိဘူးပဲ”
ဖုန်း
တွမ့်မူရှန်းနှင့် လုဝူတို့က ချက်ချင်းပြေးထွက်လာကာ အစီအရင်ကို ဖြတ်ကျော်လိုက်၏။ လုဝူက သူ၏အမြီးကို ရမ်းလိုက်စဉ် တွမ့်မူရှန်းက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဖွဲ့တည်လိုက်သည်။ ပြီးနောက် သူတို့သည် လေဟာနယ်ရင်ဘတ်မျိုးနွယ်စုဝင်များကို လှဲကျင်းလိုက်တော့သည်။
ယင်းကို မြင်သောအခါ အဆင့်မြင့်သူတော်စင်က မယုံနိုင်စွာပြောလိုက်လေသည်။ “ယိုယွင်းတိုက်စားခြင်းစွမ်းအင်လား”
လုကျိုးက နောက်လှည့်ကြည့်လိုက်သည်။ သူသည် ရွှေရောင်အစီအရင်က လူတိုင်းကို ကာကွယ်ပေးနေတာ မြင်သောအခါ စိတ်အေးသွားလေ၏။ သူ၏အကြည့်တို့က စူးရှနေလျက် အဆင့်မြင့်သူတော်စင်ကို လှည့်ကြည့်နေပြီး တည်ငြိမ်စွာပြောလိုက်သည်။ “အခုကစပြီး လေဟာနယ်ရင်ဘတ်မျိုးနွယ်စု မရှိတော့ဘူး”
ဘီး
မြင့်မားလှသော စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီး သွေးမျှင်များကို ဖယ်ရှားလိုက်၏။
လုကျိုးသည် သွေးမျှင်များနှင့်ထိမိပြီး ထုံကျဉ်မှုကို ခံစားလိုက်ရသောအခါ ခံစားချက်ကို ဖယ်ရှားရန် ကောင်းကင်စွမ်းအားကို သုံးလိုက်၏။
အပြာရောင်ဖျော့ဖျော့လျှပ်စီးလုံးက ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ထဲ ပေါ်လာပြီးနောက်
ဖုန်း
လေဟာနယ်ရင်ဘတ်မျိုးနွယ်စုဝင်တစ်သောင်း လွင့်ထွက်သွားကြ၏။
လုကျိုးသည် သူတို့ ထပ်ပြီးပွားလာမည်မှန်းသိနေ၏။ ထို့ကြောင့် ကံမီးတောက်ကို သုံးကာ သူတို့အားလုံးကို မီးပင်လယ်ထဲမြှုပ်နှံလိုက်တော့သည်။
အဆင့်မြင့်သူတော်စင်က နောက်ဆုတ်လိုက်ကာ ရယ်မောလိုက်သည်။ သွေးမျှင်သောင်းချီက သူနှင့်ဆက်နွယ်ထားလေ၏။ လုကျိုးက သူ၏လက်ကို မြှောက်လိုက်လေ၏။
တဖန် သဲနာရီသည် အပြာရောင်လျှပ်စီးများထုတ်လွှင့်ကာ မီတာတစ်ထောင်အကွာရှိ အရာများက အေးခဲကုန်၏။ လုကျိုးက လှစ်ကနဲဖြင့် အဆင့်မြင့်သူတော်စင်ရှေ့၌ ပေါ်လာ၏။
အချိန်စီးဆင်းလာသောအခါ အဆင့်မြင့်သူတော်စင်သည် ထိတ်လန့်သွားပြီး ဒေါသထွက်သွားလေ၏။ ပြီးနောက် အလင်းစီးကြောင်းက သူ့ရင်ဘတ်ကို ထိမှန်သွားသည်။
ဘန်း
လုကျိုးသည် သူ့ရှေ့၌ လက်တစ်ဖက်ဖြင့် အမည်မဲ့ကို ဒိုင်းတစ်ခုအသွင်ဖြင့်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ကို တွန်းထုတ်လိုက်၏။
“ပြစ်ချက်ရှိ ပြီးပြည့်စုံခြင်း”
ဘန်း
အဆင့်မြင့်သူတော်စင်က နောက်သို့လွင့်ထွက်သွားပြန်၏။ လုကျိုးက အဆင့်မြင့်သူတော်စင်ရှေ့ လှစ်ကနဲပေါ်လာပြန်ကာ ပြစ်ချက်ရှိပြီးပြည့်စုံမှုပေါင်းများစွာ ထုတ်သုံးလိုက်သည်။ တစ်ခုချင်းစီက ပစ်မှတ်ပေါ် တိတိကျကျ ကျသွားလေ၏။
အဆင့်မြင့်သူတော်စင်သည် တိုက်ခိုက်မှုများကို ခုခံရန်ရုန်းကန်နေရ၏။ သို့သော် ဆက်တိုက်ထုတ်သုံးလာသည့် လက်ဝါးစည်းတံဆိပ်များက သူ့ကို ခုခံရန်ကဏ္ဍမရှိဖြစ်စေသည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
လုကျိုးသည် သွေးသူတော်စင်ချိပ်ပိတ်ခြင်းအစီအရင်၏ အတိုင်းအတာအပြင်ဖက်အထိရောက်အောင် အဆင့်မြင့်သူတော်စင်ကို တွန်းထုတ်လိုက်၏။
“မင်း မင်း ဘာလို့ ဒီလောက်သန်မာရတာလဲ” အဆင့်မြင့်သူတော်စင်၏ယုံကြည်ချက်တို့ နောက်ဆုံး၌ ယိမ်းယိုင်သွားတော့သည်။ သူက ယိုယွင်းတိုက်စားခြင်းစွမ်းအင်ရှိသည့် တွမ့်မူရှန်းကို မြင်သောအခါ ပိုတောင်ဆိုးရွားလာ၏။ သူ၏ဆင်ခြင်တုံတရားရှိရှိ တိုက်ခိုက်ခြင်းပုံစံဖြင့် သွေးသူတော်စင်ချိပ်ပိတ်ခြင်း အစီအရင်၌ သောင်းကျန်းနေကာ တွမ့်မူရှန်းသည် သူ၏မျိုးနွယ်စုဝင်များကို သတ်ဖြတ်နေသည်။
“မင်း အခုမှသဘောပေါက်တာလား” လုကျိုးက မေးလိုက်၏။ သူသည် မျက်စိတစ်မှိတ်အတွင်း အဆင့်မြင့်သူတော်စင်ရှေ့၌ ပေါ်လာသည်။
“မဟာကြောက်ရွံ့ခြင်းမဲ့တံဆိပ်တော်”
ကောင်းကင်တမျှ ကြီးမားသည့် မဟာကြောက်ရွံ့ခြင်းမဲ့တံဆိပ်တော်က ပေါ်လာသည်။
ဖုန်း
အဆင့်မြင့်သူတော်စင်သည် ယခင်ကထက်တောင် ပိုလွင့်ထွက်သွားလေ၏။ သူသည် ဖျက်ဆီးခြင်းတိုင်လုံးနား ရောက်သည့်အချိန်၌ ရုတ်တရက်ပျောက်ကွယ်သွားသည်။
လုကျိုးက ရပ်တန့်လျက် ရနံ့ခံစွမ်းအားအတွက် မန္တာန်ကိုရွတ်ဆိုလိုက်သည်။
“ဟမ်” သူသည် ရင်းနှီးနေသော အနံ့ကို လျင်မြန်စွာ ရလိုက်၏။ သူ လှည့်ကြည့်လိုက်ချိန်တွင် အဆင့်မြင့်သူတော်စင်သည် ကျိုင်းနား၌ ပေါ်လာပြီဖြစ်ပြီး အဆင့်မြင့်သူတော်စင်က လုကျိုးနား ခုန်အုပ်လျက် သွေးသံရဲရဲဓားသွားအသွင်ပြောင်းလဲထားသော လက်ဖြင့်ရိုက်လိုက်သည်။
လုကျိုးသည် ရုတ်တရက် အသွင်ပြောင်းလဲမှုကြောင့် အနည်းငယ်အငိုက်မိသွား၏။ ကံကောင်းသည်မှာ ကောင်းကင်စွမ်းအားဖြင့်သူသည် မဖြေရှင်းနိုင်စရာမရှိပေ။ သူ၏လက်ဖြင့်ထပ်မံတိုက်ခိုက်လိုက်သည်။
ဗွမ်း
လက်ဝါးနှစ်ခုဆုံတွေ့သည့်အချိန်တွင် တန်ပြန်သက်ရောက်မှုက ဖျက်ဆီးခြင်းတိုင်လုံးနားရောက်သွားပြီး တုန်ယင်သွားစေသည်။
လုကျိုးသည် အဆင့်မြင့်သူတော်စင်ကို ကြည့်လိုက်၏။
“ငါ့ရဲ့အသက်က သူတို့နဲ့ဆက်နွယ်နေတာ သွေးသူတော်စင် ချိပ်ပိတ်ခြင်းအစီအရင်နဲ့ အသက်ဆက်နွယ်ခြင်းအစီအရင်နဲ့ဆိုရင် မင်းက ငါ့ကိုသတ်နိုင်မှာမဟုတ်ဘူး”
“မင်းကို မသတ်နိုင်ဘူးတဲ့လား”
“မင်းရဲ့မျက်လုံးကြည့်ပြီးတစ်ချက်ကြည့်လိုက် နိမ့်ကျတဲ့လူသားတွေ”
လုကျိုးက ဝေဟင်ထဲမြင့်မြင့်ပျံသန်းလိုက်ချိန်တွင် အရပ်မျက်နှာအနှံ့မှ ရောက်လာနေသော လေဟာနယ်ရင်ဘတ် မျိုးနွယ်စုဝင်များစွာကို တွေ့လိုက်ရ၏။
“...”
အရေအတွက်များလွန်းသဖြင့် သူတို့ကိုဖော်ပြနိုင်သည့်ပမာဏမရှိတော့ပေ။
လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်တွေက အမည်မသိကုန်းမြေထဲမှာ ဘယ်လိုနေနေကြတာလဲ။
အဆင့်မြင့်သူတော်စင်က ရယ်မောလိုက်၏။ “သူတို့က ငါ့အသက်ပဲ။ ငါက သူတို့ရဲ့အသက်။ ဒါက သာလွန်တဲ့ မျိုးနွယ်စုရဲ့စွမ်းအားပဲ။ ငါတို့က မြင့်မြတ်တဲ့မျိုးနွယ်စု။ ငါတို့ပဲ ဒီလောကထဲမှာ ထာဝရရှင်သန်နိုင်တယ်”
သူပြောပြီးသည်နှင့်
ဝှစ်
ဖျက်ဆီးခြင်းတိုင်လုံးနားရှိ သိပ်သည်းသောမြူအောက်တွင် အဝါရောင်ဝတ်ရုံဝတ်ထားလျက် ကြိုးကြာဖြူ၏ ကျောပေါ်တွင်ထိုင်နေသော ကျော့ရှင်းသည့်မိန်းမပျိုလေးတစ်ယောက်ပေါ်လာပြီး အရာအားလုံးကို စိတ်ဝင်တစားကြည့်လိုက်သည်။ သူမဂါဝန်အနားစ ကြိုးကြာဖြူ၏ကျောပေါ် ကျနေ၏။ သူမမျက်လုံးတို့က ထုတ်ခြင်းပေါက်မြင်နိုင်လောက်အောင် ကြည်လင်နေပြီး လက်ငါးချောင်းက သွယ်လှပြီးဖြူဖျောသည်။ “ထာဝရရှင်သန်ဖို့လား”
သူမ၏သာယာသောအသံသည် လူတိုင်း၏နားထဲ ဝင်လာလေ၏။ အဆင့်မြင့်သူတော်စင်က ထိတ်လန့်သွား လေ၏။ သူက စွမ်းအင်များဖြင့်ထွက်လာပြီး တဖက်လူကိုတွန်းထုတ်ကာ အမျိုးသမီးဆီဖြတ်လာ၏။ ပြီးနောက်သူက ပြောလိုက်၏။ “ယောင်ကျိလား”
ပိုးစာမင်းသမီးက မျက်မှောင်အနည်းငယ်ကျုံ့လျက် မေးလိုက်သည်။ “အမ် ရှင် ကျွန်မကို သိတယ်လား”
အဆင့်မြင့်သူတော်စင်က ပြောလိုက်သည်။ “အမည်မသိကုန်းမြေထဲမှာ ယောင်ကျိဆိုတဲ့နာမည်ကို ဘယ်သူက မသိလို့လဲ”
“ဪ” ပြီးနောက် ပိုးစာမင်းသမီးသည် ပေါ့ပါးသောသွင်ပြင်ဖြင့် မေးလိုက်သည်။ “ရှင် ထာဝရရှင်သန်နိုင်တယ်လား”
သူမသည် အမှန်တရားကို သိရန်စိတ်အားထက်နေသည့်ပမာ ဤမေးခွန်းကို အလွန်စိတ်ဝင်တစား ရှိနေလေ၏။
အဆင့်မြင့်သူတော်စင်က ပြောလိုက်သည်။ “ထာဝရရှင်သန်နိုင်တဲ့ နည်းလမ်းတွေအများကြီးရှိတယ်။ မသိတတ်တဲ့လူသားတွေကပဲ ထာဝရအသက်ရဲ့ဖြစ်နိုင်ခြေကို ငြင်းဆိုကြတာ။ အစွမ်းထက်တဲ့မင်းသားယဲ့ဖြစ်စေ၊ မဟာနတ်ဘုရား ရှီပိုင်ဖြစ်စေ သူတို့အားလုံးထာဝရအသက်ကို ရခဲ့တာမဟုတ်လား။ မင်းသမီးလည်း ပါတာပေါ့”
ပိုးစာမင်းသမီးက ရယ်မောလိုက်၏။ “ရှင့်စကားက စိတ်ကျေနပ်စေဖို့လုံလောက်တယ်”
အဆင့်မြင့်သူတော်စင်က ကြောက်လန့်စွာမေးလိုက်၏။ “ပိုးစာမင်းသမီးက လက်စွပ်သဏ္ဌာန်ကန်နဲ့ ဖျက်ဆီးခြင်းတိုင်လုံးကနေ ထွက်ခွာလေ့မရှိဘူးလို့ ကြားထားတယ်။ မင်းသမီး တနေရာရာကို သွားမလို့လား”
ပိုးစားမင်းသမီးက ငုံ့ကြည့်လျက် အသံတိုးတိုးဖြင့်ပြောလိုက်သည်။ “မသွားပါဘူး။ စိတ်မပါဘူး”
“ဒါ ကောင်းတာပါပဲ”
“ရှင်တို့တွေ ဆက်ချလေ” ပိုးစာမင်းသမီးက ပြောလျက် လေထဲတိတ်တဆိတ်ရပ်တန့်နေ၏။
ထိုစဉ် လုကျိုးက အဆင့်မြင့်သူတော်စင်ကို ကြည့်ပြီးမေးလိုက်သည်။
“ငါ မင်းကို တကယ်မသတ်နိုင်ဘူးလို့ ထင်နေတာလား”
အဆင့်မြင့်သူတော်စင်က ရယ်မောပြီးပြောလိုက်သည်။ “မင်းလို အဆင့်နိမ့်လူသားတွေက မွေးဖွားဇယားချပ်ကိုပဲ အားကိုးနိုင်တာ။ ငါတို့ကိုကြည့်လေ သာလွန်တဲ့မျိုးနွယ်စုဖြစ်တဲ့ ငါတို့တွေက အသက်ဆက်နွယ်ခြင်းနည်းစနစ်ကို တတ်ကျွမ်းထားတယ်။ ဒီမရေမတွက်နိုင်တဲ့မျိုးနွယ်စုဝင်တွေက ငါရဲ့ထာဝရအသက်သင်္ကေပဲ။ ငါ့ကို မင်းဘယ်လိုလုပ်သတ်နိုင်မှာလဲ”
ထိုစဉ် သွေးမျှင်များက ကျိုင်းကို စတင်ရစ်ပတ်လာ၏။ “ကောင်းပြီလေ ဒါဆို စမ်းကြည့်ကြတာပေါ့”
လုကျိုးက ပြောပြီးခုန်ဆင်းလာ၏။ သူသည် အဆင့်မြင့်သူတော်စင်ကို တုန့်ပြန်ရန်အချိန်မပေးဘဲ လျှပ်ပြက်သော အရှိန်ဖြင့် အဆင့်မြင့်သူတော်စင်ရှေ့ရောက်သွားသည်။ ပြီးနောက် သူသည် ထိုက်တောင်တန်းအသွင်ဖြင့် သူ့လက်ဖဝါးဖြင့်ရိုက်ချလိုက်သည်။
ဖုန်း
အဆင့်မြင့်သူတော်စင်သည် တိုက်ခိုက်မှုကို ခုခံဖို့ကြိုးစားသော်ငြား တွန်းထုတ်ခံလိုက်ရ၏။
“ချုပ်နှောင်ခြင်းစည်းတံဆိပ်”
ဖုန်း
ချုပ်နှောင်ခြင်းစည်းတံဆိပ်သည် အဆင့်မြင့်သူတော်စင်၏ခေါင်းပေါ် ကျရောက်လာ၏။ ထပ်တိုးဖိအားဖြင့် သူသည်ဆက်လက်ကျနေပြီး မြေပြင်ကို ထိမိသွားသည်။
လုကျိုးသည် အရပ်မျက်နှာအနှံ့၌ သွေးမျှင်များဆက်နွယ်ခံထားရသည့် လေဟာနယ်ရင်ဘတ်မျိုးနွယ်စုဝင်များကို ကြည့်လိုက်သည်။ အဆင့်မြင့်သူတော်စင် မသေမှန်း သူ သိနေ၏။ သူသည် ချုပ်နှောင်ခြင်းစည်းတံဆိပ်ပေါ် သူ့ခြေထောက်ကို မှန်မှန်လေးဆောင့်နင်းလိုက်သည်။
ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း
လုကျိုးသည် ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို ဆောင့်နင်းတာ မရပ်တန့်ခဲ့ပေ။ သူ၏အရှိန်က အထွတ်အထိပ်သို့ ရောက်သောအခါ ကျန်သည့်သူများသည် တက်လိုက်ကျလိုက်ဖြစ်နေသော ပုံရိပ်ယောင်များကိုသာ မြင်ရလေ၏။
ချုပ်နှောင်ခြင်းစည်းတံဆိပ်သည် မြေပြင်ထဲ မီတာတစ်ထောင်အထိဝင်သွားကာ တွင်းတစ်ခုပေါ်လာ၏။
ချုပ်နှောင်ခြင်းစည်းတံဆိပ်ကို နောက်တကြိမ်ထပ်နင်းပြီးနောက် သူက လေထဲခုန်တက်လိုက်၏။ သူ လက်မြှောက်လိုက်ချိန်တွင် ဓားအသွင်ဖြင့် အမည်မဲ့က သူ့ရှေ့၌ ပျံဝဲနေ၏။
“တစ်ခုက နှစ်ခုကိုမွေးဖွား။ နှစ်ခုက သုံးခုကိုမွေးဖွား။ သုံးခုက အရာအားလုံးမွေးဖွားတယ်။ အရာအားလုံးက မွေးဖွဦးလာပြီး ယင်နဲ့ယန်ကို ထွေးပွေ့ထားတယ်”
ဤနည်းဖြင့် အမည်မဲ့သည်မရေမတွက်နိုင်သော စွမ်းအင်ဓားများကို ထုတ်လွှင့်ပြီးအရပ်မျက်နှာအနှံ့ ဓားပျံရှစ်ခုကို ပြန့်လွင့်သွားစေ၏။ သူတို့က မရေမတွက်နိုင်သော လေဟာနယ်ရင်ဘတ်မျိုးနွယ်စုများကို ထိုးဖောက်သွားလေ၏။ စွမ်းအင်ဓားတို့သည် မီတာတစ်သောင်းအတွင်းရှိ ဧရိယာကို ပြည့်သွားစေတော့သည်။
ဓားသိုင်းနည်းစနစ်က လွှမ်းမိုးနိုင်စွမ်းရှိလွန်းသည်။ စွမ်းအင်ဓားတို့က အရပ်မျက်နှာခြောက်ခုကနေ ပေါ်ထွက်လာပြီး လူသူကင်းမဲ့သောမြေကို ဖြတ်တိုက်သွားစေ၏။
ထိုစဉ် ပိုးစာမင်းသမီး၏မျက်နှာထက်တွင် အံ့ဩမှုအရိပ်အယောင်ကို တွေ့လိုက်ရ၏။ သူမသည် စွမ်းအင်ဓားတို့ကို ရှောင်ရန် ဝေဟင်ထက်သို့မြင့်မြင့်ပျံလိုက်ရသည်။ စွမ်းအင်ဓားတို့က အသက်များကို ရိတ်သိမ်းနေတာကိုကြည့်ပြီး ခြေပြတ်လက်ပြတ်များ၊ တစဆီဖြစ်သွားသော အလောင်းများကိုကြည့်ပြီး သူမ ရေရွတ်လိုက်တော့၏။ “ဒီလိုအစွမ်းထက်တဲ့လူကို မတွေ့ဖူးတာကြာခဲ့ပြီ”
စွမ်းအင်ဓားတို့သည် ဆက်လက်တိုက်ခိုက်နေလျက် လေဟာနယ်ရင်ဘတ်မျိုးနွယ်စုဝင်များ ပြန်မထနိုင်တော့သည်အထိ တိုက်ခိုက်နေကာ တိတ်ဆိတ်မှုသည် ကျိမင်ပေါ်ကျရောက်လာ၏။
ဝေဟင်ထဲမြင့်မြင့်ပျံသန်းက လုကျိုးသည် လက်သီးချင်းဆုပ်လျက်ပြောလိုက်၏။ “ပြန်ဆုတ်မယ်”
ဝှစ်
အသံတစ်သံက ပေါ်ထွက်လာပြီး စွမ်းအင်ဓားအားလုံးတို့က ပျောက်ကွယ်သွားသည်။
အမည်မဲ့က သူ့ရှေ့တွင် ပျံဝဲနေလျက် ဖြည်းဖြည်းချင်းလှည့်သွားတော့သည်။
ကြိုးကြာဖြူ၏ကျောပေါ်တွင် ပိုးစာမင်းသမီးက ရှေ့သို့နှစ်လှမ်းတိုးလျက် ခေါင်းငြိမ့်လိုက်သည်။ “ဟင် လေဟာနယ်လား။ ဖြစ်ချင်တော့ အဲ့တာက လေဟာနယ်လား”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းသည် လုကျိုး၏ဓားပျံနည်းစနစ်ကြောင့် ထိတ်လန့်သွားတော့သည်။ စွမ်းအင်ဓားများက သက်ရောက်မှုပြင်းထန်လွန်း၏။ သူတို့သည်လေဟာနယ်ရင်ဘတ်မျိုးနွယ်စု၏ အလောင်းပုံကို ကြည့်မိချိန်၌ အချိန်အတော်ကြာစကားမပြောနိုင်တော့ပေ။ လုကျိုး လှုပ်ရှားပုံကို မည်မျှမြင်တွေ့စေကာမူ သူသည် သူတို့ကိုအခေါက်တိုင်း၌ ထိတ်လန့်စေကာ အမြင်ကိုစမ်းသစ်စေခဲ့သည်။
လုကျိုးသည် သူ၏လက်ကိုမြှောက်ပြီးတော့ မေးလိုက်သည်။ “လေဟာနယ်လား”
ပိုးစာမင်းသမီးက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “အဝါရောင်ဆန်းကျယ်မှုမြေကမ္ဘာ၊ ကောင်းကင်၊ အထီးကျန်ခြင်း၊ ရေကြီးခြင်း၊ ပြိုင်ဖက်ကင်းအပြာရောင်မြေကမ္ဘာကောင်းကင်၊ ပြိုင်ဖက်ကင်းမျောလွင့် ပေါင်းစည်း အဆုံးမဲ့ အားလုံးမှာ စိတ်ဝိညာဉ်ရှိတယ်။ သူတို့အားလုံး လေဟာနယ်ထဲ ပြန်သွားရမှာ။ လက်ရှိမှာ လေဟာနယ်က အဆင့်အမြင့်ဆုံးလက်နက်ပဲ။ ရှင့်မှာ ဘာလို့လေဟာနယ်အဆင့်လက်နက် ရှိနေတာလဲ”
လုကျိုးသည် သူမမေးခွန်းကို မဖြေဘဲ ထိုအစား မေးလိုက်သည်။ “ဘာလို့လဲ။ မဟာလေဟာနယ်က အသန်မာဆုံး ဒါကြောင့် အဆင့်အမြင့်ဆုံးလက်နက်တွေကို လေဟာနယ်လို့ခေါ်တာလား”
ပိုးစားမင်းသမီးသည် ယုတ္တိရှိသည်ဟု တွေးမိပြီးခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်”
လုကျိုးသည် ပိုးစားမင်းသမီးအပေါ် အမြင်ဆိုးမရှိဟု ဆိုရပေမည်။ အနည်းဆုံးတော့ ယခုအချိန်တွင် သူမက အလွန်ရိုးဖြောင့်ပြီး အန္တရာယ်မပေးနိုင်သည့်သူဖြစ်၏။ ယင်းက အမှန်ဖြစ်လိမ့်မည်ဟုတော့ အာမခံချက်မပေးနိုင်ပေ။ သူမ အင်မတန်ကောက်ကျစ်တာလဲဖြစ်နိုင်သည်။
“ရှင့်မှာလေဟာနယ်အဆင့်လက်နက် ဘယ်လိုရလာလဲ ကျွန်မကို မပြောသေးဘူးပဲ” ပိုးစာမင်းသမီးက ပြောလိုက်သည်။
“ငါ့မှာ ဘာလို့တစ်ခုရှိလို့မရမှာလဲ” လုကျိုးကမေးလိုက်သည်။
“လေဟာနယ်အဆင့်လက်နက်ကို ကိုင်ဆောင်နိုင်သူတွေက အနည်းဆုံးတော့ သူတော်စင်တွေပဲ။ အစောတုန်းက ရှင့်ရဲ့တိုက်ကွက်တချို့က သူတော်စင်တပါးနဲ့ဆင်တူပေမဲ့ ရှင်က သူတော်စင်မဟုတ်ဘူး” ပိုးစာမင်းသမီးက ပြောလိုက်၏။
လုကျိုးက ခဏတဖြုတ်စဉ်းစားပြီးနောက် မေးလိုက်သည်။ “လေဟာနယ်အဆင့်လက်နက်ကို မင်း လိုချင်တာလား”
ဤအမျိုးသမီးက အမည်မဲ့ကိုယူရန် ရည်ရွယ်နေလားကို မည်သူက သိမည်နည်း။ သတိထား၍ အကျိုးမယုတ်ပေ။ ဆိုရလျှင် အန္တရာယ်သည် ရတနာနှင့်တွဲလာ၏။
ပိုးစာမင်းသမီးသည် ခေါင်းခါပြီးပြောလိုက်သည်။ “ကျွန်မ စိတ်မဝင်စားပါဘူး” ပြီးနောက် သူမသည် ချုပ်နှောင်ရေးစည်းတံဆိပ်ကို လက်ညှိုးထိုးပြပြီးပြောလိုက်သည်။ “ရှင့်ရဲ့လက်ထဲမှာ လေဟာနယ်အဆင့် လက်နက်ရှိနေရင်တောင် သူ့ကိုမသတ်နိုင်ဘူး”
“ဟမ်”
“ကြည့်ကြည့်” လုကျိုးသည် သူမလက်ညှိုးထိုးပြသည့်နေရာသို့ ကြည့်လိုက်သောအခါ ကျိုင်းပေါ်တွင် သွေးမျှင်များကို တွေ့ရသည်။ ထိုစဉ် ချုပ်နှောင်ရေးစည်းတံဆိပ်က စတင်တုန်ယင်လာ၏။
“သူ့အသက်က လေဟာနယ်ရင်ဘတ်မျိုးနွယ်စုဝင်တွေနဲ့ မျှဝေထားပြီး မိုးနဲ့မြေ မျှဝေထားတာ။ သူ မသေရင် ကျန်တဲ့သူတွေသေမှာမဟုတ်ဘူး။ အပြန်အလှန်ပဲ” ပိုးစာမင်းသမီးက ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မ သူ့ကိုသတ်ပေးနိုင်တယ်။ ရှင် တောင်းဆိုရင် စဉ်းစားပေးမယ်”
“...”
သူက ရိုးဖြောင့်ပြီးအန္တရာယ်မပေးနိုင်ဘူးလို့ ငါ ပြောခဲ့တာလား။ ဒီလောက်အချိန်အတော်ကြာ ကွေ့ပတ်ပြီးတော့ သူက ငါ ခုန်ဆင်းဖို့ တွင်းတစ်တွင်းကို တကယ်တူးပေးတာလား။ လုကျိုးက သူ့ကိုမေးလိုက်၏။
“မင်း သူ့ကို သတ်နိုင်တာလား”
ပိုးစာမင်းသမီးသည် လက်ပိုက်ထားလိုက်၏။ သူမ၏သွယ်လျသော အဝါရောင်ဂါဝန်နှင့် သွင်ပြင်သည် သူမကို ပွင့်ဖူးနေသော တတိုင်းမွှေးပန်းနှင့် ဆင်တူနေစေသည်။ ပြီးနောက် သူမ ယုံကြည်ချက်ရှိရှိပြောလိုက်၏။ “ကျွန်မ မသတ်နိုင်တဲ့သူမရှိဘူး”
“မဟာလေဟာနယ်က လူတွေကို ဒီလိုသွင်ပြင်နဲ့ပြောတာပဲလား”
“မဟာလေဟာနယ်က လူတွေကိုလည်း သတ်နိုင်တယ်။ အဲ့ဒီအဖိုးကြီးတွေက လွဲလို့ပေါ့။ မြန်မြန် ကျွန်မကို တောင်းဆို။ သူ မကြာခင်ထွက်လာတော့မယ်”
ဘီး
ချုပ်နှောင်ခြင်းစည်းတံဆိပ်က ထပ်မံတုန်လှုပ်လာပြန်၏။
...
အခန်း (၁၄၂၈) ပိုးစာပင်မင်းသမီး၏ နည်းလမ်း
လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။
လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်များက သူတို့၏ မာကျောသော အရေပြားကြောင့် နာမည်ကျော်ကြားလေ၏။ သူက သူတို့နှင့် နေ့မြင်ညပျောက်မြို့တွင် ပထမဆုံးတွေ့ဆုံကတည်းက တွေ့ကြုံခံစားခဲ့ဖူးသည်။ သို့သော်လည်း မိစ္ဆာများက ထိုစဉ်ကတည်းက ပြောင်းလဲသွားလေ၏။ သူက မွေးဖွားဇယားချပ် ၂၀ရှိထားသည့် မဟာဆရာသခင် တစ်ယောက်ဖြစ်နေလေပြီ။ သူ့အင်အားက သိသိသာသာ တိုးတက်လာခဲ့၏။ လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များက အတူတူသာ ဖြစ်နေဆဲဖြစ်ကာ သူတို့ကို သတ်ဖြတ်ခြင်းက မခက်ခဲပေ။ မည်သို့ပင်ဆိုစေကာမူ အဆင့်မြင့်သူတော်စင်က ဤသို့ ခေါင်းကြောမာလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။ အဆင့်မြင့်သူတော်စင်က ဆရာသခင်တစ်ယောက်၏ စွမ်းအားကို ရောက်လုနီးပါးဖြစ်နေလေ၏။
ပိုးစာပင်မင်းသမီးက အလောတကြီး ပြောလိုက်သည်။
“ဘာလို့ ကျွန်မကို မတောင်းဆိုတာလဲ”
“ငါ ဘာလို့ အဲ့လိုလုပ်ရမှာလဲ”
“ရှင်သူ့ကို သတ်လို့မရဘူး”
“သူ့ကို သတ်လို့မရဘူးဆိုတာ ဘယ်လိုသိလဲ” လုကျိုးက ပြောလိုက်သည်။
“အဲဒါက”
ပိုးစာပင်မင်းသမီးက သူ့ကို ကြည့်ကာ ပြောလိုက်သည်။
“ကျွန်မကို ယုံလိုက်။ အဲဒါက ပိုပြီး ဒုက္ခများသွားစေလိမ့်မယ်”
“အဲဒါက ဘာကိုပြောတာလဲ”
ပိုးစာပင်မင်းသမီးက တောင်ဝှေးကို လက်ညှိုးထိုးကာ လှမ်းပြောလိုက်သည်။
“ရှင်က သူ့ထက်အားကောင်းပေမဲ့ သူက ပိုပြီးပြင်ဆင်ထားတယ်လေ”
တောင်ဝှေးပေါ်မှ သွေးမျှင်များက ယခင်ကထက် ပိုမိုတောက်ပလာသည်။ တစ်ချိန်တည်းဆိုသလို သွေးမျှင်များက ရင်ဘတ်မျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်အထက် ထပ်မံပေါ်ထွက်လာလေသည်။ သူတို့က သွေးသူတော်စင်ချိပ်ပိတ်ရေး အစီအရင်တွင်ရှိနေဆဲ ဖြစ်၏။ အစီအရင်အတွင်း သေဆုံးသွားသည့်သူများက အဆင့်မြင့်သူတော်စင်၏ ထိန်းချုပ်မှုအောက်တွင် ကျရောက်သွားလိမ့်မည်။ ဤသည်က လုကျိုးအမုန်းတီးဆုံး စုန်းအတတ်ပညာမျိုး ဖြစ်၏။ သူ ယခင်က တွေ့ကြုံခံစားခဲ့ဖူး၏။ အတိတ်တွင်ရှိနေသည့် စုန်းအတတ်ပညာက ယခုနှင့်ပင် မယှဉ်နိုင်ပေ။
“နောက်ကျသွားပြီ။ နှမြောစရာပဲ။ ကျွန်မ သဘောကျတဲ့ လူသားနဲ့ တွေ့ဖို့ဆိုတာ မလွယ်ဘူး။ နှမြောစရာပဲ” နေမင်းသမီးက ရေရွတ်ပြီးသည့်နောက်တွင် ကြိုးကြာဖြူဆီ ပြန်သွားလိုက်သည်။ သူမက ထိုင်ကာ အသာပုတ်လိုက်၏။
ထို့နောက် ကြိုးကြာဖြူက အော်မြည်ရင်း အဝေးတစ်ရာဆီ ပျံသန်းသွားလိုက်သည်။ ထိုအခါ ပိုးစာပင်မင်းသမီးက အဝေးမှ ကြည့်ရှုနိုင်မည်ဖြစ်၏။
ဝုန်း
အဆင့်မြင့်သူတော်စင်က ချိပ်ပိတ်ရေးအဆောင်ကို ကိုင်ဆောင်ရင်း ပျံသန်းလာလေသည်။ သူ့ခန္ဓာကိုယ်မှ ဝတ်ရုံတို့က သွေးဖြင့် ရွှဲနစ်နေလေ၏။ ထို့နောက် သူက ချုပ်နှောင်ရေးစည်းတံဆိပ်ကို သူ့စွမ်းအားအကုန် ပစ်လွှတ်လိုက်သည်။
လုကျိုးက သူ့စွမ်းအားကြောင့် အံ့အားသင့်သွားလေ၏။
အဆင့်မြင့်သူတော်စင်က လက်ကိုမြှောက်လိုက်သည့်အချိန် သူ့ခန္ဓာကိုယ်အပေါ်မှ သွေးစက်များသဖွယ် ပြောင်းလဲသွားပြီး အဖက်ဖက်သို့ ပျံ့နှံ့သွားသည်။ ဤအခိုက်အတန့်၌ လောင်ကျွမ်းခံထားရသည့်နေရာက သွေးလိပ်ပြာများဖြင့် ပြည့်နှက်နေလေ၏။
ထို့နောက် လေဟာနယ်ရင်ဘတ် မျိုးနွယ်ဝင်များ၏ အလောင်းများက အသက်မဲ့စွာ ထရပ်လာကြသည်။ သူတို့၏ ခြေလှမ်းများက တောင့်တင်းနေပြီး သူတို့၏ လှုပ်ရှားမှုက စက်ယန္တရားသဖွယ်ဖြစ်နေလေသည်။
ဤသို့ဖြင့် တောင်ဝှေးပေါ်ရှိ သွေးကြိုးမျှင်များက ပိုက်ကွန်သဖွယ် မြေကြီးအပေါ်ဖြန့်ကျက်လာကာ အလင်းဖြင့် တောက်ပလာသည်။ ဤသည်က အလယ်တွင် ဗဟိုပြုလျက် သွေးမျှင်များကို ဖြန့်ကျက်နေလေ၏။
လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များ၏ အကြည့်များက အမုန်းတရားဖြင့် တောက်ပလာကာ အရာအားလုံးကို ဖျက်ဆီးပစ်လိုစိတ်ဖြင့် လွှမ်းမိုးခံလိုက်ရသည်။
အဆင့်မြင့်သူတော်စင်က ရယ်မောကာ ပြောလိုက်၏။
“ပြောသားပဲ။ ငါ့ကို သတ်လို့မရဘူးလို့”
“အဲ့လိုပြောဖို့ စောလွန်းပါသေးတယ်” လုကျိုးက သဲနာရီကို ထပ်မံပစ်လွှတ်လိုက်သည်။ ထို့နောက် သူက ထိုးထွင်းအမြင်ကတ်ကို ခြေမွှလိုက်သည်။
သဲနာရီတွင်ရှိနေသည့် အပြာရောင်သဲက စတင်စီးဆင်းလာကာ အရာအားလုံးကို အေးခဲသွားစေ၏။ ခြွင်းချက်ကမူ ပိုးစာပင်မင်းသမီးဖြစ်ပေသည်။ ဆိုလိုသည်မှာ သူတို့က တာအိုစွမ်းအားအပေါ် ပိုမိုနက်နက်နဲနဲ နားလည်နေခြင်း သို့မဟုတ် အချိန်စည်းမျဉ်းအပေါ် ကျွမ်းကျင်ခြင်းတို့ ဖြစ်နိုင်သည်။
“သဲနာရီလား” ပိုးစာပင်မင်းသမီးက ပြောလိုက်သည်။
“ဒါက ဆိုးယုတ်သူအပိုင်လေ။ ကံဆိုးတာက ငါက ဆိုးယုတ်သူကို တစ်ခါမှ မတွေ့ခဲ့ဖူးဘူး”
ပိုးစာပင်မင်းသမီးက လုကျိုးအကြောင်း ပိုမိုသိချင်လာလေသည်။ သူမက လုကျိုးကို လေ့လာရင်း လျှို့ဝှက်ချက်တချို့ကို ရှာတွေ့နိုင်ဖို့ မျှော်လင့်နေမိ၏။ ထို့နောက် သူမက ဆက်လက်ကြည့်ရှုလိုက်သည်။ ကမ္ဘာကြီးပြိုလဲသွားလျှင်ပင် သူမက ရှေ့တွင်ရှိနေသည့်ကိစ္စကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
အချိန်က စတင်စီးဆင်းလာလေ၏။
လုကျိုးက အဆင့်မြင့်သူတော်စင်ရှေ့သို့ ရောက်ရှိနေလေသည်။ ထိုးထွင်းမြင်ကတ်၏ အာနိသင်အောက်တွင် အဆင့်မြင့်သူတော်စင်၏ အားနည်းချက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အဆင့်မြင့်သူတော်စင်၏ ခန္ဓာကိုယ်အနှံ့ ဖုံးလွှမ်းနေသည့် အနီရောင်အစက်အပြောက်များကို မြင်သည့်အခါ ကြောင်အမ်းသွားလေ၏။ သို့သော်လည်း အဆင့်မြင့်သူတော်စင်၏ ခန္ဓာကိုယ်သည် အားနည်းချက်များဖြင့် ပြည့်နှက်နေခြင်း မဟုတ်ကြောင်း သဘောပေါက်သွားလေသည်။ သူ့အားနည်းချက်က ဆက်တိုက်ရွေ့လျားနေခြင်း ဖြစ်၏။ ပြောရမည်ဆိုလျှင် အရှိန်မြင့်မြင့်ဖြင့် ရွေ့လျားနေသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်အနှံ့ အနီရောင်အစက်အပြောက်များ ရှိနေခြင်းဖြစ်သည်။
အရှိန်က မြန်ဆန်လွန်းလှသော်လည်း လုကျိုးက သူ့ဓားကို အလျင်အမြန် ဆွဲထုတ်လိုက်သည်။
ဤသည်က ယွီရှန်းရုန် မြင်ဖူးသည့် ဓားထက်ပင် အမြန်ဆုံး ဖြစ်၏။ သူ ငယ်စဉ်အခါက ရှစ်စွင်းကို မေးခဲ့ဖူးသည်။
“ကမ္ဘာပေါ်မှာ အမြန်ဆန်ဆုံး ဓားရေးနည်းစနစ်က ဘာလဲ”
ထိုစဉ် သူ့ရှစ်စွင်းက ပြန်ဖြေခဲ့သည်။
“သတ်ဖြတ်ရေးဓားပဲ”
ယွီရှန်းရုန်က အချိန်အတော်ကြာသည်အထိ အဖြေကို တွေးတောခဲ့ရသည်။ ရွှေကြာနယ်မြေတွင် ဓားနတ်ဆိုးဖြင့် နာမည်ကျော်ကြားမလာခင်အထိ ကမ္ဘာပေါ်တွင် အမြန်ဆန်ဆုံး ဓားရေးနည်းစနစ်ဟူ၍ မရှိပေ။ ရန်သူ့ထက် မြန်ဆန်နေပါက လုံလောက်နေပြီ ဖြစ်၏။
သူ့ရှစ်စွင်းကဲ့သို့ ယွီရှန်းရုန်က ဓားရေးလမ်းစဉ်နှင့် ပတ်သက်လာသည့်အခါ ကမ္ဘာကြီးကို လွှမ်းမိုးထားလေ၏။ သူ့အတွက် ဓားရေးလမ်းစဉ်ကို သူ့ရှစ်စွင်းက သူတို့ကို ရှင်းပြသလိုမျိုး ရှင်းပြဖို့ ခက်ခဲလှသည်။
ယွီရှန်းရုန်က အသက်အောင့်ကာ သူ့ရှစ်စွင်း၏ လှုပ်ရှားမှုတိုင်းကို မှတ်မိဖို့ ကြိုးစားလိုက်သည်။ ကံဆိုးစွာဖြင့် ထိုအရာက အသက်ရှိုက်စာ သုံးရှိုက်စာမျှသာ ကြာမြင့်ပြီး အဆုံးသတ်လေသည်။ သူက ဘာမှမမြင်လိုက်ရပေ။ သူက လေထဲတွင် အတက်အကျလှိုင်းတချို့ကို ခံစားမိပြီး ပျောက်ကွယ်သွားလေ၏။
တခြားသူများအတွက် လုကျိုး၏ လှုပ်ရှားမှုကို ဖမ်းမိဖို့ ပိုမိုခက်ခဲလှသည်။ သို့သော် ဆရာသခင်တစ်ယောက်၏ ကျင့်ကြံဆင့်ရှိထားသည့် အဆင့်မြင့်သူတော်စင်ကမူ မြင်လိုက်ရသည်။ သူက သူမသည် အဖက်ဖက်မှ သူ့ဆီ ဝင်လာနေကြောင်း မြင်လိုက်ရလေ၏။ ဓားကို ကိုင်ဆောင်ထားသည့် လက်ပေါင်းသောင်းချီ ရှိနေသကဲ့သို့ ဖြစ်သည်။ သူက ခေတ္တမျှ မြင်လိုက်ရပြီးသည့်နောက်တွင် ထိုးဖောက်ခံလိုက်ရသည့်အချက်ကို ခံစားလိုက်ရသည်။
တိုက်ပွဲက မစတင်ခင်ကတည်းက အဆုံးသတ်သွားဟန်ပေါ်၏။
အဆင့်မြင့်သူတော်စင်က ခေါင်းကိုငုံ့ကာ ခန္ဓာကိုယ်ထဲမှ သွေးသံရဲရဲအပေါက်များကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ဓားချက်တိုင်းက များလွန်းခြင်း၊ နည်းလွန်းခြင်းမရှိဘဲ ကွက်တိသာ ဖြစ်နေလေ၏။
“ဒါက…” သူတော်စင်က ခေါင်းကို မော့ကာ လုကျိုးကို ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က စတင်တုန်ခါလာပြီး အပေါက်များမှ သွေးများ စီးကျလာသည်။
“မင်း ဘာလို့ ကျိမင်ကို လာခဲ့တာလဲ”
“ငါ ဘာလို့လာတာလဲဆိုတာ ပြောဖို့လိုလို့လား” လုကျိုးက အဆင့်မြင့်သူတော်စင်သည် အတော်လေး တုံးအကြောင်း တွေးလိုက်မိသည်။
အဆင့်မြင့်သူတော်စင်က တွေးကာ ပြောလိုက်၏။
“သဲနာရီက ဘယ်လိုလုပ် မင်းလက်ထဲ ရောက်နေတာလဲ”
အဆင့်မြင့်သူတော်စင်က သဲနာရီကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ လုကျိုးက ပြန်မဖြေပေ။ မေးခွန်းက ယခင်တစ်ခုလိုမျိုး တုံးအနေသည့်အတွက် သူ ဖြေလိုက်လျှင် သူ့အတွက် နိမ့်ကျသွားလိမ့်မည်။
အဆင့်မြင့်သူတော်စင်က အားပါးတရ ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ငါ့ကို သတ်လို့မရဘူး”
ဆက်တိုက်ဆိုသလို လုကျိုးက ထူးဆန်းသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ အဆင့်မြင့်သူတော်စင်၏ ခန္ဓာကိုယ်မှ စီးကျနေသည့် သွေးများက ပြန်လည်စီးဝင်သွားလေ၏။
“ဟမ်” လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူက သဲနာရီကို အချိန်တစ်ခုကြာ အသုံးပြုနိုင်မည် မဟုတ်ပေ။ အကယ်၍ အဆင့်မြင့်သူတော်စင်ကို ယခုမသတ်နိုင်ပါက နောက်ပိုင်းတွင် ပိုမိုခက်ခဲလာနိုင်သည်။ အဆင့်မြင့်သူတော်စင်က သူ့အားနည်းချက်ကို ထိမှန်သည့် အားကောင်းသည့်ဓားချက်ကိုပင် အသက်ရှင်နိုင်သည့်အချက်က သူ့မျှော်လင့်ချက်ထက် ကျော်လွန်နေလေ၏။
ကောင်းကင်ယံတွင် ရောင်ခြည် သို့မဟုတ် ပိုးစာပင်မင်းသမီးက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။
“ရှင့်လိုမျိုး အားကောင်းတဲ့လူသားမျိုးကို မတွေ့ရတာ အတော်လေးကြာပြီ။ ရှင်က ကျွန်မဆီကို မတောင်းဆိုချင်ဘူးဆိုမှတော့ အခု ထွက်သွားမယ် ဝေးဝေးကိုပေါ့”
“…”
လုကျိုးက ဆွံ့အနေရင်း ပိုးစာပင်မင်းသမီးသည် ယွီကျုံးဘက်ကို လက်ညှိုးထိုးပြနေသည်ကို မြင်လိုက်ရသည်။
အဆင့်မြင့်သူတော်စင်က ခေါင်းယမ်းကာ ပြောလိုက်၏။
“အရှင် ကျုပ်ကို လျှော့တွက်ပြီး သူ့ကို အထင်ကြီးနေခဲ့တာပဲ။ သွေးသူတော်စင်ချိပ်ပိတ်ရေးနည်းစနစ်နဲ့ လျှို့ဝှက်ချက်က ကျုပ်နဲ့ မရှိဘူး။ အဲဒါက မိုးမြေကြားမှာ တည်ရှိတာ။ မိုးမြေကို ဖျက်ဆီးမခံရသရွေ့ ကျုပ်က ထာဝရတည်ရှိလိမ့်မယ်”
ပိုးစာပင်မင်းသမီးက ထိုစကားများကို ကြားသည့်အခါ အနည်းငယ်စိတ်တိုသွားလေ၏။
သူမက အမည်မသိကုန်းမြေ၌ ဒုတိယသေမျိုး ပေါ်ထွက်လာမည့်အချက်ကို သဘောမကျပေ။ အဆုံးသတ်၌ သူမက ပြောလိုက်သည်။
“ဒါပေမဲ့ မိုးမြေကိုတောင် ဖျက်ဆီးလို့ ရနိုင်သေးတာပဲလေ”
“…”
အဆင့်မြင့်သူတော်စင်၏ မျက်နှာပေါ်မှာ အပြုံးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။ သူက ခေါင်းယမ်းကာ ပြောလိုက်သည်။
“အရှင် ကျုပ်ကို ခြောက်ဖို့ ဘာလို့ အဲ့လိုပြောရတာလဲ။ ခင်ဗျားက အနီရောင်ဧကရာဇ်ရဲ့ သမီးလေ။ အနီရောင်ဧကရာဇ်ချမှတ်ခဲ့တဲ့ စည်းမျဉ်းတွေကို လိုက်နာရမှာပေါ့။ ပြင်ပလောကကို ဝင်ရောက်မစွက်ဖက်သင့်ဘူး။ ခင်ဗျားရဲ့ စကားတွေကတင် ဒီတိုက်ပွဲကို ဝင်ရောက်စွက်ဖက်ပြီးနေပြီ”
ယခင်က အဆင့်မြင်သူတော်စင်သည် ပိုးစာပင်မင်းသမီး ပြောသည့်အရာကို ဂရုမစိုက်ပေ။ သူမက ဝင်ရောက်မစွက်ဖက်ခင်အထိ အရာအားလုံးက အဆင်ပြေလိမ့်မည်ဟု သေချာနေလေ၏။ သို့သော် ထိုရုပ်ဆိုးဆိုး ငတုံးလူသားက သူထင်ထားသည်ထက် ပိုမိုအားကောင်းနေလေသည်။ ဤသို့ဖြင့် ပိုးစာပင်မင်းသမီး၏ စကားက တိုက်ပွဲကို အလွယ်တကူ သက်ရောက်သွားလေသည်။
ပိုးစာပင်မင်းသမီးက ပြုံးကာ ပြောလိုက်၏။
“ကျွန်မကို လာပြီး ခြိမ်းခြောက်နေတာလား”
အဆင့်မြင့်သူတော်စင်က ပိုးစာပင်မင်းသမီးဆီမှ ကြီးကျယ်ခမ်းနားမှုကို ခံစားမိလိုက်ပြီး အလျင်အမြန် ပြောလိုက်သည်။
“ကျုပ် မလုပ်ရဲပါဘူး”
“တကယ်ကို ပျင်းဖို့ကောင်းတယ်” ပိုးစာပင်မင်းသမီးက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“နင်က ငါ့ကို ရန်စပြီးသွားပြီ။ ပြောလိုက်မယ် အဲဒီနတ်ဘုရားလို့ ခေါ်နေတဲ့ဟာတွေက လူအိုကြီးသာသာပဲ။ ဒီနေ့ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် နင်က ကျိမင်မှာ မြှုပ်နှံခံရမှာ”
“…”
အဆင့်မြင့်သူတော်စင်က ခေါင်းမော့ကြည့်လိုက်၏။ သူ့ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။ သူက အနက်ရောင်မြူခိုးအထက် မြောလွင့်နေသည့် ပိုးစာပင်မင်းသမီးကို လှမ်းကြည့်လိုက်သည်။ သူ့အကြည့်များက ရေသေသဖွယ်ဖြစ်နေပြီး စိတ်ခံစားချက်ဟူ၍ မပါဝင်ပေ။ ထို့နောက် သူက ပိုးစာပင်မင်းသမီးကို ရှောင်ရှားဖို့ သွားလာနေသည့် အနက်ရောင်မြူခိုးထဲမှ ဧရာမသားရဲကြီး၏ ပုံရိပ်ကို မြင်လိုက်ရသည်။
လုကျိုးက လှည့်ကာ ပြောလိုက်သည်။
“မင်း ဝင်ရောက်စွက်ဖက်ဖို့ မလိုဘူး”
ပိုးစာပင်မင်းသမီးက တိတ်ဆိတ်နေလေ၏။
လုကျိုးက ပျံသန်းလာလေသည်။ သူက အသက်ဓာတ်စွမ်းအားကို ခံစားမိလိုက်ပြီး ပြောလိုက်သည်။
“လုဝူ အားလုံးကို အဝေးခေါ်သွားလိုက်”
လုဝူက ဖိအားကို ခံစားမိလိုက်သည်။ သူက သားရဲဧကရာဇ်ဖြစ်သော်လည်း ယခုအခါ သူ့အမွေးအမျှင်များက ထောင်မတ်နေလေ၏။ ထိုအရာက လည်ပတ်ကာ တွမ့်မူရှန်းကို ဦးခေါင်းအထက်တင်ပြီး ခြေနှစ်ခုဖြင့် မြေကြီးကို ဆောင့်နင်းလိုက်သည်။
ဝုန်း
မြေကြီးနှင့် တောင်တန်းတို့က တုန်ခါသွားလေ၏။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက လုဝူ၏ စွမ်းအားကို လျှော့တွက်ခဲ့မိသည်။ တစ်ချက်ခုန်ရုံမျှဖြင့် ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ ချင်နိုက်ဟယ်တို့ကလွဲ၍ အားလုံးက လေထဲ ပစ်လွှတ်ခံလိုက်ရသည်။
ထို့နောက် လုဝူက မြူခိုးများကို ထုတ်ဖော်ကာ အားလုံးကို လွင့်စဉ်သွားစေသည့် လေဟုန်ကို ကြည့်လိုက်သည်။
ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် ချင်နိုက်ဟယ်တို့က ချက်ချင်း ပြေးသွားလိုက်ကြ၏။
လုဝူက လှမ်းခေါ်လိုက်သည်။
“သခင်လေး”
“ငါ အဆင်ပြေတယ်” တွမ့်မူရှန်းက ပြောလိုက်သည်။
“ကောင်းကောင်းကိုင်ထား” လုဝူက ပြောလိုက်သည်။ ထိုအရာက နောက်တစ်ချက် လှည့်ကြည့်ပြီးသည့်နောက်တွင် လေထဲ ခုန်ဝင်သွားလေ၏။
မိစ္ဆာဝေဟင်မျှော်နန်းမှလူများ ထွက်သွားသည်ကို မြင်သည့်အခါ လုကျိုးက လက်ကို အောက်ချလိုက်သည်။
မတည်မြဲခြင်းတိုင်လုံးက ယခင်ကထက်ပိုမိုမြန်ဆန်စွာ လှည့်ပတ်လာပြီး ပတ်ဝန်းကျင်မှ အသက်ဓာတ်များကို စုပ်ယူနေကာ မြေကြီးကို လှုပ်ခတ်လာစေသည်။
အဆင့်မြင့်သူတော်စင်က ပြောလိုက်၏။
“မင်းက တိုင်လုံးကို အညံ့ခံစေခဲ့တာလား”
လုကျိုးက ပြန်မဖြေပေ။ ထိုအစား သူက မြေကြီးမှ ထွက်လာကာ ပြောလိုက်သည်။
“အခု နားလည်သွားပြီလို့ထင်တယ်”
“ဘာကိုနားလည်တာလဲ”
“ခင်ဗျားသာ မတည်မြဲခြင်းတိုင်လုံးကို ပိုင်ဆိုင်မယ်ဆိုရင် သွေးသူတော်စင်ရဲ့ ချိပ်ပိတ်ရေးအစီအရင်က ဖြေရှင်းဖို့ ပိုပြီးခက်ခဲလာလိမ့်မယ်” လုကျိုးက ပြောလိုက်သည်။
အဆင့်မြင့်သူတော်စင်က လုကျိုးကို ကြည့်ကာ ပြောလိုက်၏။
“မင်း သိတော့ ဘာဖြစ်လဲ။ ငါ့ကို မသတ်နိုင်ပါဘူး”
ဤသို့ဖြင့် လုကျိုးက မြေကြီးပေါ် လက်ဖြင့်ရိုက်ချလိုက်သည်။ မတည်မြဲခြင်းတိုင်လုံး၏ လှည့်ပတ်နှုန်းက အဆငါးထောင် ပိုမိုမြန်ဆန်လာလေ၏။ ဤသို့ဖြင့် လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို ခံစားမိလိုက်သည်။ ထိုအရာ၏ ဝိညာဉ်အသိဓာတ်က ပိုမိုတိုးပွားလာဟန်ပေါ်၏။
အဆင့်မြင့်သူတော်စင်က လက်ဟန်ပြကာ လုကျိုးထံ သွေးလိပ်ပြာများကို ပစ်လွှတ်လိုက်သည်။
လုကျိုးက ခြေဖျားအသာထောက်လိုက်၏။
ဝုန်း
မတည်မြဲခြင်းတိုင်လုံးက မြေကြီးမှ ထွက်ပေါ်လာလေသည်။ မီတာတစ်ရာဝန်းကျင်ရှိသည့် မျက်စိစူးမတတ် ရွှေရောင်တိုင်လုံးများက စတင်လှည့်ပတ်လာကာ ကောင်းကင်အထက် မြင့်တက်လာသည်။
ပိုးစာပင်မင်းသမီးက ရေရွတ်လိုက်၏။
“ဒါက တကယ့်ကို မတည်မြဲခြင်းတိုင်လုံးပဲ”
ယခင်က သူမသည် ထိုပစ္စည်းကို အာရုံမစိုက်ခဲ့ပေ။ ယခု သူမက ရေတွက်ခြင်း ရေရွတ်လိုက်သည်။
“လေဟာနယ်၊ ပေါင်းစည်းရေး၊ အဆုံးမဲ့ အင်း သူက အဲ့လောက် မရိုးရှင်းဘူးပဲ။ မဟာလေဟာနယ်ကသူတွေက ဘာလို့ သူ့ကို ခေါ်မသွားတာလဲ။ အော် ဟုတ်သားပဲ။ မျှခြေမညီမျှမှု”
လုကျိုးက လေဟာနယ်ရင်ဘတ်မျိုးနွယ်ဝင်များကို မကြည့်ဘဲ သူ့ဒုတိယမြောက် မွေးဖွားချပ်စွမ်းရည်ကို ထုတ်ဖော်လိုက်သည်။
ဤသည်က ရေကြာမုန်တိုင်းဖြစ်၏။
ရေကြာက မီးကြာနှင့် ဆန့်ကျင်ဘက်ဖြစ်ပေသည်။ မီးနှင့်ရေက လိုက်ဖက်မညီပေ။ စောစောလေးက အပူချိန်က ယခု ရေကြာမှ အအေးဓာတ်နှင့် ပေါင်းစည်းသွားသည့်အခါ မသက်မသာဖြစ်သွားလေ၏။
လုကျိုးက တိုက်ခိုက်ဖို့ ကြိုးစားကြသူအားလုံးက အအေးဒဏ်ကြောင့် အေးခဲသွားကာ အပိုင်းပိုင်းအစစ ကြေမွသွားလေသည်။
အဆင့်မြင့်သူတော်စင်က ပျံသန်းလာပြီး သွေးလိပ်ပြာများဖြင့် ဝန်းရံထားလိုက်သည်။ သူက ဓားကို ကိုင်ဆောင်ထားပြီး အော်ပြောလိုက်သည်။
“သေလိုက်တော့”
လုကျိုးက လှည့်ကာ လက်ကိုမြှောက်လျက် ဓားချက်ကို တားဆီးလိုက်သည်။
သွေးဓားကို လုကျိုး၏ လက်ဝါးစည်းတံဆိပ်ဖြင့် ပိတ်ဆို့လိုက်သည်။
သို့သော်လည်း သွေးဓားက အတော်လေးထူးကဲလှသည်။ ထိုအရာက လက်ဝါးစည်းတံဆိပ်ကို ဖြတ်ကာ ထိုးဖောက်လာနိုင်ဟန်ပေါ်၏။
ထိုအရာကိုမြင်ကာ အဆင့်မြင့်သူတော်စင်က မျှော်လင့်ချက်ကို မြင်ရသလိုမျိုး ရယ်မောလိုက်သည်။
လုကျိုးက အဆင့်မြင့်သူတော်စင်၏ မျှော်လင့်ချက်ကို စိတ်ပျက်မှုအဖြစ် ပြောင်းလဲလိုက်သည်။ သူက နောက်ထပ်စည်းတံဆိပ်တစ်ခုကို ထုတ်ဖော်ပြီး အံ့ဖွယ်စွမ်းအားဖြင့် ပေါင်းစည်းလိုက်သည်။
အဆင့်မြင့်သူတော်စင်၏ မျှော်လင့်ချက်က ချက်ချင်းဆိုသလို အပိုင်းပိုင်းအစစ ဖြစ်သွားလေ၏။
လုကျိုးက မတည်မြဲခြင်းတိုင်လုံးအပေါ်တက်ကာ ပျံသန်းလိုက်သည်။
ဝုန်း
မတည်မြဲခြင်းတိုင်လုံးက အဆင့်မြင့်သူတော်စင်၏ ရင်ဘတ်ကို ဖိကပ်လာပြီး မြေကြီးပေါ် ရိုက်ချလိုက်သည်။ အဆုံးသတ်၌ သူသည် မြေကြီးထဲ မီတာများစွာခန့် တွန်းပို့ခံလိုက်ရသည်။
“တကယ်ကို ထူးဆန်းတယ်။ မင်းက ငါ့အနားရောက်လာနိုင်တဲ့ စွမ်းရည်မရှိသလို ငါ့ကိုလည်း ထိခိုက်အောင်မလုပ်နိုင်ဘူး။ ငါက ငါ့စွမ်းအားကုန်သုံးဖို့ ဖိအားပေးနိုင်တဲ့ စွမ်းရည်မျိုးတောင်မရှိဘူး။ မင်းရဲ့ ယုံကြည်ချက်က ဘယ်ကရောက်လာတာလဲ”
အဆင့်မြင့်သူတော်စင်က သွေးတစ်ပွက်အန်လိုက်ရသည်။ လုကျိုး၏ စကားက သူ့ချက်ကောင်းကို ထိမိစေသည်။ သူတို့ပြောသည်က မှန်ကန်နေလေ၏။ တိုက်ပွဲအတွင်း သူက လုကျိုးအပေါ် ခြစ်ရာပင်မထင်စေခဲ့ပေ။ လုကျိုးက သန့်ရှင်းနေဆဲဖြစ်ကာ စွမ်းအားများစွာ ကျန်ရှိနေသေး၏။ သူသည် အခြေအနေဆိုးရွားနေလေသည်။
လုကျိုးက မတည်မြဲခြင်းတိုင်လုံးကို ရပ်ကာ အဆတစ်သောင်းခန့် ပိုမိုမြန်ဆန်စေလိုက်သည်။
ဝုန်း
မတည်မြဲခြင်းတိုင်လုံးက မြေကြီးထဲ ဝင်သွားကာ အဆင့်မြင့်သူတော်စင်ကိုပါ မြေကြီးထဲ တွန်းပို့လိုက်သည်။
လုကျိုးက မတည်မြဲတိုင်လုံးဆီ စီးဝင်လာသည့် အသက်ဓာတ်နှင့် အသက်စွမ်းအားတို့က ယခင်ကထက် ပိုမိုမြန်ဆန်လာကြောင်း တွေးမိလိုက်၏။
ထိုစဉ် အဆင့်မြင့်သူတော်စင်က နောက်ဆုံးတွင် ကျရောက်လာလေ၏။
သူက လွတ်မြောက်ဖို့ ကြိုးစားသော်လည်း မတည်မြဲခြင်းတိုင်လုံးက သူ့ကို တင်းတင်းကြပ်ကြပ်ဖိကပ်ထားသည့်အတွက် မလှုပ်ရှားနိုင်ပေ။ သူက အော်ပြောလိုက်သည်။
“အရှင် ကျုပ်ကို ကယ်ပါ” လုကျိုးက ခေါင်းငုံ့ကာ သူ့အံ့ဖွယ်စွမ်းအားကို သုံးပြီး မတည်မြဲခြင်းတိုင်လုံး၏ ထိပ်ကို ရိုက်ခတ်လိုက်သည်။
“အဆတစ်သိန်း”
ထို့နောက် ပိုမိုအားကောင်းသည့် ဝဲကတော့က ပေါ်ထွက်လာလေသည်။ မတည်မြဲခြင်းတိုင်လုံး၏ ပိုင်ရှင်ဖြစ်သည့် လုကျိုးကိုယ်တိုင်ပင် သူ့အသက်ဓာတ်လျော့ပါးသွားသည်ကို ခံစားမိလိုက်၏။ သူက သူ့ကိုယ်သူ ငြိမ်အောင်ထိန်းပြီး တိုင်လုံးအပေါ်၌ ရပ်နေလေသည်။ သူက ရှေ့တစ်လှမ်းတိုးကာ စွမ်းအင်ဗဟိုချက်ထဲမှ ချီပင်လယ်၏ စွမ်းအားများကို အာရုံစိုက်ထားကာ အော်ပြောလိုက်သည်။
“မတည်မြဲခြင်းတိုင်လုံး”
ဤသို့ဖြင့် မတည်မြဲခြင်းတိုင်လုံး၏ ခရမ်းရင့်သင်္ကေတများက ပျောက်ကွယ်သွားပြီး တောက်ပနေသည့် ရွှေရောင်သင်္ကေတများဖြင့် အစားထိုးသွားလေသည်။ ဤသို့ဖြင့် ယခုအခါ အပြည့်အဝစိတ်ဝိညာဉ်ရှိလာလေပြီ။ ယခု ထိုအရာက လုကျိုးကို သခင်အဖြစ် အသိအမှတ်ပြုမည်ဖြစ်သည့်အတွက်လုကျိုးဝန်းကျင်တွင်ရှိနေသည့် စုပ်ယူနေသည့် အသက်ဓာတ်စွမ်းအားကို ချက်ချင်းရပ်တန့်လိုက်သည်။
အပြောင်းအလဲကို ခံစားမိပြီးသည့်နောက်တွင် လုကျိုးက သူ့ကိုယ်သူ တွေးလိုက်သည်။
ငါ မင်းကို ထိန်းချုပ်ပြီးသွားပြီ
အဆတစ်သိန်းမြန်ဆန်မှုက လုကျိုးအပေါ် သက်ရောက်မှုမရှိစေတော့ပေ။ ၁၅မိနစ်ခန့်အတွင်း မတည်မြဲခြင်းတိုင်လုံးက အသက်ဓာတ်နှစ်တစ်သောင်းခန့်ကို စုဆောင်းပြီးသွားပြီဖြစ်၏။
“ကျုပ်ကို ကယ်ပါ” အဆင့်မြင့်သူတော်စင်က အော်ပြောလိုက်သည်။
ကောင်းကင်ယံ၌ ပိုးစာပင်မင်းသမီးက မတည်မြဲခြင်းတိုင်လုံးထက် ရပ်နေသည်ကို ကြည့်ကာ စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
“တကယ်ကို အားကောင်းတဲ့ လူသားပဲ”
အဆင့်မြင့်သူတော်စင်က ဆက်လက်အော်ဟစ်နေလေ၏။
“ရောင်ခြည် မင်းက တကယ်ကို အလကားမင်းသမီးပဲ။ တကယ်လို့ အနီရောင်ဧကရာဇ်က ဒီနေ့ဖြစ်ပျက်တဲ့အရာတွေကို သိတယ်ဆိုရင် မင်းကို သေချာပေါက် အပြစ်ပေးမှာ။ မင်းစောင့်နေလိုက်။ ငါ့ကို မသတ်နိုင်ဘူး”
အဆင့်မြင့်သူတော်စင်က အားပါးတရ ရယ်မောလိုက်သည်။
ပိုးစာပင်မင်းသမီးက မျက်မှောင်ကြုတ်ပြီး လေသံအတက်အကျမရှိ ပြောလိုက်သည်။
“ကောင်းပြီလေ။ ကြည့်ရတာ မင်းကို သက်ညှာမပေးနိုင်တော့တဲ့ပုံပဲ”
သူမ၏ ခြေတစ်ဖျားဖြင့် သူက လုကျိုးရှေ့တွင် ပေါ်ထွက်လာသည်။ သူမ၏ အဝါရောင်ဝတ်ရုံများက မှေးမှိန်နေသည့် ကြယ်စင်များသဖွယ် တောက်ပနေသည်။ သူမ ဦးခေါင်းအထက် အဆင်တန်ဆာများကလည်း တောက်ပနေလေ၏။
ပိုးစာပင်မင်းသမီးက ဝဲကတော့ကို ဖြတ်သန်းလျက် လျှောက်လှမ်းသွားကာ သွေးသူတော်စင် ချိပ်ပိတ်ရေးတွင်ရှိနေသည့် မတည်မြဲခြင်းတိုင်လုံးကို ဦးတည်သွားသည်။ ထို့နောက် သူမ၏ ခြေထောက်အောက် အလင်းစက်ကွင်းတစ်ခု ပေါ်ထွက်လာ၏။
ထို့နောက် ရုတ်ခြည်းဆိုသလို မတည်မြဲခြင်းတိုင်လုံး၏ စုပ်ယူနှုန်းအရှိန်က တိုးပွားသွားကာ ခန္ဓာကိုယ်ပင် ဖရိုဖရဲဖြစ်လာစေသည်။ မျက်စိတစ်မှိတ်အတွင်း နှစ်နှစ်သောင်းချီခန့်က စုဝေးလာကာ တိုင်လုံးအတွင်း ဝင်ရောက်သွားလေသည်။